← Chapters

အခန်း (၂၃၇-၂၄၀)

Vol. 15 Ch. 237-240

အခန်း (၂၃၇-၂၄၀)

Vol. 15 Ch. 237-240

အပိုင်း၂၃၇

ကပ်ဆိုးကြီးမတိုင်ခင်တုန်းက, ယွိကျိုးလေဆိပ်သည်ကျယ်ဝန်သောနိုင်ငံတကာ လေဆိပ်ဖြစ်ခဲ့ပြီးခရီးသည်များစီးနင်းမှုများပြားကြသည်။

ကပ်ဆိုးကြီးပြီးတော့, အနောက်ပိုင်းဒေသရှိအရေးကြီးသောလေယာဉ်ပျံသန်းမှု အခြေစိုက်စခန်းဖြစ်လာစေရန်ပြန်လည်ပြုပြင်မွန်းမံထားသည်၊ ဟွားရှားရှိ လေဆိပ်နှစ်ခုအနက်မှတစ်ခုအဖြစ်လည်းစာရင်းဝင်ခဲ့သည်။

အမှန်တော့,တောင်ထူထပ်တဲ့ယွိကျိုးမှာကျယ်ဝန်းတဲ့လေဆိပ်တစ်ခုတည်ဆောက် ရတာကုန်ကျစရိတ်အလွန်ကြီးလှသည်။ ယွိကျိုးလေဆိပ်ကိုပြန်လည်မွမ်းမံပြင်ဆင်ပြီး ပြန်၍တည်ဆောက်ရာတွင်လူအင်အားများစွာနှင့် ပစ္စည်းအရင်းအမြစ်များစွာလိုအပ် သည်။

ငွေဖြူရောင်ခန်းမကြီးသည်လေဆိပ်ဝင်ပေါက်အတွင်းတွင်မြင့်မားစွာရှိနေသည်၊ ကပ်ဆိုးကြီးဖြစ်ချိန်မှစ၍ပျံသန်းခြင်း၏အန္တရာယ်ရှိမှုကမြင့်တက်လာပြီး လေယာဉ်များ ဆိုက်ရောက်မှုနှင့်ထွက်ခွာမှုအကြိမ်ရေများလျော့ကျလာကာ မူလအရည်အသွေးမြင့်မှ ဈေးသက်သာသောသယ်ယူပို့ဆောင်ရေးဇိမ်ခံပစ္စည်းအဖြစ်သို့ပြောင်းသွားတော့သည်။

အဆင့်အတန်းမြင့်ကားများနှင့်ဇိမ်ခံထရပ်ကားအများအပြားသည်လည်း လေဆိပ်ရှေ့၌ ရပ်နေကြသည်၊ ခရီးဆောင်အိတ်များနှင့်တချို့သောခရီးသည်များက ခရီးမထွက်မီ သူတို့၏ဆွေမျိုးများနှင့်သူငယ်ချင်းများကိုပွေ့ဖက်ထားကြသည်။

လေဆိပ်လုံခြုံရေးလမ်းကြောင်းတွင်ရိုင်ဖယ်သေနတ်များနှင့်ကျည်များကိုင်ဆောင် ထားကြသောစစ်သားများတာဝန်ကျသည်။

ဒါရိုက်ဘာကထိုင်ခုံမှလျင်မြန်စွာထလာပြီးခရီးဆောင်အိတ်ကိုသယ်ရန်ရည်ရွယ်ကာ ကောင်းဖန်ကိုတံခါးဖွင့်ပေးလိုက်သည်။

“ဟင့်အင်း, ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လုပ်နိုင်တယ်” ကောင်းဖန်က ဒါရိုက်ဘာ၏ကမ်းလှမ်းသည်ကိုငြင်းပယ်လိုက်ပြီးပြောလိုက်သည်, “ကျွန်တော်ဒီမှာဘဲ ဆင်းတော့မယ်၊ ခင်ဗျားပြန်သွားလို့ရပြီ”

ဒါရိုက်ဘာကကားပြန်မောင်းမသွားခင်ခေါင်းဖန်ကိုဦးညွှတ်လိုက်သည်။

ကြီးမားသောထရပ်ကားကြီးကသူတို့နောက်မှရပ်လာပြီး နောက်ခန်းထဲမှ သားရဲများစီတန်း၍ထွက်လာသည်။

သစ်သီးဖျော်ရည်တစ်ပုလင်းကိုသယ်ဆောင်လာရင်းဆီလီသည်ဖြည်းညှင်းစွာပျံဝဲလာ ပြီးကောင်းဖန်၏ပုခုံးကို၎င်း၏ဘဝဲလက်ဖြင့်တိတ်တဆိတ်ကိုင်လိုက်သည်၊ ၎င်း၏သခင်ပြန်၍မတုံ့ပြန်တာကိုသတိထားမိသွားပြီး, ဆီလီကနီးကပ်လာစေရန် တိတ်တဆိတ်ချဉ်းကပ်ရန်ရည်ရွယ်ကာ….

ဖတ်! သူ့ခေါင်းကိုပင်မလှည့်ဘဲကောင်းဖန်ကဆီလီ၏အေးမြ၍နူးညံ့သောခန္ဓာကိုယ်ကို တိကျစွာဖြင့်သူ၏ဘယ်လက်ဖြင့်ဖမ်းဆွဲလိုက်သည်။

“ပုချီ, ပုချီ…” ဆီလီကမကျေနပ်စွာဖြင့်ရုန်းကန်တော့သည်။

လေဆိပ်လုံခြုံရေးစာရင်းသွင်းသည့်လမ်းကြောင်းဘေးတွင် သားရဲများအတွက် အထူးလမ်းတစ်ခုရှိသည်။

ကောင်းဖန်သည်သူကိုယ်တိုင်လူများစာရင်းစစ်သည့်နေရာသို့ဖြတ်သွားစဉ် သူ၏သားရဲ အနည်းငယ်ကိုလည်းလုံခြုံရေးစာရင်းသွင်းသည့်နေရာသို့လွှတ်လိုက်သည်။

လေဆိပ်ကအတော်လေးကျယ်ဝန်းပြီး, မျက်နှာကျက်တွင်အပူပေးမီးအိမ်များဖြင့် ကာထားသည်၊ ကြမးပြင်သည်မာကျောအောင်နှင့်ချောမွတ်သောကျောက်မာအနက် ဖြင့်ပြုလုပ်ထားသောကြောင့်အလင်းရောင်အောက်တွင်ထူးထူးခြားခြား အံဝင်ခွင်ကျ ဖြစ်နေသည်။

သားရဲအချို့သည်အလွန်ကျယ်ဝန်းသောလေဆိပ်ဧည့်ခန်းမှလျှောက်လာကြသည်။ လေဆိပ်တွင်ရှိနေခြင်းကြောင့်၎င်းတို့၏အဆင့်အတန်းသည်သာမန်ဟုတ်မည်မဟုတ် ပေ။ တစ်ဆက်တည်းမှာပင်, ၎င်းတို့၏အဆင့်များသည်ယေဘုယျအားဖြင့်မြင့်မားကြ သည်။

“အွန်,အွန်” ဝက်တစ်ကောင်၏အသံကနားထဲတွင်ပင့်တင်ထပ်လာသည်။

သူ့ခေါင်းကိုမော့ကြည့်တော့ကောင်းဖန်ကကြီးမားသောသားရဲကသူ့အားဖြတ်သွား သည်ကိုတွေ့လိုက်သည်။

ဒီသားရဲကအတော်လေးထူးဆန်းသည်၊ ၎င်းကသေးသွယ်တဲ့ပုံစံရှိပြီး, ၎င်းတွင်ထူထဲ၍ သန်မာသောခြေလက်များရှိသည်။ ၎င်း၏ခေါင်းသည်ဖွတ်တစ်ကောင်နှင့်ပင်တူလှ သည်။

ကြီးမားသောခေါင်းနှင့်ကြီးမားသောနားရွက်များ,မျက်လုံးများကချိုင့်ဝင်နေပြီး, ကြီးမားသောနားရွက်ကြီးများကညွတ်ကျနေကာကြီးမားသောသစ်ရွက်ပန်ကာများ ကဲ့သို့ဖြစ်နေပြီး ၎င်း၏နှာခေါင်းဘေးတွင်လည်းပါးသိုင်းမွှေးများကဲ့သို့ပင်ရှိနေသည်။

ဒီသားရဲက၆၅ပေရှည်ပြီးပေ၂၀မြင့်သည်၊ ၎င်း၏ကြီးမားသောအရွယ်အစားနှင့်အတူ ၎င်းသည်လေဆိပ်ခန်းမတွင်သာမန်မဟုတ်စွာဖြင့်ရှိနေသည်။

ကောင်းဖန်သည်ဤမျှကြီးမားသောသားရဲရှိသူကိုလေယာဉ်ပေါ်သို့ဘယ်လို သယ်ဆောင်မည်ဆိုတာကိုသိချင်နေသည်၊ထိုသားရဲတစ်ကောင်တည်းနှင့်ပင် လေယာဉ်၏ခရီးသည်ခန်းတစ်ခုလုံးကိုသိမ်းထားနိုင်သည်။

[မကောင်းဆိုးဝါးအမည်]-ဝက်နဂါး

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၈

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-အဆီသိုလှောင်ခြင်းအဆင့်၁, အူတွင်းသန်မာမှုအဆင့်၁, ကြမ်းတမ်းသောဝက်အရေပြားအဆင့်၁

[မကောင်းဆိုးဝါးစွမ်းရည်]-မြေကြီး

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ဗိုက်ဆာနေ)

[မကောင်းဆိုးဝါးဦးစားပေးမှု]-စားခြင်း/ဇာတ်ကားကြည့်ခြင်း/အိပ်ခြင်း

[မကောင်းဆိုးဝါးအားနည်းချက်]-၁-သစ်သားအမျိုးအစား၊ ၂-အစာအိမ်အက်ဆစ်အား ကောင်းသောကြောင့်အစာအိမ်အိတ်ကိုဆွေးမြေ့စေသောကြောင့်အချိန်အကြာကြီး အစာမစား။

[မကောင်းဆိုးဝါးမိတ်ဆက်]-နဂါးသွေးနိုးကြွကာ, ကြီးမားသောစားချင်စိတ်, စွမ်းအားပြည့်ဝသောအစာကြေခြင်းစွမ်းအင်, ရှိသောမွေးမြူရေးဝက်မှဆင့်ကဲပြောင်းလဲ လာကာ၎င်းကိုအစုံစားသားရဲအဖြစ်ခွဲခြားသတ်မှတ်ထားကြသည်။

ကောင်းဖန်ကအံ့ဩသွားတော့သည်၊ ၎င်းသည်ဝက်မွေးမြူရေးခြံမှဆင့်ကဲပြောင်းလဲ လာသောကြောင့်၎င်း၏ကျွမ်းကျင်မှုများနှင့်စွမ်းရည်များသည်၎င်း၏မိတ်ဆက်နှင့် အတော်လေးကိုက်ညီလှသည်။

ထိုဆာလောင်နေသောသတ္တဝါသည်တွေ့သမျှကိုမစားဖို့မျှော်လင့်ပါသည်၊ ထိုအတွေးနှင့်ပင်ကောင်းဖန်ကထိုဝက်နဂါးနှင့်ဝေးရာသို့ရွေ့သွားလိုက်သည်။

