← Chapters

အခန်း (၂၆၉-၂၇၂)

Vol. 17 Ch. 269-272

အခန်း (၂၆၉-၂၇၂)

Vol. 17 Ch. 269-272

အခန်း ၂၆၉ ရွှေရောင်လက်များ

“အသေးစိတ်သိချင်တယ်” လင်ရှင်းရွယ်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“နည်းနည်းတော့ တဲ့တိုးပြောမှရမယ်.. ကျွန်တော်တို့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကနေ ကိုယ်ပိုင်သားရဲတွေရဲ့ အဆင့်တွေကို မြှင့်ပေးဖို့ ကူညီနိုင်တယ်ဆိုတာ မှန်ပါတယ်.. အချို့သော ပစ္စည်းတွေကိုပါ လိုအပ်သလို ထောက်ပံ့‌ပေးနိုင်ပါတယ်” ကောင်းဖန်နှင့် လင်ရှင်းရွယ်တို့သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။

လင်ရှင်းရွယ်က မရယ်ချင် ရယ်ချင် ရယ်မောလိုက်သည်။

“ကောင်းလိုက်တဲ့ ကမ်းလှမ်းချက်ပါလား.. ကျွန်မဘက်ကရော ဘာများ လုပ်ပေးဖို့ လိုမလဲ.. တစ်ခုတော့ ရှင်းအောင် ပြောထားပါရစေ.. ကျွန်မက မိန်းကလေးတွေကိုပဲ ကြိုက်ပါတယ်”

“ကျွန်တော်တို့နဲ့ လုပ်ငန်းစာချုပ် ချုပ်ဆိုရုံပါပဲ.. ၀င်ငွေကောင်းကောင်းရမှာပါ” ကောင်းဖန်က ပြုံးရင်းပြောလိုက်ကာ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။

တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှာ ၀န်ထမ်းလုပ်ရမယ်ပေါ့။ လင်ရှင်းရွယ်သည် သူ့ကို စိုက်ကြည့်နေလိုက်သည်။ သူမသည် ခေတ္တတိတ်ဆိတ်သွားသည်။

“အစိုးရပိုင်းကလည်း ကျွန်မကို ပူးပေါင်းဖို့ တောင်းဆိုချက်ရှိထားတယ်.. ဒါပေမယ့် ငြင်းထားတယ်.. ကျွန်မကို ချည်နှောင်တာတွေကို မကြိုက်ဘူးလေ” လင်ရှင်းရွယ်က ပြတင်းပေါက်ကို ကြည့်ရင်း ပြောလိုက်သည်။ “ကျွန်မက တောရိုင်းနယ်မြေတွေကို ရှာဖွေလေ့လာနေရတာကိုပဲ ကြိုက်တယ်.. ကန့်သတ်ထားတာတွေ မလိုချင်ဘူး”

“ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးရင်လည်း မင်းရဲ့ အလုပ်မထိခိုက်ပါဘူး.. တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက အစိုးရပိုင်းလို စည်းမျဉ်းစည်းကမ်းတွေ မလုပ်ထားဘူး.. ကျွန်တော်တို့ဆီမှာက လွတ်လပ်တဲ့ ဉာဏ်ကြီးရှင်တွေပါပဲ” ကောင်းဖန်က ပြုံးရင်း ပြောလိုက်သည်။ “ဉာဏ်ကြီးရှင်တွေဆိုတာက ရှားပါးတယ်လေ.. ဒီလိုစိတ်ဓာတ်တွေပဲ ရှိတယ်ဆိုတာ သိထားပြီးသားပါ.. အရမ်းလည်း မစိုးရိမ်ပါနဲ့”

ကောင်းဖန်သည် ထိုင်ခုံတွင် မှီလိုက်ကာ လင်ရှင်းရွယ်ကို သက်သောင့်သက်သာ ကြည့်ရင်း ပြောလိုက်သည်။ “အခု ဆုံးဖြတ်လို့ မရသေးရင်လည်း ယာယီစာချုပ်လေးပဲ ချုပ်ထားကြတာပေါ့.. မင်းရဲ့ ကိုယ်ပိုင်သားရဲက အောင်အောင်မြင်မြင်နဲ့ အဆင့်မြှင့်နိုင်ပြီးမှသာ တရား၀င်စာချုပ် ချုပ်ကြတာပေါ့”

အခြေစိုက်မြို့တော် ယွီကျိုးတွင်လည်း ကမ္ဘာ့အဆင့် မုဆိုးမှာ ၃ ယောက်သာ ရှိသောကြောင့် လင်ရှင်းရွယ်သည် အဖိုးတန်သည်ဟု ဆိုရပေမည်။

ခေတ္တတိတ်ဆိတ်သွားပြီးနောက် လင်ရှင်းရွယ်က ခေါင်းညိတ်လိုက်သည်။

…

အိမ်ပြန်ရောက်ပြီးသောအခါ ကောင်းဖန်သည် လင်ရှင်းရွယ်ဆီမှ သိလိုက်ရသော အချက်အလက်များကို ပြန်ပြီး စဉ်းစားနေသည်။

သူမ ရှာဖွေရေးထွက်နေစဉ်က ရွှေရောင်လက်များဆိုသော အဖွဲ့မှ အဖွဲ့သားများနှင့် တွေ့ခဲ့သည်။ သူတို့၏ အ၀တ်အစားများသည် ထူးခြားပြီး သူတို့သည် ကြေးစားပုံများနှင့်လည်း မတူပေ။

ထိုအဖွဲ့သားများသည် တောင်ဝိဉာဉ်များနှင့် ပူးပေါင်းကြံစည်မှုများကို လုပ်ခဲ့ကြပြီး မသင်္ကာစရာ တစ်ခုခုကို အစီအစဉ်ဆွဲနေကြဟန် တူသည်။

ထိုရွှေရောင်လက်များအဖွဲ့သည် နာမည်ဆိုးဖြင့် ကျော်ကြားသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ကောင်းဖန်နှင့် လင်ရှင်းရွယ်တို့သည် သူတို့အား အကြောင်းမရှိပဲ မုန်းနေကြခြင်း မဟုတ်ပေ။

ကောင်းဖန်သည် ထိုအဖွဲ့နှင့် ပတ်သက်၍ စုံစမ်းရန် လူလွှတ်ထားပြီး ဖြစ်သည်။ သူသည် လသာဆောင်တွင် ထိုင်ရင်း နေရောင်ကို ခံစားကာ အချက်အလက်များကို ဖတ်ရှုနေသည်။

ရွှေရောင်လက်များ အဖွဲ့သည် လိုထျန်းနတ်ဘုရား ဘာသာကို ကိုးကွယ်ကြသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

လိုထျန်းဘာသာကိုးကွယ်သူ အများစုသည် ထိုအဖွဲ့သားများ တစ်ဦးချင်းစီကိုတော့ မသိထားကြပဲ အစွန်းရောက်သူများဟူ၍သာ သိထားကြသည်။

ရွှေရောင်လက်များသည် ကမ္ဘာအနှံ့တွင် နာမည်ဆိုးများနှင့် ကျော်ကြားလေသည်။ ကပ်ဆိုးမတိုင်မီကပင် ထိုအဖွဲ့သည် အမြဲဒုက္ခပေးလေ့ရှိသည်။ အတိတ်က ကျင်းရှာတိုင်းပြည်တွင် လွတ်လပ်ရေး လှုပ်ရှားမှုတစ်ခု ရှိခဲ့သည်။ ထိုစဉ်က ကျင်းရှာ၏ အရှေ့ဘက်ဒေသတွင်ရှိသော မြို့အချို့သည် လွတ်လပ်ရေးအတွက် တိုက်ပွဲ၀င်ခဲ့ကြသည်။

ထိုအရေးအခင်းကို ကြိုးကိုင်သူမှာ ရွှေရောင်လက်များ အဖွဲ့အစည်း ဖြစ်သည်။ ထိုမြို့များတွင် ကိုယ်ပိုင်စစ်တပ်မရှိသောကြောင့် သူတို့ကို အလွယ်တကူ ဖမ်းမိခဲ့ပြီး ရွှေရောင်လက်များ အဖွဲ့၀င်များကိုလည်း ဖမ်းမိခဲ့သည်။

ထို့နောက် အဖွဲ့ထဲမှ အယူသည်းသူ အချို့သည် အသေခံဗုံးခွဲခြင်းများ လူသားဒိုင်းဖြင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထိုကိစ္စသည် တော်တော်ပင် ခေါင်းကိုက်စရာ ဖြစ်သွားခဲ့သည်။

သို့သော် ကျင်းရှာတိုင်းပြည်၏ ဥပဒေကလည်း အနည်းငယ် ထူးခြားသည်။ ရွှေရောင်လက်များ အဖွဲ့အစည်းသည် နိုင်ငံတော်တော်များများတွင် အကြမ်းဖက်များဟု အမည်တပ်ခံရသော်လည်း ထိုနိုင်ငံကမူ ရာဇ၀တ်မှု မကျူးလွန်သော အဖွဲ့သားများကိုတော့ မဖမ်းဆီးပဲ လွှတ်ထားလေသည်။

အရင်က ကျင်းရှာတိုင်းပြည်သည် ယခုတော့ ကျင်းရှာဒေသဖြစ်နေပြီ ဖြစ်သည်။ ယခုထိလည်း ရာဇ၀တ်မှု ကျူးလွန်သူများကိုသာ ခုံရုံးတင်လေ့ ရှိသေးသည်။

ကပ်ဆိုးပြီးနောက်တွင် ကမ္ဘာသစ်မဟာမိတ်အစိုးရ ဟူ၍ တည်ထောင်လိုက်ပြီးနောက် ရွှေရောင်လက်များသည် ပိုပင် အတင့်ရဲလာကြသည်။ ကပ်ဆိုးကြီးကြောင့် တိုင်းပြည်တော်တော်များများသည် သူတို့၏ ကိုယ်စီပြဿနာများကိုပင် မဖြေရှင်းနိုင်ကြပြီ ဖြစ်ကာ ကျင်းရှာတိုင်းပြည်ကို လွှတ်ထားမိလိုက်ကြသည်။

ကမ္ဘာသစ်မဟာမိတ်အစိုးရ အဖွဲ့သည် အခိုင်အခန့် တည်ထောင်ပြီးသည့်နောက် ရွှေရောင်လက်များသည်လည်း အရင်ထက်ပင် ဩဇာလွှမ်းမိုး လာကြသည်။ သို့သော် သူတို့၏ လုပ်ရပ်များကတော့ တဖြည်းဖြည်း လူသိနည်းလာကြသည်။

သူတို့သည် အသစ်တင်လိုက်သော အစိုးရကို တည်မြဲစေဖို့ရာ ကမ္ဘာသစ်မဟာမိတ်အစိုးရသည် ရွှေရောင်လက်များကို လျစ်လျူရှုထားကြသည်။

ဒီလိုဖြစ်ခဲ့တာကိုး..

