အခန်း (၃၀၉-၃၁၂)
Vol. 20 Ch. 309-312
အခန်း ၃၀၉ သဲသားရဲ၏ ပျော့ကွက်
ဒန်ဘီသည် ကန္တာရထဲသို့ ၀င်လိုက်သည်နှင့် သဲထဲသို့ ချက်ချင်း နစ်မြုပ်သွားသည်။
သူသည် တွင်းတစ်ခုထဲသို့ ပြုတ်ကျသလိုပင် ဖြစ်သွားသည်။ သဲသည် ဒန်ဘီ၏ ညာ ခြေထောက်မှစကာ တစ်ကိုယ်လုံးကို ဝါးမြိုသွားသည်။
ဒန်ဘီသည် သူ၏ ဘယ်ခြေဖြင့် သဲကိုပြန်ကန်လိုက်သည်။
ထိုအခါ သူ၏ ခြေနှစ်ချောင်းလုံးသည် သဲထဲသို့ နစ်သွားသည်။
ဖလိန်မီသည် ထိုးဆင်းလိုက်ကာ ဒန်ဘီ၏ ပုခုံးကို လက်သည်းများဖြင့် ဆွဲတင်လိုက်သည်။ ထို့နောက် သူသည် ဒန်ဘီကို သဲထဲမှ ထုတ်ကာ ပျံသွားလိုက်သည်။
ဒန်ဘီသည် သူ့ကို အရှင်လတ်လတ် ဝါးမြိုတော့မတတ် ဖြစ်သွားသည့် ကန္တာရကြီးကို ကြည့်လိုက်သည်။
“ကန္တာရက ပုံမှန်မြေနဲ့မတူဘူး.. မင်းနေသားကျအောင် လုပ်ဖို့လိုမယ်” ကောင်းဖန်က ရယ်ချင်ပက်ကျိနှင့် ပြောလိုက်သည်။
ကန္တာရသဲသည် မွနေကာ ရေလို ဖြစ်နေသည်။ ထို့ကြောင့် မနစ်မြုပ်သွားစေရန် ခြေကိုဖော့၍ လျှောက်ဖို့ လိုလေသည်။
ဖလိန်မီသည် လေထဲတွင် ပတ်ပျံနေရင်း ဒန်ဘီလို ဖြစ်မှာကို ကြောက်နေသည်။
တာ့ဇီသည်လည်း အနည်းငယ် ထိတ်လန့်နေပြီး လေထဲတွင် ပတ်နေကာ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။
ခဏကြိုးစားပြီးသောအခါ ဒန်ဘီသည် သဲထဲတွင် တဖြည်းဖြည လမ်းလျှောက်နိုင်သွားသည်။ သူသည် သူ၏ ကိုယ်ကို အနည်းငယ် ကုန်းလိုက်ကာ အရှေ့သို့ကိုင်း၍ ခြေဖျားထောက် လျှောက်လိုက်သည်။
ရုတ်တရတ် မီးခိုးရောင် သဲမြွေတစ်ကောင်သည် သူ့ခြေထောက်အောက်ရှိ သဲထဲမှ ထွက်လာသည်။
သူသည် ဒန်ဘီကို အလင်း၏ အမြန်နှုန်းဖြင့် တိုက်ခိုက်လိုက်ကာ ခြေထောက်ကို ကိုက်လိုက်သည်။
သို့သော် မြွေသည် လေထဲတွင် ပျံသန်းသွားပြီးနောက် သဲထဲသို့ ပြန်မြုပ်သွားသည်။ အစွယ်တစ်ချောင်းလည်း ကျိုးသွားသည်။
ကန္တာရအုပ်ချုပ်သူသည် သဲဖြင့်ပြုလုပ်ထားသော သားရဲဖြစ်သည်။ သူ၏ လှုပ်ရှားမှုများကို ကန္တာရထဲတွင် မြင်နိုင်ချင်မှ မြင်ရနိုင်လိမ့်မည်။
ဒန်ဘီသည် သဲထဲတွင် ပုံမှန်အတိုင်းလမ်းလျှောက်နိုင်ပြီ ဖြစ်သော်လည်း သူ၏ ဟန်ချက်ကိုတော့ မနည်းထိန်းနေရသည်။
ဒန်ဘီသည်နတ်ဘုရားအဆင့် သားရဲဖြစ်သောကြောင့် သူ၏လှုပ်ရှားမှုတိုင်းတွင် အဖျက်စွမ်းအင်များ ထွက်ပေါ်နေသည်။ ထို့အပြင် ဒန်ဘီ၏ ကိုယ်သည် သေးသွယ်သောကြောင့် နှာတစ်ချက် ချေလျှင်ပင် နစ်သွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။
ကန္တာရအုပ်ချုပ်သူနှင့် တွေ့ဆုံရင်ဆိုင်ဖို့ သူတို့အဆင်သင့် မဖြစ်ကြသေးပေ။
ကောင်းဖန်၏ မျက်နှာသည် တည်သွားသည်။ “ကန္တာရထဲကို အရမ်းနက်နက်ထိ မ၀င်ကြရအောင်.. ဒီနားတစ်ဝိုက်ပဲ သွားကြည့်ကြတာပေါ့”
ကောင်းဖန်တို့သည် အနောက်သို့ပြန်လှည့်၍ အစွန်းအဖျားနားတွင်သာ လျှောက်နေလိုက်ကြသည်။
ကောင်းဖန်သည် ဒေလီကန္တာရကို တစ်ခေါက်ရောက်ဖူးသည်။ သို့သော် ကန္တာရသည် ထိုစဉ်အခါကနှင့်တော့ တော်တော်လေး ကွာခြားသွားသည်။
လေထဲတွင် သဲနံ့များပါနေသည်။ တစ်ချက်တစ်ချက် သဲမှုန်လေးများသည်ပင် သူတို့ကို ပွတ်တိုက်သွားကြသည်။ နို၀င်ဘာလဖြစ်သော်လည်း နေသည် ကောင်ကင်တွင် တောက်ပနေသည်။ ကန္တာရ၏ အပူသည် မခံမရပ်နိုင်အောင်ပါပင်။
“ဒီက သဲတွေက စိတ်ဆိုးနေတယ်” ဒန်ဘီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“စိတ်ဆိုးတယ်” ကောင်းဖန်က မေးလိုက်သည်။
“နတ်ဘုရားအဆင့်သားရဲက တစ်နေရာရာမှာ နေတာကြာသွားရင် သူ့ရဲ့တည်ရှိမှုက လေအပါအ၀င် ပတ်၀န်းကျင် တစ်ခုလုံးမှာ သက်ရောက်မှုရှိတယ်” ဒန်ဘီက ရှင်းပြလိုက်သည်။
ကောင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ သူသည် နဂါးဖြူကြီး ရှိရာ ရေကန်၏ ကြည်လင်အေးမြနေမှုကို သတိရသွားသည်။ အစကသူသည် ထိုအရာကို သဘာ၀ဟုသာ ထင်ခဲ့မိသည်။ ယခုတော့ ဒန်ဘီ၏ ရှင်းပြမှုကြောင့် နားလည်သွားပြီ ဖြစ်သည်။
သဲသည် အလွန်နူးညံ့သော အရာဖြစ်သည်။ ကောင်းဖန်သည် ထိုအရာမှာ စိတ်ဆိုးနေသည်ဟူသော အဖြစ်ကိုတော့ မကြားဖူးခဲ့ပါချေ။
သူသည် ထိုနတ်ဘုရားအဆင့်သားရဲကို ကန္တာရ၏ မည်သည့်နေရာတွင်ပင် ရှိနေပါစေ စိတ်ရှည်နေမည် မဟုတ်ဟုတော့ နားလည်လိုက်သည်။
ရုတ်တရတ် သူတို့၏ ရှေ့တစ်နေရာတွင် အသံကျယ်တစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် အဝေးမှလာသော အသံမဟုတ်ပါက သူတို့နှင့် မလှမ်းမကမ်းတွင် တစ်ခုခု ဖြစ်နေသည်မှာ သေချာသည်။
ဖလိန်မီသည် လေထဲတွင် ပျံသန်းလိုက်သည်။ “ကောင်းဖန်.. အရှေ့မှာ လူတစ်ယောက် သားရဲနဲ့ တိုက်ခိုက်နေတယ်”
