အခန်း (၂၄၁-၂၄၄)
Vol. 16 Ch. 241-244
သားရဲလေ့ကျင့်သူ
အပိုင်း၂၄၁
ကပ်ဆိုးကြီးမှစ၍ကမ္ဘာသည်ပို၍ကြီးမားသောနေရာတစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘာ၏ ထောင့်တစ်နေရာမှတစ်ခြားတစ်နေရာသို့ သွားလာရန်လည်းခက်ခဲလာသည်။
ဒါကဟွားရှားမှာနိုင်ငံခြားသားတွေကိုအများကြီးမတွေ့ရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်သည်။
ကောင်းဖန်၏နောက်တွင်တစ်စုံတစ်ခု ‘ရှုးရှုးရှဲရှ’ အသံမြည်နေသည်၊ လှည့်ကြည့် လိုက်တော့, ကြီးမားသောအနက်ရောင်အန်ဒါကွန်ဒါမြွေနှင့်အတူသူ့ကိုယ်သူ မျက်နှာချင်းဆိုင်နေသည်ကိုတွေ့လိုက်ရသည်။
ကောင်းဖန်ကနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
“မင်းငါ့ကိုနှလုံးရောဂါရအောင်များလုပ်နေတာလား?” ကောင်းဖန်ကကျွင်းမော့ယီကို ပြောလိုက်သည်။
ကျွင်းမော့ယီကသူမ၏ အနက်ရောင်အန်ဒါကွန်ဒါမြွေ၏ဘေး၌ရပ်နေရင်း သောက်စရာ အိတ်နှစ်အိတ်ကိုကိုင်ထားပြီး လက်ထဲတွင်မုန့်များလည်းကိုင်ထားသည်။
သူမကကောင်းဖန်ကို စူးစမ်းလျက်ကြည့်ကာပြိုင်ပွဲဝင်မဟုတ်သူတစ်ဦးက ဤနေရာသို့ဘယ်လိုဝင်ရောက်လာနိုင်လဲဆိုတာကိုအံ့ဩနေမိသည်။ ထို့နောက် သူမက သူ့ကိစ္စလည်းမဟုတ်ကြောင်းဆုံးဖြတ်ကာ ရိုးရိုးတန်းတန်းပင်ဖြတ်သွား တော့သည်။
ကောင်းဖန်ကတောင်ပေါ်အိမ်ကြီးများကြားတွင် ဆက်လက်လျှောက်သွားနေခဲ့သည်၊ သူ့လမ်းကြောင်းမှာသားရဲရှိသူတစ်ယောက်ကိုတွေ့တိုင်း ဒေတာဇယားထဲမှသူတို့၏ အချက်အလက်များကိုရှာဖွေပြီး သူတို့၏အားသာချက်နှင့်အားနည်းချက်တွေကို အလွတ်ကျက်ဖို့ကြိုးစားသည်။
ဒါကိုစူးစမ်းချင်စိတ်ကြောင့်ဘဲလုပ်တာပါနော်, သူ့ကိုယ်သူတွေးလိုက်သည်။
သားရဲများသည်သဘာဝအလျောက်တိရိစ္ဆာန်များဖြစ်ကြသော်လည်း, လူသားများနှင့် ကာလကြာစွာအတူယှဉ်တွဲနေထိုင်ခဲ့ခြင်းက ၎င်းတို့ကိုတောရိုင်းတိရိစ္ဆာန်များထက် ရိုင်းစိုင်းမှုနည်းပါးစေသည်။
ဖတ်! သိပ်မဝေးသည့်နေရာတွင်, လေးပေမြင့်သောမြွေကဲ့သို့သတ္တဝါတစ်ကောင်သည် ရုတ်တရက်ခုန်အုပ်လိုက်ပြီး မျက်နှာကိုရိုက်လိုက်ကာ ကုတ်ခြစ်ရာသုံးခုကိုချန်ထားခဲ့ သည်။
မြွေက၂၆ပေလောက်ရှည်လျားပြီး,၎င်း၏ခန္ဓာကိုယ်ကအစိမ်းရောင်ဖြစ်ကာ တစ်ခုချင်းထပ်နေသောအကြေးခွံများဖြင့်ဖုံးထားသည်။
[မကောင်းဆိုးဝါးအမည်]-နတ်ဆိုးမြွေနဂါး
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၉
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-အဆိပ်အာနိသင်အဆင့်၁
[မကောင်းဆိုးဝါးစွမ်းရည်]-အဆိပ်
[မကောင်းဆိုးဝါးအားနည်းချက်]-၁-အမှောင်အမျိုးအစား,၂-ကျောက်စိမ်းပင့်ကူပင်၏ သစ်ရည်သည်၎င်း၏နှာခေါင်းပေါက်ကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။
နတ်ဆိုးမြွေနဂါးသည်သူ၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်ပြီး အဆိပ်အခိုးအငွေ့များကို လေထဲသို့လွှင့်ထုတ်လိုက်ပြီးနောက်, ၎င်းကိုတိုက်ခိုက်သောခွေးတူဝက်တူ၏ ရှေ့သို့တိုးလိုက်သည်၊ သို့သော်, ၎င်းကလွဲချော်သွားသည်။
အဆိပ်အခိုးအငွေ့များခွေးတူဝက်တူ၏သားမွှေးပေါ်သို့ အန္တရာယ်မရှိသော အရည်အမှုန်များအဖြစ်သို့ပေါင်းစပ်သွားသည်။ အဖြူရောင်မီးခိုးငွေ့များသည်လေထဲမှ မြေပြင်ပေါ်သို့ကျသွားသည်။
[မကောင်းဆိုးဝါးအမည်]-ရွှေရောင်ကျောပြင်ခွေးတူဝက်တူ
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၇
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-အဆိပ်ပြီးခြင်းအဆင့်၂
[မကောင်းဆိုးဝါးစွမ်းရည်]-ရွှေ
မိနစ်ဝက်လောက်ကြာပြီးနောက်, အလုပ်သမားနှစ်ယောက်ကထိုဖြစ်ပျက်သည့်နေရာ သို့ရောက်လာပြီးသားရဲနှစ်ကောင်၏တိုက်ခိုက်မှုကြားတွင်ရပ်တန့်ရန်ကြိုးစားကြသည်၊
ကောင်းဖန်ကကော်ရစ်ဒါတွင်ရပ်နေသည်ကိုသတိထားမိတော့, အလုပ်သမား တစ်ယောက်ကမေးလိုက်သည်, “သူတို့ကမင်းရဲ့သားရဲတွေလား?”
“ဟင့်အင်း” ကောင်းဖန်ကသူ့ခေါင်းကိုယမ်းကာပြောလိုက်သည်။
ကောင်းဖန်ကိုလျစ်လျူရှုလိုက်ကာ, အလုပ်သမားသည် ၎င်းတို့၏လေ့ကျင့်သူများကို ရှာဖွေနေစဉ် ခွေးတူဝက်တူနှင့် နတ်ဆိုးမြွေနဂါးတို့ကိုဝေးကွာအောင်ထားရန် အလုပ်သမားများအား၎င်းတို့၏သားရဲများကိုအမိန့်ပေးခိုင်းလိုက်သည်။
ခွေးတူဝက်တူသည်ဒဏ္ဍာရီထဲတွင်ဖော်ပြထားသည့်အတိုင်း, ကြောက်စရာကောင်းကြ သည်။
ကောင်းဖန်က လေးပေမြင့်သောသတ္တဝါသည်မြွေနဂါးအားဦးစွာတိုက်ခိုက်သည်ကို မြင်တာဖြစ်သည်။ မြွေနဂါးသည်ပြင်းရိစွာဖြင့်နေရောင်အောက်တွင်နေပူစာလှုံနေရင်း ရုတ်တရက်ခွေးတူဝက်တူကမြက်ခင်းထဲမှခုန်ထွက်လာကာ ၎င်း၏မျက်နှာကိုလွှဲရိုက် လိုက်တာဖြစ်သည်။
တစ်စုံတစ်ဦးမှအကြောင်းပြချက်မရှိဘဲ၎င်းတို့ကိုတိုက်ခိုက်ခြင်းဖြင့် ၎င်းတို့၏နေပူစာ လှုံနေခြင်းကိုနှောက်ယှက်ပါကမည်သူမဆိုဒေါသဖြစ်မိလိမ့်မည်ဖြစ်သည်။
ခွေးတူဝက်တူတစ်ကောင်၏ညံ့ဖျင်းသောအမြင်အာရုံသည်၎င်း၏ရန်လိုသောအပြုအမူ နောက်ကွယ်မှအကြောင်းအရင်းဖြစ်သည်ဟုဆိုကြသည်။ ခွေးတူဝက်တူအတွက်, ခြင်္သေ့တစ်ကောင်သည်ကြောင်တစ်ကောင်ကဲ့သို့ပေါ်နေပြီး, မြွေတစ်ကောင်သည် တီကောင်ထက်ပို၍အန္တရာယ်မရှိဘူးလို့မြင်နေမည်ဖြစ်သည်။
ခွေးတူဝက်တူသည် နတ်ဆိုးမြွေနဂါးကဲ့သို့အဆိပ်အမျိုးအစားရှိသောသတ္တဝါများထက် ကြီးမားသောအားသာချက်ရှိမည်ဖြစ်သော်လည်း ၎င်း၏အဆိပ်ခုခံနိုင်စွမ်းကြောင့် ၎င်းထက်ပိုကြီးပြီးသန်မာသောသတ္တဝါများနှင့်တွေ့ဆုံရာတွင်တော့ခက်ခဲလိမ့်မည်ဖြစ် သည်။
