အခန်း (၂၆၁-၂၆၄)
Vol. 17 Ch. 261-264
အခန်း ၂၆၁ ပထမအင်ပါယာ၏ အုတ်ဂူ
“အဖိုး ဘာဖြစ်လို့လဲ” ကောင်းဖန်သည် ပန်းကန်နှင့် တူကိုချကာ မေးလိုက်သည်။
ကျီဟန့်ဝူသည် ကောင်းဖန်ကို အရေးကြီးသော မျက်နှာဖြင့် ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုယမ်းကာ “အဖိုးပြန်မလာမချင်း အိမ်မှာနေပြီး စောင့်နေ”
ထို့နောက် ကုတ်အင်္ကျီကို ဝတ်ပြီး ထွက်သွားသည်။
ခဏတွင်းချင်းမှာင် သူသည် စံအိမ်အနောက်ဘက်ရှိ ရေကန်ဆီမှ ရေတဗွမ်းဗွမ်းသံကို ကြားလိုက်ရသည်။ ထို့နောက် အဖြူရောင် နဂါးကြီးသည် ကျီဟန့်ဝူကိုတင်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
…
လင့်ထုံခရိုင်၏ ကျေးလက်ဒေသ.. ချန်အန်းမြို့၏ အရှေ့မြောက်ပိုင်းတွင် ဖြစ်သည်။
ပထမကျင်အင်ပါယာ၏ သင်္ချိုင်းသည် လင့်ထုံခရိုင်အနီးတွင် တည်ရှိသည်။ ကပ်ဆိုးကြီးအပြီးနောက်တွင် ပြောင်းလဲမှုတစ်စုံတရာ မရှိခဲ့သောကြောင့် ထိုနေရာကို ဂရုစိုက်သူလည်း မရှိပေ။
လွန်ခဲ့သော ဆယ်ရက်က ပထမကျင်အင်ပါယာ၏ သင်္ချိုင်းသည် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ နေ့ခင်းပိုင်းတွင်ပင် ကြယ်များပေါ်ပေါက်နေပြီး ထူးခြားသောအလင်းရောင်များသည် ကောင်းကင်မှ ဆင်းသက် ဖြာကျနေသည်။
ညဘက်တွင်လည်း ကြယ်များသည် သွေးပေါက်များကဲ့သို့ ကောင်းကင်မှ တပေါက်ပေါက် ကြွေကျနေသည်။
ချန်အန်းမြို့သည် ထိုထူးခြားသော ဖြစ်စဉ်များကို ပထမနေ့မှစကာ သတိထားမိခဲ့ပြီး ချက်ချင်းပင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် သူတို့သည် ဆယ်မိုင်ပတ်လည်အတွင်းမှာပင် ကျင်အင်ပါယာ၏ သင်္ချိုင်းကို ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် ငှက်များ မကောင်းဆိုးဝါးများ ဘာတစ်ခုမှ အရိပ်အယောင် မရှိနေပါချေ။
ချန်အန်းမြို့၏ အစိုးရပိုင်းဌာနများသည် သင့်လျော်သော ဆုံးဖြတ်ချက်ကို ချလိုက်ပြီး လင့်ထုံခရိုင်အနီးမှ ပြည်သူများကို အရေးပေါ်အဖြစ်ရွှေ့ပြောင်းစေလိုက်သည်။
“အခု ၁၀ ရက်ရှိသွားပြီ….” အရာရှိသည် မှန်ပြောင်းကို ကိုင်လျက် တစ်ဦးတည်း ရေရွတ်လိုက်သည်။
ရုတ်တရတ်ပင် သူ့အောက်က မြေကြီးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။
မြေကြီးသည် ထိုသို့ တုန်ခါနေရင်း အလယ်ဗဟိုတွင် ကျင်အင်ပါယာ၏ သင်္ချိုင်းကြီးသည် မြေကြီးမှ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
မြေပြင်နှင့် သဲပြင်တို့တွင် အက်ကွဲရာများ ဖြစ်ပေါ်နေပြီး ဖုန်မှုန့်များသည် အက်ရာကြီးများအတွင်းသို့ ကျသွားသည်။ လေထဲတွင် မီးခိုးငွေ့များဖြင့် ပိတ်သွားသည်။
အနီးအနားရှိ တောင်များသည်လည်း အချင်းချင်း တိုက်မိပြိုလဲ သွားသည်။ တောင်ပေါ်ကျောက်တုံးကြီးများက အောက်သို့ လိမ့်ဆင်းလာသောကြောင့် တောအုပ်များ ပျက်စီးကုန်ပြီး၊ အပင်များလည်း လဲပြိုကုန်ကာ မြေကြီးအောက်ထဲသို့ ရောက်ကုန်ကြသည်။
ထိုအချိန်တွင် မြေကြီးအောက်မှ ထူးဆန်းသော အော်သံများထွက်ပေါ်လာရာ ထိုသို့အော်နေသူများ၏ လည်ချောင်းကို ဖန်စနှင့် ခြစ်ခံထားရသော အသံများနှင့်ပင် တူသေးသည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်မြည်ကြွေးလိုက်သံများသည် ရင်တွင်းမှ အူလှိုက်သည်းလှိုက်အော်လိုက်သလို ထွက်ပေါ်လာပြန်သည်။
“ရှေးကျင်မင်းဆက်၏ အင်အားကြီးသော စစ်သည်တော်များ.. တိုင်းပြည်၏ အခက်အခဲများကို အတူတကွ ရင်ဆိုင် ဖြေရှင်းကြပါစို့
“ရှေးကျင်မင်းဆက်၏ အင်အားကြီးသော စစ်သည်တော်များ.. ငါတို့ပိုင်ဆိုင်တဲ့ နယ်နိမိတ်များကို ပြန်လည်သိမ်းပိုက်ကြပါစို့”
“စစ်ပွဲဆိုတာ နောက်ဆုံးလက်ကျန်သွေးတစ်စက် မကုန်သရွေ့ မပြီးဘူးဟေ့”
ထိုအလယ်နေရာမှစကာ ဘေးမှ အရာများအားလုံးသည် ပြိုလဲပြီး မြုပ်ဝင်ကုန်တော့သည်။ သွေးများနှင့် မီးခိုးများသည် ဖုန်မုန်တိုင်းကြီးနှင့် အတူရောပါနေကာ အနီအနက် တိမ်များပင် ဖြစ်ပေါ်နေတော့သည်။
မိုးချုန်းသံ တဂျိမ်းဂျိမ်းနှင့်အတူ သွေးနီရောင် လျှပ်စီးများသည် အနက်ရောင် တိမ်တိုက်များဆီမှ ပေါက်ကွဲထွက်လာနေသည်။
“သတ်ကြ” ကျယ်လောင်လှသော အော်သံကြီးသည် သိမ့်သိမ့်တုန်အောင် မြည်ဟည်းသွားသည်။
အဝေးတစ်နေရာမှ ကြည့်နေသော စုံစမ်းသူများသည် မျက်လုံးအပြူးသားဖြစ်သွားကြသည်။
ရွှံ့များဖြင့် ပေကျံနေသော လက်မောင်းကြီးသည် အနီရောင် အလင်းတန်းကြီး နှစ်ခုကဲ့သို့ မီးခိုးကြားထဲမှ ထွက်ပေါ်လာသည်။ အညိုရောင် သံချပ်ကာကြီးကို လက်နောက်တွင် တပ်ဆင်ထားပြီး ညာဘက်လက်တွင် ဓားကိုကိုင်ထားကာ ဘယ်ဘက်လက်က ဓားအိမ်ကို ကိုင်ထားသည်။
ချွမ်း။
သတ္တုများရိုက်ခတ်သံသည် ထိုဓားအိမ်များမှ တဆင့် ထွက်ပေါ်လာနေသည်။
တစ် နှစ် သုံး.. မရေတွက်နိုင်အောင် များပြားလှသော အရိပ်များသည် မီးခိုးမည်းများ ကြားထဲမှ မဆုံးနိုင်အောင် ထွက်ပေါ်လာနေသည်။
တရကုတ္တစစ်သည်တော်များ ပြန်လည် အသက်၀င်လာလေပြီ။
ချလွမ်း။
စားပွဲပေါ်မှ ပုလင်းသည်ပင် အောက်သို့ ပြုတ်ကျသွားသည်။ ကြယ်လေးပွင့် ပုခုံးပေါ်တင်ထားသော ဗိုလ်ချုပ်ကြီးသည် စားပွဲပေါ်ကို လက်ထောက်လိုက်ကာ ခြေစုံထရပ်လျက် သူ၏ ရင်အစုံတို့သည် နိမ့်ချည် မြင့်ချည်နှင့် ထိတ်လန့်နေသည်။
“သုတေသန ပညာရှင်တွေ ဘာလုပ်နေကြတာလဲ.. တရကုတ္တ စစ်သည်တော်တွေက ဘယ်လို အသက်ရှင်လာကြတာလဲ”
