အခန်း (၃၃၇-၃၄၀)
Vol. 22 Ch. 337-340
အခန်း ၃၃၇ စစ်ပွဲ
ပင်လယ်အောက်တွင် ပုန်းအောင်းနေသော ဧရာမသားရဲကြီးက စတုရန်းပေးသန်းချီကျော်အောင်ကို ကြီးမားလှသည်။ သားရဲကြီးက ဘာမှန်း ဘယ်သူမှမသိပေမယ့် သက်ရှိသတ္တဝါတစ်ကောင်ဆိုတာတော့ သေချာသည်။ ယန့်ချန်ကမ်းခြေနားမှာ ဒီလိုဧရာမသားရဲကြီး ရှိနေတာက ယန့်ချန်းကလူအားလုံးကို စိုးရိမ်စေသည်။ ဒါ့အပြင် ခုနက စုံစမ်းချက်ရလဒ်တွေအရ ဒီဆန်းကြယ်သော သားရဲက အနီးအနားက ရေသားရဲများကို အဆက်အပြတ်ဆင့်ခေါ်နေပြီး ပေါ့သေးသေးကိစ္စမဟုတ်ပေ။ ပြီးခဲ့တဲ့ သားရဲတိုက်ခိုက်မှုအရ ပြင်းထန်သောစစ်ပွဲက မကြာခင်လာတော့မယ်ဖြစ်ကြောင်း ယန့်ချန်းမြို့သားများ အားလုံး သိနေကြသည်။
တင်းအားတွေများနေသော လေထုက တစ်မြို့လုံးကိုပျံ့နှံ့နေသည်။ ပင်လယ်ဆိုသည်က လူသားမျိုးနွယ်တွေမှာ ရှိနေတဲ့ သိပ္ပံနဲ့ နည်းပညာလက်နက်များ အသုံးချဖို့ အကန့်အသတ်နဲ့ဖြစ်နေသော ထူးခြားသည့် ပတ်ဝန်းကျင်တစ် ခုဖြစ်သည်။ အဲ့ဒါကြောင့် လေ့ကျင့်သူများကသာ သားရဲများနဲ့တိုက်ဖို့ အဓိကအင်အားဖြစ်လိမ့်မည်။ ဒီတစ်ကြိမ်တွင်တော့ အကောင်းဆုံးသားရဲလေ့ကျင်သူများကို ဖိတ်ခေါ်ဖို့ ယန့်ချန်းနဲ့ ပန်ချန်း စစ်တပ်များက သူတို့ရဲ့ အရင်းအမြစ်တွေကို စုပေါင်းပြီး အကောင်းဆုံးသူတွေကိုသာ ခန့်အပ်ဖို့ အားလုံးကို အကုန်အကျခံ ထားကြသည်။
သားရဲတွေကို တိုက်ခိုက်ခြင်းက အန္တရာယ်များသည်လေ။ ဒီတိုင်းနဲ့တော့ လေ့ကျင့်သူတွေကလည်း သူတို့အသက်တွေကို စွန့်စားမည်မဟုတ်။ “တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက တစ်ယောက်ရော လာဖို့ သဘောတူထားလား” ယန့်ချန်းမြို့တော်ဝန်က စိုးရိမ်ပူပန်စွာပြောလိုက်သည်။
“အဲဒီလူက အသည်းနှလုံးကို မရှိဘူး… လူတိုင်းကလာဖို့သဘောတူပေမယ့် သူကတော့ ဒီတစ်ခါ မပါဘူးတဲ့” မြို့တော်ဝန်ဘေးက အသက် ၄၀ လောက်လူက စိတ်ပျက်စွာပြောသည်။
“ခေါင်းဆောင်တိ အဲ့လိုပြောလို့တော့ မရဘူးလေ…ဘာပဲဖြစ်ဖြစ် မက်မွန်ပင်လယ်အော်ကိစ္စတုန်းက သူ ကျုပ်တို့ကို ကူညီခဲ့တာပဲကို” သူတို့ဘေးက ခပ်ဝဝလူက ညင်သာစွာ ရယ်မောရင်းပြောလိုက်သည်။
တိနိုင်ကတော့ “မက်မွန်ပင်လယ်အော်တုန်းက သူ့ကုမ္ပဏီနဲ့ နီးလို့လေ… သူရှာတွေတာကို ကျုပ်တို့ကို သေချာပေါက်လာပြောတာပေါ့… သူက သူ့အတွက် ခြိမ်းခြောက်မှုဖြစ်နေတဲ့ဟာကို ရှင်းထုတ်ပစ်ဖို့ ကျုပ်တို့ကို အသုံးချလိုက်တာ… အဲ့ဒီကောင်က သူအတွက်အကျိူးမရှိရင် ဘာမှလုပ်မှာမဟုတ်ဘူး… သူ့အကြောင်းပြချက်က အဓိပ္ပါယ်ကို မရှိနေဘူး ဘာကိုအားနည်းလွန်းတာတဲ့လဲ”
မြို့တော်ဝန်က ထိုစကားကြားသောအခါ ခေါင်းကိုယမ်းလိုက်ပြီး “ငြင်းနေတာ တော်ကြတော့… ငါတို့သာ ကိုယ့်ကိုယ်ကိုယ် နည်းနည်းထိန်းချုပ်နိုင်ရင် ပိုကောင်းအောင် လိုချင်သလောက်လုပ်နိုင်လိမ့်မယ်… ယန့်ချန်းက အစပိုင်းတုန်းက ဘယ်လို တိုးတက်ဖွံ့ဖြိုးလာခဲ့လဲဆိုတာ မမေ့နဲ့…သူ့ကို ပြောလိုက် တောင်ပိုင်းကောင်းကင်အဖွဲ့ အစည်းကို ပထမ ၃နှစ်အတွက် အခွန်ကင်းလွတ်ခွင့်ပေးမယ်…. နောက် ၂ နှစ်ကိုတော့ အခွန် ၅၀%ပဲဆောင် ရမယ်လို့…. ငါတို့ရဲ့ စိတ်ရင်းကိုတော့ သူ့ကိုပြပြီးပြီ… အခု သူဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့”
ကူးသန်းရောင်းဝယ်ရေးခေါင်းဆောင်အနေနဲ့ တိနိုင် အနည်းငယ် ဆုံးရှုံးသွားသလို ခံစာလိုက်ရသည်။ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက အခွန်အမြတ်ငွေရဲ့ ကြီးမားတဲ့ အရင်းအမြစ်တစ်ခုဖြစ်သည်။ “သိပ်လည်း စိတ်မညစ်ပါနဲ့… အခွန်လျော့ကောက်တယ်ဆိုတဲ့ သူတို့ သုံးဖို့ ပိုက်ဆံပိုထွက်လာတာပဲ… အဲဒါတွေကို ပြည်တွင်း စီးပွားရေးမှာပဲ ပြန်ပြီး ရင်းနှီးမြုပ်နှံကြမှာပါ… ကြည့်လိုက်ရင်တော့ ငါတို့နစ်နာတယ်ထင်ရပေမယ့် ရေရှည် အတွက်တော့ အလုပ်ဖြစ်ပါလိမ့်မယ်… ငါ့ကို ယုံပါ” ခပ်ဝဝလူက တည်ငြိမ်စွာပြောသည်။
တိနိုင် မျက်လုံးကိုလှန်လိုက်သည်။ အဲ့ဒါ သူလည်း သိသားပဲ။ အဲ့ဒီကောင်ရဲ့ စိတ်ဓာတ်ကို မကြိုက်တာ။ “သူတို့နဲ့ သိပ်ရင်းရင်းနှီးနှီးတွေ လုပ်မနေနဲ့…. ခင်ဗျားအကိုက အဲဒီမှာ လုပ်တာဆိုတာ ကျုပ်သိတယ် ဒါပေမယ့် ခင်ဗျား သစ္စာခံရမယ့်နေရာ က ဘယ်နေရာလဲဆိုတာ သတိရပါ” တိနိုင်က သူ့ကို အေးစက်စက် ကြည့်လိုက်သည်။
