← Chapters

အခန်း (၂၄၉-၂၅၂)

Vol. 16 Ch. 249-252

အခန်း (၂၄၉-၂၅၂)

Vol. 16 Ch. 249-252

အပိုင်း၂၄၉

“ငါမင်းကိုဒီတစ်ချိန်လုံးကြည့်နေခဲ့တာ၊ မင်းငါ့ဆီကနေပုန်းလို့မရဘူး” ကောင်းဖန်၏ အသံကထွက်လာသည်၊ ၎င်းသည်လေ့ကျင့်ရေးကွင်း၌သူတပ်ဆင်ထားသော စောင့်ကြည့်ကင်မရာများထဲမှတစ်ခုကနေထွက်လာခြင်းဖြစ်သည်။

တာ့ဇီကနောက်ဆုံးတွင်ကောင်းဖန်၏အသံဘယ်ကလာလဲဆိုတာသိသွားပြီဖြစ်သည်။

“ကောင်းဖန်, ငါရှင်းပြပါရစေ_”တာ့ဇီကကြောက်စိတ်ဝင်ကာပြောလိုက်သည်၊

“ဒါကိုဘယ်လိုလုပ်ဖို့ရည်ရွယ်ထားလဲ?” ကောင်းဖန်ကအေးစက်စွာဖြင့်ပြောလိုက် သည်၊

“ငါ-ငါ…” တာ့ဇီကအကြောင်းပြချက်ကောင်းကိုတွေးတောရင်းအထစ်ထစ်အငေါ့ငေါ့ ဖြင့်ပြောလိုက်သည်။

“ငါမင်းကိုတကယ်ကြိုက်တယ်!” ၎င်းကနှုတ်ကနေလွှတ်ကနဲထွက်သွားသည်။

ငါ့အပေါ်ကိုအဲ့တာကအလုပ်ဖြစ်မယ်လို့တကယ်ထင်နေတာလား? ကောင်းဖန်က မျက်မှောင်ကြုတ်ကာတွေးလိုက်သည်။

“ဒီတစ်ခုကိုတော့လျှော်လိုက်မယ်” ကောင်းဖန်ကပြောလိုက်သည်၊ “ဒီနေ့ ၁၀,၀၀၀ သတ်မှတ်ထားတာအကုန်ပြီးအောင်လုပ်၊ ငါမင်းကိုမျက်စိဒေါက်ထောက်ကြည့်နေ မယ်”

ကောင်းဖန်ကတစ်နေ့လုံးငါ့ကိုကြည့်နေမှာလား?တာ့ဇီကတွေးလိုက်သည်၊ ဒါကသိပ်ပြီးတော့မဖြစ်နိုင်ဘူးနော်။

ကောင်းဖန်ကကင်းခြေများကိုပြစ်တင်ကြိမ်းမောင်းပြီးအခန်းထဲရှိတီဗွီကိုကြည့်ကာ သူ့ဖုန်းကိုပိတ်လိုက်သည်၊ ပြိုင်ပွဲ၏ဒုတိယအကြိမ်အတွက်မဲနှိုက်ခြင်းလုပ်ငန်းစဉ်ကို ထိုအချိန်တွင်တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်သည်။

ဟွားရှား၏နံပါတ်တစ်ပြိုင်ပွဲဝင်ယွီကောသည်ပြိုင်ပွဲမှထုတ်ပယ်ခံလိုက်ရသော်လည်း ကျန်အဖွဲ့သားများကတော့ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့သည်။

ပြိုင်ပွဲဝင်၁၂ဦးအနက်ရှစ်ဦးသည်ဒုတိယအကျော့သို့တက်လှမ်းနိုင်ကြသည်၊

ယွီကောနှင့်ဟန်လဲ့အပါအဝင် ဒိုင်လူကြီးအဖြစ်သူတာဝန်ယူခဲ့သည့်ပြိုင်ပွဲအားလုံး ရှုံးနှိမ့်ခဲ့သည်ကိုသူသတိထားမိသည်၊

သူကရုတ်တရက်စိတ်မကောင်းဖြစ်သွားရသည်၊ ငါ့ရဲ့အံ့ဩဖွယ်ကောင်းနေမှုကြီးက သူတို့အပေါ်ကိုအရမ်းကြီးဖိအားပေးသလိုကြီးဖြစ်နေသလား? ကောင်းဖန်က တကယ်ဘဲသူတို့ကိုယ်သူတို့အတူတကွတွဲသင့်သည်ဟုတွေးမိသည်။

ဒုတိယအကြိမ်တွင်ပြိုင်ပွဲဝင်စုစုပေါင်း၃၂ဦးပါဝင်ခဲ့သည်။ ဟွားရှားနယ်ပယ်အဖွဲ့သည် ထိုအရေအတွက်၏လေးပုံတစ်ပုံလောက်ရှိအောင်လုပ်နိုင်ခဲ့သည်၊ သူတို့၏အနီရောင် ယူနီဖောင်းနွေကကွင်းပြင်၌ထူးခြားစွာပေါ်လွင်နေသည်၊ အခြားနယ်ပယ်များမှ ပြိုင်ပွဲဝင်အချို့သည်ယခုအခါ၌ဟွားရှားအဖွဲ့အား လေးစားမှုရောနှောပါဝင်နေသလို ကြည့်နေကြသည်။

ပထမအကြိမ်ကဲ့သို့ဒေသတစ်ခုတည်းမှပြိုင်ပွဲဝင်များသည်တစ်ဦးနှင့်တစ်ဦးတစ်ဖွဲ့ တည်းနေရတော့မည်မဟုတ်ပေ။

မဲနှိုက်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးသောအခါတွင် ပြိုင်ပွဲဝင်အားလုံးသည်၎င်းတို့၏အနားယူ ခန်းသို့ပြန်ခဲ့ကြသည်၊

ပြိုင်ပွဲ၌ဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမပြောနိုင်ပေ၊ ပထမအချီမှာလူတွေက ထိပ်ဆုံးတွင်ပါမည်ဟုထင်ထားသူတွေကရှုံးသွားခဲ့ပြီး ဘယ်သူကမှမဖြစ်နိုင်ဘူးလို့ တွေးထားသူတွေကအောင်ပွဲခံလာတာကြောင့်လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။

အထူးသဖြင့်အရှေ့တောင်အာရှနှင့်အာဖရိကဒေသများမှပြိုင်ပွဲဝင်များအတွက် ဤသည်ကမှန်ကန်သည်၊ ဖွံ့ဖြိုးတိုးတက်မှုနည်းသောဒေသများမှသူများသည် အင်အားကြီးမားသောကိုယ်ပိုင်သားရဲများကိုမွေးမြူနိုင်မည်မဟုတ်ဟု လူအများစုက ထင်မြင်ယူဆကြသည်။

သို့သော်လည်းယခုအချိန်အထိနယ်ပယ်နှစ်ခုလုံးသည် ကြီးမားသောရိုက်ချက်ကြီးဖြင့် အမြင်မှန်ရစေသည်။

နယ်ပယ်နှစ်ခုလုံးမှအကျွမ်းတဝင်သားရဲများသည်လည်း အတော်လေးရက်စက်ပုံ ပေါက်သည်။ ဤသည်မှာအညီအမျှကြမ်းတမ်းနေသောပတ်ဝန်းကျင်၌ သူတို့ရရှိခဲ့သည့်ကြမ်းတမ်းသောလေ့ကျင့်မှုများကြောင့်ဖြစ်နိုင်သည်။

နယ်ပယ်နှစ်ခုလုံးမှပြိုင်ပွဲဝင်၁၃ဦးလောက် ဒုတိယအကြိမ်ကိုတက်နိုင်ခဲ့ကြသည်။

“အရှေ့တောင်အာရှဒေသကပြိုင်ပွဲဝင်တွေနဲ့သားရဲတွေ အတော်လေးရက်စက်ပုံ ရတယ်” လီယွိကပြောလိုက်သည်။

“ကျွန်တော်ကခွန်ကျိုးက၊ အရှေ့တောင်အာရှနဲ့အတော်လေးနီးတယ်,ပြီးတော့, ငါပြောမယ်, သူတို့ကအချင်းချင်းပြိုင်ပြီးသူတို့ရဲ့သားရဲတွေကိုလေ့ကျင့်ပေးကြတာတဲ့” ဆိုဖာတစ်ဖက်တွင်ထိုင်နေသည့်တတိယဒိုင်,ကုချင်းရှန်ကပြောလိုက်သည်၊

“တကယ်ကြီး?”

