← Chapters

အခန်း (၃၀၅-၃၀၈)

Vol. 20 Ch. 305-308

အခန်း (၃၀၅-၃၀၈)

Vol. 20 Ch. 305-308

အခန်း ၃၀၅ ချန်အန်းမြို့သို့ ပြန်ခြင်း

နောက်ဆုံးတွင် ကောင်းဖန်သည် ချန်ရွှေ့ဟယ်၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။

ချန်ရွှေ့ဟယ်သည် အကျိုးအကြောင်း မှန်သင့်သလောက် မှန်သော်လည်း ကောင်းဖန်ကတော့ ဆက်ဖြစ်လာနိုင်သည့် အကျိုးဆက်ကို နားလည် သဘောပေါက်ထားလေသည်။

ချန်အန်းစစ်တပ်ခရိုင်တွင် အဆင့်မြင့်စီနီယာ စစ်တပ် အရာရှိများသည် ဒေလီကန္တာရတွင် သွားရောက် တာဝန်ထမ်းဆောင်ရသည့်အခါများတွင် သူတို့၏ အသက်ကို စွန့်စားကြရမြဲ ဖြစ်သည်။ သို့သော် သူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် သွားရခြင်း ဖြစ်သည်။

ထိုအဆင့်မြင့်အရာရှိများသည် အဖိုးနှင့် မရင်းနှီးကြပေ။ မဟုတ်ပါက သူတို့သည် ချန်ရွှေ့ဟယ်က တစ်ဆင့် ကောင်းဖန်ကို ဆက်သွယ်နေစရာပင် မလိုချေ။ အဖိုးကို တိုက်ရိုက်ဆက်သွယ်လိုက်ရုံသာဖြစ်သည်။

မည်သို့ပင် ဖြစ်စေ သူတို့၏ ရည်ရွယ်ချက်မှာ အဖိုးနှင့် ရင်းနှီးမှုရယူပြီး အကူအညီတောင်းရန် ဖြစ်သည်။

တကယ်လို့ ကောင်းဖန်သည် ကူညီချင်ပါက မည်သို့ပင် ဖြစ်စေ အဖိုးသည် သူ့နောက်သို့ လျှို့ဝှက်စွာလိုက်ပြီး စောင့်ရှောက်မည် ဖြစ်သည်။

သို့သော် ကောင်းဖန်ကတော့ တစ်ပါးသူအပေါ်မှ အမြတ်ထုတ်သည့် အဖြစ်မျိုးကို အလွန်မုန်းတီးလေသည်။

…

လမ်းမပေါ်တွင် ကြီးမားသော ထရပ်ကားကြီးများ များစွာ ရောက်လာသောကြောင့် မီးခိုးများ ဖုန်မှုန့်များနှင့် ပြည့်နှက်သွားသည်။ ထိုကားကြီးများသည် ကန်နံဘေးတွင် ရပ်လိုက်သည်။

ကုန်တင်ကားကြီးများ၏ အနောက်ဘက် သံမဏိတံခါးကြီးကို ဖွင့်လိုက်သောအခါ ကြီးမားသော သေတ္တာကြီးများသည် မြေပြင်ဆီသို့ လျှောကျလာသည်။ ဖွင့်ကြည့်လိုက်သောအခါတွင်တော့ လတ်ဆတ်သော အသားများကို အလွှာလိုက် အတန်းလိုက်တွေ့နေရသည်။

မီးအမြှီးမျောက်များသည် လက်အိတ်ဖြူများကို ဝတ်ဆင်ကာ ရွှေ့ပြောင်းပေးနေကြသည်။ သူတို့သည် သေတ္တာများကို ချကာ အသားကို ထုတ်ပြီး ကန်နံဘေးတွင် ချထားလိုက်ကြသည်။ ချက်ချင်းပင် အသားများသည် တောင်လိုပုံလာသည်။

ထို့နောက် မီးအမြှီးမျောက်များသည် ကုန်တင်ကားပေါ်တွင် ထိုင်လိုက်ကာ စံအိမ်၏ တစ်ဖက်ခြမ်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။ ထို့နောက် ကုန်တင်ကားများ၏ ဆူညံသံသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။

ကန်ရေမျက်နှာပြင်သည် စတင်ဆူပွက်လာသည်။ ထို့နောက် သန်မာလှသော အဖြူရောင် လက်သည်းကြီးသည် ကန်တွင် ပေါ်လာကာ အသားပုံကြီးကို ညင်သာစွာ ယူလိုက်သည်။ ထိုအခါ ရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီးနောက် နဂါးကြီး၏ ပါးစပ်တွင်းသို့ အသားများက တစ်မုဟုတ်ချင်း ရောက်သွားသည်။ တစ်ဖက်တွင်လည်း စိမ်းပြာရောင် မိချောင်းကြီးသည် ရေထဲမှ တွားတက်လာသည်။ သူသည် ပါးစပ်ကြီးကို ဟကာ လေများ ရှူသွင်းသကဲ့သို့ ရှုသွင်းလိုက်သောအခါ အသားများသည် ပါးစပ်ထဲသို့ ကြီးမားသော လေပြင်းနှင့်အတူ ဝင်သွားသည်။

“ချန်အန်းမြို့ကို ခဏလောက် ပြန်သွားချင်လား” ကျီဟန့်ဝူက ပန်းကန်ထဲမှ အသားကင်ကို လှီးရင်း မေးလိုက်သည်။

ကောင်းဖန်သည် သူ၏ အိမ်လေးကို ပြန်တွေးလိုက်သည်။ သူသည် အဖိုးနှင့်အတူ နေနေသော်လည်း ချန်အန်းမှ အိမ်လေးကိုတော့ သူ၏ ကိုယ်ပိုင်အိမ်လို့ သတ်မှတ်ထားသည်။

အိမ်သည်အလွန်မကြီးသော်လည်း နွေးထွေးပြီး သက်သောင့်သက်သာ ရှိလှသည်။

“အိမ်လေးကို ပြန်သွားပြီး သန့်ရှင်းရေးတော့ လုပ်ချင်တယ်” ကောင်းဖန်က ခေါင်းကို မော့မကြည့်ပဲ ခက်ရင်းဖြင့် ချယ်ရီသီးကို ထိုးကာ ပြောလိုက်သည်။

“ချန်အန်းစစ်တပ်ခရိုင်က မင်းကို ဖုန်းဆက်သေးလား” ကျီဟန့်ဝူက အမဲသားကို ပါးစပ်တွင်းထည့်ရင်း ထပ်ပေးလိုက်သည်။

သူ၏သွားများသည် လွှသွားလို ထက်မြက်ခိုင်မာလှသောကြောင့် အမဲသားကို ခဏတာ ကိုက်ဖြတ်စားသောက်ပြီး မြိုချလိုက်သည်။

“ကျွန်တော်ငြင်းလိုက်တယ်” ကောင်းဖန်က အဖိုးဘာကိုဆိုလိုသည်ကို နားလည်သည်။

“ဪ.. မင်းဒီကိုသွားပြီး အဆင်ပြေတယ်ဆိုရင် ကူညီပေးလိုက်ပါကွာ”

ကောင်းဖန်သည် အံ့ဩသွားသောကြောင့် အဖိုးကို မော့ကြည့်လိုက်သည်။

အဖိုးက ချောင်းတစ်ချက်ဆိုးလိုက်သည်။ “အဖိုးကို တစ်ယောက်ယောက်က အကူအညီတောင်းထားလို့ပါ.. မင်းအဲဒီကိုရောက်ရင် အခြေအနေကို ကြည့်လိုက်… ကူညီနိုင်ရင် ကူညီပေးပြီး.. ကူညီဖို့ အဆင်မပြေသေးဘူးဆိုရင်တော့ လှည့်သာပြန်ခဲ့လိုက်တော့”

“ဟုတ်ကဲ့ပါ” ကောင်းဖန်က ပြုံးပြီးပြောလိုက်သည်။

…

ကောင်းဖန်သည် နှစ်ရက်ခန့်ကြာသောအခါ ချန်အန်းသို့သွားရန် ပြင်ဆင်လိုက်သည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ အိမ်ရှင်းရန် ဖြစ်သည်။ သို့သော် ပြတင်းတံခါးများကို ပိတ်ထားသည့်အတွက် ဖုန်တော့များစွာ ရှိမည် မဟုတ်ပါချေ။