သူ၏ဘေးမှ ပညာရှင် တစ်ယောက်က ရေရွတ်လိုက်သည်။ “ကျုပ်ဘ၀မှာလည်း သူတို့က အသက်ရှိနေတယ်ဆိုတာကို ကြုတွေ့ရတာ ဒါပထမဆုံးပါပဲ”
ဆယ်မိုင်ခန့်အကွာတွင်တော့ သံမဏိ ချပ်၀ပ်တန်ဆာများနှင့် စစ်သည်တော်များသည် တိုက်ပွဲ၀င်ဖို့ ပြင်ဆင်နေကြသည်။
သူတို့သည် တစ်ယောက်ချင်းစီ တန်းစီကာ ရွှံ့များဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်များနှင့်အတူ နေရောင်အောက်သို့ ရောက်ရှိလာကြသည်။
သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မီးခိုးနံ့များ ဖုန်နံ့များကို အဝေးမှပင် ရရှိနိုင်လေသည်။
ရွံ့ရုပ်တု စစ်တပ်ကြီးသည် လွင်ပြင်ကျယ်ကြီးပေါ်တွင် ဓားများကိုရွယ်ကာဖြင့် တစ်လက်မပင် မခွာပဲ ရပ်နေကြသည်။
ရက်စက်ပြီး ကြောက်မက်ဖွယ် အငွေ့အသက်တို့သည် လေထုထဲတွင် ပျံ့နှံ့နေသည်။
ရုပ်တုများထဲမှ အလယ်ရုပ်တုသည် စစ်မြင်းရထား ရုပ်တု ဖြစ်သည်။ မြင်းလေးကောင်သည် ရထားလုံးကို ဆွဲနေသည့် ဟန်ဖြင့် ရှိနေပြီး ဇက်ကြိုးများကိုတော့ ရထားလုံးပေါ်တွင် ထိုင်နေသော စစ်သည်တော်က ဆွဲထားကာ ရထားလုံးဘေးတွင်တော့ စစ်သည်တော်နှစ်ယောက်သည် လှံများကိုယ်စီကိုင်ကာ တစ်ဖက်တစ်ချက်စီ ရပ်နေကြသည်။
တောင်ကြီးသည် ရုတ်တရတ်ပြိုလဲသွားသည်။ ရွှေအိုရောင် ရင့်ရင့် ခေါင်းတလားကြီးသည် တောင်ဘေးမှနေ၍ ဂျိုကြီးများပေါက်နေသော မကောင်းဆိုးဝါးနှစ်ကောင်က သယ်ဆောင်လာလျက် ပေါ်ထွက်လာသည်။
ခေါင်းတလားကြီးကို ရွှေရောင်များဖြင့် ဖုံးလွှမ်းထားပြီး အပေါ်တွင်တော့ နဂါးနှင့် မီးငှက်ရုပ်တုများရှိနေသည်။ ခေါင်းတလားကြီးသည် မဖွင့်ထားသော်လည်း ကျီစွမ်းအင်များသည် ကြောက်ခမန်းလိလိ ထွက်ပေါ်နေသည်။
ခေါင်းတလားကြီးကို မရေတွက်နိုင်လောက်အောင် များပြားသော တရကုတ္တစစ်သည်တော်များက ၀န်းရံကာကွယ်ထားသည်။
ကြီးမားသော ရွှေရောင်ငှက်ကြီးသည် ကောင်းကင်တွင် ပေါ်ပေါက်လာကာ အလွန်အဆင့်မြင့်သော စွမ်းအင်များ တောက်ပနေပြီး ခေါင်းတလားကြီးကို ချီစွမ်းအင်များဖြင့် ပိတ်လှောင်ထားသည်။ ထို့ကြောင့် တစ်ယောက်ယောက်က ထိုခေါင်းတလားကြီးကို ဆံတစ်မျှင်မျှ ထိပါးလျှင်ပင် ချက်ချင်းထိုးဆင်းသုတ်ကာ တိုက်ခိုက်တော့မည့်ဟန် ပြင်နေသည်။
တောက်ပကြည်လင်နေသော ကောင်းကင်တွင်လည်း အက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာသည်။ ထိုအသံသည် ကောင်းကင်ဘုံတံခါးပေါက်ကို ထိုးခွဲလိုက်သော မိုးကြိုးသံကျယ်ကြီးလို ဖြစ်နေသည်။
ထိုအချိန်တွင် ခေါင်းတလားထဲ၌ မကျေမနပ် ဖြစ်နေသံကြီး ထွက်ပေါ်လာသည်။
“ကျုပ်တို့ဟာ ပထမအင်ပါယာကြီးရဲ့ ရန်သူတွေ မဟုတ်ရပါဘူး.. အရှင်မင်းမြတ်ကိုလည်း မထီမဲ့မြင် ပြုရခြင်း မဟုတ်ပါဘူး.. ဒါပေမယ့် အခုအချိန်မှာတော့ ချန်အန်းမြို့တော်ဟာ အထွတ်အမြတ် ထားပြီး အစိုးရပိုင် မဟာမိတ်နယ်မြေဖြစ်ပါတယ်.. တကယ်လို့ အရှင်မင်းမြတ်ဟာ ကျူပ်တို့ရဲ့ မဟာမိတ်နယ်မြေကို ထိုးစစ်ဆင်မယ်ဆိုရငိ ကျုပ်တို့ဘက်ကလည်း စစ်ကိုပြန်လည် ပြုရပါလိမ့်မယ်” ဗိုလ်ချုပ်တစ်ယောက်သည် အဝေးတစ်နေရာမှ နေ၍ စပီကာဖြင့် အော်ပြောနေသည်။
အရာအားလုံး ခေတ္တတိတ်ဆိတ်သွားသည်။
ထိုအချိန်တွင် နဂါးဟိန်းသံကြီးသည် ကောင်းကင်တစ်နေရာမှ ထွက်ပေါ်လာကာ ခေါင်းဖြူနဂါးကြီးသည် သူ၏ အမြီးရှည်ကြီးနှင့်အတူ တိမ်များကြားမှ ထိုးခွဲထွက်ပေါ်လာသည်။
ထိုကြီးမားသောရေနဂါးကြီးကို အင်ပါယာက ပထမဆုံးပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ကျီဟန့်ဝူသည် နဂါးဖြူကြီးပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ထိုအချိန်တွင် ခေါင်းတလားထဲမှ အံ့ဩသွားသည့် လေသံဖြင့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ကလေးငယ်တစ်ယောက်က သူ၏ အကြိုက်ဆုံးအရုပ်ကို တွေ့လိုက်ရသည့် အသံနှင့်ပင် တူသေးသည်။
အင်ပါယာဘုရင်များထဲတွင် နဂါးမကြိုက်သူများရယ်ဟူ၍ မရှိကြပဲ နဂါးများကလည်း ဘုရင်များကို ကိုယ်စားပြုများ ဖြစ်ကြလေသည်။ သူတို့အတွက် နဂါးစီးဖို့သာ အခွင့်အရေးရမည်ဆိုပါက ထိုအခွင့်အရေးကို ဘယ်တော့မှ လက်လွတ်ခံကြမည် မဟုတ်ချေ။
ခေါင်းတလားထဲတွင် ရှိနေသော ထူးဆန်းသည့်ဘုရင်သည်ပင် နဂါးဟူသော သက်ရှိကို စိတ်၀င်စားမှု ရှိနေလေသည်။
“နဂါးတဲ့လား…” ထိုအချိန်တွင်ပင် တရကုတ္တစစ်တပ်ကြီးသည် ချီတက်ခြင်း ရပ်တန့်လိုက်ကာ ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားကြသည်။
“တကယ်လို့ အရှင်မင်းမြတ်က ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် ကျုပ်တို့ကလည်း လက်ရှိကမ္ဘာကြီးရဲ့ အချက်အလက်အကြောင်းအရာတွေ အားလုံးကို ပြီးပြည့်စုံစွာ အထောက်အပံ့ပြုပေးမှာပါ” စစ်တပ်အကြီးအကဲကလည်း ကျယ်လောင်စွာ ပြောလိုက်သည်။
ခဏကြာပြီးနောက် အေးစက်တည်ငြိမ်သောအသံသည် ခေါင်းတလားထဲမှ ထွက်ပေါ်လာသည်။ “ကောင်းပြီ”
တကယ်ပဲ ယင့်ကျန်းလား။ ကောင်းကင်တွင် ကျီဟန့်ဝူ၏ မျက်လုံးအစုံသည် တောက်ပလျက်ရှိသည်။ အကယ်၍ ခေါင်းတလားအတွင်းမှ သူသည် ကျင်အင်ပါယာ၏ ပထမဆုံး ဘုရင် မဟုတ်ခဲ့ပါက စစ်တပ်အကြီးအကဲ၏ စကားများသည် ဦးတည်ချက်လွဲသွားတော့မည် ဖြစ်သည်။ အကယ်၍ ဘုရင်မဟုတ်ပဲ သူ့လက်အောက်က ဗိုလ်ချုပ် သို့မဟုတ် မင်းညီမင်းသား ဖြစ်နေပါက ထိုကဲ့သို့ ပြောနေစရာမလိုပေ။
