ငရဲ
Vol. 156 Ch. 2328
“သူက ဝင်္ကပါကို ချေဖျက်ပြီး ထွက်ပြေးချင်နေတာပဲ”
ရှဲ့ထျန်ဟုန်က မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်၏ အပြုအမူကို သတိထားမိသွားသောအခါ သူက ချက်ချင်းပင် တုံ့ပြန်၍အော်ပြောလိုက်၏။
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် မိုးပြာနဂါးက ဝင်္ကပါမျက်လုံးကို တိုက်ခိုက်လိုက်ပြီး ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာ၏။
အင်မော်တယ်ဝင်္ကပါက ပြိုကျတော့မည့်အလား လှုပ်ခါသွား၏။
အဲ့ဒါသည် ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးတို့ စောစောက ဝင်ရောက်ခဲ့သော နေရာဖြစ်၏။
အင်မော်တယ်ဝင်္ကပါက ပိတ်ဆို့သွားခါစဖြစ်ပြီး မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်က တိုက်ခိုက်ချိန်မှာ အဲ့ဒါက အားအနည်းဆုံးအချိန်ဖြစ်နေ၏။
မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်က ပျက်ပြယ်သွားပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်လာ၏။ တစ်ချိန်တည်းမှာပင် ဝင်္ကပါမျက်လုံးက ချက်ချင်းပျက်စီးသွားလေသည်။
အခွင့်အရေးက တဒင်္ဂသာဖြစ်ပြီး ပကတိအင်မော်တယ်နှစ်ယောက်က စောင့်ကြည့်နေကြ၏။ သူတို့၏ စိတ်အာရုံက ဆူဇီမိုအပေါ် မမှိတ်မသုန် ကျရောက်လာသည်နှင့် သူ၏ ကျင့်ကြံမှုအရ သူ့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ လွယ်ကူတော့မည်မဟုတ်ပေ။
ထို့ကြောင့် ဝင်္ကပါက ပျက်ပြယ်သွားသည့်ခဏမှာပင် ဆူဇီမိုက သူ၏ တည်နေရာခုန်ကူးခြင်းနည်းစနစ်ကို ထုတ်ဖော်ပြီး အင်မော်တယ်ဝင်္ကပါ၏ သက်ရောက်မှုကနေ ရုန်းထွက်လိုက်လေသည်။
ထို့နောက် သူက အစစ်အမှန်နဂါးလျှပ်စီးကိုချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
အဆင့်-၂ ကောင်းကင်အမြုတေနယ်ပယ်မှာ ဆူဇီမိုသည် ၇ ကြိမ်ဆက်တိုက်ဆင့်၍ ခုန်ကူးနိုင်ပြီဖြစ်ပြီး ရေလက်ကြား၏ အထက် ပေပေါင်းထောင်ချီကို ဖြတ်ကျော်လာခဲ့၏။
ဘုန်း ဘုန်း ဘုန်း...
ပကတိအင်မော်တယ်နှစ်ယောက်၏ တိုက်ခိုက်မှုများက ရောက်ရှိလာသော်လည်း သူတို့အားလုံးက လွဲချော်သွား၏။
ဆူဇီမိုက သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်ပြီး အဲ့ဒါက သူ၏ နောက်ဘက်မှာ ဧရာမရွှေငှက်၏ တောင်ပံတစ်စုံအဖြစ် အသွင်ပြောင်းလဲသွား၏။
ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး သူက ထျဲဝေတောင်ရှိရာဘက်သို့ ပြေးလွှားသွားလေသည်။
“ဟားဟားဟားဟား”
ဆူဇီမို၏ ရယ်သံက ထွက်ပေါ်လာ၏။
“မင်းတို့တွေရဲ့ ပါချည်ပါချဲ့နည်းလမ်းတွေနဲ့ ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား”
“လိုက်ကြ”
