← Chapters

အခန်း (၃၄၅-၃၄၈)

Vol. 22 Ch. 345-348

အခန်း (၃၄၅-၃၄၈)

Vol. 22 Ch. 345-348

အခန်း ၃၄၅ အရိုးစုဘုရင်

ယန်းခုသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်ပြီး သူသည် ချက်ချင်းဆုံးဖြတ်လိုက်သည်။ “အားလုံးပဲ တပ်ဆုတ်ကြ.. ကမ်းခြေကနေ ခွာမယ်.. ပေ ၁၆၀၀ အကွာလောက်မှာ ပြန်တပ်စွဲမယ်”

အမှန်တွင်တော့ သန္တာကျောက်တန်းသားရဲကြ ပေါ်လာကတည်းက အတော်များများသည် တိတ်တဆိတ် တပ်ဆုတ်ပြီးထားကြပြီး ဖြစ်သည်။

ထို့ကြောင့် အမိန့်ရလိုက်သောအခါ ချက်ချင်းပင် လှည့်ပြေးလိုက်ကြသည်။

သန္တာကျောက်တန်းဘုရင်ကတော့ လုံး၀ပုန်းကွယ်မနေပဲ နေရောင်အောက်တွင် တောက်ပနေသည်။

သူ၏ ဘေးတွင် ရှိနေသော သားရဲများသည် စိတ်လှုပ်ရှားနေကြပြီး ရေထဲမှ ခုန်ထွက်လိုက် ပြန်၀င်လိုက်လုပ်နေကြရာ အသံများသည် ဆူညံပွက်လောရိုက်နေသည်။

ဂိုဒီသည် အားလုံးက ဆုတ်ခွာကုန်ကြပြီး သူ့ကို မစောင့်ကြသည်ကို တွေ့သောအခါ အလွန်ထိတ်လန့်သွားသည်။

သူသည် ငါးရှဉ့်ကြီးကိုလည်း ဆွဲနေရင်း လွှတ်ကလည မလွှတ်ချင်ကာ အတင်းပင် တရွတ်တိုက်ဆွဲနေသည်။

ကောင်းဖန်က ထိုငါးရှဉ့်ကို ခေါ်လာနိုင်လျှင် ခရက်ဒစ် ၅၀၀ ပေးမည်ဟု ပြောထားသည် မဟုတ်ပါလား။

၅၀၀ တောင်ဖြစ်နေသည်.. သူ့အတွက် တစ်လမုန့်ဖိုးသည် ၃၇၅ ခရက်ဒစ်သာ ရှိရာ တစ်လစာ မုန့်ဖိုးထက်တောင် များနေသည်ပင်။

ဂိုဒီသည် သွေးပျက်နေသည်။ သူခေါင်းမော့ကြည့်လိုက်သောအခါ ဖလိန်မီ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။ “ဟေး ကြိုးကြာ၀တုတ်.. ၀တုတ်ကြိုးကြာ.. လာလေ.. ငါမင်းကို စိန်ခေါ်တယ်ကွ”

“ကတုံးကောင်စုတ်” ဖလိန်မီသည် ဒေါသထွက်သွားကာ ပါးစပ်ကို ဟလိုက်ပြီး ဂိုဒီထံသို့ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ လောင်လိုက်စမ်း ဘဲကတုံးကို.. မင်းကို ဘဲကောင်လုံးကင် လုပ်ပစ်မယ်..

မီးမြှိုက်ခံလိုက်ရသောအခါ ဂိုဒီသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ၏ လည်ချောင်းထဲမှ ကျေနပ်သွားသော အသံကြီးထွက်ပေါ်လာသည်။

မီးလောင်ဒဏ်ရာများသည် ပို၍ပင် များပြားလာနေသည်။ သို့သော် ၈ စက္ကန့်လောက် အကြာတွင် မီးတောက်များငြိမ်းသွားပြီး ဂိုဒီ၏ အရွယ်အစားကလည်း ၈ ဆပိုကြီးသွားသည်။ သူ၏ အရှည်၊ အကျယ်၊ အမြင့် အားလုံး ၂ ဆခန့်ဖြစ်သွားသည်။ သူသည် အခုတော့ ၂၃ ပေ ရှိသော ဘဲကြီး ဖြစ်နေပြီပင်။

သူသည် သားရဲကို ပြန်ဆွဲလိုက်သောအခါ ပိုမိုလွယ်ကူသွားသည်။ ဂိုဒီသည် နည်းနည်းလေးမှပင် ပုံမပျက်နေပဲ ပင်ပန်းမှုပင် မရှိတော့ချေ။ သူသည် တစ်ချက်တည်းနှင့်ပင် ကိုက်တစ်ရာခန့် ဆွဲပစ်လိုက်သည်။

ယန်းခုသည် ဂိုဒီကို ပြန်ကြည့်လိုက်သည်။

“ဟင်”

သူသည် မျက်လုံးများကို ပွတ်လိုက်သည်။ “ဒီဘဲက..” ဒီဘဲက အရင်က ဒီလောက် မကြီးပါဘူး.. ဒါဆို ဒီကောင်က သူ့ဆန္ဒအတိုင်း ကြီးတာသေးတာတွေ လုပ်နိုင်တာလား..

ယန်းခုသည် ဂိုဒီကို တစ်ချက်သာ ကြည့်ပြီး တွေးလိုက်သည်။ သူသည် ထိုအသေးအဖွဲ့ကိစ္စလောက်ကို ဂရုမစိုက်အားပါချေ။

ရေမျက်နှာပြင်တွင် များပြားလှစွာသော ရေယက်များသည် ကမ်းခြေဆီသို့ မရဏရေငုပ်သင်္ဘောကြီးလို တဟုန်ထိုး‌ လာနေကြသည်။

“သူတို့က ငါးမန်းတွေတော့ မဟုတ်ဘူးမလား” တစ်ယောက်ယောက်က ပြောလိုက်သည်။

“နည်းနည်းတော့ ဆင်တူတယ်.. ဒါပေမယ့် ရေယက်က ရွှေရောင်တွေနော်.. ငါးမန်းကတော့ အဲဒီအရောင် မဟုတ်ပါဘူး”

“ဒါဆို ဘာငါးတွေလဲ”

“အားလုံးပဲ သတိထားကြပါ.. ဒီကောင်တွေက ငါးမန်းတွေ မဟုတ်ဘူး.. သူတို့က ရွှေရောင်အာဖရိက နွယ်၀င် ငါးတွေ.. သူတို့က ငါးမန်းတွေ မဟုတ်ပေမယ့် သူတို့လောက်နီးပါး အန္တရာယ်ရှိတာတော့ အမှန်ပဲ” ယန်ခုသည် စိတ်လှုပ်ရှားနေသည်။ သူသည် ထိုသားရဲများအကြောင်းကို တစ်ချိန်က မတော်တဆ ဖတ်ခဲ့မိဖူးသည်။

[သားရဲအမည်] - ရွှေရောင်အာဖရိကမျိုးနွယ်ငါး

[သားရဲအဆင့်] - ၁၁-၂၀ (လက်ရွေးဆင်အဆင့်)

[သားရဲစွမ်းရည်] - ပုံမှန် (အလွန်ကောင်း) (ပြီးပြည့်စုံ)

[သားရဲစွမ်းအင်] - ငါးမန်းတောင် အဆင့် ၁

[သားရဲအမျိုးအစား] - သတ္တု

[သားရဲပျော့ကွက်] - ၁။ ပါးဟက် ၂ ဖက်ရှိ

[သားရဲဖော်ပြချက်] - အာဖရိကမျိုးနွယ်ငါးများမှ အဆင့်မြှင့်ထားခြင်း ဖြစ်ပြီး သန္တာကျောက်တန်းများနားတွင် နေထိုင်ကျက်စားလေ့ရှိကာ ရေညှိများကို စားသုံးသည်။ သူတို့သည် သန္တာကျောက်တန်း ဘုရင်ဆီမှ ကပ်ညိနေသော ရေညှိများကို စားသုံးသောကြောင့် သန္တာကျောက်တန်း ဘုရင်ထံတွင် ခစားလျက်ရှိကြသည်။

“တပ်မြန်မြန်ဆုတ်ကြ.. ဒီနေရာက မြန်မြန်ထွက်မယ်” တစ်ယောက်ယောက်က အနောက်မှနေ၍ အော်ဟစ်နေသည်။

အချို့သူများသည် ရေတိမ်ပိုင်းမှ ဆုတ်ခွာနိုင်ခဲ့သော်လည်း အချို့ကတော့ အချိန်မီမဆုတ်ခွာနိုင်ကြပေ။ ကြီးမားသော ရေလှိုင်းများသည် ‌ကမ်းစပ်ပေါ်သို့ များစွာသော သားရဲအလောင်းကောင်များကို ချန်ထားခဲ့ကြသည်။ အလျင်လိုနေကြသောကြောင့် လူများသည် ထိုအလောင်းများကို မဖယ်အားကြသော်လည်း အချို့ကမူ ကံကောင်းစေရန် အလို့ငှာ အဆောင်အဖြစ် ယူနေကြသည်။

ရွှေရောင်အာဖရိကအနွယ်၀င် ငါးများကတော့ ထိုနေရာသို့ ရောက်လာကြပြီ ဖြစ်သည်။ သူတို့၏ ချွန်ထက်သော ဆူးတောင်များသည် ရေများကို ဖြိုခွဲနေသည်။

အလောင်းများကို ကောက်နေသော သားရဲလေ့ကျင့်သူများသည် သူတို့နောက်မှ အော်သံကို ကြားသောအခါ လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် ချက်ချင်းထကာ ပြန်ပြေးကြသော်လည်း သူတို့၏ အရှိန်ကတော့ အသွင်ပြောင်း ရေသားရဲများနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

အချို့ကတော့ ရေတိမ်ပိုင်းတွင် ရောက်နေကြသော်လည်း အနောက်ဘက်နှင့် နီးကြသည်။ ထို့ကြောင့် သူတို့သည် လျင်မြန်စွာ ပြေးနိုင်လျှင်တော့ လွတ်နိုင်ကြမည် ဖြစ်သည်။

သို့သော် အချို့ကတော့ ရေထဲအတော်ဝေးဝေး ရောက်နေကြသောကြောင့် သူတို့နောက်မှ ဆူးတောင်များကို တွေ့လိုက်ရသောအခါ သွေးပျက်ကြောက်ရွံ့ကုန်ကြသည်။ “ကယ်ကြပါဦး တာ့ဟယ်ရေ”

ရေသားရဲအလောင်းကောင် အချို့ကို သယ်နေသော ဂျာမန်သိုးထိန်းခွေးကြီးသည် တစ်ချက်ဟောင်လိုက်ပြီး သူ၏ ကိုယ်ကို ခါယမ်းလိုက်သည်။ ထိုအခါ သားရဲများသည် ပင်လယ်ထဲ ပြန်ကျသွားကြသည်။ သူသည် သူ၏ သခင်ထံသို့ ပြေးသွားလိုက်သည်။