“ဒါပေါ့ ကျုပ်မှာ တခြားအတွေးမရှိပါဘူး” သူက ကြင်နာစွာပြုံးရင် ရှင်းပြနေသည်။
ယန့်ချန်းက ငွေတွေအများကြီးပေးပြီး တစ်ကမ္ဘာလုံးက သားရဲကောင်တွေကို သယ်ယူသော်လည်း အသန်မာဆုံးကောင်တွေကတော့ ဟွာရှားကပဲဖြစ်သည်။ တစ်ကမ္ဘာလုံးက လေ့ကျင့်သူတွေ လာကြသောကြောင့် ထိုနေ့က ယန့်ချန်တွင် ပုံမှန်ထက် လေယာဥွဆိုက်ရောက်မှုများ ပိုများခဲ့သည်။ မင်ကျူးအဆောက်အဦးက ယန့်ချန်း၏ အသစ်ဆုံး အထင်ကရ အထိမ်းအမှတ်နေရာဖြစ်သည်။ ပေ ၇၈၀ မြင့်ပြီး အဝေးကကြည့်ရင် ဧရာမ ဓာတ်မီးကြီးနဲ့တူသည်။
ခေါင်မိုးထပ်တွင် ရေကူးကန်ကြီးရှိသည်။ ဒါပေမယ့် ကောင်းဖန်က အဲ့ဒါကို ငါးအမျိူအစား သတ္တဝါများ သားဖောက်ရာ ရေကန်အဖြစ် ပြောင်းလဲလိုက်သည်။ ကြာပင်များ၊ မြက်ပင်များဖြင့် သေချာထိန်းသိမ်းထားသော ငါးကန်ပုံစံပေါက်နေသည်။ ကောင်းဖန်က ရေထဲငါးမြားတံကို ပစ်လွှဲလိုက်သည်။ ခဏကြာတော့ သူ့ငါးမြားတံလှုပ်လာသည်။ ချိတ်တွင်မိနေသောငါးက ရုန်းကန်နေသောကြောင့် ငါးမြားတံ ကန်၏တခြားတဖက် ထိအောင် ဆွဲခံထားရသည်။
ကောင်းဖန်က ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး “ သိပ်မဆိုးဘူးမလား” ဟု ဖလိန်မီကို မေးလိုက်သည်။ ဖလိန်မီက စိတ်အားထက်သန်စွာနဲ့ ခေါင်းညိမ့်ပြရင်း “အရမ်းမိုက်တယ် ကောင်းဖန်” ဟုပြောသည်။ စိတ်ကျေနပ် သော အပြုံးနဲ့အတူ လက်ကို ဆတ်ခနဲဆွဲလိုက်ရာ ၇ ပေခန့်ရှိသော အမြီးစိမ်းဇာမဏီငါးတစ်ကောင် ကန်ဘောင်ပေါ်သို့ ကျလာသည်။
ဖလိန်မီ တံတွေးမြိုချလိုက်သည်။ “မင်းစားလို့မရဘူး…. ငါတို့ သူ့ကိုလွှတ်ပေးပြီး ငါးဆက်မြားရမယ်” ကောင်းဖန်က ဖြည်းဖြည်းချင်းပြောလိုက်သည်။ ဖလိန်မီ ဒေါသထွက်သွားသည်။ ဒါဆို သူက ဘာကိစ္စနဲ့ ဘေးမှာ ခုထိ တချိန်လုံး ထိုင်ပေးနေရတာလဲ။
“သခင်လေးကောင်း သခင်လေးကို စိန်ခေါ်ချင်တယ်ဆိုပြီး တံခါးပေါက်မှာ လူတစ်ယောက် ရောက်နေပါတယ်” အစောင့်က အခန်းထဲ ဝင်လာရင်းပြောသည်။ “ထပ်ပြီး လာပြန်ပြီလား” ကောင်းဖန် ဘာပြောရမှန်း မသိဖြစ်သွားသည်။ ဒီလူတွေက အတော် ဇွဲကြီးတာပဲ။ ဘယ်နှည ဆက်တိုက်ရှိနေပြီလဲ။ ရုပ်ရှင်ရိုက်နေတာ လည်းမဟုတ်ဘူး။ ကြိုးစားတယ်ဆိုတိုင်း နိုင်မှာ မဟုတ်ဘူးလို့။
သူတို့ကို ငြင်းဖို့လုပ်တုန်းပဲ စိတ်ပြောင်းသွားသည်။ သူလည်း အရမ်း အလုပ်များနေတာ မဟုတ်ဘူး။ ပိုက်ဆံနည်းနည်းရှာတာလည်း ကောင်းတာပဲ။ “ခြံပေါက်ဝတွေမှာ ဆိုင်းဘုတ်ချိတ်ထားလိုက်… ချစ်ကြည်ရေး စိန်ခေါ်ပွဲတွေကို ငါလက်ခံတယ်လို့… စိန်ခေါ်မှုတစ်ခုကို ၂ထောင်ပေးရမယ်… ဈေးညှိလို့မရဘူး”
အစောင့်က စကားပြန်ပါးဖို့အတွက် လုပ်နေတုန်းပဲ ကောင်းဖန်က သူ့ကိုတားလိုက်သည်။ “နေဦး… ပြိုင်ပွဲဝင်မယ့် သူတွေကိုပြောလိုက် သူတို့ ခရက်ဒစ် ၃ထောင်အပိုပေးရင် ညင်ညင်သာသာလေးပဲ တိုက်ခိုက်ပေးမယ်လို့”
အစောင့်က သူ့နားသူမယုံနိုင်ဖြစ်သွားသည်။ “ငါပြောတာ ကြားတယ်မလား… ဘာရပ်လုပ်နေသေးတာလဲ”
အစောင့်လှေကားပေါ်က ဆင်းသွားတာကြည့်ရင်း သူ ခေါင်းခါလိုက်သည် “ငတုံးကောင်ပဲ”
သူပြန်လှည့်လိုက်တဲ့အခါ ငါးက တဝက်မရှိတော့ချေ။ အရိုးများကို မြင်နေရသည်။ ဖလိန်မီက အတောင်ပံနဲ့ သူ့ပါးစပ်ကို သုတ်နေသည်။ မျက်လုံးများက ကျီးကန်းတောင်းမှောက် ကြည့်ရင်း ကောင်းဖန်နဲ့ မျက်လုံးချင်းဆုံ သွားတော့ ပါးစပ်သုတ်နေရင်း အတောင်ပံက လေထဲ တန်းလန်းကြီး ရပ်သွားသည်။
ကောင်းဖန် ငါ့ကို မြင်သွားတာလား..
ငါ ဘာလုပ်ရမလဲ..
***
သားရဲလေ့ကျင့်သူ
အခန်း ၃၃၈ ချုံခိုတိုက်ခိုက်ခြင်း
ဖလိန်မီသည် လေချဉ်တစ်ချက် တက်လိုက်သည်။ ငါးရိုးနှစ်ချောင်းသည် သူ့ပါးစပ်တွင်းမှ ထွက်ကျလာသည်။
“နင်ယုံနိုင်မှာတောင် မဟုတ်ဘူး.. ဒါပေမယ် ငါတစ်ချက် သတိလွတ်သွားတာ.. ငါနိုးလာတဲ့အချိန်မှာ ငါးက ငါ့ဗိုက်ထဲတောင် ရောက်နေပြီ” ဖလိန်မီက ရိုးသားသော အသံဖြင့် ပြောလိုက်သည်။
“ဖြည်းဖြည်းစား.. မနင်အောင် ဂရုစိုက်ဦး” ကောင်းဖန်က ငါးမျှားချိတ်ကို ရေထဲတစ်ဖန် ထပ်ပစ်လိုက်သည်။
ဖလိန်မီသည် ပဟေဠိဖြစ်သွားပုံဖြင့် ခေါင်းကို ငဲ့စောင်းလိုက်သည်။ ကောင်းဖန် ဘာဖြစ်သွားတာလဲ.. ဘာလို့ သဘောကောင်းနေတာလဲ.