ကောင်းဖန်သည် ရေရွတ်နေလေသည်။

သူသိလိုက်ရသော အချက်အလက်များအရ ရွှေရောင်လက်များသည် တင်းကြပ်သော ရာထူးဂုဏ်သိမ်အဆင့်ဆင့်ဖြင့် ကြီးမားသော အဖွဲ့အစည်း ဖြစ်သည်။ ဒေသနှစ်ခုသည် အလှမ်းကွာဝေးသောကြောင့် ကပ်ဆိုးကြီးပြီးနောက်တွင် ရွှေရောင်လက်များ၏ အချက်အလက်များကို စုဆောင်းရန် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းပင်လျှင် ခက်ခဲမှု ရှိနေခဲ့သည်။

သူတို့သိထားခဲ့သည်မှာ ရွှေရောင်လက်များသည် သူတို့၏ အာဏာကို တိုးတက်စေရန် ကပ်ဆိုးအတွင်းတွင် မိဘဆုံးရှူံးခဲ့သော မိဘမဲ့ကလေးများကို စုဆောင်းနေသည် ဆိုသော အချက်ဖြစ်သည်။

ကောင်းဖန်သည် မကောင်းဆိုးဝါးများကို တိုက်ထုတ်မည်ဆိုသော လူစားများထဲတွင်တော့ မပါချေ။ သူ့တွင် ထိုအရာများ လိုက်လုပ်ဖို့ အချိန်လည်း မရှိပေ။ သို့သော် ရွှေရောင်လက်များသည် သူတို့၏ လုပ်ရပ်များမှာ အလွန်ပင် အစွန်းရောက်လှသည်။ ထို့ကြောင့် အပြစ်မရှိသူများပင် သူတို့၏ လုပ်ရပ်များကြောင့် နာကျင်ခံစားကြရသည်။ အရေးကြီးဆုံးမှာ ရွှေရောင်လက်များသည် ယွီကျိုးကို သိမ်းရန် ကြိုးစားနေကြခြင်းပင်။ သူတို့သည် ယွီကျိုး၏ အောက်ပိုင်းမြို့တစ်ခုတွင်ပင် တောင်ဝိဉာဉ်များနှင့် ပူးပေါင်း ကြံစည်နေကြသည်။ ထို့ကြောင့်လည်း ကောင်းဖန်သည် ပို၍ သတိထားမိနေခြင်းပင်။

တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည်လည်း ယွီကျိုးမြို့ခြေတွင် ရှိကာ ထိုတောင်ဝိဉာဉ်များသည် အဖျက်စွမ်းအင်များ ကြီးမားကြသောကြောင့် သူတို့ကို သတိမထားမိလျှင် ယွီကျိုးမြို့လည်း ကပ်ဘေးဆိုက်သွားနိုင်သည်။

“တကယ်ပါပဲ.. ကျင်းရှာတိုင်းပြည်မှာပဲ အေးဆေးနေကြတာ မဟုတ်ဘူး.. ယွီကျိုးအထိတောင် ဘယ်လိုရောက်လာကြတာလဲ” ကောင်းဖန်သည် ကူကယ်ရာမဲ့ ဖြစ်နေသည်။ သူသည် ထိုကိစ္စကို အမှန်ပင် မကိုင်တွယ်ချင်ပါပေ။ “မင်းတို့အရူးတွေ တကယ်ပဲ တောင်ဝိဉာဉ်တွေနဲ့ ပူးပေါင်းနေကြတာလား”

ယခုအခြေအနေမှာ သူသည် သူ့အိမ်ထဲတွင် ကိုယ့်အလုပ်ကိုယ်လုပ်ကာ အေးဆေးနေနေပါလျက် အရူးတစ်သိုက်က သူ့အိမ်ထဲ ဗုံးသယ်ပြီး ၀င်လာသည်နှင့်ပင် တူနေသည်။

သူတို့ဘာလို့ ဒီလိုလုပ်ကြတာလဲ။

အရေးကြီးဆုံးအချက်မှာ တောင်ဝိဉာဉ်များ၏ အရေအတွက် ဖြစ်သည်။ မည်သူမျှ ထိုအရေအတွက်ကို မသိကြ‌သော်လည်း ကောင်းဖန်ကတော့ အနည်းဆုံးတစ်ရာခန့် ရှိမည်ဟု ခန့်မှန်းသည်။ အပျော့ညံ့ဆုံး တောင်ဝိဉာဉ်သည်ပင် နတ်ဘုရားအဆင့် သားရဲ၏ စွမ်းအင်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် တစ်ဦးချင်းစီ၏ စွမ်းအင်ကပင်လျှင် ကြီးမားသော ဆိုးကျိုးများကို သက်ရောက်နိုင်ပေသည်။

အကယ်၍သာ တောင်ဝိဉာဉ်များသည် ရွှေရောက်လက်များနှင့် ပူးပေါင်းလိုက်ပါက ယွီကျိုးမြို့တော်သည် ချက်ချင်းပင် ပြားပြား၀ပ်သွားမည် ဖြစ်သည်။

ကောင်းဖန်သည် စိတ်ကူးနှင့်ပင် ကျောချမ်းနေမိသည်။

ထို့ကြောင့်လည်း သူ့ဘက်မှ မြန်မြန်လှုပ်ရှားဖို့ လိုနေခြင်း ဖြစ်သည်။ သူတို့သည် တောင်ဝိဉာဉ်များနှင့် အမှန်တကယ် ပူးပေါင်းနေသည် ဆိုပါက သူသည် ရွှေရောင်လက်များကို မည်မျှပင် ကုန်ကျပါစေ နှိမ်နှင်းရမည် ဖြစ်သည်။ ကောင်းဖန်သည် ရုတ်တရတ် အကြံရသွားသည်။ သူသည် တောင်ဝိဉာဉ်များပိုင်ဆိုင်သော စွမ်းအားနှင့် ဆင်တူသော အဖျက်စွမ်းအင်ရှိသည့် အရာများကို ထိန်းချုပ်နိုင်သည် မဟုတ်ပါလား။

သူသည် မသိလိုက်ခင်မှာပင် ရင့်ကျက်လာနေပြီ ဖြစ်သည်။

အဖိုးသည် လက်ရှိတွင် တောင်ပိုင်းကောင်းကင် အဖွဲ့ဌာနချုပ်၌ ရှိနေသည်။ ကောင်းဖန်သည် အဖိုးက ခုတလော အလုပ်ရှုပ်မည်ဖြစ်ကြောင်း ပြောထားသည်ကို သတိရသွားသည်။ ကုမ္ပဏီသည် ရှန်ရှီနှင့် ရှန်ပယ်ဒေသများသို့ တိုးချဲ့ရန် စီစဉ်နေသည် ဖြစ်ကာ အဖိုးသည် ထိုကိစ္စကိုသာ အာရုံစိုက်ထားလေသည်။

သူသည် မည်သည့်ကိစ္စဖြစ်ဖြစ် အဖိုးကို တက်ပြောတတ်သူ မဟုတ်ပေ။ ကျီဟန့်ဝူသည် သူ့အဖိုး ဖြစ်ပြီး ကလေးထိန်းမဟုတ်ချေ။

သူသည် အဖိုး၏ ကာကွယ်‌မှုအောက်တွင် သူ အမြဲနေနေပါက မပျံတတ်သော ငှက်‌ကလေးလို ဖြစ်နေမည်ပင်။

ကောင်းဖန်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခဏစဉ်းစားလိုက်ကာ ဖုန်းခေါ်လိုက်သည်။

“ဦးလေးဟွမ်း.. ဘယ်မှာလဲ.. ရှောင်ယမ်ရှန်းမှာလား.. ဟုတ်ပြီ.. မြောက်ပိုင်းလမ်းမအထွက်ကိုသွားပြီး ကျွန်တော့်ကို စောင့်နေပေးပါ”

သူဖုန်းချပြီးသောအခါ ကောင်းဖန်သည် မျက်လုံးကို မှေးစင်းကာ တောင်တန်းများဆီ ကြည့်လိုက်သည်။

သူသည် ဧကရာဇ်အဆင့် ကိုယ်ပိုင်သားရဲကို ပိုင်ဆိုင်သူ ဟူ၍တော့ မကြား‌ဖူးသေးချေ။ အကယ်၍ ရွှေရောင်လက်များတွင် ဧကရာဇ်အဆင့် ကိုယ်ပိုင်သားရဲ ရှိနေပါက ထိုကဲ့သို့ ပုန်းနေမည်ဟုတော့ မထင်ပါချေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၂၇၀ ခြေရာများ

