← Chapters

အခန်း (၂၂၅-၂၂၈)

Vol. 15 Ch. 225-228

အခန်း (၂၂၅-၂၂၈)

Vol. 15 Ch. 225-228

အပိုင်း၂၂၅

သူတို့တောင်းပန်သွားပြီးကတည်းက, ကောင်းဖန်ကသူတို့ကိုထပ်မတားဖို့ဆုံးဖြတ်လိုက်သည်။

ဂိုဒီ၏အင်္ကျီကိုချိုင်ကွမ်မင်းမှပြန်ယူလာပြီးနောက်, သူကဘဲ၏ခေါင်းကိုပုတ်လိုက်သည်။

“သွားကြစို့၊ ငါမင်းအတွက်ဒါကိုဝတ်ပေးမယ်”

“ဂတ်”

ဂိုဒီကကောင်းဖန်အား ခေါင်းတစ်ဖက်စောင်းကြည့်လိုက်ပြီး အတောင်ပံတွေကို မြှောက်လိုက်ကာ ကောင်းဖန်အားကုတ်ကိုဝတ်ခွင့်ပေးလိုက်သည်၊ ကောင်းဖန်က မတ်တပ်ရပ်လိုက်ပြီး ညစ်ပေနေသည်များကိုခါလိုက်သည်။

“ကိုယ်ကိုကိုယ်တောင် အဝတ်မဝတ်တတ်တဲ့ဘဲကို ဘယ်သူကမှမယူချင်ဘူးဆိုတာ မင်းသိလား” ကောင်းဖန်ကပြောလိုက်သည်။

“အဓိပ္ပါယ်မရှိတာ!” ဂိုဒီကပြန်ပက်ပြောလိုက်သည်။

“ရေကန်နားမှာ နှစ်ထပ်ဘဲ လှောင်အိမ်ရှိတယ်၊ နေ့တိုင်း, ငါးအမျိုးမျိုးစားပြီးအရသာရှိတဲ့စိတ်ဝိဉာဉ်တောင်ရေကို သောက်တယ်။ ငါကမြို့မှာအချမ်းသာဆုံးဘဲတစ်ကောင်ဘဲ! မင်းတီဗွီပရိုဂရမ်တွေမှာ တွေ့တဲ့ဘဲတွေထက်ငါကပိုပြီးချမ်းသာတယ်” ဂိုဒီကမောက်မာစွာဖြင့်ပြောလိုက်သည်။

“မင်းဒီအကြံဉာဏ်တွေကိုဘယ်ကရတာလဲ?” ကောင်းဖန်ကဂိုဒီ၏ခေါင်းကိုလက်သီးနဲ့ ထိုးကာပြောလိုက်သည်။

“ငါ့ခေါင်းကိုရိုက်နေတာရပ်လိုက်! ငါပိုပြီးဉာဏ်တုံးလာလိမ့်မယ်, ပြီးရင်အဲ့တာမင်း အပြစ်ဘဲ!”

ဂိုဒီကသူ့သခင်ကိုစိုက်ကြည့်ကာပြောလိုက်သည်။

ချိုင်ကွမ်မင်းသည် ဘဲတစ်ကောင်၏မိခင်လိုသဘောထားကာ ပျော့ပျောင်းနူးညံ့သော ကောင်းဖန်၏တစ်ဖက်ခြမ်းကိုမြင်လိုက်ရသောကြောင့် အံ့ဩနေသည်။

ကောင်းဖန်သည် ထိုနေ့မနက်တွင်အတန်းတစ်တန်းသာရှိသည်။ အတန်းပြီးသောအခါတွင် သူ့စာအုပ်များကိုလွယ်အိတ်ထဲသို့ထည့်သည်။

“ကျောင်းသားအသင်းအဖွဲ့ကသားရဲအမျိုးအစားအသစ်တစ်မျိုးရှာတွေ့တယ်တဲ့၊ မင်းလိုက်ပြီးကြည့်ချင်လား?” ကျွင်းမော့ယီက ရုတ်တရက်သူ့ကိုပြောလိုက်သည်။

“သားရဲအမျိုးအစားအသစ်?” ကောင်းဖန်ကပြောလိုက်သည်။ “သွားချောင်းကြည့်ဖို့ တော့ ဘာမှသိပ်မဖြစ်ပါဘူး။ ဒါပေမယ့်အဲ့လိုလုပ်တာကောင်းလို့လား? ငါကကျောင်းသား အသင်းအဖွဲ့ကအဖွဲ့ဝင်မဟုတ်ဘူးလေ”

“ငါတို့သူငယ်ချင်းတွေကိုဖိတ်ဖို့ခွင့်ပြုထားတယ်၊ သားရဲအသစ်ကိုရှာတွေ့တဲ့တစ်ယောက်က ငါတို့ကျောင်းကစီနီယာဘဲ” ကျွင်းမော့ယီကပြောလိုက်သည်။

“ဒါဆိုလည်းကောင်းပြီလေ၊ ငါသွားမယ်”

…

ဒါကတော့ယွိကျိုးတွင်နေသော လီယွီ၏ဇာတ်လမ်းဖြစ်သည်။

ကပ်ဆိုးကြီး၏အကြိုရက်တွင်, သူ၏အိမ်ဟောင်းသည် ငလျင်ကြောင့်လုံးဝကိုပျက်စီး သွားသည်။ သူကတခြားတစ်နေရာသို့ပြောင်းဖို့အတွက် ကြိုးစားအားထုတ်နေသည်။

သူ့ရဲ့အိမ်အသစ်ကို ကမ္ဘာသစ်မဟာမိတ်အစိုးရမှ အပြည့်အဝပေးချေခဲ့သည်။

ငယ်စဉ်ကပင်မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရပြီးနောက်သူသည်မိဘမဲ့ဂေဟာတွင် သူမှတ်မိသလောက် အတော်ကြာကြာနေထိုင်ခဲ့သည်။ သူကမိဘမဲ့ဂေဟာနှင့် စေတနာထက်သန်သောအလှူရှင်အချို့၏အကူအညီကြောင့်တက္ကသိုလ်ပြီးဖို့အတွက် စီစဉ်နိုင်သွားပြီး မိဘမဲ့ဂေဟာမှသူ၏သူငယ်ချင်းများဖြင့်ပင် အဆက်အသွယ်မပြတ်သေးပေ။

မကြာသေးမီကလီယွီသည် သူ့အထက်တွင်နေထိုင်သောအိမ်ထောင်သည်စုံတွဲ၏ အဆက်မပြတ်ရန်ဖြစ်နေမှုကြောင့် စိတ်ပူပန်ခဲ့ရသည်။ ညနက်သန်းခေါင်းအထိ အသေးအဖွဲအရာများက သူတို့နှစ်ယောက်ပါးစပ်ထဲတွင် အမြဲရှိနေတတ်သည်။

ဒါကသာမန်လက်ထပ်ပြီးသားစုံတွဲတွေရဲ့တစ်ခါတစ်ရံရန်ဖြစ်ခြင်းမှန်းသူသိသည်။ ပြီးတော့ဒီလူတွေညတိုင်းအပေါ်ထပ်မှာရန်ဖြစ်နေတဲ့အတိုင်းအတာကို သူနားလည်ပေးနေသေးသည်။

သို့သော်, ပြဿနာက သူ့နေရာသည် အမြင့်ဆုံးအထပ်တွင်ဖြစ်နေသည်။

လီယွီသည်သူ့အိပ်ယာပေါ်တွင်စိုးရိမ်ကြောင့်ကြလျက်ထိုင်နေသည်။ ငွေရောင်လရောင်ကို လင်းထိန်သွားစေရန်အတွက် သူ၏လိုက်ကာများကိုဆွဲဖယ်ထားသည်၊ သူဗူးထဲမှ စီးကရက်တစ်လိပ်ကိုခါလိုက်ပြီးနောက်, မီးခြစ်နှင့်မီးညှိလိုက်ပြီး ခပ်ပြင်းပြင်းဆွဲရှိုက် လိုက်ကာဖြည်းညင်းစွာဖြင့် မီးခိုးငွေ့များကိုလေထဲသို့ထုတ်လိုက်သည်။

နာရီလက်တံတစ်ချောက်ချောက်သွားနေသလိုမျိုး, မျက်နှာကျက်ကနေ ယောကျာ်းနှင့်မိန်းမ၏တစ်စုံတစ်ခုအား ငြင်းခုံနေကြသည့်အသံများထွက်လာတော့သည်။

“ငါမင်းကိုပြောတယ်, သူနဲ့ဘာမှမဆိုင်ဘူးလို့!”

“မင်းကငါ့ကိုဘာလို့မယုံတာလဲ?”