ကောင်းဖန်ကနေရာတစ်နေရာကိုတွေ့ပြီးထိုင်လိုက်သည်။ဒမ်ဘီ၏ပြည့်ဝသောအရိုးစုပုံစံကအများ၏အာရုံစိုက်မှုကိုရသွားပေမယ့် စက္ကန့်အနည်းငယ်လောက်ကြည့်ပြီး နောက်၎င်းတို့၏အမြင်လမ်းကြောင်းကပြောင်းလဲသွားတော့သည်။ ယွိကျိုးမြို့တွင် ဖုတ်ကောင်အမျိုးအစားသားရဲများသည်အလွန်ရှားသော်လည်း, သူတို့ကရှားပါးရုံသာ ဖြစ်သည်။

ထို့နောက်တွင်တော့, ယွိကျိုး၏အရှေ့တောင်ဘက်ရှိ ရှန်းရှီဖြစ်သည်။

သူတာဝန်ယူထားသည့်သားရဲများနှင့်ပတ်သတ်၍ဒမ်ဘီသာလျှင် ဧကရာဇ်အဆင့်သို့ တက်လှမ်းခဲ့သည်၊ ဖလိမ်မီကအဆင့်၃၄သို့ရောက်နေပြီးနောက်ဒုတိယနေရာတွင်ရှိ သည်။

ထို့အပြင်တာ့ဇီနှင့်အစင်းလေးတို့ကအဆင့်၃၁, ဆီလီကအဆင့်၂၆နှင့်ဂိုဒီကအဆင့်၂၅ တို့၌ရှိကြသည်။

၎င်းတို့ကကောင်းဖန်၏လက်အောက်ရှိသားရဲများ၏အဆင့်များဖြစ်ကြသည်။ တစ်နှစ်ခွဲအတွင်းထိုသို့သောအဆင့်သို့မြှင့်တင်နိုင်ခြင်းမှာ အာဟာရကောင်းများရရှိရန် အဓိကအားဖြင့်နေ့စဉ်အရည်အသွေးမြင့်ပါဝင်ပစ္စည်းများကိုသာစားသုံးခြင်းကြောင့် ဖြစ်သည်။

ဥပမာအားဖြင့်,ဖလိမ်မီသည်သိပ်ပြီးမပိန်ပါးသေးပေမယ့်…၎င်း၏အမွှေးများကတော့ တောက်ပနေကြသည်။

“အွန်, အွန်” ဝက်နဂါးသည်ဧည့်ခန်းထဲတွင်ခဏလောက်နေပြီးနောက်ဆုံးတွင် ကောင်းဖန်နှင့်သိပ်မဝေးသည့်နေရာ၌ရပ်လိုက်သည်၊ ၎င်းနှင့်ဆန့်ကျင်ဘက်တွင်တော့ အမျိုးသားတစ်ဦးကထိုင်နေသည်။

ခဏကြာပြီးနောက်,ထိုအမျိုးသားကအော်တော့သည်, “မင်းကဘာလို့မကြာခဏ ဗိုက်ဆာနိုင်ရတာလဲ? မင်းလေဆိပ်ကိုမလာခင်ကမှနွားနှစ်ကောင်စားထားတာ မဟုတ်ဘူးလား?”

ကောင်းဖန်ကသူ့အကြည့်များကိုဝက်၏အရွယ်အစားအားစိုက်ကြည့်ရင်း, ထိုလူအတွက်တိတ်တဆိတ်ကြေကွဲမိသည်။

ဒါကအတော်လေးကိုကြောက်ဖို့ကောင်းတယ်….

အဘိုး၏နဂါးဖြူသည်၎င်း၏နေ့စဉ်စွမ်းအင်သုံးစွဲမှုအများစုကိုဖာထေးမိစေရန် တိမ်များနှင့်ရေများကိုနေ့စဉ်အစားကျွေးသည်၊ အသားသည်လည်းရွေးချယ်နိုင်သည်၊ အစားစားပြီးနောက်အချိုပွဲအဖြစ်သတ်မှတ်သည်။

အဘိုးကနဂါးဖြူ၏အချိုပွဲအဖြစ်လတ်ဆတ်တဲ့ပင်လယ်စာကုန်တင်ကားတစ်စီး သယ်လာပေးသည်။ ထိုကုန်တင်ကားကြီးက၁၆ဘီးပါဝင်သည်။

သာမန်မိသားစုများဆိုလျှင်၎င်းကိုခက်ခဲစွာကြိုစားအားထုတ်ရမည်…ဒီလိုစားခြင်းက သူတို့ကိုဒေဝါလီခံနိုင်စေသည်။

ထိုသားရဲကြီး၏အရွယ်အစားမှာ နဂါးဖြူထက်များစွာသေးငယ်သော်လည်း ၎င်း၏အစာစားချင်စိတ်မှာတော့အတော်လေးကြီးမားလှသည်။

“ငါမင်းကိုကျွေးမွေးဖို့ငါရတဲ့ပိုက်ဆံတွေအကုန်သုံးနေရတယ်, ဝက်နဂါးရဲ့” ထိုလူက မျက်ရည်ကျလုနီးပါးပင်ဖြစ်နေသည်။ “လေဆိပ်ကအစားအစားတွေရဲ့ဈေးနှုန်းက အတော်လေးကုန်ကျတယ်ဟ၊ အမဲသားခေါက်ဆွဲတစ်ပန်းကန်နဲ့တင်ကို ၅၀ဒေါ်လာ ကျနေပြီ၊ မင်းအဲ့တာကိုသည်းမခံနိုင်ဘူးလား?”

“အွန်, အွန်” ဝက်နဂါးကပြန်၍မတုန့်ပြန်ပေ၊ တစ်ဝက်ကဒူးထောက်၍လဲလျောင်းနေ ပြီးတစ်ဝက်ကတွန့်လိမ်နေကာအဆီကျနေသောအသားများသည်လှိုင်းလုံးကဲ့သို့ တဟုန်ထိုးခုန်နေကြသည်။

“မင်းငါ့ကိုဘာလို့မစားလိုက်တာလဲ၊ ပေါင်၁၀၀ရှိတဲ့ငါ့ကိုစားလေ” ထိုလူက မျှော်လင့်ချက်မဲ့ကာပြောလိုက်သည်။

အဆုံးမှာတော့, ထိုလူကလေဆိပ်တာဝန်ခံကိုခေါ်၍ပြောလိုက်သည်, “ဒီဝက်နဂါးက သူတောင့်တလာရင်ဘာမဆိုစားတယ်၊” ထိုလူကငိုတော့မလိုဖြစ်နေပေမယ့်, မျက်ရည်တွေကထွက်မလာပေ။

လေဆိပ်မှဝန်ထမ်းအလုပ်သမားများသည်ရုတ်တရက်ထိတ်လန့်သွားကြပြီး, သတိကြီး စွာဖြင့်ကြည့်လိုက်ကြသည်။

“စိတ်မပူပါနဲ့, ငါလေ့ကျင့်ပေးပြီးသားပါ၊ လူတွေကိုတော့မစားဘူး” ထိုလူကလက်ကို ဝှေ့ယမ်းကာပြောလိုက်သည်။ “ဗိုက်ဆာရင်စားပွဲတွေ, ကုလားထိုင်တွေစားတယ်…. ပြောရမယ်ဆိုရင် ဘာမဆိုစားတယ်ကွာ”

နောက်ဆုံးတွင်တော့, ထိုလူနှင့်လေဆိပ်မှညှိနှိုင်းသဘောတူခဲ့သည်၊ သူသည်အထူးနည်းလမ်းများဖြင့်လေဆိပ်သို့အသားတစ်ဒါဇင်ကျော်ပို့ပေးရန်အတွက် မဟာမိတ်ခရက်ဒစ်တစ်သန်းကိုအသုံးပြုခဲ့ရသည်။

အသားကိုမြင်သည်နှင့်ဝက်နဂါး၏မျက်လုံးများကတောက်ပလာတော့သည်၊ ထုပ်ပိုးထားသောအသားများကိုတင်ဆောင်လာသောကုန်တင်ကားဆီသို့ ချက်ချင်း ပြေးသွားသည်၊ ဝက်နဂါး၏ခန္ဓာကိုယ်မှအဆီများသည် အချင်းချင်းထိမိသွားပြီး ‘ဖတ်,ဖတ်,ဖတ်’ ဟူ၍ပင်အသံများထွက်လာသည်။

“အဲ့တာ‌, ကောင်းဖန်မဟုတ်လား?” အဝေးကလေဆိပ်ဧည့်ခန်းထဲကတစ်ယောက်က သူ့လက်ကိုမြှောက်ပြီးနောက် တစ်ဖက်မှာထိုင်နေတဲ့ကောင်းဖန်ဆီသို့ညွှန်ပြလိုက် သည်။

“ဟေး, ကြည့်ရတာတကယ်ကောင်းဖန်ဘဲ၊ သူလည်းလေဆိပ်မယ်”

“ဒါပေမယ့်အကြောင်းက, သူဘာလို့လေဆိပ်မှာထိုင်နေတာလဲ? ငါ့အထင်တော့ သူကကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံပွဲကနေထွက်ပြီးသားမဟုတ်ဘူးလား?” တစ်ယောက်ကစဉ်းစားမရစွာဖြင့်မေးလိုက်သည်။

သူကယွိကျိုးကျောင်းသားအသင်းအဖွဲ့မှတစ်ဦးဖြစ်ပြီး, သူကအထူးသဖြင့်မြို့တော်သို့, သားရဲလေ့ကျင့်သူလူငယ်ချန်ပီယံပွဲအားကြည့်ရန်သွားခြင်းဖြစ်သည်။ ထို့နောက်, ဘယ်သူကမှဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲကိုကြည့်ဖို့အခွင့်အရေးအား လက်လွှတ်ခံချင် မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင်, ကျောင်းသားသမဂ္ဂအသင်းအဖွဲ့မှကျွင်းမော့ယီကိုလည်း သွား၍အားပေးရန်ရည်ရွယ်ထားတာဖြစ်သည်။

အစပိုင်းတွင်တော့ကောင်းဖန်သည်လည်းအရည်အချင်းပြည့်မှီပေမယ့် ဒုတိယအကြိမ် စာမေးပွဲပြီးဆုံးပြီးနောက်တွင်တတိယအချီ၌ကောင်းဖန်ကထွက်ရန်ရွေးချယ်ခဲ့သည်။ ဟန်ယွမ်မင်း၏တကြွကြွဖြစ်နေမှုနှင့်ရာထူးတိုးမြှင့်ခြင်းအောက်တွင်, လူအများစုကတော့,မလိုလားပေမယ့်, ၎င်းကဟွားရှားနယ်ပယ်တစ်ခုလုံးတွင်လူသိများ နေပြီဖြစ်သည်။

နောက်ဆုံးတွင်တော့, ထိုနေရာမှာမရှိသင့်တဲ့လူတစ်ယောက်ကရုတ်တရက်ပေါ်လာ ခဲ့တာဖြစ်သည်။

“မဟုတ်ရင်, သူရဲ့ဆုံးဖြတ်ချက်မှားယွင်းသွားတာကိုနောက်တရသွားပြီး, ပြိုင်ပွဲကို ကြည့်ဖို့လာတာများလား?” တစ်စုံတစ်ယောက်ကတီးတိုးပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၃၈

အဖွဲ့တစ်ခုလုံးကထိုစကားကိုပြောလိုက်ချိန်ငြိမ်သက်သွားကြသည်။

ကျောင်းသားအသင်းအဖွဲ့မှတစ်ချို့သောအဖွဲ့ဝင်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်၊ သူတို့ကဘာပြောရမှန်းမသိဖြစ်နေသည်။

