အခန်း (၂၄၅-၂၄၈)
Vol. 16 Ch. ၂၄၅-၂၄၈
အပိုင်း၂၄၅
အရိုးစုကြံ့သည်မြေပြင်ပေါ်ရှိရွှံနွံသားရဲဆီမှဆက်လက်ရုန်းကန်နေသည်၊ ၎င်း၏ပါးစပ်မှ ရွှံ့များဖြင့်ပြည့်နေပြီး အော်ဟစ်သံလည်းထွက်ပေါ်လာသည်၊
ကောင်းဖန်သည်ကြံ့၏မျက်နှာပေါ်တွင်အရူးအမူးဖြစ်နေသည်ကိုမြင်တွေ့နေရသည်။
သို့ဖြစ်စေကာမူ,ဟန်လဲ့နှင့်ကွာခြားချက်ရှိသော်လည်း, ကောင်းဖန်ကအရိုးစုကြံ့သည် အတော်လေးအဆင်ပြေသောသားရဲဖြစ်သည်ဟုဝန်ခံနိုင်သည်၊
လူသားတွေလိုဘဲသားရဲတိုင်းဟာကိုယ်ပိုင်းစရိုက်ရှိကြသည်၊ ထိုကိစ္စတွင် အရိုးစုကြံ့သည် ခေါင်းမာသည့်ဘက်တွင်ရှိပုံရသည်။
သို့သော်,အရိုးစုကြံ့သည်၎င်း၏ခြေထောက်ကိုပြန်ဆွဲထုတ်ရန်ကြိုးပမ်းသော်လည်း, ရွှံ့နွံသားရဲသည်အလေးချိန်နှင့်ပြန်၍ဆွဲချသည်။
အရိုးစုကြံ့သည်ယခုတွင်၎င်း၏ဦးခေါင်းကိုမြောက်ထားရန်ကြိုးစားပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထားသည်၊ ၎င်း၏နှာခေါင်းပေါ်ရှိအဖြူရောင်ဦးချိုတစ်ခုတည်းသာ ရွှံ့နွံသားရဲကိုဖြတ်သွားသည်။
ခဏအကြာတွင်တစ်ခြားဒူးတစ်ဖက်ကိုပါဆန့်ထုတ်နိုင်ခဲ့သည်။
ထို့နောက်၎င်း၏ကျန်ခန္ဓာကိုယ်ကိုမြေပြင်ပေါ်သို့အပန်းတကြီးပစ်ချလိုက်သည်။
ရွှံ့နွံအမျိုးအစားသားရဲကိုအားပေးနေကြသောသူတို့သည်ရုတ်တရက်တိတ်ဆိတ်သွား ကြတော့သည်။
“ဒါဘဲလေ, အရိုးစုကြံ့, ဆက်လုပ်ထား!” ဟန်လဲ့ကသူ၏လက်သီးများကိုကျစ်ကျစ်ပါ အောင်ဆုပ်ထားကာအော်လိုက်သည်၊ “အကယ်၍မင်းသူ့ကိုရှုံးအောင်လုပ်နိုင်ရင် ငါမင်းရဲ့အကြိုက်ဆုံးအစားအသောက်တွေဝယ်ပေးမယ်”
ရုတ်တရက် အရိုးစုကြံ့၏မျက်အိမ်ထဲမှမီးတောက်များကပို၍တောင်တောက်ပလာ တော့သည်၊ ၎င်းကစိတ်လှုပ်ရှားမှုတွေပြင်းထန်နေကြောင်းကိုအရိပ်အမွက်ပြနေကြ သည်။
ရုတ်တရက်,၎င်း၏ခွာများသည်အဖြူရောင်ကျောက်ပြားများနှင့်ပင်ထိမိပြီး ဖျော့တော့သောအသံထွက်လာသည်။
အရိုးစုကြံ့သည်နောက်ဆုံးတွင်ရွှံ့နွံသားရဲကိုသူ့ကျောပေါ်တွင်ဝတ်ရုံရှည်ကဲ့သို့ ဝတ်ထားကာသူ့ခြေနှင့်သူရပ်နိုင်လာပြီဖြစ်သည်။
ထို့နောက်၎င်းသည်သူ၏သခင်ဘက်သို့လှည့်ကာ, ဟန်လဲ့အားနောက်ဆုံးတွင် ရွှံ့နွံသားရဲနှင့်တိုက်ပွဲတွင်အနိုင်ရနေကြောင်းကိုကြွေးကြော်လိုက်သကဲ့သို့အောင်ပွဲခံသံ ဖြင့်အော်လိုက်သည်။
“အခု မင်းရဲ့ကျောပေါ်ကရွှံ့နွံသားရဲကိုဖယ်ပြီး မြန်မြန်အဆုံးသတ်လိုက်တော့” ဟန်လဲ့ကသူ့လက်ကိုဒေါသတကြီးဝှေ့ယမ်းကာပြောလိုက်သည်၊
အရိုးစုကြံ့သည်၎င်း၏သခင်ထံမှချီးမွမ်းခံရခြင်းမခံရသောအခါ အနည်းငယ်စိတ်ပျက် သွားပုံရသည်၊ သို့သော်သူ့မျက်နှာတွင်ပြတ်သားသောအကြည့်တစ်ခုပေါ်လာသည်။ သူဒါကိုအနိုင်ယူရမယ်!
၎င်းသည်ရွှံ့နွံအမျိုးအစားသားရဲကိုကြိုးဝိုင်း၏အစွန်ရှိအကာအကွယ်မှန်ပြင်နှင့် နောက်ကျောဘက်သို့ထိမှန်သွားစေသည်၊ ဖန်သားပြင်ကိုခိုင်ခံ့သောဖိုက်ဘာမှန်များနှင့် ပြုလုပ်ထားသော်လည်းအရိုးစုကြံ့များသည်၎င်းတွင်အက်ကွဲရာသေးသေးလေးကို ချန်ထားခဲ့နိုင်ဆဲဖြစ်သည်။
အကာအကွယ်မှန်ပြင်နောက်မှပရိတ်သတ်များကအော်ဟစ်ကြတော့သည်၊ တစ်ချို့က သူတို့၏ထိုင်ခုံကိုချက်ချင်းပင်ထားခဲ့ကာထွက်ပြေးကြသည်၊
ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်ပြီး ဒမ်ဘီကိုအရိုးစုကြံ့အားရပ်ခိုင်းလိုက်သည်၊ ကွင်းပတ်လည်ဧရိယာကိုတမင်တကာထိခိုက်စေခြင်းသည်စည်းကမ်းများကို ဆန့်ကျင်ခြင်းဖြစ်သည်။
“ကောင်းဖန်,မင်းဘာသောက်လုပ်လုပ်တာလဲ?” ဟန်လဲ့ကဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
“အဲ့တာကစည်းမျဉ်းတွေနဲ့ဆန့်ကျင်နေတယ်” ကောင်းဖန်ကတည်ငြိမ်စွာပြောလိုက် သည်။
ဟန်လဲ့ကသူ့ကိုရိုင်းစိုင်းစွာပြောဖို့တွေးလိုက်ပေမယ့်, နောက်တော့မလုပ်ဖို့ဆုံးဖြတ် လိုက်သည်။
“ကျေးဇူးပြုပြီးကွင်းပြင်အလယ်မှာရှိတဲ့ကျောက်စင်ပေါ်မှာဘဲတိုက်ခိုက်ပါ” ကောင်းဖန်ကတိုးတိုးလေးပြောလိုက်သည်။
ဟန်လဲ့၏အမိန့်ကိုလက်ခံရရှိပြီးနောက်အရိုးစုကြံ့များသည်နာခံမှုဖြင့် ကျောက်စင်မြင့် ပေါ်သို့ဦးတည်သွားလိုက်သည်၊
ရွှံ့နွံသားရဲသည်၎င်း၏နောက်ကျောတွင်ခိုင်မြဲစွာတယ်ကပ်ထားခြင်းဖြင့် ၎င်းကိုကိုယ်အလေးချိန်ပို၍ရှိနေဆဲပင်ဖြစ်သည်။
ကြံ့၏အသားမရှိသောခန္ဓာကိုယ်သည်ချွေးလုံးဝမထွက်နိုင်ပေ၊ သို့သော်လည်း အဝါရောင်အရည်စက်များသည်၎င်း၏ထိတွေ့နေသောအရိုးများမှထွက်လာသည်ကို မြင်နိုင်သည်။
ရုတ်တရက်, အရိုးစုကြံ့သည်ကျောက်စင်မြင့်ဆီသို့အပြေးအလွှားရောက်လာပြီး ဆန့်ကျင်၍တိုက်ပြစ်လိုက်သည်!