“ငါ့ကိုအဲ့လိုမျိုးပေါက်တက်ကရတွေလာပြောမနေနဲ့၊ တစ်ယောက်ကနင်တို့နှစ်ယောက် ဟိုတယ်ထဲကို ညစာစားဖို့ဝင်သွားကြတာတွေ့လိုက်တယ်…”

အသံကပိုပြီးအားနည်း လာသည်၊ ထို့နောက်ထိုနေရာမှ ဗလုံးဗထွေးဖြစ်နေသောအသံများဖြစ်လာပြီး စားပွဲနှင့်ကုလားထိုင်အသံများ လှည့်နေသလိုထွက်လာသည်။

“ငါကအပေါ်ဆုံးထပ်မှာ၊ မိသားစုဒရမ်မာကိုကြည့်နေတာဘယ်သူလဲ?” လီယွီက ဒေါသထွက်လာသည်။

သူကမနက်အစောကြီးထပြီး ဘယ်သူတွေကဆူညံတဲ့အသံတွေ လုပ်နေတာလဲဆိုတာကိုတက်ကြည့်ဖူးသည်၊ သို့သော်, အပေါ်ထပ်တွင်ဘာမှမရှိပေ။ အိမ်နီးချင်းများ၏ပန်းများစိုက်ထားမှုနှင့်အပင်များရှိပြီး, အမိုးပေါ်တွင်ဘယ်သူမှနေရန် နေစရာမရှိပေ။

လီယွီကသူ့အိပ်ယာမှထလိုက်သည်၊

“ဒါဘဲ! ငါဆက်ပြီးသည်းမခံနိုင်တော့ဘူး! ငါညကောင်းကောင်းမအိပ်ရတာလအတော် ကြာလောက်ရှိနေပြီ! ငါ့စိတ်ကိုငြိမ်းချမ်းအောင် လုပ်ပေးမယ့်ဘယ်သူမဆိုငါအားလုံး ပေးမယ်”

လီယွီကမတ်တပ်ရပ်လိုက်သည်။ အဝါရောင်ခွေးက သူ့အိပ်ယာပေါ်မှခုန်ထလိုက်ပြီး သူ့ကိုယ်သူခြေထောက်ဖြင့်ပွတ်သပ်နေသည်။

ကောင်းတာတစ်ခုက ငါ့မှာကိုယ်ပိုင်သားရဲရှိတယ်။ လီယွီသည် သူ၏ကိုယ်ပိုင်သားရဲ ရှိနေခြင်းအတွက် လုံခြုံတယ်လို့ခံစားရသည်။

သူ့ဆီမှာရှိနေတာနှစ်နှစ်နီးပါးရှိနေပြီဖြစ်သည်။ မှန်ကန်စွာလေ့ကျင့်ပေးရန်အတွက် သူသည်အလုပ်အမြဲရှုပ်နေသော်လည်း သူ့၏အကျွမ်းတဝင်သားရဲသည် ထိပ်တန်းအဆင့်သို့သူ့ကိုယ်သူတက်နိုင်ခဲ့သည်။

ထိုသို့သောကြောက်ဖို့ကောင်းသည့်ခွေးက သရဲကိုတောင်ကြောက်ဖို့ကောင်းသည့် အကြည့်ပေးနိုင်သည်။

သူသည်မကြာသေးခင်ကမှသူ့သားရဲကို ရွှေမြေသိမ်းပိုက်သူအဖြစ်တိုးမြင့်စေရန် ကူညီပေးသည့်တောင်ပိုင်းကောင်းကင်အဖွဲ့၏ လူသိများသောမြေကြီးဆေး အမျိုးအစားကိုပေးခဲ့သည်။

“ဆေးကသူတို့ပြောသလိုဘဲကောင်းပါစေ…” လီယွီကတီးတိုးရေရွတ်လိုက်သည်။

သူကလှေကားတံခါးကိုဖွင့်လိုက်ပြီး လှေကားခွင်၏အမှောင်ထဲသို့စိုက်ကြည့်လိုက်သည်။ အေးစက်သောလေကတိုက်လိုက်လာပြီး လီယွီ၏ကျောရိုးတွေကိုပါ တုန်လှုပ် ခြောက်ခြားသွားစေသည်။

“ဝုတ်!” ရွှေမြေသိမ်းပိုက်သူခွေးသည် ဟောင်သံတစ်ချက်ထုတ်လွှင့်လိုက်ပြီး, ရွေ့လျားအာရုံခံမှုကိုသုံး၍ လှေကားခွင်ရှိမီးများကိုခလုတ်နှိပ်လိုက်သည်။

လီယွီသည်ဘာမှမရှိသော ခပ်ဖျော့ဖျော့အလင်းရောင်ကိုပေးနေသည့်လှေကားခွင်ကို စိုက်ကြည့်နေသည်။

ခဏလောက်စဉ်းစားပြီးနောက်, သူ့နေရာကိုပြန်သွားပြီး ခုတ်ဓားနှစ်ချောင်းကို သူ့မီးဖိုချောင်ထဲမှထုတ်လာခဲ့သည်။

သူ့ဘေးနားတွင်ခွေးရှိပြီး သူ့လက်ထဲတွင်လည်း ခုတ်ဓားနှစ်လက်ရှိတာကြောင့်, အခုဆိုကြောက်စရာဘာမှမရှိတော့ပေ။

“သွားကြစို့!” လီယွီကသူ၏ခန့်ညားသောမျက်နှာ၌ ရှုပ်ထွေးခြင်းတို့ကိုထိန်းချုပ်ထားသည်။

သူတစ်လလုံးကောင်းကောင်းမွန်မွန်မအိပ်ခဲ့ရပေ။ ဒီညတော့, သူရဲ့အိပ်ရေးမဝတဲ့ ပြဿနာကို အားလုံးတစ်ကြိမ်တည်းအပြီးတိုင်ငြိမ်းသက်တော့မည်။

၎င်း၏သခင်ကလှေကားပေါ်တက်သွားသည်ကိုမြင်တော့ ရွှေမြေသိမ်းပိုက်သူခွေးသည် သူ့နောက်သို့အပြေးလိုက်သွားသည်။

ခေါင်မိုးထပ်သည်ကြီးမားသောတံခါးကြီးနောက်တွင်ရှိသည်၊ ၎င်းကတံခါးသော့ခတ် မထားသော်လည်း, အတော်လေးလေးလံလှသည်။ သူ၏အားအကုန်လုံးဖြင့်သုံးပြီး, လီယွီက၎င်းကိုတွန်းဖွင့်သည်။

သူကတံခါး၏တစ်ဖက်ကနှစ်ယောက်၏ရန်ဖြစ်နေသည့်အသံကိုခုထိကြားနေရသေးသည်။ ဖွင့်လိုက်သည့်အချိန်တွင် ဘာမှမရှိသောခေါင်မိုးထပ်ကိုသာ သူနှင့်တွေ့လိုက်ရ သည်။ လီယွီသည်ငွေရောင်လရောင်အောက်တွင်မဖြန်းပက်ခင်အထိအရာအားလုံး ဖြစ်နေခဲ့သည်။

ဆူညံသံကတစ်စွန်းတစ်စပင်မရှိဘဲ ပျောက်ကွယ်သွားတော့သည်။

“ဝုတ်!?” ရွှေမြေသိမ်းပိုက်သူခွေးသည် ဘာမှမရှိသောခေါင်မိုးထပ်သို့အပြေးအလွှား သွားပြီးရွှတ်နောက်နောက်ဖြင့်ခုန်ပေါက်နေသည်။

အများစုသောရွှေမြေသိမ်းပိုက်သူများသည် ၎င်းတို့၏ဆင့်ကဲဖြစ်စဉ်ပြောင်းလဲလာ သောအခါရွှေရောင်များကိုပျော်စေပြက်စေဖြင့် ထိန်းသိမ်းလေ့ရှိသည်။

သူဘယ်ကို…သွားတာလဲ? လီယွီကစပ်စုစွာဖြင့်သူ၏ဘေးပတ်လည်သို့ဂရုတစိုက် ကြည့်နေသည်။

သို့သော်, လှေကားတစ်များရှိအာရုံခံမီးများ ပြတ်တောက်သွားပြီးလှေကားထစ်များကို မမြင်နိုင်သောအမှောင်ထဲသို့ပြန်ကျသွားစေသည်ကိုသူမသိလိုက်ပေ။ ရုတ်တရက်, ညှိုးခြောက်နေသော နက်ပြာရောင်လက်တစ်စုံသည် အမှောင်ထဲမှရောက်လာပြီး လီယွီကိုနောက်မှဖက်လိုက်သည်…

“ဝုတ်!” ရွှေမြေသိမ်းပိုက်သူခွေးသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကိုအာရုံခံမိလိုက် သည်။ ၎င်း၏မျက်လုံးများလီယွီ၏နောက်သို့ကြည့်ရင်းဖြင့်ပြူးကျယ်လာပြီး ၎င်းကလျင်မြန်စွာဖြင့် တဟုန်ထိုးသူ့ဆီကိုလာတော့သည်။

“ဘာဖြစ်တာလဲ?” သူ့သားရဲ၏ထိတ်လန့်မှုကိုခံစားလိုက်ရသဖြင့်လှေခါးခွင်မှ ခေါင်မိုးထပ်သို့သွားလိုက်သည်။

ရွှေမြေသိမ်းပိုက်သူခွေးသည် သူ့ဘေးတွင်စက်ဝိုင်းပုံစံလှည့်ပတ်နေပြီး, လီယွီက သူ့ခန္ဓာကိုယ်ကိုစစ်ဆေးနေသည်။ ထို့နောက်ခိုက်ခိုက်တုန်သွားသည်။