ရှဲ့ထျန်ဟုန်၏ အမူအရာက သုန်မှုန်သွား၏။ ဆူဇီမို၏ ရယ်သံကို ကြားသောအခါ အဲ့ဒါက အလွန်တရာ နားကြားပြင်းကပ်စရာကောင်းသည်ဟု သူက ခံစားရပြီး အော်ပြောလိုက်၏။
သူပြောသည်ကိုစောင့်မနေဘဲ ပကတိအင်မော်တယ်နှစ်ဦးက ဆူဇီမိုနောက်သို့ ချက်ချင်းပြေးလိုက်သွားခဲ့ပြီဖြစ်၏။
မင်းသားယွမ်ကျောနှင့် ရှဲ့ထျန်ဟုန်သည် ကျန်ရှိနေသော ကောင်းကင်အင်မော်တယ်ပညာရှင်များကို ခေါ်ယူကာ လိုက်ပါလာကြ၏။
ဧရာမရွှေငှက်တောာင်ပံများ၏ အကူအညီနှင့်အတူ ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာမြန်ဆန်လာခဲ့၏။ သူက အရင်ဦးစွာလှုပ်ရှားခဲ့ခြင်းနှင့်အတူ ပကတိအင်မော်တယ်နှစ်ဦးပင်လျှင် သူ့ကိုအချိန်မီ လိုက်မမီနိုင်ပေ။
သိပ်မကြာခင် ဆူဇီမိုသည် ထျဲဝေတောင်ထွတ်ပေါ်သို့ ရောက်ရှိလာခဲ့၏။
သူက အဝီစိ၏ ဝင်ပေါက်ဝဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွားပြီး နက်မှောင်နေသော ချောက်နက်၏ အစပ်မှာ မတ်တတ်ရပ်လိုက်၏။ သူက သူ့နောက်ကိုပြေးလိုက်လာသည့် လူတိုင်းကို လှည့်ကြည့်ပြီး လှောင်ရယ်လိုက်၏။
“မင်းတို့တွေ ငါ့ကို သတ်ချင်တယ်ဆိုရင် အဝီစိကို လိုက်ခဲ့လေ”
ထိုသို့ပြောရင်း ဆူဇီမိုက ငရဲဂိတ်တံခါး၏ ချောက်နက်ထဲသို့ ခုန်ဆင်းသွားလေသည်။
ပကတိအင်မော်တယ်နှစ်ဦးရောက်ရှိလာသည့်အချိန်မှာ အဲ့ဒါက နောက်ကျသွားခဲ့ပြီဖြစ်ပြီး သူတို့သည် ဆူဇီမို၏ နောက်ကျောကိုသာ တွေ့မြင်လိုက်ရ၏။
ပကတိအင်မော်တယ်နှစ်ဦးသည် အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် အကြောက်တရားကို တွေ့မြင်နေရ၏။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်များနှင့်ပင်လျှင် သူတို့သည် အဝီစိကဲ့သို့ အန္တရာယ်များသောနေရာတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ အလွန်တရာပြတ်သားရဲခြင်း မရှိပေ။
ဤအနိမ့်တန်းကောင်းကင်အင်မော်တယ်က ထိုထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားသည်ဆိုတော့...။
“သူ့နောက်ကိုလိုက်ကြ”
ရှဲ့ထျန်ဟုန်ရောက်ရှိလာသောအခါ သူက ပြတ်သားသောအမူအရာနှင့်အတူ ငရဲဂိတ်တံခါးဆီသို့ လျှောက်လှမ်းသွား၏။
“အရှင်မင်းသား... သတိထား”
ပကတိအင်မော်တယ်အင်ပါယာနဂါးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီလိုလုပ်လေ... ကျုပ်က ခင်ဗျားကိုယ်စား အဝီစိကို စူးစမ်းရှာဖွေဖို့ ဆင်းသွားလိုက်မယ်.. အရှင်မင်းသား.. ခင်ဗျားရဲ့အဖိုးတန်တဲ့ခန္ဓာကိုယ်နဲ့ အန္တရာယ်ကိုစွန့်စားဖို့က မသင့်လျော်ဘူး “
“ရတယ်”
ရှဲ့ထျန်ဟုန်က လက်ကာပြလိုက်၏။
“ဒီကောင်လေးက ငါ့ကိုထပ်တလဲလဲရန်စခဲ့တယ်... ငါသူ့ကို ကိုယ်တိုင်သေချာပေါက်ဖိနှိမ်မယ်... နောက်ပြီး ငါက ဒီကိုရောက်လာပြီဆိုမှတော့... ဒါက ငါ့ရဲ့အခွင့်အလမ်းဖြစ်နိုင်တယ်”