အဖြူရောင်နဂါးကြီးနှင့် ရွှေရောင်နတ်ဘုရားတို့၏ အကျိုးသက်ရောက်မှုကြောင့်လားတော့မသိ နောက်ဆုံးတွင်တော့ တရကုတ္တစစ်တပ်ကြီးသည် တောင်နံဘေးသို့ ပြန်လည်တပ်ဆုတ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဆယ်မိုင်ပတ်လည်အတွင်း နယ်မြေကို စစ်တပ်က ပိတ်ဆို့ထားလိုက်ပြီး အခွင့်အရလျှင် မ၀င်ဖို့ အမိန့်ထုတ်ပြန်လိုက်သည်။
ချန်အန်းစစ်စခန်းတွင်တော့ ကြယ်ငါးပွင့်အဆင့်ရှိ ဆံပင်များ ဖွေးဖြူနေသော ဗိုလ်ချုပ်တစ်ယောက်သည် ကျီဟန့်ဝူကို တွေ့လိုက်သောအခါ ပြုံးပြလိုက်သည်။ သူသည် လက်သီးဆုပ်လိုက်ကာ ကျီဟန့်ဝူ၏ ပုခုံးကို ခပ်ဖွဖွ ထိုးလိုက်သည်။
“အဖိုးကြီး.. ခင်ဗျားက အခုအသက်ရွယ်ထိ လတ်ဆတ်တုန်းပါလား.. ခင်ဗျားနောက်အနှစ် ၁၀၀ ထိနေဦးမယ် ပြောတုန်းက ကျုပ်ကမယုံခဲ့ဘူး” ဆံပင်ဖြူများနှင့် ဗိုလ်ချုပ်က ရယ်မောရင်း ပြောလိုက်သည်။
ကျီဟန့်ဝူက “ဟုတ်တယ်လေ. ကျုပ်လည်း ဖန်လေးရဲ့ မြေးကိုပါ ချီချင်သေးတာပေါ့”
“ဒါလည်း အကြံကောင်းပဲ.. အဲဒီနေ့ကျရင်သာ ကျုပ်ကို လာပြီး ဂုဏ်ပြုပေးဖို့အတွက် ဖိတ်ဖို့မမေ့ပါနဲ့”
“ခင်ဗျားအဲဒီနေ့အထိ အသက်ရှင်သေးတယ်ဆိုမှ ဆက်ပြောကြတာပေါ့”
“ဒါဆိုရင်တော့ ကျုပ်က ခင်ဗျားထက် ပိုအသက်ရှည်မှာ သေချာတယ်”
အရိုအသေခံ ပုဂ္ဂိုလ်ကြီးနှစ်ယောက်သည် ကလေးများကဲ့သို့ပင် လွတ်လပ်စွာ စကားပြောနေကြသည်။
စစ်တပ်အရာရှိကြီးသည် စွန်းကျန့်ဟု ခေါ်သူဖြစ်သည်။ သူသည် ကျီဟန့်ဝူ၏ ငယ်သူငယ်ချင်း ဖြစ်ပြီး တစ်နေရာထဲတွင် အတူကြီးပြင်းလာကြသူများ ဖြစ်သည်။
သူတို့ကြီးပြင်းလာသောအခါ တစ်ယောက်က စီးပွားရေးကိစ္စနှင့် နိုင်ငံရပ်ခြား ထွက်သွားပြီး တစ်ယောက်က စစ်မှုထမ်းခဲ့ကာ ဘ၀ခရီးကို အသီးသီးလျှောက်လှမ်းခဲ့ကြသည်။
သူတို့သည် သီးခြားဘ၀ခရီးများ ဖြတ်သန်းခဲ့ရသော်လည်း အဆက်အသွယ် မပြတ်သွားကြပေ။ သူတို့နှစ်ယောက်သည် စာများနှင့် အမြဲအဆက်အသွယ် ရှိခဲ့ကြကာ အချိန်ကြာလာသည်နှင့်အမျှ ရင်းနှီးချစ်ခင်မှုများလည်း ခိုင်မာ လာကြသည်။
ကျီဟန့်ဝူသည် ကောင်းဖန်ကို ချန်အန်းသို့ မလိုက်လာစေခဲ့သည့်အချက်မှာလည်း စွန်းကျန့်သည် ဗိုလ်ချုပ်ကြီး ဖြစ်နေသောကြောင့် ကောင်းဖန်ကို စောင့်ရှောက်ပေးရန် မှာချင်သောကြောင့် ဖြစ်သည်။
“ကဲပါ.. မင်းလည်း မင်းလည်း မြေးကို လွမ်းနေမှာပေါ့” စွန်းကျန့်က ထိုသို့ပြောကာ လက်ပြလိုက်သည်။ “မြန်မြန် ပြန်သွားတော့လေ”
“မင်းလည်း သတိထားဦး.. ခေါင်းတလားထဲက ဘုရင်ဆိုတာက အကောင်းတော့ မဟုတ်ပုံပဲ.. တစ်ခုခု ဖြစ်ရင် ငါ့ကိုခေါ်လိုက်” ကျီဟန့်ဝူက ခေါင်းငြိမ့်ပြောဆိုလိုက်ကာ နဂါးဖြူကြီးနှင့် ထွက်သွားလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၂၆၂ ကောင်းဖန်၏ မျှော်လင့်ချက်
ကန်နံဘေးမှ မြက်ခင်းများသည် ပျော့ပြောင်းစွာ ယိမ်းထိုးလှုပ်ခါနေကြသည်။ ရေကန်မျက်နှာပြင်တွင်တော့ ရေတွင်ပေါက်ရောက်သော အပင်လေးများရှိနေပြီး ရေကန်သည် ပုံမှန်အတိုင်းပင် ငြိမ်သက် အေးချမ်းလျက်ရှိသည်။
ငှက်လေးများ၏ တောင်ပံခတ်သံသည် ရေကန်၏ အလယ်ဗဟိုမှ ထွက်ပေါ်လာသည်။ ဖြူဖွေးနေသော ကြိုးကြာငှက် တစ်ကောင်သည် ကန်ရေပြင်နှင့် နီးကပ်စွာ ပျံသန်းလာပြီးနောက် ရေပေါ်တွင် သက်သောင့်သက်သာရှိစွာ ထိုင်လိုက်သည်။
ငှက်လေးသည် မျက်လုံးများကို မှိတ်ကာ သက်သောင့်သက်သာရှိမှုကို ဖော်ကျူးသီဆိုနေသကဲ့သို့ လည်ချောင်းထဲမှ အသံလေးများကို သီဆိုနေလေသည်။
ဘယ်လောက်တောင်အေးချမ်းမှုရှိလိုက်ပါသနည်း။
ကျွနိုပ်လို လှပတဲ့ ကြိုးကြာငှက်ဖြူလေးကို ဒီလိုလှပတဲ့ ရေကန်ကြီးမှာ ရေကူးခွင့်မပေးထားတာဟာ တကယ်ကို ရက်စက်မှုတစ်ခုပါပဲ။
နဂါးကောင်ကြီးက ထွက်သွားပြီဆိုတော့ ကျွနိုပ်ကတော့ ခဏလောက် ဒီကန်ရဲ့ ဘုရင်အဖြစ် မင်းမူရချည်သေးရဲ့။
ငှက်သည် ရေကန်အောက်သို့ ဆင်းသွားလိုက်ပြီး ကူးခတ်သွားသောအခါ လှပသော ရေစွတ်ကြောင်းတစ်ခုက အနောက်တွင် ကျန်ခဲ့သည်။
ကောင်းဖန်သည် ရုတ်တရတ် အတွေးများပွားနေမိသည်။ နဂါးဖြူကြီးမရှိနေစဉ်တွင် ကြိုးကြာသည် ဘုရင်အဖြစ် ဟန်ဆောင်စံစားနေသည်။
ထိုအချိန်တွင် အဝေးတစ်နေရာဆီမှ အသံကျယ်ကြီးကြားလိုက်ရပြီးနောက် ဖြူဖွေးရှည်လျားသော အရာကြီးသည် တိမ်များကြားမှ ဆင်းသက်လာသည်။
ခဏတွင်းချင်းမှာပင် နဂါးဖြူကြီးသည် ကြိုးကြာငှက်၏ ခေါင်းနှင့် ၃ စင်တီမီတာလောက် အကွာအဝေးသို့ ရောက်လာသည်။ ထိုအချိန်မှာပင် ကြိုးကြာသည် တောင်ပံများကို ခတ်ကာ လေထဲသို့ ပျံသန်းသွားတော့သည်။ ကြိုးကြာသည်လည်း ထိတ်လန့်မှုဖြင့် တုန်ယင်နေလေသည်။
နဂါးဖြူကြီးသည် ပြင်းထန်စွာ အသက်ရှုသွင်းလိုက်သောကြောင့် ကြိုးကြာသည် နောက်ပြန် ပျံသန်းနေသလို ဖြစ်နေသည်။
“ကျ-ကျုပ်… ကျုပ်က ရေအပူချိန်ကို စစ်ဆေးပေးနေတာပါ” ကြိုးကြာသည် တုန်ယင်စွာ ပြောလိုက်သည်။
နဂါးဖြူသည် မျက်လုံးများကို မှိတ်လိုက်ကာ ပြင်းထန်စွာ နှာပြန်မှုတ်လိုက်သောကြောင့် ကြိုးကြာသည် အဝေးသို့ လွင့်စင်သွားသည်။ ထို့နောက် ရေထဲသို့ ထိုးဆင်းသွားလေသည်။
ကြိုးကြာ၏ ခန္ဓာကိုယ်သည် စက်ဝိုင်းကဲ့သို့ တစ်ပတ်ပြီး တစ်ပတ်လည်ပတ်နေသည်။ သူ၏ တောင်ပံများနှင့် ရိုက်ခတ်မှုကြောင့် ရေကန်မှ ရေများသည်လည်း သူနှင့်အတူ လွင့်စင်ကုန်လေသည်။ နောက်ဆုံးတွင်တော့ ရေကန်စပ်တစ်ခုနားတွင် ရပ်တန့်သွားသည်။
ဂိုဒီသည် လေ့ကျင့်ရေးလုပ်နေရင်း ငှက်ကို စိုက်ကြည့်နေသည်။ ငှက်ကလည်း မကျေမချမ်းပြန်ကြည့်လိုက်ရင်း “ဘာကြည့်နေတာလဲ?”