သူသည် ခြေကန်အားယူလိုက်ပြီး ပေ ၃၀ ခန့် ခုန်လိုက်သည်။

သူ့သခင်နှင့် ၁၀ ပေခန့်အကွာတွင် ရှိနေသော ရွှေရောင်ငါးကြီးသည် ခွေးခြေထောက်ကြီးနှင့်ထိကာ ရေထဲတွင် လည်ထွက်သွားသည်။

တော်သေးသည်က သူတို့နားတွင် ထိုတစ်ကောင်တည်းသာ ရှိနေသေးခြင်း ဖြစ်သည်။။ သူတို့နောက်တွင်တော့ နေရာပေါင်းစုံမှလာနေသော ရွှေရောင်ငါးများသည် ၇ ကောင် ၈ ကောင်ခန့် ရှိနေကြသည်။

သားရဲလေ့ကျင့်သူသည် အလွန်ထိတ်လန့်သွားပြီး သိုးထိန်းခွေးကြီး၏ ကျောပေါ်ကို တက်ကာ လည်ပင်းကို ကျူံးဖက်လိုက်သည်။ “တာ့ဟယ်ရေ သွားရအောင်”

ခွေးကြီးသည် သူ့နောက်သို့ ကူးခတ်လာနေသော ငါးကြီးများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထို့နောက် ရှေ့ကို တစ်လှမ်းတိုးလိုက်သောအခါ တစ်ချက်ယိုင်သွားပြီး ညာခြေထောက်သည် အလွန်နာကျင်သွားသည်။

ထိုနာကျင်မှုသည် ဒဏ်ရာဆီမှနေ၍ ဦးနှောက်ထဲထိ ရောက်လာသလိုပင်။ ခွေးကြီးသည် ငါးတစ်ကောင်ကို နောက်ခြေဖြင့်ကန်လိုက်သော်လည်း ငါးကြီး၏ ချွန်ထက်သော အတောင်များက သံမဏိဓားထက်ပင် ချွန်ထက်လေရာ ကြီးမားသော ပြတ်ရာကြီး ဖြစ်သွားလေသည်။

သူသည် ဘေးဘီကို ကျီးကန်းတောင်းမှောက်ကြည့်နေသည်။ သူသည် သွားကြီးများကို တဖြည်းဖြည်း ဖြဲပြကာ တိုးညှင်းစွာ မာန်ဖီနေသည်။ တစ်ချိန်တည်းမှာပင် နောက်သို့ အနည်းငယ် ပြန်ဆုတ်နေသည်။ သူ၏ ခြေထောက်သည် ပင်လယ်ရေနှင့် ထိသောအခါ အလွန်နာကျင်သွားပြန်သည်။

ရွှေရောင်ငါးများကတော့ သူတို့ဘေးတွင် စက်ဝိုင်းပုံလှည့်ကာ ကူးခတ်နေကြပြီး အလျင်စလို တိုက်ခိုက်မည့်ဟန် မပေါ်ချေ။

“မြန်မြန်သွားရအောင်.. သူတို့က သူတို့အဖော်တွေကို စောင့်နေကြတာ” ခွေးကြီးပေါ်မှ လေ့ကျင့်သူသည် စိတ်ပူပန်စွာ ပြောလိုက်သည်။

ခွေးကြီးသည် ချက်ချင်းပင် ကမ်းခြေဆီသို့ ပြေးလိုက်သည်။ သို့သော် သူ၏ ဒဏ်ရာရနေသော ခြေထောက်က ပြေးလေ နာလေ ဖြစ်နေသည်။ ခွေးကြီး ထွက်ပြေးဖို့ ကြိုးစားနေသည်ကို တွေ့လိုက်ကသော ငါးများသည် အနောက်မှ ချက်ချင်းပင် လိုက်နေကြသည်။

ခွေးကြီးသည် အဆက်မပြတ် ဟောင်နေရင်း ထွက်ပြေးနေသည်။ သူ၏ သံမဏိလို မာကျောသော အသားစိုင်များကို ဖြတ်တောက်ခံထားရသည် မဟုတ်ပါလား။ ရွှေရောင်ငါးကြီးများသည် ရေထဲမှ ထွက်စရာပင် မလိုပဲ သူ၏ ၀မ်းဗိုက်ကို အလွယ်တကူ ဖြတ်တောက်နိုင်စွမ်းလည်း ရှိကြမည်ပင်။

ရေထဲမှ ငါးများသည် ပို၍ပင် လျင်မြန်စွာ ကူးခတ်နေကြသည်။

ခွေးကြီးနားတစ်ဝိုက်ရှိ ရေများကတော့ သွေးရောင်လွှမ်းနေသည်။

“ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ကြပါဦး.. မဟုတ်ဘူး တာ့ဟယ်ကိုပဲ ကယ်ပေးပါ.. ကျုပ်ကသေလို့ရပေမယ့် တာ့ဟယ်ကတော့ မဖြစ်ဘူး” ခွေးကြီးပေါ်မှ လူသည် ကမ်းခြေဘက်မှ သူများဆီသို့ အော်ပြောလိုက်သည်။

လူအချို့ကတော့ ခံစားချက်မဲ့စွာပင် အေးစက်စွာ ကြည့်နေကြသည်။ သူတို့သည် သေဆုံးခြင်းများကို အသားကျနေကြပြီပင်။ လောဘ၏ အကျိုးဆက်သည်လည်း ကြောက်စရာကောင်းလှသည်။

အချို့ကတော့ သူကယ်နိုး ငါကယ်နိုးနှင့် ချီတုချတုံ ဖြစ်နေကြသည်။

ခွေးကြီးသည် ‌ရုတ်တရတ်ခေါင်းကို စိုက်ချလိုက်ကာ ငါးကြီးတစ်ကောင်ကို ကိုက်လိုက်သောကြောင့် သူ၏ နှုတ်ခမ်းတွင် သွေးများပြည့်သွားသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ချွန်ထက်သော ဆူးတောင်နှင့် ရှမိကာ အထဲမှ ပန်းရောင်အသားစိုင်များကိုပင် မြင်နေရသည်။

သူ့ပါးစပ်တွင်းမှ ငါးကြီးကလည်း အကိုက်ခံထားရသည်။ သူသည် ခွေးကြီးပါးစပ်ထဲတွင် လူးလွန့်နေသည်။

ကောင်းဖန်သည် ခွေးကြီးပေါ်မှ လူကို ကြည့်လိုက်သည်။ ထိုသူသည် အပြစ်မကင်းစိတ် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကောင်းဖန်သည် ဖလိန်မီ၏ ခြေထောက်ကို ပုတ်လိုက်သည်။ “ဖလိန်မီ အစာသွားရှာချေ”

ဖလိန်မီသည် ချက်ချင်းပင် မီးတောက်အသွင်ပြောင်းလိုက်ကာ ပျံထွက်သွားသည်။ တောက်လောင်နေသော မီးများသည် အမြီးတန်းသဖွယ်လိုက်သွားကာ ချက်ချင်းပင် ရေနားဆီရောက်သွားသည်။ ဖလိန်မီသည် ရေထဲကို ထိုးဆင်းလိုက်ကာ ခွေးကြီးပါးစပ်တွင်းမှ ငါးကို ထိုးသုတ်လိုက်သည်။

ခွေးကြီး၏ အသားစိုင်ကိုပင် ဖြတ်တောက်နိုင်သော ငါးကြီးသည် ဖလိန်မီ၏ နှုတ်သီးသို့ ရောက်သွားသောအခါ ဂျွတ်ခနဲ အသံမြည်သွားပြီး အားအင်ချည့်နဲ့သွားသည်။

ခဏတွင်းချင်းပင် ငါးကြီ၏ မျက်လုံးများသည် ပြုတ်တူနှင့် အညှပ်ခံထားရသလို ထွက်ကျတော့မလို ဖြစ်နေသည်။ ထို့နောက် သူသည် ဖလိန်မီ၏ လည်ချောင်းမှတစ်ဆင့် ၀မ်းဗိုက်ထဲသို့ အစားခံလိုက်ရသည်။

ဖလိန်မီသည် မကျေမနပ် ဖြစ်သွားသည်။ အရသာသည် သိပ်မကောင်းပေ။ အနည်းငယ် ခြောက်ပြီး ငန်နေသည်။

သို့သော် တစ်ခါတစ်ရံအရသာအပြောင်းအလဲ ဖြစ်ကြည့်တာလည်း မဆိုးဟုတွေးလိုက်ရင်း ဖလိန်မီသည် ကောင်းကင်မှနေ၍ တဟုန်ထိုးစိုက်ဆင်းလိုက်သည်။ ထို့နောက် ရေထဲရှိ ရွှေရောင်ငါးကြီးများကို တစ်ကောင်ပြီးတစ်ကောင် ဝါးမြိုလိုက်သည်။

“ဖလိန်မီ.. မြန်မြန်လုပ်.. ဟိုငါးလိပ်ကျောက်ကြီး လာနေပြီ” ကောင်းဖန်သည် မနီးမဝေးမှ အရိပ်မည်းကြီးကို တွေ့လိုက်သောအခါ ဖလိန်မီကို သတိပေးလိုက်သည်။

ဖလိန်မီကြားလိုက်သောအခါ သူ၏ အမြီးသည် မြောက်တက်သွားကာ အမွှေးများပင် ဖွာသွားသည်။ “အနှေးနဲ့ အမြန်ပဲ.. အနှေးနဲ့ အမြန်ပဲ” သူသည် ထိုစကားလုံးများကို ထပ်ခါ ထပ်ခါ ရွတ်လိုက်ပြီးနောက် ခွေးကြီး၏ အနောက်ဘက်နား ရေပြင်ထဲသို့ ကြီးမားသော မီး‌တောက်ကြီးကို ပစ်သွင်းလိုက်သည်။ ရေများသည် ချက်ချင်း ဆူပွက်သွားပြီး ရွှေရောင်ငါးများသည် ချက်ချင်း ဆုတ်ခွာသွားကြသည်။

ဖလိန်မီ၏ ကူညီပေးမှုဖြင့် နောက်ဆုံးတွင် ခွေးကြီးနှင့် သူ့သခင်တို့သည် ကမ်းခြေသို့ ရောက်သွားကြသည်။ သူ၏ ရှပ်အင်္ကျီသည် ရွှဲနစ်နေပြီး ဆံပင်များသည်လည်း ဖွာစုတ်နေသည်။

ခွေးကြီး၏ ကာကွယ်ပေးမှုကြောင့်သာ ထိုသူသည် အခြားသော ဒဏ်ရာများမရပဲ ထိတ်လန့်မှုသာ ဖြစ်လိုက်သည်။ သို့သော် ၁၃ ပေရှည်သော သိုးထိန်းခွေးကြီးကတော့ လဲကျသွားကာ သဲထဲနစ်၀င်သွားသည်။ များစွာသော သွေးများသည် သူ၏ ၀မ်းဗိုက်ပိုင်းနှင့် ခြေလက်များဆီမှ စီးကျနေကြသည်။

လူမျသည် သူတို့နားတွင် စုဝေးလာကြပြီး အချို့က သက်ပြင်းချကြသည်။ “မင်းက တော်တော် သတိမမူတာပဲ.. မင်းကို ကယ်ပြီး ဆိုးဆိုးဝါးဝါးဒဏ်ရာတွေ ရသွားတဲ့ မင်းရဲ့ သားရဲကိုလည်း ကြည့်ပါဦး”