ဤလောကမှာရှိသောလူတိုင်းနီးပါးသည် သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံ၏ အလိုလိုက်ခံရသော ကလေးများဖြစ်ပြီး မရေမတွက်နိုင်သော ကံကြမ္မာအခွင့်အလမ်းများက သူတို့ နောက်သို့ လိုက်ပါနေသည်ဟု အလိုလိုမှတ်ယူတတ်ကြလေသည်။
ရှဲ့ထျန်ဟုန်၏ နောက်ခံအရ သူ့မှာလည်းပဲ ဤကဲ့သို့ခံစားချက်ရှိလေသည်။
ပကတိအင်မော်တယ်အင်ပါယာနဂါးက သူ့ကို ထပ်မံ၍ဖျောင်းဖျချင်သော်လည်း ရှဲ့ထျန်ဟုန်ကပြောလိုက်၏။
“မင်းဘာမှစိုးရိမ်နေစရာမလိုဘူး... ငါ့မှာ ငါ့အဖေပေးထားတဲ့ ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားရှိတယ်... ငါက ငါမကိုင်တွယ်နိုင်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါက ကျောက်စိမ်းတံဆိပ်ပြားကိုချိုးခြေပြီး တိုက်ရိုက်ထွက်ခွာလာလို့ရတယ်”
ရှဲ့ထျန်ဟုန်မှာ ဤကဲ့သို့သော ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားတစ်ခုရှိနေသည်ကို သတိရသွားသောအခါ ပကတိအင်မော်တယ်အင်ပါယာနဂါးက သိပ်ပြီးစိုးရိမ်မနေတော့ပေ။ သူက ရှဲ့ထျန်ဟုန်ကို ဆက်လက်၍မတားဆီးတော့ဘဲ သူက အရင်ခုန်ဆင်းသွား၏။
ရှဲ့ထျန်ဟုန်နှင့် သူ၏ နောက်ဘက်မှ ကောင်းကင်အင်မော်တယ်ပညာရှင်များကလည်း လိုက်ပါခုန်ဆင်းသွား၏။
“ကျင်းယွဲ့... ငါ့လူတွေကိုခေါ်ပြီး ရှဲ့ထျန်ဟုန်တို့အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြ.. ဒီတစ်ခေါက် ဆူဇီမိုကို မလွတ်စေနဲ့”
မင်းသားယွမ်ကျောက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကောင်းပါပြီ”
ပကတိအင်မော်တယ်ကျင်းယွဲ့က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။
သူသည် ဤတစ်ခေါက်လိုက်ပါလာခဲ့သည်မှာ အဝီစိကို စူးစမ်းရှာဖွေလိုသောကြောင့်လည်းဖြစ်လေသည်။
“အရှင်မင်းသား... ခင်ဗျားကရော”
ပကတိအင်မော်တယ်ကျင်းယွဲ့က မေးလိုက်၏။
“ငါက...”
မင်းသားယွမ်ကျောက ခဏမျှတွေဝေတုံ့ဆိုင်းသွား၏။
“ငါတော့ မလိုက်တော့ဘူး... မင်းတို့တွေ အောင်မြင်မှုနဲ့ပြန်လာတာကို မဟာထျဲဝေတောင်ကနေ ငါစောင့်နေမယ်”
ဤအပြောင်းအလဲက သူ့ကို အမှန်တကယ်ပင် ထိတ်လန့်ကြောက်ရွံ့စေခဲ့၏။
ယခင်က သူသည် ဆူဇီမိုနောက်သို့ ထပ်တလဲလဲအမဲလိုက်ပြီး ထိုသူကို အကွက်ချကြံစည်ခဲ့လေသည်။ သူက ထပ်ဖန်တလဲလဲကျရှုံးခဲ့သော်လည်း သူက ခြိမ်းခြောက်မှုကို မခံစားခဲ့ရပေ။
“ကောင်းပြီလေ”
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။
“အရှင်မင်းသား... ဂရုစိုက်ပါ... အားလုံးပဲ ငါ့နောက်ကိုလိုက်ခဲ့ကြ”
ထိုသို့ပြောရင်း ပကတိအင်မော်တယ်ကျင်းယွဲ့ကလည်း အဝီစိထဲသို့ လိုက်ခုန်ဆင်းသွားလေသည်။
