← Chapters

အခန်း (၂၂၉-၂၃၂)

Vol. 15 Ch. 229-232

အခန်း (၂၂၉-၂၃၂)

Vol. 15 Ch. 229-232

အပိုင်း၂၂၉

ကြိုးနှစ်ချောင်းလှေကားများသည်ရဟတ်ယာဉ်များပေါ်မှကျလာပြီး, အပေါ်ရှိလူတိုင်း ကိုမြေပြင်ပေါ်သို့ဆင်းစေသည်။

ရဟတ်ယာဉ်များအောက်တွင်စုရုံးနေသောလူအုပ်ကြီးထဲမှလူတစ်ယောက်ထွက်လာ ပြီးကောင်းဖန်ထံသို့ချဉ်းကပ်လာသည်။ “ဘာအမိန့်ရှိပါသလဲ, သခင်ငယ်လေး?”

သူတို့အားလုံးသည်အနက်ရောင်တိုက်ပွဲကျည်ကာအင်္ကျီများကိုဝတ်ဆင်ထားပြီး လေကာမှန်ဦးထုပ်တို့ကိုလည်းဆောင်းထားသည်၊သူတို့၏အရပ်အနိမ့်အမြင့်များက မညီညာပေမယ့်,သူတို့သည်စူးရှပြီးအေးစက်ကာတိုက်ပွဲအတွက်ဓားအိမ်မှဓားများကို ထုတ်ထားသကဲ့သို့ပင်ဖြစ်နေသည်။

ကောင်းဖန်ကသူတို့အားလုံးကိုကြည့်လိုက်သည်။

“ဒီမှာအကုန်လုံးဆယ့်နှစ်ယောက်ရှိတယ်၊ အဲ့လောက်ဆိုလောက်လား?” တောင်ပိုင်းကောင်းကင်အဖွဲ့လုံခြုံရေးအဖွဲ့သည်ဒီဟာထက်အဆပေါင်းများစွာကြီး သည်။

သူ့အနားကိုချဉ်းကပ်လာတဲ့သူကဦးထုပ်ကိုချွတ်လိုက်ပြီး, အသက်သုံးဆယ်အရွယ် လူတစ်ယောက်ဖြစ်ကာ,ထူထဲသောမျက်ခုံး, မဲနက်နေသောမျက်လုံးများ,နှင့်အသားညို သည်၊ သူကသိပ်ပြီးတော့ဆွဲဆောင်မှုရှိနေတာတော့မဟုတ်ပေမယ့် ထိုလူကအရွယ်ရောက်ခြင်းအရှိန်အဝါတို့နှင့်ပြည့်နေသည်။

“မင်းကြုံနေတဲ့ပြဿနာတိုင်းကိုအတတ်နိုင်ဆုံးဆုံးဖြတ်ချက်ချပြီးကူညီဖြေရှင်းပေးဖို့ အတွက်ကတော့ ကိုယ်တို့ကလုံလောက်တယ်လို့ထင်တယ်” ထိုလူကြီးကပြောလိုက် သည်၊ သူကထပ်၍ “လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဥက္ကဌကျီကကိုယ့်အသက်ကိုကယ်ခဲ့ တယ်၊ ဒီနေရာမှာကိုယ်တို့အားလုံးကသူ့အပေါ်တစ်နည်းမဟုတ်တစ်နည်းအကြွေးတင် နေကြတယ်၊ အခုကိုယ်တို့ကသူ့အတွက်မကောင်းတဲ့ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းပေး ဖို့ကူညီပေးမယ်”

ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊ “ကျွန်တော့်သူငယ်ချင်းကိုတစ်ခုခုကူညီပြီးသွားတဲ့ အချိန်, ကျွန်တော်ကောက်ကျစ်တဲ့အဖွဲ့အစည်းကလူတစ်ယောက်နဲ့ပြဿနာတက်ခဲ့တာ၊ ကျွန်တော်ကသာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါဘဲ၊ ဒါကြီးကကျွန်တော် စွမ်းဆောင်နိုင်စွမ်းထက်ကျော်လွန်နေတာမလို့…..”

“ကိုယ်နားလည်ပြီ” ဟွမ်ယလို့ခေါ်တဲ့လူကပြောလိုက်သည်။

ထို့နောက်ကောင်းဖန်ကတက္ကဆီထံသို့လျှောက်သွားလိုက်သည်၊ “ကျွန်တော်သူ့ကိုတော့ ချုပ်ထားတယ်၊” သူကကားနောက်ဖုံးကိုဖွင့်လိုက်ပြီး တက္ကဆီဒါရိုက်ဘာကိုထုတ်လိုက် သည်။

သတိလစ်နေသောကားနောက်ဖုံးတွင်လဲလျောင်းနေသည့်ဒါရိုက်ဘာသည်,သူ့မျက်နှာ မြေပြင်နှင့်ရိုက်ခံရချိန်ယိုင်နဲ့နဲ့နှင့်နိုးလာသည်။သူ့ကအဝေးသို့ဆွဲခေါ်သွားခြင်းခံနေရ သည်ဟုသူ့ကိုယ်သူခံစားနေရသည်၊

ဟွမ်ယသည်ဒါရိုက်ဘာကိုထောင့်တစ်နေရာတွင်စစ်ဆေးမေးမြန်းခဲ့သည်၊ ဆယ်မိနစ် လောက်ကြာပြီးနောက်သူ့မျက်နှာကတည်တည်ငြိမ်ငြိမ်ဖြင့်ကောင်းဖန်ဆီသို့ပြန်၍ လျှောက်လာသည်၊ “သခင်ငယ်လေး, မင်းလိုချင်တဲ့အချက်အလက်တွေရပြီ၊ သူကပြစ်မှုကျူးလွန်တဲ့ရှန်းရှီအခြေစိုက်အဖွဲ့ကတစ်ယောက်ဘဲ၊ သူကမင်းကိုသူတို့ရဲ့ အစည်းအဝေးနေရာခေါ်သွားမလို့လုပ်နေတာ၊ မကြာခင်မင်းကိုဖမ်းပြီး သူရဲ့ပင်ကိုပုံစံပေါ်လာမယ်လို့သူယူဆမထားခဲ့ဘူး၊ သူ့အဖွဲ့မှာလူ၇နှစ်ယောက်ရှိတယ်၊ သူတို့အသန်မာဆုံးသားရဲတွေကအလယ်အလတ်ကွန်မန်ဒါအဆင့် ထိန်လန့်ဖွယ်ညသရဲသားရဲနဲ့ အစဦးကွန်မန်ဒါအဆင့်ကလေးသရဲသားရဲတွေဘဲ”

ကွန်မန်ဒါအဆင့်သားရဲနှစ်ကောင်တည်း? ကောင်းဖန်ကတွေးလိုက်သည်။

သူကိုရာနဲ့ချီသောအဖွဲ့ဝင်များ၏ကွပ်ကဲမှုအောက်တွင်ရှိသည့်ကြီးမားတဲ့အရိပ်အဖွဲ့အစည်းတစ်ခုခုကသူ့ကိုပစ်မှတ်ထားနေတာဖြစ်နိုင်သည်ဟုသူတွေးနေခဲ့တာဖြစ်သည်၊ သူကလူရမ်းကားများ၏ပြန်ပေးဆွဲခံရရုံမျှသာဟုမမျှော်လင့်ထားခဲ့ပေ၊

ထို့နောက်,၎င်းတို့၏အဖွဲ့ဝင်အားလုံးကိုပိုမိုတင်းကျပ်စွာကြိုးကိုင်ထားလေ့ရှိသော အကြီးစားရာဇဝတ်အဖွဲ့အစည်းများသည်၎င်းတို့၏ပြစ်မှုများကိုပွင့်လင်းမြင်သာစွာ ကျူးလွန်ရန်အလွန့်အတင့်ရဲမည်မဟုတ်ပေ။

ကောင်းဖန်ကဟွမ်ယနှင့်အခြားသူတွေကိုကြည့်လိုက်ပြီး “ခင်ဗျားတို့အားလုံးမှာ အကျွမ်းတဝင်သားရဲတွေပါကြလား?”

“သေချာပေါက်ပါတာပေါ့၊ မင်းစိတ်ချလက်ချနားနိုင်ပါတယ်,သခင်ငယ်လေး၊ မင်းကလမ်းဘေးလူရမ်းကားတွေကိုကိုင်တွယ်ဖြေရှင်းရုံပါဘဲ” ဟွမ်ယကပြောကာ, ခေါင်းညိတ်လိုက်သည်။

ကောင်းဖန်၏အမိန့်ပေးမှုကိုလက်ခံပြီးနောက်ဟွမ်ယနှင့်တခြားသူများကရဟတ်ယာဉ် ပေါ်သို့တက်သွားကြသည်၊ ကောင်းဖန်ကပြောလိုက်သည်, “အဲ့ဒီကွန်မန်ဒါအဆင့် သားရဲနှစ်ကောင်ကိုဖြစ်နိုင်ရင်အရှင်ဖမ်းထားပေးပါ”။

ဟွမ်ယကရဟတ်ယာဉ်ပေါ်မှငုံ့ကြည့်လိုက်ပြီးကောင်းဖန်ကို အိုကေသင်္ကေတပြလိုက် သည်။

ထို့နောက်သူသည်နားကြပ်ကိုချိန်ညှိပါမိုက်ခရိုဖုန်းဖြင့်ပြောလိုက်သည်၊ “ငါတို့ပစ်မှတ်ကယွိကျိုးမြို့ဟောင်းဧရိယာက ရှင်းမောက်အဆောက်အဦးဘဲ”

…

အမျိုးသမီးတစ်ဦးနှင့်ထိပ်ပြောင်နေသောအမျိုးသားတစ်ဦးသည်အခန်းငယ်တစ်ခုရှိ ကုတင်ပေါ်တွင်လဲလျောင်းနေကြသည်၊ ကုတင်ဘေးတွင်စာအုပ်စင်တစ်ခုနှင့်နံရံတွင် LCDတီဗွီရှိသည်။

ကုတင်ပေါ်တွင်ရှိနေသောလူနှစ်ဦးသည် ရှန်းရှီမှနှစ်ယောက်ဖြစ်သည်။

ယွမ်ဖန်လို့ခေါ်တဲ့လူကစတင်၍စိုးရိမ်စိတ်ဖြစ်လာသည်၊ အစောပိုင်းနှစ်နာရီလောက်က အကိုချီကိုရဲတွေဖမ်းခေါ်သွားခဲ့ပြီ၊ အကိုစီလည်းထွက်သွားတာနာရီအတော်ကြာပြီ, ပြီးတော့ယွမ်ဖန်သူ့ဆီကဘာမှပြန်မကြားရသေးဘူး။

“သွားစို့” ယွမ်ဖန်ကထထိုင်လိုက်ပြီးသူ့ဘေးတွင်ရှိသောအမျိုးသမီး၏ကျောကိုရိုက် လိုက်သည်။

ထိုအမျိုးသမီးကိုအာ့လီဟုခေါ်သည်၊ ပျံ့လွင့်နေသောဆံစများသည်သူမ၏လှပသော မျက်နှာပေါ်တွင်တင်နေသည်၊ သူမမျက်နှာတစ်ခြမ်းကတော့ခေါင်းအုံးဖြင့်အချိန် အတော်ကြာဖိထားသောကြောင့်နီနေသည်၊ “အကိုဖန်,ဘာဖြစ်နေတာလဲ?”