“အဲဒီအချိန်တုန်းက အရာရှိယန်းက တပ်ဆုတ်ဖို့ ပြောတာကို မင်းက မဆုတ်ခဲ့ဘူး.. အခုတော့ မင်းရဲ့ လောဘအတွက် မင်းရဲ့ ကိုယ်ပိုင်သားရဲက ပေးဆပ်နေရပြီ”

ကိုယ်ပိုင်သားရဲများကို ချစ်ခင်သော အချို့သူများက သူ့ကို ဝိုင်းဝေဖန်နေကြသည်။

ထိုသူသည် ဒူးထောက်ထိုင်ချလိုက်ကာ ခွေးကြီးပေါ်မှ ဒဏ်ရာများကို လက်ဖြင့်ဖိကာ၍ အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သို့သော် ဒဏ်ရာများနှင့် ယှဉ်လျှင် သူ၏ လက်သည် သေးငယ်နေသောကြောင့် သွေးများသည် အဆက်မပြတ် ထွက်နေကြသည်။

ဘေးတွင် အခြားသော ရပ်ကြည့်နေသူများရှိသော်လည်း သူတို့နှင့် မဆိုင်သောကြောင့် တစ်ချက်လာကြည့်ပြီး ထွက်သွားလိုက်ကြသည်။

မည်သို့ပင် ဖြစ်စေ.. သူ့ကို နှစ်သိမ့်နေသူများလည်း ရှိပေသည်။ “မင်း မသေသွားတာ ကံကောင်းတာပေါ့.. စစ်တပ်မှာ ကိုယ်ပိုင်သားရဲတွေကို ကုသပေးတဲ့ နေရာရှိပါတယ်.. အဲဒီကိုသွားလိုက်ပေါ့”

ခွေးကြီးသည် လျှာကိုထုတ်လိုက်ကာ သူ့သခင်ကို လျက်လိုက်သည်။ သူ၏ မျက်လုံးများသည် တည်ငြိမ်နေကာ သခင်အပေါ် ယုံကြည်မှီခိုမှု အပြည့်အ၀ရှိနေသည်။

ကျားယွတ်ကျီသည် ဒူးထောက်ထိုင်ချနေကာ မျက်ရည်များ ဖြိုင်ဖြိုင်ကျနေသည်။

သူသည် သူ့ကိုယ်သူ အပြစ်တင်စိတ် အပြစ်မကင်းစိတ်များ ဖြစ်နေသည်။ သူသည် တာ့ဟယ်သတ်ထားသော ပင်လယ်သားရဲများကို ‌ပြန်လည်ရောင်းစားပြီး တာ့ဟယ်အတွက် အဆင့်မြှင့်နိုင်မည့် ပစ္စည်းများကို ၀ယ်ချင်၍သာ ထိုသို့ လုပ်ခဲ့ခြင်း ဖြစ်သည်။ အခုတော့..

“ဘေးဖယ်နေလိုက်ပါ.. မင်းရဲ့သားရဲကို မသေစေချင်ဘူးဆိုရင်ပေါ့” ကောင်းဖန်က သူ့ပုခုကို ပုတ်လိုက်သည်။ ခွေးကြီး၏ အချက်အလက်ကို ကြည့်လိုက်သောအခါတွင် “အလွန်အမင်း ဒဏ်ရာရ” ဆိုရာမှ “သေစေနိုင်သော ဒဏ်ရာရ” ဆိုပြီးပင် ထိုးကျသွားသည်။

ကျားယွတ်ကျီသည် ကောင်းဖန်နောက်တွင် ရပ်နေသော ဖလိန်မီကို တွေ့လိုက်သောအခါ သူ့ကို ကယ်ခဲ့သည့် သားရဲ ဖြစ်မှန်း သတိရသွားသည်။ သူသည် ငိုနေသည့်ကြားမှ ပြုံးလိုက်ကာ “ခုနက ကယ်ပေးခဲ့လို့ ကျေးဇူး--"

“ထားလိုက်ပါ” ကောင်းဖန်သည် ‌သူ့ကို ဆွဲမကာ ဘေးသို့ တွန်းဖယ်လိုက်သည်။ သူသာ အချိန်ဆက်ဆွဲနေလျှင် သားရဲ သေတော့မည် ဖြစ်သည်။

သူ၏ သခင်ကို ဆွဲဖယ်သည်ကို မြင်လိုက်ရသော ခွေးကြီးသည် အတင်းကုန်းရုန်းထကာ ကောင်းဖန်ကို ဟောင်ဖို့ ကြိုးစားနေသည်။

ကောင်းဖန်က သူ့ကို ပြန်ဖိထားလိုက်သည်။ “ပိုင်ရှင်ကတော့ သိမသိ မသိပေမယ့် ဒီကိုယ်ပိုင်သားရဲကတော့ တော်တော်လေး သစ္စာရှိတာပဲ.. ဆစ်လီရေ.. မင်းရဲ့ အစွမ်းကို သုံးပြီး သူ့ကို ကယ်ပေးပါ”

စက္ကန့်အနည်းငယ် ကြာသွားသည်အထိ ဘာတုံ့ပြန်ချက်မှ ပြန်မလာသောကြောင့် ကောင်းဖန်က ထပ်ခေါ်လိုက်သည်။ “ဆစ်လီ ဆစ်လီ”

“ဟင် ဟမ် ဘာလဲ” ဆစ်လီသည် ထိုအခါကျမှ အိပ်မောကျနေရာမှ နိုးလာသည်။ သူသည် ကောင်းဖန်၏ ပုခုံးပေါ်မှ အမြန်ခုန်ဆင်းလိုက်ကာ ဘာလုပ်ရမှန်း မသိပုံဖြင့် ကောင်းဖန်နားတွင် ပတ်နေသည်။

“မင်းရဲ့ ကုသအစွမ်းကို သုံးပြီး ဒီခွေးကို ကယ်ပေးပါ”

ဆစ်လီသည် ငြိမ်သက်နေဆဲ ဖြစ်သည်။

ကုသအစွမ်း.. ငါ့မှာ အဲလို အစွမ်းရှိတာလား..

ဆစ်လီကို ကြည့်ပြီး ကောင်းဖန်သည် သွေးများပင် ဆောင့်တက်ချင်လာသည်။ “ မသုံးတာကြာတော့ မင်းမှာ အဲဒီအစွမ်းရှိတာ မေ့သွားတာလား”

မင်းအခုအနည်းဆုံး အဆင့် ၃၅ ရှိနေပြီ.. သစ်သားအမျိုးအစားက မင်းနဲ့မတူဘူးဆိုပေမယ့် လက်ရွေးစင်အဆင့် သားရဲ လောက်ကိုတော့ အေးဆေးကုပေးနိုင်မှာပဲ.. ကောင်းဖန်သည် ဒီလောက်ရူးမိုက် ညံ့ဖျင်းတဲ့ ဂျယ်လီငါးကို အလွန်ပင် စိတ်ပျက်‌နေသည်။

ကံကောင်းတာက ငါ့မှာ တခြားအကြံရှိနေသေးတာပဲ..

ကောင်းဖန်သည် ဒန်ဘီကို ခေါင်းငုံ့ခိုင်းလိုက်ကာ သူ့ခေါင်းပေါ်မှ ဒုဓလီပန်း၏ ပွင့်ဖတ်အနည်းငယ်ကို ခူးလိုက်သည်။

သူသည် အနည်းငယ် ချေမွှလိုက်ပြီး ခွေးကြီး၏ ဒဏ်ရာပေါ် တင်ပေးလိုက်သည်။ ထိုပွင့်ဖတ်များသည် အနာနှင့် ထိလိုက်သည်နှင့် အရည်ပျော်သွားသည်။ ထို့နောက် အဖြူရောင် အလင်းတန်းလေးပေါ်လာကာ သွေးထွက်တာ ရပ်သွားသည်။ သို့သော် ဒဏ်ရာသည် အပြည့်အ၀တော့ မကျက်သွားသေးပေ။

ပန်းပင်လေးသည် အဆင့် ၇ သာရှိသေးသောကြောင့် သူ၏ စွမ်းရည်မှာ မပြည့်မှီနေသေးခြင်း ဖြစ်သည်။

ဆစ်လီသည် နောက်ဆုံးတွင်တော့ သူ၏ စွမ်းရည်ကို အသုံးချပုံကို မှတ်မိသွားသည်။

သူသညါ အသံတစ်ခု ပြုလိုက်ပြီးနောက် ဦးမျှင် ၁၀ ခုကျော်ခန့်သည် ဒဏ်ရာထဲသို့ နစ်၀င်သွားသည်။ ထို့နောက် ဦးမှင်များသည် သေးငယ်သော မီးသီးလေးလို လင်းသွားကာ ထွင်းဖောက်မြင်ရသော ကြည်လင်သည့် အစိမ်းရောင် အလင်းတန်းလေး ဖြစ်လာသည်။

ဒဏ်ရာသည် တဖြည်းဖြည်း သက်သာလာပြီး ခွေးကြီးသည် အသက်ရှူနှုန်းသည်လည်း ပုံမှန်ဖြစ်လာသည်။

“ကျေးဇူးပါ.. ကျေးဇူးတင်ပါတယ်” ကျားယွတ်ကျီသည် ဒူးထောက်ကယ ကောင်းဖန်ကို အရိုအသေပြုနေသည်။

ကောင်းဖန်သည် တစ်ချက်သမ်းဝေပြီး ဖြည်းဖြည်းချင်း လှည့်ထွက်သွားလိုက်သည်။ “ခင်ဗျားရဲ့ ကိုယ်ပိုင်သားရဲက အရမ်းသစ္စာရှိလို့ ကယ်ပေးခဲ့တာ.. အထင်မလွဲနဲ့”

ဆစ်လီက ကောင်းဖန်ပုခုံးပေါ် ပြန်တက်သွားကာ ဂုဏ်မောက်နေသည်ာ “ကောင်းဖန် ငါက အတော်ဆုံးပဲနော်.. ငါက အရမ်းဉာဏ်ကောင်းတယ်မလား”

“ဟုတ်တာပေါ့ ဟုတ်တာပေါ့.. ဆစ်လီက အတော်ဆုံးပဲ”

…

“ဒီမှာဒဏ်ရာ ရထားတဲ့သူ ရှိတယ်ဆိုလို့ပါ.. သူဘယ်မှာလဲ” ယန့်ချန်းစစ်တပ်မှ အရာရှိတစ်ဦးက စစ်သားအချို့၊ သားရဲ အချို့နှင့် ရောက်လာသည်။

“အရိုးစုဘုရင်ရဲ့ ကိုယ်ပိုင်သားရဲက ကုပေးလိုက်ပါပြီ” တစ်စုံတစ်ယောက်က အဝေးတစ်နေရာတွင် သူ၏ ကိုယ်ပိုင်သားရဲများနှင့် ဆော့နေသော ကောင်းဖန်ကို ညွှန်ပြလိုက်သည်။