သူတို့အပြင် ကျင့်ကြံသူများစွာကလည်း ဤအချိန်အတောအတွင်းမှာ ဤနေရာသို့ရောက်ရှိလာပြီး အဝီစိသို့ ဝင်ရောက်နေကြ၏။
ငရဲဂိတ်တံခါးသည် မရေမတွက်နိုင်သော သားကောင်များရောက်အလာကို စောင့်ဆိုင်းနေသည့် ကမ္ဘာဦးတောကောင်တစ်ကောင်၏ ပါးစပ်ပေါက်တစ်ပေါက်ကဲ့သို့ ဖြစ်နေ၏။
မင်းသားယွမ်ကျောသည် အောက်ဘက်မှာရှိသော ချောက်နက်ကိုကြည့်ပြီး ဆတ်ခနဲတုန်ယင်သွား၏။ စိုးရိမ်ပူပန်သောအမူအရာနှင့်အတူ သူက မဟာထျဲဝေတောင်ရှိရာဘက်သို့ ပြန်လှည့်သွားလေသည်။
ဆူဇီမိုသည် အဝီစိသို့ကျဆင်းလာပြီးနောက် ဤနေရာက အမျိုးမျိုးသော လောကနိယာမများနှင့်အတူ သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်သည်ဆိုတာကို နားလည်သိရှိလိုက်၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အသက်သွင်းလို့ မရနိုင်တော့ပေ။
တစ်နည်းအားဖြင့်ဆိုလျှင် သူသည် အဝီစိမှာ မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ အသုံးမပြုနိုင်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ ဝင်ရောက်လာပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှုပြတ်တောက်သွားခဲ့၏။
ထို့ကြောင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဝီစိမှာရှိသော အခြေအနေနှင့်ပတ်သက်၍ ဘာမှမသိရပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ အသိစိတ်ထဲမှာ ငရဲဖိနှိမ်မီးဖိုရှိနေ၏။
ဒါ့အပြင် သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားပြီး သူ့ကို အနန္တမဟာဧကရာဇ်၏ အရိုက်အရာဆက်ခံသူဟုပင် သတ်မှတ်နိုင်လေသည်။
အဝီစိမှာ အန္တရာယ်တစ်ခုခုရှိနေမည်ဆိုလျှင်တောင် အဲ့ဒါက သူ့အပေါ် ခြိမ်းခြောက်မှုကြီးမားလိမ့်မည် မဟုတ်ပေ။
ပုံရိပ်များစွာကလည်း အပေါ်ကနေ ခုန်ဆင်းလိုက်ပါလာကြ၏။
ဆူဇီမိုက အေးစက်စွာဖြင့် သရော်ပြုံး ပြုံးလိုက်၏။
သူသည် တမင်သက်သက်အရှိန်ကို လျှော့ချခဲ့သည်မှာ မင်းသားယွမ်ကျော၊ ရှဲ့ထျန်ဟုန်နှင့် အခြားသူများလိုက်ပါလာစေရန် မျှားခေါ်ဖို့ဖြစ်လေသည်။
သူသည် အထွတ်အမြတ်ဝိညာဥ်လေးခုနှင့်အတူ သူတို့အားလုံးကို မသတ်ဖြတ်နိုင်ပေ။
သို့သော်လည်း အဝီစိက သူတို့၏ ဂူသင်္ချိုင်း ဖြစ်ကောင်းဖြစ်လာနိုင်၏။
အတန်ကြာသွားပြီးနောက် ဆူဇီမိုသည် နောက်ဆုံးမှာ ဆင်းသက်ရောက်ရှိသွား၏။ သူက သူ၏ခြေထောက်ပေါ်မှာရပ်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ သူရောက်ရှိနေသော နေရာက မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသော ထုံးကျောက်လိုဏ်ဂူတစ်ခုကဲ့သို့ဖြစ်၏။
အဲ့ဒီမှာ မတ်စောက်၍ ထက်ရှသော ထူးဆန်းသည့်အနက်ရောင်ကျောက်တုံးများစွာရှိလေသည်။
