← Chapters

အခန်း (၂၁၃-၂၁၆)

Vol. 14 Ch. 213-216

အခန်း (၂၁၃-၂၁၆)

Vol. 14 Ch. 213-216

အပိုင်း၂၁၃ အရိုးစုခွံဘုရင်

“အကိုချန် အဲ့ကောင်းမျိုးရိုးနဲ့လူကဘယ်လိုနောက်ခံမျိုးရှိနေတာလဲ?” ညစာစားပွဲမှ တစ်ယောက်က စူးစမ်းစွာဖြင့်မေးလိုက်သည်။

“ငါလည်းသေချာမသိဘူး။” ထို့နောက်ပိုင်း ချန်ကျန့်မင်သည် အဝတ်အစားအသစ်တစ်ခုလဲပြီးဖြစ်ကာ သူ့အခန်းသို့ရေချိုးရန်ပြန်ခဲ့သည်၊ နောက်ဆုံးတော့,အိမ်သာရဲ့ကြမ်းပြင် မှာလှဲနေရတာက သက်တောင့်သက်သာဖြစ်တဲ့ အတွေ့အကြုံတော့မဟုတ်ဘူး။

“အရမ်းမောက်မာတာဘဲ၊ အကိုချန် နည်းနည်းကျယ်ကျယ်လေးစကားပြောမိရုံလေးကို, ပြီးတော့ သူကသန်မာလို့ရုပ်ပိုင်းဆိုင်ရာမှာအရင်လုပ်တာဘဲ” ချန်ကျန့်မင်ဘေးကလူက ဒေါသထွက်စွာဖြင့်ပြောသည်။

“ကောင်းပြီ, အဆင်ပြေတယ်၊ ဒီကိစ္စကပြီးသွားခဲ့ပြီ” ချန်ကျန့်မင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

“အကိုချန် အကိုကကျွန်တော်တို့ကိုညစာမကြာခဏကျွေးတယ်၊ ကျောင်းပြီးလို့ရှိရင် သူ့ကိုသင်ခန်းစာပေးဖို့တစ်ရက်ရက်လောက်ရှာလိုက်ရမလား?”

“ဒါကအရင်ကကိစ္စတွေဖြစ်နေပြီဘဲ၊ မင်းတို့ကောင်တွေ ငါ့ကိုကူညီပေးမယ်ဆိုလို့ ငါဝမ်းသာပါတယ်၊ ဒါပေမယ့် ငါတို့ကြားကဒီကိစ္စကိုပြေလည်အောင်ညှိထားပြီးသား ဖြစ်သွားပြီ” ချန်ကျန့်မင်က ဒါဟာရိုးရိုးရှင်းရှင်းအရေးမပါတဲ့အရာတစ်ခုလိုမျိုး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“ပုံမှန်အားဖြင့်, ကောင်းဖန်က ကိစ္စတွေအားလုံးကိုသူ့ဘာသာသူဘဲလုပ်တာ, ပြီးတော့ တခြားသူတွေနဲ့လည်း အဆက်အသွယ်လုပ်တာကျွန်တော်တို့မမြင်ဖူးဘူး၊ သူကလူထူးလူဆန်းဘဲ”

“ဆိုလိုတာက မင်းနားမလည်ဘူးပေါ့၊ ကောင်းဖန်က ချန်အန်းကလေ”

“သူကချန်အန်းကလား?” ချန်ကျန့်မင်ကအံ့ဩသွားသည်။

“ဟုတ်တယ်, သူကချန်အန်းမြို့ သားရဲလေ့ကျင့်သူအရာရှိလောင်းတက္ကသိုလ်ဝင်ခွင့်မှာ အဆင့်၁, ပြီးတော့ ဟွားရှားနယ်ပယ်ပြိုင်ပွဲမှာအဆင့်၁၁လေ” စာမေးပွဲရလဒ်များကိုကြည့်ပြီး ကောင်းဖန်၏ရလဒ်တွေကိုသိသော သားရဲလေ့ကျင့်သူ ကျောင်းသားတစ်ယောက်ကပြောလိုက်သည်။

“ဒါဆိုသူက လူငယ်လေ့ကျင့်ရေးချန်ပီယံဆုအတွက် အရည်အချင်းမပြည့်မှီဘူးလို့ ဆိုလိုတာပေါ့?” ကျောင်းသားတစ်ယောက်ကစူးစမ်းစွာဖြင့်ပြောလိုက်သည်။

“မင်းရဲ့အချက်အလက်တွေကခေတ်နောက်ကျနေပြီ၊ သူကအကြောင်းတစ်ချို့ကြောင့် ပြိုင်ပွဲကနေထွက်ခဲ့တာကြာပြီလေ”

“ဒါကအရမ်းသနားစရာကောင်းတာဘဲ” တစ်ယောက်က နှစ်ထောင်းအားရဖြစ်ကာဖြင့် ထေ့ငေါ့သောစကားလုံးများကိုပြောလိုက်သည်။

တခြားသူများကလည်းရယ်မောကြသည်။

ချန်ကျန့်မင်က သူ့နေရာမှာသူထိုင်နေပြီး, တိတ်ဆိတ်စွာနားထောင်နေရင်း ဆွေးနွေးမှုများကို လျစ်လျူရှုထားပုံရသည်။

သူ့မှာဖြစ်ခဲ့တဲ့အရာကကောင်းတယ်လို့ သူခံစားမိသည်၊ ဒီကိစ္စဖြစ်ပြီး, သူပိုပြီးရင့်ကျက်လာသည်၊ အကယ်၍ကောင်းဖန်ကြောင့်မဟုတ်ရင်, သူကအရင်လိုငါစွဲကြီးပြီး မောက်မာနေဦးမည်မှာသေချာသလောက်ရှိသည်။

ချန်ကျန့်မင်၏ဖုန်းက ရုတ်တရက်မြည်လာတော့သည်၊ သူကဖုန်းကိုကိုင်လိုက်ပြီး “ဟယ်လို,အဖေ၊ အင်း ကျောင်းနားလေးမှာ၊ အဖေကကျောင်းတောင်ရောက်နေ ပြီလား?” ချန်ကျန့်မင်က အံ့ဩစွာဖြင့်ပြောလိုက်သည်၊ သူ့အဖေကမကြာခင်ရောက်မယ်လို့သူမျှော်လင့်မထားမိပေ။

ထို့နောက် ချန်ကျန့်မင်၏အမူအရာမှာပြောင်းလဲသွားတော့သ်၊ သူကကျန်သောသူများကိုတောင်းပန်လိုက်သည်, “ငါသွားစရာလေးရှိနေလို့, ဒါကြောင့်ငါအရင်သွားနှင့်ပြီနော်၊ စားလိုက်ကြပါဦး”

ထိုနှင့်ပင် တံခါးကိုအမြန်တွန်းဖွင့်ကာသီးသန့်ခန်းထဲမှထွက်သွားတော့သည်။

“ရှောင်ဖန် ဝမ်ဇိုင်းရွှေလရောက်ပြီ” ဒီတစ်ကြိမ်တော့, အဘိုးကြီးကျီက ကောင်းဖန်အား ပစ္စည်းကိုခန့်မှန်းခိုင်းခြင်းမရှိပေ။

ထင်ရှားသည်မှာ, ကောင်းဖန်၏လျင်မြန်သောဉာဏ်သည် သူ့အားအလွန်ပြင်းထန်သော ခံစားချက်ကိုပေးသည်။

“ဒီပစ္စည်းက ဒမ်ဘီအတွက်မလား?” အဘိုးကျီက စူးစမ်းစွာဖြင့်မေးလိုက်သည်။

နောက်ဆုံးတော့, ယင်ဓာတ်သစ်ကတိုးပစ္စည်းတွေက ရှားပါးသွားပြီဖြစ်ကာ, စမ်းသပ်မှုလုပ်ငန်းစဉ်များအတွက်လည်း အသုံးပြုခဲသည်။

“ဟုတ်တယ်၊ ကျွန်တော်ဒမ်ဘီကိုဒဏ္ဍာရီလာအဆင့်အထိမြှင့်တင်ဖို့ပြင်နေတာ” ပစ္စည်းပါသောသေတ္တာလေးကိုရရှိပြီးနောက် ကောင်းဖန်ကပြောလိုက်သည်။

ကောင်းဖန်သည်လွန်ခဲ့တဲ့လက ဒမ်ဘီ၏အဆင့်ကို ထူးခြားအဆင့်အတန်းသို့ပြန်၍ ရောက်စေခဲ့သည်။

ထို့နောက် ဒမ်ဘီသည် မတိုင်ခင်က ထူးခြားအဆင့်သို့ရောက်နှင့်ပြီးဖြစ်တောကြောင့် ၎င်း၏အဆင့်ကိုပြန်၍ရယူရန်အတွက် ပစ္စည်းများသည်အတော်လေးရိုးရှင်းလှသည်။

ဒမ်ဘီ၏နောက်ထပ်ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သောအဆင့်များသည် ယခင်ဆင့်ကဲဖြစ်စဉ်နှင့်အတော်လေးကွာခြားလှသည်။ အတူကွဲပြားသောလမ်းကြောင်း နှစ်ခုကိုလုံးဝရောက်သွားသည်လို့တောင် ပြောလို့ရသည်။

အုံ့မှိုင်းနေသောတောအုပ်သည် တောင်တန်း၏အခြေတွင်တည်ရှိပြီး, ၎င်း၏နောက်တွင်တည်ငြိမ်နေသောရေကန်ရှိသည်။

တောတောင်၏အလယ်ရှိ ကျယ်ပြန်သောကွင်းပြင်တစ်ခုတွင် ကောင်းဖန်သည်မြေပြင်ပေါ်၌ ဖုတ်ကောင်အရိုးများကိုနေရာချလိုက်သည်။ သူကရိုးရာအစဉ်အလာအား ဆင့်ခေါ်သည့်စက်ဝိုင်းပုံစံတစ်ခုကို ဖန်တီးသလိုမျိုး အရိုးများကိုတိကျသောအချိုးဖြင့် နေရာချထားသည့်ပုံစံအတိုင်းလိုက်လုပ်လိုက်သည်။

“ဒီမှာ, ပြီးတော့ဒီမှာ…”ကောင်းဖန်က ခြောက်သွေ့သောမြေပြင်တွင် သူ့လက်ထဲက စုတ်တံဖြင့်ဆွဲခြစ်ရင်းသူ့ကိုယ်သူတီးတိုးပြောလိုက်သည်၊ သွေးနီရောင်အရည်များသည် မြေဆီလွှာအတွင်းသို့စိမ့်ဝင်သွားသည်။

လရောင်၏အောက်တွင်, အရည်များဖြင့် ဖန်တီးထားသည့်အတိုင်းအမှတ်များက အနက်ရောင်လိုင်းအတိုင်းပေါ်နေသည်။

ဒီနေ့မတိုင်ခင်ရက်များက ကောင်းဖန်သည် ဒီဟာကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးဖြစ်သည်၊ နောက်ဆုံးအဆင့်ပစ္စည်းသာကျန်နေပြီး, အစောပိုင်းအဆင့်များကို ကောင်းဖန်ကလေ့ကျင့်ပြီးသားဖြစ်သည်။