အရာရှိင ကောင်းဖန်က်ု ကြည့်လိုက်သည်။ “ဒါဆို အရိုးစုဘုရင်က ဒီနားမှာ ရှိနေတာပေါ့”

တကယ်တော့ ကောင်းဖန်သည် သူနှင့်အတူ အရိုးစုဖုတ်ကောင် ဒန်ဘီ၊ သစ်သားဒေါင်းအရိုးစု၊ ကင်းခြေများဘုရင် အရိုးစု၊ မိုးကြိုးမျောက်အရိုးစု စသည်ဖြင့် သူ၏ ကိုယ်ပိုင်သားရဲ တစ်‌၀က်လောက်သည် အရိုးစုများ ဖြစ်နေခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း သူ့ကို အရိုးစုဘုရင်ဟု နာမည်ပြောင်မှည့်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ဘာမှသာ ဆက်မဖြစ်တော့ဘူးဆိုပါက ကောင်းဖန်၏ အရိုးစုဘုရင်ဟူသော နာမည်ပြောင်သည် ကမ္ဘာအရပ်ရပ်မှ သားရဲလေ့ကျင့်သူများကြားတွင် ပျံ့နှံ့သွားတော့မည်ပင် ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၄၆ ဉာဏ်များသောဘဲ

“ငါးက ဒီလောက်ဈေးမပေါသင့်ဘူးထင်တယ်” ငါးရှဉ့်ဘုရင်၏ခေါင်းပေါ်တွင် ထိုင်နေသော ဂိုဒီကပြောလိုက်သည်။ “ခရက်ဒစ် ၅၀၀ တောင် မင်းအတွက် မလုံလောက်သေးဘူးလား တာ့ဇီနဲ့တခြားသူတွေက တစ်လကို ၁၀ စီပဲရကြတယ်… ငါက သူတို့အတွက် လပေါင်း ၅၀ စာ လစာကို မင်းကို ကမ်းလှမ်းနေတာနော် ငါကို ဒေဝါလီခံအောင် မင်းလုပ်မလို့လား” ကောင်းဖန်က အော်သံတဝက်ဖြင့် ပြောလိုက်သည်။

တာ့ဇီက ဘာမှမပြောဘဲ သူ့ရဲ့ ၅၀တန် အမဲသားခြောက်ကို ချောင်တွင်ကပ်ပြီး ဖက်ထားသည်။ သူအမဲသားခြောက် တစ်ဖတ်ကို လျက်လိုက်သည်။ ဂိုဒီက မျက်မှောင်ကျုံ့ပြီး လေးလေးနက်နက် စဥ်းစားနေဟန်ဖြင့် ခေါင်းကိုတဖက်စောင်းထားသည်။ “ပိုရနိုင်ဦးမယ်လို့ထင်နေတယ်” ဂိုဒီက ပြောသည်။ “မင်းကအမြဲ ပါးပါးနပ်နပ်နဲ့ လှည့်စားတတ်တဲ့လူသားပဲလေ ကောင်းဖန်”

“မဟုတ်ပါဘူး ငါက အသိပညာကြွယ်တာ” ကောင်းဖန်က ပြန်ပြောသည်။

“ငါးတစ်ကောင်ကို ၅၀၀ ပေးမယ်ပေါ့” ဘဲကပြောသည်။

“ဟုတ်တယ် ၅၀၀”

“ဒါဆို ငါအခု ဒီမှာ ငါး ၃ကောင်ရှိတယ်… မင်း ငါ့ကို ၁၅၀၀ ပေးရမယ်” ဂိုဒီကပြောသည်။ အောက်ကနေ ငါး၂ကောင်ကို ဆွဲထုတ်ပြီး မြေပေါ်ပစ်ချလိုက်ရင်း သူ့မျက်လုံးများတွင် ကောက်ကျစ်ဟန်လဲ့လဲ့ပြေးနေသည်။ ငါးအသေ၂ကောင်က မျက်လုံးများကျွတ်ထွက်တော့မည့်ပုံစံဖြင့် အသက်မဲ့စွာ ကောင်းဖန်ကို စိုက်ကြည့်နေသည်။

ငါ တစ်ကောင်ကို ၅၀၀၊ ငါး ၃ကောင်ရှိတာဆိုတော့ ၁၅၀၀..

ဂိုဒီက ကောင်းဖန်ကို စိတ်ကြီးဝင်နေပုံနဲ့ ကြည့်လိုက်သည်။ စောစောထဲက ဒီလို မတွေးမိတာကို ပင်နောင်တရနေမိသည်။ အရင်ထဲက ငါးပိုဖမ်းခဲ့ရင် သူဌေးကောင်းဆီက ပိုက်ဆံပိုရခဲ့မည်ဖြစ်သည်။

ကောင်းဖန်ရေ မင်းဥာဏ်များပေမယ့် ငါ့လို ဘဲလေးတစ်ကောင်ဆီမှာ ခံလိုက်ရပြီ…. ငါဘာလို့ဒီလောက်တောင် ပါးနပ်ရတာလဲ.. မဟုတ်ဘူး အသိပညာကြွယ်တဲ့ ဘဲလေးဖြစ်နေရတာလဲ..

ဂိုဒီက ရင်ကိုကော့ပြီး သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေသည်။ ကောင်းဖန်က မြေကြီးပေါ်က ငါး ၂ကောင်ကိုကြည့်ပြီး ဂိုဒီကို ကြည့်လိုက်သည်။ ဂိုဒီဘယ်လောက်ပဲ ထိန်းချုပ်ထားထား သူ့ပါးစပ်ထောင့်က အပေါ်သို့ကော့တတ်လာပြီး ပြုံစိစိဖြစ်နေသည်ကိုတော့ ထိန်းမရဖြစ်နေသည်။ ။ မျက်လုံးထဲက စိတ်လှုပ်ရှားမှုကိုပင် မဖုံးကွယ်ထားနိုင်ပေ။ သူ့ရဲ့ အမြီးတိုလေးကိုလည်း ခွေးလိုပဲ စိတ်လှုပ်ရှားစွာ တဖြတ်ဖြတ်ယမ်းနေသည်။

ဘဲ၏စိတ်လှုပ်ရှားစွာ အော်မြည်သံက ခပ်ဝေးဝေးထိကို ပဲ့တင်ထပ်သွားသည်။ နောက်ဆုံးတော့ အုပ်ချုပ်သူကြီးကောင်းဆီက ပိုက်ဆံခွာထုတ်နိုင်ခဲ့ပြီပဲ။ ကောင်းဖန်က သူ့ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး ဂိုဒီ့ကို ၁၅၀၀ ပေးလိုက်သည်။ ထို့နောက် တာ့ဇီကို ပြောလိုက်သည် “ဒီမှာ နေပြီး ငါးရှဉ့်ဘုရင်ကို စောင့်ကြည့်ထား… ဘယ်သူမှ၊ ဘယ်ဟာမှ ဒါကို သေးသေးတဖဲ့လေးတောင် မထိစေနဲ့”

တာ့ဇီက နာခံစွာ ခေါင်းညိမ့်လိုက်သည်။

ကောင်းဖန်က ငါး ၂ကောင်ကို အမြီးကနေ ကောက်ကိုင်လိုက်ပြီး မလှမ်းမကမ်းတွင် ရှိနေကြသော လေ့ကျင့်သူများဆီ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ “ လတ်လတ်ဆတ်ဆတ်ဖမ်းမိလာတဲ့ လက်ရွေးစင်အဆင့် ငါးနဲ့ သားရဲ အမြုတေကျောက်တချို့ ရလာတယ်… လတ်ဆတ်နေတုန်း အမြန်ယူကြနော်”

လေ့ကျင့်သူတချို့ ရှေ့တိုးလာပြီး ကောင်းဖန်၏ငါးကို ဝယ်ဖို့လာကြည့်ကြသည်။ လက်ရွေးစင်အဆင့် သားရဲအသေကောင် တစ်ကောင်က ခရက်ဒစ် ၁၀ လောက်တန်သည်။ ခရက်ဒစ်တစ်ခုက ဒေါ်လာ၁သောင်းနဲ့ ညီမျှသည့် တန်ကြေးရှိသည်။

အဝေးတွင် ပျော်ရွင်စွာကနေသော ဂိုဒီကို ကြည့်ရင်း တုံးလိုက်တဲ့ ဘဲဟု ကောင်းဖန်တွေးလိုက်သည်။ သူရလိုက်သော ခရစ်ဒစ် ၁၉၈၅၀၀ လုံးကို ဂိုဒီရဲ့ရန်ပုံငွေဟု အမည်ပေးထားသော သူ့နောက်အကောင့်တစ်ခုထဲသို့ လွှဲလိုက်သည်။ ထိုအကောင့်ထဲတွင် လောလောဆယ် ဒေါ်လာ ၃,၂၁၅,၄၅၆ ရှိနေပြီဖြစ်သည်။

မက်မွန်ပင်လယ်အော်ဧရိယာအနားတဝိုက်က ခံတပ်က ၃ မိုင် ၄မိုင်ခန့် ပိုတိုးသွားသည်။

“ဆရာ ကမ်းခြေရဲ့ ခံတပ်ဧရိယာကို ခင်ဗျားရဲ့လက်ထဲထားခဲ့ပါပြီ… လာမယ့်တိုက်ပွဲမှာ ကျွန်တော်တို့ ဝင်မပါတော့ပါဘူး… ပင်လယ်ထဲမှာပဲ သားရဲတွေကို ထိန်းထားဖို့ကို အာရုံစိုက်ရင်း တဖက်တလမ်းကနေ အားဖြည့်ပေးပါ့မယ်” မျက်ခုံးမွေးထူထူနဲ့လူကပြောသည်။

သူက ခြေထောက်များကို စေ့လိုက်ပြီး ကောင်းဖန်ကို အလေးပြုလိုက်သည်။ “သက်သာ… ကျုပ် ဒီမှာရှိနေသ၍ ခံတပ်က ယိုင်သွားမှာ မဟုတ်ပါဘူး… ဒါတော့ ကတိပေးတယ်” ကောင်းဖန်ဝမ်းမြောက်စွာ ပြောလိုက်သည်။ “အခု ပြန်သွားပြီး ခင်ဗျားအထက်လူကြီးကို ကျုပ်ပြောတာ ပြန်ပြောပြလိုက်”

“နားလည်ပါပြီ”

သားရဲကောင်များနဲ့ ရေသားရဲများ၏ ဟိန်းဟောက်သံများကို အဝေးကနေ ကြားနေရသည်။ “ကောင်းဖန်.. တိုက်ပွဲက စနေပြီ” ဖလိန်မီက သွေးစာချုပ်ကနေတဆင့်ပြောလာသည်။ သူက လောလောဆယ် လေပေါ်မြင့်မြင့်တွင် ပျံဝဲနေေသည်။ “ငါးတွေရော ပုဇွန်အကြီးတွေရော အများကြီးပဲ… အဲဒါတွေက အပြာရောင်ဆူးတောင် တူနာတွေများလား” ဖလိန်မီက စိတ်လှုပ်ရှားစွာပြောနေသည်။