ဖလိန်မီသည် ကောင်းဖန်ကို ကြည့်နေရင်း ငါးကို ဝါးနေသည်။
ကောင်းဖန်သည် ထိုအရာများအတွက် အချိန်မရှိပါချေ။ သူသည် ငါးမျှားကြိုးကို ဖြည်းဖြည်းချင်း ဆွဲနေသည်။
ထိုအချိန်တွင် အစောင့်က ပြန်ရောက်လာသည်။ “သခင်လေးကောင်း.. အဲဒီလူက ခရက်ဒစ် ၂၀၀၀ ပေးပြီး စိန်ခေါ်နေပါတယ်” ထိုသူသည် တကယ် သဘောတူခဲ့သည်ပင်။
ကောင်းဖန်သည် စိတ်၀င်စားသွားသည်။ ပြောရလျှင် ထိုပမာဏသည် မနည်းလှပါပေ။
ကွန်မန်ဒါအဆင့်သားရဲ၏ အမြုတေကျောက်သည်ပင် ခရက်ဒစ်ရာချီပေးရသည်။ ထိုစိန်ခေါ်သူက ပေးသည့် ပမာဏလောက်ဆိုလျှင် သူသည် ကွန်မန်ဒါအဆင့်သားရဲ ၂ ကောင်လောင်၏ အမြုတေကျောက် ၂ ခုကိုပင် ဝယ်နိုင်လောက်သည်။
ကွန်မန်ဒါအဆင့်သားရဲ တစ်ကောင်သည် အမြုတေကျောက် ၁ ခုစီကိုသာ ထုတ်လုပ်နိုင်သည် မဟုတ်ပါလား။
သို့သော် အရာသည် အပျော်ကစားခြင်းတော့ မဟုတ်ပါချေ။ သားရဲအမဲလိုက်ခြင်းသည် အထူးသဖြင့် ကွန်မန်ဒါအဆင့်သားရဲအတွက်ဆိုလျှင် လွယ်ကူသော အရာ မဟုတ်ပေ။ သားရဲမုဆိုးများထဲတွင် ကွန်မန်ဒါအဆင့်သားရဲကို ပိုင်ဆိုင်ထားစေဦးတော့ လုံး၀ကြိ မလွယ်ကုပါချေ။
ခရက်ဒစ်အမှတ် ၂ ထောင်လောက်ကတော့ မက်လောက်စရာ မရှိသော်လည်း ယခုတော့ မဟာမိတ်ဒေါ်လာ ၂ သောင်းလောက်ကို အနည်းဆုံး တန်ဖိုး ရှိနေသည်။
ကောင်းဖန်သည် ထိုကဲ့သို့ အလကားရမည့် ပိုက်ဆံကိုတော့ မငြင်းနိုင်ပါချေ။
ကောင်းဖန်က ဖလိန်မီဘက်ကို လှည့်ကြည့်လိုက်သည်။ အန္တရာယ်ကို အာရုံခံမိသော ဖလိန်မီသည် ချက်ချင်းပင် အတောင်ပံကို ဖြန့်ကာ လေထဲသို့ ချက်ချင်းပျံတက်လိုက်သည်။
“ဆင်းလာခဲ့စမ်း” ကောင်းဖန်က အချက်ပြလိုက်သည်။ “ငါတို့ တိုက်ခိုက်စရာရှိတယ်.. မင်းနိုင်ခဲ့ရင် အရသာရှိတဲ့ ရေယက်ပြာတူနာငါး ကျွေးမယ်”
ရေယက်ပြာတူနာ..
ဖလိန်မီ၏ မျက်လုံးများသည် အလွန်တောက်ပသွားသည်။
ထိုငါးသည် သူ့ဘ၀၌ စားဖူးသမျှထဲတွင် အရသာ အရှိဆုံး ဖြစ်သည်။ အသားပြည့်၀ပြီး အရည်ရွှမ်းသော ငါးအသားသည် သူ့ပါးစပ်ထဲတွင် နူးညံ့စွာ ပျော်၀င်သွားကာ သူ့ပါးစပ်ထဲတွင် လတ်ဆတ်သည့် ပင်လယ်အငွေ့အသက်များဖြင့် ပြည့်နှက်စေတာမျိုး ဖြစ်သည်။
သူသည် ချက်ချင်းပင် သွားရည်များ စီးကျလာသည်။
ကြီးမားပြီး အထူးပြုပြင်ထားသော ထရပ်ကားကြီးသည် ဂိတ်၏ အပြင်ဘက်တွင် ရပ်နေသည်။ လူနှစ်ယောက်သည် သက်သောင့်သက်သာ ရှိစွာပင် ရယ်မောရင်း စကားပြောနေကြသည်။ သူတို့နားတွင်တော့ သူတို့၏ ခေါင်းဆောင် ဖြစ်ပုံရသည့် အနီရောင်ဆံပင်နှင့် မိန်းကလေးတစ်ယောက် ရှိနေသည်။
သူမတွင် ချောမွတ်ချွန်ထက်နေသော မေးရိုးရှိကာ ခရင်ရောင် အသားအရည်ရှိသည်။ ရှည်လျားကွေ့ကောက် နေသော ဆံပင်များကတော့ သူမနောက်ကျောတွင် မီးတောက်များလို ဖြန့်ကျက်ထားသည်။ သူမသည် ရယ်မောနေသော်လည်း သူမ၏ မျက်လုံးများကတော့ အေးစက်နေသည်။ သူမ၏ တင်းကျပ်နေသော ဂျင်းဘောင်းဘီသည် လှပသော ကောက်ကြောင်းများနှင့် ရှည်သွယ်သော ခြေထောက်အလှကို ပုံဖော်ပေးနေသည်။ သူမလက်ထဲတွင် ဝိုင်တစ်ခွက်ရှိနေပြီး ကားကို ပျင်းရိစွာ မှီထားသည်။
“မိန်းကလေး.. ဒီအရှူံးသမားကို စိန်ခေါ်ဖို့ ဘာလို့ ဒီလောက်တောင် အချိန်ကုန်ခံနေတာလဲ” တက်တူးထိုးထားသော ကတုံးပြောင်နှင့် လူက မေးလိုက်သည်။ “ငါတို့က သူ့ထက် အများကြီး ကြီးနေပြီးတော့ ဘာလို့ စိန်ခေါ်နေရမှာလဲ”
“ဒါဆို သူ့ကို အနိုင်ရအောင် လုပ်ကြည့်လေ” မိန်းကလေးက တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်သည်။
ကတုံးပြောင်နှင့်လူက တစ်ချက်ကြောင်သွားသည်။ “ဘာလို့ ဒီလိုနည်းနဲ့ အနိုင်ယူရမှ ဖြစ်မှာလဲ”
“ဘာလို့ထင်လဲ.. ဘယ်သူ့မှာ ပိုက်ဆံပိုများလဲ သိချင်လို့လား.. ရှင်နဲ့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက သခင်လေးနဲ့လေ” ဆံပင်နီနှင့် မိန်းကလေးက ဝိုင်ကို ကုန်အောင် မော့သောက်လိုက်ရင်း တစ်ချက် ခနဲ့ပြောလိုက်သည်။
“သူ့အတွက်တော့ ဒါက ကစားပွဲသာသာပါပဲ.. ပိုက်ဆံတွေ မကုန်မခမ်းနိုင်အောင် ရှိနေတဲ့သူလေ” သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။ “ကျွန်မတို့ကို သူအသိအမှတ်ပြုမိသွားဖို့ပဲ မျှော်လင့်ပါတယ်.. ဒါမှ ကျွန်မတို့ အခက်အခဲတွေကို ကယ်တင်နိုင်မှာ”
“ဘယ်လိုအတွေးအခေါ်လဲ” ကတုံးပြောင်နှင့်လူက မကျေမနပ် ပြောလိုက်သည်။ သူ၏ စကားမဆုံးခင်မှာပင် သူတို့ရှေ့မှ အဆောက်အအုံပေါ်မှ အရိပ်တစ်ခု ကျလာသည်။ သူတို့ရှေ့တွင် ဖုန်ထုတစ်ခု ဖြစ်သွားသည်။
သူသည် သူတို့ပတ်၀န်းကျင်မှ လေထုသည် သိသာစွာ ပူလာသည်ကို သတိထားမိလိုက်သည်။