ယွမ်ဖန်ကသူ၏ပြောင်နေသောခေါင်းကိုမရပ်မနားပွတ်သပ်နေတော့သည်၊ “တစ်ခုခုတော့မှားနေပြီ၊ အစောပိုင်းတုန်းကအကိုစီက တက္ကသိုလ်ကျောင်းသား တစ်ယောက်ကိုတင်ခေါ်လာတယ်လို့မက်ဆေ့ပို့ထားတယ်၊ ဒါပေမယ့်အဲ့ကတည်းက သူ့ဆီကဘာနေမက်ဆေ့တစ်စောင်မှမတွေ့တော့ဘူး၊ သူ့ဆီဖုန်းတောင်ခေါ်လို့မရဘူး”

ယွမ်ဖန်ကသူ့ဂျတ်ကတ်ကိုဝတ်လိုက်ပြီး ထိုအမျိုးသမီးကိုပြောလိုက်သည်, “အင်္ကျီဝတ်,ငါတို့သွားရအောင်”

“ပင်းဇီနဲ့တခြားသူတွေကိုမခေါ်တော့ဘူးလား?” အာ့လီကမေးလိုက်သည်။

“အကိုစီကသူဝါးနိုင်တာထက်ပိုပြီးကိုက်နိုင်တယ်၊ ရဲတွေမတွေ့ခင်အခုလမ်းကို ဖြတ်သွားကြရအောင်” ယွမ်ဖန်ကပြောလိုက်သည်၊ ရှန်းရှီမှာအလုပ်ပြန်လုပ်ပြီးနောက် သူ့သူငယ်ချင်းနှစ်ယောက်နှင့်ယွိကျိုးသို့ရောက်လာခဲ့သည်၊ ယွိကျိုးကိုရောက်ပြီး ကတည်းကသူ့မှာသေးငယ်တဲ့စည်းစိမ်ဥစ္စာလေးတွေကိုစုစောင်းထားပြီး သူ့သူငယ်ချင်းတွေကိုစွန့်ပစ်ဖို့စဉ်းစားနေပြီဖြစ်သည်၊ ဒါကဒီလိုလုပ်ဖို့အတွက်ပြည့်စုံတဲ့ အခွင့်အရေးတစ်ခုဘဲ၊

ယွမ်ဖန်သည်အံဆွဲတစ်ခုကိုဖွင့်လိုက်ပြီး, ငွေသားအပုံလိုက်နှင့်လက်ဝတ်ရတနာမျိုးစုံ ပါသောအနက်ရောင်အိတ်ကိုထုတ်ယူလိုက်သည်။

သူ့အပြေးဖိနပ်ကိုစီးလိုက်ပြီးနောက်ယွမ်ဖန်သည်ကြွေပန်းအိုးကိုယူလိုက်သည်၊ အဖြူရောင်မီးခိုးငွေ့များက၎င်းထဲမှပေါ်ထွက်လာပြီးနှစ်ပေလောက်ရှည်သည့် အဖြူရောင်သတ္တဝါတစ်ကောင်ဖြစ်သွားပြီး, ချည့်နဲ့သောလက်ချောင်းများနှင့် အနီရောင်မျက်လုံးတစ်စုံပေါ်လာသည်။၎င်းက အစိမ်းရောင်အမဲလိုက်သူနှင့် အနည်းငယ်ဆင်တူလှသည်။

ထိုသတ္တဝါကအိုးထဲမှထွက်ပြီးနောက်, ၎င်းကပျော်ရွှင်စွာဖြင့်ယွိဖန်၏ခြေထောက်တွင် တွယ်ကပ်နေပြီး ပုံမှန်ထက်အရွယ်ကြီးမားသောအရိုးများဖြင့်သူ၏ဘောင်းဘီနှင့် ပွတ်သပ်လိုက်သည်။

ယွမ်ဖန်ကသူ့အိတ်ကပ်ထဲမှအရိုးတစ်ပိုင်းကိုထုတ်ပြီး သူ့အပေါ်တွင်တတိတိ ကိုက်နေသော ထိတ်လန့်ဖွယ်ညသရဲကိုပေးလိုက်သည်။

ယွမ်ဖန်ကသူ့သားရဲ၏အမြင်တွင် သူ့ကိုယ်သူတည်ငြိမ်စွာနေလိုက်ပြီးနောက်, သစ်သားတံခါးကိုဖွင့်လိုက်ပြီး ကော်ရစ်ဒါတစ်လျှောက်ဖြတ်လျှောက်လာတော့သည်၊

အပြင်ဘက်တွင်,ယွမ်ဖန်သည်ခြံဝန်းအမှောင်အတွင်းတွင် ပင်းဇီ၏သားရဲအပါအဝင် လဲလျောင်းနေသောသားရဲနှစ်ကောင်ကိုတွေ့ရသည်၊

သူတို့ပထမထပ်သို့ရောက်သည်နှင့်,အာ့လီကခြံဝန်းထဲမှဝံပုလွေနှင့်တူသောသားရဲ တစ်ကောင်ကိုလက်ပြလိုက်သည်၊ သားရဲသည်ပျော်ရွှင်စွာနှင့်အာ့လီဆီသို့ လျှာတစ်လစ်ဖြင့်ပြေးလာတော့သည်။

သူတို့နှစ်ယောက်ခြံဝန်းထဲမှထွက်တော့, သူတို့နောက်မှအသံထွက်လာသည်။

“ဘယ်ကိုသွားမလို့လဲ, ဘော့စ်?” ဝမ်ပင်းကယွမ်ဖန်နှင့်သူ့မိန်းမကိုအလေးအနက် စိုက်ကြည့်ကာမေးလိုက်သည်။

ယွမ်ဖန်အေးခဲသွားပြီးနောက်, သူကပြောလိုက်သည်, “ငါအာ့လီနဲ့အတူတူညစာ သွားစားကြမလို့”

“ထွက်ပြေးဖို့စဉ်းစားနေကြတာလား?” ဝမ်ပင်းကမေးလိုက်သည်။

“ပြေးတယ်? ငါကဘယ်ကိုပြေးနိုင်ဦးမှာလဲ? အိုးအကိုပင်း, မင်းနဲ့မင်းရဲ့စိတ်ကူးတွေက” ယွမ်ဖန်ကရယ်လိုက်သည်၊ “ဒီလိုဆိုရင်ရောဘယ်လိုလဲ? ဘာလို့ငါတို့နဲ့မလိုက်တာလဲ”

ပင်းဇီသည်သူတို့အဖွဲ့ထဲတွင် ကွန်မန်ဒါအဆင့်ကိုယ်ပိုင်သားရဲရှိသောသူဖြစ်သည်။

ဝမ်ပင်းကမေးလိုက်သည်၊ “အကယ်၍မင်းတို့ကညစာသွားစားကြမယ်ဆိုရင်, မင်းတို့ကဘာလို့အထုတ်အပိုးတွေနဲ့အတူသွားတာလဲ?”

ကို့ရို့ကားရားဖြင့်ခြံဝန်းထဲတွင်ခဏလောက်တိတ်ဆိတ်သွားသည်။

ယွမ်ဖန်စကားမပြောနိုင်သေးမှာပင်, သူ့တစ်ကိုယ်လုံးထုံကျင်သွားသလိုခံစားလိုက်ရ သည်၊ ပြီးတာနဲ့ချက်ချင်းပင်မြေပြင်ပေါ်သို့လဲကျသွားသည်။

သူ့မိန်းမအာ့လီသည်လည်းသူ့ဘေးတွင်လဲကျသွားသည်။

ဖြစ်ပျက်သွားသည်ကိုသိရှိပြီးနောက်,ထိတ်လန့်ဖွယ်ညသရဲသည် ကျောချမ်းစရာ ကောင်းသောအော်သံကိုထုတ်လွှင့်လိုက်ပြီးဆိုးဝါးသောလေများကိုခြံဝန်းထဲတွင် ဂယက်ထစေသည်။

မကြာခင်တွင်,အနက်ရောင်အရိပ်များကခြံဝန်းအထက်ရှိလေထဲတွင်စတင်လှည့်ပတ် လာသည်၊ ဘေးပတ်လည်ရှိသစ်ပင်များကပြင်းထန်စွာဖြင့်လေထဲတွင်လှုပ်ခါနေကြ သည်။

ရုတ်တရက်, တစ်နေရာမှမြင်းဟီသံထွက်လာပြီး, ည၏တိတ်ဆိတ်နေမှုကိုဖြိုခွင်းလိုက် သည်။

အနီရောင်တောက်လောင်နေသောအရိပ်ကခြံစည်းရိုးကိုခုန်ဝင်လာပြီးခြံဝန်းထဲသို့ ရောက်လာသည်။ ဓားသွားများ၏တချွမ်ချွမ်မြည်နေသလိုမျိုးလေထဲတွင်အသံက ပြည့်နှက်သွားပြီး, သရဲလေ၏ငိုကြွေးမြည်တမ်းသည့်အသံကိုနစ်မြုပ်သွားစေသည်၊

သရဲကဲ့သို့သောသတ္တဝါကဝမ်ပင်းနောက်တွင်ပုန်းနေပြီးသူ့သခင်၏ခြေထောက်ကို ဖက်ထားကာ, ၎င်း၏သတိရှိသောမျက်လုံးများက, ခြံဝန်းအလယ်တွင်ရပ်နေသော အနီရောင်တောက်နေသောမြင်းကိုကြည့်နေသည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၃၀

ဟွမ်ယ၏မျက်လုံးများက ကြက်သွေးရောင်မြင်းခွာများအောက်ရှိနေသော ထိန်လန့်ဖွယ်ညသရဲဆီမှတစ်ဆင့် ထောင့်တစ်နေရာတွင်ထိတ်လန့်စွာရပ်နေသော ဝမ်ပင်းဆီသို့လှည့်လိုက်သည်။

ဟွမ်ယကသူ့လက်ကိုထုတ်လိုက်သည်၊ “တောင်ပိုင်းကောင်းကင်အဖွဲ့ကနေကြိုဆိုပါ တယ်”