၎င်းသည်သူ၏အစွယ်ကိုဘယ်ကွန်မန်ဒါအဆင့်သားရဲများ၏တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိသောပစ္စည်းတစ်ခုဟုယူဆရပြီး ၎င်းကကျောက်စင်မြင့်ကိုဖြတ်သွားတော့ သည်။
ကြံ့အစွယ်မှရွှံ့နွံများသည် အရပ်ရပ်သို့ပျံထွက်ကုန်ကြသည်။
“ကောင်းတယ်, အရိုးစုကြံ့, အဲ့လိုဆက်ပြီးတိုက်ခိုက်ထား! မင်းအဲ့မှာဘာကိစ္စထပ်ပြီး ဒီတိုင်းရပ်နေသေးတာလဲ?!”ဟန်လဲ့ကထိုအခြေအနေတွင် ဒီတိုင်းရပ်နေသောသူ့သားရဲ ကိုကြည့်ကာပြောလိုက်သည်။
ရွှံ့နွံသားရဲ၏ရွှံ့များသည်ကြံ့၏ဦးခေါင်းရိုးမှထွက်သွားပြီးဘာမှမရှိသောမျက်လုံးအိမ် များကိုထုတ်ဖော်ပြသနေသည်။
၎င်းတို့ထဲတွင်အပြာရောင်မီးတောက်ဖျော့ဖျော့က အချိန်မရွေးထွက်ခွာသွားတော့မလို ဖြစ်နေသည်ကိုတွေ့ရသည်။
ရုတ်တရက်ပင်, အရိုးကြံ့သည်မြေပြင်ပေါ်သို့ပြင်းထန်သည့်အသံနှင့်အတူပြိုလဲကျ သွားတော့သည်၊ နောက်ဆုံးတိုက်ခိုက်မှုသည် ၎င်း၏အင်အားအကုန်လုံးကိုသုံးစွဲခဲ့တာ ဖြစ်သည်။
ဟန်လဲ့အားပျော့ညံ့စွာကြည့်ကာသခင်ထံမှနှစ်သိမ့်မှုကိုကြားချင်သလို ဝမ်းနည်းစွာ ညည်းညူနေလေသည်။
“အသုံးကိုမကျဘူး” ဟန်လဲ့ကရေရွတ်လိုက်ရင်း လှည့်ကာကွင်းထဲမှထွက်သွားတော့ သည်။
ဒီလိုအသုံးမကျတဲ့သားရဲရှိနေဖို့မလိုအပ်ဘူး၊ ဒါ့အပြင်သူကသူအဖေရဲ့အကူအညီနဲ့ ပိုပြီးကောင်းတဲ့သားရဲအားအရိုးစုကြံ့နှင့်ပြောင်းလဲနိုင်သည်။
အရိုးစုကြံ့သည်သူ့သခင်၏နောက်ကျောကိုမြင်သောအခါ ၎င်း၏မျက်လုံးများတွင် အပြာရောင်မီးတောက်သည်တစ်ခဏလောက်ယိမ်းယိုင်သွားသည်၊ စိတ်ပျက်အားငယ်မှုသည်ထိုအချိန်တွင် ခံစားနိုင်သောတစ်ခုတည်းသောအရာသာဖြစ် သည်။
ထို့နောက်တွင်, ကြောက်မက်ဖွယ်ကောင်းသောငိုကြွေးသံသည် ကွင်းပြင်အနှံ့တွင် ပဲ့တင်ထပ်သွားသည်။
လူးကတ်စ်ကသူ့သားရဲကိုခေါ်လိုက်သည်၊ အရိုးစုကြံ့ကမြေပြင်ပေါ်တွင်အမူအယာမဲ့၍ လဲလျောင်းနေသည်ကိုမြင်သောအခါတွင် သူကသက်ပြင်းချလိုက်ကာကွင်းပြင်ကနေ ထွက်သွားတော့သည်။
ကောင်းဖန်ကကွင်းပြင်မှဆင်းကာကာနောက်ဒိုင်လူကြီးအားနေရာယူခွင့်ပေးလိုက် သည်။
ပွဲကြည့်ပရိတ်သတ်အများစုသည်အဖြူရောင်တီရှပ်အင်္ကျီနှင့်မီးခိုးရောင်ဘောင်းဘီတို ဝတ်ထားကာ ကွင်းပြင်ပေါ်သို့ထွက်လာသောနောက်ဒိုင်လူကြီးကပိုပြီးကြည့်ကောင်း သည်ကိုကြည့်ရန်လည်ဆန့်ကာကြည့်နေကြသည်။
လီယွိသည်ပွဲကြည့်စင်မှပရိတ်သတ်များကစိတ်လှုပ်ရှားစွာအားပေးနေသည်ကိုကြည့် ရင်းအနည်းငယ်မာနထောင်လွှားနေသောအမူအရာကသူ့မျက်နှာတွင်ပေါ်လာသည်။
သို့သော်လက်ခုပ်ဩဘာသံများသာ သူ့ကိုပွဲကြည့်စင်မှနှုတ်ဆက်လာကြသည်၊ ပရိတ်သတ်အချို့ကသူ့ကိုသရော်နေကြသည်။
လူတိုင်းကဘာတွေမှားယွင်းနေကြတာလဲ? သူကတွေးလိုက်သည်။
“ဘာလို့ဒီဒိုင်လူကြီးကအရမ်းကြီးနေတာလဲ?” တစ်ချို့ကအော်ဟစ်ပြောကြသည်။
“သူကဒိုင်လူကြီးဖြစ်ဖို့အရမ်းအသက်ကြီးနေတယ်၊ အနည်းဆုံးအသက်၃၀ရှိရမယ်”
ဤသည်မှာလီယွိအားပရိတ်သတ်ထံမှကောက်နှုတ်နိုင်သောမှတ်ချက်များဖြစ်သည်။
ဒီလိုအူတိအူကြောင်လေးတွေကိုဒီနေရာကနေအမြန်ထွက်သွားအောင်လုပ်လို့ကမရ… ပြီးတော့,ငါကဒီနှစ်မှအသက်၃၀ရှိသေးတာ! မင်းတို့ကငါ့ကိုဘယ်လိုတောင်လူအိုကြီး လို့ပြောနိုင်ရတာလဲ!
နေ့တစ်နေ့ကမျက်စိတစ်မှိတ်အတွင်းဖြတ်ကျော်လာပြန်ပြီဖြစ်သည်။
ပြိုင်ပွဲ၏ပထမဆုံးအကြိမ်တွင် ပွဲစုစုပေါင်း၃၂ပွဲရှိနေသည်၊ ၂၄ပွဲကထိုနေ့တွင်ပြီးဆုံးသွား ပြီဖြစ်ကာ, ၈ပွဲကျန်ရှိနေသေးသည်။ ပထမဆုံးထုတ်ပယ်သည့်အကြိမ်သည်နောက်နေ့ မနက်မှာအပြီးသတ်နိုင်ဖွယ်ရှိပြီး ဒုတိယအကျော့အတွက်မဲနှိုက်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
သာမန်အခြေအနေအရပြိုင်ပွဲ၏အလားအလာကောင်းသောသူများထဲမှ အချို့သာ ဒီနေ့သတင်းတွင်ထိပ်ဆုံးနေရာတွင်ရှိမည်ဖြစ်သည်၊ သို့သော်, ဒီအချိန်ကကွဲပြားနေ သည်။
သတင်းဌာနတိုင်းသည်ပြိုင်ပွဲ၏ဒိုင်လူကြီးတစ်ဦးအကြောင်းကိုလည်း စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
ဟွားရှားဒေသပြိုင်ပွဲဝင်ကနေနှုတ်ထွက်ထားတာ, ၁၈နှစ်, ဒိုင်လူကြီး, ဧကရာဇ်အဆင့် သားရဲနဲ့။
ပြောရရင်တော့ ဒီစကားတွေကအများကြီးအဓိပ္ပါယ်မရှိပေ၊ သို့သော်ပေါင်းစည်းလိုက် သောအခါတွင်သတင်းစာများ၏ရှေ့မျက်နှာစာတွင် အလွန်မျက်စိကျစရာခေါင်းစဉ် တစ်ခုပေါ်လာတော့သည်။
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၄၆
ကျိုးတျန်းမင်၏အိမ်တွင်ခဏတာတည်းခိုသောကောင်းဖန်သည် ထိုအချိန်တွင်အပြင်၌ ဘာတွေဖြစ်နေမှန်းမသိပေ၊ အမှန်အတိုင်းဆိုလျှင် ကမ္ဘာပေါ်ရှိလူတိုင်းသည် သူ့အကြောင်းပြောနေကြသည်ကိုသိခဲ့လျှင်ပင် သူကစိတ်ထဲထားမည်မဟုတ်ပေ။