ထို့နောက်သူသည် ဒေလီကန္တာရသို့သွားပြီး အခြေအနေကို လေ့လာရမည် ဖြစ်သည်။ အဖိုးသည် ကောင်းဖန်ကို တဖြည်းဖြည်းကူညီလာလိမ့်မည်ဟု သဘောတူညီချက် လုပ်မထားသော်လည်း သူ့ကိုတော့ ရှေ့ပြေးလွှတ်မည့် သဘောတွင် ရှိနေသည်။

သူသည် မသွားခင် တစ်ရက်လောက် နားလိုက်သည်။ ဖလိန်မီကတော့ တစ်လခန့်ငြိမ်နေပြီးနောက် သူ့ကို လက်ဆောင်တစ်ခုပေးသည်။ သူသည် အောင်မြင်စွာ အဆင့်မြှင့်နိုင်ခဲ့ပြီ ဖြစ်သည်။

မီးတောက်များသည် ဥခွံမျက်နှာပြင်တွင် ထွက်ပေါ်လာကာ အနီရောင်မီးတောက်များကြောင့် ဘေးမှ အပင်များကို မီးစွဲသွားကာ မီးများသည် များသထက် များလာသည်။

မီးများသည် ပိုပြီးတောက်လောင်တော့မလို ဖြစ်နေသည်။ ထိုအချိန်တွင် ကောင်းကင်ကြီးသည် မည်းမှောင်ပြီး ရုတ်တရတ် မုန်တိုင်းဖြစ်ပေါ်လာကာ မီးငြိမ်းသွားသည်။

မိုးရေများကြားတွင် ကြီးမားစွာ တောက်လောင်နေသော ဥကြီးသည် အလွန်ပင် ကြည့်လို့ကောင်းနေသည်။

မိုးရေများသည် ဥကြီးကို ထိထိပြီးချင်းပင် ချက်ချင်းအငွေ့ပျံသွားသောကြောင့် မျက်နှာပြင်တွင် ရေငွေ့များဖြင့် ဖုံးလွှမ်းနေသည်။ ထို့ကြောင့် မီးမှအလင်းရောင်နှင့် မြူခိုးများပေါင်းကာ ဥကြီးဘေးတွင် အဝါရောင်အငွေ့အသက်များ ဖြစ်နေသည်။

အစိမ်းနက်ရောင် နှုတ်သီးတစ်ခုသည် ကောင်းကင်ကို ဓားကြီးဖြင့် ခွင်းလိုက်သကဲ့သို့ ဥကြီး၏ ထိပ်ပိုင်းနားမှ ထွက်ပေါ်လာသည်။

အနီရောင်ဥကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီးနောက် လေထဲတွင် အနီရောင်အငွေ့များဖြင့် ပြည့်သွားသည်။ တောက်ပသော မီးကျည်တစ်ခုသည် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် အမည်းရောင် တိမ်တိုက်များတွင် အနီရောင် ရောင်ပြေးများ ဖြတ်သန်းသွားသည်။

မိုးသည် တဖြည်းဖြည်း စဲသွားပြီး မိုးရေသည် မြက်ခင်းပြင်တွင် ညင်သာစွာ ကျဆင်းနေသည်။

ကောင်းဖန်သည် အိမ်ထဲမှနေပြီး မိုးရွာတာကို ကြည့်နေသည်။ သူ၏ အနောက်တွင် ၁၃ ပေရှည်သော ကြိုးကြာငှက်ကြီးက အတောင်ပံများကို ဖြန့်ကာ ရပ်နေသည်။ သူ၏ အဖြူရောင်အမွှေးများသည် အစိမ်းရောင် အမွှေးများနှင့် ရောနေသည်။ အတောင်ပံ၏ ထိပ်များတွင်တော့ အနီရောင် အမွှေးလေးများ ရှိနေသည်။

သူ၏ မျက်လုံးများသည် ကျောက်များကဲ့သို့ တောက်ပနေပြီး သေးသွယ်သော ခြေထောက်များကတော့ မှင်ကဲ့သို့ မည်းနက်နေသည်။ သူ၏ ချွန်ထက်သော လက်သည်းများသည် တောက်ပနေပြီး မိုးရေများဖြင့် စိုရွှဲခြင်း ရှိမနေပေ။

နိုဝင်ဘာလရောက်ပြီ ဖြစ်သောကြောင့် ရာသီဥတုသည် အေးစိမ့်နေသော်လည်း အိမ်အတွင်းပိုင်းတွင်တော့ မအေးနေပေ။

နွေးထွေးမှုလေးတစ်ခုသည် သူ၏ ကိုယ်တွင်းမှ ထွက်ပေါ်နေသည်။ အိမ်ထဲတွင် အပူပေးစက် ဖွင့်စရာမလိုပဲ အပူချိန်အနည်းငယ် တက်နေသည်။

“တာ့ဇီနဲ့ ဒန်ဘီတို့ကိုပဲ ခေါ်ပြီး ချန်အန်းကို သွားရတော့မယ် ထင်နေတာ.. မင်းကတော့ အချိန်ကိုက်ပဲ” ကောင်းဖန်က ဖလိန်မီကို ပြောလိုက်သည်။

ဖလိန်မီက ရယ်မောလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းကို မော့နေလိုက်သည်။

ဖလိန်မီသည် အဆင့်မြှင့်လိုက်ပြီး နောက်ပိုင်းတွင် ပိုပြီး ဆွဲဆောင်မှုရှိကာ ပိုလှလာသည်။ အရင်လို ပင်ဂွင်းနှင့် မတူတော့ပဲ ပုံမှန်လို ခြေတစ်ဖက် ကြိုးကြာပုံစံ ဖြစ်သွားသည်။ သို့သော် ဝမြဲ ဝဆဲ ဖြစ်သည်။

သူ၏ အမွှေးအတောင်များကလည်း အစိမ်း အနီ အဖြူများနှင့် ဖြစ်နေသောကြောင့် ထူးခြားလှပနေသည်။

ထိုရလဒ်ကို ကောင်းဖန်သည် မျှော်ပင် မမျှော်လင့်ထားခဲ့ပါချေ။

[သားရဲအမည်]: တောမီးတောက်ဝိဉာဉ်ကြိုးကြာ

[သားရဲအဆင့်]: အဆင့် ၄၁

[သားရဲစွမ်းရည်]: ပြီးပြည့်စုံ

[သားရဲအမျိုးအစား]: မီး၊ သစ်

[သားရဲစွမးအင်]: မီးတောက်အဆင့် ၄၊ မီးတောက်ခံနိုင်ရည်အဆင့် ၄

[ထူးခြားသော ဝိသေသ လက္ခဏာများ]: မီးတောက်အမွှေးအတောင်များ (…)

[သားရဲဖော်ပြချက်]: သူ၏ ကိုယ်တွင်းပိုင်းတွင် သွေးကြောအသစ်များ ထွက်ပေါ်လာသည်။ သူ၏ အဆင့်ကို ဆက်မြှင့်ဖို့အတွက် မီးဝိဉာဉ်များကို စားသုံးဖို့သာ လိုအပ်သည်။

ကောင်းဖန်သည် ဖလိန်မီတွင် မည်သို့သော သွေးကြောများ ထွက်ပေါ်လာသည်ကို မသိပေ။ သူသည် ဖလိန်မီ၏ အဆင့်မြှင့်တင်မှု အားလုံးမပြီးသေးမချင်း အကုန် မသိချင်သေးပါချေ။

…

“ယွီကျိုးမှာ မိုးရွာနေတာ ၂ ရက်တောင်ရှိပြီ… အပူချိန်ကလည်း ကျနေတာ.. ဒါပေမယ့် ချန်အန်းမှာတော့ နေသာပြီး ရာသီဥတုကောင်းသားပဲ” ကောင်းဖန်က နေကိုကြည့်ပြီး ပြောလိုက်သည်။ တာ့ဇီ၊ ဖလိန်မီ၊ ဒန်ဘီ၊ ဆီလီနှင့် ရတနာကို အနံ့ခံသော ကြွက်တို့က သူ့ဘေးတွင် ရှိနေသည်။

ရတနာအနံ့ခံသော ကြွက်ကို ခေါ်လာခြင်းကတော့ ကောင်းဖန်၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။

အိမ်၀င်းအဟောင်းထဲတွင်တော့ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပါပေ။ ခြံ၀န်း၏ နံရံသည် နွယ်ပင်များဖြင့် ဖုံးအုပ်နေသည်။ ကောင်းဖန်သည် ကလေးများ ကစားနေကြသည့် အသံများကို အဝေးမှပင် ကြားနေရသည်။

