အခန်း (၂၂၁-၂၂၄)
Vol. 14 Ch. 221-224
အပိုင်း၂၂၁ အတောင်ခြောက်ခုမိုးကြိုးကင်းခြေများ
ရှုချင်းကျီကသူမနှုတ်ခမ်းကိုတွန့်လိုက်ပြီး, အရင်ကကောင်းဖန်သည်သူမအပေါ်သို့ အေးစက်စွာဖြင့်ဆက်ဆံခဲ့ပုံကိုပြန်အမှတ်ရသွားတော့သည်၊ အဲ့ဟာလေးနဲ့ပတ်သတ်ပြီး သူဘာမှဂရုစိုက်ပေးနေစရာမလိုပေ။
ဆူညံနေသောအသံကဆယ်မိနစ်အကြာထိဆက်ဖြစ်နေသည်၊ နောက်ဆုံးဓာတ်ခွဲခန်း ထဲတွင်တိတ်ဆိတ်မှုကတစ်ဖန်ပြန်၍ဖြစ်ပေါ်လာသည်။
ရှုချင်းကျီသည်သူ့လက်ထဲ၌စက္ကူရေခွက်ကိုကိုင်ကာအပြင်ဘက်၌စောင့်နေခဲ့သည်၊ ရေသုံးခွက်သောက်ပြီးသွားပြီဖြစ်သည်။
အထဲမှာအရာအားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်,ရှုချင်းကျီကတွေးလိုက်သည်၊
ဓာတ်ခွဲခန်း၏သန့်ရှင်းသောအဖြူရောင်တံခါးကတွန်းဖွင့်လာပြီး, ကောင်းဖန်သည် အခန်းထဲမှအဖြူရောင်ကုတ်ဖြင့်ထွက်လာသည်၊ ထို့နောက်သူ့ဆိုဖာပေါ်မှထိုင်လိုက်ပြီး ပြောလိုက်သည်၊ “ ကျွန်တော့်ကိုရေလေးတစ်ခွက်လောက်ထည့်ပေးပါဦး, ကျေးဇူး”
အိုး” ရှုချင်းကျီကပြောလိုက်သည်၊ သူမကရေသန့်စက်မှရေတစ်ခွက်ခပ်လိုက်ပြီး သူ့အား ကမ်းပေးလိုက်သည်။
ထို့နောက်တွင်,ဒီနေရာ၌တစ်ခုခုမှားယွင်းနေကြောင်းသူမခံစားလိုက်ရသည်၊ ငါကမင်းရဲ့ လက်ထောက်လေ, မင်းရဲ့အိမ်ဖော်မဟုတ်ဘူး! သူမကဒေါသတကြီးဖြင့်ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲတဲ့အစီအစဉ်ကပြီးသွားပြီလား?” ရှုချင်းကျီကစပ်စုစွာဖြင့် မေးလိုက်သည်။
ခုထိတော့မဟုတ်သေးဘူး, နောက်ထပ်နာရီအနည်းငယ်လောက်လိုသေးတယ်” ကောင်းဖန်ကပြန်ပြောလိုက်သည်၊ ရှုချင်းကျီထံမှပျင်းရိနေသောအမူအရာကိုတွေ့ သောကြောင့်,သူကပြောလိုက်သည်, “အကယ်၍, ဘာမှလုပ်စရာမရှိဘူးဆိုရင်လည်း, အအေးခန်းကိုသပ်ရပ်အောင်ရှင်းပြီးကူညီလို့ရတယ်”
….
သားရဲသားသတ်ရုံတွင်လည်း, တောင်ပိုင်းကောင်းကင်အဖွဲ့မှဂရုတစိုက် ကိုင်တွယ်ပေးသောသားရဲအားလုံး၏အလောင်းကောင်များသည်ရှိနေသည်၊
ရက်တိုင်း, များစွာသောသားရဲအလောင်းကောင်များကဒီနေရာမှာစီစဉ်ရသည်၊ အသား, အသွေး,နှင့်တခြားသောတန်ဖိုးရှိသည့်ပစ္စည်များကို ဆက်လုပ်လုပ်ဆောင်ရန်အတွက် တခြားစီမံသည့်ဌာနများဆီသို့ပို့လိုက်သည်၊ ကျန်ရှိသောအရိုးများကိုကြီးမားသော ဂိုဒေါင်ထဲတွင်သိမ်းထားသည်။
ထို့နေ့တွင်, ဂိုဒေါင်ရှိဝန်ထမ်းများကိုတခြားတာဝန်ကျရာသို့ပြန်လည်သတ်မှတ်လိုက် သည်၊ ဒမ်ဘီတစ်ယောက်တည်းသာဂိုဒေါင်၏အလယ်တွင်ရပ်နေသည်။
ကောင်းမွန်စွာဖြင့်မူလအခြေအနေကိုထိန်းသိမ်းထားသောအရိုးများသည်လိမ့်ကာ လျှောဆင်းကျလာပြီး, ဂိုဒေါင်ထဲတွင်ထိုအခိုက်အတိုက်၌ဆိုးရွားသောသွေးအနံ့များဖြင့် ပြည့်နေတော့သည်။
ဒမ်ဘီကတိတ်ဆိတ်စွာဖြင့်ထိုလျှောကြီးဘေးတွင်ရပ်နေပြီး, ထိုလျှောကြီး ပိတ်သွားသည့်အခါတွင်၎င်း၏လက်မောင်းကို မြှောက်လိုက်သည်။
မီးတောက်များက၎င်း၏အရိုးများမှစ၍တဖြောက်ဖြောက်မြည်နေပြီးနောက် ဒမ်ဘီ၏လက်မောင်းတစ်လျှောက်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင်အဖြူရောင်ဖရဲသီး အရွယ်ရှိသောမီးလုံးတစ်လုံးသည်၎င်း၏လက်ဖဝါးတွင်းစုပေါင်းလာတော့သည်။
ဒမ်ဘီသည်မီးဘောလုံးကိုချက်ချင်းကွဲထွက်သွားစွာဖြင့်ပစ်ပေါက်လိုက်သည်၊
ဂိုဒေါင်သည် သင်္ချိုင်းဂူတစ်ခုကဲ့သို့တိတ်ဆိတ်သွားပြန်သည်၊
အချိန်အတော်ကြီးကြာပြီးနောက်တွင်အရိုးစုအပုံလိုက်ကြီးမှတချောက်ချောက်မြည်သံ များထွက်ပေါ်လာတော့သည်၊ အဖြူရောင်မီးတောက်များကရုတ်တရက်၎င်းတို့ထံမှ ပေါ်ထွက်လာသည်။
အရိုးများကအရိုးပုံကြီးမှလျောဆင်းလာပြီး, အဖြူရောင်မေးကြောအရိုများမှသူတို့၏ သွားများအချင်းချင်းဆူညံစွာဖြင့်တခေါက်ခေါက်မြည်နေတော့သည်။
ထောင်ပေါင်းများစွာသောအရိုးစုများသည် ဂိုဒေါင်ထဲတွင်ပြန်၍အသက်ရှင်လာခဲ့သည်။
ဂိုဒေါင်၏မျက်နှာကျက်တွင်တပ်ထားသောစောင်ကြည့်ကင်မရာသည် ပျက်မသွားခင် နှစ်ကြိမ်လောက်မီးလင်းသွားသေးသည်၊ သားသတ်ရုံ၏စောင့်ကြည့်ခန်းထဲရှိ ကြီးကြပ်သူ ကအေးစက်စွာဖြင့်ပြောလိုက်သည်, “အခုမင်းကဘာမှမမြင်ခဲ့သလို ဟန်ဆောင်နေရမယ်၊ အခုချိန်ကစပြီး, အဲ့အရာကသားသတ်ရုံထဲကိုဝင်သွားပြီဆိုတာနဲ့ စောင့်ကြည့် ကင်မရာတွေကိုပိတ်လိုက်၊ ငါပြောတာရှင်းရဲ့လား?”
