စာအုပ်အင်မော်တယ်ယွင်ကျူး
Vol. 156 Ch. 2330
ဤနေရာက အဝီစိဖြစ်၏။
ဤတစ်ခေါက်ဝင်ရောက်လာသောသူများသည် နေရာအနှံ့အပြားမှ မရေမတွက်နိုင်သောကျင့်ကြံသူများဖြစ်၏။
ဆူဇီမိုသည် ပကတိအင်မော်တယ်နှစ်ယောက်၏ အမဲလိုက်ခံနေရဆဲဖြစ်ပြီး သူမသိသောတစ်ယောက်ယောက်ကို ကယ်တင်ဖို့ သူ့မှာ အာရုံမရှိပေ။
သို့သော်လည်း ထိုအသံသည် သူအရင်က တစ်ခါမှ မတွေ့ဆုံခဲ့ဖူးသည့် တစ်စုံတစ်ယောက်ကို အမှတ်ရသွားစေ၏။
ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက လမ်းကြောင်းပြောင်းလဲကာ အသံထွက်ပေါ်ရာနောက်သို့ ပြေးလိုက်သွားလေသည်။
ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် သူ၏ ရှေ့တည့်တည့်မှာ တောင်ထွတ်နှင့် ချိတ်ဆက်ထားသော ဥမင်တစ်ခုပေါ်ထွက်လာ၏။
အဲ့ဒီမှာ နေရာတိုင်းတွင် အလောင်းများပြန့်ကျဲနေသည့် အဆုံးမဲ့စွန့်ပစ်မြေတစ်ခု ရှိနေ၏။ ကျင့်ကြံသူများစွာက အသွေးအသားများကျန်ရှိနေသေးပြီး သူတို့က မကြာသေးခင်ကမှ သေဆုံးသွားသည်မှာ သိသာလေသည်။
သူ၏ နောက်ဘက်မှာရှိသော ထုံးကျောက်လိုဏ်ဂူထဲရှိ အခြေအနေနှင့် မတူဘဲ ထိုကျင့်ကြံသူများ၏ အလောင်းများက ရောင်ကိုင်း၍ သူတို့၏ အရေပြားများက အစိမ်းပုတ်ရောင်ဖြစ်နေ၏။ သူတို့ထံမှ ညှီစို့စို့အနံ့များထွက်နေပြီး သူတို့၏ အောက်ဘက်မှာ သွေးပြည်များက စီးဆင်းနေ၏။
မလှမ်းမကမ်းမှာ လူတစ်ယောက်၏ အရပ်တစ်ဝက်လောက်ရှိသော အနက်ရောင်ကင်းမြီးကောက်တချို့သည် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ကို ဝိုင်းပတ်ထားလေသည်။ နက်မှောင်နေသောအလင်းရောင်ဖြင့် တောက်ပနေသည့် သူတို့၏ အမြီးများကို မြှောက်ထားပြီး အကဲစမ်းရင်း အချိန်မရွေးတိုက်ခိုက်ဖို့ အဆင့်သင့်ပြင်ထားကြ၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကတော့ သူမက လုံးဝမလှုပ်ရှားနိုင်သည့်အလား မြေပြင်ပေါ်မှာ ပျော့ခွေစွာဖြင့် ထိုင်နေ၏။
သူမသည် လက်ထဲမှာ ကျောက်စိမ်းစုတ်တံတစ်ခုကို ကိုင်ဆွဲထားပြီး ဘေးပတ်လည်မှာရှိသော အနက်ရောင်ကင်းမြီးကောက်များကို ရင်ဆိုင်နေ၏။ ဤကဲ့သို့သော အခြေအနေမှာပင်လျှင် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးသည် အရှက်ရမှု သို့မဟုတ် စိတ်ကသိကအောက်ဖြစ်မှု လုံးဝမရှိဘဲ တည်ငြိမ်နေလေသည်။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးသည် အလွန်တရာချောမောလှပပြီး ရင်းနှီးနေပုံရသည်ဟု ခံစားရ၏။ သို့သော်လည်း သူသည် ဤအမျိုးသမီးနှင့် အရင်က တစ်ခါမှ မတွေ့ဆုံခဲ့ဖူးဘူးဆိုတာကိုသိလေသည်။
မည်သို့ပင်ဆိုစေ သူသည် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကို ကယ်တင်ရမည်ဖြစ်၏။
ဆူဇီမိုသည် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးထံ လျှောက်လှမ်းသွား၏။ အနက်ရောင်ကင်းမြီးကောက်တချို့က လှည့်ပတ်လာပြီး ဆူဇီမိုကို တိုက်ခိုက်ချင်၏။ သို့သော်လည်း သိပ်မကြာခင် အနက်ရောင်ကင်းမြီးကောက်များသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ထိတ်လန့်တကြားအမူအရာများနှင့်အတူ အဘက်ဘက်သို့ ပြေးထွက်သွား၏။ သိပ်မကြာခင် သူတို့က မြေကြီးထဲသို့တိုးဝင်ပြီး ပျောက်ကွယ်သွားလေသည်။