ကောင်းဖန်သည် သူ၏ကိုယ်ပိုင်သားရဲများနှင့်အတူ သဲကုန်းလေးတစ်ခုပေါ်တက်သွားလိုက်သည်။ ကုန်း၏ တစ်ဖက်တွင် တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင်သားရဲများနှင့်အတူ အခြားသားရဲများကို တိုက်ခိုက်နေသည်။
ထိုသားရဲများသည် အကုန်လုံး အညိုရောင်ဖြစ်နေကာ ရွေ့လျားနေသော သဲများနှင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အကုန်လုံး ပုံစံတူများ ဖြစ်ကြသည်။ အချို့ကောင်များသည် သဲဖြူကောင်များနှင့်တူကာ ကျောကုန်းတွင် ဆူးတောင်များ ထွက်နေကြသည်။ အချို့ကောင်များကတော့ မြွေများနှင့် တူနေသည်။ အချို့ကောင်များကတော့ ခန္ဓာကိုယ်တွင် လက်ခုနှစ်ချောင်း ထွက်နေကာ သားကောင်ကို လိုက်နေကြသည်။
ထိုနေရာတွင် အနည်းဆုံးအကောင် ၄၀ ထက်မနည်း ရှိနေကြသည်။
သဲသားရဲများသည် လူ ၁၀ ယောက်နှင့် သူတို့၏ ၂၀ ထက်မနည်းသော ကိုယ်ပိုင်သားရဲများကို ဝိုင်းထားကြသည်။
ထိုအဖွဲ့၏ အရှေ့ပိုင်းတွင် ကာကွယ်နိုင်စွမ်းကောင်းသော သားရဲများ ရှိနေကြသည်။ သူတို့သည် ထူထဲသော အရေပြားနှင့် ကြွက်သားများ ရှိနေသောကြောင့် သဲသားရဲများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနေကြသည်။ ထိုသားရဲများကြောင့်သာ သဲသားရဲများ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်နေကြခြင်း ဖြစ်သည်။
ဆူးပင်များနှင့်တူသည့် ကိုယ်ပိုင်သားရဲများသည် ထိုအဖွဲ့နှင့် နီးကပ်စွာ ရှိနေကြသည်။ သူတို့သည် ၁၆ ပေခန့်ရှိနေကြပြီး သူတို့၏ လက်မောင်းများမှ ဆူးများနှင့် ကာကွယ်ပေးနေကြသည်။
[သားရဲအမည်] - သွားကြားထိုးတံ ဆူးပင်
[သားရဲအဆင့်] - ၁၈
[သားရဲစွမ်းရည်] - ပုံမှန်
[သားရဲအမျိုးအစား] - သစ်သား
[သားရဲပျော့ကွက်] - မီး
သူတို့သည် လက်များကို ဘေ့စ်ဘောတုတ်တံများလို ဆန့်တန်းကာ သဲသားရဲများဆီသို့ ဆူးများကို ပစ်လွှတ်နေကြသည်။
ထိုဆူးများသည် သဲသားရဲများနှင့် ထိသွသောအခါ သူတို့သည် ခဏရပ်သွားကြသည်။ ထို့နောက် သူတို့သည် ပြန်လည် လှုပ်ရှားလာကြပြီး ဆက်တိုက်ခိုက်နေကြပြန်သည်။
အမှန်တွင် ထိုးဖောက်သည့် တိုက်ခိုက်မှု အမျိုးအစားသည် သဲသားရဲများအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိပါချေ။
ကောင်းဖန်သည် အောက်တွင် မြင်နေရသော တိုက်ပွဲကို အေးစက်စွာ ကြည့်နေသည်။ သူ့အတွက် သဲသားရဲများ၏ တိုက်ခိုက်ပုံကို အနီးကပ်စူးစမ်းဖို့ အခွင့်ကောင်း ဖြစ်နေသည်ပင်။
ဆူးများ၏ တိုက်ခိုက်မှုသည် သဲသားရဲများအတွက်တော့ အယားပြေလိုပင် ဖြစ်နေသည်။ ထို့ကြောင့် တုံးသော အရာတစ်ခုခုနှင့် တိုက်ခိုက်ခြင်းသည်သာ သက်ရောက်မှု ရှိနိုင်ကြောင်း တွေးလိုက်သည်။
မည်းနက်နေသော သံမဏိကြံ့ကြီးသည် သဲသားရဲများဆီသို့ ပြေးတိုက်ခိုက်လိုက်သည်။ သို့သော် သူ၏ ခြေထောက်သည် ခြေလှမ်းတိုင်းတွင် သဲထဲနစ်၀င်နေသည်။ ထို့နောက် သူသည် သဲသားရဲတစ်ကောင်ကို တိုက်ခိုက်မိနိုင်လိုက်သောအခါ သူ၏ ဂျိုကြီးနှင့် တစ်ချက်ထိုးလိုက်လျှင်ပင် သဲသားရဲ၏ နှလုံးကို ထုတ်ချင်းပေါက်သွားကာ အဝါရောင်နှလုံးသည် ကိုယ်တွင်းမှ ထွက်ကျလာသည်။ သဲသားရဲသည် တစ်ချက်တုန်သွားပြီးနောက် မြေပေါ်လဲကျသွားသည်။
သဲမှုန်များသည် မြေပေါ်ကျနေသော အဝါရောင်နှလုံးတွင် ကပ်နေသည်။
[သားရဲအမည်] - သဲသားရဲ
[သားရဲအဆင့်] - ၁၂
[သားရဲအခြေအနေ] - သေစေနိုင်သော ဒဏ်ရာရထား
[သားရဲအမျိုးအစား] - သဲ
[သားရဲပျော့ကွက်] - ၁။ ရေခဲ ၂။ သူ့ကိုယ်တွင်းမှ သဲအမြုတေ ပျက်စီးခြင်း ၃။ သားရဲ၏ ကိုယ်အစိတ်အပိုင်း တစ်ခုခုကို ဖြတ်ပစ်လိုက်ခြင်းသည် သူ၏ စွမ်းအင်အားလုံးကို လျော့ကျစေသည်။ သူ့အတွက် ပြန်လည် ကောင်းမွန်လာစေရန် အချိန်အမြောက်အများလိုအပ်သည်။ သူသည် ပြန်လည် ကုသရန် အနီးအနားမှ သဲများကို စုပ်ယူရသည်။
နှလုံးလိုအရာလေးသည် သဲသားရဲ၏ အမြုတေဖြစ်သည်။ သဲသားရဲသည် သူ့ကိုယ်တွင်းမှ အမြုတေထွက်သွားသည်နှင့် ချက်ချင်း သတိမေ့သွားနိုင်သည်။
ကောင်းဖန်သည် သေချာမှတ်ထားလိုက်သည်။
သဲသားရဲအချို့သည် တိုက်ခိုက်နေရင်း လက်များ ပြတ်ထွက်နေကြသည်။ သူတို့သည် ပြတ်ထွက်သွားသော အစိတ်အပိုင်းများကို ကောက်ပြီး နောက်သို့ တဖြည်းဖြည်း ဆုတ်သွားကြသည်။ ထို့နောက် လက်များကို ပြန်တပ်နေကြသည်။
ခဏကြာသောအခါ သူတို့၏ လက်များသည် ပြန်ဆက်သွားကြသည်။ သို့သော် သူတို့၏ လှုပ်ရှားပုံများကတော့ အရင်လို မဟုတ်တော့ချေ။
ရုတ်တရတ် ကောင်းဖန်သည် အကြံတစ်ခု ရသွားသည်။ သူသည် ဘေးတွင် ရပ်နေသော ဒန်ဘီကို သူ၏ နှလုံးကို နံရိုးကြားထဲဖြတ်ပြီး ကိုင်ကြည့်ခိုင်းလိုက်သည်။