ကောင်းဖန်သည်ထိုနေရာရှိသားရဲများ၏ဒေတာအချက်အလက်များကိုစစ်ဆေးပြီး နောက်ထိုနေရာမှထွက်ခွာခဲ့တော့သည်။
ပထမတော့ကောင်းဖန်ကဒီကိုလာဖို့ချီတုံချတုံဖြစ်နေခဲ့တာဖြစ်သည်။ အထူးသဖြင့်, အထက်တန်းကျောင်းသားတွေစိတ်ပူပန်နေတဲ့အချိန်, ခုန်ပေါက်သွားလာနေသော မြင်းနက်များလည်းရှိနေမည်ဖြစ်သည်။နောက်ဆုံးတော့, အထက်တန်းကျောင်းသား များသည် ချီတျန်းကဲ့သို့သောကပ်ဆိုးကြီး၏အကြိုဇာတ်လမ်းများထုတ်ဝေမှုတွင်ပင် အဓိကဇာတ်ဆောင်များဖြစ်ကြသည်။ သို့သော်လည်းကောင်းဖန်သည်အနည်းငယ်မျှ တွေ့ခဲ့ရပြီး၎င်းတို့အနက်မှမည်သူကမျှသူ့ကိုခြိမ်းခြောက်နိုင်မည့်ပုံမပေါ်သောကြောင့် သူသည်တောင်ပေါ်အိမ်ကြီးများမှ ခြေလှမ်းများကျော်လှမ်းကာပင်ထွက်သွားခဲ့သည်။
ကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံပြိုင်ပွဲနေ့ဝင်, ခြောက်လကြာတည်ဆောက်ထားသော စင်ပေါ်မှပြိုးပြိုးပြက်ပြက်အလင်းတန်းများဖြင့်လင်းလက်တောက်ပနေသည်။
နေရာတစ်ခုလုံးသည်ဘောလုံးကွင်းကဲ့သို့ကျယ်ဝန်းသည်၊ ပရိသတ်များဘေးကင်းစေဖို့ အတွက်ကွင်းတစ်ဝိုက်တွင်ကျည်ကာဖိုက်ဘာမှန်နံရံရှစ်ခုအလွှာကိုစိုက်ထူထားသည်။ ခံများပေါ်တွင်ခေါင်မိုးတစ်ခုစီတပ်ထားသည်၊သို့မှသာ, ထိုနေရာသည်ဒြပ်စင်များဖြင့် လုံးဝထိမှန်မှုမရှိမည်ဖြစ်သည်၊ လေးစားထိုက်သောသားရဲလေ့ကျင်သူတိုင်းသည် မည်သည့်အခြေအနေကိုမဆိုသူတို့ကိုယ်သူတို့နေသားတကျဖြစ်အောင်နေနိုင်သည်။
ကြီးမားသောမှန်ပြင်လေးခုသည်လေထဲတွင်လွှင့်တင်ထားသည်။
ကွင်းပြင်ကိုကျောက်စိမ်းဖြူနှင့်မီးသင့်ကျောက်နက်တို့ကိုရော၍ဖုံးအုပ်ထားခြင်းဖြစ် သည်။ ထိုပေါင်းစပ်မှုကကွန်မန်ဒါအဆင့်သားရဲများ၏တိုက်ခိုက်မှုများကိုခံနိုင်ရည် ရှိလောက်အောင်ခိုင်ခံ့သည်။ ၎င်း၏သိပ်သည်းဆမြင့်မားမှုသည်သိမ်းယူခြင်းနှင့် ပုံဖော်မှုခက်ခဲပြီးဈေးကြီးရခြင်း၏အကြောင်းလည်းဖြစ်သည်။
ဤပစ္စည်းကိုအသုံးပြုရခြင်းသည် ဟွားရှားနယ်ပယ်၏ကြွယ်ဝမှုနှင့်ဩဇာလွှမ်းမိုးမှုကို ကိုယ်စားပြုချင်ရုံသာမက ထိုအရေးကြီးသောအချိန်အခါတွင်ဟွားရှားနယ်ပယ်ကို မည်မျှပင်အလေးထားကြောင်းကိုလည်းဖော်ပြသည်။
မနက်ခုနှစ်နာရီထိုးတော့ ပရိတ်သတ်များသည်ကွင်းထဲ၌စပြီးစုဝေးနေကြပြီဖြစ်သည်။
ကျောက်စိမ်းဖြူနှင့်မီးသင်းကျောက်ကြွေပြားများသည်နံနက်ခင်းအလင်း၌တောက်ပ နေသည်။
ပွဲကြည့်ပရိတ်သတ်တွေပြည့်နှက်နေတာကြောင့် နေရာကပိုပြီးအသံကျယ်လာသည်။
နေရာ၏အနီးတဝိုက်တွင်သတင်းထောက်များကသတင်းပေးပို့နေသည်ကိုလည်း တွေ့ရသည်။
“ဒါကတော့ရှီးနန်သတင်း ဟန်ယွမ်ကျန့်ကနေ ကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံ ပြိုင်ပွဲအကြောင်းကိုတိုက်ရိုက်တင်ဆက်နေတာဘဲဖြစ်ပါတယ်၊ မင်းတို့မြင်ကြတဲ့ အတိုင်းငါ့နောက်ကလူအုပ်ကြီးကတိုးလာနေကြတယ်….”
“ဒါကပဟေဠိမြို့တော်သတင်းကပါ၊ ပရိတ်သတ်တွေကရင်တထိတ်ထိတ်နဲ့ ပွဲစချိန်ကို စောင့်မျှော်နေကြပါတယ်…”
နာရီဝက်အကြာတွင်ကြီးမားသောကုန်တင်ကားကြီးများသည်အားကစားဝန်းအတွင်း၌ ရပ်သွားကြသည်၊ ထို့နောက်ပြိုင်ပွဲဝင်များသည်၎င်းတို့၏သားရဲများနှင့်အတူ တောက်ပသောယူနီဖောင်းအရောင်များဖြင့်ထွက်လာကြသည်။
အချို့ကရက်စက်ပုံရသည်, အချို့ကရည်မွန်ပုံပေါက်သည်, ပြီးတော့တစ်မျိုးက အနည်းငယ်စိတ်လွတ်လပ်နေပုံရသည်။
အယ်ဘိုင်နိုလူဝံသည်စိတ်လှုပ်ရှားစွာဖြင့်ကွင်းအတွင်းသို့ဝင်လာပြီး ၎င်းဝတ်ဆင်ထား သည့်ခေါင်းစွပ်ကိုဖယ်ရှားလိုက်ကာ, ကွယ်ထားသောအစိတ်အပိုင်းများကိုလူထုအား ပြသလိုက်သည်။
“အန်ဒရူး, ငါတို့ကအခုကမ္ဘာလုံးဆိုင်ရာထုတ်လွှင့်မှုအစီအစဉ်မှာရောက်နေတာနော်၊ မင်းရဲ့သားရဲကိုထိန်းချုပ်ထားလို့ရနိုင်မလား?” တင်းတိပ်များနှင့်ဆံပင်ရွှေအိုရောင် ရှိသောကောင်လေးကိုမိန်းကလေးကပြောလိုက်သည်။
ကောင်လေး၏နာမည်ကအန်ဒရူးဖြစ်ပြီး သူ့သားရဲကိုမြန်မြန်ပြန်ဆွဲကာတီးတိုး ပြောလိုက်သည်, “ဘုရင်ဖြူ, ကိုယ်ကိုယ့်ကိုဣန္ဒြေရရနေ”
အယ်ဘိုင်နိုလူဝံကခေါင်းကိုကုတ်လိုက်သည်၊ သူတစ်ခုခုများမှားသွားလို့လား?
ပြိုင်ပွဲဝင်များကွင်း၏အစွန်းပိုင်းရှိစောင့်ဆိုင်းသည့်ဧရိယာသို့ဝင်ရောက်လာကြသည်၊
အားကစားကွင်းအပေါ်ရှိဖန်သားပြင်ကြီးပေါ်တွင်အီလက်ထရွန်နစ်နာရီ၏နာရီလက်တံ သည်ယခုတွင်နံပါတ်ရှစ်အားညွှန်ပြနေသည်။
ခေါင်းလောင်းသံများသည်အထက်မှတဟုန်ထိုးမြည်နေသောဒရမ်သံများနှင့် ငြိမ့်ညောင်းသောသံစဉ်တို့နှင့်အတူလိုက်၍ ကွင်းပြင်အတွင်းသို့ပျံ့နှံ့သွားတော့သည်၊
“မင်္ဂလာမနက်ခင်းပါ, လူကြီးမင်းတို့ခင်ဗျ၊ ပထမဆုံးကမ္ဘာ့လူငယ်လေ့ကျင့်သူချန်ပီယံ ပြိုင်ပွဲကနေကြိုဆိုပါတယ်” စင်ပေါ်မှပေါ်လာသောအစီအစဉ်တင်ဆက်သူက ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၄၂
စင်ပေါ်မှပရိတ်သတ်တို့၏အားပေးသံများနှင့်လက်ခုပ်သံများမြင့်တက်လာသည်၊ အစီအစဉ်တင်ဆက်သူကဆက်ပြောလာသည်, “ဒီနေ့ကမ္ဘာ့လူငယ်လေ့ကျင့်သူ ချန်ပီယံပြိုင်ပွဲမှာ မျိုးဆက်သစ်သားရဲလေ့ကျင့်သူတွေအများအပြားပါဝင်ခွင့်ရတဲ့ အတွက်အလွန်ကိုဝမ်းမြောက်မိပါတယ်ဗျာ၊ အကယ်၍မင်းတို့အားလုံးငါ့ကို အချိန်နည်းနည်းကြာကြာလေးပေးပြီး ပြိုင်ပွဲရဲ့စည်းမျဉ်းတွေကိုရှင်းပြခွင့်ပြုပါ….”
