← Chapters

အခန်း (၃၁၃-၃၁၆)

Vol. 20 Ch. 313-316

အခန်း (၃၁၃-၃၁၆)

Vol. 20 Ch. 313-316

အခန်း ၃၁၃ တရကုတ္တစစ်သည်တော်

ကန္တာရအုပ်ချုပ်သူသည် သူ၏ အသွင်ပြောင်းလဲနေဆဲတွင်လည်း သိမ်းငှက်ကြီးကို မြေတွင် ထိုးစိုက်ထားသည်။

သူ၏ ကြီးမားသော လက်ကြီးများသည် ၂ ဆခန့် ရှည်သွားပြီး အနောက်ဘက်တွင် ဆူးများပင် ထွက်ပေါ်လာသည်။ သူ၏ အမြီးကြီးကို ရမ်းခါလိုက်သောအခါတွင် သဲများသည် လေပြင်းတိုက်ခံရသကဲ့သို့ လွင့်စင်သွားသည်။

သူ၏ ပုခုံးကြွက်သားများကလည်း မာကျောသော တြိဂံပုံစံ အ‌မြှောင်းကြီးများ ထွက်ပေါ်လာသည်။

သူ၏ ကိုယ်ထဲတွင် မြုပ်၀င်နေသာ သဲသားရဲများသည် ပုခုံးသားထဲတွင် အော်ဟစ်ကြွေးကြော်နေကြသည်။ သူ၏ ပုံစံသည် ပို၍ပင် အဆမတန် စွမ်းအားကြီးလာလေသည်။

အမှန်တွင် ကန္တာရအုပ်ချုပ်သူသည် သိမ်းငှက်ကြီးထက်ပင် အဆင့်အနည်းငယ် နိမ့်သည်။ သို့သော် တိုက်ပွဲဆိုသည်မှာ နေရာအနေအထား၊ တိုက်ပွဲအတွေ့အကြုံ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု စသည်တို့ကို ထည့်တွက်ရလေသည်။ ထို့ကြောင့် မည်သည့်အရာကိုမျှ တပ်အပ်ပြော၍ မရပေ။

သိမ်းငှက်ကြီးသည် အနည်းငယ်လွတ်သွားသည်နှင့် ကန္တာရအုပ်ချုပ်သူနှင့် ဝေးရာဘက်သို့ ထွက်ပြေးနေသည်။

သို့သော် သူသည် ကန္တာရထဲတွင် ရှိနေသောကြောင့် ကန္တာရအုပ်ချုပ်သူ၏ လက်တွင်းမှ မလွတ်နိုင် ဖြစ်နေသည်။ ကန္တာရအုပ်ချုပ်သူသည် လေထဲမှ ပျံသန်းသော သားရဲကို မြေသို့ထိုးစိုက်နိုင်ကတည်းက တစ်ပန်းသာနေပြီ ဖြစ်သည်။

သူ၏ထူးခြားသော စွမ်းရည်ကို သဲများနှင့် ပေါင်းစပ်လိုက်သောအခါ ကန္တာရအုပ်ချုပ်သူသည် သဲသားရဲများအားလုံးကို စုပ်ယူနိုင်လိုက်ပြီး အချိန်တိုအတွင်းမှာပင် စွမ်းအင်များ ပြည့်၀လာခြင်း ဖြစ်သည်။

“တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ” ကောင်းဖန်က ပြောလိုက်သည်။ သိမ်းငှက်ကြီးသည် ချန်အန်း၏ အစောင့်အရှောက် နတ်ဘုရားဖြစ်သည်။ အပျက်စီးခံ၍ မဖြစ်ပါချေ။

သူ၏ စကားမဆုံးခင် ရန်လင်၏ ဘေးမှ အမည်းရောင်သဏ္ဍာန်သည် ၀တ်ရုံကို ဖယ်လိုက်ကာ လှုပ်ရှားလိုက်သည်။

ထိုသဏ္ဍာန်သည် စစ်ပွဲ၀တ်စုံကို ၀တ်ဆင်ထားကာ ဘယ်လက်တွင် ဓားကိုကိုင်ထားသည်။ သူ၏ ခေါင်းတွင် သရဖူတစ်ခု ရှိနေပြီး ဆံပင်ကို စုစီးထားသည်။

[သားရဲအမည်] - တရကုတ္တစစ်သည်တော် {မန်းထျန်း)

[သားရဲအဆင့်] - ၄၄

[သားရဲစွမ်းရည်] - အစွမ်းထက်

[သားရဲအမျိုးအစား] - အလောင်းကောင်/ အမှောင်

[သားရဲစွမ်းအင်] - နတ်ဘုရားစွမ်းအင် အဆင့် ၂၊ သံချပ်ကာ အဆင့် ၄

[အထူးဝိသေသလက္ခဏာ] - လူသားအလောင်းကောင်မှနေ၍ သားရဲအဖြစ် အဆင့်ပြောင်းလာခြင်း ဖြစ်

အကျိုးသက်ရောက်မှု ၁ - သူ၏ သံချပ်ကာသည် သူ၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသော အခိုးအငွေ့များမှ ဖြစ်ပေါ်လာသည်။

အကျိုးသက်ရောက်မှု ၂ - သူ၏ ကိုယ်တွင်းမှ အခိုးအငွေ့များကို စုပ်ယူပြီး စွမ်းရည်ကို မြှင့်တင်နိုင်ပြီး ဆိုးကျိုးသက်ရောက်မှု မရှိပေ။ သို့သော် ထိုသက်ရောက်မှုသည် ခဏသာ ဖြစ်သည်။

[သားရဲဖော်ပြချက်] - အတွင်းမှ ခန္ဓာကိုယ်သည် မတော်တဆ အဆိပ်မိပြီး သေဆုံးသွားသော တရကုတ္တစစ်သည်တော် ဖြစ်သည်။ သူ၏ ဝိဉာဉ်က ရှိနေဆဲဖြစ်သောကြောင့် လှုပ်ရှားနိုင်ခြင်း ဖြစ်သည်။

စစ်သည်တော်၏ ကိုယ်တွင် မီးခိုးရောင် အခိုးအငွေ့များ ထွက်ပေါ်နေသည်။

အချို့ကတော့ ထိုအခိုးအငွေ့များသည် အထဲမှတည်ဆောက်ပုံကြောင့် ဖြစ်ပေါ်လာသော ဖြစ်ရိုးဖြစ်စဉ်ဟု ထင်ကြသည်။

ကောင်းဖန်ကတော့ ထိုအရာကို သူ၏ စွမ်းရည်ကြောင့်မှန်း သိနေသည်။ ထိုအငွေ့များသည် သူ၏ စွမ်းရည်ကို အဆင့်မြှင့်ပေးနေခြင်း ဖြစ်သည်။

စစ်သည်တော်သည် ကန္တာရအုပ်ချုပ်သူပေါ်သို့ ခုန်တက်လိုက်သည်။

ထိုအချိန်တွင် ကန္တာရအုပ်ချုပ်သူသည် အသက်ကို ၀၀ရှူလိုက်ကာ သူ၏ လက်တစ်ဖက်ကို သဲထဲနှစ်လိုက်သည်။

ထိုအချိန်တွင် လက်ပုံစံ သဲလက်ကြီးသည် မြေကြီးထဲမှ ထွက်လာကာ စစ်သည်တော်ဆီ လှမ်းလိုက်သည်။

စစ်သည်တော်သည် ထိုလက်ကြီးကို ထွင်းဖောက်လိုက်သည်။

ကန္တာရစစ်သည်တော်၏ ညာဘက်သည် အောက်ဖက်မှ ကြီးမားသော စွမ်းရည်ကြောင့် ချော်ထွက်သွားသည်။

သိမ်းငှက်ကြီးသည် သူ၏ အခြေအနေကြောင့် အနိုင်ယူရနိုင်ချေ နည်းခဲ့သော်လည်း သူသည် အဆင့်ပိုမြင့်သည် အပြင် နတ်ဘုရားအဆင့်သားရဲလည်း ဖြစ်နေသည်။