ဒန်ဘီ၏ နှလုံးသည် လက်ချောင်းထဲတွင် ခုန်ပေါက်နေသည်။
ထိုထူးခြားသော စည်းချက်သည် သဲသားရဲများ၏ အမြုတေများဆီ ရောက်သွားပြီး သူတို့သည် စည်းချက်ပျက်သွားကြသည်။
သဲသားရဲများသည် တဖြည်းဖြည်း နှေးလာကြသည်။
ဒန်ဘီ၏ နှလုံးသည် ပိုခုန်လာသည်နှင့် အမျှ သဲသားရဲများ၏ ခန္ဓာကိုယ်သည် တွန့်လိမ်လာကြသည်။ သူတို့၏ ခြေလက်များသည် ကွေးကောက်လာပြီး စက်ရုပ်အက ကကုန်ကြသည်။
ထို့နောက် ဖန်ခွက်ကွဲသံလို အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
သဲသားရဲများအားလုံး ပေါက်ကွဲကာ သဲမှုန့်များ ဖြစ်သွားကြသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၁၀ သဲမုန်တိုင်း
ဒန်ဘီသည် ညာဘက်လက်ကို ပြန်ဆွဲထုတ်လိုက်သည်။ အောက်ဘက်တွင် သဲသားရဲများသည် ရပ်နေသော လူအုပ်စု၏ ခြေရင်းတွင် အမှုန့်များ ဖြစ်နေကြသည်။ အဖွဲ့ထဲမှ သူများသည် အချင်းချင်း နားမလည်နိုင်သလို ကြည့်လိုက်ကြသည်။
ကောင်းဖန်သည် သူတို့ကို တစ်ချက် ကြည့်နေလိုက်ပြီးနောက် သူ၏ သားရဲများနှင့်အတူ လှည့်ထွက်လာလိုက်သည်။
“သဲတောင်ပို့ရဲ့ တစ်ဖက်မှာ တစ်ယောက်ယောက် ရှိနေတယ်..” ကောင်းဖန်ကို ဖြတ်ခနဲတွေ့လိုက်သူ တစ်ယောက်က လှမ်းပြောလိုက်သည်။
“သူက ငါတို့ကို ကူညီပေးလိုက်တာ ဖြစ်မယ်” အဖွဲ့ထဲမှ ခန့်ညားသော လူကြီးတစ်ယောက်က ပြောလိုက်သည်။ “ငါတို့ ကျေးဇူးတင်စကား ပြောသင့်လား”
“သူမြန်မြန် ထွက်သွားတာဆိုတော့ ကျေးဇူးတင်မခံချင်ဘူး ထင်တယ်” အမျိုးသမီးတစ်ယောက်က ပြောလိုက်သည်။
“ဆရာကြီး လုပ်နေပြန်ပြီ” အမျိုးသမီး၏ ခင်ပွန်းကပြောလိုက်သည်။ “ငါတို့ကို ကူညီတဲ့အခါ ကျေးဇူးတင်ခံချင်သည် ဖြစ်စေ မခံချင်သည်ဖြစ်စေ ကျေးဇူးစကားပြောသင့်တယ်လေ”
ထိုအဖွဲ့သည် တောင်ကုန်းပေါ်ရောက်သွားသောအခါ ကောင်းဖန်ကို မတွေ့ရတော့ပေ။ တချို့သူများသည် စိတ်ပျက်သွားကြသည်။
“ဒီကို ရေခဲအမျိုးအစား သားရဲတစ်ကောင်လောက်ပါလာရင် တော်တော်ကောင်းမှာပဲ” ကောင်းဖန်က ရေရွတ်လိုက်သည်။
သူ့တွင် ရှိနေသော သားရဲများသည် အမျိုးအစား နညနေသေးသည်ပင်။ သူ့တွင် အမျိုးအစားတစ်ခုချင်းစီ၏ စွမ်းအားကြီးသော သားရဲများ ပိုင်ဆိုင်ထားလျှင်တော့ မည်သည့်အခက်အခဲမဆို ကျော်လွှားနိုင်မည်ပင်။
သူသည် သဲသားရဲများကို လက်တွေ့ဓာတ်ခွဲခဲ့ဖူးရာ အချို့သော အချက်အလက်များကိုတော့ သိထားပြီး ဖြစ်သည်။
သဲသားရဲများသည် လျှပ်စစ်အမျိုးအစား တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိကြသည်။ ဒန်ဘီသည် ကန္တာရအုပ်ချုပ်သူကို ပုံမှန်အားဖြင့် အနိုင်ယူနိုင်သည် ဆိုလျှင်တောင် ကန္တာရထဲတွင်တော့ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
ဖလိန်မီကရော..
ကောင်းဖန်၏ စမ်းသပ်ချက်များတွင် မှတ်ထားဖူးသည်မှာ သဲသားရဲများသည် အလွန်ပူပြင်းသော အရှိန်ဖြင့် ထိတွေ့ပါက ပို၍ လျင်မြန်သွားတတ်ကြသည်။ မီးဖြင့် တိုက်ခိုက်မှုများတွင်လည်း ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ချေ။
“ဒီနေရာမှာတော့ ကန္တာရအုပ်ချုပ်သူနဲ့ ထိပ်တိုက် မတွေ့ဖို့ မျှော်လင့်ပါတယ်” ကောင်းဖန်က ရေရွတ်လိုက်သည်။ ဒီတစ်ကြိမ်သည် သူ့အတွက် စိတ်မချမှုကို ခံစားရသော ပထမဆုံးအကြိမ် ဖြစ်သည်။
အားလုံးပြီးသွားရင်တော့ ရေခဲအမျိုးအစား သားရဲကို ရအောင် ဖမ်းဦးမယ်ဟု ကောင်းဖန်က ဆုံးဖြတ်လိုက်သည်။
ကောင်းဖန်သည် နောက်ထပ် သုံးရက်လုံးလုံး စုရပ်တွင်သာနေကာ လက်ရှိအခြေအနေကို အချက်အလက် စုဆောင်းနေသည်။
“ချန်အန်းအစိုးရက ပေဟဲခေါင်စုရပ်က သူတွေကို မနက်ဖြန် မနက် ၁၀ နာရီ မတိုင်ခင် ပြန်ဖို့ အမိန့်ပေးထားပါတယ်.. မပြန်တဲ့သူတွေကို တာ၀န်မယူဘူးဆိုကြောင်းလည်း ပြောထားပါတယ်” စစ်တပ်သုံး ဂျစ်ကားအမိုးနှင့် တွဲဆက်ထားသော စပီကာမှ ကြေညာသံ ထွက်ပေါ်နေသည်။
ကြေညာချက်သည် ထိုနေရာတစ်ဝိုက်တွင် ပဲ့တင်ထပ်နေသောကြောင့် စုရပ်မှ သူများအားလုံးသည် ထိုအသံကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။
ကြေညာချက်ကို ကြားသောအခါ အချို့သူများသည် ချက်ချင်းပင် အထုပ်အပိုးပြင်ကာ နေရာမှ အမြန်ဆုံးထွက်ခွာဖို့ ပြင်ဆင်နေကြသည်။
အချို့ကတော့ ထောင့်များတွင် စုဝေးကာ ဘာဆက်လုပ်မလဲ တိုင်ပင်ကြသည်။
ကြေညာချက်ကို စုရပ်စခန်းတွင် နာရီ၀က်ခန့် လုပ်ပြီးနောက် ဂျစ်ကားက ပြန်ထွက်သွားသည်။
စစ်တပ်ကတော့ စတင်လှုပ်ရှားပြီ ဖြစ်သည်။
ချန်အန်းမြို့ရဲ့ အခြေစိုက်စစ်စခန်းတွင်တော့..