သူ့လက်နှစ်ဖက်တွင် နက်ပြာရောက်လက်ဖဝါးရာကပေါ်နေသည်! ထိခိုက်ထားမိသည့် ထိုနေရာကိုထိကြည့်လိုက်သောအခါတွင် ရုတ်တရက်စူးရှနာကျင်မှုကိုခံစားလိုက်ရသည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၂၆

“သူကလီယွီ၊ ယွိကျိုးတက္ကသိုလ်ကနေဘွဲ့ရထားတာ”

ကောင်းဖန်နှင့်ကျွင်းမော့ယီသည် ဆံပင်တိုတိုခဲရောင်အနောက်တိုင်းဝတ်စုံနှင့် လူငယ်၏ရှေ့တွင်ထိုင်နေကြသည်။ ထိုလူကကြောက်နေပုံရသည်၊ အမဲရောင်မျက်ကွင်းများက သူ့မျက်လုံးအောက်တွင်ရှိနေပြီး သူသည် အချိန်တစ်ခုထိကောင်းစွာ မအိပ်ရသေးကြောင်း သိသာသည်။

“ဒီရက်တွေမှာ ငါရုံးမှာအိပ်ဖြစ်တယ်” လီယွီကသက်ပြင်းချလိုက်သည်။

“ကိုယ့်ကိုယ်ပိုင်အိမ်ကိုပြန်ဖို့အရမ်းကြောက်နေရတယ်ဆိုတာမင်းတို့သိလား? ငါ့နေရာရဲ့အထပ်မှာလင်မယား ‘စုံတွဲ’တစ်တွဲအချင်းချင်းရန်သတ်နေတာကို ပထမဆုံး ကြားရတဲ့နေ့ကိုငါမှတ်မိနေသေးတယ်၊ အိုးဘုရားသခင်, ငါကထိပ်ဆုံးထပ်မှာနေရတာ! ခေါင်မိုးထပ်မှာဘယ်သူကလာပြီးနေနိုင်ဦးမှာလဲ?”

စားပွဲဝိုင်းပတ်လည်ရှိအကုန်လုံးက စာနာသနားစွာဖြင့်လီယွီကိုကြည့်နေကြသည်။

“စိတ်မပူပါနဲ့, ကျွန်တော်တို့အားလုံးအကုန်ပေါင်းပြီး အစ်ကို့ရဲ့ ‘သရဲ’ပြဿနာကိုဖြေရှင်းပေးပါ့မယ်” တတိယနှစ်ကျောင်းသားက လီယွီကိုပြောလိုက်သည်။

သူကကျောင်းသားအဖွဲ့အစည်းဆက်သွယ်ရေးဌာန၏ ခေါင်းဆောင်ကျောင်းသားလည်းဖြစ်သည်။

သားရဲလေ့ကျင့်သူဌာနကျောင်းသားအဖွဲ့သည်ယွိကျိုးကျောင်းသားကောင်စီ၏ စီရင်ပိုင်ခွင့်အပြင်ဘက်တွင် အကျုံးဝင်သည်၊ မည်သူမဆို သားရဲတစ်ကောင်ကို လေ့ကျင့်ပေးနိုင်သော်လည်း သားရဲလေ့ကျင့်သူဌာနမှကျောင်းသားများသည် အခြားဌာနများမှ ကျောင်းသားများထက် ၎င်းတို့၏ကိုယ်ပိုင်အရည်အချင်းများဖြင့် သားရဲလေ့ကျင့်သူများအဖြစ် အချိန်နှင့်ခွန်အားကိုပို၍အသုံးပြုရသည်။

ရွှယ်မင်သည် ယွိကျိုးမြို့တော်ကောင်စီ၏ ဂုဏ်ထူးဆောင်ဥက္ကဌရာထူးကိုရယူပြီးကတည်းက ကျောင်းသားအသင်းသည် ဗျူရိုကရေစီဆန်လွန်းလှသည်။

ဒါကတော့ကောင်းဖန် ကျောင်းသားအသင်းအဖွဲ့သို့မဝင်ရခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်သည်။

“ဒါဆိုကောင်းတာပေါ့” လီယွီကပင်ပန်းနေသောအပြုံးဖြင့် ပြောလိုက်သည်။

ထို့နောက် အားလုံးသည် လီယွီ၏နေရာကိုလိုက်သွားကြသည်။

ကျောင်းသားအသင်းအဖွဲ့အဖွဲ့ဝင်အများစုသည်ကောင်းဖန်ကိုအပြင်လူအဖြစ်သို့ မြင်နေကြဆဲဖြစ်သည်။ ဒါပေမယ့်, ကျွင်းမော့ယီက သူ့ကိုခေါ်လာပေးတာဖြစ်သည်။ ကောင်းဖန်ကဘယ်သူလဲဆိုတာကိုလည်း သူတို့သတိထားမိသည်၊ မည်သူကမျှ သူ့ဆီကဘာကိုမှမထင်မှတ်ဘဲ ပြောနိုင်ကြလောက်အောင်မမိုက်မဲကြပေ။

သူတို့သည်သားရဲတစ်ကောင်စီနှင့် သဘောတူညီမှုပြုပြီးကတည်းက, အကုန်လုံးသည် သူတို့၏သားရဲများကိုယူလာကြသည်။

ကောင်းဖန်က သူ့ဘေးတွင်လျှောက်နေသောဂိုဒီကိုကြည့်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ “တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ်လျှောက်မပြေးနဲ့။ ပထမဆုံးပြဿနာ တက်တာနဲ့, မင်းငါ့ကိုအဲ့ကနေသယ်ထုတ်ပြီး မင်းခြေထောက်တွေနဲ့ တတ်နိုင်သလောက်မြန်မြန်ပြေး, သိပြီလား?”

ဂိုဒီကမျက်မှောင်ကြုတ်လိုက်သည်၊ “ဒါပေမယ့်, ငါမှမင်းကိုမသယ်နိုင်တာ, ငါက ဘဲလေးတစ်ကောင်ဘဲလေ။”

ကောင်းဖန်ကအံ့ဩစွာဖြင့်စိုက်ကြည့်နေသည်။

မင်းက တစ်ချက်တည်းနဲ့ သစ်ပင်တစ်ပင်ကိုနှစ်ခြမ်းကွဲအောင်ကန်နိုင်တဲ့ ငါသိတဲ့ဘဲလေ!

ကျွင်းမော့ယီက အနက်ရောင်ခေါင်းနှစ်လုံးအမဲလိုက်ခွေးကို သူနှင့်အတူယူလာသည်၊ ၎င်း၏မျက်လုံးများ, လျှာနှင့်လက်သည်းများအားလုံးက အနီရောင်ဖြစ်သည်။

“မင်းရဲ့အနက်ရောင်အန်ဒါကွန်ဒါမြွေကဘယ်မှာလဲ?”

“အဲ့တာကမြို့ထဲလျှောက်သယ်သွားရမှာအရမ်းကြီးလွန်းတယ်။ ယွိကျိုးမြို့လမ်း တော်တော်များများက ချန်အန်းထက်ကျဉ်းတယ်” ကျွင်းမော့ယီကသူ့ခေါင်းကိုယမ်း ကာပြောလိုက်သည်။

“ငါသိပြီ” ကောင်းဖန်ကပြန်ပြောလိုက်သည်။

သူတို့အားလုံးကလီယွီ၏စုစုပေါင်း၁၃ထပ်ရှိသော သူ့တိုက်ခန်းအဆောက်အဦးဆီသို့ လိုက်သွားကြသည်။

တောအုပ်ကိုဖြတ်ပြီးခရီးထွက်လာရသလိုခံစားရပြီး ဘာမှမရှိသောကော်ရစ်ဒါ တစ်လျှောက်တွင် လမ်းလျှောက်လာရင်းဘာမှမမြင်ရ၊ မကြားရပေ။

သူတို့ကနောက်ဆုံးတော့ ထိပ်ဆုံးထပ်ကိုရောက်လာကြပြီး လီယွီကသူ့နေရာကို တံခါးဖွင့်လိုက်သည်၊ “အန်း,အန်း, ငါအိမ်ပြန်ရောက်ပြီ” သူကအော်လိုက်သည်။

တိတ်ဆိတ်နေမှုကသာသူနှင့်တွေ့ဆုံခဲ့သည်။

လီယွီနောက်တွင်ရပ်နေသောကောင်းဖန်သည် ရုတ်တရက်လေထဲမှမခံမရပ်နိုင်သော အနံ့အသက်ကိုရလိုက်သည်၊ ငါးပုပ်နံ့လိုမျိုးဘဲ၊

ကောင်းဖန်၏ဘေးဘက်တွင်ရပ်နေသောကျွင်းမော့ယီက “ဒီမှာတစ်ခုခုသေသွားသလို အနံ့မျိုးရနေတယ်”

