← Chapters

အခန်း (၂၅၃-၂၅၆)

Vol. 16 Ch. 253-256

အခန်း (၂၅၃-၂၅၆)

Vol. 16 Ch. 253-256

အပိုင်း၂၅၃

ကောင်းဖန်တောင်ပေါ်ဗီလာကိုပြန်ရောက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်က အဝါရောင်အမွှေးများနှင့်ထုပ်ပိုးထားသည့်အရာကသူ့ဆီသို့တဟုန်ထိုးပြေးလာသည်ကို မြင်လိုက်ရသည်၊ သူကစိတ်လှုပ်ရှားနေသောဂိုဒီကြောင့်ချက်ချင်းပင်မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ကောင်းဖန်သည်ဘဲကိုစိုက်ကြည့်လိုက်သည်၊ “မင်းရဲ့ငါးခြောက်ကိုလိုချင်နေတုန်း လား?!”

ဂိုဒီကသဲကြီးမဲကြီးခေါင်းညိတ်လိုက်သည်၊ “အင်း!” ၎င်းကစိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ကောင်းဖန်ကမတ်တပ်ရပ်လိုက်ပြီး သူ့ဘောင်းဘီမှဖုန်များကိုပုတ်ခါလိုက်ကာ, စိတ်ဆိုးမာန်ဆိုး ဖြင့်တီးတိုးပြောလိုက်သည်, “ငါ့နောက်ကလိုက်ခဲ့”

ထို့နောက်သူသည်အစင်းလေးကိုခေါ်၍ ၎င်း၏ကျောပေါ်သို့တက်လိုက်သည်၊ ဂိုဒီနှင့်အတူသူတို့သုံးယောက်လုံးတောင်ပေါ်ဗီလာမှထွက်လာကြသည်၊ ပွဲရလဒ်များကို ကြေငြာပြီးကတည်းကဂိုဒီသည်အဆက်မပြတ်စိတ်လှုပ်ရှားနေခဲ့သည်။

ဘဲကလေးဘဝကတည်းက ဂိုဒီသည်သူ့အိတ်ထဲ၌ရှိသည့်အရာအားလုံးသည် သူ့အတွက်ချည်းဘဲဆိုတဲ့ အခြေခံသဘောတရားကိုနားလည်ခဲ့သည်၊ ထိုတွေးခေါ်မှု အရဖြင့်ပင်, သူတောင်ပေါ်မှာရှာတွေ့ခဲ့သည့်အင်းဆက်များသည်သူ့အပိုင်မဟုတ်ပေ, ၎င်းတို့ကိုတခြားသားရဲများကအချိန်မရွေးစားသုံး၍ရသည်။

ပြန်လည်ပေးအပ်ခြင်းစင်တာ၏အပြင်ဘက်၌ရပ်လိုက်ပြီးနောက် ကောင်းဖန်ကဂိုဒီကို ပြောလိုက်သည်, “ငါတို့မင်းနဲ့တူတူမလိုက်တော့ဘူး၊ ထီလက်မှတ်တွေကမင်းရဲ့ သားရဲသက်သေခံကတ်ပြားနဲ့ဝယ်ခဲ့တာ၊ မင်းဘဲသွားပြီး ပြန်အမ်းဆုငွေသွားယူလို့ရမှာ”

ဂိုဒီကကောင်းဖန်ကိုစူးစမ်းစွာဖြင့်ကြည့်လိုက်သည်၊ “ဂတ်?”

“အဲ့တာမင်းရဲ့ဆုဘဲ၊ အထဲဝင်ပြီး မင်းကိုယ်တိုင်သွားယူချည်၊ ငါမင်းနဲ့အတူလိုက်မှာ မဟုတ်ဘူး” ကောင်းဖန်က ထိုဘဲနားလည်အောင်အတတ်နိုင်ဆုံးရိုးရိုးရှင်းရှင်း‌ ပြောလိုက်သည်။

…

သာမန်လူများသည် ပြန်လည်ပေးယူသောအခါတွင် ၎င်းတို့၏အထောက်အထားများကို ဖုံးကွယ်ရန်အတွက်တစ်ခါတစ်ရံ၎င်းတို့၏မျက်နှာဖုံးများအပြင် တစ်ခါတစ်ရံတိရိစ္ဆာန် ဝတ်စုံများကိုပါဝတ်တတ်ကြသည်။

မတော်တဆလိုဘဲ, ဂိုဒီကသာမန်လူတစ်ယောက်လိုအရပ်ရှည်ပြီး အပြင်ထွက်တဲ့အခါ အဝါရောင်အမွှေးအင်္ကျီအမြဲဝတ်ထားသည့်ဂိုဒီက သူတို့၏ထီထိုးသူတိုင်းနှင့် တူညီနေသည်။

ထိုအချိန်တွင် ပြန်လည်ပေးအပ်ခြင်းဌာန၌လူသိပ်ပြီးမရှိပေ။

အလုပ်သမားအနည်းငယ်က သူထိုနေရာသို့ဝင်လာသည်ကိုတွေ့သောအခါ အပြေးအလွှားဖြင့်ဂိုဒီဆီသို့သွားကြသည်။

“ကောင်းသောနေ့ပါ၊ ဒီကိုပြန်အမ်းဆုငွေထုတ်ဖို့ဘာတာလား?”

“ဂတ်”

“မစ္စတာ, စကားပြောပေးလို့ရမလား”

“ဂတ်”

“…”

“လုံခြုံရေး, လုံခြုံရေး!” အလုပ်သမားတစ်ယောက်က လုံခြုံရေးကိုခေါ်တော့သည်။

ဘန်း၊ ဂိုဒီက၎င်း၏ထီလက်မှတ်များကိုကောင်တာပေါ်သို့ရိုက်ချ၍တင်လိုက်ပြီး, ရင်ဘတ်ကိုဖိကာ, အလုပ်သမားများကိုကြည့်လိုက်သည်။

“အဲ….” သူ့အသက်မွေးဝမ်းကြောင်းအလုပ်မှာ အမှားကြီးကျူးလွန်မိတော့မယ်ဆိုတာ သိတာနဲ့အလုပ်သမားက ချက်ချင်းဦးညွှတ်ပြီးဂိုဒီကိုတောင်းပန်လိုက်သည်။

“နားလည်မှုလွဲသွားတဲ့အတွက်တောင်းပန်ပါတယ် မစ္စတာ၊ ကျေးဇူးပြုပြီး, ကျွန်တော့်ကို ခင်ဗျားရဲ့သက်သေခံကတ်ပြားအရင်ပြလို့ရမလား” အလုပ်သမားကယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။

၎င်း၏အိတ်အတွင်း၌လှန်လှောရှာဖွေပြီးနောက်, ဂိုဒီကသူ၏သက်သေခံကတ်ပြားကို ဆွဲထုတ်လိုက်ပြီး, အလုပ်သမား၏လက်ထဲသို့တွန်းဖိပေးလိုက်သည်။ ဘဲ၏တောင်ပံင မည်မျှပင်လေးလံသည်ကိုခံစားလိုက်သဖြင့် အလုပ်သမားကစောင့်ကြပ်၍ ထိုကဒ်ကို ယူလိုက်သည်။ သူကကတ်ကိုအနီးကပ်ယူကြည့်လိုက်သည်၊ ၎င်းကဖတ်လိုက်သည်, “ပထမမျိုးဆက်သားရဲ သက်သေခံကတ်၊ အမည်-ကျောက်ဘဲ၊ မှတ်ပုံတင်နံပါတ်- 5811919။”

အလုပ်သမားကအံ့ဩသွားတော့သည်၊

နောက်နေတာလား? သူကတွေးလိုက်သည်။ ခင်ဗျားကဘာလို့သားရဲတစ်ကောင်ရဲ့ သက်သေခံကတ်ပြားကိုလာပြရတာလဲ?

“တောင်းပန်ပါတယ်ဗျ, ကျွန်တော်ခင်ဗျားရဲ့သက်သေခံကတ်ပြား…”

“ဂတ်!” ဂိုဒီကစိတ်မရှည်စွာဖြင့် သူ၏အတောင်များအားအလုပ်သမားကိုဝှေ့ယမ်းပြ လိုက်သည်။

ထိုနေရာတွင် သူတို့နှစ်ယောက်ကြားခဏလောက်တိတ်ဆိတ်သွားသည်။ မကြာမီတွင်, အလုပ်သမားက တကယ်တမ်းသူ့ရှေ့မှာရပ်နေတာဘဲတစ်ကောင်ဖြစ်ပြီး, လူတစ်ယောက်ကcostumeဝတ်ထားတာမဟုတ်ကြောင်းသတိထားမိလိုက်သည်။

စိတ်ရှုပ်စရာတွေအများကြီးကြားထဲမှ ဂိုဒီသည်နောက်ဆုံးတော့ဆုကိုထုတ်ယူခွင့် ရခဲ့သည်။

လောင်းကစားကစားသူသားရဲများကရှားပါးသည်, ဒါပေမယ့်လုံးလုံးလျားလျား မရှိတာတော့မဟုတ်ပေ။ လူသားတွေကဲ့သို့ပင်, သူတို့တွင်လည်းဆိုးရွားသော လောင်ကစားအလေ့အထများပေါ်လာတတ်ကြသည်။

“ဘယ်လိုဖြစ်သွားလဲ? ပိုက်ဆံရခဲ့လား?” ကောင်းဖန်ကကြိုးသိုင်းအိတ်ကိုလွယ်၍ လာသောဂိုဒီကိုတစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

ဂိုဒီကသူ့အတောင်ဖြင့် အိတ်ကိုရိုက်လိုက်သည်၊ “ငါ့ဟာ!”

“ကောင်းပြီ, ငါမင်းဟာမှန်းသိတယ်” ကောင်းဖန်ကဂိုဒီ၏ခေါင်းကိုပုတ်လိုက်ပြီး ပြောလိုက်သည်။ “ပြီးတော့, အခုမင်းမှာရှိတာထက်ငါကပိုပြီးဝင်ငွေရှိတယ်၊ ငါကမင်းဆီကနေခိုးစရာတောင်မလိုဘူး”

ကောင်းဖန်အားဝတ်ကျေတမ်းကျေဖြင့် တဂတ်ဂတ်လုပ်ပြီးနောက်, ဂိုဒီသည် အိတ်ကိုဖွင့်ကာ အတွင်းထဲရှိပိုက်ဆံများကိုလောဘကြီးစွာဖြင့်ကြည့်နေသည်။ သူ့ဘဝမှာဒီလောက်များတဲ့ငွေတစ်ခါမှမြင်ဖူးသေးဘူး။

ညစာစားပြီးနောက်, ကောင်းဖန်ကဆိုဖာပေါ်မှထိုင်နေပြီး အချိန်အတိုင်းအတာတစ်ခု အထိရှိုးတစ်ခုကိုထိုင်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ဂိုဒီသည်ဆိုဖာပေါ်တက်ကာ ကောင်းဖန်၏ပုခုံးများကိုအတောင်ပံများဖြင့် တင်းတင်းကြပ်ကြပ်နှိပ်ပေးလိုက်သည်။

“ဘာဖြစ်နေတာတုန်း, ဂိုဒီ?”