ရွှေရောင်အလင်းတန်းကြီးသည် မြေကြီးထဲမှ ထွက်လာကာ ကန္တာရအုပ်ချုပ်သူကို တိုက်ခိုက်လိုက်သည်။

သိမ်းငှက်ကြီးသည် အောက်မှ ပေါ်ထွက်လာပြီး သူ၏ အတောင်များတွင် ရွှေရောင်များ လင်းလက်နေသည်။

ကန္တာရအုပ်ချုပ်သူသည် နောက်သို့တစ်လှမ်းဆုတ်သွားသည်။ သူသည် ရုတ်တရတ် အငိုက်မိသွားခြင်း ဖြစ်သည်။

သိမ်းငှက်ကြီးသည် ကန္တာရအုပ်ချုပ်သူက မဖမ်းခင် လေထဲသို့ အမြန်ပျံတက်လိုက်သည်။

ထိုအရာကို မြင်သောအခါ စစ်သည်တော်သည် တစ်ချက်ခုန်ထွက်လိုက်သည်။ သူသည် တစ်ချက်ပြုံးလိုက်သည်။

သူသည် နှစ်ထောင်ပေါင်းများစွာ အိပ်ခဲ့ပြီးသည့်တိုင် ထိုင်းမှိုင်းနေခြင်း မရှိပေ။ သူအသက်ရှင်စဉ်က တတ်မြောက်ခဲ့သော ပညာများသည် ယခုထိ သစ်လွင်နေဆဲ ဖြစ်သည်။ သူသည် သူ့အရှေ့က သားရဲကိုတော့ ကိုင်တွယ်ရခက်မှန်း သိလိုက်သည်။

သို့သော် သူသည် ကန္တာရအုပ်ချုပ်သူကို ထိုအခြေအနေအတိုင်း တောက်လျှောက် ရှိနေလိမ့်မည် ဟုတော့ မထင်ပေ။ ထို့အပြင်သူ၏ ရည်ရွယ်ချက်သည် သူ့သခင်နှင့် လူသားတို့ကြား ပဋိပက္ခများ မဖြစ်ရန်ဖြစ်သည်။ ကန္တာရအုပ်ချုပ်သူကို မကောင်းစိတ်ဖြင့် ရန်လိုနေခြင်း မဟုတ်ပါချေ။

သူသည် ကန္တာရအုပ်ချုပ်သူထံမှ သိမ်းငှက်ကြီးကို လွတ်အောင် လုပ်ပေးလိုက်သောကြောင့် သူ့စစ်ဆင်ရေး အောင်မြင်သွားပြီ ဖြစ်သည်။

ကန္တာရအုပ်ချုပ်သူသည် လေထဲတွင် ပျံသန်းနေသော သိမ်းငှက်ကြီးကို ကြည့်လိုက်ပြီးနောက် လွတ်ထွက်သွားသော စစ်သည်တော်ကို ပြန်ငုံ့ကြည့်လိုက်သည်။

သူ၏ ခံစားချက်ကို ခန့်မှန်းရခက်သော မျက်နှာထားဖြင့် ရှိနေသည်။

ဒေါသထွက်နေမှန်းတော့ သေချာသည်။

ရန်လင်သည် သိမ်းငှက်ကြီး လွတ်သွားသည်ကို မြင်လိုက်ရသောကြောင့် စိတ်သက်သာရာ ရသွားသည်။ ထို့နောက် မျက်နှာတည်သွားပြန်သည်။ သူသည် ကန္တာရအုပ်ချုပ်သူကို လျှော့တွက်မိခဲ့သည်ကိုတော့ ၀န်ခံရပေမည်။

ကန္တာရအုပ်ချုပ်သူသည် ကန္တာရနှင့် ဝေးရာသို့ လုံး၀ထွက်မသွားချင်ခြင်းမှာ သိသာလှသည်။ သူသည် အသက်ပေး၍ပင် နေမည့်ပုံစံ ဖြစ်နေသည်။

သူသည် ထိုကဲ့သို့ အခြေ‌အနေကို ‌မမျှော်လင့်ခဲ့ပေ။

သူသည် သူ၏ ဝှက်ဖဲကိုပင် ထုတ်သုံးခဲ့ရသည်။

ရန်လင်သည် အသံတိတ် ကျိန်ဆဲလိုက်သည်။

သူသည် လက်ရှိရလဒ်ကို မကျေနပ်ပါချေ။

“တပ်ဆုတ်ရအောင်” ရန်လင်က ပြောလိုက်သည်။

သဲတောင်ကုန်းတစ်ခုပေါ်တွင် ကောင်းဖန်သည် ဖြည်းဖြည်းချင်း ဆုတ်ခွာနေသော စစ်တပ်ကြီးကို ကြည့်နေသည်။

စစ်တပ်ဆုတ်ခွာသွားသည်ကို တွေ့သောအခါ ကန္တာရအုပ်ချုပ်သူလည်း နောက်ပြန်ဆုတ်သွားသည်။

“သူကငါ့ရဲ့ မြေးပဲ.. ငါ့ရဲ့သားက ကပ်ဆိုးကြီးအတွင်းမှာ လူတွေကို ကာကွယ်ရင်း အသက်ပေးခဲ့ပြီး ဒီမြေးတစ်ယောက်ကို ချန်ထားခဲ့တယ်.. ငါလည်း တစ်နေ့လောကကြီးထဲက ထွက်ခွာရမှာပဲ.. အဲဒါကြောင့် ငါမရှိတော့ရင် ငါ့မြေးက သူ့ကိုယ်သူကာကွယ်နိုင်ဖို့ မျှော်လင့်ခဲ့တာ.. အခုတော့ သူလည်း မရှိတော့ဘူး” စစ်ဗိုလ်ချုပ်အိုကြီးက ချန်အန်းစစ်တပ်အခြေစိုက်စခန်း၏ မြေအောက်ခန်းထဲတွင် ရေရွတ်ပြောဆိုနေသည်။

အခြားဗိုလ်ချုပ်ကြီးတစ်ယောက်က တစ်ဖက်တွင် ထိုင်နေသည်။

“ငါ့ရဲ့ ဆန္ဒကတော့ သားရဲတွေအားလုံးကို ငရဲကို ပို့ပစ်ဖို့ပဲ” ဗိုလ်ချုပ်က ပြောလိုက်သည်။ “ငါတစ်ယောက်တည်း လုပ်စရာ တစ်ခု ရှိတယ်”

တစ်ခန်းလုံးတွင် တိတ်ဆိတ်မှုဖြင့် ဖုံးလွှမ်းသွားသည်။

ရေခဲအမျိုးအစား နတ်ဘုရားအဆင့်သားရဲတစ်ကောင်တော့ ဖမ်းရမယ်.. ကန္တာရအုပ်ချုပ်သူကို သူ့ရှေ့မှာ ဒူးထောက်စေ ရမယ်.. ကောင်းဖန်က တွေးလိုက်သည်။

သူသည် ကန္တာရအုပ်ချုပ်သူ၏ ပိုင်နက်တွင်တော့ တိုက်ခိုက်ဖို့ စိတ်ကူးမရှိပါချေ။

ရုတ်တရတ် ကောင်းဖန်ထံသို့ အန္တရာယ်အငွေ့အသက် တစ်ခု ကျရောက်လာသည်။ ဒန်ဘီသည် ကောင်းဖန်ထံသို့ ခုန်အုပ်လိုက်သည်။

မြေပြင်ပေါ်တွင် ကောင်းဖန်သည် အမည်းရောင်အရာကြီး တစ်ခု လေထဲတွင်ပျံကာ ကန္တာရထဲ၀င်သွားသည်ကို ဒန်ဘီ၏ နံရိုးများကြားမှ တွေ့လိုက်ရသည်။

ဘာကြီးလဲ..

