အခန်း (၃၅၃-၃၅၆)
Vol. 23 Ch. 353-356
အခန်း ၃၅၃ မိကျောင်းဝိဉာဉ်၏ ရွှံဗွက်တော
ကောင်းဖန်သည် ဖိုင်၏ နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်သည်။ ထိုစာမျက်နှာတွင် ရွှံ့ဗွက်တော၏ မြေပုံကို ရိုက်နှိပ်ထားသည်။
ဖလိန်မီသည် စိတ်လှုပ်ရှားစွာ မြည်ကြွေးလိုက်သည်။
“ငါအဲဒီကို ရောက်ဖူးတယ်”
“မင်းက အဲဒီမှာ မွေးတာလား” ကောင်းဖန်ကလည်း အံ့ဩစွာ မေးလိုက်သည်။
“မဟုတ်ဘူး.. ငါအဲဒီကို ရောက်ဖူးတာ.. ငါမွေးတဲ့နေရာနဲ့ သိပ်မဝေးဘူး” ဖလိန်မီက မြေပုံကို မျက်လုံးကမခွာပဲ ပြောလိုက်သည်။ သူ၏ မျက်လုံးများသည် စတင်နီရဲလာသည်။
“ချန်ကျိ.. ဒီကို ခဏလာပါဦး..” ကောင်းဖန်က ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေသော သူတစ်ယောက်ကို ခေါ်လိုက်သည်။
ချန်ကျိဆိုသူက သူ့အနားသို့ လျှောက်လာသည်။ “ဘာများအမိန့်ရှိပါသလဲ.. သခင်လေး”
“ဒီနေရာကို သိလား” ကောင်းဖန်က မြေပုံကို ပြရင်း မေးလိုက်သည်။
ချန်ကျိက တစ်ချက်ကြည့်ပြီး မျက်မှောင်ကျုံ့လိုက်သည်။ သူသည် ကောင်းဖန်၏ မေးခွန်းကို ဖြေဆိုနိုင်ဖို့ ကြိုးစားနေသည်။
“ဒါက မိကျောင်းဝိဉာဉ်ရဲ့ ရွှံဗွက်တောပါ.. ကျန်မိသားစုရဲ့ ပိုင်နက်အတွင်းမှာ ရှိပါတယ်”
“ကျန်မိသားစုရဲ့ပိုင်နက်..” ကောင်းဖန်က ရေရွတ်လိုက်သည်။ “တောအုပ်ကြီးအလယ်နေရာကလေ.. တရား၀င်ရော ဟုတ်ရဲ့လား”
“မိကျောင်းဝိဉာဉ်ရဲ့ ရွှံဗွက်တောကို ကျန်မိသားစုက ၀ယ်ယူထားတာပါ.. ကျန်းနန်မြို့က လူအားလုံး သိကြပါတယ်” ချန်ကျိက ရယ်ချင်သော အသံဖြင့် ပြန်ပြော လိုက်သည်။
ကောင်းဖန်က အတွေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ပြီးတော့.. အဲဒီနေရာမှာ မိကျောင်းအမျိုးအစား သားရဲတွေ အများကြီး ရှိပါတယ်”
“အဲဒီမှာ မျက်လုံးနီ မိကျောင်းတွေ အများကြီး ရှိတယ်.. ဒါပေမယ့် အဲဒီမှာနေတဲ့ လူသားတွေကိုတော့ သူတို့ကို မထိခိုက်ရင် မတိုက်ခိုက်ကြပါဘူး.. အဲဒီမှာ တခြားသားရဲ အမျိုးအစားတွေလည်း ရှိပါတယ်.. အဲဒါကြောင့် တချို့သူတွေက အဲဒီကို သွားပြီး အမဲလိုက်ကြတယ်.. သူတို့က ၀င်ကြေးပေးပြီး ဖောင်ဖြည့်လိုက်ရုံပဲ.. ပြီးတော့ မျက်လုံးနီ မိကျောင်းတွေရှိနေတော့ အဲဒီမှာ အန္တရာယ်များပြီး အဆင့်မြင့်တဲ့ သားရဲတွေ မရှိကြဘူး.. အများစုက အဆင့်နိမ့်ကြပါတယ်”
“ပြီးတော့ ပြီးခဲ့တဲ့နှစ်ကတောင် ကျွန်တော့်ကလေးကျောင်းက အဲဒီကို လေ့လာရေးခရီး ပို့သေးတယ်” ချန်းကျိက ကောင်းဖန်က်ု ကြည့်ပြီး ပြောလိုက်သည်။
“အဲဒီနေရာမှာ ကြိုးကြ အမျိုးအစား သားရဲတွေလည်း နေလားဆိုတာကို စစ်ဆေးပေးပါ” ကောင်းဖန်က အမိန့်ပေးလိုက်သည်။
ချန်းကျိက အမိန့်ရသည်နှင့် ချက်ချင်းလှည့်ထွက်သွားလိုက်သည်။ ထို့နောက် ကောင်းဖန်နောက်တွင် ရပ်နေသော ဖလိန်မီကို တစ်ချက် စူးစမ်းသလို ကြည့်လိုက်သည်။
ပထမထပ်တွင် ချန်းကျိသည် ကောင်းဖန်ရှာခိုင်းထားသော အချက်အလက်ကို ရှာဖွေရန် လူအချို့ကို စုဝေးလိုက်သည်။ ထို့နောက် သူ့သားကို ဖုန်းခေါ်လိုက်သည်။
ချန်းမင်းလျန်သည် အတန်းထဲတွင် ရှိနေရင်း သူ့အဖေဆီမှ ဖုန်း၀င်လာသောအခါ အံ့ဩသွားသည်။ သူ့အဖေသည် အထူးသဖြင့် သူကျောင်းမှာ ရှိနေစဉ်တွင် ဖုန်းခေါ်ခဲလှသောကြောင့် ဖြစ်သည်။ တစ်ခုခုတော့ ထူးခြားပေမည်။ ချန်းမင်းလျန်သည် အတန်းထဲမှ ထွက်ကာ ဖုန်းကို ဖြေလိုက်သည်။
“လျန်လေး.. မင်းပြီးခဲ့တဲ့ နှစ်တုန်းက မိကျောင်းဝိဉာဉ်ရဲ့ ရွှံဗွက်တောကို လေ့လာရေး ဆင်းခဲ့ရတာ မှတ်မိသေးလား”
ချန်းမင်းလျန်သည် မျက်ခုံးတစ်ချက်ပင့်သွားသည်။ “ဟုတ် မှတ်မိပါတယ်.. ဘာဖြစ်လို့လဲ အဖေ”
“အဲဒီမှာ ခြေတစ်ဖက်ကြိုးကြာ အမျိုးအစား သားရဲကိုများ တွေ့မိသေးလား”
ချန်းမင်းလျန်သည် မထင်မှတ်ထားသော မေးခွန်းကြောင့် တစ်ချက်ကြောင်သွားသည်။ ထို့နောက် ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဟင့်အင်း မတွေ့မိဘူး ထင်တာပဲ”
“သေချာလား”
“ဘာကြိုးကြာမှကို မတွေ့ခဲ့တာပါ” ချန်းမင်းလျန်က ပြောလိုက်သည်။ ထို့နောက် “ဒါပေမယ့် အခုမှ သတိရတယ်.. ခြေတစ်ဖက်ကြိုးကြာဆိုတာထက် ခြေနှစ်ဖက် ကြိုးကြာတော့ တွေ့မိသလိုပဲ”
သူ့အဖေသည် အလွန်စိတ်၀င်စားသွားသည်။
“ဒါဆို သူတို့ကို သားဓာတ်ပုံရိုက်ခဲ့မိသေးလား.. မရိုက်ခဲ့ဘူးဆိုရင်လည်း သားသူငယ်ချင်းတွေထဲမှာ အဲဒီကြိုးကြာတွေကို ရိုက်ခဲ့ဖူးတာ ရှိလားဆိုတာ မေးပေးပါလား”
ချန်းကျိသည် ကောင်းဖန်က ထိုအမိန့်ကို ဘာကြောင့် ပေးလဲ မသိသော်လည်း ကျန်မိသားစုကို တိုက်ရိုက်သွားပြီး မမေးစေချင်တာကိုတော့ ကောင်းကောင်းသဘောပေါက်ထားသည်။ ချန်းကျိသည် အလုပ်ရှင်များ၏ စိတ်ကို ကောင်းကောင်းဖတ်နိုင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ကျီဟန့်ဝူ၏ လက်ထက်တွင် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ ကျန်းနန်ရုံးခွဲ မန်နေဂျာ ဖြစ်နေခြင်း ဖြစ်သည်။