ကျောင်းသားအသင်းအဖွဲ့မှလူများနှင့်ကောင်းဖန်ကြားဆက်ဆံရေးကရှုပ်ထွေးလှသည်၊

ချန်ကျန့်မင်နှင့်အဖြစ်အပျက်ကြုံပြီးသည့်အခါ၌ကျောင်းသားအသင်းအဖွဲ့ဝင်အများစု သည်ကောင်းဖန်ကိုမကျေမနပ်ဖြစ်ခဲ့ကြသည်။ ချန်ကျန့်မင်ကသူတို့ထဲကတစ်ယောက် ဖြစ်သည်၊ ချန်ကျန့်မင်သည်အနည်းငယ်ချမ်းသာသော်လည်း ကျောင်းသားအသင်းအဖွဲ့ များကိုအလွန်ရက်ရောသည်၊ သူတို့အတွက်နှင့်ပိုက်ဆံသုံးဖု့အတွက်တွန့်ဆုတ်မနေချေ၊

ကျောင်းသားအသင်းအဖွဲ့မှဘယ်သူကိုမဆို တစ်ယောက်ကအနိုင်ကျင့်လျှင်, သူတို့ကသေချာပေါက်အကျိုးဆက်နှင့်တွေ့ဆုံမည်ဖြစ်သည်။

သို့သော်, ချန်ကျန့်မင်၏မိတ်ဆွေတုသူငယ်ချင်းများကသူ့ကိုယ်စားပြန်ပေးဆပ်စေချင် ကြပေမယ့် ချန်ကျန့်မင်ကတားခဲ့သည်။ တစ်ချိန်တည်းမှာပင်ကောင်းဖန်၏နောက်ခံ မိသားစုအချက်အလက်များကပျံ့နှံ့သွားခဲ့သည်။

တောင်ပိုင်းကောင်းကင်အဖွဲ့မိသားစု။

သူတို့အားလုံးကယွိကျိုးတက္ကသိုလ်မှကျောင်းသားတွေဖြစ်သည်၊ သူတို့အတွက် တောင်ပိုင်းကောင်းကင်အဖွဲ့အကြောင်းမသိစရာအကြောင်းမရှိပေ၊ သူတို့ဝယ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေတောင် တောင်ပိုင်းကောင်းကင်အဖွဲ့ကလာတာဖြစ်သည်။

ထိုအချိန်တွင်လူတိုင်း၏လည်ချောင်းအတွင်း၌တစ်ခုခုကပ်နေပုံရသည်။

မိသားစုနောက်ခံအကြောင်းပြောရရင်,ယွိကျိုးမြို့မှာဘယ်သူမှကောင်းဖန်ကို ယှဉ်နိုင်မည်မဟုတ်ပေ၊ ကောင်းဖန်နှင့်ယှဉ်နိုင်သူများမှာယွိကျိုးအခြေစိုက်စစ်တပ်မှ ရာထူးမြင့်သူ၏သား ဒါမှမဟုတ် မြို့တော်ဝန်၏သားတို့ဖြစ်သည်။

အဖြစ်အပျက်ကတဖြည်းဖြည်းပျောက်ကွယ်သွားသည်၊ ဘယ်သူကမှထပ်မပြောကြ တော့ပေ။

ထို့နောက်ဘွဲ့ရပြီးသောကျောင်းမှစီနီယာကျောင်းသား လီယွီကျား၏ပြဿနာကိုလည်း ဖြေရှင်းခဲ့သည်၊ ကောင်းဖန်ကများစွာသောဖြစ်ရပ်များတွင်ကူညီခဲ့သည်။ ကျောင်းသား အသင်းအဖွဲ့မှထိုအဖြစ်အပျက်အတွင်းအတူရှိနေသည့်အဖွဲ့ဝင်များသည်သူ့အား အပြုသဘောဆောင်ကာအထင်ကြီးစွာဖြင့်ထွက်လာခဲ့ကြသည်၊ ကောင်းဖန်သည် ကောလဟာလများထွက်နေသလို မာနကြီးပြီး စက်ဆုပ်ဖွယ်ကောင်းပုံတော့မပေါ်ပေ။

ကောင်းဖန်ဆီသို့လာသောအခါတွင် ကျောင်းသားအသင်းအဖွဲ့မှအဖွဲ့ဝင်များသည် အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြသည်။ သူတို့ထဲကတစ်ချို့ကကောင်းဖန်ကိုသိပ်မကြိုက်ကြပေ, တခြားအဖွဲ့ကလူတွေကတော့တောင်ပိုင်းကောင်းကင်အဖွဲ့တွင်အချိန်တိုအတွင်း အလုပ်ရစေရန်အတွက်လိုလားကြသည်။

ချန်ကျန့်မင်သည်လေဆိပ်၏အဖွဲ့ထဲမှတစ်ယောက်အပါအဝင်ဖြစ်သည်၊ ကောင်းဖန်ကို မြင်သည်နှင့်သူ့မျက်နှာမှာဖတ်မရသည့်အမူအရာများပေါ်လာသည်၊ သူ့အဖေက သူတို့မြို့မှယွိကျိုးမြို့အထိတောင်ပိုင်းကောင်းကင်ဌာနချုပ်အရောက်ကောင်းဖန်အား တောင်းပန်ရန်အတွက်အပြေးအလွှားရောက်လာခဲ့သည်၊ အဆုံးမှာတော့, ကောင်းဖန်ကပေါ်တောင်မလာခဲ့ပေ၊ ဥက္ကဌကျီ၏အကြောင်းကြားစာတစ်စောင်ကသာ ရောက်လာခဲ့သည်။ အကြောင်းကြားစာတွင်, ကလေးတွေကြားဖြစ်သောကိစ္စဖြစ်တာ ကြောင့်ချင်မိသားစုစိုးရိမ်စရာမလိုကြောင်းဖြစ်သည်။

ဒီအဖြစ်အပျက်အပြီးတွင်, ချန်ကျန့်မင်ကအနည်းငယ်ရင့်ကျက်လာခဲ့သည်၊ သူ၏ ကျွဲမြီးတိုတတ်သောကိုယ်ရည်ကိုယ်သွေးကသိသိသာသာချောမွေ့သွားခဲ့သည်။

ချန်ကျန့်မင်ကကောင်းဖန်ကိုကြည့်နေတာရပ်လိုက်ပြီးနောက်, သူ့သားရဲကို တိတ်တဆိတ်ကြည့်လိုက်သည်။

အစွန်းများတွင်ထောင့်ချွန်းများဖြင့်စူးရှနေပြီး စားပွဲခုံလောက်ကြီးမားသော ပင်လယ်လိပ်ကြီးတစ်ကောင်ဖြစ်သည်၊ ၎င်း၏ခြေထောက်များကိုအကြေးခွံများဖြင့် အုပ်ထားပြီး၎င်းကျောခွံ၏အစွန်းတွင် ချွန်ထက်သောဆူးတစ်ချို့ရှိသည်။

“အိုး,စိတ်မကောင်းစရာဘဲ၊ အကယ်၍ကောင်းဖန်သာလူငယ်လေ့ကျင့်သူချန်ပီယံပွဲမှာ ပါရင်, ငါတို့ယွိကျိုးကပြိုင်ပွဲဝင်သုံးဦးဖြစ်သွားလိမ့်မယ်” ငွေရောင်ဆံပင်ဖြင့် ကောင်လေးကသက်ပြင်းချလိုက်သည်။

“အင်ပါယာတက္ကသိုလ်ကအရာရှိလောင်းသုံးယောက်ပါတယ်ဆိုတာငါသိတယ်၊ သူတို့အတွက်အရမ်းဂုဏ်ယူနေကြတာလေ, တက္ကသိုလ်ဖိုရမ်မှာရွှေ,ငွေ,ကြေးတွေရဖို့ အမြဲပြောနေကြတာ” အနီရောင်တီရှပ်ဝတ်ထားသည့်ခပ်ထွားထွားသူတစ်ဦးကပြော လိုက်သည်၊ အာလူးကြော်အနည်းငယ်လည်းသူ့ပါးစပ်ထဲသို့ပစ်လိုက်သေးသည်။

ကောင်းဖန်အတွက်ကတော့သူတို့ကအသေးအမွှားကိစ္စတွေသာဖြစ်သည်။ သူနှင့်ခဏ လောက်ဆွေးနွေးပြီးနောက် သူတို့၏ခေါင်းစဉ်များကတဖြည်းဖြည်းပြောင်းလဲသွား တော့သည်။ သူတို့၏ခေါင်းစဉ်ဆွေးနွေးမှုများသည် ပြိုင်ပွဲတွင်အနိုင်ရရှိမှုနှင့်, မတူညီသောနိုင်ငံများမှဘယ်လိုသားရဲအမျိုးအစားတွေပေါ်လာကြမလဲဆိုတာတွေသာ ဖြစ်သည်။

တစ်ဖက်တွင်ထိုင်နေသောကောင်းဖန်ကသူတို့အားလုံးကိုမြင်လိုက်သည်၊ ကျွင်းမော့ယီကသူတို့အဖွဲ့ထဲကတစ်ယောက်ဖြစ်သည်။ ကောင်းဖန်ကသူ့ကို ခေါင်းညိတ်ပြလိုက်သည်။

ခဏလောက်ကြာတော့လေဆိပ်ဝန်ထမ်းတစ်ယောက်ကကောင်းဖန်ဆီသို့ရောက်လာ သည်။ သူ့ခေါင်းငုံ့လိုက်ပြီးကောင်းဖန်ကိုညင်သာစွာပြောလိုက်သည်။ “ဟယ်လို, မစ္စတာကောင်း, ကိုယ်ပိုင်လေယာဉ်ကထွက်ဖို့အဆင်သင့်ဖြစ်ပါပြီ၊ သွားဖို့အသင့်ဖြစ်ပြီ လားဗျ?”

ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊ “သွားကြစို့”

ကောင်းဖန်ကခဏလောက်စဉ်းစားလိုက်ပြီးနောက်, ကျွင်းမော့ယီဆီသို့လျှောက်သွား လိုက်သည်။ နောက်ဆုံးတော့လည်း, သူတို့ကမွေးရပ်မြေတူတူဖြစ်သည်။

“ညီမကျွင်း…ကျွင်းမော့ယီ, ငါ့လေယာဉ်ကထွက်တော့မယ်၊ လေယာဉ်ထဲမယ် ထိုင်ခုံတွေအများကြီးရှိသေးတယ်၊ မင်းငါနဲ့လိုက်ချင်လား? ဘယ်လိုဘဲဖြစ်ဖြစ်, လေဆိပ်မှာစောင့်နေတာအချိန်ဖြုန်းသလိုဖြစ်နေလိမ့်မယ်”

ကိုယ်ပိုင်လေယာဉ်… သူကအဲ့လောက်တောင်ချမ်းသာတာလား?

အဖွဲ့လိုက်လူများကအံ့ဩနေတော့သည်၊ တစ်စုံတစ်ယောက်ကရုတ်တရက် ရေပန်းစားနေသောစကားကိုစဉ်းစားကာပြောလိုက်သည်, “ချမ်းသာတဲ့လူတွေက ပျော်ရွှင်တယ်လို့မင်းထင်လား? ဟုတ်တယ်, သူတို့ရဲ့ပျော်ရွှင်မှုကမင်းစိတ်ကူးကို ကျော်လွန်သွားပြီ”

အဆုံးမှာတော့,ကျွင်းမော့ယီက လေယာဉ်လက်မှတ်ဝယ်ပြီးသားဖြစ်တာကြောင့် ကောင်းဖန်၏ဖိတ်ခေါ်မှုကိုငြင်းလိုက်သည်။

…

လေယာဉ်ကခြောက်နာရီကြာလေထဲတွင်ပျံသန်းပြီးနောက် ဆင်းသက်တော့သည်။

သူရောက်တော့, လေဆိပ်တွင်လူများကသူ့ကိုစောင့်နေကြသည်။ ဇိမ်ခံထရပ်ကား များကလေဆိပ်အပြင်ဘက်တွင်ရပ်ထားကြပြီး, အစောင့်အရှောက်ယဉ်တန်းပုံစံ စီထားကြသည်။ခရီးသည်များကထိုအရာကိုမြင်တော့ထိတ်လန့်သွားကြသည်။ ဒါတွေအားလုံး ကတုန့်ဖန်းယာဉ်များဖြစ်သည်! ဘယ်ချမ်းသာတဲ့မိသားစုကဒါတွေကို ပိုင်ကြတာလဲ?