ဖလိန်မီက အဲဒီကိုသွားပြီး ရှူပ်ယှက်ခတ်နေချိန်တွင် စားစရာတစ်ကောင်လောက် ခိုးရန် ပြင်ချိန် ကောင်ဖန်အသံကို ခေါင်းထဲတွင်ကြားလိုက်ရသည်။

“မင်းနေရာကနေ မရွေ့နဲ့… ဒါတွေပြီးသွားရင် မင်းကို နတ်ဘုရားအဆင့်အသား ကျွေးမယ်”

သူက ကမ်းခြေရဲ့ ဒီအပိုင်းကို ကာကွယ်ပေးမယ်လို့ ကတိပေးထားလိုက်ပြီဖြစ်သည်။ သူ့တာဝန်ကို စွန့်ပစ်၍မရချေ။ သူကပေးပြီးသားကတိကို တည်အောင်လုပ်ဖို့ အလေးထားရမည်။

ကောင်းဖန် ဆစ်လီ၏အိတ်ဆောင်လေဟာနယ်ခန်းထဲသို့ မွှေနှောက်ကြည့်ပြီး ကွာစေ့တစ်ထုတ်နဲ့ ထိုင်ခုံတစ်လုံးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ကွာစေ့ကိုခွာပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ဂိုဒီက ကွာစေ့ခွာပြီး ပါးစပ်ထဲပစ်ထည့်လိုက်တိုင်း ကောင်းဖန်၏မိမိုက်ပုံကို ကြည့်ပြီး အထင်တကြီးဖြစ်နေသည်။

ကွာစေ့စားတဲ့ပုံက မိုက်လိုက်တာ။ ငါ့လို မိမိုက်တဲ့ ဘဲတစ်ကောင်အနေနဲ့လည်း ဒါကို သေချာလေ့ကျင့်ထားဖို့လိုတယ်။

သေချာစဥ်းစားပြီးသည့်နောက် ဂိုဒီက ကောင်းဖန်ပေးထားသော ပိုက်ဆံတွေထဲက ပိုက်ဆံတစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး သူ့ရှေ့က သဲပေါ်တွင်သွားချလိုက်သည်။

“ကွာစေ့နည်းနည်းလောက် ဝယ်ချင်လို့”

ကောင်းဖန်က “ဒီကွာစေ့တွေက မင်းအတောင်ပံတွေထဲရောက်ရင် နှမ်းစေ့ကို ကြိတ်လိုက်သလိုဖြစ်သွားလိမ့်မယ် ဝယ်ချင်ရင် သားရဲနေကြာစေ့သွားဝယ်ပြီး ခြံနောက်မှာ စိုက်ထားလိုက်”ဟု ပြောလိုက်သည်။ ဂိုဒီ ခေါင်းငုံ့ပြီး စိတ်ပျက်နေပုံပေါက်သွားသည်။

ပင်လယ်သားရဲများက ရပ်တန့်မည့်ပုံမပေါ်ပဲ ပင်လယ်ထဲမှ ထွက်ပေါ်လာကြသည်။ သူတို့အများစုက ကုန်းနေ၊ရေနေ သဘာဝဖြစ်ကြဟန်တူသည်။ တခါတလေ ရေငန်ငါးများ ကမ်းခြေပေါ်သို့ ခုန်တတ်လာသည်ကို တွေ့ရသည်။ သူတို့ ပါးစပ်များက ဟစိဟစိဖြစ်နေပြီး သွားများက အနားကပ်လာသမျှကို ကိုက်မည့်ပုံ ပေါ်နေသည်။

ဖလိန်မီက လေထဲတွင် ပျံသန်းနေပြီး ရေသားရဲများကို အပေါ်ကနေ မီးတောက်များ ကျဲချတိုက်ခိုက်နေသည်။ မီးက ရေနဲ့တွေ့သည့်အခါ အားနည်းသွားသော်လည်း ဒီရေသတ္တဝါများက အရှင်လတ်လတ် အကင်ခံပြီးသည့်အခါ အရသာရှိသော စားစရာများဖြစ်လာသည်။

ရုတ်တရတ် ပင်လယ်က လှိုင်းထန်လာသည်။ ခဏတွင်းချင်းပင် လှိုင်းလုံးကြီးထွက်လာပြီး မိုးကြိုးပစ်သကဲသို့ အသံကျယ်ကြီးကြားလိုက်ရသည်။ ပင်လယ်အောက်က ဧရာမသတ္တဝါကြီး ရုတ်တရတ် ဒေါသထွက်လာသည့်နှယ် ဖြစ်သည်။

မီးတောက်များ ငြိမ်းသတ်သွားကြသည်။ လှိုင်းလုံးကြီး ကမ်းခြေဖက်သို့ကျလာသည့်အခါ မြေကြီးက ပြင်းထန်စွာ တုန်ခါသွားသည်။ ပင်လယ်ရေက မြေကြီးထဲစိမ့်ဝင်သွားပြီး မြေကို နူးညံ့ပြီး ပွသွားစေသည်။ ရေသားရဲများ ပင်လယ်ထဲမှ မဆုံးနိုင်အောင် ချီတတ်လာကြီး ကမ်းခြေပေါ်တွင်လှုပ်နေသည့် အရာမှန်သမျှကို သွား၊ အစွယ်များနဲ့ ကိုက်ဖို့ပြင်နေသည်။

ခံတပ်ရှေ့တန်းမှလေ့ကျင့်သူများက အဆုံးမရှိသော သားရဲများ၏တိုက်ခိုက်မှုကြောင့် စိတ်ဓာတ်ပျက်ပြားတော့မည့် အခြေအနေဖြစ်နေသည်။ ဒီသားရဲတွေက လေ့ကျင့်သူများ၏ သားရဲများနဲ့ တစ်ကောင်ချင်းယှဥ်တိုက်ရင် မနိုင်လောက်ပေမယ့် အစုလိုက်ဆိုရင်တော့ အန္တရာယ်များသည်။

“နောက်ဆုတ်” ကောင်းဖန်က တည်ငြိမ်စွာ အော်လိုက်သည်။

ရုတ်တရတ် ကောင်းဖန်ဆီသို့ နောက်ကနေ တစ်စုံတစ်ခု ရောက်လာနေသည်။ ဂိုဒီလည်း အဲ့ဒါကို အရိပ်အယောင်တောင် မမြင်လိုက်ချေ။

ရွှေရောင်အခွံဂဏန်းက ရုတ်တရတ်ရပ်သွားပြီး ခန္ဓာကိုယ်က အပိုင်းပိုင်းပေါက်ကွဲသွားသည်။

ရေစက်ရေပေါက်များ မြေပြင်ကနေလေထဲသို့ တက်သွားပြီး အနီးတဝိုက်တွင် ရှိနေသာ သားရဲများဆီ ကျည်ဆံကဲ့သို့ ထိမှန်သွားကြသည်။

“အကြီးစား ပြန်လည်ထိန်းသိမ်းခြင်း”

ဂိုဒီ မြေပေါ်သို့ ဒူးတစ်ဖက် ထောက်ထားပြီး လက်တဖက်က သူ့ကိုယ်သူ့ထောက်ထားရသည်။ ထိုအချိန်တွင် ပုံသဏ္ဍာန် မရှိသော တိုက်ခိုက်သူတစ်ယောက်က တိုက်ပွဲနေရာနဲ့ ၁၀ မိုင်အတွင်းမှာ ပေါ်ထွက်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၄၇ အဆုံးသတ်

သေဆုံးမှုသည် အဆုံးမရှိသော်လည်း အချို့အတွက်တော့ အသစ်တစ်ဖန် စတင်ခြင်း ဖြစ်သည်။

ယန်းခုသည် မြေကြီးတွင်လဲနေပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေသည့် သားရဲတစ်ကောင်ကို ကြည့်နေမိသည်။ သွေးများသည် လန်နေသော အရေပြားအောက်မှ အဆက်မပြတ် ထွက်လာနေပြီး အရိုးများကလည်း ငေါထွက်နေသည်။

ထိုသားရဲ၏ အရိုးများသည် ပုံပျက်ပန်းပျက်ပင် ဖြစ်နေကြရာ အသက်ရှင်စဉ်က မည်သို့မည်ပုံ ရှိသည်ကိုပင် ခန့်မှန်း၍ မရဖြစ်နေသည်။

အရိုးစုသားရဲတစ်ကောင်၏ သွားများသည် ပုလဲလို တောက်ပနေသည်။ မီးတောက်များသည် သူ၏ မျက်လုံးချိုင့်ထဲတွင် တောက်လောင်နေသည်။ သူသည် နှာခေါင်းပေါက်မှနေ၍ ပြင်းထန်စွာ နှာမှုတ်ထုတ်လိုက်သည်။

အရိုးစုပင်လယ်ကြီးသည် ယန်းခု၏ မျက်စိတဆုံး တည်ရှိနေကြသည်။

“ဘာတွေဖြစ်နေတာလဲ” တစ်စုံတစ်ယောက်က တုန်ယင်စွာ မေးလိုက်သည်။

အရိုးစုများသည် မြေကြီးထဲမှ တိုးထွက်နေကြကာ ရေသတ္တဝါများဆီသို့ တွားသွားနေကြသည်။

လေ့ကျင့်သူတစ်ယောက်ကတော့ သူ၏ကိုယ်ပိုင်သားရဲ သေသွားသည့်အတွက် ၀မ်းနည်း ပူဆွေးနေရာမှ ရုတ်တရတ် ထိုသားရဲသည် အသက်ပြန်၀င်လာကာ ရေသားရဲတွေဆီ သွေးရူးသွေးတန်း ပြေးသွားသည်ကို အံ့ဩတကြီး ကြည့်နေမိသည်။

တိုက်ပွဲအတွင်း သေဆုံးထားခဲ့သော ကိုယ်ပိုင်သားရဲများ အားလုံးသည် မရဏစစ်တပ်ကြီးသဖွယ် ဖြစ်နေလေသည်။ ထို့ကြောင့် ရေသားရဲများသည် ဘာမှပင် ရုတ်တရတ် မတုံ့ပြန်နိုင်ခင်မှာပင် အလဲအကွဲ ဖြစ်ကုန်ကြသည်။

တိုက်ပွဲကြီးသည် မရဏစစ်တပ်ကြီး၏ ကြောက်မက်ဖွယ် အရိုးတွန်သံများဖြင့် ပြည့်နှက်နေသည်။ အရိုးစုများ၏ ပုံပျက်ပန်းပျက် မျက်နှာများတွင် ရေသားရဲများကို စားသုံးကြသည့်အခါ သွေးများ လာစင်နေကြသည်။

စစ်ဆင်ရေးကြီးတစ်ခုလုံးကို တာ၀န်ယူထားရသော ယန်းခုသည် သူ့လူတစ်ယောက်ကို ပြောလိုက်သည်။ “ဒီသားရဲတွေရဲ့ လက်ရှိအခြေအနေကို မှတ်တမ်းတင်ထားချင်တယ်.. သူတို့ အသက်ရှင်စဉ်က ပုံစံတွေနဲ့ ယှဉ်ထားလိုက်ပါ”

“နားလည်ပါပြီ ဆရာ”