“ကောင်းဖန်, မင်းကငါ့တစ်ဘဝလုံးမြင်ဖူးတဲ့အထဲမှအမွှေးမရှိဘဲနဲ့ အချောဆုံးလူဘဲ” ဂိုဒီကပြောလိုက်သည်။

ကောင်းဖန်ကတစ်ခစ်ခစ်ရယ်လိုက်ပြီး, ဂိုဒီ၏အတောင်များကိုပုတ်လိုက်သည်၊ “အဲ့တာတွေကိုမင်းကိုယ်မင်းဘဲသိမ်းထားစမ်းပါ။ အပြင်မှာငါ့ရုပ်ရည်ကြည့်ကောင်းတာ မင်းချီးကျူးလိုက်မှဆိုးကုန်တော့မယ်”

ဂိုဒီကကောင်းဖန်၏ပုခုံးများကိုဆက်၍နှိပ်ပေးနေသည်၊ ခဏလောက်ကြာတော့ဂိုဒီက မေးလိုက်သည်, “ကောင်းဖန်, နောက်ထပ်ပြိုင်ပွဲအတွက် ထပ်ပြီးစဉ်းစားထားတာတွေ ရှိသေးလား?”

“သေချာပေါက်ပေါ့၊ နေပါဦး, မင်းကနောက်ထပ်ထီလက်မှတ်တွေဝယ်ဖို့စဉ်းစားနေ တာလား?” ကောင်းဖန်ကသူ့မျက်လုံးများကိုထောင့်ကပ်ပြီးဂိုဒီကိုကြည့်လိုက်သည်။

ဂိုဒီကစိတ်လှုပ်ရှားစွာဖြင့်ခေါင်းညိတ်လိုက်သည်။

“လောင်းကစားလုပ်တာမကောင်းဘူး, မင်းသိပါတယ်” ကောင်းဖန်ကသူ့ခေါင်းကို ယမ်း၍ပြောလိုက်သည်။ “ငါကအပျော်တမ်းအလောင်းအစားလုပ်ဖို့ဘဲ မင်းကို လွှတ်လိုက်တာ၊ ကိုယ်ကိုယ်တိုင်လောင်းကစားမစွဲတာပိုကောင်းတယ်”

“မဟုတ်ဘူး, သေချာပေါက်မဟုတ်ဘူး” ဂိုဒီကခိုင်မာစွာပြောလိုက်သည်။

“ဒါဆိုလည်းကောင်းပြီလေ၊ အိပ်တော့၊ ပြီးတော့မင်းရဲ့ခေါင်းထဲမှာ ရယ်စရာကောင်းတဲ့ အကြံဉာဏ်တွေကိုစပြီးလုပ်မနေနဲ့” ကောင်းဖန်ကဂိုဒီ၏ခေါင်းကိုညင်သာစွာဖြင့် ပုတ်၍ပြောလိုက်သည်။ ထို့နောက်, သူ့ဖုန်းကမြည်လာသည်၊ သူကချက်ချင်းဘဲ ပြန်ဖြေလိုက်သည်။

“ဟယ်လို….ဟုတ်ကဲ့, ကျွန်တော်ကောင်းဖန်ပြောနေတာပါ”

“ကျန်းရှောင်? အင်း, ကျွန်တော်သူ့ကိုသိတယ်၊ သူကဟွားရှားနယ်ပယ်ရဲ့အလားအလာ ရှိတဲ့ပြိုင်ပွဲဝင်တွေထဲကတစ်ယောက်ဘဲ၊ သူနဲ့ပွဲပြီးရင် ထမင်းစားနိုင်ဖို့အချိန်ပေးနိုင် လောက်မှာပါ” ကောင်းဖန်ကမျက်နှာတွင်အပြုံးများချိတ်ဆွဲထားလျှက်ပြောသည်။ ဖုန်းထဲမှာကျန်းရှောင်၏အဖေဖြစ်သည်၊ သူ့လေသံကိုအကဲဖြတ်ကြည့်ရလျှင်, ထိုလူကြီးကသူ့ကိုအတော်လေး လေးစားနေပုံရသည်။ သူ့သားကိုကောင်းဖန်နှင့်‌ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်နိုင်ရန်စိတ်ရင်းမှန်ဖြင့်လိုလားသည်ဟု လည်းသူထင်သည်။

ကောင်းဖန်သည်မကြာသေးမီကတောင်ပိုင်းကောင်းကင်အဖွဲ့၏အမွေဆက်ခံသူအဖြစ် လည်းကောင်း, လအနည်းငယ်အတွင်း၁၉နှစ်ပြည့်တော့မည့်ဉာဏ်ကြီးရှင် သားရဲလေ့ကျင့်သူအဖြစ်လည်းသူ၏အထောက်အထားကိုကမ္ဘာသိ ထုတ်ဖော်ခဲ့သည် ကိုတွေ့ရခြင်းဖြင့်ထိုအရာကအတော်လေးကိုသာမန်ဖြစ်နေသည်။

ထုံးစံအတိုင်း, ကောင်းဖန်၏အကောင်းမြင်မှုကိုလိုချင်တဲ့သူတွေ မလုံလောက်အောင် ပင်ရှိနေလိမ့်မည်။

ကောင်းဖန်ကကျန်းရှောင်သည်စကားသိပ်မပြောဘဲ ထောင့်တစ်ထောင့်တွင်နေ၍ သူ၏ဖုန်းဖြင့်သာကော်နှင့်ကပ်ထားသလိုဖြစ်နေသည့်အရပ်ရှည်ရှည်,ဂလန်ဂလား လူငယ်တစ်ယောက်ဖြစ်သည်။

ကျန်းရှောင်သည်အလားအလာရှိသောပြိုင်ပွဲဝင်တစ်ဦးဟုဆိုခြင်းသည်အနည်းငယ် တော့ချဲ့ကားထားခြင်းဖြစ်သည်။ အကောင်းဆုံးကတော့, သူကသာမန်မျှဖြစ်သော သားရဲလေ့ကျင့်သူတစ်ဦးဖြစ်သည်။ သို့သော်, ပြိုင်ပွဲ၏ဒုတိယအကြိမ်သို့ရောက်ရန် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ကောင်းဖန်သည်သူ့ကိုထူးချွန်သော သားရဲလေ့ကျင့်သူ တစ်ယောက်ဖြစ်အောင်ပြုစုပျိုးထောင်နိုင်ဆဲဖြစ်ကြောင်းအသိအမှတ်ပြုသည်။

ဂိုဒီကတော့သူ့ဖုန်းချတဲ့အချိန်ထိခိုင်မာစွာကြည့်နေဆဲဖြစ်သည်။ “မင်းအဲ့မှာ ဘာလို့ဆက်ပြီးရပ်နေသေးတာလဲ? သွားအိပ်တော့လေ”

ဂိုဒီကတွန့်ဆုတ်နေပြီး သူ့အခန်းထဲသို့လျှောက်သွားတော့သည်။ ၎င်းကအိပ်ယာပေါ်၌ မငြိမ်မသက်လှည့်နေပြီး ပြတင်းပေါက်အပြင်ဘက်ရှိလကိုတစ်ညလုံးကြည့်နေသည်၊ ဒါကပထမဆုံးအကြိမ်အိပ်မပျော်ခြင်းကိုခံစားရတာဖြစ်သည်…

နောက်တစ်နေ့တွင် ကောင်းဖန်သည်အားကစားကွင်းသို့ပြန်သွားခဲ့သည်။

ဂိုဒီသည်မျက်လုံးအောက်တွင်လေးလံနေသောမျက်အိတ်နှစ်ခုဖြင့်အခန်းထဲမှ ထွက်လာပြီးဗီလာတစ်ဝိုက်တွင်အစင်းလေးကိုလိုက်ရှာလိုက်သည်။

“အစင်းလေး,ငါမင်းရဲ့အကူအညီလိုတယ်”

အစင်းလေးက၎င်း၏ရိုးရှင်းလှသည့်သင်္ချာအိမ်စာတွေကိုလုပ်နေတာဖြစ်သည်၊ “ခရစ်, ခရစ်?”

“မင်းကငါသိတဲ့အထဲမှာပညာအရှိဆုံးသားရဲဘဲ” ဂိုဒီကပြောလိုက်သည်။

အစင်းလေးကဘဲတစ်ကောင်၏ချီးကျူးသံကိုကြားရသောအခါသူ၏ခြေထောက်များကို မြေပြင်ပေါ်တွင်စိတ်လှုပ်ရှားစွာဖြင့်ပုတ်လိုက်သည်။

ထို့နောက်, ၎င်းကအစင်းလေးကိုစူးစမ်းစွာဖြင့်ကြည့်လိုက်သည်၊ ထိုဘဲက အဖွဲ့ထဲကို ပထမဆုံးစဝင်ကတည်းကတခြားသူများကိုစကားပြောတာရှားသည်၊ ဒမ်ဘီကဲ့သို့ပင်, ၎င်းကအမြဲတမ်းထောင့်တစ်ထောင့်တွင်ထိုင်ပြီး ဘာမဟုတ်သည့်တစ်စုံတစ်ရာကို စိုက်ကြည့်နေရတာပိုနှစ်သက်သည်။

အခုဘာလို့အရမ်းကိုစကားပေါနေရတာလဲ? အစင်းလေးကသိချင်မိသည်။

သို့သော်, ဂိုဒီ၏စကားလုံးများကတော့အမှန်တကယ်ဖြစ်သည်။ အစင်းလေးသည် ကောင်းဖန်၏အဖွဲ့ထဲတွင်ပို၍ဉာဏ်အရှိဆုံးသားရဲဖြစ်သည်။

၎င်းကသူ့ကိုသင်ပေးမှုအမြောက်အများကြောင့်ကောင်းဖန်ကိုတိတ်တဆိတ်ဖြင့် ကျေးဇူးတင်လိုက်သည်။

“ဘယ်လိုကူညီမှုမျိုးလဲ?” ကောင်းဖန်၏ဂုဏ်သိက္ခာရှိသောကိုယ်နေဟန်ထားကို တုပရန်ကြိုးစားမှုတွင် အစင်းလေးသည်၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းကိုအနည်းငယ် မြင့်လိုက်ပြီး ၎င်း၏ရှေ့ခြေထောက်များကိုခေါက်ထားလိုက်သည်။

“ကျန်းရှောင်အပါအဝင်ကွာ, စာရေးဖို့ကူညီပေး” ဂိုဒီကသစ်သားဘုတ်ပြားကို အစင်းလေးရှေ့သို့နေရာချလိုက်သည်။ မနေ့ညက, ကောင်းဖန်ကကျန်းရှောင်သည် အလားအလာရှိသောပြိုင်ပွဲဝင်ဟူ၍ပြောခဲ့သည်၊ အရူးဘဲသူ့ကိုလောင်းကြေးမထပ်မှာ!”