ချန်းမင်းလျန်သည် ကြိုးကြာများကို ဓာတ်ပုံရိုက်ခဲ့ခြင်း မရှိပေ။ သို့သော် သူ့သူငယ်ချင်းများကတော့ ရိုက်ခဲ့ဖူးပြီး သူကလည်း ထိုသူငယ်ချင်းများနှင့် ခင်မင်လေသည်။ ထို့ကြောင့် ခဏတွင်းချင်းပင် သူသည် သူငယ်ချင်းများထံမှ ပုံများကို ရရှိသွားပြီး သူ့အဖေထံပို့လိုက်သည်။
ချန်းကျိသည် ပုံထဲမှ ကြိုးကြာပုံများနှင့် ဖလိန်မီ၏ လက်ရှိပုံကို ယှဉ်ကြည့်လိုက်သည်။ သို့သော် ဖလိန်မီသည် အဆင့်မြှင့်ထားပြီးနောက် အတော်လေး ပြောင်းလဲနေသောကြောင့် ချန်းကျိသည် ကြိုးကြာများ၏ တူညီပုံကို အဖြေရှာမရ ဖြစ်နေလေသည်။
ထို့နောက် ချန်းကျိသည် စိတ်လှုပ်ရှားစွာဖြင့် ကောင်းဖန်အခန်းတံခါးကို ခေါက်ကာ ၀င်လိုက်သည်ာ “သခင်လေး.. ဒါက ကျွန်တော့်သား ကျောင်းလေ့လာရေး သွားတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါ.. တစ်ချက်လောက် ကြည့်လိုက်ပါဦး..” ချန်းကျိသည် ကောင်းဖန်နောက်တွင် ဓာတ်ပုံကို ကြည့်ချင်လွန်း၍ လည်လိမ်နေသော ဖလိန်မီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ဖလိန်မီသည် ကောင်းဖန်လက်ထဲက ပုံများကို ကြည့်ပြီး တုံ့ဆိုင်းသွားသည်။
“ဒါက မင်းတို့မျိုးနွယ်၀င်တွေလား” ကောင်းဖန်က မေးလိုက်သည်။
“ဟုတ်တယ် မျိုးနွယ်၀င်ဟုတ်တယ်” ဖလိန်မီသည် စိတ်လှုပ်ရှားစွာဖြင့် အတောင်ပံကို ခတ်လိုက်သည်။ သူ၏ အမွှေးအတောင်များ လှုပ်ရှားနေသောကြောင့် အခန်းသည် နွေးသထက် နွေးလာသည်။
ထို့နောက် ကောင်းဖန်က ဖလိန်မီကို စိတ်အေးအေးထားဖို့ ပြောလိုက်တော့မှ အခန်းက ပြန်အေးသွားသည်။
“မင်းရဲ့ စိတ်ကို ထိန်းချုပ်စမ်းပါ.. မင်း လူတွေကို အရှင်လတ်လတ်တော့ မကင်ချင်ဘူးမလား”
သူတို့ရှေ့တွင် ရပ်နေသော ချန်းကျိက နဖူးမှ ချွေးကို တစ်ချက်သုတ်လိုက်သည်။ “ရပါတယ် သခင်လေး”
“ကျန်မိသားစုထဲမှာ နတ်ဘုရားအဆင့် မျက်လုံးနီမိကျောင်းကို ကိုယ်ပိုင်သားရဲအဖြစ် ပိုင်ဆိုင်ထားတဲ့ လေ့ကျင့်သူရှိလား” ကောင်းဖန်က မေးလိုက်သည်။ ချန်းကျိသည် ကျန်းနန်ဇာတိဖြစ်သောကြောင့် ထိုကိစ္စကို သိကောင်း သိနိုင်သည်။
“ကျန်မိသားစုရဲ့ ဒုတိယအသက်အကြီးဆုံး မိသားစု၀င် ကျန်ဝုလျန်မှာတော့ ရှိပါတယ်.. ကျန်းနန်မှာ ဒီအကြောင်းကို လူတိုင်း သိကြပါတယ်”
“ဟုတ်လား..” ကောင်းဖန်က ခေါင်းညိတ်ပြီး ရေရွတ်လိုက်သည်။ ထိုအချက်သည် ကျန်မိသားစုနှင့် ပတ်သက်သည့် လက်ရှိပြဿနာကို ဖြေရှင်းနိုင်မည့် သော့ချက် ဖြစ်နိုင်သည်ပင်။
“ကျန်ဝုလျန်ကို စာရေးပြီး စိန်ခေါ်ပေးပါ.. နောက် ၃ မြောက်ပိုင်း မြို့ပြင်မှာ သူနဲ့ တွေ့မယ်လို့” ကောင်းဖန်က ပြောလိုက်သည်။
“အမ်း.. ဟုတ်ကဲ့ပါ” ချန်းကျိသည် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း နည်းနည်းတော့ စိတ်လှုပ်ရှားသွားမိသည်။
ကျန်မိသားစုတွင် သူတို့၏ နတ်ဘုရားအဆင့် သားရဲ လေ့ကျင့်သူများကို ကောင်းကင်ကိုပင် ထိန်းချုပ်နိုင်သူများ ပမာ သတ်မှတ်ထားကြသည်။ ထို့ကြောင့် သူတို့ကို စိန်ခေါ်ခြင်းသည် ကျန်မိသားစု တစ်ခုလုံးကို တိုက်ပွဲခေါ်လိုက်သလို အဓိပ္ပါယ်ဖြစ်သည်။ ထိုအပြင် မိသားစု ၄ ခုလုံးသည် မဟာမိတ်များဖြစ်သောကြောင့် ကျိုး၊ စွန်း၊ လိ မိသားစုအားလုံးကို စိန်ခေါ်လိုက်သလိုပါ ဖြစ်သွားနိုင်သည်။
ကျန်းနန်အစိုးရသည်ပင် ထိုမိသားစုများကို လွှတ်ထားရသည်ဖြစ်သည်။ ထိုမိသားစုများသည် ကျန်းနန်ဒေသ၏ စီးပွားရေးအသက်သွေးကြောများ ဖြစ်နေသောကြောင့်လည်း ပါသည်။
“ပြီးတော့ ကျိုး၊ စွန်း၊ လိ မိသားစုတွေကိုလည်း ပန်းစည်းပို့ချင်တယ်.. သူတို့ကိုလည်း ဖိတ်ခေါ်စာ ပို့ပေးလိုက်”
ထိုမိသားစုများ မဟာမိတ်အဖြစ် ရှိနေကြခြင်းမှာ ပြည်နယ်အစိုးရထံမှ သူတို့၏ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံထားမှုများကို ကာကွယ်ချင်၍လည်း ပါသည်။ ထို့ကြောင့် သူတို့သည် အချင်းချင်း ရင်းနှီး၍ဟုလည်း မဆိုနိုင်ပေ။
“သူတို့ရဲ့ ပိုင်နက်ကနေ ကျန်မိသားစုကို ထုတ်ပြီး တောင်ပိုင်းကောင်းကင်က သူ့နေရာကို ၀င်ရမယ်.. ပြောရရင် ကစားပွဲမှာ ကစားသူစည်းမျဉ်းဆိုတာ ရှိမနေဘူးလေ” ကောင်းဖန်က ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်သည်။
ချန်းကျိက ကောင်းဖန်၏ စိန်ခေါ်စာကို ပို့လိုက်ပြီးနောက် အခြားမိသားစုများကိုလည်း ဖိတ်ခေါ်စာကို ပို့လိုက်သည်။
ထို့နောက် ကောင်းဖန်သည် ကျန်းနန်၏ မြို့တော်၀န် ဟဲ့ဝေထံသွားလိုက်သည်။ ထိုမြို့တော်၀န် ရုံးခန်းတွင် ဘာဖြစ်မလဲ မည်သူမှ မသိနိုင်ပါချေ။
ထို့နောက် ကျန်မိသားစုသည် ကောင်းဖန်၏ စိန်ခေါ်မှုကို ရရှိလိုက်သည်။
“တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို ဘယ်သူက သွားပြီး စော်ကားထားလို့လဲ.. ဘာလို့ ကျန်ဝုလျန်ကို သူတို့က စိန်ခေါ်တာလဲ” ကျန်မိသားစု၏ အဆင့်မြင့် မိသားစု၀င်များ စုဝေးနေသော အခန်းတွင် အတွေးများဖြင့် တိတ်ဆိတ်သွားသည်။
“ခေါင်းဆောင်. တခြားမိသားစု ၃ ခုကိုလည်း တောင်ပိုင်းကောင်းကင်က ဖိတ်ခေါ်စာပို့ထားတယ်လို့ ပြောပါတယ်.. သူတို့ကလည်း ဖိတ်ခေါ်မှုကို လက်ခံထားတယ်”