နာရီဝက်လောက်ပြင်ဆင်ချိန်ကြာပြီးနောက်, အန္တာရယ်ပြုမည့်လက္ခဏာရှိပြီးထူးဆန်းသောယဇ်ပလ္လင်ပုံစံက မြေပြင်ပေါ်တွင်ပေါ်လာတော့သည်။

ယဇ်ပလ္လင်ပြင်ဆင်မှု၏တစ်ဖက်တစ်ချက်စီတွင်, မြေကြီးပေါ်၌အဖြူရောင်အရိုးများဖြင့် စိုက်ချထားသဖြင့်,မြင်ကွင်းက ကိုးကွယ်မှုဆိုင်ရာရိုးလာဓလေ့ပုံစံလိုမျိုး ပေါ်လာတော့သည်။

“ဒမ်ဘီ, ယဇ်ပလ္လင်ရဲ့အလယ်ကိုဂရုတစိုက်နဲ့လျှောက်သွားလိုက်” ကောင်းဖန်က ဒမ်ဘီကိုအမိန့်ပေးလိုက်သည်။

တုန့်ဆိုင်းမှုအရိပ်အယောင်မျိုးတစ်ခုမှမရှိဘဲ, ဒမ်ဘီက ကြီးမားသောခြေလှမ်းများဖြင့် လျှောက်လာလိုက်သည်၊ ယဇ်ပလ္လင်၏အလယ်သို့ခြေချပြီးနောက် မြေကြီးက သဲရှင်တွေလိုမျိုး ရုတ်တရက်ပြိုကျလာသည်။ ဒီမြင်ကွင်းကအတော်လေးထူးခြားပြီး, မြေပြင်သည်ကျွံကျနေသော်လည်း သဲနုန်းနှင့်တူညီသည့်ဟာမရှိသည်မှာသေချာသည်။

ထိုအချိန်တွင်ယဇ်ပလ္လင်သည် အသက်ဝင်လာပုံရသည်၊ ယဇ်ပလ္လင်တစ်ဝိုက်ရှိအရိုး တစ်ခုစီသည် တစ္ဆေမီးတောက်ဖြူများဖြင့်လောင်ကျွမ်းသွားတော့သည်။

“အခုအချိန်ကျပြီ” ကောင်းဖန်ကအသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပြီး သေတ္တာကိုဖွင့်ပြီး အတွင်းထဲရှိဝမ်ဇိုင်းရွှေလကိုထုတ်ယူလိုက်သည်။

ဒါကလက်သီးဆုပ်အရွယ်ထက်ပင်မကြီးသောထူးဆန်းသော ရွှေ၏အပိုင်းအစတစ်ခုဖြစ်ပြီး, ၎င်းကိုကျပန်းရှိသောပုံစံများဖြင့် ဖုံးအုပ်ထားသည်။

ရွှေ၏မျက်နှာပြင်ပေါ်တွင် အစိမ်းရောင်ကြေးနီသံချေးများဖြင့်ဖုံးအုပ်ထားသလိုမျိုး ညှို့မှိုင်းနေသည်။

ဝမ်ဇိုင်းရွှေလသည်သေတ္တာထဲမှထွက်လာသည်နှင့်တစ်ပြိုင်နက် လှုပ်ရှားနေသော ယဇ်ပလ္လင်ထံမှ ညည်းညူသည့်အသံထွက်ပေါ်လာသည်၊ တိတ်ဆိတ်သော ညကောင်းကင်ယံအောက်တွင် နက်နဲပြီးကစဉ့်ကလျားဖြစ်နေသော တီးတိုးသံများက လေထဲတွင်ပျံ့နှံ့နေတော့သည်။

ကောင်းဖန်ကရှေ့သို့နှစ်လှမ်းလောက်တိုးလိုက်သည်နှင့်, သူ့ခန္ဓာကိုယ်မှထူးဆန်းသော တောက်ပမှုကစ၍ထွက်ပေါ်လာသည်၊ သူသည်အမည်မသိစွမ်းအင်ရင်းမြစ်တစ်ခုမှ တိုက်ခိုက်ခြင်းခံနေရပြီး ပျက်စီးမှုအားလုံးကို ဒမ်ဘီဆီသို့လွှဲပြောင်းပေးနေသည်မှာ ထင်ရှားလှသည်။

ထိုတိုက်ခိုက်မှုစွမ်းအင်က ဒမ်ဘီကိုခြိမ်းခြောက်နိုင်စွမ်းမရှိပေ။

ကောင်းဖန်သည်ဒမ်ဘီ၏ပါးစပ်ကိုဖွင့်လိုက်ပြီး ဝမ်ဇိုင်းရွှေလကိုပါးစပ်ထဲသို့ထည့်လိုက်သည်။

ဒမ်ဘီသည်နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမြေကြီးအောက်၌ နစ်မြုပ်သွားသည်အထိ ဆက်လက်နစ်မြုပ်နေခဲ့သည်၊ ကျန်ရစ်ခဲ့သမျှသည် မြေကြီးအစိုင်အခဲလေးများသာဖြစ်သည်။

ယဇ်ပလ္လင်အတွင်းရှိမြေကြီးများသည် ဆက်၍အဖြူရောင်အလင်းများကို အပြင်ဘက်သို့ ထုတ်လွှတ်နေသည်။ ထူးဆန်းသောအဖြူရောင်အလင်းများသည် လေထဲတွင် အဖြူရောင်အမှုန်အမွှားလေးများဖြစ်မသွားခင်အထိ ဆက်၍ဖြန့်ကျက်နေသည်။

ဆအဖြူရောင်အလင်းလုံးများအရေအတွက်များလာသည်နှင့်အမျှ အပြင်ဘက်တွင် ရွှေ့လျားနေသောအရှိန်ကလည်းတိုးလာပြီး ထိုဧရိယာတစ်ဝိုက်တွင်အဖြူရောင် အလင်းများဖြင့် ပြန့်ကျဲကာဖုံးအုပ်ထားတော့သည်။

အဝေးမှ, မြေကွက်သည်မီးလောင်သွားပြီး, ညအမှောင်ထဲတွင်အတော်လေးမျက်စိ ဖမ်းစားနေသည်။

အဖြူရောင်မီးတောက်များအတွင်းတွင်, မှုန်ဝါးနေသောအရိပ်ပုံစံကပေါ်လာသည်။

ကောင်းဖန်ကမျက်တောင်ခတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်၊ ထိုသည်က,နက်ရှိုင်းသော, အရိပ်ဖြစ်သည်၊ အရိပ်သည်ဖောက်မြင်ရပြီး ၎င်း၏ ပုံသဏ္ဍာန်တစ်ခုချင်းစီတိုင်းသည်တမူထူးခြားလှသည်။

အရိပ်တွင်သူတို့၏ကိုယ်ပိုင်အသိဉာဏ်ရှိပြီးရိုးရှင်းသောပုံစံရှိကာ, သူတို့ကကျပန်း ဟန်ပန်များဖြင့်မီးတောက်အတွင်းတွင်ပျံဝဲနေသည်။

ဒီဖြစ်စဉ်တစ်ခုလုံးကနာရီဝက်သာကြာလိုက်သည်၊ ထို့နောက်မီးနောက်များက အလယ်သို့ပြန်ဆုတ်သွားတော့သည်၊ သို့ပေမယ့်,မှေးမှိန်ရမယ့်အစား, ယဇ်ပလ္လင်သည်အဖြူရောင်အလင်းတန်းများကိုထုတ်လွှတ်မှုသည်ရိုးရှင်းစွာပင် ရပ်တန့်သွားတော့သည်။

နောက်ဆုံးတွင်, ထိုဧရိယာသည်တစ်ဖန်ပြန်၍တိတ်ဆိတ်သွားပြန်သည်။

တိတ်ဆိတ်သောညအမှောင်ထဲရှိ, လရောင်၏အောက်တွင်, အဖြူရောင်အရိုးများသည် ခပ်မှိန်မှိန်ရောင်ပြန်တောက်နေသည်။

ရှား-

အနက်ရောင်နှင့်ကြီးထွားသန်မာသောအရိုးလက်က မြေကြီးထဲမှဆန့်ထွက်လာသည်၊ ထူထဲသောအရိုးဆစ်သည် အင်အားအပြည့်ဖြစ်နေပုံရသည်။

ထို့နောက်, နောက်ထပ်လက်တစ်ဖက်သည်လည်းမြေကြီးထဲမှထွက်လာသည်။

နောက်တော့,ကြီးမားသည့်ခန္ဓာကိုယ်တစ်ခုလုံးက ဖြေးညင်းစွာဖြင့် မြေကြီးထဲမှပေါ်လာတော့သည်။

လူဝံ၏ပုံစံသည်လူနှင့်တူပြီးသားဖြစ်သည်၊ အကယ်၍ရိုးခွံဖုတ်ကောင်လူဝံနှင့်ဆင့်တူသည်ဟုဆိုလျှင် ဒမ်ဘီ၏ဆင့်ကဲပြောင်းလဲလာသောပုံစံသည် လူနှင့်ပို၍ဆင်တူလာ သည်၊ တစ်ခုတည်းသောခြားနားချက်မှာလက်နှစ်ဖက်သည် လူသားတွေထက်ပိုရှည် ပြီးပိုထူသည်။

၎င်း၏ပုခုံးသည်ထူထဲပြီးကွေးနေသော အရိုးနှစ်ချောင်းသည် ပုခုံးအရိုးများ၏အစွန်းမှ နောက်သို့ထောင့်ဖြတ်ဆန့်ထွက်နေကာ လုံးဝမပိတ်သောလက်စွပ်တစ်ကွင်းလိုဖြစ်နေသည်။

အရိုး၏အရောင်များက ခဲငွေရောင်မှ, နက်မှောင်သောအရောင်အဖြစ်သို့ပြောင်းသွားသည်၊ ထိုအစား ဒမ်ဘီ၏အရွယ်အစားကြီးထွားမှုက အနည်းငယ်ကျုံ့သွားပြီး ယခုတွင်ဆယ့်သုံးပေအမြင့်ပတ်လည်လောက်သာရှိတော့သည်။

ဒမ်ဘီ၏ရင်ဘတ်ရှိနံရိုးများသည် ၁၀ချောင်းမှ၃၆ချောင်းအထိတိုးလာပြီး တင်းကြပ်စွာဖြင့်ထုပ်ထားသလိုဖြစ်သွားသည်၊ ရင်ဘတ်ခေါင်းပေါက်ထဲတွင်, သွေးကြောမျှင်များဖြင့်ပြုလုပ်ထားသောနှလုံးသည်စည်းချက်မှန်မှန်ခုန်နေသည်။

မျက်လုံးအိမ်အတွင်းထဲတွင် အဖြူရောင်မီးတောက်ကတောက်ပနေသည်။

သူ့ခေါင်းကိုနိမ့်လိုက်ပြီး ဒမ်ဘီကသူ၏ညာလက်ကို ဖြေးညင်းစွာဖြန့်ကြည့်လိုက်သည်။ အဖြူရောင်မီးတောက်ကဖြေးညင်းစွာဖြင့် သူ၏လက်ဖဝါးအတွင်းမှပေါ်ထွက်လာသည်။

၎င်း၏လက်ကိုရုတ်တရက်ဝှေ့ယမ်းလိုက်တော့,သူ့လက်အတွင်းရှိမှးတောက်သည် သူ့ခြေထောက်အောက်ရှိမြေကြီးထဲသို့ဝင်သွားသည်။