“အေး၊ ကမ္ဘာသစ်မဟာမိတ်အစိုးရဖွဲ့စည်းချိန်တုန်းက အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးကိုနယ်ပယ်တစ်ခုတည်းအဖြစ်ပေါင်းစည်းခဲ့တယ်လေ၊ ကပ်ဆိုးကြီးရဲ့ အစောပိုင်းကာလမှာ ကလေးတွေအများကြီးသူတို့ရဲ့မိဘတွေကိုဆုံးရှုံးခဲ့ကြတယ်၊ အဲဒီမိဘမဲ့ကလေးတွေကိုအစိုးရကလေ့ကျင့်ရေးစခန်းတွေမှာထားတယ်၊ သူတို့အရွယ်ရောက်လာတဲ့အခါကျရင် အစိုးရကသူတို့ထဲကတစ်ချို့ကိုသူတို့ရဲ့ ကိုယ်ပိုင်သားရဲတွေပေးလိုက်ပြီး, အဲ့နောက်မှာသူတို့ထဲကတစ်ယောက်တည်း မကျန်မချင်းတိုက်ထုတ်ခိုင်းကြတယ်…”

“အဲ့ဒီလူ့အခွင့်အရေးအဖွဲ့အစည်းအားလုံးကိုအစိုးရကနေဝေဖန်ကြတာမဟုတ်ဘူး လား?” လီယွိကအံ့ဩစွာပြောလိုက်သည်။

“မဟုတ်ဘူး” ကုချင်းရှန်ကပြောလိုက်သည်၊ “မိဘမဲ့တွေထဲအများစုကအဲ့တာအတွက် ကိုယ်တိုင်ဆန္ဒအလျောက်လက်မှတ်ရေးထိုးကြရတယ်၊ အစိုးရရဲ့လေ့ကျင့်ရေးတပ်ရင်း ကနေအသက်ရှင်လျက်နဲ့လွတ်မြောက်တဲ့လူ ဘယ်သူ့ကိုမဆို အရှေ့တောင်အာရှမှာ ရှိတဲ့လူ့အဖွဲ့အစည်းအထက်ပိုင်းကိုဝင်ရောက်ခွင့်ပေးတယ်၊ သူ ဒါမှမဟုတ် သူမတို့က ငွေမှအစ အမျိုးသမီးတွေအဆုံးအရာအားလုံးကိုရနိုင်တယ်လို့အာမခံချက်ပေးထား တယ်၊ သူတို့မှာရွေးချယ်စရာသိပ်ရှိမယ်လို့မထင်ဘူး၊ မပါဝင်ဖို့ရွေးချယ်မယ်ဆိုရင် သူတို့ကသေဖို့ကျန်နေခဲ့ရမှာဘဲလေ”

ထို့နောက်,ကုချင်းရှန်ကသက်ပြင်းချကာထပ်ပြောလိုက်သည်, “ဒီပြိုင်ပွဲဝင်တစ်ချို့က သူတို့အခုရောက်နေတဲ့နေရာကိုရောက်ဖို့တစ်ခြားသူတွေရဲ့အလောင်းတွေကို ကျော်တက်ရမယ်ဆိုတာမင်းမသိမချင်း အဲ့တာတွေအားလုံးကအထင်ကြီးစရာတွေဘဲ၊ နောက်ပြီးဟွားရှားနယ်ပယ်ကသားရဲလေ့ကျင့်သူတော်တော်များများကသူတို့ရဲ့ လေ့ကျင့်ရေးစခန်းတွေမှာပါဝင်ဖို့အရှေ့တောင်အာရှဒေသထဲကိုဝင်ကြတယ်လို့လဲ ကြားတယ်၊”

ကောင်းဖန်သည်ကုချင်းရှန်၏စကားများကိုစတင်စဉ်းစားခဲ့သည်၊ သူသည် သားရဲရှိသူများကိုသားရဲအဆင့်အတန်းများလျင်မြန်စွာတိုးမြင့်ပေးရန်အတွက် အသေးစိတ်အချက်အလက်အနည်းငယ်ဖြင့်သူ့အိမ်တွင် အလားတူလေ့ကျင့်ရေးစခန်း တစ်ခုကိုထူထောင်နိုင်သည်။

သို့သော်, သူ့အဘိုးနှင့်ဒီကိစ္စကိုဆွေးနွေးဖို့ရှိနေသေးသည်။

…

ပြိုင်ပွဲ၏ဒုတိယအကြိမ်တွင် ပြိုင်ပွဲဝင်တိုင်းသည်၎င်းတို့၏သားရဲများအားလုံးကို ကွင်းပြင်သို့စေလွှတ်ခဲ့သည်။

အကျွမ်းတဝင်သားရဲဦးရေကို ကန့်သတ်ထားခြင်းမရှိဘဲ ချုပ်ဆိုခဲ့သောသွေးစာချုပ် အရေအတွက်သည် တစ်ဦး၏စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် သက်သေခံချက် ဖြစ်တာကြောင့်ဖြစ်သည်။

နေ့လည်ပိုင်းတွင်ပရိတ်သတ်များနှင့်ပြိုင်ပွဲဝင်များစားသောက်ပြီးအနားယူရန် နာရီဝက်ကြာအနားပေးခဲ့သည်။

သားရဲလေ့ကျင့်သူအဖွဲ့ချုပ်သည်ကောင်းဖန်နှင့်တခြားဒိုင်လူကြီးများအတွက် အစားအသောက်များထောက်ပံ့ပေးခဲ့သည်၊ ၎င်းတို့၏အစားအသောက်များမှာ အရည်အသွေးမြင့်သားရဲအသားများနှင့် ထူးခြားဆန်းပြားသည်သစ်သီးဝလံများပါဝင် ကြသည်။ ကောင်းဖန်သည်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း တာ့ဇီ၏လေ့ကျင့်ခန်း လုပ်ငန်းစဉ်တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ကာ သူ့ပါးစပ်ထဲသို့အသားများထည့်ကာ စားသောက်နေသည်။

စားသောက်ပြီးသောအခါတွင်ကောင်းဖန်သည်အချိန်ကိုကြည့်လိုက်သည်၊ ကွင်းပြင်ကို ထွက်မည့်ပထမဆုံးဒိုင်မှာလီယွိဖြစ်ပြီး, ကုချင်းရှန်နှင့်နောက်ဆုံးကတော့ကောင်းဖန် ဖြစ်သည်၊ ဆိုလိုသည်မှာကောင်းဖန်သည်ခဏတာတစ်ရေးတစ်မောအိပ်ဖို့အချိန်ကျန်ရှိ‌ သေးသည်။

“တတိယပွဲကတော့အရှေ့တောင်အာရှက ဂန်းမူနဲ့ ဗြိတိန်နယ်ပယ်ကလူးကတ်စ် တို့ဘဲဖြစ်ပါတယ်။”

ဂိတ်တခါးများကဖြည်းညင်းစွာပွင့်လာကြသည်၊ လူးကတ်စ်သည်သူ့နောက်တွင် သားရဲနှစ်ကောင်နှင့်အတူထောင့်တစ်ဖက်မှကွင်းပြင်ထဲသို့ဝင်လာသည်။ သူ၏ဘယ်ဘက်တွင်တော့, ၁၃ပေရှည်ပြီးငွေရောင်အမွှေးများသည်လက်မောင်းများနှင့် ကျောရိုးများ၌စီထားသော လူဝံတစ်ကောင်ဖြစ်သည်၊ သူ့ညာဘက်တွင် ရွှံနွံအမျိုးအစား သားရဲလျှောတိုက်ထွက်လာသည်။

တစ်ခြားဂိတ်တစ်ခုမှအဝါရောင်အမွှေးများဖုံးလွှမ်းထားသောကြီးမားသည့်သားရဲကြီး ထွက်ပေါ်လာသည်၊ သူ့ကဝိုင်းစက်နေတဲ့မျက်လုံးကြီးတွေနဲ့ စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကိုကြည့်နေသည်။ ၎င်း၏ဦးခေါင်းက၎င်းခန္ဓာကိုယ်၏ သုံးပုံတစ်ပုံခန့် ရှိသည်။

အနည်းငယ်ညိုညစ်ညစ်အသားအရောင်နှင့်ထူထဲသောလှိုင်းတွန့်ဆံပင်ရှိသော ကောင်လေးတစ်ယောက်သည်သူ့ဘေးရှိအရာကိုညင်သာစွာဖြင့်ပွတ်သတ်လိုက်သည်၊ “စိတ်အေးအေးထား, မား၊ ငါတို့ဒါပြီးသွားတာနဲ့ မင်းအနှစ်သက်ဆုံးအစားအစာဖြစ်တဲ့ ပုရစ်တွေကိုငါကျွေးမယ်”

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၅၀

ပရိတ်သတ်များသည် အရှေ့တောင်အာရှမှပြိုင်ပွဲဝင်ကတီးတိုးပြောသည့်စကားများကို မကြားနိုင်ပေ။

သူ့သခင်၏တည်ငြိမ်သောအသံကိုကြားသောအခါတွင်, ကြီးမားသောမျက်လုံးများ ရှိသည့်သားရဲသည်သိသိသာသာပင်စိတ်အေးသွားတော့သည်။

ဂန်းမူကသူ၏ကြီးမားသောမိုးသစ်တောကင်းမြီးကောက်ကိုလည်းသူနှင့်အတူတူ ခေါ်ဆောင်လာခြင်းဖြစ်သည်။ ၎င်းကပထမအကြိမ်တွင်သအသုံးပြုခဲ့သည့်မိုးသစ်တော ကင်းမြီးကောက်နှင့်အတူတူပင်ဖြစ်သည်။

[မကောင်းဆိုးဝါးအမည်]-ကြီးမားသောTarsier

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၃

[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံသောအဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-သစ်သား

[ထူးခြားသောသွင်ပြင်လက္ခဏာများ]-ဦးခေါင်းခွံကြီးမားခြင်း

(တုန်လှုပ်မှုမရှိသောသက်ရောက်မှု၁-၎င်းကဦးခေါင်းခွံကြီးမားခြင်း၏ကျေးဇူးကြောင့်, ၎င်းကိုမယုံကြည်နိုင်လောက်သောစိတ်စွမ်းအင်နှင့်အရာဝတ္ထုများကိုရွေ့လျားစေနိုင်ခြင်းစွမ်းအားဖြင့်ထောက်ပံ့ပေးထားသည်။

