အခန်း (၂၃၃-၂၃၆)
Vol. 15 Ch. 233-236
အပိုင်း၂၃၃
ရေနဂါးဖြူသည်မြူခိုးများထဲတွင်လှည့်ပတ်သွားလာနေကာ၎င်း၏ခန္ဓာကိုယ်သည် ကြည့်ရသည်မှာမှုန်ဝါးနေသည်၊ ၎င်း၏အကြေးခွံများနှင့်လက်သည်းများသည်သာ ရံဖန်ရံခါမြင်ရတတ်သည်၊
ယွိကျိုးမြို့၏စစ်တပ်ခရိုင်မှလူတစ်ဦးဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့သည်၊ သူကနှေးနှေးကွေးကွေးမလုပ်ရဲပေ၊ “အရေးပေါ်သတင်းပြန်ကြားချက်ပါ၊ ကျီဟန့်ဝူရဲ့ ရေနဂါးဖြူကမြင့်တဲ့အဆင့်ကိုချိုးဖျက်သွားပါပြီ”
“ရေနဂါးဖြူကချိုးဖျက်ပြီးသွားပြီလား? သူကအမြင့်ဆုံးမှဧကရာဇ်အဆင့်ပတ်လည်မှာ ဘဲရှိမှာဘဲ၊ အကယ်၍သူကချိုးဖျက်သွားပြီဆိုရင်တော့ သူကဟိုအင်ပါယာအဆင့်….”
ထိုနေရာတွင်အနည်းငယ်တိတ်ဆိတ်သွားတော့သည်၊ တချို့လူတွေကတော့လေးနက် စွာချင့်ချိန်စဉ်းစားနေသည်၊တခြားသူများကတော့စတင်၍၎င်း၏တိုးတက်မှုအကြောင်း နှင့်အကျိုးဆက်များအားပတ်သတ်ပြီးစတင်၍တွေးတောလာကြတော့သည်။
တောင်ပိုင်းကောင်းကင်အဖွဲ့နှင့်ယွိကျိုးအစိုးရကြားဆက်ဆံရေးမှာကောင်းမွန်သည်ဟု ထင်ရသော်လည်း သူတို့ကစစ်တပ်နှင့်တောင်ပူးပေါင်းသေးသည်၊ တစ်နေ့တာ၏အဆုံး တွင်, ကျီဟန့်ဝူသည်စစ်တပ်နှင့်အစိုးရ၏ပုံရိပ်ဟူ၍လည်းမဟုတ်ပေ။
ကျီဟန့်ဝူသည်တောင်ပိုင်းကောင်းကင်အဖွဲ့၏ဥက္ကဌဖြစ်သည်။
ကျီဟန့်ဝူ၏တောင်ပိုင်းကောင်းကင်အဖွဲ့သည် ဩဇာကြီးမားပြီး၎င်းကဲ့သို့အမှီအခို ကင်းမဲ့စွာနေထိုင်နိုင်ခြင်း၏အကြောင်းလည်းဖြစ်သည်။ ရေနဂါးဖြူသည်မြို့ကို အကာအကွယ်ပေးနေခြင်းမှာ ထိုနေရာတွင်ကောင်းမွန်သည့်အခြေအနေကို ထိန်းသိမ်းထားနိုင်သောကြောင့်ဖြစ်သည်။
ကောလဟာလများအရတွင်, မြို့လူဦးရေတစ်ဝက်လောက်၏ပထမဆုံးနာမည် အစများသည် ‘ကျီ’ ဟူ၍ဖြစ်ကြသည်။
ကျီဟန့်ဝူ၏ဩဇာလွှမ်းမိုးခြင်းနှင့်တောင်ပိုင်းကောင်းကင်အဖွဲ့သည် ယွိကျိုးမြို့အား ကျော်လွန်၍သိသာထင်ရှားလှသည်။
အကြီးတန်းအရာရှိထဲမှတစ်ယောက်ကမျက်မှောင်ကြုတ်လိုက်သည်၊ သူက ခဏလောက်စဉ်းစားနေပြီးပြောလိုက်သည်, “ကျီဟန့်ဝူကယွိကျိုးကဘဲလေ, ပြီးတော့သူကငါတို့ထဲကတစ်ယောက်”
“ကျီဟန့်ဝူကတကယ်တော့အကုန်မှန်တယ်၊ အနည်းဆုံးတော့သူကဘေးပတ်လည်မှာ သူရဲ့ကြီးလေးတဲ့တာဝန်ကိုလွှင့်မပစ်ဘူးလေ၊ နောက်ပြီး,သူကအတော်လေးစစ်တပ်ကို လေးစားတယ်” ငယ်ရွယ်တဲ့အကြီးတန်းအရာရှိကပြောလိုက်သည်၊
သူ့အပြင်နောက်ထပ်အသက်နည်းနည်းကြီးတဲ့အကြီးတန်းအရာရှိတစ်ဦးကရယ်မော လိုက်သည်၊ “ဒါကတော့, မင်းကကျီဟန့်ဝူကဘယ်လိုလူမျိုးလဲဆိုတာမသိသေးလို့ပါ၊ အဲ့တာက သူစစ်တပ်ကိုမလေးစားဘူးလို့တော့မဟုတ်ပေမယ့် ဘာကြောင့်လဲဆိုတာ ကတော့သူကဉာဏ်ကောင်းတယ်လေ၊ အကယ်၍သူအတိတ်ကဘာတွေလုပ်ခဲ့တယ် ဆိုတာမင်းသိရင်, သူကသဘောကောင်းတဲ့လူမဟုတ်ဘူးဆိုတာမင်းသိလိမ့်မယ်”
ဆွေးနွေးမှုက အချိန်ပိုကြာသွားသော်လည်း အများဆန္ဒသဘောတူညီမှု မရရှိကြသေးပေ၊ အဆုံးမှာတော့, အကုန်လုံးကသူတို့၏အာရုံစိုက်မှုကိုလူသုံးယောက် ဆီသို့ပို့လိုက်ကြသည်၊ သူတို့သုံးယောက်လုံးကယွိကျိုးစစ်တပ်၏တကယ့်အာဏာစက် များဖြစ်ကြသည်။ ဆုံးဖြတ်ချက်များချရာတွင်၎င်းတို့သည် နောက်ဆုံးပြောပိုင်ခွင့်ရှိကြ သူများလည်းဖြစ်သည်။
သူတို့သုံးယောက်လုံးကအတန်းလိုက်ထိုင်နေကြသည်၊ ဘယ်ဖက်တွင်ဆံပင်ဖြူ၍ သူ၏အပေါ်နှုတ်ခမ်းတွင်နှုတ်ခမ်းမွှေးရှိသောအသက်ကြီးကြီးလူကြီးဖြစ်သည်၊ သူ၏မျက်လုံးများကအတူတကွပိတ်သွားတော့သည်၊ အကုန်လုံးကသူ့ကို ကြည့်နေပေမယ့်သူ့ကြည့်ရတာတော့တည်ငြိမ်နေသည်။ ထိုလူကြီးကဖြည်းညှင်းစွာ ဖြင့်ပြောလိုက်သည်, “ကျီဟန့်ဝူနဲ့ဆက်ဆံဖွယ်ရွေးချယ်ရင်ကျွမ်းကျင်ပိုင်နိုင်သူတွေနဲ့ အားသာချက်တွေတော့ ရှိပါသေးတယ်၊ ငါတို့မှာအခုသူ့ကိုဖိနှိပ်ဖို့အတွက်စွမ်းရည်တွေ ရှိပါသေးတယ်၊ ပြီးတော့ဧကရာဇ်အဆင့်သားရဲတွေကသန်မာတယ်, သူတို့ကြောင့်အဲ့ကောင်ကျရှုံးဖို့အတွက်ဖြစ်နိုင်နေသေးတယ်၊ ဒါပေမယ့်,သူကအဲ့ဒီ အင်ပါယာအဆင့်သာရောက်သွားရင်တော့, အခြေအနေတွေကစီစဉ်ဖို့အတွက် ခက်ခဲသွားလိမ့်မယ်။
“ငါကကျီဟန့်ဝူနဲ့ရင်းနှီးတယ်၊ ငါတို့အရင်ကလမ်းများစွာကိုအကြိမ်ပေါင်းများစွာ ဖြတ်ကျော်ဖူးခဲ့တယ်၊ သူ့ကိုတကယ်လှုပ်ရှားမှုလုပ်မယ်ဆိုရင်တော့, ငါတို့က လျှပ်တပြတ်တိုက်ခိုက်မှုစစ်နည်းဗျူဟာကိုအသုံးပြုပြီးတိုက်ခိုက်မှုကိုအဆုံးသတ် ရမယ်၊ မဟုတ်ရင်,ငါတို့ကသူရဲ့ဒေါသနဲ့ရင်ဆိုင်ရလိမ့်မယ်”
အခန်းထဲရှိလူများကပဟေဠိဖြစ်သွားကြတော့သည်၊ လူအိုကြီးကစကားအများကြီး ပြောလိုက်သည်,ဒါပေမယ့်သူတို့အားလုံးကလှုပ်ရှားမှုလုပ်ချင်လားမလုပ်ချင်ဘူးလား ဆိုတာသေချာမရှင်းလင်းဘူးဖြစ်နေသည်။
“အခုက တိုက်ခိုက်ဖို့အတွက်အကောင်းဆုံးအချိန်ဘဲ၊ အကယ်၍ငါတို့ကဒီအခွင့်အရေး ကိုလွတ်သွားမယ်ဆိုရင်, ငါတို့ဘယ်အချိန်ထိဆက်စောင့်နေရဦးမယ်ဆိုတာဘယ်သူမှ သိမှာမဟုတ်ဘူး”
“မင်းတို့အားလုံးဘာတွေစဉ်းစားနေကြတာလဲ? အပြင်မှာရှိနေတဲ့သားရဲတွေနဲ့ အပေးအယူလုပ်ဖို့တောင်မပြီးသေးဘူး၊ အခုချက်ချင်းတိုက်ချင်နေကြတာလား?” အခန်း၏ညာဘက်အစွန်းတွင်ရှိသောအမျိုးသားတစ်ဦးကပြောလိုက်သည်၊ သူ့မျက်လုံးများကလင်းယုန်တစ်ကောင်၏အသွင်အပြင်မျိုးရှိပြီး သူ၏အသားအရေမှာ နီညိုရောင်ရှိသည်၊ သူစကားပြောလို့ပြီးသွားသည်နှင့်, ထရပ်၍ဒေါသထွက်စွာဖြင့် ထွက်သွားတော့သည်။
အခန်းကတိတ်ဆိတ်သွားသည်၊ တစ်စုံတစ်ယောက်ကညင်သာစွာပြောလိုက်သည်, “လုံရှင်းတော့ထွက်သွားပြီ”
“တကယ်…ဒီငတိမှာအမြဲတမ်းစိတ်သဘောထားပြဿနာရှိနေတယ်၊ ဘာကြောင့် ဆိုတာကလည်းသူ့မှာသန်မာတဲ့သားရဲရှိနေလို့ဘဲ…”
အသက်အလယ်အလတ်ရှိပြီးအလယ်တွင်ထိုင်နေသောဗိုလ်ချုပ်က ပြောလိုက်သည်, “တော်လောက်ပြီ၊ ဆုံးဖြတ်ချက်ကချပြီးသွားပြီ၊ အားလုံးဘဲအမိန့်ကိုနာခံပြီး, ဘယ်သူမှ ဝင်စွက်ဖက်လို့မရဘူး၊ အဲ့လိုလုပ်တဲ့သူတိုင်း ခုံရုံးမှာစစ်ဆေးခံရမယ်” သူကစကားပြော ပြီးသည်နှင့်ထရပ်ကာအခန်းထဲမှထွက်သွားတော့သည်။
အသက်အလယ်အလတ်အရွယ်ရှိသည့်ဗိုလ်ချုပ်သည်သူ၏မျက်နှာတွင်ပင်ပန်းနေသော အမူအရာဖြင့်အခန်းထဲမှထွက်လာခဲ့သည်၊ သူ့နောက်မှတစ်စုံတစ်ယောက်ကပြေးလိုက် လာပြီးခေါ်လိုက်သည် “ဆရာ!”