သူ့အတွေးမဆုံးခင်မှာပင် လှပသော အသွင်သဏ္ဍာန်နှင့် ဖလိန်မီကို သူတို့ရှေ့တွင် တွေ့လိုက်ရသည်။ သူသည် ထိုငှက်ထက်ကြီးသော အကောင်များကို မြင်ဖူးခဲ့သော်လည်း သူကတော့ ထူးခြားနေသည်။
ဖလိန်မီသည် တစ်ချက်ငုံ့ကိုင်းလိုက်ကာ ထိုလူကို စပ်စုနေသည်။ သူ၏ တောက်ပသော မျက်လုံးများသည် ပို၍ပင် လင်းနေသလိုပင်။ သူ၏ အမွှေးအတောင်များသည် အမှောင်ထဲတွင်ပင် တောက်ပနေပြီး ရပ်နေသော သူများကိုပင် ရောင်ပြန်ဟပ်နေသည်။
ကတုံးပြောင်နှင့် လူသည် ပါးစပ်ကို ဟစိဟစိ လုပ်လိုက် ပြန်ပိတ်လိုက်ဖြင့် ရေထဲမှ ထွက်လာသော ငါးလို ဖြစ်နေသည်။ သို့သော် ကောင်းဖန်ကို သူ့အဖြစ်အား သတိမထားမိသွားစေရန် ဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။ “သခင်လေးကောင်း.. မင်းရဲ့ ကိုယ်ပိုင်သားရဲက အတော်လေး ကျန်းမာနေတဲ့ ပုံပဲ”
ကောင်းဖန်က တစ်ချက်ပြုံးလိုက်ကာ ဖလိန်မီပေါ်မှ ခုန်ဆင်းလိုက်သည်။ “ကျုပ်ကို ဘယ်သူစိန်ခေါ်ချင်တာလဲ.. ပိုက်ဆံအရင်ပြပါဦး”
ဆံပင်နီနှင့် မိန်းကလေးက ပြုံးလိုက်သည်။ ထို့နောက် ကားထဲ ပြန်၀င်သွားကာ သေးငယ်သော ပိုးအားအိတ်လေးတစ်ခုကို ကောင်းဖန်ဆီ ပစ်ပေးလိုက်သည်။ “ကွန်မန်ဒါအဆင့်သားရဲရဲ့ အမြုတေကျောက် ၅ ခု.. ဒီလောက်ဆို လုံလောက်တာထက် ပိုတယ်မလား”
ကောင်းဖန်သည် အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကျောက်လေးများသည် အစီအရီ ရှိနေကြသည်။ ထိုကျောက်များသည် အလယ်အလတ် အဆင့် ရှိကြသောကြောင့် တန်ဖိုးလည်း မနည်းလောက်ပေ။
“ဒါကတော့ ရှင့်ရဲ့ ကိုယ်ပိုင်သားရဲကို စိန်ခေါ်ချင်တဲ့ ကျွန်မရဲ့ ကိုယ်ပိုင်သားရဲပါ” ဆံပင်နီနှင့် မိန်းကလေးက ကားအနောက်ပိုင်းကို ဖွင့်လိုက်သည်။
လှပသော မြရောင်မြွေဟောက်ကြီးသည် မိန်းကလေးနားသို့ အသံတစ်စက်မျှ မထွက်ပဲ တိုးကပ်လိုက်သည်။ ထိုအရာသည် အဆင့် ၄၀ ရှိ ကွန်မန်ဒါအဆင့် အတောင်ပံပါ မြွေဟောက်ကြီး ဖြစ်သည်။ သူ၏ အဆင့်နိမ့်စွမ်းရည် တစ်ခုကြောင့်သာ နတ်ဘုရားအဆင့်တက်ဖို့ ခက်ခဲနေခြင်း ဖြစ်သည်။ ကောင်းဖန်သည် သွေးမျက်လုံး မုတ်ဆိတ်လင်းတနှင့် ထိုအရာများကို ကြုံခဲ့ဖူးပြီး ဖြစ်ရာ ထိုမြွေဟောက်တွင်လည်း အဆင့်တက်ရန် ခက်ခဲခြင်းမှာ ထိုအချက်တစ်ချက်တည်းကြောင့် မဟုတ်မှန်း သိလိုက်သည်။ သူ၏ အစိတ်အပိုင်း တစ်ခုခု ချွတ်ယွင်းနေခြင်းကြောင့်ပဲ ဖြစ်မည်။
“ခဏနေပါဦး.. ဘာလို့ ကျုပ်ကို စိန်ခေါ်ချင်တာလဲ မေးလို့ရမလား” ကောင်းဖန်က ရုတ်တရတ် မေးလိုက်သည်။ သူသည် ထိုလူများ ဘာကိုလိုချင်လဲ နားမလည်နိုင်ပါပေ။
“ရှင့်ကို တွေ့နိုင်ဖို့ နည်းလမ်းက ဒီတစ်ခုပဲ ရှိလို့ပါ” သူမက နှုတ်ခမ်းကို ရှက်ရွံ့စွာကိုက်ရင်း ပြောလိုက်သည်။
“ကျုပ်ကိုတွေ့ဖို့..”
“ကျွန်မတောင်ပိုင်းကောင်းကင် အဖွဲ့အစည်းထဲကို ၀င်ချင်ပါတယ်.. ဒါပေမယ့် ကျွန်မက ဒါကို တန်းပြီး ပြောရင် တံခါး၀မှာတင် တန်းပြီး လှောင်ပြောင် နှင်ထုတ်ခံရမယ်ဆိုတာကို သိလို့ပါ.. အဲဒါကြောင့် အဲဒီအစား ကျွန်မ ဘာလုပ်နိုင်တယ်ဆိုတာကိုပဲ ပြသပြီး အခွင့်အရေးကို တိုးမြှင့်ချင်ပါတယ်..” ဆံပင်နီမိန်းကလေးက ကောင်းဖန်ကို ပြောလိုက်သည်။ “ရှင်ကတော့ သိလောက်မှာ မဟုတ်ပေမယ့် ရှင်တို့ဆီကို ၀င်ချင်တဲ့သူတွေ အများကြီး ရှိနေပါတယ်.. ရှင်ကဟွာရှားဒေသမှာ အင်ပါယာအဆင့် သားရဲနှစ်ကောင်ကို ပိုင်ဆိုင်ထားတယ်ဆိုတာက တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားသလိုပါပဲ”
“ဗဟိုဒေသမှာရှိတဲ့ နျူကလီးယား အမြုတေက ကွန်မန်ဒါအဆင့်သားရဲတွေနဲ့ သူ့ထက်နိမ့်တဲ့ အဆင့်တွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အင်ပါယာအဆင့်သားရဲကတော့ မတူပါဘူး.. အင်ပါယာအဆင့်သားရဲကိုမှ မထိန်းချုပ်နိုင်ရင် ကျွန်မတို့ လူသားတွေရဲ့ ကဏ္ဍလည်း အဆုံးသတ်သွားတော့မှာပါ.. အခုအချိန်မှာက တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကပဲ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အလားအလာ ရှိနေပါတယ်.. ကျွန်မရဲ့ ခွန်အားနဲ့လည်းတစ်ဖက်တစ်လမ်းက ဖြည့်ပေးချင်ပါတယ်”
ကောင်းဖန်က သူမကို ဘာမှပြန်မဖြေပေ။ ထိုအစား ဖလိန်မီရဲ့ ခြေထောက်ကို ညင်သာစွာ ပုတ်လိုက်သည်။ “မြွေဟောက်ကြီး ဘာလုပ်နိုင်မလဲ ကြည့်ရအောင်”
ဖလိန်မီသည် ချက်ချင်းပင် လေထဲပျံသန်းလိုက်ကာ မြွေဟောက်ကြီးကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ မီးတောက်များသည် သူ့ဘေးတွင် ဝိဉာဉ်များလို ဝိုင်းရံထားသည်။