ကောင်းဖန်သည် ခေါင်မိုး‌မှနေ၍ ပထမထပ်သို့ ခုန်ဆင်းလိုက်ပြီး အင်္ကျီမီ ဖုန်များကို ခါလိုက်ကာ အနီးအနားမှ ကိုယ်ပိုင်သားရဲများကို ခေါ်လိုက်သည်။ “ဒန်ဘီ.. အစင်းလေး.. ဖလိန်မီ.. ဂိုဒီ.. လာကြဦး”

ကောင်းဖန်‌တစ်ယောက် ခရီးဝေးသွားရမည်ဆိုလျှင် ဖလိန်မီကို လိုမြဲဖြစ်သည်။ ဒန်ဘီကတော့ ကောင်းဖန်၏ အဖွဲ့တွင် အသန်မာဆုံး သားရဲဖြစ်သည်။ အစင်းလေးကတော့ ခရီးသွားရာတွင် တောင်တန်းအဖြစ်လည်းကောင်း၊ စစ်တိုက်ရာတွင် သံချပ်ကာ အဖြစ်လည်းကောင်း နေပေးနိုင်သည်။ ဂိုဒီကတော့ စွမ်းရည်ကန့်သတ်ချက်ရှိသော်လည်း အကောင်းဆုံး ကြိုးစားပါက သူသည်လည်း ကောင်းကောင်းလုပ်နိုင်ပေသည်။

တာ့ဇီကတော့..

သူသည် ကောင်းဖန်တစ်ယောက် အခြား သားရဲများနှင့် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူနှင့် ဆီလီသာ ကျန်ခဲ့လေသည်။

တာ့ဇီသည် ကလေးဆိုးလို လုပ်ကာ ကောင်းဖန်ရှေ့တွင် လှိမ့်နေလျက် “မတရားဘူး မတရားဘူး”

ကောင်းဖန်က ဒူးထောက်ထိုင်လိုက်ကာ တာ့ဇီကို ကိုင်လိုက်သည်။ “မင်းက ဒန်ဘီလောက် သန်မာနေ‌ပြီလား”

တာ့ဇီသည် ကြက်သေသေသွားပြီး ခေါင်းကို ဖြေးညင်းစွာ ရမ်းလိုက်သည်။

“ဖလိန်မီလောက်ရော မြန်မြန် ပျံနိုင်ပြီလား” တာ့ဇီက ခေါင်းကို ယမ်းလိုက်ပြန်သည်။

“အစင်းလေးလောက်ရော ဒူပေနာပေ ခံနိုင်ပြီလား” တာ့ဇီသည် ငိုမဲ့မဲ့ ဖြစ်လာလေသည်။

“မင်းဂိုဒီကို အနိုင်ရတဲ့ တစ်နေ့ကျရင် မင်းကို ခေါ်သွားပေးမယ်”

တာ့ဇီသည် ကြွက်သားအပြိုင်းပြိုင်းဖြင့် သန်မာနေပြီ ဖြစ်သော ဂိုဒီကို ကြည့်လိုက်သည်။ တာ့ဇီသည် သနားစရာကောင်းစွာပင် ခေါင်းငိုက်စိုက်ကျသွားသည်။

ကောင်းဖန်က သက်ပြင်းချလိုက်တာ တာ့ဇီကို အားပေးလိုက်သည်။ “အဲဒါကြောင့် အခုတော့ အိမ်မှာပဲနေပြီး သေချာလေ့ကျင့်နော်..”

တာ့ဇီ၏ နောက်ကျောကို ကြည့်ပြီး ကောင်းဖန်က ရေရွတ်လိုက်သည်။ “မနည်းတားလိုက်ရတာပဲ”

…

နာရီ၀က်ခန့်ကြာသောအခါ ကောင်းဖန်သည် ယွီကျိုးမြို့၏ မြောက်ဘက်လမ်းမအထွက်သို့ ရောက်လာသည်။

ထိုထွက်ပေါက်မှ တဆင့် ယွီကျိုးဆင်ခြေဖုံးများသို့ ရောက်မည် ဖြစ်သည်။ ထိုလမ်းမကြီးသည် တောင်များဆီသို့ တည့်တည့်ကြီး ဦးတည်နေသည်။ သို့သော် လမ်းမကြီးသည် ၁၀ ပေခန့် ကျိုးပေါက်နေသည်။ တစ်ယောက်ယောက်က ထိုနေရာမှ ဖြတ်မောင်းလိုက်ပါက အောက်သို့ ထိုးကျသွားမှာ သေချာသည်။

ထိုအပေါက်သည် အကျယ် ၁၂ ပေခန့်ရှိပြီး ထိုအပေါက်ကို ဖြတ်နိုင်ရန်အတွက် ကြီးမားသော ပင်စည်ကြီးများကို တံတားသဖွယ် ထိုးထားသည်။ ထိုလမ်းမတွင် လမ်းလျှောက်သွားလာသူ အနည်းငယ် ရှိသေးသည် မဟုတ်ပါလား။ ထိုသူအများစုသည် တောင်မှဆင်းကာ ထိုမြောက်ပိုင်းလမ်းမကြီးနှင့် ဆက်သွယ်နေသော လမ်းလေးများမှ လာကြခြင်း ဖြစ်သည်။

ထိုနေရာကို အပေါ်စီးမှ ကြည့်လျှင် အပင်ကြီးတစ်ပင်ကို ပင်စည်မှ ဖြတ်ထားပြီး လမ်းမပေါ်ကျနေသည်နှင့်ပင် တူသေးသည်။ များစွာသော သစ်ကိုင်းများသည် သစ်ပင်၏ ကိုယ်ထည်မှ နေရာတိုင်းသို့ ထိုးထွက်နေပြီး တောင်တန်းများနှင့် ဆက်စပ်နေသကဲ့သို့ပင်။

မြောက်ပိုင်းလမ်းမ ထွက်ပေါက် အပြင်ဘက်တွက်တော့ ကြီးမားသော သားရဲကြီးသည် တိတ်ဆိတ်စွာ ရပ်နေပြီး ဖြတ်သန်းသွားလာသူများကလည်း သတိထားမိနေကြသည်။

သူ၏ ကြီးမားသော သွင်ပြင်ကြီးသည် ထိုနေရာတစ်ခုလုံး လွှမ်းမိုးနေသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်တတ်သော ပင့်ကူမကြီးနားမှ ဖြတ်သန်းသွားသူတို့သည် ကြောက်စိတ်ဖြင့် နှေးသွားကြသည်။

“ကံကောင်းလိုက်တဲ့သူပဲ.. သူက နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲ ဆိုတာ သေချာတယ်” မြောက်ပိုင်းလမ်းမစစ်တပ်တွင် တာ၀န်ထမ်းဆောင်နေသော စစ်သားတစ်ယောက်က အကာအရံများပေါ်မှနေ၍ အံ့အားသင့်စွာ ပြောလိုက်သည်။ သူသည် ထိုနေရာတွင် နေ့တိုင်း တာ၀န်ကျသည် ဖြစ်ပြီး ‌ကိုယ်ပိုင်သားရဲများစွာကို မြင်ဖူးသူ ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲကိုလည်း ပထမဆုံး မြင်ဖူးခြင်းတော့ မဟုတ်ပါချေ။

သို့သော် သူသည် နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲများကို မည်မျှပင် မြင်ဖူးပါစေ အမြဲတမ်း မနာလို ဖြစ်မိသည်ချည်းပင်။

ပင့်ကူမကြီးသည် နတ်ဘုရားအဆင့် စွမ်းအင်များကို မထုတ်လွှတ်နေသော်လည်း သူမ၏ ကြီးမားသော အရွယ်အစားနှင့် ကြောက်မက်ဖွယ် အငွေ့အသက်ကပင် နတ်ဘုရားအဆင့်ဟု ခန့်မှန်းနိုင်နေသည်။

နတ်ဘုရားအဆင့် သားရဲတိုင်းသည် မကြီးမားကြသော်လည်း၊ ကြီးမားသော သားရဲများကတော့ နတ်ဘုရားအဆင့် ဖြစ်ကြတာများလေသည်။ အဘယ်ကြောင့်ဆိုသော် သားရဲ၏ ခန္ဓာကိုယ်သည် ကြီးမားလေလေ အလွန်ကြောက်ဖက်ဖွယ် စွမ်းအင်များကို ထုတ်လွှတ်နိုင်လေ ဖြစ်သောကြောင့်ပင်။ သူတို့၏ ကြီးမားသော ကိုယ်ကြီးများသည် ကြီးမားသော သတ်ဖြတ်စက်ကြီးများလိုပါပင်။

ပင့်ကူမကြီး၏ ကျောပေါ်တွင် ထိုင်နေသော ဟွမ်းယာသည် ကောင်းဖန် ရောက်လာသည်ကို တွေ့လိုက်သည်။ သူသည် မတ်တပ်ရပ်လိုက်ရင်း “သခင်လေးကောင်း ရောက်ပြီလား”

ပင့်ကူမကြီးသည် များပြားလှသော ပင့်ကူမျှင်များကို ထုတ်လိုက်သည်။ ထိုအမျှင်များ မာကျောသွားသောအခါ သူမ၏ ပါးစပ်မှနေ၍ မြေကြီးပေါ်သို့ ဆင်းနေသော လျှောကြီးသဖွယ် ဖြစ်သွားသည်။

