← Chapters

မျက်စိကန်းသွားခြင်း

Vol. 156 Ch. 2338

မျက်စိကန်းသွားခြင်း

Vol. 156 Ch. 2338

ယွင်ကျူးသည် မိုချင်၏ အမူအရာကို တွေ့မြင်သောအခါ သူမသည် အလောင်း၏ သရုပ်သကန်ကို ခန့်မှန်းမိသွားပြီး တီးတိုးမေးလိုက်၏။

“အဲ့ဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က စီနီယာယူတျောင်ဇီမလား”

“ဟုတ်တယ်”

မိုချင်က ရင်ထဲမှာ တင်းကျပ်လေးလံနေဆဲဖြစ်၏။

ယွင်ကျူးက နှစ်သိမ့်ပေးလိုက်၏။

“စီနီယာယူတျောင်ဇီက ဒီနေရာမှာ ကွယ်လွန်သွားခဲ့တယ်... ဒါပေမဲ့ သူ့ရဲ့အလောင်းက မမြှုပ်နှံရသေးဘူး နင်က ဒီကိုရောက်လာတယ်ဆိုတာ သူနဲ့ကံပါလာလို့ဖြစ်မယ်”

“ညီမ စီနီယာယူတျောင်ဇီရဲ့ အမွေအနှစ်ကို ဆက်ခံရင်း... နင်က ဒီအလောင်းကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဆီ ပြန်ယူသွားပြီး မြှုပ်နှံပေးလို့ရတာပဲ”

“သူက သူ့ရဲ့ဇာတိချက်မြှုပ်နေရာကို ပြန်သွားနိုင်မယ်ဆိုရင် အဲ့ဒါက သူ့ကိုနှစ်သိမ့်ပေးတာပဲ”

မိုချင်က ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... ငါက စီနီယာယူတျောင်ဇီရဲ့အလောင်းကို ပြန်ယူသွားရမယ်”

ခဏမျှရပ်တန့်ပြီးနောက် သူမက သက်ပြင်းချလိုက်၏။

“ဒါပေမဲ့... ငါက သူ့ရဲ့အမွေအနှစ်ကို ရရှိပြီး သူ့ရဲ့အလောင်းကို ပြန်ယူသွားမယ်ဆိုရင်တောင်မှ ငါတို့က ဒီနေရာကနေ မထွက်ခွာနိုင်တော့ဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် စီနီယာယူတျောင်ဇီရဲ့အလောင်းကို အရင်ဆုံးသိမ်းထားလိုက်”

ယွင်ကျူး၏ အကြည့်က အရိုးစု၏ လက်ထဲရှိ စာလိပ်ပေါ်သို့ ဆင်းသက်သွား၏။ သူက ညင်သာစွာ ပြောလိုက်၏။

“နှစ်ပေါင်းများစွာကြာပြီးတာ​တောင် ဒီစာလိပ်က အဝီစိရဲ့မိစ္ဆာချီနဲ့ တိုက်စားတာကို မခံရဘူးဆိုတော့... အဲ့ဒါက ရှားရှားပါးပါး ရတနာတစ်ခုဆိုတာ သိသာနေတာပဲ”

“အဲ့ဒါက သူ့ဘဝရဲ့နောက်ဆုံးအချိန်မှာ စီနီယာရေးဆွဲခဲ့တဲ့... နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာ ပန်းချီကား ဖြစ်လိမ့်မယ်”

မိုချင်က ပြောလိုက်၏။

“ငါသိပြီ”

ယွင်ကျူးက နားလည်သဘောပေါက်သွား၏။

မိုချင်က ရှေ့သို့တက်လှမ်းတော့မည့်ဆဲဆဲမှာပင် မကောင်းဆိုးဝါးဆန်ဆန် လေပြင်းတစ်ချက်က တိုက်ခတ်သွား၏။

တစ်ခဏချင်းမှာပင် ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုက သူတို့နှစ်ယောက်၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

အရိုးဖြူဂိုဏ်းမှ လူအိုကြီးအရိုးစု....။

“ရှင်ဘာလုပ်နေတာလဲ”