ထို့နောက် သိပ်ပင်မကြာလိုက်ပဲ မြွေဟောက်ကြီးထံတွင် အမာရွတ်များ သွေးများဖြင့် ဖုံးလွှမ်းသွားသည်။
ကောင်းဖန်သည် တိုက်ပွဲကို အာရုံစိုက်နေတုန်းမှာပင် သူ၏ နောက်ဘက်မှနေ၍ ကျယ်လောင်သော သေနတ်သံကို ကြားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် သူ့နဖူး၌ စူးနစ်သွားသော ခံစားမှုကို ရလိုက်သည်။ သူသည် သိပ်မနာသော်လည်း ပြင်းထန်သော အရှိန်ကြောင့် သူသည် နောက်သို့ ပေအနည်းငယ် လွင့်သွားသည်။
ကောင်းဖန်သည် အရုပ်ကြိုးပြတ်လဲကျသွားသည်။
သူနှင့် ဆန့်ကျင်ဘက်တွင်တော့ ထရပ်ကား ပြတင်းပေါက်မှ ခေါင်းထွက်ကာ ပျင်းရိစွာ ထိုင်နေသော စနိုက်ပါတစ်ယောက်ကို အဖြူရောင် အငွေ့များနှင့်အတူ တွေ့လိုက်ရသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၃၉ အရှင်ဖမ်းခြင်း
“သူသေသွားပြီလား” ဆံပင်နီနှင့် မိန်းကလေးက မေးလိုက်သည်။ “အရူးကောင်ပဲ.. သူ့ကို သတ်လိုက်ရင် ဟွာရှားဒေသတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားမှာ မသိဘူးလား”
“ငါ့ကို ယုံစမ်းပါ.. ဒီလောက်ကျယ်တဲ့ နဖူးကိုတော့ ငါလွဲစရာ အကြောင်း မရှိပါဘူး.. ဒီလောက် အကွာအဝေးနဲ့ဆိုရင် လက်ရွေးစင်အဆင့်သားရဲ တစ်ကောင်လောက်ကိုတောင် အေးဆေးပစ်လို့ ရတယ်.. လူတစ်ယောက်လောက်ကတော့ အေးဆေးပဲ” ထိုသူက ပုခုံးကို တစ်ချက်ပွတ်ရင်း ပြောလိုက်သည်။
ကောင်းကင်တွင်တော့ တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်သည်။ ဖလိန်မီသည် ခဏရပ်သွားပြီးနောက် မြွေဟောက်ကြီးနှင့် တစ်ဖန်ပြန်ကာ တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုများသည် ပို၍ပင် ပြင်းထန်လာသလိုပင်။ မြွေဟောက်ကြီးသည် ဖလိန်မီ၏ တိုက်ခိုက်မှုများကို မနည်းပင် ရှောင်ရှားနေရသည်။ ဖလိန်မီသည် သူ၏ သခင်အတွက် လက်စားချေနေသလိုပင်။
“ဒီကနေ မြန်မြန်ထွက်ရအောင်.. သူတို့နှစ်ကောင် တိုက်ခိုက်သံတွေရှိနေပေမယ့် တောင်ပိုင်းကောင်းကင်ကတော့ သေနတ်သံကို သေချာပေါက်ကြားမှာပဲ”
“ဟုတ်တယ် သူတို့ဆီ အာရုံလွှဲထားခဲ့ပြီး သွားကြစို့” ဆံပင်နီနှင့် မိန်းကလေးက ခေါင်းငြိမ့်လိုက်သည်။
ကတုံးပြောင်နှင့် လူကတော့ ဘေးဘီဝဲယာကို ကြည့်လိုက်ရင်း ကောင်းဖန်ရှိရာသို့ အလျင်အမြန် ပြေးသွားလိုက်သည်။ “အမြုတေတွေကို မဖြန်းတီးကြရအောင်.. ငါသွားယူလိုက်မယ်.. ပြီးရင် တစ်ယောက်တစ်၀က်ခွဲကြတာပေါ့”
ထိုအချိန်တွင် ကားထဲမှ ရွှေရောင်ဆံပင်နှင့် လူတစ်ယောက် ထွက်လာသည်။ သူ၏ လက်ထဲတွင်တော့ ရိုင်ဖယ်တစ်လက် ရှိနေပြီး ကားဘေးကို တစ်ချက်ပုတ်လိုက်သည်။ ထိုအခါ တောင်ပံ နှစ်စုံ ပါရှိပြီး ထူးဆန်းသည့် ပုံစံရှိသော ပင်လယ်စင်ရော်တစ်ကောငိ ခုန်ထွက်လာသည်။
ထိုစင်ရော်တွင် ကုန်းနှီးများ တပ်ဆင်ထားပြီး ဖြစ်ရာ ခရီးထွက်ရန် အသင့်ဖြစ်နေတာ သိသာလှသည်။ ထိုသို့ဖြင့် ရွှေရောင်ဆံပင်နှင့်လူ၊ ဆံပင်နီနှင့် မိန်းကလေး၊ မုတ်ဆိတ်ရှိသော အခြားသူတစ်ယောက်တို့သည် တက်ဖို့လုပ်လိုက်ကြသည်။ သို့သော် ကတုံးပြောင်နှင့် လူကို ကြည့်ပြီး ရွှေရောင်ဆံပင်နှင့်လူသည် တစ်မျိုး ဖြစ်သွားသည်။ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
ရုတ်တရတ် ထိုသူသည် သူ့နဖူးသူရိုက်လိုက်သည်။ သူသည် ဘာမှားနေလည်း သိသွားသည်။ ကျည်ဆန်သည် ကောင်းဖန်ကို ထိသွားသော်လည်း သွေးလုံး၀ ထွက်နေခြင်း မရှိပေ။
ထိုကဲ့သို့ နီးကပ်သော အကွာအဝေးတွင်ဆိုလျှင် သူ့နဖူးပေါ်တွင် အပေါက်ကြီးပင် ဖြစ်သွားရမည်ပင်။
သွေးမထွက်ဘူးတဲ့လား..
သူသည် သွေးပျက်သွားသည်။ ထို့နောက် စင်ရော်ငှက်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်သည်။ “သွားရအောင်”
“ဒါပေမယ့် ဂိုပန်း ပြန်မရောက်သေးဘူးလေ” မုတ်ဆိတ်နှင့် လူက ပြောလိုက်သည်။
“အဲဒီအရူးကောင်ကို မစောင့်တော့ဘူး” ရွှေရောင်ဆံပင်နှင့် လူက ပြောလိုက်သည်။
ထိုအချိန်တွင် ကတုံးပြောင်နှင့် လူသည် ကောင်းဖန်၏ အင်္ကျီအိတ်ထဲမှ အမြုတေကျောက်များကို အလောတကြီး ထုတ်နေသည်။ သို့သော် သူ့လက်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်သောအခါ အလွန်ထိတ်လန့်သွားသည်။
သူ၏ မျက်နှာသည် သွေးမရှိသလို ဖြစ်သွားသည်။ ကောင်းဖန်သည် မျက်လုံးများ ပွင့်ကာ သူ့ကိုစိုက်ကြည့်နေလေသည်။
ဒီကောင်ဘာကောင်လဲဟ..
သူသည် ကျောရိုးထဲစိမ့်ကာ ကြက်သီးတဖြန်းဖြန်းထသွားသည်။ မင်းငါ့ဆီက ဘာလို့ချင်လို့လဲ.. ငါမင်းကို သတ်တာ မဟုတ်ဘူးနော်..