လုံခြုံရေးအစောင့်ကနာခံစွာဖြင့်ခေါင်းညိတ်လိုက်သည်။
သူ့မိန်းမကတောင်ပိုင်းကောင်းကင်အဖွဲ့တွင်အလုပ်ရှိပြီး, သူသမီးကလည်းအဖွဲ့က စပွန်ဆာပေးထားသောသူငယ်တန်းကျောင်းတွင်တက်နေသည်၊
သူ့အထက်လူကြီးကို မလိုက်နာဘဲမနေနိုင်ပါ၊
ဂိုဒေါင်ထဲတွင်, ဒမ်ဘီသည်၎င်း၏အနက်ရောင်အရိုးလက်ချောင်းများကို ဆန့်တန်းလိုက်ပြီး ၎င်းတို့ကိုအတူတကွအတူတကွကပ်ချလိုက်သည်။
ရုတ်တရက်ဆိုသလိုပင်, ပြန်လည်အသက်ဝင်လာသောအရိုးစုများသည်မြေပြင်ပေါ်သို့ ပြန်၍ပြိုကျသွားတော့သည်၊ အဖြူရောင်မီးတောင်များသည်၎င်းတို့အရိုးများမှ ထွက်လာပြီးဒမ်ဘီ၏ခန္ဓာကိုယ်မှစုပ်ယူသွားသည့်မီးလုံးကြီးတစ်လုံးအဖြစ်လေထဲတွင် ရွေ့လျားသွားသည်။
မီးက၎င်း၏မျက်အိမ်များထဲတွင်ဆက်၍တောက်လောင်နေပြီး ဒမ်ဘီ၏ခန္ဓာကိုယ်ထဲ၌ ခိုက်ခိုက်တုန်မှုကဖြတ်ပြေးသွားသည်။ ၎င်း၏သွေးကြောမျှင်နှလုံးသည် သူ၏ရင်ဘတ်တွင်ပြင်းထန်စွာခုန်လှုပ်နေသည်။
ခဏအကြာတွင်ဒမ်ဘီသည်တည်ငြိမ်သွားပြီး, ၎င်း၏အရိုးများသည်အရင်ကထက်ပိုပြီး တောက်ပလာသည်။
ဒမ်ဘီကြည့်ရသည်မှာမည်သည့်အရာကြောင့်နဲ့မှစိတ်ညစ်နေပုံမပေါ်ပေ။ ၎င်းကအနီရောင်အနီရောင်ခလုတ်ကိုနှိပ်လိုက်ပြီး ကျန်ရှိနေသည့်အရိုးအပုံလိုက်ကြီး ကိုသားသတ်ရုံထဲရှိလျှောကြီးဘေးတွင်ချန်ထားခဲ့ကာထွက်လာသည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက်, သားသတ်ရုံရှိလျှောထိပ်ကပွင့်လာပြီး အသစ်သောအရိုး အပုံလိုက်သည်သားသတ်ရုံထဲသို့လျှောကျလာတော့သည်။
ဓာတ်ခွဲခန်းထဲတွင်တစ်ခုခုကအော်ဟစ်နေသည်၊ ကောင်းဖန်ကသူဖတ်နေသည့် မဂ္ဂဇင်းစာအုပ်ကိုချလိုက်ပြီး ဓာတ်ခွဲခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။
အတွင်းထဲတွင် ခရမ်းရောင်ပုံရိပ်ကလေထဲတွင်စက်ဝိုင်းပုံစံလှည့်ပတ်နေပြီး ကျယ်လောင်သောစူးရှသည့်အော်သံကိုပြုလုပ်နေသည်။
ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်ပြီး, ထိုအသံကသူ့နားထဲတွင် နားမခံသာ ဖြစ်နေသည်။
“တာ့ဇီ,ရပ်လိုက်”
ပုံရိပ်ကလေထဲမှရပ်နားသွားသည်၊ စူးရှသည့်အော်သံကလည်းတိတ်သွားတော့သည်။
[မကောင်းဆိုးဝါးအမည်]-အတောင်ခြောက်ခုမိုးကြိုးကင်းခြေများ
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၈
[မကောင်းဆိုးဝါးအဆင့်အတန်း]-ထူးခြားအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်]-လျှပ်စီး
[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-မိုးကြိုးကျွမ်းကျင်မှုအဆင့်၂
[မကောင်းဆိုးဝါးအားနည်းချက်]-၎င်း၏နှလုံးသည် ၎င်း၏သတ္တမမြောက်ခန္ဓာကိုယ် အစိတ်အပိုင်းတွင်ရှိသည်၊ထိုနေရာကိုရိုက်မိသွားသည်နှင့် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ခြေလက်အင်္ဂါများသည်ထုံကျင်သွားမည်ဖြစ်သည်။
[ထူးခြားသောသွင်ပြင်လက္ခဏာများ]-မိုးကြိုးတောင်ပံများ (တုန်လှုပ်မှုမရှိသော သက်ရောက်မှု၁; ၎င်း၏အရှိန်သည်လျင်မြန်လာပြီးအတောင်ပံရိုက်ခတ်မှုကြိမ်နှုန်း ကိုတိုးစေကာ၎င်း၏အတောင်ပံများဖြင့်မိုးခြိမ်းသံများထွက်စေခြင်းဖြင့် ရန်သူများ၏ အာရုံများကိုထိလိုက်နိုင်သည်အထိသက်ရောက်နိုင်သည်၊ ဆူညံမှု၏သက်ရောက်မှု သည်၎င်း၏တောင်ပံရိုက်ခတ်မှုကြိမ်နှုန်းပေါ်တွင်မူတည်သည်။)
(တုန်လှုပ်မှုမရှိသောသက်ရောက်မှု၂: မိုးကြိုးတောင်ပံများသက်ရောက်မှုသည် သားရဲ၏အတောင်ပံများကိုတဖြည်းဖြည်းအားပြင်းလာစေသည်၊ ပထမဆုံး, ၎င်းကမိုးကြိုးတောင်ပံတစ်စုံသာရှိမည်ဖြစ်သည်။ နောက်တော့, ၎င်း၏တောင်ပံသုံးစုံ သည် မိုးကြိုးတောင်ပံအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်၊ ဒီဖြစ်စဉ်သည်နဂိုအတိုင်း ပြန်မဖြစ်နိုင်ပေ၊ သားရဲ၏မိုးကြိုးတောင်ပံများသည်ပို၍တောင်အားသန်လာပြီး တခြားသောသားရဲတောင်ပံများထက်ပို၍ထက်မြက်သည်။)
[ဒဏ္ဍာရီလာအဆင့်သို့ဆင့်ကဲတိုးမြှင့်နိုင်ခြင်းဖြစ်နိုင်ခြေများ]:၁-နဂါးသွေးဆင့်ကဲ ဖြစ်စဉ်, ၂-မုန်တိုင်းဆင့်ကဲဖြစ်စဉ်, ၃-အမှောင်နက်ဖြစ်စဉ်, ၄-ဘိုးဘေးပိုင်ဆင့်ကဲ ဖြစ်စဉ်။
ဆိုတော့ဒါကတာ့ဇီရဲ့စွမ်းရည်အသစ်ပေါ့, ကောင်းဖန်ကတွေးလိုက်သည်။
သူကနီးကပ်စွာဖြင့်တာ့ဇီနောက်ကျောရှိအတောင်ပံများကိုလေ့လာနေသည်၊ ၎င်း၏အရှေ့အတောင်အစုံသည်ကျန်သောအရာများနှင့်အတော်လေးကွာခြားသည်၊ ၎င်း၏အခြားအတောင်များသည်ကျည်လင်နေပြီး လက်တစ်ချောင်းလောက်ထူကာ, သူတို့ကနူးညံ့ပြီးပျော့ပြောင်းသည့်အရာနှင့်လုပ်ထားသလိုဖြစ်နေသည်။
သို့သော်,၎င်း၏အရှေ့ပိုင်းတောင်ပံတစ်စုံသည်ရွှေရောင်တောက်ပနေသည်၊ အတောင်များ၏အစွန်းပိုင်းနှင့်အလယ်ရှိအကြောများသည် ရွှေရောင်အလင်းတောက်ပ နေပြီး ကျန်သောအတောင်များကတော့ဖောက်ထွင်းမြင်ရသည်။
တာ့ဇီအလုံးစုံပေါ်ပေါက်လာမှုသည် အများကြီးပြောင်းလဲသွားသည်၊ ၎င်း၏နှုတ်သီး လေးများသည်ပိုပြီးကျစ်လျစ်သွယ်လျာပြီးအရင်ကထက်ပို၍ထက်ရှလာကာ, ရှည်လျားသောတံစဉ်အစုံလိုက်ကဲ့သို့ဖြစ်နေသည်။
ထို့နောက်၎င်း၏မျက်လုံးများသည်အေးစက်နေပြီးအနက်ရောင်ဖြစ်နေသည်။ ၎င်း၏ ဦးမျှင်များသည်ကောင်းမွန်စွာရှည်လျားဖွံ့ဖြိုးလာသည်၊ ဆူးထစ်များသည်တာ့ဇီ ခြေထောက်ရှိအဆစ်များကြားထဲမှထွက်လာသည်၊ ၎င်း၏ခန္ဓာကိုယ်သည်ယခုတွင် ပိုပြီးတောင်ရှည်လာပြီး အရင်ကထက်ပို၍လှပကြော့ရှင်းလာသည်။
“ကြည့်ကောင်းတယ်, တာ့ဇီ” ကောင်းဖန်ကပြောလိုက်သည်။
တာ့ဇီက၎င်း၏နှုတ်သီးစွယ်လေးများကိုပျော်ရွှင်စွာဖြင့်ဖျောက်ခနဲမြည်စေလိုက်သည်၊ ယခုအခါတွင်သူ့ခန္ဓာကိုယ်အနှံ့စွမ်းအားများတိုးလာခဲ့သည်၊ကောင်းဖန်၏အသန်မာဆုံး ကိုယ်ပိုင်သားရဲဖြစ်လာမှာအသေအချာပင်ဖြစ်သည်။
ထို့နောက်,သူ့ကိုယ်သူဘယ်လောက်လေးလံသည်ကိုသတိမထားမိဘဲ ကောင်းဖန်ပေါ်သို့ခုန်တက်လိုက်သည်၊
ဘန်း!