သက်ရောက်မှု၂-၎င်း၏ကြီးမားသောဦးခေါင်းခွံသည်ဉာဏ်ရည်အားနည်းသော အဆင့်နိမ့်သားရဲများကိုထိန်းချုပ်နိုင်စေသည်။)

[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-မြှင့်တင်ထားသောစိတ်စွမ်းအင်အဆင့်၂

[မကောင်းဆိုးဝါးအားနည်းချက်]-၎င်းသည်ထက်မြက်သောစိတ်ရှိသော်လည်း ကြီးမားသောTraiser သည်အလွန်အားနည်းသောခန္ဓာကိုယ်ရှိသည်။

_

[မကောင်းဆိုးဝါးအမည်]-မိုးသစ်တောကင်းမြှီးကောက်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၉

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-ရေ

[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-ခိုင်မာသောကျောရိုးအဆင့်၁

[မကောင်းဆိုးဝါးအားနည်းချက်]-မြေကြီး

ကောင်းဖန်ကကြီးမားသောTraiserကိုစူးစမ်းစွာဖြင့်ကြည့်လိုက်သည်။

တာစီယာများသည်အရှေ့တောင်အာရှဇာတိဖြစ်ကြသည်။ ၎င်းတို့သည်ပုရစ်များနှင့် အခြားအင်းဆက်ပိုးမွှားများကိုကျွေးမွေးရလေ့ရှိပြီး ၎င်းတို့သည်သူတို့၏နေထိုင်ရာ နေရာများတွင်လည်းခံစားချက်များကြိုးချည်ထားလေ့ရှိကြသည်။ သူတို့၏နေရာနှင့် အချိန်အကြာကြီးဖယ်ခွာနေရမည်ဆိုလျှင်သူတို့ကသေမည်ဖြစ်သည်။

သေချာပေါက်, ကြီးမားသောတာစီယာများသည်ယခုမျက်မှောက်ဒီတု၌ တည်ရှိမှုသည် နောက်ဆုံးတွင်၎င်း၏ရှက်ကြောက်ခြင်းတို့ကိုအတိုင်းအတာတစ်ခုအထိကျော်ဖြတ်နိုင် နေပြီဟုဆိုလိုသည်ဖြစ်သည်။

ကြီးမားသောတာစီယာသည်သံဂိတ်ထဲမှခေါင်းကိုသတိကြီးကြီးဖြင့်ထုတ်လိုက်ပြီး အရိုးများလက်များကိုထုတ်လိုက်သည်၊ ၎င်း၏ရှည်သွယ်ပြီး, သွယ်လျသော လက်ချောင်းများသည်ပါးလျသောအရေပြားတစ်လွှာဖြင့်ဖုံးအုပ်ထားသည်။

ပရိတ်သတ်များ၏တတွတ်တွတ်စကားပြောနေသံများကိုကြားရသည်မှာ ကြီးမားသောတာစီယာကိုစိတ်ဒုက္ခရောက်စေသည်။ ခေါင်းကိုအလျင်အမြန်ပင် ဆွဲသွင်းလိုက်သည်။

“မား, သွားကြစို့၊ ဒီလူတွေကမင်းကိုနာကျင်အောင်မလုပ်ပါဘူး” ဂန်းမူက ကြီးမားသောတာစီယာ၏နားနားသို့ထပ်မံ၍တီးတိုးပြောလိုက်သည်။

မား?

ဒီတစ်ခေါက်တွင်တော့ ဂန်းမူပြောတာကိုကောင်းဖန်ကြားလိုက်ရသည်။

ကြီးမားသောတာစီယာသည်၎င်း၏မွေးရာပါရှက်ရွံ့မှုကိုကျော်လွှားရန်ရုန်းကန်နေသည် ကိုသူမြင်နိုင်သည်၊ ၎င်းသည်ဂန်းမူကိုကြည့်ကာဂန်းမူ၏ခေါင်းကိုသူ၏လက်များဖြင့် ညင်သာစွာပွတ်ပေးလိုက်သည်။

အမေတစ်ယောက်ကသူမ၏ကလေးကိုကာကွယ်သလိုဘဲ, ကြီးမားသောတာစီယာက ဂန်းမူ၏အရှေ့သို့သူ့ကိုယ်သူရွေ့လိုက်သည်။

ကောင်းဖန်ကဒီလိုမျိုးထူးဆန်းသောမြင်ကွင်းကိုကြည့်ကာမျက်မှောင်ကြုတ်လိုက် သည်။

ဒီကြီးမားတဲ့တာစီယာကစတင်ပြီး ကွင်းပြင်အတွင်းသို့ရွေ့လျားလာပြီဖြစ်ကာ, မိုးသစ်တောကင်းမြှီးကောက်ကလည်းထိုဂိတ်ဘက်မှအပြေးအလွှားထွက်လာသည်။

လူးကတ်စ်၏မျက်လုံးများကမိုးသစ်တောကင်းမြှီးကောက်ကိုဖြတ်ကျော်၍ ကြီးမားသောတာစီယာပေါ်သို့အကြည့်ရောက်သွားတော့သည်။ သူဒီလိုမျိုးထူးဆန်းတဲ့ သတ္တဝါမျိုး ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

“ရွှံ့နွံသားရဲ, အဲ့ဒီမိုးသစ်တောကင်းမြှီးကောက်ကိုတားထားလိုက်!”

ရွှံ့နွံသားရဲသည်မိုးသစ်တောကင်းမြှီးကောက်ထံသို့ဖြည်းညှင်းစွာဖြင့်လှိမ့်ကာသွား လိုက်သည်၊ မိုးသစ်တောကင်းမြှီးကောက်သည်ယခုတွင်၎င်းကိုပြန်၍ကြည့်နေသည်။

သူကကြီးမားသောတာစီယာမှထိန်းချုပ်ထားမည်ဖြစ်သောကြောင့် မိုးသစ်တော ကင်းမြှီးကောက်သည်ထိတ်လန့်ခြင်းမရှိဘဲ ရွှံ့နွံသားရဲဆီသို့ပြေးသွားလိုက်သည်။ အေးစက်ပြီးစိုစွတ်သောစွမ်းအင်တစ်ခုသည် ၎င်း၏လက်မများအနီးပတ်လည်တွင် လှည့်၍စီးဆင်းလာသည်၊ ကင်းမြှီးကောက်က၎င်း၏လက်မနှစ်ဖက်လုံးကို ရွှံ့နွံသားရဲကသူနှင့်အလုံအလောက်နီးကပ်လာသောအခါတွင်ညှပ်ချလိုက်သည်။

၎င်း၏အနက်ရောင်လက်မများသည်ရွှံ့နွံသားရဲအတွင်းသို့နစ်မြှုပ်သွားပြီးနေရာအနှံ့သို့ ရွှံ့နွံများလွင့်ပျံသွားစေသည်။ သို့သော်လည်းမိုးသစ်တောကင်းမြှီးကောက်၏ လက်များသည်ရွှံ့နွံသားရဲအတွင်း၌ပိတ်မိနေတော့သည်။

ရွှံနွံသားရဲ၏ရွှံ့များသည် မိုးသစ်တောကင်းမြှီးကောက်၏လက်မများမှအစိုဓာတ်များကို စုပ်ယူလိုက်ပြီးပိုပြီးနစ်ဝင်သွားစေသည်။

ရွှံ့နွံသားရဲသည်မိုးသစ်တောကင်းမြှီးကောက်ဖြင့်အလုပ်များနေသောကြောင့် ငွေရောင်ကျောပြင်လူဝံသည်ကြီးမားသောတာစီယာဆီသို့ခုန်တက်သွားတော့သည်။

ကြီးမားသောတာစီယာသည်၎င်း၏ကြီးမားသောမျက်လုံးရွဲကြီးများဖြင့် ငွေရောင်ကျောပြင်လူဝံကိုစိုက်ကြည့်နေသည်။ ရုတ်တရက်ပင်ကြီးမားသောတာစီယာ ၏ဦးခေါင်းခွံမှမမြင်နိုင်သောစွမ်းအားတစ်ခုပေါက်ကွဲထွက်လာသည်။ ငွေရောင်ကျောပြင်လူဝံသည်သဲကြီးမဲကြီးရွေ့လျားနေရာမှနှေးကွေးလာတော့သည်။

ကြီးမားသောတာစီယာ၏မျက်လုံးတစ်ဝိုက်တွင်သွေးပြန်ကြောများကနီရဲနေသည်။

ငွေရောင်ကျောပြင်လူဝံ၏လှုပ်ရှားမှုများသည်ပို၍ပင်နှေးကွေးလာပြီး, အကယ်၍ မရေမတွက်နိုင်သောမမြင်နိုင်သည့်ပင့်ကူအိမ်များက၎င်းကိုနောက်သို့ပြန်ဆွဲကိုင်ထား သလိုဖြစ်နေသည်။

“အာ မား, သူကငါတို့ကိုနာကျင်အောင်လုပ်ဖို့ကြိုးစားနေတယ်! သူ့ကိုအခုသတ်လိုက်!” ဂန်းမူကကြီးမားသောတာစီယာ၏နားထဲသို့တီးတိုးပြောလိုက်သည်။

၎င်းကဂန်းမူ၏မျက်ရည်များနှင့်တောင်းဆိုမှုကိုကြားလိုက်ရသောအခါတွင် ကြောက်မက်ဖွယ်ကောင်းသောအကြည့်က ကြီးမားသောတာစီယာ၏မျက်နှာတွင် ပေါ်လာသည်။

သတိပေးချက်မရှိဘဲ, ငွေရောင်ကျောပြင်လူဝံ၏မျက်စံများက၎င်းတို့၏မျက်အိမ်ထဲ၌ ပေါက်ကွဲသွားကြတော့သည်!