“လူတွေကို အဲဒီလို လျှောက်လျှောက်မကိုင်နဲ့လေ.. ယဉ်ကျေးမှုမရှိရာကျတယ်.. သိရဲ့လား” ကောင်းဖန်က ဒေါသအခိုးအငွေ့များ ထွက်နေသည့် မျက်လုံးဖြင့် အေးစက်စွာပြောလိုက်သည်။
ထိုလူဘာမှမပြောနိုင်ခင်မှာပင် ကောင်းဖန်သည် ထိုလူ၏ ပုခုံးရိုးကို ချိုးပစ်လိုက်သည်။
သွေးပျက်ဖွယ်အော်သံကြီးသည် ညကောင်းကင်ထိ ပဲ့တင်ထပ်သွားသည်။
စင်ရော်ငှက်ကြီးပေါ်မှ လူများကတော့ မြေပြင်မှ မြင်ကွင်းများ သေးသထက် သေးသွားကာ မမြင်ရလောက်တော့သည့် အချိန်ကျမှ သက်ပြင်းများ ချလိုက်ကြသည်။
ကောင်းဖန်တစ်ယောက် အကာအကွယ်ယူနိုင်စရာအကြောင်းသည် မဖြစ်နိုင်ပါချေ။ အချိန်သည် အလွန်ပင်နည်းလွန်းသည်။ သို့သော် ကောင်းဖန် အသက်ရှင်နေသည်။
လွန်စွာနီးကပ်သော အကွာအဝေးမှ ရိုင်ဖယ်တစ်လက်သည်ပင် ကောင်းဖန်ကို မရှင်းပစ်နိုင်ရာ အခြားသော သာမာန်လက်နက်များကတော့ အသုံး၀င်နိုင်စရာ အကြောင်း မရှိပါချေ။ အထူးပြုလုပ်ထားသော ကျည်ဆန်အမျိုးအစားမျိူးမှသာ ဖြစ်နိုင်လောက်သည်။
“သွားရအောင်.. သူ့ကို ဟွာရှားဒေသတစ်ဝိုက်မှာတော့ သတ်လို့ရမယ် မထင်ဘူး” ဆံပင်နီနှင့် မိန်းကလေးက ပြောလိုက်သည်။
ရုတ်တရတ် စင်ရော်ငှက်ကြီးသည် အလွန်ထိတ်လန့်သွားပုံဖြင့် ရုတ်တရတ် ရပ်တန့်သွားသည်။
သူ၏ ရှေ့ကိုက်တစ်ရာခန့်အကွာတွင် သစ်သားဒေါင်းအရိုးစုကြီးသည် ရုတ်တရတ် ထွက်ပေါ်လာသည်။ သူသည် သူ၏ အရိုးစု တောင်ပံကြီးကို ခတ်ကာ အလွတ်ပေးမည့်ပုံ မပေါ်ပေ။ သူ၏ မျက်လုံးထဲမှ ဝိဉာဉ်မီးတောက်သည် တောက်ပစွာ လောင်ကျွမ်းနေသည်။
ဆံပင်နီနှင့် မိန်းကလေးသည် သစ်သားဒေါင်းကြီးကို စိုက်ကြည့်လိုက်ကာ မြင်ဖူးသလို ဖြစ်နေသည်။
“ဒီတိုင်း အရိုးစုကြီးပဲဟာ ၀င်တိုက်ပစ်လိုက်” ရွှေရောင်ဆံပင်နှင့်လူသည် တည်ငြိမ်သော အသွင်ရှိနေသည်။ သူသည် ထိုသို့ကြုံရခြင်းမှာ ပထမဆုံး မဟုတ်တော့ချေ။ ထိုအရာများသည် ကြောက်စရာပုံစံ ရှိနေသော်လည်း သူတို့၏ ကိုယ်များသည် ကြွပ်ဆတ်ကာ အားပျော့လေ့ရှိကြသည်။ သူတို့အသက်ရှင်စဉ်က စွမ်းအင်များလောက်ကိုသာ အနည်းအကျဉ်း အသုံးချနိုင်ကြတာ ဖြစ်သည်။
သစ်သားဒေါင်းကြီးအောက်ဘက်တွင် အဖြူရောင်ကွင်းကြီး တစ်ခုပေါ်လာသည်။
ထို့နောက် သစ်သားဒေါင်းကြီးသည် ကျောက်သင်ပုန်းပေါ် လက်သည်းဖြင့် ခြစ်လိုက်သော အသံမျိုးကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အရိုးများသည် အချင်းချင်း ရိုက်ခတ်နေကြပြီး ဓားသွားများလို ချွန်ထက်နေသည်။
စင်ရော်ငှက်ကြီးသည် သစ်သားဒေါင်းကြီးဆီမှ အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသောအခါ တိုက်ခိုက်ရန်အသင့်ပြင်နေရာမှ ရပ်တန့်သွားသည်။ ထို့နောက် တုံ့ဆိုင်းမနေပဲ ချက်ချင်းပင် လှည့်ထွက် ပျံပြေးလိုက်သည်။
ထိုအခိုက် သစ်သားဒေါင်းကြီးသည် သူတို့အားလုံးကို လွှမ်းခြုံလိုက်ပြီး အမှောင်ထုကြီး ဖြစ်သွားသည်။
ထို့နောက် သစ်သားဒေါင်းကြီး၏ လက်သည်းများသည် စင်ရော်ငှက်ကြီး၏ တောင်ပံကို အပိုင်းပိုင်း ပြတ်အောင် ကုတ်ပစ်လိုက်သည်။ ထိုအခါ တောင်ပံတစ်ခု ပြုတ်ထွက်သွားပြီး သွေးများ ဖြာထွက်လာသည်။
စင်ရော်ငှက်ပေါ်မှ လူသုံးယောက်သည် အရှိန်ပြင်းစွာ ပြုတ်ကျလာကြသည်။ သူတို့သည် မြေကြီးနှင့် နီးလာလေလေ သွေးပျက်လာကြလေ ဖြစ်နေသည်။
သူတို့၏ နှလုံးသားများသည် ရင်ဘတ်မှ ပေါက်ထွက်တော့မလို ဖြစ်နေကြသည်။ သူတို့သည် မြေကြီးနှင့် ထိလုထိခင်မှာပင် ရုတ်တရတ် ဆွဲမခြင်းကို ခံလိုက်ရသည်။
သစ်သားဒေါင်းကြီးသည် သူတို့ကို ဆွဲမလိုက်ပြီးနောက် တောင်ပိုင်းကောင်းကင်၏ ဂိတ်နားတွင် မညင်သာစွာ ပစ်ချလိုက်သည်။
ကောင်းဖန်သည် ဆိုဖာပေါ်တွင် လှဲနေသည်။ သူသည် လက်ကိုင်ပုဝါတစ်ထည်ဖြင့် သူ၏ လက်ကို သုတ်နေသည်။ သူ၏ လက်ချောင်းများကြားကိုတော့ အထူးဂရုစိုက်ကာ သုတ်နေသည်။
“မဆိုးပါဘူး နည်းနည်းတော့ စပ်တယ်ဟ” ကောင်းဖန်သည် သူ၏ နားထင်ကို ထောက်ပြလိုက်သည်။ “လက်တည့်သားပဲ နားထင်ကို တည့်တည့်ရောက်တယ်။
ရွှေရောင်ဆံပင်နှင့်လူသည် ကောင်းဖန်၏ နားထင်ကို စိုက်ကြည့်နေပြီး သေနတ်ရာကို ရှာနေသည်။ ထိုနားတွင် ဒဏ်ရာလေး အနည်းငယ်သာ ရှိနေလေသည်။ “မင်းမှာ နတ်ဘုရားအဆင့်သားရဲ တစ်ကောင်မက ရှိနေသားပဲ” ဆံပင်ရွှေရောင်နှင့်လူက မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။ သူတို့သိထားသော အချက်အလက်ထဲတွင် သစ်သားဒေါင်း မပါနေပါပေ။
“သခင်လေးကောင်း” ကျန့်ထျဲဟွမ်က သူ့ဘေးသို့ အလောတကြီး ရောက်လာသည်။ တိုက်ပွဲဌာနခေါင်းဆောင်အနေဖြင့် သူ၏ကြီးကြပ်မှုအောက်တွင် ထိုကဲ့သို့ ဖြစ်သွားရခြင်းသည် သူ့ကိုရော သူ့အဖွဲ့ကိုပါ စော်ကားရာကျလေသည်။
“သူတို့ကို တစ်ချက်စစ်ဆေးထားလိုက်ပါ.. ခင်ဗျားတို့ကြိုက်တဲ့နည်းလမ်းသုံးလို့ရတယ်.. သူတို့ ဘယ်ကလာတယ်.. ဘယ်သူက ကျွန်တော့်ကို သတ်ခိုင်းတယ်ဆိုတာ မေးထားလိုက်ပါ” ကောင်းဖန်က ပြောလိုက်သည်။
“ကျုပ်တာ၀န်ထားပါ သခင်လေးကောင်း.. သူတို့အချိန်တိုအတွင်း ၀န်ခံလာအောင် လုပ်ပေးပါမယ်”
***
သားရဲလေ့ကျင့်သူ
