← Chapters

အခန်း (၂၁၇-၂၂၀)

Vol. 14 Ch. 217-220

အခန်း (၂၁၇-၂၂၀)

Vol. 14 Ch. 217-220

အပိုင်း၂၁၇ အပေးအယူလုပ်မယ်

ဒမ်ဘီ၏မည်မျှပင်လျင်မြန်စွာအဆင့်ထိုးတက်သွားမှုကိုကြည့်ရင်း, ကောင်းဖန် ရုတ်တရက်၎င်းကိုအဆင့်မြှင့်တင်ရန်အတွက်အကြံတစ်ခုရလိုက်သည်၊

အဲ့ဒါကိုငါဖယ်ထုတ်နိုင်ရင်ဒမ်ဘီကနောက်ထပ်အဆင့်နှစ်ဆင့်ကိုမြန်မြန်ဆန်ဆန်နဲ့ တက်နိုင်လိမ့်မယ်…

“ငါတို့အခုထွက်သွားတာကောင်းလိမ့်မယ်၊ ဒီနေရာကစိတ်ဝိဉာဉ်တောင်နေတဲ့နေရာ… အခုအချိန်မှာ, ငါတို့လူသားတွေကအဲ့လိုအမျိုးအစားတွေနဲ့သေချာပေါက်ကောင်းကောင်း မွန်မွန်အချိန်ကာလရှိမှာတော့မဟုတ်ဘူး၊ ငါတို့သူတို့နဲ့ဝေးဝေးနေနိုင်ရင်အကောင်းဆုံးဘဲ …သေစမ်း” ဦးလေးလျိုကသူ့အသက်ရှုရပ်သွားရင်းပင်ကျိန်ဆဲလိုက်သည်။

အသံနိမ့်နိမ့်လေး၏အဝေးသို့ပဲ့တင်ထပ်သွားတော့သည်၊ မြင်းတစ်အုပ်သည်၎င်းတို့ဆီသို့ ဆောင့်နင်းကာပြေးလာသလိုမျိုး, မြေကြီးကပြင်းထန်စွာတုန်ခါလာတော့သည်၊

ကောင်းဖန်ကငုံ့ကြည့်လိုက်တော့ မြေပေါ်ရှိကျောက်စရစ်ခဲများသည်သူ့ခြေထောက် ပတ်လည်တွင်တုန်ခါနေသည်ကိုတွေ့လိုက်ရသည်၊

“သွားကြစို့!” ဦးလေးလျိုကလျင်မြန်စွာပြောလိုက်သည်။

သွေးမျက်လုံးလင်းတသည်၎င်း၏အတောင်ပံများကိုဖြန့်ထုတ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ် အားနိမ့်လိုက်ကာ ကောင်းဖန်ကို၎င်း၏နောက်ကျောတွင်တက်စေသည်၊

အရိပ်ဂျဖာလူကာကဒမ်ဘီကိုမလိုက်ပြီး,ဦးလေးလျိုကိုသူ့နောက်ကျော၌တင်လိုက်သည်။ အတူတူ, ၎င်းတို့ကလေထဲတွင်ပျံတက်လိုက်ကြသည်။

အောက်ကိုငုံ့ကြည့်လိုက်တော့, ကောင်းဖန်ကကောင်းကင်တွင်ဖုန်များက တိမ်တွေထဲမှ ပေါ်ထွက်နေသည်ကိုတွေ့လိုက်ရသည်။ တိမ်တိုက်တွေကနေတစ်ဆင့် သူတို့ဆီသို့ ဦးတည်ရွေ့လျားနေသော ကြီးမားသည့်ရုပ်သဏ္ဍာန်တစ်ခုပေါ်လာသည်။

ကောင်းဖန်ကပုံမှန်ထက်ပို၍အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။

ပေ၃၀၀မြင့်သောစိတ်ဝိဉာဉ်တောင်ကြီးသည်သူတို့ဆီသို့မနားမနေရွေ့လာနေသည့် မြင်ကွင်းသည် သူ့အတွက်ဘာကိုမှပင်ပြင်ဆင်ချိန်မရလိုက်ပေ။

စိတ်ပျော့ညံ့သူများသာဆိုလျှင် ၎င်းကိုမြင်သည်နှင့်ချက်ချင်းကြောက်လန့်သွားကြ လောက်သည်။

“လူ….တွေ…” ၎င်းကပြောလိုက်သည်, ၎င်း၏အသံကမြေကြီး၏အနက်ရှိုင်းဆုံးအထိတိုင် အောင်တုန်ခါသွားစေသည်၊ ၎င်း၏အသံသည်မရှင်းလင်းမပြတ်သားသောကြောင့် ကောင်းဖန်က၎င်းကိုတွေးဆကြည့်နေသည်။

စိတ်ဝိဉာဉ်တောင်ကသူပြောခဲ့သည့်စကားကိုထပ်ခါတလဲလဲပြောနေသောအခါမှသာ ကောင်းဖန်ကထိုအခိုက်အတန့်တွင်သူတို့ကိုစကားပြောနေမှန်းသဘောပေါက်သွားတော့သည်။

“ဦးလေးလျို, စိတ်ဝိဉာဉ်တောင်ကကျွန်တော်တို့ကိုခေါ်နေတယ်လို့ထင်တယ်” ကောင်းဖန်က အော်လိုက်သည်။

“မင်းဘာပြောလိုက်တာလဲ?” ဦးလေးလျိုကပြန်အော်လိုက်သည်၊ ကောင်းဖန်၏အသံက လေထဲတွင်နစ်မြှုပ်နေသည်။

“စိတ်ဝိဉာဉ်တောင်က ကျွန်တော်တို့ကိုခေါ်နေတယ်လို့!” ကောင်းဖန်ကသူတို့နောက်တွင် ရှိနေသောစိတ်ဝိဉာဉ်တောင်ကိုညွှန်ပြကာပြောလိုက်သည်။

“စိတ်အေးအေးထား, အဲ့ကောင်ငါတို့ကိုမဖမ်းနိုင်ပါဘူး!” ဦးလေးလျိုက သူ့ရင်ဘတ်ကို ယုံကြည်မှုအပြည့်ဖြင့်ပုတ်ကာပြောလိုက်သည်။

“ကျွန်တော်ပြောတာအဲ့လိုမဟုတ်ဘူး၊ ကျွန်တော်ပြောတာက, အဲ့ကောင်ကကျွန်တော်တို့ကို ခေါ်နေတယ်လို့!” ကောင်းဖန်ကအော်လိုက်သည်၊ ဘယ်လိုတောင်ကြားဖို့ခက်ခဲနေတာလဲ, ဦးလေး?!”

“စိတ်မပူနဲ့, အဲ့ကောင်မပျံနိုင်ဘူး!” ဦးလေးလျိုကပြုံးဖြဲဖြဲလုပ်ကာပြောလိုက်သည်။

ကောင်းဖန်ကခဏလောက်တိတ်ဆိတ်သွားတော့သည်၊ “ဦးလေးလျို, နားမကြားဘူးလားဗျာ?” သူကအော်လိုက်သည်။

“မင်းဘာလို့ငါ့ကိုနားကန်းလို့ခေါ်တာလဲ?” ဦးလေးလျိုကစိတ်ပျက်ကာပြောလိုက်သည်၊

ကောင်းဖန်ကအန်ကယ်လျိုအားရှင်းရှင်းလင်းလင်းကြားစေရန်အရိပ်ဂျဖာလူကာပုတ်သင် နားသို့ပျံသန်းလာချိန်ထိ စကားဆက်မပြောရန်ဆုံးဖြတ်လိုက်သည်။

“ငါသိတယ်, မင်းပြောတဲ့ စိတ်ဝိဉာဉ်တောင်တွေကငါ့တို့ကိုခေါ်နေတယ်ဆိုတာ၊ ဟုတ်တယ်,ငါလည်းကြားတယ်”,ဦးလေးလျိုကပြောလိုက်သည်၊ “ငါမင်းကိုတစ်ခုပြော မယ်၊ မင်းကငယ်သေးတယ်၊ ဒီကမ္ဘာကြီးအကြောင်းကိုသင်ယူဖို့အများကြီးရှိသေးတယ်၊ ဒီသတ္တဝါတွေကမယုံရဘူး၊ ပထမဆုံး, သူတို့ရဲ့စကားချိုချိလေးတွေနဲ့လှည့်စားလိမ့်မယ်, ပြီးတော့မင်းတို့ကိုစားဖို့လုပ်လိမ့်မယ်”

ကောင်းဖန်ကခဏလောက်တုံ့ဆိုင်းသွားသည်၊ “ကျွန်တော်တို့ဘာလို့အောက်ဆင်းပြီး သူတို့ဘာပြောလဲဆိုတာနားမထောင်တာလဲ? အဲ့တာနဲ့စကားပြောဖို့လုံလုံလောက်လောက် နီးနီးလေးပျံလို့ရတယ်လေ”

သူတို့နောက်ကစိတ်ဝိဉာဉ်တောင်တန်းဆီကမကြားနိုင်လောက်တဲ့အထိ အဝေးသို့ပျံသန်း လာနေကြသည်။

“ဒါဆိုလည်းကောင်းပြီ, ဒါပေမယ့်ငါမင်းကိုပြောလိုက်မယ်နော်, စိတ်ဝိဉာဉ်တောင်တွေက ကျောက်တုံးတွေနဲ့လုပ်ထားတာဖြစ်နိုင်တယ်, ဒါပေမယ့်သူတို့အားလုံးကပုပ်နေတဲ့ အမြုတေတွေနဲ့” ဦးလေးလျိုကပြောလိုက်သည်။

ကောင်းဖန်ကစိတ်မရှည်စွာဖြင့်ခေါင်းညိတ်လိုက်သည်၊ “ဟုတ်တယ်, ဦးလေးမှန်တယ်၊ အဲ့ဒီစိတ်ဝိဉာဉ်တောင်တွေကအမြဲတမ်းမကောင်းဘူး!”