ဇိမ်ခံထရပ်ကား၁၀စီးလောက်ကိုသုံးပြီးလေဆိပ်မှာတစ်စုံတစ်ယောက်ကိုလာကြို တယ်! ဘယ်လိုတောင်ကြောက်ဖို့ကောင်းတဲ့ချမ်းသာတဲ့လူဖြစ်ရတာလဲ?

ကောင်းဖန်ကသက်ပြင်းချလိုက်သည်၊ သူကဒီလိုမျိုးတွေမဖြစ်ချင်ဘူးလို့အစကတည်း ကပြောပြီးသားဖြစ်သည်၊ သာမန်ကားတစ်စီးလောက်ကအဆင်ပြေသည်, ဒါပေမယ့် ဇိမ်ခံထရပ်ကားဆယ်စီးကအတွင်းသို့ဝင်လာသည်၊ ဒါကအတော်ကိုမြင့်တာဘဲ!

ယာဉ်တန်းရှေ့ရှိကား၏ရှေ့တံခါးပွင့်လာသည်။ လူလတ်ပိုင်းအရွယ်နှင့်လူတစ်ယောက် ကစေ့စပ်တိကျသောအနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ဘယ်လက်တွင် အဖြူရောင်လက်အိတ်ကိုဝတ်ထားသည်။ သူကကောင်းဖန်ဆီသို့လာပြီးဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ “သခင်လေးကောင်း, ကားထဲကိုဝင်ပါ”

ကောင်းဖန်ကခေါင်းညိတ်လိုက်ပြီး ကား၏နောက်ခန်းထဲသို့ချောမောစွာလျှောက်သွား လိုက်သည်၊ နောက်ဖေးခန်းကအလွန်ကျယ်ဝန်းသည်၊ ထိုင်ခုံဘေးတွင် ရေခဲသေတ္တာအသေးတစ်လုံးနှင့်အရှေ့ဘက်တွင်LCD TVတစ်ခုရှိသည်။ ဂိမ်းထိန်းချုပ်စက်တောင်ရှိသေးသည်။

နာရီဝက်အကြာတွင်သူတို့ဦးတည်ရာသို့ရောက်လာကြသည်။ လေဆိပ်နှင့်သိပ်မဝေးတဲ့ တောင်ပေါ်အိမ်ကြီးတစ်လုံးဖြစ်သည်။

ကောင်းဖန်က ကားပေါ်မှဆင်းပြီးနောက်ဆံပင်ဖြူနှင့်အဘိုးတစ်ယောက်က သူ့မျက်နှာတွင်အပြုံးတစ်ခုဖြင့်လျှောက်လှမ်းလာသည်။ ထိုအဘိုး၏နောက်တွင် လူအနည်းငယ်လိုက်ပါလာသည်။

“ဟားဟား၊ မင်းကအဘိုးကြီးကျီရဲ့မြေး, ဟုတ်တယ်မလား? ငါကကျိုးတျန်းမင်၊ ငါ့ကို အဘိုးကျိုးလို့လည်းခေါ်နိုင်တယ်၊ ငါမင်းအဘိုးကိုသိတာအနှစ်လေးဆယ်ကျော်ရှိပြီကွ” အဘိုးကကောင်းဖန်၏ပုခုံးကိုပုတ်လိုက်သည်၊ “မဆိုးဘူး၊ မင်းကအတော်လေးသန်မာ တာဘဲကွ၊ ယောကျာ်းတစ်ယောက်ဆိုတာသန်မာရမယ်”

အဘိုး၏မျက်နှာကအရေးကြောင်းများဖြင့်ပြည့်နေပြီး အရပ်သိပ်မရှည်ပေ၊ သူသည် အရပ်ငါးပေနှင့်ငါးလက်မခန့်သာရှိပြီး တရုတ်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားသည်။

သူကအတော်လေးအသက်ကြီးပုံရသော်လည်းကောင်းဖန်ကထိုအကြောင်းကြောင့် သူ့အပေါ်တွင်မျက်စိမှိတ်ယုံလိုက်ခြင်းတော့မရှိပေ၊ သူမလာခင်တုန်းက, အဘိုးကသူ့ သူငယ်ချင်းနှင့်မိတ်ဆက်ပေးခဲ့သည်။

ကျိုးတျန်းမင်သည် သားရဲလေ့ကျင့်သူအဖွဲ့ချုပ်အကြီးအကဲ၁၂ယောက်တည်းမှ တစ်ဦးဖြစ်ပြီး တောင်ကိုးခုအဖွဲ့၏ဥက္ကဌလည်းဖြစ်သည်။ ဥက္ကဌရာထူးက နှုတ်ထွက်ခဲ့ပေမယ့်သားအကြီးဆုံးကိုရာထူးပေးခဲ့သည်။

သူသည်ထိပ်တန်းအဆင့်ရှိသောဧကရာဇ်သားရဲကိုပိုင်ဆိုင်ထားသည့်ထိပ်တန်းသားရဲ လေ့ကျင့်သူတစ်ယောက်လည်းဖြစ်သည်။

ကောင်းဖန်သည်သူ၏အဘိုးကြောင့် သားရဲလေ့ကျင့်သူအဖွဲ့ချုပ်သို့မဝင်ရတာလဲ ဆိုသည့်အကြောင်းကိုသိချင်နေသည်၊ သူ၏ကြွယ်ဝမှုနှင့်စွမ်းရည်တို့ဖြင့် သူဆန္ဒရှိလျှင် အဖွဲ့ချုပ်၏အကြီးအကဲဖြစ်ဖို့လည်းပြဿနာမရှိပေ။

အဘိုးကတော့ “စိတ်မဝင်စားဘူး” ဟူ၍ပင်အနည်းငယ်ပြုံးကာပြန်ဖြေသည်။

သူတို့အချင်းချင်းဘယ်လိုတွေ့ခဲ့ကြသည်လဲဆိုတာကိုတော့အသေးစိတ်ပြောမပြခဲ့ပေ။

“အဘိုးကျိုး, အဘိုးကအတော်လေးကျန်းမာတာဘဲ” ကောင်းဖန်ကသူ့ကိုချီးကျူးလိုက် သည်။ ချီးမြှောက်ခြင်း၌စေတနာရှိခြင်း၏ကောင်းကျိုးသာရှိပြီး ဆိုးကျိုးရှိမည်မဟုတ်။

ကျိုးတျန်းမင်ကပျော်ရွှင်စွာဖြင့်ရယ်လိုက်သည်၊ “ငါကအသက်ကြီးနေပါပြီကွ၊ ၈၀နားတောင်ကပ်နေပြီ”

ပြီးတော့သူကလည်းအသက်ကြီးတဲ့ပုံပေါပေမယ့် သူ့အရိုးများကတော့အခုထိကြံ့ခိုင် သန်မာနေသေးသည်။ သူကအသက်၈၀ရှိသောပုံစံနှင့်မတူပေ။

သူတို့ကတောင်ပေါ်ကဗီလာဆီသို့သွားလိုက်ကြသည်။ ကျိုးတျန်းမင်ကကောင်းဖန်ကို ဦးဆောင်၍ထမင်းစားခန်းထဲသို့ပထမဆုံးခေါ်သွားလိုက်သည်၊ “မင်းလေယာဉ်ပေါ်မှာ ဘာမှမစားခဲ့ရဘူးမလား? မင်းဗိုက်ပြည့်သွားအောင်တစ်ခုခုစားလိုက်ဦး”

“ဟုတ်ကဲ့၊ ဒုက္ခပေးမိလို့တောင်းပန်ပါတယ်, အဘိုးကျိုး” ကောင်းဖန်ကတခြားသူများ နှင့်ဘယ်လိုဆက်ဆံရမည်လဲဆိုတာကိုမသိသောသူတစ်ယောက်မဟုတ်ပေ၊ အဘိုးနှင့် ကျိုးတျန်းမင်တို့ကြားကဆက်ဆံရေးကအတော်လေးကောင်းမွန်ပုံရသည်။ သူက သူများအိမ်မှာနေတော့ နှိမ်ချပြိးယဉ်ကျေးအောင်နေရမည်။

သူတို့ထမင်းစားခန်းထဲတွင် စားနေတုန်းကျိုးတျန်းမင်ကစကားစလာသည်၊ “မင်းဒိုင်လူကြီးဖြစ်ဖို့အတွက်ခေါင်းစဉ်ကိုတင်ပြလိုက်တယ်၊ ငါမင်းအဘိုးကို သူ့စကားအတိုင်းနားထောင်ပြီးစမ်းသပ်မှုလုပ်ဖို့ကိုလက်လွှတ်ချင်ပေမယ့် အဲ့ဒါကိုအကြောင်းမှာ မပါဝင်တဲ့လူတစ်ချို့ရှိနေတယ်, ဒါကြောင့်ငါနဲ့အတူစမ်းသပ်မှုမှာ စီမံခန့်ခွဲဖို့မင်းကိုခေါ်သွားပြီးဒုက္ခပေးရမှာဘဲ၊ ဒါမှဘဲအဲ့ဒီလူတွေကိုပိတ်ထားနိုင်လိမ့် မယ်”

“ကောင်းပါပြီ” ကောင်းဖန်ကပြုံးလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၃၉

နောက်တစ်နေ့၌,ကောင်းဖန်သည် ကျိုးတျန်းမင်နှင့်အတူ မြို့တော်၏ခရမ်းရောင် ပင်လယ်ခရိုင်သို့လိုက်လာခဲ့သည်။

ပင်လယ်ပြင်လောက်ကြီးမားသည့် ခရမ်းရောင်ရေကန်ကြီးထိုနေရာတွင်တည်ရှိသည်၊ နာမည်ကထိုမှလာတာဖြစ်သည်။

သားရဲလေ့ကျင့်သူအဖွဲ့ချုပ်ဟွားရှားနယ်ပယ်ဌာနချုပ်သည် ခရမ်းရောင်ပင်လယ်ခရိုင် တွင်ရှိနေသည်။

သူတို့ကသားရဲလေ့ကျင့်သူအဖွဲ့ချုပ်အဆောက်အဦးထဲသို့သီးသန့်ဝင်ပေါက်ကို အသုံးပြု၍ဝင်သွားခဲ့သည်၊ ထိုဝင်ပေါက်သည်အများအားဖြင့်လူအများစုအသုံးပြုခွင့် မရပေ, အရေးကြီးသောလူများသာလျှင်၎င်းကိုအသုံးပြုနိုင်သည်။

“မင်းဒိုင်လူကြီးဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး, ငါနဲ့အဘိုးကြီးယဲ့ကလက်ခံကြတယ်, ဒါပေမယ့်ဂျပန်ကအဘိုးကြီးဖျင်ကျန်းကသဘောမတူဘူး” ကျိုးတျန်းမင်က သူစကားပြောလိုက်သည်နှင့်ထိတ်လန့်သွားတော့သည်။

အဘိုးကြီးဖျင်ကျန်း?