ဒိုင်လူကြီးများနားနေရာနေရာတွင်, ကောင်းဖန်ကသမ်းဝေလိုက်သည်။
သူနှင့်အတူနောက်ထပ်ဒိုင်လူကြီးနှစ်ယောက်လည်းရှိနေသေးသည်၊ သူတို့နှစ်ယောက် ကသားရဲလေ့ကျင့်သူအဖွဲ့ချုပ်မှထိပ်တန်းသားရဲလေ့ကျင့်သူများဖြစ်ကြပြီး ဧကရာဇ်အဆင့်သားရဲပိုင်ဆိုင်ထားသူများ လည်းဖြစ်ကြသည်။
ကောင်းဖန်ကပြိုင်ပွဲစည်းမျဉ်းတွေကိုအနှောက်အယှက်ခံပြီးနားပင်ထောင်မနေတော့ ပေ။
ဒိုင်လူကြီးများနှင့်ပတ်သတ်ပြီးသူသိထားရမည့်အချက်က နှစ်ဖက်စလုံးမှစည်းမျဉ်း စည်းကမ်းများကိုလိုက်နာကြောင်းသေချာသိနိုင်စေရန်ဖြစ်သည်။ သူမထွက်လာခင်မှာ သူ့အဘိုးကဒိုင်လူကြီးတာဝန်ကိုအလေးအနက်ထားသင့်တယ်လို့ကောင်းဖန်ကို သတိပေးခဲ့သည်။
“ဟွားရှားမှာ ငါတို့ကဒီလိုအရာမျိုးတွကိုပွင့်လင်းမြင်သာစွာဘဲလုပ်ဆောင်ပြီး လက်သီးပုန်းလှည့်ကွက်လိုအရာတွေကိုအသုံးမပြုတာကို လူအားလုံးကိုပြလိုက်၊ ငါတို့ရဲ့အရှုံးတွေကိုလည်းတခြားဒေသတွေလိုမျိုးများစွာသောကျက်သရေရှိမှု, ဂုဏ်ရှိမှုတွေနဲ့အတူ လက်ခံနိုင်တယ်ဆိုတာကိုပြရမယ်”
ကောင်းဖန်ကသူ့အဘိုး၏စကားလုံးများထဲတွင်အမှားအယွင်းကိုရှာမတွေ့ပေ၊ အကယ်၍ဟွားရှားအဖွဲ့ကရှုံးခဲ့လျှင်, သူတို့ကနောက်ထပ်ချန်ပီယံပြိုင်ပွဲအတွက် ကြိုးစားလို့ရသေးသည်။
ပြီးတော့, ဒိုင်တစ်ယောက်အနေဖြင့်, သူကစည်းမျဉ်းတွေကိုအသေးစိတ်ကျကျသိရန် မလိုအပ်ပေ။ သူကပါဝင်ယှဉ်ပြိုင်တဲ့သားရဲတွေကပြိုင်ပွဲအပြီးမှာဆိုးဝါးစွာ ဒဏ်ရာမရစေရန်သေချာဖို့သာ လိုအပ်သည်။
ပြိုင်ပွဲဝင်များသည် ၎င်းတို့ကိုယ်စားပြုသည့်ဒေသအလိုက် ပိုင်းခြားထားသည့် စောင့်ဆိုင်းနေရာများသို့ဝင်ရောက်လာကြသည်။
ဟွားရှားအပိုင်းတွင်, ပြိုင်ပွဲဝင်များ၏စည်းမျဉ်းများကိုနားထောင်ပြီး,ဟန်လဲ့က သက်ပြင်းချကာသူ့အသင်းသားတွေကိုပြောလိုက်သည်, “မင်းတို့အားလုံးစိတ်လှုပ်ရှား နေကြလား?”
သူတို့အားလုံးထဲကတစ်ယောက်မျှပင်ပြန်ပြီးမတုန့်ပြန်ပေ၊ တစ်ချို့ကသူတို့၏ စိတ်လှုပ်ရှားမှုတွေကိုတည်ငြိမ်စေရန် ပါးစပ်ထဲတွင်တစ်ခုခုထည့်၍ဝါးနေကြသည်။ တစ်ချို့ကတော့ရိုးရိုးရှင်းရှင်းပင်ဆိုဖာပေါ်၌သူတို့၏နားကြပ်များကိုတပ်၍နားထောင် နေကြသည်၊ တစ်ချို့ကတော့သူတို့၏ဖုန်းနှင့်မျက်လုံးကိုပင်ကပ်ကာကြည့်နေကြသည်၊
ဟန်လဲ့ကဒီလိုဖြစ်နေမှုအတွက် အနည်းငယ်စိတ်မသက်မသာဖြစ်သလိုခံစားလိုက်ရ သည်၊ သူ့အသင်းဖော်တွေက သူ့နဲ့ပတ်သက်ပြီးသိပ်မတွေးသည့်အကြောင်းမှာ သူကအဖွဲ့ထဲတွင်အစားထိုးဝင်သည့်တစ်ယောက်တည်းသောလူဖြစ်သောကြောင့်ဖြစ် သည်။
ဆိုတော့, ငါကအစားထိုးဆိုတော့ရောဘာဖြစ်လဲ? ထက်မြက်တဲ့အရည်အချင်းတွေရှိတဲ့ အဖွဲ့မျိုးဖြစ်အောင်ငါလုပ်ခဲ့တာလေ၊ အများစုကတော့သူ့ထက်အဆင့်မြင့်နိုင်ပေမယ့်, ကံကောင်းခြင်းကတော့ဘာမှလုပ်လို့မရဘူးလို့ဘယ်သူကပြောလဲ?
ဟန်လဲ့ကသူ့၏အာရုံကိုကွင်းပြင်ထဲတွင်ဘာတွေဖြစ်နေပြီလဲဆိုတာကိုထုတ်လွှင့်သောတီဗွီဆီသို့ပြန်လှည့်လိုက်သည်။
ငါဘယ်လောက်တောင်ပြောင်းလဲသွားပြီလဲဆိုတာမင်းကိုပြမယ် ဟန်လဲ့ကသူ့ကိုယ်သူ ကျိန်ကာပြောလိုက်သည်။
ကောင်းဖန်ကအဖွဲ့မှအနားယူလိုက်ပြီးနောက်, သူ့အဖေဟန်ယွမ်မင်းသည်ဟန်လဲ့အား အသင်းသို့ခေါ်ဆောင်ရန်အတွက်ကြိုးများဆွဲပေးခဲ့သည်၊ သို့သော်ထိုအချိန်က လူများသည်သူ့အကြောင်းကိုမနှစ်မြို့စရာကောလဟာလများကိုတီးတိုးပြောဆိုလာ ကြသည်။
ဒါတွေကဟန်လဲ့ကိုဒေါသထွက်စေသည်၊ သူကိုယ်သူ ကမ္ဘာကြီးမှာသက်သေပြဖို့က လွဲ၍ဘာမှမလိုချင်ပေ။
ငါ,ဟန်လဲ့က, ကောင်းဖန်ထက်သေချာပေါက်ကောင်းဖန်ထက်အားနည်းမနေဘူး၊ သူလုပ်နိုင်တာတွေထက် ငါကပိုကောင်းအောင်လုပ်နိုင်တယ်!
နားနေသောနေရာသည်ရုတ်တရက်တံခါးပွင့်သွားခဲ့သည်၊ အလုပ်သမားတစ်ယောက် ကဝင်လာပြီးကြေငြာလိုက်သည်, “မင်းအားလုံးကပထမအကြိမ်အတွက် မဲနှိုက်ရလိမ့် မယ်”
ပါဝင်ယှဉ်ပြိုင်သူ၁၂ယောက်လုံးကအခန်းထဲမှထွက်သွားကြသည်၊ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဒေသတစ်ခုဖြစ်သည့်ဟွားရှားနယ်ပယ်သည် အရည်အသွေးမြင့်မား သောသားရဲလေ့ကျင့်သူအများအပြားကိုထုတ်ပေးနိုင်ခဲ့ပြီးချန်ပီယံပြိုင်ပွဲတွင် ကိုယ်စားပြုသူအများအပြားရရှိခဲ့သည်။
သေချာတာပေါ့, ဒီစည်းမျဉ်းများအတွက်ခြွင်းချက်လည်းရှိနေခဲ့သည်၊ ဥပမာအားဖြင့်, ခူရှမ်နယ်မြေသည်သည်လူဦးရေထူထပ်သိပ်သည်းမှုရှိသော်လည်း, ၎င်းတို့အဖွဲ့မှာ လူခြောက်ဦးသာရှိသည်။
“ကျွန်တော်တို့ရဲ့ပြိုင်ပွဲဝင်တွေကို သူတို့ရဲ့ပြိုင်ဘက်အတွက်ရွေးချယ်ဖို့ စင်ပေါ်ကိုခေါ်လိုက်ကြစို့ဗျာ” အစီအစဉ်တင်ဆက်သူကပြောလိုက်သည်။
မျက်လုံးများအားလုံးက ပုံသဏ္ဍာန်နှင့်အရွယ်အစားပြောင်းစုံရှိသည့်သားရဲလေ့ကျင့်သူ လူငယ်လေးများကစင်ပေါ်မှာလမ်းလျှောက်လာကြသည်ကို ရုပ်မြင်သံကြားအစုံ, ကွန်ပျုတာ, ဖုန်းတွေနဲ့ကမ္ဘာတစ်ဝှမ်းလုံးကနေစိုက်ကြည့်နေကြပြီဖြစ်သည်။
တစ်စုံတစ်ယောက်ကသူ့ဘေးနားကတစ်ယောက်ကိုဆွဲကာပြောလိုက်သည်, “ကြည့်စမ်း, ငါတို့နယ်ပယ်ကိုယ်စားပြုတွေ”
“အိုး, သူကအတော်လေးထူးခြားတဲ့ပင်ကိုယ်စရိုက်ရှိတယ်….”