“ဘာကိစ္စလဲ?” လူလတ်ပိုင်းဗိုလ်ချုပ်၏အသံမှာပြေပြစ်မနေတော့ပေ၊
“ဆရာ,ကျွန်တော့်မှာထင်မြင်ချက်တစ်ခုရှိပါတယ်၊ ကျွန်တော်တို့ကလှုပ်ရှားမှုလုပ်ဆောင်ဖို့ အနေအထားမှာမရှိတာကိုကျွန်တော်ထောက်ခံပါတယ်, ဒါပေမယ့်ကျွန်တော်တို့အတွက် လှုပ်ရှားမှုလုပ်ဆောင်ဖို့တစ်စုံတစ်ယောက်ကိုတော့ရှာနိုင်သေးတယ်မလား? ကျွန်တော်တို့ကကျီဟန့်ဝူရဲ့သားရဲသတင်းအချက်အလက်တွေကိုလျှို့ဝှက်ပေါက်ကြား စေနိုင်တယ်လေ၊ ကျီဟန့်ဝူရဲ့သားရဲကိုအဆင့်ချိုးဖျက်ဖို့မလိုလားတဲ့သူတွေရှိမှာ သေချာတယ်၊” သူကပြုံး၍ဂရုတစိုက်ပြောလိုက်သည်၊
ဝမ်ဟုန်းမင်ကထိုလူကိုဗလာမျက်လုံးများဖြင့်ကြည့်လိုက်ပြီးနောက်,သူ့ပုခုံးကိုပုတ်၍ မေးလိုက်သည်, “မင်းနာမည်ဘယ်လိုခေါ်လဲ?”
“ဆရာ,ကျွန်တော့်နာမည် လီလျန့်ပါ”ထိုလူကလျင်မြန်စွာဖြင့်အလေးပြုလိုက်သည်။
ဝမ်ဟုန်းမင်ကရယ်လိုက်ပြီးလီလျန့်အားဘာမှမပြောဘဲလေးနက်သောအကြည့်ဖြင့် ကြည့်လိုက်သည်၊ “တော်လောက်ပြီ၊ ပြန်သွားလိုက်တော့၊ သတင်းအချက်အလက်ကို ပေါက်ကြားဖို့အတွက်စဉ်းစားနေတာကိုရပ်လိုက်၊ ယွိကျိုးမှာကျီဟန့်ဝူကိုထိရဲတဲ့သူ ဘယ်သူမှမရှိဘူး…”
….
ကောင်းဖန်ကမြူခိုးတွေကြောင့်အပြင်မှာဘာတွေဖြစ်နေလဲဆိုတာမမြင်ရပေ၊ သူကနဂါးဖြူ၏ညည်းနေသံများကိုသာကြားနေရသည်၊ ၎င်း၏အသံကအတော်လေး ကြောက်စရာကောင်းပြီး,သူနဂါးကိုမြင်လိုက်သည်နှင့်,၎င်းကနာကျင်နေပုံရသည်။
တောင်ပိုင်းကောင်းကင်အဖွဲ့ဌာနချုပ်၏နောက်ကျောဘက်သည်တောင်တန်းတစ်ခုနှင့်ကပ်လျက်ရှိသည်၊ ဗီလာသည်ဆင်ခြေဖုံးရပ်ကွက်တွင်တည်ရှိသည်၊ ယွိကျိုးမြို့သည် တောင်များပေါ်တွင်လုံးလုံးလျားလျားတည်ဆောက်ထားသောကြောင့် မြို့တစ်ခုလုံးကို အဆုံးမဲ့တောင်များဖြင့်ဝန်းရံထားသည်။
အရောင်အစင်းပါသောကြီးမားသည့်ကျားတစ်ကောင်၏အနက်ရောင်ပုံရိပ်သည် ကောင်းကင်မှပေါ်လာတော့သည်၊ ၎င်းကသုံးပေမြင့်ပြီး ငါးပေရှည်လျားသည်၊ ၎င်းကတောင်ပူစာလေးတွင်ရပ်နေပြီး အောက်ဘက်ရှိနဂါးဖြူကိုငုံ့ကြည့်နေသည်။
ငါးပေသည်အသံအားဖြင့်တော့သိပ်ပြီးမရှည်ပေမယ့်, အနီးကပ်ကြည့်မည်ဆိုလျှင်တော့ ကားတစ်ချို့ထက်ပင်ပိုရှည်နေသည်။
အစင်းပါသောကြီးမားသည့်ကျားကြီးသည် ဆင့်ကဲပြောင်းလဲနေသောနဂါးဖြူကို ငုံ့ကြည့်နေရင်း ၎င်း၏မျက်လုံးများတွင်လောဘကြီးမှုတို့ဖြင့်ပြည့်နေသည်၊ သို့သော်, ၎င်းကအနည်းငယ်ချီတုံချတုံဖြစ်နေသည်၊ ၎င်းတွင်သဘာဝအရဉာဏ်နီဉာဏ်နက်များ သောစိတ်နေစိတ်ထားရှိတာကြောင့်, သူမြင်နေရတာကိုလည်းအရမ်းမသင်္ကာဖြစ်နေ သည်။
အစင်းပါသောကျားကြီးသည်တောရိုင်းထဲတွင်နေသောဧကရာဇ်အဆင့်သားရဲဖြစ်သည်၊ သို့သော်အချို့သောလူများနှင့်သူ၏အပြန်အလှန်အကျိုးပြုမှုများရှိသောကြောင့် နဂါးဖြူကအဆင့်ချိုးဖျက်နေသည်ဟူသောသတင်းကိုကြားလိုက်ရသည်၊ သူထိုသတင်းကိုကြားသည်နှင့်,စိတ်အားထက်သန်စွာဖြင့်အပြေးအလွှားလာခဲ့ခြင်း ဖြစ်သည်။
နဂါးသွေးပါသောသတ္တဝါများသည်သူ့အတွက်အလွန်ကောင်းမွန်သောအာဟာရ ဖြည့်စွက်စာဖြစ်သည်၊ ဒါပေမယ့်,ဒါကထောင်ချောက်တစ်ခုဟုတ်မဟုတ်ကို သံသယဖြစ်နေသည်။
အစင်းပါသောကျားကြီးသည်လူသားများကလိမ်ညာနေသည်ဆိုလားဆိုတာတွေးနေ သည်၊ တိရိစ္ဆာန်ရုံထဲတွင်ဖမ်းစီးခံရပြီးသုံးနှစ်လောက်ပိတ်ထားခံရပြီးနောက်, လူသားတွေကယုံကြည်လို့မရဘူးဆိုတာကိုနားလည်လာသည်!။
မြူတွေထဲတွင်တော့, နဂါးဖြူသည်အစင်းပါသောကျားရှိနေသည်ဆိုတာကိုသတိထား မိသွားသည်၊ ၎င်းကတိတ်တဆိတ်တံထွေးမျိုချလိုက်သည်၊ ၎င်းကရုတ်တရက် ပို၍တောင်အားစိုက်ထုတ်လိုက်သည်။
၎င်းကမြူထဲတွင်ပို၍လူးလွန့်သည်, လှည့်သည်, ပြီးနောက်တွင်သည်းနေသည်။
ဂေါင်း…
ဂါး….
ဂါး….
ကောင်းဖန်ကတစ်ခုခုဖြစ်ပျက်နေသလိုခံစားနေရသည်, ဒီအသံ၊ ဘာကြောင့် အသံကဒီလို…အသံကအက်ကွဲနေသလိုမျိုး?!
မဖြစ်နိုင်ဘူး! ငါမှားတာဘဲဖြစ်မယ်!
ဒါကကောင်းဖန်စိတ်ကိုရှုပ်ထွေးစေသည်။ သူ၏စိတ်ထဲတွင်, နဂါးဖြူသည်ဂုဏ်ရှိပြီး စွမ်းအားကြီးသောနဂါးတစ်ကောင်ဖြစ်သည်၊ ထိုအယူအဆကိုသူကြားနေရတာက စိန်ခေါ်ခြင်းခံနေရသလိုပင်ဖြစ်နေသည်။
တောင်ထိပ်ရှိအစင်းကျားသည်သက်ဝင်လှုပ်ရှားလာပြီးသူ၏နားဖြင့်ဂရုတစိုက် နားထောင်လိုက်သည်၊ ၎င်း၏မျက်စံများကအောက်တွင်ရှိနေသောနဂါးဖြူကို စိုက်ကြည့်ရင်းသူ၏ခန္ဓာကိုယ်သည်ရုတ်တရက်ခုံးကြွလာကာ, ခုန်အုပ်ရန်အတွက် လှုပ်ရှားမှုပြင်ဆင်နေကြောင်းကိုပြနေသည်။
အောက်ဘက်ရှိနဂါးဖြူက ယင်းကိုသတိမထားမိပေ၊ ၎င်းကဆက်၍မြူခိုးများ၏ ပတ်လည်တွင်လူးလိမ့်နေပြီး,ညည်းညူသောအသံကိုပြုလုပ်နေကာ တစ်ခါတစ်ရံတွင် တောင်နံရံများဖြင့်တိုက်မိ၍ထိခိုက်ကျိုးပဲ့သွားသောအသံများပြုလုပ်နေသည်။
အစင်းကျားကြီးသည်ရုတ်တရက်၎င်း၏ခုန်အုပ်မှုကိုယ်နေကိုယ်ထားပုံကိုရပ်လိုက်ပြီး, ၎င်း၏အနေအထားကိုအောက်တွင်ကြည့်နေသောတောင်ဘက်သို့ပြန်လှည့်လိုက်သည်၊ ၎င်း၏မျက်လုံးများကကောက်ကျစ်မှုတို့ဖြင့်ပြည့်နေသည်၊
၎င်း၏လျှာကိုထုတ်လိုက်ပြီးနှုတ်ခမ်းကိုသပ်လိုက်သည်၊ အစင်းကျားကြီးသည် အောက်ခြေသို့ဆက်ကြည့်နေသည်၊
အမ်? ဘာလို့အသံကပျောက်သွားတာလဲ?
အစင်းကျားကမသေချာသလိုခံစားလိုက်ရသည်၊ ၎င်းကသွားပြီးဘာတွေဖြစ်နေလဲ ဆိုတာကြည့်ချင်သည်၊
သူအောက်ကိုငုံ့ကြည့်တော့, ရေတိုင်ကီအရွယ်အစားလောက်ရှိသည့်လိမ္မော်ရောင် မျက်လုံးတစ်စုံကသူ့ကိုစိုက်ကြည့်နေသည်။
နဂါးဖြူသည်တောင်၏တစ်ဖက်တွင်တင်းကြပ်စွာတွယ်တက်ထားပြီး ကျားကို တိတ်ဆိတ်စွာဖြင့်ကြည့်နေသည်။
ဒါကကို့ရို့ကားရားဖြစ်နေသည့်အခြေအနေဖြစ်သည်။
အစင်းကျားသည်မေးခွန်းများဖြင့်ပြည့်နေပြီး, မင်းကအခုလေးတင်ဆင့်ကဲ့မြှင့်တင်မှု လုပ်ငန်းစဉ်ထဲမှာမဟုတ်ဘူးလား? ဒီလောက်မြန်မြန်ကြီးဘယ်လိုလုပ်တိုးမြှင့်တာ ပြီးသွားတာလဲ?