ကောင်းဖန်ကထိုနာမည်ကိုသူသိသောလူများနှင့်ကြိုးစား၍တွဲစပ်ကြည့်သည်၊ အဆုံးမှာတော့သားရဲလေ့ကျင့်သူအဖွဲ့ချုပ်၏အကြီးအကဲ၁၂ယောက်ထဲမှတစ်ယောက် ဖြစ်သောဖျင်ကျန်းမန်ကိုသာစဉ်းစားမိသည်။

“မင်းကအတော်လေးငယ်သေးတယ်၊ တကယ်တော့,မင်းကပါဝင်ယှဉ်ပြိုင်တဲ့သူတွေရဲ့ အသက်အရွယ်နဲ့တောင်သိပ်မကွာလှဘူး၊” ကျိုးတျန်းမင်ကရယ်လိုက်သည်။

ကောင်းဖန်က သူ့ကိုယ်သူတွေးနေတာကတော့,သေချာတာပေါ့, ကြီးကြီးမားမား ကွာခြားမှုကိုမရှိပါဘူး, ဘာကြောင့်လဲဆိုတော့ပြိုင်ပွဲဝင်နေရာကနေသူကနှုတ်ထွက်ခဲ့ တာကြောင့်ဘဲလေ။

“ဒါကြောင့်လဲ အဘိုးကြီးဖျင်ကျန်းကမင်းကအဲ့ဒီနေရာနဲ့မကိုက်ညီဘူးလို့တွေးနေတာ၊ သူကပိုပြီးတည်ငြိမ်ပြီးသန်မာတဲ့တစ်စုံတစ်ယောက်ကိုဒိုင်လူကြီးအနေနဲ့လိုအပ်တာ လေ”

ကောင်းဖန်ကတိတ်ဆိတ်၍သာနေနေသည်, ဘယ်လိုတုန့်ပြန်ရမှန်းမသိဖြစ်နေသည်၊ ထိုသို့သောကိစ္စများတွင်သူပြောသမျှကသင့်လျှော်မည်မဟုတ်ဟုထင်ရသည်။

“ဒါပေမယ့်,ဒီနေရာကိုလူငယ်တစ်ဦးကိုပေးတာကပြိုင်ပွဲဝင်လူငယ်တွေအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်မယ်လို့ငါထင်တယ်၊ မင်းရောအဲ့လိုမထင်ဘူးလား?” ကျိုးတျန်းမင် ကလမ်းလျှောက်တာရပ်သွားသည်၊ သူတို့ရှေ့တွင်အလွန်ကြီးမားသောကျယ်ဝန်းသော လေ့ကျင့်ရေးခန်းတစ်ခုရှိသည်။

လေ့ကျင့်ရေးခန်းသည်ကြီးမားပြီးအမြင့်ပေ၃၀ခန့်ရှိသည်၊ အားကစားကွင်းလိုမျိုးဘဲ ဖြစ်သည်၊ ၎င်းကိုကဏ္ဍများစွာဖြင့်ပိုင်းခြားထားပြီးအချို့သောအပိုင်းများတွင် လူအနည်းငယ်သာလေ့ကျင့်ပေးသည်။

အများစုမှာ, ကိုယ်ပိုင်သားရဲရှိသူများအတွက်လေ့ကျင့်ရန်ဖြစ်သည်၊ လူသားများ အတွက်သာသက်ဆိုင်သည့်အပိုင်းများလည်းရှိပေမယ့် ၎င်းတို့မှာလူနည်းစုသာဖြစ် သည်။

“မင်းစိတ်ချလက်ချနားနိုင်တယ်, ငါ့ကလေး။ ဒါကသူတို့တွေကိုပိတ်ဆို့ထားဖို့လောက် ပါဘဲ။” ကျိုးတန်းမင်ကတောက်ပစွာဖြင့်ရယ်မောလိုက်သည်၊ “နောက်ဆုံးတော့, ဒါကဟွားရှားဘဲလေ၊ အရင်ဆိုရိုးစကားတွေလိုဘဲ၊ သူတို့ကတကယ်ဘဲကြားဝင် စွက်ဖက်လို့မရပါဘူး”

“အကြီးအကဲ”

“အကြီးအကဲကျိုး”

ကျိုးတျန်းမင်နှင့်သိသောလူအနည်းငယ်ကသူ့ကိုလာတွေ့ကြသည်။

သူတို့၏မျက်လုံးများကကြောက်ရွံ့ရိုသေခြင်းနှင့်လေးစားမှုများဖြင့်ပြည့်နေသည်၊ ကြည့်ရသည်မှာကျိုးတျန်းမင်သည်သားရဲလေ့ကျင့်သူအဖွဲ့ချုပ်၏အလွန်အရေးပါသော အဖွဲ့ဝင်ဖြစ်ပုံရသည်။

ကျိုးတျန်းမင်ကသူတို့ကိုလက်ဝှေ့ယမ်းပြလိုက်သည်၊ “မင်းတို့ငါ့ကိုလျစ်လျူရှုထားလို့ ရတယ်၊ ငါဒီကိုလာတာကလူငယ်လေးနဲ့စမ်းသပ်မှုအနည်းငယ်ကိုစီမံဖို့လောက်ဘဲ၊ မင်းတို့လုပ်နေတာတွေသာဆက်လုပ်ကြ”

ကျိုးတျန်းမင်၏စကားသည်ပျံ့နှံ့သွားပြီးလူများကရပ်သွားကြသည်။ သူတို့ကသေးငယ် သောအဖွဲ့ငယ်လေးများအဖြစ်အတူစုရုံးလိုက်ကြပြီး, သူတို့၏ဦးတည်ရာဘက်သို့ ကြည့်လိုက်ကြသည်။

အနည်းငယ်ဆွဲဆောင်မှုရှိသောအမျိုးသမီးများကအားကစားဝတ်စုံဝတ်ထားပြီးရောက်လာသည်၊ သူတို့ကခန္ဓာကိုယ်ပေါ်မှချွေးတွေကိုသုတ်ဖို့ပုခုံးပေါ်တွင်ပတ်ထားသော မျက်နှာသုတ်ပုဝါများကိုသုံးလိုက်ကြသည်။

“အဘိုး, ဒီကိုဘာခေါ်လာတာလဲ?” အမျိုးသမီးတစ်ယောက်ကလျှောက်လာပြီးမေး လိုက်သည်၊ သူမကအတော်လေးအရပ်ရှည်ပြီး, ဆံပင်များကိုမြင်းမြှီးကေစီးထားကာ, ခဲရောင်ရင်လွှမ်းအင်္ကျီနှင့်အနက်ရောင်ဘောင်းဘီတိုကိုဝတ်ဆင်ထားသည်။သူမ၏ ခြေထောက်များကရှည်ပြီးဖြူဖျော့နေသည်။

သမကသတိထားစွာဖြင့်ကောင်းဖန်ကိုစူးစိုက်စွာကြည့်ရင်း ကောင်းဖန်ကလည်းသူမကို ပြန်ကြည့်နေသည်အားတွေ့လိုက်ရသည်။

ကျိုးတျန်းမင်ကရယ်လိုက်ပြီးနောက်သူမနှင့်ကောင်းဖန်ကိုမိတ်ဆက်ပေးလိုက်သည်၊ “ဒါကအဘိုးရဲ့မြေးဘဲ, ကျိုးမန်မန်တဲ့၊ သူမကအင်ပါယာတက္ကသိုလ်မှာတတိယနှစ်ကို မင်းထက်နှစ်နှစ်စောတက်တယ်”

ထို့နောက်ကျိုးမန်မန်ထံလှည့်၍ကောင်းဖန်ကိုသူမအားမိတ်ဆက်ပေးသည်၊ “မင်းသူ့ကို မောင်ငယ်လေးလို့ခေါ်ရမယ်, သူကအဘိုးကျီရဲ့မြေးလေ”

“အဘိုးကျီ?” ကျိုးမန်မန်ကသူတွေးထားသည့်အတိုင်းမျက်နှာကတစ်ခဏလောက် ဗလာဖြစ်သွားသည်။ သူအဘိုးကဒီလိုလေးလေးနက်နက်ပြောမယ့်တစ်ဦးတည်းသော အဘိုးကျီကတော့ ယွိကျိုးကအဘိုးကျီဘဲရှိသည်။

အဘိုးကျီနှင့်သူမအဘိုးတို့သည်အသိအကျွမ်းဟောင်းများဖြစ်ကြောင်းသူမသာသိသည်၊ တစ်ခါတစ်ရံတစ်ဦးနှင့်တစ်ဦးဖုန်းခေါ်ကြသည်၊ ဒါပေမယ့်, သူမကသူတို့ရဲ့ဆက်ဆံရေး အသေးစိတ်အားမသိရပေ။

“ငါ့နာမည်ကကျိုးမန်မန်,” ကျိုးမန်မန်ကကောင်းဖန်နှင့်မိတ်ဆက်လိုက်သည်၊ သူမ၏ မျက်လုံးများကလကဲ့သို့လုံးဝန်းနေပြီး , သူမကပြုံးလိုက်သည်။

“ဟယ်လို, ကျွန်တော်ကကောင်းဖန်” ကောင်းဖန်ကခေါင်းညိတ်ပြီးတုန့်ပြန်လိုက်သည်။

ကျိုးတျန်းမင်ကကောင်းဖန်နှင့်သူ့မြေးတွေ့ဆုံသည်ကိုပျော်နေသည်၊ “မင်းရဲ့ မောင်လေးကမင်းရဲ့နောက်မှာနှစ်နှစ်လောက်နောက်ကျပေမယ့် မင်းရဲ့မောင်လေးကို မထီမဲ့မြင်ပြုလို့မရဘူးနော်- သူမြို့တော်ကိုလာရတဲ့အကြောင်းအရင်းက ကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံပြိုင်ပွဲမှာပါဝင်ဖို့ဘဲ”

ကျိုးမန်မန်ကခေါင်းညိတ်လိုက်ပြီး အံ့ဩသည့်ပုံမပြပေ။ အဘိုးကျီ၏ချမ်းသာမှု အဆင့်အတန်းနှင့်, လူငယ်လေ့ကျင့်သူချန်ပီယံပြိုင်ပွဲကိုဝင်ခွင့်ရတာ သိပ်ကြီးမားတဲ့ ကိစ္စတော့မဟုတ်ပေ။

ကမ္ဘာကြီးကအလွန်လက်တွေ့ကျသည်၊ အာဏာနှင့်ချမ်းသာလျှင်တခြားသူတွေထက် ပို၍အောင်မြင်နိုင်သည်။

ကျိုးမန်မန်နှင့်အတူရှိနေသောတခြားမိန်းကလေးတွေကကောင်းဖန်ကိုစိုက်ကြည့်နေကြသည်၊ သူတို့သည်ဩဇာကြီးမားသောမိသားစုများမှဖြစ်ကြသော်လည်း, ၎င်းတို့သည် ကျိုးမန်မန်၏အဆင့်အတန်းနှင့်ယှဉ်လျှင်တော့နေရာမရှိပေ။

သူ့မိသားစုနောက်ခံ ဒါမှမဟုတ် သူ၏အရည်အချင်းကြောင့်ဘဲဖြစ်ဖြစ်ကောင်းဖန်က လူတွေ၏အာရုံစိုက်မှုကိုခံရနိုင်သည်၊ တစ်ခုတည်းသောမကောင်းသည့်အရာမှာ သူက သူတို့ထက်နှစ်နှစ်ငယ်တာဘဲဖြစ်သည်။

“ကံကောင်းပါစေ, ပြိုင်ပွဲမှာကောင်းမွန်တဲ့အဆင့်ရပါစေ” ကျိုးမန်မန်က ကောင်းဖန်ကို အားပေးလိုက်သည်။

“သူကပြိုင်ပွဲဝင်မဟုတ်ဘူး၊ သူဒီကိုလုပ်တာဒိုင်လူကြီးလုပ်ဖို့” ကျိုးတျန်းမင်က ပြောလိုက်သည်။

“…..”