ဦးလေးလျိုကတင်းမာနေသောအပြုံးဖြင့်သူ့ကိုစိုက်ကြည့်နေသည်၊ မင်းကနည်းနည်း ငတုံး…

ကောင်းဖန်နှင့်အခြားသူများအဝေးသို့ပျောက်ကွယ်သွားသည်ကိုမြင်လိုက်သောအခါ ၎င်း၏ ခေါင်းကငုံ့သွားကာစိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။

“ဟေ့, အကောင်ကြီး, မင်းငါတို့ဆီကတစ်ခုခုလိုချင်လို့လား?” ကောင်းဖန်က သွေးမျက်လုံးနောက်ကျောမှအော်လိုက်သည်။

စိတ်ဝိဉာဉ်တောင်က၎င်း၏လမ်းကြောင်း၌ရပ်သွားပြီး လှည့်လာသည်၊

“လူသား, မင်းနဲ့ငါအပေးအယူလုပ်ချင်တယ်…”

…

ဆယ်မိုင်အကွာတွင်လူသားသုံးယောက်သည်တောင်ချောင်းတစ်ခုအနီးတွင် အနားယူနေကြသည်။

“စိတ်ဝိဉာဉ်တောင်ထွက်သွားပြီလား?” အနက်ရောင်စွပ်ကျယ်လက်ပြတ်နှင့်လူက စိတ်ပူစွာဖြင့်မေးလိုက်သည်။

“အေး, သူကမြောက်ပိုင်းကတောင်ကြားတွေထဲမှာရှိနေရမှာပါ၊ ဘာလို့ရုတ်တရက် ဒီမှာပေါ်လာတာလဲ? ငါတို့ကိုသူရှာတွေ့တော့မလို့,” ထိုလူ၏ဘေးကလူငယ်ကပြော လိုက်သည်။လူငယ်ကဆံပင်တိုနှင့်ဖျတ်လက်တက်ကြွသောမျက်လုံးများရှိသည်။ သူ့နောက်ကျောတွင်ပုံဖျက်ထားသောကျောပိုးအိတ်တစ်ခုကိုလွယ်ထားပြီး, ၎င်း၏ဘယ်လက်တွင်အသားတုံးတစ်တုံးရှိသည်၊သူကအပိုင်းတစ်ပိုင်းကိုဆွဲဖြဲလိုက်ပြီး သူ့နားကဝံပုလွေနီကိုကျွေးလိုက်သည်၊ ဝံပုလွေကပျော်ရွှင်စွာဖြင့်အလောတကြီးစားလိုက် သည်။

“မဟုတ်ဘူး, သူကငါတို့ကိုသေချာပေါက်ရှာတွေ့မှာ၊ အဲ့ကောင်ကရိုးရိုးတန်းတန်းဘဲ ငါတို့ကိုလျစ်လျူရှုသွားတာ” အဝါရောင်ဂျက်ကတ်,အနက်ရောင်အားကစားဘောင်းဘီဖြင့် အမျိုးသမီးကပြောလိုက်သည်၊

“ဘာလို့အဲ့လောက်တောင်သေချာနေတာလဲ?” အနက်ရောင်စွပ်ကျယ်နှင့်လူကမျက်မှောင် ကြုတ်ကာမေးလိုက်သည်၊

“စိတ်ဝိဉာဉ်တောင်မှာမျက်လုံး ဒါမှမဟုတ် နှာခေါင်းအဲ့တာတွေမပါဘူး, သူတို့က ပတ်ဝန်းကျင်မှာရှိတဲ့သက်ရှိပုံရိပ်အားလုံးကိုအာရုံခံနိုင်ဖို့သူတို့ရဲ့ဦးနှောက်လှိုင်းတွေအပေါ် ကိုမှီခိုတယ်လို့ငါ့အကိုကပြောပြဖူးတယ်” အမျိုးသမီးကပြောလိုက်သည်။

“ဆိုတော့, မင်းပြောတဲ့ပုံအရအဲ့ကောင်ဆီကနေဘာမှပုန်းရှောင်မနေနိုင်ဘူးပေါ့?”

“ကောင်းပြီ, အပြင်မှာသားရဲတွေအများကြီးရှိတယ်၊ အဲ့ဒီထဲကတစ်ကောင်ကသူ့အာရုံတွေ ကိုလှည့်စားနိုင်တဲ့စွမ်းရည်ရှိလို့ဘဲဖြစ်ရမယ်” လူငယ်ကသူ့ပေါင်ကိုပုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်၊ “သွားစို့, ငါတို့မင်းအမဲလိုက်တာကိုကူပေးရမှာမလား_”

ရုတ်တရက်သူတို့၏ခေါင်းပေါ်ရှိမပြတ်သားသောမြည်ဟီးသည့်အသံက သူ့ကို အနှောက်အယှက်ဖြစ်သွားစေသည်၊ “ငါတို့နည်းနည်းလောက်ထပ်စောင့်သင့်တယ်”

စိတ်ဝိဉာဉ်တောင်သည်သူတို့ရှေ့ရှိတောင်တန်းကိုဖြတ်၍သွားခြင်းဖြစ်သ်ည၊ ကြီးမားသော ငှက်နှင့်တူသည့်သတ္တဝါကြီးနှစ်ကောင်သည်ယခုအခါတွင်၎င်းအထက်၌ပျံဝဲနေကြသည်။

အရိပ်ဂျဖာလူကာပုတ်သင်သည်စုတ်ပြဲနေသောတောင်ပံတစ်စုံကဲ့သို့ရှိပြီး၎င်းက အစိမ်းရောင်အရှိန်အဝါဖြင့်ပြည့်နေသည်။ သွေးမျက်လုံးလင်းတသည်၎င်း၏ဘေးတွင်ရှိပြီး အကာအကွယ်သည်တက်ကြွလှုပ်ရှားသောအဖြူရောင်အရှိန်အဝါရှိသည်။

သူတို့သုံးယောက်သည်ဧကရာဇ်အဆင့်သားရဲနှစ်ကောင်ကို အသက်ပင်ရဲရဲမရှုနိုင်စွာဖြင့် ကြည့်နေပြီး, သူတို့၏လှုပ်ရှားမှုက၎င်းတို့ကိုဒေါသဖြစ်စေမှာကြောက်နေသည်။

“သူတို့ထဲကတစ်ကောင်ကခြေသည်းနဲ့တစ်ခုခုကိုကုပ်ထားသေးတယ်”

“သူ့အစာဘဲဖြစ်ရမယ်”

“ပျံနေတဲ့သားရဲပေါ်မှာတစ်ယောက်ယောက်ရှိနေတယ်” စွပ်ကျယ်အနက်နှင့်လူက သူ့မျက်လုံးကိုပွတ်ကာ,သူမြင်သည့်အရာကိုမယုံနိုင်စွာဖြင့်ကြည့်ကာပြောလိုက်သည်။

အပိုင်း၂၁၈ အာမေဒယ်လိုသင်းခွေချပ်

“သူတို့ကဧကရာဇ်အဆင့်သားရဲတွေလား?!”

“သူကယွိကျိုးကထိပ်တန်းသားရဲလေ့ကျင့်သူတွေထဲကတစ်ယောက်ဖြစ်လိမ့်မယ်၊ မင်ကောမှာလည်းကောင်းမွန်တဲ့ဧကရာဇ်အဆင့်သားရဲရှိတယ်မဟုတ်ဘူးလား?” စွပ်ကျယ်နက်နှင့်လူကပြောလိုက်သည်။

“တခြားသူတွေရဲ့သားရဲတွေကိုတက်မက်နေဖို့မလိုပါဘူး၊ ဒီမှာရှိတဲ့ ပေါက်ယွင့်က တစ်နေ့နေ့မှာဧကရာဇ်အဆင့်သားရဲအထိမြင့်တင်နိုင်လိ့မ့်မယ်လို့ငါယုံတယ်” မျက်မှောင်ကြုတ်ကာဖြင့်လူငယ်လေးကခိုင်မာစွာဖြင့်သူ၏အနီရောင်ဝံပုလွေကိုပုတ်ကာ ပြောလိုက်သည်။

အရိပ်ဂျဖာလူကာပုတ်သင်သည်ရုတ်တရက်လေထုထဲသို့အော်ဟစ်သံထုတ်လွှင့်လိုက်ရာ, ဝံပုလွေနီသည်တုန်တုန်ယင်ယင်ဖြင့်ဖင်ထိုင်ကျသွားတော့သည်။

ကောင်းဖန်သည်သူ၏မျက်နှာကိုလေပြင်းများတိုက်ခိုက်နေသောကြောင့် သူ၏လက်များကို သွေးမျက်လုံးလင်းတ၏လည်ပင်းတွင်ရစ်ပတ်ထားလိုက်သည်၊ စိတ်ဝိဉာဉ်တောင်ကသူ့ဆုလာဘ်အတွက်ကမ်းလှမ်းလာတုန်းကဆိုလျှင်သူ့ကံကိုပင် မယုံနိုင်ခဲ့ပေ။