ကောင်းဖန်သည် အဖြေရှာမရနိုင်ခင်မှာပင် ကန္တာရ၏ အလယ်ဗဟို၌ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်ကို တွေ့လိုက်ရသည်။

“မှိုပွင့်ကြီး..” ကောင်းဖန်၏ ခေါင်းပေါ်တွင် ထိုင်နေသော ဆီလီက တစ်ချက်ရေရွတ်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၁၄ ကျောက်စိမ်းဖြူ

ကြီးမားသော မှိုပွင့်ကြီးသည် ကောင်းဖန်၏ ရှေ့မှာပင် တိမ်တိုက်ကြီးသဖွယ် တက်သွားသည်။

သူ၏ နှလုံးသားသည် ပေါက်ထွက်မတက် ခုန်နေသည်။ သူသည် နျူကလီးယားဗုံးပေါက်ကွဲမှုကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်ကို မယုံနိုင် ဖြစ်နေသည်။

ကပ်ဆိုးကြီး မဖြစ်ခင်က နျူကလီးယားဗုံးသည် လူသားတို့အတွက် ကြောက်စရာအကောင်းဆုံး လက်နက်ဖြစ်ခဲ့သည်။

ထိုအချက်သည် လက်နက်ကြီး စတင်ပေါ်ပေါက်လာသည့် အချိန်မှစ၍ လူသားများ၏ စိတ်ထဲတွင် အရိုးစွဲနေခဲ့သည်။ ထို့ကြောင့် မျက်စိရှေ့တွင် ပေါက်ကွဲသွားသော ထိုအရာကြီးကို မြင်ရသူအဖို့ အလွန်ပင် သွေးပျက်စရာ ကောင်းလှသည်ပင်။

ကြီမားသော မှိုပွင့်ကြီး တဖြည်းဖြည်း တက်သွားချိန်တွင် အဖြူရောင်အလင်းကြီးသည် ကောင်းကင်ကို ထိုးဖောက်သွားသည်။

ထို့နောက် အလင်းတန်းကြီးသည် တဖြည်းဖြည်း ပြိုကွဲလာကာ အနီရောင်အလင်းများ ဖြစ်သွားသည်။ ကောင်းဖန်စိတ်ထဲတွင် ချော်ရည်များကဲ့သို့ မြင်နေရသည်။

ရွှေဖြူရောင်အကွင်းများသည် ပေါက်ကွဲမှုကြီး အလယ်မှနေ၍ လေထဲတွင် ပျံ့နှံ့သွားသည်။

ထို့နောက် အနီရောင်အလင်းများသည် မီးခိုးရောင် တိမ်တိုက်များကြား တိမ်မြုပ်သွားသည်။

မရေတွက်နိုင်သော သဲမှုန်များသည် လေထဲတွင် လွင့်ပျံနေပြီး မှိုပွင့်ပုံတိမ်တိုက်ကြီးသည် ပို၍ပင် ထူထဲလေးပင်လာသလို ဖြစ်နေသည်။

မိုင်တစ်ရာကျော်အဝေးရှိ အမှောင်မီးကျီခဲ တောအုပ်ထဲတွင် သစ်ပင်တစ်ပင်ပေါ်၌ အိပ်ပျော်စပြုနေသော မျောက်ဝံကြီးသည် ကန္တာရဆီသို့ သွေးပျက်ထိတ်လန့်စွာ ကြည့်လိုက်သည်။

သူသည် အဝေးမှ မှိုပွင့်ပုံတိမ်တိုကြီးကို ပါးစပ်အဟောင်းသား ကြည့်နေသည်။

သူသည် ရင်ဘတ်ကြီးကို လက်သီးဖြင့် ထုကာ သစ်ပင်ပေါ်မှ ဆင်းလာလိုက်သည်။ ထို့နောက် မြေပြင်တွင် လဲကျနျေသာ ဝါးကိုင်းတစ်ခုကို ကောက်ကိုင်ပြီး ပါးစပ်တွင် ကိုက်လိုက်ကာ ထိုနေရာမှ အမြန်ထွက်သွားသည်။

ထိုအရာများမဖြစ်ခင် သုံးမိနစ်ခန့်က ကန္တာရအုပ်ချုပ်သူသည် ကောင်းကင်မှ ထူးဆန်းသောအရာတစ်ခု ကျလာသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့်သူသည် ထိုအရာဆီသို့ သဲတိုက်ခိုက်မှုများ ပစ်လွှတ်လိုက်သည်။

ထိုအခိုက်မှာပင် ကြီးမားသော အပူချိန်နှင့် စွမ်းအင်တို့၏ ပေါက်ကွဲမှုကြီးသည် ကန္တာရကို ဖုံးလွှမ်းသွားတော့သည်။ ထိုပေါက်ကွဲမှုကြီးသည် တစ်မိနစ်တိတိ ကြာသွားသည်။

အားလုံးပြီးသွားအခါ ကြီးမားသော အပေါက်ကြီးသည် ကန္တာရအလယ်တွင် ပေါ်ပေါက်သွားသည်။

ထိုနေရာတွင် ကန္တာရအုပ်ချုပ်သူ၏ ထူးခြားသော ဖန်ကျောက်လေးများသာ ကျန်ခဲ့လေတော့သည်။ ထိုကျောက်လေးများသည် သဲနှင့် အလွန်ပြင်းသော အပူချိန်တို့ ပေါင်းစပ်သွားမှု၏ ရလဒ်ဖြစ်သည်။

ထိုနေရာတွင် တိတ်ဆိတ်မှုကြီး ကြီးစိုးသွားသည်။ ထိုနားတစ်ဝိုက် မိုင်ပတ်လည်တွင် မည်သည့်သက်ရှိကိုမှ မမြင်ရချေ။ ပေါက်ကွဲမှုကြီးသည် ထိုနေရာကို သေခြင်းနယ်ပယ် အဖြစ် ဖန်တီးပေးလိုက်သည်။

လေညှင်းလေးသည် ပေါက်ကွဲထားသည့်နေရာတွင် တိုက်ခတ်နေသည်။ လေကြောင့် ပြန့်ကျဲနေသော ကျောက်လေးများ လေထဲတွင် လွင့်ပါသွားသည်။

ရုတ်တရတ် ‌အပေါက်ကြီးထဲမှ သဲများ ဆူပွက်လာသည်။ ထူးဆန်းသော အလင်းရောင်တစ်ခုသည် ထိုနေရာမှ ထွက်ပေါ်လာသည်။

ငရဲကိုမကျော်ဖြတ်ဖူးသေးရင် မင်းဟာ ဘာကောင်မှ မဟုတ်ဘူး ဆိုသော အဆိုကို ကောင်းဖန်သည် ရုတ်တရတ် သတိရသွားသည်။

နျူကလီးယားဗုံးသည် သူနှင့် အတန်ငယ်ဝေးသော နေရာတွင် ဖြစ်သွားသောကြောင့် သူသည် ကြီးကြီးမားမား ထိခိုက်မှုတော့ မဖြစ်လိုက်ပါချေ။

သို့သော် နျူကလီးယားသည် နတ်ဘုရားအဆင့်သားရဲကို ပြင်းထန်စွာ ဒဏ်ရာ ရရှိစေနိုင်သော်လည်း သေလောက်တဲ့ထိတော့ မဖြစ်နိုင်ချေ။

နတ်ဘုရားအဆင့်သားရဲသည် နျူကလီးယား၏ ဗဟိုချက်နေရာမှ ချက်ချင်း လွတ်မြောက်ခဲ့ပါက အသက်ရှင်နိုင်ချေ ပိုရှိနိုင်လေသည်။

ထို့ကြောင့်လည်း အချို့သူများသည် နျူကလီးယားဓာတ်ရောင်ခြည်နှင့် သူတို့၏ ကိုယ်ပိုင်သားရဲများကို အသွင်ပြောင်းဖို့ ဖြစ်နိုင်ချေ ရှိသည်ဟု တွေးမိကြခြင်း ဖြစ်သည်။

သို့သော် ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ပြီးနောက်တွင် ထိုလုပ်ငန်းစဉ်မှာ အလွန်ခက်ခဲကြောင်း သိလိုက်ရသည်။ သားရဲအဆင့်မြင့်လေ သူတို့၏ ဆဲလ်များက ဓာတ်ရောင်ခြည်ဒဏ်ကို ခံနိုင်ရည် ရှိလေ ဖြစ်နေသည်။