သေချာတာပေါ့, တောင်ပိုင်းကောင်းကင်အဖွဲ့သည်ဒေသတွင်းရှိသတင်းဌာနတိုင်းတွင် သူ၏အမည်ကိုဖြန့်ကျက်ရန်လက်တစ်ကမ်း၌ပင်ရှိကောင်းရှိနိုင်သည်။
ယခုတွင်ကောင်းဖန်သည်မည်ကဲ့သို့လုပ်နိုင်သည်ကိုလူတိုင်းသိကြပြီး, သူက တစ်စုံတစ်ခုကိုဒေါသထွက်သောအခါတွင် ဘယ်သူမှမျက်ခွံကိုပိတ်မကျနိုင်ကြပေ။
“ကျိုးမန်မန်, ကောင်းဖန်ကတကယ်နင်တို့နေရာမှာနေတာလား?” ဥယျာဉ်အပြင်ဘက် တွင်ရှိသောတစ်စုံတစ်ယောက်ကတီးတိုးပြောလိုက်သည်။
“ဟုတ်တယ်”
“၁၈နှစ်နဲ့ ဧကရာဇ်အဆင့်သားရဲ….ဒါကအံ့ဩစရာဘဲ၊ အကယ်၍သူကကပ်ဆိုးကြီး အစောပိုင်းကတည်းကသွေးစာချုပ်ချုပ်မယ်ဆိုရင်, သူ့သားရဲကအခုဆိုရင် အင်ပါယာအဆင့်သားရဲတောင်ဖြစ်လာနိုင်တယ်”
ဥယျာဉ်အရှေ့ဘက်ခြမ်းသည်ကျယ်ဝန်းပြီး ဘာမှမရှိသောနေရာသည်ရေလုံမိုးကာ မျက်နှာကြက်ကိုလုပ်ထားသည်၊ တစ်ချို့သောသားရဲများအားလေ့ကျင့်နိုင်ရန်အတွက် ထိုအကာ၏အောက်တွင်ပြင်ဆင်ထားသည်။ ဥပမာအားဖြင့်,ဘာမှမရှိသောနေရာတွင် သားရဲတစ်ကောင်၏ ခန္ဓာဗေဒနှင့်ကိုက်ညီစေရန်အထူးဒီဇိုင်းထုတ်ထားသည့်၁၆ပေ ရှည်သောခြေထောက်လေ့ကျင့်ရေးကိရိယာတစ်ခုရှိသည်။
တာ့ဇီသည် လေ့ကျင့်ရေးစက်ပေါ်တွင်ပက်လက်လှန်၍လှဲကာနေသည်၊ ၎င်းသည် ၎င်း၏ခန္ဓာကိုယ်ကိုအထက်သို့တွန့်လိုက်ပြီး ဖြေလျှော့လိုက်ကာနောက်တစ်ကြိမ် ထပ်၍ကွေးလိုက်သည်၊ သူ့တစ်ကိုယ်လုံးချွေးများဖြင့် ပြောင်လက်နေသည်။
“ဒါကိုဆယ်မိနစ်လောက်ထပ်လုပ်, ဒီညစာအတွက် အစားအသောက်ပိုကျွေးမယ်” ကောင်းဖန်ကသူ့လက်ထဲမှသံပါတ်နာရီကိုကြည့်လိုက်သည်။
တာ့ဇီ၏အနက်ရောင်မျက်စံများသည်စိတ်လှုပ်ရှားစွာဖြင့် တဖိတ်ဖိတ်တောက်နေ သည်၊ “ကောင်းပြီ!” ကောင်းဖန်ကအဝေးသို့ကြည့်လိုက်သောအခါတွင် တာ့ဇီ၏ လှုပ်ရှားမှုများကသိသိသာသာကိုနှေးကွေးသွားသည်။
ထို့နောက်,ကောင်းဖန်သည်တာ့ဇီအနားရှိလိပ်ပြာစက်နားဆီသို့လျှောက်သွားလိုက် သည်၊ ကိရိယာတန်ဆာပလာသည်အမြင့်ပေ၂၀ခန့်ရှိသည်၊ ဂိုဒီအသုံးပြုရန်အတွက် အလွန်ကြီးမားသောကြောင့်ကောင်းဖန်သည်ဂိုဒီကိုလုံလောက်အောင်ပြန့်ကားစေရန် အတွက် ဖလိမ်မီကို၎င်းအားမီးဖြင့်မှုတ်ဖို့အတွက်အမိန့်ပေးသည်။
ဖလိမ်မီကပျော်ရွှင်စွာဖြင့်သူတို့ကိုလေထဲမှာတုတ်ခိုင်သောပင်ကွင်းတစ်ကောင်က တကယ်တန်းပျံနေသလိုစက်ဝိုင်းပုံစံလှည့်နေသည်၊ အချိန်တိုင်းဂိုဒီကပြန်လျော့ သွားတိုင်း ၎င်းကလျင်မြန်စွာဖြင့်မီးလုံးများမှုတ်ထုတ်သည်၊ အကယ်၍၎င်းက သူ၏တုန်လှုပ်မှုမရှိသောအကျိုးသက်ရောက်မှုကိုမထိရောက်ပါက, ဖလိမ်မီသည် ၎င်း၏ဦးတည်ချက်အတိုင်းမီးလုံးများကိုမှုတ်ထုတ်လိုက်သည်။
“မဆိုးပါဘူး, ဂိုဒီ၊ ငါဒီနေ့ညစာအဖြစ်မင်းကိုသန္ဓေပြောင်းတူနာငါးပေးမယ်” ကောင်းဖန်ကပြုံးကာပြောလိုက်သည်။
ဂိုဒီ၏လှုပ်ရှားမှုများက ကောင်းဖန်ပြောတာကိုကြားလိုက်ရသည့်အခါတွင်ပို၍ပင် ပြင်းထန်လာတော့သည်။
“ကောင်းဖန်, ကောင်းဖန်” ကောင်းဖန်၏ခေါင်းပေါ်တွင်ပျံသန်းနေပြီးနားရွက်နှင့် နောက်ကျောကိုဘဝဲလက်ဖြင့်ထိုးနေသောဆီလီကပြောလိုက်သည်။
“ဘာကြီးလဲ?” ကောင်းဖန်ကဆီလီ၏ဘဝဲလက်များကိုအသာအယာဆွဲထုတ်လိုက် သည်။
“တာ့ဇီက နှေးသွားပြန်ပြီ…”ဆီလီကပျော်ရွှင်စွာပြောလိုက်သည်။
ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်၊ သူ့မျက်လုံးထောင့်မှတာ့ဇီသည် လေ့ကျင့်ခန်းစက်ပေါ်၌အလွယ်တကူလဲလျောင်းနေပြီး ၎င်း၏ဦးမျှင်များမှာ သူ့ခေါင်းပေါ်တွင်ပျော်ရွှင်စွာလှုပ်ယမ်းနေသည်။
“တော်တယ်၊ မင်းအတွက်ဖျော်ရည်တစ်ခွက်” ကောင်းဖန်ကအားပေးအားမြှောက် ပြုလိုက်သည်၊
ဆီလီ၏မျက်လုံးများကပျော်ရွှင်စွာတောက်သွားပြီး ကောင်းဖန်၏ခေါင်းကို၎င်း၏ ဘဝဲလက်များဖြင့်ပွေ့ဖက်လိုက်သည်၊ “ကျေးဇူးပါကောင်းဖန်,မင်းကအကောင်းဆုံးဘဲ”
“တာ့ဇီ, အခုအကြိမ်၁၀,၀၀၀လုပ်စမ်း၊ မင်းပြီးတဲ့အခါမှအစားစားရမယ်” ကောင်းဖန်က အေးစက်စွာပြောလိုက်သည်။
တာ့ဇီ၏ခန္ဓာကိုယ်ကအေးခဲသွားတော့သည်၊ ကောင်းဖန်ကရုတ်တရက်ပြန်လှည့်လာ မယ်လို့သူမျှော်လင့်မထားပေ။
“မင်းအပေါ်မှာစောင့်ကြည့်ကင်မရာတွေရှိတယ်နော်၊ မင်းလုပ်လားမလုပ်လား ငါစောင့်ကြည့်နေမှာ” ကောင်းဖန်ကမျက်နှာကြက်ကာ၏ထောင့်တွင်တပ်ဆင်ထား သည့်စောင့်ကြည့်ကင်မရာကိုညွှန်ပြလိုက်သည်။
တာ့ဇီကသူ့ကိုငေးကြည့်နေတော့သည်။
ဒီလိုထိုးဖောက်ပြီးမြင်နိုင်တဲ့အရာကိုတီထွင်ဖို့က စိတ်ကူးကောင်းလို့ဒီလူသားတွေ ဘယ်လိုထင်ကြတာလဲ? ဘယ်သူငါ့ကိုဆန့်ကျင်ခဲ့ကြတာလဲ?!