ကောင်းဖန်သည်တာ့ဇီကြောင့်မြေပြင်ပေါ်တွင်လုံးလုံးပြားကပ်နေတော့သည်။
ဒါကရှုချင်းကျီဓာတ်ခွဲခန်းထဲဝင်လာသည်နှင့်မြင်လိုက်ရသည့်မြင်ကွင်းဖြစ်သည်။
အပိုင်း၂၂၂ ရပ်လိုက်!
“မင်းရဲ့သားရဲကမင်းကိုအတော်လေးကြိုက်တာဘဲ” ရှုချင်းကျီကပြုံးကာပြောလိုက်သည်၊ ထိုအဖြစ်အပျက်သည်အရင်ကသူမဖြစ်သည်နှင့်အတော်လေးဆင်တူလှသည်။
ကောင်းဖန်ကတာ့ဇီကိုဘေးဘက်သို့ကြိုးစားတွန်းလိုက်သည်၊ “ဒီငတိလေးက သူ့ဆင့်ကဲဖြစ်စဉ်ပြီးသွားတော့နည်းနည်းလေးစိတ်လှုပ်ရှားသွားလို့၊ ကောင်းပြီ, ငါ့ပေါ်ကဖယ်လို့ရပြီ” သူကပြောလိုက်ပြီး, တာ့ဇီ၏အတောင်များကိုပုတ်လိုက်သည်။
ရှုချင်းကျီကလက်တစ်ဖက်ဖြင့်သူမပြုံးနေတာကိုဖုံးလိုက်သည်။
မျက်လုံးနဲ့တွေ့တာထက်တာ့ဇီ၏လက်ရှိပုံစံကပိုမိုက်တယ်လို့ သူမခံစားမိသည်။
“ငါအအေးခန်းကိုရှင်းလင်းပြီးသွားပြီ၊ ဒါကမင်းငါ့ကိုလုပ်ပေးစေချင်တာအကုန်ဘဲ လား?” သူမမေးလိုက်သည်။
“ ကျွန်တော့်ကိုမက်မွန်သီးမြှားနက်ပေးပါ, အဆိပ်ရှိတဲ့အသီးဖားတစ်ကောင်ရဲ့အဆိပ်ရှိတဲ့ ဂလင်း…” ကောင်းဖန်ကစ၍များစွာသောပစ္စည်းများ၏နာမည်များကိုသူမအားရွတ်ပြ လိုက်သည်။
ရှုချင်းကျီကခေါင်းညိတ်ကာလှည့်လိုက်ပြီးကောင်းဖန်၏ပစ္စည်းများကိုရေခဲခန်းမှ သွားယူလိုက်သည်။
ကောင်းဖန်ကအနက်ရောင်အရောအနှောများဖြင့်ဖြည့်ထားသောပုလင်းတစ်လုံးကို ဖော်စပ်ရန်ပါဝင်ပစ္စည်းများကိုအသုံးပြုခဲ့သည်၊ အားလုံးပြီးသွားသောအခါတွင် သူသည် နောက်ဆုံးထုတ်ကုန်ကိုသေတ္တာတစ်ခုအတွင်းသို့ထည့်ကာ ဓာတ်ခွဲခန်းမှထွက်လာ လိုက်သည်။
“ကျွန်တော့်တို့ဒီနေ့အတွက်ကတော့ပြီးပြီ၊ ခင်ဗျားတာဝန်ကျတဲ့နေရာကိုပြန်သွားလို့ရပြီ.. ပြီးတော့, ကျွန်တော်ဒီနေ့ခင်ဗျားရဲ့ဝန်ဆောင်ခအတွက်လုပ်ခပေးသင့်လား?” ကောင်းဖန်ကကို့ရို့ကားရားမေးလိုက်သည်။
ရှုချင်းကျီကသူ့မျက်ခုံးကိုပင့်လိုက်ပြီး “အဖွဲ့ကအဲ့တာကိုလုပ်ပါလိမ့်မယ်၊ သေချာတာက, အကယ်၍မင်းကငါ့ကိုလုပ်ခပေးချင်တယ်ဆိုလည်းရပါတယ်”
ကောင်းဖန်ကချောင်းဆိုးလိုက်ပြီး သူ့နောက်တွင်လက်နှစ်ဖက်ကိုယှက်လိုက်ကာ အဝေးသို့ထွက်ခွာသွားတော့သည်၊ “တာ့ဇီ, ငါတို့သွားရအောင်”
သူ၏စမ်းသပ်မှုပြီးဆုံးသွားပြီးနောက်, ကောင်းဖန်သည်တလောကဖမ်းဆီးလာသည့် မြေအောက်မြောင်းထဲမှအမှောင်ဒိုဒါနွယ်ကိုသတိရမိသွားသည်၊ သူက၎င်းကို သတ္ထုသေတ္တာထဲသို့ထည့်ကာလဝက်ကြာလောက်သိမ်းထားခြင်းဖြစ်တာကြောင့်, ၎င်းကအခုလောက်ဆိုတည်ငြိမ်သွားလောက်ပြီဖြစ်သည်။
သတ္ထုသေတ္တာသည်ဗီလာ၏မြေအောက်ခန်းထဲတွင်ထားထားခြင်းဖြစ်သည်။ ကောင်းဖန်သည်အရာရာရှုပ်ထွေးနေသောမြေအောက်ခန်းလှေကားအတိုင်းဆင်းလာ လိုက်သည်၊ သတ္ထုသေတ္တာသည်မြေအောက်ခန်း၏ထောင့်တစ်ခုတွင်ရှိနေသည်။
အထဲမှာဘာဘဲရှိရှိအလေးချိန်ကတော့သိပ်မရှိပေ၊ ကောင်းဖန်က သူကိုယ်တိုင် မြေအောက်ခန်းထဲမှသယ်လာခဲ့သည်။
သူကတစ်ခုလုံးကိုဗီလာထဲမှထုတ်လာလိုက်ပီး, ၎င်းကိုရေကန်ဘေးတွင်ဖွင့်လိုက်သည်၊
ဒီမှာ, ကောင်းဖန်ထိုဒိုဒါပင်ကိုယူလာကတည်းကရယ်ရသည်ဟုခံစားရသည်၊ သတ္ထုသေတ္တာထဲတွင်တော့, နွယ်ပင်ကရှည်လျားသည့်ကြိုးတစ်ချောင်းလိုလဲလျောင်း နေသည်။
“မင်းသေသွားပြီလား?” ကောင်းဖန်ကအမှောင်ဒိုဒါနွယ်ပင်ကိုအော်လိုက်သည်။
၎င်းကတုန့်ပြန်မှုမရှိပေ။
ကောင်းဖန်ကအံ့ဩသွားတော့သည်။ သို့သော်, သူက၎င်းကိုထိကြည့်ဖို့မကြိုးစားကြည့် ပေ။ ၎င်းကအပင်အမျိုးအစားသားရဲမျှသာဖြစ်ပြီး, ၎င်းကသားရဲတစ်ကောင်ဖြစ်ကာ, ထိုကဲ့သို့ရိုင်းသောသားရဲများကိုနှိုးဆွနိုင်သည့်အကြောင်းကိုသူကောင်းကောင်းသိ သည်။
“တာ့ဇီ” ကောင်းဖန်ကအော်လိုက်သည်။
အနီးအနားရှိထင်ရှုးပင်မှလျှပ်စီးကြောင်းများထွက်လာသည်၊ တာ့ဇီသည်ကောင်းဖန် အနားတွင်ပေါ်လာပြီး၎င်း၏အတောင်များမှတဝီဝီမြည်နေသောအသံသည်လေထုထဲ တွင်ပြည့်နေသည်။
တာ့ဇီကစူးစမ်းစွာဖြင့်သေတ္တာနားသို့ချဉ်းကပ်လာပြီး အထဲတွင်ရှိနေသောဒိုဒါနွယ်ကို ကြည့်လိုက်သည်။
“ခရစ်?”