ကျိုးမန်မန်၏မျက်လုံးများကရုတ်တရက်ပြူးကျယ်သွားတော့သည်၊ သူမ၏အဖော် အချို့ကအသက်ရှုပင်ကြပ်ကာ ဒဏ္ဍာရီလာပုံပြင်တစ်ပုဒ်ကိုနားထောင်နေရသလို ကောင်းဖန်ကိုမယုံကြည်နိုင်စွာကြည့်နေသည်။

ကျိုးမန်မန်ကသူမကြားလိုက်ရသမျှကိုမယုံကြည်နိုင်ဖြစ်နေသည်။ ကောင်းဖန်သည် ၎င်း၏တက္ကသိုလ်ပထမနှစ်တွင်ဖြစ်ပြီး အများဆုံးအသက်၂၀သာရှိဦးမည်၊ ဆိုလိုတာက သူသည်သားရဲလေ့ကျင့်သူပထမျိုးဆက်တွင်တောင်ပါဝင်သူမဟုတ်ပေ။

သို့သော်, သူမ၏အဘိုးကဟာသပြောရန်နှစ်သက်သူတစ်ဦးတော့မဟုတ်ပေ။ စကားစပြောတုန်းကလည်းသူ့မျက်နှာကတည်ငြိမ်နေခဲ့သည်၊ နောက်ပြောင်နေသော အရိပ်အယောင်တောင်မပြပေ၊

ဆိုလိုတာက….. အဘိုးပြောတာအမှန်တကယ်လား!

ဒါပေမယ့်….ဒါပေမယ့်….သူကငယ်လွန်းသေးတယ်လေ။

“ကျွန်တော်ကအဘိုးကျိုးရဲ့အကူအညီကြောင့်ဒိုင်လူကြီးဖြစ်လာတာပါ” ကောင်းဖန်က ကျေးဇူးတင်ကြောင်းပြရန်အတွက် ကျိုးတျန်းမင်ကိုဦးညွှတ်လိုက်သည်။

ဆိုလိုသည်မှာသူကလည်းအမှန်တကယ်ကိုဝန်ခံနေသည်ပေါ့။

ကောင်းဖန်ကခဏလောက်စဉ်းစားလိုက်ပြီး, “ဒမ်ဘီရဲ့သန်မာမှုကိုစမ်းသပ်တာက သူရဲ့ကျွမ်းကျင်မှုတွေကိုကောင်းကောင်းမွန်မွန်ပြရင်လုံလောက်သွားပါပြီ၊ တာ့ဇီနဲ့ တခြားသူတွေကသိပ်ပြီးလုံလုံလောက်လောက်အဆင့်မမြင့်ကြပါဘူး၊ သူတို့က ကျောင်းသားတွေကိုထိတ်လန့်ပြီးကြောက်ရွံ့အောင်မလုပ်ပါဘူး”

သို့သော်, တာ့ဇီ,ဖလိမ်မီနှင့်တခြားသူများကအရမ်းမြင့်သောအဆင့်အတန်းတွင် ရှိကြသည်၊ အနိမ့်ဆုံးအဆင့်အတန်းကထူးခြားအဆင့်အတန်းဖြစ်သည်။ သူတို့ထဲတွင် ဒဏ္ဍာရီလာအဆင့်အတန်းတောင်ပါဝင်နေသေးသည်၊ အကယ်၍သားရဲနှစ်ကောင်က ထိုကဲ့သို့သောအဆင့်အတန်းနှင့်ဆိုလျှင်, လူတွေကစွမ်းရည်၏ကဲကောင်းမှုကြောင့် ဖြစ်သည်ဟုပြောကြလိမ့်မည်။

အကယ်၍သူတို့ထဲကသုံးယောက်, လေးယောက်လောက်ကမြင့်သောအဆင့်အတန်း၌ ရှိမည်ဆိုလျှင်, လူတွေကသူ့အဘိုးသည်အလွန့်အလွန်ကိုချမ်းသာတာဘဲလို့ ပြောကြလိမ့်မည်။

ဒါပေမယ့်, ငါးကောင် ဒါမှမဟုတ် ခြောက်ကောင်ဆိုရင်ရော? သူတို့ကငွေကြောင့်နဲ့ ကံကောင်းမှုကြောင့်လို့ပြောကြဦးမှာလား?

တစ်စုံတစ်ခုကသေချာသောအဆင့်သို့ရောက်ပြီဆိုလျှင်, ၎င်းသည်သေချာပေါက်ကို ကံကောင်းမှုတစ်ခုမျှသာမဟုတ်ကြောင်းထင်ရှားသည်။

ထို့အပြင်, သူ့မှာတာ့ဇီနှင့်အစင်းလေးတို့ရှိနေတာကြာခဲ့ပြီဖြစ်သည်၊ ဤသည်မှာ အလွယ်တကူနှင့်ရနိုင်သောအချက်အလက်အားလုံးဖြစ်သည်။

သူ့အဘိုးကသူ့ကိုမပေးခင်ကတည်းက သူဂရုတစိုက်ဖြင့်ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်၊ သူတို့ကသူငယ်ငယ်လေးကတည်းကပိုင်ဆိုင်ခဲ့သည့်သားရဲများဖြစ်ကြသည်။

ကျိုးတျန်းမင်ကခဏလောက်စဉ်းစားလိုက်ပြီး, စကားပြောပြီးနောက်ဒမ်ဘီ၏ စမ်းသပ်မှုကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

ပထမတာဝန်မှာဒမ်ဘီ၏အဆင့်ကိုစမ်းသပ်ရန်ဖြစ်သည်။

ဗီဒွီယိုရိုက်ကူးမှုတွင်တာဝန်ရှိသောဝန်ထမ်းများလည်းရှိသည်၊ စမ်းသပ်မှုအတွက် အထူးပစ္စည်းအချို့ကိုယူဆောင်လာခဲ့သည်။

“ဒီလောက်ထိဒုက္ခခံစရာမလိုအပ်ပါဘူး” ကောင်းဖန်ကခေါင်းယမ်းလိုက်သည်၊ ထို့နောက် ညင်သာစွာဖြင့်ခေါ်လိုက်သည်၊ ‘ဒမ်ဘီ’။

ဒမ်ဘီကသူ့သခင်ခေါ်တာကိုကြားလိုက်တာကြောင့် လှည့်ကာသူ့ကိုကြည့်လိုက်သည်၊ မသေဆုံးနိုင်သောမီးတောက်သည်၎င်း၏ဘာမှမရှိသောမျက်အိမ်ထဲတွင် တောက်လောင်နေသည်။ ဒမ်ဘီကအနည်းငယ်ခေါင်းညိတ်ပြလိုက်ပြီး, အဖြူရောင် အရှိန်အဝါသည်ရုတ်တရက်သူ၏ခြေထောက်အောက်၌ပေါ်လာသည်။

အရှိန်အဝါကသိပ်ပြီးတော့မကြီးပေ၊ ၎င်းက၁၀ပေလောက်ကျယ်ပြီး ဒမ်ဘီ၏ ခြေထောက်က၎င်း၏အလယ်တွင်ဖြစ်သည်။

အရှိန်အဝါကအရိုးအပိုင်းအစလေးများအတူတကွစုပေါင်းထားသလိုဖြင့်ပုံစံဖွဲ့ထား သည်။ ထိုအထဲတွင်သွေးနီရောင်ပိုးချည်ကဲ့သို့အရာများသည်အပေါ်မှအောက်သို့ ပေါ်နေကြသည်။

ဧကရာဇ်အဆင့်အရှိန်အဝါသည် ခန္ဓာကိုယ်အတွင်းတွင်သိမ်းဆည်းထားနိုင်သည်၊ ဤအဆင့်မှာဧကရာဇ်အဆင့်သားရဲများ သို့မဟုတ် ကိုယ်ပိုင်သားရဲရှိသူများသည် သူတို့၏စွမ်းအင်များကိုပြကြသည်၊ တစ်ချိန်တည်းမှာပင်, ဧကရာဇ်အဆင့်သားရဲ အရှိန်အဝါသည် နိမ့်သောသားရဲများကိုခြိမ်းခြောက်နေသည်။

၎င်းသည်အနောက်တိုင်းရိုးရာပုံပြင်များတွင်နဂါးများမှခင်းကျင်းပြသထားသလိုမျိုး အရှိန်အဝါမျိုးဖြစ်နေသည်။

ဧကရာဇ်အဆင့်အရှိန်အဝါသည်အရမ်းတည်ငြိမ်လှသည်၊ သို့သော်, လူတိုင်းကတော့ မလွယ်ကူသလိုခံစားနေရသည်။

ကျိုးမန်မန်ကပို၍တောင်ထိတ်လန့်အံ့ဩသွားရတော့သည်။

သူက၂၁နှစ်ရှိပြီဖြစ်ပြီး သားရဲကိုသုံးနှစ်ကြာလောက်လေ့ကျင့်လာခဲ့တာဖြစ်သည်။ သို့သော်,သူမ၏အမြင့်ဆုံးသားရဲအဆင့်မှာ ကွန်မန်ဒါအဆင့်အမြင့်ဆုံး၌သာ ရှိသည်။

ကောင်းဖန်ကသူမထက်ပင်နှစ်နှစ်ငယ်သေးသည်, ဒါပေမယ့်သူကဧကရာဇ်သားရဲအထိ တိုးမြှင့်ထားသည်၊ ဘယ်လိုတောင်သောက်ရမ်းလေ့ကျင့်ထားတာလဲဟ? ကျိုးမန်မန်က စဉ်စားမရနိုင်ဖြစ်နေပြီး, ဒီဟာကသူ့ကိုယ်သူယုံကြည်မှုရှိခြင်းကိုတောင်ထိခိုက် စေသည်။

ကျိုးမန်မန်တစ်ယောက်တည်းတင်သက်ရောက်တာမဟုတ်ပေ၊ လေ့ကျင့်ရေးခန်းထဲ၌ ရှိကြသောလူတိုင်းသည် ထိုအဖြစ်အပျက်၌ဆွဲဆောင်ခံလိုက်ရသည်။

“အဲ့တာ…အဲ့တာဧကရာဇ်အဆင့်သားရဲ” တစ်စုံတစ်ယောက်၏အံ့ဩ၍အော်သံက ထွက်လာသည်။

ဧကရာဇ်အဆင့်သားရဲသည်များစွာသောသားရဲများထဲတွင် ဘယ်နေရာတွင်မဆို အစွမ်းထက်သောသားရဲဖြစ်နေသေးသည်။

လေ့ကျင့်ရေးခန်းထဲရှိအလယ်တွင်ဒမ်ဘီရှိသည်။ သူသည်အနက်ရောင်ဝတ်ရုံကိုဝတ်၍ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအနည်းငယ်ကိုသာပေါ်လွင်စေသည်၊ အနက်ရောင်ဝတ်ရုံ အောက်တွင်သံသယဖြစ်စရာမရှိအနက်ရောင်အရိုးများဖြစ်သည်။

မသေဆုံးနိုင်သောအဖြူရောင်မီးတောက်နှင့် အဖြူရောင်အရှိန်အဝါကိုသာလျှင်, ညီမျှစွာမြင်နိုင်သည်။