ဟွမ်းယာသည် ထိုအပေါ်မှနေ၍ လျှောဆင်းလာသည်။

ဟွမ်းယာရောက်သွားသောအခါ ပင့်ကူမကြီးသည် ပါးစပ်ကြီးကို ချက်ချင်းပိတ်လိုက်ပြီး ပင့်ကူမျှင်လျှောကြီးသည် ခေါက်ဆွဲများကဲ့သို့ ပါးစပ်တွင်း ပြန်၀င်သွားသည်။

“မိတ်ဆွေတစ်ယောက်ကို သွားရှာရအောင်” ကောင်းဖန်သည် အစင်းလေးပေါ်တွင် ထိုင်ပြီး ဟွမ်းယာကလည်း ပင့်ကူမကြီး၏ ကျောပေါ် ပြန်တက်လိုက်ကာ တောထဲသို့ ဦးတည်လိုက်ကြသည်။ တစ်ယောက်က ပင့်ကူကြီးကို စီး၍ တစ်ယောက်က ပင့်ကူလေးပေါ်တွင် စီးလျက်ဖြစ်သည်။

“ပင့်ကူလေးက ပင့်ကူကြီးရဲ့ သားများလား”

“ငါလည်း ထင်တာပဲ”

“ဒါပေမယ့် တစ်ကောင်က ငွေရောင် ဖြစ်ပြီး တစ်ကောင်က အနက်ရောင်နော်”

“မင်းက မျိုးရိုးဗီဇတွေအကြောင်း သိလို့လား”

လူများသည် အနောက်တွင် ငြင်းခုံရင်း ကျန်ခဲ့ကြသည်။

ကောင်းဖန်ကတော့ မတုန်မလှုပ်ရှိနေသည်။

တောင်တက်လမ်းသည် အလွန်ပင် မတ်စောက်သည်။ ကံကောင်းစွာပင် သူတို့သည် ပင့်ကူများကို စီးနေကြသည်။ ပင့်ကူများသည် တောင်များတွင် သွားလာရတာ လွယ်ကူပြီး သူတို့၏ သေးသွယ်သော ခြေထောက်များသည် အပင်များကြားထဲမှ အလွယ်တကူ ဖြတ်သွားနိုင်သည်။ ထို့ကြောင့် တောင်ပေါ်သစ်ပင်များသည်လည်း ပင့်ကူမကြီး၏ ဒဏ်ကို မခံရပါချေ။

ဆန့်ကျင်ဘက်တွင် အစင်းလေးကတော့ အရွယ်ပိုသေးသဖြင့် တောင်တက်ရတာ ပိုနှေးနေသည်။

သူတို့သည် မြစ်တစ်ခုကို ဖြတ်ပြီးနောက် စမ်းချောင်းစီးသံများသည် ပိုမိုနီးကပ်လာသည်။ ထိုစမ်းချောင်းသည် တောင်ကို ဖြတ်ကာစီးဆင်းနေရင်း ရုတ်တရတ် ပတ်၀န်းကျင် အနေအထားမှာ ပြောင်းလဲသွားသည်။ ဒီစမ်းချောင်းကို မြင်ဖူးသလိုပဲ.. ကောင်းဖန်သည် ဆက်မတွေးလိုက်နိုင်ခင်မှာပင် ကြီးမားသော သွေးစုပ်မျှော့ကြီးသည် ရုတ်တရတ် ထွက်ပေါ်လာသည်။

မျှော့ကြီး၏ ကြီးမားသော အနက်ရောင်ကိုယ်လုံးကြီးသည် ရေထဲတွင် ထွင်းဖောက်ကာ မြင်နေရပြီး ရေအပြင်ဘက်တွင်တော့ ပိန်းပိတ်အမှောင် ဖြစ်နေသည်။ ပင့်ကူမကြီး၏ ငွေရောင်ခြေထောက်ကြီးသည် လေထဲတွင် ဝဲလာပြီး ဓားတစ်ချောင်းကဲ့သို့ ပိုင်းဖြတ်လိုက်သည်။

မျှော့ကြီးသည် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားပြီး ရေထဲသို့ ပြုတ်ကျသွားသည်။

ထိုအခါမှ ကောင်းဖန်က မှတ်မိသွားသည်။ သူသည် ထိုစမ်းချောင်းကို ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထိုမျှော့ကြီးသည် သူ့ကိုယ်သူ ရေထဲတွင် မမြင်ရအောင်နေကာ ပုန်းနေခဲ့ခြင်း ဖြစ်သည်။

ပင့်ကူမကြီးသည် အခြားမျှော့ကြီးများကိုလည်း ခြောက်လှန့်နိုင်လိုက်ဟန်တူသည်။ အကုန်ကြောက်လန့်ကုန်ကြပြီး ကျန်ရှိသော မျှော့ကြီးများသည် စမ်းချောင်းထဲတွင် ပုန်းနေရာမှ ထွက်မလာတော့ပဲ ကောင်းဖန်တို့ ထွက်သွားသည်ကိုသာ ကြည့်ပြီး ကျန်ခဲ့ကြသည်။

ကောင်းဖန်တို့ ဝေးဝေးရောက်သွားတော့မှ သူတို့သည် ရေပေါ်သို့ပြန်တက်ကာ အသက်ကို လု‌ရှူနေကြသည်။

နှစ်နာရီခန့်ခရီးဆက်ပြီးသောအခါ ကောင်းဖန်က ရပ်လိုက်သည်။

“ဒီနေရာ တောင်ဝိဉာဉ်တွေရှိတဲ့ နေရာပဲ”

ထိုနေရာသည် တောင်တန်းများ၏ နက်ရှိုင်းသော နေရာတွင် ရှိပြီး တောအုပ်သည် အလွန်ထူထပ်နေသည်။ ကြီးမားတုတ်ခိုင်သော အပင်များသည် ကမ္ဘာ့အောက်ခြေမှ ထွက်လာသလို ရှိနေပြီး သိပ်သည်းသော အမိုးကြီးကဲ့သို့ တိမ်များကိုပင် မမြင်ရအောင် ရှိနေသည်။ မြေကြီးတွင်ပင် အရိပ်ကြီးများ ဖြစ်နေသည်။

ကောင်းဖန်သည် ထိုနေရာကို လေ့လာရန် ကုန်းမြင့်တစ်ခုကို ရှာလိုက်သည်။ တောင်ဝိဉာဉ်များသည် အရွယ်အစား အလွန်ကြီးမားသည့်အတွက် ရှာရလွယ်မည်ကို သူသိလေသည်။

သို့သော် ကြိမ်ဖန်များစွာ ရှာဖွေပြီးသည့်တိုင် သူသည် တောင်ဝိဉာဉ်ကို ရှာမတွေ့ပဲ ဖြစ်နေသည်။ သူသည် ကျန်ရှိသော ခြေရာများကိုသာ ‌ရှာတွေ့လေသည်။

မြေကြီးများသည် ခြေရာရှိသောနေရာတွင် တူးဆွထားသလို ဖြစ်နေပြီး အချို့သော အပင်မြစ်များပင် အပြင်သို့ ထွက်ပေါ်နေသည်။

မကြာခင်က မိုးသည်းထန်စွာ ရွာထားသောကြောင့် ထိုခြေရာခွက်များထဲတွင် ရေများနှင့် ပြည့်နေသည်။ အရွက်ခြောက်များက ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသည်။

ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အကြောင်းရင်းမရှိစွာပင် ရွှေရောင်လက်များကို စဉ်းစားမိလိုက်သည်။

တောင်ဝိဉာဉ်များသည် ပျင်းရိလေ့ရှိကြပြီး အကြောင်းမရှိပါက လှုပ်လှုပ်ရှားရှားနေကြသူများ မဟုတ်ပေ။

မကြာခင်က ရွှေရောင်လက်များသည် တောထဲသို့ လာသွားခဲ့သည်။ ထိုအချက်နှစ်ခုက ဆက်စပ်နေရော့သလား။

“သူတို့ကို ဖမ်းရမယ်” ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် ခဏရပ်၍ ဖလိန်မီကို ပြောလိုက်သည်။ “ဖလိန်မီ.. ကောင်းကင်မှာပျံနေ.. တောင်ဝိဉာဉ်ဖြစ်ဖြစ်၊ လူတွေကို ဖြစ်ဖြစ် တွေ့တာနဲ့ လှမ်းသတိပေးလိုက်”

“ဦးလေးဟွမ်းက လမ်းကျဉ်းတဲ့နေရာတွေပဲရွေး.. မြင်ကွင်းကျယ်မှာမနေနဲ့”

***

သားရဲလေ့ကျင့်သူ

အခန်း ၂၇၁ ရှာဖွေတွေ့ရှိမှု

ကျဉ်းမြောင်းသောလမ်း..