“မင်းစားချင်ရင်စားလို့ရတယ်” ကောင်းဖန်ကပြောလိုက်သည်။
တာ့ဇီကသူ့ခေါင်းကိုယမ်းလိုက်သည်၊ အသေကောင်နွယ်ပင်ကဲ့သို့သောအရာကို စိတ်မချမ်းသာစွာဖြင့်ကြည့်နေသည်။
“အကယ်၍မင်းဒါကိုစားမယ်ဆိုရင် မင်းကိုလမ်းလျှောက်ဖို့ခေါ်သွားပေးမယ်” တာ့ဇီ၏ မျက်လုံးများကပင့်တက်လာသည်။
၎င်းကအမှောင်ဒိုဒါနွယ်အားတုံ့ဆိုင်းမှုမရှိဘဲ ကိုက်ချလိုက်သည်။
သတိပေးမှုမရှိဘဲ, အမူအရာမဲ့နေသောအပင်က၎င်းကိုဖြန်းကနဲရိုက်လိုက်သည်။ တာ့ဇီကခြေလှမ်းအနည်းငယ်လောက်နောက်သို့ဆုတ်လိုက်ပြီး, တွန့်လူးနေသော အပင်ကိုဒေါသထွက်စွာဖြင့်စိုက်ကြည့်နေသည်။
အများစုသောသားရဲများသည်သူတို့လန့်ဖြတ်သွားသောအခါများတွင်အတော်လေး ရန်မူတတ်ကြသည်။
အမှောင်ဒိုဒါနွယ်သည်မြွေတစ်ကောင်ကဲ့သို့သတ္ထုသေတ္တာထဲမှလျှော၍ထွက်လာ သည်။ အရွက်များသည်ချွန်ထက်သောဓားသွားများကဲ့သို့၎င်း၏ခန္ဓာကိုယ်တွင် အတူတကွလုံးထွေးနေကြသည်။
တာ့ဇီက၎င်းကိုငုံ့ကြည့်လိုက်သည်။ အပင်သည်ဓားနှင့်တူသောအရွက်များသည် တာ့ဇီ၏ခန္ဓာကိုယ်ကိုပွန်းစေပြီး, နားမခံနိုင်သောအသံကိုပေးနေသည်။
ထို့နောက်တာ့ဇီသည်သူ၏သွားများကိုအမှောင်ဒိုဒါနွယ်ဆီသို့နစ်မြုပ်လိုက်သည်၊ ထို့နောက်ကောင်းဖန်သည်ကင်းခြေများကိုတိုက်ခိုက်မှုမှရပ်ရန်အတွက်အမိန့်ပေးလိုက် သည်။
အမှောင်ဒိုဒါပင်ကဲ့သို့ရိုင်းသောသားရဲများသည်ယဉ်ကျေးလာဖို့အတွက်တကယ်ခက်ခဲ သည်။ ထိုကဲ့သို့ကို့ရို့ကားရားချဉ်းကပ်မှုမျိုးကိုမသုံးဘဲ ကောင်းဖန်သည်၎င်းကိုအနိုင်ယူ နိုင်လိမ့်မည်မဟုတ်ပေ။ အပင်အမျိုးအစားသားရဲများသည်သူတို့၏သာမန်ထက် သာလွန်သောအင်အားကောင်းသည့်စွမ်းရည်ရှိသည်။ ၎င်းတို့ထဲမှအများစုသည် နှစ်ရက်အတွင်းကျိုးနေသောခြေလက်များပြန်ကြီးထွားပေါက်လာကြသည်။
အမှောင်ဒိုဒါနွယ်သည်အခုတွင် သစ်ရွက်ကဲ့သို့တုန်လှုပ်နေသည်။ တာ့ဇီသည်၎င်းဆီသို့ ဦးတည်ရွေ့လျားလာသည်ကိုမြင်သောအခါ၎င်းကလျှင်မြန်စွာဖြင့်လျောတိုက်ကာ အဝေးသို့ထွက်ပြေးတော့သည်။
ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်၊ ပထမဆုံး,သူကအမှောင်ဒိုဒါကို သူ့အဖွဲ့၏အစိတ်အပိုင်းတစ်ခုဖြစ်လာအောင်ထိန်းကျောင်းဖို့စဉ်းစားခဲ့သည်၊ သူ့အမြင်အရ, ရန်သူအားမီးဖြင့်ပစ်ခြင်း, ကောင်းကင်မှပံ့ပိုးပေးခြင်းနှင့်ရှည်လျားသော တာဝေးစွမ်းအားများဖြင့် ကဏ္ဍပေါင်းစုံဖွဲ့စည်းလွှမ်းခြုံထားသောအဖွဲ့ကောင်းတစ်ခု ဖြစ်စေချင်သည်။
အခုတော့, ကောင်းဖန်ကအမှောင်ဒိုဒါသည်သူ့အဖွဲ့ရှိနေရာတစ်ခုနှင့်ပင်ထိုက်တန်သည် ဟုမထင်တော့ပေ၊ ၎င်းကတခြားသားရဲများနှင့်ယဉ်လျှင်အဆင့်ရော အဆင့်အတန်းပါအရမ်းအားနည်းသည်။
သို့တိုင်ကောင်းဖန်သည်အမှောင်ဒိုဒါနွယ်၏စွမ်းရည်ကိုဆွဲထုတ်နိုင်သည်ဟုယုံကြည်နေ သေးသည်၊ ၎င်းကိုသူထိန်းချုပ်နိုင်ဖို့ဘဲလိုတာဖြစ်သည်။
“ငါတို့အခုတော့ဒီကောင်ကိုစမ်းသပ်တဲ့အရာတစ်ခုအနေနဲ့ဘဲသိမ်းထားလို့ရမယ်၊ အဲ့ကောင်ကိုထိန်းချုပ်သွားနိုင်ရင်တော့ အဘိုးကိုတခြားတစ်ယောက်ဆီပေးခိုင်းလိုက် မယ်၊” တာ့ဇီကိုအမှောင်ဒိုဒါကိုသေတ္တာထဲသို့ပြန်ထည့်ဖို့အတွက်အမိန့်မပေးခင်ပြော လိုက်သည်။ သူကသတ္ထုသေတ္တာကိုသော့ခတ်လိုက်ပြီး ဓာတ်ခွဲခန်း၏အအေးခန်းထဲရှိ နေရာတွင်ထားလိုက်သည်။
ထိုညတွင်, ဒမ်ဘီကသားသတ်ရုံမှအိမ်သို့ပြန်လာခဲ့သည်၊ ကောင်းဖန်က ၎င်း၏အရိုးများသည်တစ်ယောက်ယောက်ကအရောင်တင်ပြုပြင်ပေးလိုက်သလိုမျိုး, ယခုတွင်တောက်ပနေသည်။
ပြီးနောက်ဒမ်ဘီသည်အဆင့်၃၃သို့ရောက်နေသောကြောင့်လည်း အံ့ဩသွားရသည်။
ထို့ကြောင့် ဒီမှန်ကန်သောနည်းလမ်းဖြင့်ဘယ်လောက်ထိအဆင့်တက်သွားနိုင်မလဲ ဆိုတာသူတွေးနေမိသည်။
သို့သော်, ကောင်းဖန်လုပ်တဲ့နည်းအတိုင်းလူတိုင်းကသူတို့၏သားရဲများကို မမြှင့်တင်နိုင်ပေ၊ အမှန်တော့လူအများစုသည်သူကဲ့သို့သားသတ်ရုံကိုဝင်ရောက်ခွင့် မရှိပေ။
“ဒီနှုန်းအတိုင်းဆိုရင်, ဒမ်ဘီကကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံပြိုင်ပွဲမတိုင်ခင်မှာ ဧကရာဇ်အဆင့်ထိရိုက်နိုင်လောက်တယ်…” ကောင်းဖန်၏ရင်ထဲတွင်ရှိသော စိတ်လှုပ်ရှားနေမှုများကပွက်ပွက်ဆူလာတော့သည်။
ချန်ပီယံလုပွဲနေ့ကနီးကပ်လာပြီဖြစ်သည်။
ညနေပိုင်းခြောက်နာရီထိုးပြီးလို့မိနစ်အနည်းငယ်ရှိပြီဖြစ်သည်။ ကောင်းဖန်က ရုတ်တရက်အချိန်အတော်ကြာသူ့တက္ကသိုလ်အဆောင်၌မအိပ်မိကြောင်းသိသွားသည်၊ သူ၏ညအများစုကိုအဘိုးအိမ်၌သာကုန်ဆုံးခဲ့သည်။
အဘိုးကအိမ်ပြန်မလာသေးဘူး၊ ဒီနေ့မွန်းလွဲပိုင်းတွင်ယွိကျိုးသို့အရေးတကြီး အလုပ်ကိစ္စဖြင့်ထွက်သွားပြီးနဂါးဖြူကိုပင်သူနှင့်အတူခေါ်သွားသည်။
ကောင်းဖန်ကထိုညတွင်သူ၏အိပ်ဆောင်၌အိပ်မည်ဟုဆုံးဖြတ်လိုက်သည်။
သူ့အဆောင်မှာမအိပ်ဘဲနေလျှင်ပိုက်ဆံကိုသုံးဖြုန်းနေရာရောက်သွားမည်, သူက ၎င်းအတွက်ပေးချေပြီးသားဖြစ်သည်။
ကောင်းဖန်ကကားဂိုဒေါင်သို့သွားလိုက်သည်၊ ကားဂိုဒေါင်တံခါးကဖြည်းဖြည်းချင်း ပွင့်လာပြီး, မျက်နှာကျက်ပေါ်မှမီးရောင်များတဖျတ်ဖျတ်လင်းလာကာ ဂိုဒေါင်ထဲတွင် မထိဘဲထားထားသောတန်ဖိုးကြီးကားများပေါ်လာသည်။
သူသည် အောတရိမ်းကားကိုဂိုဒေါင်ထဲမှထုတ်လိုက်သည်၊ သူဗီလာဂိတ်ကိုကျော်၍ မောင်းလာပြီး, သူ့ရှေ့တွင်ပုံရိပ်တစ်ခုကပေါ်လာသည်။
ဂိုဒီကအဝါရောင်အမွှေးကုတ်အင်္ကျီကိုဝတ်ထားပြီး ကောင်းဖန်၏ကားရှေ့တွင် လေးနက်စွာဖြင့်ရပ်နေသည်။
သူကခေါင်းကိုပြတင်းပေါက်မှထုတ်လိုက်ပြီးပြောလိုက်သည်, “ဂိုဒီ, မင်းဒီမှာ ဘာလုပ်နေတာလဲ?”