“ဒီကောင်တွေ ဘယ်လိုအသက်ပြန်၀င်လာတာလဲ” အဆင့်မြင့်အရာရှိတစ်ဦးက မေးလိုက်သည်။ အစပိုင်းတွင် စစ်သားအများစုသည် ထိုသားရဲများကို ဘာထဖြစ်မှန်း မသိကြသော်လည်း ရေသားရဲများဆီ ဦးတည်နေသည်ကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာ ရသွားကြသည်။ သူတို့သည် အရေအတွက် မည်မျှပင် ထွက်လာပါစေ ဂရုမစိုက်တော့ချေ။ ထိုအရိုးစုများ သူတို့ဘက်တွင် ရှိနေလျှင် ရပြီ ဖြစ်သည်။

“အရိုးစုဖုတ်ကောင်က လုပ်တာထင်တယ်” ယန်းခုက ပြောလိုက်သည်။

“ကောင်းဖန်ရဲ့ အရိုးစုကို ပြောတာလား”

လူများသည် ကောင်းဖန်၏ သားရဲမှာ သေသူကို ပြန်ရှင်အောင် လုပ်နိုင်သည့် စွမ်းရည်များ ရှိနေသလားဟု သိချင်နေခဲ့ကြသည်။ ယခုတော့ သူတို့သည် သေချာသွားကြပြီ ဖြစ်သည်။ ထိုစွမ်းရည်သည် အချိန်အကန့်အသတ်လည်း ရှိပုံမရချေ။

ကောင်းဖန်သည် ဒန်ဘီ၏ စွမ်းရည်အကြောင်းမှာ လူသိရှင်ကြား ဖြစ်သွားမလားဟု တွေးလိုက်မိသည်။ သို့သော် သိပ်တော့ပြဿနာ မရှိပါချေ။ သူသည်လည်း ဒန်ဘီ၏ စွမ်းရည်အကြောင်းကို တစ်သက်လုံး လျှို့ဝှက်ထားစရာ အကြောင်း မရှိပါချေ။ တစ်ချိန်ချိန်တော့ ထုတ်ပြရမည် ဖြစ်သည်။ ယခုကတော့ မတော်တဆပင် ဖော်ပြမိလိုက်သလို ဖြစ်သွားသည်။

ဒီတိုက်ပွဲသည် လူသားနှင့် သားရဲတို့ကြား တိုက်ပွဲဖြစ်သည်။ ကောင်းဖန်နှင့် သူ၏ ကိုယ်ပိုင်သားရဲတို့သည် လူသားတို့ဘက်မှ တိုက်ခိုက်ပေးနေခြင်း ဖြစ်သည်။

အတော်များများနေရာများတွင်တော့ သေသူကို ပြန်ရှင်အောင် လုပ်သည့်အစွမ်းကို ပြင်းထန်စွာ တားမြစ်ထားသည်။

ကောင်းဖန်သည် ဒန်ဘီနှင့် ပတ်သက်၍ ကောလဟာလပေါင်းစုံ မထွက်ခင် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ဗိုလ်ချုပ် သန္တာကျောက်တန်းသားရဲကို ဝေဟင်တိုက်ခိုက်မှု လုပ်ရမလား”

“မဖြစ်ဘူး စွန့်စားလွန်းရာ ကျတယ်” ယန်းခုက လက်ကိုယမ်းကာ ပြောလိုက်သည်။ ဗုံးကျဲတိုက်ခိုက်ခြင်းသည် ပင်လယ်အပြင်ဘက်ကိုသာ သက်ရောက်မှု ရှိနိုင်ပြီး ရေထဲထိ ကြီးကြီးမားမား သက်ရောက်မှု ရှိမည် မဟုတ်ပေ။

တိုက်ပွဲကြားထဲသို့ ဗုံးကျဲချလျှင်လည်း ၂ ဖက်လုံးတွင် နစ်နာမှူများ ဖြစ်နိုင်သည်။

ယန်းခုသည် မလိုပါက ကြီးမားသော အဖျက်စွမ်းအင်ရှိသည့် လက်နက်များကို မသုံးချင်ပါချေ။

လူသားများသည် မရဏစစ်တပ်၏ အကူအညီဖြင့် တဖြည်းဖြည်း အသာစီးရလာသည်။

ကြီးမားသော အဝါရောင်သဏ္ဍာန်ကြီးသည် ရေထဲတွင် တစ်ချက်လှည့်လိုက်သည်။ ရေလှိုင်းများသည် သူ့ဘေးတွင် ကြီးမားစွာ ဖြစ်ပေါ်လာပြီးနောက် မကြာခင်တွင် ပင်လယ်ထဲ စုန်းစုန်းမြုပ်ကာ ပျောက်ကွယ်သွားတော့သည်။

ကမ်းစပ်နားမှ ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ကြီးမားသော ကျားကြီးသည် ရေထဲသို့ မီးများပစ်သွင်းကာ မီးရှို့ဖို့ လုပ်နေသော်လည်း အဝါရောင် သားရဲကြီးပေါ်သို့ ဘာမှသက်ရောက်ခြင်း မရှိပါပေ။

ရုတ်တရတ် အမြီးကြီးတစ်ခုသည် ကျားကြီးကို ရစ်ပတ်လိုက်ပြီး ရေထဲသို့ ဆွဲချလိုက်သည်။ ကျားကြီးသည် အဝါရောင်သဏ္ဍာန်ကြီးကို လက်သည်းများဖြင့် ကုတ်နေသော်လည်း ထိုအရာကြီးက တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်ကာ သူ၏ ကြီးမားသော ကိုယ်ကြီးနှင့် တိုက်ချလိုက်သောကြောင့် ကျားကြီးသည် လည်ထွက်သွားသည်။

ကျားကြီးသည် ဟန်ချက်ပြန်ထိန်းဖို့ ကြိုးစားနေသည်။ သူသည် ခြေလက်များကို ယက်ကန်ရင်း ထိုအရာကြီး ထပ်မတိုက်ခိုက်ခင် ကမ်းစပ်သို့ ပြန်ကူးနိုင်ရန် ကြိုးစားနေသည်။

ပင်လယ်သည် အဝါရောင်အရာကြီး၏ ပိုင်နက်ဖြစ်သည်။ ထို့ကြောင့် ကျားကြီးသည် ရေထဲတွင် ကူကယ်ရာမဲ့ ဖြစ်နေသည်။ သူသည် ကမ်းစပ်နှင့် နဂိုတည်းကပင် အနည်းငယ်လှမ်းနေခဲ့ရာ ကြီးမားသော လှိုင်းကြီးများကြောင့် သူသည် ပိုဝေးရာသို့ပင် ရောက်နေသည်။ ကျားကြီး၏ အော်သံသည် လှိုင်းများကြားတွင် ရောထွေးနေသည်။

ထို့နောက် ကျားကြီးသည် ချက်ချင်းပင် ရေထဲဆွဲချခံလိုက်ရသည်။

၁၆ ပေရှည်သော လိပ်နက်ကြီးသည် ထိုအခြင်းအရာများကို မြင်လိုက်သောအခါ ရေထဲချက်ချင်း ခုန်ဆင်းလိုက်သည်။ သူသည် သူတော်စင်နက်ဟု အမည်ရသည့် နာမည်ကြီး အရှေ့တောင်အာရှသားရဲ လေ့ကျင့်သူ၏ သားရဲဖြစ်သည်။

သူနှင့် သူ့၏ ကိုယ်ပိုင်သားရဲတို့တွင် တူညီသော နာမည်များ ရှိကြလေသည်။

သဲရိပ်ကော်ဇော်ငါးမန်းကြီးသည် ဓားသွားကျားကြီး၏ ခြေထောက်ကို ကိုက်ထားပြီး ရေနက်ထဲသို့ ဆွဲခေါ်နေသည်။

ထိုနည်းလမ်းသည် ကုန်းနေသားရဲများကို အထိရောက်ဆုံး အနိုင်ယူနိုင်သည့် နည်းလမ်း ဖြစ်သည်ဟု ငါးမန်းက တွေးနေလိုက်သည်။

ရုတ်တရတ်သူသည် အမြီးပိုင်းတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် ထပ်နာလာပြန်သည်။

သူလှည့်ကြည့်လိုက်သောအခါ ခေါင်းအစ ခြေအဆုံး ဖြူနေသည့် ထူးခြားသော သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုအရာသည် ရေဘဝဲနှင့် တူသော်လည်း သူ၏ မျက်လုံးအိမ်ထဲတွင် ထူးဆန်းသော မီးတောက်တစ်ခုက တောက်လောင်နေသည်။ သူ၏ လက်များသည် ငါးမန်းကြီးအမြီးကို ရစ်ပတ်နေသည်။

အစကတော့ ငါးမန်းကြီးသည် ထိုအရာနှင့် တိုက်ခိုက်လိုစိတ် မရှိခဲ့ပေ။ သို့သော် သူ၏ အမြီးသည် မခံမရပ်နိုင်အောင် နာကျင်လာသောကြောင့် သူသည် မတတ်နိုင်တော့ပဲ ကျားကြီးကို လွှတ်ပေးလိုက်ရသည်။ ကျားကြီးသည် ငါးမန်းပါးစပ်ထဲမှ လွတ်သွားသည်ကို သိလိုက်ရသည်နှင့် ချက်ချင်း ရေပေါ် တက်လိုက်သည်။

လိပ်ကြီးသည် ထိုအချိန်တွင် ကျားကြီးဘေးသို့ ချက်ချင်း ရောက်သွားသည်။ ငါးမန်းကြီးသည် သူ့ပိုင်နက်ပင် ဖြစ်နေလင့်ကစား နတ်ဘုရားအဆင့် သားရဲ ၂ ကောင်နှင့်တော့ ရင်ဆိုင်နိုင်စွမ်း မရှိပါချေ။

ထို့နောက် သူသည် ပင်လယ်ထဲသို့ ပြန်လှည့် ကူးခတ်သွားသည်။

သူသည် ခက်ခဲသောသားကောင်အတွက် အချိန်ကုန်ခံလိုစိတ် မရှိပါပေ။

နတ်ဘုရားအဆင့် ရေသားရဲများသည် စတင်ပြီး ဆုတ်ခွာကုန်ကြသည်။ သူတို့သည် အဆင့်နိမ့်သားရဲများနှင့် မတူသည့်အချက်က သန္တာကျောက်တန်းသားရဲကြီး အပေါ် မှီခိုမှုသည် သူတို့အတွက် သယ်ယူပို့ဆောင်ရေး ယာဉ်ကြီး တစ်ခု သဘောသာ ဖြစ်နေခြင်းပင်။

ထို့ကြောင့် သူတို့သည် အချင်းချင်း မှီခိုနေစရာ မလိုပါချေ။

နတ်ဘုရားအဆင့်သားရဲများသည် ပေးဆပ်လိုစိတ်လည်း မရှိကြပါချေ။ သူတို့သည် ခြိမ်းခြောက်ခံလာရသည့် အခါမျိုးတွင် ကွန်မန်ဒါအဆင့်သားရဲများထက်ပင် ပို၍မြန်မြန် ထွက်ပြေးနိုင်ကြသည်။