“ကောင်းဖန်ဆီက ဘာသတင်းမှ မကြားဘူးလား”
“ဆရာ.. သတင်းပေးအရတော့ ကောင်းဖန်က ဒေလီကန္တာရကို သွားတဲ့ အဖွဲ့တွေကို လိုက်စုံစမ်းနေတယ်လို့ သိရပါတယ်.. ဒါပေမယ့် အစိုးရရဲ့ ကန့်သတ်ထားမှုကြောင့် ခရီးသွား၀န်ဆောင်မှုတွေ မရှိတဲ့အတွက် သွားရသေးတဲ့ပုံတော့ မပေါ်ပါဘူး”
“သူရှိနိုင်တဲ့နေရာတွေ ရှာကြည့်ပြီးပြီလား”
“ချန်အန်းမှာ ရှိသမျှ တည်းခိုခန်းတွေ အကုန်စစ်ဆေးပြီးပါပြီ.. မတွေ့ပါဘူးဆရာ”
ဆိုဖာပေါ်တွင် မှီထိုင်နေသော အစိမ်းရင့်ရောင် ယူနီဖောင်းနှင့် အရာရှိကြီးသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
“ထားလိုက်တော့.. ငါတို့သူမရှိပဲ နတ်ဘုရားအဆင့် သားရဲ နှစ်ကောင်ကို ကိုင်တွယ်လို့ မရဘူး ထင်နေတာလား”
တွဲဖက်အရာရှိသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့သည် အခြားသားရဲကို ရင်ဆိုင်ရမည်ဆိုလျှင်တော့ ဒီလောက်ထိ ခေါင်းစားရမည် မဟုတ်ချေ။ သို့သော် သူတို့ရင်ဆိုင်ရမည့်အရာသည် ကန္တာရအုပ်ချုပ်သူ ဖြစ်နေသည်။ သူတို့ထဲတွင် မည်သူကမျှ နတ်ဘုရားအဆင့်သားရဲနှင့် တိုက်ခိုက်ဖူးသည့် အဖြစ်မျိုး မရှိခဲ့ပါချေ။ စစ်တပ်၏ တွက်ချက်မှုများအရ ဤတိုက်ခိုက်မှုတွင် အနိုင်ရနိုင်ချေ နည်းနေသည်။
“သွားကြေညာလိုက်.. မနက်ဖြန် ၁၀ နာရီကျရင် ကန္တာရ အလယ်မှာ ပေါက်ကွဲမှုအကြီးကြီး ဖြစ်အောင် လုပ်မယ်လို့.. သဲကောင်ကြီးကို ငရဲပို့လိုက်ကြတာပေါ့”
“ဆရာ.. စုရပ်က လူတွေကို အဲဒီလိုဆို အချိန်မီ ပြန်ခိုင်းနိုင်မှာ မဟုတ်---"
“အေး ငါအဲဒါတွေ မသိချင်ဘူး.. ငါတို့ ရွှေ့ပြောင်းဖို့အတွက် ကြေညာပြီးပြီ.. သူတို့တွေ သိမ်းဆည်းထွက်သွားဖို့ အချိန်တွေ အများကြီး ရှိတယ်.. ဗုံးခွဲတဲ့အချိန်ထိ ကျန်နေသေးတဲ့ သူတွေကတော့ ကိုယ်ဖြစ်ကိုယ်ခံပဲ”
ခဏတိတ်ဆိတ်သွားပြီးနောက် တွဲဖက်အရာရှိက ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ*
ရန်လင်သည် ချန်အန်းစစ်တပ်တွင် နာမည်ကြီး ဖြစ်သည်။ သူသည် လုပ်တာကိုင်တာ စနစ်ကျသည့် အပြင် သားရဲများနှင့် ရင်ဆိုင်ရာတွင်လည်း ကျွမ်းကျင်မှု ရှိသည်။ သူ၏ အထက်အရာရှိသည် သူ့မြေးကို ဆုံးရှူံးထားသောကြောင့် သူ့ကို ထိုစစ်ဆင်ရေးအား တာ၀န်ယူရန် အကူအညီတောင်းထားသည်။
အစက သူသည် ကောင်းဖန်ကို ခေါ်မည့်အကြောင်းကို သိထားသည်။ သူသည် အမိန့်ကြောင့်သာ မဟုတ်ပါက ကောင်းဖန်ကို ဒုက္ခရောက်ခံပြီး ရှာနေမည် မဟုတ်ချေ။
သူသည် ကောင်းဖန်ကို မလိုလားသည့် နောက်တစ်ချက်မှာ ကန္တာရအုပ်ချုပ်သူကို ရှင်းပြီးလျှင် သူတစ်ယောက်တည်းသာ နာမည်ရချင်၍ ဖြစ်သည်။
ကမ္ဘာ့အသက်အငယ်ဆုံး နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ.. သူ၏ နတ်ဘုရားအဆင့်သားရဲသည် အရိုးစုကြီး ဖြစ်သည်။
သူသည် ထိုအရိုးခြောက်မှာ နတ်ဘုရားအဆင့် ဖြစ်နေဦးတော့ သိပ်တော့ အသုံးကျမည်ဟု မထင်ပေ။ သူ့အထက်အရာရှိသည် ကောင်းဖန်ကို အသုံးချ၍ သူ့အဖိုး ကျီဟန့်ဝူကို ၀င်ပါစေချင်ခြင်း ဖြစ်သည်။
ကျီဟန့်ဝူက ငါးစာကို ဟပ်မှာလား.. ရန်လင်သည် အမှန်ပင် သိချင်နေမိသည်။
…
ဒုံးကျည်များသာ် ကောင်းကင်မှနေ၍ ကန္တာရထဲသို့ ပြုတ်ကျလာသည်။
ထိုပေါက်ကွဲသံများကို ကန္တာရအစပ်ကနေပင် ကြားနေရသည်။
“ဟိုမှိုပွင့်ကြီးတွေကို ကြည့်ပါဦး” တာ့ဇီက ဗိုက်ဆာနေသော လေသံဖြင့် ပြောလိုက်သည်။
ကောင်းဖန်သည် ပြန်ပြောစရာ စကားမဲ့သွားသည်။ မင်းလည်း ဘယ်လိုတောင် ဆာပဲဆာနေတာလဲ ခူယားကောင်ရယ်..