လူကြီးများကတော့ ခြံ၀န်းထဲတွင် ခုံများဖြင့် ထိုင်ကာ စကား စမြည်ပြောနေကြသည်။ အချို့သော ကိုယ်ပိုင်သားရဲများကိုတော့ မတွေ့ရတော့ပေ။

ကောင်းဖန် လျှောက်၀င်လာသောအခါတွင် မည်သူမျှ သူ့ကို သတိမထားမိကြပါပေ။ သို့သော် အနောက်တွင်လိုက်ပါလာသော ဖလိန်မီ၊ ဒန်ဘီတို့ကိုတော့ သတိထားမိကြလေသည်။

“သူက.. ကောင်းမိသားစုကမလား” လူကြီးတစ်ယောက်က မေးလိုက်သည်။

“ဟင်.. သူပြောင်းသွားတာတောင် ကြာပြီဆို.. ဘာလို့ ရုတ်တရတ်ကြီး ပြန်လာတာလဲ”

“သူ့အနောက်က ကိုယ်ပိုင်သားရဲတွေက အထင်ကြီးစရာပဲ”

“ကြိုးကြာကြီးက လှတယ်နော်”

“၀တော့၀တယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၃၀၆ နားချသိမ်းသွင်းခြင်း

ဒန်ဘီနှင့် ဖလိန်မီတို့သည် လှေကားတက်ဖို့ရာ အလွန်ကြီးလွန်းနေသည်။

ထို့ကြောင့် ကောင်းဖန်သည် သူတို့နှစ်ကောင်ကို ထားခဲ့ပြီး ကျန်သော ကိုယ်ပိုင်သားရဲများနှင့် လှေကားတက်သွားလိုက်သည်။

လှေကားထိပ်တွင် ခေါင်းလေးနှစ်လုံးသည် ထွက်လာပြီး ဒန်ဘီကို စူးစမ်းကြည့်နေသည်။

ဒန်ဘီသည် ထိုသို့အဝေးမှ စူစမ်းကြည့်မှုများကို သတိထားမိသော်လည်း ဂရုမထားလိုက်ပါချေ။

“အရိုးခြောက်ကြီး လမ်းလျှောက်နေတာ” တစ်ယောက်က တိုးတိုး ပြောလိုက်သည်။

“သားရဲကြီးပါ” နောက်တစ်ယောက်က ပြင်ပြောလိုက်သည်။

“ရုပ်ဆိုးလိုက်တာ”

“ဟုတ်ပ ရုပ်ဆိုးချက်ပဲ အသားတောင် တစ်စက်မှ မရှိဘူး”

“လမ်းလျှောက်နေတဲ့ အရိုးခြောက်ပါဆို အသားရှိမလား”

“ငါသူ့အရိုးတစ်ချောင်းကို ကောက်ဖူးတယ်” ပို၀သော ကောင်လေးက ကျယ်လောင်စွာ ပြောလိုက်သည်။

“ပေါက်ကရတွေ.. မင်းလား အဲဒီလို လုပ်ရဲမှာ..”

“ဘာကြောက်စရာ ရှိလို့လဲ” ကောင်လေးက ကျောက်တုံးကို ကောက်လိုက်ကာ ဒန်ဘီထံသို့ ပစ်လိုက်သည်။

ကျောက်တုံးသည် လေထဲတွင် လွင့်သွားပြီးနောက် ဒန်ဘီ၏ ခြေထောက်နားသို့ ကျသွားသည်။

ဒန်ဘီသည် ကျောက်တုံးကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ ‌ညာခြေကို မြှောက်လိုက်ကာ ကျောက်တုံးကို နင်းခြေလိုက်သည်။

ကျောက်ခဲသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။

ဒန်ဘီသည် ကျောက်တုံးပစ်လိုက်သော ကောင်လေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးအိမ်ထဲမှ အဖြူရောင် မီးတောက်များကို တွေ့လိုက်ရသည်။

ကောင်လေးသည် အလွန်တုန်လှုပ်သွားသည်။ သူ၏ မျက်လုံးများသည် နီရဲလာပြီး ရုတ်တရတ် ထငိုတော့သည်။ အချို့သော ကလေးများသည် ထွက်ပြေးသွားကြသည်။

၁၀ မိနစ်ခန့်ကြာသောအခါ ကလေးများ ပြန်ရောက်လာကြသည်။

အနည်းငယ်တုတ်ခိုင်သော ကလေးတစ်ယောက်သည် ရှေ့ဆုံးမှ လျှောက်လာသည်။ သူသည် ခေါင်းဆောင်ဖြစ်ဟန်တူ၏။ သူ၏ လက်ထဲတွင် ကြိုးတစ်ချောင်းကိုင်ထားပြီး တစ်ဖက်တွင်တော့ ၁၃ ပေမြင့်ကာ ၂၂ ပေ ရှည်သော ခွေးကြီးတစ်ကောင် ပါလာသည်။

ထိုခွေးကြီးတွင် အမွှေးများပါပုံမရချေ။ သွေးကြောများကို သူ၏ ခန္ဓာကိုယ်တွင် အတိုင်းသား မြင်နေရသည်။ သူ၏ မျက်လုံးများသည် ဒန်ဘီကို စိုက်ကြည့်နေသည်။

ကလေးများသည် ဒန်ဘီကို မုန်းတီးစွာ ကြည့်နေကြသည်။ အချို့ကလေးများ၏ မျက်လုံးထဲတွင် မျက်ရည်စများပင် ရှိနေသေးသည်။

“လုပ်လိုက်စမ်း ကောင်လေး”

ခေါင်းဆောင်သည် ကြိုးကို လွှတ်ပေးလိုက်သည်နှင့် ခွေးကြီးသည် ဒန်ဘီဆီသို့ ချက်ချင်း ပြေးထွက်သွားသည်။

အချို့သော လူကြီးများက ဆူညံသံများကို ကြားလိုက်ကြသည်။

“သေး.. ၀မ်ခိုင်ဟောင်နေတာ မဟုတ်လား” တစ်ယောက်က မေးလိုက်သည်။

“ဟုတ်တယ်” လီဟု အမည်ရသော အမျိုးသမီးကြီး တစ်ယောက်က မတ်တပ်ရပ်လိုက်ကာ “၀မ်ခိုင်” ဟု အော်လိုက်သည်။

ရုတ်တရတ် ခွေးဟောင်သံကြီး ရပ်သွားသည်။

ခဏကြာသောအခါ ‌အမွှေးပြောင်နေသော ခွေးကြီးသည် ထောင့်တစ်နေရာမှ အမြီးကုတ်၍ ထွက်လာသည်။ သူသည် ထိတ်လန့်စရာ တစ်ခုခု ကြုံလာခဲ့ပုံပင်။

ကလေးတစ်ယောက်ကတော့ ခွေးကြီးနောက်မှ အော်ဟစ်ကာ ပြေးထွက်လာသည်။

အခန်းတစ်ခုလုံးကို ဖုန်ခါပြီးသောအခါ ကောင်းဖန်သည် လှေကားမှ ဆင်းလာပြီး ဒန်ဘီကို စိတ်ဆိုး မာန်ဆိုးနှင့် ဝိုင်းထားသော လူအုပ်ကြီးနှင့်အတူ တွေ့လိုက်ရသည်။

ကောင်းဖန်ကို တွေ့သောအခါ အမျိုးသမီးကြီးတစ်ယောက်က လျှောက်လာသည်။ “ကောင်း‌ကလေး တော်တော်တောင် ကြီးလာပြီပဲ”

“ဟုတ်ပ မင်းမိဘတွေ မရှိတော့ရင်တော့ အန်တီတို့ကို ခေါ်သင့်တာပေါ့”

ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဘာတွေ ဖြစ်နေမှန်း မသိသောကြောင့် ဒန်ဘီကို ကြည့်လိုက်သည်။

ဒန်ဘီသည် သွေးစာချုပ်မှနေ၍ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ ဒန်ဘီပြောတာကို နားထောင်ပြီးသောအခါ ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။

“မြေးက ဒီတိုင်း စတာပါ မင်းရဲ့..”