ထို့ကြောင့် အဆင့်နိမ့်သားရဲတစ်ကောင်ကို ဓာတ်ရောင်ခြည်နှင့် အသွင်ပြောင်းနိုင်ခဲ့မည် ဆိုလျှင်တောင် နောက်ပိုင်းအဆင့်မြှင့်တင်မှုများအပေါ် ပြင်းထန်စွာ အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သည်။

ထို့သို့ဖြင့် ကိုယ်ပိုင်သားရဲများကို အသွင်ပြောင်းရန်အတွက် နျူကလီးယားကို ထည့်မတွက်ကြတော့ခြင်း ဖြစ်သည်။

“ကန္တာရအုပ်ချုပ်သူက နတ်ဘုရားအဆင့်သားရဲ ဖြစ်ရုံတင်မဟုတ်ဘူး.. တော်တော်လေး မာတဲ့အကောင်ကြီး.. သူ့ရဲ့နယ်ပယ်မှာ ဒီလိုလွယ်လွယ်သေသွားစရာ အကြောင်း မရှိဘးး” ကောင်းဖန်က ဒန်ဘီကို ပေါက်ကွဲသည့် နေရာသို့ သွားနေရင ပြောလိုက်သည်။

တာ့ဇီက ရိုးသားစွာ ပြောလိုက်သည်။ “အဲဒီမှိုက စားလို့ရတဲ့ပုံ မပေါ်ဘူးနော်”

သူတို့သွားနေရင်း ကြီးမားသော ချိုင့်ပေါက်ကြီးကို တဖြည်းဖြည်း မြင်လာရသည်။ ကောင်းဖန် ချဉ်းကပ်သွားသောအခါ ‌သူခံစားရသော ဓာတ်ရောင်ခြည်များကို ဒန်ဘီက စုပ်ယူလိုက်သဖြင့် မည်သို့မျှ မခံစားလိုက်ရချေ။

အပေါက်ကြီးကို ကြည့်လိုက်သောအခါ ကောင်းဖန်သည် ခြေရာအချို့ကို ထိုအပေါက်ကြီးဆီမှ တဆင့် အဝေး‌တစ်နေရာမှ သဲတောင်ပို့တစ်ခုဆီ သွားနေသည်ကို တွေ့လိုက်ရသည်။

ထိုသဲတောင်ပို့၏ အောက်ခြေတွင် အပေါက်တစ်ခု ရှိနေသည်။

ကောင်းဖန်က ထိုအပေါက်၀ကို လက်ဖြင့် စမ်းကြည့်လိုက်ရာ အနည်းငယ် နွေးထွေးနေသေးသည်။ ချောမွေ့သော ဖန်သားမျက်နှာပြင်ကို ကိုင်ထားရသကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် ဒန်ဘီ၏ အရိုးများကြားထဲမှ ရတနာအနံ့ခံ ကြွက်သည် “ရတနာ” ဟု ထအော်လိုက်သည်။ သူသည် ဒန်ဘီ၏ အရိုးများကြားထဲမှ ခေါင်းကို ထုတ်ပြီး ကြည့်နေကာ မျက်လုံးများလည်း ပြူးထွက်နေသည်။ သူ၏ လက်သည်းများသည် အားကြိုးမာန်တက် ကုတ်ခြစ်နေသည်။

“အိုး.. မင်းအတွက်တော့ တလောကလုံးက ရတနာပဲမလား” ကောင်းဖန်က ရွဲ့ပြီး ပြောလိုက်သည်။

သူသည် ကြွက်ကို ထိုနေရာတွင် ရတနာရှိကြောင်း ပြောသည်ကို မယုံသော်လည်း ရောက်လက်စနှင့် ကြွက်ကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

တစ်နာရီကြာသွားသည်။

“သဲအောက်မှာ ဘာမှမရှိတာ သေချာလား” ကောင်းဖန်က နဖူးမှ ချွေးစကို သုတ်ပြီး မေးလိုက်သည်။

သူတို့သည် အပေါက်ကို တစ်နာရီကြာ တူးဆွထုတ်နေကြခြင်း ဖြစ်သည်။ သို့သော် ဘာဆိုဘာမှ ရှာမတွေ့ပါချေ။

ကြွက်၏ မျက်လုံးများကတော့ ထိုအပေါက်ကို စိုက်ကြည့်နေမြဲ ဖြစ်သည်။ သူ၏ အမြီးသည် စိတ်လှုပ်ရှားစွာဖြင့် ယမ်းခါနေသည်။

“ရောက်တော့မယ် ရောက်တော့မယ်”

“ဒန်ဘီရေ.. တူးထားဦးကွ” ကောင်းဖန်သည် အစင်းလေး၏ အစွမ်းမြှင့်ထားမှုကြောင့် ဒန်ဘီထက်ပင် သန်မာနေသည်။

အပေါက်ကြီးသည် တဖြည်းဖြည်းနှင့် ကျယ်လာ နက်လာပြီး သူတို့ကလည်း ဆက်တူးနေကြသည်။

ရုတ်တရတ် လေတစ်ချက် ဝေ့တိုက်သွားသည်။ ကောင်းဖန်သည် မာကျောသောအရာတစ်ခုကို စမ်းမိလိုက်သည်။

သူသည် သဲများကို အလျင်အမြန်ဖယ်ရှားလိုက်ရာ ကျောက်စိမ်းဖြူတုံးကြီးသည် သဲထဲတွင် ပေါ်လာသည်။ ကောင်းဖန်သည် ထိုအပေါ်မှ သဲများကို သပ်ချလိုက်သည်။

နောက်ဆုံးတွင် ကျောက်စိမ်းဖြူတုံးကြီးကို သဲထဲမှ ထုတ်လိုက်သည်။ ထိုအတုံးကြီးသည် ၁၀ ပေခန့် ရှည်ပြီး အစွန်းများမှာ မညီမညာ ဖြစ်နေသည်။ မျက်နှာပြင်သည်လည်း ရှုပ်ထွေးနေသည်။

ကျောက်သည် အဖြူနီးပါး ဖြစ်နေသော်လည်း အချို့နေရာများတွင် အနီရောင် အစက်လေးများ ကြဲပြန့်နေသည်။

ကောင်းဖန်က ထိုအနီစက်လေးများကို ထိလိုက်သောအခါ သူ၏ လက်ထိပ်သည် စူးပြီး နာကျင်သွားသည်။ သူသည် နက္ခတ်ရွှေ့ပြောင်းအတတ်ကို တတ်မြောက်ပြီးကတည်းက နာကျင်မှုဆိုသော ခံစားချက်ကိုပင် မေ့လျော့နေခဲ့သည်။

သူ့ဘေးတွင် ဒန်ဘီ၏ အရိုးလက်၌ အစိမ်းရောင်မီးခိုးများ ထွက်လာသည်။

ကောင်းဖန်သည် လက်ကို အမြန်ရုတ်လိုက်ကာ ကျောက်ကြကို မသင်္ကာစွာ ကြည့်နေသည်။

သူသည် ထိုကျောက်ကြီးကို အရိုးအပိုင်းအစကြီးတစ်ခုနှင့် တူသည်ဟု ထင်နေမိသည်။

ရတနာအနံ့ခံကြွက်သည် သဲထဲသို့ ခုန်ဆင်းလိုက်သည်နှင့် ကျောက်စိမ်းဖြူကြီးဆီသို့ ခုန်တက်လိုက်သည်။

ကောင်းဖန်သည် သူ့အမြီးကို ချက်ချင်းဆွဲကာ အဝေးသို့ ဆွဲယူလာလိုက်သည်။ ကြွက်သည် ထိုကျောက်ကြီးကို အာရုံခံမိဟန်တူသည်။

ကောင်းဖန်သည် ဆီလီကို ခေါင်းပေါ်မှ ချကာ ကျောက်ပေါ် တင်ပေးလိုက်သည်။

ဆီလီသည် ကျောက်စိမ်းဖြူကို သူ၏ ကိုယ်တွင်း ကွက်လပ်ထဲ မျိုချလိုက်သောအခါ သူသည် အခန်းငယ်တစ်ခုလို ဖြစ်သွားသည်။

“အိမ်ပြန်ရအောင်” ကောင်းဖန်က ပြောလိုက်သည်။

ရတနာအနံ့ခံကြွက်ကတော့ ဒီတစ်ကြိမ်တွင် ဆုချခံရတော့မည် ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၁၅ နျူကလီးယား အုပ်ချုပ်သူ

ကောင်းဖန်သည် ကျောက်စိမ်းဖြူတုံးကြီးကို ချန်အန်းသို့ ပြန်သယ်လာပြီး စစ်ဆေးကြည့်နေသည်။

[ပစ္စည်းအမည်] - @%#% အရိုး

ကောင်းဖန်သည် အသံတိတ်ကျိန်ဆဲလိုက်သည်။ ဘယ်လိုတောင် ပေါက်ကရလဲဟ..

