← Chapters

ပြန်လည်ပေါ်ထွက်လာခြင်း

Vol. 156 Ch. 2337

ပြန်လည်ပေါ်ထွက်လာခြင်း

Vol. 156 Ch. 2337

တစ်ချိန်တည်းမှာပင် မဟာအဝီစိမှာ...။

အဆုံးမဲ့နာကျင်မှုများကို ကြိတ်မှိတ်ခံစားနေရသည့် သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး နတ်ဘုရားဆန်ဆန် အလင်းနှစ်ခုကို ထုတ်ဖော်ကာ စိတ်အားမာန်တက်ကြွသွား၏။

ထွက်ပြေးဖို့အခွင့်အလမ်းက ပေါ်ထွက်လာခဲ့ပြီ။

မဟာအဝီစိမှာ အချိန်၊ လေဟာနယ်နှင့် ဆင်းရဲဒုက္ခတို့က အဆုံးမဲ့ဖြစ်သည်။ သိုင်းတာအိုပင်မခန္ဓာသည် အပြင်ဘက်မှာ အချိန်ဘယ်လောက်ကြာသွားခဲ့ပြီ သို့မဟုတ် သူက ဘယ်လိုထွက်ခွာနိုင်မည်ကို မသိရှိပေ။

ဤနေရာမှာ သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်အရပ်မျက်နှာကိုမှ အာရုံမခံနိုင်ပေ။ သူသည် မည်သည့်အလင်းရောင်မှမရှိဘဲ ကျယ်ပြောလှသော ညတစ်ခုထဲမှာ ရောက်ရှိနေသည့်အလားပင်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ပေါ်ထွက်လာခြင်းနှင့်အတူ သက္ကတစကားသံများက သူ၏ ရင်ထဲမှာ သံစဥ်တစ်ခုကဲ့သို့ ရိုက်ခတ်လာခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ကျယ်ပြောသောညထဲမှာ အလင်းရောင်တစ်ခုဖြစ်နေ၏။

သူလုပ်စရာရှိသည်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရှိရာသို့ တက်လှမ်းပြီး မဟာအဝီစိကနေ ထွက်ခွာနိုင်ဖို့ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် အဆုံးမဲ့နာကျင်မှုကို ဆက်လက်၍ ကြိတ်မှိတ်ခံစားနေပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရှိရာဘက်သို့ တက်လှမ်းလိုက်၏။

သို့သော်လည်း သူသည် အတန်ကြာအောင်လျှောက်လှမ်းလာခဲ့ပြီးတာတောင် သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြား အကွာအဝေးက လုံးဝနီးကပ်မလာခဲ့ပေ။

သူသည် တစ်ချိန်လုံး တူညီသောနေရာတစ်ခုထဲမှာပင် ကပ်ညှိနေပုံရလေသည်။

လေဟာနယ်က အဆုံးမဲ့ဖြစ်၏။

မဟာအဝီစိမှာ လေဟာနယ်က အဆုံးမဲ့ပြီး အဆက်မပြတ်ဖြစ်ပေါ်နေ၏။ သိုင်းတာအိုပင်မခန္ဓာသည် လေဟာနယ်တစ်ခုကနေ ထွက်ခွာလာပြီးသည်နှင့် သူက နောက်ထပ်တစ်ခုထဲသို့ ဝင်ရောက်သွားပေလိမ့်မည်။

သူက မည်သည့်နေရာမှာ ရောက်ရှိနေသည်ဖြစ်စေ သူသည် မဟာအဝီစိကနေ မလွတ်မြောက်နိုင်ဘဲ အဆုံးမဲ့နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရ၏။

သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အာရုံခံမိပြီး အဝီစိကနေ လွတ်မြောက်နိုင်ရန်လမ်းကြောင်းကို သိရှိထားသည်ဆိုလျှင်တောင် သူက မထွက်ခွာနိုင်ဖြစ်နေ၏။

ထိုစဥ်မှာပင် အလင်းတန်းလေးခုက ရုတ်တရက် သူ့ရှေ့မှာ ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပျံသန်းလာနေ၏။

“ဟမ်”

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် မဟာအဝီစိသည် မည်သည့်အလင်းရောင်မှမရှိဘဲ မှုန်မှိုင်းနေသည်။