ညာဘက်ထောင့်တွင်အစင်းလေးကိုနေရာချထားသည်၊
ဒမ်ဘီ၏ပုခုံးပေါ်တွင် ချိုတစ်ခုပေါက်လာကတည်းက ယခုအခါ၌အစင်းလေးသည် ၎င်း၏ကျောပေါ်တွင် နေရာတိုင်း၌ကောင်းဖန်ကိုသယ်ဆောင်ရသည့် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုရခဲ့သည်။
အလေးချိန်တန်ချိန်အနည်းငယ်ဖြင့်တွန်းထိုးခြင်းများပြုလုပ်လိုက်သည်၊ ၎င်း၏အဆစ် နှင့်ကျောတို့မှသေးငယ်သောအဖြူရောင်အမှုန်များထွက်ကျလာသည်။
“သူကအစောကြီးကတည်းကသူ့သားရဲတွေကိုလေ့ကျင့်နေပြီ၊ ဧကရာဇ်အဆင့် ရောက်အောင်လေ့ကျင့်ပေးနေတာအံ့ဩဖို့တော့မကောင်းတော့ပါဘူး” ကျိုးမန်မန်၏ဘေးတွင်ရပ်နေသောအရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နှင့်ပုခုံးသွယ်သွယ် မိန်းကလေးကပြောလိုက်သည်၊ သူမကအနီရောင်ရှပ်အင်္ကျီနှင့်သူမ၏ပုခုံးပေါ်တွင် အနက်ရောင်ကြိုးကိုသိုင်းထားပြီး, ခြေကျင်းဝတ်ထိရှည်သောစကတ်ကိုဝတ်ဆင်ထား ကာ, သူမ၏မျက်နှာ၌မိတ်ကပ်ပါးပါးလိမ်းခြယ်ထားသည်။
“အန်းနင်ရွှယ်,အကယ်၍နင်အခုရည်းစားရှာချင်နေတာဆိုရင်, နင့်အဖေကိုကျီမိသားစု နဲ့လက်ထပ်ပေးခိုင်းဖို့ပြောလိုက်လေ” ကျိုးမန်မန်ကစလိုက်သည်၊
အန်းနင်ရွှယ်ကဒါအတွက်တော့ရှက်ရွံ့မနေပေ၊ သူမကအလေးအနက်ကိုကျိုးမန်မန် ပြောသည်ကိုတွေးတောနေသည်၊
ကျိုးမန်မန်ကကောင်းဖန်ကိုကြည့်ကာသက်ပြင်းချလိုက်သည်၊ သူ့အဘိုးက ကောင်းဖန်နဲ့သူမကိုတွဲဖက်ပေးနေတာသူမကြိုက်ပေ၊ သူမကကောင်းဖန်ကိုတော့ မမုန်းပါဘူး; သူမကအရွယ်ရောက်လာသည်နှင့်သူမအတွက်အကုန်လုံးလိုက်ပြီး ဆုံးဖြတ်ပေးနေသည်ကိုရိုးရိုးရှင်းရှင်းဘဲ မကြိုက်ပေ။
…
ကောင်းဖန်ကသူ့နာရီကိုကြည့်လိုက်သည်၊ မနက်ကြီးခုနှစ်နာရီခွဲပြီဖြစ်သည်။
ပြိုင်ပွဲကရှစ်နာရီမှာစတင်မှာဖြစ်ပြီး, ကွင်းသို့ရောက်ရန်အနည်းဆုံးဆယ်မိနစ်လောက် အချိန်ယူရမည်၊ အဲ့ဒီအချိန်အထိသူ့မှာအချိန်အများကြီးကျန်ပါသေးသည်။
ကောင်းဖန်သည်ကျိုးမန်မန်နှင့်သူမ၏သူငယ်ချင်းအားဥယျာဉ်အပြင်ဘက်၌ရှိသည်ကို သတိပြုမိလိုက်သည်၊ သို့သော်သူသည် သူတို့ကိုအမှန်တကယ်ပင်မသိတာကြောင့် မခေါ်ရန်ဆုံးဖြတ်လိုက်သည်။
သူ့သားရဲတွေကိုလေ့ကျင့်မှုပြီးတဲ့အခါကောင်းဖန်သည်သူ့ပစ္စည်းတွေကိုစ၍ စုဆောင်းလိုက်သည်၊
ဂိုဒီသည်ကြီးမားသောလိပ်ပြာစက်ကြီးမှာခုန်ဆင်းကာဗီဒိုဆီသို့လျှောက်သွားပြီး ဗီဒိုကို ပြင်းပြင်းထန်ထန်ဖွင့်လိုက်ကာ, ၎င်း၏အဝါရောင်အမွှေးကုတ်အင်္ကျီကိုတတ်နိုင်သမျှ ဂရုတစိုက်ထုတ်ယူလိုက်သည်။
၎င်းသည်ကြီးမားသည့်ပုံစံအတိုင်းရှိနေသေးတာကြောင့် ဂိုဒီသည်၎င်း၏အင်္ကျီကို ပုခုံးပေါ်တင်၍လေ့ကျင့်ရေးနေရာမှထွက်လာခဲ့သည်။
ဘဲကြီးတစ်ကောင်ကကျိုးမန်မန်နှင့်သူ့သူငယ်ချင်းကိုဖြတ်လာသောအခါတွင်, သူတို့ကိုတစ်ချက်ကြည့်လိုက်ကာ, သူ့လည်ပင်းကိုမာနကြီးစွာဖြင့်ဆန့်လိုက်သည်။
“အော်,ဆံပင်မရှိတဲ့အမျိုးသမီးလူသားတွေ, ဘယ်လောက်တောင်ကြောက်စရာ ကောင်းလဲ”
တာ့ဇီကလေ့ကျင့်ရေးစက်မှတွားသွားထွက်လာရန်ကြိုးပမ်းနေစဉ် ကောင်းဖန်အား စိုက်ကြည့်လိုက်သည်။
ကောင်းဖန်ကသတိပေးသည့်အကြည့်တစ်ချက်ပေးလိုက်တော့, တာ့ဇီကလျင်မြန်စွာ ဖြင့်လေ့ကျင့်ရေးစက်ပေါ်သို့တွားသွား၍တက်သွားပြန်သည်။
“ငါ့ကြွက်သားတွေကိုဆွဲဆန့်ချင်တယ်” တာ့ဇီကမှုန်ဝါးဝါးဖြင့်ပြောလိုက်ပြီး, လေ့ကျင့်ရေးစက်တွင်ဆက်လုပ်နေတော့သည်၊
မနက်စာစားပြီးနောက်ကောင်းဖန်သည် လေယာဉ်ဖြင့်ထွက်လာပြီးဆင်းသက်သည့် အခါတွင်လမ်းချော်၍ဒမ်ဘီကတွဲလောင်းကျသွားတော့သည်၊
၁၀မိနစ်မပြည့်ခင်မှာဘဲ ရဟတ်ယာဉ်ကအားကစားကွင်းကိုရောက်လာခဲ့သည်၊ ပရိတ်သတ်နှင့်သတင်းထောက်များအပြည့်အစုံရောက်နေကြပြီဖြစ်သည်၊ ကျန်ရှိသည့် ပြိုင်ပွဲများကိုမကြာမီတွင်စတင်ကျင်းပတော့မည်ဖြစ်သည်။
နေ့လည်ခင်းတွင်, အများစုသောပရိတ်သတ်များသည်တစ်မနက်လုံးကျန်ရှိနေသည့် ပြိုင်ပွဲဝင်များကိုအားပေးရသောကြောင့်မောပန်းနေကြတော့သည်၊ လေထဲတွင် စိတ်လှုပ်ရှားနေမှုများသည် သေဆုံးနေတော့သည်။
“ကျွန်တော်တို့ပထမအကြိမ်နောက်ဆုံးအသုတ်ပွဲစဉ်ကို မကြာခင်မှာစတင်တော့မှာပါ” အစီအစဉ်တင်ဆက်သူကပြောလိုက်သည်၊
သူ၏အချက်ပေးစကားပြောလိုက်ပြီး, ကောင်းဖန်ကဒမ်ဘီကိုဦးဆောင်ကာ ကွင်းပြင်ထဲသို့ထွက်လာသည်။
နှစ်ဖက်လုံးမှသတ္ထုတံခါးများသည် ဖြည်းညှင်းစွာပင့်တင်လာတော့သည်။
ဘယ်ဘက်ထောင့်တွင်အနီရောင်ဝတ်စုံနှင့်အနက်ရောင်ဘောင်းဘီအားဝတ်ဆင်ထား သောကောင်လေးကမတ်တပ်ရပ်နေသည်၊ ကြီးမားသောအနက်ရောင်ကျားကြီးက သူ့ဘေးမှနေ၍ကွင်းပြင်ထဲသို့ဝင်ရောက်လာသည်၊ ၎င်း၏ခန္ဓာကိုယ်ကအနက်ရောင် အကြေးခွံများဖြင့်ဖုံးအုပ်ထားသောကြောင့်နေရောင်အောက်တွင်တဖိတ်ဖိတ်တောက်ပ နေသည်။ ၎င်း၏နှဖုံးပေါ်မှအစင်းပုံစံကွက်သည် “ဘုရင်”ဟူသောတရုတ်စကားလုံး အက္ခရာနှင့်ဆင်တူသည်။
ဆံပင်ရွှေရောင်, မျက်လုံးပြာနှင့်လှိုင်းတွန့်ဆံပင်ရှည်တို့ဖြင့်ကောင်လေးတစ်ယောက် သည်ညာဘက်ထောင့်တွင်ထွက်လာသည်၊ အဖုအထစ်များပါသည့်သစ်ပင်ကဲ့သို့သော သတ္တဝါတစ်ကောင်က သူ၏မြွေအမြစ်များကိုရှေ့သို့တွန်းပို့ပြီးသူ့နောက်မှလိုက်လာ သည်။
တစ်ချို့သောပရိတ်သတ်များကရုတ်တရက်လန့်နိုးလာကြသည်, “ပိုပြီးမျှော်လင့်နေတဲ့ တိုက်ပွဲကအခုစနေပြီ!”