သူသည် သူ၏ အစွမ်းပေါ်လာပြီးနောက်ပိုင်း ထိုကဲ့သို့ ဖြစ်သည်ကို ပထမဆုံး ကြုံရခြင်း ဖြစ်သည်။

ဒါဆိုရင် အဆင့်မြှင့်ဖို့ လိုသေးတယ်ဆို့ သဘောပဲ..

ကောင်းဖန်သည် ခေါင်းကို ကုတ်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသောအရာသည် သာမာန်ပစ္စည်း မဟုတ်တာတော့ သေချာသည်။

ကြွက်၏ တုံ့ပြန်မှုအပြင် သူဖတ်သောအခါတွင်ပါ မမြင်နိုင်သည့် ထိုအရာသည် ထင်ထားသည်ထက် ပိုပြီး ထူးခြားသည်ကို သက်သေပြနေသည်။

ထို့အတူ အရိုးဟူသော စကားလုံးကြောင့်လည်း ထိုအရာသည် အရိုးအပိုင်းအစ ဖြစ်နိုင်သည်ဆိုသော သူ၏ မှန်းဆချက်ကို ပိုသေချာသွားစေသည်။

ဒန်ဘီကိုယ်ထဲ ဒီကောင်ကို ထည့်ထားလိုက်ရင် ဘာဖြစ်နိုင်မလဲ.. ကောင်းဖန်က တွေးလိုက်သည်။

ဒန်ဘီသည် မ လိုက်ကာ သူ၏ ရင်ဘတ်ရိုးထဲကို ထည့်ဖို့ ကြိုးစားကြည့်လိုက်သော်လည်း အံ၀င်ခွင်ကျ မဖြစ်ပါချေ။

ထိုအခါ ဒန်ဘီသည် သူ၏ အရိုးတစ်ခုကို ချိုးလိုက်ပြီး ထိုကျောက်စိမ်းအရိုးကြီးကို ထိုအရိုးနှစ်ခုကြား ထည့်ကြည့်လိုက်သည်။

သူ့အရိုးများသည် ကျောက်အရိုးကြီးနှင့် ချက်ချင်းပင် တွဲဆက်သွားသည်။ အသစ်ဖြစ်ပေါ်လာသော အရိုးသည် တောက်ပနေကာ အနီရောင် အစက်လေးများ ရှိနေပြီး အဖြူရောင်မီးခိုးများ ထွက်လာနေသည်။

ဒန်ဘီသည် တစ်ချက်အော်လိုက်ကာ ဒူးညွတ်ကျသွားသည်။ ထိုအချိန်တွင် ကျောက်စိမ်းဖြူကြီးသည် အသက်၀င်လာသလို ဖြစ်သွားသည်။

ကောင်းဖန်အနားတွင် ဆူညံ‌ကျယ်လောင်သော အသံများ ထွက်ပေါ်နေသည်။ သို့သော် ကောင်းဖန်က အာရုံစိုက်ပြီး ထိုအသံများကို နားစွင့်လိုက်တိုင်း ထိုအသံများသည် ချက်ချင်း တိတ်သွားသည်။

သူ့ဘေးတွင် ထူးခြားသော အလင်းများ အရောင်များ ထွက်ပေါ်နေသည်။

သူ့ရှေ့တွင် ကြီးမားသော အမည်းရောင်သဏ္ဍာန်ကြီးကို တွေ့လိုက်ရပြီး ထိုသဏ္ဍာန်ကြီးသည် သူ့ကို ကျောပေးကာ ကျယ်လောင်စွာ အော်လိုက်သည်။

သူသည် အတောင်ပံများကို ဖြန့်လိုက်သောအခါ ကောင်းကင်ကိုပင် ပိတ်လုနီးနီး ဖြစ်သွားသည်။

အပေါ်ကို မော့ကြည့်လိုက်ချိန်တွင် အတောင်များ၏ အစွန်းများမှ အနီရောင် အနားသတ်လေးများကိုသာ မြင်နေရသည်။ ချက်ချင်းပင် ထိုအရာကြီးသည် အတောင်ကို ရုတ်လိုက်သောအခါ ကောင်းကင်က ကြယ်များပေါ်လာသည်။

နောက်ဆုံးတွင် ထိုမြင်ကွင်းပျောက်သွားပြီး ဒန်ဘီ၏ နံရိုးလှောင်အိမ်ထဲတွင် ထည့်ထားသော ကျောက်စိမ်းဖြူအရိုးကြီးသည် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ဒန်ဘီသည်လည်း ရှေ့ကို လက်နှစ်ဖက်ထောက်ကာ ပစ်လဲသွားသည်။

ကောင်းဖန်သည် ဒန်ဘီ၏ လက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော အမှတ်အသားများကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သူသာ အမှတ်မမှားဘူးဆိုပါက ထိုအရာများသည် ကျောက်စိမ်းဖြူတွင် ရှိနေသော အမှတ်အသားများနှင့် တစ်ပုံစံတည်း ဖြစ်သည်။

“အဆင်ပြေရဲ့လား ဒန်ဘီ”

“ပြေပါတယ်” ဒန်ဘီက ခေါင်းကို ဆတ်ခနဲ ခါရင်း ပြောလိုက်သည်။ သူသည် အဆင်ပြေကြောင်းကို လက်ကို ခါရမ်းပြီး ပြနေသည်။

ကောင်းဖန်သည် ဒန်ဘီ၏ အချက်အလက်ကို စစ်ဆေးကြည့်လိုက်ရာ သူ၏ စွမ်းရည်အပိုင်းတွင် အသစ်တစ်ခု တိုးနေသည်ကို သတိပြုမိလိုက်သည်။

[အနက်ရောင်မီးတောက် အဆင့် ၂]

သူသည် ဒန်ဘီကို ထိုစွမ်းရည် အသစ်အား စမ်းသုံးကြည့်ခိုင်းလိုက်သည်။ အစပိုင်းတွင်တော့ ဒန်ဘီသည် ကမောက်ကမ ဖြစ်နေသော်လည်း ခဏကြိုးစားပြီးနောက်တွင် အဆင်ပြေသွားသည်။ ထိုစွမ်းရည်သည် အနီရင့်ရောင် မီးတောက်ကို လက်နှစ်ဖက် မှ တစ်ဆင့် လက်ဖဝါးနှစ်ခုကြားတွင် ထုတ်နိုင်သော စွမ်းရည်ဖြစ်သည်။

ဒန်ဘီသည် ထိုသို့ လုပ်နေစဉ်တွင် ငရဲမှ လွတ်မြောက်အောင် ကြိုးစားနေသော နတ်ဆိုးနှင့်ပင် တူနေသည်။

ထူးဆန်းသည်က ဒန်ဘီ၏ လက်မှ ထွက်ပေါ်နေသော မီးတောက်များသည် မည်သည့်အရာကိုမှ လောင်ကျွမ်းသွားခြင်း မရှိနေခြင်းပင်။ ဒန်ဘီ၏ အမည်းရောင် ၀တ်ရုံကြီးသည်ပင် မီးမသင့်ပဲ ရှိနေသည်။

ထို့နောက် ကောင်းဖန်သည် ဒန်ဘီကို မီးငြိမ်းလိုက်ဖို့ ပြောရင်း ကျောက်စိမ်းဖြူကြီးကို တွေးတွေးဆဆ ကြည့်နေလိုက်သည်။

…

ချန်အန်းမြို့ ဆင်ခြေဖုံးတစ်နေရာတွင် ထူးဆန်းသော အရာတစ်ခုသည် မြို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်။