“နင်ပဲ..”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ဆူဇီမိုကို တွေ့မြင်သောအခါ တုန်လှုပ်သွား၏။
“တာအိုရောင်းရင်း ခင်ဗျားကျုပ်ကို အရင်က တွေ့ဖူးလို့လား”
ဆူဇီမိုက အနားသို့ချဥ်းကပ်လာပြီး ပြုံးစစဖြင့် ပြောလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ညင်သာစွာခေါင်းညိတ်ပြပြီး အဲ့ဒါကို ဖုံးကွယ်မထားပေ။
“ငါတို့အရင်က တစ်ခါတွေ့ခဲ့ဖူးတယ်”
ခဏမျှရပ်တန့်ပြီးနောက် သူမက စူးစမ်းလိုသောပုံစံဖြင့်မေးလိုက်၏။
“ဒါပေမဲ့... နင်ကတော့ ငါ့ကိုအရင်က မတွေ့ဖူးလောက်ဘူး”
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်ခင်ဗျားကို အရင်က မတွေ့ဖူးဘူးဆိုတာ အမှန်ပဲ... ဒါပေမဲ့ ကျုပ်ခင်ဗျားရဲ့အသံကိုမှတ်မိတယ်”
“အားနဲတဲ့သူကို အနိုင်ကျင့်တာ ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ”
ဆူဇီမိုသည် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကိုကြည့်ပြီး ရုတ်တရက် ထိုစကားကို ပြောလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှမြင်ကွင်းကို အမှတ်ရသွားပြီး အံ့အားသင့်သွားလေသည်။
ထိုအချိန်တုန်းက မင်းသားယွမ်ကျောသည် ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများကို အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲသို့ ခေါ်လာခဲ့ပြီး ဆူဇီမိုကို ခေါ်ထုတ်သွားချင်လေသည်။
နောက်ဆုံးမှာ ပကတိအင်မော်တယ်ကျင်းယွဲ့သည် ပကတိအင်မော်တယ်တစ်ယောက်ဟူသော သူ၏ အဆင့်အတန်းကို မထောက်ဘဲ ဆူဇီမိုကိုပင် တိုက်ခိုက်လိုခဲ့၏။
အရင်တုန်းက တိတ်တဆိတ်ဝင်ပါပြီး ပကတိအင်မော်တယ်ကျင်းယွဲ့၏ တိုက်ခိုက်မှုကို ဖြေရှင်းပေးခဲ့သူမှာ သူမဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် သူမက ပကတိအင်မော်တယ်ကျင်းယွဲ့ကို သရော်ဖို့အတွက် တစ်စုံတစ်ရာကို ပြောဆိုခဲ့ပြီး အဲ့ဒါက စောစောက ဆူဇီမိုပြောခဲ့သည့် စကားလုံးများဖြစ်လေသည်။
“နင်က ဒီကိစ္စကို အခုချိန်ထိ မှတ်မိနေသေးတယ်ဆိုတော့..”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက အနည်းငယ်ပျော်ရွှင်လာသည်ဟုခံစားရ၏။
ပထမတစ်ချက် သူမသည် အန္တရာယ်ကနေ လွတ်မြောက်လာခဲ့ပြီဖြစ်၏။
ဆူဇီမို သူမဘေးမှာရှိနေသရွေ့ သူမက အဝီစိမှာ မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့တော့မည် မဟုတ်လောက်သည်ကို သူမသိထားလေသည်။
ဒုတိယတစ်ချက် သူမသည် အရင်တုန်းက အဲ့ဒါကို သာမန်ကာလျှံကာ ပြောဆိုခဲ့ခြင်းမျှသာဖြစ်၏။
ယခု ဤစာပေသမားလူငယ်သည် ဤမျှထိကြာပြီးတာတောင် အဲ့ဒါကို အမှတ်ရနေသေးသည်ဆိုတော့။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီး၏ မျက်လုံးထဲမှာ သူမသည် ဆူဇီမိုကို ယွင်ထင်ကဲ့သို့ စိတ်အားမာန်တက်ကြွသောလူငယ်တစ်ယောက်အဖြစ် အမြဲတမ်းသတ်မှတ်ထားလေသည်။