ကြီးမားသောတာစီယာသည်၎င်း၏ပြိုင်ဘက်မျက်လုံးအိမ်များကိုကျော်၍ ၎င်း၏စိတ်စွမ်းအင်ကိုဖြတ်တောက်ကာဦးနှောက်ကိုအပိုင်းပိုင်း ပိုင်းဖြတ်သွားခဲ့သည်။

ငွေရောင်ကျောပြင်လူဝံသည်မြေပြင်ပေါ်သို့လဲကျသွားတော့သည်၊ မြေပြင်ပေါ်တွင် ဆက်တိုက်ဆန့်တငင်ငင်ဖြစ်နေကာ, ၎င်း၏နှာခေါင်းနှင့်မျက်အိမတို့မှသွေးများနှင့် ဦးနှောက်အတွင်းမှအရာများစိမ့်ကျလာသည်…

“ငွေကျောပြင်!” လူးကတ်စ်ကအော်လိုက်သည်။

သူ၏သားရဲကသေဆုံးသွားသောကြောင့် လူးကတ်စ်ပေါ်တွင်ကြီးမားသောစိတ်ဝိဉာဉ် ဆိုင်ရာထိခိုက်မှုဖြစ်စေခဲ့ကာ မျက်နှာကလည်းချက်ချင်းဖြူဖျော့သွားတော့သည်။ ဒီအခြေအနေမှပြန်ကောင်းဖို့အချိန်အကြာကြီးအနားယူရဦးမည်ဖြစ်သည်။

ကြီးမားသောတာစီယာကလူးကတ်စ်ကိုအေးစက်စွာဖြင့်ကြည့်လိုက်သည်၊ ၎င်းကစတင်၍စိတ်ဝိဉာဉ်စွမ်းအင်ကိုအမျှင်အစုံလိုက်ကဲ့သို့ သူ့ဆီထုတ်လွှတ်လိုက် သည်။

ရုတ်တရက်, ကြီးမားသောတာစီယာသည်နာကျင်မှုတို့ဖြင့်သူ့ခေါင်းကိုလက်တို့ဖြင့် ကိုင်ကာအော်ဟစ်လိုက်သည်။

ဒမ်ဘီကအဖြူရောင်မီးတောက်ဘောလုံးကိုလေထဲတွင်ဆင့်ခေါ်လိုက်ပြီး, ကြီးမားသော တာစီယာ၏ဝိဉာဉ်စွမ်းအင်အမျှင်များကိုလောင်ကျွမ်းသွားစေသည်။

“ပြိုင်ဘက်ဖြစ်သူကိုတိုက်ရိုက်တိုက်ခိုက်တာ တားမြစ်ထားတယ်၊ ဒါမင်းကိုပထမဆုံး သတိပေးတာဘဲ” ကောင်းဖန်ကခပ်ပြတ်ပြတ်ပြောလိုက်သည်။

ကြီးမားသောတာစီယာသည်ပြစ်ဒဏ်ထိသွားသော်လည်း ပွဲ၏ရလဒ်ကတော့ မပြောင်းလဲပေ၊ လူးကတ်စ်ကကောင်းဖန်ကိုကျေးဇူးတင်စွာဖြင့်ကြည့်လိုက်သည်၊ အကယ်၍ဒိုင်လူကြီးသာဝင်ပါမလာရင်, သူသေချာပေါက်သတ်ခံရမှာဖြစ်သည်။ သူ့ရဲ့ငွေကျောပြင်လူဝံကဘယ်လိုသတ်ခံလိုက်ရမှန်းသူမသိပေ။ ရွှံ့နွံအမျိုးအစား သားရဲသည်လည်းငွေကျောပြင်လူဝံကဲ့သို့တူညီသောနာကျင်မှုကိုခံစားရမည်စိုးသော ကြောင့်, လူးကတ်စ်ကပြိုင်ပွဲကိုအရှုံးပေးဖို့အတွက်ဆုံးဖြတ်ခဲ့သည်။

“အနိုင်ရရှိသူကတော့ ဂန်းမူ” ကောင်းဖန်ကကြေငြာလိုက်သည်၊ သူ့ကိုပြန်၍ ကြည့်နေသည့်ကြီးမားသောတာစီယာကိုကောင်းဖန်ကကြည့်နေလိုက်ပြီးနောက်, ၎င်း၏အကြည့်ကိုသူနှင့်ဝေးဝေးသို့ပြန်လွှဲလိုက်ကာ, သူ့သခင်နှင့်အတူကွင်းထဲမှ ထွက်သွားတော့သည်။

နားနေခန်းသို့ပြန်လာပြီးနောက်, ကောင်းဖန်ကကုချင်းရှန်ကိုမေးလိုက်သည်, “ဒါကအတော်လေးကိုထူးဆန်းတဲ့ပွဲဘဲ၊ ဂန်းမူကတာစီယာကောင်ကို “မား” ဆိုပြီး ခေါ်နေတာ၊ အရှေ့တောင်အာရှလူတွေက သူတို့သားရဲတွေကိုအဲ့လိုခေါ်ကြတာလား?”

ကုချင်းရှန်ကရယ်လိုက်သည်၊ “အရှေ့တောင်အာရှကပြိုင်ပွဲဝင်တွေက ဒီလိုမျိုးပြောလို့ စိတ်ရှုပ်သွားတာဖြစ်မယ်၊ ဒါပေမယ့်, အဲ့ဒါကိုတော့ငါသိတယ်: အရှေ့တောင်အာရှ နယ်ပယ်တွေမှာ မကြာသေးခင်ကကလေးတွေဆုံးရှုံးခဲ့ရတဲ့လူဝံလိုမျိုးသားရဲတွေနဲ့ အထူးလေ့ကျင့်ထားတဲ့ကလေးတွေကိုတွဲပေးတဲ့သွေးစာချုပ်အမျိုးအစားတစ်မျိုး ရှိတယ်။”

“ရေရှည်အတူတွဲပြီးနေထိုင်ပြီးတော့, အဲ့ဒီသားရဲတွေကလူသားကလေးတွေကို သူတို့ရဲ့ ကိုယ်ပိုင်ကလေးတွေအဖြစ်တဖြည်းဖြည်းမြင်လာပြီး သူတို့နဲ့သွေးစာချုပ်ချုပ်ဖို့အတွက် လည်းအဲ့တာကပိုလွယ်လာတယ်လေ၊ ဒီအတွက်တစ်ခုတည်းသောမကောင်းတဲ့ဘက် ကတော့,အဲ့ဒီလူသားကလေးတွေကတကယ်တော့သားရဲတွေရဲ့မွေးစားသားသမီးတွေ ဖြစ်လာကြတာဘဲ”

ကောင်းဖန်ကလူသားများ၏အဆုံးမရှိသောဉာဏ်ရည်ဉာဏ်သွေးကိုချီးကျူးရမည်လား, သို့မဟုတ် ထိုကဲ့သို့ဖြတ်သန်းခဲ့ရသောကလေးတွေအတွက် ဝမ်းနည်းရမည်လား မသိဘဲ တိတ်ဆိတ်နေတော့သည်။

“အဲ့လိုသွေးစာချုပ်မျိုးကမြင့်မားတဲ့အောင်မြင်မှုနှုန်းရှိလား?” ကောင်းဖန်ကမေးလိုက် သည်။

“ဟင့်အင်း, အရမ်းနည်းတယ်၊ လူဝံလိုမျိုးသားရဲတွေကနူးညံ့တဲ့သတ္တဝါတွေလို့ ထင်ပေမယ့်, သူတို့ရဲ့ကလေးတွေကိုဆုံးရှုံးပြီးတဲ့နောက်, သူတို့အတော်လေး စိတ်ထိခိုက်လွယ်ပြီး ပြင်းပြင်းထန်ထန်ပေါက်ကွဲလွယ်ကြတယ်၊ လူငယ်တော်တော် များများ အဲ့သားရဲတွေကြောင့်စုတ်ပြတ်သတ်ကုန်ကြတယ်လေ” ကုချင်းရှန်က သက်ပြင်းချ၍ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၅၁

ကြည့်ရတာတော့အကျွမ်းတဝင်သားရဲရှိသူနှင့် ရင်းနှီးကျွမ်းဝင်မှုကိုပျိုးထောင်ရန် အမှန်တကယ်အခြေခံနည်းလမ်းတစ်ခုဟုထင်ရသည်။ ထိုအရာကသေချာတာကတော့ အရှေ့တောင်အာရှရဲ့ပတ်ဝန်းကျင်ခံစားမှုဖြစ်လိမ့်မည်၊

သေချာတာပေါ့, ဒါကတွေးကြည့်သလောက်တော့ စောင့်စည်းမှုမရှိအကျင့်ပျက်နေတာ တော့မဟုတ်ပေ။

ကုချင်းရှန်ကသူ့ကိုရှင်းပြခဲ့သော ‘မွေးစားခြင်း’ ထုံးတမ်း၏အားသာချက်များနှင့် အားနည်းချက်များကိုယခုကောင်းဖန်သိပြီဖြစ်သည်။