မိုချင်က မျက်မှောင်ကြုတ်၍မေးလိုက်၏။

လူအိုကြီးအရိုးစု၏ ပါးရေနားရေတွန့်နေသောမျက်နှာက အမူအရာကင်းမဲ့နေပြီး သူကပြန်မေးလိုက်သည်။

“နင်တို့နှစ်ယောက်ကရော ဘာလုပ်နေကြတာလဲ”

အရိုးမိစ္ဆာ ၁၄ဖော်ထဲမှ တချို့နှင့် မိစ္ဆာကျင့်ကြံသူတစ်ထောင်ကလည်း တဖြည်းဖြည်းစုဝေးရောက်ရှိရာလာပြီး ပြပွဲတစ်ခုကို စောင့်ကြည့်နေသည့်အလား တဟီးဟီးတဟားဟား ရယ်မောနေကြ၏။

“ဒီအလောင်းက ငါတို့ဂိုဏ်းရဲ့ စီနီယာတစ်ယောက်ပဲ”

မိုချင်က ပြောလိုက်၏။

“ငါက ဒီစီနီယာရဲ့အလောင်းကို မြှုပ်နှံဖို့အတွက် ဂိုဏ်းဆီကို ပြန်ယူသွားရမယ်”

“အို...”

လူအိုကြီးအရိုးစုက သူ၏ လေသံကို အနည်းငယ်မြှင့်ကာ ပြောလိုက်၏။

“ဟီးဟီး”

အရိုးမိစ္ဆာ ၁၄ ဖော်ထဲမှ တဏှာအရိုးမိစ္ဆာက ပြုံး၍ပြောလိုက်၏။

“အချောလေး... သူက နင်တို့ဂိုဏ်းက စီနီယာလို့ပြောလိုက်တာနဲ့ပဲ အဲ့လိုဖြစ်သွားရောလား”

“အဲ့ဒါဆိုရင် ငါပြောမယ်... သူက ငါ့အဖေပဲ”

ဘေးတစ်ဘက်မှာ မာန်မာနအရိုးမိစ္ဆာက အေးစက်စွာပြောလိုက်၏။

“ဒီအလောင်းရဲ့အသားတွေက ဆွေးရိသွားတာကြာခဲ့ပြီ... စုတ်ပြတ်သတ်နေတဲ့အဝတ်အစားတွေနဲ့ အရိုးစုတစ်ခုပဲ ကျန်တော့တယ်... သူက နင်တို့ဂိုဏ်းက စီနီယာဆိုတာ ဘယ်လိုသေချာပြောနိုင်မှာလဲ”

“ဘယ်သူမဆို အဲ့ဒါကို ပြောချင်တာပြောလို့ရတာပဲ”

ခြေမွှခြင်းအရိုးမိစ္ဆာကလည်း လှောင်ရယ်လိုက်သည်။

မိုချင်၏ စိတ်နေစရိုက်က ဘယ်လောက်ပင်ကောင်းမွန်သည်ဖြစ်စေ သူမသည် အဲ့ဒါကို ဆက်လက်၍သည်းမခံနိုင်တော့ပေ။

သို့သော်လည်း သူမက ​ဒေါသထွက်နေသည်ဆိုလျှင်တောင် သူမက အဲ့ဒါကို အရမ်းတင်းမာခက်ထန်စွာ ဖော်ပြလိမ့်မည် မဟုတ်ပေ။ သူမ၏ အမူအရာက အေးစက်သွားရုံမျှသာဖြစ်၏။

ဒီစီနီယာရဲ့လက်ထဲကပစ္စည်းက သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့ နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီပဲ... ဒီစာလိပ်က သူ့ရဲ့သရုပ်သကန်ကို သက်သေပြပေးနိုင်တယ်”

ထိုစကားကိုကြားသောအခါ ယွင်ကျူးက မျက်မှောင်ကြုတ်လိုက်၏။

စာလိပ်၏ မူလဇာစ်မြစ်ကို ထုတ်ဖော်ပြောဆိုခြင်းက စီနီယာယူတျောင်ဇီ၏ သရုပ်သကန်ကို သက်သေပြပေးနိုင်သော်လည်း တစ်ဘက်လူများက ဤရတနာကို ပို၍ပင်လုယူလာချင်ပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ယွင်ကျူးက ရုတ်တရက်ပြောလိုက်၏။

“နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီက ထူးခြားတဲ့ရေးဆွဲခြင်းနည်းစနစ်ကိုသုံးပြီး ရုပ်ပုံကားချပ်လေးခုကို ရေးဆွဲထားခဲ့တယ်”

“အခြားသူတွေရဲ့လက်ထဲမှာဆိုရင် အဲ့ဒါက အင်မော်တယ်ဘုရင်တစ်ပါးဆိုရင်​တောင်မှ သူတို့က ဘယ်လိုရေးဆွဲရမလဲမသိရင် သူတို့က အဲ့ဒါနဲ့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ယွင်ကျူး၏ စကားအဓိပ္ပါယ်က ရှင်းသည်။

နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားသည် အခြားသူများ၏ လက်ထဲမှာ ပန်းချီကားတစ်ချပ်မျှသာဖြစ်နေလိမ့်မည်ဟု သူမက အရိုးဖြူဂိုဏ်းမှမိစ္ဆာများကို ပြောဆိုနေခြင်းဖြစ်၏။

သူမက ပေါက်တက်ကရလျှောက်ပြောနေခြင်းမဟုတ်ဘဲ အဲ့ဒါက အမှန်တရားဖြစ်၏။

“အဲ့လိုလား”

​တောကောင်အရိုးမိစ္ဆာက မျက်လုံးစွေကြည့်လိုက်၏။

“ဒီပန်းချီကားထဲကပုံတွေက ဘယ်လောက်တောင်မိုက်သလဲ ငါကြည့်ရသေးတာပေါ့”

ထိုသို့ပြောရင်း တောကောင်အရိုးမိစ္ဆာက ယူတျောင်ဇီ၏ အလောင်းဘေးသို့ ရောက်ရှိလာခဲ့ပြီး ကိုယ်ကိုကိုင်းညွှတ်ကာ နတ်ဘုရားတ​စ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားကို ကောက်ယူဖို့ပြင်လိုက်၏။

သူက အဲ့ဒါကို ညင်သာစွာဆွဲယူလိုက်သော်လည်း အဲ့ဒါက တုတ်တုတ်မျှလှုပ်မလာပေ။

ယူတျောင်ဇီက သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူ၏ ပန်းချီကားက နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္တာပန်းချီကားကို တင်းကျပ်စွာဆုပ်ကိုင်ထားဆဲဖြစ်၏။

သူသည် အဝီစိကိုဝင်ရောက်ခြင်းဖြင့် သေကြေပျက်သုဥ်းရဖို့များသည်ကို သိရှိထားတာတောင် သူက ဤနေရာသို့ ရောက်လာပြီး နောက်ဆုံး တစ္ဆေကားချပ်ကို ပြီးမြောက်အောင်ရေးဆွဲခဲ့သည်။

သူက ဤပန်းချီကားကို ဘယ်လောက်တောင်တန်ဖိုးထားသလဲ သိသာနေ၏။

နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားမှာ သူ၏ အမွေအနှစ်၊ ဓမ္မတာအိုနှင့် သူ၏ ကြိုးစားပမ်းစား အားထုတ်မှုများပါဝင်နေ၏။

“ဟားဟားဟားဟား”

ဘေးဘက်မှာရှိသော အရိုးမိစ္တာတချို့က တောကောင်အရိုးမိစ္ဆာ၏ အခြေအနေကို တွေ့မြင်သောအခါ ဟားတိုက်ရယ်မောလိုက်ကြ၏။

တောကောင်အရိုးမိစ္ဆာက ရှက်သွားပြီး သူ၏ ရင်ထဲမှာ တင်းမာခက်ထန်သွားသည်။

ကြောက်စရာကောင်းသော အမူအရာတစ်ခုနှင်အတူ သူကရှေ့သို့ခြေတစ်လှမ်းထိုးပြီး ယူတျောင်ဇီ၏ အလောင်းမှ လက်ကောက်ဝတ်နေရာကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။

​ဖြောက်...