“ဒါပေါ့... ကျုပ်မှတ်မိတာပေါ့”
ဆူဇီမိုက ပြောလိုက်၏။
“အဲ့ဒီအချိန်တုန်းက ခင်ဗျားသာဝင်မပါခဲ့ရင် ကျုပ်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ပြီး အခုချိန်ထိကျင့်ကြံဖို့နေနေသာ အဲ့မှာကထဲက တစ်ခါထဲသေသွားရလိမ့်မယ်”
ထိုစကားကိုပြောချိန်မှာ ရိုးရှင်းသောဝတ်စုံဝတ် အမျိုးသမီးသည် အနည်းငယ်ရှက်ရွံ့သွားပြီး သူမ၏ ခေါင်းကို ခါပြလိုက်၏။
“နင်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်နိုင်ခဲ့တာ ယန်လောရှုနဲ့ နတ်မိမယ်မိုချင်ကိုပဲ ကျေးဇူးတင်ရလိမ့်မယ်”
သူမသည် ထိုအချိန်တုန်းက ပေါ်ထွက်လာခဲ့ပြီး ပကတိအင်မော်တယ်ကျင်းယွဲ့ကို ဖိနှိမ်ပေးခဲ့သော်လည်း သူမသည် နောက်ပိုင်းရောက်ရှိလာသော ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို စိုးရိမ်ပူပန်နေပြီး သူမနှင့် ရှေ့သို့ထွက်ကာ ထိပ်တိုက်ရင်ဆိုင်ပေးခဲ့ခြင်း မရှိပေ။
သူမသည် မည်သို့ပင်ဆိုစေ ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးဖြစ်၏။
သူမအနေဖြင့် ဆူဇီမိုကဲ့သို့ သူစိမ်းတစ်ယောက်ကြောင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် ရှေ့သို့ထွက်ပြီး ထိပ်တိုက်တိုက်ခိုက်ဖို့က ယုတ္တိမတန်ပေ။
ထို့ကြောင့် ယန်လောရှုသည် ဒုံမင်းအင်မော်တယ်၏ ဖိနှိမ်မှုကို ခုခံဆန့်ကျင်ခဲ့ရပြီး နောက်ဆုံးမှာ နတ်မိမယ်မိုချင်က ရောက်ရှိလာခဲ့၏။
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်တို့က တစ်ယောက်ကိုတစ်ယောက် သိမှမသိကြပဲ တာအိုရောင်းရင်း... ခင်ဗျားက အဲ့တုန်းက ကျုပ်ကိုကူညီပေးခဲ့တာပဲ အရမ်းကို ကျေးဇူးတင်နေပြီ”
ထိုစဥ်မှာပင် ဖရိုဖရဲခြေသံများက သူတို့၏ နောက်ဘက်ဥမင်ထဲကနေ ထွက်ပေါ်လာ၏။
ပကတိအင်မော်တယ်အင်ပါယာနဂါး၊ ပကတိအင်မော်တယ်ကျင်းယွဲ့၊ ရှဲ့ထျန်ဟုန်နှင့် အခြားသူများက ဆိုးဆိုးဝါးဝါးပုံစံဖြင့် သူ့နောက်ကို လိုက်လာကြလေသည်။
ဤတစ်ခေါက်မှာတော့... သူတို့အုပ်စုတွင် ဆယ်ယောက်ကျော်ကျော်သာလျှင် ကျန်ရှိတော့လေသည်။
ရှည်လျားသောဤခရီးစဥ်အပြီး၌ ပကတိအင်မော်တယ်နှစ်ဦးအပါအဝင် ကျန်ရှိနေသော ကျင့်ကြံသူများ၏ မျက်လုံးများထဲမှာ အကြောက်တရားအရိပ်အယောင်က ထင်ဟပ်လာခဲ့ပြီဖြစ်၏။
“တာအိုရောင်းရင်း... ခင်ဗျားလှုပ်ရှားနိုင်သေးလား”
ဆူဇီမိုက မေးလိုက်၏။
“ကျုပ်က ကျုပ်ရန်သူတွေရဲ့အမဲလိုက်ခံနေရတယ်... ကျုပ် ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရတော့မယ်”
“ငါ မလှုပ်ရှားနိုင်ဘူး”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါပြီး သူမ၏ ခြေထောက်များကို လက်ညှိုးထိုးပြလိုက်၏။
“ငါ့ခြေထောက်တွေက ကင်းမြီးကောက်တွေရဲ့အဆိပ်ဆူးနဲ့ အထိုးခံထားရတယ်... အဆိပ်ကို ငါကလောလောဆယ် ဖိနှိမ်ထားပေမယ့်... ငါ့ခြေထောက်တွေက မလှုပ်ရှားနိုင်ဘူး”