ဝမ်ပင်းကသတွေးမျိုချလိုက်ပြီးနောက်သူ၏ညာဘက်လက်ကိုရှပ်အင်္ကျီဖြင့်သုတ်လိုက် ကာစိတ်လှုပ်ရှားစွာဖြင့်ဟွမ်ယ၏လက်ဖြင့်လက်ဆွဲနှုတ်ဆက်လိုက်သည်၊ “ကျေး- ကျေးဇူးတင်ပါတယ်”

ဝမ်ပင်းရှေ့တွင်ရပ်နေသောအမျိုးသားကသူ့ကိုအလုပ်တစ်ခုကမ်းလှမ်းခဲ့တာဖြစ်သည်၊ ပထမတော့,သူကထိုအရာကိုလက်ခံရန်အတွက်တုန့်ဆိုင်းနေခဲ့သည်၊ သူကပညာမတတ်သော်လည်း ကွန်မန်ဒါအဆင့်သားရဲရှိသူဖြစ်တာကြောင့်သူက ပိုပြီးထိုက်တန်ကြောင်းသူသိသည်။

ထို့နောက်ထိုလူကတောင်ပိုင်းကောင်းကင်အဖွဲ့၏လုံခြုံရေးဌာနအကြောင်းကို ပြောခဲ့သည်။ဝမ်ပင်းသည်ယွိကျိုးတွင်ရောက်နေသည်မှာသုံးလမျှသာရှိသော်လည်း တောင်ပိုင်းကောင်းကင်အဖွဲ့ကမည်မျှပင်အင်အားကြီးကြောင်းကိုသိရှိခဲ့သည်။

မြို့တော်၏တစ်ဝက်ကိုယွိကျိုးမြို့အစိုးရကပိုင်ပြီး, ကျန်တစ်ဝက်သည် တောင်ပိုင်းကောင်းကင်အဖွဲ့၏ဩဇာလွှမ်းမိုးမှုအောက်တွင်ရှိသည်။

အဖွဲ့အစည်းတွင်များစွာသောကျယ်ပြန့်သည့်ကုမ္ပဏီအခွဲများခွဲထွက်ပြီး, နယ်ပယ်စုံနှင့် စက်မှုလုပ်ငန်းနယ်ပယ်အသီးသီးတွင်လိုအပ်သောခြေကုပ်ကိုင်နိုင်သည့်အကြီးစား ကုမ္ပဏီများလည်းရှိသည်။

လူအများစုသည်အဖွဲ့၏ဌာနချုပ်တွင်အလုပ်လုပ်ရန်လက်နှင့်ခြေတို့ကိုပင်ပေးချင်ကြ သည်။

ဝမ်ပင်းအတွက်ကတော့, သူကတည်ငြိမ်တဲ့အလုပ်ကလေးကိုအမြဲလိုချင်နေခဲ့တာဖြစ် သည်။ အရင်ကယွမ်ဖန်နှင့်သူ့ဇနီးတို့၏ကြင်နာမှုကိုပြန်ပေးဆပ်ရန်အတွက် ဝမ်ပင်းသည်ဟွမ်ယအားသူတို့၏အသက်ကိုချမ်းသာပေးရန်ပြောခဲ့သည်။

သို့သော်,လင်မယားနှစ်ယောက်သည်သူ့ကိုစွန့်လွှတ်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတာကို သိလိုက်ရတဲ့အချိန်တွင် ပြန်ပေးဆပ်ဖို့အတွက်ဒုတိယအတွေးကိုစတင်ခဲ့သည်။

“သွားကြစို့, သွေးနီရက်ဘ်”ဟွမ်ယကခြံဝန်းအလယ်တွင်ရပ်နေသောကြက်သွေးရောင် မြင်းကိုပြောလိုက်သည်။

မြင်းကနှာမှုတ်လိုက်ပြီးသူ့ခေါင်းကိုမြင့်အောင်မော့လိုက်ပြီးဖြေးဖြေးမှန်မှန်ဖြင့် ဟွမ်ယဘေးမှဖြတ်သွားတော့သည်။

ထိတ်လန့်ဖွယ်ညသရဲသည်ရင်ဘတ်တွင်အပေါက်ဒဏ်ရာဖြင့်မြေပြင်ပေါ်တွင်လဲနေ သည်။ချော်ရည်ကဲ့သို့သောအရည်များသည်ဖြေးညှင်းစွာဖြင့်ဒဏ်ရာ၏အစွန်မှစီးကျနေ သည်။

ဟွမ်ယကရေဖြန်းသောဘူးနှင့်တူသောတစ်ခုကိုထုတ်လိုက်ပြီး ထိတ်လန့်ဖွယ်ညသရဲ ဆီသို့ငွေရောင်သတ္ထုပိုက်ကွန်ကိုပစ်ထုတ်လိုက်သည်၊ ထို့နောက်သူကပိုက်ကွန်၏ အစွန်းတစ်ဖက်ကိုကြက်သွေးရောင်မြင်း၏အမြှီးတွင်ချည်လိုက်သည်။

မြင်းကဟီလိုက်ပြီးစိတ်ဆိုးမာန်ဆိုးဖြင့်သူ့အမြီးကိုဝှေ့ယမ်းလိုက်သည်။

“ငါတို့ဒီမှာတင်ပြီးပြီ၊” ဟွမ်ယကပြောလိုက်သည်၊ သူကမြင်း၏နောက်ကျောတွင်တက် ဖို့တွေးလိုက်ပေမယ့်, မြင်းကသူ့ကိုသတိပေးတဲ့အကြည့်နဲ့ကြည့်နေတာကိုသတိထားမိ သွားပြီးနောက်သူ့အတွေးကိုပယ်ချလိုက်သည်။

“ခဏလေး” ဝမ်ပင်းကရုတ်တရက်အော်လိုက်သည်။

ဟွမ်ယကလှည့်ကြည့်ကာပြုံးပြလိုက်သည်၊ “အင်း?”

“အကိုယွမ်ဖန်နဲ့သူ့မိန်းမကိုသတ်ခံရမှာလား?”ဝမ်ပင်းကမေးလိုက်သည်။

“ဒါကနေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့လုပ်ငန်းခွင်ထဲကလူတွေရဲ့အန္တရာယ်တွေထဲက တစ်ခုဘဲ,ကလေး” ဟွမ်ယကစိတ်မဝင်စားစွာဖြင့်ပြောလိုက်သည်။

ဝမ်ပင်းကတိတ်ဆိတ်သွားတော့သည်၊ ဒုတိယအခွင့်အရေးလိုမျိုးအရာကသူထက်ပိုပြီး ရာဇဝတ်ကြီးတဲ့သူတွေထက်ပိုပြီးထိုက်တန်မှန်းသူသိသည်။

….

နှစ်နာရီကြာပြီးနောက်, ဟွမ်ယနှင့်တခြားသူများသည်ဝမ်ပင်းအားလူစုဆောင်းမှုနှင့် တခြားဖြစ်ပျက်သောအရာမှန်သမျှကိုတင်ပြသည်။

ယွမ်ဖန်၏ဂိုဏ်းသည်မူးယစ်ဆေးဝါးဖောက်ကားရောင်းဝယ်မှုဖြစ်ပြီးတစ်ခါတစ်ရံတွင် ၎င်းတို့၏ဝန်ဆောင်မှုများကို အခကြေးငွေဖြင့်ငှားရမ်းသည့်လူရမ်းကားများကိုလည်း ရောင်းဝယ်ကြသည်။

ကောင်းဖန်ကဟွမ်ယကို ယွမ်ဖန်နှင့်သူ့မိန်းမအားဘယ်လိုလုပ်မလဲဆိုတာ မေးဖို့စိတ်မဝင်စားပေ၊

“ထိတ်လန့်ဖွယ်ညသရဲကသူရဲ့အကျွမ်းတဝင်သားရဲလေ။ ကလေးသရဲကတော့ ဝမ်ပင်းပိုင်တာ” ဟွမ်ယကပြောလိုက်သည်။

ကြက်သွေးရောင်မြင်းတစ်ကောင်ကဟွမ်ယ၏နောက်မှထွက်လာပြီးတစ္ဆေနှင့်တူတဲ့ သတ္တဝါနှစ်ကောင်ကိုနောက်မှဆွဲလာခဲ့သည်။

[မကောင်းဆိုးဝါးအမည်]-သွေးနီတိုက်ပွဲမြင်း

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၂(ကွန်မန်ဒါအဆင့်)

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(မာနကြီးနေခြင်း)

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-မီး

[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-နေမီးတောက်အဆင့်၂

[ဖော်ပြချက်များ]-၎င်းသည်ပြောင်းလဲလာသောတိုက်ပွဲမြင်းများ၏သန်မာကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းထားကာ စိတ်ဝိဉာဉ်နတ်ဆိုးများကိုဆန့်ကျင်၍ခုခံနိုင်သည်။

_

[မကောင်းဆိုးဝါးအမည်]-ထိတ်လန့်ဖွယ်ညသရဲ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၇(ကွန်မန်ဒါအဆင့်)

[မကောင်းဆိုးဝါးအခြေအနေ]-ပြင်းထန်သောဒဏ်ရာ(ဒေါသထွက်နေခြင်း)

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-တစ္ဆေ/ဖုတ်ကောင်

[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-စိတ်လှည့်စားခြင်းအဆင့်၂

_

[မကောင်းဆိုးဝါးအမည်]-ဂျီဝိဉာဉ်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၃(ကွန်မန်ဒါအဆင့်)

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ကြောက်ရွံ့)

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-တစ္ဆေ/ဖုတ်ကောင်

[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-စိတ်လှည့်စားခြင်းအဆင့်၁

[ဖော်ပြချက်များ]-ရှေးခေတ်ဒဏ္ဍာရီလာဝိဉာဉ်၁၄ခုထဲမှတစ်ခု, ကလေးသရဲသည် တကယ်တော့ကလေးဆန်ပြီးရှက်ရွံ့သောသဘာဝရှိသည်။ ပြီးတော့၎င်းအား တစ်ခါတစ်ရံ၌ အော်မြည်ခြင်းညဝိဉာဉ်ဟုလည်းခေါ်ကြသည်။

ကောင်းဖန်က ဂျီဝိဉာဉ်၏ဖော်ပြချက်များကိုဖတ်ပြီးအံ့အားသင့်နေတော့သည်။

၎င်းသည်နောက်ကွယ်တွင်ဒဏ္ဍာရီလာတစ်ခုဖြစ်သည့်ရေနဂါးတစ်ကောင်နှင့်ပထမဆုံး မျက်နှာချင်းဆိုင်မိပြီး ယခုနောက်ကွယ်မှဒဏ္ဍာရီလာသားရဲကဒုတိယအကြိမ် မျက်နှာချင်းဆိုင်တွေ့ခြင်းဖြစ်သည်။