ဂိုဒီက တဂတ်ဂတ်အော်မြည်မှုကကောင်းဖန်၏ခေါင်းထဲတွင်ပဲ့တင်ထပ်နေသည်၊ “သခင်, ရပ်လိုက်!”
အပိုင်း၂၂၃
အဝါရောင်ဘဲတစ်ကောင်သည်ကောင်းဖန်ကိုစူးရဲစွာဖြင့်စိုက်ကြည့်နေသည်၊ အဝါရောင်အမွှေးကုတ်အင်္ကျီမှမီးခိုးရောင်အမွှေးအချို့ထွက်နေသည်။
ကောင်းဖန်ကတံခါးကိုဖွင့်ပြီးဂိုဒီကိုဝင်ခိုင်းလိုက်သည်။
သို့သော်, တံခါးက၎င်းအတွက်တော့အရမ်းမြင့်လွန်းနေသည်။ ဂိုဒီကအကြိမ်ကြိမ် ကားပေါ်သို့တက်ဖို့ကြိုးစားပေမယ့်,အဆုံးမှာတော့နောက်သို့သာပြန်၍လှန်ကျသွား တော့သည်။ ၎င်း၏အဝါရောင်အမွှေးကုတ်သည်ယခုတွင်တော့ညစ်ပတ်သွားတော့ သည်။
“ဂတ်!” ဂိုဒီကဒေါသထွက်စွာဖြင့်ကားတံခါးကိုကန်လိုက်သည်။
ကောင်းဖန်ကသူ့မျက်လုံးကိုမှေးလိုက်ပြီး ချိုင့်ခွက်သွားသောကားတံခါးကိုကြည့်၍ ခက်ထန်စွာဖြင့်ပြောလိုက်သည်, “ထပ်ကန်လိုက်စမ်း, ငါမင်းရဲ့ကုတ်အင်္ကျီကိုပြန်ယူ ပစ်မယ်!”
ဂိုဒီကတောင်းပန်သည့်အကြည့်ဖြင့်သူ့ကိုကြည့်လာသည်၊ “ဂတ်!”
ဂိုဒီကအဆင့်နှစ်ခုကိုရသွားပြီဖြစ်ကာ, ယခုတွင်အဆင့်၁၆ဖြစ်သည်။ ပြီးနောက်, ၎င်းကသုံးပေလောက်ရှည်လာပြီး, ကောင်းဖန်၏ပုခုံးနားရောက်ရုံမျှသာရှိသည်။
ဂိုဒီအတွက်သူဝယ်ပေးခဲ့သောအမွှေးကုတ်သည်, နဂိုအရောင်ကကိုအဝါရောင် တောက်ပနေခြင်းဖြစ်သည်။ သို့သော်, လပိုင်းလောက်ဝတ်ဆင်ပြီးနောက်, ၎င်းအပေါ်တွင်ညစ်ပေမှုအလွှာလိုက်ရှိနေသည်။
ကောင်းဖန်ကသူ့ကိုကြည့်နေသည်အားသတိထားမိပြီး, ဂိုဒီကသူ့ကိုကျယ်လောင်စွာ ဂတ်ခနဲအော်လိုက်သည်။
၎င်းဂတ်ဆိုသည်ကကောင်းဖန်၏ခေါင်းထဲတွင်စကားလုံးတစ်လုံးအဖြစ်ဘာသာပြန် ဆိုသွားသည်၊ “သွား!”
ကောင်းဖန်ကဂတ်ခြေနင်းကိုနင်းလိုက်ပြီး ကားသည်ဝူးခနဲအိမ်ထဲမှထွက်သွားလေ သည်။
ဒီလိုအရှိန်မျိုးတစ်ခါမှမကြုံဖူးသေးသော ဂိုဒီသည်အတွေ့အကြုံကြောင့်အလွန်ရင်ဖို နေသည်။၎င်းကသူ့ခေါင်းကိုပြတင်းပေါက်မှထုတ်လိုက်ပြီး လေထဲတွင်ပျော်ရွှင်စွာဖြင့် တဂတ်ဂတ်အော်နေသည်၊ ၎င်း၏ခေါင်းစွပ်ကကျွတ်သွားပေမယ့်, ဂိုဒီက အရမ်းစိတ်လှုပ်ရှားနေသောကြောင့် ထိုအခိုက်အတန့်ကိုဂရုမစိုက်မိပေ။
သူတို့တက္ကသိုလ်သို့ရောက်တော့, ကောင်းဖန်ကားပေါ်မှဆင်းရန်ယိုင်တိုင်တိုင် ဖြစ်နေသော ဂိုဒီအတွက်တံခါးကိုဖွင့်ပေးလိုက်ပြီး, ၎င်း၏မျက်နှာကလည်းစိတ်လှုပ်ရှား မှုကြောင့်လန်းဆန်းနေသည်။ ၎င်းကယက်ကန်ယက်ကန်ဖြင့်ကောင်းဖန်ဆီသို့ လျှောက်သွားလိုက်ပြီး,၎င်း၏အတောင်များဖြင့်ကောင်းဖန်၏ခြေထောက်ကိုဖက်လိုက် သည်၊ “နောက်တစ်ခေါက်ထပ်သွားရအောင်လေ!”
“နောက်တစ်ကြိမ်မှ” ကောင်းဖန်ကဂိုဒီကိုတွန်းလိုက်သည်၊ “လာခဲ့, နောက်ကျနေပြီ”
“ကောင်းဖန်?” မမျော်လင့်စွာဘဲ သူ့နောက်မှအသံတစ်သံထွက်လာသည်။
ကောင်းဖန်လှည့်ကြည့်လိုက်တော့ ကားတံခါးကိုပိတ်ကာသူ့ကိုထူးဆန်းစွာ ကြည့်နေသည့်ရှုချင်းကျီကိုတွေ့လိုက်ရသည်။ “မင်းတကယ်ဖြစ်နေတာဘဲ၊ ငါခဏလောက်ကြောင်သွားတယ်”
ကောင်းဖန်ကပြုံးလိုက်သည်၊ ထို့နောက်,အဝါရောင်အမွှေးကုတ်ဝတ်ထားသော ဘဲသွားသွားလာသည့်ဘဲတစ်ကောင်ကသူ့နောက်မှထွက်လာသည်။
ရှုချင်းကျီမျက်လုံးများကကောင်းဖန်၏ဘဲကိုမြင်သည်နှင့်ပြူးကျယ်သွားတော့သည်။ သို့သော်,ဂိုဒီ၏ပြောင်နေသောခေါင်းနောက်မှထူးဆန်းသောအပြာရောင်အမှတ်များ ကိုတွေ့သောအခါ, သူကလျင်မြန်စွာဘဲသူမပြောချင်သည့်စကားကိုပြောင်းလဲ၍ ပြောလာသည်၊ “ဒါကမင်းရဲ့သားရဲတွေထဲကတစ်ကောင်လား? အတော်လေး…. သနားစရာကောင်းတာဘဲ, ဒီလောက်အသက်ငယ်ငယ်လေးမှာအမွှေးတွေဆုံးရှုံးသွား ရတယ်လို့” သူမကစာနာစွာဖြင့်ပြောလိုက်သည်။
ကောင်းဖန်ကရယ်ချင်နေမှုကြောင့်သီးသွားခြင်းကိုကြိုးစား၍ထိန်းလိုက်ပြီး, ၎င်း၏ ခေါင်းနောက်မှခေါင်းစွပ်ကိုဆွဲလိုက်သည်၊ “မင်းခေါင်းစွပ်ကိုစွပ်ထား၊ အခု မင်းခေါင်းပြောင်ကိုတခြားသူတွေမမြင်အောင်လို့ သိလား?”
ဂိုဒီကငေါ့တော့တော့ဖြင့် သူ့ကိုတဂတ်ဂတ်လုပ်နေသည်။ ဒီလူ ဘာတွေပြောနေတာ လဲ? မင်းကငါဘယ်လောက်ကြည့်ကောင်းကြောင်းပြောနေတာလား?
ရှုချင်းကျီက ကောင်းဖန်သူ့ဘဲကိုစနေသည့်အချိန်၌ပြုံးလိုက်သည်။ ဒါကတော့ထို ကောင်လေး၏သူမအရင်ကမမြင်ဘူးသောတစ်ဖက်ခြမ်းဖြစ်မည်။
“မင်းအဘိုးနေရာမှာမနေဘူးလား?”