နဂါးဖြူကအပြုံးတုကြီးပြုံးပြလိုက်သည်၊ “ဒီလိုကြီးအော်ဟစ်နေရတာဘယ်လောက် ပင်ပန်းလဲဆိုတာမင်းသိလား?”
“အား!” ကျား၏အော်ဟစ်နေသောအသံကလေထဲတွင်ပျံ့နှံ့သွားတော့သည်။
နဂါးဖြူ၏ခြေသည်းသုံးချောင်းသည်အစင်းကျား၏ဦးခေါင်းခွံအတွင်းထဲတွင် နက်ရှိုင်းစွာနစ်ဝင်နေသည်၊
လေထဲတွင်, နဂါးဖြူတစ်ကောင်သည်အစင်းကျားကို၎င်း၏ခြေသည်းများဖြင့် ဆုပ်ကိုင်ထားပြီးနောက်၎င်းကိုအားစိုက်၍နှစ်ခြမ်းဆုတ်ဖြဲလိုက်သည်။
သွေးစများကရေနဂါးဖြူ၏လက်သည်းများတွင်စွန်းထင်သွားပြီး, ၎င်းတို့ကို အနီရောင်နှင့်အဖြူရောင်သို့ပြောင်းသွားစေသည်။
ဒါကအတော်လေးကို မျက်စိဖမ်းစားသွားသည်!
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၃၄
ဧကရာဇ်အဆင့်အစင်းကျားသွေးသည်တောင်ထိပ်တစ်ခုလုံးကိုသွေများဖြန်းထွက်ကုန် သည်၊ ကျီဟန့်ဝူကိုဆန့်ကျင်ဖို့ရည်ရွယ်ချက်ရှိသူတွေ ဒါမှမဟုတ် သူနဲ့အတူဖိနှိပ်ပြီး ဖြေရှင်းရန်ကြံထားသူတွေကထိတ်လန့်သွားတော့သည်။
တချို့ဉာဏ်ကောင်းသောသူတို့သည် သူ၏ရန်သူများကိုထောင်ချောက်ဆင်ရန်သူ၏ နဂါးဖြူကိုအသုံးပြုနိုင်သည်ဟုခန့်မှန်းကြသည်။
သူတို့ထင်ထားတာကမှန်တယ်ဆိုလည်းအဲ့တာကအရေးမကြီးပေ, လျို့ဝှက်ထားသော ကြံစည်ထားမှုများကိုရပ်တန့်ထားဖို့ဆုံးဖြတ်ပြီးသားဖြစ်သည်၊
ဗီလာထဲတွင်ကျီဟန့်ဝူကဖုန်းကိုချလိုက်သည်။
တောင်ပိုင်းကောင်းကင်အဖွဲ့တွင်များပြားသောသူလျှိုများတွေ့ရှိရသည်၊ ကုမ္ပဏီသည် တစ်ခါက၎င်းတို့ကိုတစ်ကြိမ်ရှင်းပစ်ဖူးပေမယ့်, တစ်ချို့ကတော့ကျန်ရှိနေသေးသည်၊ ကျီဟန့်ဝူကဒီအခွင့်အရေးကိုသုံးပြီးနောက်တစ်ကြိမ်ရှင်းပစ်တာဖြစ်သည်။
သေချာတာထက်လုံလောက်ပြီဖြစ်ပြီး, ကျီဟန့်ဝူကအားနည်းချက်ကိုပြလိုက်တိုင်း ပုန်းနေတဲ့သူတွေအားလုံးကသူ့အလိုလိုဖော်ထုတ်လာကြသည်။
နည်းပညာဌာန, တောင်ပိုင်းကောင်းကင်အဖွဲ့ဌာနချုပ်၌ဖြစ်သည်။
နည်းပညာဌာဟုခေါ်သော်လည်းအချိန်တော်ကြာအောင်ငြိမ်သက်နေခဲ့သည်၊ တောင်ပိုင်းကောင်းကင်အဖွဲ့၏ကြီးမားသောသုတေသနဓာတ်ခွဲခန်းအားလုံးကို ကျီဟန့်ဝူမှတိုက်ရိုက်ထားသောကြောင့်၎င်းတွင်ကန့်သတ်ချက်များစွာရှိသည်။ နည်းပညာဌာနသည်၎င်း၏ကိုယ်ပိုင်စမ်းသပ်မှုဓာတ်ခွဲခန်းများကိုသာထိန်းချုပ်ရသည်၊
ထိုသို့ဆိုရင်တောင်ကုမ္ပဏီ၏ထိပ်တန်းအရာရှိများ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည်။
ပင်မတံခါးမကြီးများပွင့်သွားကာလူတစ်စုဝင်လာကြသည်၊ ရှေ့တွင်အရပ်ခြောက်ပေ သုံးလက်မရှိသောအမျိုးသားတစ်ဦးရှိသည်၊ သူ့မျက်နှာအမူအရာကမှင်သေသေဖြစ်ပြီး သူ့ခန္ဓာကိုယ်ကနွားတစ်ကောင်ကိုသန်မာလှသည်။ သူကအနက်ရောင်လုံခြုံရေး ဝတ်စုံကိုဝတ်ဆင်ထားသည်။
ပင်မတံခါးအနီးနားတွင်ရပ်နေသောဝန်ထမ်းကစာရွက်စာတမ်းများကိုဖြည့်နေသည်၊ လူတစ်စုဝင်လာတာကိုမြင်တော့လက်ထဲကစာရွက်စာတမ်းများကထိတ်လန့်တကြား ဖြင့်လွတ်ကျကုန်တော့သည်၊
လုံခြုံရေးဌာနအကြီးအကဲ ရွှီဟန်ထိုက်ဖြစ်သည်!
ရွှီဟန်ထိုက်ကချက်ချင်းပင်ဌာနမှုးရုံးခန်းသို့တိုက်ရိုက်လျှောက်သွားလိုက်သည်၊ သူကရုံးခန်းအတွင်းကိုတော့လျှောက်မသွားပေ, ဒါပေမယ့်သူ့သားရဲကိုအရင်ဝင်ခွင့်ပြု လိုက်သည်၊
သူ၏အကျွမ်းတဝင်သားရဲမှာ ကိုးပေရှိသောသားပိုက်ကောင်တစ်ကောင်ဖြစ်ပြီး သတ္ထုမျှော်စင်တစ်ခုကဲ့သို့သန်မာလှသည်။
၎င်း၏ခန္ဓာကိုယ်ရှိကြွက်သားများသည်ကောင်းစွာဖွံ့ဖြိုးနေပြီး အလွန်သန်မာသော ကျောက်တုံးများလိုဖြစ်နေသည်။ နှာခေါင်းနှစ်ဖက်လုံးတွင်အမည်းစက်များရှိသည်၊ ၎င်း၏နားရွက်များသည်ယုန်ကဲ့သို့ရှည်ကြသည်၊ နားရွက်တွင်ရှိသောကြွက်သားများ ကလည်းတောင့်တင်းနေကြသည်၊
အနောက်ဖက်တွင်ထူထဲသောအမြီးသည်၎င်း၏ခါးတွင်ရစ်ပတ်နေကာ၎င်း၏ အမွှေးမျက်နှာပြင်သည်ရွှေဝါရောင်ဖြစ်ပြီး ခြေဖဝါးများသည်လည်းထူကာသွယ်လျ သည်။ သားပိုက်ကောင်တွင်၎င်း၏မျက်လုံးထောင့်စွန်း၌အမာရွတ်တစ်ခုရှိသည်။
၎င်း၏အများဆုံးထင်ရှားသည့်အရာမှာ ၎င်း၏လက်သီးပင်ဖြစ်သည်။ သာမန်သားပိုက်ကောင်များသည်ကြွက်သားများသန်မာပေမယ့်လည်း သူတို့၏ အပေါ်ဘက်ခြေထောက်များကအတော်လေးသေးသွယ်သည်။ ဒီသားပိုက်ကောင်၏ ကြွက်သားများကအလွန်ကြီးမားလှသည်၊ ၎င်း၏ကြီးကျယ်ခမ်းနားလှသော ကြွက်သားများသည်လှုပ်ရှားနေသောအခါတွင်လည်း ကခုန်နေကြပုံပေါက်သည်။
ဌာနမှုး၏တံခါးကိုသူ့ခြေထောက်တစ်ဖက်ဖြင့်တံခါးခေါက်ရမည့်အစားတစ်ချက်တည်းကန်လိုက်သည်!။
အနက်ရောင်အရိပ်တစ်ခုကရုံးခန်းထဲတွင်ပေါ်လာသည်၊ သားပိုက်ကောင်၏နားများက လှုပ်ယမ်းလာပြီး၎င်း၏မျက်လုံးများကရုတ်တရက်တောက်ပလာပြီး, သူ့ခေါင်းကို လျင်မြန်စွာငုံ့လိုက်သည်၊ အနက်ရောင်အမြီးကအခန်းအတွင်းမှအတင်းအကန်ထွက်ပြေးရန်ကြိုးစားသော်လည်း ကံမကောင်းစွာဖြင့်အောက်ကိုငုံ့ကြည့်နေသောသားပိုက်ကောင်ကို မြင်လိုက်ရသည်။
သားပိုက်ကောင်က၎င်း၏ညာလက်ကိုမြှောက်လိုက်ပြီး ထိုအမြီးကိုကျွမ်းကျင်စွာဖြင့် ဖမ်းလိုက်သည်၊ ၎င်းကကြမ်းတမ်းစွာဖြင့်ဆွဲလိုက်ပြီးလွှတ်ပစ်လိုက်သည်!။
ဘန်း!!!!