ဤငရဲမှာရှိသော ကျင့်ကြံသူများအားလုံးနီးပါးသည် ကင်းမြီးကောက်များ၏ အဆိပ်ဆူးဖြင့် ထိုးခံရပြီးနောက် သေဆုံးသွားကြ၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက လောလောဆယ်မှာ အဆိပ်ကို ဖိနှိမ်ထားနိုင်သည့်အချက်သည် သူမက အားမနည်းကြောင်း သက်သေပြပေးနေ၏။
“တာအိုရောင်းရင်း... အခြေအနေက အပူတပြင်းနိုင်နေပြီဆိုတော့... အရင်ဆုံး ခင်ဗျားကိုထမ်းခေါ်ပြီး ဒီနေရာကနေထွက်ခွာရမယ်... နောက်ပြီးကျမှ အစီအစဥ်ထပ်ချတာပေါ့”
ဆူဇီမိုက အလွန်တရာပြတ်သားလေသည်။ သူကရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူမထံမှ ပြန်ဖြေစကားကို စောင့်မနေဘဲ အမျိုးသမီးကို ပွေ့ယူလိုက်၏။ သူမကို သူ၏ ကျောပေါ်မှာတင်ပြီး သူက ရှေ့သို့တက်လှမ်းကာ ပြေးလွှားသွားလေသည်။
ဖြစ်စဥ်တစ်လျှောက်လုံးမှာ ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ဆွံ့အနေခဲ့၏။
သူမတုံ့ပြန်လာနိုင်သည့်အချိန်မှာ သူမက ဆူဇီမို၏ ကျောပေါ်သို့ ရောက်ရှိနေလေပြီ။
ဆူဇီမိုသည် ဤမျှထိ စိုးမိုးခြယ်လှယ်တတ်ပြီး သူမ၏ ခွင့်ပြုချက်ကိုပင်မယူဘဲ သူမကိုကျောပိုးပြေးလိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။
တကယ်တော့ ဆူဇီမိုသည် အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေပေ။
သူက ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကို ဤနေရာမှာထားခဲ့မည်ဆိုလျှင် သူထွက်ခွာသွားပြီးနောက် အဆိပ်ရှိကင်းမြီးကောက်များက ဤနေရာကို ပြန်ရောက်လာပြီး သူမကို သတ်ဖြတ်မည်ဆိုတာကို သိထားလေသည်။
ရိုးရှင်းသောဝတ်စုံဝတ် အမျိုးသမီးသည် သူ့နောက်ကိုလိုက်လာခဲ့မှသာ အသက်ရှင်နိုင်ပေလိမ့်မည်။
တကယ်တော့ အဲ့ဒါသည် ငရဲဖိနှိမ်မီးဖို၏ လျှို့ဝှက်ချက်နှင့်ပတ်သက်နေပြီး သူက အသေးစိတ်ကို ရှင်းမပြနိုင်ပေ။
သို့သော်လည်း ဤအမျိုးသမီးကို သူ့၏ ကျောပေါ်မှာ ထမ်းခေါ်လာပြီးနောက် အဲ့ဒါက အနည်းငယ်ရိုင်းရာကျသည်ဟု ဆူဇီမိုက နားလည်သိရှိလိုက်၏။
သူတို့ကြားမှာ အဝတ်စတချို့သာခြားထားပြီး ပြေးရင်းလွှားရင်း တစ်စိတ်တစ်ပိုင်းပွတ်တိုက်ထိတွေ့လာဖို့က မလွဲဧကန်ပင်ဖြစ်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက အနည်းငယ်ရှက်ရွံ့သွားပြီး ဆူဇီမို၏ ပခုံးပေါ်မှာ သူမ၏ လက်ကိုတင်ကာ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို အတတ်နိုင်ဆုံးကြွထားဖို့ကြိုးစားနေ၏။
ဆူဇီမိုက အသံတိတ်နေပြီး ဆက်လက်၍ပြေးလွှားနေ၏။
သူတို့နှစ်ယောက်သည် အလိုအလျောက်နားလည်မှုရှိပြီး ဤကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေကြ၏။ ဆူဇီမိုက ရိုးရှင်သောဝတ်စုံဝတ်အမျိုးသမီးကို ပစ်ချမထားခဲ့နိုင်ပေ။
ရှဲ့ထျန်ဟုန်နှင့် အခြားသူများသည် ရောက်ရှိလာခါစဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုဖြင့် မောဟိုက်နေကြ၏။ သူတို့က အသက်ကောင်းကောင်းမရှုနိုင်ခင်မှာပင် ဆူဇီမိုက အမျိုးသမီးတစ်ဦးကို သူ၏ ကျောပေါ်တင်ကာ ထွက်ပြေးသွားပြီဖြစ်၏။
“ငါ...”