ထိုဗုံးများသည် ကန္တာရတွင် တရစပ်ကျနေပြီး ၇၀ ရာခိုင်နှုန်းလောက်ကို ဖုံးလွှမ်းသွားသည်။
ထိုပေါက်ကွဲမှုများ၏ အပူရှိန်ကြောင့် အနီးတစ်ဝိုက်ရှိ အောက်စီဂျင်များပင် လောင်ကျွမ်းသွားသည်။
အောက်စီဂျင်လေဟာနယ်သည် ပေါက်ကွဲသည့်နားတစ်ဝိုက် ဖြစ်ပေါ်နေကာ ပေါက်ကွဲမှုကြောင့် မသေလျှင်တောင် အသက်ရှုကြပ်၍ သေသွားနိုင်သည်။
သို့သော် ကောင်းဖန်ကတော့ ထိုပေါက်ကွဲမှုများသည် ကန္တာရအုပ်ချုပ်သူနှင့် လူသားစားတီကောင်တို့ကို ထိခိုက်စေလိမ့်မည်ဟု မထင်ပါပေ။
တစ်ကောင်က သဲဖြင့်ပြုလုပ်ထားသည့်အကောင် ဖြစ်ပြီး နောက်တစ်ကောင်ကတော့ မြေကြီးထဲသို့ အေးဆေးစွာ ၀င်လိုက်နိုင်သော အကောင် ဖြစ်သည်။ ကောင်းဖန်သည် သူ၏ စမ်းသပ်မှုများမှ တဆင့်သိထားသော သဲသားရဲများသည် အသက်ရှင်နေထိုင်ဖို့ အောက်စီဂျင်မလိုသော အချက်ကို သတိရသွားသည်။
ဒေလီကန္တာရထဲတွင်တော့ ပေါက်ကွဲမှုများအပြီးတွင် လေဟာနယ်ကြီး ဖြစ်ပေါ်နေသည်။
တိတ်ဆိတ်မှုသည် နေရာအနှံ့ကြီးစိုးနေသည်။ ကန္တာရတွင် ဘာသံမီ မကြားရတော့ပေ။ ထိုစဉ် ရုတ်တရတ် ကန္တာရ၏ အနက်ရှိုင်းဆုံးနေရာမှ လေပြင်းကြီးသည် ဒေါသတကြီး တိုက်ခတ်လာသည်။
ကောင်းဖန်သည် ကန္တာရထဲသို့ ပြူးကြည့်နေရင်း သဲမုန်တိုင်းကြီး ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသဲမုန်တိုင်းကြီးသည် နေကိုပင် ကွယ်သွားသောကြောင့် မနက်ခင်းပင် ဖြစ်နေသေးသော်လည ကန္တာရထဲတွင် မူမမှန်စွာ မှောင်သွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၁၁ ကမ်းကျင်သိမ်းငှက်
ကန္တာရအုပ်ချုပ်သူ၏ အစွမ်းသည် အထ္ပတ်အထိပ် ရောက်နေပြီ ဖြစ်သည်။
သဲမုန်တိုင်းသည် ကန္တာရထဲတွင် တိုက်ခတ်နေသည်။ ရုတ်တရတ် ကြောက်မက်ဖွယ် အော်သံကြီးသည် အဝေးမှ ထွက်ပေါ်လာသည်။ အဝေးတစ်နေရာတွင် လူပုံစံအရာတစ်ခုသည် သဲထဲမှ ထွက်ပေါ်လာကာ ဒုံးကျည်များဆီသို့ သွားနေသည်။
[သားရဲအမည်] - ကန္တာရအုပ်ချုပ်သူ
[သားရဲအဆင့်] - ၄၄
[သားရဲအခြေအနေ] - အနည်းငယ် ဒဏ်ရာရထား (ဒေါသထွက်နေ)
ဒုံးကျည်များသည် အခြားတစ်ဖက်မှ လာနေသော်လည်း ကန္တာရအုပ်ချုပ်သူနှင့် ကောင်းဖန်ရပ်နေသည့် နေရာကြားတွင် တော်တော်ဝေးနေသေးသည်။
ကန္တာရအုပ်ချုပ်သူသည် အနည်းဆုံး ပေ ၃၀ မြင့်ပြီး သဲများဖြင့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သူ့ကို သဲမုန်တိုင်းကြားတွင် အမည်းရောင် သဏ္ဍာန်တစ်ခု အဖြစ်သာ မြင်နေရသည်။
သူ၏ ကိုယ်တွင်တော့ ကြိုးပုံစံအရာတစ်ခုက ရစ်ပတ်နေသည်။
[သားရဲအမည်] - သဲတီကောင်ဘုရင်
[သားရဲအဆင့်] - ၄၁
[သားရဲအခြေအနေ] - ကျန်းမာ (တက်ကြွနေ)
ကန္တာရအုပ်ချုပ်သူသည် အစွန်းအဖျားနားသို့ ရောက်လာသည်။ ကန္တာရအပြင်ဘက်မှ အပင်များသည် လေပြင်းနှင့်အတူ ယိမ်းထိုးနေသည်။ သစ်ရွက်လှုပ်သံများသည် ကျယ်လောင်နေသည်။
သဲများသည် အလွန်မြန်ဆန်စွာ သစ်ပင်များကြားထဲ ရောက်သွားပြီး အရွက်များကို ဖုံးလွှမ်းသွားသည်။ သူတို့၏ အကိုင်းများသည် သဲအလေးချိန်ကြောင့် အိကျကုန်သည်။
ကန္တာရအုပ်ချုပ်သူ ပေါ်လာသောကြောင့် ကန္တာရတွင် ပြောင်းလဲမှုများ ဖြစ်သွားသည်။ အဖြူရောင် အလင်းကွင်းများသည် တဖြည်းဖြည်း ဖြန့်ကျက်လာကာ ဒန်ဘီ၏ နတ်ဘုရားအဆင့် အငွေ့အသက်များနှင့်တော့ ကွာခြားမှုရှိပြီး အမှုန်သေးသေးလေးများ ပါ၀င်နေသည်။
ထိုသားရဲ၏ နတ်ဘုရားအဆင့် အငွေ့အသက်သည် ထိတွေ့သော အရာတိုင်းကို ကန္တာရအသွင် ခံစားမှုကို ဖြစ်သွားစေသည်။
ဒုံးကျည်ထပ်ကျလာသောအခါ လေကိုခွင်းလာသည့် အသံကြီး ထွက်လာသည်။
ကန္တာရအုပ်ချုပ်သူသည် ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် သဲများသည် မြောက်တက်သွားပြီး ဒုံးကျည်ကို အောက်သို့ မရောက်ခင် လေထဲတွင်သာ ပေါက်ကွဲအောင် လုပ်လိုက်သည်။
ပေါက်ကွဲမှုကြီးသည် ကန္တာရအုပ်ချုပ်သူ၏ ကိုယ်ပေါ်တွင်တော့ ခြစ်ရာမျှသာ ထင်သွားသည်
ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်သည်။ အဆုံးမရှိသော သဲပြင်ကျယ်ကြီးတွင် သဲသားရဲများသည် တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာပြ ကန္တာရအုပ်ချုပ်သူ၏ နောက်တွင် အသင့်အနေအထားဖြင့် ရှိနေသော စစ်သားများသဖွယ် ရပ်လိုက်ကြသည်။
ထို့နောက် သဲသားရဲစစ်တပ်ကြီးသည် မရပ်မနားကြွေးကြော်လိုက်ကြသည်။