သို့သော်ယခုအခါ အလင်းတန်းလေးခုက မဟာအဝီစိမှာပေါ်ထွက်လာပြီး ဤနေရာ၏ နိယာမများကို ခုခံနိုင်နေ၏။

အလင်းတန်းလေးခု ချဥ်းကပ်လာသောအခါ သိုင်းတာအိုပင်မခန္ဓာက နောက်ဆုံးမှာ နားလည်သိရှိသွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သိုင်းတာအိုပင်မခန္ဓာ၏ တည်နေရာကို အာရုံခံမိသွားပြီး ထိုသူက မထွက်ခွာနိုင်မှာစိုးကာ အထွတ်အမြတ်ဝိညာဥ်လေးခုကို လွှတ်ပေးလိုက်ခြင်းဖြစ်၏။

မဟာထျဲဝေတောင်မှ တိုက်ပွဲအပြီးမှာ အထွတ်အမြတ်ဝိညာဥ်လေးခုက ခွန်အားများစွာမကျန်ရှိတော့ဘဲ ခပ်ဖျော့ဖျော့အလင်းရောင်လေးခုသာလျှင် ကျန်ရစ်ခဲ့လေသည်။

သို့သော်လည်း အထွတ်အမြတ်ဝိညာဥ်လေးခုသည် မည်သို့ပင်ဆိုစေ ငရဲဖိနှိမ်မီးဖို၏ လက်နက်စိတ်ဝိညာဥ်များဖြစ်ကြ၏။

သူတို့က အားနည်းနေသော်လည်း သူတို့သည် မဟာအဝီစိ၏ နိယာမများဖြင့် ကန့်သတ်ခြင်းမခံရပေ။

ထို့ကြောင့် သူတို့သည် တစ်လမ်းလုံးပျံသန်းလာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဘေးသို့ ရောက်ရှိလာခဲ့၏။

အထွတ်အမြတ်ဝိညာဥ်လေးခုက သိုင်းတာအိုပင်မခန္ဓာကို လှည့်ပတ်လိုက်ပြီး သူ့အပေါ် မဟာအဝီစိ၏ အဆုံးမဲ့သော လေဟာနယ်နိယာမက ၎င်း၏ သက်ရောက်မှုကို ချက်ချင်းပင်ဆုံးရှုံးသွားရ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လမ်းညွှန်မှုနှင့် အထွတ်အမြတ်ဝိညာဥ်လေးခု၏ ကာကွယ်မှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အာရုံငါးပါးကို ပြန်လည်ရရှိလာပြီး မှောင်မည်း၍ မကောင်းဆိုးဝါးဆန်နေသော အဝီစိဂိတ်တံခါးကို နောက််တစ်ဖန်တွေ့မြင်လိုက်ရ၏။

ယခင်က သူ့ကို ဧကရာဇ်ပိုရွှင်းက တွန်းချခဲ့သည်။

ဤတစ်ခေါက်မှာ သူသည် မဟာအဝီစိကနေထွက်ခွာပြီး လောကသို့ ပြန်လည်ရောက်ရှိနိုင်တော့မည်ဖြစ်၏။

……….

အဝီစိ၊ အနက်ရောင်တောင်ထွတ်တစ်ခုပေါ်ရှိ လိုဏ်ဂူတစ်ခုထဲမှာ။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အနားယူနေသည့်အလား ဘေးတစ်ဘက်မှာ တိတ်တဆိတ်ထိုင်နေ၏။

ဆူဇီမိုသည် သူမကိုထမ်းခေါ်၍ တစ်လမ်းလုံးပြေးလွှားလာပြီးနောက် စွမ်းအင်များစွာသုံးစွဲခဲ့ရကာ ကိုယ်ကာယပင်ပန်းနွမ်းနယ်နေသည်ဟု ယွင်ကျုးက တွေးမိသွားပြီး သူမက သူ့ကို မနှောက်ယှက်တော့ပေ။

“တာအိုရောင်းရင်းမိုချင်... နင်က အဝီစိမှာ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ”

ယွင်ကျူးက နတ်မိမယ်မိုချင်၏ လက်ကို ဆွဲပြီးမေးလိုက်၏။

“ပန်းချီတာအိုမှာ အောင်မြင်ထွန်းပေါက်ခဲ့တဲ့ တက္ကသိုလ်က စီနီယာတစ်ယောက်က ဒီနေရာမှာ သေဆုံးခဲ့တယ်”