ထိုခေတ်တွင်တစ္ဆေအမျိုးအစားသားရဲများသည် တောင်နှင့်သစ်ပင်နတ်အမျိုးမျိုးတို့မှ ဆင့်ကဲပြောင်းလဲလာကြခြင်းဖြစ်သည်။ သို့သော်နတ်၂၄ကောင်၏နောက်ကွယ်မှ ဒဏ္ဍာရီသည်ကောင်းဖန်ကြားဖူးသောအခြားဒဏ္ဍာရီများထက်ကြားဖူးသလောက် သိပ်ပြီးကြောက်စရာမကောင်းပေ၊

ဒဏ္ဍာရီတွေအရနတ်၂၄ကောင်သည်ရှေးခတ်ကလူတွေရဲ့မှတ်ဉာဏ်တွေရဲ့ အစွန်းမှာ ပုန်းလျှိုးကွယ်လျှိုးရှိနေခဲ့သောအဆင့်နိမ့်ဝိဉာဉ်၂၄ကောင်ဖြစ်သည်၊

သို့သော်ကျန်သူများနှင့်မတူသောဝိဉာဉ်တစ်ခုရှိသည်၊ ပါ့ဝိဉာဉ်ဖြစ်ပြီး, ၎င်းကို ပျံသန်းခြင်းဇွန်ဘီဟုလည်းခေါ်သည်၊ တစ်ချိန်ကမိုးခေါင်ခြင်းနတ်ဘုရားအဖြစ် ကြောက်မက်ဖွယ်ကောင်းသောနဂါးတစ်ကောင်ကိုသတ်ပြီး ကောင်းကင်တစ်ခုလုံးအား မြိုချနိုင်စွမ်းရှိသည်ဟုယုံကြည်ကြသည်။

“သခင်ငယ်လေး, မင်းကကလေးသရဲကိုစိတ်ဝင်စားနေတာလား?” ဟွမ်ယက‌ ကောင်းဖန်သည်ကြောက်ရွံ့တတ်သောတစ္ဆေသတ္တဝါလေးကိုစူးစိုက်စွာကြည့်နေသည် အားသတိထားမိပြီးမေးလိုက်သည်။

ဟွမ်ယနှင့်တခြားသူများသည်သားရဲ၏နာမည်အစစ်ကိုမသိကြပေ၊ သူ့ဒေတာဇယားမှာ မှတ်တမ်းတင်ထားသောနာမည်နှင့်မတူသောနာမည်တစ်ခုအားလူတွေက သားရဲတစ်ကောင်ကိုခေါ်ဝေါ်တာဒါပထမဆုံးအကြိမ်မဟုတ်ပေ။

ဂျီဝိဉာဉ်သည်နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ သူ့အားချဉ်းကပ် လာသောသူ့ကိုစူးစိုက်ကာကြည့်နေသည်။

သူကအတော်လေးရှက်ရွံ့တတ်တာဘဲ, ကောင်းဖန်ကတွေးလိုက်သည်။

သူနဲ့ဝေးရာသို့ကျုံ့သွားသော ကွန်မန်ဒါအဆင့်သားရဲတစ်ကောင်ကိုမြင်ရတော့ ကြောက်လန့်တကြားယုန်တစ်ကောင်နှင့်ဝေးရာသို့ကျောခိုင်းနေသောခြင်္သေ့ တစ်ကောင်ကိုတွေးမိလိုက်သည်၊

ကောင်းဖန်သည်ကျောက်တုံးတစ်တုံးကိုကောက်ယူပြီးဂျီဝိဉာဉ်ထံသို့ပစ်လိုက်သည်၊ ၎င်းကလန့်ဖျပ်ကာခုန်လိုက်ပြီး လျင်မြန်စွာဖြင့်ထိတ်လန့်ဖွယ်ညသရဲ၏နောက်တွင် ပုန်းလိုက်သည်။

ခဏလောက်ကြာတော့,၎င်းကသူ့ခေါင်းလေးကိုထိတ်လန့်ဖွယ်ညသရဲနောက်မှ ပြူထွက်လိုက်ပြီး ကောင်းဖန်ကိုကြောက်ကြောက်ရွံ့ရွံ့ဖြင့်ကြည့်လိုက်သည်။

“ကျွန်တော်ဂျီဝိဉာဉ်ကိုခဏလောက်လေ့လာချင်တယ်လို့ဝမ်ပင်းကိုပြောလိုက်ပါ” ကောင်းဖန်ကပြောလိုက်သည်။

ဟွမ်ယကခေါင်းညိတ်လိုက်သည်၊ “ကိစ္စမရှိပါဘူး၊ မင်းကြိုက်သလောက်အချိန်ယူနိုင် တယ်”

ကောင်းဖန်ကတခစ်ခစ်ရယ်လိုက်သည်၊ သူကသွေးနီတိုက်ပွဲမြင်းကိုတစ်ချက်ကြည့် လိုက်ပြီး, ပြောလိုက်သည်, “ခင်ဗျားရဲ့သားရဲကိုလည်းခင်ဗျားအားတဲ့ဘယ်အချိန်မဆို ကျွန်တော့်ဓာတ်ခွဲခန်းကိုခေါ်လာလို့ရတယ်နော်”

သူကပြောပြီးနောက်ဂိုဒီကိုဂျီဝိဉာဉ်အားအိမ်သို့သယ်ခဲ့ရန်အတွက်ဂိုဒီကိုအမိန့်ပေးလိုက် သည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၃၁

ထိုကဲ့သို့ဆူညံပွက်လောရိုက်မှုပွဲတော်ကြီးပြီးဆုံးသွားပြီးနောက်နှစ်ရက်ရှိပြီဖြစ်သည်၊

ဂျူနီယာကျောင်းသားအသင်းအဖွဲ့မှချောင်ကျင်းသည်ကောင်းဖန်၏ဖုန်းနံပါတ်ကို ၎င်း၏ချိတ်ဆက်မှုများမှတစ်ဆင့်ရယူခဲ့သည်၊ သူကကောင်းဖန်ကိုဖုန်းဆက်ပြီး အဲ့ဒီနေ့ကဖြစ်ပျက်ခဲ့သည့်အရာတွေကိုပြောပြသည်၊ ရဲစခန်းသို့ခေါ်ဆောင်သွားခံရ သောလူသည်သူ၏ကြံရာပါများကိုပြောပြီးသားဖြစ်ပေမယ့်, ရဲများကကြံရာပါများ နေထိုင်သည့်အဆောက်အအုံကိုရောက်တော့သူတို့ကထွက်သွားပြီးဖြစ်သည်။

ချောင်ကျင်းကကောင်းဖန်ကိုကြံရာပါများသည်ကြိုတင်သတင်းများကိုလက်ခံရရှိပြီး လွတ်မြောက်သွားနိုင်ကြောင်းကောင်းဖန်ကိုသတိပေးလိုက်သည်! သူကကောင်းဖန်ကို အထူးဂရုစိုက်ဖို့အတွက်ပြင်းပြင်းထန်ထန်တိုက်တွန်းနေပြီး ကောင်းဖန်ကအချိန်မရွေး တစ်ခုခုကိုသတိထားမိခဲ့လျှင်ချောင်ကျင်းကသူ့အားချက်ချင်းဖုန်းဆက်နိုင်ရန်အတွက် ပြောသည်။

ကောင်းဖန်ကခဏလောက်တိတ်တဆိတ်သတိပေးခံရပြီးနောက်, ပါးပါးနပ်နပ်ဖြင့် ချောင်ကျင်းကိုပြောလိုက်သည်, “အဲ့ဒီလူတွေကအခုအတော်လေးပွက်လောရိုက်နေ လောက်ပြီ၊ သူတို့ယွိကျိုးမှာနေမယ်လို့တော့မဖြစ်နိုင်ဘူး၊ တခြားမြို့ကိုပြောင်းသွား နိုင်တယ်”

ချောင်ကျင်းကသူ့ကိုတကယ်မယုံပေ၊ အဆုံးမှာတော့ကောင်းဖန်ကိုသတိထားဖို့ ထပ်၍သတိပေးခဲ့သည်။

ဖမ်းမိသောထိတ်လန့်ဖွယ်ညသရဲသည်စမ်းသပ်မှုများအတွက်အကြောင်းတစ်ခုအဖြစ် တော့အသုံးမဝင်ခဲ့ပါ။

သူ့သခင်သေသွားပြီလို့ခံစားရသည်၊ ဒါကထိတ်လန့်ဖွယ်ညသရဲကိုကောင်းဖန်အပေါ် အမုန်းတရားတွေနဲ့ပြည့်နေစေသည်၊ ကောင်းဖန်ကသူ့ဆီသို့ဘယ်အချိန်ဖြစ်ဖြစ် လက်လှမ်းလိုက်လျှင်, ၎င်းကသူ၏စိတ်လှည့်စားခြင်းစွမ်းရည်ကိုသုံး၍ကောင်းဖန်ကို ခြောက်လန့်သည်၊

ကံမကောင်းစွာနဲ့ဘဲ, အချိန်တိုင်းသူ၏စိတ်လှည့်စားခြင်းစွမ်းရည်ကိုသုံးတိုင်း ကောင်းဖန်၏နောက်တွင်ရပ်နေသောဂိုဒီကဖျက်စီးပစ်သည်၊

ဂိုဒီသည်တခြားသူများ၏စွမ်းရည်ကိုပယ်ဖျက်နိုင်သောစွမ်းရည်ရှိသဖြင့် ထိုထင်ယောင်ထင်မှားဖြစ်မှုများကိုသဘာဝအတိုင်းဆန့်ကျင်နေသည်။

ရုပ်ထုအားဆွဲဆောင်နေသလို သို့မဟုတ် မျက်စိမမြင်သောသူကိုမျက်လုံးမှိတ်ပြသလို ဖြစ်နေသည်။

ကောင်းဖန်က၎င်းကိုစိတ်ထဲမထားပေ၊ အကြောင်းများနှင့်ယှဉ်လျှင်, သူကပျော်နေ သည်၊

ဘာကြောင့်လဲဆိုတော့, သူသည်ယခင်ကစိတ်လှည့်စားခြင်းစွမ်းရည်များစွာကို မမြင်ဖူးသောကြောင့်ဖြစ်သည်။ သူသတိပြုနိုင်သောနမူနာတစ်ခုရောက်လာဖို့အတွက် ခက်ခဲသည်။တိုက်ခိုက်မှုအောင်မြင်စွာအသုံးချနိုင်သည်ဖြစ်စေ, မရှိသည်ဖြစ်စေ အရေးမကြီးပါ။

သူကမည်သို့ပင်ဖြစ်စေ,စွမ်းအားနှင့်လှည့်စားနိုင်စွမ်း၏ကန့်သတ်ချက်ကို စမ်းသပ်ချင်ခဲ့သည်။

သူတို့ကမှန်ချင်းခြားထားသည်၊ မှန်အတွင်းရှိထိတ်လန့်ဖွယ်ညသရဲသည်ဒေါသတကြီး ဆက်လက်ထုရိုက်နေသည်။