ကောင်းဖန်၏မျက်နှာကတင်းမာသွားတော့သည်၊ အသံတိုးတိုးဖြင့်, သူကပြောလိုက် သည်,” “ကျွန်တော်ကသာမန်လူတွေရဲ့အခက်အခဲတွေကိုအတွေ့အကြုံရချင်လို့လေ… အခုကျွန်တော်ဖုံးကွယ်ထားတာကိုမဖော်ထုတ်ပါနဲ့”
“အိုး, ငါသိပြီ” ရှုချင်းကျီကခေါင်းညိတ်လိုက်သည်၊ နောက်ဆုံးကောင်းဖန်ကအဝေးကို လျှောက်သွားတော့, သူမကသူဘာပြောလဲဆိုတာသဘောပေါက်လိုက်သည်၊ သာမန်လူတွေရဲ့အခက်အခဲတွေ, ငါ့ဖင*! သူမကသူ့ကိုကျိန်ဆဲလိုက်သည်။
“ချင်းဇီ, နင်စကားပြောနေတဲ့ချစ်စရာလေးကဘယ်သူလဲ? သူကနင့်ကောင်လေး လား?” ကားပါကင်နေရာအဝင်ဝမှချင်းဇီဆီသို့အပြေးလာနေသောအရပ်ရှည်ရှည် မိန်းကလေးကမေးလိုက်သည်။
“မဟုတ်တာတွေ, သူကငါ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်သားလေ” ရှုချင်းကျီက စိတ်မပါစွာဖြင့်ပြန်ပြောလိုက်သည်၊ “ငါ့အထင်တော့, တစ်ယောက်တည်းနေရတာ အရမ်းများလာလို့ ယောကျာ်းတွေအပေါ်နင့်ရဲ့အရသာခံမှုကတိုးတက်မလာဘူးနဲ့ တူတယ်”
ဒီမှာ, ငါကနင့်ကိုစိတ်ဝင်စားမှုပြပေးတာလေ, ပြီးတော့နင်ကငါ့ကိုဒီလိုကျေးဇူးဆပ် လိုက်တယ်ပေါ့? ရှက်စရာဘဲ!” အရပ်ရှည်ရှည်မိန်းကလေးကပြန်ပြောလိုက်သည်။
ဂိုဒီက ကောင်းဖန်၏အခန်းထဲတွင်သိပ်ပြီးတော့နေရာယူမထားပေ။
တခြားသောသားရဲအချို့သည်အခြားသားရဲများကဲ့သို့အမိုးအောက်တွင်မအိပ်နိုင်ကြပေ၊ အရင်ကမြင်းများနှင့်အမဲလိုက်ခွေးများလိုမျိုးကဲ့သို့ပင်, ထိုသားရဲများသည် ၎င်းတို့ဘာသာနေထိုင်ရသည်ကိုနှစ်သက်သည်။
သို့သော်, ကောင်းဖန်သည်တစ်ခန်းထဲတွင်တာ့ဇီနှင့်အမြဲအိပ်သောကြောင့်, ထိုသို့သော ပြဿနာမျိုးမကြုံဖူးပေ။ သူနှင့်ကိုယ်ပိုင်သားရဲများအိပ်ခြင်းသည်များသေားအားဖြင့် လုံခြုံမှုကိုပေးသည်။
တစ်ညလုံးသူတို့နှစ်ယောက်လုံးဆီမှဘာသံမှမထွက်ဘဲပြီးသွားတော့သည်။
နောက်တစ်နေ့တွင်,နိုးလာပြီးနောက်, ကောင်းဖန်ကဂိုဒီကိုခေါ်ပြီးရေကန်နားသို့ ဖြေးဖြေးချင်းပြေးကြသည်။
“ငါတို့ရဲ့ခန္ဓာကိုယ်တွေကိုကောင်းမွန်တဲ့အချိုးအစားရအောင်လို့တစ်ချိန်လုံး ထိန်းသိမ်းနေသင့်တယ်!” ကောင်းဖန်ကဂိုဒီကိုတင်းမာစွာပြောလိုက်သည်။
“မင်းဘယ်လောက်တောင်ပုလဲကြည့်စမ်း!အရပ်ကငါးပေလောက်တောင်ရှိမှာ မဟုတ်ဘူး! အလုပ်မဖြစ်ဘူးနော်! အကယ်၍မင်းအရပ်ရှည်လာချင်ရင်, မင်းအခုက စပြီးလေ့ကျင့်ခန်းလုပ်တာကောင်းတယ်၊ မင်းငါပြောတာကြားလား” တာ့ဇီသည် အမြဲသူနှင့်အနှေးပြေးဖူးပြီးတခြားသူများကိုလည်းခေါ်ပြေးဖူးသည်၊ ဒီတစ်ကြိမ်က သူဂိုဒီကိုပြေးရန်အတွက်ပထမဆုံးအကြိမ်ခေါ်ခြင်းလည်းဖြစ်သည်။
ဂိုဒီကအလေးအနက်ဖြင့်ခေါင်းညိတ်လိုက်သည်။
“ရေကန်ကိုမြင်လား?” ကောင်းဖန်က၁၀၀စတုရန်းမီတာရှိသောကျယ်သည့်ရေကန်ကို ညွှန်ပြလိုက်သည်၊
“အင်း!” ဂိုဒီကပြောလိုက်သည်။
“ဒီနားကအမှတ်အသားကိုလုပ်ပြီး ရေကန်ကိုတစ်ခေါက်လောက်ပတ်ပြေးရအောင်”
ထို့နောက်, ကောင်းဖန်သည်ဂိုဒီကိုကန်ပတ်လည်သို့ဦးဆောင်ပြေးသည်၊ ဘဲတစ်ကောင်ကကောင်းဖန်၏နောက်မှာတဖြေးဖြေးချင်းယက်ကန်ယက်ကန်ပြေး နေချိန်တွင်,ဘဲ၏အမြီးကငုပ်ချည်ပေါ်ချည်ဖြစ်နေသည်။
တစ်ပတ်လောက်ရေကန်ကိုအနှေးပြေးပြီးနောက်, ကောင်းဖန်ကလှည့်ကြည့်တော့, ဂိုဒီသည်တည်ငြိမ်စွာဖြင့်ဘဲပြေးပြေးကာမောပန်းမှုအရိပ်အယောင်မပြဘဲ သူ့ဆီသို့လာနေသည်မှာနောက်တစ်ပတ်ပြေးလို့ရသလိုပင်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
၎င်း၏ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုများလျော့တွက်သွားမိသလား? ကောင်းဖန်က တွေးလိုက်သည်၊ ၎င်းသည်ဉာဏ်လေးနှေးပုံရသော်လည်းဒဏ္ဍာရီလာအဆင့်သားရဲ ဖြစ်နေဆဲဖြစ်သည်။
ကောင်းဖန်ကခေါင်းညိတ်ပြပြီးအနီးနားကမြက်ခင်းပြင်ကြီးထဲကိုလျှောက်သွားသည်၊
ကောင်းဖန်သည်သူ့အဘိုးသင်ပေးထားသောကိုယ်ခံပညာကိုစတင်လေ့ကျင့်ခဲ့ပြီး ကြွက်သားတိုင်းကိုလှုပ်ရှားစေမှုတိုင်းသေချာဆန့်ထုတ်သည်၊ ၎င်းသည်လူတို့၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုထိန်းသိမ်းရန်အတွက်များအားဖြင့်သုံးကြသည့်ပုံစံဖြစ်သည်။ သူ့အဘိုးကဒီပုံစံကိုတခြားသူတွေဆီမှကာကွယ်ရန်သုံးခြင်းဖြစ်ပြီး,ကောင်းဖန်ကို သတိပေးသည်ကတော့တောရိုင်းထဲတွင်ရှိသောသားရိုင်းများကိုတိုက်ခိုက်လျှင်တော့ တစ်စုံတစ်ခုကိုသုံးတာပိုကောင်းသည်လို့ပြောသည်။
ထိုပုံစံအတိုင်းကိုနှစ်ကြိမ်လောက်ပိုပြီးလေ့ကျင့်လိုက်ပြီးနောက်, ကောင်းဖန်က ရုတ်တရက်သရော်၍လှောင်ရယ်သံများကိုကြားလိုက်ရသည်။
“ဟားဟားဟား, သူ့ကြည့်ရတာအတော်လေးတုံးတာဘဲ! အမွှေးပါတဲ့အင်္ကျီကိုဝတ်ပြီး အမွှေးမပါတဲ့အချက်ကိုဖုံးထားနိုင်မယ်လို့တကယ်ထင်လို့လား?”
“ဒါဘယ်သူ့သားရဲလဲ? ဘယ်လိုတောင်သောက်ကျိုးနဲဟာသလဲ?”
“ဘဲကတစ်ကိုယ်လုံးမှာအပြာရောင်အမှတ်တွေနဲ့၊ သူ့ရဲ့ပြောင်းလဲမှုအဆင့်ကို ဖြတ်ကျော်လိုက်ရလို့လား,အာ?”