အသံ၏သက်ရောက်မှုကတစ်ထပ်လုံးတွင်ရိုက်ခတ်သံကိုကြားလိုက်ရသည်။
သားပိုက်ကောင်သည်ရှေ့သို့ပြေးသွားကာဘယ်လက်ဖြင့်လက်သီးထိုးချလိုက်သည်၊ ကင်းမြီးကောက်အမျိုးအစားသားရဲတစ်ကောင်သည်လျင်မြန်သောလက်သီးချက်ဖြင့် ဦးခေါင်းကိုထိမှန်သွားပြီးတစ်ချက်တည်းဖြင့်သေဆုံးသွားသည်၊
ရွှီဟန်ထိုက်ကရုံးခန်းထဲသို့လျှောက်ဝင်သွားတော့ ဘာမှမရှိတာကိုတွေ့လိုက်ရသည်၊ ကျန်ရှိနေသည်ကခုလေးတင်သတ်ခံလိုက်ရသည့်သားရဲတစ်ကောင်သာဖြစ်သည်။ ရုံးခန်းပိုင်သောလူကျောက်ကွမ်ယီ့သည်ထွက်ပြေးသွားတာကြာပြီဖြစ်သည်။
ရုံးခန်းကအနည်းငယ်ရှုပ်ထွေးနေသည်၊ ထိုလူကအလျင်လိုနေပြီးထွက်သွားတာကို တွေ့လိုက်ရသည်၊ ကြမ်းပြင်ပေါ်တွင်စာရွက်စာတမ်းအချိုပင်ပြန့်ကျဲနေသည်၊ အံဆွဲတွေလည်းဖွင့်ထားခဲ့သည်၊ ရွှီဟန်ထိုက်ကအံ့ဩမနေတော့ပေ၊ သူကကင်းမြှီးကောက်၏ခန္ဓာကိုယ်ကိုကြည့်ရင်းပြုံးလိုက်သည်၊
“သားသတ်ရုံဆီကိုအဲ့ဒီအလောင်းခန္ဓာကိုယ်ယူခဲ့, သူ့ဘာသူဆွေးမြေ့သွားပါစေ၊ ကျောက်ကွမ်ယီ့ထွက်သွားတာမကြာလောက်သေးဘူး”
“ရွှေထည်လေး, ငါတို့ရဲ့ချစ်ဖို့ကောင်းလှတဲ့ဌာနမှုးကိုသွားပြီးရှာကြစို့” ရွှီရှုဟန်ထိုက်က သားပိုက်ကောင်ကိုပြောလိုက်သည်၊
သားပိုက်ကောင်ကအလျင်အမြန်ဘဲခေါင်းညိတ်လိုက်သည်၊ ၎င်း၏မျက်နှာသေးသေး ပေါ်တွင်အလေးအနက်ထားသောအမူအရာရှိနေသည်။
၎င်းကသူ၏မျက်လုံးများကိုမှိတ်ထားလိုက်ပြီး၎င်း၏အနက်ရောင်နှာခေါင်းကို လှုပ်ယမ်းကာအခန်းအတွင်းရှိ ဓာတ်ငွေ့မျိုးစုံကိုခွဲခြမ်းစိတ်ဖြာနေသည်။
သားပိုက်ကောင်သည်ခေါင်းကိုမော့လိုက်သည်၊ ၎င်း၏ကြီးမားသော အနက်ရောင်မျက်လုံးကြီးများကိုမှိတ်လိုက်ပြီး ၎င်း၏ရင်ဘတ်ကိုသူ၏လက်များဖြင့် ဖက်လိုက်သည်၊ ၎င်း၏ခါးတွင်ပတ်ထားသောအမြီးသည်လျော့သွားပြီးမြေပြင်ပေါ်သို့ ကျသွားကာ ညင်သာစွာဖြင့်ကြမ်းပြင်နှင့်တိုက်နေပြီး တဂျစ်ဂျစ်မြည်သောအသံကို ပြုလုပ်နေသည်။
ဂျစ်,ဂျစ်,ဂျစ်၊ သားပိုက်ကောင်ကသူ၏မျက်လုံးကိုဖွင့်လိုက်ပြီးပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်၊ ၎င်း၏တင်းမာနေသောကြွက်သားများနှင့် သွေးကြောများ, အပြာရောင်သွေးပြန်ကြောများကဖောင်းကြွလာကြသည်။
ဘုန်း!
ဖုန်မှုန့်များထလာပြီး ရုံးခန်းတစ်ခုလုံးစူးရှသောအသံကိုကြားလိုက်ရသည်။
ရုံးခန်းအတွင်းရှိကြီးမားသောစားပွဲများနှင့်ထိုင်ခုံများကလွင့်ထွက်သွားတော့သည်၊ များစွာသောရုံးစာရေးမများသည်ကြောက်လန့်စွာဖြင့်အော်ကြတော့သည်၊ ပြတင်းပေါက်တွင်ကြီးမားသောအပေါက်ကြီးတစ်ခဏအတွင်းပေါ်လာတော့သည်၊ သားပိုက်ကောင်ကထိုအပေါက်မှခုန်ချသွားသည်၊
ကပ်ဆိုးကြီးမတိုင်ခင်က, သားပိုက်ကောင်များသည်သတ္တဝါလောကတွင်အဝေးဆုံးနှင့် အမြင့်ဆုံးခုန်နိုင်သောအကောင်များဖြစ်ကြသည်။
ဘန်း!
ဆင်းသက်သွားသည့်အသံကိုလည်းအဝေးမှကျယ်ပြန့်စွာဖြင့်ကြားနေရသည်။
ဆင်းသက်ပြီးနောက်, ၎င်းကထပ်၍မီတာတစ်ရာလောက်အဝေးသို့ထပ်ခုန်သွားပြန် သည်၊ ၎င်းသည်သူစတင်ခုန်ကတည်းကလုံးဝကိုပျောက်ကွယ်သွားတာဖြစ်သည်။
ရှုပ်ပွနေသောရုံးခန်းသာကျန်နေခဲ့သည်။
ရွှီဟန်ထိုက်ကသူ၏လုံခြုံရေးဌာနလက်အောက်ကလူများကို ကျောက်ကွမ်ယီ့နှင့်အတူ အနီးကပ်အလုပ်တွဲလုပ်သူများကိုခေါ်သွားရန်အမိန့်ပေးလိုက်သည်။
…
ငါ့မှာရှိနေတဲ့စာရွက်စာတမ်းတွေက တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့အတွင်းရေးကိစ္စ များအကြောင်းအချက်အလက်များစွာပါရှိနေသည်၊ ကောင်းကင်မြစ်အဖွဲ့ကသူတို့ဆီသို့ ယူလာပေးနိုင်လျှင်အနည်းဆုံးလက်ထောက်ညွှန်ကြားရေးမှုးရာထူးကိုပေးမည်လို့ ကတိပြုထားခဲ့သည်။
ကျောက်ကွမ်ယီ့သည်အလွန်စိတ်အားထက်သန်မှုကိုခံစားလိုက်ရသည်၊ တောင်ပိုင်းကောင်းကင်အဖွဲ့နှင့်ကောင်းကင်မြစ်အဖွဲ့တို့သည် ဘယ်တုန်းကမှ မပြေလည်ဖူးပေ၊ သူတို့နှစ်ခုဈေးကွက်ထဲတွင်တစ်ယောက်နှင့်တစ်ယောက်ပြိုင်ဆိုင် နေကြသည့်ပြိုင်ဖက်ကြီးများဖြစ်သည်။
ဤသည်မှာကပ်ဆိုးကြီးမတိုင်ခင်ကတည်းကဖြစ်လာသည်မှာအမှန်အကန်ဖြစ်သည်။
ငါနဲ့အဆက်အသွယ်ရတဲ့ဧကရာဇ်အဆင့်သားရဲတစ်ကောင်အသတ်ခံရတာသနားစရာ ကောင်းတယ်၊ ထိုလူအိုကြီးကျီဟန့်ဝူရဲ့အင်္ကျီလက်ထဲမှာလှည့်ကွက်တစ်ခုရှိဦးမယ်လို့ ဘယ်သူကထင်မိမှာလဲ၊ သူရဲ့ရေနဂါးဖြူကအရင်ကတည်းကဆင့်ကဲတိုးမြင့်ပြီးတာ ဖြစ်နိုင်တယ်၊ သေစမ်း!
ထိုကျားကအတော်လေးဉာဏ်နီဉာဏ်နက်များသည်၊ ၎င်းကသူနှင့်သွေးစာချုပ် ချုပ်ဆိုဖို့အတွက်ဆန္ဒမရှိပေမယ့်ငါပေးတဲ့လက်ဆောင်တွေကိုယူရတာနှစ်သက်တယ်၊ ဘာကိုမှပြန်မပေးဘဲအကျိုးအမြတ်တွေကိုဘဲဆက်ပြီးယူခဲ့တယ်။
ဒါ့အပြင်, ငါကနည်းပညာဌာနရဲ့အကြီးအကဲတစ်ယောက်လည်းဖြစ်ပေမယ့်, တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့နည်းပညာဆိုင်ရာအချက်အလက်တွေကို ငါကမရနိုင်ဘူး၊ ကျီဟန့်ဝူကဘယ်သူ့ကိုမှမယုံကြည်ခဲ့ပေ၊ အရာရာတိုင်းက သူ့လက်ထဲတွင်ရှိသည်၊ ဘယ်လိုတောင်ရွံ့ဖို့ကောင်းတဲ့လူကြီးလဲ?
မကျေနပ်မှုတွေအပြည့်ဖြင့် သူကြိုတွင်စီစဉ်ထားသည့်ကားပေါ်သို့ကျောက်ကွမ်ယီ့က တက်လိုက်သည်၊ “ကံကောင်းတာက, ငါကဒါတွေကိုကြိုမြင်နေခဲ့တယ်လေ၊ ဟီးဟီး,ငါ့ရုံးခန်းထဲမှာထားခဲ့တဲ့သားရဲကလူအနည်းငယ်လောက်ကိုသတ်နိုင်ဖို့ မျှော်လင့်ပါတယ်”
အင်ဂျင်ဖွင့်လိုက်သည်နှင့်ကျောက်ကွမ်ယီ့၏အမူအရာကပြောင်းသွားတော့သည်၊ ရုံးခန်းထဲတွင်ကျန်ခဲ့သောသူ့သားရဲသေဆုံးမှုကိုခံစားမိလိုက်သည်၊
သေစမ်း! သူတို့ကဘယ်လိုတောင်မြန်မြန်ဆန်ဆန်လုပ်နိုင်ရတာလဲ?!