“အန်းအန်း!” လီယွီကအိပ်ခန်းထဲမှအော်ဟစ်လိုက်သည်။

အခြားသူများကအိပ်ခန်းထဲသို့ဝင်လာပြီး, ဘာဖြစ်နေလဲဆိုတာလာကြည့်ကြတော့သည်။

သိသာစွာဖြင့်, လီယွီ၏ရွှေမြေသိမ်းပိုက်သူခွေးသည် အိပ်ခန်းထဲတွင်သေနေသည်။ နွေရာသီ၏အပူရှိန်ကြောင့်အသေကောင်၏ပုပ်သိုးခြင်းကအရှိန်မြင့်နေပြီး, ၎င်း၏အနံ့ကို တစ်ရက်တည်းနှင့် တိုက်ခန်းတစ်ခုလုံးပြည့်သွားစေသည်။

“ဒါငါ့အမှားပါ၊ ငါမင်းကိုအိမ်မှာ တစ်ကောင်တည်းမထားခဲ့သင့်ဘူး” လီယွီကပြောလိုက်သည်။

“ဒီအရာတွေကိုကြည့်ခြင်းအားဖြင့် ငါတို့နဲ့တွေ့ရမယ့်သတ္တဝါက အရမ်းရန်လိုပြီး သူ့ကိုယ်တိုင်ကလည်း အတော်လေးအားကောင်းတယ်…” ဆက်သွယ်ရေးဌာနမှ ခေါင်းဆောင်က ရေရွတ်လိုက်သည်။

အရင်တုန်းက, သူသည်ရှုပ်ထွေးမှုနည်းသောမစ်ရှင်များတွင် ကျောင်းသားအသင်းအဖွဲ့ များကိုဦးဆောင်ခဲ့သည်၊ သို့သော် ဤသည်မှာ ကိုယ်ပိုင်သားရဲတစ်ကောင်သေဆုံးခြင်းကို ပထမဆုံးရင်ဆိုင်ရတာဖြစ်သည်။ ဒါကကိုင်တွယ်ရလွယ်တဲ့ကိစ္စတော့မဟုတ်ပေ။

“ငါတို့ ရဲတွေကို အဲ့ဒီကိစ္စကိုင်တွယ်ခိုင်းလိုက်ကြမလား?” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ငါတို့ကဒီကိုတောင်ရောက်နေပြီဘဲ၊ ငါတို့အဲ့တာကိုဖြတ်ကျော်ရမယ်၊ သားရဲရဲ့ အဆင့်ကသိပ်ပြီးမမြင့်နိုင်လောက်ဘူး၊ မဟုတ်ရင်, သူကအမှောင်ထဲမှာ လူအုပ်ထဲက အရိပ်တစ်ခုလို ပုန်းလျှိုးကွယ်လျှိုးလုပ်နေမှာမဟုတ်ဘူးလေ၊”

“မင်းကြောက်နေတာလား?”

“ငါပိုပြီးအန္တရာယ်ရှိတဲ့သားရဲတွေနဲ့တွေ့ဖူးတယ်၊ ဒါကဘာမှမဟုတ်ပါဘူး”

အကုန်လုံးက ၎င်းတို့၏သားရဲအမဲလိုက်ခြင်းကို ဆက်လက်လုပ်ဆောင်သင့် မလုပ်ဆောင်သင့်အကြောင်းကို အချင်းချင်းငြင်းခုံလာကြသည်။

ကောင်းဖန်ကသက်ပြင်းချလိုက်သည်။

“သွားရအောင်၊ ဂိုဒီ” ကောင်းဖန်က ဘဲ၏ခေါင်းကိုလက်ဖြင့်ပုတ်ကာ ပြောလိုက်သည်။

ပထမတော့ကောင်းဖန်သည် ကျောင်းသားအသင်းအဖွဲ့နှင့်တွေ့ကြုံနေရသည့်သားရဲ အမျိုးအစားကိုသိချင်ခဲ့သည်။ သို့သော်, သူတို့ရန်ဖြစ်နေတာမြင်ရတော့ငြီးငွေ့လာပြီ ဖြစ်သည်၊ ထို့နေ့တွင် ဒီအရာအားလုံးကိုမဖြေရှင်းနိုင်ပါက ၎င်းနှင့်ပတ်သတ်ပြီးတစ်ခုခု လုပ်ဆောင်ရန်သူ့အဘိုးအား တစ်စုံတစ်ယောက်ကိုစေလွှတ်ခိုင်းရမည်။

ထို့နောက်,ကောင်းဖန်သည် သူ၏ခြေလှမ်းတွေကိုရပ်လိုက်သည်၊၊

လီယွီ၏အဆိုအရ သားရဲသည် သူ့အားတစ္ဆေတစ်ကောင်ကဲ့သို့အမဲလိုက်နေသည်၊ လှေကားအောက်ဆင်းပြီး သူကိုယ်တိုင်ချောင်းမကြည့်ဘူးလား?

ကောင်းဖန်ကတိတ်ဆိတ်စွာဖြင့်ထိုကိစ္စနှင့်ပတ်သတ်ပြီးစဉ်းစားလိုက်သည်။ ထို့နောက်သူကပြောလိုက်သည်, “တခြားသူတွေကိုစောင့်ကြရအောင်”

ထို့နောက်အားလုံးက ခေါင်မိုးထပ်သို့တက်သွားကြသည်၊ သို့သော်, ထိုနေရာတွင် ဘာကိုမျှရှာမတွေ့ပေ။

ဆက်သွယ်ရေးဌာနမှခေါင်းဆောင်ကမျက်မှောင်ကြုတ်လိုက်သည်၊ လီယွီက သားရဲသည် ခေါင်မိုးထပ်တွင် နေ့တိုင်းပေါ်လာသည်ဟုသူ့ကိုပြောသည်၊ ဖြစ်နိုင်တာက သူကထောင့်တွေမှာများပုန်းနေတာလား။

“ဖြစ်နိုင်တာ…” ကောင်းဖန်ကစပြောလိုက်သည်၊ “ဖြစ်နိုင်တာကလီယွီကြားတဲ့အသံက ခေါင်းမိုးထပ်ကကြားရတာ မဖြစ်နိုင်ဘူး…”

“ဒါဆိုရင်သူတို့ကဘယ်ကလာတာဖြစ်နိုင်လဲ?” တစ်စုံတစ်ယောက်ကမေးလိုက်သည်၊

“နံရံတွေဆီကနေ”

“…”

လီယွီကတုန်ယင်သွားပြီးနောက်, အားနည်းစွာဖြင့်ရယ်လိုက်သည်၊ “မင်းနောက်နေတာဘဲဖြစ်ရမယ်…”

“ငါကတော့သားရဲက ခေါင်မိုးထပ်မှာဘဲရှိနေသေးတယ်လို့ တွေးနေတုန်းဘဲ” ကျောင်းသားထဲကတစ်ယောက်ကပြောလိုက်သည်။

“ဒါပေမယ့်ငါတို့အဲ့တာကို ဒီနေရာရဲ့နေရာအနှံ့မှာ ရှာကြည့်ပြီးပြီ၊ အဲ့ကောင်ရဲ့ အရိပ်အယောင်ဘာမှမရှိဘူး” နောက်ထပ်ကျောင်းသားကပြောလိုက်သည်။

“မင်းနေရာအနှံ့ရှာကြည့်ပြီးတာသေချာလား?” ကောင်းဖန်ကမေးလိုက်သည်။

အတွေ့အကြုံမရှိသောဒီလူများကို သူဘယ်လိုမှမယုံနိုင်ပေ။

“အင်း,သေချာတယ် ငါခေါင်မိုးထပ်ကနေရာတွေအားလုံးကို ရှာပြီးပြီ”

“အခုတိုက်ခန်းအဆောက်အဦးရဲ့ဘေးတွေမှာသားရဲတစ်ကောင်တွယ်ကပ်နေရင် ဘာဖြစ်မလဲ? မမြင်နိုင်ရင်ဘယ်လိုလုပ်မလဲ?” ကောင်းဖန်ကပြောလိုက်သည်။

“ဒါကမဖြစ်နိုင်တာဘဲ”

သို့သော်, ဆက်သွယ်ရေးဌာနခေါင်းဆောင်က “ငါ့အထင်တော့ ကောင်းဖန်ဆိုလိုတာ ဖြစ်ကောင်းဖြစ်နိုင်တာဘဲ။

ကြည့်ကြည့်လို့လည်း ဘာမှတော့ဖြစ်မသွားလောက်ပါဘူး”

အဆောက်အဦး၏နံရံမှာ သားရဲပုန်းနိုင်သည့်နေရာ ဘယ်နေရာမှမရှိပေ။

နောက်တော့တစ်ခုခုဖြစ်သွားခဲ့သည်။

ကျောင်းသားတစ်ယောက်က ခေါင်မိုးထပ်အစွန်းကိုကြည့်နေရင်း စူးဝါးသောအော်ငိုသံကို ညလေအေးထဲတွင်ကြားလိုက်ရသည်၊ ထိတ်လန့်သွားပြီးခေါင်မိုးအစွန်းဘက်ကို ကြည့်နေတဲ့ကျောင်းသားက နောက်ပြန်ကျသွားပြီး ၎င်း၏ကျောဘက်နှင့်ကျသွားတော့သည်။

အဖြူရောင်လက်သည် ခေါင်မိုးထပ်အစွန်ပေါ်မှအန္တရာယ်ပြုကာ ပြင်းထန်စွာဖြင့်ပစ်ချလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၂၇

အား!!!