၎င်း၏အားနည်းချက်မှာ သေဆုံးမှုမြင့်မားခြင်းဖြစ်သည်၊ သို့ရာတွင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သောအခွင့်အရေးကိုရရှိခြင်းဖြင့်အန္တရာယ်များနှင့်စွန့်စားမှု ဝေးကွာခြင်းအားပို၍အလေးသာစေသည်။

သာမန်အခြေအနေများ၌, တစ်ဦးသည်သိမြင်မှုဖွံ့ဖြိုုးတိုးတက်မှု၏အစောပိုင်းအဆင့် များတွင်သားရဲတစ်ကောင်နှင့်သွေးစာချုပ်ချုပ်ဆိုလေ့ရှိကြသည်။ ၎င်း၏အားနည်းချက် မှာ ထည့်သွင်းတွက်ချက်ပြီး တိုက်ပွဲဝင်ရန်အချိန်လိုအပ်ခြင်းဖြစ်သည်။

အရှေ့တောင်အာရှဒေသ၏ ‘မွေးစားခြင်း’ ထုံးတမ်းသည်ကြီးထွားလာမှုလုပ်ငန်းစဉ် တစ်ခုလုံးကိုလုပ်ဆောင်ရန်မလိုအပ်ဘဲ အပြည့်အဝရင့်ကျက်သူနှင့် သားရဲများ, သွေးစာချုပ်ချုပ်ရန် သားရဲလေ့ကျင့်သူများအတွက်နည်းလမ်းတစ်ခုဖြစ်သည်။

သို့သော်လည်း, မကြာသေးမီက ကလေးဆုံးရှုံးခဲ့သောသားရဲများနှင့်သာလုပ်ဆောင်နိုင် မည်ဖြစ်သည်။ ကလေးတစ်ယောက်ဆုံးရှုံးခြင်းသည် သူတို့အတွက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သည့်အခြေအနေမှာရှိနေလေ့ရှိပြီး မတူညီသောမျိုးစိတ်တစ်ခုရဲ့ နောက်ထပ်ကလေးကိုမွေးစားဖို့သူတို့ကိုအရူးလုပ်ရာတွင်လွယ်ကူမည်ဖြစ်သည်။

…

“မား, ငါတို့လုပ်နိုင်ခဲ့ပြီ၊ ငါတို့မကောင်းတဲ့ကောင်တွေကိုရှုံးအောင်လုပ်နိုင်ခဲ့ပြီ” ဂန်းမူကကြီးမားသောတာစီယာ၏သားမွှေးတွေကိုညင်သာစွာပွတ်သတ်ရင်းပြောလိုက် သည်၊ ကြီးမားသောတာစီယာဘယ်နားကိုပွတ်သတ်ခံရတာကိုကြိုက်တယ်ဆိုတာ သူသေချာသိသည်။

ဂန်းမူကကြီးမားသောတာစီယာ၏မျက်လုံးများကိုတည့်တည့်ကြည့်လိုက်သည်၊ သူက ၎င်းနှင့်သွေးစာချုပ်ချုပ်ဆိုထားတယ်ဆိုရင်တောင်မှ ၎င်းနှင့်ပတ်သတ်သည့်ခံစားချက် များကရောထွေးနေသေးသည်။

ကြီးမားသောတာစီယာသည်သူ့ဘဝကိုအမျိုးမျိုးပြောင်းလဲစေခဲ့သည်။

အစက အကိုကြီးတစ်ယောက်ညီသုံးယောက်,ညီမသုံးယောက်တို့နှင့်အတူသစ်သီး တောင်သူ၏ကလေးဖြစ်ခဲ့သည်။

ဘဝကသူနှင့်သူ့မိသားစုအတွက်ခက်ခဲခဲ့သည်။ သူ့မိဘတွေကနေ့တိုင်းစေ့ပင်မတွေ့နိုင် ပေ။ ငယ်စဉ်ကတည်းက အိမ်ရှိအခြားလူရှစ်ယောက်ကိုလည်းကျွေးမွေးရသောကြောင့် ဗိုက်ဝအောင်ပင်မစားခဲ့ရပေ၊

ထို့နောက်ကပ်ဆိုးကြီးဖြစ်ပွားသည့်နေ့တွင်အရာအားလုံးပြောင်းလဲသွားခဲ့သည်။

ကပ်ဆိုးကြီး၏ရိုက်ချက်ကြောင့် သူ၏မွေးချင်းနှစ်ယောက်ကသန္ဓေပြောင်းလဲသွား သောတောတောဝက်များက စားသွားခဲ့သည်။

ဂန်းမူ၏အိမ်ထောင်ရေးအတွက်ရည်ရွယ်ထားသည့်ငွေများကို သူတို့၏အသုဘအတွက် အသုံးပြုခဲ့ရသည်။

သူ့အဖေက သူ့ကိုညီငယ်နှစ်ယောက်၏စေ့စပ်ပွဲအတွက်သုံးခဲ့သည့်ငွေအားလှည့်ကာ သူ့အားစစ်တပ်ရှိလေ့ကျင့်ရေးစခန်းသို့ပို့ရန်အတွက်ကြိုးစားခဲ့သည်။

ဂန်းမူကလေ့ကျင့်ရေးလုပ်ငန်းစဉ်တစ်လျှောက်တွင် ရှန်သန်ဖို့အတွက်မျှော်လင့်မထား ခဲ့ပေ။ လေ့ကျင့်ရေးစခန်း၏ရယ်စရာကောင်းလောက်အောင်သေဆုံးမှုနှုန်းအားသိရပြီး နောက် သူကိုယ်သူပြင်ဆင်ထားခဲ့သည်။

သူကအသက်ရှင်ကျန်ရစ်ရုံသာမကသူသည်ကြီးမားသောတာစီယာ၏ယုံကြည်မှုကိုပါ ရရှိခဲ့ပြီး ၎င်း၏တရားဝင် ‘မွေးစားကလေး’ ဖြစ်လာခဲ့သည်။

သူတို့အချင်းချင်းနီးစပ်လာသောအခါတွင် ကြီးမားသောတာစီယာကိုသူနှင့်သွေးစာချုပ် ချုပ်ဆိုရန်အတွက်စည်းရုံးခဲ့ပြီး သားရဲလေ့ကျင့်ပေးသူအဖြစ်တရားဝင်ဖြစ်လာခဲ့သည်။

လူ့အဖွဲ့အစည်းတွင်သူ၏နေရာအသစ်ဖြင့် သူသည်လယ်ပိုင်ရှင်အားပိုက်ဆံပိုရရန် အလွယ်ဆုံးအလုပ်များဖြင့် သူ့မိဘများကိုလယ်၌လုပ်ခွင့်ပေးရန်လယ်ပိုင်ရှင်ကို ဆွဲဆောင်နိုင်ခဲ့သည်။

ပြိုင်ပွဲမှပြန်ရောက်သည်နှင့်လေ့ကျင့်ရေးစခန်းတွင်အဆင့်မြင့်နည်းပြတစ်ဦး ဖြစ်လာစေရန် သူ၏ယခင်နည်းပြများနှင့်လည်းစာချုပ်ချုပ်ဆိုပြီးဖြစ်သည်။

လူမှုရေးလှေကားကိုမြှင့်တင်လိုက်သည်နှင့် ပြင်းပြသောရည်မှန်းချက်များကပို၍ ကြီးမားလာသည်။

ပထမတော့သူလိုချင်တာက, အသက်ရှင်ကျန်ရစ်ဖို့သာဖြစ်သည်။ အခုတော့, သူပို၍ လိုချင်လာသည်။

သူ၏ကြီးမားသောတာစီယာ၎င်း၏ပွဲစဉ်ကိုထိုနေ့မတိုင်ခင်အထိမကြုံဖူးသေးပေ။

အကယ်၍သူတို့ကတူညီတဲ့ကွင်းပြင်မှာရှိနေရင်တောင် သူ့ရဲ့ကြီးမားသောတာစီယာက ကောင်းဖန်၏အရိုးကောင်ကိုသေချာပေါက်အနိုင်ယူနိုင်မှာမဟုတ်ပေ၊ ငါပိုပြီးသန်မာဖို့ လိုတယ်, ဂန်းမူကတွေးလိုက်သည်၊ သူကသူ့လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက် သည်။ သူကလေးကတည်းက, တစ်ခုခုလိုချင်လျှင်ထိုအတွက်အလုပ်လုပ်ရမည်ဆိုတာ ကောင်းကောင်းနားလည်သည်၊ ငွေလင်ဗန်းပေါ်မှဘယ်သူကမှသူ့အတွက်အစေခံဖြင့် အမှုထမ်းပေးမည်မဟုတ်ပေ။

…

ကောင်းဖန်ကပြိုင်ပွဲဝင်များသည်နားနေခန်းမှထွက်သွားကြသည်ကိုကြည့်ရင်း ကသိကအောက်ဖြစ်နေသည်။

ငါကအရမ်းစွမ်းအားကြီးတာကြောင့် ဒိုင်လူကြီးတစ်ယောက်ဖြစ်လာခဲ့တယ်၊ ပြီးတော့, ငါကပိုက်ဆံတွေအများကြီးလည်းဒီမှာလုပ်နိုင်တယ်။ ဒီလိုမျိုးအမြတ်အစွန်းရတဲ့ အခွင့်အရေးမျိုးတွေကို သူဖြတ်ကျော်သွားနိုင်မှာမဟုတ်ပေ!။