ကျောက်ကွမ်ယီ့ကလျင်မြန်စွာဖြင့်အင်ဂျင်ကိုဖွင့်လိုက်ပြီး,ခြေနင်းကိုနင်းလိုက်ပြီး လမ်းပေါ်သို့တက်မောင်းလာတော့သည်၊
နောက်ခုံတွင်ရှိနေသောသားရဲသည်ကျောက်ကွမ်ယီ့ရောက်ရှိနေမှုကိုအနံ့ခံနိုင်လိုက် သည်၊ သူ့ခေါင်းကထွက်လာပြီး, ၎င်း၏လျှာကိုသုံး၍ကျောက်ကွမ်ယီ့၏လက်ကို ယှက်လိုက်သည်။
ကျောက်ကွမ်ယီ့ကကြည့်လိုက်သည်၊ သူမြင်လိုက်မှသာ, စိတ်အေးသွားသလိုခံစား လိုက်ရသည်၊ ၎င်းကသူ၏သားရဲဖြစ်သည့်သဲဖွတ်ပုတက်ကောင်ဖြစ်သည်၊ ၎င်းကအဆင့်အရမ်းတော့မမြင့်ပေမယ့်,အနည်းဆုံးတော့အုပ်ချုပ်သူအလယ်အလတ် အဆင့်သားရဲဖြစ်ကာ, ကိစ္စအများစုတွင်သူ့ကိုယ်သူခုခံနိုင်အားကောင်းသည်။
သာမာန်အခြေအနေမျိုးတွင်သူ၏ရာထူးမှရရှိသောအကျိုးကျေးဇူးများသည် ၎င်း၏လက်ရှိအခြေအနေထက်ပို၍မြင့်မားသောအဆင့်သို့ရောက်ရှိမည်ဖြစ်သည်။ သို့သော် သူသည်အစင်းကျား၏နှစ်သက်မှုကိုရယူလိုသောကြောင့်သူရရှိသောပစ္စည်း အများစုကိုကျားအားပေးခဲ့သည်၊သူသည်တစ်နေ့တွင်ကျား၏မျက်နှာသာပေးမှုကို ရရှိပြီး ၎င်းအားဧကရာဇ်အဆင့်သားရဲ၏သခင်အဖြစ်လုပ်ပေးရန်မျှော်လင့်ခဲ့သည်၊
သို့သော်, သူ၏ကြိုးစားအားထုတ်မှုများကဘာမှမဟုတ်တော့ပေ၊ ထိုဧကရာဇ်အဆင့် အစင်းကျားသည်နဂါးဖြူ၏မုန့်ဖြစ်သွားပြီဖြစ်သည်။
ကျောက်ကွမ်ယီ့၏ကြောက်စိတ်သည်ပို၍ပင်ဆိုးရွားလာခဲ့သည်၊ အကယ်၍ကျားသည် အလွန်အသုံးမဝင်ကြောင်းသူသိပါက, ငါ့ရဲ့သဲဖွတ်ပုတက်ကိုလေ့ကျင့်ပေးဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်မိမှာဘဲ။
ကျောက်ကွမ်ယီ့သည်ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရာ ကောင်းကင်မှအနက်ရောင် ပုံရိပ်ကပြုတ်ကျလာသည်ကိုတွေ့လိုက်ရသည်၊ ခဏအတွင်းမှာတင်, ထိုအနက်ရောင် အရိပ်သည်လမ်းပေါ်သို့ဆင်းသက်၍, မတ်တပ်ရပ်ပြီး သူ၏လမ်းကိုပိတ်ကာထားတော့ သည်။
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၃၅
ကျောက်ကွမ်ယီ့ကထိတ်လန့်သွားတော့သည်။ ဘရိတ်ကိုမနင်းရုံတင်မကဘဲ တက်နင်းထားသည့်အရှိန်ကိုသာတောက်လျှောက်ဖိထားမိသည်၊ ပြင်းထန်စွာ တိုက်မိခြင်းသည်ကျောက်ကွမ်ယီ့ကိုအရှေ့သို့ပစ်ကျသွားစေသည်၊ သူရင်ဘတ်ကို ထိုင်ခုံခါးပတ်ကတားထားပြီး လေအိတ်ကသူ့ကိုကာကွယ်ရန်ပေါ်လာသည်။
တစ်နာရီကိုမိုင်၆၀နှုန်းဖြင့်မောင်းနှင်လာသည့်ကားတစ်စီးသည်လမ်းဘေး၌ ရပ်တန့်သွားခဲ့သည်။
ကားရှေ့တွင်အလွန်သန်မာလှသောသားပိုက်ကောင်တစ်ကောင်သည်ရှေ့သို့တိုးလာ သည်၊ ၎င်း၏အမြှီးကိုမြှင့်လိုက်ပြီး၎င်း၏ခြေထောက်များသည်လည်းတြိဂံကျကျ တည်ငြိမ်နေသည်။ ၎င်း၏ထူထဲကျစ်လစ်သောလက်ကရှေ့သို့ရောက်လာကာ, ကားအမိုးသည်စက္ကူတစ်ရွက်မွစာကြေနေသလိုလုံးဝကိုတွန့်လိမ်နေပြီးကျိုးပဲ့နေပြီဖြစ်သည်။
သားပိုက်ကောင်၏လက်များသည်နက်ရှိုင်းစွာဖြင့်ကားအမိုးထဲသို့နစ်ဝင်နေသည်။ အင်ဂျင်ကကွဲသွားကာကားအင်ဂျင်သည်လည်းလုံးလုံးပျက်စီးသွားသည်၊ ကျိုးပဲ့နေသောအမိုးရှိအပေါက်မှအဖြူရောင်မီးခိုးများအများအပြားထွက်လာသည်။
ဟဇ်…ပြင်းထန်သောအပူချိန်သည်ပျက်စီးနေသောကားအမိုးမှထွက်လာသည်။
သားပိုက်ကောင်၏ရွှေရောင်ကြွက်သားလက်မောင်းသည်ဖြေးညှင်းစွာဖြင့် ကားအမိုးမှ ပေါ်လာသည်။
ဘန်း!
၎င်းကသူ၏လက်သီးများဖြင့်ရိုက်ချလိုက်သည်။
ရွှေရောင်ဖွတ်ပုတက်သည်သူ့မျက်လုံးကိုဖွင့်ကြည့်ကာရှုးရှုးရှဲရှဲဖြစ်နေသည်၊ ၎င်းသည် သူ၏ကြီးမားသောခန္ဓာကိုယ်ကြောင့်အနောက်တွင်ထိုင်ရသည်၊
သားပိုက်ကောင်သည်၎င်း၏ရှေ့ခြေထောက်များတွင်ခွန်အားအနည်းငယ်ကိုအသုံးပြုကာကားတံခါးကိုတစ်ရှူးအားဆုတ်ဖြဲလိုက်သလိုဆုတ်ဖြဲလိုက်သည်၊ ကားထဲတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်နေသည်။
သူ့သခင်ကအန္တရာယ်ကျရောနေချိန်တွင်, ကျောက်ကွမ်ယီ့သားရဲသည်သူ့အတွက် ဘာအကြောင်းမှမရှိဘဲခုခံပေးခဲ့သည်။
ဒီသားပိုက်ကောင်နှင့်လာရှုပ်မနေဘူးဆိုတာကိုတွေ့တော့, ရွှေသဲဖွတ်ပုတက်သည် သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီး, ခြိမ်းခြောက်သည့်အသံကိုထုတ်လွှင့်လိုက်သည်၊ အကယ်၍ သားပိုက်ကောင်ကအဝေးကိုထွက်သွားမယ်ဆိုရင်တော့, ၎င်းကအသေခံတိုက်ပွဲတွင် ပါဝင်ဖို့အတွက်ရွေးချယ်မည်မဟုတ်ပေ။
သားပိုက်ကောင်သည် သားရဲကကားနောက်ဖုံးမှထွက်လာတာကိုမြင်သောကြောင့် သူ့လည်ပင်းမှအက်ကွဲသောလှောင်ပြောင်သည့်အသံထွက်ပေါ်လာသည်။ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး, ၎င်းတို့မှလေးချောင်းကိုနောက်ပြန်ရုတ်လိုက်ကာလက်ခလယ် တစ်ချောင်းကိုသာချန်ထားခဲ့သည်၊ ၎င်းကသူ၏လက်ခလယ်ကိုသုံးပြီးလက်ဟန်ဖြင့် ရွှေသဲဖွတ်ပုတက်ကိုရှေ့ကိုတိုးလာဖို့အတွက်ခေါ်လိုက်သည်။
ရွှေသဲဖွတ်ပုတက်သည်ထိုလက်ဟန်ပုံစံကဘာကိုဆိုလိုလည်းဆိုတာကိုနားလည်သည်၊
၁၃ပေရှည်လျားသောဖွတ်ပုတက်သားရဲသည်သေးငယ်သည်မဟုတ်ပေ၊ ၎င်း၏ကြမ်းတမ်းသောအမြှီးကလမ်းပေါ်တွင်တင်နေပြီး, ကတ္တရာလမ်းခင်းကိုဖျက်စီး ပစ်သည်။ ၎င်း၏အရေပြားတွင်ကျောက်မှုန့်များကဲ့သို့အစေ့များရှိပြီး, ထိုအဖုများသည် အတော်လေးကိုကြမ်းတမ်းပြီးမာကျောသည်၊ ၎င်းသည်ပြည့်စုံသောရွှေသဲဖွတ်ပုတက် နှင့်လိုက်ဖက်သောကြမ်းတမ်းသည့်ခွန်အားဖြစ်သည်။ အကယ်၍၎င်း၏အစေ့များက ရန်သူပေါ်သို့ကျသွားပါက, ၎င်းသည်သူတို့၏အရေပြားကိုဆုတ်ဖြဲပစ်မည်ဖြစ်သည်။
ထိုတုံးအလှသောဖွတ်ကလေးသည်၎င်း၏မိမိုက်သောကိုယ်နေဟန်ထားအား သဘောပေါက်သည်ကိုသတိထားမိသောအခါတွင်သားပိုက်ကောင်ကအနည်းငယ် စိတ်ပျက်သွားသလိုခံစားလိုက်ရသည်၊ ၎င်းကသူ၏ခေါင်းကိုယမ်းလိုက်သည်၊ မင်းကအရမ်းတုံးနေတာကြောင့်, ငါမင်းကိုသတ်ပေးရလိမ့်မယ်။
သားပိုက်ကောင်ကသူ၏ညာခြေထောက်ကိုမြေပြင်နှင့်ရိုက်ချလိုက်ပြီး ၎င်း၏အမြီးကို လည်းလွှဲယမ်းလိုက်သည်။ သားပိုက်ကောင်၏သန်မာသောခွန်အားကိုအသုံးပြု၍ ခွန်အားမှနှေးကွေးမှုသည် အကယ်၍သားပိုက်ကောင်အားလေထဲတွင်မြင်နိုင်စေရန် မှုန်ဝါးစေသည်။
၎င်း၏စွမ်းအားပြည့်ဝသောအမြင်ဖြင့်ပင်, ဖွတ်ပုတက်ကထိန်းရန်အခက်အခဲရှိနေသေး သည်။
ဘန်း!
သားပိုက်ကောင်ကဝိုက်၍ ရွှေသဲဖွတ်ပုတက်၏မေးရိုးကိုကန်လိုက်သည်၊ ကန်ချက်က နောက်သို့ပေ၃၀ရောက်သွားစေသည်၊ ၎င်းကမြေပေါ်သို့မကျခင်လေထဲ၌အကြိမ် များစွာလည်နေသေးသည်၊
“အားနည်းတယ်, အရမ်းအားနည်းတယ်” သားပိုက်ကောင်ကစိတ်မကောင်းစွာဖြင့် သူ့ခေါင်းကိုယမ်းလိုက်သည်၊ ဒါကသူသတ်သည့်ပထမဆုံးသားရဲမဟုတ်ပေ။
ဒါက…အနည်းငယ်လောက်စိန်ခေါ်တယ်လို့တောင်ပြောလို့မရဘူး!
ဘုန်း!
၎င်းကသူရပ်နေသည့်နေရာတွင်အဖြူရောင်မြူခိုးများပေါ်လာစေသည်၊ သားပိုက်ကောင်က၎င်းကိုဖြတ်မမြင်နိုင်ပေ၊ ၎င်းကသူတိုက်ခိုက်သည့်အချိန်တွင်မှသာ ပေါ်လာတာဖြစ်ပြီး, လက်သီးပစ်ထိုးချက်နှင့်ကန်ချက်, စသည်တို့သည် ရွှေသဲဖွတ်ပုတက်၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်သည်၊ တိုက်ခိုက်မှုအားလုံးသည် လျှပ်စီးကြောင်းများကဲ့သို့လျင်မြန်စွာပေါ်ထွက်လာပြီး နျူကလီးယားပေါက်ကွဲသကဲ့သို့ ပေါ်ထွက်လာသည်။
အလွန်နှေးကွေးနေသောအခါမျိုးတွင် မြင့်မားသောခုခံမှုကိုဘယ်လိုသုံးမလဲ? ဒါကလွယ်ကူရိုးရှင်းတဲ့ပစ်မှတ်တစ်ခုဖြစ်သည်!