ဆုလာဘ်ကိစ္စကတော့, တာ့ဇီကိုအတောင်ခြောက်ခုမိုးကြိုးကင်းခြေများအဖြစ်သို့ ဆင့်ကဲမြှင့်တင်ခြင်းဖြစ်သည်၊ ၎င်း၏ပြောင်းလဲမှုပုံစံသည်၎င်းကိုပျံသန်းစေနိုင်ပြီး, လေထဲတွင်အစွမ်းကုန်ရွေ့လျားစေကာပျံသန်းနိုင်သည်။

သို့သော်, စိတ်ဝိဉာဉ်တောင်၏ကမ်းလှမ်းချက်တစ်ခုဖြင့်သတ်မှတ်လာသည်၊ ၎င်းကကောင်းဖန်နှင့်ဦးလေးလျိုကိုပြန်လာစေပြီး သူ့အတွက်တစ်ခုခုကိုလုပ်ပေးစေချင် တာဖြစ်သည်။

စိတ်ဝိဉာဉ်တောင်သည်အခြားသားရဲများထက်ပိုပြီးဉာဏ်ကောင်းသည်။ ၎င်းက ကောင်းဖန်နှင့်ဦးလေးလျိုကိုရွေးချယ်ရခြင်းအကြောင်းအရင်းမှာ, ၎င်းသည်လူသား အများစုကစေ့စပ်စွာဖြင့်ညှိနှုင်းဆွေးနွေးနိုင်စွမ်းရှိကြောင်းကိုသိတာကြောင့်ဖြစ်သည်။

လူသားများသည်ရုပ်ပိုင်းဆိုင်ရာအားနည်းသော်လည်း အစွမ်းထက်သောသားရဲများကို ထိန်းကျောင်းနိုင်ကြသည်၊ စိတ်ဝိဉာဉ်တောင်သည်၎င်းမျှော်မှန်းထားသောထိုက်တန်သည့် သားရဲလေ့ကျင့်သူထံသာချဉ်းကပ်ရမည်ဖြစ်သည်၊ဆိုလိုသည်မှာ ထိုသူတို့၏ကွပ်ကဲမှု‌ အောက်တွင်စွမ်းအားပြည့်ဝသည့်ကိုယ်ပိုင်သားရဲရှိသောသားရဲလေ့ကျင့်သူဖြစ်သည်။

“လူသားတွေ…ဒီမှာ” စိတ်ဝိဉာဉ်တောင်ကအပြင်းအထန်မြည်ဟီးနေသည်၊ “သူ့တို့ရဲ့ သွေးနဲ့ငါ့ကိုရေချိုးပေး, မင်းတို့ပြောထားတဲ့ဟာကိုငါလုပ်ပေးမယ်”

စိတ်ဝိဉာဉ်တောင်သည်ရပ်တန့်သွားသည်၊ ရှေ့တွင်မြေကြီး၌ကျယ်တဲ့ခေါင်းပေါက်တစ်ခု ရှိသည်၊ ခေါင်းပေါက်အလယ်တွင်ကြီးမားသောအပေါက်ရှိသည်၊ လုံးဝန်းသောခေါင်းလေး ကထိုနှစ်ထဲကတစ်ခုထံမှပြူတစ်ပြူတစ်ထွက်လာပြီးလေထုကိုနှာတစ်ရှုံ့ရှုံ့လုပ်လိုက်ပြီး နောက်, အလျင်အမြန်ဖြင့်လူးလွန့်ကာ, ၎င်းကတစ်ခုခုကိုလေထဲတွင်ပုပ်နေသည့်အနံ့ရ သကဲ့သို့ပြန်ဝင်သွားသည်၊

[မကောင်းဆိုးဝါးအမည်]-အာမေဒယ်လိုသင်းခွေချပ်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၂(ကွန်မန်ဒါအဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-မြေကြီး/ရွှေ

[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-မြေတွင်းသွားခြင်းအဆင့်၂

[မကောင်းဆိုးဝါးအားနည်းချက်]-မီး

သင်းခွေချပ်တွေကစိတ်ဝိဉာဉ်တောင်တွေကအကျပ်ရိုက်စေလို့လား?။ ကောင်းဖန်က တွေးလိုက်သည်။

ဒဏ္ဍာရီများအရ, အာမေဒယ်လိုသင်းခွေချပ်များသည် မြေကြီးအောက်တွင်လွတ်လပ်စွာ သွားလာနိုင်ကြသည်၊ သင်းခွေချပ်များကဆင့်ကဲပြောင်းလဲပြီး ထိုစွမ်းရည်၏ ပိုမိုအစွမ်းထက်သောအမျိုးအစားကိုရရှိခဲ့ကြသည်။

သို့သော်,ကောင်းဖန်က ဧကရာဇ်အဆင့်စိတ်ဝိဉာဉ်တောင်ကိုဧကရာဇ်အဆင့်သင်းခွေချပ် တစ်ကောင်က အဆင်မပြေဖြစ်စေသည်ဆိုတာကိုမယုံကြည်နိုင်ဖြစ်နေသည်။

“သူတို့ကအများကြီးရှိတယ်….အောက်ထဲမှာ” စိတ်ဝိဉာဉ်တောင်ကဖြေးညင်းစွာပြော လိုက်သည်။

“သူတို့ကိုမှုတ်ထုတ်လိုက်” ဦးလေးလျိုကသွေးမျက်လုံလင်းတကိုအမိန့်ပေးလိုက်သည်။

လင်းတသည် ပြင်းထန်သောလေပြင်းများတိုက်ခိုက်သွားသည်အထိ စ၍၎င်း၏အတောင်များကိုခတ်လိုက်သည်။

လှိုင်းဂယက်ထနေသောအသံများနှင့် အစိမ်းရောင်အလင်းတောက်များ, လေကမြေကြီးကို ထုရိုက်စေကာ ဖုန်မှုန့်များအားလေထဲသို့တက်လာစေသည်။

ပေါက်ကွဲသံများကြားတွင်နာကျင်မှုကြောင့်အော်သံများအားကြားနေရသည်။

အလင်းပြိုးပြိုးပျက်ပျက်အောက်တွင် သွေးမျက်လုံးလင်းတကထိုးသုတ်ရန်အောက်သို့ ဆင်းချလိုက်သည်၊ ၎င်းကမြေပြင်နှင့်နီးကပ်စွာပျံသန်းလာပြီး, ၎င်းကဒမ်ဘီကိုလွှတ်ချပေး လိုက်ကာ, ၎င်း၏ခြေသည်းများကိုမီးခိုးငွေ့များထဲသို့နစ်မြုပ်လိုက်သည်။

သွေးမျက်လုံးလင်းတသည်၎င်း၏ခြေသည်းများတွင်သင်းခွေချပ်တစ်ကောင်၏ အော်ဟစ်သံနှင့်အတူမီးခိုးထဲမှထွက်လာသည်။ ၎င်းသည်သူ၏သားကောင်ကိုခြေသည်း များဖြင့်ပိုမိုနစ်ရှိုင်းစွာကုပ်ထားပြီး၎င်း၏ခန္ဓာကိုယ်ကိုဆုတ်ဖြဲပစ်ကာ ၎င်း၏သွေးများနှင့် အစိတ်အပိုင်းများကိုကောင်းကင်မှပြုတ်ကျစေသည်။

သင်းခွေချပ်၏အသွေးနှင့်အသားတို့သည်စိတ်ဝိညာဉ်တောင်ပေါ်သို့ကျသွားသည်၊ ထို့နောက် ၎င်း၏အနက်ရောင်ကျောက်အခွံဖြင့်စုပ်ယူလိုက်သည်၊ ရုတ်ခြည်းကျေနပ်သွား သောကြောင့် နက်ရှိုင်းသောကျေနပ်သည့်အသံတစ်ခုထွက်လာတော့သည်။

“အိုကေ, မင်းအတွက်သူတို့ထဲကတစ်ကောင်ကိုသတ်ပေးပြီးပြီ၊ အခုငါတို့ရဲ့ဆုလာဘ်က ဘာလဲဆိုတာပြောပေးလို့ရမလား?” ဦးလေးလျိုကမေးလိုက်သည်၊

စိတ်ဝိဉာဉ်တောင်ကမလှုပ်ပေ၊ “မလုံလောက်ဘူး…တစ်ကောင်ကမလုံလောက်ဘူး…”

“ဘယ်မှာလဲသာပြောပါ, ပြီးရင်ငါတို့မင်းကိုသင်းခွေချပ်ပိုပြီးဖမ်းပေးမယ်” ဦးလေးလျိုက အေးစက်စွာဖြင့်ပြောလိုက်သည်။

စိတ်ဝိဉာဉ်တောင်ကခဏလောက်တုံ့ဆိုင်းသွားသည်၊ နောက်ဆုံးတော့သူကအလွယ်တကူ ပြောလိုက်တော့သည်၊ “အရှေ့ပိုင်းမှာ”။ ဦးလေးလျိုကပိုပြီးတိကျတဲ့အဖြေကိုချော့တောင်း ဖို့ကြိုးစားပေမယ့်သူ့ကြိုးစားမှုကအချည်းနှီးသာဖြစ်သည်၊