ဂိုဒီသည် လေ့ကျင့်ရေးပစ္စည်းကိုလွတ်ချလိုက်သည်။ ပစ္စည်းသည် မြေကြီးပေါ်သို့ ကျသွားပြီး မြေကြီးတွင် အပေါက်ပင် ဖြစ်သွားသည်။ ထို့နောက် ဂိုဒီသည် အရှေ့ကို လျှောက်သွားလိုက်ကာ ခံစားမှုကင်းမဲ့နေသော မျက်နှာဖြင့် “ငါလား.. ဂိုဒီလေ.. ပိုက်ဆံပေး”
ကြိုးကြာသည် နားမလည်နိုင် ဖြစ်သွားသည်။
နောက်ဆုံးတွင်တော့ ကြိုးကြာသည် ဂိုဒီကို ၁၀ ဒေါ်လာပေးလိုက်မှသာ ဂိုဒီက ထွက်သွားတော့သည်။ သူသည် ထွက်သွားရင်းဖြင့်ပင် ကျိန်ဆဲသွားသေးသည်။ “ဘဲစုတ်ဘဲနာ.. တစ်နေ့လောကတော့ မင်းမျက်လုံးထဲကို ပိုက်ဆံတွေ ထိုးထည့်ပစ်ဦးမယ်”
ဂိုဒီကတော့ နောက်ဆုံးအလောင်းအစားကို ရှုံးပြီးကတည်းက တဖြည်းဖြည်း ပိုက်ဆံကို ဆာလောင်လာတော့တာပဲ။
ကြိုးကြာသည် ထိုသို့ရေရွတ်ပြောဆိုနေလေသည်။ သူသည် ဂိုဒီကို ကြောက်လို့မဟုတ်ပဲ အမွှေးများမရှိသောကြောင့် သနားပင်နေသေးသည်။
ကောင်းဖန်သည် သူ၏အဖိုး ဘေးကင်းစွာ ပြန်ရောက်လာသည်ကို တွေ့သောကြောင့် စိတ်သက်သာစွာ သက်မချလိုက်မိသည်။
သူ့အတွက် အရေးကြီးဆုံးမှာ အဖိုးဘေးကင်းဖို့သာ ဖြစ်ပြီး အခြားအရာများက အရေးမကြီးပါချေ။
ကိစ္စတစ်စုံတစ်ခုရှိတိုင်း အဖိုးသည်ကိုယ်တိုင် သွားဖြေရှင်းလေ့ရှိသည်။ ထိုအချက်ကြောင့်လည်း တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှာ အောင်မြင်နေခြင်းဖြစ်ကြောင်းကို ကောင်းဖန်သည်က ကောင်းကောင်းသိနေသည်။
အဖိုးသည် သားရဲလေ့ကျင့်သူ အဖွဲ့အစည်းတွင် အလွန်အသုံးဝင်သူ ဖြစ်သည်။ သူတို့သည် အဖိုး၏ အင်အားကို လိုအပ်သောကြောင့်လည်း တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို ပိုပြီး အင်အားကြီးလာအောင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့အတွက်တော့ သူ့အဖိုးကို အန္တရာယ်များသော အခြေအနေများတွင် ဝင်မပါစေချင်ပါပေ။
အဘယ်ကြောင့်ဆိုသော သူသည် အဖိုးကို သူ့ထက်ပိုပြီး အင်အားကြီးသူနှင့် တွေ့လာမည်ကို စိုးရိမ်သောကြောင့်ပင်။
သူသည် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းအတွက် ယုံကြည်စိတ်ချရသော အဆင့်မြင့် သားရဲလေ့ကျင့်သူတစ်ယောက်ကို ရှာဖွေချင်နေသည်။ ထိုမှသာ အဖိုးကိုယ်တိုင် သွားစရာ မလိုတော့မည် မဟုတ်ပါလား။
ကောင်းဖန်သည် မျက်လုံးများကို မှိတ်လိုက်ကာ နာမည်များကို စဉ်းစားနေလိုက်သည်။
သူလိုအပ်သောသူသည် ပထမဆုံးအနေဖြင့် ယုံကြည်စိတ်ချရမှ ဖြစ်သည်။ အင်အားကြီးသော်လည်း သစ္စာမရှိပါက အသုံးဝင်နိုင်မည် မဟုတ်ပေ။ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို သစ္စာဖောက်သွားပါက သဲထဲရေသွန် ဖြစ်သွားနိုင်သည်။
ထိုသူသည် ကောင်းဖန်ကို သစ္စာမရှိလည်း ဖြစ်သည်။ အဖိုးကို သစ္စာရှိနိုင်မှ ဖြစ်မည်။
သူ့အတွက် စဉ်းစားစရာသူများသည် အများအပြားတော့ ရှိမနေပါချေ။ သူသည် ခဏစဉ်းစားပြီးနောက်တွင် ဟွမ်းယာကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဟွမ်းယာ၏ သွေးနီစစ်မြင်းသည် အဆင့် ၃၂ ပင် ရှိသေးသော်လည်း ကောင်းဖန်၏ ဆေးကို အသုံးပြုနိုင်ပါက အကောင်းဆုံး အဆင့်သို့ တက်လှမ်းနိုင်ပေမည်။ သူ၏ စိတ်ဝိဉာဉ်သည်လည်း ပိုပြီး သန်မာလာနိုင်မည်။
သွေးနီစစ်မြင်းကို လေ့ကျင့်ရန် အချိန်တော့ ယူရဦးမည်ဖြစ်ရာ ကောင်းဖန်သည် အခြားအကြံဉာဏ်များကိုလည်း စဉ်းစားထားရလေသည်။
ကောင်းဖန်သည် ရေချိုးပြီးသောအခါ ညအိပ်ဝတ်စုံကို ဝတ်ဆင်ပြီး ဧည့်ခန်းသို့ ထွက်လာလိုက်သည်။ အဖိုးသည် ဆိုဖာပေါ်တွင်ထိုင်နေပြီး အဝါရောင်မီးအိမ်က ဆိုဖာဘေးတွင် ရှိနေကာ အနွေးဓာတ်များကို ထုတ်လွှတ်နေသည်။ အဖိုးလက်ထဲတွင်တော့ စာအုပ်တစ်ခုရှိနေပြီး အဝါရောင်မီးအိမ်၏ အလင်းများအောက်တွင် အရိပ်များဖြာကျနေသည်။
ကောင်းဖန် လျှောက်လာသည်ကို မြင်သောအခါ ကျီဟန့်ဝူသည် စာအုပ်ကိုပိတ်ပြီး ကောင်းဖန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။
“မအိပ်သေးဘူးလား”
“အိပ်မပျော်လို့ပါ” ကောင်းဖန်က ပြန်ဖြေလိုက်သည်။ သူသည် လက်ဖက်ရည်ခွက်ကို လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ကျိုက်တည်းမော့ချလိုက်သည်။ သူ့အတွက်တော့ လက်ဖက်ရည်သည် ရေငတ်ပြေရုံလောက်သာ ရှိသည်။ လက်ဖက်ရည်၏ တန်ဖိုးများကို သေချာမသိပါချေ။
“အဖိုး.. ကျွန်တော် ချန်အန်းမှာ ဖမ်းမိဖူးတဲ့ ပင့်ကူမကြီးကို မှတ်မိသေးလား”
“ပင့်ကူမကြီး..” ကျီဟန့်ဝူသည် ခဏစဉ်းစားလိုက်ပြီး “ဪ မှတ်မိပြီ.. နောက်ဆုံးတော့ အဲဒါကို စိတ်ဝင်စားသွားပြီပေါ့.. အဲဒီကောင်က အဆင့်မြှင့်တဲ့အထိ မရောက်လိုက်ပေမယ့် အဆင့်တစ်ဝက်တော့ မြှင့်ထားပြီးပြီဆိုတော့ တန်ဖိုးတော့ ရှိပါသေးတယ်.. သူ့ကို စမ်းသပ်ဖို့ ဓာတ်ခွဲခန်းထဲမှာ ထားထားတယ်”
ကောင်းဖန်သည် ခေတ္တတွေဝေသွားပြီး “ဓာတ်ခွဲခန်းထဲမှာလား.. သူ့ကို ဘာမှမစစ်ဆေးရသေးဘူးမလား”
ကျီဟန့်ဝူသည် ခေါင်းကို ဖြေးညင်းစွာ ရမ်းလိုက်သည်။ “မင်းလိုချင်ရင် ယူသွားလိုက်လေ.. အဆင့်တစ်ဝက်ဆိုတော့ သူလည်း သူ့ဟာသူတော့ တန်ဖိုးရှိပါတယ်.. သူ့ကို သတ်လိုက်ရင်လည်း နှမြောစရာကောင်းဖို့.. အခုသူလည်း အသက်ရှင်နေပါသေးတယ်”
ကောင်းဖန်သည် စိတ်အေးသွားပုံဖြင့် သက်ပြင်းချလိုက်သည်။
“အဖိုးဆီကလည်း ငှားချင်တဲ့သူတစ်ယောက်ရှိတယ်”
“ဘယ်သူလဲ”
“ဟွမ်းယာ”
ကျီဟန့်ဝူသည် ခေတ္တတွေဝေသွားသည်။ သူသည် ဖြေးညင်းစွာ ခေါင်းကို ညိတ်လိုက်ရင်း “ရပါတယ်.. ပိုအဆင်ပြေအောင် လုပ်ပေးမယ်.. ဟွမ်းယာကို အခုကစပြီး မင်းအမိန့်ကို နာခံဖို့ ပြောထားလိုက်မယ်”
ကောင်းဖန်သည် အဖိုးပြောသည့်စကားကို ငြင်းပယ်ဖို့ ကြိုးစားလိုက်သော်လည်း သူမလုပ်လိုက်နိုင်ခင်မှာပင် အဖိုးက ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။ “ဆုံးဖြတ်ပြီးသွားပြီနော်.. မင်းမှာလည်း မင်းအတွက် အမိန့်နာခံပေးမယ့်သူ လိုအပ်မှာပဲ.. နောက်ပိုင်းမင်းနဲ့ ပိုပြီးသင့်တော်တဲ့သူ တွေ့လာရင်တော့ ဟွမ်းယာကို ပြန်ပေးပေါ့”
နောက်တစ်နေ့တွင် မြို့အပြင်ဘက်ရှိ တောင်တန်းများကြားတွင် သီးသန့်ခွဲထွက်နေသော ဓာတ်ခွဲခန်းထဲသို့ လူတစ်စုသည် တစ်စုံတစ်ခုကို လာယူလေသည်။ ကြီးမားသော ထရပ်ကားကြီးသည် အပြင်ဘက်တွက် ရပ်လိုက်ပြီး များစွာသော အလုပ်သမားများသည် အဖြူရောင်ဝတ်စုံများပေါ်မှ အပြာရောင်ယူနီဖောင်းများကို ထပ်ကာ ဝတ်ဆင်ထားကြသည်။