မြေကြီးကစ၍ခပ်အုပ်အုပ်မြည်ဟီးလာသည်၊ အဖြူရောင်အရိုးများကတစ်ကိုက်မြင့်ပြီး နှစ်ကိုက်လောက်ရှည်သော အရိုးဝံပုလွေထွက်မလာခင်အထိမြေကြီးမှတူးထွက်လာသည်။

အရိုးဝံပုလွေ၏မျက်အိမ်အတွင်းရှိမီးတောက်သည်လည်း အဖြူရောင်ပင်ဖြစ်သည်၊ ၎င်းကနာခံစွာဖြင့် ဒမ်ဘီ၏ခြေရင်း၌ဝပ်တွားနေပြီး ၎င်း၏ဒူးကိုကွေးထားကာဒမ်ဘီ၏ ရှေ့တွင်ဝမ်းလျားမှောက်ထားသည်။

ကောင်းဖန်၏မျက်လုံးရှေ့တွင်, စာလုံးအတန်းလိုက်က တောက်ပစွာပေါ်လာသည်၊

ဆင့်ကဲဖြစ်စဉ်အောင်မြင်ခြင်း - [အရိုးစုခွံဘုရင်]

***

အပိုင်း၂၁၄ စိတ်ကောက်သွားလေသော တာ့ဇီ

[မကောင်းဆိုးဝါးအမည်]-အရိုးခွံစုဘုရင်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၀

[မကောင်းဆိုးဝါးအဆင့်အတန်း]-ဒဏ္ဍာရီလာအဆင့်အတန်း

[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-အရိုးသန်မာမှုအဆင့်၂, မသေဆုံးနိုင်သောထိန်းချုပ်မှု အဆင့်၁

[ထူးခြားသောသွင်ပြင်လက္ခဏာများ]-သွေးကြောမျှင်နှလုံး (အကျိုးသက်ရောက်မှု၁- မတုန်လှုပ်သောအကျိုးသက်ရောက်မှုများ, တိကျသောသွေးချည်မျှင်ကြိုးပမာဏကို အသုံးပြု၍သွေးကြောမျှင်နှလုံးပုံစံကိုဖွဲ့စည်းသည်၊ သွေးကြောမျှင်နှလုံးကိုပိုင်ဆိုင်သော အခါရုပ်ပိုင်းဆိုင်ရာစွမ်းရည်အားလုံး၏အရည်အသွေးများကိုတိုးမြင့်လာစေသည်၊ တုန်လှုပ်မှုမရှိသောအကျိုးသက်ရောက်မှုသည်သွေးကြောမျှင်နှလုံးပျက်စီးသွားသောအခါ တွင်ဆုံးရှုံးသွားမည်ဖြစ်သည်၊ သက်ရောက်မှု၂- သွေးကြောမျှင်နှလုံးကိုအသက်ဝင်စေခြင်း ဖြင့်အခြားသူများ၏နှလုံးခုန်မှုကိုထိန်းချုပ်ရန်အတွက်နှလုံးကိုပဲ့တင်ထွက်၍လုပ်နိုင်သည်)

မသေဆုံးသောမီးတောက် (သက်ရောက်မှု၁-အသက်ဝင်သောအကျိုးသက်ရောက်မှု- မသေဆုံးနိုင်သောမီးတောက်ကိုအလောင်းကောင်အတွင်းသို့ထည့်သွင်းခြင်းဖြင့်၎င်းက ပြန်၍ရှင်သန်လာပြီး ၎င်းကိုမသေဆုံးသောအရိုးစုအမျိုးအစားအဖြစ်သို့ပြောင်းလဲပေးမည် ဖြစ်ပြီး သက်ရှိထင်ရှားရှိစဉ်ကမည်မျှသန်မာပြီးအချိုးကျသော်လည်း ပြန်၍ရှင်သန်ထမြောက်လာသူအလောင်းကောင်များသည်အရိုးစုခွံဘုရင်၏ အဆင့်ထက်တော့မကျော်လွန်နိုင်ပေ၊ အကျိုးသက်ရောက်မှု၂-မသေဆုံးသောမီးတောက်မှ ရှင်သန်ထမြောက်လာသောအလောင်းကောင်များသည်ဆက်လက်ကြီးထွားနိုင် သော်လည်း အရိုးစုခွံဘုရင်၏အဆင့်ထက်မကျော်လွန်နိုင်ပေ၊ အရိုးစုခွံဘုရင်သည် ရှင်သန်ထမြောက်လာသောအလောင်းကောင်များကို၎င်း၏ကိုယ်ပိုင်ကြီးထွားမှုအတွက် စုပ်ယူနိုင်သည်၊)

[မကောင်းဆိုးဝါးအားနည်းချက်]-အလင်းအမျိုးအစား

[စိတ်ကူးယဉ်ဆန်အဆင့်အတန်းသို့မြှင့်တင်ရန်လိုအပ်ချက်များ]-….

ဒီတစ်ကြိမ်, ဒမ်ဘီ၏အဆင့်များတိုးမြင့်ခြင်းကကောင်းမွန်လှသည်၊ ဆင့်ကဲဖြစ်စဉ် မတိုင်ခင်က,ဒမ်ဘီ၏အဆင့်သည်အဆင့်၂၆သာဖြစ်သည်၊ ဒီတစ်ကြိမ်တွင်, အဆင့်မြှင့်တင်ခြင်းအပြင်၎င်း၏အဆင့်မှာလည်းအဆင့်လေးဆင့်အထိတိုးမြင့်လာခဲ့သည်၊

ထိုဆင့်ကဲဖြစ်စဉ်လမ်းကြောင်းမှဒမ်ဘီသည်စွမ်းရည်အသစ်တစ်ခုကိုလည်းရရှိခဲ့သည်၊ မသေဆုံးနိုင်သောမီးတောက်သည် ၎င်း၏ကန့်သတ်ချက်များရှိရုံမှလွဲ၍ ဆင့်ခေါ်နိုင်သော စွမ်းရည်ရှိပုံရသည်။ အလောင်းကောင်ကိုလိုအပ်ပြီး အလောင်းမရှိလျှင်စွမ်းရည်က အသုံးမဝင်ပေ။

သိုသော်မသေဆုံးနိုင်တဲ့မီးတောက်၏ဒုတိယစွမ်းရည်မှာကောင်းဖန်အတွေးထဲ၌ နက်ရှိုင်းစွာရှိနေခဲ့သည်၊ ရှင်သန်ထမြောက်လာသောအလောင်ကောင်တွေ၏ စွမ်းရည်ကိုသူ့ကိုယ်ပိုင်အသုံးပြုဖို့ပြန်ပြီးစုပ်နိုင်တယ်, အာ?

တကယ်ကို “ဘုရင်”ဆိုသည့်အတိုင်းပင်ရှင်သန်တာဖြစ်သည်။

အသစ်ပြောင်းလဲလာသောဒမ်ဘီသည်ယိုင်တိုင်တိုင်ဖြင့်စူးစမ်းလိုစိတ်ကြောင့်ခြေလှမ်းလာ ခဲ့သည်၊ ရုတ်တရက်စွမ်းအင်၏ပေါက်ကွဲမှုကိုအပြည့်အဝကျင့်သားရသေးပုံမပေါ်ပေ။

“ဒမ်ဘီ, ငါ့နောက်ကလိုက်ခဲ့” ကောင်းဖန်ကပြောလိုက်သည်၊

မပြောင်းလဲမှီတွင်တာ့ဇီ၏နှုတ်သီးလေးများသည်အင်အားအပြည့်သုံးလျှင် ဒမ်ဘီ၏အရိုးများပေါ်၌အမှတ်အသားတစ်ခုလောက်သာကျန်ရစ်ခဲ့သည်၊ ဆင့်ကဲဖြစ်စဉ် ပြီးဆုံးပြီးနောက်, ကောင်းဖန်သည်ဒမ်ဘီ၏ခုခံမှုကတိုးမြှင့်ကောင်းမွန်လာသည်ကိုသေချာ မသိသောကြောင့်၎င်းကိုစမ်းသပ်ရန်အတွက်အကောင်းဆုံးနည်းလမ်းမှာ…

“တာ့ဇီ, ဒမ်ဘီကိုတင်းတင်းကြပ်ကြပ်နဲ့ကောင်းမွန်တဲ့ကိုက်ရာလေးပေးလိုက်စမ်းပါ” ကောင်းဖန်ကအမိန့်ပေးလိုက်သည်။

ဒမ်ဘီကအခုမှတိုးမြင့်ထားသောကြောင့်တာ့ဇီကသူ့ကို မှတ်မိပုံမပေါ်ပေ၊ တာ့ဇီသည် ဒမ်ဘီထံမှရင်းနှီးသောရနံကိုဖျတ်ခနဲရလိုက်ရုံမျှသာဖြစ်သည်၊

ဒမ်ဘီကိုသံသယဖြင့်ကြည့်ကာတာ့ဇီကဖြေးညင်းစွာနှင့်တွားသွားလာသည်၊ ဒမ်ဘီ၏ ခန္ဓာကိုယ်မှအရှိန်အဝါတစ်မျိုးမျိုးဖျတ်ခနဲထွက်လာသည်၊ ထိုအရှိန်အဝါသည် တာ့ဇီကိုအလွန်စိတ်မသက်မသာဖြစ်စေပြီး တစ်ချိန်တည်းမှာပင်၎င်း၏နှလုံးသား အောက်ခြေ၌ကြောက်ရွံ့မှုတစ်ခုဖြစ်ပေါ်လာသည်။

ထို့နောက်တာ့ဇီကရုတ်တရက်အသိပြန်ဝင်လာသည်၊ ငါ,ဂရုဏာရှင်လွတ်မြောက်ရေး သမားဇီက, ကြောက်စရာလား?!

စိတ်ဆိုးစွာဖြင့်, တာ့ဇီကဒမ်ဘီဆီသို့တွားသွားသွားလိုက်ကာ, ၎င်းကပါးစပ်ကိုကျယ်ကျယ် ဖွင့်လိုက်ပြီး ပြင်းထန်စွာဖြင့်ဒမ်ဘီ၏ပေါင်ကိုကိုက်ချလိုက်သည်၊

ကချား!