အစင်းလေးက၎င်း၏မျက်လုံးများကိုကျဉ်းမြောင်း၍ ဘဲအားကြည့်လိုက်သည်၊ “မင်းသူ့ကိုသွားပြီးလောင်းကြေးထပ်မလို့လား?”

“ဘာလဲ? မဟုတ်ပါဘူး, ငါကဘဲတစ်ကောင်ဘဲကို၊ ငါကဘာလို့လူကိုလောင်းကြေး ထပ်ရမှာလဲ?” ဂိုဒီကစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

“ဟမ့်၊ အကယ်၍ကောင်းဖန်သာဒါကိုသိသွားရင်, ငါ့ကိုဒီထဲကနေထုတ်ထားလိုက်” အစင်းလေးကပြောလိုက်သည်။

“ကောင်းပြီ, ငါလုပ်ပါ့မယ်” ဂိုဒီကသူ့ရင်ဘတ်ကိုတောင်ပံဖြင့်ပု‌တ်ပြလိုက်ပြီး ပြောလိုက်သည်၊ “အကယ်၍ငါနိုင်ရင်, မင်းကိုငါးခြောက်နဲ့ကျွေးမယ်!”

အစင်းလေးကစတင်၍သစ်သားဘုတ်ပြားပေါ်တွင်စာလုံးများကို၎င်း၏ခြေထောက်တစ်ချောင်းဖြင့်ကုတ်ခြစ်၍, သစ်သားစများကလည်းနေရာအနှံ့တွင်ပြန့်ကျဲနေကြသည်။

နေ့လည်ခင်းတွင်, အဝါရောင်အမွှေးများဖြင့်ပုံရိပ်သည် ‘ပျော်ရွှင်ခြင်းလောင်းကစား’ ဆိုင်ထဲသို့ဝင်သွားပြီး သစ်သားဘုတ်ကိုမြေပြင်ပေါ်သို့ပစ်ချလိုက်သည်၊ “ဂတ်!”

အကိုချန်းမျက်လုံးများပြူးကျယ်၍ဂိုဒီကိုကြည့်လိုက်သည်၊ ထပ်ပြီးတော့မင်းဘဲ။

ဘဲကထိုအပေါ်တွင်လေးလေးနက်နက်စွဲလမ်းနေတာဖြစ်သည်။

မနေ့က,ကျန်းရီ၏ဆယ်မိနစ်ကြာအောင်ပွဲအပေါ်လောင်းကြေးထပ်ခဲ့တာကို, အကိုချန်းကလုံးဝအံ့ဩသွားခဲ့ရသည်။ ပေးချေမှုရာခိုင်နှုန်းမှာ ၉၇မှ၁ဖြစ်သည်ကို သူမှတ်မိသေးသည်၊ သူ့ဘာသာပြန်တွေးကြည့်လိုက်ရင်, ၎င်းကအတော်လေးများသည့် ပိုက်ဆံဖြစ်သည်။

သူကဂိုဒီ၏လျှို့ဝှက်ဆန်းကျယ်သောသခင်အကြောင်းကိုစူးစမ်းချင်လာသည်၊ သူ သို့မဟုတ် သူမသည်ထိုသို့သောရလဒ်ကိုကြိုမြင်နိုင်သည့် လောင်းကစားကျွမ်းကျင်သူ ဖြစ်ရမည်။

အကိုချန်းသည်သစ်သားဘုတ်ကိုကောက်ကိုင်လိုက်သည်၊ အကုန်လုံးကျန်းရှောင်လား?

သူကကြည့်ရတာဒုတိယအကြိမ်ဆယ့်လေးကြိမ်မြောက်ပွဲသည် ဟွားရှားနယ်ပယ်မှ ကျန်းရှောင်နှင့် ဗြိတိန်ရှိ ဗီးနစ်တို့ဖြစ်သည်။

ငွေပေးချေမှုအချိုးက 1:6 ဖြစ်ပြီး လောင်းကစားဆိုင်ကကျန်းရှောင်သည်အနိုင်ရနိုင်ချေ ရှိသည်ဟုထင်မထားခဲ့ချေ။

အကိုချန်းက ဒီလိုမျိုးထူးထူးခြားခြားတွေ့ကြုံခဲ့ရသည့်အတွက် ဂိုဒီ၏သခင်ကို မလေးစားဘဲမနေနိုင်ပေ။

ဂိုဒီက သူ့ပိုက်ဆံတွေအားလုံးကိုကောင်တာပေါ်တင်လိုက်သည်။ “ဂတ်!” အကိုချန်းကို ထီလက်မှတ်ကို‌အားယမ်းပြကာပြောလိုက်သည်။ ၎င်းကသူ့ခြေထောက်တွေက ဝါဂွမ်းပေါ်ခြေချထားရသလိုပေါ့ပါးနေသည်ကိုခံစားလိုက်ရသည်။

ဟမ်ြ, ငါကမင်းရဲ့တုံးအတဲ့အကြံဉာဏ်တွေကိုမလိုအပ်ဘူး, ကောင်းဖန်။ ငါကိုယ်တိုင် ပိုက်ဆံတွေရအောင်လုပ်နိုင်တယ်! သူကတွေးလိုက်သည်။

ဂိုဒီက သူသည်ကမ္ဘာပေါ်တွင်အချမ်းသာဆုံးဘဲတစ်ကောင်ဖြစ်လာတော့မည်ဟု တွေးရင်းအိမ်သို့ပြန်လာခဲ့သည်။

ကောင်းဖန်ကညနေရောက်တော့ပြန်လာခဲ့ပြီး, ဂိုဒီကသူ့ကိုထီထိုးထားသည်အား ပြလိုက်သည်၊ “ကောင်းဖန်, ဒါကိုကြည့်၊ ငါကဒါနဲ့ငွေဘယ်လောက်လုပ်နိုင်မလဲ?ဂ

“ဘာကြီး? ကောင်းဖန်က ဂိုဒီ၏အတောင်ပံတွေထဲမှထီလက်မှတ်များကို ဆတ်ခနဲဆွဲယူလိုက်သည်၊

ကောင်းဖန်၏မျက်နှာကဘာတွေရေးထားလဲဆိုတာကိုတွေ့လိုက်တဲ့အခါ ရှုံ့တွသွားတော့သည်၊ “မင်းဒါကိုဝယ်ခဲ့တာလား?”

“အင်းလေ!” ဂိုဒီကပျော်ရွှင်စွာဖြင့်ပြောလိုက်သည်၊

ကောင်းဖန်ကသက်ပြင်းချလိုက်ပြီး ဂိုဒီကိုသနားစွာဖြင့်ကြည့်လိုက်သည်၊ “မင်းဘာလို့အနိုင်ရတာကျန်းရှောင်ဆိုပြီးသုံးလိုက်ရတာလဲ… မင်းအဲ့လောက်တောင် တုံးလား?”

“ဘာကြီး?” ဂိုဒီကရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။

“အားနာပါတယ်ကွာ, ဒါပေမယ့်မင်းတော့ ဆင့်ငွေတွေကိုပြန်ရမှာမဟုတ်တော့ဘူး” ကောင်းဖန်ကဂိုဒီ၏အတောင်ပံများကိုပုတ်ကာနှစ်သိမ့်ကာပြောလိုက်သည်၊

“မင်းဘာလို့အဲ့လိုပြောရတာလဲ? ငါရှုံးသွားတာလား?!” ဂိုဒီကမျက်လုံးများပြူးကျယ်၍ အံ့ဩစွာဖြင့်ပြောလိုက်သည်။

“ကျန်းရှောင်ကဒီနေ့ နေ့ခင်းသူ့ပွဲမှာရှုံးတယ်လေ၊ မင်းကမင်းပိုက်ဆံတွေကို ဘာမှမဟုတ်တာကိုသုံးပြစ်လိုက်တာဘဲ” ကောင်းဖန်ကသူ့ခေါင်းကိုယမ်းကာ ပြောလိုက်သည်၊ “ဘာငါးခြောက်မှမင်းအတွက်မရှိတော့ဘူး”

သူက အပေါက်ဝတွင်စိတ်ပျက်လက်ပျက်ဖြင့်တစ်ယောက်တည်းရပ်နေသော ဂိုဒီကို ထားခဲ့လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၅၄

ဂိုဒီသည်နေဝင်ရီမှောင်ချိန်တွင်အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်၊

ဖလိမ်မီသည်အဆီများသောငါးကြီးကိုရေပုံးထဲမှလောင်း၍တစ်လုတ်တည်းမျိုချလိုက်ပြီးဂိုဒီကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။ အကြောင်းတစ်ချို့ကြောင့်ဘဲက ကြည့်ရတာအလွန်ဆိုးရွားစွာပင်ပန်းနေပုံရသည်။

ဂိုဒီသည်မြေပြင်ပေါ်သို့လဲကျသွားပြီး သူ့ရှေ့တွင်ရှိသောအစာကိုအသက်မဲ့စွာဖြင့် စိုက်ကြည့်နေသည်။

ငါကတကယ်ကိုမိုက်မဲတဲ့သူဘဲ။

ဂိုဒီကသူ၏မျက်လုံးတွင်မျက်ရည်များစီးကျနေသည်ကိုခံစားမိနိုင်သည်။ သို့သော်, သူသန်မာရမည်ကိုသိသည်။ ဘဲကြီးတွေကမငိုရဘူး, ၎င်းကသူ့ကိုယ်သူသတိပေးလိုက် သည်။

ကောင်းဖန်ကဂိုဒီကိုယခုအချိန်တွင်စိတ်နှင့်ပတ်သတ်ပြီးဘာနဲ့မှမလုပ်ရန်ဆုံးဖြတ်ထား သည်။ ကျန်းရီကိုနိုင်ရန်အလောင်းအစားလုပ်ဖို့အတွက် ဘဲကိုခွင့်ပြုထားမိတာ ဖြစ်သည်။ မိုးရွာတဲ့နေ့အတွက်ပိုက်ဆံစုသလိုမျိုးအသိတရားရှိသည့်လုပ်ရပ်မျိုး လုပ်ရမည့်အစားသူ့နောက်တွင်ရှိသောပိုက်ဆံအားလုံးကိုလောင်းကစားလုပ်၍ လွှတ်ပစ်လိုက်မိသည်။