ဓာတ်ခွဲခန်းမှူးသည် အလွန်ပင် မကျေမနပ် ဖြစ်နေသည်။ “မင်းတို့က အကောင်းဆုံး နမူနာတွေကိုပဲ ရွေးယူနေကြတယ်.. ငါတို့က ပရောဂျက်တောင် လုပ်လက်စ ဖြစ်နေပြီ.. ခဏစောင့်နေ. ငါဥက္ကဌကျီကို ဖုန်းခေါ်လိုက်ဦးမယ်”
“ဌာနမှူးကျန်း.. ဖုန်းခေါ်လည်း ဘာမှအကျိုးထူးမှာ မဟုတ်ပါဘူး”
ဌာနမှူးကျန်းသည် သူ့ကို မယုံပါပေ။ သူသည် ဥက္ကဌကျီ၏ အယုံကြည်ရဆုံး ဓာတ်ခွဲခန်းကို ဦးဆောင်နေရသူ ဖြစ်သောကြောင့် သူသည်လည်း လူယုံတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့စကားသည် အရာမရောက်စရာ အကြောင်း မရှိပါချေ။
“ဒီကိုယ်ပိုင်သားရဲက ဘယ်ကိုပို့မှာလဲဆိုတာ မသိဘူးလား.. ဒီကိုယ်ပိုင်သားရဲက ခေါင်းဆောင်ကောင်းရဲ့ ဓာတ်ခွဲခန်းကို ပို့မှာ.. ပြီးတော့ ဒီကိုယ်ပိုင်သားရဲက ဥက္ကဌကျီကို ခေါင်းဆောင်ကောင်းက လက်ဆောင်ပေးထားတာ.. အဲဒီတော့ ပိုင်ရှင်ဆီကို ပြန်သွားတာပဲ”
ဌာနမှူးကျန်းသည် ဖုန်းခေါ်တော့မည့် ဆဲဆဲမှာပင် လေထဲတွင် လက်ကရပ်တန့်သွားသည်။
သူသည် ခါးသက်သက် ပြုံးလိုက်မိသည်။ ဘာလို့ သူဖြစ်နေရတာလဲ။
ထားလိုက်ပါတော့။ ငါလည်း ဘာမှမတတ်နိုင်ဘူး။
ဌာနမှူးကျန်းသည် မတတ်နိုင်တော့ပုံဖြင့် “အဲဒီပင့်ကူမကို ယူသွားလိုက်ကြပါတော့.. ဒါပေမယ့် မင်းတို့ လုံခြုံရေးအတွက် ပြင်ဆင်မှုတွေ လုပ်ထားဖို့တော့ မမေ့နဲ့.. တစ်ခုခု မှားသွားတာနဲ့ သေဖို့ပဲ ရှိတယ်”
တောင်ကြီး၏ နံရံများသည် တဖြည်းဖြည်းပွင့်သွားသည်။ ထရပ်ကားကြီးသည် ကိုယ်ပိုင်သားရဲကြီးကို တင်ဆောင်ကာ ဖြည်းဖြည်းချင်း ထွက်လာသည်။ အလွန်လေးလံသော ကြိုးများသည် သူ၏ ကိုယ်ပေါ်တွင် အကြိမ်ပေါင်းများစွယ ချည်နှောင်ထားသည်။ မေ့မြောနေစေရန်အတွက် ဆေးများကိုလည်း များပြားစွာ ထိုးထားရလေသည်။ သူ၏ ခြေလက်များကိုလည်း တိုက်ခိုက်နိုင်မှုအားလျော့အောင် ထိခိုက်အောင် လုပ်ထားလိုက်ရသည်။
ပင့်ကူမကြီးသည် အမှန်တွင်တော့ အဆင့်တစ်၀က်သာ ရှိသေးသော်လည်း သူစိတ်ရူးပေါက်နေချိန်တွင် ပေးနိုင်စွမ်းသော အန္တရာယ်မှာ မှန်းဆ၍ပင် မရနိုင်ပါချေ။
ထို့ကြောင့် ကောင်းဖန်သည် ဆေးစပ်မှုကို ပြုလုပ်နေသည်။ ကြောက်စရာ ပင့်ကူမကြီးသည် သတိကြီးကြီး ထားရမည့် သားရဲ ဖြစ်သည်။ သူမသည် အဆင့်အမြင့်ဆုံးသို့ မရောက်ခဲ့သည့်အပြင် ရောက်နိုင်ရန် နည်းလမ်းကလည်း တစ်ခုသာ ရှိသောကြောင့် သူမ၏ အလားအလာကတော့ အရမ်းမကောင်းပါချေ။ ထို့ကြောင့်လာ်း ကောင်းဖန်သည် သူမနှင့် သွေးစာချုပ်မချင်ချင်ခြင်း ဖြစ်သည်။
အလိုအပ်ဆုံး ပစ္စည်းတစ်ခုကတော့ တန်ဖိုးရှိသော အဆင့်မြင့် မကောင်းဆိုးဝါး အမြုတေ ဖြစ်ပြီး အလွန်ပင် ရှားပါးလေသည်။ အဆင့်မြင့် မကောင်းဆိုးဝါးများသည် သူတို့၏ ဘ၀သက်တမ်းတွင် အမြုတေ တစ်ခုသာ ထုတ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုကျောက်ကိုလည်း ထိုမကောင်းဆိုးဝါးနှင့် ဆင်တူသော မျိုးနွယ်တွင်သာ သုံး၍ရသည်။
အဖိုးသည် ထိုပစ္စည်းကို မကြာသေးမီကပ င် တောင်မိစ္ဆာကို သတ်လိုက်ပြီး ရရှိထားပြီး ဖြစ်သည်။ ထိုပစ္စည်းကလည်း ကြောက်မက်ဖွယ် ပင့်ကူမကြီးအတွက် အလိုအပ်ဆုံး ပစ္စည်းဖြစ်နေသည်။
အမှန်တွင်တော့ သူသည် ထိခိုက်ထားပြီးဖြစ်သော ပင့်ကူမကြီးကို သိပ်စိတ်မ၀င်စားသော်လည်း အခြားသူများအတွက်တော့ အဆင့်တစ်၀က်ရှိသော ကိုယ်ပိုင်သားရဲ ဖြစ်နေသည့်အတွက် လက်၀ယ်ပိုင်ဆိုင်ချင်ကြသူ များပြားလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၂၆၃ ညှိနှိုင်းမှု
သူသည် ထိခိုက်ထားသော်လည်း သူ့ကို ရရှိရန် အသည်းအသည် ကြိုးစားနေသူများလည်း များစွာ ရှိနေလေသည်။
အဓိကအကြောင်းရင်းမှာ သူ့၌ အစင်းလေးရှိသောကြောင့် ဖြစ်သည်။ သူသည် ထိခိုက်ထားပြီးသော ပင့်ကူမျိုးနွယ် ဖြစ်သည့်အတွက် အခြားသော ပင့်ကူမျိုးနွယ်နှင့် သွေးစာချုပ် ထပ်ချုပ်စရာ မလိုတော့ပေ။ သူသည် အလွန်ရဲရင့်မှုတော့ မရှိသော်လည်း သူ မနာလိုစိတ် ဖြစ်သောအခါတွင်တော့ အလွန်ကြီးမားသော စွမ်းအား ထွက်လာလေသည်။
ဟွမ်းယာသည် ကောင်းဖန်ဆီမှ ဆင့်ခေါ်မှုကို မနက်စောစောကတည်းကပင် ရရှိခဲ့သည်။ သူသည် အကြောင်းရင်းကို မပြောသေးပဲ ကောင်းသောအရာ ဟုသာ အရိပ်အမြွက်ပြောပြီး ခေါ်ခြင်း ဖြစ်သည်။
သခင်လေးကောင်းက ကောင်းသောအရာဟု ပြောသောကြောင့် သူမအတွက်လည်း မကောင်းစရာ မရှိပါချေ။
ကောင်းဖန်ကလည်း သူ၏ သွေးနီစစ်မြင်းအတွက် ဆေးကို ပေးထားသောကြောင့် သူ့အပေါ်တွင် အမြင်ကောင်းများ ရှိနေလေသည်။
ဆေးကို အသုံးပြုပြီးနောက်တွင် သူ၏ သွေးနီစစ်မြင်းသည် တိုးတက်မှုရှိလာပြီး မှော်အစွမ်းလည်း ပိုသုံးနိုင်လာသည်။ သူ၏ အမွှေးကလည်း ပို၍ နီလာကာ ကိုယ်ကလည်း ပိုကြီးလာသည်။ အသိသာဆုံး ပြောင်းလဲမှုမှာ ဟွမ်းယာ၏ ခွန်အားသည်လည်း သူ၏ ကိုယ်ပိုင်သားရဲမှ တဆင့် တိုးတက်လာခြင်းပင်။
ထို့ကြောင့် လေ့ကျင့်သူအနေနှင့်လည်း ပို၍ သန်မာအောင် လုပ်နိုင်သည့် နည်းလမ်းတစ်ခုမှာ ကိုယ်ပိုင်သားရဲကို အဆင့်မြှင့်လိုက်ခြင်းပင် ဖြစ်သည်။
ထိုနည်းလမ်းသည် ကိုယ်ပိုင်သားရဲများ၏ အဆင့်ကို ဖော်ထုတ်ရာတွင် အသုံးပြုသော ရိုးရှင်းသည့် နည်းလမ်းလည်း ဖြစ်သည်။
သူသည် ဥက္ကဌကျီထံမှ ကောင်းဖန်၏ စေခိုင်းမှုအောက်တွင် လုပ်ရတော့မည် ဖြစ်ကြောင်း ညွှန်ကြားချက် ရပြီး ဖြစ်သည်။ သူသည် ထိုအမိန့်ကို ရစဉ်တုန်းကတော့ ခံစားချက်များ ရှုပ်ထွေးခဲ့လေသည်။
သူသည် ဥက္ကဌကျီထံတွင် အသက်ကြွေးတင်ထားသူ ဖြစ်ပြီး ကြီးမားသော အကူအညီကိုလည်း ရထားသူ ဖြစ်လေရာ သူ၏ အသက်ကို ဥက္ကဌကျီအတွက် ပေးဆပ်ထားပြီး ဖြစ်သည်။ သူသည် ဥက္ကဌကျီသာမရှိလျှင် သေလိုက်တော့မည် ဖြစ်ပြီး သူ၏ ကလေးများသည်ပင် အခြားသူကို အဖေခေါ်ရမည် ဖြစ်သည်။
သူသည် အထက်တန်းကျောင်းသာ အောင်ထားသူ ဖြစ်သော်လည်း အရေးကြီးဆုံး အချက်တစ်ခုကိုတော့ သိထားလေသည်။ ထိုအချက်သည် သူ၏ ဆုံးပါးသွားသော မိခင်က သင်ပေးခဲ့ခြင်း ဖြစ်သည်။
ကူညီပေးခဲ့သူတိုင်းကို ပြန်လည် ကျေးဇူးဆပ်ရမည်ဟူသော အချက်ပင်။
သူသည် ဥက္ကဌကျီကို အသက်ကြွေးတင်ထားသောကြောင့် သူ၏ အသက်ကို ပေးရန် အဆင်သင့် ဖြစ်နေခြင်း ဖြစ်သည်။