ဆန်စေ့တစ်စေ့အရွယ်ရှိသော၎င်းနှုတ်သီး၏အပိုင်းအစလေးသည်ပဲ့ထွက်သွားပေမယ့်, ဒမ်ဘီ၏အဖြူရောင်အရိုးများကတော့ထိခိုက်ခြင်းမရှိပေ။

တာ့ဇီကခဏလောက်ရပ်လိုက်ပြီးနောက် လှည့်ကာပြေးတော့သည်၊ ကောင်းဖန်က ဘယ်လိုဘဲအော်ပါစေ, တာ့ဇီကတော၏အနက်ဆုံးအပိုင်းထဲသို့တည့်တည့်ဆက်ပြေးတော့ သည်၊

“တာ့ဇီ, ပြန်လာခဲ့!” ကောင်းဖန်ကဆက်၍အော်နေသည်။

တာ့ဇီထွက်ပြေးတာကိုကြည့်ပြီး,ကောင်းဖန်အကူအညီမဲ့သလိုခံစားလိုက်ရသည်၊ တာ့ဇီအတွက်ခက်ခဲမယ်ဆိုတာလည်းသူသိသည်။

သူ၏ပထမဆုံးကိုယ်ပိုင်သားရဲဖြစ်နေတာတောင်မှ,တာ့ဇီ၏စွမ်းရည်များသည်တခြား သားရဲများထက်သပ်ပြီးတိုးတက်လာခြင်းမရှိဘဲ, နှေးကွေးလာခဲ့သည်။

ထူးခြားအဆင့်အတန်းအစင်းလေး, ထူးခြားအဆင့်အတန်းဖလိမ်မီ, ဒဏ္ဍာရီလာ အဆင့်အတန်းဒမ်ဘီနှင့်ဒဏ္ဍာရီလာအဆင့်အတန်းဂိုဒီတို့ဖြစ်လာကြသည်၊ ဆီလီတစ်ယောက်တည်းသာတာ့ဇီနှင့်အဆင့်အတန်းတူတူဖြစ်နေပြီး, ပြီးပြည့်စုံသော အဆင့်အတန်းတွင်ရှိနေခြင်းဖြစ်သည်။ဒါပေမယ့်,တာ့ဇီကသိန်မာလိုစိတ်မရှိသလို နေ့တိုင်းဖျော်ရည်သောက်ရင်းပျော်ရွှင်နေတဲ့ဆီလီလိုမျိုးလည်းကြည်နူးနေခြင်းမရှိပေ၊

တာ့ဇီကကောင်းဖန်အနားတွင်နေ့တိုင်းရှိနေကာ, သူ့ကိုကာကွယ်နိုင်စေရန်မည်သည့် အရာထက်မဆိုပိုမိုအားကောင်းလာရန်ဆန္ဒရှိခဲ့သည်၊

ဒါပေမယ့်တာ့ဇီရုတ်တရက်တစ်နေ့တွင်ကောင်းဖန်၏တခြားသားရဲများက သန်မာသထက်သန်မာလာသည်ကိုနားလည်လာသည်၊ ၎င်း၏ကောင်းဖန်ကိုကာကွယ် သည့်သူ၏ဇာတ်ကောင်နေရာသည်ကြည့်ရတာကြာရှည်သိပ်ပြီးအရေးပါပုံမပေါ်တော့ပေ၊ လုပ်ရမှာကသူတို့ကိုအားပေးဖို့ တကောက်ကောက်လိုက်ကာ ‘666’လို့အော်ပြီး ကြွေးကြော်နေရမည်ဖြစ်သည်၊ဒါကတာ့ဇီကိုကြောက်ရွံ့ပြီးစိတ်မချရသလိုခံစားရစေသည်၊

ဒါကကောင်းဖန်၏ဘက်လိုက်မှုတွေဘာတွေနှင့်ဘာမှမဆိုင်ပေ၊ ရှားပါးသောဆင့်ကဲ ဖြစ်စဉ်ပစ္စည်းများကိုသူလက်လှမ်းမှီနိုင်သည့်အရာများအပေါ်ကိုအခြေခံပြီး သူ၏ကိုယ်ပိုင်သားရဲများကိုဆင့်ကဲပြောင်းလဲပေးခဲ့ခြင်းသာဖြစ်ကာ ထိုအရာကလည်း သူထိန်းချုပ်နိုင်သည့်အရာမျိုးမဟုတ်ပေ။

ဂိုဒီ သို့မဟုတ် အစင်လေးအတွက်သုံးသောပစ္စည်းများ သို့မဟုတ် တခြားသောပစ္စည်းများ ကိုတာ့ဇီ၏ဆင့်ကဲဖြစ်စဉ်အတွက်အသုံးပြုနိုင်ခဲ့ပါကကောင်းဖန်သည်တုံ့ဆိုင်းနေမည် မဟုတ်သော်လည်း အမှန်ကထိုကိစ္စများသည် တကယ်ကံကောင်းမှုနှင့်လည်းသက်ဆိုင် သည်။

“ငါ, ငါတာ့ဇီကိုသွားရှာလိုက်မယ်” ဒမ်ဘီကဒူးကွေးလိုက်ပြီး အောက်သို့ငုံ့ကာ မြေပြင်ပေါ်ရှိအညစ်အကြေးများကိုညင်သာစွာသုတ်သင်လိုက်ပြီးဆန်စေ့အရွယ်ရှိသော ခရမ်းရောင်ဖျော့ဖျော့နှုတ်သီးပိုင်းလေးကိုဂရုတစိုက်ကောက်ယူလိုက်သည်၊သူ့လက်သီးကို ညင်သာစွာပိတ်လို်ကပြီးတာ့ဇီရှေ့ကသွားသည့်ဦးတည်ချက်ဆီသို့ကြီးမားသော ခြေလှမ်းကြီးများကိုလှမ်းလိုက်သည်။

ကောင်းဖန်မှာသားရဲအများအပြားရှိလိ့မ်မည်, ဒါပေမယ့်ကမ္ဘာပေါ်ရှိသားရဲ တစ်ကောင်ချင်းစီထဲ၌ကောင်းဖန်တွင်တော့တစ်ခုတည်းသာရှိသည်။

တာ့ဇီသည်ဒေါသထွက်စွာဖြင့်မြေပြင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်ကာမြေကြီးထဲ၌ မြှုပ်မနေခင်သစ်ပင်အောက်တွင်အပေါက်တစ်ခုကိုတူးလိုက်သည်။ ဒမ်ဘီက သူ့နောက်ကမကြာခင်ပေါ်လာကာတိတ်တဆိတ်ကြည့်နေရင်းတာ့ဇီသည်မြေကြီးထဲတွင် သူ့ကိုယ်သူမြှုပ်ထားသည့်အတွက်သေးငယ်သောခေါင်းလေးနှင်ဦးမျှင်နှစ်ချောင်းက လေထဲတွင်ပေါ်နေသည်။

ဟိန်းသံ…ဒမ်ဘီသည်နူးညံ့စွာဖြင့်တာ့ဇီ၏ခေါင်းကိုပုတ်ပေးလိုက်သည်၊ သူ၏မျက်အိမ် ထဲရှိအဖြူရောင်မီးတောက်များသည်ညင်သာစွာတောင်ပနေပြီး မီးတောက်လေးတစ်လုံး သည်လွင့်ထွက်လာကာတာ့ဇီ၏ခေါင်းထဲသို့ဝင်ရောက်လာပြီးတာ့ဇီနှင့်ဒမ်ဘီ၏စိတ်ကို ယာယီချိတ်ဆက်လိုက်သည်။

“တာ့ဇီ” ဒမ်ဘီကခေါ်လိုက်သည်။

တာီ့၏ခေါင်းသည်ဒမ်ဘီကိုကြည့်ဖို့လှည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။

“ငါတို့ကသူငယ်ချင်းတွေဘဲ” ဒမ်ဘီကသူ့ညာလက်ကိုဆန့်လိုက်ကာပြောလိုက်သည်။

တာ့ဇီကထိုအချိန်ထိဒမ်ဘီကိုဘာမှပြန်မပြောပေ။

“မင်းဒါကိုအခုလေးတင်ကျနေခဲ့တာ” ဒမ်ဘီကသူ့လက်ကိုမြှောက်ကာဖွင့်ပြလိုက်သည်။ သူ၏လက်ဝါးထဲတွင်သေးငယ်ပြီးဆန်စေ့အရွယ်ရှိသောခရမ်းရောင်အပိုင်းအစလေးရှိ နေသည်။

တာ့ဇီကထိုအရာကိုကြည့်ရင်းမျက်ရည်ကျလုမတတ်ပင်ဖြစ်နေသည်၊ ငါမင်းကိုကိုက်လို့ အဲ့တာကျသွားတာ, ငါ့ရှေ့သွားတွေပြန်ပေး!

“ကြည့်” ဒမ်ဘီကအောက်ကိုငုံ့လိုက်ကာ သူ့ပေါင်ပေါ်ရှိနေရာကိုညွှန်ပြလိုက်သည်၊ တာ့ဇီကကိုက်ထားသည့်နေရာဖြစ်သည်၊ ပကတိမျက်စိဖြင့်ပင်မြင်သာထင်ရှားသည့် ပါးလွှာသောအက်ကွဲကြောင်းလေးရှိနေသည်။

တာ့ဇီကအေးစက်စွာဖြင့်နှာမှုတ်လိုက်သည်၊ “ငါ့ကိုက်တာကြောင့်ဖြစ်တဲ့ဒဏ်ရာနဲ့မတူဘူး, လူလိမ်”

ဒမ်ဘီကသူ့အရိုးတွေကိုမလုံမလဲဖြင့်ပွတ်လိုက်သည်၊ “ငါနောက်တစ်ကြိမ်မှတ်ထားပါ့ မယ်”

“သခင်ကမင်းကိုအကြိုက်ဆုံးပါ” ဒမ်ဘီကဆောင့်ကြောင့်ထိုင်နေပြီး တာ့ဇီ၏ခေါင်းကို ပုတ်ပေးနေသည်၊ “ငါတို့မင်းကိုလိုအပ်တယ်လေ”

တာ့ဇီကစိတ်ကောက်နေသေးပြီး တိတ်ဆိတ်နေသည်၊ ထို့နောက်ဒမ်ဘီကထ၍ထွက်သွား သလိုခံစားလိုက်ရသည်၊

ဟမ့်, မင်းကငါ့ကိုလိုအပ်တယ်ပြောပြီး နောက်ခဏမှာတင်မင်းကထွက်သွားပြီ, လူလိမ်ကောင်!