သူတို့အားလုံးသည် မကောင်းသည့် ခံစားချက်များဖြင့် မသက်မသာ ဖြစ်သွားကြသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၅၄ မျက်လုံးနီမိကျောင်းဘုရင်
“ဒါပေမယ့် ကျွန်တော် တို့က ကျန်းနန်ရဲ့ အကြီးဆုံး မိသားစုတွေလေ.. သူတို့က ဘာလို့ ဒီလို လုပ်ရတာလဲ” ကျန်မိသားစု၏ အနည်းငယ် ငယ်ရွယ်ပုံပေါက်သော မိသားစု၀င်တစ်ဦးက ပြောလိုက်သည်။
“သူတို့စိန်ခေါ်မှုကို ငြင်းလိုက်ရင် ရတာပဲ.. စာနဲ့ပဲ ရေးထားတာပဲဟာ”
“ဟုတ်တယ် လက်ခံစရာမလိုဘူးလေ” နောက်တစ်ယောက်က သက်ပြင်းတစ်ချက် ချကာ စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြောလိုက်သည်။
သူတို့သည် ကောင်းဖန်ကို နိုင်ခြင်း မနိုင်ခြင်းသည် အဓိက မဟုတ်ပေ။ ကောင်းဖန်နောက်တွင် အလွန်အရှိန်အဝါကြီးမားသော သူ့အဖိုး ရှိနေသည်။ ထို့ကြောင့် သူတို့သည် ပြိုင်ပွဲတွင် နိုင်ခဲ့လျှင်တောင် ကျီဟန့်ဝူ၏ အရှိန်အဝါအောက်တွင် အသက်ပင် ရှင်နိုင်ပါ့မလား မသေချာချေ။
ကျန်မိသားစု၀င်များအားလုံး ထိုကဲ့သို့ တွေးနေကြသည်။
“ကျွန်မတို့ စိန်ခေါ်မှုကို ငြင်းလိုက်လို့ မဖြစ်ဘူး” ကျန်မိသားစု၀င် အမျိုးသမီးတစ်ဦးက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ သူမသည်လည်း စိန်ခေါ်မှုကို ငြင်းချင်သော်လည်း ရှောင်လွှဲ၍ မဖြစ်နိုင်ပါချေ။
သူမသည် ကောင်းဖန်ကို မည်သို့မည်ပုံ ရင်ဆိုင်ရမည်ကို ပဟေဠိဖြစ်နေမိသည်။
သူက ငါတို့မိသားစုရဲ့ အနေအထားကိုများ ပစ်မှတ်ထားနေတာလား.. ကျန်ကျင်းယွမ်သည် တစ်ချက် အတွေး၀င်မိလိုက်သော်လည်း ပယ်ဖျက်လိုက်သည်။ တောင်ပိုင်းကောင်းကင်သည် နဂိုတည်းကပင် အောင်မြင်ပြီးသား ဖြစ်လေရာ သူတို့အနေအထားကို မျက်စိကျလာစရာ အကြောင်း မရှိပါချေ။
“ဟုတ်ပြီ ထားလိုက်တော့.. စိန်ခေါ်တာကို လက်ခံလိုက်ကြတာပေါ့.. ကျုပ် ကျန်ဝုလျန်က ဘယ်သူ ဘယ်သားရဲကိုမှ ကြောက်တဲ့သူမဟုတ်ဘူး.. သူ့အဖိုးကြောင့် ကြောက်နေကြတယ် ဆိုရင်လည်း သူတို့ကို မထိပဲ သားရဲကိုပဲ အနိုင်ယူပေးလိုက်မယ်” ကျန်ဝုလျန်က စားပွဲကိုတစ်ချက် ရိုက်ကာ ပြောလိုက်သည်။
ကျန်ဝုလျန်သည် အရပ်ရှည်ပြီး ထောင်ထောင်မောင်းမောင်း ရှိကာ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများထူထဲသော သွင်ပြင် ရှိသည်။ သူသည် မီးခိုးရောင် တရုတ်ရှေးခေတ် ၀တ်စုံကို ၀တ်ထားသောကြောင့် လွန်ခဲ့သော ဆယ်နှစ်က သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်လို ပုံစံ ဖြစ်နေသည်။
သူ၏ စရိုက်လက္ခဏာနှင့် ဖက်ရှင်အမြင်တို့သည် တူညီစွာ ရှေးရိုးဆန်နေကြသည်။
အမှန်တော့ သူသည် ကောင်းဖန်ကို ငယ်ရွယ်သူဆိုပြီး သိပ်လည်း အထင်မကြီးပါချေ။
သူသည် ကောင်းဖန်ကို ငယ်သေးသောကြောင့် သွေးဆူနေသော ကောင်လေးတစ်ယောက်ဟုပင် သဘောထားနေသည်။
အင်း.. ကပ်ဆိုးရဲ့ အကျိုးဆက်တွေပါလား.. လူငယ်လေးတွေက အလုပ်ထက် လေပဲကြီးနေကြတယ်.. သူ့ရဲ့ နာမည်ကတော့ အလန်းစားပဲ.. ကျန်ဝုလျန်က မုတ်ဆိတ်ကို ပွတ်ပြီး စဉ်းစားနေသည်။
ဒီငချွတ်လေးက ငါ့ကို အနိုင်ယူစရာအကြောင်း မရှိပါဘူး..
ကျန်ဝုလျန်သည် ကျန်မိသားစု၏ အဆင့်မြင့် မိသားစု၀င်တစ်ယောက် ဖြစ်သည်။ သူ့ထက် တစ်ဆင့်မြင့်သူမှာ သူ့အစ်မဖြစ်သူ ကျန်ကျင်းယွမ် ဖြစ်သည်။ သူသည် သူ့အစ်မကိုလည်း ဂရုတော့ သိပ်မစိုက်ပါချေ။
“သတင်းဖြန့်လိုက်ကြ.. ကျုပ် ကျန်ဝုလျန်က ကောင်းဖန်ရဲ့ စိန်ခေါ်မှုကို လက်ခံတယ်လို့.. ဒါပေမယ့် တိုက်ပွဲကို မြောက်ပိုင်းမဟုတ်ပဲ အနောက်ပိုင်းမှာ လုပ်မယ်လို့ ပြောလိုက်.. သူက စိန်ခေါ်ထားတာဆိုတော့ အနည်းဆုံး ကျုပ်ကိုတော့ တိုက်ပွဲနေရာကို ရွေးချယ်ခိုင်းရမှာပေါ့” ကျန်ဝုလျန်က ပြောလိုက်သည်။ ထို့နောက် သူသည် ၀တ်ရုံကို တစ်ချက်ပင့်တင် ခါရမ်းလိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။ ကျန်ခဲ့သူများကတော့ သူ့ကို တိတ်ဆိတ်စွာပင် ကြည့်ရင်းကျန်ခဲ့ကြသည်။
ကျန်မိသားစုတွင် နတ်ဘုရားအဆင့်သားရဲ လေ့ကျင့်သူ ၂ ယောက် ရှိသည်။ တစ်ယောက်က ကျန်ဝုလျန်ဖြစ်ပြီး နောက်တစ်ယောက်က ကျန်ကျင်းယွမ်၏ အကြီးဆုံးသားဖြစ်သူ ကျန်ရှောင်ယုဖြစ်သည်။
သူတို့ ၂ ယောက်လုံးသည် နတ်ဘုရားအဆင့် လေ့ကျင့်သူများ ဖြစ်သော်လည်း ကျန်ဝုလျန်သည် ကျန်ရှောင်ယုကို အတင်းနိုင်ထက်စီးနင်း လုပ်ခြင်း မရှိပါချေ။ သူ့ထက် ငယ်ရွယ်သောကြောင့်လည်း ဖြစ်သည်။
ကျန်ကျင်းယွမ်သည် မျက်မှောက်ကြုတ်လိုက်သည်။ သူမသည် သူမရှေ့မှ လက်ဖက်ရည် ပန်းကန်ကို တစ်ချက်ယူသောက်လိုက်သည်။ “သူက ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ သူ့ကို စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့”
အားလုံးအခန်းထဲမှ ထွက်သွားသောအခါ ကျန်ကျင်းယွမ်းသည် ကျန်ရှောင်ယုကို အဓိပွါယ်ပါပါကြည့်လိုက်ပြီး တစ်ချက်ခေါ်လိုက်သည်။ ထို့နောက် သူတို့၏ စံအိမ်မှ တိတ်ဆိတ်သော အနောက်ဘက်ခြံ၀င်းဆီသို့ လျှောက်လမ်းမှ တစ်ဆင့် ထွက်သွားလိုက်ကြသည်။
ကောင်းကင်သည် နက်မှောင်နေသည်။ ပုစဉ်းများသည် ရေကန်မျက်နှာပြင်မှ ကြာပန်းများပေါ်တွင် ခုန်ပျံကခုန်နေကြသည်။