စူးစူးရှရှအော်သောအသံကတိတ်ဆိတ်သော ညကောင်းကင်ယံကိုထိုးဖောက် သွားတော့သည်။

ခေါင်မိုးထပ်အစွန်နားတွင်ရပ်နေသောမိန်းကလေးက ချက်ချင်းပင်သတ္တဝါနားမှ ဆုတ်သွားပြီး, သူမမျက်နှာကဖြူဖျော့နေသည်။

ကောင်းဖန်ကထိုသားရဲ၏စွမ်းရည်များကို စစ်ဆေးကြည့်လိုက်သည်။

[မကောင်းဆိုးဝါးအမည်]-အစိမ်းရောင်အမဲလိုက်သူ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၀

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-တစ္ဆေ/ ဖုတ်ကောင်

[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-စိတ်လှည့်စားခြင်းအဆင့်၁

[မကောင်းဆိုးဝါးအားနည်းချက်]-အလင်း/ဘုရား/လျှပ်စီး

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(စိတ်လှုပ်ရှား)

[ထူးခြားသောသွင်ပြင်လက္ခဏာများ]; ၎င်းကကြောက်ရွံ့မှုများမှသန်မာသည်၊ အခြားသောသက်ရှိသတ္တဝါများ၏ကြောက်ရွံ့မှုကို ယင်အမျိုးအစားတိုက်ခိုက်မှုအဖြစ် ပြောင်းလဲတိုက်ခိုက်နိုင်သည်။

ကောင်းဖန်သည်၎င်း၏စွမ်းရည်များကို စစ်ဆေးနိုင်ခြင်းကြောင့် ဆိုလိုသည်မှာ ၎င်းတို့သည်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ဆက်ဆံနေရခြင်းဖြစ်သည်။

ရှေးခတ်တစ်ချိန်တစ်ခါက စိုးရိမ်ကြောက်ရွံ့ရသော အယူသီးတဲ့စိတ်တွေကိုသရဲခြောက်ခဲ့ဖူးတဲ့တစ္ဆေတွေလိုမျိုး တခြားသားရဲတွေကိုစိတ်တွင်ထင်မြင်လာစေခြင်းဖြင့် လှည့်စားခြင်းကဲ့သို့လုပ်ခြင်းသည် သူတို့အတွက်တော့ သိပ်ပြီးပြဿနာမဖြစ်ပေ။

၎င်း၏စွမ်းရည်များနှင့်အားနည်းချက်များကို သိရှိခြင်းသည်လည်း ၎င်းကိုနှာတစ်ဖျား ပိုသာပြီး ၎င်းကိုဆန့်ကျင်နိုင်သည်။

ဘယ်သူမှမသိကြဘဲ, အိမ်ခေါင်မိုးပေါ်သို့ ထူထဲသောမြူများသည်ရုတ်တရက် ကျရောက်လာသည်။

အဆောက်အဦး၏အစွန်မှ မြူခိုးနှာမောင်းနွယ်နှစ်ခုက ဖြည်းညင်းစွာဖြင့်ကျလာပြီး သူတို့ကိုလိုက်ရှာတော့သည်။

မီးဘောလုံး၏အောက်တွင်ရှည်လျားပြီး, သေးသွယ်သောခန္ဓာကိုယ်ရှိသည်၊ ၎င်း၏ဓားသွားခေါင်းသည် အဖုများဖြင့်ပြည့်နေပြီး, ၎င်းမှပိန်လီနေသော အဝါရောင်ပြည်များက ၎င်းမှတစက်စက်ကျနေသည်။

“အဲ့တာဘာကြီးလဲ?” တစ်စုံတစ်ယောက်က အသက်ရှုဖို့ပင်ကြောက်လန့်နေကာ မေးလိုက်သည်။

ရေ၏အရည်စက်များကသူတို့ခြေထောက်အောက်တွင်ရေလွှာတစ်ခုဖြစ်မသွားခင်ထိ ရုတ်တရက် သူတို့အောက်သို့လှိမ့်ဝင်လာတော့သည်။

ကောင်းဖန်က သူ၏ညာဖက်ခြေထောက်ကို ရေထဲမှဆွဲထုတ်ရန်ကြိုးစားသော်လည်း ချက်ချင်းပင်သူ့ကိုပြန်ဆွဲချသည်။

“ဘယ်လိုတောင်ဒုက္ခပေးတဲ့စွမ်းရည်လဲ…” ကောင်းဖန်ကသူ့မျက်လုံးများကို အစိမ်းရောင်အမဲလိုက်သူများ ကျဉ်းမြောင်း၍ကြည့်ကာပြောလိုက်သည်၊ ၎င်း၏လှည့်စားမှုအစစ်အမှန်များကိုခံစားခဲ့ရခြင်းအတွက် ဘယ်လောက်ဘဲနားလည် သဘောပေါက်ခဲ့တောင် သူအကူအညီမဲ့ခဲ့သည်။

“ပြေး!” ဆက်သွယ်ရေးဌာနမှခေါင်းဆောင်က အော်လိုက်သည်၊ ၎င်း၏ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်သောသားရဲတစ်ကောင်သည် ကွန်မန်ဒါအဆင့်တွင်ရှိရမည်၊ သူတို့၏သားရဲများသည် တစ်ကောင်မှ၎င်းနှင့်မယှဉ်နိုင်ပေ။

ထို့နောက်သူ၏သားရဲကို သူတို့၏နောက်ပြန်ဆုတ်မှုအတွက် ကာကွယ်ပေးရန် အမိန့်ပေးလိုက်သည်။ “မင်းတို့သွားကြ၊ ငါအဲ့ကောင်ကိုပြန်ထိန်းထားပြီး မင်းတို့ကရဲကို အကြောင်းကြားလိုက်၊ ဒါကငါတို့စွမ်းရည်တွေထက် ကျော်လွန်သွားပြီ”

လူသားများက တိုက်ခိုက်ရန်ပြုလုပ်နေကြဆဲဖြစ်တာကြောင့် အစိမ်းရောင်အမဲလိုက်သူက ပို၍ပင်ဒေါသထွက်လာသည်၊ ၎င်းကသူ၏ခန္ဓာကိုယ်ကိုဘောလုံးတစ်လုံးလိုမျိုး ပြန့်ကားလိုက်ပြီး ဘေးပတ်လည်ရှိလေထုကိုလှုံဆော်ကာ ကြောက်မက်ဖွယ်ကောင်း သောစီကနဲအော်မြည်သံကိုထုတ်လွှင့်လိုက်သည်။

“ဘုရားရေ” အသက်ရှုနေရင်းဖြင့်ဆက်သွယ်ရေးခေါင်းဆောင်ကပြောလိုက်သည်၊ ၎င်းကပေ၂၀ထက်ပင်ပို၍ရှည်ကာ ကြီးထွားလာသည်၊ ၎င်း၏လက်မောင်းများကယခုတွင် လှံတစ်ချောင်းကဲ့သို့ရှည်လျားနေပြီဖြစ်သည်။

“ဂတ်!” အနီးနားမှရုတ်တရက်ဘဲအော်သံပြီး သူကလှည့်ကြည့်လိုက်သော ဘဲကသူ့ကိုဖြတ်ကျော်သွားသည်ကိုမြင်လိုက်ပြီး, ၎င်း၏ရေယက်ကြောင်းနောက်တွင် ရွှေရောင်အလင်းကြောင်းတစ်ခုကို ချန်ထားခဲ့သည်။

“ပြန်လာခဲ့!”

ဆက်သွယ်ရေးဌာနခေါင်းဆောင်ချောင်ကျင်းသည်ဘဲ၏အမြီးကိုဆွဲရန် ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပေ။

အဝါရောင်ဘဲသည် အရေပြားဆက်ခြေချောင်းများဖြင့် ကွန်ကရစ်ကြမ်းပြင်မှ တဖတ်ဖတ်မြည်နေသည့်အသံကို ဆန့်ကျင်စွာပြုလုပ်နေပြီး အပြေးအလွှားဖြင့် အစိမ်းရောင်အမဲလိုက်သူထံသို့သွားတော့သည်။ ၎င်းကအနည်းဆုံး၁၀ပေအကွာမှရှိနေပြီး ၎င်း၏အတောင်ပံနှစ်ဖက်ကို အဆက်မပြတ်ခတ်ကာ ခုန်သွားနေသည်။

၎င်း၏ညာခြေထောက်သည် သားရဲ၏ခြေထောက်ကိုရည်ရွယ်လျက် ၎င်းကိုပြင်းထန်စွာ ကန်ရန်အသင့်ဖြစ်နေသည်။

ဒေးဗစ်က ဂိုးလစ်ရှ်၏ခြေထောက်ကိုကန်ရန် ရွယ်ထားသကဲ့သို့ပင် ဖြစ်နေသည်။

ရုတ်တရက် ဘဲ၏ခန္ဓာကိုယ်သည် အပြာရောင်အလင်းများတောက်ပလာတော့သည်။ ထို့နောက် အပ်ကဘောလုံးကိုဖောက်လိုက်သလိုမျိုး, လှည့်စားမှုတို့ကပျောက်ကွယ် သွားတော့သည်။ သူတို့၏ခြေထောက်အောက်မှပေါ်လာသော ရေအိုင်များသည် အဆောက်အဦးပေါ်တွင် ဆိုးယုတ်သောအသွင်အပြင်ဖြင့် လေထဲတွင်ထူထပ်သော မြူခိုးတွေကဲ့သို့ ချက်ချင်းအငွေ့ပျံသွားတော့သည်။