လူသားစစ်သားများကတော့ အခြေအနေ မဟန်ကြောင်း သိလိုက်ကြသည်။ ဒုံးကျည်များကို သဲစစ်တပ်ပေါ်သို့ ထပ်ပစ်လွှတ်ကြပြန်သည်။ ကန္တာရအုပ်ချုပ်သူသည် အချို့သော ဒုံးကျည်များကို တားနိုင်သော်လည်း အချို့ကတော့ သဲသားရဲများပေါ်သို့ ကျကုန်သည်။
ကောင်းဖန်သည် ပေါက်ကွဲသံများကြောင့် နားကို ပိတ်ထားလိုက်သည်။
အချို့သော သဲသားရဲများသည် ပေါက်ကွဲမှုများကြောင့် အပိုင်းပိုင်း ပြတ်ကုန်ကြသည်။ သဲအမြုတေများပင် ပျက်စီးသွားကြသည်။
ထိုအချိန်တွင် သဲမုန်တိုင်းသည် အရှိန်လျော့သွားသည်။
ရုတ်တရတ် အဝါရောင် လက်ကြီးသည် လက်သီးဆုပ်ထားသော ပုံစံဖြင့် သဲမုန်တိုင်းထဲမှ ထွက်လာသည်။
အချို့သဲမှုန်များသည် အပေါ်သို့ ပြန်တက်သွားပြီး လှံတစ်ခုပုံစံ ဖြစ်သွားကာ ကန္တာရအုပ်ချုပ်သူ၏ လက်တွင်း ရောက်သွားသည်။ ထို့နောက် လှံကြီးသည် ကြီးသထက် ကြီးလာသည်။
ကန္တာရအုပ်ချုပ်သူဘေးတွင် လှည့်ပတ်နေသော သဲများသည် တဖြည်းဖြည်း မာကျောလာကာ သံချပ်ကာလို ဖြစ်သွားသည်။ သူ၏ ဗလာဖြစ်နေသော မျက်လုံးအိမ်ကတော့ အဝေးမှ တစ်စုံတစ်ခုကို စိုက်ကြည့်နေသည်။
သူ၏ ပါးစပ်ကြီးပွင့်လာသည်။ ပါးစပ်တွင်းမီ သဲများထွက်ကျလာသည်။
ထိုပါးစပ်ကြီးသည် ပုံစံအတည်တကျမရှိပဲ ဖြစ်နေသည်။
“လူ.. သား.. တို့” သူက စပြောလိုက်သည်။ သူ၏ ကိုယ်ကို ပတ်ထားသော သဲတီကောင် ဘုရင်ကြီးသည် အောက်သို့လျှောဆင်းသွားသည်။
“မင်းတို့အားလုံး.. သေရမယ်” ကန္တာရအုပ်ချုပ်သူက ထပ်အော်လိုက်ပြန်ပြီး ရှေ့ကို တိုးလာသည်။ သူ၏ ခြေတစ်လှမ်းသည် အနည်းဆုံး ပေ ၁၀၀ ခန့် ရှိနေသည်။ သူသည် ထူးခြားသော အငွေ့အသက်များ ထွက်နေပြီး ပို၍ပင် ဒေါသထွက်နေသည်။
သူသည် ရှေ့တိုးလာသောကြောင့် လေပြင်းများသည် ပို၍ပင် တိုက်လာသည်။
ရုတ်တရတ် ရွှေရောင်သိမ်းငှက်ကြီးသည် အဝေးမှ တောင်များဆီက ဆင်းသက်လာသည်။
ထို့နောက်သူ၏ နှုတ်သီးမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာကာ ကန္တာရအုပ်ချုပ်သူကို တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုကြောင့် ကန္တာရအုပ်ချုပ်သူ၏ ပခုံးတွင် ခြောက်ပေခနါ့ အပေါက်ကြီး ဖြစ်သွားသည်။
ကန္တာရအုပ်ချုပ်သူသည် အလွန်ဒေါသထွက်သွားသောကြောင့် သူ၏ လှံကြီးဖြင့် သိမ်းငှက်ကို ပစ်ဖို့ အသင့်ပြင်လိုက်သည်။
ကြီးမားသော သဲလှံကြီးသည် လက်တွင်းမှ ပျံထွက်သွားပြီး သဲငွေ့များပင် ကျန်ခဲ့သည်။
ရွှေရောင်သိမ်းငှက်ကြီးသည် သူ့ဆီလာနေသော လှံကြီးကို အေးဆေးပင် လှည့်ရှောင်လိုက်သည်။ အဝေးမှ လာနေသော အရာကို ရှောင်ရသည်မှာ ခက်ခဲခြင်းတော့ မရှိပါချေ။
ထို့နောက် သိမ်းငှက်ကြီးသည် ကန္တာရအုပ်ချုပ်သူဆီသို့တော်ပံဖြန့်ကာ ထိုးဆင်းလာသည်။
ကန္တာရအုပ်ချုပ်သူကတော့ အေးဆေးပင် ရပ်နေသည်။ သိမ်းငှက်နှင့် ထိခါနီး ဆဲဆဲ ကျမှ သူ၏ကိုယ်သည် ချက်ချင်း ပျောက်ကွယ် ကွဲထွက်သွားကာ သဲမှုန်များအဖြစ် ကျန်ခဲ့သည်။
သိမ်းငှက်သည် လွတ်ထွက်သွားသည်။ ထိုအရှိန်ဖြင့် ထိုးဆင်းလာသော သိမ်းငှက်တောင်ပံကြီးသည် သံမဏိကိုပင် ဖြတ်နိုင်လောက်အောင် သန်မာနေသည်ပင်။
ထိုအရာများအားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခဲ့သည်။
ကောင်းဖန်ကတော့ တိုက်ခိုက်မှာများကို အဝေးတစ်နေရာမှ သဲတောင်ကုန်းတစ်ခုပေါ်တွင် ကြည့်နေရင်း ကိုယ်ယောင်အမြန်ဖျောက်နိုင်သည့် ကန္တာရအုပ်ချုပ်သူ၏ အစွမ်းက်ု ပါးစပ်အဟောင်းသား ဖြစ်နေသည်။
သိမ်းငှက်၏ တောင်ပံကို အချိန်ကိုက်ရှောင်လိုက်နိုင်သည် မဟုတ်ပါလား။
သူ၏ တုံ့ပြန်ချက်သာ နောက်ကျသွားခဲ့ပါက သိမ်းငှက်၏ တောင်ပံနှင့် သေချာပေါက် ထိသွားမည် ဖြစ်သည်။ စောသွားလျှင်လည်း ရန်သူသည် အခြားတစ်ဖက်မှ လှည့်တိုက်ခိုက်နိုင်မည်။
ကောင်းဖန်သည် ကန္တာရအုပ်ချုပ်သူအပေါ်တွင် လှည့်ပျံနေသော သိမ်းငှက်ကို စိုက်ကြည့်နေသည်။
[သားရဲအမည်] - ကမ်းကျင်သိမ်းငှက်
[သားရဲအဆင့်] - ၄၇
[သားရဲအခြေအနေ] - ကျန်းမာ
[သားရဲစွမ်းရည်] - ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - သတ္တု
[သားရဲစွမ်းအင်] - အမွှေးအတောင် မာကျောမှု အဆင့် ၃၊ ချွန်ထက်မှု အဆင့် ၃၊ ရွှေစွမ်းအင် အဆင့် ၄
[အထူးဝိသေသ လက္ခဏာများ] - ကမ်းကျင်အမွှေးအတောင်များ (ထိုအရာများသည် သံမဏိကဲ့သို့ မာကျောနိုင်သည်။ အကျိုးသက်ရောက်မှု ၁။ အမွှေးအတောင် မာကျောမှု + ၁၊ အမွှေးအတောင် ချွန်ထက်မှု + ၁၊ အကျိုးသက်ရောက်မှု ၂။ တိုက်ခိုက်မှုများကို အတော်အတန် ခံနိုင်ရည်ရှိ)
[သားရဲပျော့ကွက်] - ..