“မင်းဦးလေးကတော့ အမြဲတမ်း ဇွတ်တရွတ်ပဲ.. သူက မင်းအဖိုးအသက်ရှင်စဉ်တုန်းကပဲ စကားနားထောင်ခဲ့တာ.. အခုတော့ သူမရှိတော့ဘူးဆိုတော့ မင်းဦးလေးကပဲ ဦးဆောင်နေတာပေါ့.. အမေ့စကားကိုတောင် တစ်ခါတလေ နားမထောင်တော့ဘူး.. သူ့ကို မိုက်မဲတာတွေ လုပ်မိမှာပဲ စိုးရိမ်မိတယ်” ကျန်ကျင်းယွမ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
ကျန်ရှောင်ယုသည် သူ့အမေနောက်မှ တိတ်ဆိတ်စွာ လျှောက်လာသည်။ “ဦးလေးက ကောင်းဖန်ကို ထိခိုက်အောင် လုပ်မိမှာ စိတ်ပူနေတာဆိုရင် အဲဒီလို မဖြစ်မှာ သေချာပါတယ်.. ကောင်းဖန်က ဦးလေးထက် အများကြီး ပိုတော်တယ်လေ”
သူ၏ ဦးလေးသည် ရှေးရိုးဆန်သူ ဖြစ်သောကြောင့် ကောင်းဖန်ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။ ကျန်ရှောင်ယုသည် နှစ်စဉ် သားရဲ အမဲလိုက်အဖွဲ့တွင် ပါ၀င်သူဖြစ်သောကြောင့် ကောင်းဖန်အကြောင်းကို ကောင်းကောင်း သိထားလေသည်။ သူသည် ကောင်းဖန်၏ နောက်ကြောင်းကိုလည်း စုံစမ်းထားဖူးသူ ဖြစ်သည်။ သူ၏ နတ်ဘုရားအဆင့်သားရဲသည် ပြီးပြည့်စုံအဆင့်ပင် ရောက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအဆင့်ကို အခုမှ စရောက်ထားတာ မဟုတ်ပေ။ ထို့အပြင် ကောင်းဖန်တွင် နတ်ဘုရားအဆင့် သားရဲမှာ တစ်ကောင်တည်း ရှိသည်လည်း မဟုတ်ပေ။ ကောင်းဖန်သည် လျှော့တွက်၍ ရသူမဟုတ်ပေ။
ထို့ကြောင့် သူနှင့် ယှဉ်တိုက်မည်ဆိုပါက သူ့ဦးလေးသည် သေချာပေါက် ရှူံးမည်ဖြစ်သည်။
ကျန်ရှောင်ယုသည် သူ၏ ရှာဖွေတွေ့ရှိချက်များ သုံးသပ်ချက်များကို မည်သူ့ကိုမှတော့ မပြောထားပါပေ။ သူသည် အစကတည်းက စကားနည်းသူဖြစ်သည်။
“မင်းဦးလေး ကောင်းဖန်ကို ထိခိုက်အောင် လုပ်မိမှာကို စိတ်ပူတာ မဟုတ်ပါဘူး.. သူရှူံးတဲ့ဒဏ်ကို မခံနိုင်မှာကိုပဲ စိတ်ပူတာပါ.. ရှောင်ယုရေ.. သူတို့တိုက်ပွဲကို သေချာလေး စောင့်ကြည့်ပေးပါနော်.. စိတ်လိုက်မာန်ပါ မလုပ်မိအောင် သေချာလေး ကြည့်ပေးလိုက်ပါ” ကျန်ကျင်းယွမ်က ခပ်တိုးတိုးပြောလိုက်သည်။
“အဆိုးထဲက အဆိုးဖြစ်လာရင် မင်းဦးလေးကိုပဲ ကယ်ပေးပါ.. ကောင်းဖန်နဲ့ ရင်မဆိုင်မိစေနဲ့.. ရှောင်ယုရေ.. သားက လိမ္မာတာအမေသိတယ်.. မင်းကိုပဲ ဒီကိစ္စမှာ အမေယုံကြည်တယ်”
“နားလည်ပါပြီ အမေ”
…
ကျန်ဝုလျန်သည် ကျန်မိသားစု စံအိမ်ကြီး၏ ဘေးတံခါးမှ ထွက်လာလိုက်သည်။ သူ၏ မျက်နှာသည် အနည်းငယ် ခက်ထန်နေသည်။
သူသည် ရှေးရိုးဆန်သူ ဖြစ်သော်လည်း အရူးတစ်ယောက်တော့ မဟုတ်ပေ။
သူသည် ကောင်းဖန်နှင့် ပတ်သက်သည့် အကြောင်းများကိုလည်း ကြားထားပြီး ဖြစ်သည်။ သူ့အဖိုး၏ အရှိန်အဝါဖြင့် ကောင်းဖန်သည် နာမည်တစ်ခု ရထားသူဖြစ်ကြောင်း သူကောင်းကောင်း သိထားသည်။
ကျန်ဝုလျန်သည် ရုတ်တရတ် မိကျောင်းဝိဉာဉ်ရွှံဗွက်တောသို့ ကျီဟန့်ဝူတစ်ယောက် နဂါးဖြူကြီး စီးကာ ဆင်းလာဖူးသည်ကို သတိရသွားသည်။
ထိုမြင်ကွင်းသည် ပြန်တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှသည်။
သူသည် မျက်လုံးနီမိကျောင်းနှင့် သွေးစာချုပ် ချုပ်ခဲ့နိုင်ခြင်းသည် ကျီဟန့်ဝူကျေးဇူးနှင့် မကင်းလှပေ။ ထိုစဉ်က သူသည် နတ်ဘုရားအဆင့် မီးအမျိုးအစား ကြိုးကြာတစ်ကောင်နှင့် တိုက်ခိုက်နေချိန်ဖြစ်သည်။ ထိုအချိန်တွင် နဂါးဖြူကြီး ရောက်လာသောကြောင့် မျက်လုံးနီမိကျောင်းဘုရင်က ကြောက်လန့်နေချိန် သူက ထိုအခွင့်အရေးကို အသုံးချကာ သွေးစာချုပ် ချုပ်ခဲ့ခြင်း ဖြစ်ပြီး ကြိုးကြာကို သတ်လိုက်နိုင်ခြင်း ဖြစ်သည်။
ယခုတော့ ကျီဟန့်ဝူသည် သူပိုင်ဆိုင်ရမည့် အရာကို ပြန်လည်ရယူရန် သူ့မြေးကို လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။
“ကျီဟန့်ဝူက မျက်လုံးနီ မိကျောင်းဘုရင်ကိုများ ပြန်ယူဖို့ လာတာလား..” ကျန်ဝုလျန်သည် ရေရွတ်လိုက်ရင်း နှလုံးသားသည်ပင် ခုန်ပေါက်သွားသည် ။
သူသည် မြို့အနောက်ဘက်ရှိ ရွှံဗွက်တော ရှိရာဆီသို့ကားမောင်း သွားလိုက်သည်။
ရွှံ့ဗွက်တောထဲတွင် ပေါင်းမြက်ပင်များ ထူထပ်စွာ ပေါက်ရောက်နေကြသည်။ ရေဗွက်ထဲတွင် အမြစ်တွယ်ထားသော သားရဲသစ်ပင်ကြီးများ၏ အကိုင်းအခက်များသည် ရေမျက်နှာပြင်တွင် ဖြန့်ကျက်နေကြသည်။ သစ်ကိုင်းကြီး တစ်ခုသည် သူ၏ ရှေ့ ရေမျက်နှာပြင်မှ ရုတ်တရတ် ပေါ်လာသည်။
ကျန်ဝုလျန်သည် ထိုအပေါ်သို့ တက်လိုက်ပြီး သစ်ကိုင်းကြီးသည် သူ့အား ရွှံဗွက်တော အလယ်ဗဟိုသို့ ခေါ်ဆောင်သွားလိုက်သည်။
ထိုနေရာအလယ်တွင် ကြီးမားသော အရာကြီးသည် ကျွန်းကြီးတစ်ခု သဖွယ် ရှိနေပြီး နေပူစာ လှုံနေသည်။
ထိုအရာကြီးသည် အနည်းဆုံး ပေ ၁၂၀ ရှည်လျားကာ သူ၏ အစိမ်းရင့်ရောင် အရေပြားကြီးသည် အမာရွတ်များဖြင့် ထူထပ်နေသည်။ သူ၏ ကြီးမားသော ခြေထောက်ကြီးများကို ရွှံ့ထဲတွင် စိမ်ထားသည်။ သူသည် ကျန်ဝုလျန်၏ မိကျောင်းသားရဲကြီးဖြစ်သည်။
သူသည် ကျောက်ရုပ်ကြီးသဖွယ် မလှုပ်မယှက်ဖြင့် နေပူစာလှုံနေခြင်း ဖြစ်သည်။
သူသည် ကျန်ဝုလျန်ရောက်လာပြီးသည့်တိုင် တစ်ချက်ပင် မလှုပ်ပေ။
“မင်းကို တစ်ယောက်ယောက်က စိန်ခေါ်ချင်လို့တဲ့” ကျန်ဝုလျန်က ပြောလိုက်သည်။