“တစ်ခုခု ငါတို့ဆီလာနေတယ်”

“တားရမှာပေါ့”

“ဒုက္ခပါပဲ အရှိန်တောင် ပိုမြင့်လာပြီ”

ချန်အန်းမြို့၏ အပြင်ဘက် မြို့ရိုးရှိ စောင့်ကြည့်မျှော်စင်တွင် ရှိနေသော စစ်သားများသည် ထိတ်လန့်နေကြသည်။

သူတို့သည် နေရာမှထကာ လက်နက်များကို အသင့်ပြင်လိုက်ကြသည်။ သားရဲနှစ်ကောင်သည်လည်း အနီးအနား တောအုပ်ထဲမှ ထွက်ပေါ်လာကာ ကျူးကျော်လာသူကို တိုက်ခိုက်ဖို့ အဆင်သင့်ပြင်လိုက်ကြသည်။

ထိုအရာသည် သူတို့ကို ကြည့်လိုက်ကာ သူ၏ တောက်ပသော ညာဘက်လက်ကို မြှောက်၍ လက်ကို တွန်းထုတ်လိုက်သည်။ ထိုအခါ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ဘေးနားမှ အပင်များပင် လဲပြိုကုန်သည်။

စောင့်ကြည့်မျှော်စင်သည်လည်း ချက်ချင်းပင် ထိုတိုက်ခိုက်မှုတွင် လွင့်ပါကုန်ကြသည်။

ထိုနေရာမှ စစ်သားများနှင့် သားရဲများအားလုံး အတုံးအရုံး ဖြစ်ကုန်ကြသည်။

သားရဲကြီးသည် သူ၏ လက်ကို ပြန်ရုတ်လိုက်ကာ တိမ်များကို မော့ကြည့်လိုက်သည်။ ထို့နောက် ဆက်သွားလိုက်သည်။

ချန်အန်းမြို့၏ အရှေ့ပိုင်းတွင် အချက်ပေးသံများ ဆူညံသွားသည်။

ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များသည် ‌မြို့စွန်ဆီသို့ ပျံသန်းသွားကြသည်။

မြို့၏ အခြားနေရာများရှိ လျှိူ့ဝှက်အဖွဲ့အစည်းမှ သူများသည်လည်း မြို့၏ အရှေ့ဘက်ပိုင်းသို့ သွားနေကြသည်။

အစွမ်းထက်သော သားရဲ လေ့ကျင့်သူ နှစ်ယောက်ကလည်း မြို့ကိုကာကွယ်ဖို့ ဆက်သွယ်လာသော ဖုန်းကို လက်ခံရရှိလိုက်သည်။

ဒေါက် ဒေါက် ဒေါက်..

ကောင်းဖန်၏ ဟိုတယ်အခန်းတံခါးကို တစ်ယောက်ယောက်က ခေါက်လိုက်သည်။

တံခါးဖွင့်လိုက်သောအခါ ယူနီဖောင်း၀တ်ထားသူ နှစ်ယောက်က နှုတ်ဆက်လိုက်သည်။ “ကောင်းဖန်လား ခင်ဗျ” တစ်ယောက်က မေးလိုက်သည်။

“ဟုတ်ပါတယ် ဘာများဖြစ်လို့လဲ.. ကျွန်တော် ဘာပြစ်မှုမှလည်း မလုပ်ထားမိပါဘူး” ကောင်းဖန်က ပြောလိုက်သည်။

“အခုက အရေးပေါ်အခြေအနေ ဖြစ်နေလို့ပါ.. ဒီမြို့ကို ကျရောက်လာတဲ့ အမည်မသိ ခြိမ်းခြောက်မှု တစ်ခု ရှိနေလို့ ရှိသမျှ သားရဲလေ့ကျင့်သူတွေက်ု လိုက်ရှာနေတာပါ” တစ်ယောက်က သူ့ကို အနီရောင်စာအုပ်လေး ကမ်းပေးသည်။

ကောင်းဖန်သည် ထိုအကြောင်းကို အရင်က ကြားဖူးသည်။ ‌သို့သော် ထိုစဉ်က သူသည် လက်ရည်မပြည့်၀သေးသော သားရဲလေ့ကျင့်သူ မဖြစ်သေးသောကြောင့် မပါ၀င်ခဲ့ခြင်း ဖြစ်သည်။ “ခဏလေးနော် ကျွန်တော် ပစ္စည်းတွေ ယူလိုက်ဦးမယ်”

နာရီ၀က်ခန့်ကြာသောအခါ ကောင်းဖန်သည် ချန်အန်း၏ အရှေ့ဘက်မြို့ရိုးကို ရောက်သွားသည်။ သူသည် အဝေးကို မျှော်ကြည့်လိုက်သည်။

မိုးကုတ်စက်ဝိုင်းနားရှိ အနက်ရောင်သဏ္ဍာန်သည် မြို့နှင့် တဖြည်းဖြည်း နီးကပ်လာသည်။

ထိုအရာသည် လူပုံစံရှိပြီး ပေ ၃၀ ခန့်မြင့်သည်။ သူ၏ တစ်ကိုယ်လုံးသည် အကြည်ရောင် ကျောက်များဖြင့် လုပ်ထားသည်ဟု ထင်ရသည်။

သို့သော် တစ်ကိုယ်လုံး ထွင်းဖောက် မြင်နေရတာမျိုးတော့ မဟုတ်ပေ။ သူ၏ ကိုယ်သည် တောက်ပနေသည်။

ထိုစဉ် ရုတ်တရတ် ကောင်းဖန်သည် တစ်ခုခုကို ကြိုမြင်လိုက်သလို ခံစားလိုက်ရသည်။ ထိုအရာ၏ ကိုယ်မှ ကျောက်သည် မကြာသေးခင်က သူတို့ ကန္တာရတွင် တူးဖော်ခဲ့သော ကျောက်နှင့်တူနေသည်။

[သားရဲအမည်] - နျူကလီးယား အုပ်ချုပ်သူ (ဓာတ်ရောင်ခြည်မှ ပြောင်းလဲခြင်း)

[သားရဲစွမ်းရည်] - ကောင်းမွန်

[သားရဲအဆင့်] - ၄၆

[သားရဲအမျိုးအစား] - မြေ

[သားရဲစွမ်းအင်] - မာကျောမှု အဆင့် ၃၊ ခံနိုင်ရည် အဆင့် ၃၊ မြေဆွဲအားအဆင့် ၄

[အထူးဝိသေသ လက္ခဏာ] - နျူကလီးယား အမြုတေ (နျူကလီးယား ပေါက်ကွဲမှုတွင် ရှင်သန်နိုင်ရန် သူ၏ သဲအမြုတေသည် နျူကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်လိုက်သည်။

အကျိုးသက်ရောက်မှု ၁ - သူသည် သူ၏ နျူကလီးယား ဓာတ်ရောင်ခြည်ကို သုံးကာ သန်မာအောင် လုပ်နိုင်သည်။ သက်ရောက်မှု ၂ - သူ၏ နျူကလီးယားစွမ်းအင်ကို သုံးကာ ယာယီအစွမ်းမြှင့်တင်မှုကို လုပ်ဆောင်နိုင်သည်။

[သားရဲပျော့ကွက်] - သူ၏ ကိုယ်သည် ဖန်ကဲ့သို့ ကြွပ်ဆတ်နေသည်။

[သားရဲဖော်ပြချက်] - အလွန်ပူပြင်းသော မီးနှင့်အတူ ပြင်းထန်လှသော နျူကလီးယားပေါက်ကွဲမှု ဓာတ်ရောင်ခြည်နှင့် ပေါင်းစပ်မှုကြောင့် ကန္တာရ အုပ်ချုပ်သူသည် နျူကလီးယား အုပ်ချုပ်သူအဖြစ် အဆင့်မြင့်သွားခြင်း ဖြစ်သည်။