ဤနေရာမှာရှိသောမြေပြင်အနေအထားက ရှုပ်ထွေးပွေလီပြီး ရှည်လျားသော စင်္ကြံလမ်းများနှင့် ညစ်ညမ်းသောအနက်ရောင်မြစ်များကို တွေ့မြင်နိုင်၏။
လှေခါးထစ်စိုက်ခင်းအလွှာများနှင့် မြက်ခင်းပြင်များလည်းရှိနေ၏။
အဲ့ဒီမှာ အနက်ရောင်ကျောက်သားများကနေဖြစ်ပေါ်လာသည့် သန္တာကျောက်တချို့၊ ကျောက်တုံးစေတီများနှင့် ကျောက်တုံးရေတံခွန်တချို့လည်းရှိနေ၏။
ဖောက်လုပ်ထားသည့် မည်သည့်လက္ခဏာမှမရှိဘဲ အဲ့ဒါသည် နတ်ဘုရားလက်ရာများဖြစ်သည့်အလားပင်။
ဤနေရာမှာ ဆူဇီမိုသည် မည်သည့်အသက်ဓာတ်ကိုမှ အာရုံမခံမိပေ။
သူသည် မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီးနောက် အရပ်တစ်ဘက်ကို ဦးတည်လိုက်၏။
ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် သူသည် မလှမ်းမကမ်းမြေပြင်မှာလဲကျနေသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။
ဆူဇီမိုက တစ်ချက်ကြည့်ရှုဖို့အတွက် အနားသို့ လျှောက်လှမ်းသွား၏။
ဤလူက ဘုန်းကြီးသင်္ဃန်းတစ်ထည်ကို ဝတ်ဆင်ထားပြီး သူ၏ အသားများက အကောင်းတိုင်းရှိနေ၏။ သူက မကြာသေးခင်ကမှ သေဆုံးထားပြီး ဤတစ်ခေါက်အဝီစိသို့ ဝင်ရောက်လာသည့် ကိုယ်တော်တစ်ပါးဖြစ်သည်မှာ သိသာလေသည်။
ဤကိုယ်တော်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်ဒဏ်ရာမှမရှိသော်လည်း သူ၏ မျက်နှာက ပြာနှမ်း၍ ထိတ်လန့်တကြား အမူအရာတစ်ခုရှိနေ၏။ သူမသေဆုံးခင် ပြင်းထန်သော နာကျင်မှုနှင့် ကြောက်ရွံ့မှုကို တွေ့ကြုံခံစားခဲ့ရပုံရလေသည်။
ဆူဇီမိုက ထိုသူ၏ အလောင်းကို ထိရဲခြင်းမရှိဘဲ ထိုလူကို ကွေ့ပတ်၍ ရှေ့ကိုဆက်တက်သွား၏။
သိပ်မကြာခင် သူက နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။ ထိုကျင့်ကြံသူသည် ယခင်ကိုယ်တော်ကဲ့သို့ တူညီသောပုံစံဖြင့် လဲကျသေဆုံးနေ၏။
သို့သော်လည်း ဤလူသည် မိုးကြိုးပစ်ချခံထားရသည့်အလား လောင်ကျွမ်းရာအမှတ်အသား ၆ခုပါသည့် ဓမ္မရတနာတစ်ခုကို ကိုင်ဆွဲထား၏။
အသိစိတ်ရှိဓမ္မရတနာတစ်ခု...။
ဤလူက ပကတိအင်မော်တယ်တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။
ထိုလောင်ကျွမ်းရာအမှတ်အသားများသည် ကျင့်ကြံသူများ ပကတိဧကနယ်ပယ်သို့ဝင်ရောက်ပြီး သူတို့၏ ဓမ္မရတနာများကို သန့်စင်မွန်းမံရန် ကောင်းကင်ဘုံကပ်ဘေးများကို ခံယူသည့်အခါ ကျန်ရစ်ခဲ့သောအမှတ်အသားများဖြစ်လေသည်။
အဲ့ဒီမှာလောင်ကျွမ်းရာအမှတ်အသား ၉ ခုရှိမည်ဆိုလျှင် အဲ့ဒါကို သန့်စင်ယန်စိတ်ဝိညာဥ်ရတနာဟု ခေါ်ဆိုနိုင်၏။
သို့သော်ယခု... ပကတိအင်မော်တယ်က သေဆုံးနေရုံသာမက စိတ်ဝိညာဥ်ရတနာ၏ အရောင်အဝါကလည်းမှေးမှိန်နေပြီး အဲ့ဒါက ချို့ယွင်းပျက်စီးနေလေပြီ။