ကောင်းဖန်၏ပတ်ဝန်းကျင်ကိုငရဲအဖြစ်သို့ပြောင်းလဲရန်၎င်း၏ ထင်ယောင်ထင်မှား ဖြစ်စေခြင်းစွမ်းရည်ကိုအသုံးပြုခဲ့သည်၊ ကောင်းဖန်၏ခြေဖဝါးအောက်တွင်မြေကြီး သည်အက်ကွဲသွားပြီးမှချော်ရည်များထွက်လာပြီး, နတ်ဆိုးမကောင်းဆိုးဝါးများက မီးများပေါ်သို့အက်ကြောင်းများထဲမှထိုးတက်လာကြပြီး ဆာလောင်စွာဖြင့် ကောင်းဖန်ကိုကြည့်နေသည်။

ကောင်းဖန်ကလှည့်ကြည့်လိုက်တော့ သေးငယ်သောသရဲတစ်ကောင်က သူ၏ခါးမှ တက်လာသည်ကိုတွေ့လိုက်ရသည်၊ ကောင်းဖန်ကတည်ငြိမ်စွာဖြင့်သူ၏မှတ်စုစာအုပ် တွင်ချရေးလိုက်သည်, “အတော်လေးကိုအစစ်အမှန်နှင့်တူသည်။

သူသည်ထင်ယောင်ထင်မှားဖြစ်နေသည်များကိုသူ့ခြေထောက်အားအသုံးပြု၍ ဖြတ်ကာနင်းလိုက်သည်၊ ခုခံမှုအနည်းငယ်ကိုသူခံစားလိုက်ရသည်၊ သူလည်း အပူဒဏ်ကိုခံစားရသည်၊

ကောင်းဖန်ကခေါင်းငုံ့ပြီးသူ၏မှတ်စုစာအုပ်ထဲတွင်မှတ်လိုက်သည်, “ထိတွေ့မှုနှင့် အပူချိန်လိုမျိုးတခြားအာရုံခံမှုတွေကိုသက်ရောက်မှုရှိစေသည်၊”

ကောင်းဖန်က၎င်းကိုမြင်တော့ ကြောက်ရွံ့မှုကိုမခံစားရပေ, ထိတ်လန့်ဖွယ်ညသရဲ သည်စိတ်လှည့်စားမှုကိုပြောင်းလဲလိုက်ပြီး, ရုတ်တရက်ပတ်ဝန်းကျင်ကလည်း ပြောင်းလဲသွားသည်၊ သူ၏ခြေထောက်အောက်မှကျောက်ရည်ပူများနှင့် သူ့ရှေ့ရှိအကောင်များအားလုံးသည်ပျောက်သွားတော့သည်၊ သူ့အောက်မှမြေပြင်သည် အဖြူရောင်နှင်းကွင်းပြင်များအဖြစ်သို့ပြောင်းလဲသွားသည်၊ နံရံများသည်ရေခဲများဖြင့် ဖုံးလွှမ်းသွားပြီး,ပုံစံကွက်များပုံဖော်နေကြသည်၊ မှောင်မဲနေသော ကော်ရစ်ဒါတစ်လျှောက်မှတဝှီးဝှီးနှင့်လေများတိုက်ခိုက်လာသည်။

နက်ရှိုင်းသောကော်ရစ်ဒါမှနှင်းသံဖျော့ဖျော့တိုးဝင်လာပြီး, ကော်ရစ်ဒါအဆုံးမှ ရိုင်းစိုင်းကြမ်းတမ်းသောသားရဲတစ်ကောင်ထွက်လာသကဲ့သို့ပင်ဖြစ်နေသည်။

“ဒါကငါ့အတွက်အလုပ်မှာထင်ယောင်ထင်မှားမြင်ရတာပထမဆုံးအကြိမ်မဟုတ်တော့ ပေမယ့်,အဲ့ဒါကခုထိ…” ကောင်းဖန်ကစိတ်လှည့်စားခြင်း၏အစစ်အမှန်အဆင့်ကို အံ့အားသင့်သွားရသည်။

ကောင်းဖန်ကရုတ်တရက်အကြံတစ်ခုရလာသည်၊ သရဲခြောက်တဲ့အိမ်အတွက် ဒါမှမဟုတ် 4Dတွေ့ကြုံခံစားမှုစင်တာများတွင်,သေချာပေါက်ပိုက်ဆံအများကြီး ရအောင်လုပ်နိုင်လိမ့်မည်။ သူ့အတွက်ဘာမှကုန်ကျမည်မဟုတ်ပေ, ထို့ကြောင့် ရတဲ့ဝင်ငွေကအသားတင်အမြတ်နှင့်ညီမျှမည်ဖြစ်သည်။

ဝမ်းနည်းစရာကောင်းတာက ဒီထိတ်လန့်ဖွယ်ညသရဲကသူ့အမိန့်ကိုနားမထောင်ပေ၊ ၎င်းကသူ့ကိုအတော်လေးမုန်းနေသည်၊ ကောင်းဖန်ကပြုံးလိုက်သည်၊ သူကတကယ်ကို ကျီစယ်ကစားတတ်တဲ့ကလေးဘဲ။

ကောင်းဖန်ကမှန်ပြင်၏နောက်ဘက်မှထိတ်လန့်ဖွယ်ညသရဲကိုဖြေဖျောက်ပေးသည်၊ “ကောင်းပြီ, လုံလောက်ပြီ၊ ငါတို့ရဲ့စမ်းသပ်မှုပြီးပြီ၊ သွားပြီးခဏလောက်နားလိုက်ဦး, မဟုတ်ရင်ညကျမုန့်မကျွေးဘူးနော်” သူကနေကာကိုဆွဲချလိုက်ပြီးလှည့်ကာထွက်သွား လိုက်သည်။

သူအခန်းထဲမှကြားရတဲ့တစ်ခုတည်းသောအသံကတော့ ထိတ်လန့်ဖွယ်ညသရဲ၏ ဒေါသထွက်စွာဖြင့်စူးဝါးစွာအော်မြည်ခြင်းဖြစ်သည်။ ၎င်း၏စိတ်လှည့်စားခြင်းက အတော်လေးကိုရူးသွပ်လောက်သည်၊ တောင်တွေကအက်ကွဲနေပြီး ကော်ရစ်ဒါ တစ်လျှောက်တွင်မီးတောင်များပေါက်ကွဲနေသည်… သေချာတာပေါ့သူတို့အားလုံးက လှည့်စားထားတာတွေကြည့်ဘဲ။

ရှုချင်းကျီကတံခါးအပြင်ဘက်တွင်မတ်တပ်ရပ်နေပြီး, တံခါးခေါက်လိုက်ကာပြောလိုက် သည်, “ကြီးမြတ်လှတဲ့မစ္စတာကောင်းဖန်, ဟွမ်ယကမင်းကိုတွေ့ဖို့လာတယ်၊ သူပြောတာတော့ချိန်းထားတယ်ဆိုဘဲ”

“သူကချိန်းဆိုထားတယ်, ဟုတ်တယ် ဟုတ်တယ်, သူ့ကိုအထဲခေါ်လိုက်” ကောင်းဖန်ကသူရောစပ်နေတဲ့ပြွန်မှအကြည့်လွှဲ၍ခေါင်းတောင်မော့မကြည့်ဘဲ ပြောလိုက်သည်။

ရှုချင်းကျီကမျက်လုံးကိုလှိမ့်လိုက်ပြီး ထွက်သွားတော့သည်၊ ကြီးမြတ်တဲ့မစ္စတာကောင်း၊ ဒီဂုဏ်ပုဒ်ကသူ့ကိုကုန်သွယ်တစ်ယောက်လိုမျိုးထင်စေသည်။

“အင်း….” ဟွမ်ယကအသံထွက်လိုက်ရင်း, ရှက်ရွံ့မှုတစ်စုံတစ်ခုကိုခံစားရကာ အထဲသို့လမ်းလျှောက်၍ဝင်လာသည်။ သူသည်တောင်ပိုင်းကောင်းကင်အဖွဲ့မှ ရောင်းချသောနာမည်ကြီးဆေးဝါးအများစုသည်ကောင်းဖန်၏ဓာတ်ခွဲခန်းထဲ၌ဖြစ် ကြောင်းအနီးအနားတွင်မေးမြန်းခဲ့ပြီး အလွယ်တကူသိခဲ့ရသည်။

ဒီဓာတ်ခွဲခန်းထဲမှာတစ်ယောက်တည်းအလုပ်လုပ်နေတဲ့လူတစ်ယောက်ဘဲ ရှိတာကိုသူသိပြီးပို၍စူးစမ်းချင်လာသည်၊ ထိုလူကတော့ကောင်းဖန်…

အစပိုင်းအံ့ဩသွားမှုနှင့်သူ၏စိတ်အခြေအနေကိုပြန်၍ပြင်ဆင်ရန်အတွက် အချိန်ခဏလောက်ယူပြီးနောက် ဟွမ်ယသည်နောက်ဆုံးတွင်ကောင်းဖန်ကမည်မျှပင် အံ့ဩစရာကောင်းတာကိုနားလည်လိုက်သည်၊

သူကတကယ်ကိုအရည်အချင်းရှိတဲ့လူဆိုတာထင်ရှားလှသည်။

“မစ္စတာကောင်းကဒီလောက်ကျွမ်းကျင်နေတာအံ့ဩစရာတော့မရှိတော့ပါဘူး၊ တခြားသူတွေကကစားနေချိန် မင်းကတော့စမ်းသပ်မှုတွေလုပ်နေတယ်လေ။ ဒါကမင်းအရမ်းကျွမ်းကျင်ရတဲ့အကြောင်းအရင်းဘဲ!”

ကောင်းဖန်ကဟွမ်ယကိုကြည့်ကာပြုံးလိုက်သည်၊ “ကျွန်တော်ခင်ဗျားကို ပထမဆုံး မြင်တုန်းကလည်း, ခင်ဗျားကအရမ်းကိုတည်ကြည်လေးနက်တဲ့သူဆိုပြီး ကျွန်တော်တွေးခဲ့တယ်လေ”

ဟွမ်ယကရွှင်ပျစွာဖြင့်ရယ်လိုက်သည်၊ “အခြေအနေတွေကတောင်းဆိုလာတော့ ကိုယ်ကစိတ်ထဲမှာအလေးအနက်ဖြစ်သွားတာပါ၊ အချိန်အများစုကိုတော့ပေါ့ပေါးပါးပါး နေတတ်ပါတယ်”

ဟွမ်ယကစကားပြောနေရင်းကောင်းဖန်ကိုကြည့်လိုက်သည်၊ ကောင်းဖန်၏အမူအရာ ကစိတ်ပျက်တဲ့ပုံစံပြောင်းမသွားဘူးဆိုတာကိုသူတွေ့တော့မှစိတ်အေးသွားတော့သည်။

“ခင်ဗျားရဲ့သားရဲကိုယူခဲ့လား?”