မိကျောင်းကြီးသည် မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။ ကျန်ဝုလျန်၏ စကားသည် သူ့အတွက် နေပူစာလှုံရတာလောက် အရေးပါပုံ မပေါ်ပေ။
ကျန်ဝုလျန်သည် မကျေမနပ် ဖြစ်သွားသည်။ သူသည် အရာအားလုံးက သူ့လက်အောက်တွင် ရှိနေသလို ဂုဏ်မောက်သူ ဖြစ်သော်လည်း သူ့ကိုယ်ပိုင်သားရဲက သူ့ကို လေ့ကျင့်သူတစ်ယောက် အဖြစ် လေးစားသမှု မရှိသည့် အချက်ကိုတော့ သူကိုယ်တိုင်သာ သိရှာလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၅၅ အုပ်စုလိုက်ဓာတ်ပုံ
ငါပြောတာ နားထောင်ပေးလို့ရမလား… ငါက မင်းရဲ့ လေ့ကျင့်သူလေ… မင်းသိပါတယ်…” ကျန်ဝုလျန်က အံကြိတ်ထားရင်း တောင်းပန်လိုက်သည်။ မိကျောင်းတစ်ကောင်ကို ဒဏ်ရာရနေတုန်း သွေးစာချုပ်အတင်းချုပ်ခိုင်းခဲ့တာက မလုပ်သင့်မှန်း သူသိသည်။ ဒါပေမယ့် အဲ့ဒါကြောင့်ပဲ ပြန်ပေးဆပ်တဲ့အနေနဲ့ သူလုပ်သင့်တာထက် ပိုလုပ်ပေးခဲ့ပြီးပြီဖြစ်သည်။
“မင်းကို လာစိန်ခေါ်နေတဲ့တစ်ယောက်ရှိတယ်… မနှစ်က မင်းတွေ့ခဲ့တဲ့ အဖြူရောင်နဂါးကို မှတ်မိလား… မင်းကို စိန်လာခေါ်တဲ့သူက အဲဒီနဂါးဖြူရဲ့ လေ့ကျင့်သူရဲ့ မြေးပဲ”
နေပူဆာလှုံနေသော မျက်လုံးနီ မိကျောင်းဘုရင်က နောက်ဆုံးတော့ မျက်လုံးတစ်လုံးကို ဖွင့်လိုက်သည်။ သူက ကျန်ဝုလျန်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။ သူတို့ရဲ့ သွေးစာချုပ်ကတဆင့် သူ့ခေါင်းထဲတွင် ခပ်တိုးတိုးမြည်ဟည်းသံဖြင့် ပြည့်သွားသည်။
“နဂါးဖြူက ငါ့က စိန်လာခေါ်တာလား”
“မဟုတ်ဘူး လမ်းလျှောက်နေတဲ့ အရိုးစုတစ်ကောင်ထင်တယ်”
မိကျောင်းက မျက်လုံးပြန်ပိတ်သွားသည်။
“နဂါးဖြူ နောက်ဆုံးဒီကိုလာတုန်းက သူဘာလုပ်ခဲ့တာလဲ… သူက ကြိုးကြာရဲ့အလောင်းကိုတောင် မယူသွားခဲ့ဘူး” ကျန်ဝုလျန်က သူ့ခေါင်းထဲမှာ သိချင်နေတာ ကြာလှပြီဖြစ်သောမေးခွန်းကို မေးလိုက်သည်။
“သူက အမွှေးမရှိတဲ့ ကြိုးကြာပေါက်စလေးကို ယူသွားခဲ့တယ်” မိကျောင်းက ပြန်ဖြေသည်။
ခပ်ရှူံ့ရှူံ့ ကြိုးကြာပေါက်စလေးက သူ့ရဲ့အချိန်တွေ အာရုံစိုက်မှုတွေပေးရလာက်အောင် မတန်ဘူး။ သူသတ်လိုက်တဲ့ ကြိုးကြာအမေကြီးရဲ့ကလေးပေါက်စလေးကို ဘာများကြောက်စရာရှိမှာလဲ။
ကျန်ဝုလျန် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး လန့်သွားသည်။ ကောင်းဖန်တွင် ကြိုးကြာလို သားရဲတစ်ကောင်ရှိတာ သူမှတ်မိသည်။ ကျန်ဝုလျန်က ဖြစ်လာမယ့် စီးချင်းထိုးပွဲအတွက် သူသိထားသမျှကို မိကျောင်းအား ပြောပြခဲ့သည်။ “သူ့ရဲ့ သားရဲတွေကို မသတ်ပစ်နဲ့… မင်းသူတို့ကို အညံ့ခံအောင် အနိုင်ယူလိုက်နိုင်ရင် ရပြီ”
ကျန်ဝုလျန်က မိကျောင်း သူ့စကာားနားမထောင်ပဲ ကောင်းဖန်၏သားရဲများကို သတ်ပစ်လိုက်မည်ကို စိုးရိမ်နေမိသေးသည်။ အဲလိုသာဆို ဘယ်လိုဆက်ဖြစ်မလဲဆိုတာတွေးမိပြီး သူတွန့်သွားသည်။
တိုက်ပွဲမစခင် တစ်ရက်အချိန်ကျန်သေးသည်။ ချန်ကျိ ထိုက်ရေကန်ကိုအကြောင်း ပြောတာကြားပြီး ကောင်းဖန် ရုတ်တရတ် ထိုသို့သွားချင်လာသည်။ အဲဒီကိုတစ်ခါလောက်မှ မသွားလိုက်ရဘူးဆိုရင် ခရီးထွက်လာတာ အလကားပင်ဖြစ်သည်။
ရေကန်ရဲ့ကြည်လင်သောရေက နေရောင်အောက်တွင် တောက်ပနေသည်။ ကောင်းကင်တွင် တိမ်တမျှင်မှ မရှိပေ။ ထိုက်ရေကန်က ကျင်းနန်ကို ပထမဆုံးရောက်ဖူးးသူတိုင်း သွားရောက်လည်ပတ်သင့်သည့် နေရာဖြစ်သည်။ သမိုင်းကြောင်းတွေ ၊ ဒဏ္ဍာရီတွေနဲ့ပြည့်နေသော ဆန်းကျယ်သည့်နေရာဖြစ်သည်။
အရင်ခေတ်ထဲက ကျင်းနန်က ကုန်းမြေဒေသ အတော်ကြီးကြီးကို ပိုင်ဆိုင်ထားသည်။ ကမ္ဘာပျက်ကပ်စထဲက ထိုက်ရေကန်ရှိရာ ဂူဆူဒေသနဲ့ တခြား ကြီးမားသောမြို့ကြီးများပေါင်းပြီး အဓိကကျင်းနန်မြို့တော်ဖြစ်လာသည်။ ထိုက်ရေကန်က ကျင်းနန်နဲ့ဆက်နေသည်။ ဟွာရှားဒေသတွင်းတွင် စတုတ္ထအကြီးဆုံးရေကန်ဖြစ်ပြီး တတိယအကြီးဆုံး ရေချိုကန်ဖြစ်သည်။
ကမ္ဘာပျက်ကပ်စပြီးထဲက ရေကန်က ပိုကျယ်လာပြီး သမုဒ္ဓရာအဖြစ်ပြောင်းလဲသွားသည်။ တချို့က ထိုက်သမုဒ္ဓရာဟုပင် နာမည်ပြောင်ပေးကြသည်။ ထိုက်ရေကန်နဲ့ ကျင်းနန်ကိုဆက်ထားသော နေရာက အနောက်မြောက်တွင် ကြီးမားသော စိမ့်မြေအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။ မိကျောင်းဝိဉာဉ်စိမ့်မြေက ဒီစိမ့်မြေ၏ အနောက်ဖက်ဆုံးအပိုင်းတွင် တည်ရှိသည်။
ကောင်းဖန် ထိုက်ရေကန်နဲ့ ကျင်းနန်ကြားက ရေကာတာဆီရောက်ရှိခဲ့သည်။ ရေကာတာက ရေမျက်နှာပြင် အထက် အနည်းဆုံးပေ ၁၀၀ လောက်တွင် တည်ဆောက်ထားသည်။ ရေကာတာအနီးတွင် စီးပွားရေးနယ်မြေ တစ်ခု တည်ထောင်ထားသည်။
“ဘာလို့ ဘယ်သူမှ ခေါက်ဆွဲငါးလေးတွေ မရောင်းကြတော့တာလဲ… အဲဒါက ထိုက်ရေကန်ရဲ့အထူးထုတ်ကုန် အစားအစာလို့ ငါက ထင်နေတာ” ကောင်းဖန်ကပြောသည်။
ခေါက်ဆွဲငါးများ ဒေသစားစရာအနေနဲ့ နာမည်ကြီးရခြင်းမှာ အရသာရှိသောကြောင့်ဖြစ်သည်။ ငါးတွေက အသားပြည့်ပြီး အာဟာရဓာတ်အပြည့်ပါသည်။ အကြေးခွံမပါသောကြောင့် တခြားငါးတွေလို အနံ့လည်း မပြင်းချေ။
“ခေါက်ဆွဲငါးတွေကို အခု ထိုက်ရေကန်မှာ တားမြစ်ထားတယ်” အနီးရှိ ဧည့်လမ်းညွှန်က ပြောသည်။