ပရိတ်သတ်အများစုသည်၎င်းတို့၏အသင်းသားများကို အားပေးရန်နယ်ပယ်အသီးသီးမှ လာခဲ့ကြသည်။
“အာ့ရှီ, ဂိုရော့တနယ်ပယ်ကိုကိုယ်စားပြုတဲ့ပြိုင်ပွဲဝင်တွေဘယ်လောက်တောင်ချောလဲ ဆိုတာကြည့်လိုက်စမ်း”
“ကျင်းမုအန်း၏မျက်လုံးတွေကဘယ်လောက်ကြီးလဲဆိုတာကြည့်စမ်း၊ ငါ့လိုဘဲ လီဟေးကော့စမတ်တစ်ခွဲစိတ်ပြုပြင်မှုဆေးရုံမှာ သူတို့ကိုလုပ်ခိုင်းထားလားဘဲ!”
“ဘယ်လိုတောင်တိုက်ဆိုင်တာလဲ, ငါရောဘဲ!”
ထိုနေရာတွင်ပြိုင်ပွဲဝင်သူအားလုံးပေါင်း၆၄ယောက်ရှိသည်၊ နောက်ထပ်၃၂ယောက်သာ နောက်တစ်ချီသို့တက်ရောက်နိုင်မှာဖြစ်သည်၊ တတိယနှင့်နောက်ဆုံးအကြိမ်တွင် ကျန်ရှိသောပြိုင်ပွဲဝင်၁၆ယောက်သည် သူတို့အားလုံးတွင်အသန်မာဆုံး သားရဲလေ့ကျင့်သူဖြစ်သည်ကိုဆုံးဖြတ်ရန်အတွက်အချင်းချင်းထိပ်တိုက်တွေ့ကြမည် ဖြစ်သည်။
ပထမအကြိမ်နှင့်ဒုတိယအကြိမ်များတွင် ပါဝင်သူများသည်တူညီသောဒေသမှ အခြားသူများနှင့်ယှဉ်ပြိုင်ရမည်မဟုတ်သည်ကို စိတ်ချယုံကြည်နိုင်သည်၊ သို့သော် တတိယအကြိမ်တွင်ထိုကဲ့သို့သောစည်းကမ်းချက်မျိုးရှိမည်မဟုတ်တော့ပေ။
မဲနှိုက်မှုလုပ်ငန်းစဉ်အပြီးတွင် ပါဝင်သူအားလုံးစင်မြင့်မှထွက်ခွာသွားကြသည်၊ ထို့နောက် ရလဒ်များကိုကွင်းပြင်အထက်ကြီးမားသောစခရင်ကြီးပေါ်တွင်ပြသခဲ့သည်၊
ဟွားရှားနယ်ပယ်မှဟန်လဲ့သည်ပထမပွဲတွင် ဗြိတိန်နယ်မြေမှ လူးကတ်စ်နှင့်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
ဘယ်ဒိုင်လူကြီးကိုအရင်ထွက်ပေးရမယ်ဆိုတဲ့တိကျတဲ့စည်းမျဉ်းတော့မရှိပေ၊ သူတို့ထဲမှတစ်ဦးဦးသည်သူတို့အလိုရှိသောမည်သည့်ပွဲ၌မဆိုဒိုင်လူကြီးလုပ်ရန် ရွေးချယ်နိုင်သည်။
ကောင်းဖန်နှင့်ဟန်လဲ့တို့ကြားတင်းမာမှုကိုသတိပြုမိပြီး ဒိုင်လူကြီးတစ်ယောက်က, သူ့ကိုမေးလိုက်သည်, “မင်းဒီတစ်ခုကိုလိုချင်လား?”
သူကဒီလိုအပြုအမူမျိုးသည်ကောင်းဖန်လိုပါရမီရှင်တစ်ယောက်နှင့် ဆက်ဆံရေး ကောင်းစေဖို့အတွက်ကူညီပေးနိုင်မည်ဖြစ်သည်။
တခြားဒိုင်လူကြီးတွေကသူတို့ကိုဒီတိုင်းလွှတ်ထားလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်၊ ဒါတွေအားလုံးပြီးသွားရင်, ညစာကျောက်ပုစွန်စားဖို့အတွက် သွားကြတာပေါ့ဗျာ၊ ကျွန်တော်ဒကာခံပါ့မယ်” ကောင်းဖန်ကပြောလိုက်သည်။
ဟန်လဲ့ကသူ့လက်သီးကိုဆုပ်လိုက်ပြီး စိတ်တည်ငြိမ်စေလိုက်ကာစင်ပေါ်မှဆင်းလာ သည်။ သူ့ကိုယ်သူကမ္ဘာကြီးကိုသက်သေပြချင်သည်၊ သို့သော်, ထိုအခွင့်အရေးက မကြာမှီရောက်လာမယ်မှန်းတော့သူမျှော်လင့်မထားပေ၊
ဟန်လဲ့သည်သူ၏ကိုယ်ပိုင်သားရဲဖြစ်သော ၁၃ပေမြင့်ပြီး ၂၂ပေရှည်သောအရိုးစုကြံ့ကို ခေါ်ဆောင်လာခဲ့သည်၊
၎င်းကရှားပါးသောကွန်မန်ဒါအဆင့်ဖုတ်ကောင်အမျိုးအစားသားရဲဖြစ်သည်၊ ဖုတ်ကောင်အမျိုးအစားသားရဲတစ်ကောင်အနေဖြင့်, ၎င်းသည်ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုအထူးခံနိုင်ရည်ရှိမည်ဖြစ်သည်။ ဟန်လဲ့သည်လူးကတ်စ်၏ဖိုင်ကို မြင်ခဲ့သည်၊ နောက်ဆုံးတော့, သူကအကုန်လုံး၏ဖိုင်များကိုဖတ်ခဲ့တာဖြစ်သည်။ အကယ်၍သူသေချာမှတ်မိပြီဆိုလျှင်, လူးကတ်စ်၏သားရဲသည်အနီးကပ်တိုက်ခိုက်မှု ကိုအထူးပြုထားသောလူဝံတစ်ကောင်ဖြစ်သည်။
အောင်ပွဲကငါ့ဟာဘဲ, ဟန်လဲ့ကတွေးလိုက်သည်။
သတ္ထုဂိတ်တံခါးနှစ်ပေါက်ကကွင်းပြင်၏မျက်နှာချင်းဆိုင်မှတဖြည်းဖြည်းမြင့်တက်လာ သည်၊ အရိုးစုကြံ့သည်ခြေလှမ်းဖွဖွနင်းကာ အနီရောင်ယူနီဖောင်းဝတ်ထားသည့်ဟန်လဲ့ ကိုနောက်ကျောတွင်တင်ထားသည်။
ဟန်လဲ့သည်အပြင်ပိုင်းတွင်တည်ငြိမ်အောင်ထိန်းသိမ်းထားသော်လည်း နက်ရှိုင်းစွာ သူ၏စိတ်တွေကလှုပ်ရှားနေခဲ့သည်။ အားလုံးဘဲ အနာဂါတ်ချန်ပီယံကိုကြည့်ကြစမ်း!
ထို့နောက်, အနက်ရောင်ရွှံ့အစုအပုံလိုက်ကြီးသည်တခြားသောဂိတ်တံခါးဘက်မှ လိမ့်ကာထွက်လာသည်။ ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသောရွှေရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်ကရပ်နေသည်။ သူသည်တံခါးကိုဖြတ်လျှောက်လာရင်း အော်ဟစ်ကာအားပေးနေသောကြောင့်တောက်ပစွာပြုံးကာကင်မရာများနှင့် ပရိတ်သတ်များအားလက်ဝှေ့ယမ်းပြလိုက်သည်။
ဟန်လဲ့သည်ထိုအရာကိုကြည့်ကအနည်းငယ်ခါးသီးမှုကိုခံစားလိုက်ရသည်၊ ထိုလူးကတ်စ်ဆိုသူက သူ့ထက်အနည်းငယ်ကြည့်ကောင်းသည်ဆိုတာတော့ဝန်ခံရ မည်။
ကမ္ဘာကြီးကတကယ်ကိုတိမ်မြုပ်နေပြီလား?