ဘဲတစ်ကောင်သည် အစိမ်းရောင်အမဲလိုက်သူ၏လှည့်စားမှုများကို ဖယ်ရှားနိုင်ခဲ့သည်။

ချောင်ကျင်းသည် ခေါင်မိုးပေါ်ရှိအရာအားလုံးကိုရှင်းလင်းစွာဖြင့် မြင်နိုင်ပြီဖြစ်သည်။

အရပ်နှစ်ပေမြင့်သော ပိန်လှီနေသည့်အသွင်ရှိသည့်သတ္တဝါသည် ခေါင်မိုးထပ်အစွန်းကို ဖက်တွယ်ထားပြီး မနှစ်မြို့စွာဖြင့်အကုန်လုံးကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။ ၎င်းတွင် လုံးဝန်းသောခေါင်းနှင့်ပိန်လှီသောလက်များရှိကာ သူ၏ခန္ဓာကိုယ်မှငေါထွက်နေသည်၊ ၎င်းကကြောက်စရာကောင်းသောအသံစူးစူးကို ထုတ်လွှင့်လိုက်သည်။

ဂိုဒီက ၎င်း၏မျက်နှာကိုကန်လွှတ်လိုက်သည်၊ ငါကမင်းမအော်ဖို့သင်ပေးမယ်!

ဘန်း!

အစိမ်းရောင်အမဲလိုက်သူသည် ခေါင်မိုးပေါ်မှ ဂိုဒီ၏ကန်ချခြင်းကိုခံလိုက်ရသည်။

“ဘာလို့အဲ့လိုလုပ်တာလဲ?!” ကောင်းဖန်က ဒေါသထွက်စွာဖြင့်ပြောလိုက်သည်၊ မြေပြင်နှင့်တစ်ခုခုရိုက်မိသည့်အသံက သူ့နားထဲသို့ရောက်လာတော့သူ့ခေါင်းက ခေါင်မိုးစွန်းဘက်သို့ဆန့်သွားသည်။

သေစမ်း!

ဂိုဒီက သူ့အမွှေးတွေကိုကမ္ဘာပေါ်ရှိဘာကိုမှဂရုမစိုက်သလို နှုတ်သီးဖြင့်ပြုပြင်နေသည်ကိုတွေ့သောအခါ ကောင်းဖန်ကရယ်ရမလား ငိုရမလား သူ့ခေါင်းကိုဘဲရိုက်လိုက်ရမလား မသိတော့ပေ။

သူကထိုအစိမ်းရောင်အမဲလိုက်သူကို အိမ်ကိုဖမ်းယူ၍ဆက်လက်လေ့လာချင်သည်၊ ဂိုဒီသည် ၎င်းကိုပြုတ်ကျသေဆုံးစေမည်ဟု ဘယ်သူက တွေးထင်ထားမည်နည်း?

ဒီလိုကျသွားမှုမျိုးမှ ဘယ်သူမှအသက်မရှင်နိုင်ပေ။

“သားရဲကဘယ်ရောက်သွားပြီလဲ?” တစ်စုံတစ်ယောက်ကမေးလိုက်သည်။

လှေကားထစ်အတွင်းတွင်ပုန်းအောင်းနေကြသော အခြားသူများသည်တံခါးဝမှခေါင်းကို ထုတ်လာကြပြီး အသံတိတ်၍ခေါင်မိုးပေါ်တွင် ရုပ်ထုတစ်ခုလိုမျိုးရပ်နေသည့် ချောင်ကျင်းကိုတွေ့လိုက်ရသည်။

အရာရာကိုမထုံတတ်တေးမျက်နှာဖြင့်ကြည့်နေသော ကျွင်းမော့ယီကသူ၏ ခေါင်းနှစ်လုံးခွေး၏ခေါင်းကိုပုတ်ပေးလိုက်ပြီး တည်ငြိမ်စွာဖြင့်လှေကားမှလမ်းလျှောက် ဆင်းသွားတော့သည်။

အစိမ်းရောင်အမဲလိုက်သူက ပန်းခင်းထဲသို့ကျသွားသည်။

ကျွင်းမော့ယီကအစိမ်းရောင်အမဲလိုက်သူကျသွားသည့်နေရာသို့ရောက်သွားသောအခါ, သူမြင်လိုက်ရတာကအစိမ်းရောင်သွေးအိုင်ဘဲဖြစ်သည်၊ ၎င်း၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။

“ဝုတ်!” ခေါင်းနှစ်လုံးခွေးသည်စိတ်လှုပ်ရှားနေသောဟောင်သံကိုထုတ်လွှင့်လိုက်ပြီး ပန်းခင်း၏အခြားတစ်ဖက်သို့သားရဲ၏အနံ့ကိုခံကာလိုက်လျှောက်သွားတော့သည်။

ကောင်းဖန်နှင့်အခြားသူများကကျွင်းမော့ယီကိုမကြာခင်မှာဘဲမီသွားကြသည်။ ထို့နောက်,ပုံရိပ်တစ်ခုကသူ့လက်ထဲတွင်ကိုင်ကာရှေ့သို့သွားနေသည်ကိုသူတို့ မြင်လိုက်ရသည်၊ လက်ရှိသူတို့အားသတိပြုမိသည်နှင့်ပုံရိပ်ကချက်ချင်းပင်ထွက်ပြေး တော့သည်။

“ရပ်လိုက်!” ချောင်ကျင်းကအော်လိုက်သည်။

ခေါင်းနှစ်လုံးခွေး၏မျက်လုံးများကပို၍အနီရောင်တောက်လာကာ သားကောင်ထံသို့ ပြေးသွားတော့သည်။

ဘယ်ခြေနှစ်ချောင်းရှိသောသူမဆို ကျွင်းမော့ယီ၏ခြေလေးချောင်းခွေးဆီမှထွက်မပြေး နိုင်ပေ၊ ခွေးကသူနှင့်နီးလာသည်ကိုမြင်သည်နှင့်, ထိုလူကအစိမ်းရောင်အမဲလိုက်သူ၏ ခန္ဓာကိုယ်ကိုမြေပြင်သို့ပစ်ချလိုက်ပြီးနောက်ဖေးလမ်းကြားသို့ပြေးတော့သည်။

ခွေးက၎င်း၏အမှီလိုက်ခြင်းကိုအရှိန်မလျှော့ပေ၊ ထို့နောက်၎င်းကရှေ့သို့ခုန်လိုက်ပြီး, ၎င်း၏ခေါင်းတစ်လုံးစီကအစွယ်များဖြင့်ထိုလူ၏ခြေထောက်ထဲသို့နစ်ဝင်သွားစေပြီး, ထိုလူကိုလဲကျသွားစေသည်။

ကောင်းဖန်နှင့်တခြားသူများကနောက်ဆုံးတွင်သူတို့၏လိုက်မှီသွားတော့သည်။ “ဒီသားရဲကမင်းဟာလား? ငါ့ကိုဘာလို့ဒီလိုလုပ်ရတာလဲ?” လီယွီကမေးလိုက်ပြီး သိသိသာသာပင်သူကစိတ်လှုပ်ရှားနေသည်၊ ထို့နောက်ထိုလူစိမ်းကိုကန်လိုက်သည်။

“ငါဒီဟာနဲ့ဘာမှလုပ်ဖို့ကြံမထားပါဘူး၊ ဒါကငါ့ရဲ့သားရဲမဟုတ်ဘူး၊ ဒီအသေကောင်ကို ရောင်းပြီးငွေနည်းနည်းလောက်ရနိုင်မယ်လို့တွေးခဲ့တာ” ထိုလူကလက်နှစ်ဖက်ဖြင့် ခေါင်းကိုကာ၍ပြောသည်။

“လီယွီ,ကျွန်တော်တို့သူ့ကိုရဲတွေဆီလွှဲပေးသင့်တယ်” ချောင်ကျင်းကပြောလိုက်သည်။

မကြာခင်မှာဘဲရဲတွေကအခင်းဖြစ်ပွားရာနေရာသို့ရောက်လာပြီး အားလုံးကိုစစ်ဆေး မေးမြန်းခဲ့သည်၊ အစိမ်းရောင်အမဲလိုက်သူ၏အလောင်းနှင့်၎င်းကိုယူ၍ထွက်ပြေးရန် ကြိုးပမ်းခဲ့သူကိုရဲစခန်းသို့ခေါ်သွားကြသည်။

ကောင်းဖန်ကအသုံးမဝင်တော့သောအစိမ်းရောင်အမဲလိုက်သူ၏အလောင်းကိုကြည့် လိုက်သည်၊ ၎င်းနှင့်ပတ်သတ်ပြီးအသုံးဝင်တာကိုရှာမတွေ့တော့, သူကရဲလက်ထဲကို သာအပ်ဖို့ဆုံးဖြတ်လိုက်သည်။