ခဏလောက်စဉ်းစားနေပြီးနောက်, ကောင်းဖန်ကသူ့ဖုန်းကိုထုတ်လိုက်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

အားကစားကွင်း၏မိုင်အနည်းငယ်တွင်, အဝါရောင်အမွှေးများဖြင့်ပုံရိပ်ကသစ်ကိုင်း တစ်ခုပေါ်မှနေ၍ အမျိုးသမီးရေချိုးခန်းပြတင်းပေါက်မှချောင်းကြည့်နေသည်။ ရုတ်တရက်ကြိုးသိုင်းလွယ်အိတ်မှ၎င်း၏ပုခုံးကိုတုန်ခါသွားစေသည်။

နှစ်စက္ကန့်လောက်ကြာပြီးနောက်, သီချင်းသံကလွယ်အိတ်ထဲမှထွက်ပေါ်လာတော့ သည်။ “ဘဲလေးတစ်ကောင်ဟာ တောင်တွေနဲ့အဝေးကြီးကိုရေကူးသွားတယ်…”

ဂိုဒီသည်တုန်ခါနေသောကြိုးသိုင်းအိတ်ကိုစိုက်ကြည့်လိုက်သည်။

ရေချိုးခန်းထဲမှတစ်စုံတစ်ယောက်ကအော်ဟစ်လိုက်သည်, “အပြင်မှာဘယ်သူ ရှိနေတာလဲ!”

“ဂတ်?” ဂိုဒီကလန့်ဖျပ်ပြီးသစ်ကိုင်းပေါ်မှပြုတ်ကျကာ မြေပြင်ပေါ်သို့လဲကျသွားတော့ သည်။

၎င်းသည်လူးလဲထလိုက်ပြီး ယက်ကန်ယက်ကန်ဖြင့်အနီးနားရှိတောထဲသို့ဝင်သွားကာ, မြေပြင်ပေါ်သို့ဖုတ်ခနဲပြုတ်ကျပြီးထူးထူးခြားခြားဘာကမှစိုက်ကြည့်မှုမရှိသလို လုပ်လိုက်သည်။

ဖုန်းသည်ဘဲတစ်ကောင်၏ ကြိုးသိုင်းလွယ်အိတ်ထဲ၌တုန်ခါနေသေးသည်။

နားနေခန်းထဲတွင်တော့, ကောင်းဖန်ကသူ့ကိုယ်သူတီးတိုးရေရွတ်လိုက်သည်, “ကိုင်စမ်း, ဂိုဒီ…”

ကောင်းမွန်သောအသံရှိသည့်အမျိုးသမီးတစ်ယောက်ကအဝတ်အပြည့်အစုံဝတ်၍ ရေချိုးခန်းထဲမှထွက်လာသည်။ သူမကမီးဖိုချောင်ထဲသို့ဝင်၍ အံဆွဲထဲမှ မီးဖိုချောင်ဓားကိုယူလိုက်သည်။

“ငါ့ကိုရေချိုးခန်းထဲမှာကြည့်နေတဲ့ဘယ်ငတုံးကိုမဆိုအကုန်ဖြတ်ပစ်မယ်!”

မုထျယ်ရင်းလိုကြွက်သားများဖြင့်သန်မာလှသည့်အမျိုးသမီးက, အိမ်ထဲမှထွက်လာပြီး သူ့ပတ်ဝန်းကျင်ကိုသိမ်းငှက်ကဲ့သို့စူးစမ်းကြည့်နေသည်။ ဤသည်မှာတောင်ပေါ် အိမ်ကြီးတွင်အလုပ်လုပ်သောအလုပ်သမားများနေထိုင်ရာနေရာဖြစ်သည်။ အထူးသဖြင့်လူသူကင်းမဲ့သောနေ့အချိန်တွင် အတော်အတန်တစ်သီးတစ်သန့်ဖြစ်သည့် နေရာဖြစ်သည်။

ရုတ်တရက်, အနီးအနားရှိတောအတွင်းမှရင်းနှီးသောအသံတစ်ခုကိုသူမနားက ကြားလိုက်ရသည်။ တောအတွင်းသို့ဖြည်းညှင်းစွာလျှောက်လာရင်း အမျိုးသမီး၏ မျက်လုံးများကအန္တရာယ်ရှိစွာဖြင့်တောက်ပသွားတော့သည်…

“ဂတ်?” ချုံပုတ်နှစ်ခုကိုဖြတ်ကျော်ရင်းနောက်ဆုံးတွင်သူမသည်ပုခုံးပေါ်၌ ကြိုးအနီ သိုင်းထားသည့်အိတ်ဖြင့်အဝါရောင်ဘဲတစ်ကောင်၏မျက်နှာချင်းဆိုင်ရှေ့သို့ရောက်ရှိ လာခဲ့သည်။

လီရှန်းလျန်ဟုခေါ်သည့်အမျိုးသမီးသည်သူ့ပတ်ဝန်းကျင့်ကိုကြည့်လိုက်သောအခါ အနီးအနား၌တစ်ခြားသံသယဖြစ်စရာပုံစံမျိုးမတွေ့ရပေ။

သူမကဂိုဒီကိုပြန်၍ကြည့်လိုက်သည်။

ဂိုဒီကလည်းမှုန်ကုပ်ကုပ်ဖြင့်ပြန်ကြည့်သည်၊ အချိန်အတော်ကြာပြီးနောက် သူကပြောလိုက်သည်, “ဂတ်,ဂတ်,ဂတ်?”

လီရှန်းလျန်က ချောင်းကြည့်သည့်ကောင်က ဘဲတစ်ကောင်ဖြစ်နေသည်ကို သတိထားမိသွားသောအခါ သူမကအနည်းငယ်စိတ်သက်သာရာရသွားသည်။ သူမက ဘောက်ဆတ်ဆတ်နှင့်၎င်းကိုပြောလိုက်သည်, “မင်းမှာဒီထက်ပိုကောင်းတာလုပ်စရာ မရှိဘူးလား?”

“ဂတ်,ဂတ်,ဂတ်” ဂိုဒီကလီရှန်းလျန်ကိုလျစ်လျူရှုလိုက်ပြီး တောအတွင်းမှ ယက်ကန်ယက်ကန်ဖြင့်လျှောက်လာသည်…

သူကနောက်ဆုံးအလုပ်သမားနေရာမှထွက်လာပြီးနောက်, ၎င်း၏ဖုန်းကိုသူ၏ အတောင်ပံဖြင့်နှိုက်၍အိတ်ထဲမှထုတ်လိုက်သည်။ “ဂတ်?”

“ဘာလို့ဒီလောက်ကြာနေတာလဲဟ?” ကောင်းဖန်ကစိတ်မရှည်စွာဖြင့်ပြောလိုက်သည်၊ သားရဲများနင့်သွေးစာချုပ်များမှတစ်ဆင့်ဆက်သွယ်နိုင်သော်လည်းသတ်မှတ်ထားသောအကွာအဝေးတွင်သာလုပ်နိုင်သည်။

သို့သော်, သွေးစာချုပ်ချုပ်ဆိုထားခြင်း၏ကောင်းသောအချက်မှာ,သူ၏သားရဲများ ပြောသည်ကိုနားလည်နိုင်ခြင်းဖြစ်သည်။

“ငါ….အလုပ်များနေတယ်” ဂိုဒီကအထစ်ထစ်အငေါ့ငေါ့နှင့်ပြောလိုက်သည်။

“ကောင်းပြီ, မင်းကိုငါ့အတွက်တစ်ခုလုပ်ခိုင်းချင်တယ်၊ ငါ့အတွက်အလောင်းအစား နည်းနည်းလုပ်ရအောင်ကူညီပေးစမ်းပါ” ကောင်းဖန်ကပြောလိုက်သည်၊ “ငါတို့သေချာပေါက် ဒါနဲ့ပိုက်ဆံတွေအများကြီးရအောင်လုပ်နိုင်မှာ၊ငါ့အတွက်လုပ်ပေး, ပြီးတော့ တစ်လလုံးနေ့တိုင်းငါးခြောက်နှစ်ကောင်ပေးမယ်”

“ဂတ်?” ဂိုဒီ၏မျက်လုံးများကတောက်ပလာသည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၅၂

ကောင်းဖန်ကကျိုးထျန်းမင်နှင့်တခြားသူများကိုထိုကိစ္စအားမသိစေချင်ပေ။ ဒီလိုကိစ္စမျိုးတွေကတခြားသူတွေကိုပြောလို့ကောင်းတဲ့အရာမဟုတ်။

သူဘာလုပ်နေလဲဆိုတာကိုတစ်ယောက်ယောက်ကသိရင်သူ၏ထောက်ခံမှုကိုပြိုင်ပွဲများမှာမျက်နှာသာရရန်အတွက် ကောင်းဖန်ကဒိုင်လူကြီးနေရာကိုအလွဲသုံးစားလုပ်နေ သည်ဟုသံသယဖြစ်လာကြလိမ့်မည်။

ထီထိုးဖို့လက်မှတ်ကိုဂိုဒီအားဝယ်ဖို့ပြောပြီးတာနဲ့ကောင်းဖန်ကဖုန်းကိုချလိုက်သည်၊

ဂိုဒီကသူ့ဖုန်းကိုအိတ်ထဲသို့ပြန်ထည့်လိုက်ကာ ထိုနေရာတွင်အမှတ်တမဲ့ မိနစ်အနည်းငယ်လောက်ရပ်နေပြီးနောက်, ၎င်း၏အာရုံပြန်ရလာကာသူ၏အိတ်ထဲရှိ ကြေမွ၍အပုံလိုက်ဖြစ်နေသည့် ငွေစက္ကူများကိုကြည့်လိုက်သည်။