သိမ်းငှက်၏ အကျိုးသက်ရောက်မှာများကို စွမ်းရည် မြှင့်တင်ရာတွင် အသုံးချနိုင်သည်။ ထို့ကြောင့် သူ၏ အမွှေးအတောင် မာကျောမှု၊ ချွန်ထက်မှုများသည် အဆင့် ၄ ဖြစ်နေခြင်းပင်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၁၂ ကန္တာရ အုပ်ချုပ်သူ
ကန္တာရ အုပ်ချုပ်သူသည် ရုတ်တရတ် ရပ်သွားသည်။ သတ္တုတောအုပ်ကြီး၏ ဒုံးကျည်များ တင့်ကားများသည် သူ့ဘေးတွင် ရှိနေသည်။
သတ္တုတောအုပ်ကြီးသည် သူရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် ဖြည်းဖြည်းချင်း အနောက်သို့ ဆုတ်သွားသည်။
ထိုအချိန်တွင် သိမ်းငှက်ကြီးသည် သူ၏ သတ္တုတောင်ပံကြီးများနှင့် ထွက်လာပြန်သည်။ သို့သော် ကန္တာရ အုပ်ချုပ်သူကလည်း တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သည်။ သူသည် လက်ကြီးကို မြှောက်လိုက်ပြီး အမြှီးကို ဆွဲကာ ထိုးချဖို့ လုပ်လိုက်သည်။
သို့သော် ကန္တာရ အုပ်ချုပ်သူသည် သိမ်းငှက်၏ ခြေထောက်တစ်ဖက်ကို မိလိုက်ပြီး သိမ်းငှက်ကြီးကို မြေပြင်ဆီသို့ ပြင်းထန်စွာ ကိုင်ပေါက်လိုက်ကာ ပျော့ပြောင်းသော မြေပြင်တွင် ချိုင့်ဝှမ်းကြီးပင် ဖြစ်သွားသည်။
သိမ်းငှက်ကြီးသည် တစ်ချက်အငိုက်မိသွားသည်။ ထို့နောက် သူသည် ပြန်ထလာဖို့ လုပ်နေချိန်တွင် ကန္တာရ အုပ်ချုပ်သူသည် သိမ်းငှက်၏ ၀မ်းဗိုက်ကို ဆောင့်ကန်လိုက်သည်။
သိမ်းငှက်၏ ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ် စွမ်းအင်အဖြစ် ရွှေရောင် အလွှာတစ်ခု ပေါ်ပေါက်လာသည်။ သို့သော် ကန္တာရ အုပ်ချုပ်သူ၏ ခြေထောက်သည် ထိုအလွှာကို လွယ်ကူစွာပင် ချိုးဖောက်သွားသည်။
ကြီးမားသော ရိုက်ခတ်သံကြီးသည် ကန္တာရအုပ်ချုပ်သူ၏ ခြေထောက်နှင့် သိမ်းငှက်ကြီး၏ ရွှေရောင်သတ္တု တောင်ပံများနှင့် ထိတွေ့လိုက်သောအခါ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အတောင်ပံများသည် သံချပ်ကာများကဲ့သို့ အချပ်လိုက်ဖြစ်နေသည်။
သိမ်းငှက်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် ကန္တာရအုပ်ချုပ်သူကို အတောင်ပံနှင့် တိုက်ခိုက်လိုက်ကာ ခြစ်ရာ နှစ်ခု ထင်သွားသည်။
သိမ်းငှက်ကြီးသည် ကန္တာရအုပ်ချုပ်သူ၏ ဒဏ်ရာထဲတွင် ရွှေရောင်စွမ်းအင်များ ထည့်ထားခဲ့ကာ ဒဏ်ရာကို ပြန်လည်ကောင်းမွန်လာခြင်း မရှိအောင် လုပ်လိုက်သည်။
သို့သော် ကန္တာရအုပ်ချုပ်သူသည် ဘာမှပင် မဖြစ်သွားပဲ သိမ်းငှက်ကြီး၏ အတောင်ပံများကို ဆွဲမ လိုက်သည်။
ရုတ်တရတ် ရွှေရောင်အလင်းတန်းကြီးတစ်ခု ဖြစ်သွားသည်။ ကန္တာရအုပ်ချုပ်သူ၏ လက်ထဲတွင် အပေါက်ကြီးဖြစ်သွားကာ အငွေ့များ ထွက်နေသည်။
သိမ်းငှက်ကြီးသည် အေးစက်စွာ ကြည့်နေသည်။ သူ၏ နှုတ်သီးသည် ရွှေရောင်အလင်းတန်းများနှင့် တောက်ပနေသည်။
“ဆရာ ရွှေရောင်နတ်ဘုရားက ကန္တာရအုပ်ချုပ်သူနဲ့ တိုက်ခိုက်နေတုန်းပဲ.. ဆက်ပစ်ရမှာလား”
ရန်လင်က ခေါင်းခါပြလိုက်သည်။ “မပစ်နဲ့ဦး ခဏရပ်ရအောင်”
ရွှေရောင်နတ်ဘုရားသည် ချန်အန်းစစ်တပ်၏ စွမ်းအားအကြီးဆုံး နတ်ဘုရားအဆင့် သားရဲ ဖြစ်ပြီး ချန်အန်းမြို့၏ မျှော်လင့်ချက် ပြယုဂ်လည်း ဖြစ်သည်။
ရွှေရောင်နတ်ဘုရား၏ အကူအညီဖြင့် ချန်အန်းမြို့ခြေသည် နယ်နိမိတ်ချဲ့ထွင်နိုင်ခဲ့သည်။
ထို့ကြောင့် ရွှေရောင်နတ်ဘုရားသာ ကျဆုံးခဲ့ပါက မြို့၏ စစ်တပ်အင်အားနှင့် လူထုစိတ်ဓာတ်များ လဲပြိုသွားမည် ဖြစ်သည်။
“အဆင်သင့်ပြင်ထားကြ.. ရွှေရောင်နတ်ဘုရား လွတ်တာနဲ့ ကန္တာရအုပ်ချုပ်သူကို တန်းပစ်ကြ”
ရုတ်တရတ် အောက်မှ မြေပြင်သည် လှုပ်ခါသွားပြီး တင့်ကားနှစ်စီးသည် မြေထဲသို့ ၀င်သွားသည်။ ထို့နောက် ကြီးမားသောခေါင်းကြီးသည် မြေကြီးထဲမှ ထွက်လာကာ တင့်ကားကြီးတစ်စီးကို ဝါးမြိုလိုက်သည်။
ထိုအရာကြီးသည် တင့်ကားကြီးကို အစိတ်စိတ်အမြွှာမြွှာ ခြေမွှပစ်နေသည်။
လူသားစားတီကောင်များသည် မြေကြီးထဲမှ တစ်ကောင်ပြီးတစ်ကောင် ထွက်လာကာ စစ်တပ်ကို ဖြိုခွင်းလိုက်သည်။