“အင်း”

“ကောင်းတယ်, ကျွန်တော့်နောက်လိုက်ခဲ့၊ ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေအကုန်ပြင်ဆင် ပြီးသား” ကောင်းဖန်ကပြောနေရင်းဖြင့်ဓာတ်ခွဲခန်းတံခါးကိုဖွင့်လိုက်ပြီး တခြားကော်ရစ်ဒါတစ်ဖက်သို့ဦးတည်သွားတော့သည်၊ သွေးနီတိုက်ပွဲမြင်းကိုယူလာ အောင်သူဒီလိုလုပ်ခဲ့တာဖြစ်သည်။

သွေးနီတိုက်ပွဲမြင်းက မာနကြီးစွာဖြင့်သူ၏ဘေးပတ်လည်ကိုလိုက်ကြည့်နေသည်။

ဟွမ်ယကသူ၏သားရဲကိုသွေးစာချုပ်မှတစ်ဆင့်အထပ်ထပ်ပြောလိုက်သည်, “အချစ်လေး,သူကမင်းဆင့်ကဲတိုးမြှင့်ဖို့အတွက်ကူညီပေးနိုင်တယ်၊ မင်းအရမ်းကြီး မာနကြီးနေစရာမလိုပါဘူး”

သွေးနီတိုက်ပွဲမြင်းကမောက်မာစွာဖြင့်ရယ်မောလိုက်ကာ,ကောင်းကင်ကိုကြည့်၍ ပြောလိုက်သည်, “ငါ့ဘဝကိုဘာလို့စွန့်စားဖို့လိုနေဦးမှာလဲ?”

ဟွမ်ယကအကူအညီမဲ့သလိုခံစားနေရသည်၊ အကယ်၍,သူသာသိခဲ့လျှင် ၎င်းကို လျှိုပု၏အထ္ထုပတ္တိကိုပြခဲ့မည်မဟုတ်ပေ၊ အဲ့ဒါကစိတ်ခံစားမှုလွန်ကဲပြီး သူ့ကိုယ်သူ သွေးနီရောင်တောယုန်တစ်ကောင်ကိုခံစားလာစေသည်။

“မင်းဒါကိုစားချင်လား?ဂ ကောင်းဖန်က ဓာတ်ခွဲခန်းထဲမှဆေးပုလင်းကိုထုတ်ယူ၍ ဂုဏ်မောက်နေသောမြင်းအားအပြုံးတုဖြင့်စေ့စပ်စွာကြည့်ကာပြောလိုက်သည်။

သွေးနီတိုက်ပွဲမြင်းသည်မောက်မာစွာဖြင့်ရယ်မောလိုက်ပြီး, “ငါကမကျရှုံးတော့….”

ကောင်းဖန်သည်ဆေးပုလင်းကိုဖွင့်လိုက်ပြီး ဓာတ်ခွဲခန်းတစ်ဝိုက်တွင်အလွန်စွဲမက်ဖွယ် ကောင်းသောရနံ့တစ်ခုကိုပျံ့သွားစေသည်၊

တခြားသားရဲတွေကတော့ မွှေးပျံ့သည့်ရနံ့ဘဲရလိမ့်မည်၊ သို့သော်, သွေးနီတိုက်ပွဲမြင်း အတွက်ကတော့ထိုအနံ့သည်၎င်း၏သွေးကြောများမှသွေးများကိုပို၍ညှစ်ထုတ်ကာ နှလုံးခုန်နှုန်းများကိုတိုးမြင့်လာစေသည်။

သွေးနီတိုက်ပွဲမြင်းသည်သွေးဆောင်ခံခဲ့ရသော်လည်း၎င်း၏မာနသည် အလွန်နှိမ်ချ သောအရာတစ်ခုလုပ်ရန်အတွက်ခွင့်မပြုချေ။

၎င်းကမျက်လုံးများကိုပတ်ချာလည်လိုက်ပြီး, သွေးနီတိုက်ပွဲမြင်းသည်ဟွမ်ယအား စတင်မြည်ဟီးတော့သည်၊ ၎င်းကသူ၏ခေါင်းကိုဟွမ်ယ၏ပုခုံးဖြင့်ပွတ်လိုက်သည်။

“ဟွမ်ယရေ, အကယ်၍မင်းငါ့ကိုဆေးရအောင်ကူညီပေးနိုင်ရင်, ငါမင်းကိုတစ်ကြိမ် စီးခွင့်ပေးမယ်!” သွေးနီတိုက်ပွဲမြင်းကဟွမ်ယကိုပြောလိုက်သည်။

သူကဟွမ်ယသည်သူ့ကိုအမြဲတမ်းတက်စီးချင်မှန်းသိသည်, ဒါပေမယ့်သူကိုထိုသို့ လုပ်ဖို့သူကခွင့်ပြုမထားချေ၊ သို့သော်, ထိုဆေးအတွက်ဆိုလျှင်, သူ၏အဆင့်အတန်းကို အနည်းငယ်လောက်နှိမ့်ပေးနိုင်သည်။

ဟွမ်ယကလှုပ်ရှားသွားတော့သည်၊ အကယ်၍ဒါကတခြားသားရဲဆိုလျှင်သူကြောက်မှာ မဟုတ်ပေ၊ သို့သော်, သွေးနီတိုက်ပွဲမြင်းသည်ကောင်းမွန်သောအမျိုးအစားဖြစ်ပြီး, ၎င်းကအရမ်းကြည့်ကောင်းပြီးမိုက်သည်၊ ဒီလိုမျိုးမိုက်ပြီးကြည့်ကောင်းတဲ့မြင်းကို ဘယ်ယောကျာ်းကမစီးချင်ဘဲနေပါ့မလဲ?

သို့သော်,သူကနောက်ဆုံး၌သွေးနီတိုက်ပွဲမြင်း၏အားနည်းချက်ကိုတွေ့သွားတာ‌ ကြောင့်ဟွမ်ယကလွယ်လွယ်နှင့်သဘောမတူပေ၊ သူကသူ့ကိုယ်သူတည်ငြိမ်စွာဖြင့် ပြောလိုက်သည်, “သဘောမတူဘူး၊ ငါမင်းကိုအနည်းဆုံးဆယ်ကြိမ်စီးမယ်! ပြီးရင်တစ်ကြိမ်ချင်းစီမှာအနည်းဆုံးသုံးနာရီကြာတယ်!”

“ငါ့ကိုတွန်းအားမပေးနဲ့နော်!” သွေးနီတိုက်ပွဲမြင်းကဒေါသထွက်စွာဖြင့်ဟွမ်ယအား ကြည့်လိုက်သည်၊

“မင်းမလိုချင်ဘူးလား?” ကောင်းဖန်ကဟန်ဆောင်ပြုံးလိုက်သည်၊ သူ့လက်ထဲမှ ပုလင်းကိုလွှတ်ချလိုက်သည်၊ ပုလင်းကမြေပြင်ပေါ်သို့လွတ်ကျသွားပြီး ကျယ်လောင်သည့်အသံကိုပြုလုပ်လိုက်သည်။

“မဖြစ်ဘူး!” သွေးနီတိုက်ပွဲမြင်း၏မျက်လုံးများကထွက်ကျတော့မလိုပင်ဖြစ်သွားသည်၊ ၎င်းကသူ့နှလုံးမှသွေးများထွက်နေသလိုပင်ခံစားရသည်။

ကောင်းဖန်ကဖိတ်စင်နေသောဆေးများကိုလှမ်းယူလိုက်ပြီး သူ့အင်္ကျီထဲမှတူညီသော ဆေးတစ်ပုလင်းကိုဖြည်းညှင်းစွာဖြင့်ထုတ်ယူလိုက်သည်။

“ဒီဆေးက ငါ့မှာရှိနေတုန်းဘဲနော်၊ မင်းလိုချင်သရွေ့ငါမင်းကိုဆေးပမာဏအဆုံးမရှိ လုပ်ပေးနိုင်တယ်၊” ကောင်းဖန်ကနူးညံ့စွာဖြင့်ပြောလိုက်သည်။ “ပြီးတော့, ဒီထက်‌ ကောင်းတဲ့ဆေးလည်းလုပ်နိုင်သေးတယ်”

သွေးနီတိုက်ပွဲမြင်းကတံတွေးမျိုချလိုက်သည်၊ “ဒီလူ, ဒီလူကတကယ်ကိုနတ်ဆိုးဆန် တာဘဲ…”

ထို့နောက်ကောင်းဖန်ကဟွမ်ယဆီသို့ပုလင်းအားလက်လှမ်းလိုက်သည်၊ “ဒီဆေးက အခုမင်းရဲ့သခင်လက်ထဲရောက်သွားပြီနော်၊ သူဘယ်လိုသုံးမလဲဆိုတာတော့ သူဘဲရွေးချယ်လိမ့်မယ်၊ ငါ့မှာထိန်းချုပ်ထားခွင့်မရှိဘူး”

သူစကားပြောပြီးသည်နှင့်သူ၏ဧည့်သည်များကိုလက်ယမ်းပြလိုက်သည်၊

ဟွမ်ယကကောင်းဖန်အားကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်လိုက်ပြီးနောက်, သွေးနီတိုက်ပွဲမြင်းကိုခေါ်ကာထွက်သွားတော့သည်။

ဟွမ်ယနှင့်သွေးနီတိုက်ပွဲမြင်းတို့မည်သို့သောသဘောတူညီချက်ကိုရလဲဆိုတာတော့ ကောင်းဖန်အနေနှင့်စိတ်ဝင်စားနေဖို့မလိုပေ။ သို့သော်,ထိုနေ့ကသူမြင်လိုက်သည်နှင့် ဟွမ်ယကထက်မြက်သူတစ်ဦးဖြစ်ကြောင်းသူဆုံးဖြတ်နိုင်ခဲ့သည်။”

***

သားရဲလေ့ကျင့်သူ

အပိုင်း၁၃၂

“အဘိုး, ဒီရောက်နေတာဘဲ” ရေကန်ဘေးတွင်သူ့သားရဲအားလေ့ကျင့်နေသော ကောင်းဖန်ကအဘိုးလမ်းလျှောက်လာတာကိုမြင်လိုက်တာကြောင့်,နှုတ်ဆက်လိုက် သည်။

“မင်းရဲ့သားရဲတွေကိုထပ်ပြီးလေ့ကျင့်ပြန်ပြီပေါ့?” ကျီဟန့်ဝူကကောင်းဖန်နှင့်အတူ သူ၏သားရဲများကိုကြည့်ကာပြောလိုက်သည်။