ဆယ်မိနစ်လောက်ကြာပြီးနောက်တာ့ဇီနောက်ကခြေသံကိုကြားလိုက်ရသည်၊ “မင်းဘာအတွက်ပြန်လာတာလဲ၊ မင်းပြန်လာရင်တောင်, ငါ…”

မှိန်ဖျော့ဖျော့အနံ့လေးကတာ့ဇီ၏နှာခေါင်းထဲသို့ရောက်လာသည်။

ဒမ်ဘီ၏ဘယ်လက်ထဲတွင် ကြက်ကင်တစ်ဝက်ရှိနေသည်၊ ဒမ်ဘီကကြက်ကင်၏ ခြေထောက်နှစ်ချောင်းကိုတာ့ဇီ၏ခေါင်းပေါ်တွင်ထားလိုက်သည်။

တာ့ဇီ၏အမြင်ကို ကြက်ကင်ကလုံးဝစုပ်ယူသွားပြီးတာ့ဇီသည်တဖျတ်ဖျတ်လက်ကာ ကြည့်နေသည်။

“ငါမင်းကိုခွင့်လွှတ်တယ်”

ထိုသို့ဖြင့်, တာ့ဇီသည်မြေပြင်ပေါ်သို့ထွက်လာပြီး ကြက်ကင်ကိုယူလိုက်ကာအကိုက်ကြီး ကြီးကိုက်၍အငမ်းမရစားတော့သည်၊ တာ့ဇီကစားလိုက်ပြီးသည်နှင့်အော်ဟစ်လိုက်သည်, “မင်းတို့အားလုံးထက်ငါကသေချာပေါက်သန်မာလာစေရမယ်”

“သေချာတာပေါ့” ဒမ်ဘီကတီးတိုးပြောလိုက်သည်။

“တစ်နေ့မှာငါက ဂရုဏာရှင်လွတ်မြောက်ရေးသမားဇီဖြစ်လာရမယ်!” တာ့ဇီက သူ့ကိုယ်သူအခိုင်အမာယုံကြည်နေသည်၊

ဂရုဏာရှင်လွတ်မြောက်ရေးသမားဇီ? ဒမ်ဘီကစိတ်ရှုပ်သွားသည်၊ အဲ့တာဘာလဲ။

“အဲ့တာကပျံတောင်ပျံနိုင်ပြီး အထူးစွမ်းရည်တွေရှိတဲ့ကင်းခြေများ!” တာ့ဇီ၏မျက်လုံးများ သည်ပြင်းပြသည့်ဆန္ဒများဖြင့်ပြည့်နေသည်၊ ကင်းခြေများကတကယ်ကို ထူးခြားတဲ့စွမ်းရည်တွေရှိတယ်၊

“မင်းကအဲ့လိုမျိုးစွမ်းအားကြီးတဲ့လူဖြစ်လာမှာ” ဒမ်ဘီကသူ့ခေါင်းကိုငြိမ့်လိုက်သည်။

“ဟမ့်!” တာ့ဇီကဂုဏ်ယူစွာဖြင့်သူ့ခေါင်းကိုမော့လိုက်သည်။

ဒမ်ဘီ၏နှစ်သိမ့်မှုခံရပြီးနောက်,တာ့ဇီသည်နောက်ဆုံးတော့သူ့ပါးစပ်၌အဆီများကျ၍ ပြန်ရောက်လာသည်၊ ကောင်းဖန်ကတာ့ဇီ၏ဆင့်ကဲဖြစ်စဉ်အတွက် ပစ္စည်းတွေရှာဖို့နောက်တစ်နေ့တောထဲသွားမယ်လို့ပြောကာနှစ်သိမ့်လိုက်သည်၊

ထို့နောက်တွင်မှ, မနာလိုဖြစ်နေသောကင်းခြေများသည်ကျေနပ်စွာလဲလျောင်းကာ အိပ်ပျော်သွားတော့သည်။

အပိုင်း၂၁၅ တစ္ဆေဂျဖာလူကာပုတ်သင်

နောက်တစ်နေ့မနက်တွင်ကောင်းဖန်သည်အိပ်ရာထဲတွင်ရှိနေသေးသော်လည်း တာ့ဇီသည်ကောင်းဖန်၏ကုတင်ပေါ်သို့စိတ်အားထက်သန်စွာဖြင့်တက်လာခဲ့ပြီး ကောင်းဖန်၏အပေါ်၌ပြားကပ်အောင်နေနေကာသူ၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် သူ၏ဦးမျှင် များကိုငုံ့လိုက်၍ကောင်းဖန်၏မျက်နှာအားပွတ်သတ်နေသည်။

တာ့ဇီ၏အဆက်မပြတ်နှောက်ယှက်နေမှုကြောင့် နိုးလာသောအခါကောင်းဖန်ကမျက်လုံး များကိုဖွင့်၍မှုန်ကုပ်ကုပ်ဖြင့်ကြည့်လိုက်သည်၊ သူ့မျက်နှာရှေ့တွင်နှုတ်သီးနှစ်ချောင်းနှင့် လာဟပ်နေသည်ကိုမြင်လိုက်ရသည်၊

“ကောင်းပြီ, ကောင်းပြီ,ဆိုးပေနေတာတော်လိုက်တော့” ကောင်းဖန်တာ့ဇီကိုဘေးဘက်သို့ တွန်းထုတ်ဖို့ကြိုးစားလိုက်ပေမယ့်, တာ့ဇီကအရမ်းလေးလွန်းသည်။ သူကြိုးစားပြီး ဖယ်ကြည့်တာတောင်မှတာ့ဇီကိုရွေ့သွားအောင်ပြုလုပ်၍မရပေ။

“တကယ်လို့မင်းငါ့ကိုဆက်ပြီးဖျစ်ညှစ်နေဦးမယ်ဆိုရင်, မင်းဒီနေ့အပြင်ထွက်ဖို့အတွက်ကို မေ့လိုက်တော့”

သူ့သခင်၏စကားများကိုကြားလိုက်တော့, နောက်ဆုံးတာ့ဇီသည်နာခံစွာဖြင့်အိပ်ရာပေါ်မှ လျှောဆင်းသွားတော့သည်။

အိပ်ရာမှထ၍, သန့်ရှင်းပြီးနောက်, ကောင်းဖန်ကသူ့ခေါင်းကိုယမ်းလိုက်ပြီးရှုံ့မဲ့ကာပြုံး လိုက်သည်။အခုအချိန်တွင်အစိုးရကစိတ်ဝိဉာဉ်တောင်နှင့်စတင်ညှိနှိုင်းနေပြီဖြစ်သော် လည်းအခြေအနေမှာကောင်းမွန်ခြင်းမရှိသေးပေ၊ တောရိုင်းထဲတွင်တော့ခုထိ အန္တရာယ်ရှိနေဆဲဖြစ်သည်၊

အဘိုးထံသို့သွားရသည့်အကြောင်းအရင်းကိုဦးစွာရှင်းပြ၍,ပထမတော့ သူ့ကတုံ့ဆိုင်းနေပြီးနောက် သူ့ခေါင်းကိုညိတ်လိုက်သည်၊ “ဒါဆိုလည်းမြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့နော်၊ အပြင်မှာအကြာကြီးနေမနေနဲ့၊ စိတ်ဝိဉာဉ်တောင်နဲ့အခြေအနေက လက်ရှိမှာတည်ငြိမ်နေပေမယ့်အဲ့သားရဲတွေရဲ့စကားကဘယ်တော့မှမယုံရဘူး၊ သားရဲတွေက သူတို့ရဲ့စကားလုံးတွေအရဘယ်တော့မှနောက်ပြန်မဆုတ်ဘူးလို့ ကြားဖူးတယ်၊ သူတို့ရဲ့လုပ်ရပ်တွေအတွက်အကြောင်းပြချက်တွေကအများအားဖြင့် သူတို့ရဲ့စိတ်နေစိတ်ထားပေါ်မှာမူတယ်နေတာ”

“ဒါ့အပြင်, မင်းကပစ္စည်းတွေကိုရှာနေတာကြောင့်,ကိုယ်ပိုင်သားရဲအများကြီးကိုယူမသွား နဲ့, မဟုတ်ရင်မင်းရဲ့ကိုင်တွယ်ထိန်းကျောင်းနိုင်စွမ်းအတွက်အကျိုးသက်ရောက်လာလိမ့် မယ်”

ကောင်းဖန်ကသူနားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်၊ ဒီတစ်ကြိမ်တွင်, သူကတာ့ဇီနှင့်ဒမ်ဘီအပြင်, ဖလိမ်မီနှင့်ဆီလီတို့ကိုဘဲယူလာဖို့ပြင်ဆင်ထားတာဖြစ်သည်၊ ဒီခရီးစဉ်အတွက်ကိုယ်ပိုင်သားရဲလေးကောင်သာပါဝင်မည်ဖြစ်သည်၊

ဒမ်ဘီ၏အဆင့်နှင့်အဆင့်အတန်းသည်သူ၏ကိုယ်ပိုင်သားရဲများကြားတွင်အကောင်းဆုံး ဖြစ်ပြီးဖလိမ်မီသည်လည်းမျိုးစိတ်စွမ်းရည်ကြောင့် ၎င်း၏ကြီးထွားမှုသည်အလွန် လျင်မြန်လှသည်၊ လွန်ခဲ့သည့်ရက်အနည်းငယ်ကအဆင့်၂၈သို့ရောက်ရှိခဲ့သည်၊ သားရဲတွေကိုလူတွေခွဲခြားထားပုံအရဆိုလျှင် ဖလိမ်မီသည် အလယ်အလတ်အုပ်ချုပ်သူ အဆင့်သားရဲဖြစ်နှင့်ပြီးဖြစ်သည်။

ဆီလီ၏အရွယ်အစားမှာသေးတာကြောင့် ၎င်းကိုယူဆောင်လာခြင်းမှာအခက်အခဲမရှိပေ။ သို့သော်အရေးကြီးဆုံးမှာ ဆီလီအားသူ့ဘေး၌ထားခြင်းသည်အလွန်အဆင်ပြေပြီး သယ်ဆောင်ရလွယ်ကူသောသိုလှောင်သည့်နေရာလပ်တစ်ခုရှိခြင်းကြောင့်ဖြစ်သည်။

ကောင်းဖန်သည်ဆီလီ၏သယ်ဆောင်ရလွယ်ကူသောနေရာလပ် သက်ရှိအရာများပါ သယ်ဆောင်နိုင်သည့်တစ်နေ့ဖြစ်လာစေရန်မျှော်လင့်သည်၊ ဒါမှသူ၏သယ်ဆောင်ရလွယ်‌ သောလွင့်မျောနေသောကိုယ်ပိုင်ခံတပ်ရှိမည်ဖြစ်သည်၊ ကိုယ်ပိုင်နေရာလပ်ကိုဖွင့်လိုက် သည်နှင့် သူ၏ကိုယ်ပိုင်သားရဲများကိုလွှတ်ပေးနိုင်သည်၊ထို့အပြင်, ဆီလီသည်ရေ, ကုန်းမြေနှင့် ကောင်းကင်တို့တွင်လည်းသွားလာနိုင်သည်၊

ထိုသို့စဉ်းစားကြည့်ရင်း, ကောင်းဖန်ကသူ့ခေါင်းပေါ်မှအနားယူနေသည့်ဆီလီကို လက်လှမ်း၍ခေါင်းကိုပွတ်လိုက်သည်။

အမ်း, ပိုပြီးချောမွေ့လာတာဘဲ၊ အကယ်၍ငါသာနေ့တိုင်းပွတ်ပေးရင်,အနှေးနဲ့အမြန် , ဒီကောင်ပိုပြီးတောက်ပလာမှာဘဲ။

“တစ်ချိန်တည်းမှာဘဲ, အဘိုးကြီးလျိုလည်းအားနေတာဘဲ၊ ဒီခရီးစဉ်မှာမင်းနဲ့အတူ လိုက်ခိုင်းလိုက်လေ” ကျီဟန့်ဝူကအနည်းငယ်စိတ်ပူနေသေးသည်၊ နည်းနည်းပိုစဉ်းစားပြီး မှကောင်းဖန်အားပြောလိုက်သည်၊

ထိုသို့ဖြင့်, ဦးလေးလျိုဆီသို့ဖုန်းဆက်လိုက်သည်၊ အချိန်တိုအတွင်းမှာပင်, အနက်ရောင် အရိပ်နှစ်ခုကကောင်းကင်ပေါ်မှလျင်မြန်သောအရှိန်ဖြင့်ပျံဝဲလာသည်ကိုတွေ့လိုက်သည်၊ နောက်ဆုံးတော့, သူတို့ကတည်ငြိမ်စွာဖြင့်ရေကန်ဘေးသို့ဆင်းသက်လိုက်သည်။