နတ်ဘုရားအဆင့်သားရဲများက ဆုတ်ခွာနေကြသောကြောင့် ကွန်မန်ဒါအဆင့်နှင့် လက်ရွေးစင်အဆင့်သားရဲများသည်လည်း မတတ်နိုင်တော့ပဲ မတတ်နိုင်ပဲ ဆုတ်ခွာလိုက်ကြသည်။ သူတို့ကိုယ်တိုင်လည်း တိုက်ခိုက်နိုင်စွမ်း မရှိကြ၍ ဖြစ်သည်။

သူတို့သည် တဖြည်းဖြည်းနှင့် တိုက်ပွဲအဆုံးသတ်နားသို့ ရောက်လာကြပြီ ဖြစ်သည်။ မကြာမီ လူသားတို့၏ အောင်ပွဲ ရောက်ရှိလာတော့မည်ပင်။

“နောက်ဆုံးတော့ ပြီးသွားပြီ” သားရဲလေ့ကျင့်သူတစ်ယောက်က ရေရွတ်လိုက်သည်။

“ကျွန်းနဲ့တူတဲ့ သားရဲကြီးလည်း ထွက်ပြေးသွားပြီ”

အချို့သည် ရေထဲသို့ တဖြည်းဖြည်း နစ်၀င်နေသော သန္တာကျောက်တန်း သားရဲကြီးကို လက်ညိုးညွှန်ပြီး ပြောလိုက်ကြသည်။

“ငါးရှဉ့်ဘုရင်ကို ပြန်သယ်မယ်.. ဒါဆိုရပြီ” ကောင်းဖန်က‌ပြောလိုက်သည်။ တစ်ယောက်ယောက်က သူ့ကို အောင်ပွဲခံ ညစာစားပွဲ ဖိတ်ထားသော်လည်း သူကတော့ ငြင်းလိုက်သည်။

ငါးရှဉ့်ကြီးသည် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ကောင်းဖန်အတွက်တော့ အခြားအရာများသည် တန်ဖိုး မရှိလှပါချေ။ သို့သော် သူ့အတွက် အထူးဆုကတော့ ယန့်ချန်းအစိုးရက သူ့ကို ကတိပေးထားသည့် ၃ နှစ် အခွန်ကင်းလွတ်ခွင့် ဖြစ်သည်။

ဂိုဒီသည် ကောင်းဖန်နှင့် အိမ်ပြန်မလိုက်ခဲ့ပေ။ သူသည် ကျန်နေခဲ့ကာ တိုက်ပွဲတွင် ကျန်ခဲ့သော ငါးသေကောင်များကို လိုက်စုဆောင်းနေသည်။

“ငါးရာ တစ်ထောင် ထောင့်ငါးရာ နှစ်ထောင်..” ဂိုဒီသည် ပျော်ရွှင်စွာဖြင့် ငါးများကို လိုက်ကောက်နေလေတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၄၈ ဒဏ္ဍာရီလာအဆင့်သို့ တိုးမြှင့်ခြင်း

“ကောင်းဖန် ကောင်းဖန် ဂိုဒီက ကမ်းခြေက ငါးသေတွေကို လိုက်စုနေတယ်.. တကယ်အရူးကောင်ပဲ” တာ့ဇီက ပြောလိုက်သည်။

“ဟုတ်လား ဘာလို့လဲ” ကောင်းဖန်က တာ့ဇီ၏ ခေါင်းကို ပွတ်ပေးပြီး မေးလိုက်သည်။

သူ၏ ကိုယ်ပိုင်သားရဲအများစုသည် သူ့ထံမှ ခေါင်းပွတ်ခံရဖို့ရာ အတော်လေးတော့ ကြီးထွားနေကြပြီ ဖြစ်သည်။ သေချာတာတစ်ခုကတော့ သူမည်မျှပင် ခုန်ပါစေ အစင်းလေး၏ ခေါင်းဆီကိုတော့ ရောက်နိုင်မည်မဟုတ်ပေ။

တာ့ဇီကတော့ တစ်ပေခွဲလောက်လေးပင်ဖြစ်နေသောကြောင့် တော်သေးသည်ဟု ပြောရမည်။

တာ့ဇီသည် ကြမ်းပြင်ကို သူ့ခြေများဖြင့် ဆူညံနေအောင် ခေါက်လျက် ကောင်းဖန်နားသို့ တိုးသွားလိုက်သည်။

“သိပ်ကို ရူးမိုက်တာပေါ့” တာ့ဇီသည် သူ၏ ခြေ ၃၂ ချောင်းလုံးကို ဆန့်လိုက်သည်။ “ကောင်းဖန်က ငါတို့ အားလုံးကို စောင့်ရှောက်ပေးနေတာကို သူကဘာတွေ ကြိုးစားနေတာလဲ.. ဂိုဒီက ကြိုးစားလွန်းလို့များ ကတုံးဖြစ်သွားတာလားမသိဘူး.. သနားစရာပဲ”

“အစကတည်းက ကတုံးပဲဟာကို” ဖလိန်မီသည် သူလည်း ကတုံးဖြစ်နေစဉ်က လှောင်ခံခဲ့ရသည်ကို ပြန်တွေးမိပြီး ၀င်ပြောလိုက်သည်။ သူသည် ထိုကိစ္စကို အခဲမကြေသေးပါချေ။

“သူက အလုပ်မလုပ်လည်း ကတုံးဖြစ်နေမှာပဲ.. မွေးကတည်းက ကတုံး” ဖလိန်မီက ထည့်ဖြည့်ပြောလိုက်သည်။

“ဂိုဒီက မှန်ကန်တဲ့အရာကို လုပ်နေတာကွ.. မင်းတို့သိလား” ကောင်းဖန်က ပြောလိုက်သည်။

“ဟမ်” တာ့ဇီက ကောင်းဖန်ကို နားမလည်စွာ ကြည့်လိုက်သည်။

“အဲဒီဘဲက သူအလုပ်လုပ်ရင် ငါဆုပေးမယ်ဆိုတာကို သိနေတာလေ.. အဲဒါရူးမိုက်တာ ဘယ်ဟုတ်မလဲ.. ငါတစ်သက်လုံး မင်းတို့ကို စောင့်ရှောက်သွားမယ်လို့ ထင်နေတဲ့ မင်းကသာ ရူးမိုက်တာကွ သိလား” ကောင်းဖန်က ပြောလိုက်သည်။

တာ့ဇီသည် လေတစ်ချက်ချွန်လိုက်ရင်း ရှေ့ကို လျှောက်လိုက်ကာ ကောင်းဖန်ပြောသော စကားကို မကြားချင်ယောင် ဆောင်လိုက်သည်။

ဂိုဒီသည် နှာတစ်ချက်ချေလိုက်ပြီးနောက် ခေါင်းကို တစ်ချက် ကုတ်လိုက်သည်။ ထို့နောက် ခေါင်းကို ခါယမ်းလိုက်ကာ ကမ်းခြေတစ်ခုလုံးမှ ငါးသေများကို လိုက်ကောက်နေပြန်သည်။

လူတော်တော်များများသည်လည်း ကမ်းခြေတွင် ကျန်နေခဲ့ကာ သားရဲအသေကောင်များကို လိုက်ကောက်နေကြသည်။ သူတို့သည် ထိုအကောင်များကို ဈေးကွက်တွင် ပြန်ရောင်းပါက အကျိုးအမြတ်များစွာ ရနိုင်သည်။ သူတို့သည် မည်သူက မည်သည့်သားရဲကို သတ်ခဲ့မှန်းလည်း ဂရုမစိုက်ကြတော့ချေ။ သို့သော် ကွန်မန်ဒါအဆင့်နှင့် အထက်သားရဲများ၏ အလောင်းကိုတော့ သူတို့ကို သတ်သူက ပိုင်ဆိုင်နိုင်ပေသည်။ သေချာသည်ကတော့ ကိုယ်က သတ်တာမဟုတ်လျှင် မယူပဲစည်းစောင့်ကြလေသည်။ ကွန်မန်ဒါအဆင့်ထက်နိမ့်သော သားရဲများကိုတော့ ကြိုက်သလို ယူ၍ ရ‌ကြလေသည်။

တစ်ချိန်တွင်တော့ လူတစ်ယောက်နှင့် ဂိုဒီသည် ဂဏန်းလက်မတစ်ခုကို ပြိုင်တူကိုင်မိလိုက်ကြသည်။

သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မျက်လုံးချင်းဆုံကာ မသက်မသာ ကြည့်မိလိုက်ကြသည်။

ထို့နောက် ထိုလူကပင် လက်ကိုလွှတ်လိုက်ပြီး နောက်ဆုတ်လိုက်သည်။

ဂိုဒီသည် ၃ ပေရှည်သော ဂဏန်းလက်မကြီးကို သူ့အိတ်ထဲ ထိုးထည့်လိုက်သည်။

“ငါးတစ်ကောင် ထပ်ရပြန်ပြီ.. ဂဏန်းငါးကြီး.. နောက်ထပ် ၅၀၀ ကွ” ဂိုဒီသည် ငါးအရွယ်အစား မျိုးစုံကို သူ့အိတ်ထဲထည့်ကာ အချို့ငါးများကိုတော့ တွယ်ချိတ်များသဖွယ် သူ့ကြွက်သားများတွင် ချိတ်ဆွဲထားသည်။

ဂိုဒီသည် ဒီအတောအတွင်း လေ့ကျင့်ထားသောကြောင့် ကြွက်သားများ အတော်တက်နေပြီပင်။

သူသည် ကမ်းခြေတစ်လျှောက်သွားနေပြီး တွေ့သမျှ ရေသားရဲများကို လိုက်ကောက်နေသည်။

အချို့သောသူများသည် ဂိုဒီကို မှတ်မိကြသည်။ သူသည် ကောင်းဖန်၏ ကိုယ်ပိုင်သားရဲ ဖြစ်ကြောင်း တီးတိုးပြောနေကြသည်။ ဦးနှောက်မရှိသော ထိုဘဲနှင့် မတူစွာပင် ထိုသူများကတော့ သူနှင့် ပြိုင်မလုကြပါပေ။

ထို့အပြင် ဂိုဒီကောက်သွားသော ငါးအများစုမှာ တန်ဖိုး မရှိကြသောကြောင့် အလွယ်တကူ ရှောင်ပြီးသားပင် ဖြစ်သွားသေးသည်။

ကောင်းဖန်တို့ တောင်ပိုင်းကောင်းကင် ဌာနချုပ်သို့ပြန်ရောက်သွားကြသောအခါ သူတို့ကို မီးရှူးမီးပန်းများနှင့် ကြိုဆိုနေကြသည်။ ရွှေရောင်အရွက်များသည် သူတို့ပတ်ပတ်လည်တွင် ဖွာကျလာသည်။

၀င်ပေါက်ကြီးရှေ့တွင် တောင်ပိုင်းကောင်းကင်မှ ၀န်ထမ်းများသည် စီတန်းရပ်နေကြပြီး သူတို့လက်ထဲတွင် “ပြန်ရောက်လာတာ ကြိုဆိုပါတယ် တောင်ပိုင်းကောင်းကင်ရဲ့ သူရဲကောင်းတို့” ဟူသော စာတန်းကြီးကို ကိုင်ထားကြသည်။

ကောင်းဖန်၏ နောက်တွင် ကျန်းထဲဟွမ်နှင့် အခြားသူများသည် ရယ်မောနေကြသည်။

ထူးထူးခြားခြား ကြိုဆိုခြင်း ခံလိုက်ရသောကြောင့် သွေးဆာမျောက်ဝံကြီးသည် သားရဲအုပ်စု၏ ထောင့်တွင် အပြေးအလွှားသွားပုန်းလိုက်သည်။ မီးရှူးမီးပန်းသံများ ထွက်လာသောအခါ သူသည် ကြောက်ရွံ့တုန်လှုပ်နေသည်။

ကောင်းဖန်သည် ပြောစရာစကားမဲ့သွားသည်။ ဟောင်မုသည် ထိုဉာဏ်ကြီးရှင်ကို မည်သို့ ထိန်းကျောင်းခဲ့လဲ စဉ်းစားလို့ မတတ်တော့ပေ။

ကောင်းဖန်သည် လူအုပ်ကြားထဲ လျှောက်သွားလိုက်သောအခါ ဟောင်မုသည် တိုးထွက်လာပြီး သူ့နားသို့ ချဉ်းကပ်လာသည်။

“ကျွန်တော်ယန့်ချန်းမှာ ကြာကြာတော့နေမှာ မဟုတ်ဘူး” ကောင်းဖန်က ဟောင်မုကို ပြောလိုက်သည်။

ဟောင်မုက ချက်ချင်းပြန်ပြောလိုက်သည်။ “နည်းနည်းကြာကြာ ပိုနေဦးမယ် ထင်တာ..”