သို့သော် သူသည် လူသားတစ်ယောက် ဖြစ်သောကြောင့် လူသားဆန်သော စိတ်ခံစားချက်များရှိလေသည်။ ကျီဟန့်ဝူသည် ကောင်းဖန်ကို စောင့်ရှောက်ပေးရန် သဘောမျိုးဖြင့် ပြောသော်လည်း သူကတော့ ပစ္စည်းတစ်ခုကို အလွှင့်ပစ်ခံလိုက်ရသလို ခံစားချက်မျိုး ဖြစ်နေလေသည်။
လူများသည် သူတို့၏ နေထိုင်ရာ ပတ်၀န်းကျင်ပေါ်မူတည်ပြီး ပြောင်းလဲမှုများစွာ ရှိတတ်ကြသည် မဟုတ်ပါလား။
ဟွမ်းယာသည် ရှေးရိုးဆန်သူမဟုတ်သည့်အပြင် လူတို့၏ လွတ်လပ်သော ခေတ်သစ်အမြင်များကိုပါ တန်ဖိုးထားပေးတတ်သူ တစ်ယောက်ပါပင်။
ဟွမ်းယာသည် အတွေးများကို စုစည်းလိုက်ပြီး အာရုံစိုက်ထားလိုက်သည်။ သူသည် ဓာတ်ခွဲခန်းဆီသို့ လျှောက်သွားလိုက်ကာ တံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် မီးများ ဖွင့်ထားပြီး ဖြစ်သည်။. ကောင်းဖန်သည် မနက်စောစောကတည်းက ရောက်နှင့်နေပြီ ဖြစ်ပေမည်။
မကြာမီ ကြီးမားသော ထရပ်ကားကြီးသည် အဝေးတစ်နေရာမှ လာနေပြီး ကြီးမားသော ပင့်ကူကြီးကို သယ်ဆောင်လာသည်။
အလုပ်သမားတစ်ယောက်သည် ကုန်တင်ကားထဲမှ ခုန်ထွက်လာကာ အံ့ဩစွာ ပြောလိုက်သည်။ “ထူးဆန်းလိုက်တာ.. ပင့်ကူမကြီးက တစ်လမ်းလုံး ရုန်းကန်လာတာ အခုဒီလည်း ရောက်ရော ချက်ချင်းရပ်သွားတယ်” အခြား ၀န်းထမ်းများကလည်း မယုံနိုင်စရာ ဖြစ်နေသည်မို့ တီးတိုးရေရွတ်နေကြသည်။
“ပင့်ကူကြီးက သခင်လေးကောင်းရဲ့ တည်ရှိမှုကို အာရုံခံစားမိလိုက်လို့ နေမှာပေါ့” ၀န်ထမ်းတစ်ယောက်က ရုတ်တရတ် ထပြောလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း.. သူ့ရဲ့တည်ရှိမှုတဲ့လား.. ဘာတွေ ပေါက်ကရ ပြောနေတာလဲ.. ကောင်းဖန်ကြားသွားရင် မင်းဖင်ကို မီးရှို့လိမ့်မယ်” အသက်ကြီးကြီး ၀န်ထမ်းတစ်ယောက်သည် ဝင်ပြောလိုက်သည်။
ဓာတ်ခွဲခန်းတံခါးပွင့်သွားပြီး ကောင်းဖန်က ထွက်လာသည်။ ၀န်ထမ်းများနှင့် စကားပြောပြီးသောအခါ သူတို့သည် ပင့်ကူမကြီးကို ကုန်တင်ကားထဲမှ ထုတ်လိုက်ကြသည်။
“သခင်လေးကောင်း” ဟွမ်းယာသည် ကောင်းဖန်ကို တွေ့သောအခါ အနည်းငယ် တုန်လှုပ်နေသည်။ သူသည် စိတ်များ ရှုပ်ထွေးနေသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ကာ ကောင်းဖန်ဆီသို့ လျှောက်သွားလိုက်သည်။
သူ့အနောက်တွင်တော့ သွေးနီစစ်မြင်းက လိုက်ပါလာသည်။
သွေးနီစစ်မြင်း၏ မျက်လုံးများသည် ကောင်းဖန်ကို မြင်လိုက်ရသောအခါ တောက်ပသွားသည်။ သူသည် ထိုသူကို မှတ်မိနေသည်။ ထိုသူသည် သူ့ကို အရသာရှိသော အရည်ကို တိုက်ခဲ့ပြီး ထိုအရည်က သူ့ကို ခွန်အားများ ပိုပည့်စေသည်။
ထိုသူသည် အလွန်ထူးခြသူဖြစ်သည်။
သွေးနီစစ်မြင်းသည် အရှေ့ကို လျှောက်လာပြီး ကောင်းဖန်ကို ကြည့်လိုက်သည်။ ထို့နောက် ဦးညွတ်လိုက်ကာ ကောင်းဖန်၏ ပုခုံးကို ပွတ်နေလိုက်သည်။
ဟွမ်းယာသည် ပါးစပ်အဟောင်းသားပင် ဖြစ်သွားသည်။ မင်း.. မင်းကိုငါတောင် ထိလို့မရဘူးလေ။
“ဦးလေးဟွမ်း.. ဦးလေးဟွမ်းလို့ ခေါ်လို့ရတယ်မလား” ကောင်းဖန်သည် ခေတ္တစဉ်းစားလိုက်ကာ တိုက်ရိုက်သာ ပြောဖို့ ဆုံးဖြတ်လိုက်သည်။ “ဦးလေး အဆင့်အမြင့်ဆုံး ကိုယ်ပိုင်သားရဲကို လိုချင်လား”
ဟွမ်းယာသည် နောက်သို့ တစ်ချက်ဆုတ်သွားရင်း “ဘာ.. ဘာကို ပြောတာလဲ”
“ကျွန်တော်ဦးလေးကို အဆင့်မြင့် ကိုယ်ပိုင်သားရဲ ပေးမယ်.. ဒါပေမယ့် အာမခံချက်တော့ သေချာပေါက် ရှိမှာ မဟုတ်ဘူး.. ဦးလေး ကြိုးစားရင် ကြိုးစားသလောက် အခွင့်အရေးကောင်းတွေရမယ်”
“သိပ်ရတာပေါ့” ဟွမ်းယာသည် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေရသည်။ သူသည် ပင့်ကူမကြီးကို တစ်ချက်ကြည့်လိုက်သည်။ သခင်လေးပြောနေတဲ့ အဆင့်မြင့် ကိုယ်ပိုင်သားရဲဆိုတာ ဒီပင့်ကူမကြီးကို ပြောတာလား။
ပင့်ကူမကြီးသည် အဆင့်မြင့် အငွေ့အသက်များကို မခံစားနေရသော်လည်း သူ၏ကြီးမားသော အရွယ်အစားကြီးကတော့ အလွန်ပင် ခြောက်ခြားစရာ ကောင်းလေသည်။
“အလကားတော့ ပေးမှာ မဟုတ်ဘူး.. ဒီအဆင့်မြင့် ကိုယ်ပိုင်သားရဲကြီးကို ပေးပြီးရင် တချို့တာ၀န်တွေကိုတော့ ထမ်းဆောင်ပေးရလိမ့်မယ်” ကောင်းဖန်က ရေရွတ်လိုက်သည်။ “အဆင့်မြင့်ကိုယ်ပိုင်သားရဲနဲ့ သွေးစာချူပ်ချုပ်တာက ဦးလေးအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ်.. သူ့ကို လေ့ကျင့်ဖို့လည်း အများကြီး ကြိုးစားရလိမ့်မယ်.. လက်မြှောက်အရှုံးပေးလို့ မရဘူး”
“ဒါပေါ့” ဟွမ်းယာသည် ပျော်ရွှင်စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
ထိုအချက်သည် အခြေခံအချက်ဖြစ်ပြီး သူသည် နောက်ပြန်လှည့်၍ ရမည် မဟုတ်ပါချေ။
“ပြီးတော့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းရဲ့ သူရဲကောင်း အသစ်အဖြစ် အဆင့်တက်ရလိမ့်မယ်.. တစ်ခုခု ဖြစ်ရင် ကိုယ်စားပြုအနေနဲ့ သွားပေးရမယ်.. ကျွန်တော်တို့ အားလုံးကိုယ်စားပေါ့”
ဟွမ်းယာသည် ခေတ္တတိတ်ဆိတ်သွားပြီးနောက် ပြတ်သားစွာ ခေါင်းငြိမ့်ပြလိုက်သည်။
လောကတွင် အလကားရသော အရာဟူ၍ မရှိလေရာ သူသည်လည်း ထိုအခြေခံအချက်ကို နားလည်လေသည်။
“အဖိုးကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်” ကောင်းဖန်က နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်သွားကာ ကြိုးချည်ထားသော ပင့်ကူမကြီးကို ကြည့်လိုက်သည်။
“ငါ့ကို မှတ်မိလား” ကောင်းဖန်သည် အရှေ့ကို နှစ်လှမ်းတိုးလျှောက်လိုက်သည်။ သူသည် ပင့်ကူမကြီးက သူ့ကို သေချာမြင်နိုင်စေရန် ထိုသို့ လုပ်လိုက်ခြင်း ဖြစ်သည်။
ကြမ်းပြင်တွင်လဲကျနေသော ပင့်ကူမကြီးသည် သူ့ကို မြင်လိုက်သောအခါ အံ့ဩထိတ်လန့်သွားပြီး ဒေါသတကြီး မြည်တမ်းလိုက်သည်။ သူမှတ်မိသည်။ သူအဖမ်းခံလိုက်ရသည့် နေ့တွင် ထိုသူရှိနေကြောင်းကို ကောင်းကောင်း မှတ်မိလေသည်။
“မင်းက အဆင့်မမြှင့်နိုင်ခဲ့အတွက် အခုလည်း ထပ်ပြီးမပြောင်းလဲဘူးဆိုရင် ဒီအဆင့်မှာပဲ တစ်သက်လုံးနေနေပေတော့” ကောင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် အစင်းလေးကို ပုတ်လိုက်ပြီး သူ့အတွက် ဘာသာပြန်ပေးဖို့ ပြောလိုက်သည်။
စိတ်အားထက်သန်စွာပင် အစင်းလေးသည် သူ့သခင်အတွက် ဘာသာပြန်ပေးလိုက်သည်။
သူတို့နှစ်ကောင်လုံးသည် ပင့်ကူများဖြစ်ကြသောကြောင့် အဆက်အသွယ်လုပ်ရာတွင်တော့ အခက်အခဲ မရှိကြပါချေ။