ပြိုင်ပွဲဝင်နှစ်ယောက်သည်ပေ၃၀အကွာတွင်ရပ်လိုက်သည်၊ ထိုနှစ်ယောက်ကြားထဲ၌ လေထုသည်အားပြိုင်မှုများနှင့်ပြည့်နေသည်။
အခြားသောထောင့်ဘက်ရှိသတ္ထုတံခါးတစ်ခုကတဖြည်းဖြည်းမြင့်တက်လာသည်၊ “အခုဆိုရင်တော့, ကျွန်တော်တို့ရဲ့အငယ်ဆုံးဒိုင်လူကြီးကိုစင်ပေါ်ကြိုဆိုလိုက်ကြရ အောင်ဗျာ_ကောင်းဖန်!” အစီအစဉ်တင်ဆက်သူကကြေငြာလိုက်သည်။
ဟန်လဲ့က နာမည်ကိုကြားသောအခါတွင်ကြက်သေသေနေတော့သည်။
ကောင်းဖန်?
နာမည်ကရင်းနှီးနေသလိုဘဲ။
ရုတ်တရက်, သူ့နှလုံးခုန်သံကမြန်ဆန်သွားသည်၊ တကယ်လည်း သူဖြစ်နိုင်ပါ့မလား?
မဟုတ်ဘူး, သေချာပေါက်မဟုတ်ဘူး, ကောင်းဖန်နဲ့နာမည်တူတဲ့လူတစ်ယောက်ဘဲ ဖြစ်လိမ့်မယ်။ အပြင်ဘက်မှာကောင်းဖန်တွေထောင်နဲ့ချီရှိမှာဘဲ၊ သူဖြစ်ဖို့အကြောင်း မရှိဘူး, ဟန်လဲ့ကတွေးလိုက်သည်။
ထို့နောက်, သူက ကွင်းပြင်ထဲသို့ဝင်လာသည့်ဒိုင်လူကြီးကို မယုံနိုင်သည့်မျက်လုံးများ ဖြင့်ကြည့်နေမိသည်။
ကောင်းဖန်! မင်းကငါတို့ရဲ့ဒိုင်လူကြီး?!
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၄၃
ဟန်ယွမ်မင်း၏အပြုံးများသည်သူ့ရှေ့ရှိကွန်ပျူတာစခရင်ပေါ်မှကောင်းဖန်ကိုမြင်လိုက် ရသောအခါတွင် အေးခဲသွားတော့သည်။
အရင်ကသူကောင်းဖန်၏ပုံကိုမြင်ဖူးတာကြောင့် ချက်ချင်းမှတ်မိခဲ့သည်။
သူ့သားကကောင်းဖန်နေရာ၌အသင်းတွင်အစားထိုးခဲ့သူဖြစ်သည်၊ ထိုနေ့တွင်, ကျန့်ရှင်းရှင်းသည်ကိစ္စပြီးပြီဟုဖုန်းဖြင့်ပြောသောအခါတွင် ကောင်းဖန်ဟုခေါ်သော ကောင်လေးကိုသူ့နေရာသူထားလိုက်ပြီဖြစ်သောကြောင့်တခြားနောက်ထပ် ဘာမှစိုးရိမ်စရာမရှိဟုတွေးထားခဲ့တာဖြစ်သည်၊
ဟန်ယွမ်မင်းအပေါ် လေးလေးနက်နက်အထင်ကြီးလောက်သောလူအမြောက်အများ မရှိကြောင်းကိုတော့ဒီနေရာတွင်မှတ်သားထားရမည်ဖြစ်သည်၊ ထို့အပြင်, သူသည် ကျင်းလင်မြို့၏မြို့တော်ဝန်ဖြစ်သည်၊ သူသည်သူတွေ့ဖူးသမျှလူတိုင်း၏အမည်များကို မှတ်မိရန်အတွက်ကိုဘဲ အလွန်ခက်ခဲတဲ့အရေးကြီးလူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ဒီကလေးကပြိုင်ပွဲဝင်နေရာကနေနှုတ်ထွက်လိုက်ပြီမဟုတ်ဘူးလား? သူကဘာလို့ အခုဒီနေရာကိုဒိုင်တစ်ယောက်အနေနဲ့ရောက်လာတာလဲ?
ဟန်ယွမ်မင်းကအရူးတစ်ယောက်မဟုတ်ပေ၊ အကယ်၍သူကဟုတ်နေတယ်ဆိုရင် လည်း, သူကမြို့တော်ဝန်ပထမနေရာတွင်ရခဲ့မည်မဟုတ်ပေ။
အရည်အချင်းနှင့်နောက်ခံသည်ဒိုင်လူကြီးဖြစ်လာရန်လိုအပ်သောအရေးကြီးဆုံး လိုအပ်ချက်နှစ်ခုဖြစ်သည်၊ ကမ္ဘာပေါ်တွင်အမည်မဖော်နိုင်သောမိဘမဲ့တစ်ယောက်ကို အောင်မြင်အောင်ဘယ်လိုစီမံနိုင်ခဲ့တာလဲ?
ဟန်ယွမ်မင်းကအသက်ပြင်းပြင်းရှူလိုက်သည်၊ ဖြစ်နိုင်သည့်ရှင်းပြချက်များအား သူစဉ်းစားကြည့်ရလျှင် ကောင်းဖန်ကသူတို့အားလုံးကိုသူကိုယ်တိုင်နှင့်ပတ်သတ်သည့် အချက်အလက်များအားလုံးအားအမှားတွေကျွေးခဲ့တာဖြစ်သည်။
သို့သော်, သူတကယ်စိုးရိမ်သင့်သည်မှာသူ့သားဖြစ်သည်၊ ပြိုင်ပွဲ၏ဒိုင်လူကြီးတစ်ဦး အနေဖြင့်ကောင်းဖန်သည်ဟန်လဲ့အားရည်ရွယ်ချက်ရှိရှိထောင်ချောက်လုပ်ထားနိုင် သည်။
ဟန်ယွမ်မင်းသည်ဖုန်းကိုကောက်ကိုင်လိုက်ပြီး အသံအက်အက်ဖြင့်ပြောလိုက်သည်, “သားရဲလေ့ကျင့်သူအဖွဲ့ချုပ်က ဒါရိုက်တာချန်ကိုလွှဲပေး”
ဖုန်းခေါ်ဆိုမှုကချက်ချင်းဆိုသလိုဘဲလုပ်ဆောင်သွားသည်။
“မြို့တော်ဝန်ဟန်” ရင့်ကျက်သောအမျိုးသမီးတစ်ယောက်အသံကတစ်ဖက်တွင် အဆုံးသတ်သွားသည်။
“ဒါရိုက်တာချန်, ကျွန်တော်ကောင်းဖန်နဲ့ချက်ချင်းစကားပြောလို့ရမလား?”
တစ်ဖက်မှခဏလောက်တိတ်ဆိတ်သွားပြီးနောက်, အမျိုးသမီးကရယ်လိုက်သည်၊ “မစ္စတာကောင်းကလက်ရှိပြိုင်ပွဲကြီးရဲ့ပထမပြိုင်ပွဲမှာဒိုင်လူကြီးလုပ်နေပါတယ်၊ ပြိုင်ပွဲပြီးမှခေါ်ပေးလို့ရမလားမသိဘူး?” ထို့နောက်တွင်,အမျိုးသမီးကဖုန်းချလိုက် သည်။
ဟန်ယွမ်မင်းဖုန်းကိုလက်ခံသူအား မျက်နှာမူ၍ပြန်ကြည့်လိုက်ကာ, ခဲတောင့်နေသော မျက်နှာဖြင့်ဖုန်းကိုပြန်ရိုက်ချလိုက်သည်။ (ဖုန်းချခံလိုက်ရတော့ဖုန်းကိုပြန်ကြည့်ပြီးရိုက်ချလိုက်တာပါ)
…
ကောင်းဖန်သည်ကြိုးဝိုင်းဆီသို့လျှောက်သွားကာပြိုင်ပွဲဝင်နှစ်ဦးကြားတွင်သူ့ကိုယ်သူ နေရာယူလိုက်သည်၊ သူ့အပြောအဆိုကမယုံကြည်နိုင်စရာဖြစ်သည်၊ သူကဟန်လဲ့ကို တစ်ချက်ကြည့်လိုက်သည်၊
ဟန်လဲ့၏နှလုံးသားသည်သူ့ရင်ဘတ်တွင်ပြင်းထန်စွာခုန်လှုပ်လာသည်၊ ကောင်းဖန် ကငါတို့ဒိုင်လူကြီးဖြစ်နေသည်ကိုငါမယုံနိုင်သေးဘူး!၊ သူငါ့ကိုအခုကြည့်လိုက်တဲ့ အကြည့်ကဘာကြီးလဲ? ငါအခုဘာလုပ်ရမလဲ?
လူးကတ်စ်ကကောင်းဖန်ဘယ်သူမှန်းမသိပေ၊ သို့သော်, သူကကောင်းဖန်၏ငယ်ရွယ် သောအသွင်ပြင်ကြောင့်အနည်းငယ်ထိတ်လန့်သွားခဲ့သည်၊ ပထမတစ်ချက်တွင် ကောင်းဖန်သည်အထက်တန်းကျောင်းသားတစ်ယောက်သာဖြစ်သည်ဟုသူထင်ခဲ့ သည်။
ဒါကိုလည်းပရိတ်သတ်အများစုကအံ့အားသင့်သွားခဲ့ကြသည်။
သူကဒိုင်လူကြီးဖြစ်ဖို့ငယ်သေးသလားလို့?