ကျိုးမန်မန်ကခဏလောက်ထိတ်လန့်သွားပြီး သူ့မျက်နှာတွင်အပြုံးတစ်ခုပေါ်လာ သည်၊ “ဧကရာဇ်အဆင့်, ဒီလူငယ်ပေါက်လေးကတော့, ဒါကိုကောင်းကောင်းဖွက်ထား၊ ဟားဟား၊ မင်းကိုဒိုင်လူကြီးလုပ်ဖို့အတွက်ဆန့်ကျင်ပြီးအတိုက်အခံလုပ်နေတဲ့သူတွေရဲ့ မျက်နှာတွေကိုမြင်ချင်လိုက်တာ”

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၄၀

လေ့ကျင့်ရေးခန်းမထဲတွင်, လေ့ကျင့်နေကြသောတချို့သားရဲများသည်ရုတ်တရက် ရပ်တန့်သွားကြပြီးနိုးနိုးကြားကြားဖြင့်ကြည့်လိုက်ကြသည်။ သူတို့ထဲမှအချို့က သူတို့၏လည်ချောင်းများအတွင်းမှခြိမ်းခြောက်သောဆူညံသံများပြုလုပ်လာကြတော့ သည်။

ဒမ်ဘီကလှည့်ကြည့်လိုက်တော့ လည်ပင်းကိုညှစ်ခံထားရသည့်ဘဲများအဖြစ်သို့ ပြောင်းလဲသွားပြီးအသံများရုတ်တရက်ရပ်တန့်သွားတော့သည်။

ဒမ်ဘီသည်၎င်းတို့၏အမြင်မှမရှိတော့သောအခါတွင်ဆူညံသံများထပ်မံထွက်ပေါ်လာ သည်။

ဧကရာဇ်အဆင့်သားရဲများသည်အလွန်ရှားပါးလှသည်၊ အမှန်တော့ပြီးပြည့်စုံခြင်း အဆင့်အတန်းကဆင့်ကဲပြောင်းလဲခြင်းအတွက်လိုအပ်ချက်ဖြစ်သည်။

အဆင့်၄၀ဝန်းကျင်ရှိသားရဲများစွာရှိသည်၊

အဆင့်၄၀ရှိသောသားရဲများသည်၎င်းတို့၏အဆင့်တွင်ပိတ်မိနေကြပြီးမတိုးတက်နိုင် သောကြောင့်၎င်းတို့သည်လိုအပ်သောအဆင့်သို့မရောက်နိုင်ဖြစ်နေကြသည်။

ဒမ်ဘီသည်ထိုနေရာတွင်ငြိမ်သက်စွာရပ်နေခဲ့သည်၊ ကောင်းဖန်ကသူ့ခန္ဓာကိုယ်မှ အရှိန်အဝါကိုပြန်စုပ်ယူခိုင်းလိုက်သောအခါ ဒမ်ဘီကလည်းသူပြောသလိုလုပ်လိုက် သည်။

ဒမ်ဘီ၏အဆင့်အတန်းကအရေးမကြီးတော့ပေ၊ သူကဧကရာဇ်အဆင့်သားရဲဖြစ်ပြီး, ဧကရာဇ်အဆင့်သားရဲများသည်ကြီးမားသောစွမ်းအင်များကိုပိုင်ဆိုင်ထားကြသည်။

ကောင်းဖန်ကစိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်သည်။ အထူးသဖြင့်, သူ့မိသားစုနောက်ခံကြောင့်အများကြီးစိုးရိမ်နေဖို့တော့မလိုအပ်ပေမယ့်, ပေါ်လာနိုင်တဲ့ ပြဿနာတိုင်းကိုလျှော့ချဖို့အတွက်ကအရေးကြီးသည်။

….

ကျိုးတျန်းမင်ကသူ့ရုံးခန်းကိုဗီဒီယိုဖိုင်အားယူလာပြီး ပရိုဂျက်တာကိုဖွင့်လိုက်သည်။ သုံးဖက်မြင်ပုံများပေါ်လာသည်….

အခန်းထဲ၌အစည်းအဝေးစားပွဲက ရုတ်တရက်ပေါ်လာသည်။

စားပွဲတွင်ထိုင်ခုံ၁၂ခုံရှိပြီးအများစုမှာဗလာဖြစ်နေသည်။ သက်ကြီးပိုင်းများသည် ရုံးတွင် အချိန်အများစုကိုကုန်ဆုံးမည့်လူအမျိုးအစားများမဟုတ်တော့ပေ၊ ကျိုးတျန်းမင်သည် ဗီဒီယိုဖိုင်ကိုတင်လိုက်သည်၊ တခြားလူကြီးတွေကသူတို့ရုံးခန်းအတွင်းသို့ဖိုင်ဝင်လာ သည်နှင့်လက်ခံလိုက်ကြသည်။

ဖိုင်ကိုတင်လိုက်ပြီးသည်နှင့် ကလေးသီချင်းကိုရွတ်လိုက်ရင်းကျောနောက်တွင် လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်းအခန်းမှထွက်လာခဲ့သည်။

ယခုသူသည်အခြားသူများထံမှသတင်းရရန်စောင့်ဆိုင်းဖို့သာလိုတော့သည်။

ထိုညနေခင်းတွင်, နီရွန်ခရိုင်ထျန်ယွမ်အဆောက်အဦးတွင်ဖြစ်ပြီး, အသက်ငါးဆယ် အရွယ်ရှိသောလူကြီးတစ်ယောက်ကအဝါရောင်အသားအရေနှင့် သေသပ်စွာဆံပင်ဖြီး ထားသောသူကပရိုဂျက်တာမှအေးအေးဆေးဆေးပိတ်ထားလိုက်သည်၊ သူ့မျက်လုံးထဲ တွင်ဒေါသထွက်ရိပ်များပြမနေပေ၊ သူကအရမ်းတည်ငြိမ်နေပြီးသူ့မျက်နှာတွင် သေးငယ်သောအပြုံးရှိနေသည်။ “ဒါကစိတ်ဝင်စားဖို့ကောင်းတာဘဲ၊ ဆိုတော့ဒါက ကျီကွန်းရဲ့မြေးပေါ့၊ အကယ်၍ငါမှတ်မိတာမှန်မယ်ဆိုရင်, သူက၁၈နှစ်နဲ့ရှစ်လလောက် ရှိပြီနဲ့တူတယ်၊ သူကသားရဲကိုငယ်ငယ်လေးနဲ့ဧကရာဇ်အဆင့်ထိရောက်အောင်တောင် ကျင့်နိုင်တယ်၊ သူကသေချာပေါက်ဉာဏ်ကြီးရှင်ဘဲ”

သူကမတ်တပ်ရပ်လိုက်ပြီးပျားပန်းခပ်အောင်သွားလာလှုပ်ရှားနေကြသောနီရွန်ခရိုင်ကို ငုံ့ကြည့်လိုက်သည်၊ ၎င်းကမြို့၏အလင်းရောင်များဖြင့်ကြီးစိုးနေကာ လူများအားလုံး ဝတ်စားဆင်ယင်မှုကောင်းစွာရှိကြသည်၊ ထျန်ယွမ်အဆောက်အဦးသည် အဲဒိုမြို့၏ အချမ်းသာဆုံးနေရာတွင်တည်ရှိပြီး နီရွန်ခရိုင်၏ဂုဏ်သိက္ခာအရှိဆုံးနေရာ၌လည်း တည်ရှိသည်။

“သိချင်မိတယ်….ငါတို့နီရွန်ခရိုင်မှာလဲဘယ်လိုအချိန်ကျမှဒီလိုဉာဏ်ကြီးရှင်မျိုး ပေါ်လာမှာပါလိမ့်” ဖျင်ကျန်းမင်သည်သူ့လက်များကိုသူခန္ဓာကိုယ်ရှေ့သို့ရွေ့လိုက်ပြီး ကော်လာကိုချိန်ညှိလိုက်သည်၊ “ဒါပေမယ့် ငါဆိုတဲ့ဖျင်ကျန်းမင်နဲ့ဆိုလုံလောက်ပြီ”

တစ်ချိန်တည်းမှာပင်, ကြီးမားသောအနက်ရောင်သားရဲကြီးသည်ကောင်းကင်သို့ ဟစ်အော်လိုက်သည်၊ ၎င်း၏လက်များကတစ်ဝက်လောက်ဆန့်လိုက်ပြီး အဆောက်အဦးကိုဖက်ထားလိုက်သည်၊ ၎င်း၏အနက်ရောင်ကိုယ်ထည်သည် အဆောက်အဦးထဲသို့ရောထွေးသွားသည်၊ ည၏အမှောင်ထဲတွင် ထျန်ယွမ် အဆောက်အဦးသည်မြို့တွင်းတွင်အစည်ကားဆုံးလမ်းမှလုံးဝပျောက်ကွယ်သွားပုံရ သည်၊ အဆောက်အဦးမှအလင်းရောင်အနည်းငယ်မျှထွက်ပေါ်လာခြင်းမရှိတော့ပေ၊

အဆောက်အဦး၏ခြေရင်းတွင်လမ်းသွားလမ်းလာများသည် တွေးတောစရာများ ရှိမနေဘဲထျန်ယွမ်အဆောက်အဦး၏လက်ရှိအနေအထားကိုပင်သတိမထားမိဘဲ ဖြတ်သွားကြသည်။

လမ်းသွားလမ်းလာအနည်းငယ်မျှသာတစ်စုံတစ်ခုမှာယွင်းနေကြောင်း သတိထားမိကြ သည်။ သူတို့ကအဆောက်အဦး၏တည်နေရာကိုကြောက်ရွံ့မှုများဖြင့်ကြည့်နေကြ သည်။

အတ္တလန်တိတ်တစ်ဖက်တွင်လည်း, အီဂယ်ခရိုင်,ခမ်းနားထည်ဝါသော အိမ်တစ်လုံး၌ ဇိမ်ခံပစ္စည်းများဖြင့်ပြည့်နေသော ပါတီတစ်ခုကျင်းပနေကြသည်၊ မီးခိုးရောင်ဝတ်စုံ ဝတ်ထားသည့်အမျိုးသမီးအတွင်းရေးမှူးတစ်ဦးသည်ဆွဲဆောင်မှုရှိသောမိန်းကလေးကို ဖက်ထားသည့်ရွှေရောင်ဆံပင်နှင့်လူငယ်လေးဆီသို့သွားလိုက်သည်၊ သူမကတည်ငြိမ်စွာဖြင့်ပြောလိုက်သည်, “အဲလီ့, ရှင့်ကိုနှောက်ယှက်မိလို့တောင်းပန်ပါ တယ် ဒါပေမယ့်အစည်းအဝေးကနေလာတဲ့သတင်းတစ်ခုရှိနေတယ်_”

သူမစကားပြောလို့မပြီးသေးခင်မှာတင်, သူမကအဲလီ့၏ကြားဖြတ်ခြင်းကိုခံလိုက်ရ သည်၊ “စိတ်မရှိပါနဲ, ငါအခုပါတီကျင်းပနေတယ်လေ၊ အကယ်၍မင်းငါ့ကိုတစ်ခုခု ပြောစရာရှိရင်, မနက်ဖြန်မှပြော”

အမျိုးသမီးအတွင်းရေးမှူးကတစ်ခုခုဆက်ပြောချင်နေသေးပုံရသည်,ဒါပေမယ့် အဲလီ့ကသူ့လက်ကိုထောင်လိုက်ပြီးမာနကြီးစွာဖြင့်ပြောလိုက်သည်, “မင်းကသူတို့ပို့လိုက်တဲ့အရေးမကြီးတဲ့အတွင်းရေးမှူးသာသာဘဲ, ပြီးတော့ငါက မင်းရဲ့သူဌေး, ဆိုတော့မင်းပါးစပ်ကိုပိတ်ထားဖို့လိုတယ်၊ ဘာမှအရေးမကြီးတာလဲ ဖြစ်နိုင်တာဘဲ၊ အကယ်၍အရေးကြီးရင်တောင်, အမျိုးသားလွှတ်တော်ကလူတွေ ငါ့ကိုဆက်သွယ်လိမ့်မယ်”

သူပြောပြီးသည်နှင့် အဲလီ့သည်သူနှင့်အတူရှိနေသောမိန်းကလေးကိုအိမ်ကြီးမှခေါ်သွား တော့သည်၊ ဗီလာနောက်တွင်ရေကူးကန်လေးတစ်ခုရှိပြီး ရေကန်ငယ်လေးတစ်ခုနှင့် တူသည်။

အဲလီ့ကမိန်းကလေးကိုပွေ့ဖက်ကာနမ်းလိုက်ပြီး , တိုးတိုးလေးပြောလိုက်သည်, “မင်းငါ့ရဲ့ကောင်ကြီးကိုတွေ့ချင်လား”

မိန်းကလေးကရုတ်တရက်တုန်လှုပ်သွားပုံရသည်, “အခု?”