“နှမြောစရာပဲ…”ကောင်းဖန်က ပြောလိုက်သည်။
“ခေါက်ဆွဲငါးမင်းသားက ထိုက်ရေကန်မှာပေါ်လာပြီး ကန်ထဲမှာနေတဲ့ တခြားသားရဲတွေကို ကျင်းနန်မြို့ကို မတိုက်ခိုက်နိုင်အောင် ခြောက်ထုတ် လိုက်တယ်လေ… ကျွန်တော်တို့ ခေါက်ဆွဲငါးမဟုတ်တဲ့ တခြားသားရဲတွေကိုပဲ မြှားဖို့ခွင့်ပြုထားတယ်”
ကောင်းဖန်က အထင်ကြီးသွားပြီး ခေါင်းညိမ့်လိုက်သည်။ ခေါက်ဆွဲငါးမင်းသားက လူတွေအား တခြားသားရဲတွေကို ကန်ထဲကနေ မြှားခိုင်းပြီး ခေါက်ဆွဲငါးတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးလိုက်သည်။
ရုတ်တရတ် ရေကန်ထဲတွင် လှုပ်ရှားသွားသည်။ ၁၃ ပေရှည်သည့် အသားပြည့်ပြည့်ငါးတစ်ကောင် ရေကန် မျက်နှာပြင်သို့ပေါ်လာပြီး ကောင်းဖန်ဆီသို့ ရေပူစီပေါင်းများမှုတ်ထုတ်လိုက်သည်။ ဧည့်လမ်းညွှန်က အိတ်ကပ်ထဲက ငါးစာတချို့ထုတ်ယူလိုက်ပြီး ရေကန်သို့ ကြဲချလိုက်သည်။ ငါးကြီးက လောဘတကြီး လိုက်စားနေသည်။
ကောင်းဖန်က ရေထဲက ငါးဖြူကြီးကိုတွေ့ပြီး အံ့သြသွားသည်။ “ခဏကြာတော့မှ အဲ့ဒါက ခေါက်ဆွဲငါးလား”
“ဟုတ်တယ်… ဒီခေါက်ဆွဲငါးတွေက သူတို့ကို အန္တရာယ်မပြုဘူးဆိုတာ သိတော့ ရေပေါ်တတ်လာပြီး ဧည့်သည်တွေဆီက အစားတောင်းတတ်ကြတယ်” ဧည့်လမ်းညွှန်ကပြုံးရင်းပြောသည်။
ကောင်းဖန် အသံတိတ်သွားသည်။
ခေါက်ဆွဲလို မျှင်မျှင်သွယ်သွယ်လေးဖြစ်နေလို့ ခေါက်ဆွဲငါးလို့ခေါ်တာမဟုတ်ဘူးလား။ ရေထဲက ကောင်က ဘာတုန်း။
ကောင်းဖန်က သူ့ရဲ့ဒေတာဖရိန်ကနေ ထိုခေါ်က်ဆွဲငါး၏ အချက်အလက်များကို ကြည့်လိုက်ပြီးပြီဖြစ်သည်။ သူရေထဲကအရာကို ဆက်တိုက်စိုက်ကြည့်နေရင် မျက်လုံးတွေ ကျိန်းစပ်လာသည်။ သူရုတ်တရတ် ဖလိန်မီက ဘယ်လောက်တောင် ပိန်သွယ်လဲဆိုတာ သဘောပေါက်သွားသည်။
“ခေါက်ဆွဲငါးတွေ အကုန်လုံး ဒီလောက်ကြီးကြတာလား” ကောင်းဖန်က ရေထဲက ခေါက်ဆွဲငါးကို ထိုးပြရင်း ပြောသည်။
“မဟုတ်ပါဘူး… ဒီကောင်လေးပဲ… ကျွန်တော်တို့တော်တော်များများ သူ့ကိုမှတ်မိနေကြပြီ” ဧည့်လမ်းညွှန်က ပြောသည်။ “တခြားခေါက်ဆွဲငါးတွေက အစာတောင်းဖို့ တခါတလေမှ ရေပေါ်တတ်လာတာ… ဒီကောင်ကတော့ တစ်နေ့ကို ၂၄နာရီ ကမ်းခြေနားပဲနေတယ်… တစ်ယောက်ယောက်လာတာတွေ့တာနဲ့ ကမ်းခြေကို ကူးလာပြီး အစာလာတောင်းတော့တာပဲ”
ဧည့်လမ်းညွှန်ကျဲချလိုက်သော ငါးစာက ခေါက်ဆွဲငါးလက်ချက်နဲ့ လုံးဝကို ပြောင်စင်သွားပြီဖြစ်သည်။ သူက ကောင်းဖန်ကို ရေထဲကနေ ပန်းကန်းပြားလို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေသည်။ သူ့ခေါင်းကြီးက ခါးထက်ပင်ကြီးသေးသည်။ သူခန္ဓာကိုယ် ဝဝကြီးက ကောင်းဖန်ကို ရေပုံးအား သတိရမိစေသည်။ သူ့အမြီးက လူလက်ဝါးတစ်ခုစာလောက်သာ အကျယ်ရှိသည်။ သူ့ကြည့်ရတာ ခပ်တုံးတုံးအအပုံပေါက်နေသည်။
[သားရဲအမည်] - ထိုက်ရေကန် ခေါက်ဆွဲငါး (အဝလွန်)
[သားရဲအဆင့်] - အဆင့် ၁၁
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအမျိုးအစား] - ရေခဲ
[သားရဲအခြေအနေ] - ကျန်းမာရေး သိပ်မကောင်း (အစားများ)
[တိုးတက်ပြောင်းလဲခြင်း လမ်းစဥ်] ၁။ ရေခဲအမျိုးအစား တိုးတက်ပြောင်းလဲခြင်း (ထိုက်ရေကန် ခေါက်ဆွဲငါးဘုရင်) ၂။ မီးအမျိုးအစား တိုးတက်ပြောင်းလဲခြင်း (ရေခဲမီး သန္တာကျောက်တန်းငါး) ၃။ နဂါးသွေး တိုးတက်ပြောင်းလဲခြင်း (ခေါက်ဆွဲငါး နဂါး)
ဒါတွေက ထိုက်ရေကန်ခေါက်ဆွဲငါး၏ အခြေအနေတွေဖြစ်သည်။ သူ့ကို ကြည့်ရတာ လွယ်လွယ်နဲ့ အထင်ကြီး တတ်မည့်ပုံမပေါ်။ ဒီလို ခေါက်ဆွဲငါးကြီးကို ဘယ်လိုသတ္တဝါမျိူးက ကြောက်လန့်အောင်လုပ်နိုင်မလဲ ကောင်းဖန် မစဥ်းစားတတ်ချေ။
ရေကန်ကို ခဏလောက်ပတ်လျှောက်ပြီးနောက် ကောင်းဖန်က သူ့ဖုန်းကိုထုတ်၍ ဧည့်လမ်းညွှန်ကိုပေးလိုက်ပြီး သူ့သားရဲများနဲ့ ပုံတချို့လောက်ရိုက်ပေးဖို့ တောင်းဆိုလိုက်သည်။ ဂိုဒီက ဧည့်လမ်းညွှန့်ရဲ့ ပုခုံးကိုတို့ပြီး အဓိပ္ပါယ် ပါပါ ခေါင်းညိမ့်ပြသည်။ ဧည့်လမ်းညွှန်က လက်မထောင်ပြရင်း “ကောင်းပါပြီး မင်း လှအောင်သေချာလေးရိုက်ပေးမယ်”
ဂိုဒီက ဧည့်လမ်းညွှန်ကို ပြုံးပြပြီး တင်ပါးကို ရိုက်လိုက်သည်။ ဧည့်လမ်းညွှန်က သူ့ကို ဘာပြောရမှန်းမသိစွာ စိုက်ကြည့်လိုက်သည်။
ကောင်းဖန်က အဖွဲ့၏ အရှေ့တွင် မတ်တပ်ရပ်ပြီး ဆစ်လီက သူ့ပုခုံးပေါ်လျောပြီးနေလိုက်သည်။ ဒန်ဘီက လက်ပိုက်ထားရင် ကောင်းဖန်နောက်တွင်ရပ်သည်။ သူက ကင်မရာကို အမူအရာမဲ့စွာ စိုက်ကြည့်နေသည်။ ဂီုဒီက ဒန်ဘီ့ဘေးတွေ ခြေဖျားထောက်ပြီးရပ်နေသည်။ တာ့ဇီက သူတို့ ပုခုံးများကို ရစ်ပတ်ထားပြီး သူတို့ကြားတွင် တွဲလောင်းဖြစ်နေသည်။ နောက်ဖက်တွင် ဖလိန်မီရပ်နေပီး လည်ပင်းကိုလေထဲမော့ထား၍ ကင်မရာကို ငုံ့ကြည့်နေသည်။
ဓာတ်ပုံရိုက်လိုက်ပြီးနောက် ကောင်းဖန်၏ဖုန်းထဲတွင် သိမ်းထားလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၅၆ သတ်ဖြတ်ခြင်း နည်းလမ်းများ
မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်မှတ်ထားသည့် တိုက်ပွဲရက်က ရောက်ရှိလာသည်။