အဖိုးအိုတစ်ယောက်က ဖြတ်ပြောလိုက်သည်။

“ကိုယ်ပိုင်သားရဲကိုပေါ့”

“ဟုတ်တယ် ကိုယ်ပိုင်သားရဲကိုလေ.. သူက ဒီတိုင်း ဆော့တာပါ.. သူ့ကို ဒီလောက် ကြောက်အောင် ခြောက်ဖို့ မလိုဘူးလေနော်” အဖွားအိုက ပြောနေရင်းဖြင့် သူ့မြေး၏ ခေါင်းကို တစ်ချက်ခေါက်လိုက်သည်။

“အန်တီ့သားက ဉာဏ်ကောင်းပြီး ‌လိမ္မာရေးခြားရှိတဲ့ ကလေးပါ.. မင်းရဲ့ အမှားလို့ ပြောတာမဟုတ်ပါဘူး.. ဒါပေမယ့် အရိုးစုကြီးကိုတော့ လူကြားသူကြား ခေါ်လာစရာ မလိူဘူးလေကွယ်”

“ဒါဆိုရင်လည်း တောင်းပန်ပါတယ်.. ကျွန်တော့်ကို ခွင့်ပြုပါဦး.. တခြားလုပ်စရာလေးတွေ ရှိသေးလို့ပါ”

သူသည် ကိုယ်ပိုင်သားရဲများနှင့်အတူ ထွက်သွားလိုက်သည်။

မည်သူမှလည်း လိုက်မတားကြပဲ အဝေးထွက်သွားသည်ကို ရပ်ကြည့်ရင်း ကျန်ခဲ့ကြသည်။

အိမ်မှ ထွက်လာပြီးသောအခါ ကောင်းဖန်သည် ခရီးသွားအေဂျင်စီတစ်ခုသို့သွားကာ ဒေလီကန္တာရနှင့် ပတ်သက်သော ခရီးစဉ်မိယးအကြောင်း မေးလိုက်သည်။ သို့သော် ထိုနေရာသို့ ပို့သည့် ခရီးစဉ်မှာ ရှိမနေပါပေ။

“ကျွန်တော်တို့ ဒေလီကန္တာရကို မသွားကြပါဘူး.. အဲဒီနေရာက အရမ်း အန္တရာယ်များတယ်လေ.. လူတွေ အများကြီးလည်း သေထားတယ်.. စစ်တပ်ကတောင် အဲဒီနေရာကို ပိတ်ဆို့ထားတယ်လို့ ကြားမိတယ်.. အဲဒီကို တော်ရုံလူလည်း ၀င်ခွင့်မရဘူး.. အဲဒါကြောင့် တခြားနေရာ သွားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ပို့ဆောင်ပေးမှာပါ” ၀န်ထမ်းတစ်ယောက်က ပြောလိုက်သည်။

ကောင်းဖန်သည် ထိုနေရာတွင် လူ‌အမြောက်အများ သေဖူးသည် ဆိုသော စကားကို ကြားမိသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသတင်းသာ အမှန်ဆိုပါက ချန်အန်းစစ်တပ်က ပြောသောစကားများထက် ပို၍ ရှုပ်ထွေးမှူများ နောက်ကွယ်တွင် ရှိ‌နိုင်သေးသည်ပင်။

ကောင်းဖန်သည် ထိုနေရာကို တရား၀င် ၀င်ရောက်နိုင်မည့် အကြံကို လက်လျှော့လိုက်ရသည်။ သို့သော် စစ်တပ်မှသူများ မမြင်ပဲ ၀င်၍ရမည့်နည်းလမ်း သူ့တွင် ရှိနေသည်။

ခရီးသွားအေဂျင်စီမှ ထွက်လာသောအခါ ကောင်းဖန်သည် အပြင်ဘက်တွင် ချောင်းနေကြသော လူစုများကို တွေ့လိုက်ကြသည်။ အေဂျင်စီထဲမှ တစ်ယောက်ယောက် ထွက်လာတိုင်း သူတို့သည် ထိုသူနှင့် စကားပြောနိုင်ရန် ကြိုးစားနေကြသည်။ သို့သော် ထိုသူက စကားပြောရန် ဆန္ဒမရှိလျှင်တော့ သူတို့သည် နောက်ဆုတ်လိုက်ကြပြီး နောက်တစ်ယောက် ထွက်အလာကို ထွက်မျှော်ကြသည်။

ထိုသူများသည် ခရီးသွားအေဂျင်စီမှ ဖယ်ထုတ်လိုက်သော အစာအကြွင်းအကျန်များကို လုယက်စားသောက်နေကြသော ခွေးအ များနှင့်ပင် တူနေသည်။ သို့သော် တစ်ဖက်လူကို အတင်းအကြပ် ဖိအားပေးကြသည်မျိုးတော့ မရှိကြချေ။

ကောင်းဖန်သည် သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသာ ကုတ်ရှည်အမည်းနှင့်သူကို လက်ပြလိုက်သည်။

ထိုသူသည် စီးကရက်ကို ခဲလိုက်ပြီး အငွေ့များကို နှာခေါင်းမှ မှုတ်ထုတ်လိုက်သည်။ ထို့နောက် ကျန်သော စီးကရက်တို မြေပေါ်ပစ်ချကာ တက်နင်းလိုက်ရင်း ကောင်းဖန်‌ဆီသို့ လျှောက်လာသည်။

ကောင်းဖန်က ပိုက်ဆံအိတ်ကို ထုတ်လိုက်ကာ ပိုက်ဆံအချို့ကို ကမ်းပေးလိုက်သည်။

“ကျွန်တော် ဒေလီကန္တာရကို သွားနိုင်မယ့် အဖွဲ့ကို ရှာနေတယ်.. ဒီနေ့သွားဖို့ စီစဉ်ထားတယ်” ကောင်းဖန်က ပြောလိုက်သည်။

အမည်းရောင်၀တ်စုံနှင့်လူသည် ပိုက်ဆံကို အိတ်ကပ်တွင်းသို့ ထည့်လိုက်သည်။

သူသည် ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ရင်း မည်သူမျှ စောင့်ကြည့်မနေသည်ကို သေချာသွားသောအခါ “လိုက်ခဲ့” ဟု ပြောလိုက်သည်။

ကောင်းဖန်သည် ထိုသူနောက်သို့ လမ်းကျဉ်းလေးတစ်လျှောက် လိုက်သွားလိုက်ပြီး အဆောက်အအုံ စုတ်စုတ် တစ်ခုဆီသို့ ရောက်သွားသည်။ ထိုသူက အထဲကို တန်း၀င်သွားသည်။

ကောင်းဖန်သည် ထောင်ချောက်ဖြစ်မလား မဖြစ်မလားပင် အမှုမထားပဲ အထဲသို့ လိုက်၀င်သွားသည်။

ရုတ်တရတ် အမည်းရောင်သဏ္ဍာန်တစ်ခုသည် ‌သူ့ဘေးမှ ရိပ်ခနဲဖြတ်သွားပြီး သူ့ဆံပင်များနှင့်ပင် ထိလုနီးနီး ဖြစ်သွားသည်။ ကောင်းဖန်သည် တစ်ချက်မျှပင် မတုန်လှုပ်ပဲ ဆက်၍ပင် လျှောက်သွားလိုက်သည်။

လမ်းအဆုံးတွင် စင်တစ်ခုရှိနေသည်။ အမည်းရောင် ခရုတစ်ကောင်သည် ကောင်းဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ခရုသည် ဆူးများဖြင့် ဖုံးလွှမ်းနေသော အခွံထဲမှနေ၍ ခေါင်းကို ဆန့်ထုတ် ကြည့်နေသည်။

ကောင်းဖန်က သူ့ကို တစ်ချက်ပြန်ကြည့်လိုက်သည်။

ခရုသည် သူ့ကို မျက်လုံးပြူးကြည့်လိုက်သည်။ ထို့နောက် ချက်ချင်း အခွံထဲပြန်၀င်သွားသည်။ သူသည် ပြန်ထွက်လာတော့မည့်ဟန် မရှိပါချေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၀၇ ဒေလီကန္တာရ

အိမ်အတွင်းတွင် ဖန်ခွက်ကွဲသံသည် ပဲ့တင်ထပ်သွားသည်။

ကောင်းဖန်ကို လျှောက်လမ်းသုံးခုနှင့် ခြံဝန်းနှစ်ခုကို ကျော်ဖြတ်ခေါ်လာအပြီးတွင် အမည်းရောင် ဝတ်စုံနှင့်သူသည် ရပ်လိုက်သည်။