အရှေ့ဘက်ထောင့်အနီးတွင်, ယွိကျိုးတက္ကသိုလ်ကျောင်းသားကောင်စီမှအားပေး သည့်အဖွဲ့သည်, “မင်းလုပ်နိုင်တယ်, ကျွင်းမော့ယီ!”, “မင်းကအကောင်းဆုံးဘဲ, ဝူကျင်းယွိ!”ဟူသောကြွေးကြော်သံများ ရေးထားသောဆိုင်းဘုတ်အမျိုးမျိုးကို ကိုင်ဆောင်ထားသည်ကိုတွေ့မြင်နိုင်သည်၊
“အဲ့….အဲ့တာကောင်းဖန်လား?” သူတို့ထဲမှတစ်ယောက်ကအထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“ငါတို့သိတဲ့ကောင်းဖန်နဲ့တော့မတူသလိုဘဲနော်” ဒုတိယနှစ်တစ်ယောက်ကရယ်ရင်း ပြောလိုက်သည်၊ ကောင်းဖန်ကပြိုင်ပွဲကြီးကနေမကြာသေးခင်မှမှထွက်ထားတာကို ပြောဖူးတဲ့အကြောင်းသတိရသွားသောအခါသူကရှက်ရွံ့သွားတော့သည်။
ထိုအဖြစ်အပျက်ကြောင့်အံ့အားအသင့်ဆုံးသူများမှာ ဟွားရှားနယ်ပယ်ဒေသကို ကိုယ်စားပြုသည့်အခြားပါဝင်သူများပင်ဖြစ်သည်၊ ကောင်းဖန်ကပြိုင်ပွဲကနေထွက်သွား ပြီဆိုတာကိုအားလုံးသိကြသည်၊ သို့သော်လည်း,သူတို့က၎င်းကိုစိတ်ထဲမထားခဲ့ပေ၊ နောက်ဆုံးတွင်, ကောင်းဖန်သည်ထိပ်ဆုံးငါးဦးတွင်မပါဝင်နိုင်ပေမယ့်, အသင်းကို လုံးဝထိခိုက်စေမှာတော့မဟုတ်ပေ၊
သူသည်ပြိုင်ပွဲ၏ဒိုင်လူကြီးများထဲမှတစ်ဦးဖြစ်လာလိမ့်မည်ဆိုတာကိုတော့တစ်ခါမှ မထင်ထားမိပေ။
ကောင်းဖန်ကခေါင်းယမ်းလိုက်ပြီး သူ့နှုတ်ခမ်းဘေးမှာတပ်ဆင်ထားသည့် မိုက်ခရိုဖုန်းကိုချိန်ညှိလိုက်ပြီး, “တိတ်ပေးကြပါ! ဒီနှစ်မှာအသက်ဆယ့်ရှစ်နှစ်ဘဲ ရှိသေးပေမယ့်ဒီနေ့ပြိုင်ပွဲကိုအကဲဖြတ်ဖို့ရွေးချယ်ခံထားရတဲ့ ဒိုင်လူကြီးတွေထဲက တစ်ယောက်ဖြစ်ထိုက်တယ်လို့အားလုံးကိုအာမခံနိုင်ပါတယ်” ကောင်းဖန်က အခိုင်အမာပြောလိုက်သည်။
ကျီဟန့်ဝူသည် သူ၏တီဗွီရှေ့တွင်ကျယ်လောင်စွာရယ်မောလိုက်သည်၊ “ဟားဟားဟား, အဲ့တာငါ့မြေးကွ!”
ယွိကျိုးတက္ကသိုလ်တွင်ရှုချင်းကျီသည်လည်းသူမ၏မျက်လုံးများကိုပွတ်သတ်လိုက်သည်, “ဒီနေ့ပြိုင်ပွဲမှာ ငါ့သူဌေးကဘယ်လိုလုပ်ဒိုင်သွားလုပ်နေတာလဲ?”
မကြာမီတွင်ပရိတ်သတ်၏အံ့အားသင့်နေမှုမှ သံသယဖြစ်မှုသို့ပြောင်းသွားတော့သည်၊ မင်းကဆယ့်ရှစ်နှစ်ဘဲရှိသေးတာလား? သွေးစာချုပ်ချုပ်ဖို့လိုအပ်တဲ့အနည်းဆုံး အသက်အရွယ်ကဆယ့်ရှစ်နှစ်လေ၊ မင်းလိုမလောက်လေးမလောက်စားငတိလေးက ဒီလိုအရေးကြီးတဲ့ပြိုင်ပွဲကြီးမှာဒိုင်လူကြီးအဖြစ်ဘယ်လိုလုပ်စီမံနိုင်မှာလဲ?
တစ်ခဏချင်းမှာဘဲ, ကောင်းဖန်ကိုဒိုင်နေရာမှဆင်းပေးဖို့တောင်းဆိုလာတာကြောင့်, တစ်နေရာလုံးကမောက်ကမဖြစ်သွားရသည်။
သူ့လက်ချောင်းများကိုလက်ဖျောင့်တီးလိုက်ပြီးကောင်းဖန်၏အမူအရာကမပြောင်းလဲ တည်ရှိနေသည်၊ ဒမ်ဘီကကောင်းဖန်နောက်မှထွက်လာပြီး နက်ရှိုင်းသောအသံကြီး ကိုသူ၏လည်ချောင်းနက်ထဲမှထုတ်လွှင့်လိုက်သည်၊
သူကသူ၏ညာဘက်လက်သီးကိုဖော်ထုတ်လိုက်ပြီး၎င်း၏အနက်ရောင်ဝတ်ရုံ ထိပ်တစ်ဝက်ကိုအပိုင်းပိုင်းကွဲကြေသွားစေခြင်းဖြင့်အားအင်အပြည့်လေပြင်းများ ထွက်လာသည်၊ ထို့နောက်တွင်သူ့ခြေဖဝါးကိုမြေပြင်ပေါ်သို့ဆောင့်ချလိုက်ပြီး ၎င်း၏ဧကရာဇ်အဆင့်အရှိန်အဝါကလည်းအရပ်ရပ်သို့တစ်ဟုန်ထိုးထွက်လာတော့ သည်။
ကွင်းတစ်ကွင်းလုံးတိတ်ဆိတ်သွားတော့သည်။
ကောင်းဖန်၏လုပ်ပိုင်ခွင့်အတွက်ဘယ်သူကမှမေးခွန်းမထုတ်ရဲတော့ပေ၊ ဧကရာဇ် အဆင့်သားရဲသည်ဒိုင်လူကြီးတစ်ဦးအဖြစ်သူ၏တရားဝင်မှုကိုအကောင်းဆုံး သက်သေပြလိုက်သည်။
အော်ဟစ်နေသောသူတို့သည်ပို၍သတ္တိကောင်းလာလေလေ လက်အောက်ခံရန် လျင်မြန်လေဖြစ်သည်။
စောင့်ဆိုင်းနေသည့်နေရာ၌နယ်မြေကြီးများမှ ပြိုင်ပွဲဝင်များသည်၎င်းတို့မြင်တွေ့ခဲ့ရ သည့်အရာများအတွက်အံ့ဩနေကြသည်။
နိုင်ငံခြားပြိုင်ပွဲဝင်အများစုသည်သက်ပြင်းချနေကြသည်၊ “ဘုရားသခင်ကိုကျေးဇူးတင် ရမှာဘဲ, သူကဒိုင်တစ်ယောက်ဖြစ်နေလို့၊ သူ့ကိုရိုက်ချနိုင်ဖို့နည်းလမ်းမရှိဘူး” တစ်စုံတစ်ယောက်ပြောလိုက်သည်။
“သူကဆယ့်ရှစ်နှစ်ဘဲရှိသေးတာ၊ သူ့မှာကဧကရာဇ်အဆင့်သားရဲတစ်ကောင်နဲ့တောင် စာချုပ်ချုပ်ပြီးသား…ဒီကောင်ကတစ်နည်းနည်းနဲ့လှည့်စားမှာဘဲ” နောက်ထပ် တစ်ယောက်ပြောလိုက်သည်။
ဟန်လဲ့ကထိုအရာအတွက်ခြောက်ခြားသွားတော့သည်၊ ဒမ်ဘီကဧကရာဇ်အဆင့် ရောက်ပြီးသားဖြစ်နေသောဖုတ်ကောင်အဆင့်သားရဲဖြင်ပြီး, သူ့သားရဲကတော့ ကွန်မန်ဒါအဆင့်ဖုတ်ကောင်သားရဲဘဲရှိသေးသည်။
ဒမ်ဘီ၏မယုံနိုင်လောက်အောင်စွမ်းအားပြသမှုသည် သူ၏အရိုးကြံ့ကိုပင်အလွန် ထိတ်လန့်တုန်လှုပ်စေခဲ့ပြီးယခုအခါတွင်လည်းထိန်းမရသိမ်းမရတုန်လှုပ်လျက်ရှိသည်။
ကောင်းဖန်ကသူ့ကိုခြိမ်းခြောက်ချင်ရင်, သူကသားရဲတွေကိုအရှိန်အဝါတစ်ချို့လွှတ်ဖို့ ပြောပြီး အရိုးကြံ့ကိုကြောက်လန့်တကြားဖြစ်သွားစေဖို့အမိန့်ပေးရုံလောက်သာ လုပ်ဖို့လိုအပ်သည်။
“ဒီမှာစည်းမျဉ်းတွေရှိတယ်၊ မင်းတို့နှစ်ယောက်လုံး ကွင်းပြင်ထဲမှာတိုက်ခိုက်ရလိမ့် မယ်၊ ကွင်းပြင်နယ်နမိတ်ထဲကနေထွက်သွားတာကိုတားမြစ်ထားတယ်၊ မင်းတို့အသုံးပြုတဲ့တိုက်ခိုက်မှုနည်းပညာတွေကိုကန့်သတ်ထားတာမရှိဘူး၊ ဒါပေမယ့်, မင်းရဲ့ပြိုင်ဘက်ကိုတော့ချက်ချင်းတိုက်ခိုက်တာကိုတားမြစ်ထားတယ်။ ပြိုင်ပွဲကတော့ မင်းတို့ထဲကတစ်ယောက်က ရှုံးနိမ့်တာကိုဝန်ခံတဲ့အခါ ဒါမှမဟုတ် မင်းတို့ရဲ့ကိုယ်ပိုင်သားရဲတွေထဲကတစ်ကောင်ကောင်ကဆက်ပြီး မတိုက်ခိုက်နိုင်တော့ ရင် ပွဲကအဆုံးသတ်သွားပြီ” ကောင်းဖန်ကဒမ်ဘီကိုကွင်း၏အစွန်းသို့ပြန်သွားဖို့အမိန့် မပေးခင်မှာကောင်းဖန်ကပြောလိုက်သည်၊ သူကအချိန်ကိုတစ်ချက်ကြည့်ပြီးနောက်, ပြောလိုက်သည်, “နောက်ထပ်မေးခွန်းတွေမေးဖို့, မရှိတော့ရင်ပြိုင်ပွဲရဲ့ပထပွဲကိုစတင် လိုက်ကြရအောင်ပါ!”