အကုန်လုံးပြောဆိုပြီးသွားသည်နှင့်,လီယွီကသူ့အားကူညီပေးသည့်သူများအားလုံးကို ကျေးဇူးတင်သောကြောင့်အကုန်လုံးဒီရက်အတွင်းညစာကျွေးမည်ဟုကတိပေးလိုက် သည်။

အကုန်လုံးကိုလက်ယမ်းပြီးနှုတ်ဆက်လိုက်ကာ, ကောင်းဖန်ကတက္ကဆီငှားလိုက်ပြီး အိမ်သို့ပြန်ခဲ့သည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၂၈

ကောင်းဖန်ကသူသွားမည့်နေရာကိုပြောပြတော့ဒေါသတကြီးပြောတဲ့အပြင်, တက္ကဆီဒါရိုက်ဘာသည်သွားရာလမ်းတစ်လျှောက်လုံးတွင်လည်းစကားတစ်လုံးမှ မပြောပေ။

ဒါရိုက်ဘာ၏တိတ်ဆိတ်ငြိမ်သက်မှုကိုစိတ်ဝင်စားခြင်းမရှိဘဲ, ကောင်းဖန်သည် ပြတင်းပေါက်အပြင်ဘက်မှဖြတ်သန်းသွားသောရှုခင်းများကိုသာလိုက်ကြည့်နေသည်။လူမရှိသောလမ်းများပေါ်တွင်ကားကထိုအတိုင်းမောင်းသည်။

“မစ္စတာ, တောင်ပိုင်းကောင်းကင်အဖွဲ့ကဒီလမ်းမဟုတ်ဘူး၊” ကောင်းဖန်ကပြောလိုက် သည်။

“အဝေးပြေးလမ်းမကြီးကယဉ်အသွားအလာပိတ်နေတာကိုရှောင်ပြီးလမ်းလွှဲမောင်း လာတာ” ဒါရိုက်ဘာကပြောလိုက်သည်၊ ဒါရိုက်ဘာ၏အသံကအက်နေပြီး, သူကအချိန်ကြာကြီးအသုံးမပြုခဲ့ဖူးသလိုဖြစ်နေသည်။

ကောင်းဖန်ကသူ့မျက်လုံးကိုကျဉ်းကာထိုသူ့ကိုကြည့်လိုက်ပြီးနောက်, အများသုံးအိမ်သာရှိသည့်အနီးအနားတွင်ရပ်ခိုင်းလိုက်သည်။

“ကားကိုရပ်လိုက်ပါ၊ ကျွန်တော်သန့်စင်ခန်းသုံးဖို့လိုတယ်”

ဒါရိုက်ဘာကညာဘက်သို့ကားကိုကွေ့လိုက်သည်၊ “ငါတို့မကြာခင်တောင်ပိုင်း ကောင်းကင်အဖွဲ့ကိုမိနစ်၂၀အတွင်းရောက်တော့မှာ၊ သေချာသာကိုင်ထားစမ်းပါ”

ကောင်းဖန်၏ဘေးတွင်ငြိမ်သက်စွာထိုင်နေသောဂိုဒီက ရုတ်တရက်ခုန်တက်ကာ ဒါရိုက်ဘာ၏ခေါင်းကိုသူ၏အတောင်တစ်ဖက်ဖြင့်ထိုးနှက်ရိုက်လိုက်သည်!

ဒါရိုက်ဘာကခဏလောက်မူးဝေသွားသည်၊ သူ၏ခေါင်းနောက်တွင်တဒုတ်ဒုတ်မြည်၍ နာကျင်နေသည်၊ ယုတ်မာသောအကြည့်တို့ကရုတ်တရက်သူ့မျက်နှာတွင်ဖြတ်ပြေး သွားသည်။

သူ့၏အသက်ရှုသံအောက်တွင်ဆဲရေးလိုက်ပြီး ဒါရိုက်ဘာကပြောလိုက်သည်, “အဲ့တာနဲ့ပတ်သတ်ပြီးသိပ်အချိန်မဆွဲနဲ့ လူငယ်လေး၊ ငယ်ငယ်ရွယ်ရွယ်နဲ့အချိန်ကြာ မထိန်းနိုင်ဘူးဆိုရင်မင်းရဲ့ဆီးအိမ်မှာတစ်ခုခုမှားနေလို့ဘဲ” သူပြောခဲ့သောစကားနှင့် ပတ်သတ်ပြီးထိုသူကရယ်စရာတစ်ခုလိုရယ်မောလိုက်သည်။

“ဂိုဒီ,သူ့ကိုရိုက်” ကောင်းဖန်ကကောင်းမောင်းသူကြားအောင်အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ဒါရိုက်ဘာ၏မျက်နှာကဖြူဖျော့သွားပြီး ချက်ချင်းပင်ဘရိတ်ပေါ်သို့ဆောင့်နင်းလိုက် သည်၊ “အခုဒီလိုကြီးအလျင်တလိုမလုပ်ဘဲနေရအောင်”

ကောင်းဖန်ကတည်ငြိမ်စွာဖြင့်ကားပေါ်မှဆင်းလိုက်ပြီး သူ့နောက်မှဂိုဒီကိုကားပေါ်မှ ထုတ်လိုက်သည်၊ “ကျွန်တော်စပြောကတည်းက ခင်ဗျားရပ်သင့်တယ်၊ ခင်ဗျားကိုဘယ်သူ ပို့လိုက်တာလဲ, ပြောစမ်း?”

ဒါရိုက်ဘာကသူ့ခေါင်းကိုယမ်းလိုက်သည်၊ “ဒီလိုကောက်နှုတ်ချက်တွေကြား ခုန်မဝင်ပါနဲ့ကွာ” သူကသူ၏လက်နှစ်ဖက်ကိုကောင်းဖန်အားအန္တရာယ်ပြုမည်မဟုတ် ကြောင်းပြသလိုမျိုးမြှောက်၍ပြလိုက်သည်။

တစ်ချိန်တည်းမှာပင်, ကားနောက်ဖုံးမှတိတ်တဆိတ်ပွင့်သွားပြီး အဖြူရောင်အမွှေးများ ရှိသောမျောက်ကခိုးကြောင်ခိုးဝှက်ဖြင့်အထဲမှအပေါ်သို့တက်လာသည်။

၎င်း၏ဖွဖွလျှောက်နိုင်သောခြေထောက်များကျေးဇူးကြောင့်, လမ်းပေါ်လာသောအခါ တွင်အသံမထွက်ပါ။

အမွှေးဖြူမျောက်သည်ကောင်းဖန်အနောက်မှဖြည်းညှင်းစွာချဉ်းကပ်လာပြီး ၎င်း၏မျက်လုံးများသည်ထိတ်လန့်ဖွယ်ကောင်းစွာတောက်ပနေသည်။

ထို့နောက်၎င်းကသူ၏ခေါင်းနောက်ကိုရိုက်ချလိုက်သည်။

ကောင်းဖန်လဲကျသွားသည်နှင့်, ထိုမျောက်ကဂိုဒီ၏ခေါင်းကိုသူ့အားရိုက်သလိုမျိုး ရိုက်လိုက်သည်ကိုမြင်လိုက်သည်။ခရမ်းရောင်အလင်းကဂိုဒီ၏ခန္ဓာကိုယ်မှဖြတ်သန်း လာသည်၊ သတိပေးချက်မရှိဘဲ, ဘဲ၏ခန္ဓာကိုယ်သည်ကျယ်ပြန့်လာသည်။

ဒါရိုက်ဘာ၏ အူမြူးနေသောအကြည့်တို့သည်အံ့အားသင့်ခြင်းသို့ပြောင်းသွားသည်၊ ဘာကြောင့်အဲ့ကောင်ကရပ်နေသေးတာလဲ? တစ်ခုခုတော့မှားနေပြီ, သူတွေးလိုက် သည်။

ကောင်းဖန်ကသူ၏ခေါင်းနောက်ဖက်ကိုစတင်ပွတ်သတ်လိုက်သည်၊ ဒဏ်ရာအပြင်းအထန်မရသော်လည်း ခေါင်းကတော့ကျိန်းနေသေးသည်။

သူကသုံးပေရှည်သောအမွှေးဖြူမျောက်သည်သူ့အားစိုက်ကြည့်နေသည်ကိုတွေ့လိုက် ပြီး, ၎င်း၏စိမ်းပုပ်ရောင်မျက်လုံးများသည်အမှောင်ထဲတွင်တောက်ပနေသည်။ ၎င်းက ကောင်းဖန်သည်လည်းသူ့ကိုကြည့်နေသည်အားသတိထားမိလိုက်ပြီး,သူ့ကိုပြုံးဖြဲဖြဲပြုံး ပြလိုက်ပြီးသူ၏ ပေါင်ခွကြားအားကန်ဖို့ရွယ်လိုက်သည်။

ဒါကတော့ အတော်လေးကိုဆိုးတဲ့မျောက်ဆိုးဘဲ, သူကတွေးလိုက်သည်။

ကောင်းဖန်သည်လျင်မြန်စွာဖြင့်သူ၏ပေါင်ခွကြားကိုသူ၏လက်များဖြင့်ကာလိုက်ပြီး, မျောက်၏ခြေထောက်ကသူ၏လက်ခုံပေါ်သို့ကျသွားသည်။