တာ့ဇီနှင့်အစင်းလေးသည်ထူးချွန်ပြောင်မြောက်စွာဖြင့်တိုက်ပွဲဆင်နွှဲနေကြသည်၊ သူတို့နှစ်ကောင်လုံးက ထူးခြားအဆင့်အတန်းသားရဲတွေဖြစ်ကြပြီး, နှစ်ကောင်လုံးက အဆင့်၃၀ပတ်လည်တွင်ရှိကြသည်။ တစ်ကောင်ကပျံသန်း၍တိုက်ခိုက်မှုစွမ်းရည်နှင့်, တစ်ကောင်ကတိုက်ပွဲကိုထိန်းချုပ်ရန်၎င်း၏ပင့်ကူအိမ်များရှိသည်။ ပင့်ကူအိမ်များက အစင်းလေး၏ပျံသန်းနိုင်မှုမရှိသောအချက်ကိုလျော့ပါးစေရန်လုံလောက်သည်၊ တစ်ခါတစ်ရံမှာတိုက်ပွဲကပြင်းထန်လာတာကြောင့်ဘယ်သူကဘယ်သူလဲဆိုတာကိုပင် မပြောနိုင်ပေ။

သို့သော်,တစ်ဖက်ကတိုက်ခိုက်နေမှုကတော့ပို၍တောင်ပြင်းထန်လာသည်။

“ဟား” ဂိုဒီကသူ၏ခြေထောက်ကိုမြှင့်လိုက်ပြီးခုန်လိုက်ကာ ၎င်း၏ရှည်လျားသော နှုတ်သီးသည်အောက်ဘက်သို့ညွှန်နေပြီး၎င်း၏အတောင်ပံများကိုလက်သီးကဲ့သို့ ဆုပ်ထားကာ,ပေ၃၀ရှည်တဲ့ခန္ဓာကိုယ်ကလေပေါ်တွင်ပျံတက်သွားတော့သည်၊ ထို့နောက်၎င်းကရှေ့သို့ထိုးလိုက်သည်၊ ၎င်း၏တောင်ပံများထိပ်ရှိကြွက်သားများက အတူတကွတွန်းထုတ်လိုက်ပြီး, လုံးဝန်းနေသောပုံစံမျိုးဖြစ်သွားစေသည်။

ဘန်း!

ဂိုဒီ၏ထိုးချက်ဖြင့်ဒမ်ဘီကပျံထွက်သွားသော်လည်းမြေပြင်ပေါ်သို့တည်ငြိမ်စွာဖြင့် ဆင်းလိုက်သည်၊ ခြေဖဝါးတွင်အနက်ရောင်အရိုးများကိုသုံး၍မြေကြီးကိုကုပ်တွယ် လိုက်ပြီးမြေစာများကိုနက်နက်တူးထုတ်လိုက်သည်။

“မဆိုးဘူး…” ဒမ်ဘီကဖြေးညှင်းစွာဖြင့်ပြောလိုက်သည်၊ သူကဖြောင့်တန်းစွာဖြင့် သူ၏ညာဘက်လက်ကိုဆန့်တန်းလိုက်ပြီး, သူ၏နောက်ဘက်သို့ရောက်သွားကာ, အနက်ရောင်မြီးညှောင့်ရိုးကိုကိုင်ထားသည်၊ သူကရုတ်တရက်အရှေ့သို့ဆွဲလိုက်ပြီး လေးပေရှည်သောမြီးညှောင့်ရိုးကို၎င်း၏ကျောရိုးမှချက်ချင်းချိုးလွှတ်လိုက်သည်၊ အရိုးများ၏အပိုင်းတစ်ခုစီကဖြောင့်တန်းသည်၊ ၎င်းကဒမ်ဘီ၏လက်ထဲတွင် ဓားတစ်ချောင်းကဲ့သို့ပင်ဖြစ်နေသည်။

အနီရောင်သွေးကြောများကဒမ်ဘီ၏လက်ချောင်းအက်ကြောင်းများကြားထဲမှ ပေါ်ထွက်လာသည်၊ အနီရောင်သွေးကြောများသည်ဖြေးညှင်းစွာဖြင့်အရိုးဓား၏ ပတ်လည်တွင်ရစ်ပတ်သွားပြီး,အရိုးဓားကိုပို၍ခိုင်မြဲအောင်ပို၍လွယ်ကူစွာထိန်းချုပ်နိုင် စေရန်ပြုလုပ်နေသည်။

ဒမ်ဘီသည်သားသတ်ရုံတွင်သုံးပတ်နေရုံသာရှိသေးသော်လည်း ၎င်း၏အဆင့်သည် ၃၃မှ၃၉အထိလျင်မြန်စွာတိုးတက်လာခဲ့သည်၊ သူသည်ဧကရာဇ်အဆင့်သို့တိုးမြှင့်သွား ရန်အတွက်အဆင့်၂ဆင့်သာလိုတော့သည်။

ဒမ်ဘီ၏အဆင့်တက်သွားမှုအရှိန်သည်ကောင်းဖန်၏မျှော်လင့်ချက်ထက်ကျော်လွန် သွားပြီဖြစ်သည်။သို့သော်, ဒမ်ဘီကအဆင့်၃၆သို့ရောက်သည်နှင့်၎င်းကနှေးကွေးသွား တော့သည်၊ ဒမ်ဘီသည်အဆင့်၃၉တွင်သုံးရက်ကြာပိတ်မိနေပြီဖြစ်သည်။

ဂိုဒီသည်လည်းအဆင့်တက်လာတာအရမ်းမြန်သည်၊ ၎င်းကကောင်းဖန်၏ အဆင့်အနိမ့်ဆုံးကိုယ်ပိုင်သားရဲဖြစ်တာကြောင့်အဆင့်တက်သည့်အရှိန်ကမြန်နေခြင်း ဖြစ်သည်၊ ၎င်းကကွန်မန်ဒါအဆင့်သို့နှစ်ပတ်အကြာကမှရောက်ရှိထားခြင်းဖြစ်ပြီး, ၎င်းကလက်ရှိတွင်အဆင့်၂၄၌ရှိသည်၊ ဂိုဒီသည်ကွန်မန်ဒါအဆင့်သို့တိုးမြင့်သွားသည် နှင့်,၎င်း၏အဆင့်အတန်းသည်ဒဏ္ဍာရီလာအဆင့်အတန်းမှ ထူးခြားအဆင့်အတန်းသို့ အဆင့်ကျသွားခဲ့သည်။ သူအရင်ကဒဏ္ဍာရီလာအဆင့်အတန်းသို့ရောက်ဖူးတာကြောင့် ထိုအဆင့်အတန်းသို့ပြန်ရောက်ရန်အတွက်မခဲယဉ်းပေ။

ကောင်းဖန်ကဂိုဒီအားဒဏ္ဍာရီလာအဆင့်သို့ပြန်ရောက်ရန်တန်ဖိုးရှိသောပစ္စည်းများကို အသုံးပြုခဲ့ရသည်။

ဒဏ္ဍာရီလာသားရဲနှင့်ထူးခြားအဆင့်သားရဲတို့တိုက်ခိုက်ကြချိန်တွင်, သူတို့၏အဆင့် များသည်တူညီလုနီးပါးဖြစ်နေကာ, ဒဏ္ဍာရီလာအဆင့်သားရဲကတိုက်ပွဲတွင်လွှမ်းမိုး နိုင်လိမ့်မည်။

ဒါကြောင့်ပင်, ဒမ်ဘီကဂိုဒီအတွက်အသင့်တော်ဆုံးလေ့ကျင့်ဖော်ဖြစ်ခြင်းဖြစ်သည်။

ဒမ်ဘီသည်ဂိုဒီကိုဝန်းရံပြီးတိုက်ခိုက်ရန်အတွက်မသေဆုံးနိုင်သောသားရဲရာချီကို ဆင့်ခေါ်ကာတိုက်ခိုက်ခဲ့သည်၊ ဂိုဒီ၏ခန္ဓာကိုယ်သည်အနီးနားရှိမသေနိုင်သော သားရဲများ၏တိုက်ခိုက်မှုကြောင့် ၃၅ပေအထိမြင့်လာခဲ့သည်။

ထို့နောက်ဒမ်ဘီသည်၎င်း၏မသေဆုံးနိုင်သောမီးတောက်စွမ်းရည်ကိုရပ်တန့်လိုက် သည်၊ ၎င်းသည်မသေဆုံးနိုင်သောသားရဲများကိုတိုက်ခိုက်ရန်ဆင့်ခေါ်နိုင်ပေမယ့်လည်း ၎င်း၏ကိုယ်ပိုင်သန်မာမှုခွန်အားကိုသုံး၍မတိုက်ခိုက်နိုင်ဟုမဆိုလိုပေ။

မသေဆုံးနိုင်သောမီးတောက်၏တခြားသောအကျိုးသက်ရောက်မှုသည် ပိပိရိရိဖြင့် ဒမ်ဘီ၏အရိုးများကိုသန်မာစေသည်၊ သွေးကြောမျှင်နှလုံးဖြင့်ချိတ်ဆက်ထားသော ပေါက်ကွဲမှုစွမ်းရည်ဖြင့်, ဒမ်ဘီသည်အနီးကပ်တိုက်ခိုက်မှုတွင်အတော်လေးကို ကြောက်ဖို့ကောင်းသည်၊ အကယ်၍တစ်စုံတစ်ယောက်ကမှားယွင်းစွာဖြင့်ဒမ်ဘီကို ပျော့ညံ့သောအောက်လမ်းဆရာဟုယူဆ၍ ၎င်း၏လက်ပါးစေများကိုကျော်လွန်ကာ သူ့အားတိုက်ရိုက်တိုက်ခိုက်ခြင်းဖြင့်အနိုင်ယူလိုပါက သူတို့သည်တစ်ဘဝလုံး နာကျင်မှုတို့ဖြင့်တွေ့ဆုံရလိမ့်မည်။

“သတ်စမ်း!” ဒမ်ဘီက၎င်း၏ဓားကိုရှေ့သို့ညွှန်ပြလိုက်ပြီးအပြေးအလွှားသွားစေသည်၊ ၎င်းကသူ၏ခန္ဓာကိုယ်ကျယ်ကျယ်ဖွင့်လိုက်ပြီး သူ့ကိုယ်သူအရှေ့ကိုပြေးနေတဲ့ တောင်တစ်လုံးလိုဖြစ်သွားစေသည်။

၎င်းဓား၏တိုက်ခိုက်မှုစွမ်းရည်က ဓားသခင်တစ်ယောက်ကိုဌားရမ်းထားသလိုပင် ဖြစ်နေသည်။

ဒမ်ဘီ၏အရိုးများသည်ဈေးထဲတွင်ရှိသော သတ္ထုဘီးများထက်ပင်မာကြောနေပြီဖြစ် တာကြောင့်, သူကသံချပ်ကာပင်မလိုအပ်ပေ။ သို့သော်, ရှေးခတ်ကလူတို့သုံးသော ဓားဖြင့်တိုက်ခိုက်မှုနည်းလမ်းများကိုဒမ်ဘီကအသုံးပြုနေခြင်းဖြစ်သည်၊ သူ့ခန္ဓာကိုယ် အချိုးအစားသည်လူနှင့်ဆင်တူလှသည်၊ လူသားများအတွက်သင့်တော်သော ဓားဖြင့်တိုက်ခိုက်မှုနည်းအချို့သည်ဒမ်ဘီအတွက်လည်းသင့်လျော်လှသည်။