ထိုကဲ့သို့လူငယ်တစ်ယောက်ကပြောသောစည်းမျဉ်းများကိုကြားရတာ တစ်ခုခုမှားယွင်းနေသလိုပင်ဖြစ်နေတော့သည်။
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၄၄
ပြိုင်ပွဲဝင်နှစ်ယောက်၏သားရဲများကိုတစ်ချက်ကြည့်လိုက်ရုံနှင့်ကောင်းဖန်က ပြိုင်ပွဲ၏ရလဒ်ကိုဆုံးဖြတ်နိုင်ပြီဖြစ်သည်၊ သို့သော်ပြိုင်ပွဲ၏ဒိုင်လူကြီးတစ်ဦးအနေဖြင့် ပြိုင်ပွဲဝင်နှစ်ဦးအတွက်အရာအားလုံးကိုစံမမှီသလိုမျိုးကဖျက်ကယက်လုပ်ခြင်းတော့ မကောင်းပေ။
[မကောင်းဆိုးဝါးအမည်]-အရိုးစုကြံ့
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၇
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်]-ဖုတ်ကောင်/အရိုး
[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ကြောက်ရွံ့)
[မကောင်းဆိုးဝါးအားနည်းချက်]-စင်ကြယ်မွန်မြတ်ခြင်း
-
[မကောင်းဆိုးဝါးအမည်]-ရွှံ့နွံသားရဲ
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၆
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်]-မြေကြီး/ရွှံ့
[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ကြောက်ရွံ့)
[မကောင်းဆိုးဝါးအားနည်းချက်]-၁-သစ်သား, ၂-ရေ
သားရဲနှစ်ကောင်လုံးကကြည့်ရတာထိပ်တန်းပုံစံများဖြစ်သည်ဟု ကောင်းဖန်တွေး လိုက်မိသည်၊ သူကဒမ်ဘီ၏ခေါင်းကိုပုတ်လိုက်သည်၊ “မင်းရဲ့ဧကရာဇ်အဆင့်ရောင်ဝါ ကိုရပ်လိုက်တော့”
ဒမ်ဘီကသူပြောသည့်အတိုင်းလုပ်လိုက်သည်နှင့်သားရဲနှစ်ကောင်လုံး သိသိသာသာကို ဖြေလျော့သွားကြတော့သည်။
ထိုအချိန်တွင်ကွင်းအတွင်းရှိပြိုင်ပွဲဝင်နှစ်ဦးနှင့်သူတို့၏သားရဲများကိုမကြည့်ဘဲ ကောင်းဖန်ကိုသာကြည့်နေကြသည်။
ဧကရာဇ်အဆင့်သားရဲနှင့်အတူ, ပြိုင်ပွဲအကြိမ်တိုင်းကသူ့အတွက်တော့ပြဿနာရှိမည် မဟုတ်ပေ။
လူတွေကကောင်းဖန်နှင့်ဒမ်ဘီတို့ကိုကင်မရာတွေနဲ့ရိုက်ချိန်တွင် အလင်းတန်းများ ပေါ်လာတော့သည်။
အရင်ကတော့ကောင်းဖန်ကဒမ်ဘီ၏ပုခုံးပေါ်တွင်ထိုင်ရတာကိုနှစ်သက်ခဲ့သည်၊ သို့သော်အစွယ်နှင့်တူသောအချွန်အတက်တစ်စုံသည်၎င်း၏ပုခုံးမှပေါက်ထွက်လာပြီး ကတည်းကသူထိုကဲ့သို့မနေနိုင်တော့ပေ။
ပြိုင်ပွဲဝင်နှစ်ဦးသည်ကွင်း၏အစွန်သို့ရောက်သည်အထိခြေလှမ်းရာဂဏန်းလောက် နောက်ပြန်ဆုတ်ကြသည်။
စည်းမျဉ်းများတွင်ပြိုင်ဘက်ကိုတမင်တိုက်ခိုက်ခြင်းအားတားမြစ်ထားသောကြောင်း ရှင်းလင်းစွာဖော်ပြထားပြီး, ပြိုင်ပွဲဝင်နှစ်ယောက်ကိုလည်းသူတို့၏သားရဲနှစ်ကောင် ကြားတိုက်ခိုက်မှုမှမြေစာပင်မဖြစ်ဖို့ရှောင်ရှားနိုင်စေရန်ဖြစ်သည်။
အရိုးစုကြံ့ကမြေပြင်ပေါ်သို့အကြိမ်အနည်းငယ်လောက်ခြေလှမ်းကြမ်းကြမ်းနင်းသည် နှင့်အဖြူရောင်မီးခိုးများက၎င်း၏နှာခေါင်းထဲမှထွက်လာကြသည်၊ နောက်ခဏတွင်, ၎င်းကသူ့ရှေ့ရှိရွှံ့နွံသားရဲဆီသို့အပြေးအလွှားသွားတော့သည်။
ရွှံ့နွံသားရဲသည်၁၀ပေကျယ်သောအသက်ရှိသည့်ရွှံ့များစုရုံးထားခြင်းဖြစ်သည်၊ ၎င်းကစိတ်ထဲတွင်တွေးထားသလိုမျိုးရွံ့ရှာစရာပုံစံနှင့်ဆိုးရွားသည့်အနံ့မျိုးလည်း မရပေ။
အရိုးစုကြံ့က၎င်း၏ပြိုင်ဘက်ထဲသို့အပြေးအလွှားသွားနေပြီး, အပြာရောင် မီးတောက်က၎င်း၏ဘာမှမရှိသောမျက်အိမ်ထဲတွင်တောက်ပနေသည်။ ၎င်းက ရွှံ့နွံသားရဲနှင့်နီးကပ်လာသည်နှင့်အမျှ, ၎င်းကသူ၏နဖူးကိုလေထဲသို့မော့လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးဖြင့်, ထိုရွှံ့အပုံလိုက်ကြီးအားရိုက်ချရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကြံ့ခွာများသည်ရွှံနွံသားရဲပေါ်သို့ကျသွားပြီး, ရွှံ့များသည်ဖိသိပ်ထားမှုဖွာခနဲလွင့်စင် ကုန်ကြသည်၊ ထိုအချိန်မှာပင်, ရွှံ့နွံသားရဲ၏ခန္ဓာကိုယ်ကအပိုင်းအစများအဖြစ်သို့ ပြန့်ကျဲသွားသည်။
သို့သော်, ရွှံ့နွံသားရဲသည်ပြင်းထန်သောဒဏ်ရာရသွားသည့်ပုံမပေါ်ပေ၊ ၎င်းက သူ၏ခန္ဓာကိုယ်မှထိရောက်စွာပါဝင်ခြင်းမရှိသောအစိတ်အပိုင်းများကိုသူ၏ဒဏ်ရာများမှဖယ်ထုတ်လိုက်သည်။
ရွှံ့များကဖြေးညင်းစွာဖြင့် ကြံ့၏ခွာနားလေးတွင်စုပုံလာကြသည်။
ဘာဖြစ်နေလဲဆိုတာကိုသတိထားမိတော့, ဟန်လဲ့သည်ချက်ချင်းပင်သူ၏သားရဲကို ရွှံ့နှင့်အဝေးသို့ဆုတ်ရန်အမိန့်ပေးလိုက်သည်။
သူကရွှံ့နွံသားရဲလိုမျိုးသားရဲအကြောင်းကြားဖူးသည်၊ ၎င်းကထူးခြားသော ပြိုင်ဘက်ကင်းရုပ်အင်္ဂါကြောင့်တုံ့ပြန်သည့်နည်းလမ်းပေါင်းစုံရှိကာအနိုင်ယူရန် ခက်ခဲသည်ဟုပြောကြသည်၊ ကံမကောင်းစွာနဲ့ဘဲ, အရိုးစုကြံ့က၎င်းကိုဆန့်ကျင်ဖို့ ပြုလုပ်နိုင်ခြင်းမရှိပေ။ သူ၏ကိုယ်ပိုင်သားရဲသည်လုံးဝကိုရွှံ့နွံသားရဲနှင့်ဆန့်ကျင်လျက် ရှိသည်။