ရုတ်တရက်သူ့လက်မှနာကျင်မှုသည် ခရမ်းရောင်တဖျပ်ဖျပ်လက်တောက်ပနေသော တစ်ကိုယ်လုံးပြန့်ကားလာသည့်ဂိုဒီဆီသို့ဦးတည်ရာပြောင်းသွားသည်၊

ဂိုဒီကခြောက်ပေလောက်ကြီးနေပြီဖြစ်သည်၊၎င်း၏အဝါရောင်အမွှေးအင်္ကျီသည်ယခု တွင်ချုပ်ရိုးများကပေါက်ထွက်တော့မလိုဖြစ်နေသည်။

၎င်းသည်အင်္ကျီဇစ်ကိုအတောင်များဖြင့်ဆွဲချကာ၎င်း၏အောက်ဘက်ရှိကြွက်သားများ ကိုပေါ်လွင်စေအောင်သူ့အမွှေးများကိုခါယမ်းလိုက်သည်။

[မကောင်းဆိုးဝါးအမည်]-ဆီးနှင်းအလောင်းကောင်မျောက်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၀

[မကောင်းဆိုးဝါးစွမ်းရည်]-ယင်/အလောင်းကောင်

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

အစိမ်းရောင်အမဲလိုက်သူနဲ့ငါတို့တွေ့ပြီးပြီးချင်းအလောင်းကောင်အမျိုးအစားသားရဲ တစ်ကောင်၊ ကောင်းဖန်ကဒါကတိုက်ဆိုင်မှုတစ်ခုလို့တော့မထင်ပေ၊ ယာဉ်မောင်းသည် အစိမ်းရောင်အမဲလိုက်သူ၏သေဆုံးမှုကိုလက်စားခြေရန်လာခဲ့ခြင်း ဖြစ်ရမည်။ ဘယ်သူနဲ့အလုပ်အတူတွဲလုပ်နေလဲဆိုတာကြည့်ရအောင်။

ဒါရိုက်ဘာ၏မျက်နှာသည်ရှုပ်ထွေးမှုတို့အားထိန်းချုပ်ထားပြီး သူ၏ဂျာကင်၏အင်္ကျီ လက်ထဲမှသတ္ထုချောင်းကိုထုတ်ကာကောင်းဖန်ဆီသို့လွှဲယမ်းလိုက်သည်၊

ကောင်းဖန်ကအလွယ်တကူသတ္ထုချောင်းကိုသူ၏ဘယ်လက်ဖြင့်ဖမ်းလိုက်သည်။

သူ့ခန္ဓာကိုယ်တွင်သူ့သားရဲများ၏ကြီးထွားမှုကြောင့်ဖြစ်ပေါ်လာသောတိုးတက်သည့် အကျိုးသက်ရောက်မှုများကထိန်းသိမ်းထားဆဲဖြစ်သည်။ မျောက်ကိုသူကိုယ်တိုင် မကိုင်တွယ်နိုင်ပေမယ့် သူ့သခင်ကိုတော့လက်ဗလာနှင့်ခေါက်နိုင်သေးသည်။

သူ့အဘိုးကသင်ပေးခဲ့သည့်လက်ဝှေ့ပုံစံကိုပြန်ပြောင်းသတိရတော့ ကောင်းဖန်က သူ၏ညာခြေထောက်ကိုဆောင့်ချလိုက်ပြီးသူ၏စွမ်းအင်များကိုသူ့ခန္ဓာကိုယ်ရှိ အဆစ်တိုင်းဆီသို့ပို့လိုက်ပြီး သူ့၏ညာလက်သီးအတွင်းသို့ပို့လိုက်သည်။

ထို့နောက်, သူ၏လက်သီးကိုလေထဲသို့ထိုးသွင်းလိုက်ပြီး ပေါက်ကွဲသောအသံကြီးကို ပြုလုပ်လိုက်သည်။

ကောင်းဖန်၏ထိုးချက်ကြောင့် ဒါရိုက်ဘာသည်ချက်ချင်းပင်လမ်းကိုဖြတ်ကျော်ကာ ပျံထွက်သွားတော့သည်။

သူ၏သခင်ကကန်ထုတ်ခံလိုက်ရတာကိုသတိထားမိသွားပြီးနောက်, ဆီးနှင်းအလောင်းကောင်မျောက်သည်စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီးကောင်းဖန်ဆီသို့ ခုန်ဝင်သွားတော့သည်။

ဂိုဒီကမျောက်၏ခေါင်းအပေါ်မှသူ့နှုတ်သီးကိုကွေးကာပိတ်ချလိုက်သည်၊ ဂိုဒီသည် အရမ်းကြီးလာပြီး မျောက်က၎င်း၏ရင်ဘတ်ရောက်ရုံမျှသာရှိတော့သည်။

“မစားလိုက်နဲ့” ကောင်းဖန်ကထိုမျောက်တွင်အဆိပ်ရှိနိုင်သောကြောင့်သတိပေးလိုက် သည်။

ဂိုဒီကခဏလောက်တုံ့ဆိုင်းသွားပြီးနောက်, ဆီးနှင်းအလောင်းကောင်မျောက်ကို ထွေးထုတ်လိုက်ပြီး၎င်းပေါ်သို့တက်နင်းလိုက်သည်။

ဒါရိုက်ဘာနှင့်သူ၏အကျွမ်းတဝင်သားရဲတို့သည်နောက်ဆုံးဂရုစိုက်မှုတို့ရသွားပြီး, ကောင်းဖန်ကသူ၏ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်၊

သူကအခုတွင်တော့အိမ်အနည်းလောက်သာရှိသောလမ်းကြားထဲတွင်တစ်ယောက် တည်းသာရှိတော့သည်၊ အပြင်ဘက်တွင်ဆူညံသောင်းကျန်းနေခြင်းတို့ကိုကြားသော ကြောင့်အိမ်အတွင်းထဲမှလူများသည်သူတို့၏ပြတင်းပေါက်များကိုပိတ်ထားကြပြီး မီးများကိုလည်းပိတ်ထားကြသည်။

ကောင်းဖန်ကဒါရိုက်ဘာ၏ခန္ဓာကိုယ်ကိုကားနောက်ခန်းထဲသို့သယ်သွားပြီးနောက် ဂိုဒီ၏နှုတ်သီးသည်ဆီးနှင်းအလောင်းကောင်မျောက်၏ခြေလက်များအားချိုးဖျက်လိုက် ကာ, အနောက်ထိုင်ခုံတွင်ရှိနေသောမျောက်အားစိုက်ကြည့်နေလိုက်သည်။ အားလုံးဖြေရှင်းသွားပြီးနောက်, ကောင်းဖန်ကခြေနင်းကိုနင်းလိုက်ပြီး, တောင်ပိုင်းကောင်းကင်အဖွဲ့ဆီသို့ပြန်မောင်းတော့သည်။

ခဏလောက်ကြာပြီးနောက်, ကောင်းဖန်သည်ကားပေါ်မှဆင်းလိုက်ပြီး, သူ့အဘိုးကို ဖုန်းခေါ်လိုက်သည်၊ သို့သော်, သူ့အဘိုးကဖုန်းမကိုင်ပေ၊

ထို့နောက်သူ့အဘိုးကသူ့ကိုပေးထားသောဖုန်းနံပါတ်တစ်ခုကိုဆက်ရန်ကြိုးစားလိုက် သည်၊ တစ်စုံတစ်ယောက်ကနှစ်ခါလောက်မြည်ပြီးသွားတဲ့အခါမှာတော့ကိုင်လိုက် သည်။

“သခင်ငယ်လေး, ကျွန်တော်ဘာကူညီပေးရမလဲ?” တစ်ဖက်လူ၏အသံကယဉ်ကျေးစွာ ဖြင့်အဆုံးသတ်သွားတော့သည်။

“ဒီညတစ်ယောက်ယောက်များအားသလား?” ကောင်းဖန်ကမေးလိုက်သည်။

ခဏလောက်တစ်ဖက်မှတိတ်ဆိတ်သွားသည်၊ ထို့နောက်ထိုအသံနှင့်လူကပြောလိုက် သည်, “ကျေးဇူးပြုပြီးခဏလောက်စောင့်နေပေးပါ၊ မင်းအခုဘယ်မှာလဲ, သခင်ငယ်လေး?”

“ကျွန်တော်ကကုမ္မဏီအပြင်ဘက်မှာ”

“ကျွန်တော်တို့လာနေပါပြီ” ထို့နောက်ဖုန်းချလိုက်တော့သည်။

မိနစ်အနည်းငယ်လောက်ကြာပြီးနောက်, ကောင်းဖန်သည်ကောင်းကင်မှရဟတ်ယာဉ် တစ်စီး၏တဝီဝီမြည်နေသောအသံတိုးတိုးကိုကြားလိုက်ရသည်။ အပေါ်သို့မော့ကြည့် သောအခါတွင်, အဖြူရောင်မီးအလင်းနှစ်ခုကိုမြင်လိုက်ရပြီးထိုမီးများကသူ့အပေါ်သို့ ကျလာကာ, ရဟတ်ယာဉ်သုံးစင်းကသူ့ဆီသို့ဆင်းသက်လာတော့သည်။

All Chapters