ဦးလေးဟွမ်းသည် အောက်မှ ပင့်ကူမကြီးကို ငုံ့ကြည့်လိုက်သည်။ ဘယ်လို လမ်းကျဉ်းကို သွားရမှာပါလိမ့်။

ပင့်ကူမကြီးသည် အရွယ်အစားကြီးမားသော်လည်း အရပ်အမြင့်ကတော့ ပေ ၃၀ ပင် မရှိချေ။ ၂၅ ပေလောက်သာ ရှိလေသည်။

မြေပြန့်တွင်တော့ ထိုအမြင့်သည် အတော်လေး မြင့်သည်ဟု ဆိုရမည် ဖြစ်သော်လာ်း သိပ်သည်းနက်နဲသော တောနက်ထဲတွင်တော့ မပြောပလောက်တော့ပေ။ မိုးထိအောင် မြင့်သော အပင်များသည် နေရာတိုင်းတွင် ရှိနေသည်။

ထို့ကြောင့် သေချာဂရုစိုက်မရှာပါက ပင့်ကူမကြီးသွားလာနေသည်ကို အလွယ်တကူတွေ့နိုင်မည် မဟုတ်ပေ။

၁၀ မိနစ်ခန့်ကြာသောအခါ ကောင်းဖန်သည် ဖလိန်မီ၏ အသံကို ကြားလိုက်သည်။

“ကောင်းဖန်.. သူတို့ကို တွေ့ပြီ.. အများကြီးပဲ.. အများကြီးပဲ”

“ဘာကများတာလဲ”

“တောင်တွေ အများကြီးပဲ”

ကောင်းဖန်သည် ဆွံ့အသွားသည်။ တောင်ကဘာများ ထူးဆန်းလို့လဲ။ အခုပဲ တောင်တွေပေါ်လျှောက်နေပြီး တောင်တွေ၀န်းရံထားတဲ့နေရာမှာပဲ နေနေတာလေ။

ယွီကျိုးတွင် တောင်မရှိသည့်နေရာဆိုတာ ခပ်ရှားရှား ဖြစ်သည်။

“မဟုတ်ဘူး တောင်ဝိဉာဉ်တွေ အများကြီးလို့ ပြောတာ”

ကောင်းဖန် ရင်တစ်ချက် ခုန်သွားသည်။ အကယ်၍ သူတို့ရှေ့တွင် တောင်ဝိဉာဉ်များ ရှိနေသည်ဆိုလျှင် ရွှေရောင်လက်များအဖွဲ့လည်း အနီးအနားတွင် ရှိနိုင်သည်။

“ဖလိန်မီ.. မင်းက ကိုယ်ပိုင်သားရဲဆိုတာကို ထုတ်ဖော်မပြနဲ့.. အခုချက်ချင်း မင်းက တောင်ဝိဉာဉ်တွေကို တွေ့လို့ ကြောက်လန့်ပြီး ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ မကောင်းဆိုးဝါးလို ဟန်ဆောင်လိုက်”

ဖလိန်မီသည် ကြက်သေသေသွားပြီး သိပ်မဝေးလှသေးသော တောင်ဝိဉာဉ်များကို ကြည့်လိုက်သည်။ သူ၏ တောင်ပံကို အောက်စိုက်ပြီး ၂ ချက်ခတ်လိုက်ပြီး မျက်လုံးကို ထိတ်လန့်နေသည့်ပုံဖြစ်အောင် ဖမ်းကာ နောက်ပြန် ပျံသန်းလိုက်သည်။

ထို့နောက် ကျိုးပြတ်သော စွန်ကဲ့သို့ လည်ပတ်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာလိုက်သည်။

“ဟိုငှက်က ကိုယ်ပိုင်သားရဲလား.. ပုံမှန်သားရဲကတော့ ဒီလောက် နတ်ဘုရားအဆင့် သားရဲတွေရှိနေတဲ့နားကို သိသိကြီးနဲ့ လာစရာအကြောင်းမရှိပါဘူး.. ဒါပေမယ့် သူပျံတာ နီးလွန်းတယ်” လူတစ်စုသည် သိပ်မဝေးလှသော တောင်ထိပ်တွင် ရပ်ပြီး ပြောနေကြသည်။

“ငတုံးမို့လို့ နေမှာပေါ့” ဆံပင်နီနီဖြင့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ဖလိန်မီကို ကြည့်ကာ ပြောလိုက်သည်။ “သူပြုတ်ကျတဲ့ အနေအထားကို ကြည့်တာနဲ့တင် သူ့ဦးနှောက်က ကျပ်မပြည့်တာ သေချာတယ်”

“မင်းပြောတာဟုတ်တယ်.. ကျပ်မပြည့်တဲ့ကောင်မို့လို့သာ နတ်ဘုရားအဆင့် သားရဲတွေ ရှိမှန်းသိတဲ့နားကို လာရဲတာပေါ့” ဆံပင်ဖြူဖြူနှင့် ကောင်လေးတစ်ယောက်က အားပါးတရ ထောက်ခံလိုက်သည်။

တကယ်တော့ ဖလိန်မီသည် သူတို့ကို မတွေ့ပေ။ သို့သော် ကံကောင်းစွာပင် ထိုသူများက သူ့ကို ဂေါက်သီးဟု ထင်သွားကြခြင်း ဖြစ်သည်။

ရွှေရောင်လက်များမှ သူများသည် သူတို့အောက်ခြေမှ တောင်ဝိဉာဉ်များသွားလာနေသည်ကို ကြည့်နေကြရင်း သူတို့ရင်တွင်းမှ ပူလောင်သော ခံစားချက်ကို ရလိုက်သည်။

အုပ်စုခေါင်းဆောင်သည် စိတ်အားထက်သန်စွာ ရေရွတ်လိုက်သည်။ “ရောက်တော့မယ် ရောက်တော့မယ်”

နက်ရှိုင်းသော တွင်းကြီးသည် သူတို့အောက်တွင် ရှိနေသည်။ ‌ထိုတွင်းချောက်ကြီး ဘေးတွင်တော့ ကြီးမားသော တောင်ကြီးများသည် ကောင်းကင်သို့ ထိလုနီးပါး ရှိနေကြသည်။

ထိုနေရာ၏ တောင်များ၀န်းရံထားမှုသည် အထီးကျန်မှုနှင့် ကူကယ်ရာမဲ့သော ခံစားချက်ကို ပေးနိုင်စွမ်း ရှိလေသည်။ တောင်ကြားလမ်းများကလည်း မတ်စောက်ပြီး အနက်ဆုံးနေရာတွင် သေမင်းတံခါး၀ကဲ့သို့ ကြီးမားသော တွင်းကြီး ရှိနေသည်။

မရေတွက်နိုင်အောင် များပြားလှသော တောင်ဝိဉာဉ်များသည် အတူတကွ စုဝေးလိုက်ကြရာ ဟော့ပေါ့အိုးထဲမှ ဖက်ထုပ်များနှင့်ပင် တူနေသည်။

ဆူပွက်နေသော အဖြူရောင်မြူခိုးများသည် တောင်တန်းများကို ဖုံးအုပ်ကာ လျင်မြန်စွာ စီးဆင်းနေကြသည်။ ထိုအထဲမှနေ၍ တောင်ဝိဉာဉ်ခေါင်းဆောင် ထွက်ပေါ်လာသည်။

လှုပ်ရှားသံများကို အဝေးကပင် ကြားနေရသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းကင်မှနေ၍ ငုံ့ကြည့်လိုက်လျှင် အခိုးအငွေ့များ မြူခိုးများ အလိပ်လိုက်ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ပြီး သစ်ပင်များသည်လည်း ဆင့်ကဲ့ဆင့်ကဲ့ လဲကျကာ တောင်ကြားချောက်ထဲ ကျသွားကြသည်ကို မြင်ရမည် ဖြစ်သည်။ ထို့အပြင် တောင်ဝိဉာဉ်များက သူတို့နောက်လိုက်လာသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။

တောင်ဝိဉာဉ်များသည် အလွန်ပင် ထူးခြားကြသည်။

တောင်များကြားတွင် ကောင်းဖန်သည် အဝေးမှ တောင်ဝိဉာဉ်များ၏ လှုပ်ရှားမှုကို အတိုင်းသားကြားနေရသည်။ သူသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ မျှော်ကြည့်လိုက်သည်။ “ရွှေရောင်လက်များအဖွဲ့မှာ တောင်ဝိဉာဉ်တွေကို ဆွဲဆောင်ဖို့ နည်းလမ်းတော့ ရှိမှာပဲ.. သူတို့သာ ယွီကျိုးမြို့မှာ အဲဒီနည်းလမ်းကို သုံးလိုက်ရင်..” ကောင်းဖန်သည် ရုတ်တရတ်သွေးများပင် ခဲမတတ် ဖြစ်သွားသည်။ သူသည် စိတ်ကူးပင် မယဉ်ရဲပါချေ။

တောင်ဝိဉာဉ်များသည် အရူးများကဲ့သို့ပင် အချင်းချင်း ပူးကပ်ပွတ်တိုက်နေကြသည်။ သို့သော် သူတို့ ဘာအတွက် လုပ်ဆောင်နေကြသည်ကိုတော့ အဖြူရောင်မြူခိုးများ ပိတ်နေသောကြောင့် သေချာမမြင်ရချေ။ အရိပ်အမြွက်မျှသာ မြင်ရလေသည်။

ဝုန်း.. ရုတ်တရတ်ဆိုသလို တောင်ဝိဉာ‌ဉ်များဆီမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုအသံကြီးသည် ဟွန်းသံကြီးကဲ့သို့ ကြာရှည်စွာ ထွက်ပေါ်နေကာ တောတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

မြေကြီးသည်လည်း သိမ့်သိမ့်တုန်သွားသည်။ တောင်ဝိဉာဉ်တစ်ပါးသည် သူ၏ကိုယ်မှ အက်ကွဲထွက်လာသော ချော်ရည်နီများလို အရည်များနှင့်အတူ အမြင့်သို့ တက်လာသည်။

တောင်ခြေတွင် တောင်ပံဖြန့်ကျက်ထားသော လူတစ်ယောက် လက်တစ်ဖဝါးခန့်ရှိ မီးခိုးရောင် အကောင်တစ်ကောင်သည် တောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ ပျံသန်းလာကာ ခေါင်းဖြူလူ၏ ကျောပေါ်တွင် နားလိုက်သည်။