“မင်းမှန်မှန်ကန်ကန်သုံးသင့်တယ်!” ကောင်းဖန်ကရေရွတ်လိုက်သည်။

ဂိုဒီသည်သူ့ထံမှနှစ်သိမ့်မှုစကားတစ်ခွန်းကိုမျှော်လင့်နေသလိုမျိုးကောင်းဖန်ကို မျက်ရည်စက်လက်ဖြင့်ကြည့်နေသည်။ သူပြောတာကိုကြားတော့မျက်ရည်များ ကျလာသည်။

“မင်းကိုတစ်ခုလောက်မေးပါရစေ_မင်းရဲ့လောင်းကြေးထပ်ဖို့ဆိုင်ပိုင်ရှင်ကို ဘယ်လိုလုပ်ခိုင်းတာလဲ၊ သူကမင်းပြောတာကိုနားမလည်နိုင်ဘူး။” ကောင်းဖန်က စူးစမ်းစွာဖြင့်မေးလိုက်သည်။

သိပ်အဝေးကြီးမှာရှိမနေတဲ့အစင်းလေးက ဘဲအားကောင်းဖန်ကစစ်ဆေးမေးမြန်းနေ သည်ကိုကြားတော့တုန်လှုပ်သွားခဲ့သည်။

ငါသိနေတယ်, ဒီဘဲကငါ့ကိုသစ္စာဖောက်တော့မှာဘဲ။

အစင်းလေးကကောင်းဖန်၏မျက်နှာကိုသတိပြုမိသဖြင့် မသက်မသာဖြစ်ကာ တုန်လှုပ်နေပြီး ၎င်း၏ပါဝင်ပတ်သတ်မှုအားသိရှိနိုင်ခြင်းရှိမရှိအဖြေရရန်ကြိုးစားနေ သည်။

ထို့နောက်ဘယ်သူမှသတိမထားမိခင် အိမ်အပြင်ဘက်သို့ပြေးထွက်လာခဲ့သည်။

“အစင်းလေးကဉာဏ်ကောင်းတယ်၊ သူ့လက်ရေးကအရမ်းလှတယ်” ဂိုဒီက စကားများထစ်ကာပြောလိုက်သည်။

အိမ်၏အပြင်ဘက်တွင်, ဘဲကသူ့နာမည်ကိုပြောတာကြားတော့ အစင်းလေးက မူးလဲလုနီးပါးဖြစ်သွားရသည်၊ အိမ်နောက်ဖေးမှာအပေါက်တစ်ပေါက်အမြန်တူးပြီး သူ့ကိုယ်သူထိုထဲတွင်မြှုပ်နေလိုက်သည်။

ဒါကငါနဲ့ဘာမှမဆိုင်ဘူး၊ ငါကရိုးသားတဲ့ပင့်ကူလေးတစ်ကောင်ဘဲ၊ ကောင်းဖန်က သတင်းရပြီးတာနဲ့သေချာပေါက်ဘဲကိုကင်စားပြီးတာနဲ့ငါဆီလာမှာဘဲ။

“ငါသိပြီ, ဒါဆိုအစင်းလေးကမင်းကိုကူညီခဲ့တာဘဲ။” ကောင်းဖန်ကခေါင်းညိတ်လိုက် သည်။ သူကအိမ်နောက်ဖေးသို့သွားလိုက်ကာလတ်လတ်ဆတ်ဆတ်ပွထနေသည့် မြေမှုန့်များကိုများစွာနင်းမိလိုက်သည်။ “အစင်းလေး, သရုပ်ဆောင်နေတာ ရပ်လိုက်တော့၊ မင်းဂိုဒီကိုစာရေးပြီးကူညီတာငါသိတယ်၊ အဲ့ဒီအစား တခြားလူရဲ့ ကိစ္စမှာနှာခေါင်းစွပ်မယ့်အစား မင်းရဲ့လေ့လာမှုကိုဘာလို့ပိုပြီးအာရုံမစိုက်တာလဲ?”

နောက်တစ်နေ့, ဂိုဒီသည် ‘ဘဏ္ဍာငွေ ငွေကြေးဗဟိုဈေးကွက်’ မဂ္ဂဇင်းခေါင်းစဉ်ကို ဖတ်ကြည့်လိုက်သည်။ ၎င်းကမဂ္ဂဇင်းတစ်ခုလုံးကိုသုံးနာရီလုံးဖတ်နေခဲ့တာဖြစ်သည်။ နောက်ဆုံး, ၎င်းကမတ်တပ်ရပ်လိုက်ပြီး မဂ္ဂဇင်းကိုအမှိုက်ပုံးထဲသို့ပစ်ထည့်လိုက် သည်။

“ချီးဘဲ!” ဂိုဒီကအော်ဟစ်လိုက်သည်။ ၎င်းကသူ၏ရင်ဘတ်ကိုငုံ့ကြည့်လိုက်ပြီး ခဏလောက်ရပ်တန့်သွားသည်၊ အဲ့တာငါဘဲ၊ ငါကရှုပ်နေတဲ့လူဘဲ။

….

ပြိုင်ပွဲ၏တတိယအကြိမ်သည် ထိုနေ့တွင်စတင်ခဲ့သည်။ အစပိုင်းပွဲစဉ်နှစ်ခုနှင့်မတူဘဲ ပြိုင်ပွဲဝင်အားလုံးသည်တတိယအကြိမ်တွင် မူလနယ်ပယ်မခွဲခြားဘဲ အချင်းချင်းလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခုပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သူဆယ့်ခြောက်ဦးသာကျန်ရှိသည်။

***(မသိ)

ပျမ်းမျှအားဖြင့်, နယ်ပယ်တိုင်းတွင် တတိယအကြိမ်သို့တက်လှမ်းသည့်သူများသည် သုံးဦးမှလေးဦးအထိရှိကြသည်။ သို့သော်လည်းအချို့သောအသင်းများမှာ လုံးဝမပါဝင် တော့ပေ။

ဟွားရှားနယ်ပယ်တွင်ပြိုင်ပွဲဝင်မှာလေးဦးကျန်ရှိသည်, ကျန်းရီ, ကျွင်းမော့ယီ, ကောင်းလဲ့ရှီနှင့် လုံပင်းယွိတို့ဖြစ်သည်။

ဗိုလ်လုပွဲတက်သူတစ်ဦးစီတွင် သူတို့၏ကိုယ်ပိုင်ACEသားရဲများရှိသည်။

ကျန်းရီ၏အသန်မာဆုံးသားရဲသည် ပရိတ်သတ်များမှ ‘ငရဲခွေးဘုရင်’ ဟုအမည်ပြောင် ပေးထားသည့်မီးအမျိုးအစား ကောင်းကင်မီးအမဲလိုက်ခွေးဖြစ်သည်၊ သို့သော်, ကောလဟာလများအရတော့ကျန်းရီသည်ထိုနာမည်ကိုမကြိုက်ဟုပြောကြသည်။

ကျွင်းမော့ယီ၏အဓိကသားရဲမှာ အနက်ရောင်အန်ဒါကွန်ဒါမြွေဖြစ်ပြီး ကောင်းလဲ့ရှီသည်ပြီးပြည့်စုံသောအဆင့်အတန်းကွန်မန်ဒါအဆင့် သံမဏိသွေးဦးချိုဝံပုလွေဖြစ်သည်။

လုံပင်းယွိသည်ပြီးပြည့်စုံသောအဆင့်အတန်းဝက်ဝံပိတုန်းဖြစ်သည်။

ကျန်းရီ၏ကောင်းကင်မီးအမဲလိုက်ခွေးသည်သာထူးခြားအဆင့်အတန်းသားရဲဖြစ်သည်၊ ကျန်တာတွေအားလုံးကပြီးပြည့်စုံသောအဆင့်အတန်းဖြစ်သည်၊၊ဤကဲ့သို့ကြီးမားသည့် ပွဲမျိုးတွင် ထူးခြားအဆင့်အတန်းသားရဲသည်ပြိုင်ပွဲဝင်များကြားတွင်အတော်လေးရှား သည်။

၎င်း၏အဖွဲ့ဝင်တစ်ဦးတစ်ဦးနှင့်မျှမတွဲရတာဟွားရှားအဖွဲ့အတွက်ကံကောင်းတယ်ဆိုရ မည်။

သူတို့၏ပွဲစဉ်များကိုကြေငြာတော့, သူတို့လေးယာက်လုံးသက်ပြင်းချလိုက်ကြသည်။ ၎င်းတို့ပွဲများတွင် ကောင်းဖန်သည်သူတို့၏ဒိုင်လူကြီးအဖြစ်မရှိပါ။

အရည်အချင်းမပြည့်မီသောဟွားရှားဒေသမှပါဝင်သူရှစ်ဦးစလုံးတွင်, ခြောက်ပွဲသည် ကောင်းဖန်မှဒိုင်လူကြီးလုပ်ရသည့်ပွဲများဖြစ်သည်။

သေချာပေါက်, သူတို့အားလုံးကတော့ပြိုင်ပွဲတွင်ကျွမ်းကျင်မှုမရှိတာကြောင့်ထုတ်ပယ် ခံလိုက်ရသည်၊ သို့သော်, ကောင်းဖန်ဒိုင်လူကြီးလုပ်ခဲ့သောပွဲများအားလုံးသည် ဟွားရှားနယ်ပယ်မှရှုံးနိမ့်မှုများဖြင့်ပြီးဆုံးသွားသည်မှာတိုက်ဆိုင်မှုဆိုတာတော့ ယုံရခက်ချေသည်။

စင်ပေါ်ရှိအယူသီးသောသူများပင်ထိုကိစ္စကိုတီးတိုးပြောလာကြတော့သည်။

ကောင်းဖန်ကထိုအတွက်ကြောင့်ရယ်ရမလား, ငိုရမလားပင်မသိတော့ပေ။ ဒါကသူနဲ့ ဘာမှမဆိုင်ပေ၊ သူသည်ဟွားရှားနယ်ပယ်၏နိုင်ငံသားတစ်ဦးလည်းဖြစ်သည်၊ သူ့နယ်ပယ်ကိုတော့နှောက်ယှက်စရာအကြောင်းမရှိပေ။

ဘက်မလိုက်သောဒိုင်လူကြီးအမည်ဖြင့်, ဟွားရှားနယ်ပယ်ပြိုင်ပွဲဝင် သူ/သူမတို့၏ရှုံးပွဲ အရေးကိစ္စများကိုကိုယ့်လက်ထဲကိုယ်တော့မထည့်နိုင်ပေ။