မြေကြီးအောက်တွင်ပုန်းအောင်းနေသောသင်းခွေချပ်များသည်သွေးမျက်လုံးလင်းတ၏ တိုက်ခိုက်မှုကြောင့်အားလုံးထိတ်လန့်သွားကြတော့သည်၊ အချို့ကသူတို့၏တွင်းများမှ ထွက်ပြေးကြပြီးအချို့ကစိတ်ဝိဉာဉ်တောင်၏ခြေရင်းနားမှပင်သုတ်သုတ်ပြာပြာဖြင့် ပြေးသွားကြသည်။

၎င်းတို့၏အမြှီးများကိုလွှဲယမ်းရင်းနှင့်, သင်းခွေချပ်များသည်၎င်းတို့၏ရှေ့မှမြေကြီးကိုခွဲ လိုက်ပြီးအစုလိုက်မြေပြင်ပေါ်ရှိအနက်ရောင်ကျောက်တုံးကိုရှောင်တိမ်း၍ စိတ်ဝိဉာဉ်တောင်သည်၎င်း၏ခြေရင်းအောက်တွင်ရှိသော၎င်းတို့ကိုလွှင့်ပစ်လိုက်သည်၊ (ဒီအပိုဒ်မသေချာ)

“လေးကောင်လိုသေးတယ်, ငါနောက်ထပ်လေးကောင်လိုသေးတယ်” စိတ်ဝိဉာဉ်တောင်ကအော်လိုက်သည်။

သွေးမျက်လုံးလင်းတ၏နောက်ကျော၌ဦးလေးလျိုနေရာယူပြီးသွားတဲ့နောက်, အရိပ်ဂျဖာလူကာပုတ်သင်သည်အပေါက်တစ်ခုဆီသို့တဟုန်ထိုးပျံသန်းသွားလိုက်ပြီး, ၎င်းအတွင်းသို့သူ၏ခန္ဓာကိုယ်ကိုညှပ်သပ်ဝင်လိုက်သည်၊ ခဏလောက်ကြာပြီးနောက်, ထိတ်လန့်တုန်လှုပ်၍စူးရှိသောအော်သံများကမြေအောက်မှထွက်ပေါ်လာတော့သည်၊ အရိပ်ဂျဖာလူကာပုတ်သင်သည်သေလုမြောပါးဖြစ်နေသောသင်းခွေချပ်တစ်ကောင် နှင့်အတူတွင်းထဲမှတွားသွားထွက်လာသည်။

ထို့နောက်, ၎င်းသည်နောက်ထပ်သင်းခွေချပ်သုံးကောင်ကိုထိုအပေါက်ထဲမှ သွက်လက်စွာ ဖြင့်ဆွဲထုတ်နိုင်ခဲ့သည်။

စိတ်ဝိဉာဉ်တောင်ပေါ်ရှိကျောက်တုံးများသည်၎င်းရှေ့တွင်လဲလျောင်းနေသောသင်းခွေချပ် အလောင်းများကိုလောဘကြီးစွာစိုက်ကြည့်ရင်းစိတ်လှုပ်ရှားစွာဖြင့်ရွေ့ပြောင်းနေကြ သည်။

“မင်းရှာနေတဲ့ပစ္စည်းကအရှေ့ပိုင်းတောင်ငါးတောင်ခြားတဲ့ချောက်ကမ်းပါးမှာ” စိတ်ဝိဉာဉ်တောင်ကစိတ်မရှည်စွာဖြင့်ပြောလိုက်သည်။

“ငါ့အထင်တော့, သင်းခွေချပ်အလောင်းတစ်ခုကိုကိုင်ထားသင့်တယ်, ဒါကလှည့်စားမှု တစ်ခုလည်းဖြစ်နေနိုင်တာဘဲ” ဦးလေးလျိုကပြောလိုက်သည်၊ သူသည်အရိပ်ဂျဖာလူကာ ပုတ်သင်ကို၎င်း၏ပါးစပ်ထဲ၌သင်းခွေချပ်အသေတစ်ကောင်ကိုကိုက်စေ၍ လေထဲသို့ပျံသန်းစေကာသွေးမျက်လုံးလင်းတအားကောင်းဖန်၏ဆုလာဘ်ထံသို့သွားရန် အချက်ပြလိုက်သည်။

“ငါတို့စိတ်ဝိဉာဉ်တောင်တွေကဘယ်တော့မှမလိမ်ဘူး!” စိတ်ဝိဉာဉ်တောင်က ဟိန်းဟောက်လိုက်သည်။

၁၀မိနစ်ကြာပြီးနောက်, သွေးမျက်လုံးလင်းတသည်၎င်း၏ခြေသည်းများဖြင့်သစ်ပင်ကို အမြစ်မှဆွဲနှုတ်လာကာပြန်လည်ရောက်ရှိလာသည်၊၊ သစ်ပင်ကတစ်ခုလုံးအနက်ရောင် ဖြစ်သည်၊ သို့သော်, ၎င်း၏အမြစ်များကနှင်းကဲ့သို့ဖြူနေပြီး, လျှပ်စီးများက၎င်းတို့ကနေ တဖြောက်ဖြောက်မြည်နေသည်။

ကောင်းဖန်ကလင်းတ၏နောက်ကနေဦးလေးလျိုအားအဆင်ပြေကြောင်းခေါင်းညိတ်ပြ၍ အချက်ပြလိုက်သည်။

ထိုအရာကိုမြင်တော့,ဦးလေးလျိုကအရိပ်ဂျဖာလူကာကိုစိတ်ဝိဉာဉ်တောင်ပေါ်သို့ နောက်ဆုံးကျန်သောသင်းခွေချပ်အားပစ်ချပေးဖို့အမိန့်ပေးလိုက်သည်။

“အခုဧကရာဇ်အဆင့်စိတ်ဝိဉာဉ်တောင်ကဘာလို့သင်းခွေချပ်အသားကိုတောင့်တနေတာလဲ?။” ဦးလေးလျိုကမေးလိုက်သည်။

“ဘယ်သူသိမှာလဲ? စိတ်ဝိဉာဉ်တောင်တွေဆင့်ကဲပြောင်းလဲဖို့အတွက် သူတို့ရဲ့ခန္ဓာကိုယ် ထဲမှာကူညီပေးနိုင်တဲ့တစ်စုံတစ်ရာရှိကောင်းရှိနေနိုင်တာဘဲ၊ ဒါမှမဟုတ် သူကကျွန်တော်တို့ကို မြေကြီးထဲမှာမြှုပ်ထားသမျှအရာအားလုံးကိုပိုင်ဆိုင်နိုင်စေဖို့ သင်းခွေချပ်တွေကိုဖယ်ထုတ်ပစ်ဖို့လိုလားတာလည်းဖြစ်နိုင်တာဘဲ” ကောင်းဖန်က ပြောလိုက်သည်။

ဦးလေးလျိုကကောင်းဖန်ကိုမျက်ခုံးပင့်ကာကြည့်လိုက်သည်။ “ဒါဆိုငါတို့ကဘာလို့ ကိုယ်တိုင်မယူခဲ့ရတာလဲ?”

“ဒါတွေကခန့်မှန်းချက်သက်သက်ပါဘဲဗျာ၊ ဒါ့အပြင် ကျွန်တော်တို့ဒီကိုလာဖို့အတွက် ရခဲ့တယ်လေ၊ ဒီခရီးကိုလာရတာအလဟသဖြစ်တယ်လို့တော့ကျွန်တော်မပြောပါဘူး”

အပိုင်း၂၁၉ သားသတ်ရုံ

နာရီဝက်အကြာတွင်,ကောင်းဖန်နှင့်ဦးလေးလျိုသည်နောက်ဆုံးတွင်အိမ်ယာသို့ ပြန်၍ရောက်ရှိလာကြသည်။ သွေးမျက်လုံးလင်းတသည်မြက်ခင်းပေါ်သို့တည်ငြိမ်စွာဖြင့် ဆင်းသက်လာသည်၊ ဦးလေးလျိနှင့်ဒမ်ဘီတို့ကိုမြေပြင်ပေါ်သို့ချပေးပြီးနောက် အရိပ်ဂျဖာလူကာပုတ်သင်သည်ရေထဲတွင်ရေကူးချင်စိတ်ပေါက်နေသလိုမျိုးရေကန်ကို တစ်ချက်ကြည့်လိုက်သည်၊ သို့သော်လည်းအကြောင်းတစ်ခုကြောင့်မလုပ်ဖို့ဆုံးဖြတ်လိုက် ပြီးမျက်လုံးကိုမှိတ်ားကာအမြီးကိုလေးတွဲ့စွာလွှဲယမ်း၍မြေပြင်ပေါ်တွင်လှဲနေလိုက်သည်။

ကောင်းဖန်၏ခြေလက်များသည်အေးစက်သောလေထုကိုဖြတ်၍ပျံသန်းလာခဲ့ရသော ကြောင့်ထုံကျဉ်နေသည်၊ သွေးမျက်လုံးလင်းတ၏နောက်ကျောမှခုန်ဆင်းလာပြီးနောက် ကောင်းဖန်သည်သူ၏လက်မောင်းများကိုပွတ်သတ်လိုက်ပြီးအသက်ပြင်းပြင်းရှုလိုက် သည်။

ထိုအခိုက်အတန့်မှာတင်, ကောင်းဖန်သည်မိမိ၌ကိုယ်ပိုင်ပိုင်ဆိုင်သောဧကရာဇ်အဆင့် ပျံသန်းသားရဲရှိလျှင်မည်မျှပင်အဆင်ပြေလိမ့်မည်ဖြစ်ကြောင်းသဘောပေါက်လိုက်သည်။