ဧကရာဇ်အဆင့်ရောင်ခြည်စက်ဝန်းနှစ်ခုသည်၎င်း၏ခြေထောက်အောက်တွင်လည်နေ သည်၊

[မကောင်းဆိုးဝါးအမည်]-တစ္ဆေဂျဖာလူကာပုတ်သင်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၄၁(ဧကရာဇ်အဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-မာကျောသောအခွံအဆင့်၃, မြင့်တင်ထားသောအမြင် ရွေ့လျားအားအဆင့်၁

[ထူးခြားသောသွင်ပြင်လက္ခဏာများ]-အရိပ်ဖြင့်သတ်ဖြတ်ခြင်း (သက်ရောက်မှု၁, တုန်လှုပ်မှုမရှိသောသက်ရောက်မှု-အသံတိတ်ဆိတ်နေသောအခါ,၎င်းသည်ပတ်ဝန်းကျင် နှင့်အရောင်အသွေး,ခန္ဓာကိုယ်အပူချိန်နှစ်မျိုးစလုံးနှင့်လိုက်ရောညီထွေဖြစ်စေသည်၊ သက်ရောက်မှု၂, တုန်လှုပ်မှုမရှိသောသက်ရောက်မှု-၎င်း၏ထူးခြားသောအသားရေသည် တုန်ခါမှုများကိုစုပ်ယူနိုင်ပြီး, ရှာဖွေလို့မရနိုသည်အထိတိတ်တဆိတ်လှုပ်ရှားသည်)

အရိပ်ဂျဖာလူကာသည်ပြီးပြည့်စုံသောအသွင်ပြင်ကူးပြောင်းမှုကိုကြုံတွေ့ခဲ့သည်၊ ၎င်း၏အမည်ကိုအရိပ်ဂျဖာလူကာပုတ်သင်မှ တစ္ဆေဂျဖာလူကာပုတ်သင်အဖြစ်သို့ ပြောင်းလဲရုံတင်မက ၎င်း၏ခန္ဓာကိုယ်သည်လည်းကြီးမားသောပြောင်းလဲမှုကြီးဖြစ်ခဲ့ သည်။

မူလက၎င်းသည်ပတ်ဝန်းကျင်နှင့်တသားတည်းဖြစ်အောင်ကူးယူသည့်ပုတ်သင်ဖြစ်နေ၍ အရွယ်အစားအကြိမ်များစွာကြီးထွားလာခြင်းကိုဖုံးကွယ်ထားသလိုဖြစ်နေသည်၊ ယခုအချိန်တွင်တော့၎င်း၏ကိုယ်ထည်သည်အနည်းဆုံးရှစ်ဆတိုးလာပြီး ၎င်း၏အလျား, အနံနှင့်အရပ်သည်နှစ်ဆတိုးလာသည်ဟုယူဆရသည်။

၎င်း၏ရောင်စုံအကြေးခွံများသည်ပတ်ဝန်းကျင်နှင့်အတူအရောင်ပြောင်းလဲသွားပြီး ၎င်း၏အသွင်အပြင်ကိုမှုန်ဝါးသွားစေသည်၊ ၎င်း၏ဦးခေါင်းနှင့်ခန္ဓာကိုယ်အရွယ်အစား၏ အချိုးသည်လည်းအရင်ကထက်များစွာလျော့ကျသွားပုံရပြီး ၎င်း၏အဝါရောင်မျက်လုံးများ သည်၎င်း၏သူငယ်အိမ်ထဲတွင်ဒေါင်လိုက်ရှိနေသည်။

တစ္ဆေဂျဖာလူကာပုတ်သင်နှင့်ပတ်သတ်ပြီး မျက်စိအဖမ်းစားဆုံးမှာ, နံရိုးမှ၎င်း၏ တင်ပါးဆုံရိုးအထိနေရာမှအပြင်သို့ဆန့်ထွက်နေသည့်အတောင်ပံတစ်စုံပင်ဖြစ်သည်။

အတောင်ပံများသည်ခန္ဓာကိုယ်နှင့်ဆက်သွယ်ထားသည့်ဧရိယာတွင် ပုစဉ်းရင်ကွဲကောင် ၏အတောင်ပံကဲ့သို့ပါးလွှာသောအမြှေးပါးလည်းရှိသည်။အတောင်ပံများကကြီးမားသော မျက်နှာပြင်ရှိပြီး ၎င်း၏ကိုယ်ထည်တစ်ခုလုံး၏နှစ်ဆအရွယ်ခန့်ရှိသည်။

တစ္ဆေဂျဖာလူကာပုတ်သင်သည်မရွေ့လျားဘဲကြမ်းပြင်တွင်တိတ်ဆိတ်စွာလဲလျောင်းနေ ပါကထိုအတောင်ပံများသည်အတွင်းထဲသို့ခေါက်ကာသေသပ်စွာဖြင့်၎င်း၏ခန္ဓာကိုယ်ဘေး တွင်သိမ်းထားသည်၊ ၎င်းအကြေးခွံများ၏ဖုံးကွယ်သည့်သက်ရောက်မှုနှင့်အတူဖြစ်နေ သောကြောင့်, တစ်ခြားသူများ၏တစ္ဆေဂျဖာလူကာပုတ်သင်၏ခန္ဓာကိုယ်ဘေးဘက်တို့ တွင်ဖောင်းနေသောအဖုအထစ်နှစ်ခုရှိနေသည်ကိုမှုန်ဝါးဝါးသတိပြုမိနိုင်သော်လည်း ၎င်းသည်အမှန်တကယ်တောင်ပံတစ်စုံဖြစ်ကြောင်းပြောရန်ခက်ခဲလှသည်။

ကောင်းဖန်ကဒီသတ္တဝါကိုပုံဖော်ရရင်ဖြင့်, တစ္ဆေဂျဖာလူကာပုတ်သင်သည်အနောက်တိုင်း ဒဏ္ဍာရီများထဲမှဧရာမနဂါးကြီးနှင့်တူသည်လို့ပြောနိုင်သည်။

တခြားသောဧကရာဇ်အဆင့်သားရဲကတော့ သွေးမျက်လုံးလင်းတဖြစ်သည်၊ ၎င်း၏အဆင့် ကတော့အစောပိုင်းနှစ်လကတည်းကမပြောင်းလဲသေးဘဲအဆင့်၄၂တွင်သာရှိသော်လည်း ၎င်း၏ခန္ဓာကိုယ်သည်ကောင်းဖန်နောက်ဆုံးတစ်ကြိမ်မြင်ရတုန်းကနှင့်ယှဉ်လိုက်လျှင် ပိုပြီးအနာများရှိလာသည်၊ တချို့သောအနာများကသေးငယ်ပြီး, တခြားအရာများကတော့ ကြီးသည်, တစ်ချို့အနာတွေကကုစားပြီးနောက်ပြန်ပိတ်နေပြီဖြစ်သည်၊ ၎င်းကဖိနှိပ်မှုနှင့် ကြောက်စရာကောင်းသောအရှိန်အဝါကိုပေးသည်။

ကောင်းဖန်သည် ထိုသွေးမျက်လုံးလင်းတကဧကရာဇ်အဆင့်ကိုထိုးဖောက်နိုင်ရန်အတွက် စိတ်ကြွစေသောလေ့ကျင့်မှုများဖြင့်ပြုလုပ်ပေးခဲ့ရသည်ဟုဦးလေးလျိုပြောတာကို သတိရမိသွားသည်၊၎င်း၏အဆင့်အတန်းက ဖြစ်နိုင်လျှင်သာမန်အဆင့်၏အနိမ့်ဆုံး၌ ဖြစ်နိုင်ပြီး, ၎င်းကအခြေတည်သောရုပ်ပိုင်းဆိုင်ရာသန်မာမှုသည်မြှင့်တင်ရန် ခက်ခဲလှသည်။

ထိုကဲ့သို့သောအမျိုးအစားအတွက်, သွေးမျက်လုံးလင်းတသည်၎င်း၏လက်ရှိအဆင့်သို့ ရောက်ရှိသွားသည့်အံ့ဖွယ်ကိစ္စတစ်ခုနီးပါးဖြစ်ခဲ့သည်။

တစ်ခါကြည့်ပြီးသည်နှင့်, ဂိုဒီ၏အာရုံသည်သွေးမျက်လုံးလင်းတထံမှဖမ်းစားခံလိုက်ရပြီး ၎င်း၏မျက်လုံးများကလက်လာတော့သည်၊ ထိုငှက်ကြီးသည်သူ့ကိုယ်တိုင်နှင့်တူညီသော ခံစားမှုမျိုးကိုပေးနေသည်ဟုခံစားရသည်။

ဂိုဒီကလျင်မြန်စွာဖြင့်ယက်ကန်ယက်ကန်လျှောက်သွားပြီး စူးစမ်းစွာဖြင့်သွေးမျက်လုံး လင်းတကိုစိုက်ကြည့်နေသည်။

လင်းတ၏မူလကမှိတ်ထားသောမျက်လုံးများသည် ပွင့်သွားပြီးဂိုဒီကိုအေးစက်သော အကြည့်ဖြင့်ကြည့်လိုက်သည်၊ ထို့နောက်မျက်ခုံးများလည်းအနည်းငယ်တွန့်ကျိုးလာ သည်။

လေထုသည်မိုးခြိမ်းသံကဲ့သို့အက်ကွဲသွားကာနောက်အခိုက်အတန့်တွင်ဂိုဒီ၏ အဝါရောင်ငှက်မွှေးအင်္ကျီသည်ရုတ်တရက်ဆွဲဖယ်ခံလိုက်ရပြီး၎င်း၏အဝတ်မပါသော ကိုယ်တုံးလုံးပုံစံကိုပေါ်လွင်လာစေသည်။

“ဂတ်!” ဂိုဒီ၏မျက်လုံးများကပြူးကျယ်စွာပွင့်လာပြီး ချက်ချင်းပင်၎င်း၏ခြေချောင်းများ ကိုစိလိုက်ကာ, သွေးမျက်လုံးလင်းတကိုတုန်လှုပ်ကာကြောက်ရွံ့သောအကြည့်ဖြင့် ကြည့်နေသည်။

“ဦးလေးလျို, အဲ့ကိုအရင်သွားကြရအောင်၊ အကယ်၍ကျွန်တော်တို့ဘာမှရှာမတွေ့ရင်, ကျွန်တော်တို့ဒီနေရာ, ဒီနေရာ….ပြီးတော့ ဒီနေရာတွေကိုသွားနိုင်တယ်”

ထို့သို့ဖြင့်, ဦးလေးလျိုသည်ကောင်းဖန်အားသွေးမျက်လုံးလင်းတကိုစီးစေသည်။ လင်းတ၏နောက်ကျောရှိအမွှေးများရှိတာကြောင့် တစ္ဆေဂျဖာလူကာပုတ်သင်၏ အကြေးခွံများထက်တော့စီးရတာပို၍သက်တောင့်သက်သာရှိသည်။

ထို့နောက်တွင်တစ္ဆေဂျဖာလူကာပုတ်သင်၏ချွန်ထက်နေသောလက်သည်းများက ဒမ်ဘီ၏ပုခုံးအရိုးကိုကုပ်ထားပြီးလေထဲသို့မတင်လိုက်သည်၊ နောက်အခိုက်အတန့်တွင် သားရဲနှစ်ကောင်သည်ကောင်းကင်သို့တက်နေပြီဖြစ်သည်။