ခေါင်းဖြူလူ၏ ၀တ်စုံသည်ရုတ်တရတ် ပြဲဟပွင့်ထွက်သွားသည်။ ဘီးများနှင့်တူသော ရွှေရောင်အလင်းတန်းနှစ်ခုသည် ကျောဘက်မှ ပွင့်ထွက်လာကာ ရွှေရောင်ပိတုန်းကြီး ထွက်လာသည်။ ဘီးများနှင့်တူသော ရွှေရောင်အလင်းတန်းများသည် ထိုပိတုန်းကြီး၏ တောင်ပံများ ဖြစ်သည်။

ထိုရွှေရောင်ပိတုန်းကြီးသည် ခေါင်းဖြူလူ၏ ကျောတွင် နက်ရှိုင်းစွာ တွယ်ကပ်နေပြီး ချွန်ထက်သော လက်သည်းများသည် အသားထဲသို့ စိုက်၀င်နေသည်။ သူ၏ ပါးစပ်သည် သွေးကြောများထဲသို့ နစ်၀င်နေပြီး ခေါင်းဖြူလူ၏ အသွေးအသားများကို စားသုံးနေသကဲ့သို့ ဖြစ်နေသည်။

ရွှေရောင်ပိတုန်းကြီးသည် ပါးစပ်ကြီးကို ဟလိုက်ပြီး လက်ဖဝါးအရွယ် မီးခိုးကောင်လေးကို ဝါးမြိုလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများသည် ပတ်၀န်းကျင်ကို ကြည့်ရှုစေ့ငုလိုက်ပြီးနောက် အတောင်ပံကို သိမ်းကာ အိပ်လိုက်သည်။

ထိုလူနောက်မှ လူတစ်ယောက်သည် သူ၏ အိတ်ထဲမှ အနက်ရောင် ၀တ်ရုံတစ်ခုကို ယူကာ ခေါင်းဖြူလူပေါ်တွင် တင်ပေးလိုက်သည်။

“အင်းဆက်ကောင်တွေ အဖွဲ့လိုက်ရှိနေမယ်လို့ မထင်ခဲ့ဘူး” ဆံပင်ဖြူဖြူလှိုင်းထနေသည့် သူတစ်ယောက်က မျက်နှာကြီး ပုတ်ကာ ပြောလိုက်သည်။ ထို့နောက် ကောင်းဖန်တို့ ရှိရာဘက်သို့ ကြည့်လိုက်သည်။

“အင်းဆက်ကောင်တွေဆီကတောင် အလှည့်စားခံရတော့မလို့”

ထိုအချိန်တွင် မျောက်ဝံကြီးတစ်ကောင်လို ရွေ့လျားနေသော အပြာရောင်ဘီလူးကြီးသည် သူ၏ ကျောပေါ်မှ တောင်ပံနှစ်ခုနှင့်အတူ ဖြေးညင်းစွာ လျှောက်လာနေရင်း အစွန်းဘက်တွင် ရပ်လိုက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော သွားများကို ဖြဲလိုက်ရင်း အောက်ဘက်သို့ စိုက်ကြည့်နေသည်။

အသက်ပြင်းပြင်းရှုလိုက်သောအခါ သိပ်သည်းသော အလင်းတန်းတစ်ခုသည် သူ၏ပါးစပ်ကြီးထဲတွင် ဖြစ်ပေါ်လာသည်။ လျှပ်စစ်အလင်းလေးများသည် မိုးကြိုးလုံးကြီးဘေးတွင် ဖြစ်ပေါ်လာပြီး လေထဲတွင် ကြီးမားသော အခုံးကြီး ဖြစ်ပေါ်လာသည်။

ဝုန်း

ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး တောင်ပသော အလင်းရောင်နှင့်အတူ မိုးကြိုးသံကျယ်ကြီးက ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

သိပ်သည်းနက်နဲသော တောထဲတွင် ပုန်းနေရင်း ကောင်းဖန်တို့ကို ရှာတွေ့သွားသော ဖလိန်မီသည် ကြောက်မက်ဖွယ် စွမ်းအင်ကြီးကို ခံစားမိလိုက်ရသည်။

အိုး မဖြစ်ဘူး..

ဖလိန်မီ၏ အမွှေးအတောင်များ ပြုတ်ထွက်လာသည်။ သူ၏ အတောင်များသည် ဝါဂွမ်းများကဲ့သို့ ဖြစ်နေကာ သူ၏ မျက်လုံးများသည် တောင်ထိပ်သို့ စူးစိုက်ကြည့်နေသည်။ တောနက်များကို ဖြတ်သန်းကာ တောင်ထိပ်နားမှ ထွက်ပေါ်လာသော အပြာရောင်အလင်းတန်းကြီးကို သူသည် မရှောင်လိုက်နိုင်ပါချေ။

အား..

ဖလိန်မီ၏ ကိုယ်ပေါ်မှ အမွှေးများအားလုံး ကျွတ်ထွက်သွားသည်။ ထို့ကြောင့် အနီရောင် မီးတောက်၏ တွန်းကန်အားနှင့်အတူ သူ၏ ကိုယ်သည် လွင့်ထွက်သွားသည်။ သူ့ကိုယ်ပေါ်၌ အမွှေးများ မရှိတော့သောကြောင့် ဖလိန်မီသည် ထိုအလင်းရောင်မှာ သူ့ကို ဝါးမြိုတော့မည်ဟု ထင်လိုက်မိသည်။

သူ့ကိုယ်ပေါ်မှာ အမွှေးများ တစ်မျှင်မကျန် လွင့်ထွက်သွားပြီ ဖြစ်သည်။

အဖြူရောင် အမွှေးများ၊ အနီရောင် မီးတောက်များ၊ အစိမ်းရောင် အလင်းတန်းများသည် လေထဲတွင် လွင့်ပါနေသည်။ ထိုအရာများအားလုံးသည် ပေါင်းစည်းသွားပြီးနောက်တွင် ထူထဲသော ဒိုင်းကာကြီး သဖွယ် ဖြစ်သွားသည်။

ထိုအချိန်တွင်..

ဝုန်း..

ပြင်းထန်သော မီးတောက်များကြောင့် သစ်ရွက်များ မီးလောင် ကုန်သည်။ ပေ ၃၀ အတွင်းရှိ အပင်များသည် ထိုအရှိန်ကြောင့် ချက်ချင်းပင် ပြာဖြစ်သွားသည်။

ထိုပေါက်ကွဲမှုနှင့် တစ်ချိန်တည်းမှာပင် မိုးကြိုးလျှပ်စီး အလင်းတန်းတစ်ခုသည် မိုးကြိုးပစ်သည့် အရှိန်ကဲ့သို့ ကောင်းကင်မှ ကျရောက်လာသည်။ မိုးကြိုးများ မီးတောက်များဖြင့် ထိုနေရာတစ်ခုလုံးသည် ငရဲသဖွယ် ဖြစ်နေတော့သည်။

ဒန်ဘီသည် ရှေ့တိုးလိုက်ပြီး ကောင်းဖန်ကို သူ့နောက်တွင် ထားလိုက်သည်။ ထို့နောက် ကောင်းဖန်ကို အသက်အန္တရာယ် စိုးရိမ်သည့်အလား ဖက်ထားလိုက်သည်။

ပင့်ကူမကြီးသည်ပင် နောက်ဘက်သို့ ခုန်ထွက်လိုက်ကာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။

ဟွမ်းယာက အလျင်အမြန်တုံ့ပြန်လိုက်သည်။ “ကြီးမားသော အဟန့်အတား စွမ်းအင်”

ပင့်ကူမကြီး၏ ကိုယ်တွင်းမှ အကာအကွယ် စွမ်းအင်သည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် သူ၏ ကိုယ်ပေါ်တွင် အဝါရောင်ဒိုင်းကာ တစ်ခု ရစ်ပတ် ပေါ်ပေါက်လာသည်။

ထို့ကြောင့် တိုက်ခိုက်မှုများ ဖြစ်လာပါက ဟွမ်းယာကိုယ်တွင် ရစ်ပတ်လွှမ်းခြုံထားသော အဟန့်အတားသည် ကာကွယ်ပေးမည် ဖြစ်ပြီး ဘယ်တော့မှ ကျိုးပေါက်သွားမည် မဟုတ်ချေ။

ဂိုဒီကတော့ တိုက်ခိုက်မှု ဖြစ်လာသောအခါ စတင်တုံ့ပြန်လာသည်။ သူသည် ခေါင်းကို မော့လိုက်ပြီး သစ်ပင်တစ်ပင်ကို မှုတ်ထုတ်လိုက်သည်။ ခရမ်းရောင် အလင်းတန်းတစ်ခု ဖြတ်သွားပြီးနောက် သူ၏ ကိုယ်သည် ၂ ဆ ကြီးလာသည်။

ဂိုဒီမတ်တပ်ရပ်လိုက်သောအခါ မဝေးလှသော တစ်နေရာတွင် အမွှေးများပြောင်လျက် ရှိနေသော ကြိုးကြာကို တွေ့လိုက်ရသည်။

ဒီကောင့်ကို မြင်ဖူးသလိုပဲ..