သူ့အဘိုးနှင့်ဦးလေးလျိုနှစ်ယောက်စလုံးသည် ၎င်းတို့အလိုရှိတိုင်းပျံသန်းနိုင်သည့် ဧကရာဇ်အဆင့်သားရဲများရှိကြသည်၊ ထို့အပြင်, ဧကရာဇ်အဆင့်သားရဲများကြား တိုက်ပွဲများသည်များသောအားဖြင့်ရှားပါးသောကြောင့်၎င်းတို့သည်အခြားသော ဧကရာဇ်အဆင့်သားရဲများနှင့်ရင်ဆိုင်ရမည်ကိုစိုးရိမ်စရာမလိုပေ၊

မှားယွင်းသောလှုပ်ရှားမှုတစ်ခုသည်၎င်းတို့အားအန္တရာယ်ရှိသောအနေအထားသို့ ရောက်သွားစေနိုင်သည်ကို သိထားခြင်းကြောင့်ထိုကဲ့သို့မြင့်မားသည့်အဆင့်ရှိသည့် သားရဲများသည်အချင်းချင်းတိုက်ခိုက်မှုများဖြစ်စေရန်အတွက်တမင်သက်သက် ရွေးချယ်လိမ့်မည်မဟုတ်ပေ။

အနည်းဆုံးဧကရာဇ်အဆင့်သားရဲနှင့်အတူ, ကောင်းဖန်သည်မြို့တစ်လျှောက် အလွယ်တကူသွားလာနိုင်မှာဖြစ်သည်၊ သူ့ကိုလေပေါ်သို့မတင်ရန်အတွက် အဘိုးနှင့် ဦးလေးလျိုတို့ကိုအနှောက်အယှက်ပေးစရာမလိုတော့ပေ၊ သူတို့နှစ်ယောက်စလုံး အလုပ်ရှုပ်ကြသူများဖြစ်သောကြောင့် သူ့အတွက်ကိုယ်ပိုင်အချိန်ဇယားများစီစဉ်ပေးမည် ဟုမျှော်လင့်ခြင်းသည်လုံးဝယုတ္တိမတန်ပေ။

ယခုအချိန်တွင်,ကောင်းဖန်၏အမိန့်အောက်၌ပျံသန်းအမျိုးအစားဧကရာဇ်ပထမအဆင့်သို့ ရောက်ရန်ဖြစ်နိုင်ခြေအရှိဆုံးမှာဖလိမ်မီသာဖြစ်သည်၊ သို့ဖြစ်ကာမူ, လအနည်းငယ်ကြာ ကောင်းဖန်၏မျှတသောအစားအသောက်နှင့် ပင်ကိုစွမ်းရည်များကြောင့် ဖလိမ်မီသည် အဆင့်၂၈သို့ရောက်ရှိခဲ့သည်။

ဆယ်နှစ်ကျော်လောက်ရင့်ကျက်ရန်လိုအပ်သောလူသားများနှင့်မတူဘဲ, အများစုသော တိရိစ္ဆာန်များသည်အရွယ်ရောက်ဖို့အတွက်လအနည်းငယ်သာကြာသည်။

ရုတ်တရက်, ကောင်းဖန်၏ကျန်သောသားရဲများကသူတို့ကိုနှုတ်ဆက်ရန်အတွက်အိမ်ထဲ မှပြေးထွက်လာကြသည်။

တာ့ဇီခါးသီးစွာဖြင့်သူ့သခင်ကိုကြည့်လိုက်သည်၊

ကောင်းဖန်ကချောင်းဆိုးလိုက်သည်၊ တာ့ဇီ၏နားပူနားဆာလုပ်မှုတို့ကြောင့်, ၎င်းက ကောင်းဖန်၏ဦးလေးလျိုတို့၏နောက်တွင်ချန်ထားခြင်းကိုခံလိုက်ရသည်။

“ကောင်းပြီ, ငါ့ကိုအဲ့လိုကြည့်နေတာရပ်လိုက်တော့၊ ငါမင်းအတွက်ဘာယူလာလဲ ကြည့်ကြည့်” ကောင်းဖန်ကသူ့နောက်ရှိကြီးမားသောအမြစ်သစ်ပင်ကြီးကိုထိုးပြ လိုက်သည်။

ဂိုဒီကစူးစမ်းစွာဖြင့်သစ်ပင်နားသို့ချဉ်းကပ်လာပြီး ၎င်း၏နှုတ်သီးကိုထိုးထည့်ပြီး နစ်မြုပ်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။

တာ့ဇီက ဂိုဒီအားလက်ချောင်းများဖြင့်ရိုက်ချလိုက်သည်၊ အဲ့တာငါ့ဟာ! ကောင်းဖန်က ငါ့အတွက်ပြန်ယူလာပေးတာ! မင်းကိုထိခွင့်မပြုနိုင်ဘူး!

ဂိုဒီကတစ်ဖက်သို့ယိမ်းယိုင်သွားပြီး တာ့ဇီကိုရှုပ်ထွေးစွာဖြင့်ကြည့်နေသည်၊ “ဂတ်?” ထို့နောက်၎င်းကယက်ကန်ယက်ကန်ဖြင့်အဝေးသို့လျှောက်သွားတော့သည်။

ဖလိမ်မီကလေထဲကနေသစ်ပင်ကိုသေချာလေ့လာနေပြီးနောက်, ၎င်းကိုစိတ်ဝင်စားမှု ရော့နည်းသွားပြီးအဝေးသို့ပျံထွက်သွားသည်။

တာ့ဇီကသူ့ကိုယ်ကိုသစ်ပင်ဆီသို့ဆန့်သွားလိုက်ပြီး, ၎င်း၏ဦးမျှင်များကသိချင်ဇောဖြင့် လေထဲတွင်ဝှေ့ယမ်းနေသည်၊

“ကောင်းဖန်, ငါအဲ့တာကိုဘယ်လိုစားရမလဲ?” တာ့ဇီကမေးလိုက်သည်၊ “ငါအပင်တွေကို မစားဘူးလေ၊ အပင်တွေကအရသာမကောင်းဘူး”

“ဘယ်သူမှမင်းကိုအဲ့တာစားဖို့မပြောဘူး၊ ငါတော့ မင်းဆင့်ကဲပြောင်းလဲဖို့အတွက် ဒါကိုစားဖို့မလိုဘူးလို့ထင်တယ်” ကောင်းဖန်ကသူ၏လက်ဆစ်ဖြင့်တာ့ဇီ၏ခေါင်းအား တစ်တောက်တောက်မြည်စေသည်။

“အဲ့တာဆိုဘာလဲ?” ဦးလေးလျိုကသစ်ပင်နားကိုချဉ်းကပ်လာသည်။

ကောင်းဖန်ကသစ်ပင်၏ဖော်ပြချက်များကိုတစ်ချက်ကြည့်လိုက်သည်။

[မကောင်းဆိုးဝါးအမည်]-လျှပ်စီးခေါင်းလောင်းထင်းရှုး

သစ်ပင်၏အသီးသည်တာ့ဇီအားအတောင်ခြောက်ခုမိုးကြိုးကင်းခြေများဖြစ်စေရန်အတွက်အရေးကြီးသောပါဝင်ပစ္စည်းဖြစ်နိုင်သည်။

“ငါအခုထိမင်းရဲ့ဆင့်ကဲဖြစ်စဉ်အတွက် ကျန်တဲ့ပစ္စည်းတွေကိုအတူဖြစ်အောင်မစုနိုင်သေး ဘူး၊ စိတ်မပူပါနဲ့, ငါမနက်ဖြန်မင်းရဲ့ဆင့်ကဲပြောင်းလဲမှုမှာကူညီပေးမယ်” ကောင်းဖန်က တာ့ဇီ၏ခေါင်းကိုပုတ်ပေးကာပြောလိုက်သည်၊ “အပင်ကိုစိုက်ထားကြရအောင်, ခြောက်မသွားခင်”

တာ့ဇီကစိတ်လှုပ်ရှားစွာဖြင့်သစ်ပင်ပေါ်နားမှခွာလာသည်၊ ဒမ်ဘီ၏အကူအညီဖြင့် ကောင်းဖန်သည်ရေကန်ဘေးတွင် လျှပ်စီးခေါင်းလောင်းထင်းရှုးပင်ကိုစိုက်ပျိုးနိုင်လိုက် သည်။

ညဘက်တွင်သစ်ပင်သည်ရေပန်ဘေးတွင် ငြိမ်သက်စွာရှိနေပြီး၎င်း၏အမြစ်များက အဖြူရောင်အလင်းဖြင့်တောက်ပနေသည်၊ တာ့ဇီကငှက်တစ်ကောင်၏အသိုက်တွင် ခွေကာလဲလျောင်းနေပြီး သစ်ပင်၏အကိုင်းအခက်တွင်ရှိနေသောရွှေရောင်တောက်နေ သည့်အသီးများကိုကြည့်နေသည်။

သစ်တော၏တခြားတစ်ဖက်ထောင့်တွင်, တစ်ရက်လုံးအမဲလိုက်ပြီးနောက်, ခရမ်းရောင် အမွှေးလင်းယုန်သည်ချောက်ကမ်းပါးယံသို့ပြန်ရောက်လာသောအခါ၎င်း၏အသိုက်က လေထဲတွင်ပျောက်ကွယ်နေတော့သည်၊ “စူးစူးရှရှအော်မြည်သံ! စူးစူးဝါးဝါးအော်မြည်သံ ကတောအုပ်တစ်ခုလုံးပဲ့တင်ထပ်သွားတော့သည်။