သားပိုက်ကောင်ကလေထဲတွင်ပေါ်လာသည်ကိုသတိပြုမိသွားသည်၊ ၎င်း၏ ညာလက်သီးချက်သည်အလင်းကဲ့သို့မြန်သည့်ဒလဟောကျလာသောလက်သီးများမှ ပြင်းထန်သောလေပြင်းများထွက်လာပြီး ၎င်း၏နှာခေါင်းပေါက်ကြီးနှစ်ခုမှ လေပြင်းများပင်ထွက်လာသည်။
နောက်ဆုံးအလင်းကိုဖမ်းမိတဲ့အချိန်မှာတော့,၎င်းကလူရဲ့ခန္ဓာကိုယ်ပေါ်သို့ရောက်သွားပြီဖြစ်သည်။
ဘုန်း !
ရွှေသဲဖွတ်ပုတက်၏ခန္ဓာကိုယ်သည်လေထဲတွင်မြောက်တက်သွားတော့သည်၊ ရုတ်တရက်, ၎င်း၏ခန္ဓာကိုယ်နေရာအနံ့မှပွင့်ထွက်ပေါက်ကွဲမှုများ ထွက်ပေါ်လာတော့သည်၊
များစွာသောထိုးနှက်ချက်များက၎င်း၏ခန္ဓာကိုယ်ခုခံအားကိုသိသိသာသာလျော့ကျစေ သည်၊ နောက်ဆုံးထိုးချက်မှာကုလားအုတ်နောက်ကျောကျိုးသွားသလို ကောက်ရိုးတစ်ချောင်းကဲ့သို့ပင်ဖြစ်သွားသည်။
သွေးအိုင်များကြားထဲတွင်သားပိုက်ကောင်သည်၎င်း၏လက်သီးများကို ပြန်၍ဆွဲထုတ် ကာ၎င်း၏အမြီးသည်လည်းသူ၏ခါးတစ်ဝိုက်အနောက်သို့ပြန်ဆုတ်သွားတော့သည်၊ ၎င်းသည်ဟန်ချက်ညီစေရန်အတွက်၎င်း၏အမြီးကိုလည်းမြောက်ချင်ပေမယ့်, အဲ့တာကအမြီးမပါလျှင်သူလမ်းမလျှောက်နိုင်လို့တော့မဆိုလိုပေ။
၎င်း၏သန်မာသောခြေထောက်များကအဆက်မပြတ်လှုပ်ရှားလာသည်၊ ဒါက သားပိုက်ကောင်၏သွက်လက်တက်ကြွမှုကိုလေ့ကျင့်ပေးသောနည်းလမ်းတွေထဲမှ တစ်ခုဖြစ်သည်၊ ၎င်းကဒါရိုက်ဘာထိုင်သောနေရာတွင်လွတ်နေသောဘာမှမရှိသည့် ကားနေရာသို့လျှောက်သွားလိုက်သည်၊ ကြည့်ရတာကျောက်ကွမ်ယီ့ကတော့တိုက်ပွဲ အတွင်းကနေတိတ်တဆိတ်လွတ်မြောက်သွားပုံရသည်။
သားပိုက်ကောင်ကအေးစက်သောအပြုံးကိုပြုံးလိုက်ပြီးနောက်, ဒါရိုက်ဘာထိုင်ခုံနေရာ ကိုအနည်းငယ်အနံ့ခံလိုက်သည်။ ထို့နောက်၎င်းကလမ်းဘေးရှိလူသွားလမ်းပေါ်သို့ လျှောက်သွားလိုက်သည်၊
ပေ၃၀လောက်လမ်းလျှောက်လိုက်ပြီးချုံပုတ်တစ်ခုရှေ့တွင်ရပ်လိုက်သည်၊ ၎င်းကဒူးကွေးလိုက်ပြီး, ချုံပုတ်ကိုဆွဲလိုက်သည်၊ သူက၎င်းကိုဆွဲလိုက်ကာထွက်လာ သည်နှင့် ကျောက်ဟွမ်ယီ့၏လက်ကပါလာသည်။
၎င်းကပေရာချီလောက်လေထဲတွင်ခုန်လိုက်သည်၊ ၎င်းကတောင်ပိုင်းကောင်းကင်အဖွဲ့ ၏အဆောက်အဦးသို့ပြန်မရောက်မှီအနည်းငယ်သာခုန်လိုက်ရသည်။
….
“အဖေ” ရှုချင်းကျီကအရပ်ခြောက်ပေကျော်ပိန်ပိန်ပါးပါးရှိသောအမျိုးသားကိုလှမ်းခေါ် လိုက်သည်၊ သူမကကောင်းဖန်၏နောက်တွင်ရပ်နေတာဖြစ်သည်။
ကောင်းဖန်ကတောင်ပိုင်းကောင်းကင်အဖွဲ့၏လုံခြုံရေးဌာနအကြီးအကဲရွှီဟန်ထိုက်ကို လှမ်းကြည့်လိုက်သည်၊ ကောင်းဖန်ကထိုနာမည်ကိုယခင်ကကြားဖူးသော်လည်း လူကိုယ်တိုင်တော့မမြင်ခဲ့ဖူးပေ။
ရွှီဟန်ထိုက်၏နောက်တွင်တော့ကြွက်သားများဖြင့်ပြည့်နေသည့်သားပိုက်ကောင် တစ်ကောင်ရှိသည်၊ အရပ်ကတော့ဆယ်ပေနီးပါးရှိသည်၊ ကပ်ဆိုးကြီးမတိုင်မီက သားပိုက်ကောင်အများစုသည်အရပ်ငါးပေကျော်သာရှိကြသည်။
ထိုသားပိုက်ကောင်၏အမွှေးများသည်ရွှေရောင်ဖြစ်ပြီး၎င်း၏အမွှေးသည်နူးညံ့ပြီး တောက်ပြောင်နေသည်၊ သူ့၏အရွယ်အစားမှလွဲ၍တခြားသားပိုက်ကောင်တွေနှင့် မတူညီပေ။
[မကောင်းဆိုးဝါးအမည်]-ရွှေအလင်းလက်ဝှေ့ချန်ပီယံသားပိုက်ကောင်
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၄၀
[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံခြင်းအဆင့်အတန်း
[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-သာမန်ထက်လွန်ကဲသောဆဌမအာရုံအဆင့်၂
[မကောင်းဆိုးဝါးစွမ်းရည်]-အလင်း
[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(နိုးကြားတက်ကြွခြင်း)
[မကောင်းဆိုးဝါးမိတ်ဆက်]-ကန်ချက်, လက်ဝှေ့နှင့်ကြွက်သားလေ့ကျင့်ခန်းများကို ကြိုက်နှစ်သက်သောသားပိုက်ကောင်ဖြစ်သည်၊ ၎င်း၏ရေရှည်လေ့ကျင့်မှုများနှင့် အာဟာရဓာတ်များသောအစားအစာများကြောင့်အလွန်အားကောင်းလာသည်၊ သဘာဝအလျောက်မွေးဖွားလာသောစွမ်းရည်များနှင့်ပြင်းထန်သောလေ့ကျင့်မှုများ ရောနှောခြင်းဖြင့်၎င်း၏ထူးကဲသော ဆဌမအာရုံစွမ်းရည်ကိုရရှိခဲ့သည်။
ရွှေရောင်အလင်းလက်ဝှေ့ချန်ပီယံသားပိုက်ကောင်သည်အစိမ်းရောင်နှင့်အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ဦးကိုကိုင်ဆောင်ကာ ကြမ်းပြင်ပေါ်သို့လှဲချလိုက် သည်၊ သားပိုက်ကောင်သည်သူ့ပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်နေသည်၊ သူ့နှာခေါင်းက ပတ်ဝန်းကျင်မှအရာအားလုံးကိုအရမ်းစိတ်လှုပ်ရှားစရာကောင်းသလိုဖြင့်ရှုရှိုက်နေ သည်။
ကောင်းဖန်ကသူ့ကိုကြည့်နေတာမြင်လိုက်ရသည်၊ ရွှေအလင်းလက်ဝှေ့ချန်ပီယံ သားပိုက်ကောင်သည်စူးစမ်းလိုစိတ်အပြည့်ရှိသောအနက်ရောင်မျက်လုံးများဖြင့် ကောင်းဖန်ကိုပြန်ကြည့်နေသည်။
သားပိုက်ကောင်၏ကြွက်သားများမှာအလွန်ကျယ်ပြန့်နေသော်လည်း ၎င်း၏ခေါင်းမှာ သေးသည်၊ ၎င်း၏မျက်စံများကလုံးဝန်းပြီးအနက်ရောင်ဖြစ်ကာ, ကြီးမားသော ကြွက်သားများရှိသည့်ခန္ဓာကိုယ်နှင့်ခေါင်းအားယှဉ်ကြည့်မိသည်၊ ၎င်းကArnold Schwarzeneggerထဲမှကလေးမျက်နှာရှိသော…
ကောင်းဖန်၏အကြည့်များနှင့်ဖလှယ်ပြီးနောက် ပြုံးပြကာ၎င်း၏ရှေ့သွားများကို ထုတ်ဖော်ပြလိုက်သေးသည်။
သာမန်ထက်လွန်ကဲတဲ့ဆဌမအာရုံဆိုတာဘာလဲ? ကောင်းဖန်ကဒီစွမ်းရည်မျိုးကို ပထမဆုံးတွေ့ဖူးတာဖြစ်သည်။
ကောင်းဖန်ကထိုစွမ်းရည်ကိုမိတ်ဆက်တွင်ဖတ်ပြီးမှသာ၎င်းသည်ဘယ်အရာဖြစ်သည် ကိုသိရှိခဲ့တာဖြစ်သည်။ ထိုစွမ်းရည်ရှိသောသတ္တဝါများသည် ဆဌမအာရုံအလွန်မြင့် သည်၊ သတ္တဝါ၏အမြင်အာရုံ,အနံ့ခံအာရုံ,အထိအတွေ့အာရုံ,အရသာအာရုံနှင့် အန္တရာယ်ရှိခြင်းအာရုံတို့သည်အလွန်တိုးတက်ကောင်းမွန်လှသည်။
သားရဲအများစုအတွက်, ၎င်းတို့၏အာရုံခံစားမှုများပိုမိုကောင်းမွန်လာခြင်းသည် ၎င်းတို့အတွက်ကူညီရန်လည်းများစွာလုပ်ဆောင်မည်မဟုတ်သောကြောင့် ထိုစွမ်းရည် သည်အသုံးမဝင်ပေ၊၊ ၎င်းကသေးငယ်သော အကျိုးအမြတ်လောက်သာဖြစ်သည်။
သို့သော်, နီးကပ်စွာဖြင့်တိုက်ခိုက်သော ရွှေအလင်းလက်ဝှေ့ချန်ပီယံသားပိုက်ကောင် ကဲ့သို့သောသားရဲမျိုးများအတွက်တော့ ၎င်းကသေးငယ်သောအကျိုးအမြတ်မျှသာ မဟုတ်ပေ၊ ထိုအစားကြီးမားသည့်အားသာချက်တစ်ခုပင်ဖြစ်သည်။
မျှော်လင့်ထားသလိုပင်, သားရဲတစ်ကောင်၏နာမည်ကပိုရှည်လေ, ပိုမိုက်လေ…
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၃၆
ဒီသားပိုက်ကောင်ကမယုံနိုင်လောက်အောင်သန်မာသည်၊
ဒမ်ဘီသည်ရန်သူအားပျက်စီးမှု၁၀၀၀နှင့်သူ့ကိုယ်သူပျက်စီးမှု၈၀၀လောက်ပေးစွမ်းနိုင် သည့်၎င်း၏သွေးကြောမျှင်နှလုံးကိုအသုံးမပြုပါက ၎င်းကိုတိုက်ခိုက်ရာတွင်အခက်အခဲ များစွာရှိမည်ဖြစ်သည်။
အနီးကပ်တိုက်ပွဲထဲသို့ဝင်ရောက်နေချိန်တွင် ဆဌမအာရုံပိုင်ဆိုင်ခြင်းသည် အများကြီး တစ်ပန်းသာသည်။
၎င်းသည်သူ၏ပြိုင်ဘက်များ၏လှုပ်ရှားမှုတိုင်းကိုခန့်မှန်းနိုင်မည်ဖြစ်သည်၊ ထိုအရာကို ဘယ်လိုတိုက်ဖျက်ရမည်နည်း?