ကောင်းဖန်ကသူတို့၏စကားလုံးများကိုရှင်းလင်းစွာကြားလိုက်ရသည်၊
သူလုပ်နေတာကိုရပ်လိုက်ပြီး အသံများလာသည့်နေရာကိုမျက်မှောင်ကြုတ်ကာ လှည့်သွားလိုက်သည်၊
အပိုင်း၂၂၄
ကောင်းဖန်ခြေနှစ်လှမ်းတောင်မလှမ်းခင်မှာဘဲပန်းခင်းထဲကအသံတစ်သံကထွက်လာ သည်, “အိုး, ဘဲကစိတ်ဆိုးနေတယ်၊ အဲ့ကောင်ကငါ့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတယ်!”
“အခုဂရုစိုက်တော့၊ အဲ့တာကသားရဲဖြစ်နေတုန်းဘဲ၊ သူ့ပုံစံကရယ်စရာကောင်းနေ ပေမယ့်, အဲ့တာကငါတို့ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ဘူး၊”
“ချီး, ငါ့နဲ့အတူငါ့သားရဲရှိတယ်…”
ဘုန်း!
တစ်စုံတစ်ခုကမြေပြင်ပေါ်သို့ကျလာပြီးနောက်, ဂိုဒီ၏ဒေါသဖြင့်အော်သံနှင့် တစ်စုံတစ်ယောက်၏ခွေးအော်ဟစ်သံဖြစ်သည်၊
“အကိုချိုင်, အဆင်ပြေရဲ့လား?”
“ငါအဆင်ပြေတယ်၊ ငါ့ကိုအမြန်ကူထူပေးဦး၊ ဘဲကငါ့ကိုကန်ဖို့ကြိုးစားနေတယ်! တော်သေးလို့အချိန်မှီရှောင်နိုင်လိုက်တာ”
“လီရှောင်, မြန်မြန်, မင်းသားရဲရဲ့ထိန်းချုပ်မှုအောက်ရောက်အောင်အဲ့ဘဲကိုလုပ်လိုက်”
“စိတ်မဝင်စားဘူး၊ မင်းတို့ကောင်တွေအဲ့ကောင်ကိုအရင်ကိုင်တွယ်လိုက်၊ မနက်စာဘဲ သွားစားကြရအောင်၊ ဘာဘဲဖြစ်ဖြစ်ငါတို့ကဘာလို့ဘဲတစ်ကောင်နဲ့တိုက်ခိုက်ဖို့ ကြိုးစားရမှာလဲ?” ယွိကျိုးအသံဝဲဝဲဖြင့်လေးနက်သောအသံကထွက်လာသည်။
ကောင်းဖန်ကပန်းခင်းကိုဖြတ်လာတော့, ထူးခြားသောအမြင်ရှိသည့်အဝါရောင်ဘဲ တစ်ကောင်သည်နှင်းခြင်္သေ့အိမ်စောင့်ခွေးကြီး၏နောက်ကျောတွင်တက်စီးနေပြီး, ၎င်း၏အသက်အတွက်အပြင်းအထန်တွန်းလှန်နေသည်။
၎င်းသည်အဆင့်၁၉အထူးအဆင့်အတန်း နှင်းခြင်္သေ့အိမ်စောင့်ခွေးအမျိုးအစားဖြစ် သည်။
ဂိုဒီ၏မတုန်လှုပ်သောစွမ်းရည်အစပျိုးခြင်းမပါဝင်သော်လည်း, နှင်းခြင်္သေ့အိမ်စောင့်ခွေးသည်သန့်စင်သောရုပ်ပိုင်းဆိုင်ရာခွန်အားအရ ဘဲတစ်ကောင် အတွက်ယှဉ်ပြိုင်စရာတစ်ခုမဟုတ်ပေ။
တိုက်ခိုက်မှုကဆက်ပြီးကြာရှည်နေပါက, ကွန်မန်ဒါအဆင့်သားရဲသည် အဆင့်၁၆ ရှိသည့်ဂိုဒီ၏အသက်ကိုလက်မလေးတင်ရိုက်သတ်ပစ်လိမ့်မည်၊
ဂိုဒီကဒေါသတချောင်းချောင်းထွက်နေသည်, အတော်လေးကိုဒေါသထွက်နေသည်။
၎င်းကသူ့ကိုယ်သူအမြဲတမ်းအဆင့်အတန်းရှိပြီးပြတ်သားသောဘဲတစ်ကောင်အဖြစ် တွေးနေခဲ့တာဖြစ်သည်။
သို့သော်ဂိုဒီသည်၎င်း၏အဝါရောင်အမွှေးများဆုံးရှုံးပြီးနောက်တွင် အကာအကွယ်မဲ့ သလိုခံစားသွားရတာဖြစ်သည်။
ကိုယ်ကိုကိုယ်လေးစားသောဘဲတစ်ကောင်သည် ၎င်း၏အမွှေးများကိုချွတ်ပစ်ဖို့ ဘယ်တော့မှခွင့်ပြုမည်မဟုတ်ပေ၊ ၎င်းတို့သည်၎င်း၏ဖြစ်တည်မှုအထောက်အထား၏ မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းဖြစ်သည်၊ အမွှေးမပါသည့်ဘဲတွေသည် ရေခဲသေတ္တာထဲတွင်သိပ်ထည့်ခံရမည်။
စိတ်အားထက်သန်စွာဖြင့်တောင်းပန်ပြီးနောက်, ဂိုဒီသည်နောက်ဆုံးတွင် ကျီဟန့်ဝူကို ၎င်းအတွက်အဝါရောင်အမွှေးကုတ်တစ်ထည်ပေးရန်နောက်ဆုံးတွင်သိမ်းသွင်းနိုင်ခဲ့ သည်။
သူအမွှေးကုတ်ကိုဝတ်ပြီးနောက်, ဂိုဒီသည်၎င်း၏အမွှေးတွေကိုရလိုက်သောကြောင့် စွဲမက်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။
၎င်းကသူ့ကိုယ်သူဆော့ကစားနေချိန်မြက်ခင်းပြင်တွင်အရည်ရွှမ်းသည့် အနက်ရောင် ပိုးကောင်တစ်ကောင်ကိုတွေ့လိုက်ရသည်။
၎င်းကပန်းခင်းထဲမှပိုးတောင်မာကိုလိုက်လာရင်း, ကြီးမားသောခြေထောက်က တစ်နေရာရာမှထွက်လာပြီး ၎င်းအပေါ်သို့တက်နင်းလိုက်သည်။
ထိုအရာအတွက်လောက်ကတော့၎င်းအတွက်ခြောက်လန့်မှုမဖြစ်စေဘဲ, ဂိုဒီသည် အလွယ်တကူပင် ကျန်သောသူ၏သားကောင်မှန်သမျှကိုစားနိုင်ဖို့ခြေတစ်လှမ်းမခွာ စောင့်ဆိုင်းနေခဲ့သည်။
သို့သော်ဂိုဒီသည်၎င်း၏ကုတ်ကိုဆွဲချွတ်မခံရခင်တွင်လူတစ်စုရောက်လာပြီးရပ်တန့် သွားကြသည်။
“ငါ့ဟာ! အဲ့တာငါ့ဟာ!” ဂိုဒီသည်ဒေါသထွက်စွာဖြင့်ဘဲအော်သံဖြင့်အော်လိုက်သည်၊ ၎င်းကနှင်းခြင်္သေ့မျက်နှာကိုနီသွားသည်အထိစတင်ရိုက်တော့သည်၊ ပန်းများနှင့် အမွှေးများကပြုတ်ကုန်တော့သည်။
သူတို့မြင်နေရတာကိုဘယ်သူမှမယုံကြပေ၊ ချိုင်ကွမ်မင်းသည်ထိုအရာနှင့်ပတ်သတ်ပြီး အထူးတုန်လှုပ်သွားခဲ့ကာ, အဝါရောင်ဘဲတစ်ကောင်၏အရိုက်ခံနေရသောနှင်းခြင်္သေ့ သည်သူ၏အကျွမ်းတဝင်သားရဲဖြစ်သည်။
“ရပ်လိုက်, ရိုင်းစိုင်းတဲ့ဘဲ!” ကွမ်မင်းကအော်လိုက်သည်။
ဂိုဒီကသူ့မျက်လုံးထောင့်ကနေယုတ်မာသောအကြည့်ဖြင့်ကြည့်လိုက်သည်။ မင်းကငါ့အင်္ကျီကိုယူတဲ့တသူဘဲ၊ စိတ်မပူနဲ့,ဒီကိစ္စပြီးသွားရင်မင်းအလှည့်လာမယ်။
“ဂတ် !” ဂိုဒီကခေါင်းကိုငုံ့ကာနှုတ်သီးဖြင့်ပြင်းပြင်းထန်ဖြင့်အိမ်စောင့်ခွေး၏ခေါင်းကို ထိုးကာ, ချက်ချင်းပင်ထိုးနှက်လိုက်သည်။
ထို့နောက်, ဂိုဒီသည်၎င်း၏ဗလာခန္ဓာကိုယ်မှကြွက်သားများဖြင့် ချိုင်ကွမ်မင်းဆီသို့ သွားလိုက်သည်။
၎င်း၏အရေပြားဆက်ခြေထောက်သည် ၎င်းခြေတစ်လှမ်းလှမ်းလာတိုင်း တကျွတ်ကျွတ်မြည်နေသောအသံကိုပြုလုပ်နေသည်။
“ကောင်းပြီ, သနားညှာတာပေးဖို့အချို့ကိုပြပေးလိုက်၊ ငါမင်းရဲ့ကုတ်ကိုပြန်ပေးဖို့ သူ့ကိုပြောပေးမယ်” အဖြူရောင်ရှပ်အင်္ကျီကြီးဝတ်ထားသည့်လီရှောင်းကပြောလိုက် သည်။
“ဘဲတစ်ကောင်က သနားကြင်နာစရာကောင်းနေလို့လား? ဂိုဒီ, သူ့ကိုရိုက်လိုက်” ကောင်းဖန်ကအေးစက်စွာဖြင့်ပြောလိုက်သည်၊ သူကပန်းခင်းဆီသို့လှမ်းသွားပြီး ဂိုဒီ၏ ကုတ်ကိုကိုင်ထားဆဲဖြစ်သောချိုင်ကွမ်မင်းကိုကိုမုန်းတီးစွာဖြင့်ကြည့်လိုက်သည်၊ ကောင်းဖန်သည်ဂိုဒီနှင့်သူ၏သွေးစာချုပ်ကြောင့် ဖြစ်ပျက်နေသည့်အရာများကို နားလည်သဘောပေါက်သည်။
သူကိုယ်တိုင်ကသာသူ့ကိုယ်ပိုင်သားရဲတွေကိုလှောင်ပြောင်ဖို့အခွင့်ရှိသည်၊ ချိုင်ကွမ်မင်းလို့အမည်ရတဲ့ကောင်လေးက ဂိုဒီရဲ့ကုတ်အင်္ကျီကိုယူပြီး ဒီလိုအသွင်အပြင် မျိုးကိုလှောင်ပြောင်ခွင့်မရှိပေ။
နောက်တော့တီရှပ်အဖြူဝတ်ထားတဲ့အခြားကောင်လေးတစ်ယောက်လည်းရှိသေး သည်၊ ဂိုဒီကိုကူညီပေးဖို့သူဘာမှမလုပ်ခဲ့ဘူး၊ ဂိုဒီကိုဒီလိုလုပ်ခိုင်းဖို့သူ့မှာအမိန့်ပေးခွင့် ရှိလို့လား?