“အဘိုး, ကျွန်တော်ဒမ်ဘီကိုလျင်လျင်မြန်မြန်နဲ့ဆင့်ကဲပြောင်းလဲနိုင်တဲ့လမ်းကြောင်းကို ရှာတွေ့ခဲ့တယ်” ကောင်းဖန်ကဧည့်ခန်းထဲမှသူ့အဘိုးကိုပြောလိုက်သည်၊ “ဒါပေမယ့်ကျွန်တော်အဘိုးကိုအရင်ဆုံးပြောဖို့လိုတယ်”

သူ့စိတ်ထဲတွင်ရှိနေသောနည်းလမ်းသည်အချို့သူများအတွက်လူ့ကျင့်ဝတ်အရမေးခွန်း ထုတ်စရာဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော်,၎င်းအလုပ်လုပ်နေသ၍, ကောင်းဖန်က ထိုအရာကိုအသုံးပြုရန်အတွက်စနိုးစနောင့်ဖြစ်နေစရာမလိုပေ။

“ကောင်းပြီး, မင်းကငါ့မြေးဘဲ၊ မင်းတစ်ခုခုကိုလုပ်ဖို့ငါ့ခွင့်ပြုချက်ကိုလိုလို့လား?” ကျီဟန့်ဝူကတခစ်ခစ်ရယ်ကာပြောလိုက်သည်။

“ကုမ္ပဏီမှာလေ, ကိုယ်ပိုင်သားသတ်ရုံရှိလား, မဟုတ်ရင်လည်း အနည်းဆုံး သားရဲအသေကောင်ကိုကိုင်တွယ်ဖို့နေရာတစ်ခုရှိလားဟင်?” ကောင်းဖန်ကပြောလိုက် သည်။

“သေချာတာပေါ့၊ အဲ့တာကအခုအသင့်အသုံးပြုလို့ရတုန်းလေ၊ အကယ်၍မင်းသွားချင်ရင် အဘိုးလိုက်ပို့ပေးလို့တယ်” ကျီဟန့်ဝူကပြောလိုက်သည်၊သူကအနက်ရောင်ကုတ်ကို ဝတ်လိုက်ပြီးကောင်းဖန်နှင့်အတူသားသတ်ရုံသို့ထွက်ခဲ့ကြတော့သည်။

အဆောက်အအုံသည် စက်မှုလုပ်ငန်းနှင့်ဆိုင်သောနေရာတွင်ရှိသည်၊ ကောင်းဖန်က ထိုနေရာကဌာနချုပ်, အိမ်နှင့်အတော်လေးဝေးသောကြောင့်ထိုနေရာသို့သွားခဲသည်။

ရှေ့တွင်,ကောင်းဖန်သည်ကောင်းကင်သို့တက်လာသောအနက်ရောင်မီးခိုးများကိုမြင်နိုင် ပြီးအဝေးမှစက်ယန္တရားလည်သံကိုကြားနေရသည်၊ စက်ရုံ၏တံခါးများအနီးတွင် လူပုံစံပုံရိပ်များသည်ယောက်ယက်ခတ်သွားလာလှုပ်ရှားနေကြသည်။

သူတို့ဂိတ်တံခါးသို့ရောက်သောအခါတွင်, အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့် အဝါရောင်နက်ကတိုင်နှင့်လူကသွက်လက်တက်ကြွစွာဖြင့်သူတို့ဆီသို့ခြေလှမ်းကျဲကျဲဖြင့် လှမ်းလျှောက်လာတော့သည်၊ “ဥက္ကဌကျီ, ဒီကိုဘာလာခေါ်တာလဲဗျ?”

သူ့နောက်တွင်တော့ယူနီဖောင်းအမျိုးမျိုးဖြင့်လူအချို့ရပ်နေသည်၊ သူသည်စက်ရုံအတွင်း ဖြစ်ပျက်သောအရာများကိုတာဝန်ယူရသည်၊

“အချိန်ပိုအလုပ်ဆင်းနေတာလား?”

“ဟုတ်တယ်, ကျွန်တော်တို့ထုတ်ကုန်အသစ်ကမနက်ဖြန်လာမှာလေ၊ ကျွန်တော်တို့ဒီနေ့မှာ အားလုံးကိုပြီးစီးအောင်လုပ်ထားရမှာမလို့ပါ” ထိုလူကပြုံးကာပြောလိုက်သည်။

“ငါသိပြီ၊ ငါမြေးကိုနေရာအနှံ့ပတ်ပြပေးနေရုံပါ၊ ကျောက်ဖူ, ငါတို့နဲ့အတူလာလျှောက် လှည့်၊ ကျန်တဲ့သူတွေမင်းတို့နေရာပြန်သွားလို့ရပြီ”

အကုန်ကခေါင်းငြိတ်ပြပြီးနောက်နောက်ထွက်သွားကာ, ကျောက်ဖူဆိုသောသူကို ကောင်းဖန်နှင့်သူ့အဘိုးနှင့်အတူချန်ထားခဲ့ကြသည်။

“မစ္စတာကျောက်, သားရဲတွေရဲ့အရိုးတွေကိုစက်ရုံမှာဘယ်လိုစီမံတာလဲ?” ကောင်းဖန်က မေးလိုက်သည်။

ကျောက်ဖူကကောင်းဖန်ကိုတစ်ချက်ကြည့်လိုက်သည်၊ ဒီတော့ဒါကဥက္ကဌကျီရဲ့မေးပေါ့, သူတွေးလိုက်သည်။

သူ့မျက်နှာကအပြုံးများပေါက်ကွဲထွက်လာသည်၊ “ကိုယ်တို့ကတော့ အရိုးတွေကို အာဟာရဓာတ်ကြွယ်ဝတဲ့အရိုးမှုန့်ဖြစ်ကြိတ်ချေတာ, ဒါမှမဟုတ် သားရဲတွေကိုတိုက်ရိုက် အဲ့တာတွေကိုကျွေးလိုက်တယ်”

“ကျွန်တော်အဲ့အရိုးတွေစီမံတဲ့နေရာကိုကြည့်ချင်တယ်”

ထို့နောက်ကောင်းဖန်နှင့်သူ့အဘိုးကိုစက်ရုံ၏ကဏ္ဍအသီးသီးမှ သားရဲအရိုးများ စုဝေးရာဂိုဒေါင်တစ်ခုသို့ခေါ်ဆောင်သွားတော့သည်။

အရိုး၏အစအနများနှင့်အသားများသည် အရိုးအချို့တွင်ရှိနေသေးသည်။

သို့သော်, ကောင်းဖန်သည်အရိုးအပိုင်းပိုင်းကွဲထွက်နေမှုကိုမြင်တွေ့ရခြင်းကြောင့် သူကစိတ်ပျက်သွားတော့သည်၊ ဒမ်ဘီကပြည့်စုံသည့်အရိုးများကိုအသက်ပြန်သွင်းရန် အတွက်လိုအပ်တာဖြစ်သည်။ အခုစက်ရုံထဲမှာရှိတဲ့အရာတွေကဘာမှလုပ်လို့ရမှာ မဟုတ်ဘူး၊

“မစ္စတာကျောက်, ခင်ဗျားဒီမှာထားတဲ့အရိုးတွေကအရမ်း….ကွဲထွက်နေလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး”။ ကောင်းဖန်ကပြောလိုက်သည်။

“ဘာကိုဆိုလိုတာလဲ? သူတို့ကအကောင်လိုက်မဟုတ်လို့လား?” ကျောက်ဖူကပြောလိုက် ပြီး,သူ့ခေါင်းကိုကုတ်လိုက်သည်။

“နောက်တစ်ခါကျရင်,အရိုးတွေကိုပြည့်ပြည့်စုံစုံဖြစ်အောင်သေချာလေးထိန်းသိမ်းပြီး ကြိုးစားထားပေးပါ”။ ကျီဟန့်ဝူကကောင်းဖန်ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။

“အာ” ကျောက်ဖူကဒါဘဲပြောနိုင်တော့သည်၊ ကောင်းပြီ, ဒါကအရင်ကထက်ပိုပြီးလွယ်ကူ လောက်ပါတယ်, သူကတွေးလိုက်သည်။

အခန်း ၂၂၀ အဆင့်မြှင့်ခြင်း

“သားသတ်ရုံကို သွားတဲ့ လမ်းကို မှတ်မိသွားပြီလား” ကောင်းဖန်က မေးလိုက်သည်။

ဒန်ဘီ ခေါင်းညိတ်ကာ “မှတ်မိပြီ ဟူ၍ ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ.. မနက်ဖြန်ကစပြီး ဒီအရိုးစုတွေ အားလုံးကို အသက်သွင်းပြီး မသေခြင်း မီးတောက်တွေကို စပြီး စုပ်ယူတော့.. နားလည်တယ်မလား” ကောင်းဖန်က ပြောလိုက်သည်။

ဒန်ဘီက လက်မထောင်ပြလိုက်ပြီး ကောင်းဖန်ပြောကို နားလည်ကြောင်း ပြန်ပြောလိုက်သည်။

ကောင်းဖန်နှင့် ကျီဟန့်ဝူတို့သည် ညရောက်သောအခါ စံအိမ်သို့ ပြန်ကြပြီး ဒန်ဘီကတော့ သူနှင့် သူ့သမီးအတွက် ကောင်းဖန် ဆောက်ပေးထားသည့် ပေ ၄၀ ရှည်သော သစ်ပင်ရှိ သစ်ပင်အိမ်ဆီသို့ ပြန်သွားသည်။