ထိုသူသည် လှည့်မကြည့်ပဲ ကောင်းဖန်ကို ကျောပေးရပ်နေသည်။

ချွေးများသည် သူ့နဖူးမှနေပြီး ကော်လာထဲထိ ကျဆင်းနေသည်။

ထိုသူသည် သူ၏ ကိုယ်ပိုင်သားရဲ ဖြစ်သော အမည်းရောင် ဆူးခရုနှင့် ကောင်းဖန်ကို စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုခရုသည် အလွန်စွမ်းအား မမြင့်သော်လည်း လက်ရွေးစင်အဆင့် သားရဲတော့ ဖြစ်သေးသည်ပင်။

သို့သော် ကောင်းဖန်၏ အကြည့်တစ်ချက်နှင့်ပင် ခရုသည် ပြားပြား၀ပ်သွားခဲ့ရသည်။ ထိုခရု၏ ကြောက်လန့်သွားမှုကို ထိုသူသည် သွေးစာချုပ်မှ တဆင့် ခံစားမိလိုက်သည်။

ထိုကောင်လေးသည် တော်ရုံမဟုတ်မှန်း သဘောပေါက်သွားသည်။

“မင်းကို ဒေလီကန္တာရကို ပို့ပေးဖို့ ဖုန်းခေါ်ပြီး ပြင်ဆင်ထားပြီးပြီ.. ဒီညဆယ်နာရီမှာ ထွက်မယ်” ထိုသူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် ဝါးပင်များရှိနေပြီး အပင်တိုင်းသည် သူ့ခေါင်းပေါ်ရှိ မျက်နှာကြက်များတွင် ထိုးဖောက်နေသည်။ ထိုနေရာတစ်ခုလုံး အပြည့်ဖြစ်နေသည်။

“ခဏလောက်နားပါဦးလား.. လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကျုပ်လုပ်ထားလိုက်မယ်.. ဒီည ၁၀ နာရီထွက်မယ် ဆိုတာပဲ သိထားပေးပါ.. အဲဒီထက်နောက်ကျရင် ကျုပ်တို့ စောင့်မှာ မဟုတ်ပါဘူး” ထိုလူက ပြောလိုက်သည်။

ကောင်းဖန်က တစ်ချက်မျက်လုံးမှေးကာ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

…

ညရောက်လာပြီ ဖြစ်သည်။

လူတစ်စုသည် အဆောက်အအုံ၏တစ်ဖက်ခြမ်းမှနေ၍ ၀င်လာကြသည်။

သူတို့တွင် လူ ၆ ယောက်ပါ၀င်ပြီး သူတို့ အနောက်တွင်တော့ လူနှစ်ယောက် ရှိနေပြီး ထူထဲသော အမည်းရောင် ၀တ်ရုံကြီးများကို ၀တ်ဆင်ထားသည်။

“အဓိကလမ်းမကြီးရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်တွေ ရှိနေလို့ ချန်အန်းမြို့ရဲ့ လူသိပ်မသွားတဲ့ လမ်းကြောင်းကို ရွေးထားတယ်” အဖွဲ့၏ ရှေ့တွင်ရပ်နေသော အမည်းရောင်၀တ်စုံနှင့် မိန်းကလေးက ရှင်းပြသည်။ သူမတွင် မျက်ခုံးပါးပါးလေး ရှိကာ သူမ၏ အပြုအမူများသည် ဖျက်လတ်တက်ကြွနေသည်။

ချန်အန်းမြို့သည် ကြီးမားသောကြောင့် မြို့ထွက်ပေါက်တိုင်းတွင်တော့ စစ်တပ်များ နေရာချထားစရာ အကြောင်း မရှိပါချေ

သူတို့သည် မြို့၏ ဆင်ခြေဖုံးများဆီသို့ သွားလိုက်သည်။ အဝေးတစ်နေရာမှ ကားဟွန်းတီးသံများကို တစ်ချက် တစ်ချက် ကြားနေရသည်။

ကျွန်းကျင်သောလမ်းပြသူသာ မရှိပါက သူတို့သည် အမှောင်ထဲတွင် ထိုနေရာကို သွားတတ်မည် မဟုတ်ပါချေ။

နှစ်နာရီခန့် လမ်းလျှောက်ပြီးသောအခါ သူတို့သည် တောင်လေးတစ်ခု၏ ဘေးသို့ ရောက်သွားသည်။ အမှောင်ထုကြားမှပင် သူတို့သည် လမ်းဘေးတွင် ရပ်ထားသော ထရပ်ကားကြီးတစ်စီးကို တွေ့လိုက်ရသည်။

အမည်းရောင်၀တ်ရုံနှင့် မိန်းကလေးသည် သူမ၏ ကျောပိုးအိတ်ထဲမှ ဝီစီတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ဝီစီကို အရှည်တစ်ချက် အတိုနှစ်ချက် မှုတ်လိုက်သည်။

ထိုအခါ ထရပ်ကားကြီး စက်နိုးလာသည်။

“သွားရအောင်” မိန်းကလေးက အလျင်စလို ပြောလိုက်ပြီး ထရပ်ကားဆီ ပြေးသွားလိုက်သည်။

သူတို့အားလုံး ကားပေါ်တက်ပြီးသောအခါ ကိုယ်ပိုင်သားရဲများကို နောက်ခန်းတွင် ထည့်ထားလိုက်သည်။

ကောင်းဖန်သည် အခြားသူများ၏ ကိုယ်ပိုင်သားရဲများကို အမည်းရောင်အ၀တ်ကြီးများ ခြုံလွှမ်းထားသောကြောင့် ကောင်းကောင်းမမြင်ရပေ။ သူသည် ကားအနောက်ပိုင်းကို ကြီးမားသော သဏ္ဍာန်ကြီးများ တက်သွားသည်ကိုသာ မြင်နေရသည်။ သူတို့ထဲမှတစ်ကောင်သည် ရုတ်တရတ် ထအော်လိုက်ပြီး နောက်တစ်ကောင်နှင့် တိုက်မိသွားသည်။

နောက်တစ်ကောင်ကလည်း ခေါင်းကို ခါရမ်းလိုက်ပြီး အော်ဟစ်လိုက်သည်။

ရုတ်တရတ် အရိုးလက်ကြီးတစ်ခုသည် အမည်းရောင် ၀တ်ရုံတစ်ခုကြားမှ ထွက်လာကာ ထိုသားရဲနှစ်ကောင်၏ ခေါင်းကို ကိုင်လိုက်သည်။

ချက်ချင်းပင် ထိုနှစ်ကောင်လုံးသည် ငြိမ်ကျသွားသည်။

ထိုသားရဲနှစ်ကောင်သည် ကားအနောက်ခန်းတွင် ငြိမ်ငြိမ်လေး ထိုင်လိုက်လာကြသည်။

ကားထဲတွင် ကောင်းဖန်က အလယ်တွင်ထိုင်သည်။ ညာဘက်တွင် အနီရင့်ရောင် ၀တ်စုံ၀တ်ထား‌သော မိန်းကလေးတစ်ယောက်ရှိပြီး သူမ၏ ပေါ်နေသော ပုခုံးသားလေးသည် လုံး၀န်းချောမွတ်နေသည်။ သူမသည် မည်းနက်ပြီး လှိုင်းတွန့်နေသော ဆံပင်များကို ချထားသည်။ သူမ၏ သေးသွယ်သော ခြေထောက်များကိုတော့ မိန်းကလေးဆန်စွာ ချိတ်ထိုင်ထားသည်။

ကောင်းဖန်ကြည့်နေမှန်း သိသောကြောင့် အမျိုးသမီးသည် ကောင်းဖန်ဘက်သို့လှည့်ကာ ပြုံးပြလိုက်သည်။ သူမ၏ နှုတ်ခမ်းများကို အနီရောင်ဆိုးထားပြီး အမှောင်ထဲတွင်ပင် တောက်ပနေသည်။

ကောင်းဖန်သည် ချက်ချင်း ခေါင်းကို လှည့်လိုက်သည်။ မိန်းကလေးတစ်ယောက်ကို ထိုသို့ ကြည့်နေခြင်းက ရိုင်းပြရာ ကျသည် မဟုတ်ပါလား။

ကားထဲမှ အခြားနှစ်ယောက်ကတော့ အချင်းချင်း သိထားပြီး ဖြစ်ဟန်တူသည်။ ကောင်းဖန်သည် သူတို့၏ မျက်နှာများကို မှတ်မိအောင် ကြိုးစားနေသည်။