ကောင်းဖန်ကဒီကိစ္စကိုဘာလုပ်ရမှန်းမသိပေ၊ အမှန်တကယ်, ဒိုင်လူကြီးတစ်ဦးအဖြစ် သူ၏အလုပ်သည်ယုံကြည်ရန်တွန်းအားပေးခံရသကဲ့သို့စိတ်လှုပ်ရှားနေရမည်တော့ မဟုတ်ပါ။

ကျန်းရီ၏ပြိုင်ဘက်မှာ ယင်းလဲ့‌နယ်ပယ်မှဘရန်ဒီဖြစ်သည်။ ဘရန်ဒီသည်ပထမပွဲတွင် ဟွားရှား၏ယွိကောကိုအနိုင်ယူခဲ့သူဖြစ်သောကြောင့် ကွင်းအတွင်းရှိလူအများအပြား သည်ထိုပွဲကိုကြည့်ရန်စိတ်အားထက်သန်နေကြသည်။

ထူးခြားအဆင့်အတန်းမီးအမျိုးအစားနှင့် ထူးခြားအဆင့်အတန်းသစ်သားအမျိုးအစား သားရဲတို့ကြားပြိုင်ပွဲသည် အားလုံးမျှော်လင့်ထားသလိုဘဲဖြစ်သည်။ ကျန်းရီ၏ ကောင်းကင်မီးအမဲလိုက်ခွေးသည်အစပိုင်းကတည်းကအသာစီးရနေခဲ့တာဖြစ်သည်။ မီးလှိုင်းများလှိုင်းထကာ မြည်တမ်းခြင်းမြွေနဂါးသစ်ပင်ကိုအရှင်လတ်လတ်ကင်သလို ဖြစ်နေသည်။

မြည်တမ်းခြင်းမြွေနဂါးသစ်ပင်သည်၎င်း၏ပင်စည်ထဲကကြောက်စရာကောင်းသော အော်သံကြီးကိုထုတ်လွှတ်လိုက်သည်၊ နောက်ဆုံးတော့ဘရန်ဒီသည်အရှုံးပေးကြောင်း ဝန်ခံလိုက်ပြီး သူ့သားရဲ၏ဒဏ်ရာများကိုကုသရန်အတွက် ကွင်းထဲမှသယ်ထုတ်သွား တော့သည်။

တတိယအကြိမ်ပွဲတိုင်းသည်အံ့ဩဖွယ်ကောင်းလောက်အောင်လျင်မြန်စွာပြီးဆုံးသွား ခဲ့ပြီး ပရိတ်သတ်များက၎င်းတို့အသင်းကိုယ်စီကိုကျယ်လောင်စွာအော်ဟစ်အားပေး ကြသည်။

ကွန်မန်ဒါအဆင့်သားရဲများသည်ဒြပ်စင်ထုတ်လွှတ်နိုင်သည်။ သို့ဖြစ်စေကာမူ, ဧကရာဇ်အဆင့်သားရဲလောက်အစွမ်းထက်တာတော့မဟုတ်ပေမယ့် သူတို့၏ စွမ်းရည်အများစုကတော့ ပရိတ်သတ်များကိုကောင်းကောင်းပြသနိုင်လောက်အောင် တောက်ပြောင်ကောင်းမွန်လှသည်။

ထိုအရာအားလုံးသည်ကောင်းဖန်နှင့်သိပ်မကွာခြားသည့်မြေအောက်သားရဲတိုက်ခိုက်ရေးကွင်းကိုအမှတ်ရစေသည်။

တစ်ခုကတရားဝင်အလံအောက်တွင်ရှိနေပြီး တစ်ခြားတစ်ခုကတော့တရားမဝင်ပေ။

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၅၅

ကျန်းရီသည်ဘရန်ဒီကိုအနိုင်ရရှိပြီးနောက် မကြာမီတွင်ပြိုင်ပွဲ၏တက်သစ်စ ကြယ်ပွင့်ဖြစ်လာခဲ့သည်။ ပရိတ်သတ်အချို့ကသူသည်ပြိုင်ပွဲ၏အပြင်းထန်ဆုံး ပြိုင်ပွဲဝင်ဟုတ်မဟုတ်သိချင်လာကြသည်။

ဒါပေမယ့်, ကောင်းဖန်ကတော့သူတို့၏ထင်မြင်ချက်များကိုဘာမှမပြောခဲ့ပေ၊ ကျန်းရီကဲ့သို့ပြိုင်ပွဲတွင်အနိုင်ရရန်အခွင့်အရေးများစွာရှိသည်ဟုသူတွေးထားသော အခြားတစ်ယောက်ရှိသေးသည်။

ကောင်းဖန်က သူ့စိတ်ထဲတွင်ရှိသောတစ်ယောက်ကိုသူ့လက်ထဲမှ ပရိုဖိုင်ဓာတ်ပုံများ ရှိသည့်အမည်စာရင်းအားလှန်လိုက်သည်။

ပုံထဲတွင်ရှိနေသောမိန်းကလေးကရွှေရောင်ဆံပင်နှင့်မြစိမ်းရောင်မျက်လုံးများရှိသည်။ သူမ၏ပါးတွင်တင်းတိပ်များနှင့် သပ်ရပ်သောအဖြူရောင်ဝတ်စုံများကသူ့ကို ဘေးအိမ်ရှိမိန်းကလေးလို့မြင်သွားစေသည်။

[ပြိုင်ပွဲဝင်အမည်]-ဒေစီ

[မူလနယ်ပယ်]-ဗြိတိန်နယ်ပယ်

[ပြိုင်ပွဲဝင်အဆင့်]-ဗြိတိန်လက်ရည်စမ်းပွဲ၌ဒုတိယနေရာ

[သားရဲအမည်]-ပင်လယ်နဂါး

ပင်လယ်နဂါးသည်ကုန်းနေရေနေသားရဲဖြစ်ပြီးမျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်သောပလိဆီယက်ဆိုအမျိုးအစားဖြစ်ပြီးရှည်လျားသောလည်ပင်းနှင့်သွယ်လျသော လက်သည်းများရှိသည်။

သို့သော်, ပင်လယ်နဂါးတွင်လည်းအားနည်းချက်ရှိသည်။ ၎င်းသည်ရေတိမ်ပိုင်း၌ ၎င်း၏စွမ်းရည်ကိုအပြည့်အဝလွှတ်ထုတ်နိုင်သည်။ ဒါကတခြားပြိုင်ပွဲဝင်တွေအတွက် ပြိုင်ပွဲမှာ ခြိမ်းခြောက်မှုကြီးကြီးမားမားရှိလာမယ်လို့မထင်သည့်အကြောင်းပြချက် ဖြစ်သည်။

ပင်လယ်နဂါး၏ရွေ့လျားသွားလာမှုကိုအဟန့်အတားဖြစ်စေသည့် ကုန်းမြေပြိုင်ပွဲကို ကျင်းပခဲ့သည်။

ဒေစီ၏ပုံဘေးဘက်တွင်သူမ၏သားရဲပုံဖြစ်သည်။ ၎င်းကထုထည်ကြီးမားပြီး, ပေ၇၀ထက်ပင်ရှည်သည်၊ ၎င်း၏ထူထဲသောရိုးစင်းပြေပြစ်သည့်လည်ပင်းတွင် စိမ်းပြာရောင်အကြေးခွံများဖြင့်ဖုံးအုပ်ထားသည်၊ ၎င်း၏ခေါင်းတွင်အဝါရောင်စူးရှသော အဝါရောင်မျက်လုံးတစ်စုံရှိပြီး ၎င်းတို့တစ်ခုချင်းစီတွင်ဟက်တက်ကွဲရာကဲ့သို့ သူငယ်အိမ်တစ်စုံရှိသည်။

[မကောင်းဆိုးဝါးအမည်]-ပင်လယ်နဂါး(မူကွဲအပင်စားသားရဲ)

[မကောင်းဆိုးဝါးအဆင့်အတန်း]-ထူးခြားအဆင့်အတန်း

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၄

[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-မာကျောသောအကြေးခွံအဆင့်၂,ရွေ့လျားအားအမြင် ထိုးထွင်ဉာဏ်အဆင့်၂, ရေဒြပ်စင်ကျွမ်းကျင်မှုအဆင့်၂။

[ထူးခြားသောသွင်ပြင်လက္ခဏာများ]-အပင်စားသားရဲ(တုန်လှုပ်မှုမရှိသော သက်ရောက်မှု-၁-အမြင်အာရုံစူးစိုက်မှုပို၍အားကောင်းသည်၊ သက်ရောက်မှု၂- ??? (ထကြွမှုမရှိသေး) သက်ရောက်မှု၃-??? (ထကြွမှုမရှိသေး) )

သားရဲ၏နှလုံး(တုန်လှုပ်မှုမရှိသောသက်ရောက်မှု၁- ရုပ်ပိုင်းဆိုင်ရာသန်မာမှု အားလုံးကိုတိုးမြင့်စေသည်။ သက်ရောက်မှု၂-အချိန်ခဏလေးအတွင်းတွင် ကိုယ့်ကိုကိုယ်စွမ်းအင်များပေါက်ဖွားလာစေသည်။)

[မကောင်းဆိုးဝါးစွမ်းရည်]-ရေ

[မကောင်းဆိုးဝါးအားနည်းချက်]-လျှပ်စီး

[ဒဏ္ဍာရီလာအဆင့်သို့တိုးမြှင့်ရန်လိုအပ်ချက်များ]-…

သူငယ်အိမ်နှစ်ခုရှိသောသားရဲကိုတစ်ခါမှမတွေ့ဖူးဘူး, ကောင်းဖန်ကတွေးလိုက်သည်၊ သူကအမြဲတမ်းထိုအရာသည်လူသားတို့၏သတ်မှတ်ချက်များသာဖြစ်သည်ဟု ယူဆခဲ့သည်။

ဒမ်ဘီလိုသွေးကြောမျှင်နှလုံးကဲ့သို့, ပင်လယ်နဂါး၏သူငယ်အိမ်များသည် သာမန်ထက်လွန်ကဲသောပုံရိပ်များစူးရှစွာမြင်စေရန်ထောက်ပံ့ပေးသည်။

သို့သော်, ပင်လယ်နဂါး၏စွမ်းရည်များသည် ကြွက်သားများပို၍တိုးပွားလာစေရန် အတွက်ဂရုစိုက်ပုံရသည်။