ထိုသစ်ပင်အိမ်သည် အကိုင်းများကို နွယ်ပင်များနှင့် ခိုင်ခံ့စွာ ချည်နှောင်ထားခြင်း ဖြစ်သည်။ ဒန်ဘီက သစ်ပင်ပေါ်ကို တက်လိုက်သောအခါ ခေါင်းလေးတစ်လုံး ပြူထွက်လာကာ အောက်ကို ငုံ့ကြည့်နေသည်။

ဒန်ဘီကို တွေ့သောအခါ ထိုခေါင်းလေးသည် အထဲကို ပြန်၀င်သွားသည်။ ရုတ်တရတ် အနီရောင် အရာလေးတစ်ခုသည် တံခါးမှ ထွက်လာကာ ဒန်ဘီ၏ လက်မောင်းပေါ်ကို ခုန်တက်လိုက်ပြီး ဒန်ဘီ၏ ခေါင်းကို တိုးခွေ့နေသည်။

ဒန်ဘီသည် သူ့သမီးကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားရင်း နောက်လက်တစ်ဖက်နှင့် သစ်ပင်ကို တွယ်တက်လိုက်သည်။ သူသည် အရိုးစုအဖြစ်သို့ ရောက်သွားသော်လည်း သစ်ပင်ပေါ်ကိုတော့ မျောက်တစ်ကောင်လို တွယ်တက်နိုင်ဆဲ ဖြစ်သည်။

“ဒီနေ့လိမ်လိမ်မာမာ နေရဲ့လား” ဒန်ဘီက သူ့သမီးကို မေးလိုက်သည်။

မြစ်နီမျောက်ဝံလေးသည် မျက်ရည်အဝိုင်းသားဖြင့် မော့ကြည့်လိုက်ရင်း လက်ချောင်းလေးများဖြင့် ရေတွက်လိုက်သည်။ ထို့နောက် “ဖေဖေ့ကို ၉ ခါတောင် လွမ်းနေခဲ့တာ” ဆိုပြီး အော်ပြောလိုက်သည်။ ထို့နောက် မျောက်ဝံလေးသည် ဒန်ဘီကို သူတော်တယ် မလားဆိုသည့် ရုပ်ဖြင့် ကြည့်လိုက်သည်။

“အဲဒါကို ပြောတာမဟုတ်ဘူးလေ” ဒန်ဘီက စိတ်ညစ်လက်ညစ် ပြောလိုက်သည်။

ဒန်ဘီ၏ မျက်နှာတွင် ခံစားချက်ကို မတွေ့ရသော်လည်း မျောက်ဝံလေးသည် သူ၏ အဖေက စနေတာ မဟုတ်မှန်းတော့ ခံစားမိလိုက်သည်။

“ဒီနေ့ စာလုံး ၃ လုံး ကျက်ခဲ့တယ်.. လူသားတွေရဲ့ ဘာသာစကားက အရမ်းခက်တာပဲ.. သမီး မသင်လို့ မရဘူးလား” မျောက်ဝံလေးက သူ့အဖေ လက်မောင်းကို မှီတွယ်ရင်း ပြောလိုက်သည်။

ဒန်ဘီသည် ခေတ္တတွေဝေသွားသည်။ ထို့နောက် ‌သူ့သမီး၏ ခေါင်းပေါ်ကို လက်တင်လိုက်ကာ “မရဘူး” ဟုပြောလိုက်သည်။

သမီးကို မြစ်နီမျောက်ဝံလေး အဖြစ်နဲ့ပဲ တစ်သက်လုံး အဖြစ်မခံနိုင်ဘူး.. သမီးကို အဆင့်မြှင့်သင့်ရင် မြှင့်ရအောင် သခင်ကို တောင်းပန်ရမယ်.. အဖေ သမီးကို တစ်သက်လုံး မစောင့်ရှောက်နိုင်ဘူး.. ဒါပေမယ့် သမီးကိုယ်သမီး ကာကွယ်ဖို့ စွမ်းအင်ကိုတော့ ပေးနိုင်တယ်.. ဒန်ဘီသည် သစ်ပင်အိမ်လေး၏ အစွန်းတွင် ညကောင်းကင်ကို ထိုင်ကာကြည့်ရင်း တွေးတောနေသည်။

…

“သူဌေး.. ဒီလိုမျိုး အရည်အသွေးမြင့်မားတဲ့ ရွှေရောင်တောင်ပံ ပုစဉ်းရင်ကွဲ ပေါင် ၂၀၀ ကို ဒီဈေးနဲ့ ဘယ်မှာမှ ရနိုင်မှာ မဟုတ်ဘူး” အပြာရောင် တရုတ် ဂျက်ကတ်နှင့် ကောက်ရိုးဦးထုပ်ဆောင်းထားသော လူငယ်တစ်ယောက်သည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ ဂိတ်အပြင်ဘက်တွင် ထိုင်နေသော လျူဆန်းလင်ကို ပြောနေသည်။

“ဟုတ်ပါပြီ.. မင်းပြောတာတွေ မှတ်ထားပါမယ်.. မင်းအကောင့်ထဲကိုလည်း ပိုက်ဆံလွှဲလိုက်ပါမယ်ကွာ..” လျူဆန်းလင်က ဖြတ်ပြောလိုက်သည်။ ထို့နောက် အနီးအနားမှ လုံခြုံရေးတစ်ယောက်ကို မြေကြီးတွင် ချထားသော သေတ္တာကြီးကို မ, ယူလာခိုင်းလိုက်သည်။

‌လူငယ်က ဘာမှမပြောလိုက်နိုင်ခင်မှာပင် လျူဆန်းလင်သည် ချက်ချင်း ပြန်လှည့်ထွက်သွားသည်။

လူငယ်သည် လျူဆန်းလင်ထွက်သွားသည်ကို သက်ပြင်းချလျက် ကြည့်နေသည်။ “ဒီပုစဉ်းရင်ကွဲတွေက ရွံစရာတွေလို့ ပြောမလို့ကို.. ထူးဆန်းလိုက်တာ.. လူတွေက ဘာလို့များ ဒီလောက်တောင် အများကြီး ၀ယ်ချင်နေကြတာလဲ မသိဘူး.. စားလို့လည်း ရတာမဟုတ်.. ပြီးတော့ အန္တရာယ်လည်း အရမ်းများတာကို.. သူဌေးတွေက တကယ်ထူးဆန်းတယ်” လူငယ်သည် ရေရွတ်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

လုံခြုံရေးသည် သေတ္တာကို ကိုင်ရင်း မျက်မှောက်ကြုတ်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူသည် ပေါင် ၂၀၀ လောက်ကို အေးဆေးသယ်နိုင်သူ ဖြစ်သည်။ သို့သော် အခုတော့ သူသည် သေတ္တာထဲတွင် ဒေါသတကြီး ပျံသန်းနေကာ အချိန်မရွေး ပေါက်ထွက်လာတော့မည့်ပုံ ဖြစ်နေသော ပုစဉ်းရင်ကွဲသေတ္တာကို မနည်းကိုင်နေရသည်။

မကြာမီ ထိုသေတ္တာသည် ကောင်းဖန်ရှေ့သို့ ရောက်လာသည်။ သူသည် တောင်းထားသည့် အတိုင်း ရမရကို တစ်ချက်ဖွင့်ကြည့်လိုက်သည်။

“တာ့ဇီ ထွက်ခဲ့ မင်းကို အဆင့်မြှင့်ဖို့ အချိန်ရောက်ပြီ” ကောင်းဖန်က အော်ပြောလိုက်သည်။

တာ့ဇီသည် ‌ခြေချော်သလို ဖြစ်သွားပြီး သစ်ပင်ပေါ်မှ စိတ်လှုပ်ရှားစွာ ပြေးဆင်းလာသည်။

ထို့နောက် ကောင်းဖန်သည် တာ့ဇီ၏ ကျောပေါ်သို့ သေတ္တာကို တင်လိုက်သည်။ အလွန်စပ်စလူး ခါလေ့ရှိသော တာ့ဇီသည် ဒီတစ်ခါတော့ သေတ္တာကို မယိမ်းယိုင်သွားအောင် ဓာတ်ခွဲခန်းထဲသို့ လိမ်လိမ်မာမာ သယ်သွားသည်။

ကောင်းဖန်သည် သေတ္တာအတွင်းမှ ဝါယာကြိုးလှောင်အိမ်ကို ထုတ်လိုက်သည်။ ဝါယာကြိုးများ၏ ကြားလပ်နေသော အပေါက်များသည် လွန်စွာ သေးလွန်းသောကြောင့် ပဲစေ့လောက်အရွယ် ရှိသော ပုစဉ်းတစ်ကောင်ပင် ထွက်၍ မရချေ။

ရွှေရောင်ပုစဉ်းများသည် ထိုလှောင်အိမ်၏ တစ်ဝက်အပြည့်လောက် ရှိနေကြသည်။

တစ်ချို့အကောင်များသည် လှောင်အိမ်ထောင့်များတွင် ကပ်နေကြပြီး အချို့အကောင်များက လှောင်အိမ်အမိုးမှနေ၍ ‌တွဲလောင်းခိုနေကြသည်။