ကောင်းဖန်သည် ကျန်ဝုလျန်၏ တိုက်ခိုက်သည့်နေရာ အပြောင်းအလဲ တောင်းဆိုချက်ကို သဘောတူလိုက်သည်။ သူသည် ကျန်ဝုလျန်၏ တောင်းဆိုချက်မှာ သူ၏ သားရဲ၏ နယ်မြေကို ခေါ်ချင်၍ ဖြစ်ကြောင်းကောင်းကောင်း သဘောပေါက်လိုက်သည်။
မိကျောင်းများသည် ရေတိမ်ပိုင်းများဖြစ်သည့် စိမ့်မြေများ၊ မြစ် ချောင်း အင်း အိုင်များတွင်သာ တိုက်ခိုက်ရေးတွင် အားသာတတ်သည်ပင်။
မိကျောင်းများသည် ကုန်းနေရေနေ သတ္တဝါများဖြစ်သော်လည်း ကုန်းမြေသည် သူတို့အတွက် တိုက်ခိုက်မှု အပြည့်အ၀ကို မပေးစွမ်းနိုင်ချေ။
သို့သော် သရဖူနီကြိုးကြာကလည်း မိကျောင်းများကဲ့သို့ စိမ့်မြေများတွင် နေလေ့ရှိသော တိရိစ္ဆာန် ဖြစ်သည်။ ပို၍ အရေးကြီးသည်က ဖလိန်မီသည် ပျံလည်း ပျံသန်းနိုင်သည်။ ထို့ကြောင့် တစ်ခုခုဆိုလျှင် ပျံသန်းလိုက်ဖို့ အားသာချက် ရှိသည်။
မမျှော်လင့်စွာပင် ကျန်ဝုလျန်သည် ရေများ မြက်များနှင့် ရေတိမ်ပိုင်းနေရာများ ကျယ်ပြန့်များပြားစွာ ရှိသည့်နေရာကို ရွေးချယ်ထားမိသည်။
သူတို့၏တိုက်ခိုက်မှုကို စောင့်ကြည့်မည့် ဧည့်ပရိသတ်များစွာကတော့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့ထဲမှ အများစုသည် အဖိတ်ခံထားရသော မဟာမိတ် မိသားစု၀င်များ ဖြစ်ကြသည်။
ကောင်းဖန်သည် တကယ်တော့ ထိုကိစ္စကို လူသိရှင်ကြား မဖြစ်စေချင်ပါချေ။ ကျန်မိသားစု၏ အရှိန်အဝါလည်း ရှိနေသေးသည် မဟုတ်ပါလား။
သို့သော် လူအများကတော့ မိသားစု၀င်တွင်းမှ ဖြစ်သောကြောင့် သတင်းပျံ့နှံ့ခြင်းတော့ မဖြစ်နိုင်ပါချေ။ သီးသန့်တိုက်ခိုက်ပွဲလို ဖြစ်နေသည်။
စိမ့်မြေ၏ တစ်ဖက်ခြမ်းတွင် စိမ်းပြာရောင် မိကျောင်းကြီးနှင့် အရွယ်အစား အတူတူလောက် ရှိသည့် မိကျောင်းကြီး တစ်ကောင် ငြိမ်သက်စွာ ရှိနေသည်။ သို့သော် သူ့ပုံစံကတော့ အနည်းငယ် ကွဲပြားမှု ရှိသည်။
စိမ့်မြေဧာ် မျက်လုံးနီ မိကျောင်းဘုရင်သည် အနည်းငယ် ပိုရှည်ပြီး နောက်ကျောမှ အကြေးခွံများတွင် အစိမ်းရောင် အညှိများတက်နေသည်။ သူ၏ ကြမ်းတမ်းသော အရေပြားသည် အစိမ်းရင့်ရောင် ဖြစ်နေပြီး သူ၏ ခြေလက်များကတော့ အနည်းငယ် ဖျော့သည်။ သူ၏ ခြေချောင်းများသည် နှင်းများလို ဖြူစွတ်လာပြီး ထိပ်ပိုင်းမှ အရေခွံကတော့ ထူထဲပြီး မာကျောလှသည်။
သူ့မျက်လုံးတစ်ဝိုက်တွင် အနီရောင်အရိပ်များ ဖြစ်ပေါ်နေလေရာ စိမ့်မြေမိကျောင်းဘုရင်၏ မျက်လုံးများသည် သွေးဆာနေသကဲ့သို့ ဖြစ်နေသည်။
သူ၏ မျက်လုံးများသည် ချွန်ထက်သော ဓားသွားများကဲ့သို့ ဖြစ်နေပြီး ဖလိန်မီ၏ နှလုံးသားကို ထိုးစိုက်လိုက်တော့မည့် အသွင် ရှိနေသည်။
ဖလိန်မီကတော့ မိကျောင်းကို မြင်လိုက်သည်နှင့် ခံစားချက်များ မတည်မငြိမ် ဖြစ်လာသည်။
ဂိုဒီသည် ဖလိန်မီကို စိုးရိမ်စွာ ကြည့်လိုက်သည်။ “ဒီကောင့်ကို ချေမှုန်းဖို့ ငါကူညီပေးရမလား”
“ရတယ်.. ငါ့ဘာသာ ရင်ဆိုင်မယ်” ဖလိန်မီသည် အမုန်းတရားများနှင့် ပြည့်၀နေသော အသံဖြင့် ပြန်ပြောလိုက်သည်။
မိကျောင်းသည် ဖလိန်မီကို ထူးဆန်းစွာ ကြည့်နေမိသည်။ ထိုကြိုးကြာကို ကြည့်ပြီး သူသည် တစ်နေရာမှာ မြင်ဖူးသလို ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် သူသည် ခြေတစ်ဖက် ကြိုးကြာကို ဘယ်မှာမြင်ဖူးခဲ့လဲ စဉ်းစားလို့ မရပါချေ။
ရုတ်တရတ် မိကျောင်းသည် တစ်ခုခုကို တွေးမိသွားသည်။ သူသည် မျက်လုံးတစ်ချက် မှေးစင်းလိုက်သည်။
ကျန်ဝုလျန်သည် ကောင်းဖန်၏ သန့်ရှင်းသပ်ရပ်သော ၀တ်စုံကို ကြည့်ကာ အသံကျယ်ဖြင့် အော်ပြောလိုက်သည်။ “ကျုပ်တို့ ပထမဆုံး တွေ့ဖူးတာ ထင်တယ်”
“ဟုတ်တယ် ပထမဆုံးတွေ့တာပါ”
“တကယ်တော့ ကျုပ်တို့ ဒီတိုက်ပွဲကို ငြင်းဖို့ လုပ်ခဲ့သေးတယ်” ကျန်ဝုလျန်က ရိုးသားစွာ ပြောလိုက်သည်။
“ကျုပ်နဲ့မဆိုင်ပါဘူး.. ကျုပ်ရဲ့ ကိုယ်ပိုင်သားရဲနဲ့ပဲ ဆိုင်တာ” ကောင်းဖန်က ဖလိန်မီကို ညွှန်ပြလိုက်သည်။
“ဒါပေမယ့် မင်းက သားရဲလေ့ကျင့်သူလေ.. မင်းရဲ့ ကိုယ်ပိုင်သားရဲတွေကို ဂရုတစိုက် ထားဖို့ တာ၀န်ရှိတာပေါ့” ကျန်ဝုလျန်သည် မစတင်မီကပင် အရေးနိမ့်နေသလို ဖြစ်နေသောကြောင့် ဖျောင်းဖျချင်သလိုလို ရှိနေသည်။
“ဒါပေမယ့် ကျုပ်တို့ကြားမှာတော့ အမုန်းတရား မရှိတာကို သိထားစေချင်တယ်” ကျန်ဝုလျန်သည် ကောင်းဖန်နှင့် ပဋိပက္ခမဖြစ်ရဖို့အရေး အစွမ်းကုန် ကြိုးစားနေသည်။
“မိဘတွေ အသတ်ခံထားရတာတောင် ခင်ဗျားက စိတ်သဘောထားကြီးမားပြီး အမုန်းတရားကို ဘေးဖယ် ရန်သူကို ခွင့်လွှတ်နိုင်တယ်ပေါ့.. ခင်ဗျားလုပ်နိုင်ရင်တောင် ကျုပ်ကတော့ မလုပ်နိုင်ဘူး” ကောင်းဖန်က ပြောလိုက်သည်။
ကျန်ဝုလျန်သည် ဘာမှ ဆက်မပြောတော့ပေ။ သို့သော် စိတ်ထဲကတော့ ငါလည်း မလုပ်နိုင်ပါဘူး ဟုပြောလိုက်သည်။
ကောင်းဖန်သည် ဖလိန်မီ၏ နူးညံ့သော အမွှေးအတောင်များကို ထိလိုက်သည်။ ဒီတိုက်ပွဲမှာ မင်းကိုငါ မနှောင့်ယှက်ပါဘူး.. မင်းတို့ကြားထဲက ကိစ္စပါပဲ”
ကျန်ဝုလျန်သည် ထိုစကားကို ကြားပြီး ကြက်သေသေသွားသည်။
မိသားစု ၄ စုလုံးနှင့် မဟာမိတ်အစိုးရအဖွဲ့သည်ပင် အံ့ဩသွားကြသည်။
အရိုးစုကောင်နဲ့ တိုက်မှာ မဟုတ်ဘူးလား..