သခင်ကငါ့ဆီကနေခိုးယူချင်နေတာလား? ဂိုဒီကတွေးလိုက်သည်။

ထို့နောက်သူ့ခေါင်းကိုယမ်းလိုက်သည်၊ ဒါကမဖြစ်နိုင်ဘူး၊ ငါသိသမျှထဲမှာ သခင်ကောင်းက အချမ်းသာဆုံးလူဘဲ! ဂိုဒီကကောင်းဖန်၏ဘဏ်အကောင့်ထဲတွင် ဘယ်လောက်ရှိလဲဆိုတာအမြဲသိချင်နေခဲ့တာဖြစ်သည်, ဒါပေမယ့်နောက်ပိုင်းတွင် ထိုအကြောင်းအရာများနှင့်ပတ်သတ်၍တင်းတင်းကြပ်ကြပ်ပါးစပ်ကိုသာစေ့စေ့ပိတ်ထားတော့သည်။

အနီးဆုံးလောင်းကစားဆိုင်သည်တရုတ်redbudလမ်းတောင်ထိပ်အနီးတွင်ရှိသည်၊ ဂိုဒီကခမ်းနားကြီးကျယ်သည့်ပုံစံရှိသောအိမ်ယာအနည်းငယ်ကိုတွေ့မြင်ရသည်အထိ လမ်းမကြီးအတိုင်းလျှောက်လာခဲ့သည်။ ထိုနေရာတွင်နေထိုင်သူများသည် အတော်လေးချမ်းသာသောကြောင့် လောင်းကစားဆိုင်သည်အချိန်လျှော့ချနေသည့် အချိန်၌ပင်စီးပွားလုပ်ရန်အတွက်အနည်းငယ်အခက်အခဲရှိနေသည်။

လောင်းကစားဆိုင်က ‘ပျော်ရွှင်ခြင်းလောင်းကစား’ ဟုခေါ်ပြီး, ဟွားရှားနယ်ပယ်ရှိ ကျော်ကြားသောတရားဝင်တစ်ပိုင်းလောင်းကစားဆိုင်များထဲမှတစ်ခုဖြစ်သည်။

ဟွားရှားနယ်ပယ်ရှိလူအများစုအတွက်, ၎င်းတွင် ‘တရားဝင်’ ဟူသည့်စကားလုံးကို ရိုက်နှိပ်ထားခြင်းကြောင့် အရာအားလုံးကပိုပြီးကောင်းမွန်လာခဲ့သည်။

ဆိုင်ကတော့အကြီးကြီးမဟုတ်ပေ၊ သို့သော်, အတွင်းပိုင်းတွင် ခမ်းနားသောပရိဘောဂ များခင်းကျင်းထားသည်၊ အထဲ၌အပူပေးစက်လည်းလည်ပတ်နေပြီး သစ်သားပြားဖြင့် ဆိုင်ကိုနှစ်ပိုင်းခွဲထားသည်၊ ၎င်းတို့ထဲမှတစ်ခုကလူငယ်လေ့ကျင့်သူချန်ပီယံပွဲကို နံရံကပ်ပရော်ဂျက်တာဖြင့်ပြထားသောနားနေခန်းဖြစ်သည်၊၊

လောင်းကစားလုပ်ခြင်းက ဘယ်ပြိုင်ပွဲ၌ပင်မဆိုပါဝင်သည်။

လူအနည်းငယ်လောက်က ဆိုဖာပေါ်တွင်ထိုင်ရင်းဖြင့် ပြိုင်ပွဲကိုကြည့်နေကြသည်။

“ကောင်းဖန်ဆိုတဲ့ကောင်လေးက ငါ့နေရာနဲ့အနီးလေးမှာနေတယ်ဆိုတာ မင်းတို့သိလား?” မျက်ခုံးမွှေးထူထူ, ရှပ်အင်္ကျီအနက်နှင့်အမျိုးသားတစ်ယောက်က လက်ရှိတွင်မှန်ပြင်၌နေရာယူထားသောကောင်းဖန်ကိုညွှန်ပြကာပြောလိုက်သည်။

“တကယ်ကြီး?” တစ်စုံတစ်ယောက်ကပြောလိုက်သည်။

“ဟုတ်တယ်, သူကတောင်ပေါ်မှာနေတာလေ” မျက်ခုံးထူထူနှင့်အမျိုးသားက ရယ်ကာ ပြောလိုက်သည်။ သူကသူ၏လက်ဖက်ရည်ခွက်ကိုစားပွဲမှယူလိုက်ပြီး အကြိမ် အနည်းငယ်လောက်မှုတ်လိုက်ကာ, ဂရုတစိုက်ဖြင့်အနည်းငယ်သောက်လိုက်သည်။

ထို့နောက်, ထိုလူကငွေရှင်းစာရင်းရှင်းသည့်ကောင်တာနောက်တွင် ထိုင်နေသော လူငယ်အား “အကိုချန်း, လက်ဖက်ရည်အိုးထဲမှာလက်ဖက်ရည်မရှိတော့ဘူး၊ ကျွန်တော်နောက်ဆုံးထားခဲ့တဲ့လက်ဖက်ခြောက်ရွက်တွေကိုယူလာပေးပါဦး”

လူငယ်ကဖုန်းကိုချလိုက်ပြီး ထိုလူမေးသည့်အရာကိုအမြန်ဆုံးလုပ်လိုက်သည်၊ ထိုလူက ဟေးကျုံးဖြစ်ပြီး, ဆိုင်၏အကြီးစားသုံးဖြုန်းသူထဲများထဲမှတစ်ယောက်ဖြစ် သည်၊ သူကဆိုင်၏မန်နေဂျာမဟုတ်သော်လည်း, အကုန်လုံးကတကယ့်မန်နေဂျာ အတိုင်းပင်ဆက်ဆံကြသည်။

ထိုအချိန်တွင်အကိုချန်းကဝင်ပေါက်နားမှကန့်လန့်ကာသံကိုကြားလိုက်ရသည်၊ ဧည့်သည်အသစ်တစ်ယောက်ဆိုင်ထဲသို့ဝင်လာသည်။

အကိုချန်းကလှည့်ကြည့်လိုက်သောအခါ အဝါရောင်အမွှေးအင်္ကျီဝတ်ထားသော ထူးဆန်းသည့်ပုံစံကလေးတစ်ယောက်ကိုထိုနေရာတွင်လှမ်းမြင်လိုက်သည်။

ဒီလိုနေရာမျိုးလာဖို့က နည်းနည်းငယ်သေးသလားလို့?သူကတွေးလိုက်သည်။ ဆိုင်တွင် အကြီးအငယ်ဝါဒမရှိပေ။

အကိုချန်းကတစ်ခုခုမူမမှန်တာကိုသတိထားမိတော့ တစ်ခုခုပြောဖို့လုပ်လိုက်သည်။ သူ့မျက်လုံးကိုပွတ်ပြီး နောက်တစ်ချက်လောက်ဂိုဒီကိုကြည့်လိုက်သည်။

နေစမ်းဦး, မင်းက….ဘဲတစ်ကောင်?!

သူကဂိုဒီ၏ပုခုံးမှကြိုးသိုင်းလွယ်အိတ်ကိုသတိထားမိလိုက်သည်။

ဒါကတစ်စုံတစ်ယောက်ရဲ့သားရဲဖြစ်လိမ့်မယ်။

ဒီအတွက်တော့ဘာမှထူးထူးဆန်းဆန်းဖြစ်မနေပါ၊ အကိုချန်းက သားရဲများသည် စားသောက်ကုန်, စီးကရက်နှင့်အခြားထီလက်မှတ်များကို သူတို့၏သခင်များအတွက် ပို့ဆောင်ပေးရခြင်း အားလုံးကိုအကုန်မြင်ဖူးသည်။

“ခဏလောက်အဲ့နားမှာစောင့်ပေးလို့ရမလား? ငါမင်းဆီကိုမြန်မြန်ပြန်လာခဲ့မယ်” အကိုချန်းကပြုံးကာပြောလိုက်သည်။ ဟေးကျုံးလိုမျိုးအရေးကြီးသည့် ဖောက်သည်တစ်ဦးက ခိုင်းခြင်းကိုပယ်ဖျက်မိခြင်းဖြင့် ဒေါသထွက်အောင်လုပ်ဖို့တော့ မစွန့်စားလိုပေ။

သူကဟေးကျုံးကိုလက်ဖက်ရည်ပေးပြီးနောက်, ကောင်တာသို့ပြန်လာခဲ့သည်၊ “မင်းကဒီကိုထီလက်မှတ်ဝယ်ဖို့လာတာလား?