ထိုနှစ်ယောက်သည် အတွဲဖြစ်ဟန်တူသည်။ ကောင်းဖန်သည် သူတို့ပုံစံကို ကြည့်ပြီး ပိုက်ဆံအသည်းအသန် လိုနေသည့်ပုံကိုတော့ မပေါက်နေဘူးဟု တွေးလိုက်သည်။

သူတို့သည် ဒေလီကန္တာရထဲတွင် ပျော်စရာ စိတ်လှုပ်ရှားစရာများ ရှာဖွေရန် လိုက်လာကြပုံပေါ်သည်။

သူတို့သည် ၃ နာရီခန့် ကားစီးလိုက်ရသည်။ ကားကြီးသည် တစ်ချက်တစ်ချက် ယိမ်းထိုးသွားသည်။ ဒါသည်လည်း အံ့ဩစရာတော့ မရှိပါချေ။ သူတို့စီးနေသော လမ်းသည် နှစ်ပေါင်းများစွာ အပစ်ပယ်ခံထားရသော လမ်းဖြစ်သည်ာ ထို့ကြောင့် လမ်းတွင် ချိုင့်ခွက်များ ရှိနေပြီး ဖြည်းဖြည်းချင်း မောင်းနေရသည်။

ရုတ်တရတ် ကားအပြင်ဘက်တွင် အူသံကြီးတစ်ခု ကြားလိုက်ရသည်။

ကောင်းဖန်သည် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သောအခါ အစိမ်းရောင် အစက်များကို လမ်းဘေးတွင် တွေ့လိုက်ရသည်။

သူသည် ထိုအစက်များမှ တစ်ဆင့် ကြီးမားသော ဝံပုလွေနှင့် တူသည့် အကောင်ကြီးများကို တွေ့လိုက်သည်။ ထိုအကောင်များသည် ကားနောက်မှ ပြေးလိုက်လာကြသည်။

ကားသည် အမြန်ဆုံးမောင်းနေသော်လည်း ထိုအကောင်ကြီးများသည် လိုက်နေဆဲဖြစ်သည်။

“အခုမောင်းနေတာ မိုင်ကုန်ပဲ” ကားဆရာက ညည်းဆိုနေသည်။ “ငါတို့တော့ သေပြီ”

ကားသည် မည်မျှပင် မြန်မြန် မောင်းနေသော်လည်း ကားဘေးမှ ဝံပုလွေများသည် ပို၍ပင် အူကာ လိုက်လာကြသည်။

“ကားကို ရပ်လိုက်” အမည်းရောင်၀တ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။

ကားဆရာသည် ဂီယာကို ချိန်းလိုက်ကာ ကားကို ဖြည်းဖြည်းချင်း ရပ်လိုက်သည်။ ‌ကားသည် သေချာရပ်သွားသည်။

ဝံပုလွေများသည် ‌ကားဘေးတွင် ဝိုင်းလိုက်ကြသည်။ သူတို့၏ အစိမ်းရောင် မျက်လုံးများသည် မတည်မငြိမ် ဖြစ်နေကြသည်။

အနောက်ခန်းတွင် ဖလိန်မီ၏ နတ်ဘုရားအဆင့် အငွေ့အသက်သည် ခြေထောက်မှနေ၍ ထွက်လာနေသည်။

သားကောင်များကို ဖြည်းဖြည်းချင်း ချဉ်းကပ်နေသော ဝံပုလွေများသည် ချက်ချင်း ရပ်သွားကြသည်။ ချက်ချင်းပင် သူတို့သည် ကားဆီမှ ကြောက်လန့်တကြား ဆုတ်ခွာ သွားကြသည်။

တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသော အမည်းရောင်၀တ်စုံနှင့် မိန်းကလေးသည် ဝံပုလွေများကို နားမလည်စွာ ကြည့်လိုက်သည်။ ထို့နောက် သူမလက်ထဲတွင် ကိုင်ထားသော တောခုတ်ဓားကို တစ်ချက်ငုံ့ကြည့်လိုက်သည်။

“ဆက်သွားရအောင်” တိတ်ဆိတ်နေသော အသံကို ခွင်း၍ ပြောလိုက်သည်။

အမည်းရောင်၀တ်စုံနှင့် မိန်းကလေးသည် ကောင်းဖန်ကို မျက်တောင်ခတ်၍ ကြည့်လိုက်သည်။ ထို့နောက် “မောင်းတော့” ဟု ပြောလိုက်သည်။

သူမသည် သူမ၏ ထုတ်ပင် မထုတ်ရသေးသော တောခုတ်ဓားကြောင့် ဝံပုလွေများ ကြောက်လန့်သွားသည်ကို မယုံနိုင်ဖြစ်နေသည်။ သူမသည် သူမ၏ မကြာသေးခင်ကမှ ကွန်မန်ဒါအဆင့်ကို မြှင့်ထားသော ကိုယ်ပိုင်သားရဲ‌ကြောင့် လက်ရွေးအဆင်အဆင့် သားရဲအုပ်ကြီး ထွက်ပြေးသွားသည်ကိုလည်း မယုံနိုင်ပေ။

သို့သော် သူမသည် ထိုကိစ္စကို မေ့ထားလိုက်သည်။ သူမ၏ အလုပ်သည် ထိုသူများကို ဒေလီကန္တာရ အစပ်နားထိ အန္တရာယ်ကင်းစွာ သွားနိုင်ရန် လိုက်ပါပို့ဆောင် ရမည် ဖြစ်သည်။ အခြားအရာများသည် သူမနှင့် မဆိုင်ပါချေ။

နာရီ၀က်ခန့် မောင်းပြီးသောအခါ အပြင်ဘက်မှ ပတ်၀န်းကျင်သည် လူသူကင်းမဲ့လာပြီး လမ်းဘေးမှ အပင်များသည် ကျဲပါးလာသည်။ လရောင်မှိန်မှိန်အောက်တွင် ကောင်းဖန်သည် ထိုမြင်ကွင်းများကို တရိပ်ရိပ် မြင်နေရသည်။

“ရောက်ပြီ.. အရှေ့မှာ မြင်နေရတာ ဒေလီကန္တာရပဲ.. အဓိကလမ်းမကနေ ခွဲထွက်သွားတဲ့ လမ်းလေးအတိုင်း လိုက်သွားလိုက်ရင် ကြေးစားတွေ စုနေကြတာ တွေ့လိမ့်မယ်.. အဲဒီနေရာက စစ်တပ်ရဲ့ အာဏာစက်အောက်မှာ မရှိဘူး” မိန်းကလေးက ပြောလိုက်ပြီးနောက် ကောင်းဖန်တို့ကို ချခဲ့ပြီး ကားဖြင့် လှည့်ထွက်သွားသည်။

သူတို့အောက်ရှိ မြေပြင်သည် နူးညံ့နေသည်။ ပေါ့ပါးခြောက်‌သွေ့သောလေသည် သူတို့ကို ဖြတ်တိုက်သွားသည်။

အဝေးသို့ ကြည့်လိုက်သောအခါ ကောင်းဖန်သည် မိုးကုတ်စက်ဝိုင်းအဆုံးထိ ရှိနေသော ငွေရောင်သဲပြင်ကြီးကို တွေ့လိုက်ရသည်။

သူတို့ရှေ့တွင် ဒေလီကန္တာရကြီးကို မြင်နေရပြီ ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၀၈ ကန္တာရမန်ဘာ

အနီရောင်၀တ်စုံနှင့် အမျိုးသမီးသည် အနောက်ဘက်သို့ လှည့်လိုက်ကာ အမည်းရောင် ၀တ်ရုံအောက်မှ သားရဲတစ်ကောင်ကို လက်ယပ်ခေါ်လိုက်သည်။

မီးခိုးငွေရောင် ရှည်မျောသော အရာကြီးသည် မြှားတစ်စင်းကဲ့သို့ ထွက်ပေါ်လာသည်။

မြွေဟောက်ကြီး၏ ခေါင်းသည် ‌သုံးလွှာအဆောက်အအုံ တစ်ခုစာ အမြင့်တွင် ရှိနေသည်။ သူ၏ အမြီးကြီးသည် ဓားကြီးကဲ့သို့ ထိပ်ပိုင်းတွင် ငွေရောင်များ‌ တောက်ပနေသည်။ အမြီးထိပ်ကြီးနားတွင် အဝါရောင် အငွေ့အသက်များလည်း ရှိနေသည်။

အမြီးကြီး လှုပ်လိုက်တိုင်းတွင် ခလောက်သံတိုးတိုးကိုလည်း ကြားနေရသည်။

[သားရဲအမည်] - ကန္တာရ မန်ဘာ

[သားရဲအဆင့်] - အဆင့် ၃၆ (ကွန်မန်ဒါအဆင့်)

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲစွမ်းအင်] - သဲကိုယ်ခံအား အဆင့် ၂

[သားရဲအမျိုးအစား] - သဲ

[သားရဲဖော်ပြချက်] - ကန္တာရ မန်ဘာသည် ဒေါသကြီးသော သားရဲ ဖြစ်ပြီး ကန္တာရထဲတွင် တွေ့ရလေ့ရှိသည်။ သဲသည် သူ၏ အဓိက အစားအစာ ရင်းမြစ်ဖြစ်သည်။

အဆင့် ၃၆.. မဆိုးပါဘူး..