အခန်း ၃၄၀ ကောင်းဖန်၏အသိအမှတ်ပြုလက်မှတ်
တိုက်ခိုက်သူတွေကို နှိမ်နင်းပြီးနောက်တွင်တော့ ကောင်းဖန် သူ့ခြံဂိတ်ဝရှေ့က ဆိုဖာကို မ လိုက်သည်။ တိုက်ဖို့ချောင်းနေတဲ့ တခြားကောင်တွေ ထပ်ရှိနေဦးမလား သူကြည့်လိုက်သည်။ ဒါက ပြင်းထန်တဲ့ အားကစားနည်းတွေထက်ပင် ပို၍ စိတ်လှုပ်ရှားစရာကောင်းသေးသည်။ နားထင်ကို ရိုင်ဖယ်နဲ့ တည့်တည့်ချိန်ပစ်ရတာကို ဘယ်ဟာကမှ မမီချေ။
အခု စဥ်းစားကြည့်လိုက်တော့ ကျည်ဆံမိုးရွာတာကလည်း စိတ်ဝင်စားစရာကောင်းလောက်သည်။ သူ မထိုင်လိုက်ခင် သူ့ကိုယ်သူရော ဖလိန်မီ၊ ဂိုဒီ၊ တာ့ဇီနဲ့ ဒန်ဘီတို့ပေါ်တွင် အမှတ်အသားများ ချိတ်ဆွဲလိုက်သည်။ တာ့ဇီ၏လည်ပင်းတွင် ချိတ်ဆွဲထားသော သစ်သားပြားအမှတ်အသားပေါ်တွင် “၃၅၀၀” ဟုရေးထားသည်။ ဖလိန်မီ့လည်ပင်းကဟာကတော့ “၂၈၀၀” ဟုရေးထားပြီး ဂိုဒီ့လည်ပင်းကဟာတွင်တော့ “၂၀၀၀” ဟုရေးထားသည်။။
တာ့ဇီက ကြမ်းပေါ်တွင်လှဲနေ၍ဖြစ်မည်၊ အမှတ်အသားက သူ့ခေါင်းပေါ်တွင် ခေါင်းဆောင်းလိုဖြစ်နေသည်။ ခဏတွင်းချင်းမှာပင် တာ့ဇီက ဂိုဒီ့ဆီခုန်သွားပြီး သူ့အမှတ်အသားကို စူးစမ်းလိုက်သည်။ သူ့ရဲ့ သင်္ချာစွမ်းရည်က မူလတန်းအဆင့်လောက်သာ ရှိသည်မို့ လွယ်လွယ်ကူကူ ပေါင်းခြင်းလောက်ကိုသာ လုပ်တတ်သည်။
တာ့ဇီခေါင်းထဲတွင် တွေးလိုက်သည် “၃+၅ က ၈.. ဂိုဒီက ၂ပဲရှိတယ်”
“သနားစရာ ဂိုဒီလေး.. ၂ ပဲရှိတယ်… ကြည့်ရတာတော့ ငါက ကောင်းဖန်ရဲ့အချစ်ဆုံးလေးဖြစ်နေတုန်းပဲထင်တယ်” စိတ်ကျေနပ်သွားတဲ့ တာ့ဇီက ဖလိန်မီရဲ့ အမှတ်အသားကို သွားကြည့်လိုက်ပြီး ချက်ချင်း ဖြူဖျော့သွားသည်။
၂…၈…
တာ့ဇီက မကြာခင်ကမှ သူတတ်ထားတဲ့ အရည်အချင်းလေးနဲ့ သင်္ချာတွက်လိုက်သည်။ ၂ အပေါင်း ၈ဆိုတော့ ၁၀…တာ့ဇီ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။ ဖလိန်မီက အံ့အားသင့်နေသော တာ့ဇီကို ခေါင်းငုံကြည့် လိုက်သည်။ ဖလိန်မီခေါင်းခါလိုက်ပြီး အဝေးသို့ ပျံသွားသည်။
“တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက ရှေ့ရောက်နေပြီ… ပုလဲတာဝါကို တွေ့တယ်မလား… အဲ့ဒါ တောင်ပိုင်း ကောင်းကင်ရဲ့ မြို့ထဲနေရာသစ်က အထိမ်းအမှတ်အဆောက်အဦးအသစ်ပဲ” တစ်စုံတစ်ယောက်က တာဝါရှိရာဖက်ကို မသဲမကွဲလက်ညှိုးညွှန်ပြရင်းပြောလိုက်သည်။
“အကို ကောင်းဖန်ကို တကယ်စိန်ခေါ်မှာလား”
“ဒါပေါ့… သူက ဟွာရှားမှာအတော်ဆုံးပဲ…ငါ သူတိုက်ခိုက်တာကို ကိုယ်တိုင် အရင်က မြင်ခဲ့ဖူးတယ်… သူတို့ပြောကြသလိုပဲ သူက တကယ်တော်ပါတယ် ဒါပေမယ့် ငါ့မှာအခု သူ့ရဲ့ ဖုတ်ကောင်အမျိူးအစား သားရဲတွေနဲ့ ယှဥ်နိုင်တဲ့ မြင့်မြတ်တဲ့ နတ်ဘုရားအဆင့်သားရဲ ရှိနေပြီလေ… ငါသာ သူ့ကိုနိုင်လိုက်ရင် ငါ နာမည်ကြီးသွားမှာ” ဆံပင်အညိုရောင်ကောင်လေးက ဆောင့်ကြွားကြွားနိုင်သော အပြုံးနဲ့ပြောလိုက်သည်။
သူတို့ ဂိတ်ပေါက်နဲ့နီးလာသောအခါ ကောင်းကင်က အနည်းငယ်မှောင်နေပြီဖြစ်သည်။ အထဲတွင် ကောင်းဖန်ရှိနေလား သေချာမတွေ့ရ၊ သူတို့က အစောင့်ဖြစ်မည်ဟု ထင်လိုက်ကြသည်။ “ဟဲလို ကျွန်တော်တို့က တာ့ရင်ခရိုင်ကပါ… ဟွာရှားရဲ့အသန်မာဆုံး လေ့ကျင့်သူ ကောင်းဖန်ကို စိန်ခေါ်ဖို့ ရောက်လာတာပါ”
သူပြောလိုက်ပြီးတော့ လေထုထဲတွင် ထူးဆန်းနေသော တင်းမာမှုကို ခံစားလိုက်ရသည်။ “ရတာပေါ့” ကောင်းဖန်က တက်ဘလက်ကို ချလိုက်ပြီး “ရိုင်ဖယ်ယူလာလား” ကောင်လေးကို တချက်မြန်မြန် အကဲခတ်လိုက်ပြီး သူ့အတွက် အန္တရာယ်မဟုတ်လောက်ဟု ကောက်ချက်ချလိုက်ပြီးနောက် ကောင်းဖန်၏ မျက်နှာမှာ ပိုနူးညံ့သွားသည်။ “မင်းက ငါ့ကို စိန်ခေါ်ချင်တာလား ကောင်လေး တစ်ခုခုစားရင်း ဆွေးနွေးရအောင်”
ဆံပင်အညိုနဲ့ကောင်လေးက သူ ကောင်းဖန်ကို တကယ်ကြီးစကားပြောနေရတယ်ဆိုတာ သေချာအောင် သူ့ကိုယ်သူတောင် ဆွဲဆိတ်ကြည့်လိုက်ရသည်။ သူ ကောင်းဖန်နောက်သို့လိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့သည်။ မိနစ် ၃၀ကြာပြီးနောက် ဆံပင်အညိုနဲ့ကောင်လေး အခန်းထဲက ယောင်တောင်တောင်ဖြင့်ထွက်လာသည်။ စကားတစ်ခွန်းမှမပြောပဲ အသိအမှတ်ပြုလက်မှတ်ဟု ထင်ရသောအရာတစ်ခုကို ကိုင်ထားပြီး သူ့ညီနဲ့အတူ တောင်ပိုင်းကောင်းကင်ကနေ ပြန်ထွက်သွားခဲ့သည်။
“အကို ဘယ်သူနိုင်သွားလဲ… ဒါကရော ဘာလဲ” ညီငယ်လေးက အသိအမှတ်ပြုလက်မှတ်ကို သူ့ဆီက ယူလိုက်သည်။ အသိအမှတ်ပြုလက်မှတ်က အနီရောင်တောက်တောက်ဖြစ်ပြီး ရွှေရောင်စာလုံးတွေနဲ့ “ပြီးမြောက်အောင်မြင်ခြင်း အသိအမှတ်ပြုလက်မှတ်” ဟု ရေးထားသည်။ အောက်တွင် အင်္ဂလိပ်စာကြောင်း အနည်းငယ်ပါဝင်သည်။
ဒီကောင်လေးတွေက တရုတ်ယဥ်ကျေးမှုနဲ့ သိပ်အကျွမ်းတဝင်မရှိချေ။ ထို့ကြောင့် အံ့သြသွားကြသည်။ သူတို့ဆီတွင် အသိအမှတ်ပြုလက်မှတ်များဟူသည် စာရွက်တရွက်သာဖြစ်သည်။ ဒါကတော့ အုတ်ခဲဆိုဒ်လောက် ရှိသည်။ အသိအမှတ်ပြုလက်မှတ်ကို ဟိုလှန်ဒီလှန်ကြည့်နေရင်း ဘယ်ဖက်တွင် စာမျက်နှာတစ်ဝက်လောက်ရှိသော ဒန်ဘီ့ပုံနဲ့ ညာဖက်တွင်အင်္ဂလိပ်လိုရေးထားသော စာပိုဒ်အတို ကို တွေ့လိုက်သည်။
ပြိုင်ပွဲဝင် အဘီဂေး..