“ဟွားရှားနယ်ပယ်ကချန်ပီယံနဲ့ ယင်းလီနယ်ပယ်ကချန်ပီယံတို့ယှဉ်ပြိုင်ကြမှာဖြစ်ပါ တယ်!”
“ယွီကောကသေချာပေါက်အောင်ပွဲခံရလိမ့်မယ်”
“ဒါပေမယ့်ဘရန်ဒီကလည်းအားနည်းမနေဘူးနော်, သူကယီလင်းမြို့ကချန်ပီယံတောင် မဟုတ်သေးဘူး, မင်းသိလား”
“မင်းကဟွားရှားကတောင်လား?!”
“….”
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၄၇
ကွင်း၏ထောင့်တစ်နေရာတွင်ဟွားရှားအကြိုပြိုင်ပွဲ၌ပထမရခဲ့သောယွီကောသည် အနီရောင်ဝတ်စုံဝတ်ထားသည်၊ စင်ပေါ်နေသူ့ကိုအားပေးတဲ့သူ၏ကိုယ်ပိုင်ပရိတ်သတ် တွေတောင်ရှိသည်။
ဘရန်ဒီသည်ယွီကောတွင်ရှိသလိုမျိုး သူ၏နယ်ပယ်တွင်လည်းနာမည်ကြီးသည်၊ သို့သော်ယခုတွင်တော့,သူကဟွားရှားဒေသတွင်ရှိနေသောကြောင့် သူ့ပြိုင်ဘက်ထက် ပရိတ်သတ်အားပေးမှုနည်းသည်။
[မကောင်းဆိုးဝါးအမည်]-အကြေးခွံနက်ကျား
[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံသောအဆင့်အတန်း
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၂
[မကောင်းဆိုးဝါးစွမ်းရည်]-အမှောင်
[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-မာကျောသောအကြေးခွံအဆင့်၁, အမှောင်ကျွမ်းကျင်မှု အဆင့်၁
[ထူးခြားသည့်သွင်ပြင်လက္ခဏာများ]-မျက်လုံးအတွင်းရှိအမှောင် (တုန်လှုပ်မှုမရှိသောသက်ရောက်မှု; အကြေးခွံနက်ကျားသည်အမှောင်ထဲ၌ ပြီးပြည့်စုံစွာဖြင့်မြင်နိုင်သည်၊ ၎င်းကိုမြင်နိုင်သောဝိဉာဉ်များသာမကအမှောင်ဒြပ်စင်နှင့် လည်းဆက်စပ်မှုရှိသည်၊ နိုးကြားသောသက်ရောက်မှု; ၎င်းကသူ၏ပစ်မှတ်တစ်ခါ ကြည့်တာနဲ့မျက်လုံးကန်းသွားနိုင်သည်။)
[မကောင်းဆိုးဝါးအားနည်းချက်]-အကြေးခွံနက်ကျားသည်အလင်းရောင်ကိုအလွန် မုန်းသည်၊ အလွန်တောက်ပသောပတ်ဝန်းကျင်ကိုတုံ့ပြန်ရခြင်းဖြင့် ၎င်း၏ရုပ်ပိုင်းဆိုင်ရာအခြေအနေဆိုးရွားလာမည်ဖြစ်သည်။
_
[မကောင်းဆိုးဝါးအမည်]-မြည်တမ်းခြင်းမြွေနဂါးသစ်ပင်
[မကောင်းဆိုးဝါးအဆင့်အတန်း]-ထူးခြားအဆင့်အတန်း
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၀
[မကောင်းဆိုးဝါးစွမ်းရည်]-သစ်သား
[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-ခိုင်ခံ့သောနွယ်အဆင့်၂, အသစ်ပြန်လည်ဖြစ်ပွားခြင်း အရှိန်အဆင့်၁
[ထူးခြားသောသွင်ပြင်လက္ခဏာများ]-သစ်ရည်အက်ဆစ်(တုန့်လှုပ်မှုမရှိသော သက်ရောက်မှု: ၎င်း၏သစ်ရည်များသည်မြင့်မားသောပျက်စီးယိုယွင်းနိုင်စေရှိသည်၊ ၎င်းက၎င်း၏ကိုယ်တွင်းရှိအထူးပြုအင်္ဂါရပ်တစ်ခုမှအရည်များကိုဖြန်းပက်၍ ရန်သူကိုတိုက်စားကာပျက်စီးစေနိုင်သည်၊ တုန်လှုပ်မှုမရှိသောသက်ရောက်မှု၂: ၎င်းသည်ခန္ဓာကိုယ်အတွင်းရှိအက်ဆစ်ပမာဏများစွာကိုစွန့်ထုတ်နိုင်သည်၊ တုန်လှုပ်မှုမရှိသောသက်ရောက်မှု၃: အကယ်၍၎င်း၏အက်ဆစ်အရည်များသည် အတွင်းထဲတွင်အချိန်အကြာကြီးပြုတ်ထားသလိုဖြစ်နေပါက,အက်ဆစ်ဓာတ် တိုးလာခြင်း သို့မဟုတ် ထုံဆေးအာနိသင်ကဲ့သို့သောနောက်ထပ်အကျိုးဆက်များ ကိုပါရနိုင်သည်။
[မကောင်းဆိုးဝါးအားနည်းချက်]-မီး
အကြေးခွံနက်ကျားသည်အဆင့်နှစ်ဆင့်မြင့်သော်လည်း၎င်း၏အဆင့်အတန်းသည် မြည်တမ်းခြင်းမြွေနဂါးနွယ်ထက် တစ်ဆင့်နိမ့်နေသေးသည်၊ သားရဲနှစ်ကောင်လုံး၏ အဆင့်ဖြင့်အကဲဖြတ်ကြည့်လျှင် မြည်တမ်းခြင်းမြွေနဂါးသစ်ပင်ထက်အနည်းငယ် သန်မာသည်ဟုဆိုနိုင်သည်။
ဤပွဲရလဒ်များသည်သားရဲများ၏အတွေ့အကြုံ,အရည်အချင်းများနှင့် ထူးခြားသော ဇီဝမကမ္မဗေဒနှစ်မျိုးလုံးအပေါ်တွင်မူတည်သည်။
ကောင်းဖန်သည်တစ်မူထူးခြားသောအောင်ပွဲကိုစတင်ချိန်ဆနေသည်။
နှစ်ဖက်လုံးမှအကျွမ်းတဝင်သားရဲသည်တစ်ဖက်သား၏စွမ်းရည်များနှင့်မဆန့်ကျင်နိုင် ကြပေ၊ ပြီးတော့,အကြေးခွံနက်ကျား၏မွေးရာပါစွမ်းရည်သည် မြည်တမ်းခြင်းမြွေနဂါးနွယ်ပေါ်တွင်ကြီးမားသောသက်ရောက်မှုတစ်စုံတစ်ရာရှိမည် မဟုတ်ပေ၊
သို့သော်မြည်တမ်းခြင်းမြွေနဂါးနွယ်သည်၎င်း၏ပြိုင်ဘက်ထက်ကျယ်ပြန့်သော တိုက်ခိုက်နိုင်စွမ်းရှိသည်။
တစ်ခါတစ်ရံမှာ အောင်ပွဲ၏ချိန်ခွင်လျှာကိုတစ်ဖက်ပို့ဖို့အသေးစိတ်အချက်တစ်ချက်ဘဲ လိုအပ်သည်။
သို့သော်, မြည်တမ်းခြင်းမြွေနဂါးနွယ်သည်အပင်အမျိုးအစားသားရဲဖြစ်သည်ကို မှတ်ထားရမည်၊ အများစုသောအပင်အမျိုးအစားသားရဲများကဲ့သို့ ၎င်း၏လှုပ်ရှားမှုများ ကိုအလွန်ကန့်သတ်ထားသည်။
ဤသို့ဖြင့်သားရဲနှစ်ကောင်လုံးသည် ဤပွဲကိုအနိုင်ရရန်မျှတသောအခွင့်အရေးရှိပုံရ သည်။
အကြေးခွံနက်ကျားသည်ရုတ်တရက်ဟိန်းလိုက်ပြီး၎င်း၏မှင်ကဲ့သို့မဲနက်နေသော အကြေးခွံများကိုပြင်းထန်စွာကွေးညွှတ်ကာလျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ဖြင့် တောက်ပနေသော၎င်း၏ခြေသည်းများကိုထုတ်လိုက်သည်။
အကြေးခွံနက်ကျား၏မျက်လုံးများသည်ယခုတွင်၎င်း၏ပြိုင်ဘက်ကိုစူးစူးစိုက်စိုက် ကြည့်နေကြသည်၊ တစ်ခဏအတွင်းမှာပင် မြည်တမ်းခြင်းမြွေနဂါးသစ်ပင်၏ ကမ္ဘာကြီးကမှောင်မိုက်သွားခဲ့သည်။
အရင်အခိုက်အတန့်ကတောက်ပကာနေသာနေခဲ့တာဖြစ်သည်၊ နောက်တစ်ခဏ ကြာတော့, တိတ်ဆိတ်သောညက၎င်း၏ပတ်လည်တွင်ဖြစ်ပေါ်လာကြသည်။
မြည်တမ်းခြင်းမြွေနဂါးသစ်ပင်သည်ယခုတွင်၎င်း၏အရှေ့၁၀မီတာလောက်သာမြင်ရ သည်။