ယူတျောင်ဇီ၏ လက်ကောက်ဝတ်က တောကောင်အရိုးမိစ္ဆာ၏ ​ခြေနင်းချက်ဖြင့် ကျိုးပဲ့သွားသည်။

ယူတျောင်ဇီက အရင်တုန်းက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ခဲ့သည်ဆိုလျှင်တောင် သူသည် နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် အချိန်၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိတော့ပေ။

ဒါ့အပြင် သူသည် အချိန်တိုင်း အဝီစိမိစ္ဆာချီဖြင့် တိုက်စားခံထားရ၏။

“နင်... “

မိုချင်က ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်၍ ဒေါသချောင်းချောင်းထွက်သွား၏။

သို့သော်လည်း လူအိုကြီးအရိုးစု၊ အရိုးမိစ္ဆာတချို့နှင့် မိစ္ဆာကျင့်ကြံသူတစ်ထောင်က သူမ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးထားပြီး သူမက သူတို့ကို လုံးဝမဖြတ်ကျော်နိုင်ပေ။

ယွင်ကျူးက မိုချင်၏ လက်ကောက်ဝတ်ကို ညင်သာစွာဖမ်းဆွဲပြီး သူမ၏ ခေါင်းကို ညင်သာစွာခါပြကာ မဆင်မခြင်မပြုမူဖို့ အချက်ပြနေ၏။

မိုချင်က အေးစက်နေသောအကြည့်ဖြင့် တောကောင်အရိုးမိစ္ဆာကို ကြည့်နေ၏။

သူမသည် ပန်းချီရေးဆွဲခြင်းမှာသာ စွဲလမ်းနစ်မျောနေတတ်ပြီး အခြားသူများနှင့် တိုက်ခိုက်လေ့မရှိပေ။

သူမသည် သူမရှေ့မှ တောကောင်အရိုးမိစ္ဆာကို သတ်ဖြတ်ချင်နေသည့် ယခုကဲ့သို့ အခိုက်အတန့်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

တောကောင်အရိုးမိစ္ဆာက လှောင်ရယ်လိုက်ပြီး နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားကို ရရှိပြီးနောက် အဲ့ဒါကို ဖြန့်လိုက်၏။

ပန်းချီကား၏ လေးပုံတစ်ပုံကို ဖြန့်မိလိုက်သည့်ခဏမှာပင် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိသော ပုံရိပ်တစ်ခုက ၎င်းပေါ်မှာ ပေါ်ထွက်လာ၏။

သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းများဖြင့် ပြည့်နှက်နေပြီး တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ တောကောင်အရိုးမိစ္ဆာကို စူးစူးရဲရဲစိုက်ကြည့်နေ၏။

“အား...”

တောကောင်အရိုးမိစ္ဆာက ပန်းချီကားပေါ်ရှိပုံရိပ်နှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သူ၏ အမူအရာက ပြောင်းလဲကာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူ၏ မျက်လုံးများက ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။

သူ၏ မျက်နှာပေါ်တွင် အလွန်တရာကြောက်စရာကောင်းသော သွေးသံရဲရဲအပေါက်နှစ်ပေါက်သာလျှင် ကျန်ရစ်ခဲ့လေသည်။

တောကောင်အရိုးမိစ္ဆာက နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားကို အလိုလိုပစ်ချလိုက်၏။

လူအိုကြီးအရိုးစုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး သုန်မှုန်နေသောအမူအရာဖြင့် ရှေ့သို့တက်လှမ်းကာ ပန်းချီကားကို အလောတကြီးပြန်လိပ်လိုက်၏။

“အား.. အား... အား...”

​တောကောင်အရိုးမိစ္ဆာက လက်နှစ်ဖက်ဖြင့် သူ၏ မျက်လုံးများကိုအုပ်ကိုင်ထားပြီး သူ၏ လက်ချောင်းများကြားကနေ သွေးများကစီးကျနေကာ စူးစူးဝါးဝါးအော်ဟစ်နေ၏။

သူတို့က အပြင်မှာသာဆိုလျှင် ပကတိမိစ္ဆာများသည် ဤကဲ့သို့သောဒဏ်ရာများကနေ တစ်ခဏချင်းမှာပင် ပြန်လည်သက်သာကောင်းမွန်နိုင်၏။

သို့သော်လည်း အဝီစိသည် သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်ပြီး ကောင်းကင်​နှင့် မြေကြီးအမြုတေချီကို ပိုင်းခြားထား၏။