ကောင်းဖန်၏စကားများသည် အရှိုက်ထိသလို ဖြစ်နေခဲ့သည်။ အစင်းလေး၏ ဘာသာပြန်မှု အပြီးတွင်တော့ ပင့်ကူမကြီးသည် ကောင်းဖန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
ကောင်းဖန်သည် ခပ်ပေါ့ပေါ့ ရယ်လိုက်ကာ “ငါ့ကို ဒီလို မကြည့်နဲ့လေ.. မင်းလည်း တိုးတက်ချင်တယ်ဆိုရင် ငါ့ကို လိုမှာပေါ့.. မင်းအဆင့်မြင့်ဖို့အတွက် ငါပဲ ကူညီပေးနိုင်တာမလား”
အစင်းလေးသည် ခြေထောက်များကို မြှောက်ကာ မြက်များကို ကန်ရင်း စကားပြောနေပြီး ပင့်ကူမကြီးကို ရက်စက်စွာ ကြည့်နေသည်။
ပင့်ကူမကြီးသည် အစပိုင်းတွင် ဒေါသထွက်နေသော်လည်း နောက်ပိုင်းတွင် ငြိမ်ငြိမ်ပင် နေနေသည်။ အနီရောင်အလင်းတန်းသည် သူမမျက်လုံးထဲမှ ဖြတ်ပြေးသွားပြီး အတောမသတ်နိုင်သော လောဘတို့ကို မြင်နေရသည်။ သူမသည် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“သခင်.. သူ့ကို အဆင့်မြှင့်ဖို့ ကူညီပေးမယ်ဆိုရင် သခင့်ကိုမစားဘူးလို့ ကတိပေးတယ်တဲ့.. သူ့ကို ဖမ်းတာကိုလည်း ခွင့်လွှတ်ပေးမယ်တဲ့”
ဘာသာပြန်ပြီးသောအခါ အစင်းလေးသည် ပို၍ပင် ဒေါသထွက်လာကာ “ဒီပင့်ကူက တော်တော်လွန်တာပဲ.. သခင့်ကို ဘယ်လိုတောင် ပြောရဲတာလဲ.. သခင်.. သူ့ကို ကျွန်တော် စားလိုက်မယ်”
ကောင်းဖန်က လက်ပြလိုက်သည်။ သူသည် ပြုံးနေလိုက်ကာ ကြိုးချည်ထားသော ပင့်ကူမကြီးကို ကြည့်ပြီး “လှပတဲ့ ပင့်ကူမလေးက အခြေအနေ အရပ်ရပ်ကို သဘောမပေါက်သေးဘူးပဲ”
ကောင်းဖန်စကားကို ကြားလိုက်သောအခါ အစင်းလေးက ပျော်ရွှင်စွာပင် လက်ခုပ်လက်ဝါးတီးလိုက်သည်။ သူ၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် တောက်ပနေလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၂၆၄ သွေးစာချုပ်
ကြောက်စရာကောင်းသော ပင့်ကူမကြီးသည် သတိပေးသော မျက်လုံးများနှင့် ကြည့်နေသည်။ သူသည် အစင်းလေးကိုလည်း “မင်းတို့တွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ” ဆိုသော မျက်လုံးများဖြင့် ကြည့်နေသည်။
ကောင်းဖန် ဘာမှမပြောခင်မှာပင် အစင်းလေးသည် ကျေနပ်စွာ ပြုံးလျက်ရှိသည်။ သူသည် ပင့်ကူမကြီး၏ မျက်နှာကို သူ့ခြေထောက်များဖြင့် ထိလိုက်ပြီး တောက်ပသော မျက်လုံးများဖြင့် “ဘယ်လိုထင်လဲ ပင့်ကူကြီးရဲ့”
အစင်းလေးသည်ပင့်ကူမကြီး၏ နောက်ကျောသို့ တက်သွားသည်။ “မင်းကတော်တော် အဆီများတာပဲ.. ကြည့်လိုက်တာနဲ့တင် အရသာရှိမှာ သေချာတယ်”
သူသည် ပင့်ကူမကြီး၏ ပေါင်သားကို တစ်ကိုက်ကိုက်စားလိုက်သည်။ ပင့်ကူမကြီးသည် အဆင့်တစ်၀က်သာ ရှိနေသော်လည်း အစင်းလေးသည် သူမ၏ အပြင်ဘက်အခွံကြီးကို ကိုက်ဖြတ်စားနိုင်စွမ်း ရှိလေသည်။
သူသည် ဝါးစားနေရင်း ဖြင့်ပင် ရေရွတ်နေသေးသည်။ “အသားက အိုနေပြီ မို့လို့လားမသိဘူး.. ဝါးလို့လည်း မကောင်းဘူး.. ဒါပေမယ့် အာဟာရတွေတော့ များသား”
ပင့်ကူမကြသည် ဒေါသထွက်လွန်းသောကြောင့် နားရွက်ထဲမှပင် အဖြူရောင်မီးခိုးများ ထွက်လာတော့မတတ်ပင်။ သူမသည် ကြောက်မက်ဖွယ် အသံများဖြင့် ခြိမ်းခြောက်နေသည်။
အစင်းလေးကတော့ ထိုအသံများကို ဂရုမစိုက်ချေ။ သူသည် ပျော်ရွှင်စွာပင် စားသောက်နေသည်။ “အမြဲတမ်း ပင့်ကူမတွေကပဲ ပင့်ကူထီးတွေကို စားတတ်ကြတာ.. ဒါပေမယ့် ပင့်ကူထီးတွေလည်း ပင့်ကူမတွေကို စားတတ်တယ်ဆိုတာ သိသင့်တယ်”
ပင့်ကူမကြီးသည် အစားခံနေရသဖြင့် နာကျင်နေလေသည်။ သူမသည် အသံများ ဆူညံနေကာ ရုန်းကန်နေသည်။
သံကြိုးများသည်လည်း လှုပ်ခါနေကာ အသံပေါင်းစုံ ထွက်နေသည်။ ပင့်ကူမကြီးသည် အလွန်လှုပ်ရှားနေသောကြောင့် အချို့သော သံကြိုးများပင် ပြုတ်ထွက်ကုန်သည်။
အစင်းလေးသည် ထိတ်လန့်သွားပြီး ကိုယ်ပေါ်မှ အမွှေးများပင် ထောင်တက်ကုန်သည်။ သူ့ပုံစံသည် ကြောက်လန့်နေသောဖြူကောင် တစ်ကောင်လိုပင်။ ဖြူကောင်များသည် မြက်ပင်များမှ လေတိုက်သံကိုပင် ကြောက်လန့် ထွက်ပြေးတတ်ကြသည် မဟုတ်ပါလား။
ကောင်းဖန်သည် ထိုပင့်ကူ၏ သူရဲဘောကြောင်မှုကို တွေ့လိုက်ရသောအခါ ပြောစရာစကားပင် မဲ့သွားသည်။ သူသည် ဒန်ဘီကို လက်ယပ်ခေါ်လိုက်သည်။
ဒန်ဘီသည် ရေကန်ဘေး အနီးအနားရှိ သစ်ပင်ပေါ်တွင် သူ၏ သမီးနှင့် အတူထိုင်နေကာ စာအုပ်တစ်အုပ်ကို ဖတ်နေကြသည်။ သူ၏ သခင်ခေါ်သံကို ကြားလိုက်သောအခါ သူ့သမီး၏ ခေါင်းကို ညင်သာစွာ ပွတ်ပေးကာ နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။ “သမီး စာဆက်ဖတ်နေနော်.. ဖေဖေ ခဏသွားလိုက်ဦးမယ်”
သူသည် သစ်ပင်ပေါ်မှ ခုန်ဆင်းသွားပြီးနောက် ခန္ဓာကိုယ်ကို ကွေးလိုက်သည်။ သူ၏ အရိုးငေါထွက်နေသော ခြေချောင်းများသည် ရွံ့များကြားတွင် ထိုး၀င်နေသည်။
ထို့နောက် ဒန်ဘီပျောက်ကွယ်သွားပြီး အဖြူရောင်မီးခိုးများသာ ကျန်ခဲ့သည်။
ဒန်ဘီသည် ကြောက်စရာကောင်းအောင် အပြေးမြန်သူ ဖြစ်သည်။ သူသည် ကောင်းဖန်အနားသို့ရောက်ရန် ပေတစ်ရာကျော်ကို ၃ စက္ကန့်အတွင်း ရောက်သွားလေသည်။ “သခင်” ဒန်ဘီသည် ဒူးထောက်ကာ ဦးညွတ်လိုက်သည်။ သူ့မျက်လုံးထဲမှ မီးတောက်သည် အလွန်တည်ငြိမ်နေသည်။
ဒန်ဘီသည် သူ၏ အဆင့်အမြင့်ဆုံး အငွေ့အသက်ကို ထုတ်ပြခြင်း အလျင်းမရှိချေ။ ထို့ကြောင့် ပင့်ကူမကြီးသည် ဒန်ဘီ၏ အဆင့်ကို မသိပဲ ဖြစ်နေသည်။ သို့သော် ဒန်ဘီသည် စွမ်းအားကြီးသည်ကိုတော့ ခံစားမိလေသည်။ ဒန်ဘီထံမှ ထွက်ပေါ်နေသော အန္တရာယ် အငွေ့အသက်သည် သူမကိုပင် ရုန်းကန်မှုကို ရပ်တန့်သွားစေသည်။
“ကျုပ်က စိတ်သိပ်ရှည်တာ မဟုတ်ဘူး.. အဲဒီတော့ မင်းနဲ့ ညှိနှိုင်းနေဖို့လည်း စိတ်မ၀င်စားဘူး.. အဲဒီတော့ စိတ်လျှော့ပြီး ဆက်နေမယ်ဆိုရင် အဆင့်အမြင့်ဆုံး မကောင်းဆိုးဝါး ဖြစ်လာနိုင်မယ်.. မဟုတ်ရင်တော့ ပုန်ကန်ပြီး သေလိုက်ပေါ့.. ငါ့အတွက် အဆင့်တစ်၀က် မကောင်းဆိုးဝါးဆီက အမြုတေတစ်ခု ရလိုက်လည်း မဆိုးပါဘူး”
အစင်းလေးသည် ပင့်ကူမကြီး၏ ကျောပေါ်မှ ပြန်ခုန်ဆင်းလာကာ အလွန်ပင် ပျော်ရွှင်နေလေသည်။ သူသည် ကောင်းဖန်၏ စကားများကို ဘာသာပြန်ပေးနေသည်။
ပင့်ကူမကြီးသည် တိတ်ဆိတ်နေသည်။ သူသည်အလှောင်ခံ နေရသလို ဖြစ်နေသော်လည်း မတတ်နိုင်တော့သဖြင့် ခေါင်းကို ညွတ်ကာ အရှုံးပေးလိုက်ရတော့သည်။ “ကောင်းပါပြီ”