မိုချင်က ပြောလိုက်၏။

“အဝီစိမှာ အက်ကွဲကြောင်းတွေပေါ်လာပြီး သက်ရှိတွေက ထွက်ပြေးလွတ်မြောက်နိုင်တယ်လို့ ငါကြားခဲ့တယ်... အဲ့ဒါကြောင့် ငါက အဲ့ဒီစီနီယာရဲ့အလောင်းနဲ့ ပန်းချီကားတွေကိုရှာဖို့ ဒီကိုရောက်လာခဲ့တာပဲ”

“နင်က... စီနီယာ ယူတျောင်ဇီကို ပြောနေတာမလား”

ယွင်ကျူးက ခဏမျှစဥ်းစားတွေးတောပြီးနောက် ပြောလိုက်လေသည်။

မိုချင်က အနည်းငယ်အံ့အားသင့်သွားကာ ခေါင်းညိတ်လိုက်၏။

“လူတွေက စာအုပ်အင်မော်တယ်အကြောင်းအမြဲတမ်းပြောဆိုနေကြတာ မထူးဆန်းတော့ဘူး... တာအိုရောင်းရင်း ရှင်က တကယ့်ကို အထင်ကြီးစရာပဲ အကုန်လုံးကို သိနေတော့တာပဲ”

“နင်နဲ့ယှဥ်မယ်ဆိုရင် ငါက အများကြီးနိမ့်ကျပါတယ်... ငါက ပန်းချီကို ဘယ်လိုဆွဲရမလဲပဲသိတာ”

ယွင်ကျူးက ထိုစကားကိုကြားသောအခါ သူမကပြုံး၍ပြောလိုက်၏။

“နင်က ပန်းချီဆွဲတဲ့နေရာမှာအရမ်းတော်လို့ ငါကလည်း အထင်ကြီးနေတာ... ညီမ ငါကနင့်ထက် အသက်နဲနဲပိုကြီးတယ်ဆိုတော့ နင်စိတ်မရှိဘူးဆိုရင် ငါတို့တစ်ယောက်ကိုတစ်ယောက် ညီအစ်မတွေလိုပဲ ခေါ်ကြရအောင်”

“ရတယ်လေ”

မိုချင်က ခေါင်းညိတ်ပြလိုက်၏။

ယွင်ကျူးက ပြောလိုက်၏။

“ဒါနဲ့... ဒီလိုဏ်ဂူက အတော်လေးထူးဆန်းတယ်... အဲ့ဒါက ငရဲသက်ရှိတွေကို ခုခံပေးနိုင်တဲ့ပုံပဲ”

“ညီမ... နင်က ဒီနေရာကို ဘယ်လိုရှာတွေ့သွားတာလဲ”

မိုချင်က ပြောလိုက်၏။

“ငါကျဆင်းလာပြီး သိပ်မကြာခင်မှာပဲ ငါက အရင်တုန်းက စီနီယာယူတျောင်ဇီချန်ထားခဲ့တဲ့အမှတ်အသားတချို့ကို အမှတ်တမဲ့တွေ့မြင်လိုက်တယ်”

“အို..”

ယွင်ကျူးက အံ့အားသင့်သွား၏။

မိုချင်က ဆက်ပြောလိုက်၏။

“တခြားသူတွေက အဲ့ဒီအမှတ်အသားတွေကို နားလည်ချင်မှနားလည်လိမ့်မယ်... ဒါပေမဲ့ ငါက အဲ့ဒါတွေကိုမှတ်မိတယ်... အဲ့ဒါတွေက စီနီယာယူတျောင်ဇီရဲ့ လက်ရာတွေကို တစ်မူးထူးခြားစေခဲ့တဲ့ အမှတ်အသားတွေပဲ”

“သူက... အဲ့ဒီအမှတ်အသားတွေကို လမ်းညွှန်ဖို့အတွက် ချန်ထားခဲ့တဲ့ပုံပဲ... အဲ့ဒါကြောင့် ငါက သူတို့နောက်ကိုလိုက်ပြီး ဒီနေရာကို ရောက်လာတာ”

“ငါဒီကိုရောက်လာတဲ့အချိန်မှာ အရိုးဖြူဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေကလည်း ဒီနေရာမှာရောက်နှင့်နေပြီ”