အနိုင်ရရန်အတွက်တစ်ခုတည်းသောနည်းလမ်းမှာ ၎င်း၏ဆဌမအာရုံထက်လျင်မြန်စွာ ရွေ့လျားခြင်း သို့မဟုတ် ဆဌမအာရုံ၏သက်ရောက်မှုများကိုဖိနှိပ်နိုင်သည့်စွမ်းရည်ကို အသုံးပြုခြင်းဖြစ်သည်။
ကျီဟန့်ဝူသည်ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေသောကျောက်ကွမ်ယီ့ကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ, “ငါမင်းနဲ့တော့ဘာလုပ်ရမလဲ?”
ကျောက်ကွမ်ယီ့ကတုန်လှုပ်နေပြီး စကားမပြောရဲပေ။
“ငါကမင်းအဖေရဲ့လောင်းကစားအကြွေးဒေါ်လာသုံးသန်းကိုဆပ်ဖို့ကူညီပေးခဲ့တဲ့သူ မဟုတ်ဘူးလား?” ကျီဟန့်ဝူကညင်သာစွာပြောလိုက်သည်။
“ဟုတ်...” ကျောက်ကွမ်ယီ့ကခေါင်းကိုပို၍ပင်ငုံ့လိုက်သည်။
“ငါကမင်းကိုမျှတတဲ့လစာပေးတယ်, ပြီးတော့ငါ့ရဲ့ယုံကြည်ရတဲ့လက်ထောက်အဖြစ် လေ့ကျင့်ပေးခဲ့တယ်၊ ဒါပေမယ့်, မင်းကငါ့ကိုအတော်ကြီးစိတ်ပျက်စေတာဘဲ” ကျီဟန့်ဝူကတည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
ကျောက်ကွမ်ယီ့ကစကားပင်မပြောရဲပေ။
“ဟင်း….” ကျီဟန့်ဝူကကျောက်ကွမ်ယီ့ကိုစိုက်ကြည့်ကာ ဖြည်းညှင်းစွာဖြင့် ပြောလိုက်သည်, “ငါဘာကိုအမုန်းဆုံးလဲဆိုတာမင်းသိလား? အကယ်၍မင်းထွက်သွား ချင်တယ်ဆိုရင်တော့နားလည်ပေးလို့ရတယ်၊ မင်းသွားချင်တဲ့ဘယ်နေရာကိုမဆို သွားလို့ရတယ်, ပြီးတော့လည်းငါကမင်းကိုနှောက်ယှက်မှာမဟုတ်ဘူး၊ ဒါပေမယ့်, မင်းအဲ့ဒီစာရွက်စာတမ်းတွေကိုတော့မယူသင့်ဘူး၊ ဒါကမင်းအမှားဘဲ”
“ဥက္ကဌကျီ, ကျေးဇူးပြုပြီးနောက်ထပ်အခွင့်အရေးလေးထပ်ပေးပါ” ကျောက်ကွမ်ယီ့ သည်ကျီဟန့်ဝူဆီသို့ဦးညွှတ်လိုက်သည်၊
“ရှောင်ဖန်, အကယ်၍မင်းသာဆိုရင်, ဘယ်လိုကိုင်တွယ်မလဲ?” ကျီဟန့်ဝူကလှည့်၍ သူ့နောက်မှကောင်းဖန်ကိုမေးလိုက်သည်။
ကောင်းဖန်ကအဘိုးသည်သူ့အတွက်အခွင့်အရေးယူ၍ထိုသို့မေးမည်ဟုမမျှော်လင့်ထား ခဲ့ပေ၊ ကောင်းဖန်ကသူ့ခေါင်းကိုငုံ့လိုက်ပြီး ကျောက်ကွမ်ယီ့နှင့်အကြည့်ချင်းဖလှယ် လိုက်သည်။
ရှုချင်းကျီနှင့်ရွှီဟန်ထိုက်နှစ်ယောက်လုံးသည်ကောင်းဖန်ကိုကြည့်လာကြသည်၊ ကောင်းဖန်ကဘာပြန်ပြောမလဲဆိုတာသူတို့နှစ်ယောက်လုံးသိချင်နေကြသည်၊
ကောင်းဖန်ကခဏတိတ်ဆိတ်သွားသည်၊ ထို့နောက်,သူကတီးတိုးရေရွတ်လိုက်သည်, “သူ့ကိုစံနမူနာပြအပြစ်ပေးရမယ်”
ကျောက်ကွမ်ယီ့၏မျက်နှာကဖြူဖျော့သွားသည်။ သူကတောင်းပန်တော့သည်, “ကျွန်တော်မှားခဲ့ပါတယ်၊ ကျေးဇူးပြုပြီး,မစ္စတာကောင်း, ဥက္ကဌကျီ, ကျွန်တော်ကတောင်ပိုင်းကောင်းကင်အဖွဲ့နဲ့အတူအကြာကြီးအလုပ်လုပ်ခဲ့တယ်လေ၊ ကျွန်တော့်သွေးတွေ, ချွေးတွေ, မျက်ရည်တွေကိုဒီကုမ္ပဏီအတွက်ပေးဆပ်ခဲ့တယ်လေ”
ရွှီဟန်ထိုက်ကအနည်းငယ်အံ့အားသင့်သွားသည်၊ သူကကောင်းဖန်ဒီလောက်ထိ ပြတ်သားစွာနေနိုင်လိမ့်မည်ဟုမထင်ခဲ့ပေ၊ ကောင်းဖန်ကကျောက်ကွမ်ယီ့ကို လွယ်လွယ်ကူကူလုပ်ဖို့သာပြောလိမ့်မည်ဟုထင်ခဲ့သည်။
ကောင်းဖန်ကသက်ပြင်းရှည်ကြီးချလိုက်သည်၊ သူ့အတွေးတွေထဲကရုန်းကန်ထွက်ပြီး, နောက်ဆုံးတွင်ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်၊ ရမ်းကားမှုအချိန်များကို ပြင်းထန်စွာ စီမံရမည်။
သူပြောပြီးသားမလို့အကျယ်တဝင့်ရှင်းပြဖို့အတွက် ကျိုးကျောင်းဆီလျှော်စွာပြောလိုက် သည်, “အဘိုး, ကျွန်တော်တို့ကဆိုးဝါးတဲ့အစဉ်အလာတွေကိုမထားနိုင်ဘူး၊ အကယ်၍, ကျွန်တော်တို့ကကုမ္ပဏီကိုသစ္စာဖောက်တဲ့သူတွေကိုခွင့်လွှတ်ခဲ့ရင်တခြားသူတွေက ဘယ်လိုထင်မလဲ၊ တောင်ပိုင်ကောင်းကင်အဖွဲ့ကိုသစ္စာဖောက်ဖို့အတွက်လူတွေ တန်းစီနေတော့မှာပေါ့၊ အဖမ်းခံရရင်တော့သူတို့ကခွင့်လွှတ်ပေးဖို့ပြောလို့ရတယ်” ကောင်းဖန်ကကျောက်ကွမ်ယီ့ဘက်ကိုလှည့်ကြည့်ကာမေးလိုက်သည်, “ဌာနမှုးကျောက်, ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ”
ကျောက်ကွမ်ယီ့ကမကျေနပ်မှုတွေကိုသူ့နှလုံးထဲတွင်မြိုသိပ်ရင်း,ပြောလိုက်သည်၊ “တောင်ပိုင်းကောင်းကင်အဖွဲ့ကိုရောက်နေခဲ့တာ၁၈နှစ်ရှိသွားခဲ့ပြီ၊ ဒီနှစ်ဆိုရင် ၄၀ရှိပြီ၊”
“အသက်၄၀…ခင်ဗျားကအသက်၄၀တောင်ရောက်ပြီးနေပြီ၊ ခင်ဗျားကဘာလို့ အကျိုးဆက်တွေကိုမစဉ်းစားဘဲနဲ့တစ်ခုခုကိုလုပ်ဖို့လုပ်ခဲ့ရတာလဲ”
ရှုချင်းကျီကရယ်လိုက်သည်၊ ဒါကအနည်းငယ်မဆီလျော်သည်ကိုသဘောပေါက် သောကြောင့်သူမကရယ်မောလိုက်သည်။
ကျောက်ကွမ်ယီ့က “ဒါကခဏတာအမှားလေးပါ”
ကျီဟန့်ဝူကကျောက်ကွမ်ယီ့ကိုပင်မကြည့်တော့ဘဲ ကောင်းဖန်ဘက်ကိုလှည့်ပြီး သူ့မြေးရဲ့အမြင်ကိုမှတ်ချက်ပေးလိုက်သည်, “တွေးတာတော်တယ်၊ ငါတို့ကငြိမ်းချမ်း တဲ့ခေတ်မှာနေထိုင်နေရင်ဥပဒေနဲ့လမ်းကြောင်းမှန်ပေါ်ရောက်မှာဘဲ၊၊ ဒါပေမယ့်အခုငါတို့ကကမ္ဘာသစ်မှာနေထိုင်နေကြရတာ”
ကျီဟန့်ဝူကကျောက်ကွမ်ယီ့ကိုလှည့်ကြည့်လိုက်သည်၊ “မင်းကအသက်ကြီးပြီဆို တော့, ငါမင်းမိသားစုကိုဆန့်ကျင်ပြီးဘာမှအရေးယူမှာမဟုတ်တော့ဘူး”
ကျောက်ကွမ်ယီ့ကထိုစကားကိုကြားသောအခါ ထိုနေ့တွင်သူသေခြင်းမှမလွတ် မြောက်နိုင်ကြောင်းသူသိလိုက်သည်၊ သူကခါးသီးစွာပြုံးလိုက်ပြီးပြောလိုက်သည်, “ဥက္ကဌကျီ, ခင်ဗျားရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်”
ကျီဟန့်ဝူသည်သူ့လက်များကိုဝှေ့ယမ်းလိုက်ပြီးကျောက်ကွမ်ယီ့ကိုအောက်ထပ်သို့ ခေါ်သွားရန်ညွှန်ကြားလိုက်သည်၊ “အစွန်းအထင်းတွေမရှိအောင်သေချာလုပ်၊ တစ်ယောက်ယောက်ကမေးရင်, စမ်းသပ်မှုမှားပြီးကံမကောင်းစွာနဲ့ဘဲသူတာဝန်ကျရာ နေရာမှာဆုံးပါးသွားတယ်လို့ပြောလိုက်”
…
ကောင်းဖန်ကပိုပြီးရင့်ကျက်လာသည်နှင့်အမျှ ကျီဟန့်ဝူကသူ့ကိုကုမ္ပဏီရဲ့ အမှောင်ဘက်ခြမ်းနှင့်ရင်းနှီးစေခဲ့သည်။
သူ့မြေးကိုအမိုးအကာဖြစ်အောင်မပျိုးထောင်ချင်ပေ။
တောင်ပိုင်းကောင်းကင်အဆောက်အဦးကိုဝန်းရံထားသော မြူများမှေးမှိန်သွားပြီး နဂါးဖြူသည်ရေကန်ထဲသို့ပြန်ဝင်သွားတော့သည်။
ကောင်းဖန်ကသူမြက်ခင်းပေါ်သို့သွားလိုက်သည်နှင့်, ဖုန်မှုန့်တွေကြားမြှုပ်နေသော ပင့်ကူကိုတွေ့လိုက်ရသည်၊ ခြေထောက်လက်ထောက်အနည်းငယ်သာ ပေါ်နေသည်၊