ကောင်းဖန်က သားရဲ၏ဆင့်ကဲပြောင်းလဲခြင်းတွင်ထူးခြားသောဦးတည်ချက်များရှိခြင်း ကိုသတိထားမိလိုက်သည်။ ဒီဂြိုလ်မှမွေးဖွားလာကြသောသတ္တဝါများသည် တိုက်ခိုက်ရေးအာရုံစူးစိုက်သည့်ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများအတိုင်းလိုက်လေ့ ရှိကြောင်းသူသတိပြုမိသည်။ မကြာသေးမီကပင် ကမ္ဘာဂြိုလ်သည်ဒြပ်စင်နိုးထမှုဖြင့် တွေ့ကြုံခဲ့ရခြင်းကြောင့်ဒီလိုအကြောင်းများဖြစ်လာခဲ့သည်လားဆိုတာကို သူသိချင်နေခဲ့တာဖြစ်သည်။

အခြားတစ်ဖက်တွင်, ဤကမ္ဘာမှမဟုတ်သောသားရဲများသည်ဆင့်ကဲပြောင်းလဲလာ သည်နှင့်အမျှ၎င်းတို့၏ဒြပ်စင်စွမ်းရည်များကလည်းဖွံ့ဖြိုးလာကြသည်။

ငါထင်တာတော့, ငါတို့ရဲ့ကိုယ်ပိုင်ပတ်ဝန်းကျင်နဲ့ အားလုံးရဲ့ဓာတုဖြစ်စဉ်တွေကြောင့် ဘဲ, ကောင်းဖန်ကတွေးလိုက်သည်။

သို့ဖြစ်စေကာမူ,၎င်းကို့ရို့ကားရားနိုင်လှသောအရွယ်အစားကြောင့်, ကျန်းရီ၏ ကောင်းကင်မီးအမဲလိုက်ခွေးအားကုန်းမြေပေါ်တွင် ထိုပင်လယ်နဂါးကအနိုင်မရနိုင်ဘူး လို့ဘယ်သူမှမပြောနိုင်ပေ။

အကယ်၍သူတို့၏ပွဲသည်ကြီးမားသောရေပြင်တွင်ကျင်းပမည်ဆိုပါက ကောင်းဖန်သည်ဘယ်သူကအောင်နိုင်မည်ဆိုတာကိုချက်ချင်းပြောနိုင်မည်ဖြစ်သည်။

ဒေစီသည်အခြားပြိုင်ပွဲဝင်များထံမှ၎င်း၏အားနည်းချက်ကိုဖုံးကွယ်ရန်အတွက် ပင်လယ်နဂါးကိုကွင်းပြင်အတွင်းသို့အကြိမ်အနည်းငယ်သာစေလွှတ်ခဲ့သည်။

ကောင်းဖန်သည်ပြိုင်ပွဲဝင်မဟုတ်သော်လည်းအရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင် နေရဆဲဖြစ်သည်။

…

ကောင်းဖန်ကခန့်မှန်းထားသလိုဘဲ, ဒေစီကအဆင့်များကိုမနားမနေတက်လာသည်။

ပရိတ်သတ်များစိတ်လှုပ်ရှားလာစေရန်အတွက် သူမသည်ပွဲတိုင်းလိုလိုနိုင်အောင် စွမ်းဆောင်နိုင်သည့်ဇာတ်ရုပ်အား စိတ်အားထက်သန်စွာဖြင့်သရုပ်ဆောင်နေသည်။

ဟွားရှား၏ပြိုင်ပွဲဝင်များသည်နံပါတ်၅နေရာ၌ ကျွင်းမော့ယီ, နံပါတ်၇နေရာ၌ လုံပင်းယွိနှင့် ကောင်းလဲ့ရှီကတော့နံပါတ်၁၁နေရာတွင်နေရာယူထားကြသည်။

ကျန်းရီကတော့ထိပ်ဆုံးမှနံပါတ်လေးနေရာတွင်ရအောင်လုပ်နိုင်ထားသည်။

ထိပ်ဆုံးလေးနေရာရှိပြိုင်ပွဲဝင်များတစ်ယောက်ချင်းစီတွင်ကိုယ်ပိုင်ထူးခြားအဆင့် အတန်းသားရဲများရှိကြသည်။

သူတို့လေးယောက်လုံးသည်သူတို့၏နယ်ပယ်အသီးသီးတိုင်းအတွက် အကောင်းဆုံးသားရဲလေ့ကျင့်ပေးသူများဖြစ်ကြသည်။

ယခုအချိန်တွင် ထိုသားရဲလေ့ကျင့်သူများ၏အဓိကဦးစားပေးမှာ၎င်းတို့သားရဲများ၏ အဆင့်များကိုမြှင့်တင်ရန်သာဖြစ်သည်။ သူတို့ကပြီးပြည့်စုံသောအဆင့်အတန်း၏ အထက်တွင်ရှိနေသ၍၎င်းတို့၏နောက်ဆက်တွဲအဆင့်သို့ အဆင့်မြှင့်တင်ခြင်းကို ထိခိုက်စေမည်မဟုတ်ပါ။ ထိုသားရဲလေ့ကျင့်သူများသည်အဆင့်အတန်းများကို အာရုံစိုက်ခြင်းမပြုမီ ၎င်းတို့၏သားရဲအဆင့်များကိုမြှင့်တင်ရန်သာအာရုံစိုက်ကြသည်၊ ဘာကြောင့်လဲဆိုတော့, သားရဲ၏အဆင့်ကိုတိုးမြှင့်ခြင်းသည်နောက်ပိုင်းတွင် ပို၍လွယ်ကူသောကြောင့်ဖြစ်သည်။

၁၆ပေရှည်ပြီး,၁၀ပေမြင့်သောမီးတောက်နီအမွှေးများဖြင့်အလွန်ကြီးမားသော ခွေးကြီးတစ်ကောင်သည်ကွင်းပြင်ရှိကျောက်တိုင်တစ်ခုပေါ်ရှိထိပ်မှနေ၍ ကောင်းကင်ကိုကြည့်ကာအူနေသည်။ ၎င်း၏အောက်တွင်ပြင်းထန်စွာဒဏ်ရာ ရနေသည့်ကျားသစ်သည်အသက်ရှုရုံမျှသာရှုနေသည်။

ကောင်းကင်မီးအမဲလိုက်ခွေးသည်၎င်း၏ဒဏ်ရာများကိုအလွန်ပြင်းထန်သောကိုယ်အပူဖြင့်ပိတ်လိုက်သည်။

“အဲ့ဒီကောင်းကင်မီးအမဲလိုက်ခွေးကအရမ်းသန်မာတယ်, အရိပ်ကျားသစ်နဲ့တိုက်ခိုက် ပြီးတာတောင်သွေးတစ်စက်မထွက်ဘူး” ပရိတ်သတ်အချို့ကအံ့အားသင့်စွာဖြင့် ပြောနေကြသည်။

“အဲ့ဒီကောင်းကင်မီးအမဲလိုက်ခွေးကပြိုင်ပွဲမှာ သေချာပေါက်အသန်မာဆုံးသားရဲဘဲ!” တခြားသူများကသဘောတူညီမှုဖြင့်အော်လာကြသည်။

ထိုဖော်လံဖာအားလုံးကိုသည်းမခံနိုင်တော့ဘဲ လူအုပ်ထဲမှတစ်ယောက်က, “မင်းတို့မျက်စိကန်းသွားကြတာလား? ကောင်းကင်မီးအမဲလိုက်ခွေးကသူ့ဒဏ်ရာကို ကိုယ်တွင်းအပူနဲ့ပြန်ပြီးပိတ်လိုက်တာကိုမမြင်ကြဘူးလား? သူ့ရဲ့တိုက်ခိုက်မှုမှာ သူလည်းဒဏ်ရာဆိုးဆိုးဝါးဝါးရတာဘဲလေ”

“ကောင်းပါပြီ, ကျားသစ်လောက်တော့သွေးမထွက်ဘူးလေ….”

ဒေစီနှင့်ကျန်းရီတို့သည်ပြိုင်ပွဲတွင်အပြင်းထန်ဆုံးသားရဲလေ့ကျင့်သူ မည်သူဖြစ်သည် ကိုဆုံးဖြတ်ရန်နောက်ဆုံးပွဲ၌ထိပ်တိုက်တွေ့ကြရမည်ဖြစ်သည်။

သူတို့၏သားရဲများအားလုံးဒဏ်ရာအနာတရဖြစ်ခဲ့ကြသောကြောင့် တစ်ညတာ အနားယူခွင့်ရခဲ့ကြသည်။ သူတို့၏ပွဲစဉ်ကိုနောက်နေ့တွင် စီစဉ်ထားသည်။

ကောင်းဖန်ကပြန်ရောက်သောအခါ ဂိုဒီသည်လေ့ကျင့်ရေးကွင်း၌လေ့ကျင့်နေဆဲ ဖြစ်တာကိုမြင်တော့သူအံ့ဩသွားသည်။ ၎င်းသည်သူ၏အဝါရောင်အမွှေးအင်္ကျီကို မြေပြင်ပေါ်တွင်ပစ်ချထားပြီးဘယ်ဘက်အတောင်နှင့် ပေါင်၂၀၀အလေးချိန်ရှိသော လေ့ကျင့်ခန်းကိရိယာကိုကိုင်ထားသောကြောင့် ၎င်း၏ပျော်ပျောင်းသော ကြွက်သားများကမို့မောက်နေသည်။

“ဆီလီ” ကောင်းဖန်ကဆီလီ၏ခေါင်းကိုညင်သာစွာပုတ်လိုက်ရင်းပြောလိုက်သည်, “ဂိုဒီကဘာဖြစ်နေတာတုန်း?”

“မသိဘူး…” သီချင်းဆိုနေသောအသံဖြင့်ဆီလီကပြောလိုက်သည်။ သူ့အသီးဖျော်ရည် ကိုသောက်လိုက်ပြီး ဆက်ပြောလိုက်သည်။“နေ့လည်စာချိန်ပြီးကတည်းက လေ့ကျင့်ခန်းလုပ်နေတာဘဲ”

မကြာသေးခင်ကအဖြစ်အပျက်ကဂိုဒီကိုပြောင်းလဲသွားစေတာဖြစ်ရမယ်, ကောင်းဖန်ကတွေးလိုက်သည်။

ဒါကလည်းကောင်းတဲ့အရာပါဘဲ။

“ကောင်းကောင်းလေ့ကျင့်၊ ဒီနှုန်းအတိုင်းဆို, မင်းအဆင့်၇ကိုလပိုင်းအတွင်းရလိမ့်မယ်, ပြီးတော့မင်းရဲ့ကြိုးစားမှုအတွက် ငါမင်းကိုမဟာမိတ်ဒေါ်လာ300,000ပေးမယ်။ မင်းအဆင့်တစ်ခုချင်းစီရောက်သွားတာနဲ့, မင်းရဲ့ဆုကိုတိုးပေးမယ်” ကောင်းဖန်က‌ ပြောလိုက်သည်။ “လောင်းကစားလုပ်တာထက် ဒီနည်းနဲ့ပိုက်ဆံပိုရနိုင်တယ်”

ဂိုဒီကရပ်သွားပြီးနောက်ယက်ကန်ယက်ကန်ဖြင့်လေ့ကျင့်ရေးကိရိယာများရှိသည့် နေရာသို့သွားကာပို၍လေးသောပစ္စည်းကိုကောက်ယူလိုက်သည်။

“ကောင်းဖန်, ငါပိုက်ဆံမလိုချင်ဘူး၊ ငါသိချင်တာ…ကျန်းရှောင်ကိုဘယ်သူရှုံးအောင် လုပ်လိုက်တာလဲ?”