ကောင်းဖန်က သူ့ကို လက်ပြလိုက်သည်။ “ခင်ဗျားကို အဖိုးက ရာထူးတိုးပေးခဲ့တာပါ.. သူ့ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်ယုံကြည်တယ်.. ခင်ဗျားက ယန့်ချန်းအခွဲရဲ့ တောင်ပိုင်းကောင်းကင်ဌာနမှာ အထွေထွေ မန်နေဂျာ ဖြစ်နေတာလည်း ၇ နှစ်တောင် ရှိနေပြီပဲ” ကောင်းဖန်က ပြောလိုက်သည်။

ဟောင်မုသည် ကောင်းဖန်ဘာပြောချင်မှန်း မသိသောကြောင့် ခေါင်းသာ ညိတ်ပြနေရသည်။

“၇ နှစ်.. ခင်ဗျားက အဖိုးမရှိခဲ့တဲ့ အချိန်တွေမှာရော ပြန်ရောက်လာပြီးနောက်မှာပါ ယန့်ချန်းဌာနခွဲကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ခဲ့တယ်.. အဲဒါနဲ့တင် အရည်အချင်းက ချီးကျူးထိုက်ပါတယ်.. ကျန်းထျဲဟွမ်နဲ့ လျူချန်းဟန်တို့လည်း သူတို့ရဲ့ ရာထူးအသစ်တွေအတွက် သင်ယူနေကြဆဲပါ.. မန်နေဂျာဟောင်.. ခင်ဗျားဆီကလည်း သူတို့ သင်ယူဖို့ လိုသေးတယ်”

“ကောင်းပါပြီ.. အခုလို ဆန္ဒရှိနေမှာတော့ ဘာမှငြင်းခုံနေစရာ မရှိတော့ပါဘူ” ဟောင်မုက ပြောလိုက်သည်။ သူသည် နှိမ့်ချစွာဖြင့် အရိုအသေပေးလိုက်ကာ ကောင်းဖန်ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

“ကျုပ်မမေ့ခင် ပြောရဦးမယ်.. သခင်လေးကောင်း.. တစ်ခါတုန်းက ကျုပ်ကို စောင့်ကြည့်ခိုင်းထားတဲ့ဟာလေ..”

“ဪ.. ကျွန်တော်ရှာခိုင်းထားတဲ့ ပစ္စည်းတွေ တွေ့ပြီလား” ကောင်းဖန်က မေးလိုက်သည်။ သူသည် တာ့ဇီနှင့် အခြားသူများကို အဆင့်မြှင့်ရန် လိုအပ်သော ပစ္စည်းများအား ဟောင်မုကို ရှာခိုင်းထားခြင်း ဖြစ်သည်။ သူသည်ဟောင်မု ရရှိမည့် မည်သည့်ပစ္စည်းကိုမဆို ပျော်ရွှင်စွာ လက်ခံမည်ပင်။

“မဟုတ်ဘူး.. ဒါပေမယ့် ကျုပ်ကို စောင့်ကြည့်ခိုင်းထားတဲ့ ဟာအတွက် ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်ကို တစ်ယောက်ယောက်က တွေ့ထားတယ်လို့ ပြောလို့ပါ”

ကောင်းဖန်က တစ်ချက်တုံ့ဆိုင်းသွားသည်။ “ဘယ်လို ဖြစ်ရပ်လဲ”

“တစ္ဆေလိုစစ်သားတွေက လျှောက်သွားနေပြီး သူတို့ ကိုယ်ပိုင်စခန်းတွေ လိုက်ဆောက်နေလို့တဲ့”

ကောင်းဖန်မျက်လုံးများ ပြူးကျယ်သွားသည်။ ဒန်ဘီ၏ အဆင့်မြှင့်တင်ခြင်းအတွက် လိုအပ်သော ပစ္စည်းအများစုကို ထိုနေရာတွင် ရရှိနိုင်သည်။

ဟောင်မုပြောတာသာ မှန်ပါက သူသည် ဒန်ဘီ၏ အဆင့်မြှင့်တင်ခြင်းအတွက် လိုအပ်သော ပစ္စည်းများကို ထက်၀က်ခန့်မနည်း စုဆောင်းနိုင်မည် ဖြစ်သည်။

ကောင်းဖန်သည် “ဒ‌ဏ္ဍာရီလာ” ဟူသော စကားကို ကြားတိုင်း ထူးခြားသော ခံစားမှုများ ဖြစ်ပေါ်လေ့ရှိသည်။

ကိုယ်ပိုင်သားရဲတစ်ကောင်က ဒဏ္ဍာရီအဆင့်ကို ရောက်သွားပါက ရှေးက ဒဏ္ဍာရီများတွင် ရှိခဲ့ဖူးသော သားရဲများလို ပြောင်းလဲသွားနိုင်မည်လား.. လူတော်တော်များများသည် ဒဏ္ဍာရီလာအဆင့်များကို ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု သတ်မှတ်ကြသည်။ ထိုကဲ့သို့ ဒဏ္ဍာရီလာသားရဲများသည် တကယ်ပဲ ရှိလာနိုင်မည်လား..

ကောင်းဖန်သည် ထိုကဲ့သို့ ဒဏ္ဍာရီသားရဲများကိုတော့ တကယ်ပေါ်ပေါက်လာာမည်ဟု မယုံကြည်နိုင် ဖြစ်နေလေသည်။

“ဘယ်မှာဖြစ်တာတဲ့လဲ” ကောင်းဖန်က မေးလိုက်သည်။

“ပင်ကျိုး၊ ကောင်းပင်မြို့၊ ချန်းပင်ရွာမှာတဲ့”

“ချန်းပင်.. ကောင်းဖန်က ရေရွတ်လိုက်သည်။

ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပါပြီ.. ပြောပြပေးလို့ ကျေးဇူးပါ”

“သခင်လေးကောင်း.. ဓာတ်ခွဲခန်းရဲ့ ဒုတိယ မြေအောက်ခန်းမှာ ပြောထားတဲ့ ပစ္စည်းတွေ ပြင်ဆင်ထားပြီးပါပြီ”

ကောင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် တာ့ဇီနှင့် အခြားသူများကို အပြင်တွင် စောင့်ခိုင်းစေပြီး ဒန်ဘီနှင့်အတူ ဒုတိယမြေအောက်ခန်းထဲ ၀င်သွားလိုက်သည်။

သွေးနီမျက်ရည်ကျောက်တုံး၊ အဖြူရောင် ငဟစ်ငှက်၏ ‌အမွှေးအတောင်၊ အမည်းရောင် အမုန်းကင်းမြီးကောက်၏ အဆိပ်ရည်..

ထိုပစ္စည်းတစ်ခုချင်းစီတိုင်းသည် အကောင်းဆုံးအရည် အသွေးများကို ပိုင်ဆိုင်ထားကြသည်။ ကောင်းဖန်သည် ထိုပစ္စည်းများကို ဟောင်မုတစ်ယောက် မည်ကဲ့သို့ အားစိုက်ထုတ် စုဆောင်းထားကြောင်း သိလိုက်သည်။

“အားလုံးပဲ အပြင်ထွက်ပေးကြပါ… ကျွန်တော့်ဘာသာ ဆက်လုပ်လိုက်မယ်” ကောင်းဖန်ကပြောလိုက်သည်။ သူသည် မက်စ်ကိုတပ်လိုက်ကာ အဖြူရောင်ဓာတ်ခွဲခန်း ၀တ်စုံကို ၀တ်လိုက်ပြီးနောက် လက်အိတ်ကို စွပ်လိုက်သည်။

“ခွင့်ပြုပါဦး” ဓာတ်ခွဲခန်း အဆင့်မြင့် သုတေသန ပညာရှင်တစ်ဦးက ထိုသို့ပြောပြီး သူ၏ လက်ထောက်နှင့်အတူ အခန်းထဲမှ ထွက်သွားသည်။

ဒန်ဘီကတော့ ခေါင်းပေါ်တွင် ‌တုန်နေအောင် ကြောက်နေသည့် ဒုဓလီပန်းနှင့်အတူ ထောင့်တစ်ခုတွင် ရပ်နေသည်။

ကောင်းဖန်သည် ဒန်ဘီ၏ ပုခုံးပေါ်တက်လိုက်ကာ ပန်း‌ပင်လေးကို ယူလိုက်ပြီး ဓာတ်ခွဲခန်း၏ စင်တစ်ခုပေါ် တင်ထားလိုက်သည်။

ပန်းပင်လေးသည် စင်ထိပ်ပေါ်တွင် ဟိုကြည့်သည်ကြည့် လုပ်နေသည်။ သူ၏ အဖြူရောင်ပွင့်ဖတ်လေးများသည် ကြောင်မွှေးလေးများ ထောင်နေသလို ဖြစ်နေသည်။

သူ့တွင် အသားပေါ်နေသော နေရာလေးရှိနေပြီး တစ်၀က်စားခံထားရသော ကိတ်မုန့်တုံးလို ဖြစ်နေသည်။ ကောင်းဖန်သည် သိုးထိန်းခွေးကြီးကို ကျွေးရန် ထိုနေရာကို ယူထာသောကြောင့် ဖြစ်သည်။

ပန်းပင်လေးကတော့ သတိမထားမိပုံနှင့် သူ၏ အရွက်လေးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ကောင်းဖန်က သဘောကျစွာကြည့်နေသည်။ သူ့ပုံစံမှာ သွားမရှိသော ချစ်စရာ မိန်းကလေးတစ်ယောက်က ပြုံးပြနေသလို ဖြစ်နေသောကြောင့်ပင်။

All Chapters