ကန္တာရအုပ်ချုပ်သူ၏ စွမ်းအင်များသည် နျူကလီးယားအုပ်ချုပ်သူ ဖြစ်လာသောအခါ ‌တော်တော်များများ ပြောင်းလဲသွားသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာလည်း ပြောင်းလဲသွားသည်။ ကောင်းဖန်သည် ထိုအရာကို ကောင်းလား ဆိုးလားပင် မသိတော့ပါချေ။

သူ၏ ခုခံနိုင်စွမ်းနှင့် ခံနိုင်ရည်အားတို့သည်လည်း တိုးတက်လာသည်။ သို့သော် သူသည် ဒဏ်ရာများတော့ အပြီးကျက်သေးပုံ မပေါ်ချေ။

ရွှေရောင် နတ်ဘုရားသည် ကောင်းကင်တွင် ပျံဝဲနေကာ နျူကလီးယား အုပ်ချုပ်သူကို အဝေးက ကြည့်နေသည်။

နျူကလီးယား အုပ်ချုပ်သူက အပေါ်ကို မော့ကြည့်လိုက်သည်။ သူသည် ပျံဝဲနေသော သိမ်းငှက် ရန်သူကို တွေ့လိုက်သောအခါ မျက်လုံးများမှ ဒေါသငွေ့များ ထွက်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၁၆ ဆားသိပ်ထားသော ငါးလူသား

“ဒီသားရဲက ဘာလဲ.. ဘာလို့ သူ့အကြောင်းကို ဘယ်သူမှ မကြားဖူးကြတာလဲ” သားရဲလေ့ကျင့်သူ တစ်ယောက်က မေးလိုက်သည်။

“ငါလည်း မသိဘူး.. ငါသိတာတော့ သူကဘာလဲ ဘယ်ကလာလဲ ဆိုတာကို မသိတာပဲ”

“သူက မြို့ကို ချက်ချင်းကို စတိုက်ခိုက်တာ.. လူသားတွေကို သဘောကျပုံမရဘူး.. သူ့ကို သေချာ ဆန်းစစ်ရမယ်” နောက်တစ်ယောက်က ပြောလိုက်သည်။

မြို့ရိုးပေါ်မှ လေ့ကျင့်သူများသည် လူသားများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုအရာက ဘာကြောင့်တိုက်ခိုက်လဲဆိုသည့် အချက်ကို စဉ်းစားပြီး အချိန်ကုန် မခံတော့ပါချေ။

ကောင်းဖန်ကတော့ ထိုအကြောင်းရင်းကို သေချာသိလေသည်။ သို့သော် သူသည် ချန်အန်းစစ်တပ်ကို အရှက်မရစေချင်သောကြောင့် ဘာမှမပြောပဲ နေလိုက်သည်။

တောက်ပသော အလင်းကွင်းကြီး တစ်ခုသည် နျူကလီးယား အုပ်ချုပ်သူထံမှ ထွက်ပေါ်လာကာ တဖြည်းဖြည်း ပြိုကွဲသွားသည်။ ထိုအလင်းနှင့် ထိတွေ့သော အပင်များအားလုံးသည် အပိုင်းပိုင်း ပြတ်ကုန်ကြသည်။ ထိုအလင်းသည် ကိုက်တစ်ရာခန့်ကို ပျံ့သွားသည်။ ကံကောင်းသည်က ထိုသားရဲသည် သူ၏ အစွမ်းကို အပြည့်အ၀ မရသေးခြင်း ဖြစ်သည်။

နျူကလီးယား အုပ်ချုပ်သူသည် ခဏရပ်လိုက်ပြီးနောက် သူ၏ လက်ကို ပြန်ရုတ်လိုက်ကာ ဆက်လျှောက်လာသည်။

သိမ်းငှက်ကြီးသည် ရပ်ကြည့်မနေပါချေ။ သူ၏ အတောင်ပံကြီးကို ခတ်လိုက်သောအခါ အမွှေးအတောင်များသည် တောက်ပလာသည်။ သိမ်းငှက်ကြီး၏ အတောင်ပံမှ အမှတ်အသားများကိုလည်း ထင်ရှားစွာ မြင်နေရသည်။

ကောင်းကင်သည် ပိန်းပိတ်မှောင်နေသည်။ သိမ်းငှက်ကြီး၏ အမွှေးအတောင် တစ်ခုချင်းစီသည် ရွှေရောင်တောက်ပနေပြီး နျူကလီးယားအုပ်ချုပ်သူကို ဓားမိုးမျာအဖြစ် ရွာသွန်းတော့မလို ဖြစ်နေသည်။

သူသည် တစ်ချက်လှုပ်ရှားလိုက်သည်။

ရေတံခွန်ကဲ့သို့ပင် အလင်းတန်းများသည် နျူကလီးယား အုပ်ချုပ်သူထံသို့ ပြင်းထန်စွာ ကျရောက်သွားသည်။

တိုက်ပွဲနေရာတွင် ကြီးမားသော ဖုန်လုံးကြီးများ ဖြစ်ပေါ်သွားကာ ဆူညံပေါက်ကွဲသွားသည်။

“သေသွားပြီလား”

“ဟုတ်မှာပေါ့”

မြို့ရိုးပေါ်မှ လေ့ကျင့်သူများသည် တိုးတိုး ပြောနေကြသည်။

ကောင်းဖန်ကတော့ သိပ်ဘ၀င်မကျပေ။ သူသည် ဒန်ဘီ၏ ပေါင်ကို ပုတ်လိုက်သည်။

“သူ့ကိုသွားပြီး အချိန်ဆွဲထား.. တတ်နိုင်သလောက် တိုက်ရိုက်တိုက်ခိုက်မှုတွေကို ရှောင်နော်”

နျူကလီးယား အုပ်ချုပ်သူသည် အဆင့်တော်တော်များများ မြင့်သွားသော်လည်း ကန့်သတ်ချက်တော့ ရှိနေသည်။ ကောင်းဖန်သည် ကန္တာရအုပ်ချုပ်သူကို မဖမ်းခင် ရေခဲအမျိုးအစား သားရဲကို အရင်ဖမ်းမည်ဟု တွေးထားခဲ့လေရာ ယခုတော့.

အရာအားလုံးသည် ထင်ထာသလို ဖြစ်လာနိုင်မည် မဟုတ်ပါပေ။

သူသည် ထိုနိယာမကို ကောင်းကောင်းနားလည် ထားသည်။

နျူကလီးယား ဓာတ်ရောင်ခြည်သည် အလွန်ပြင်းထန်သောကြောင့် ကန္တာရအုပ်ချူပ်သူသည် အသက်ရှင်သန်ရန် အသုံးချလိုက်ရသည်။ ထိုစွမ်းအင်သည်

တိုက်ပွဲတွင် အားသာချက်ရှိသလို သူ၏ ကန္တာရအုပ်ချုပ်သူ အစွမ်းကတော့ လျော့ကျသွားသည်။

စစ်တပ်တစ်ခုကို ရိက္ခာဖြတ်လိုက်သည်နှင့်ပင် တူနေသည်။

မြို့ရိုး၏ အစွန်းတစ်နေရာတွင် ဆယ်ကျော်သက်အုပ်စုတစ်စု ရှိနေသည်။

“ဟေ့ ပဲပင်ပေါက်.. အောက်ကကောင်ကြီးက ကြောက်စရာကြီးနော်.. မင်းအဖေရဲ့ သားရဲက သူ့ကိုနိုင်မယ်ထင်လား”

“ငါ့ကို အဲဒီလိုမခေါ်နဲ့” ပိန်ပိန်ပါးပါးကောင်လေးက ပြောလိုက်သည်။ “ငါ့အဖေရဲ့ ‌ရွှေရောင် နတ်ဘုရားက တော်တာပဲဟာ.. ဒီကောင်ကြီးကို အနိုင်ယူနိုင်မှာပါ”

ပိန်ပိန်ကောင်လေးသည် ကြည့်ကောင်းသော ရုပ်ရည်ရှိသည်။ သူသည် ငယ်ရွယ်သော်လည်း ကြည်လင်သော မျက်လုံးများရှိကာ အပြုံးချိုချိုလည်း ရှိနေသည်။