***

သားရဲလေ့ကျင့်သူ

အပိုင်း၂၅၆

“မင်းဘာလုပ်ဖို့ကြိုးစားနေတာတုန်း?” ကောင်းဖန်က အမှတ်တမဲ့ရယ်မိလိုက်သည်။

သားရဲအားလုံးကငယ်ကြသေးသည်။ သူတို့က လူသားတွေသာဆိုရင် ဆယ်ကျော်သက်လောက်ရှိမည်ဖြစ်လောက်သည်။ ကောင်းဖန်က သူတို့ကို သားသမီးတွေလိုသူ့ဂရုစိုက်မှုအောက်မှာရှိသည့်သားရဲပေါက်လေးတွေဟုမြင်သည်။

“ဒါကမျှတတဲ့ပွဲဘဲ၊ ကျန်းရှောင်ရှုံးခဲ့တဲ့သူက ကျန်းရှောင်ထက်ပိုပြီးသန်မာတယ်၊ ဆိုတော့, သူတို့ကအောင်နိုင်တဲ့သူကိုအတိအကျဖော်ထုတ်လိုက်တယ်လေ, သူဘာမှ မမှားဘူး” ကောင်းဖန်က ဂိုဒီကိုစိတ်ရှည်ရှည်ထားပြီးရှင်းပြသည်။

ဂိုဒီသည် လူပျိုအရွယ်ကိုဖြတ်ကျော်နေပြီဖြစ်သည်။ ဒီအချိန်က သူ့ဘဝအတွက် ပင်ကိုစရိုက်ကို ပုံဖော်ရမည့်အချိန်လည်းဖြစ်သည်။ ကောင်းဖန်က ဂိုဒီကို ဆိုးညစ်တဲ့ စရိုက်မျိုးရှိမလာစေချင်ပေ။

“ဂတ်?” ဂိုဒီကကောင်းဖန်ကိုကြည့်လိုက်ပြီး, အတော်လေးမှားယွင်းနေကြောင်း ခံစားနေရသည်။ “ဒါပေမယ့်, ငါသူတို့အားလုံးကိုရှုံးခဲ့တယ်၊ ငါ့ရဲ့ဘဲစာတွေအားလုံးကို ဆုံးရှုံးခဲ့ရတယ်”

“ဒီမှာ,ဒီမှာ၊ မင်းအဲ့တာတွေအားလုံးကိုဆုံးရှုံးသွားခဲ့တယ်ဆိုရင်တောင်, မင်းပြင်းပြင်း ထန်ထန်ကြိုးစားနေသ၍, မင်းလိုချင်တဲ့ ဘဲစာတွေအားလုံးရမှာဘဲ၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးအရသာအရှိဆုံး ဘဲအစားအသောက်တွေစားရမယ်လို့ ငါအာမခံတယ်”

ဂိုဒီက ကောင်းဖန်ကို ကြည့်လိုက်ပြီး, မျက်လုံးချင်းဆုံလိုက်ကြသည်။ သူက ကောင်းဖန်၏ဂတိကို ယုံကြည်သည်။ ဒါပေမယ့်,၎င်းကနည်းနည်းတော့မှားယွင်းနေသလို ခံစားနေရဆဲပေ…

သို့သော်, ကောင်းဖန်က သူပြောနိုင်သလောက်ပြောပြီးသွားပြီဖြစ်ကာ, ဂိုဒီသိသော အမြင်ကျဉ်းသည့်ကောင်းဖန်ကိုတော့ လေးစားကြောင်းပြသဖို့လိုအပ်သည်။ အကယ်၍လောင်းကြေးကိုဆုံးရှုံးသွားတာကောင်းဖန်သာဆိုလျှင်, သူကဒါကို လွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်ဘူးဆိုတာဂိုဒီသိသည်။

ဂိုဒီက ကောင်းဖန်နှင့်သူ၏ပင်ကိုစရိုက်ကို သိရှိရန် အချိန်လုံလောက်စွာ အသုံးပြုခဲ့ပြီး ဖြစ်သည်။

ကောင်းဖန်က အပြင်တွင်တော့ ဖော်ရွေကြည်သာသည့်ပုံဖြစ်သော်လည်း, သူက တကယ်တော့အတော်လေးအာဃာတထားတတ်သည်!။ အကယ်၍တစ်စုံတစ်ယောက် ကသူ့ကိုတစ်ခုခုအမှားလုပ်ထားမိလျှင်, ညဘက်ဆိုကောင်းကောင်းအိပ်ပျော်မည် မဟုတ်ပေ!။

ကောင်းဖန်က ခွေးခြေခုံကိုထုတ်လိုက်ပြီးထိုင်ကာ ဂိုဒီကိုဆက်၍သင်ကြားပေးနေတယ်၊ “မင်းကပိုပြီးသဘောထားကြီးတဲ့ဘဲတစ်ကောင်ဖြစ်သင့်တယ်၊ သန်မာပြီးစွမ်းအားကြီး တဲ့ သဘောထားကြီးတတ်တဲ့ဘဲတစ်ကောင်ဖြစ်ဖို့လိုအပ်တယ်ကွ”

ကောင်းဖန်က သူပင်ပန်းသွားတဲ့အခါမှသာရပ်သွားတော့သည်။ သူကခြောက်သွေ့နေ သောနှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပြီး ရေဆာသလိုတောင်ခံစားလာရသည်။

သူကဂိုဒီကိုကြည့်လိုက်တော့ စိတ်မရှည်တော့တာကိုတွေ့လိုက်ရသည်။ မေ့လိုက်တော့၊ ငါဒီမှာဘဲရပ်လိုက်တော့မယ်၊ ဘယ်လိုဘဲဖြစ်ဖြစ်ငါအရမ်းကြီးပြောမိရင် သူနားမလည်ဘဲနေလိ့မ်မယ်။

ကောင်းဖန်က သူ့ခေါင်းကိုယမ်းလိုက်ပြီး, ခွေးခြေခုံလေးကိုကောက်ကိုင်လိုက်ကာ, လေ့ကျင့်ရေးကွင်းမှထွက်လာလိုက်သည်၊ “ခုခေတ်ငယ်ငယ်ရွယ်ရွယ်ဘဲတွေက စိတ်မရှည်တတ်ကြတော့ဘူး”

…

နောက်တစ်နေ့, ကောင်းဖန်သည် ပြိုင်ပွဲ၏နောက်ဆုံးတစ်ပွဲအတွက် တာဝန်ပေးခြင်း ခံရသည်, ဒါပေမယ့်သူကဒိုင်လုပ်ရန်ငြင်းဆိုလိုက်သည်။

ဒီလိုမျိုးအရေးကြီးတဲ့ပွဲမျိုးမှာ ငါကဒိုင်လူကြီးလုပ်ဖို့ ဘာသောက်*ကြောင်းမှမရှိဘူးကွ။

သူ့ကိုအင်တာနက်မှာ ကျန်းရီအားမလိုလားဟုစွပ်စွဲနေတဲ့သူတွေကအများကြီးရှိပြီးနေပြီ၊ အကယ်၍သူဒီပွဲမှာရှုံးရင်, လူတွေကသေချာပေါက်ငါ့လမ်းကြောင်းမှာ ချီး*တွေ လာပစ်ထားကြလိမ့်မယ်။

ကောင်းဖန်သည် ဒိုင်လူကြီးဖြစ်၍ကြီးလေးသောတာဝန်ကိုထမ်းဆောင်ရခြင်းမှ သူ့ကိုယ်သူလွတ်ငြိမ်းခွင့်ပေးလိုက်ပြီး, VIPထိုင်ခုံတွင်ထိုင်ကာပြိုင်ပွဲကိုသူ၏ စိတ်အာရုံအားလုံးပို့ထားလိုက်သည်။

“တကယ်တော့ မင်းက ကိုယ်တိုင်ကိုယ်ကျပြိုင်ပွဲကိုလာကြည့်တာဘဲ” သူ့ဘေးတွင် ထိုင်နေသောမျက်မှန်တပ်ထားသည့်လူငယ်ကရယ်ကာပြောလိုက်သည်။

ကောင်းဖန်ကထိုကောင်လေးကိုတစ်ချက်ကြည့်လိုက်သည်၊ သူပြောသောစကားက အကယ်၍တစ်စုံတစ်ယောက်ကအိမ်သာကိုရောက်လာလျှင်, “အိုး, မင်းကတကယ်ကို ကိုယ်တိုင်ကိုယ်ကျ အိမ်သာကိုလာတာပါလား” ဆိုတာမျိုးနှင့်တူပြီး အတော်လေးကို တုံးအလှသည်။

“အင်း, လူထုရဲ့အမြင်ကိုလေ့လာဖို့ကြိုးစားနေတာလေ” ကောင်းဖန်က ထုံထိုင်းစွာဖြင့် သူ့အကြည့်ကိုမှန်သားပြင်မှပင် မရွေ့ဘဲ ခေါင်းညိတ်ကာဖြေလိုက်သည်။

လူငယ်ကအနည်းငယ်မှင်တက်သွားသည်။

တိုက်ပွဲမြေပြင်ရှိနှစ်ဘက်စလုံးမှ ဂိတ်တံခါးက အပေါ်သို့မြင့်တက်သွားပြီး သားရဲနှစ်ဖွဲ့ ထွက်လာသည်။

မီးအမဲလိုက်ခွေးသည်ညာဘက်အဖွဲ့ကိုဦးဆောင်လာသည်။ ၎င်းကတစ်ဖက်တစ်ချက်စီတွင် တောဝက်နှင့် ရွှေသွားများရှိသည့်ဘိန်းဆူးခြုံပင်ဖြင့်ဝင်ရောက်လာသည်၊ ဘိန်းဆူးခြုံပင်သည် မြေပြင်ပေါ်တွင် တွားသွား၍လာသည်။