အမှောင်ထဲမှတောင်,ကျား၏ရွံ့ရှာနေသောမျက်လုံးများက၎င်း၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်ကိုခံစားမိသည်၊ အမှန်မှာတော့,ဒါကမြည်တမ်းခြင်းမြွေနဂါး သစ်ပင်ပေါ်တွင်သိပ်ပြီးသက်ရောက်မှုမရှိပေ, ၎င်းကနွေးထွေးသောနေရောင်အောက်၌ ရှိနေကြောင်းခံစားနေရပြီး, ဒါကလည်းသူလိုအပ်တာဖြစ်သည်။
၎င်း၏ဆဲလ်တိုင်းသည်နေရောင်အောက်တွင်အရွက်များနေရောင်ဖြင့်အစာချက်ခြင်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ, သူ့ဘေးပတ်လည်မှာရှိသောအမှောင်သည် အတုအယောင်ဖြစ်သည်ကိုလည်းသိသည်။
ပိုပြီးအရေးကြီးတာက, ၎င်းသည်၎င်း၏ပတ်ဝန်းကျင်ရှိအနီအောက်ရောင်ခြည် ဖြာထွက်မှုကိုဖမ်းယူခြင်းဖြင့်အမှောင်ထုအားဖြတ်သန်းသွားနိုင်သည်ကိုခံစားရသည်။
မြွေနဂါးသစ်ပင်၏မြွေနှင့်တူသောအကိုင်းအခက်များသည် အကြေးခွံနက်ကျားကို အဝေးမှလှမ်းရိုက်လိုက်သည်။
၎င်း၏အကိုင်းအခက်များကကျား၏အကြေးခွံကိုထိသောအခါတွင်သတ္ထုမြည်သံ ထွက်ပေါ်လာသည်၊ ကျားနက်သည်အနည်းငယ်ယိမ်းထိုးသွားပြီးနောက်တစ်ကြိမ် ရှေ့သို့ဆတ်ကနဲလှမ်း၍၎င်း၏သွားများကိုသစ်ပင်၏အကိုင်းအခက်များအတွင်းသို့ ထိုးသွင်းလိုက်သည်။ သစ်ပင်၏အခေါက်မှဆွဲထုတ်လိုက်သောအခါတွင် အနီရောင်အရည်များသည်သွေးကဲ့သို့ဒဏ်ရာမှစီးကျကလာသည်။
အကြေးခွံနက်ကျားသည်၎င်း၏အရူအမူးတိုက်ခိုက်မှုကိုဆက်လုပ်ဆောင်နေသည်၊ စက္ကန့်အနည်းငယ်အတွင်းတွင်၎င်းသည်နောက်ထပ်အကိုင်းအခက်ဆယ်ခုကို ကိုက်ခဲ့သည်။ မြည်တမ်းခြင်းမြွေနဂါးသစ်ပင်၏ကိုက်ခံရသောနေရာများမှထွက်လာ သည့်အနီရောင်အရည်များသည် အောက်ဘက်တွင်သွေးနီရောင်ဗွက်အိုင်ကဲ့သို့ ဖြစ်လာသည်၊ အချို့ကအကြေးခွံနက်ကျား၏အကြေးခွံပေါ်သို့ကျသွားသည်၊ အနံ့စူးရှရှကလေထုထဲတွင်စိမ့်ဝင်ပျံ့နှံ့လာသည်။
သို့သော်,၎င်းတွင်များပြားသောအကိုင်းအခက်များရှိသည်၊ အကြေးခွံနက်ကျားသည် သစ်ပင်ရှိအကိုင်းအခက်များကိုဆယ်ခုလောက်ဆုတ်ဖြဲထားသည့်တိုင် ရာဂဏန်းလောက်ကထိုနေရာတွင်ပြန်၍ပေါက်ဖွားလာကြသည်၊ အကြည်ရောင် အရည်များက၎င်း၏အကိုင်းအခက်အချို့ထွက်လာပြီး ကျား၏ကိုယ်ပေါ်သို့ကျသွား သည်။အကြေးခွံကျားနက်သည်၎င်းကိုသာမန်ကာလျှံကာဖြင့်လျစ်လျူရှုလိုက်ပြီး သစ်ပင်၏အကိုင်းအခက်များကိုသာသနားညှာတာမှုကင်းမဲ့စွာဖြင့်ရုန်းကန်ကာ ဟန့်တားလျက်ရှိသည်။
၎င်း၏တိုက်ခိုက်မှုများအားသစ်ပင်ကခုခံမှုအတွက်ဘာမှလုပ်တာကိုမြင်သောကြောင့် အကြေးခွံနက်ကျားသည်တခြားနေရာတစ်ခုကိုတိုက်ခိုက်ရန်ရှာဖွေတော့သည်၊ ၎င်းက ပတ်ပတ်လည်ရှိအကိုင်းအခက်များကိုလက်သည်းတစ်ချောင်းဖြင့်ခုတ်ချလိုက်ကာ နောက်ပြန်ဆုတ်လိုက်သည်။
ခြေနှစ်လှမ်းမျှနောက်ပြန်ဆုတ်၍လှမ်းရသေးသော်လည်း အကြေးခွံကျား၏ခန္ဓာကိုယ် မှရုတ်တရက်အစိမ်းရောင်မီးခိုးငွေ့များထွက်လာပြီးမူးဝေလာသည်။
ကောင်းဖန်က၎င်း၏မျက်လုံးကိုကျဉ်းမြောင်းလိုက်သည်၊ ၎င်း၏ရင်ဘတ်တစ်ဝိုက်ရှိ အကြေးခွံများကတိုက်စားခံရပြီးသွေးစွန်းနေသောအသားစများကိုသူမြင်နိုင်သည်။
“ကျားနက်, ဝေးဝေးသွား, မြန်မြန်” ယွီကောကအရေးတကြီးပြောလိုက်သည်။
အကြေးခွံနက်ကျားသည်နက်ရှိုင်းသောညည်းတွားသံကြီးကိုလွှတ်ထုတ်လိုက်ပြီး သစ်ပင်ဆီမှနောက်သို့ခြေလှမ်းအနည်းငယ်လှမ်းရန်ကြိုးစားသောအခါတွင်ယိမ်းယိုင် သွားသည်။
ကြည့်ရတာပြီးတော့မည့်ပုံဘဲ, ကောင်းဖန်ကသက်ပြင်းချကာတွေးလိုက်သည်။
အကြေးခွံနက်ကျားသည်ယခုတွင်အားနည်းမှုခံစားနေရပြီဖြစ်သည်၊ ကြာရှည်တိုက်ပွဲ တစ်ခုအတွင်းမြည်တမ်းခြင်းမြွေနဂါးနှင့်၎င်း၏အရှိန်အဟုန်ဖြင့် ပြန်လည်အသစ်ဖြစ်ပေါ်ခြင်းစွမ်းရည်သည်တိုက်ပွဲကိုအချိန်ဆွဲစေသည်။
အကြေးခွံကျားနက်သည် မြည်တမ်းခြင်းမြွေနဂါးသစ်ပင်အားနောက်တစ်ကြိမ် တိုက်ရိုက်မချဉ်းကပ်ရဲတော့ပေ၊ ၎င်းကစတင်၍သစ်ပင်၏ပတ်လည်မှချောင်းမြောင်း နေပြီး, ၎င်းကိုခုန်အုပ်ရန်တွက်အခွင့်ကောင်းကိုစောင့်နေသည်။
ရုတ်တရက်, မျက်လုံးကဲ့သို့အပေါက်တစ်ခုကသစ်ပင်၏ဖောက်ခနဲပွင့်လာသည်၊
နောက်တစ်ခဏအတွင်းတွင်, အပေါက်ထဲမှအရည်ကြည်တွေထွက်လာပြီးကျား၏ နှာခေါင်းအားပွတ်တိုက်သွားစေသည်။
အကြေးခွံနက်ကျားသည်နောက်ဆုံးတွင်မြေပြင်ပေါ်သို့ကျလာသည်အထိတိုက်ပွဲသည် အနည်းဆုံးတစ်နာရီကြာမြင့်ခဲ့သည်။
မြည်တမ်းခြင်းမြွေနဂါးသစ်ပင်သည်ကျားကိုဖြိုဖျက်ရန်၎င်း၏အက်ဆစ်သစ်ရည်ဖြင့် တိုက်ခိုက်ရန်စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းနေခဲ့သည်။ စိတ်ရှည်သည်းခံမှုပြိုင်ပွဲတွင် တော့၎င်းကိုအနိုင်ယူနိုင်သည့်တစ်ခုတည်းသောအရာမှာကျောက်တုံးပင်ဖြစ်သည်။
မြည်တမ်းခြင်းမြွေနဂါးသစ်ပင်က….တစ်ခုခုဘဲ, ကောင်းဖန်ကတွေးလိုက်သည်။
၎င်း၏စိတ်ရှည်မှုကအမှန်တကယ်အထင်ကြီးလောက်သည်။ ၎င်းကမုဆိုးကဲ့သို့ပင်, ၎င်း၏သားကောင်ကသူ၏ထောင်ချောက်အတွင်းသို့ဝင်လာမည့်အချိန်ကို တည်ငြိမ်စွာဖြင့်စောင့်ဆိုင်းနေခဲ့သည်။
ယွီကောကိုပွဲကြည့်စင်မှအားပေးနေကြသူတိုင်းကသူ၏ရှုံးနိမ့်မှုအတွက် စိတ်ညစ်သွားကြသည်။
တစ်ဖက်တွင်တော့ဘရန်ဒီသည်နားရွက်တက်ချိတ်တဲ့အထိပြုံးနေခဲ့သည်၊ ငါနိုင်ပြီ! ငါကဟွားရှားရဲ့အသန်မာဆုံးကိုရှုံးအောင်လုပ်နိုင်ခဲ့ပြီ!