ယွင်ကျူးက အတွေးနက်စွာဖြင့် အသံတိတ်နေ၏။

ခဏနေပြီးနောက် သူမက ခပ်တိုးတိုးပြောလိုက်၏။

“စီနီယာယူတျောင်ဇီက ဒီလိုမျိုး သဲလွန်စတစ်ခုကို ချန်ထားခဲ့တယ်ဆိုမှတော့... ဒီနေရာနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခုရှိနေရမယ်”

“အဲ့ဒီမှာ တခြားလျှို့ဝှက်ထွက်ပေါက်တစ်ခုခုရှိနေမလား ငါတို့လိုက်ရှာကြည့်ရအောင် အခုချိန်မှာ အခြေအနေက သိပ်မကောင်းတော့ဘူး... ငါတို့က ဒီနေရာကနေ တတ်နိုင်သမျှမြန်မြန် ထွက်ခွာနိုင်ရင် အကောင်းဆုံးပဲ”

“ကောင်းပြီလေ”

မိုချင်က ခေါင်းညိတ်ပြပြီး ယွင်ကျုး၏ ခြေထောက်ကိုကြည့်ကာ စကားပြောချင်သော်လည်း ရပ်တန့်လိုက်၏။

ယွင်ကျူး၏ ခြေထောက်ပေါ်ရှိ ရောင်ကိုင်းမှုများက ဖျော့တော့သွားသော်လည်း အဆိပ်က လုံးလုံးလျားလျား မကုန်စင်သေးပေ။

ယွင်ကျူးသည် သူမ၏ နောက်ဘ​က်ရှိ အေးစက်နေသော နံရံကို လက်ဖြင့်ထောက်ပြီး မတ်တတ်ထရပ်ဖို့အတွက် သူမဘာသာသူမကြိုးစားလိုက်၏။ သူမက တီးတိုးပြောလိုက်လေသည်။

“အခုငါ့မှာ တိုက်ခိုက်ရည်ခွန်အား များများစားစား မကျန်တော့ဘူး... ဒါပေမဲ့ ငါလမ်းတော့လျှောက်နိုင်ပါသေးတယ်”

“ညီမ... နင်ကငါနဲ့ လမ်းလျှောက်ပေး ငါ့ကို အကြောအချင် ဆန့်နိုင်အောင် ကူညီပေးနေတယ်လို့ ဟန်ဆောင်လိုက်... အဲ့လိုဆိုရင် ငါတို့ကို သူတို့သိပ်ပြီးစိတ်ဝင်စားတော့မှာ မဟုတ်ဘူး”

မိုချင်က နားလည်သဘောပေါက်သွားပြီး ယွင်ကျူးကို ဖေးမရန် ရှေ့သို့လှမ်းလိုက်၏။

ယွင်ကျူးက သူမ၏ ဘေးမှာရှိသောဆူဇီမိုကို တစ်ချက်ကြည့်လိုက်၏။ ထိုသူက သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ တင်ပျဥ်ခွေထိုင်၍ အနားယူနေဆဲဖြစ်၏။

ထိုသူက သူရောက်ရှိနေသည့်နေရာကို မေ့လျော့သွားသည့်အလားပင်။

ယွင်ကျူး၏ အမူအရာကို သတိထားမိသွားပြီး မိုချင်က ခပ်တိုးတိုးပြောလိုက်၏။

“အစ်မ... မပူပါနဲ့ တစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် ငါက ငါ့ရဲ့အစွမ်းကုန်နဲ့ တိုက်ခိုက်မယ်... နင်တို့တွေက ငါ့ကိုစိုးရိမ်မနေဘဲနဲ့ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုကိုရှာကြ”

မိုချင်၏ ထင်မြင်ချက်အရ ဆူဇီမိုသည် အနိမ့်တန်းကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက လျစ်လျူရှု၍ ရလေသည်။

ယွင်ကျူးက ဒဏ်ရာရရှိထားပြီး သူမ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးထား၏။

ရေခဲလိပ်ပြာမှာ အားနည်းသော ကိုယ်ကာယရှိပြီး အဝီစိမှာ တိုက်ခိုက်ရည်ခွန်အား မရှိသလောက်နီးပါးပင်။ သူမတစ်ယောက်တည်းကသာလျှင် ဤကဲ့သို့သောအ​ခြေအနေမှာ ရပ်တည်နိုင်မည်ဖြစ်၏။