တီကောင်များတွင် ထူးခြားသော သွင်ပြင်များ ရှိကြသည်။
သူ၏ ခေါင်းကြီးသည် ထိပ်ပိုင်းတွင် ပန်းကဲ့သို့ပွင့်နေပြီး အထဲတွင် ချွန်ထက်သော သွားများနှင့်အတူ ရှည်လျားသော လျှာကြီး ရှိနေသည်။
လျှာကြီးတွင် အာရုံခံအစိတ်အပိုင်းများ ရှိနေပြီး ခန္ဓာကိုယ် အပူချိန်များကို အာရုံခံနိုင်သည်။ သူသည် သားကောင်ကို လျှာကြီးဖြင့် ရစ်ပတ်ပြီး သူ၏ အစာခြေအစိတ်အပိုင်းထဲသို့ ထည့်ကာ အလွန်ပြင်းသော အက်ဆစ်များဖြင့် ချေဖျက်လေ့ရှိသည်။
အနီးကပ်လက်နက်များသည် သူ့ကို ပြင်းထန်စွာ ထိခိုက်အောင် မလုပ်နိုင်သလို တရစပ်ပစ်ခတ်သော လက်နက်များကလည်း ထိုသားရဲများကို ကျဆုံးအောင် မလုပ်နိုင်ပါချေ။
“တင့်ကားတွေ ဖယ်ကာ.. သားရဲတွေ အားလုံး၀င်မယ်” ကွန်မန်ဒါ ရန်လင်က အမိန့်ပေးလိုက်သည်။ သူသည် ကန္တာရ သားရဲများအကြောင်းကို သေချာသိသွားပြီ ဖြစ်သည်။
ထို့နောက် ကိုယ်ပိုင်သားရဲများသည် တစ်ကောင်ပြီး တစ်ကောင် ၀င်လာကြကာ တီကောင်များကို မြေကြီးထဲမှ ထွက်လာအောင် ဝိုင်းတိုက်ခိုက်ကြသည်။
အစိမ်းရောင်ကြေးခွံများရှိသော ကြက်ပုံစံ သားရဲကြီးသည် သူ၏လည်ပင်းကို ကာကွယ်ကာ တီကောင်ကြီး တစ်ကောင်ဆီသို့ ပျံသွားလိုက်သည်။ သူသည် သူ၏ နှုတ်သီးကြီးဖြင့် တီကောင်တစ်ကောင်ကို နှစ်ခြမ်းခွဲလိုက်သည်။
“ကောင်းဖန်.. ငါတို့ ကူညီသင့်လား” ဖလိန်မီက မျှော်ကြည့်ရင်း မေးလိုက်သည်။
“ခဏနေဦး.. သူတို့ရှူံးတော့မယ့် အချိန်မှ ၀င်ကြတာပေါ့” ကောင်းဖန်က ပြောလိုက်သည်။ ထိုသူများတွင် အခြားသော အစီအစဉ်များလည်း ရှိနိုင်သေးပေမည်။ သူတို့သည် လက်နက်တစ်မျိုးတည်းဖြင့်နှင့်တော့ တိုက်ခိုက်ကြမည် မဟုတ်ပေ။
ကောင်းဖန်သည် ရန်လင်၏ ဘေးတွင် ရုတ်တရတ် ပေါ်လာသော အမည်းရောင် လူပုံစံတစ်ကို ရိပ်ခနဲ တွေ့လိုက်သည်။
ထိုကဲ့သို့ ပူပြင်းသော နေရောင်အောက်တွင် အမည်းရောင်၀တ်ရုံနှင့် တွေ့ရသော ထိုသူသည် ရူးများနေသလားဟုပင် တွေးမိလိုက်သည်။
ကောင်းဖန်သည် ထိုအရာကို စိုက်ကြည့်လိုက်သည်။ သို့သော် အသုံး၀င်သည့် အချက်များကို မဖတ်မိချေ။ ထိုသူ၏ အကြောင်းကို သေချာသိရရန် ခြုံထားသော ၀တ်ရုံကို ဆွဲဖယ်လိုက်ဖို့သာ ရှိတော့သည်။
ကန္တာရအုပ်ချုပ်သူသည် သွေးရူးသွေးတမ်း ဖြစ်နေသည်။
သိမ်းငှက်ကြီးသည် ထပျံဖို့ ကြိုးစားနေသည်။ သို့သော် သူ၏ အတောင်ပံကို ဖြန့်လိုက်တိုင်း ကန္တာရအုပ်ချုပ်သူက ဆွဲချနေသည်။
ကန္တာရအုပ်ချုပ်သူသည် သိမ်းငှက်ကြီး၏ လည်ပင်းကို ကိုင်လိုက်ပြီး မြေပေါ်သို့ ထိုးချလိုက်သည်။
သိမ်းငှက်ကြီးသည် ကန္တာရအုပ်ချုပ်သူ၏ ၀မ်းဗိုက်ကို လက်သည်းများဖြင့် ထိုးကလော်ကာ အပေါက် ဖြစ်အောင် လုပ်နေသော်လည်း အကျိုးသက်ရောက်မှု မရှိ ဖြစ်နေသည်။ သူ၏ အမြုတေ မပျက်စီးသွားသရွေ့ သူ၏ အစိတ်အပိုင်းများသည် ပြန်ထွက်လာမြဲဖြစ်သည်။
ကန္တာရအုပ်ချုပ်သူသည် ကန္တာရထဲတွင် သွားလာနေပြီး သဲများကို သူ့၀မ်းဗိုက်ဆီသို့ ပြန်ဖြည့်နေသည်။
သူသည် သဲများပြည့်လာလေလေ ပို၍ စွမ်းအားကြီးလာလေလေ ဟု ခံစားနေရသည်။
ကောင်းဖန်သည်ပင် အထင်ကြီးသွားမိသည်။ ကန္တာရအုပ်ချုပ်သူအတွက် အကောင်းဆုံးနေရာ ဖြစ်နေသည် မဟုတ်ပါလား။ သူ၏ အစွမ်းသည် ကန္တာရထဲတွင် အမှတ်ပြည့်ရနေလေသည်။
ထိုအချိန်တွင် မရေတွက်နိုင်အောင် များပြားသော သဲသားရဲများသည် ကန္တာရအုပ်ချုပ်သူထံသို့ ပြေး၀င်လာကြသည်။ သူတို့၏ ကန္တာရအုပ်ချုပ်သူ၏ ကိုယ်တွင်းသို့ ပျော်၀င်သွားကြသောအခါ အရွယ်အစားက ပိုပြီးကြီးသွားလေသည်။
သူ၏ မျက်လုံးများသည် အမျက်ဒေါသများဖြင့် ပြည့်နေသည်။
သိမ်းငှက်ကြီးသည်လည်း မလှုပ်နိုင်ဖြစ်နေသည်။ ထိုအချိန်တွင် ကန္တာရအုပ်ချုပ်သူ၏ ကျောဘက်မှ သဲကြောင်းကြီး နှစ်ခု ပေါ်ထွက်လာသည်။ ထိုလက်မောင်းကြီးများထဲမှ သဲသားရဲများ ပျော်၀င်နေသည်ကို ထင်ရှားစွာ မြင်နေရသည်။
ရုတ်တရတ် သဲမုန်တိုင်းက ထပ်ပေါ်လာပြန်သည်။