ထို့နောက်သူကကောင်းဖန်ကိုကြည့်လိုက်သည်….
***
သားရဲလေ့ကျင့်သူ
အပိုင်း၂၄၈
ကောင်းဖန်ကရုတ်တရက်သူ့အားကြည့်နေသည်ကိုအာရုံခံစားမိလိုက်သည်။
သူကလှည့်ကြည့်လိုက်တော့ ဆံပင်ရွှေရောင်နှင့်ကောင်လေးကသူ့မျက်လုံးကို တည့်တည့်ကြည့်နေသည်။
“မင်းကသန်မာတယ်၊ ငါတို့တစ်နေ့နေ့ပြိုင်ရလိမ့်မယ်လို့မျှော်လင့်ပါတယ်” ဘရန်ဒီက အင်္ဂလိပ်လိုနှိမ်ချစွာပြောလိုက်သည်။
အထက်တန်းကျောင်းတုန်းကအင်္ဂလိပ်စာအမှတ်ကောင်ကောင်းမရခဲ့တဲ့ကောင်းဖန်က, သူဘာပြောနေလဲဆိုတာကိုနားလည်အောင်ကြိုးစားနေရသည်။
ဒီလိုနေ့မျိုးဘယ်တော့မှရောက်မှမဟုတ်ဘူးလို့သူပြန်ပြောရမယ်၊ သို့ပေမယ့်, သူကိုယ်သူသာမကဟွားရှားနယ်မြေတစ်ခုလုံးကိုကိုယ်စားပြုသည်ဟုတွေးလိုက်ရင်း ရိုးရှင်းစွာပြုံးလိုက်ကာတရုတ်လိုပြောလိုက်သည်, “မင်းရဲ့ဂုဏ်သိက္ခာကို အရင်အတိုင်းမပျက်အောင်ကြိုးစားထိန်းပေးပါ့မယ်”
ကောင်းဖန်အတိုင်း, ဘရန်ဒီကလည်းကောင်းဖန်ပြောသည်ကိုနားမလည်ပေ၊ သူသည် ကောင်းဖန်၏အပြုံးမှသူ့ကိုချီးကျူးသည်ဟုရိုးရှင်းစွာယူဆလိုက်သည်၊ ဟွားရှားနယ်ပယ်ကလူတွေကအလွန်ချစ်စရာကောင်းသည်ဟုသူထင်သည်။
“ငါအကောင်းဆုံးကြိုးစားပါ့မယ်!” ဘရန်ဒီကပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
ကောင်းဖန်ကသူ့ကိုနားမလည်နိုင်သလိုကြည့်လိုက်သည်၊ ဘာကြီး?
ဘရန်ဒီနှင့်ပွဲကိုရှုံးပြီးနောက်, ယွီကောကသူ့လက်နှစ်ဖက်စလုံးကိုတင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်၊ ထိုအချိန်တွင်သူမည်သို့ခံစားနေရသည်ကိုစဉ်းစားကြည့်နိုင်သည်၊
ပြိုင်ပွဲ၏ဒုတိယအကြိမ်အတွက် မဲနှိုက်ခြင်းလုပ်ငန်းစဉ်ကိုစတင်တော့မည်ဖြစ်သည်။
ကောင်းဖန်သည်ထွက်ပေါက်ဆီသို့စတင်လျှောက်လာခဲ့သည်၊ ယွီကော၏တုန်လှုပ် ခြောက်ခြားနေသောအသွင်အပြင်ကိုမြင်လိုက်သောအခါတွင် သူတစ်ခဏမျှတုန့်ဆိုင်း သွားသည်၊ နောက်ဆုံးတော့, ထိုသူ့နောက်ကိုလိုက်သွားလိုက်သည်။
ယွီကောကသူ့နောက်မှခြေသံကိုကြားသောအခါ၌ သူလမ်းလျှောက်နေသည့်အရှိန်ကို လျှော့လိုက်သည်၊
“ငါရှုံးသွားတယ်၊ ဒါအကုန်ဘဲ၊ အကယ်၍မင်းငါ့ကိုနှစ်သိမ့်ချင်တယ်ဆိုရင်တော့, မင်းစိတ်ချလို့ရတယ်၊ ငါမလိုအပ်ဘူး” ယွီကောကပြောလိုက်သည်။
“ကျွန်တော်ကခင်ဗျားကိုနှစ်သိမ့်ဖို့မဟုတ်ဘူး၊ ဒါနဲ့, ခင်ဗျားအမေကသွေးအရိပ် သားရဲအမဲလိုက်သူအဖွဲ့အစည်းကခေါင်းဆောင်မဟုတ်လား?” ကောင်းဖန်က ပြောလိုက်သည်။
ယွီကောကလှည့်ကြည့်လိုက်ပြီးကောင်းဖန်ကိုသတိကြီးစွာဖြင့်စိုက်ကြည့်လိုက်သည်၊ “သူမကရော?”
“ကျွန်တော်သူမနဲ့တစ်ခုခုဆွေးနွေးစရာရှိတယ်”
ယွီကောကကောင်းဖန်ကိုယောင်ဝါးဝါးခေါင်းညိတ်ပြလိုက်ပြီး, ဘာအကြောင်းလည်း ဆိုတာမသေမချာဖြစ်နေသည်။
“ခင်ဗျားနဲ့ဘရန်ဒီရဲ့ကြားထဲကကွာခြားချက်ကဘာမှန်းသိလား?” ကောင်းဖန်ကအပြုံး နှင့်မေးလိုက်သည်။
ယွီကောကမေးခွန်းကိုစဉ်းစားရင်းမျက်မှောင်ကြုတ်လိုက်သည်၊ “ငါကသူထက် အတွေ့အကြုံနည်းတယ်၊ ငါ့ရဲ့ကျားနက်ကအရမ်းကမူးရှုးထိုးလုပ်တတ်တယ်၊ ဒီလိုမလုပ်ခင်သားရဲရဲ့စွမ်းရည်ကိုအရင်စမ်းသပ်သင့်….”
“မဟုတ်ဘူး, အဲ့တာမဟုတ်ဘူး၊ ခင်ဗျားအဲ့တာကိုစဉ်းစားမရဘူးနဲ့တူတယ်” ကောင်းဖန်ကပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“ခင်ဗျားသားရဲရဲ့အဆင့်အတန်းကသူ့သားရဲထက်တစ်ဆင့်နိမ့်တယ်! သူ့ရဲ့ မြည်တမ်းခြင်းမြွေနဂါးသစ်ပင်ကခင်ဗျားရဲ့ပြီးပြည့်စုံသောအဆင့်အတန်းအကြေးခွံနက်ကျားထက်မြင့်တဲ့ထူးခြားအဆင့်အတန်းသားရဲဘဲ”
အကယ်၍တစ်စုံတစ်ယောက်ကယွီကောအားထိုသို့လာပြောမည်ဆိုလျှင် သူကအံကြိတ်ပြီးထွက်သွားလိုက်မည်ဖြစ်သည်။ ဒါပေမယ့်သူ့ကိုပြောနေတဲ့သူက ကောင်းဖန်ဖြစ်သည်၊ ယွီကောကသူ့စကားများကိုစတင်တွေးတောနေတော့သည်။
“အထူးအဆင့်အတန်းသားရဲက သာမန်အဆင့်အတန်းသားရဲနှစ်ကောင်ကိုကိုင်တွယ် နိုင်လိမ့်မယ်, ပြီးပြည့်စုံသောအဆင့်အတန်းသားရဲကအထူးအဆင့်အတန်းသားရဲ နှစ်ကောင်သုံးကောင်ကိုကိုင်တွယ်နိုင်လိမ့်မယ်၊ အခြားတစ်ဖက်မှာလည်း ထူးခြားအဆင့်အတန်းသားရဲတစ်ကောင်ကပြီးပြည့်စုံခြင်းအဆင့်အတန်းရှိတဲ့သားရဲ နှစ်ကောင်ကနေငါးကောင်ထိအလွယ်တကူဖြေရှင်းနိုင်တယ်” ကောင်းဖန်က ရှင်းပြလိုက်သည်။
“ဘရန်ဒီရဲ့သားရဲကအပင်အမျိုးအစားသားရဲ, ဆိုလိုတာကတစ်ကောင်ချင်းတိုက်တာ သူ့ရဲ့ထူးခြားမှုမဟုတ်ဘူး၊ ဒါပေမယ့်, ထူးခြားအဆင့်အတန်းဖြစ်တဲ့ မြည်တမ်းခြင်း မြွေနဂါးသစ်ပင်ထက်နိမ့်တဲ့ ခင်ဗျားရဲ့အကြေးခွံနက်ကျားကသူ့ကိုထိန်းထားဖို့ စီမံနိုင်တုန်းဘဲ!”