ကပ်ဆိုးကြီး အပြီးတွင် ဈေးကွက်၌ ကွန်မန်ဒါအဆင့် သားရဲများ ခေတ်စားလာရာ နောက်ဆုံးအဆင့် ကွန်မန်ဒါအဆင့် သားရဲများသည် ရှားပါးလာကြသည်။ အနီရောင်နှင့် အမျိုးသမီးသည် ကောင်းဖန်ကို ပြုံးပြလိုက်ကာ သူမ၏ ကိုယ်ပိုင်သားရဲနှင့်အတူ ကန္တာရထဲ၀င်သွားသည်။

စုံတွဲသည်လည်း ကိုယ်ပိုင်သားရဲများကို အသီးသီး ခေါ်ယူလိုက်ပြီး လမ်းမကြီးမှခွဲထွက်သွားသော လမ်းကျဉ်းလေးထဲ၀င်ကာ မြင်ကွင်းမှ ပျောက်သွားကြသည်။

၀တ်ရုံမည်းကြီး ခြုံထားရတာ ကြာနေပြီ ဖြစ်သော တာ့ဇီသည် အပြင်ထွက်လာကာ ကောင်းဖန်၏ ဘေးတွင် စိတ်လှုပ်ရှားနေသော ခွေးပေါက်လေးလို စိတ်လှုပ်ရှားနေသည်။

“အထဲမှာ မွန်းကြပ်ပြီး သေတော့မယ်ထင်တာ” တာ့ဇီက ပြောလိုက်သည်။

“ဒီညနားဖို့ စုရပ်ကို အရင်ရှာလိုက်ရအောင်” ကောင်းဖန်က ပြောလိုက်သည်။ သူသည် သဲပါသောလေကို ရှူနေရသောကြောင့် နှာခေါင်းကို ပွတ်လိုက်သည်။

တစ်ညလုံးကားစီးရသည်မှာ ပင်ပန်းလှသည်။ ကောင်းဖန်သည် ‌နူးညံ့နွေးထွေးသော အိပ်ရာပေါ်တွင်သာ လှဲနေချင်တော့သည်။

ကောင်းဖန်နှင့် သူ၏ သားရဲများသည် ခရီးဆက်ဖို့ အားအင်တော့ ရှိနေကြသေးသည်ပင်။ ခဏကြာသောအခါ ကောင်းဖန်သည် အဝေးတစ်နေရာမှ တောင်ကုန်းတစ်ခု၏နောက်တွင် မြို့ငယ်လေးတစ်ခုလို အဆောက်အအုံအချို့ကို တွေ့လိုက်ရသည်။ သို့သော် အချိန်သည် မနက် ၃ နာရီရောက်တော့မည် ဖြစ်သောကြောင့် လမ်းပေါ်တွင် လူသူများကင်းမဲ့နေလေသည်။

ထိုအဆောက်အအုံများထဲမှ တစ်ခုတွင် လွှင့်ထူ‌ထားသော အလံတစ်ခုသည် လေထဲတွင် လွင့်ပါနေသည်။

မြို့ငယ်လေးကို နံရံကြီးတစ်ခုက ၀န်းရံထားသည်။ အစောင့်တစ်ယောက်ကတော့ အမဲလိုက်ခွေးတစ်ကောင်နှင့် ကင်းစောင့်နေဟန် တူသည်။ ရုတ်တရတ် ထိုခွေးသည် အမှောင်ထဲမှ တစ်စုံတစ်ရာကို ထိုးဟောင်လိုက်သည်။

အစောင့်သည် အိပ်ငိုက်နေရာမှ နိုးလာသည်။ သူသည် ကျောပိုးအိတ်ထဲမှ သေနတ်ကို ထုတ်လိုက်ကာ ခွေးဟောင်ရာ နေရာဆီသို့ စူးစိုက်ကြည့်နေလိုက်သည်။ အဝေးတစ်နေရာတွင် သူရှိနေရာသို့ အချို့သောအရာများ လာနေသည်ကို တွေ့လိုက်ရသည်။ လူများနှင့်လည်း မတူချေ။

သူသည် သတင်းပို့လိုက်တော့မည့်ဆဲဆဲတွင် အဝေးမှ အသံတစ်ခုကို ကြားလိုက်ရသည်။ “အဲဒီမှာ တည်းခိုစရာ နေရာများ ရှိပါသလား”

လူလား..

အစောင့်သည် သေနတ်ကို ချလိုက်သည်။ မည်သည့်သားရဲကမျှ တကယ့်လူသားလို ကျွမ်းကျင်စွာ ပြောနိုင်လိမ့်မည် မဟုတ်ပါချေ။

ခဏကြာသောအခါ လူငယ်တစ်ယောက်သည် မြင်ကွင်းထဲသို့ ၀င်လာသည်။ သူ့ပုံစံသည် အသက် ၂၀ ခန့် ရှိပြီး ကြည်လင်သော အသားအရေ.. မြင့်မားသော နှာတံတို့ ရှိနေသည်။ ချောလိုက်တာ..

အစောင့်သည် အနည်းငယ်ပင် မနာလို ဖြစ်သွားသည်။

“ဒီအချိန်ကြီး ဘာလို့ အပြင်ရောက်နေတာလဲ.. ဒေလီကန္တာရက ညဘက်ဆို အန္တရာယ်ရှိတာ မသိဘူးလား” အစောင့်က ပြောလိုက်သည်။

“ကန္တာရမှာ ညဘက် ကျက်စားတဲ့ သားရဲတွေများ တွေ့ရမလားလို့ပါ” ကောင်းဖန်က ပြောလိုက်သည်။ သူသည် မကြာသေးခင်က ဖမ်းမိထားသော ညသဲကင်းမြီးကောက်ကို ညာဘက်လက်ဖြင့် ‌မြှောက်ပြရင်း ပြောလိုက်သည်။

“အင်း.. ၀င်လာလို့တော့ ရပါတယ်” အစောင့်က မကြားတကြား ပြောလိုက်သည်။

“ဒါပေမယ့် အခုက နောက်ကျနေပြီဆိုတော့ တည်းခိုခန်း တော်တော်များများကတော့ လူပြည့်နေပြီ.. နေ့ဘက်မှာတောင် ဒီမှာက လူပြည့်တတ်တာ သိသင့်တယ်”

“ကျွန်တော် ပိုက်ဆံပိုပေးနိုင်ပါတယ်” ကောင်းဖန်က တုံ့ဆိုင်းခြင်း မရှိပဲ ပြောလိုက်သည်။

အစောင့်သည် သွားများပေါ်အောင် ပြုံးလိုက်သည်။ “မေးကြည့်လိုက်ဦးမယ်”

သူသည် စကားပြောစက်မှ တဆင့် တစ်ယောက်ယောက်နှင့် ပြောနေသည်။

၁၀ မိနစ်ခန့်ကြာသောအခါ ကောင်းဖန်ကို လူတစ်ယောက်က အိပ်ဆောင်သို့ လာခေါ်သည်။

ကန္တာရနားတွင် တည်းခိုခန်း ဖွင့်ရခြင်းသည် လွယ်ကူသည့် အလုပ်တော့ မဟုတ်ပါချေ။ ကောင်းဖန်သည် အိပ်စရာ နေရာပင် မရှိတာထက်စာရင်တော့ တော်သေးသည်ဟု တွေးလိုက်သည်။