“အရင်ဆုံး ဒီကောင်တွေကို သုံးပြီး အထူး‌အရည် ‌လုပ်ရမယ်.. ပြီးရင် တာ့ဇီကို အဲဒီအရည်ထဲ စိမ်ခိုင်းရမယ်” ကောင်းဖန်က ရေရွတ်လိုက်သည်။ သူသည် ပုစဉ်းများကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်မိသည်။ သူသည် ထိုပုစဉ်းကောင်များကို တစ်ကောင်ချင်းစီ ကိုယ်တွင်း အင်္ဂါများကို ထုတ်ရဦးမည် ဖြစ်သည်။ ထိုအဆင့်ကပင် နေ့တစ်၀က်လောက် ကြာနိုင်သည်။ ထို့အပြင် ထိုအစိတ်အပိုင်းများကို ၆ နာရီလောက် အပြင်မှာ ထားထားရဦးမည်။ ထိုလောက်ထားမှသာ အသက်ဓာတ် ကုန်ဆုံးမည် ဖြစ်သည်။

သူသည် အဖိုးကို ဖုန်းခေါ်လိုက်သည်။ “အဖိုး ကျွန်တော့်ကို ကူဖို့ အစောင့်တစ်ယောက် လိုတယ်.. လက်ညစ်ပတ် ခံနိုင်တဲ့သူတစ်ယောက်လောက်ပေါ့.. ဗျာ.. အဲဒီလိုမဟုတ်ပါဘူး.. အပင်ပန်းခံနိုင်တဲ့သူကို အဓိက လိုတာပါ”

ကောင်းဖန်သည် သက်ပြင်းတစ်ချက်ချပြီး ဖုန်းကို ချလိုက်သည်။ ထို့နောက် ပုစဉ်းရင်ကွဲများကို စကိုင်လိုက်သည်။

နာရီ၀က်ခန့်ကြာသောအခါ ဓာတ်ခွဲခန်းအပြင်မှ တံခါးခေါက်သံ ထွက်လာသည်။ ကောင်းဖန်သည် မော့ပင် မကြည့်တော့ပဲ “၀င်ခဲ့ပါ” ဟု ပြောလိုက်သည်။

တစ်စုံတစ်ယောက်က တံခါးကို ဖွင့်ပြ ၀င်လာသည်။

“‌ပရော်ဖက်ဆာကောင်း.. ကျွန်မက ကူညီပေးမယ့်သူပါ”

ကောင်းဖန်က တစ်ချက်ကြည့်လိုက်သည်။ သူ့ရှေ့တွင် ‌ဆံပင်ကို ခပ်မြင့်မြင့်စည်းထားသော လှပသည့် မိန်းကလေးတစ်ယောက်က အဖြူရောင် ဓာတ်ခွဲခန်းကုတ်ဖြင့် ရပ်နေသည်။ ကောင်းဖန်သည် သူမကို အရင်က မြင်ဖူးသည်။ သူမသည် ရှုချင်းကျီဖြစ်သည်။

သူမဆံပင်သည် လှသည်ဟု ကောင်းဖန်တွေးလိုက်မိသည်။

ကောင်းဖန်စိတ်ထဲမှ အတွေးများကို မသိပဲ ရှုချင်းကျီသည် တိတ်ဆိတ်စွာပင် ရပ်နေသည်။ သူမအတွက် ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ရသည်က ပထမဆုံး အကြိမ် မဟုတ်ပေ။ သို့သော် သူမ ဆရာက ‌အတော်လေး ငယ်သေးသည်ကိုတော့ မသိခဲ့ချေ။

သူမသည် ကောင်းဖန်ကို ထိုဓာတ်ခွဲခန်းတွင် အလုပ်လုပ်သော သုတေသန ပညာရှင်ဟုသာ ထင်ခဲ့မိသည်။

“အင်း ဟုတ်ပြီ” ကောင်းဖန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူသည် သူ့လက်ထောက်အတွက် ထိုမိန်းကလေးကို ဘာကြောင့်ရွေးမှန်း သိလိုက်သည်။ သူမ၏ အဖေနှင့် ဦးလေးတို့သည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ အထက်အရာရှိများ ဖြစ်ကြသည်။ ထို့ကြောင့် အဖိုးသည် လူရင်းထဲမှ ပြန်ရွေးခဲ့ခြင်း ဖြစ်နိုင်သည်။

ကောင်းဖန်သည် ထိုအတောအတွင်း လုပ်နေသည့် လက်ကိုတော့ လုံး၀မရပ်ခဲ့ချေ။ သူသည် ပုစဉ်းများ၏ ခေါင်းကို သံတုတ်ဖြင့် ထုချေပြီး တစ်ခါတည်း သတ်လိုက်သည်။ ထို့နောက် တောင်ပံများကို ဖြုတ်ပြီး ပုံးတစ်ခုထဲသို့ ထည့်သည်။ ကျန်သည့် အင်္ဂါအစိတ်အပိုင်းများကိုတော့ အမှိုက်ပုံးထဲ ပစ်သည်။

“ဘာလို့ရပ်နေတာလဲ.. လာပြီး ကူညီပေးလေ” ကောင်းဖန်က ပြောလိုက်သည်။

“ဪ ဟုတ်ကဲ့” ရှုချင်းကျီသည် ကောင်းဖန်၏ ညွှန်ကြားချက်ကို သေချာနားထောင်ပြီး လိုက်လုပ်လိုက်သည်။ သူမသည် အစပိုင်းတွင်တော့ အဆင်သိပ်မပြေသော်လည်း တဖြည်းဖြည်းနှင့် လက်သွက်လာသည်။

၂ နာရီခန့်ကြာသောအခါ သူတို့သည် ပုစဉ်းများအားလုံးကို ကိုင်လို့ ပြီးသွားပြီ ဖြစ်သည်။

“ဟုတ်ပြီ ပြီးသွားပြီ မင်းသွားလို့ ရပြီ” ကောင်းဖန်က နှင်ထုတ်လိုက်သည်။

“ဟင်” ရှုချင်းကျီသည် မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။

ကောင်းဖန်က သူမကို အပြင်ထုတ်ကာ တံခါးကို ပိတ်လိုက်သည်။

နောက်နာရီ၀က်အတွင်းမှာတော့ ကောင်းဖန်သည် တာ့ဇီ၏ အဆင့်မြှင့်ခြင်းအတွက် ဂရုတစိုက် ပြင်ဆင်လိုက်သည်။

သူသည် ဆေးရည်ထည့်‌ထားသော စမ်းသပ်ဖန်ပြွန်ကို သေချာကြည့်လိုက်သည်။ အဖြူရောင် မီးခိုးများသည် အထဲမှ ထွက်လာနေသည်။ တစ်ခါတရံ အထဲမှ ဆေးရည်ကြည်ထဲတွင် အပြာရောင် အလင်းတန်းများ ဖြတ်ခနဲ လင်းသွားသည်။

ထို့နောက် သူသည် ပွက်ပွက်ဆူနေသော ရေနွေးများကို ဖန်ပေါင်းချောင်တစ်ခုထဲ‌ ထည့်လိုက်သည်။ ထိုခွက်ပြည့်သွားသောအခါ ဖန်ပြွန်ထဲသို့ လိုအပ်သည့် ပစ္စည်းများကို ထည့်လိုက်သည်။

ဖန်ပြွန်ထဲတွင် လျှပ်စီးတစ်ခု လက်သွားသည်။

အထဲမှ အရည်တစ်စက်သည် ကောင်းဖန်၏ မျက်နှာသို့ လာစင်သည်။ ကြမ်းပြင်တွင် ပျင်းရိစွာ ထိုင်နေသော တာ့ဇီသည် ရုတ်တရတ် ဓာတ်လိုက်ခံလိုက်ရသလို ဖြစ်သွားသည်။

“ကဲ.. နောက်ဆုံးပါ၀င်ပစ္စည်းထည့်မယ်” ကောင်းဖန်သည် ရေခဲခန်းထဲမှ အလင်းရောင်များ ပြေးနေသည့် ထင်းရှူးသီးကိုးလုံးကို ထုတ်လိုက်သည်။

ထို့နောက် ထင်းရှူးသီးများကို စပ်ထားသည့် အရည်ထဲထည့်လိုက်သည်။ ထိုအသီးများသည် ရွှေရြော်အရည်ထဲတွင် ပျော်၀င်သွားပြီး လုံး၀ပျောက်ကွယ်သွားသည်။

ထို့နောက် ဆူပွက်နေသောရေသည် အေးလာကာ မျက်နှာပြင်သည် ဖန်သားပြင်လို ချောမွတ်သွားသည်။

“ကဲ.. တာ့ဇီရေ ဝင်တော့” ကောင်းဖန်က ပြောလိုက်သည်။

တာ့ဇီက ခေါင်းထောင်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ဖန်ပေါင်းချောင်ထဲ ၀င်သွားလိုက်သည်။

တာ့ဇီ၀င်သွားသည်နှင့် မိုးခြိမ်းသံတစ်ခု ပေါ်လာပြီး အခန်းတစ်ခန်းလုံး တုန်ခါသွားသည်။ ထိုအသံသည် ကျယ်လွန်းသောကြောင့် ဓာတ်ခွဲခန်း အပြင်ဖက်ကပင် ကြားနိုင်သည်။

ရှုချင်းကျီသည် သူမအနောက်မှ ပိတ်ထားသော ဓာတ်ခွဲခန်းတံခါးကို မျက်လုံးမှေးကြည့်လိုက်သည်။ သူဘာတွေများ လုပ်နေတာလဲ…

All Chapters