ဂိုဒီကအကိုချန်းပြောသည့်စကားများကိုနားမလည်ဘဲခေါင်းစောင်းလိုက်သည်။ ထို့နောက်,လွယ်အိတ်ထဲမှဖုန်းကိုထုတ်လိုက်ပြီး ကောင်းဖန်၏မက်ဆေ့ချ်ကို မြင်အောင်ပြလိုက်သည်။

“ဆယ်မိနစ်အတွင်း သတ္တမမြောက်ပွဲဟွားရှားနယ်ပယ်ရဲ့အောင်ပွဲမှာ ကျန်းရီကို လောင်းကြေးထပ်တယ်” မက်ဆေ့ချ်ကိုဖတ်လိုက်သည်။

အကိုချန်းက ဘဲတစ်ကောင်၏လောင်းကြေးမှာမည်မျှတိကျနေသည်ကိုမြင်လိုက် သောကြောင့်အံ့ဩသွားတော့သည်။

ကျန်းရီ၏ပြိုင်ဘက်သည် နီရွန်ခရိုင်ယဲ့ရူးရွာမှနံပါတ်တစ်ပြိုင်ပွဲဝင်ဖြစ်ကာ ပထမအကြိမ်တွင်လည်းကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့သည်။ တစ်ဖက်တွင် ကျန်းရီက ဟွားရှားနယ်ပယ်၏အဆင့်ကိုးနေရာတွင် ရပ်တည်ခဲ့ပြီးပြိုင်ပွဲ၏ပထမအကြိမ်တွင် အနိုင်ရခဲ့သည်။ ကျန်းရီသည်လာမည့်ပွဲတွင် အနိုင်ရနိုင်မည်ဟုမည်သူမျှမယုံကြည်ကြ သောကြောင့် လောင်းကြေးငွေမှာ ၁၀မိနစ်အောင်နိုင်မှုအတွက်၁၆မှ၁ နှင့်၉၈မှ၁အထိ ဖြစ်သည်။

“မင်းဘယ်လောက်လောင်းကြေးထပ်ချင်လဲ?” အကိုချန်းကမေးလိုက်သည်၊ ဂိုဒီက သူဘာပြောလဲဆိုတာနားမလည်တာကိုသတိထားမိပြီးနောက် , သူက မဟာမိတ်ဒေါ်လာငွေကိုထုတ်လိုက်ပြီး ဘဲ၏အရှေ့တွင်ယမ်းပြလိုက်သည်။

ဂိုဒီကတံတွေးမျိုချလိုက်ပြီးနောက်, မဟာမိတ်ဒေါ်လာငွေများကိုထုတ်ယူကာ ကောင်တာပေါ်တွင်ထပ်တင်လိုက်သည်။

ရုတ်တရက်ဂိုဒီသည်မဟာမိတ်ဒေါ်လာငွေများကို၎င်း၏အိတ်ထဲသို့ပြန်ထည့်လိုက် သည်။ ကောင်တာပေါ်ရှိဒေါ်လာငွေများကိုမက်မက်မောမောငမ်းနေသေးပြီးနောက်, သူ့မျက်လုံးများကိုပိတ်လိုက်ကာ ငွေများကိုအကိုချန်းဆီသို့တွန်းပို့လိုက်သည်။

ကောင်းဖန်ကကြက်ဥခေါက်ကြော်လုပ်ဖို့အတွက် ကြက်ဥအနည်းငယ်ကိုမခွဲဘဲနဲ့ မရဘူးလို့ပြောတယ်၊၊ ငါကတစ်လလုံးသူ့ရဲ့အောင်နိုင်မှုနဲ့အတူဘုရင်တစ်ပါးလိုစားနိုင်ဖို့ အတွက်ဘဲ၊ အစာစားတိုင်း ငါးခြောက်ကိုသုံးပိုင်းခွဲမယ်: တစ်ခုကငါ့အစာအိမ်လေး အတွက်, တစ်ခုကမိုးရွာတဲ့နေ့အတွက် , ပြီးတော့တစ်ခုကဆီလီကိုပေးပြီးခြောက်လှန့် လို့ရအောင်လို့။

အကိုချန်းကသူ့ရှေ့တွင်ငွေအမြောက်အများကိုတွေ့လိုက်ရသဖြင့်အံ့ဩသွားတော့ သည်။ သူကစတင်ရေတွက်လိုက်သည်။

ဘဲ၏ပိုက်ဆံကိုသုံးကြိမ်ရေတွက်ပြီးနောက် အကိုချန်းက “ဒီမှာ မဟာမိတ်ဒေါ်လာ 5,129.70။ ဒါက မင်းလောင်းကြေးတင်ချင်သလောက်လား?”

ဂိုဒီကအကိုချန်းကိုကြောင်အစွာဖြင့်ကြည့်နေသည်။

အကိုချန်းကသူ့မေးခွန်းကိုအကြိမ်အနည်းငယ်လောက်ထပ်ပြောလိုက်သည်။ သို့သော်, ဂိုဒီဆီကသူပြန်ရတဲ့တစ်ခုတည်းသောတုန့်ပြန်မှုမှာ ဗလာမျက်လုံးများဖြင့်ကြည့်နေ ခြင်းသာဖြစ်သည်။

ဂိုဒီကထီလက်မှတ်များကို လေးနက်သောအမူအရာဖြင့်ကြည့်လိုက်သည်။ သူကထိုအပေါ်တွင်ဘာတွေရေးထားမှန်းမသိပေ။ ၎င်း၏အိတ်ထဲတွင်လက်မှတ်များ ပြန်ထည့်ပြီးနောက်, ဂိုဒီကဆိုင်ထဲကနေပြန်လျှောက်ထွက်သွားတော့သည်။

သတ္တမမြောက်ပွဲစဉ်ကညနေလေးနာရီခွဲတွင်စတင်ခဲ့သည်။

လီယွိက ပရိတ်သတ်သိပ်ပြီးစိတ်ပါဝင်စားမှုမရှိသည့်ထိုပွဲတွင် ဒိုင်လူကြီးလုပ်ခြင်းဖြစ် သည်။

သို့သော်, ပွဲရလဒ်သည် မေးရိုးများစွာကိုအောက်သို့ပြုတ်ကျသွားစေခဲ့သည်။ ပွဲချိန်က ဆယ်မိနစ်အလိုတွင်ပြီးဆုံးသွားခဲ့သည်။

ယဲ့ရိုးရွာမှပြိုင်ပွဲဝင်ကရှုံးနိမ့်သွားခဲ့သည်။

ကျန်းရီကအမှန်တကယ်ပြိုင်ပွဲဝင်မြင်းနက်ဖြစ်သည်၊ သူ၏ကိုယ်ပိုင်သားရဲမှာ ထူးခြားအဆင့်အတန်း ကွန်မန်ဒါအဆင့်သားရဲတစ်ကောင်သာမက, ၎င်းသည် မီးအမျိုးအစားလည်းဖြစ်ကာ, ယဲ့ရိုးပြိုင်ပွဲဝင်၏သစ်သားအမျိုးအစားကို ဆန့်ကျင်သည့် အမျိုးအစားလည်းဖြစ်သည်, ကောင်းဖန်ကတွေးလိုက်သည်၊ သူကပွဲစကတည်းက ပြိုင်ပွဲရလဒ်ကိုကြိုတင်မှန်းဆပြီးသားဖြစ်သည်။

အိမ်ကြီးများဘက်ပြန်သွားရလျှင်, ကောင်းဖန်၏သားရဲများသည် တီဗွီတွင် ပြိုင်ပွဲ၏ ရလဒ်ကိုကြည့်နေကြသည်။

ဂိုဒီကတော့ဘာတွေဖြစ်နေလဲဆိုတာမသိပေ။ သို့သော်လည်း ကောင်းဖန်ထံမှ ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိပြီးနောက် ဆိုဖာပေါ်မှပျော်ရွှင်စွာခုန်ဆင်းလိုက်သည်။ “ငါးခြောက်! ငါးခြောက်, ငါးခြောက်!” ဂိုဒီကစိတ်လှုပ်ရှားနေသောကလေးလို ဆိုဖာကိုပတ်၍ပြေးနေသည်။

ဆီလီကဂိုဒီကိုထူးထူးဆန်းဆန်းကြည့်လိုက်သည်၊ ဘဲကဘာကိုအဲ့လောက်စိတ်လှုပ်ရှား နေတာတုန်း၊ ၎င်းသည်သူ၏နေရာလပ်မှသစ်သီးဖျော်ရည်ပုလင်းကိုထုတ်လိုက်ပြီး အဖုံးအားအစင်းလေးကိုကိုက်ခိုင်းလိုက်သည်၊ ထို့နောက်၎င်းကကျွမ်းကျင်စွာဖြင့်, စက္ကူဘူးထဲသို့ပိုက်ကိုထိုးထည့်လိုက်ပြီး ပျော်ရွှင်စွာဖြင့်သစ်သီးဖျော်ရည်ကိုသောက်နေ တော့သည်။

ဂိုဒီကနောက်ဆုံးတော့ စိတ်အေးသွားပြီဖြစ်ကာ, ၎င်းကာသူ၏အိတ်ထဲမှထီလက်မှတ် များကိုထုတ်လိုက်ပြီး ၎င်းကိုနီးနီးကပ်ကပ်ကြည့်လိုက်သည်၊ ဒါက နည်းနည်းလေး ရုပ်ဆိုးတယ်, ၎င်းကတွေးလိုက်သည်၊ သူ့အမွှေးတွေကောဘယ်မှာလဲ? ထို့နောက် , ဂိုဒီက လက်မှတ်ကိုအိတ်ထဲသို့ပြန်ထည့်လိုက်ပြီးကျေနပ်စွာဖြင့်ပုတ်လိုက်သည်၊ ဒါကသူ့ရဲ့အစားအသောက်လက်မှတ်ဘဲ!။

All Chapters