“ဟွမ်း.. ဟိုက လူက သူ့ရဲ့ ကိုယ်ပိုင်သားရဲကို လွှတ်နေတာမလား” ၀က်ခြံများပေါက်နေသော ကောင်လေးတစ်ယောက်က ကောင်းဖန်ကို လက်ညိုးညွှန်၍ ပြောလိုက်သည်။

ကောင်းဖန်သည် မြို့ရိုး၏ အလယ်နားတွင် ရှိနေသောကြောင့် မြင်ကွင်းကောင်းကောင်း ရှိနေက အောက်မှ လူများကလည်း သူ့ကို ကောင်းကောင်းမြင်နေရသည်။

အခြားသော မှဲ့ပါသည့် ကောင်လေးတစ်ယောက်က နှာခေါင်းရှူံ့လိုက်သည်။ “မင်းအဖေစလုပ်နေတာကို ၀င်နှမ်းဖြူးပြီး အမှတ်ယူမလို့ နေမှာပေါ့”

“ရပါတယ်.. ငါ့အဖေက အဲဒီလိုဆိုရင်တောင် သဘောကောင်းတဲ့သူပါ” ဟွမ်းချွမ်က ပြောလိုက်သည်။

ကောင်းဖန်သည် သူတို့ပြောနေသည်များကို ကြားပြီး သူတို့ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

သူတို့သည် ချက်ချင်းရပ်သွားကြပြီး အကြည့်ချင်းမဆုံအောင် ရှောင်နေကြသည်။

ကောင်းဖန်က အကြည့်လွှဲသွားသောအခါမှ တစ်ယောက်က တုံ့ဆိုင်းစွာ ထပြောလိုက်သည်။ “သူ့ကြည့်ရတာ မသိရင်ပဲ ငါတို့ကို လာရန်တွေ့တော့မလိုပုံနဲ့”

“ဘယ်သူလဲ.. ဒါနဲ့ သူ့ကိုကြည့်ရတာ မြင်ဖူးသလိုမရှိဘူးလား” မှဲ့နှင့်ကောင်လေးက လှောင်ပြောပြောလိုက်သည်။

“သူ့ပုံစံက ဆားနယ်ထားတဲ့ ငါးလူသားနဲ့တောင် တူသေးတယ်” နောက်တစ်ယောက်ကလည်း ပြောလိုက်သည်။

“ဘာ.. ဆားနယ်ထားတဲ့ ငါးလူသား ဟုတ်လား..ငါ့မှယ သူ့ကတ်တောင် အိတ်ထဲရှိသေးတယ်” ထိုအသုံးအနှုန်းသည် ဆယ်ကျော်သက်များကြားထဲတွင် အလွန်နာမည်ကြီးသည်။ ကောင်းဖန်သည် ချန်အန်းဇာတိဖြစ်သောကြောင့် သူသည် မြို့ဂုဏ်ဆောင် ဖြစ်နေခြင်းပင်။

ဟွမ်းချွမ်ကတော့ ထိုသူအကြောင်းကို စိတ်၀င်စားနေမိသည်။

“မင်းရဲ့သားရဲကို လွှတ်လိုက်တာလား” အရာရှိတစ်ယောက်က မေးလိုက်သည်။

“အခုမလွှတ်ရင် ဘယ်တော့ လွှတ်ရမှာလဲ” ကောင်းဖန်သည် စိတ်ပေါက်ပေါက်ဖြင့် ဖြေလိုက်သည်။

ဖုန်များရှင်းသွားသောအခါ နျူကလီးယ အုပ်ချုပ်သူသည် ထိုနေရာတွင်ပင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လည်ပင်းကို မော့လိုက်ကာ ရင်ဘတ်နားမှ ဒဏ်ရာများသည် မာကျူရီကဲ့သို့ ဆူပွက်လာသည်။

ရုတ်တရတ် သူ၏ လှုပ်ရှားမှုများ လေးပင်လာသည်ကို ခံစားလိုက်ရသည်။ သူ့ကို မမြင်ရသော အားတစ်ခုက ဆွဲထားသလိုပင်။

သူသည် ရပ်နေရင်းဖြင့် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ သူသည် အမည်းရောင်၀တ်ရုံ လွှမ်းထားသာ အရာတစ်ခုကို ရိပ်ခနဲတွေ့လိုက်ရသည်။ ထိုအရာတွင် အဖြူရောင်မီးတောက် နှစ်ခု တောက်လောင်နေသည်ကိုလည်း မြင်လိုက်ရသည်။

ဒန်ဘီသည် ညာလက်ကို မြှောက်လိုက်ကာ နျူကလီးယား အုပ်ချုပ်သူထံသို့ လက်သီးတစ်ချက်ကျွေးလိုက်သည်။

မီးတောက်ဖြူလေးတစ်ခုသည် မြေပြင်တွင် လိမ့်ဆင်းသွားသည်။

ချက်ချင်းပင် နျူကလီးယားအုပ်ချုပ်သူ၏ အောက်မှမြေကြီးသည် သိမ့်သိမ့်တုန်သွားသည်။

အရိုးစုများသည် မြေပြင်မှ ထိုးထွက်လာသည်။

ပေ ၁၀၀ ရှည်သော ကင်းခြေများကြီး၏ အရိုးစုကြီးသည် မြေပြင်အထက်သို့ ပေါ်ပေါက်လာသည်။

“ဒီကောင်ကြီးက လွန်ခဲ့တဲ့ ခြောက်လက ရွှေရောင်နတ်ဘုရား သတ်ခဲ့တဲ့ ကင်းခြေများကြီးပဲ” မြို့ရိုးပေါ်မှ တစ်ယောက်က အော်ပြောလိုက်သည်။

ချန်အန်းမြို့မြေကြီးအောက်တွင် အနိုင်ရရှိခဲ့သော သားရဲများ၏ အကြွင်းအကျန်များ ရှိနေသည်။ ထိုအကြွင်းအကျန်များသည် အသုံး၀င်နိုင်ပါက ပြတိုက်ပို့ပြီး ကျန်သော အရာများကိုတော့ မြို့အနှံ့မြှုပ်ထားကြသည်။

အားနည်းသော သားရဲများကတော့ ပြာများဖြစ်သွားကြပြီး အားကြီးသော သားရဲများ၏ အရိုးများသာ ကျန်ခဲ့ခြင်း ဖြစ်သည်။

ထိုအရိုးများသည် ပုရွက်ဆိတ်စစ်တပ်ကြီးလို မြေကြီးထဲမှ ထွက်လာကြသည်။

မြို့ရိုးပေါ်မှ သူများသည် ကြက်သီးများပင် ထမိကြသည်။ သေသူများ နိုးထလာသည်ကို မြင်ရသည်မှာ သူတို့အတွက် ပထမဆုံး မဟုတ်တော့သော်လည်း ထိုမျှလောက် အများကြီးတော့ မမြင်ဖူးခဲ့ချေ။

ဖုတ်ကောင်များသည် ဒီရေလို တရိပ်ရိပ် ချီတက်နေသည်။

ဒန်ဘီသည် နျူကလီးယားအုပ်ချုပ်သူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ဖုတ်ကောင်များသည် သူ့ကို လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့သည် ဒန်ဘီဖြတ်သွားသောအခါ ဦးပင်ညွတ်လိုက်ကြသည်။

ဟွမ်းချွမ်သည် မယုံနိုင်ဖြစ်နေသည်။ သူ့အဖေကတော့ ဗိုလ်ချုပ်ကြီး ဖြစ်သောကြောင့် အစွမ်းထက်သားရဲကို ပိုင်ဆိုင်ထားသည်မှာ မဆန်းသော်လည်း ထိုသူကတော့ အလွန်ပင် အထင်ကြီးစရာကောင်းနေသည်။

မနာလိုလိုက်တာ..

မြို့ရိုးပေါ်မှ လူတစ်ယောက်သည် မျက်လုံးများကို မှေးစင်းပြီး ကြည့်လိုက်သည်။ သူ့အတွက် အခွင့်အရေး ဖြစ်သည်။

“ရွှေရောင်နတ်ဘုရား.. အချိန်ကျပြီ.. ထိုးဆင်းပြီး သူ့ခေါင်းကို ဖြတ်လိုက်တော့”

All Chapters