“အား, ခဏလေး!ဦးလေးလျို, ကျွန်တော်တခြားသားရဲတွေကိုမစုရသေးဘူး!!!” ကောင်းဖန်၏အော်သံနှင့်အတူလေထုထဲတွင်အော်သံကစွဲကျန်နေသည်။

“ငါတို့ကသွားကစားကြမှာမဟုတ်ဘူးလေ၊ သားရဲတွေကိုယူလာပြီးဘာလုပ်မှာလဲ? ငါတို့မြန်မြန်သွားပြီးမြန်မြန်ပြန်လာရမယ်”

ဆီလီကကောင်းဖန်၏ခေါင်းပေါ်၌ရှိနေဆဲဖြစ်ပြီး ၎င်း၏ဘဝဲလက်များသည်လေထဲတွင် ပျံဝဲနေသည်၊ ၎င်းကစိတ်လှုပ်ရှားစွာဖြင့် ‘ပုချီ, ပုချီ’ဆိုသောအသံကိုပြုလုပ်နေသည်။

ဧကရာဇ်အဆင့်သားရဲနှစ်ကောင်အရှိန်အဝါကိုအာရုံခံမိသောကြောင့် ပျံသန်းနေသော သားရဲများသည်ကတိုက်ကရိုက်ဖြင့်လမ်းကြောင်းပြောင်းကြသောကြောင့် သူတို့၏ ခရီးလမ်းကချောမွေ့နေသည်။

နာရီဝက်ကြာပြီးနောက်, သားရဲနှစ်ကောင်သည်ကောင်းကင်ပေါ်မှဆင်းသက်တော့သည်၊

“ဒါကပထမဆုံးနေရာဖြစ်နိုင်တယ်” ဦးလေးလျိုကGPSရှာဖွေရေးပစ္စည်းကိုထုတ်လိုက်ပြီး, ၎င်းကိုအကြိမ်အနည်းငယ်လောက်နှိပ်လိုက်ကာ, သူတို့၏ပတ်ဝန်းကျင်နှင့်နှိုင်းယှဉ်လိုက် သည်။

ကောင်းဖန်၏မျက်နှာကအအေးကြောင့်ခရမ်းရောင်ပြောင်းနေပြီဖြစ်သည်၊ သူကတုန်ယင် နေသောလက်ကိုထုတ်လိုက်ပြီး သွေးမျက်လုံးလင်းတ၏နောက်ကျောသို့လျှိုသွင်းလိုက်ပြီး နောက် သူတို့အောက်သို့ဆင်းပြီးနောက်အကြိမ်များစွာနှာချေတော့သည်။

ကောင်းဖန်ကဦးလေးလျို၏လက်ထဲကGPSတည်နေရာကိုကြည့်ပြီးပြောလိုက်သည်၊ “ကျွန်တော်တို့ကဒီမှာ”။ ကောင်းဖန်သည်ရုတ်တရက်အံ့ဩသွားတော့သည်၊ သူကထိုနေရာသို့ရောက်ရန်အတွက်ရက်အနည်းငယ်ကြာအောင် တောထဲတွင်ခက်ခဲ ကြမ်းတမ်းစွာပြေးလွှားခဲ့ရပုံကိုသတိရမိသွားသည်၊ ဦးလေးလျိုကတော့ နာရီဝက်သာ ပျံသန်းလာလိုက်ရသည်။

အပိုင်း၂၁၆ မသေဆုံးနိုင်သော မီးတောက်

သူတို့သည်ယွိကျိုးမြို့အပြင်ဘက်တောင်ထူထပ်သောနေရာရှိရှားပါးသောရေကန်လေး ဆီသို့ရောက်နေကြတာဖြစ်သည်၊

ကောင်းဖန်၏စိတ်အဝင်စားဆုံးအကြောင်းရင်းကတော့, ဒီရေကန်အနီးတွင် တစ်စုံတစ်ယောက်ကအလင်းမီးပိုးဖလံများကိုရှာတွေ့ခဲ့သည်ဆိုသောအကြောင်းဖြစ်သည်၊

အလင်းမီးပိုးဖလံများသည်အတော်လေးသိမ်မွေ့သောအင်းဆက်ဖြစ်ပြီး ၎င်းတို့ကသာမန် အားဖြင့်ပန်းဝတ်မှုန်များနှင့်အချို့သောအပင်အမြစ်များတွင်ကျက်စားလေ့ရှိကြသည်၊

၎င်းတို့သည်တစ်ကောင်ချင်းအားနည်းမှုကိုအစားထိုးရန်အတွက် အုပ်စုလိုက်သွားလာကြ သည်။

အလင်းမီးပိုးဖလံများစိုစွတ်ပြီးမှောင်မိုက်သောပတ်ဝန်းကျင်၌နေထိုင်သည်ကိုနှစ်သက်ကြ ပြီး၎င်းတို့၏ခန္ဓာကိုယ်အတွင်းမှလျှပ်စီးဓာတ်အားပုံမှန်ဖြည့်တင်းရန်လိုအပ်သောကြောင့် တတ်နိုင်သမျှလျှပ်စီအရင်းမြစ်ပေါများသောနေရာနှင့်နီးစပ်စွာနေကြသည်။

တိတ်ဆိတ်ခြင်းကရေကန်တွင်ဖြစ်ပေါ်နေသည်၊ အင်းဆက်များတောင်မျက်မှောက်တွင် ဧကရာဇ်အဆင့်သားရဲများရှိသောကြောင့် အော်ပင်မအော်ရဲပေ။

အရိပ်ဂျဖာလူကာပုတ်သင်သည်လေးတွဲ့စွာဖြင့်ရေကန်ထဲသို့လျှောဝင်သွားသည်၊ ၎င်း၏ ကျောရိုးအလွှာတစ်ခုတည်းကိုသာရေပြင်၏မျက်နှာပြင်တွင်မြင်တွေ့ရသည်၊ကြည့်ရတာ ၎င်းကပတ်ဝန်းကျင်အသစ်ကိုကြိုက်ပုံရသည်။

“ကျွန်တော်တာ့ဇီတစ်ကောင်တည်းကိုသာခေါ်လာသင့်တယ်ဆိုတာသိသင့်တယ်၊ တာ့ဇီ ကလည်းလျှပ်စီးအမျိုးအစားသားရဲဆိုတော့တခြားလျှပ်စီးအမျိုးအစားသားရဲတွေရှိနေတဲ့ အပေါ်ကိုပိုပြီးတုံ့ပြန်လိမ့်မယ်” ကောင်းဖန်ကသူ့ကိုယ်သူရေရွတ်လိုက်သည်၊

လက်ရှိတွင်တာ့ဇီသည်ရွေးချယ်ရန်ဆင့်ကဲဖြစ်စဉ်လမ်းကြောင်း၁၆ခုရှိသည်၊ ၎င်းတို့တစ်ခုစီသည်မတူညီသောပါဝင်ပစ္စည်းလိုအပ်သည်။

ကောင်းဖန်ကထိုထဲမှတစ်ချို့သောပစ္စည်းများကိုရှာဖွေရန်အတွက်နေရာအနည်းငယ်ကို ရွေးချယ်လိုက်သည်။

ခဏလောက်စဉ်းစားပြီးနောက်, ဒမ်ဘီကရေကန်အစွန်းသို့လျှောက်သွားလိုက်ပြီး ၎င်း၏လက်ကိုရေထဲတွင်ယမ်းလိုက်သည်၊ ပူပြင်းသောအဖြူရောင်မီးတောက်ကသူ၏ လက်ဖဝါးထဲမှထွက်လာကာရေပေါ်သို့တက်လာစေပြီးစ၍ပွက်ပွက်ဆူလာစေသည်။

ကောင်းဖန်သည်ငါးဖြူအရိုးစုများရေထဲမှခုန်ထွက်လာသည်ကိုတွေ့လိုက်ရသည်။

ဒမ်ဘီက၎င်း၏လက်များကိုပြန့်ကားလိုက်ပြီး ဖိချလိုက်သည်၊

တက်ကြွနေသောအရိုးစုများသည်ချက်ချင်းပင်တည်ငြိမ်သွားတော့သည်၊ ၎င်းတို့သည် ဒမ်ဘီကိုတိတ်ဆိတ်စွာစိုက်ကြည့်နေစဉ်၎င်းတို့၏ဘာမှမရှိသောမျက်အိမ်များထဲတွင် အဖြူရောင်မီးတောက်များလောင်ကျွမ်းနေသည်။

ထို့နောက်ဒမ်ဘီကသူ၏သခင်ထံသို့လှည့်ကြည့်ကာပြောလိုက်သည်။ “သခင်,သူတို့ကမင်းရှာလိုသမျှကိုတွေ့အောင်ရှာဖို့ကူညီပေးနိုင်တယ်”

ကောင်းဖန်ကသူ့ရှေ့မှမြင်ကွင်းကိုတအံ့တဩဖြင့်စိုက်ကြည့်နေသည်၊ဒမ်ဘီကအစုလိုက် ပြန်လည်ရှင်သန်ခြင်းနည်းလမ်းကိုသုံး၍သူ၏သတိထားနေမှုကိုဖမ်းစားသွားသည်။

“သူတို့ကိုရေကန်အောက်ခြေမှာဝိဉာဉ်စွမ်းအင်မြင့်မားတဲ့တစ်ခုခုကိုယူလာခိုင်းလိုက်” ကောင်းဖန်က, ဆီလီ၏ကိုယ်ပိုင်နေရာလပ်ကိုကိုင်ဆိုင်ထားသောကြောင့် သူတို့ဘယ်အရာမဆိုရှာဖွေနိုင်သည်ကိုယုံကြည်မှုအပြည့်ရှိကာအမိန့်ပေးလိုက်သည်။

ဒမ်ဘီကခေါင်းညိတ်လိုက်သည်၊ အသက်ဝင်လာသောငါးများသည်ဒမ်ဘီ၏ စကားဖြင့်မဖော်ပြသောအမိန့်ကိုလက်ခံလိုက်ကြပြီးရေကန်ထဲသို့ပြန်ငုပ်သွားကြသည်။

ခဏလောက်ကြာပြီးနောက်, တချို့သောငါးများကရေမျက်နှာပြင်ပေါ်တွင် ထူးဆန်းသောပုံနှင့်အပင်များနှင့်ကျောက်တုံးများကိုသူတို့၏ပါးစပ်ထဲတွင်ထည့်ထားကာ ပြန်ပေါ်လာကြသည်။

“အမ်?” ကောင်းဖန်ကငါးများထဲမှတစ်ကောက်ကသူ့အတွက်ယူလာသည့်ကျောက်တုံး တစ်ခုကိုကောက်ယူလိုက်သည်၊ ၎င်းကခဲရောင်ရှိပြီးသူ၏လက်မလောက်ပင်မကြီးပေ၊ အပြင်ဘက်တွင်, ၎င်းကတခြားသောကျောက်တုံးများနှင့်တူသည်၊ သို့သော်, ၎င်း၏တစ်ဖက်၌ထူးဆန်းသောအပြာရောင်အမှတ်ရာတစ်ခုကိုဖော်ပြရန်အတွက် တဖြည်းဖြည်းကျယ်နေသောအက်ကွဲကြောင်းရှိသည်၊