ယွီကောကဒါတွေအားလုံးကိုကြားလိုက်ရပြီးကြောင်အနေသည်၊ မြည်တမ်းခြင်း မြွေနဂါးသစ်ပင်က…ထူးခြားအဆင့်အတန်းသားရဲ? ဒါကြောင့်ဘရန်ဒီက ငါ့ရဲ့အကြေးခွံနက်ကျားနဲ့ရင်ဆိုင်ဖို့အပင်အမျိုးအစားသားရဲကိုလွှတ်လိုက်တာပေါ့။
အပင်အမျိုးအစားသားရဲတွင်အဝေးတိုက်ခိုက်သူများ၏မျက်နှာတွေကိုလွှဲရှောင်ရုံမျှ မက၎င်းတို့၏ရွေ့လျားသွားလာနိုင်စွမ်းကိုပါကန့်သတ်ထားသည်ဟု နာမည်ဆိုဖြင့် ကျော်ကြားသည်၊ ၎င်းတို့ထဲမှအများစုသည်မီးအမျိုးအစားသားရဲများနှင့် ရင်ဆိုင်ရန်လွန်ကဲသောအားနည်းချက်တစ်ခုသာဖြစ်သည်။
“ခင်ဗျားရဲ့အကြေးခွံနက်ကျားကထူးခြားအဆင့်ရောက်သွားရင် မြည်တမ်းခြင်းမြွေနဂါး သစ်ပင်ကသူ့ရဲ့ခြေလက်တွေကိုအသစ်ပြန်ထုတ်ဖို့အချိန်မရသေးခင်မှာ မြွေနဂါးသစ်ပင်ကိုအပိုင်းပိုင်းဖြတ်ပစ်ဖို့လိုအပ်တဲ့အရှိန်နဲ့စွမ်းအားတွေရှိလိမ့်မယ်။
“ငါသိပြီ” ယွီကောကခေါင်းညိတ်လိုက်သည်။
“ခင်ဗျားရဲ့အကြေးခွံနက်ကျားကိုတိုးမြှင့်တဲ့နည်းလမ်း ကျွန်တော်မကြာသေးခင်ကမှ ရှာတွေ့ခဲ့တယ်” ကောင်းဖန်ကယွီကော၏ပုခုံးကိုပုတ်ပြီးပြောလိုက်သည်၊ သူကလှည့်ထွက်သွားပြီး, “နောက်တစ်ဆင့်တက်ဖို့အဆင်သင့်ဖြစ်ရင်ကျွန်တော့်ကို ပြောပါ၊ ဒါတွေအားလုံးပြီးသွားရင် ခင်ဗျား,ကျွန်တော့်ကိုလာရှာလို့ရတယ်။
ယွီကောကကောင်းဖန်ကိုမယုံနိုင်ခြင်းများဖြင့်စိုက်ကြည့်နေတော့သည်။
….
ကောင်းဖန်သည်ဒိုင်လူကြီးများ၏နားနေခန်းသို့ပြန်လာပြီး ဆိုဖာဘေးရှိရေသန့်ဘူးမှ ရေများကိုတစ်ခွက်လောက်ထည့်လိုက်သည်။
“မနေ့ကသတင်းကမင်းအကြောင်းတွေကြည့်ဘဲ၊ မင်းကအရမ်းကျော်ကြားနေပြီ, ကလေး” ဆိုဖာပေါ်မှလီယွိကပြောလိုက်သည်။
“ခဏလောက်ပါဘဲဗျာ၊ ပြိုင်ပွဲကြီးကနေထွက်သွားရင်အကုန်လုံးကမေ့သွားကြမှာပါ” ကောင်းဖန်ကပြောလိုက်သည်၊ သူ၏တစ်ခါသုံးခွက်ကိုချလိုက်ပြီး, အိတ်ကပ်ထဲမှ ဖုန်းကိုယူလိုက်ကာ, သူဒေါင်းလုတ်လုပ်ထားသည့်အက်ပလီကေးရှင်းကိုဖွင့်လိုက်သည်၊
လီယွိကပြုံးလိုက်သည်၊ သူကလူငယ်လေးကိုစနေတာဖြစ်သည်၊ အမှန်တော့, ဒါကသူ့ကိုအနှောက်အယှက်မဖြစ်စေပေ၊ ကျော်ကြားမှုကိုဂရုပင်မစိုက်နိုင်အောင် သူကအသက်ကြီးပြီဖြစ်သည်။
“တာ့ဇီ မင်းဘာလုပ်နေတာလဲ?!” ကောင်းဖန်ကရုတ်တရက်ဖုန်းကိုအော်လိုက်သည်၊
လီယွိကကောင်းဖန်ကိုအထိတ်တလန့်ဖြင့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်၌, တာ့ဇီကလေ့ကျင့်ရေးကွင်းတွင်နေပူထဲ၌ပျင်းရိစွာဖြင့်နေပူဆာ လှုံနေသည်၊ သခင်၏အသံကိုကြားသောအခါ,ခြေထောက်များကိုလှုပ်ယမ်း၍စူးစမ်းစွာ ဖြင့်၎င်း၏ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေသည်၊ ကောင်းဖန်ကဒီမှာလား?
တာ့ဇီကလျင်မြန်စွာဖြင့်ထိုအတွေးကိုပယ်ချလိုက်သည်၊ ဒါကမဖြစ်နိုင်ဘူး၊ သူ့ကို ကိုက်၁၀၀အကွာလောက်ကနေငါကအနံ့ခံနိုင်တာဘဲ၊ သူငါ့ကိုချောင်းဖို့အခွင့်အရေး မရှိပါဘူး၊ ငါအတွေးလွန်နေတာဖြစ်မယ်။
၎င်းကသူ၏နေပူဆာလှုံနေမှုကိုပြန်၍စတင်လိုက်သည်၊ အဝါရောင်ခြေသည်းများက သူ့ဗိုက်ကိုချက်ကနဲညင်သာစွာပွတ်လိုက်ပြီး, ကျည်ကျည်ကျာကျာအသံကိုထုတ်လွှတ် လိုက်သည်၊
ငါဒီမှာရှိနေတဲ့အချိန်, နေရောင်အောက်မှာလှဲနေတဲ့အချိန်,ကောင်းဖန်က ငါ့ကိုကျွေးမွေးဖို့အလုပ်သွားရသေးတယ်,တာ့ဇီကတွေးလိုက်သည်၊ သနားစရာ ကောင်းလိုက်တဲ့ကောင်းရှောင်ဖန်၊ အလုပ်လုပ်ရတာသူ့အတွက်ပင်ပန်းလိမ့်မယ်။
ကောင်းဖန်က သူ့ဖုန်းထဲရှိတာ့ဇီ၏အိပ်နေသည့်ပုံကိုကြည့်ရင်း အေးစက်စွာပြုံးလိုက် သည်။
နည်းပညာစွမ်းရည်တွေကိုလျှော့မတွက်သင့်ဘူး, သူကတွေးလိုက်သည်။
“မင်းကတစ်ချိန်လုံးတက်ကြွမှုမရှိတာငါသိပြီးနေပြီ၊ ငါမင်းကိုအမှားပြင်ဆင်နိုင်ဖို့ အခွင့်အရေးပေးတယ်, ဒါပေမယ့်မင်းအတွက်အရမ်းကိုမလွယ်ဘူးဆိုတော့, ငါမင်းရဲ့လေ့ကျင့်မှုပုံမှန်လုပ်ငန်းစဉ်ထက်နောက်ထပ်အကြိမ်တစ်ထောင်လောက် ထပ်ထည့်ပြီးအပြစ်ပေးရတော့မှာဘဲ” ကောင်းဖန်ကပြောလိုက်သည်။
တာ့ဇီကနိုးလာပြီးလေထဲတွင်ပျံသန်းကာ, ကောင်းဖန်၏ပုံရိပ်ကိုအရူးအမူးရှာဖွေ တော့သည်။
“ငါရူးတော့မှာဘဲ! သူဘယ်မှာလဲ?!”