သူ၏ သားရဲများကို နေရာချထားပြီးသောအခါ သူလည်း အိပ်ယာ၀င်လိုက်သည်။

နောက်တစ်နေ့တွင် ကောင်းဖန်သည် အပြင်ဘက်လမ်းမမှ ၀င်လာနေသော နေရောင်ဖြင့် နိုးလာခဲ့သည်။ သူသည် အိပ်ရာထဲမှ မထချင် ထချင် ထလိုက်သည်။ သူသည် အိပ်ရာမှ သူ့ကို မမြင်နိုင်သော အားတစ်ခုနှင့် ဆွဲထားသည်ဟုပင် တွေးလိုက်မိသည်။

ကောင်းဖန်သည် ပြတင်းပေါက်မှ ၀င်လာနေသော နေရောင်ကို လက်ဖြင့်ကာ၍ ကြည့်လိုက်သည်။

အပြင်ဘက်တွင် နွားတင်းကုပ်များနှင့် တူသော အဆောက်အအုံများကို လမ်းတလျှောက် တွေ့နေရသည်။ ကြားထဲတွင်တော့ သိပ်မမြင့်သော အဆောက်အအုံများ ရှိနေသည်။

အုတ်ညံ့ညံ့ဖြင့် လုပ်ထားသော နံရံများကို ကြည့်ရင်း ကောင်းဖန်သည် ရှေးခေတ် လူနေမှူကိုပင် တွေးမိလိုက်သည်။ ကိုယ်ပိုင်သားရဲ တစ်ကောင်၏ မြေစွမ်းအင်ကို သုံးပြီး ဆောက်ထားသည်နှင့်ပင် တူနေသည်။

လူအများစုသည် ဦးထုပ် သို့မဟုတ် မျက်နှာဖုံးများ ၀တ်ထားကြသည်။ အချို့သည် ကိုယ်ပိုင်သားရဲများနှင့်အတူ လမ်းပေါ်တွင် လျှောက်နေကြသည်။ လမ်းတစ်ဖက်တစ်ချက်တွင် လမ်းဘေးဆိုင်လေးများ ရှိနေ‌ကြပြီး ပစ္စည်းအတိုအထွာလေးများ ရောင်းချနေကြသည်။

ဆိုင်တွင် ပစ္စည်းလေးများကို စုံလင်စွာ မြင်နေရသည်။ သို့သော် ကောင်းဖန်၏ ကောင်းမွန်လှသော အမြင်အာရုံတွင် ပစ္စည်းများမှာ အလွန်တော့ မစုံလှကြောင်း မြင်နေရသည်။

သူသည် ဆိုင်လေးတိုင်းတွင် ခင်းကျင်းထားသော နေရာတိုင်းတွင် ရနိုင်သည့် ပစ္စည်းလေးများကို ကြည့်နေလိုက်သည်။

[ပစ္စည်းအမည်] - ပေါက်ကွဲဆူးပင်

[ပစ္စည်းဖော်ပြချက်] - မည်သည့်ဒဏ်ရာပေါ်တွင် မဆို တိုက်ရိုက်လိမ်းနိုင်ကာ ကုသနိုင်သည်။ ဆေးဝါးထုတ်ကုန် တစ်ခု အဖြစ်လည်း အသုံးပြုသည်။

—

[ပစ္စည်းအမည်] - သာမာန်သဲအမျိုးအစား သားရဲအမြုတေ

[ပစ္စည်းဖော်ပြချက်] - သဲအမျိုးအစား သားရဲကိုယ်မှ ထွက်ပေါ်လာသော အမြုတေဖြစ်သည်။ ကိုယ်ပိုင်သားရဲ၏ သဘာ၀စွမ်းအင်ကို မြှင့်တင်ရာတွင် အသုံးပြုနိုင်သည်။ သဲအမျိုးအစားသားရဲတွင် အသုံးပြုပါက ပိုအကျိုးထိရောက်မှု ရှိသည်။

—

[ပစ္စည်းအမည်] - သဲဝိဉာဉ်ကျောက်တုံး

[ဖော်ပြချက်] - သဲနှင့် မြေ သဘာ၀စွမ်းအင်များမှ ပေါင်းစပ်ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုသုံးမျိုးသည် ဆိုင်များတွင် ရောင်းချနေသည့်ထဲတွင် နာမည်အကြီးဆုံး သုံးမျိုး ဖြစ်သည်။

ကောင်းဖန်သည် ထိုပစ္စည်းများမှာ ရှာရမခက်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် ဆိုင်တိုင်းတွင် ရောင်းနိုင်စရယ အကြောင်း မရှိချေ။

ကောင်းဖန်နေသော တည်းခိုခန်း၏ နှစ်လွှာ၊ သုံးလွှာ၊ လေးလွှာတို့သည် ဧည့်သည်များအတွက် ဖြစ်ပြီး ပထမထပ်ကတော့ စားသောက်ခန်း ဖြစ်သည်။ ကောင်းဖန်သည် စားသောက်ခန်းသို့ ဆင်းသွားလိုက်ပြီး သူ့အတွက် နှစ်ပွဲစာ မှာလိုက်သည်။ ထို့နောက် ရေတစ်ခွက်ကို ငှဲ့သောက်လိုက်ကာ သူ့အနောက်မှ စကားသံများကို တိတ်တဆိတ် နားစွင့်နေလိုက်သည်။

ထိုအချိန်တွင် ဆီလီသည် ကောင်းဖန်၏ ခေါင်းပေါ်မှ ဆင်း၍ သူ၏ ဦးမှင်တစ်ခုကို ပဲငံပြာရည် တစ်ခွက်ထဲသို့ နှစ်ကာ သောက်ကြည့်လိုက်သည်။

အရသာသည် ကြောက်ခမန်းလိလိ ဖြစ်သည်။ ဆီလီသည် ခေါင်းပင် ချက်ချင်း မူးတက်လာသည်။ သူသည် မဟုတ်သေးဘူးဟု တွေးလိုက်သည်။

“စစ်တပ်က ကန္တာရတစ်ခုလုံးကို ပိတ်ထားတယ်.. အခုသူတို့က လူတွေကို ၀င်ခွင့်တောင် မပေးဘူး”

“အဲဒီကောင်တွေက သူတို့ကောင်းဖို့ပဲ လုပ်နေကြတယ” နောက်တစ်ယောက်က ဝိုင်ကို ငှဲ့ရင်း ပြောလိုက်သည်။

“ခင်ဗျားကတော်တော်အမှန်ပြောတတ်တာပဲ”

ကောင်းဖန်သည် အသုံး၀င်သော အချက်များကို မကြားရပါချေ။ ရောက်တတ်ရာရာ ပြောနေကြခြင်းသာ ဖြစ်သည်။

စစ်တပ်သည် ချန်အန်းမြို့၏ နေရာများတွင် တော်တော်လေး လွှမ်းမိုးထားပုံရသည်။ မြို့ထဲမှ လူများသည် စစ်တပ်အကြောင်းကို မကောင်းကြောင်းပင် ပေါ်တသ် မပြောရဲကြပါချေ။

သို့သော် စစ်တပ်သည် ဒေလီကန္တာရကို ပိတ်ချထားပြီး ၀င်ခွင့်ပင် မပေးထားသောအချက်ကတော့ တစ်ခုခု ရှိနိုင်မှန်း သိသာလှသည်။

မနက်စာစားပြီးသော အခါ ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများနှင့်အတူ ဒေလီကန္တာရထဲသို့ ထွက်လာလိုက်သည်။

ကန္တာရသည် ချန်အန်းမြို့၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ ကပ်ဆိုးကြီး မတိုင်ခင်က ထိုနေရာသည် နာမည်ကြီး ခရီးသွားအလည်အပတ် နေရာတစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင်တော့ အရောက်အပေါက်သည် အလွန်နည်းသွားသည်။ ထိုသို့ဖြင့် ကန္တာရထဲသို့ အနီးအနားနေရာများမှ ပိုင်နက်ကျူးကျော်မှုများဖြစ်လာသည်။ တဖြည်းဖြည်းနှင့် ထိုနေရာတွင် လူမနေသလောက် ဖြစ်သွားသည်။

ထို့နောက် လူသားစားတီကောင်ကြီး ရှိနေသည်ကို သိသွားကြသောအခါ ထိုနေရာကို အန္တရာယ်ရှိသော နေရာအဖြစ် သတ်မှတ်လိုက်ကြသည်။ ထိုသို့ဖြင့် ကန္တာရအုပ်ချုပ်သူရောက်လာပြီး လူသားစားတီကောင်ကြီးကို အနိုင်ယူလိုက်ပြီးနောက်တွင် ကန္တာရသည် ပို၍ပင် ခြောက်ကပ်သွားတော့သည်။

All Chapters