“ကောင်းဖန်?” အကုန်လုံး၏မျက်နှာကအေးစက်သွားတော့သည်၊ သူတို့အားလုံး သူ့ကိုသတိထားမိကြသည်။
ပြီးခဲ့တဲ့တစ်ကြိမ်တုန်းကဖြစ်ခဲ့သည့်အချိန်မှစ၍တက္ကသိုလ်ရှိလူအများအပြားသည် ကောင်းဖန်၏နောက်ခံအကြောင်းကိုသိရှိခဲ့ကြပြီး ယခုအခါတွင်သူကမည်သူဖြစ်သည် ဆိုတာကိုသိကြသည်။
“မင်းရဲ့ကိုယ်ပိုင်သားရဲမှန်းငါတို့မသိခဲ့ဘူး…” လီရှောင်းကရှင်းပြဖို့ကြိုးစားလိုက်သည်၊
“မင်းတို့ရဲ့ဟာမဟုတ်တိုင်းသားရဲတိုင်းကိုအနိုင်ကျင့်လို့ရတာလားဆိုတာငါမသိတော့ဘူး” ကောင်းဖန်ကအေးစက်စွာဖြင့်ပြောလိုက်သည်။
သူကလီရှောင်း၏သားရဲကိုသတိထားမိသည်, ၁၀ပေရှည်လျားသောကင်းလိပ်ရှော ဖြစ်ပြီး, သူ့နောက်တွင်ရပ်နေသည်။ ၎င်း၏လက်များကရှည်ပြီးကျစ်လျစ်ကာ, ၎င်း၏မျက်လုံးများကတောက်ပနေကာ ခေါင်းပေါ်တွင်သရဖူလိုအနီရောင်အမှတ် တစ်ခုရှိနေသည်။
[မကောင်းဆိုးဝါးအမည်]-ကျောက်မျက်နီကင်းလိပ်ရှောဘုရင်
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၁(ကွန်မန်ဒါအဆင့်)
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်]-သစ်သား/အဆိပ်
[မကောင်းဆိုးဝါးအားနည်းချက်]-၁-မီး, ၂-ရွှေ
“မင်းရဲကင်းလိပ်ရှောကငါ့ဘဲကိုတိုက်ခိုက်နိုင်လို့ရှိရင်, ငါမင်းတို့ကို….(မသိ)*???” ကောင်းဖန်ကပြောလိုက်သည်။
“အာ?” အခြားသူများကတစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီးနောက်, ဂိုဒီကို ကြည့်လိုက်သည်၊ ဒီဘဲကကွန်မန်ဒါအဆင့်သားရဲတကယ်ဖြစ်နိုင်လို့လား?
ဧကရာဇ်အဆင့်သားရဲများသည်သူတို့၏ဘေးပတ်လည်တွင်ကိုယ်စားပြုခြင်းဖြင့် တောက်ပနေပြီး, ဧကရာဇ်အဆင့်အောက်ရှိသားရဲများသည်၎င်းတို့၏အရှိန်အဝါဖြင့် သာသတိထားမိနိုင်သည်။
သားရဲလေ့ကျင့်သူများသည်အခြားသောသားရဲများ၏အားနည်းချက် အားသာချက်များ ကိုနားလည်ရန်၎င်းတို့၏သားရဲအပေါ်စူးရှသောအာရုံများကိုအားကိုးရသည်။
“သခင်, ငါတော့ဘဲဆီကနေထူးဆန်းတဲ့ခံစားမှုရတယ်၊ ဒါပေမယ့်,ငါသူ့ကိုအုပ်ချုပ်သူ အဆင့်သားရဲလို့တော့မထင်ဘူး၊” ကျောက်မျက်နီကင်းလိပ်ရှောဘုရင်က လီရှောင်းကို ပြောလိုက်သည်။
လီရှောင်းကဒီအရာကိုပိုပြီးစိတ်ချလက်ချဖြစ်လာသလိုခံစားလိုက်ရသည်။
သို့သော်, သူ့ဘဲကသူ့ကင်းလိပ်ရှောကိုရှုံးသွားပါကသူ့ကိုကောင်းဖန်ကဆန့်ကျင်မှာကို ကြောက်သည်၊ လီရှောင်းသည်စိန်ခေါ်မှုကိုလက်ခံရန်အတွက်အလွန်ယုံကြည်မှုမရှိပေ။
အကယ်၍သူသည်တိုက်ပွဲတွင်အနိုင်ရခဲ့ပါက သူသည်ကောင်းဖန်၏ဒေါသထွက်မှုကို ခံရမည်ဖြစ်သည်။ သူရှုံးလျှင်ဘဲတစ်ကောင်ကိုရှုံးရသည်ကွန်မန်ဒါအဆင့်သားရဲ တစ်ကောင်ရှိနေလို့အရှက်ဖြင့်သာအသက်ရှင်ရလိ့မ်မည်၊
အတန်ကြာစဉ်းစားပြီးနောက် လီရှောင်းကဆုံးဖြတ်ချက်ချလိုက်သည်။ “ဟင့်အင်း, ငါမတိုက်ဘူး”
ထို့နောက်သူကကျန်တဲ့နှစ်ယောက်ကိုပြောလိုက်သည်, “ဒါကငါနဲ့ဘာမှမသက်ဆိုင် တော့ဘူး၊ ငါမင်းတို့ကိုပြောလိုက်မယ်, ဘဲနဲသွားမရှုပ်ကြနဲ့၊ မင်းတို့ရဲ့ကိုယ်ပိုင် ပြဿနာကိုပြင်လိုက်ကြ၊ ငါတော့မနက်စာသွားစားတော့မယ်” ထို့နောက်လီရှောင်း ကသူ့သားရဲနှင့်အတူအဝေးသို့လျှောက်သွားတော့သည်။
လီရှောင်းကအဝေးသို့ထွက်သွားတာကိုကြည့်နေပြီးနောက်, တခြားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ဂိုဒီ၏ကုတ်ကိုပြန်ပေးကာတောင်းပန် လိုက်ကြသည်။
“ဂတ်!” ဂိုဒီကမှုန်တေတေဖြင့်သူတို့ကိုအော်လိုက်သည်၊ ထို့နောက်၎င်း၏အတောင်ပံ များကိုမလိုက်ကာ, သူ၏အင်္ကျီကိုပြန်ဝတ်ခွင့်ပြုလိုက်ပြီးမှ လူသားတွေကိုပြန်လွှတ် လိုက်တော့သည်။
ကောင်းဖန်ကထူးဆန်းစွာဖြင့်တွေးမိလိုက်သည်၊ ဘာလို့ငါကဒီမှာအနိုင်ကျင့်နေသလို ခံစားနေရတာလဲ? ဂိုဒီကသူတို့ဆီကနေအနိုင်ကျင့်ခံခဲ့ရတာကို။
***
စာစဉ် ၁၄ ပြီး၏။