***

သားရဲလေ့ကျင့်သူ

အခန်း ၂၇၂ သစ်သားဒေါင်း

ဖလိန်မီသည် မခံမရပ်နိုင်အောင် ဒေါသထွက်နေသည်။ သူသည် ခေါင်းကို နှိမ့်ချထားကာ အမွှေးအတောင်များ လွင့်ပျံသွားမှုကို လိုက်ကြည့်နေသည်။

ငါ့ရဲ့ အလှဆုံး အမွှေးလေးတွေ.. ဖလိန်မီသည် ပူဆွေးနာကျင်ခံစားရလွန်းသဖြင့် သွေးများပင် အန်ထွက်တော့မလို ဖြစ်နေသည်။

သူသည် ငယ်ရွယ်စဉ်ကတည်းကပင် သူ့ကိုယ်သူ ယခုလို ကိုယ်လုံးတီး ဖြစ်နေပုံမျိုး မမြင်ဖူးခဲ့ချေ။ သူသည် မီးဖိုထဲမှ လတ်ဆတ်စွာထွက်လာသော ဘဲကင်နှင့်ပင် တူနေတော့သည်။

သူသည် အမှန်ပင် ဂိုဒီကဲ့သို့ အမွှေးပြောင် ဖြစ်နေပြီပင်။

ဖလိန်မီသည် ဒူးထောက်ထိုင်ချလိုက်ကာ မြေကြီးကို တောင်ပံများနှင့် အဆက်မပြတ် ထိုးနေသည်။

သူသည် သူ၏ မီးစွမ်းရည်ကို သိပ်မသုံးခဲ့ခြင်းမှာ ထိုကဲ့သို့ အမွှေးပြောင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

…

ယခုတော့ ဘာမှနောက်ပြန်လှည့်လို့ မရတော့ပါပေ။ သူသည် ဘာမှထပ်မတွေးတော့ပဲ သူကောက်ယူထားသော အမွှေးများကို လွှင့်ပစ်လိုက်တော့သည်။

ဂိုဒီသည် သူ့ထံပြေးသွားလိုက်သည်။ ဖလိန်မီသည် ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်ကာ အလွန်ပင် ရှက်နေသည်။ ဘဲကတုံးကောင်စုတ် ငါ့ကို လှောင်ဖို့လာတာပဲ ဖြစ်မယ်။

ဂိုဒီသည် ပြေးသွားလိုက်ပြီးနောက် ဖလိန်မီကို တအံ့တဩကြည့်လိုက်သည်။ ထို့နောက် သူဝတ်ထားသော အနွေးထည် အဝါရောင်လေးကို ချွတ်ပေးကာ ဖလိန်မီကို ပေးလိုက်သည်။ “ရော့.. အအေးမမိစေနဲ့”

ဖလိန်မီသည် အလွန်ပင် တုန်လှုပ်သွားကာ ဂိုဒီကို မယုံနိုင်စွာ ကြည့်လိုက်သည်။

သူသည် တစ်မိနစ်ခန့် ကြက်သေသေနေပြီးနောက် သူ့မျက်နှာသည် နီမြန်းလာကာ ဂိုဒီကို စိုက်ကြည့်လိုက်သည်။ “ဟင်း ငါမင်းရဲ့ အကူအညီမလိုပါဘူး”

သူသည် ထိုသို့ပြောပြီး အတောင်ပံဖြင့် လက်ပြလိုက်ကာ ပျံသန်းဖို့ ဟန်ပြင်လိုက်သည်။

သူသည် သူ့ကိုယ်ပေါ်တွင် အမွှေးအတောင်များ မရှိတော့သည်ကို မေ့နေခြင်းဖြစ်သည်။ ထို့ကြောင့် သူပျံလိုက်သောအခါ သူ၏ အသားချည်းသာ ရှိနေသော အတောင်ဖြင့် ပျံလိုက်ရသည့်အတွက် လေထဲတွင် ဂျွမ်းပစ်သွားပြီး ဂိုဒီပေါ်သို့ တည့်တည့် ပြုတ်ကျသွားသည်။

ဂိုဒီသည် မြေပြင်ပေါ်တွင် ၂ ပတ်လှည့်လိုက်သောအခါ ခရမ်းရောင်အလင်းတန်း ထွက်ပေါ်လာသည်။

“သိသွားပြီဆိုရင် ဒီမှာပဲ အေးဆေးနေလိုက်တော့.. မမြင်သင့်တာကို မြင်လိုက်ရတဲ့ ကိုယ်ကိုကိုယ်သာ အပြစ်တင်နေလိုက်” သစ်ပင်နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ “နောက်ဘဝကျရင်တော့ များများနားထောင်ပြီး နည်းနည်းပဲကြည့်ဖို့ မှတ်ထားလိုက်ပေါ့ကွာ”

ကျားယူသည် ရှည်လျားလှသော တိုက်ခိုက်မှုကြီးကို သတိထားမိလိုက်သော်လည်း သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိမှန်းတော့ သိလိုက်သည်။ ထို့ကြောင့် သူသည် ဂိုဒီနှင့် ဖလိန်မီတို့ အချင်းများနေချိန်တွင် တောင်ပေါ်မှ တိတ်ဆိတ်မြန်ဆန်စွာ ဆင်းလာသည်။

အပြာရောင်ဘီလူကြီးသည် ဒေါသထွက်နေသော မျောက်ဝံတစ်ကောင်ကဲ့သို့ တောထဲမှ လျင်မြန်သည့် အရှိန်ဖြင့် ခုန်ထွက်လာသည်။ သူ၏ ဘက်ဘက်လက်မောင်းသည် ကြီးမားခိုင်ခံ့သော သစ်ကိုင်းကြီးတွင် တွဲလွဲခိုနေပြီး သူ၏ အရှိန်ကြောင့်ဖြစ်ပေါ်လာသော လေသည်ပင် လေချွန်သံကဲ့သို့ ထွက်ပေါ်နေသည်။ ထို့နောက် သူ၏ ညာဘက်လက်ဖြင့် အောက်ဘက်ကိုက် ၁၀၀ ခန့်တွင်ရှိသော သစ်ကိုင်းကြီးတွင် တစ်ဖန်တွဲလွဲခိုလိုက်သည်။

သစ်ကိုင်းကြီးသည် အောက်သို့ ပြင်းထန်စွာ နိမ့်ဆင်းသွားပြီး သစ်ရွက်များလည်း ကြွေကျကုန်သည်။

တောအုပ်သည် တုန်ခါနေပြီး အလင်းတန်းတစ်ခု ထွက်လာကာ ဂိုဒီ၏ ကျောပေါ်တွင် တင်နေသော သစ်ရွက်ခြောက်များကို ထိုးဖောက်သွားသည်။

ထိုအလင်းတန်းသည် ဂိုဒီ၏ အရေပြားပေါ်တွင် တောက်ပစွာ ဖြတ်သန်းနေသည်။ အလင်း၏ စွမ်းအင်သည် ချက်ချင်းတစ်ဝက်လျော့ကျသွားသည်။ ဂိုဒီသည် ချက်ချင်းရပ်လိုက်ပြီး ဒယိမ်းဒယိုင် ဖြစ်နေသည်။ သူသည် လေထဲတွင် အလျားလိုက် ထပျံလိုက်ပြီး သစ်ပင်တစ်ပင်နှင့် ဝင်တိုက်သွားသည်။

ခရမ်းရောင်အလင်းတစ်ခု ထပ်ပွင့်သွားသည်။

ဂိုဒီ၏ ကျောသည် အကင်ခံထားရသလို မဲသွားသော်လည်း ဒဏ်ရာသည် မပြင်းထန်ပဲ ပွန်းသွားရုံလောက်သာ ဖြစ်သည်။

ကျားယုသည် ရန်သူကို ချေမှုန်းလိုက်နိုင်ပြီဟု သေချာသွားသည်။ ကျားယုသည် ထိုဘဲကို ကွန်မန်ဒါအဆင့်ရှိပြီး ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည်ဟု မထင်ထားပါချေ။

“အံ့ဩစရာပဲ.. ဒီမှာ နတ်ဘုရားအဆင့်ကိုယ်ပိုင်သားရဲတွေ ၂ ကောင်တောင် ရှိနေတာပါလား.. မင်းတို့ကတော့ မလွယ်ကြောပဲဖြစ်မယ်” ကျားယုသည် ဒန်ဘီနှင့် ပင့်ကူမကြီးကို တွေ့သွားသော်လည်း စိတ်လှုပ်ရှားနေခြင်းတော့ မရှိပါချေ။

သူတို့ကို နတ်ဘုရားအဆင့်မဟုတ်ပဲ ကွန်မန်ဒါအဆင့် ကိုယ်ပိုင်သားရဲများလောက်သာ သဘောထားနေခြင်းပင်။

သူသည် လက်ချောင်းများကို ချိုးလိုက်သည်။

အမည်းရောင်အရိပ်ကြီးသည် ကောင်းကင်မှ ဆင်းသက်လာကာ နတ်ဘုရားအဆင့် စွမ်းအင်များသည် ထိုနားတစ်ဝိုက်တွင် ဖုံးအုပ်သွားသည်။ အစိမ်းပုပ်ရောင် နတ်ဘုရားအဆင့် စွမ်းအင်များသည် အလွန်ပင် များပြားလှသောကြောင့် ထိုနေရာတစ်ဝိုက်လုံးကို အစိမ်းရောင်ဆိုးဆေးဖြင့် ဆိုးလိုက်သလို ဖြစ်သွားသည်။

ဝုန်း..