ပြည်နယ်စုအသစ် ၄နှစ်မြောက် မတ်လ ၁၀ရက်နေ့တွင် သင်သည် အရိုးစုအာဏာရှင်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။ ဒီ အသိအမှတ်ပြုလက်မှတ်က သင့်ရဲ့ပြီးမြောက်အောင်မြင်ခြင်းကို ဂုဏ်ပြုပေးရန်ဖြစ်သည်။
ဆုပေးသူ : ကောင်းဖန်
အောက်ခြေတွင် ကောင်းဖန်၏လက်မှတ်ထိုးထားသည်။ ဘေးတွင်က ကျူအာကုဒ်တစ်ခုရှိသည်။ “အကို” အဘီဂေး၏ ညီလေးမျက်နှာက စိတ်ပျက်သလိုဖြစ်သွားသည်။ “ဒါကြီးက…”
“ဒါကို ဘယ်သူကယုံမှာလဲ…ဒီအသုံးမကျတဲ့ အသိအမှတ်ပြုလက်မှတ်ကြီးပဲရှိတာ ဘာသက်သေမှ မရှိပဲနဲ့” အဘီဂေး၏ညီမှာ ငိုရမလား၊ရီရမလား မသိဖြစ်သွားသည်။ သူ့အကိုကို ဒီထက်တော့ပိုဥာဏ်ကောင်းမယ် ထင်ခဲ့တာ။
“ကျူအာကုဒ်ကိုရော မြင်ပြီးပြီလား”
“မြင်တယ်”
“စကန်ဖတ်ကြည့်လိုက်”
လုပ်ကြည့်လိုက်စောအခါ သူ့အကိုရဲ့သားရဲဖြစ်သောယူနီကွန်းနဲ့ ကောင်းဖန်ရဲ့ အရိုးစုအာဏာရှင်တို့ တိုက်ခိုက်နေသော ဗီဒီယိုဆီရောက်သွားသည်။ သားရဲ ၂ကောင်လုံးကို ဒဏ်ရာအတော်ရသွားစေသော တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် တဖြည်းဖြည်းနဲ့ယူနီကွန်းက နိုင်သွားသည်။
သူ ဝေခွဲမရစိုက်ကြည့်နေရင်း ပါးစပ်အဟောင်းသားဖြစ်နေသည်။ ဒါကအဆင်ပြေတယ်လို့ထင်ရပေမယ့် တစ်ခုခုတော့ လွဲနေသလိုပဲ။ “ကောင်းဖန်က ငါတွေ့ဖူးသမျှထဲမျှမှာ အသန်မာဆုံး လေ့ကျင့်သူပဲ… အရိုးစုအာဏာရှင်အပြင် သူ့မှာ နတ်ဘုရားအဆင့်သားရဲ ၆ကောင်ရှိသေးတယ်… သူကပြောတယ် ငါလာချင်တဲ့အချိန်မရွေး သူ့ကို စိန်လာခေါ်လို့ရတယ်တဲ့… ငါအဲ့လိုလုပ်မယ်… သူ့ဆီက အသိအမှတ်ပြုလက်မှတ် ၇ခုလုံးရအောင်ယူမယ်”
ဆံပင်ရွှေရောင်နဲ့ကောင်လေး ပါးစပ်အဟောင်းသားဖြစ်နေသည်။
“ဒါနဲ့ ကလော မင်းမှာ အကြွေရှိသေးလား ငါ့ကိုနည်းနည်းချေးပါလား” အဘီဂေးက သူ့ညီ ပုခုံးကို တို့ရင်းပြောလိုက်သည်။
“သခင်လေးကောင်း အဲ့ဒီလူတွေက ရွှေလက်များကလို့ သိရပါတယ်” ကျန်းတိုင်က သတင်းပို့လာသည်။
ရွှေဖြူရဲ့လက်..
သူတို့က မိတ်ဟောင်းဆွေဟောင်းတွေပဲလေ။ အခွင့်ကြုံတုန်း သူတို့ကို ဂရုစိုက်ပေးသင့်တယ်။ သူက အားလုံးကို ဒီတိုင်းထားလိုက်ပြီး မေ့လိုက်ချင်ပေမယ့် သူ့ရန်သူတွေကတော့ အဲ့လိုဟုတ်ကြဟန်မတူချေ။ “သိပြီ… အဲ့ဒီလူတွေကို ဒီမှာပဲတာဝန်ယူဖြေရှင်းလိုက်… ဘာသဲလွန်စမှမကျန်အောင် ဂရုစိုက်… ပြီးသွားရင် မင်း လူနည်းနည်းခေါ်ပြီး မက်မွန်ပင်လယ်အော်ကို လိုက်ခဲ့”
မက်မွန်ပင်လယ်အော်တွင် သူတို့ ဗုံးခိုကျင်းတွေ၊ ခံတပ်တွေ၊ အကာအကွယ်တွေ စတာတွေကို ပြင်ဆင်နေရာချရဦးမည်။ “ရေထဲက သတ္တဝါတွေ ကမ်းခြေပေါ်တတ်လာရင် သူတို့က ဒီနေရာနဲ့အနီးဆုံးဖြစ်မှာ… ဒီနေရာက အရမ်းနိမ့်ပေမယ့် သူတို့ကုန်းပေါ်တတ်လာဖို့ အရမ်းလွယ်လိမ့်မယ်… ဒီနေရာက ထိုးဖောက်လို့မရတဲ့ ကျောက်စွယ်တွေနဲ့ ပတ်ပတ်လည်ဝန်းရံနေတယ်…ဒါကပဲ ငါတို့ရဲ့ အကောင်းဆုံး ခုခံမှုဖြစ်နေတဲ့အတွက် တခြားဘာမှထပ်ဆောက်ဖို့ မလိုတော့ဘူး”
ဆောက်လုပ်ရေးတွေ လုပ်နေရာကို ကြည့်ရင်းနဲ့ပဲ တခြား လေ့ကျင့်သူများက သူတို့၏သားရဲများကို မြေပြင်အနေအထားနဲ့ ရင်းနှီးအောင် လေ့ကျင့်ပေးနေကြသည်။ ဒါက ယန့်ချန်း၏စစ်ပွဲဖြစ်သည်။ လူနဲ့ သားရဲတို့ကြားက စစ်ပွဲတစ်ခု။ စစ်ဖြစ်တော့မယ်ဆိုတော့ သင့်တော်တဲ့ နေရာရွေးချယ်ခြင်းက အရေးကြီးဆုံးဖြစ်သည်။
ရေသတ္တဝါများကို ပင်လယ်တွင်တိုက်ခိုက်ခြင်းက ရူးမိုက်ခြင်းဖြစ်သည်။ သူတို့ကို မြေပေါ်တွင် တိုက်ခိုက်ခြင်း ကတော့ လုံးဝမတူတော့ပေ။ “မေးစရာရှိတာက သူတို့က လှည့်စားတာကို ခံပါ့မလား…ငါတို့ကို တကယ်ပဲ မြေပေါ်မှာတိုက်ပါ့မလား” အနက်ရောင်ဂျက်ကတ်ဝတ်ထားတဲ့လူက ကျယ်လောင်စွာပြောသည်။
ထိုလူ့အနောက်တွင်တော့ ဧရာမကြက်သွေးရောင် ဓားရှည်သွားကျားကြီး ရပ်နေသည်။ သူ့အမြီးနဲ့ နားရွက်တွေက ကြက်သွေးရောင် မီးတောက်တွေကဲ့သို့ဖြစ်သည်။ နဖူးပေါ်တွင် အနက်ရောင် အမှတ်များနဲ့ ဖြတ်သွားသူတိုင်းကို ကြောက်လန့်စေမည့် ပုံစံဖြစ်သည်။ အငြင်းအခုန်ဖြစ်လာမည်ကို သူက လျှာသပ်ရင်း စောင့်စားနေသည်။