အဲလီ့ကရယ်လိုက်ပြီး, ရေကန်ဆီသို့လှည့်လိုက်ကာသူ၏ညာလက်ကိုမြှောက်လိုက်ပြီး အရူးတစ်ယောက်လိုအော်လိုက်သည်, “ရီးနက်စ်!”

ဘုန်း!

ရေကန်၏မျက်နှာပြင်ပေါ်တွင်လှုင်းဂယက်များစတင်ဖြစ်လာကြသည်၊ ကြီးမားသော သားရဲကြီးထွက်လာသည်နှင့်တစ်ပြိုင်နက် အသံရှည်ကြီးလည်းလိုက်ပါလာသည်။ ၎င်း၏ကိုယ်ထည်ပေါ်တွင်အစိမ်းပုပ်ရောင်သန္တာကျောက်တုံးများရှိနေကာ, အနီရောင် အစင်းများလည်းပါရှိသည်၊ အနီရောင်ဧကရာဇ်အဆင့်အရှိန်အဝါကနေရာအနှံ့ကိုပျံ့နှံ့ သွားပြီး, ရေကန်တစ်ခုလုံးကိုအနီရောင်အဖြစ်သို့ပြောင်းသွားစေသည်။

၎င်းကသူ၏အလွန်ကြီးမားသောပါးစပ်ကြီးကိုဖွင့်လိုက်ပြီးချွန်ထက်သောသွားအတန်း လိုက်အားဖော်ပြလိုက်သည်၊ ကြီးမားသောသားရဲကြီးကရေကန်အတွင်းမှထွက်လာပြီး, ၎င်း၏ကျစ်လျစ်သေးသွယ်သောခန္ဓာကိုယ်ကအပြေးအလွှားဖြင့်ကောင်းကင်သို့ တက်သွားသည်။

“အိုး, ဘုရားရေ!” အဲလီ့၏လက်မောင်းတွေထဲမှမိန်းကလေးသည်မျက်လုံးများ ပြူးကျယ်နေပြီး သူမ၏ပါးစပ်ကိုညာဘက်လက်ဖြင့်ပိတ်ထားသည်၊ သူမက အကူအညီမဲ့စွာဖြင့်တောင့်တင်းနေပြီး, သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကအေးခဲနေသည်၊

ကြီးများသောစပါးအုံးမြွေကြီးကလေထဲတွင်ပျံထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို ပျော်မြူးစွာဖြင့်ဖော်ပြနေသည်၊ ရှည်လျားသောအစင်းများကသွေးနီရောင်တောက်ပ နေသည်။

နောက်ဆုံး၌, ကြီးမားသောစပါးအုံးမြွေသည်ရေကန်၏အောက်ခြေသို့ပြန်၍ဝင်သွား လိုက်သည်။

အဲလီ့ရုတ်တရက်နှာခေါင်းကိုညှစ်လိုက်သည်၊ “သေစမ်း, ဘာနံ့လဲဟ”၊ အနံ့က ပြင်းထန်စွာထွက်နေသည်။

သူကအောက်သို့ငုံ့ကြည့်လိုက်ပြီး မိန်းကလေးကပျော့ခွေနေသည်ကိုတွေ့လိုက်ရသည်၊ သူမ၏မျက်အိမ်များကပြူးကျယ်နေသည်။

“သောက်ချီ*!” အဲလီ့ကရုတ်တရက်စိတ်ဝင်စားမှုမရှိတော့ပေ၊ သူမကိုရေကန်ဘေးတွင် လွှတ်ချလိုက်သည်။

သူကစီးကရက်ကိုသောက်လိုက်ပြီး ရုတ်တရက်အတွင်းရေးမှူးပြောသည့်သတင်းကို သတိရသွားသည်၊ သူကအပေါ်ထပ်ကိုတက်ပြီးပရိုဂျက်တာကိုဖွင့်လိုက်သည်။

သူဗီဒီယိုကိုကြည့်ပြီးသည်နှင့်, သူ့စီးကရက်ကိုပြာခွက်ထဲသို့ပြစ်လိုက်ပြီး, စိတ်မဝင်စား စွာဖြင့်ကြည့်နေသည်၊ “ဘယ်လိုတောင်လားကွာ၊ ဒါကအချိန်ဖြုန်းရုံသက်သက်ဘဲ၊ ဧကရာဇ်အမျိုးအစားသားရဲဘဲလေ၊ ဒီအရိုးစုကအတော်လေးမိုက်သားဘဲ”

…

ဒီနှစ်ကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံပြိုင်ပွဲဝင်များသည် တစ်ကမ္ဘာလုံးမှလာကြသည့် သားရဲလေ့ကျင့်သူများဖြစ်ကြသည် သူတို့ကအထက်တန်းကျောင်းပြီးပြီးသားဖြစ်သည်၊

လူအားလုံးကိုစီမံခန့်ခွဲရာတွင် ပို၍လွယ်ကူစေရန်နှင့်မတော်တဆဖြစ်နိုင်ချေများကို နည်းပါးစေရန်အတွက်ပြိုင်ပွဲဝင်တစ်ဦးစီသည် မိမိတို့နိုင်ငံမှလူတစ်စုချင်းစီကို တောင်ပေါ်အိမ်ကြီးတွင်အတူနေရန်ခေါ်ဆောင်လာကြသည်။

ကောင်းဖန်သည်အိမ်ကြီးရှိရာ တောင်အစွန်တွင်ကားပေါ်မှဆင်းလိုက်သည်၊ သူက သတိထားလျှက်သွားနေသည်။

သူကဒိုင်လူကြီးဖြစ်သည်နှင့်အလျောက် တောင်ပေါ်ဗီလာတွင်နေရန်မလိုအပ်ပေ, သူကပြည်ပမှပြိုင်ပွဲဝင်များအကြောင်းကိုလည်းသိချင်သေးသည်၊ အဆိုပါနိုင်ငံခြား ပြိုင်ပွဲဝင်အများအပြားကိုအင်တာနက်ပေါ်တွင်နတ်ဘုရားများဟုမှတ်ယူကြပြီးအများစု သည်ပြိုင်ပွဲတွင်နိုင်ရန်အတွက်စိတ်ကြိုက်ရွေးချယ်ထားကြခြင်းဖြစ်သည်။

ကောင်းဖန်ကသဘောမတူပါ၊ နိုင်ငံခြားကအရာများကလည်းပို၍ကောင်းမွန်တယ်လို့ လည်းမထင်ပေ။

ဗီလာအပြင်ဘက်တွင်ရှိသောကောင်းဖန်သည်, များပြားသောလူများအတူတကွ စုနေသည်ကိုမြင်လိုက်ရသည်၊ သူတို့အများစုက အတူတကွတိုးဝှေ့နေကြသည်၊ ကောင်းဖန်ကသူတို့ရဲ့ပြောဆိုမှုအချို့ကိုအမှတ်တမဲ့ကြားလိုက်ရပြီး ထိုလူများသည် အုပ်စုလိုက်ဖြစ်နေကြောင်းသိလိုက်ရသည်၊ ကပ်ဆိုးကြီးမတိုင်ခင်က ဒီလူတွေသည် ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ပေါ့စတားတွေနောက်ကိုလိုက်ခဲ့ကြပေမယ့် အခုအချိန်မှာ တော့သူတို၏ချစ်ခြင်းမေတ္တာတွေရဲ့ပစ်မှတ်ကစွမ်းအားကြီးတဲ့သားရဲလေ့ကျင့်ပေးသူ များဖြစ်ကြသည်။

ကောင်းဖန်ကသူ့မျက်နှာသူထိလိုက်သည်၊ ငါ့လိုလူများဖြစ်နေမလား?

အများစုမှာအလယ်တန်း သို့မဟုတ် အထက်တန်းကျောင်းများမှကျောင်းသားများ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ထိုအထဲမှာ ပြိုင်ပွဲဝင်တွေနဲ့တွေ့ဆုံမေးမြန်းခွင့်ရဖို့ မျှော်လင့်နေတဲ့သတင်းထောက်များလည်းပါဝင်နေသည်။ ကံမကောင်းစွာနဲ့ဘဲ ပြိုင်ပွဲဝင်များကိုဘယ်သူမှအင်တာဗျူးမဖြေဖို့အမိန့်ထုတ်ထားသည်။

တောင်ပေါ်ရှိဗီလာမှာလုံခြုံရေးအစောင့်အနည်းအကျဉ်းချထားသည်၊ အစောင့်တွေက လူအုပ်ကိုပိတ်ဆို့ထားပြီး အပြင်မှာတားထားသည်။

ကောင်းဖန်ကရှေ့ကိုလျှောက်လာပြီး အစောင့်တွေကိုဝင်ခွင့်ပေးဖို့အတွက် သူ၏ခွင့်ပြုမိန့်ကိုအစောင့်အားပြလိုက်သည်၊ ထို့နောက်သူကဗီလာထဲသို့လျှောက်ဝင် သွားသည်၊

ပြိုင်ပွဲဝင်မည့်သူများရှိနေသောကြောင့်နေရာသည်အလွန်အသက်ဝင်နေသည်၊ ကောင်းဖန်ဝင်လာသောအခါတွင် မတူညီသောသားရဲများက ဗီလာအနှံ့တွင်သွားလာ နေသည်အားတွေ့လိုက်ရသည်၊ မတူကွဲပြားသောလူမျိုးစုများ၏ပြိုင်ပွဲဝင်များ အချင်းချင်းစကားပြောနေသည်ကိုလည်းတွေ့လိုက်ရသည်၊

ပြိုင်ပွဲကနောက်နေ့ဆိုဆော့ ပြိုင်ပွဲဝင်တော်တော်များများကအရမ်းစိတ်လှုပ်ရှားနေကြ သည်၊ အခြားလူများမှာ ဂျက်လေယာဉ်နောက်ကျနေခြင်းကြောင့်အနားယူနေကြသည်၊

သားရဲများအားလုံးကိုချုပ်ထားကြသည်၊ ၎င်းတို့အနက်မှအခြားသားရဲများဖြင့်လည်း တိုက်ခိုက်မှုများမရှိကြပေ။

***

စာစဉ် ၁၅ ပြီး၏။

All Chapters