“ညီမ... အဲ့ဒါကို ပြောမနေနဲ့ ငါတို့တွေက နင့်ကိုစွန့်ပြီး ဘယ်လိုလုပ်ကိုယ်လွတ်ရုန်းပြေးနိုင်ပါ့မလဲ”

ယွင်ကျုးက ပြောလိုက်၏။

ဘာ့ကြောင့်ရယ်မသိ ယွင်ကျူးသည် မိုချင်၏ စကားများကိုကြားရသောအခါ ရင်ထဲမှာ နာကျင်သွားသည်ဟု ခံစားလိုက်ရ၏။

သူမက မိုချင်၏ လက်ဖဝါးကို ညင်သာစွာ ဖျစ်ညှစ်လိုက်၏။

“ဟိုနေရာကိုတစ်ချက်လောက် သွားကြည့်ရအောင်”

ယွင်ကျူးက သူမကို အားပေးလိုက်၏။

“ငါတို့တွေက တိတ်တဆိတ်ထွက်သွားဖို့အတွက် ထွက်ပေါက်တစ်ခုကို ရှာတွေ့ရင်တွေ့မှာပေါ့”

ခဏမျှရပ်တန့်ပြီးနောက် ယွင်ကျူးက သူမ၏ နှုတ်ခမ်းကိုစေ့ကာ ပြုံး၍ညင်သာစွာပြောလိုက်၏။

“မပူပါနဲ့... နင့်ရဲ့ ဒီဂျူနီယာမောင်လေးက ကျင့်ကြံမှုနယ်ပယ် သိပ်ပြီးမမြင့်မားပေမယ့် သူက ထွက်ပြေးတဲ့နေရာမှာ အတော်ဆုံးပဲ”

မိုချင်က ယွင်ကျူးကို ဖေးမပေးပြီး သူတို့နှစ်ယောက်က တတွတ်တွတ်ပြောဆိုကာ မလှမ်းမကမ်းအမှောင်ထုထဲမှာ စူးစမ်းရှာဖွေနေ၏။

လိုဏ်ဂူ၏ ကြီးမားသောဧရိယာကို အရိုးဖြူဂိုဏ်းမှ ကျင့်ကြံသူများက သိမ်းပိုက်ထားပြီး ယွင်ကျူးနှင့် မိုချင်က နေရာများစွာကို စစ်ဆေးကြည့်ရှုနိုင်ခြင်းမရှိပေ။

ဆူဇီမို၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်နေပြီး သူတို့နှစ်ယောက်က သိပ်ဝေးဝေးမသွားရဲဘဲ အနီးနားနံရံအစပ်များကိုသာ စူးစမ်းရှာဖွေနေကြ၏။

ရုတ်တရက်ဆိုသလို...

မိုချင်က သူမ၏ ခြေလှမ်းကိုရပ်တန့်ပြီး ရှေ့မလှမ်းမကမ်းကို အာရုံစိုက်၍ ကြည့်လိုက်သည်။

အခြားတစ်ဘက်ရှိ နံရံအောက်မှာ ဝေဝါးသောပုံရိပ်တစ်ခုက ထိုင်နေပုံရလေသည်။

ထိုပုံရိပ်မှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ဘဲ သူက နှစ်ပေါင်းများစွာထဲက သေဆုံးသွားခဲ့ပြီးဖြစ်၏။

သူက သူ၏ လက်ထဲမှာ ပန်းချီကားကဲ့သို့ ပစ္စည်းတစ်ခုကို တင်းကျပ်စွာဆုပ်ကိုင်ထား၏။

သူမက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား မိုချင်က ယွင်ကျူးကိုဖေးမပြီး အကြောအခြင်တောင့်တင်းစွာဖြင့် ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်၏။

နီးကပ်လာသောအခါ မိုချင်သည် ထိုပုံရိပ်ကို ရှင်းလင်းစွာတွေ့မြင်သွားပြီး မှတ်မိသွားသည်။

သူမက သူ၏ မျက်ဝန်းထဲရှိ ဝမ်းနည်းမှုတစ်စွန်းတစ်စနှင့်အတူ ညင်သာစွာ သက်ပြင်းချလိုက်၏။

All Chapters