ဂိုဒီသည်အရွယ်အစားရာနှင့်ချီ၍ချဲထွင်နိုင်လျှင်လည်းသူ့အတွက်တော့ကိစ္စမရှိပေ၊ အဆုံးတွင်တော့, ဒမ်ဘီကဘဲ တိုက်ပွဲတွင်အောင်မြင်သွားဆဲဖြစ်သည်။

ဒမ်ဘီကတိုက်ပွဲကိုစတင်စဉ်မှစ၍ မှန်ကန်စွာဖြင့်လည်းအဆုံးသတ်နိုင်ခဲ့သည်၊ သို့သော်လည်းသူသည်ဂိုဒီကိုလေ့ကျင့်ရန်ကူညီပေးသောကြောင့် တိုက်ပွဲက အချိန်ကြာကြာဖြစ်နေခဲ့တာဖြစ်သည်။

နောက်ဆုံးတွင်, သူတို့၏အဆင့်ကွာခြားချက်မှာအလွန်ကြီးမားသည်၊ ဂိုဒီသည် အဆင့်တက်လာသော်လည်း၎င်းသည်လက်ရှိတွင်အဆင့်၂၄၌သာရှိဆဲဖြစ်သည်၊ ထို့အပြင်ဒမ်ဘီ၏တိုက်ခိုက်မှုအများစုသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများသာဖြစ် သည်၊ ဂိုဒီ၏ခံနိုင်ရည်စွမ်းအားသည်အသုံးမဝင်ပေ။

“မဆိုးဘူး” အဘိုးကချီးကျူးလိုက်သည်၊ “အခုတော့မင်းကိုယ်မင်းကာကွယ်ဖို့ လုံလောက်နေပြီပေါ့”

ကောင်းဖန်ကသူ့အဘိုး၏ချီးကျူးစကားကိုကြားရတော့အရမ်းကိုပျော်ရွှင်နေသည်။

“ကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံပွဲကတစ်ပတ်လိုသေးတယ်” အဘိုးကကောင်းဖန်ကို ပြောလိုက်သည်၊ “မင်းရဲ့လက်ရှိအဆင့်နဲ့အကဲဖြတ်သူနေရာကဆိုရင်နည်းနည်းတော့ မရေမရာဖြစ်နေသေးတယ်၊ အကယ်၍မင်းကအများပြည်သူကယုံကြည်လက်ခံစေဖို့နဲ့ တိတ်တဆိတ်ဝေဖန်တာတွေကိုမခံရဖို့ဆိုရင်, မင်းပြိုင်ပွဲထဲကိုမဝင်ခင် ဧကရာဇ်အဆင့်သားရဲတစ်ကောင်ရှိဖို့တော့လိုတယ်”

ကောင်းဖန်ကတိတ်ဆိတ်သွားသည်၊ ဒီပြဿနာကသူ့ကိုတော်တော်ခေါင်းကိုက်စေ သည်၊ ဒမ်ဘီ၏လက်ရှိတိုးတက်နှုန်းဖြင့်သူသည်ပြိုင်ပွဲရောက်ချိန်တွင် အဆင့်၄၀သို့ ရောက်ရှိနိုင်သင့်သည်၊ သို့သော်ဧကရာဇ်အဆင့်သို့ရောက်ရန်အချိန်ပို၍လိုအပ်သည်၊

ကောင်းဖန်သည်ဧကရာဇ်အဆင့်အထိသူ့ကိုယ်ပိုင်သားရဲရှိနိုင်ဖို့အတွက်သံသယမရှိ‌ သော်လည်းအချိန်ပိုရှိရန်တော့လိုအပ်သည်။

“နဂါးဖြူကဒီနေ့သူရဲ့ချိုးဖျက်မှုအတွက်ပြင်ဆင်နေတယ်” အဘိုးကရုတ်တရက် ပြောလိုက်သည်။

“အိုး” ကောင်းဖန်ကအနည်းငယ်အံ့ဩသွားသည်၊ ဒါပေမယ့်အချိန်အတော်ကြာစဉ်းစား ပြီးနောက်ကောင်းဖန်ကအဆင့်၅၀ရောက်နေပြီးသားဖြစ်သောရေနဂါးဖြူကို သတိရသွားသည်၊ လအနည်းငယ်ကျော်ဖြတ်ပြီးနောက်, ၎င်းကဧကရာဇ်အဆင့်မှာဘဲ နေနေရင်ထူးဆန်းသွားမှာပေါ့၊ “ကောင်းပါပြီ၊ ဒီနေ့အဘိုးကိုကူညီပြီးစောင့်ရှောက် ပေးမယ်” ကောင်းဖန်ကအလေးအနက်ပြောလိုက်သည်။

ကျီဟန့်ဝူကဟက်ဟက်ပက်ပက်ရယ်လိုက်သည်၊ သူကကောင်းဖန်ကပုခုံးကိုသာ ပုတ်လိုက်ပြီးဘာမှမပြောပေ။

အကယ်၍ရေနဂါးဖြူသာဆင့်ကဲတိုးမြင့်သွားလျှင်, ၎င်းကဒဏ္ဍာရီလာအင်ပါယာအဆင့် (legendary emperor)သားရဲဖြစ်သွားမည်ဖြစ်သည်။ ဒါကလူသားများနှင့်ဆက်သွယ်ခဲ့သောအမြင့်ဆုံး သားရဲအဆင့်ဖြစ်သည်။

ဦးလေးလျို၏ဧကရာဇ်အဆင့်သားရဲနှစ်ကောင်သည်လည်း ရေနဂါးဖြူကအဆင့် ချိုးဖျက်မည်ဖြစ်သောကြောင့်အပြေးအလွှားရောက်လာကြသည်။

ညအချိန်ကနီးကပ်လာပြီဖြစ်ပြီး, ကောင်းကင်ကြီးကမှောင်သထက်မှောင်လာသည်၊ ကောင်းကင်ရှိတိမ်နက်များကတဖြည်းဖြည်းလကိုဖုံးကွယ်သွားပြီး၎င်း၏မြင်သာမှု ရှိခြင်းကိုပိတ်ကွယ်လိုက်သည်၊ လခြမ်းကွေးကမိုးကုပ်စက်ဝိုင်းမှပေါ်လာပြီး, ၎င်း၏အလင်းကရေကန်တွင်တောက်ပနေသည်၊ ညကမယုံနိုင်လောက်အောင် တိတ်ဆိတ်နေသည်။

သေးငယ်သောလှိုင်းဂယက်လေးကရေကန်၏မျက်နှာပြင်၌ပေါ်လာပြီး, သူတို့က အလယ်သို့စုလာကြသည်၊ အရှိန်ကမြန်သထက်မြန်လာသည်၊ အဆုံးမှာတော့, ၎င်းတို့ကရေကန်မျက်နှာပြင်ပေါ်တွင်ပြင်းထန်သောလှိုင်းများဖြစ်ပေါ်လာတော့သည်၊

“ရွှမ်း!”

ရေတိုင်ကြီးကကောင်းကင်ပေါ်သို့အပြင်းအထန်ထိုးထွက်လာပြီး, ပေရာကျော်လောက် မြင့်ပြီးနောက်,ကျလာပြီးရေပန်းကဲ့သို့အရပ်ရပ်သို့ပြန့်ကျဲကုန်သည်။

သို့သော်, ပြန်ကျလာသောရေစက်ကလေးများကကောင်းကင်သို့ပျံတက်သွားကြပြီး ရေကန်ထဲသို့ပြန်မကျကြပေ၊ ထိုအစား,၎င်းတို့ကလေထဲတွင်အငွေ့အဖြစ်သို့ပြောင်း သွားသည်။

ကောင်းဖန်ကဗီလာ၏ဒုတိယထပ်တွင်မတ်တပ်ရပ်နေခြင်းဖြစ်သည်၊ လေထုကပိုပြီး စိုစွတ်လာတာကိုခံစားရပြီး မြင်နိုင်စွမ်းတွေလျော့ကျလာတာကိုသူခံစားရသည်။

နာရီဝက်ကြာပြီးနောက်, နဂါးဖြူသည်အနီးရှိတောင်ပိုင်းကောင်းကင်အဖွဲ့တစ်ခုလုံးကို လွှမ်းမိုးသွားစေသည်၊ ကုမ္ပဏီရှိအလုပ်သမားများကအလုပ်လုပ်နေသည်ကိုရပ်တန့် လိုက်ကြသည်၊ သူတို့ကအတူတကွစုရုံးလိုက်ကြပြီး, ဘာတွေဖြစ်နေလဲဆိုတာဆွေးနွေး ကြတော့သည်။

အထက်လူကြီးအချို့ကတော့အဆောက်အဦး၏ပြတင်းပေါက်များဘေးတွင်ရပ်နေကာ ဗီလာဆီသို့လေးနက်သောအကြည့်များဖြင့်ကြည့်နေကြသည်။

အနံ့ခံအာရုံပို၍ခံစားဖူးသူများသည်လေထုထဲတွင် အပြောင်းအလဲတစ်ခုကိုအနံ့ခံနိုင် နေကြသည်။

…

ထိုအချိန်တွင်,ရေကန်ထဲမှကြီးမားသောအသွင်အပြင်ထွက်ပေါ်လာသည်၊ ၎င်းက ထူထပ်သောမြူခိုးများကိုပျံ့ကျဲသွားစေပြီး, တိမ်များကိုမြိုလိုက်ကာ, ၎င်းကလေထဲ တွင်လှုပ်ရှားနေချိန်၌မီးခိုးများကိုမှုတ်ထုတ်နေသည်။

သို့သော်, ကောင်းဖန်ကရေနဂါးဖြူ၏ပင်ကိုအရည်အချင်းတွေကိုမြင်ရပြီးချိန်၌, သူကချက်ချင်းထိတ်လန့်သွားရသည်၊ သံသယဖြစ်မှုများကသူ့နှလုံးထဲတွင်ပြည့်နှက် လာသည်။

ဒီ….ဒီနဂါးဖြူကအဆင့်၅၁ကိုရောက်ပြီးသားကြီး။

ဆိုလိုတာကသူကအောင်အောင်မြင်မြင်နဲ့အစကတည်းကတိုးမြင့်သွားပြီးသားလား? ဒါမှမဟုတ်အခုမှသူကချိုးဖျက်သွားတာလား?

All Chapters