လူတစ်ယောက်၏ မျက်လုံးများက စုတ်ပြဲသွားပြီး သူတို့က မျက်စိကန်းသွားမည်ဆိုလျှင် သူတို့သည် ဤပုံစံအတိုင်းဆက်ရှိနေပေလိမ့်မည်။

“နင်က အဲ့ဒါနဲ့တန်တယ်”

မိုချင်က အေးစက်စွာပြောလိုက်၏။

“အား... ခွေးမ နင်ငါ့ကိုဘယ်လိုတောင် ထိခိုက်အောင်လုပ်ရဲတာလဲ ငါနင့်ကိုသတ်မယ်”

တောကောင်အရိုးမိစ္ဆာ​က သူ၏ လက်နှစ်ဖက်ကိုဝေ့ယမ်းပြီး မိုချင်၏ အသံလာရာဘက်သို့ ပြေးဝင်သွားသည်။

လူအိုကြီးအရိုးစုက မလှမ်းမကမ်းမှာရှိသော ဂိုဏ်းချုပ်အရိုးဖြူကို တစ်ချက်လှမ်းကြည့်လိုက်၏။

ဂိုဏ်းချုပ်အရိုးဖြူက သူ၏ ခေါင်းကို ညင်သာစွာ ​ခါပြလိုက်၏။

လူအိုကြီးအရိုးစုက နားလည်သဘောပေါက်သွားပြီး သူ၏ ပိန်လှီနေသောလက်ဖြင့် ခွန်အားများစွာစိုက်ထုတ်ခြင်းမရှိဘဲ တောကောင်အရိုးမိစ္ဆာကို တားဆီးထားလိုက်၏။

“အဲ့ဒါကို သည်းခံလိုက်... ဂိုဏ်းချုပ်ရဲ့ရှေ့မှာ မင်းကိုယ်မင်း အရှက်ခွဲမနေနဲ့”

ဂိုဏ်းချုပ်ဟူသောစကားကိုကြားချိန်မှာ တောကောင်အရိုးမိစ္ဆာက ဆတ်ခနဲတုန်ယင်သွားပြီး သည်းထန်စွာမောဟိုက်နေကာ သူ၏ စိတ်က တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာခဲ့၏။

လူအိုကြီးအရိုးစုက နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားကို ဂိုဏ်းချုပ်အရိုးဖြူထံသို့ ယူဆောင်သွားပြီး ရတနာကို ကမ်းပေးဖို့ပြင်လိုက်၏။

“နင်တို့တွေဘာလုပ်နေကြတာလဲ”

မိုချင်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လူအိုကြီအရိုးစုကိုတားကာ လေးနက်သောအသံဖြင့်ပြောလိုက်၏။

“နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားကို ငါ့ကိုပြန်ပေး... အဲ့ဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ အပိုင်ပဲ”

“သူ့ရဲ့စကားကို ငါသက်သေထူပေးနိုင်တယ်”

ထိုစဥ်မှာပင် ရှဲ့ထျန်ဟုန်က ရှေ့သို့ထွက်ပြီး ထုတ်ဖော်ပြောဆိုလိုက်၏။

“နတ်မိမယ်မိုချင်က မဟာနတ်မိမယ်လေးပါးထဲက တစ်ပါးပဲ... သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ပန်းချီအင်မော်တယ်ပဲ... ဒီနတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ပိုင်တယ်ဆိုတာ တကယ်ပဲ ဟုတ်တယ်”

“တခြားသူတွေက ဒီပန်းချီကားကို နားလည်သဘောပေါက်မှုရှိချင်မှရှိလိမ့်မယ်... နတ်မိမယ်မိုချင်တစ်ယောက်တည်းကပဲ အဲ့ဒါကို ကောင်းကောင်းအသုံးချနိုင်လိမ့်မယ်”

မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါး ပန်းချီအင်မော်တယ်မိုချင်...။

ထိုစကားကို ကြားသောအခါ အရိုးဖြူဂိုဏ်းမှ မိစ္ဆာများ၏ မျက်လုံးများက ဝင်းလက်သွားကြသည်။

All Chapters