[ပစ္စည်းအမည်]-ရေဝိဉာဉ်ကျောက်(သန့်စင်မှုနိမ့်ခြင်း)

[ပစ္စည်းဖော်ပြချက်]-မြင့်မားသောအဆင့်ရေဒြပ်စင်စွမ်းအင်ပါဝင်သည်၊ ရေအောက် ကြမ်းပြင်ထဲတွင်ကျောက်သွေးကြောများအလွယ်တကူပေါ်လာသည်၊ ကျယ်ပြန့်စွာဖြင့်အမျိုးမျိုးသုံးစွဲနိုင်သည်။

အခြားသောငါးအနည်းငယ်ကလည်းသူ့အတွက်ရေဝိဉာဉ်ကျောက်အပိုင်းအစများ ယူလာကြသည်။

ကောင်းဖန်က၎င်းတို့ကိုကောက်ယူလိုက်ပြီးရေကန်၏အောက်ခြေတွင်ရေဝိဉာဉ်ကျောက် သွေးကြောတစ်ခုရှိနိုင်သည်ဟုတွေးလိုက်သည်၊ ကျောက်တုံးများ၏သန့်စင်မှုနိမ့်သော အဆင့်သည်မကြာသေးခင်ကပင်သွေးကြောတစ်ခုပေါ်လာတာဖြစ်သည်။

အများစုသောဝိဉာဉ်ကျောက်တုံးများသည်အသုံးများလှသည်။ဥပမာအားဖြင့် ဝိဉာဉ်ကျောက်တုံးကဲ့သို့တူညီသောဒြပ်စင်ရှိသည့်သားရဲများသည်၎င်းတို့၏ကိုယ်ပိုင် ဆင့်ကဲဖြစ်စဉ်များကိုအရှိန်မြင့်တင်နိုင်ရန်အတွက် ရေခဲအိမ်ကဲ့သို့သောအဆောက်အအုံ လေးများကိုဆောက်လုပ်ကြသည်။

သို့သော်,ထိုနည်းလမ်းသည်များစွာသောလူများအတွက်ရှေးကျလွန်းသည်၊ ဝိဉာဉ်ကျောက်တုံးများကိုပို၍ထိရောက်စွာအသုံးပြုရန်နည်းလမ်းများထွက်ပေါ်လာစေရန်အတွက်မရေမတွက်နိုင်သောလက်တွေ့စမ်းသပ်ချက်များပြုလုပ်ခဲ့သည်။

တာ့ဇီ၏ဆင့်ကဲ့ဖြစ်စဉ်အတွက်ပါဝင်ပစ္စည်းများကို ဘယ်ငါးမှရှာမတွေ့ပေမယ့် ရေကန်အတွင်းရှိရေဝိဉာဉ်ကျောက်တုံးများ၏သွေးကြောကိုရှာဖွေတွေ့ရှိမှုသည် ၎င်းအတွက်လုံလောက်သည်ထက်ပိုပါသည်။

သို့သော်လည်း ဒီရေကန်သည်ယွိကျိုးမြို့မှ မိုင်ရာဂဏန်းလောက်အကွာအဝေးတွင်ရှိ သည်။ ရေဝိဉာဉ်ကျောက်တုံးသွေးကြောကိုတူးဖော်ခြင်းသည်ရိုးရှင်းသောကိစ္စတော့ မဟုတ်ပေ။

ဦးလေးလျိုသည် ဒမ်ဘီ၏အစုလိုက်ပြန်လည်အသက်သွင်းခြင်းစွမ်းရည်ဖြင့်အညို့ခံလိုက် ရသည်။ “ဒီအရိုးစုက တခြားသားရဲတွေကိုပြန်ပြီးအသက်ဝင်စေတာလား?”

“ဟုတ်တယ်,ဒါကဒမ်ဘီရဲ့စွမ်းရည်အသစ်ပါ”

ဦးလေးလျိုသည်စူးစမ်းစွာဖြင့်ဒမ်ဘီကိုကြည့်လိုက်သည်၊ “ဒါကအတော်လေးကို အသုံးဝင်တဲ့စွမ်းရည်ဘဲ, ဒါပေမယ့်ဒါကအနီးကပ်တိုက်ခိုက်ရေးဆင့်ကဲဖြစ်စဉ် လမ်းကြောင်းပေါ်ရောက်နေပြီမဟုတ်ဘူးလား? ဘာလို့ဆင့်ခေါ်တဲ့အမျိုးအစားကို ရလာတာလဲ? မင်းသားရဲတွေကိုစွမ်းရည်တွေအစုံလိုက်ရောနှောပြီးရှိနေစေတာက သိပ်ကောင်းတဲ့အကြံတော့မဟုတ်ဘူးနော်”

ကောင်းဖန်ကဦးလေးလျိုကိုဘယ်လိုရှင်းပြရမှန်းမသိဖြစ်နေသည်၊ သူ၏သားရဲများထဲမှ တစ်ကောင်ကိုဒဏ္ဍာရီလာအဆင့်သို့ရောက်စေခြင်းသည်တစ်သက်တွင်တစ်ကြိမ်သာ ရသည့်အခွင့်အရေးဖြစ်တာကြောင့်ကောင်းဖန်သည်မည်သို့မည်သို့ဖြစ်ပျက်ခဲ့သည်ကို ဇီဇာကြောင်မည့်အခြေအနေတွင်ရှိမနေပါ။

ဒဏ္ဍာရီလာဆန်ဆန်သားရဲတစ်ကောင်အနေဖြင့်, ဒမ်ဘီ၏စွမ်းအားသည်လည်းဒဏ္ဍာရီ အဆင့်ဝင်ရှိသည်။ကောင်းဖန်သိသလောက်, သူ၏မသေဆုံးနိုင်သောမီးတောက်စွမ်းရည် မှာကန့်သတ်ချက်မရှိပေ၊ ၎င်းလိုချင်လျှင် ဇွန်ဘီအုပ်လိုက်တောင်ခေါ်လာနိုင်သည်။

သို့သော်ထိုသို့ပြုလုပ်ရန်အတွက်ဒမ်ဘီသည်ပြည့်စုံသောများပြားသောအရိုးစုများရှိရန် လိုအပ်သည်၊ ပြီးတော့,ဒမ်ဘီ၏ဝိဉာဉ်အသက်သွင်းခြင်းသည်အဆင့်သည်၎င်း၏ကိုယ်ပိုင် ထက်တော့မမြင့်မားနိုင်သည်၊

ဘေးပတ်လည်သို့ခဏလောက်ကြည့်လိုက်ရင်း,နောက်ဆုံးတော့ရေကန်နှင့်ပေ၁၀၀အကွာ အဝေးတွင်ရှိသောလျှပ်စီးမေပယ်တောအုပ်ကိုတွေ့လိုက်သည်၊

လျှပ်စီးမေပယ်သစ်ပင်များသည်လျှပ်စီးများကိုသိုလှောင်နိုင်စွမ်းရှိကြသည်၊ ဤသည်မှာ အနီးနားတွင်အလင်းမီးပိုးဖလံများပေါ်လာရခြင်းအကြောင်းအရင်းဖြစ်နိုင်လိမ့်မည်။

“ဒီမှာမဟုတ်ဘူး, နောက်တစ်နေရာသွားကြရအောင်” ကောင်းဖန်ကဦးလေးလျိုကို ပြောလိုက်သည်။

တစ်ချိန်လုံးရေကန်၏အစွန်းတွင်ရပ်နေသည့်ဒမ်ဘီကသူ၏ဘယ်လက်ကိုရေကန်ဆီသို့ ချိန်လိုက်သည်၊ ရုတ်တရက်ရေကန်ထဲကသိပ်သည်းသောငါးအရိုးအလွှာများသည် ရေကန်မျက်နှာပြင်ပေါ်လာပြီး,ပေါက်ကွဲလာကာ, ဒမ်ဘီ၏ဖွင့်ထားသောလက်ဖဝါးထံသို့ မသေဆုံးနိုင်သောမီးတောက်များကိုထုတ်လွှတ်လာကြသည်။

နှစ်ပေမြင့်သောတိုင်တစ်ခုက ဒမ်ဘီ၏လက်ဖဝါးပေါ်တွင်ပေါ်လာပြီး၎င်း၏အရိုးအတွင်းသို့ ဝင်လာကြသည်၊ ၎င်းကအခုတွင်အရင်ကထက်ပိုပြီးအားကောင်းလာပုံရသည်။

ထိုအချိန်တွင်ကောင်းဖန်သည်ထောင်ပေါင်းများစွာသောဝိဉာဉ်များ၏ကွဲအက်နေသော အော်ဟစ်သံများကိုလေထဲတွင်ကြားလိုက်ရသလိုတွေးမိလိုက်သည်။

ဒမ်ဘီ၏မျက်လုံးအိမ်ထဲတွင်ရှိသောမီးတောက်များသည်တဖြည်းဖြည်းဖြင့်၎င်း၏ ကျန်ရှိသောခန္ဓာကိုယ်အတွင်းသို့စိမ့်ဝင်သွားကြပြီး အရိုးများကိုပို၍ပင် ခိုင်မာလာစေသည်…

ထိုနေ့အတွက်အမှတ်အသားပြုထားသည့်နယ်မြေလေးခုကိုရှာဖွေပြီးနောက် ကောင်းဖန်သည်တာ့ဇီ၏ဆင့်ကဲဖြစ်စဉ်အတွက်လိုအပ်သောပါဝင်ပစ္စည်းများကို ရှာမတွေ့ခဲ့ပေ။

သို့သော်, သူသည်ဒမ်ဘီပိုပြီးသန်မာလာစေရန်အတွက်အမြန်နည်းလမ်းကိုရှာဖွေ တွေ့ရှိခဲ့သည်။

နယ်မြေလေးခုလုံးတွင်ဒမ်ဘီသည်သူ၏ရှာဖွေမှုတွင်ကောင်းဖန်ကိုကူညီရန်အတွက် အရိုးစုအဖွဲ့လိုက်ကိုပြန်လည်ရှင်သန်စေခဲ့သည်၊ ထို့နောက်၎င်းတို့နှင့်ပြုလုပ်သောအခါ တွင်အရိုးစုများမှမသေဆုံးနိုင်သောမီးတောက်များကိုစုပ်ယူမည်ဖြစ်သည်။

ထိုအရိုးစုများတွင်ဒမ်ဘီ၏ဇီဝဖြစ်ပျက်မှုအတွက်မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ပါဝင်နိုင်သည်, သို့မဟုတ်ရှင်သန်ထမြောက်လာသောအရိုးစုများသည်၎င်းတို့၏လှုပ်ရှား မှုများအတွက် ရှင်သန်ထမြောက်ဖို့အတွက်အရိုးစုများလိုအပ်သည်။

ဒမ်ဘီသည်မသေဆုံးနိုင်သောမီးတောက်များကိုစုပ်ယူလိုက်တိုင်း ၎င်း၏အရှိန်အဝါသည် ပိုပြီးအားအင်ပြည့်ကြီးထွားလာသည်၊

သူ၏ရှာဖွေမှုအပြီးတွင်,ကောင်းဖန်သည်ဒမ်ဘီအဆင့်သည်၃၁သို့ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည့်အတွက်အံ့ဩသွားတော့သည်။

All Chapters