ရှဲ့ထျန်ဟုန်က ဒေါသထွက်လွန်းသောကြောင့် သတိလစ်လုမတတ် ဖြစ်သွားရ၏။
“မြန်မြန်လိုက်ကြ”
ပကတိအင်မော်တယ်နှစ်ဦးသည် အသက်ကောင်းကောင်းမရှုရသေးခင်မှာပင် မလှမ်းမကမ်း စွန့်ပစ်မြေကို မဟူရာကင်းမြီးကောက်တချို့က ဖြတ်ကျော်လာပြီး စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို သူတို့က တွေ့မြင်လိုက်ရ၏။
မည်သူကမှ ကြန့်ကြာမနေရဲဘဲ အံကိုတင်းတင်းကြိတ်ကာ ဆူဇီမိုနောက်သို့ ဆက်လက်၍ ပြေးလိုက်သွားရ၏။
“ငါထင်တာမမှားဘူးဆိုရင်... စောစောကအမျိုးသမီးက မဟာနတ်မိမယ်လေးဦးထဲက စာအုပ်အင်မော်တယ်ဖြစ်လိမ့်မယ်ထင်တယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က မျက်မှောင်ကြုတ်လိုက်၏။
“စာအုပ်အင်မော်တယ်လား”
ရှဲ့ထျန်ဟုန်က ငေးငိုင်ရာကနေနိုးထလာ၏။
“ဟုတ်တာပေါ့... အဲ့ဒါသူပဲ... စာအုပ်အင်မော်တယ်က ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ မင်းသမီးတစ်ပါးပဲ... ငါဝင်ပြောမယ်ဆိုရင် သူက ငါ့ကို မျက်နှာသာတချို့ပေးပြီး ငါတို့ဘက်ကို ပါလာလောက်တယ်”
“တာအိုရောင်းရင်း... ခင်ဗျားက မဟာနတ်မိမယ်လေးပါးထဲက စာအုပ်အင်မော်တယ်ယွင်ကျူးလား”
ရှဲ့ထျန်ဟုန်က ပြေးလွှားရင်းအော်ပြောလိုက်၏။
“ကျုပ်က ယန်ယန်းအင်မော်တယ်နိုင်ငံက စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားရှဲ့ထျန်ဟုန်ပဲ... ကျုပ်အရင်က ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲမှာ ခင်ဗျားကို တွေ့ဖူးတယ်”
ရှေ့ကနေ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
“နတ်မိမယ်ယွင်ကျူး... ခင်ဗျားအောက်ကလူက ကျုပ်တို့ရဲ့ မဟာရန်သူပဲ... ကျေးဇူးပြုပြီး သူ့ကိုချုပ်နှောင်ထားပေးပါ... ကျုပ်က အရမ်းကို ကျေးဇူးတင်မိပြီး ခင်ဗျားကိုသေချာပေါက် ကြီးကြီးမားမားပြန်ပေးဆပ်မှာပါ”
ရှဲ့ထျန်ဟုန်က ထပ်မံ၍အော်ပြောလိုက်၏။
အဲ့ဒီမှာ မည်သည့်တုံ့ပြန်မှုမှ ရှိမလာသေးပေ။
ရှဲ့ထျန်ဟုန်က အနည်းငယ်ရှက်ရွံ့သွားပြီး အံကိုတင်းတင်းကြိတ်လိုက်၏။ သူက ထက်မံ၍အော်ပြောတော့မည်ပြုစဥ်မှာပင် ပကတိအင်မော်တယ်အင်ပါယာနဂါးက သက်ပြင်းချပြီး ခေါင်းခါပြလိုက်၏။
“အရှင်မင်းသား... ထားလိုက်ပါတော့”