“ငါ့ရဲ့နဂါးဖြူကိုတောထဲသွားခိုင်းပြီး သားရဲအနည်းငယ်လောက်မင်းအတွက်ဖမ်းခိုင်း လိုက်မယ်၊ မင်းရဲ့အရိုးကောင်လေးကမြန်မြန်တိုးတက်ဖို့အတွက်ပြည့်စုံတဲ့ ခန္ဓာကိုယ်တွေကိုလိုတယ်မလား? ငါနဂါးဖြူကိုနည်းနည်းအဆင့်မြင့်တဲ့သားရဲတွေ ဖမ်းဖို့ပြောလိုက်မယ်” ကျီဟန့်ဝူကဖြည်းညှင်းစွာပြောလိုက်ပြီး ကောင်းဖန်ဘေးသို့ လျှောက်သွားလိုက်သည်။
“ဒုက္ခရှာဖို့မလိုပါဘူးဗျာ….” ကောင်းဖန်က သူ့အတွက်ဒီလိုလုပ်ဖို့နဂါးဖြူကို သွားခိုင်းရတာအနည်းငယ်မသက်မသာခံစားနေရသည်၊
ကျီဟန့်ဝူကခေါင်းယမ်းလိုက်သည်၊၊ “ဒုက္ခမဟုတ်ပါဘူးကွ, သူကအပြင်ထွက်ခိုင်းရင် အရမ်းပျော်တာလေ၊ သူကဖြစ်နိုင်ရင်, နေ့တိုင်းအပြင်မှာဘဲအချိန်ဖြုန်းချင်နေတာ”
“အဲ့လိုဆိုလဲ….” ကောင်းဖန်ကရယ်ရမလား,ငိုရမလားပင်မသိတော့ပေ၊ နဂါးဖြူသည် ထိုကဲ့သို့သောပင်ကိုယ်စိတ်နေစိတ်ထားရှိမည်ဟုသူမျှော်လင့်မထားပေ။
နဂါးဖြူသည်အင်ပါယာအဆင့်သို့တိုးမြှင့်ထားပြီးသားဖြစ်သည်၊ ၎င်းသည်ယွိကျိုးမြို့ နှင့်ပတ်ဝန်းကျင်ဒေသများတွင်အစွမ်းထက်ဆုံးသားရဲဖြစ်သည်၊ စိတ်ဝိဉာဉ်တောင် များပင်သိသိသာသာငြိမ်သက်နေခဲ့တာဖြစ်သည်။
သားသတ်ရုံနှင့်နဂါးဖြူသည်၎င်းအတွက်အစာကိုဖမ်းယူခြင်းဖြင့်ဒမ်ဘီ၏ဆင့်ကဲ ပြောင်းလဲမှုအမြန်နှုန်းသည်အမှန်တကယ်တိုးတက်လာခဲ့တာဖြစ်သည်၊ ဓာတ်လှေကားဖြင့်အပေါ်ကိုတက်သွားသလိုမျိုးပင်။
လေးရက်အကြာတွင် ဧကရာဇ်အဆင့်သို့တိုးမြင့်သွားခဲ့သည်။
ညကခြောက်ကပ်နေသည်၊ဒမ်ဘီ၏ခေါင်းသည်ငိုက်စိုက်ကျနေပြီး, မသေဆုံးနိုင်သော မီးတောက်များသည်ရုတ်တရက်လျှံငြီးတောက်ပနေပြီး, သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်ထဲတွင်နစ်မြှုပ်နေသည်။ မှောင်မဲနေသောပုံရိပ်ကမီးလျှံ၏အောက်တွင် မြင်နေရသည်၊ မူလကအနီရင့်ရောင်သွေးကြောမျှင်နှလုံးသည်ရွှန်းလဲ့တောက်ပ နေသောပုံစံဖြင့်သွေးကဲ့သို့ပင်ပြောင်းသွားသည်။သူ၏ရင်ဘတ်အလယ်တွင်, ၎င်း၏နှလုံးက,ဖြည်းညှင်းစွာအပေါ်အောက်တက်လိုက်ကျလိုက်လှုပ်ရှားနေသည်။
၎င်း၏အရိုးအဆစ်အချို့သည်ပို၍အဆင့်မြင့်ကာသေးငယ်သွားပြီး အနည်းငယ်သေးငယ်သောအရိုးများက သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင်ကြီးထွားလာကြ သည်။ ၎င်းသည်စက်ရုပ်တစ်ရုပ်လိုမျိုး ရှုပ်ထွေးပြီးဆန်းပြားတဲ့အရာတစ်ခုလိုပင် ဖြစ်နေသည်။
မီးတောက်များကရုတ်တရက်ပျောက်ကွယ်သွားတော့သည်၊ မသေဆုံးနိုင်သော မီးတောက်များသည်၎င်း၏မျက်အိမ်များဆီသို့ပြန်၍ရောက်ရှိသွားပြီး ၎င်း၏အနီရောင် နှလုံးသည်ပုံမှန်အဖြစ်သို့ပြန်လည်ရောက်ရှိသွားကာအရောင်များအားလုံးသည် တဖန်ပြန်၍မှိုင်းသွားခဲ့သည်။
[မကောင်းဆိုးဝါးအမည်]-အုပ်စိုးသူအရိုးစု
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၄၁
[မကောင်းဆိုးဝါးအဆင့်အတန်း]-ထူးခြားအဆင့်အတန်း
[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-အရိုးများသန်မာမှုအဆင့်၃, မသေဆုံးနိုင်မှုများကို ထိန်းချုပ်နိုင်ခြင်းအဆင့်၂။
[ထူးခြားသောသွင်ပြင်လက္ခဏာများ]-နှလုံးသွေးရှာဖွေသူ (သက်ရောက်မှု၁- တုန်လှုပ်မှုမရှိသောအကျိုးသက်ရောက်မှု-၎င်းသည်နှလုံးသွေးရှာဖွေသူ၏နှလုံးကို ဖွဲ့စည်းရန်သွေးချည်မျှင်နှလုံးမှစွမ်းအင်ကို အသုံးပြုမည်ဖြစ်သည်၊ သွေးရှာဖွေသူ၏ နှလုံးသည်တက်ကြွလာသောအခါတွင်၎င်းသည်ရိုးခွံဖုတ်ကောင်လူဝံ၏စွမ်းရည်များ အားလုံးကိုမြှင့်တင်ပေးလိမ့်မည်၊ အကယ်၍သွေးရှာဖွေသူတိုက်ခိုက်ခံရပါက, တုန်လှုပ်မှုမရှိသောစွမ်းရည်သည်ဖယ်ရှားခံရမည်ဖြစ်သည်။ သက်ရောက်မှု၂-လှုပ်ရှားနေချိန်တွင်, နှလုံး၏လုပ်ဆောင်ချက်များသည်တည်ငြိမ်နေမည်ဖြစ်ပြီး ၎င်းအားတည်ငြိမ်အောင်လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်၊ ၎င်းသည်နှလုံးခုန်နှုန်းနှင့်သွေးလည်ပတ်မှုနှုန်းကိုလည်းကျွမ်းကျင်စွာကိုင်တွယ်နိုင်မည်ဖြစ်သည်။)
မသေဆုံးနိုင်သောမီးတောက်(သက်ရောက်မှုတစ်, လှုပ်ရှားသက်ရောက်မှု;…)
[မကောင်းဆိုးဝါးအားနည်းချက်]-သန့်စင်သောအမျိုးအစားသားရဲများ
သွေးကြောမျှင်နှလုံးသည်နှလုံးသွေးရှာဖွေသူအဖြစ်သို့ဆင့်ကဲပြောင်းလဲသွားခြင်းဖြစ် သည်၊ သို့သော်, ဒမ်ဘီနှင့်အချိန်များစွာကုန်ဆုံးခဲ့ပြီးနောက်တွင်,ဒမ်ဘီ၏ရုပ်ပိုင်း ဆိုင်ရာစွမ်းရည်သည်နှစ်ဆပိုပြီးသန်မာလာသည်ဟုကောင်းဖန်သတိထားမိသည်။
ကောင်းဖန်သည်၎င်း၏သွေးလည်ပတ်မှုနှုန်းကိုထိန်းချုပ်နိုင်စွမ်းရှိခြင်းအကြောင်းကို လည်းသတိပြုမိခဲ့သည်…
သွေးလည်ပတ်မှုနှုန်းကိုထိန်းချုပ်ခြင်းဖြစ်သည်၊ အကယ်၍အခွင့်အရေးရလျှင် ၎င်းကိုသုံးသင့်သည်။
ဧကရာဇ်အဆင့်, ထူးခြားအဆင့်အတန်းသားရဲ၊ ကောင်းဖန်ကအရမ်းယုံကြည်မှုရှိသွား သလိုခံစားလိုက်ရသည်၊ ဒီနှစ်ကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံကတော့ ကိတ်မုန့် အစိတ်အပိုင်းလေးအဖြစ်ဖြစ်သွားတော့မည်ဖြစ်သည်။
နောက်တစ်နေ့ကုန်ဆုံးသွားပြီဖြစ်သည်၊ နေ့သစ်တစ်နေ့ဖြစ်ပြီး, ကောင်းကင်ကြီးက တောက်ပနေသည်။ ကောင်းဖန်ကအဝတ်အစားဝတ်လိုက်ပြီး သူ၏သားရဲများကို သူ့ဘေးမှလိုက်ခိုင်းကာအပြင်သို့ထွက်လာခဲ့လိုက်သည်။
“ဒီနေ့ကနေစပြီးမင်းကိုတွေ့ရတော့မှာမဟုတ်ဘူး၊ အပြင်မှာရောက်နေချိန်ဂရုစိုက် နော်” ကျီဟန့်ဝူကကောင်းဖန်၏ပုခုံးကိုပုတ်လိုက်သည်။
ကောင်းဖန်ကသူနားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်။
“မှတ်ထား, မင်းကအကြမ်းဖျင်းအသာစီးပိုင်ထားသရွေ့တော့ ယာယီဆုံးရှုံးမှု ဒါမှမဟုတ် ဆုတ်ယုတ်သွားမှုအန္တရာယ်ရှိမှာမဟုတ်ဘူး” ကျီဟန့်ဝူကစိုးရိမ်ပူပန်စွာဖြင့် ထပ်ပြောလိုက်သည်။
ကောင်းဖန်သည်သူ့ကားပေါ်သို့တက်လိုက်ပြီးယွိကျိုးမြို့လေဆိပ်သို့သွားခဲ့သည်၊ လေဆိပ်သို့ရောက်သွားသောအခါမြို့တော်သို့လေယာဉ်ဖြင့်သွားလိုက်သည်။
ပထမဆုံးကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံက ဟွားရှားနယ်ပယ်မြို့တွင်ကျင်းပမည် ဖြစ်သည်။