ကောင်းဖန်သည် ခေါင်းညိတ်လျက် ဟွမ်းယာကို ရှေ့တိုးခိုင်းကာ ပင့်ကူမကြီးနှင့် သွေးစာချုပ် ချူပ်ပေးလိုက်သည်။
“သွေးစာချုပ်ချုပ်ရမှာ အရှင်နဲ့ မဟုတ်ဘူးလား” ပင့်ကူမကြီးသည် ထိတ်လန့်စွာ ပြောလိုက်သည်။
“ဘယ်တုန်းက ငါနဲ့ ချုပ်ရမယ်လို့ ပြောမိလို့လဲ.. ငါက တွေ့ကရာ ကိုယ်ပိုင်သားရဲနဲ့ ချုပ်မနေပါဘူး” ကောင်းဖန်က ပြောလိုက်သည်။
ပင့်ကူမကြီးသည် ကြက်သေသေသွားကာ ဒေါသထွက်သွားသည်။ “ဘာကို ပြောချင်တာလဲ”
အစင်းလေးသည် သူ့ခြေထောက်များကို သုံးကာ ပင့်ကူမကြီး၏ မျက်နှာကို ထိပြန်လျက် “ကဲပါ နှမတော်.. ငါ့ရဲ့ သခင်ဆီမှာ ငါရှိနေပြီးပြီပဲ.. ပင့်ကူချောချောချောလေးလေ.. အဲဒါဘာလို့ မင်းကို လိုဦးမှာလဲ”
ကောင်းဖန်၏ ညွှန်ကြချက်များကို လက်ခံပြီးသောအခါ ဟွမ်းယာသည် ပင့်ကူမကြီးနှင့် သွေးစာချုပ်ချုပ်ရန် ရှေ့တိုးလာလိုက်သည်။
ပင့်ကူမကြီးသည် အနည်းဆု ကိုက် ၃၀ ခန့် ရှည်လျားသည်။
ခေါင်းပေါ်တွင် အစက်အပြောက်များ အမာရွတ်များ ရှိနေပြီး အမွှေးအမျှင်များကလည်း ကြမ်းတမ်းစွာ ထွက်နေသည်။
ဟွမ်းယာသည် သူ၏ သွေးထွက်နေသော လက်မကို ပင့်ကူမကြီး၏ ခေါင်းတွင် တင်ထားလိုက်သောအခါ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဟွမ်းယာသည် မျက်လုံးကို မှိတ်ထားလိုက်သည်။ ခဏကြာသောအခါ သူသည် ထူးဆန်းသော မျက်နှာ အမူအရာဖြင့် မျက်လုံး ပြန်ဖွင့်လာသည်။
“ဘာဖြစ်လို့လဲ” ကောင်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သခင်လေးကောင်း.. ကျုပ်ကို အချိန်နည်းနည်းပေးပါ.. ပင့်ကူမက ငြင်းဆန်နေတယ်.. ကျုပ်ကြိုးစားကြည့်မှ ရမယ်” ဟွမ်းယာသည် အူကြောင်ကြောင် ပြုံးရင်း ပြောလိုက်သည်။
ကောင်းဖန်သည် အစင်းလေးကို ကြည့်လိုက်သည်။ အစင်းလေးသည် ပင့်ကူမကြီး၏ ခေါင်းပေါ်တွင် လျှောက်သွားလိုက်သည်။ “သွေးစာချုပ် မြန်မြန်ချုပ်လေ.. လုပ်လုပ် မြန်မြန်လုပ်” အစင်းလေး၏ လက်များသည် ပင့်ကူမကြီးနှင့် ယှဉ်လျှင် အလွန်ပင် သေးငယ်နေသည်။
အစင်းလေးသည် ပင့်ကူမကြီးက သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသောအခါ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်။ ထို့နောက် ပင့်ကူမကြီးအား ကြိုးချည်ထားသည်ကို သတိရသွားပြီး ရှက်သွားကာ ဒေါသအဖြစ်သို့ ကူးပြောင်းသွားသည်။
“လန့်သွားတာပဲ ပင့်ကူစုတ်မ” အစင်းလေးသည် ကျိန်ဆဲကာ ပင့်ကူမကြီးကို ခြေထောက်များဖြင့် ကန်နေသည်။
ပင့်ကူမကြီးသည် အစင်းလေးကို ကြည့်လိုက်သော်လည်း ဂရုပင် မစိုက်ပါချေ။
ဟွမ်းယာသည် ခဏနားလိုက်ပြီး သွေးစာချုပ်ချုပ်နိုင်ရန် ဆက်ကြိုးစားနေသည်။ ခဏကြာသောအခါ သူ၏ မျက်နှာသည် မဲ့လာပြီး အံများပင် ကြိတ်လာသည်။
၁၀ မိနစ်ခန့်ကြာသောအခါ ဟွမ်းယာ၏ မျက်လုံးများ ပွင့်လာပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သူ၏ နဖူးတွင် ချွေးများစီးကျနေသည်။ သူသည် မောပန်းနေသော်လည်း မျက်နှာကတော့ ပျော်ရွှင်နေလေသည်။ “သခင်လေးကောင်း.. သွေးစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုပြီးပါပြီ”
ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းတယ်”
သူသည် ပင့်ကူမကြီး၏ သံကြိုးများကို ဖြည်ပေးရန် ဒန်ဘီကို အမိန့်ပေးလိုက်သည်။
အနီးတွင် ဒန်ဘီကိုထားပြီး ရေကန်ထဲတွင်လည်း နဂါးဖြူကြီး ရှိသည့်အတွက် ကောင်းဖန်သည် ပင့်ကူမကြီးကို ဒုက္ခအနည်းငယ် ပေးချင်နေသည်။ သူသည် ထိုနည်းဖြင့် အပြစ်ပေးချင်နေခြင်းပင်။
ဒန်ဘီသည် သံကြိုးများကို ဖြည်ပေးလိုက်ပြီးနောက် ပင့်ကူမကြီးသည် စပြီး လှုပ်ရှားလာသည်။ သူမသည် ထရပ်လိုက်ပြီး တစ်ချက်သမ်းဝေလိုက်သည်။
ပင့်ကူမကြီး၏ ချွန်ထက်ပြီး ရှည်လျားသော ခြေထောက်များသည် မြေကြီးထဲတွင် နစ်၀င်နေသည်။ ပင့်ကူမကြီးသည် တစ်ချက်မြည်ကြွေးလိုက်သည်။
သူမသည် ရေကန်ဘက်ကို ကြည့်ကာ ကြောက်လန့်နေသည်။ ထို့နောက် သူမသည် အကြောတစ်ချက် ဆန့်လိုက်သည်။ သူမကို လှုပ်မရအောင် ချုပ်ထားသောကြောင့် လှုပ်၍ရသော အခါတွင်မူ ကျင့်သားမရဖြစ်နေသည်။
သူမသည် ကြီးမားသော ခြေချောင်းရှစ်ချောင်းကို ရှေ့နောက် ဆန့်နေသည်။ သူမ၏ ကြီးမားသော ကိုယ်ကြီးသည် မြေပြင်တွင် ကြီးမားသောအရိပ်ကြီး ဖြစ်ပေါ်နေသည်။
အစင်းလေးသည် သူ၏ မျက်လုံးများ ပေါက်ထွက်မသွားအောင်ပင် ထိန်းထားရသည်။ ပင့်ကူမကြီးသည် ကြီးမားသော်လည်း မြေပြင်တွင် လဲနေစဉ်က သိပ်မကြီးသယောင် ထင်ရသည်။ ယခုတော့ မတ်တပ်ရပ်လိုက်သောအခါ အစင်းလေးသည် ပင့်ကူမကြီးမှာ မိုးကုတ်စက်ဝိုင်းထက်ပင် မြင့်မားသည်ဟု ထင်မိနေသည်။
ပင့်ကူတစ်ကောင်က ဒီလောက်တောင် ကြီးနိုင်တယ်တဲ့လား။
သူသည် သူ၏ လုပ်ရပ်များကို ပြန်တွေးမိပြီးနောက် တိတ်တဆိတ်နေနေလိုက်ရပြီး စိတ်လှုပ်ရှား တုန်ယင်နေသည်။
သူသည် တုန်ယင်နေရင်းကပင် ဖြည်းဖြည်းချင်း နောက်ကို ဆုတ်လျက် ကောင်းဖန်၏ နောက်သို့ သူကိုယ်တိုင်ပင် မသိပဲ ရောက်သွားသည်။
သူသည် ထိုအခါမှ ခေါင်းပြန်ထောင်ပြီး သက်ပြင်းချနိုင်တော့သည်။ တော်ပြီ။ ဒီပင့်ကူမကို စကားထပ်မပြောတော့ဘူး။
ကောင်းဖန်က ပြောလိုက်သည်။ “ငါ့ကို ဒီမှာ နာရီ၀က်လောက် စောင့်နေပေးကြ”
ကောင်းဖန်သည် ဓာတ်ခွဲခန်းသို့ သွားပြီး ဆေးကို ပြင်ဆင်လိုက်သည်။
နာရီ၀က်ခန့်ကြာသောအခါ ကောင်းဖန်သည် ဖန်ပြွန်ရှည်တစ်ခုကို ကိုင်လျက် ပြန်ထွက်လာည်။ အထဲတွင် အဝါရောင်အရည်များ ရှိနေသည်။ အရည်သည် အဆီတစ်မျိုးနှင့် ဆင်တူကာ ထောပတ်ဆီနှင့်လည တူသည်။
ပင့်ကူမကြီးသည် ကောင်းဖန်လက်ထဲမှ ဖန်ပြွန်ရှည်ကို စိုက်ကြည့်နေသည်။ သူမသည် ငြိမ်သက်စွာ ရပ်နေသော်လည်း သူမ၏ အမြုတေသည် အတွင်းတွင် ဗြောင်းဆန်နေပြီ ဖြစ်သည်။
ထိုဆေးရည်သည် သူမကို ထိန်းချုပ်မည်မှန်း သိသော်လည်း သူမသည် ဘာမှမတတ်နိုင်ပဲ ဖန်ပြွန်ရှည်ထဲမှ အရည်ကို အလွန်ပင် စားသုံးချင်နေသည်။ သူမသည် သတိလက်လွတ်ပင် ကိုယ်ကြီး နှိမ့်ချလာပြီး အထဲကို စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် ပါးစပ်ကြီး ဟလာပြီး သွားရည်များပင် ကျလာသည်။
ကောင်းဖန်သည် ဘယ်ဘက်ကို ရွှေ့လိုက်လျှင် ခေါင်းကြီးသည် ဘယ်ဘက်သို့ ယိမ်းလာသည်။ ကောင်းဖန်သည် ညာဘက်ကို ရွှေ့လိုက်လျှင်လည်း ခေါင်းကြီးသည် ညာဘက်သို့ ယိမ်းလာသည်။