တစ်ဖက်ကအဖွဲ့ကတော့, ကြီးမားသည့်ပင်လယ်နဂါးကဦးဆောင်လာခဲ့သည်၊ ပင်လယ်နဂါးသည်ဂိတ်တံခါးလျှောထွက်လာပြီး, မတ်တပ်ရပ်လိုက်ကာ မီးတောက်အမဲလိုက်ခွေးကိုကြည့်လိုက်သည်။

ပင်လယ်နဂါး၏နောက်တွင် အဝါရောင်ဖျံနှစ်ကောင်ရှိသည်၊ ဖျံနှစ်ကောင်လုံးက အကုန်လုံးတထေရာတည်းအတူတူပင်ဖြစ်သည်။

[မကောင်းဆိုးဝါးအမည်]-မြေကြီး မြစ်ဖျံ

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၈(အဆင့်၂၉)

[မကောင်းဆိုးဝါးစွမ်းရည်]-မြေကြီး/ရေ

_ _

[မကောင်းဆိုးဝါးအမည်]-ရွှေရောင်ကျောပြင်တောဝက်

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်အတန်း

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၀

[မကောင်းဆိုးဝါးစွမ်းရည်]-ရွှေ

_ _

[မကောင်းဆိုးဝါးအမည်]-ဘိန်းဆူးခြုံပင်

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၇

[မကောင်းဆိုးဝါးစွမ်းရည်]-သစ်သား/စိတ်လှည့်စားခြင်း

[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-သေစေနိုင်အောင်အကြောသေခြင်းအဆင့်၁

ဘိန်းဆူးခြုံပင်တစ်ခုတည်းကပင် ပြိုင်ဘက်ကင်းသည်၊ တခြားသောသားရဲများများ သည်အတော်လေးသာမန်ဖြစ်သည်။ ဘိန်းဆူးခြုံပင်သားရဲသည် ဓာတ်ငွေ့များ ထုတ်လွှတ်နိုင်သည့်အမျိုးအစားဖြစ်ပြီး, ဘယ်သတ္တဝါမဆို ထိုဓာတ်ငွေ့ကိုရှုရှိုက်မိလျှင် အငြိမ်မနေနိုင်သောအခြေအနေအတွင်းသို့ ရောက်သွားမည်ဖြစ်ပြီး သူတို့၏ နာကျင်သောအာရုံခံစားမှုကို ဆုံးရှုံးသွားစေသည်။

ဤသည်မှာ ဘိန်းဆူးခြုံပင်၏တောရိုင်းထဲတွင် ၎င်း၏သားကောင်အားအမဲလိုက်ပုံပင် ဖြစ်သည်။ ၎င်းကသူ၏ပစ်မှတ်နှင့်နီးကပ်စွာနေပြီးအရောင်မဲ့,အနံ့မဲ့အငွေ့ကို ထုတ်လွှတ်သည်၊ သားကောင်သည်အလွန်အမင်းစိတ်လှုပ်ရှားနေပြီး သူတို့၏နာကျင်သောခံစားမှုကိုဆုံးရှုံးသွားစေသည်။

ထို့နောက်အပင်က သားကောင်ကိုမသတ်ခင်၎င်း၏ရှည်ပြီး ဆူးချွန်များရှိသည့်နွယ်ပင်များဖြင့် သားကောင်အားရစ်ပတ်လိုက်သည်။

သို့သော်, ၎င်းကအမှန်တကယ်ထက်ကြားရသည်ကပို၍ကြောက်ဖို့ကောင်းသည်၊ တကယ်တော့, ဘိန်းဆူးခြုံပင်သည်သိပ်ပြီးမသန်မာပေ။

တူညီသောအဆင့်ရှိသည့်သားရဲများနှင့်နှိုင်းယှဉ်ပါက, ၎င်းသည်ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနှင့်,တိုက်ခိုက်မှုအမှတ်များတွင်သိပ်ပြီးအသာစီးမရှိပေ။ ၎င်းအသာစီးရသည့် တစ်ခုတည်းသောအရာမှာ အဆိပ်ငွေ့ဖြစ်သည်။

အရင်ကပွဲအနည်းငယ်တုန်းက, မီးတောက်အမဲလိုက်ခွေးသည် ဓာတ်ငွေ့၏ သက်ရောက်မှုဖြင့်နာကျင်မှုကို အာရုံခံစားနိုင်ခြင်းအားဆုံးရှုံးစေ၍ ပြိုင်ဘက်အား စိတ်လှုပ်ရှားသောအခြေအနေတွင်ရောက်စေခဲ့သည်။ ၎င်းကတိုက်ခိုက်မှုအငွေ့အသက် များဖြင့်သာပြည့်နှက်နေပြီး ၎င်း၏အသာစီးရမှုတွင်ဘိန်းပင်၏စွမ်းရည်ကိုအသုံးပြုခဲ့ သည်။

ကြည့်ရတာ, ဘိန်းဆူးခြုံပင်က သားရဲများအတွက် အထောက်အပံ့ကောင်းရရှိစေလိမ့် မည်။

ကြီးမားသောပူပန်မှုမှာ တခြားသောသားရဲများသည်ဘိန်းဆူးခြုံပင်၏အငွေ့အား စွဲလမ်းသွားမည်လား, မသွားလားဆိုတာကရှိသေးသည်။

အကယ်၍, သူတို့ကစွဲလမ်းနေပြီး ဘိန်းဆူးခြုံပင်ကရုတ်တရက်သေသွားလျှင်… ၎င်းကပြဿနာအကြီးကြီးဖြစ်နိုင်သည်။

ဘိန်းဆူးခြုံပင်သည် ပြိုင်ပွဲမြေပြင်တွင်ရပ်နေသည်၊ ၎င်း၏နွယ်များတွင် ဘိန်းစေ့များဖြင့်ပြည့်နေပြီး, စတင်၍ပြန့်ထွက်လာသည်။

ဒိုင်လူကြီးကပြိုင်ပွဲအားစတင်ရန်ကြေငြာသည်နှင့်, အစေ့များကရုတ်တရက် စတင်၍ ပေါက်ထွက်လာသည်။ များပြားသောဝတ်မှုန်များကိုလေထုထဲတွင်မြင်နေရသည်။

ဝတ်မှုန်များစ၍ပြန့်လာသည်နှင့်, မီးတောက်အမဲလိုက်ခွေးသည်စိတ်လှုပ်ရှားစွာဖြင့် နှာမှုတ်လိုက်သည်။ မတိုင်ခင်, ၎င်း၏မျက်လုံးများကအနည်းငယ်ပင်ပန်းနေပေမယ့်, အခုတော့, ၎င်းတို့ကပွင့်နေပြီး တောက်ပနေသည်။ ၎င်းကသူ၏ပါးစပ်ကိုဟလိုက်ပြီး, ၎င်း၏ချွန်ထက်သောအစွယ်များကိုထုတ်ဖော်ပြလိုက်သည်။

ရွှေရောင်, ရွှေရောင်သွားများရှိသည့်တောဝက်သည်စတင်၍အော်ဟစ်လိုက်ပြီး ၎င်း၏ဦးချိုကိုမြေပြင်တွင်ထိုးစိုက်လိုက်သည်၊ မြေပြင်ကအရမ်းမာသည်။ ထို့ကြောင့်, ၎င်း၏နာကျင်ခြင်းအာရုံခံစားမှုစတင်၍ပျောက်မသွားခင်အထိ ဦးချိုများက တကယ်တော့နာကျင်နေသေးသည်။

၎င်းကရုတ်တရက်ကောင်းကင်ကိုမော့ကြည့်ကာအော်လိုက်ပြီးနောက်, ၎င်း၏ခေါင်းကို ငုံ့လိုက်ကာ, ၎င်း၏ချွန်ထက်သောအစွယ်များကိုအရှေ့သို့ညွှန်ထားလိုက်ပြီး အပြေးအလွှားသွားတော့သည်!

မီးတောက်အမဲလိုက်ခွေးသည်ရွှေရောင်ကျောပြင်တောဝက်၏နောက်တွင်နေ၍ နောက်မှလိုက်လာသည်။

မြစ်ဖျံနှစ်ကောင်သည်မတ်တပ်ရပ်နေပြီး ၎င်းတို့၏လက်သည်းများကိုမြင့်လိုက်ကာ, မြေကြီးကိုခြေမွရန်သုံးလိုက်သည်။

အဖြူရောင်မီးသင့်ကျောက်ပါးကြမ်းပြင်သည်, အဝါရောင်အငွေ့များထွက်ပေါ်လာပြီး, ပွဲခင်းတွင်သဲမုန်တိုင်းပုံစံကဲ့သို့ဖြစ်ပေါ်အောင်လုပ်လိုက်သည်။

အဝါရောင်အငွေ့များကဆိုးရွားသောအနံ့ကိုသယ်ဆောင်လာပြီး နှေးကွေးစွာဖြင့် သိပ်သည်းစေသည်။ အဆုံး၌, ၎င်းကတစ်ဝက်ရှိသောဖောက်ထွင်းမြင်ရသည့် အညိုနုရောင်နံရံတစ်ခုဖြစ်ပေါ်လာသည်။

ရွှေရောင်ကျောပြင်တောဝက်က ၎င်းကိုမကြောက်ရွံ့ပေ။ ထို့ကြောင့်၎င်းထံသို့ ရဲရင့်စွာဖြင့်အပြေးအလွှားသွားတော့သည်။

နံရံကပြင်းထန်စွာဖြင့်တုန်ခါသွားသည်၊ ရွှေရောင်ကျောပြင်တောဝက်ရိုက်မိသည့်နေရာ၌ အက်ကွဲကြောင်းများရှိလာသည်။ ထို့အပြင်, နံရံ၏ထိပ်ဆုံးအထိကွဲအက်နေသော အက်ကွဲကြောင်းတစ်ခုလည်းဖြစ်လာသည်။

ဒေစီကသူမကိုယ်သူမတည်ငြိမ်အောင်နေလိုက်သည်။ ကျေးဇူးတင်စရာကောင်းစွာဘဲ, ကျောက်စိမ်းဖြူမီးသင့်ကျောက်ပြားများကအလွန်ခိုင်ခံ့သောကြောင့်, ဆိုလိုသည်မှာ ဖျံများဖန်တီးထားသောနံရံသည်လည်းအတော်လေးခိုင်မာသည်ဟုဆိုရမည်။ မဟုတ်လျှင်နံရံကတောဝက်ကြောင့်ကျိုးကြေသွားလိမ့်မည်။

***

စာစဉ် ၁၆ ပြီး၏။

All Chapters