ကြီးမားသော သားရဲကြီးသည် အလယ်တည့်တည့်တွင် ဆင်းသက်လိုက်သောကြောင့် မီးခိုးနှင့် ဖုန်မှုန့်များ လွင့်ပျံသွားသည်။

ပြင်းထန်သော တုန်ခါမှုများနှင့် ဆူညံသံများသည် လေထဲတွင် ပြည့်နှက်နေသည်။ ထိုအချိန်တွင် ကြီးမားသော လက်ကြီးသည် မြေကြီးပေါ်သို့ ရိုက်ချက်ပြင်းပြင်းဖြင့် ပြုတ်ကျလာသည်။

ထိုအခါမှ ကြီးမားသော သားရဲကြီး၏ ပုံစံအပြည့်ပေါ်လာခြင်း ဖြစ်သည်။

ကြီးမားသော သားရဲကြီးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ဘတ်ကြီးကို ဖွင့်ကာ အလယ်တွင် ရပ်နေသည်။ သူ၏ အစိမ်းပုပ်ရောင် ကိုယ်ကြီးသည် နေရောင်အောက်တွင် တောက်ပနေသည်။ သူ၏ အစိမ်းပုပ်ရောင် အမွှေးများ၏ ထိပ်တွင် ရွှေရောင်ပန်းပုံများ ရှိနေသောကြောင့် ကျောက်စိမ်းတုံးကြီးပေါ်တွင် ရွှေရောင်ချည်မျှင်များ ဖြန့်ထွက်နေသလို ဖြစ်ပေါ်နေသည်။

သေးငယ်သော အစိမ်းပုပ်ရောင် ပင်ပျိုလေးသည် သူ၏ခေါင်းပေါ်တွင် လေနှင့်အတူ လွင့်ပါနေပြီး သူ့နောက်တွင်တော့ ကြီးမားသော ညောင်ပင်ကြီးနှင့်တူသောအရာက တရွတ်တိုက် ပါလာသည်။

သူသည် အမြီးကို အနည်းငယ် လှုပ်ယမ်းလိုက်ပြီးနောက် ချက်ချင်းပင် အမြီးကြီးသည် ကြီးမားလာသည်။

ညောင်ပင်ကြီးနှင့် တူသော အမြီးသည် ချက်ချင်းပင် ဖြောင့်တန်းသွားသည်။ အမြစ်များသည် အချင်းချင်း ရှုပ်ထွေးနေပြီး အကိုင်းအခက်များသည် ဘေးသို့ ယှက်ဖြာနေသည်။ များစွာသော အပင်များကြောင့် တောအုပ်ထဲတွင်ပင် နေရောင်ကို မမြင်ရလောက်အောင် ပိတ်မှောင်သွားသည်။

အစိမ်းပုပ်ရောင် စွမ်းအင်များသည် အပင်ပုံစံမျိုး ဖြစ်သွားပြီးနောက် အောက်ခြေမှ အစိမ်းရောက်အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။

[မကောင်းဆိုးဝါးအမည်]: သစ်သားဒေါင်း

[မကောင်းဆိုးဝါးအဆင့်]: အဆင့် ၄၄

[မကောင်းဆိုးဝါး စွမ်းအင်]: ပြီးပြည့်စုံ

[မကောင်းဆိုးဝါး အမျိုးအစား]: သစ်သား

[မကောင်းဆိုးဝါး စွမ်းရည်]: အဆင့်သုံး အပင်ပွားခြင်း၊ အဆင့် ၂ ကုစားမှု မြန်ဆန်ခြင်း

[အထူးဝိသေသ လက္ခဏာ]: သက်ရှိအပင်ဖြစ်ခြင်း (အကျိုးသက်ရောက်မှု ၁ - အပင်အမျိုးအစား မကောင်းဆိုးဝါးများကို ပွားပေးနိုင်ခြင်း)

အကျိုးသက်ရောက်မှု ၂ - ပြန်လည်ကုစားမှုကို တိုးမြှင့်နိုင်ခြင်း။ သတ်မှတ်ထားသော နယ်ပယ်အတွင်းရှိ အရာများကို အသက် ပြန်သွင်းပေးနိုင်ခြင်း။ သစ်သားဒေါင်း၏ ပြန်လည်ကုစားမှုမှ သုံးပုံတစ်ပုံသော စွမ်းအင်ကို ထိုသတ်မှတ် နယ်ပယ်အတွင်းမှ သက်ရှိများအားလုံးက ရရှိနိုင်ခြင်း)

အကျိုးသက်ရောက်မှု ၃ - သစ်သားအမျိုးအစားများကို အသက်သွင်းနိုင်ခြင်း။ သတ်မှတ်နယ်ပယ်အတွက်ရှိ ကြီးမားသော အပင်များအားလုံး ထိုသက်ရောက်မှုကို ရရှိမည်ဖြစ်ပြီး အသုံးပြုသည့် အကြိမ်ရေ ပြည့်သွားလျှင်တော့ အကျိုးသက်ရောက်မှု ၁ ကို သုံးလို့ရတော့မည် မဟုတ်ပေ။

ထိုအရာသည် နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲ၏ စွမ်းအင်ဖြစ်သည်။ ထို့အပြင်သူသည် ကုစားခြင်းနှင့် အထောက်အပံ့ပေးသည့် အမျိုးအစား ဖြစ်သည်။

ကောင်းဖန်သည် မတတ်နိုင်တော့ပဲ ရင်ဆိုင်ဖို့ ပြင်လိုက်သည်။ တစ်ခုခုတော့ ဖြစ်လာတော့မည်ပင်။

သစ်သားဒေါင်းကို ကြည့်ခြင်းအားဖြင့် သူသည် မော်ကွန်းအဆင့် ကွန်မန်ဒါသားရဲမှ နတ်ဘုရားအဆင့်သို့ ရောက်လာသည်ဟု ခန့်မှန်းနိုင်သော်လည်း တကယ့် သူ၏ အရှေ့အဆင့်ကိုတော့ မည်သူမျှမသိနိုင်ပါချေ။

ကောင်းဖန်အတွက်တော့ ကုစားသောအဆင့် များသည် လွယ်ကူလှသည်။ သူသည် သူလိုအပ်သော ပစ္စည်းများကိုပင် ရနိုင်လေ့သည်။ သို့သော် အခြားသူများအတွက်ဆိုရင်တော့ ထိုကိစ္စသည် ခက်ခဲနိုင်ပေသည်။

နတ်ဘုရားအဆင့် သားရဲ ၂ ကောင်.. ကျားယုသည် ရဲရင့်လှသည်။

နတ်ဘုရားအဆင့် သားရဲတစ်ကောင်ကပင် အလွန်ပင် ကြောက်စရာကောင်းနေပြီ ဖြစ်ရာ နှစ်ကောင် ဖြစ်နေသည့်အချိန်တွင် စိတ်ကူးပင် ယဉ်ချင်စရာ မကောင်းပေ။

“မင်းတို့ သေသွားပြီးတဲ့အခါ မင်းတို့ရဲ့ အပြစ်တွေကို တန်ခိုးရှင် လောင်ထျန်းရှေ့မှာ ဖြေကြရလိမ့်မယ်.. ဒါကြောင့် မင်းတို့တွေ့ရမယ့် တန်ခိုးရှင် လောင်ထျန်းဆိုတာ ဘယ်သူလဲဆိုတာတော့ ပေးသိမှ ဖြစ်မယ်”

ကျားယုသည် သူ၏ အမည်းရောင် ဝတ်စုံကြီးကို ခါလိုက်ကာ အောင်မြင်မှုသည် လက်တစ်ကမ်းတွင် ရှိနေသည်ဟု တွေးနေသည်။

သူသည် အနိုင်ရမည်ဟု သေချာနေသော အချိန်များတွင် သူ၏ စကားများကို ထိန်းထိန်းသိမ်းသိမ်းပြောမနေတော့ချေ။ အထူးသဖြင့် နတ်ဘုရားအဆင့် သားရဲများရှေ့တွင် ဖြစ်သည်။

ထိုခံစားမှုသည် တကယ်ကိုပင်…

ကျားယုသည် သူ့ကိုယ်သူ ဂုဏ်ဖော်တတ်သူ ဖြစ်သည်။

လူများသည် ပုံမှန်အားဖြင့် အရှုံးသမားများ ရှေ့တွင် ထိုကဲ့သို့ ကိုယ်ရည်သွေးတတ်ကြသည်မှ သဘာဝပင်။ စိတ်ကျေနပ်မှု ရရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

“မှတ်ထားနော်.. မင်းတို့ကို တန်ခိုးရှင် လောင်ထျန်းဆီလွှတ်လိုက်တဲ့သူက ရွှေရောင်လက်များရဲ့ အမိန့်နဲ့ လုပ်ဆောင်သူ.. တောရဲ့ အရှင်သခင် ငါဘုန်းတော်ကြီး ကျားယုပဲ” ကျားယုက လက်များကိုပင် မြှောက်ဖြန့်ပြလိုက်သေးသည်။

ကောင်းဖန်သည် ကြောင်ကြည့်နေသည်။

ဟွမ်းယာလည်း အတူတူပဲ ဖြစ်သည်။

ဒီကောင်တွေက အဲဒီလိုပဲ ပြုမူတတ်ကြတာလား။

ဘယ်သူက မတိုက်ခိုက်ခင် ဒီလို ပေါက်ကရတွေ လျှောက်ပြောနေမှာလဲ။

ရူးနေတာလား။

ရန်သူများသည် မျက်နှာချင်းဆိုင်လိုက်ကြပြီဆိုလျှင် မျက်လုံးများက နီသွားတတ်ကြသည်။ ဖလိန်မီသည်လည်း အတောင်ပေါက်နေသော မိုးကြိုးမျောက်ကို တွေ့လိုက်ရသောအခါ အလွန်ဒေါသထွက်သွားပြီး ပါးစပ်ကိုဟကာ မီးလုံးများကို ပစ်နေလေသည်။

အလွန်ပူပြင်းသော မီးလုံးများသည် မိုးကြိုးမျောက်ထံသို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ဖလိန်မီသည် ဒေါသမပြေနိုင်သေးသောကြောင့် အဆက်မပြတ်ပင် တိုက်ခိုက်နေလိုက်သည်။

***

စာစဉ် ၁၇ ပြီး၏။

All Chapters