“သေစမ်း, သူ့ဖိုင်ထဲမှာပြောထားတာကသူ့သားရဲကငွေကျောပြင်လူဝံတစ်ကောင်ဆို? ဘယ်ကနေရွှံ့နွံသားရဲကပေါ်လာတာလဲ?” ဟန်လဲ့ကသူ၏အသက်ရှုသံအောက်ကနေ တီးတိုးရေရွတ်လိုက်သည်၊ သို့သော်, ပြိုင်ပွဲ၏စည်းမျဉ်းများအရပြိုင်ပွဲဝင်များသည် ပြိုင်ပွဲ၏ပထမအကြိမ်တွင်တိုက်ခိုက်မှုအလယ်တွင်၎င်းတို့၏သားရဲများကိုပြောင်းလဲ ခြင်းမပြုရန်တားမြစ်ထားသည်။
အရိုးစုကြံ့သည်ရွှံ့ထဲမှ၎င်း၏ခွာများကိုရုန်းထွက်၍အော်ညည်းနေသည်၊ သို့သော်, ရွှံ့များက၎င်း၏ခြေထောက်ပတ်လည်တွင်ဆက်၍စုရုံးလာကြပြန်ကာ, ခြိမ်းခြောက်မှု တို့ဖြင့်၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကိုပတ်ရံထားတော့သည်။
အရိုးစုကြံ့၏မျက်လုံးအိမ်ထဲရှိအပြာရောင်မီးတောက်သည်ပို၍ပင်တောက်လောင်လာ တော့သည်၊ထို့နောက်ကားတစ်စီးသည်အရှိန်မြင့်ပြီးတစ်စုံတစ်ခုအားနင်းမိသွားသကဲ့ သို့၎င်း၏ကျောရိုးမှဗျောက်အိုးများပေါက်သလိုအသံမျိုးထွက်လာတော့သည်။
နောက်ဆုံးတွင်, အရိုးစုကြံ့သည်ရွှံ့ထဲမှသူ့ကိုယ်သူလွတ်မြောက်သွားအောင်စီမံနိုင်သွား ပြီဖြစ်သည်၊ ၎င်းကရွှံ့နွံသားရဲနှင့်ဝေးသောဘက်သို့ယိမ်းထိုးကာလျှောက်သွားလိုက်ပြီး ၎င်း၏ကိုယ်ဟန်အနေအထားကိုအချိန်မှီတည်ငြိမ်စေလိုက်သည်။
ထိုအချိန်တွင်ပြိုင်ပွဲကြည့်စင်မှ အားပေးသောအသံများပေါက်ကွဲထွက်လာကြသည်။
ရုတ်တရက်ဆိုသလို, ရွှံ့နွံသားရဲသည်အရိုးစုကြံ့ကတုန့်ပြန်ရန်အချိန်မရှိသေးခင်မှာတင် ၎င်း၏ခေါင်းဆီသို့တိုက်ရိုက်သွားလိုက်သည်၊
၎င်း၏အမြင်မှာလုံးဝကိုပိတ်ဆို့ခံလိုက်ရပြီး, အရိုးစုကြံ့သည်ကွင်းပြင်ထဲတွင်အရူးအမူး ခြေလှမ်းပြင်းပြင်းနင်းနေတော့သည်။
ဟန်လဲ့၏မျက်နှာတွင်နာကျင်နေသောအမူအရာပေါ်လာတော့သည်၊ ဒီပွဲတွင် သူရှုံးတော့မည်ဆိုတာလူတိုင်းရှင်းလင်းစွာသိနေပြီဖြစ်သည်။
သူ့ကိုယ်ပိုင်သားရဲသည်ဖုတ်ကောင်အမျိုးအစားသားရဲဖြစ်သော်လည်း, ၎င်းတွင်နိုးထ သောမှော်စွမ်းရည်များမရှိသေးသောဖုတ်ကောင်အမျိုးအစားသာဖြစ်သည်။ ယခု ပြုလုပ်နိုင်သောတစ်ခုတည်းသောအရာမှာ၎င်း၏အနီးနားရှိပိတ်ဆို့ခံထားရသော ခန္ဓာကိုယ်ကို ရွှံ့နွံသားရဲထံမှလွှဲယမ်းထွက်ရန်သာဖြစ်သည်။
ရွှံ့နွံသားရဲသည်အရိုးစုကြံ့၏မျက်အိမ်အတွင်းသို့ပါဝင်လာပြီး ယခုတွင်တော့၎င်း၏ အပေါက်ဖြစ်နေသောနေရာများတွင်ရွှံ့များဖြင့်ပြည့်နေပြီဖြစ်သည်။
“ဒမ်ဘီ, အကယ်၍မင်းရွှံ့နွံသားရဲနဲ့တိုက်ခိုက်ရမယ်ဆိုရင် မင်းဘာလုပ်မှာလဲ?” ကောင်းဖန်ကဒမ်ဘီအားသွေးစာချုပ်မှတစ်ဆင့်မေးလိုက်သည်။
ဒမ်ဘီကသူ၏ဦးခေါင်းကိုတဆတ်ဆတ်ညိတ်ပြနေပြီး, “ငါအပိုင်းပိုင်းဖြတ်ပစ်မယ်!”
“နောက်ပြီး?”
“ငါပိုပြီးအပိုင်းပိုင်းဖြစ်သွားအောင်ဖြတ်ပစ်မယ်!” ဒမ်ဘီကခိုင်မာစွာဖြင့်ပြောလိုက် သည်။
ဟန်လဲ့က ကောင်းဖန်သည်သူ့ကိုပွဲအလယ်သို့ရည်ရွယ်ချက်ရှိရှိထောင်ချောက်ဆင်၍ ဆွဲထည့်ပြီးအတုအယောင်လုပ်မည်ဟုတွေးမိနေခဲ့တာဖြစ်သည်။
သူသည်အတိတ်ကမကျေနပ်ချက်ကိုဖြေရှင်းရန်အခြားသူများကိုပါအောက်တန်းကျကျ ဆွဲထည့်တတ်သူမဟုတ်ပေ၊ ပြီးတော့,အရူးကသာသူ၏ကိုယ်ပိုင်ဒေသမှပါဝင်သည့် ပြိုင်ပွဲဝင်ကိုထိုသို့လုပ်လိမ့်မည်။
အကယ်၍,သူတကယ်လိုချင်ရင်ဟန်လဲ့၏သားရဲကိုပြိုင်ပွဲပြီးဘယ်အချိန်မဆိုသတ်ပြစ် လို့ရသည်။
ကောင်းဖန်၏ကြားဝင်နှောက်ယှက်ခြင်းတောင်မပါဘဲ, ပြိုင်ပွဲရလဒ်ကဆုံးဖြတ်ပြီးသား ဖြစ်နေပြီဖြစ်သည်၊ အရိုးစုကြံ့သည်ရွှံ့နွံသားရဲကိုအရှုံးမပေးမချင်းကအချိန်ကိစ္စသာ ရှိသွားလိမ့်မည်ဖြစ်သည်။
ပြိုင်ပွဲကနေအစောကြီးထွက်ရတာရှက်ဖို့ကောင်းတယ်နော် ဟန်လဲ့, ကောင်းဖန်က တွေးလိုက်သည်။
ကြောက်ရွံ့ဖွယ်ကောင်းသောအော်သံကြီးကလေထဲတွင်ပျံ့လွင့်သွားတော့သည်။ အရိုးစုကြံ့သည်မြေပြင်ပေါ်သို့လဲကျသွားသည်၊ ရွှံ့နွံသားရဲသည်၎င်း၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကိုရွှံ့များဖြင့်ဆက်လက်ဖြည့်နေသောကြောင့် ၎င်း၏ခွန်အား တစ်ခုလုံးတဖြည်းဖြည်းဆုံးရှုံးသွားခဲ့တာဖြစ်သည်။
“မင်းအတော်လေး ကောင်းကောင်းလုပ်ပြီးသွားပါပြီ၊ ဒီနေ့ကံကောင်းမှုကမင်းဘက်မှာ မရှိဘူးနဲ့တူတယ်၊ မင်းရဲ့ရှုံးနိမ့်မှုကိုစိတ်မပျက်သွားဖို့မျှော်လင့်ပါတယ်” ကောင်းဖန်က ပြောလိုက်သည်။
ဟန်လဲ့သည်သူ့ကိုစိုက်ကြည့်လိုက်ပြီး, နက်ရှိုင်းစွာသက်ပြင်းချလိုက်သည်၊ အခုတွင်, သူအလိုလိုသိနေသောစိတ်ပျက်အားလျော့မှုကိုသာထုတ်ဖော်နိုင်ခဲ့သည်၊
မြေပြင်ပေါ်တွင်လဲနေသောအရိုးစုကြံ့ကိုအေးစက်စွာကြည့်ကာ,ပြောလိုက်သည်, “ထစမ်း”
သူ့သခင်၏အမိန့်ကိုကြားသည်နှင့်, အရိုးစုကြံ့သည်စ၍ရွှံ့နွံသားရဲကိုတစ်ကြိမ်ထပ်ပြီး ရုန်းကန်ပြန်သည်…