ကောင်းဖန်၏ နာမည်အကြီးဆုံး ကိုယ်ပိုင်သားရဲမှာ အရိုးစုဖုတ်ကောင် ဖြစ်သည်။ သူသည် ထိုသားရဲ၏ အကူအညီဖြင့် “မသေခြင်း၏ သဘာ၀ဘေးကပ်ဆိုး” ဟူသော နာမည်ပြောင်ကိုပင် ရထားသေးသည်။
ထို့ကြောင့် ထိုကဲ့သို့ တစ်ဦးချင်း တိုက်ပွဲတွင် သူ၏ အသန်မာဆုံး ကိုယ်ပိုင်သားရဲနှင့် တိုက်ခိုက်မည်ဟု အားလုံးက ထင်နေကြခြင်း ဖြစ်သည်။
အားလုံးထဲတွင် ကျန်ဝူလျန်သည် အအံ့ဩဆုံး ဖြစ်နေသည်။ သူ၏ အတွေးသာ မှန်ပါက ဖလိန်မီသည် ငယ်ငယ်က ယူဆောင်သွားခံခဲ့ရသော ကြိုးကြာပေါက်လေး ဖြစ်နိုင်သည်။ ပုံစံအနည်းငယ် ပြောင်းလဲသွားသော်လည်း အနည်းငယ် ဆင်တူသောပုံစံလည်း ရှိနေသည်ပင်။
သို့သော် ထိုကြိုးကြာသည် တစ်နှစ်အရွယ်သာ ရှိသေးမည် ဖြစ်သည်။ ဒီကောင်ရူးသွားတာလား..
ကြိုးကြာသည် ကောင်းကင်သို့ ပျံတက်လိုက်သည်။
ဖလိန်မီသည် နေရာတိုင်းသို့ မီးတောက်များကို ပစ်လွှတ်နေပြီး ပြင်းထန်သော မီးတောက်များသည် နေရာတိုင်းပေါ် ကျရောက်နေသည်။ ထိုအခါ ရေနေအပင်များက မီးတောက်များကို ဖုံးအုပ်သွားပြီး ပြာများအဖြစ် ပြောင်းလဲသွားကြသည်။
ရေမျက်နှာပြင်တွင်ပင် မီးတောက်များ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် မီးတောက်ကြိုးဝိုင်းသည် စိမ့်မြေပတ်လည်တွင် တောက်လောင်နေပြီး မီးပေါက်သံများ ထွက်ပေါ်နေသည်။
အနီရောင် နတ်ဘုရားအဆင့်သားရဲကြီး၏ စွမ်းအင်များသည် ဖလိန်မီအောက်ဘက်မှ ထွက်ပေါ်နေသည်။ ထိုစွမ်းအင်များသည် အားလုံး၏ မျက်လုံးထဲတွင် တောက်ပနေသည်။
“နတ်.. နတ်ဘုရားအဆင့်သားရဲ” တစ်စုံတစ်ယောက်သည် ထအော်လိုက်သည်။
နတ်ဘုရားအဆင့်သားရဲသည် ရှားပါးသော်လည်း သူတို့သည် ထိုအရာကြောင့် အံ့ဩသွားကြခြင်း မဟုတ်ပေ။ ကောင်းဖန်တွင် နတ်ဘုရားအဆင့်သားရဲမှာ အရိုးစုနှင့် ဘဲကြီးအပြင် ကြိုးကြာပါ ထပ်ရှိနေခြင်းကြောင့် ဖြစ်သည်။
ထိုကြိုးကြာသည် သူ၏ တတိယမြောက် ကိုယ်ပိုင်သားရဲ ဖြစ်သည်။
ထိုသူများသည် မနာလိုပင် ဖြစ်နေကြသည်။
ထိုမနာလိုစိတ်က ကောင်းဖန်နှင့် သူတို့ကို ခွဲခြားထားခြင်း ဖြစ်သည်။
ကျန်ဝုလျန်သည် ထိုကြိုးကြာကို နတ်ဘုရားအဆင့် ရောက်သွားပြီဟု မထင်ခဲ့ချေ။ သူသည် ထင်ခဲ့မိလျှင်တောင် အများဆုံးတော့ ယခုမှ နတ်ဘုရားအဆင့် စရောက်တာဟု တွေးခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူသည် နောက်ပြန်လှည့်၍ မရတော့ပါချေ။ သူသည် နှလုံးခုန်များပင် မြန်ဆန်လာသည်။ သူသည် မိကျောင်းကြီးကို တစ်ချက်လှည့်ကြည့်လိုက်သည်။
မိကျောင်းကြီးကလည်း စိတ်၀င်စားနေပုံပေါ်သည်။ သူသည် မတ်တပ်ရပ်လိုက်ကာ ပါးစပ်ကြီးကို ဟရင်း ရေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထို့နောက် သူသည် ရေများကို လျှောတိုက်စီးရင်း သူ့ကိုယ်သူ မော်တော်ဘုတ်ကြီးလိုအသွင်ယူကာ ဖလိန်မီထံ တစ်ဟုန်ထိုး ၀င်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့ဘေးပတ်ပတ်လည်မှ ရေများသည် စိမ့်မြေမှ ပျံတက်လာကာ မိကျောင်းကြီး၏ ကိုယ်ပေါ် ကျဆင်းသွားသည်။ ထို့နောက် သူ၏ အရေပြားကို ဒိုင်းသဖွယ် ကာကွယ်ပေးလိုက်သည်။
မိကျောင်းကြီးသည် အချိန်မဆိုင်းပဲ အရှေ့ကို ဦးတည်လိုက်ကာ သူ၏ ကြီးမားသော အမြီးကြီးကို လွှဲလိုက်သည်။ ကြီးမားသန်မာသော အမြီးကြီးသည် အလွန်အားပြင်းသောကြောင့် အပင်များသည် မြေကြီးမှပင် ကျွတ်ထွက်ကုန်ကြသည်။ မြေကြီးများပါ ထွက်လာပြီး ရေများသည် လှိုင်းများ ရိုက်ခတ်နေသည်။ သန်မာသော ရှေ့ခြေကြီးများသည် မြေကြီးကို ကြီးမားသော သံမှိုကြီးများသဖွယ် အမြစ်တွယ်ထားသည်။ သူသည် ထိုသို့အမြစ်တွယ်ပြီး အမြီးကြီးကို ပြန်ရုတ်လိုက်သည်။
သူသည်အမြီးကြီးကို ပြန်ရုတ်လိုက်ပြီးနောက် ခေါင်းကို မော့လိုက်ကာ ပါးစပ်ကြီးကို ဟ၍ သူ့အပေါ်တွင် ပျံနေသော ဖလိန်မီကို စုပ်ယူလိုက်သည်။
ကြီးမားသော အမည်းရောင်ပါးစပ်ကြသည် အမည်းရောင် တွင်းပေါက်ကြီလို ဖြစ်နေသည်။ ကြီးမားသော စုပ်အားကြီးသည် အရာအားလုံးကို အောက်သို့ ကြောက်မက်ဖွယ် ဆွဲချနေသည်။ ပတ်ပတ်လည်မှ လေများသည် သူ၏ လည်ချောင်းတွင်းသို့ စုပ်ယူခံလိုက်ရသောကြောင့် ဖလိန်မီသည် အောက်သို့ ထိုးကျသွားသည်။
ထိုအချိန်တွင် ကြီးမားသော အမြီးကြီးက ဖလိန်မီကို ဘေ့စ်ဘောသဖွယ် ရိုက်ချလိုက်ဖို့ အသင့်လွှဲလိုက်သည်။
သို့သော် ကြီးမားသော မီးတောက်ကြီးက ဖလိန်မီရှေ့တွင် ထွက်ပေါ်လာပြီး ပေါက်ကွဲသွားသည်။
ပေါက်ကွဲသွားသေယ မီးတောက်များသည် လွှဲလာနေသော အမြီးကြီးကို တည့်တည့်ထိသွားသည်။ ထိုအရာ ၂ ခု ပြင်းထန်စွာ ထိတွေ့သွားမှုကြောင့် တောက်ပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ဖလိန်မီသည် ထိုအရှိန်ဖြင့် အမြီးကြီးကို ရှောင်ရှားလိုက်ကာ လေထဲတွင် အတောင်ပံကို ဖြန့်ကာ အမြင့်သို့ ပျံလိုက်ပြီး မိကျောင်းကြီးရန်မှ ကင်းလွတ်နိုင်သော ပေ ၃၀၀ အထက်တွင် နေနေလိုက်သည်။
“ကောင်းလိုက်တဲ့ ပေါင်းစပ်တိုက်ကွက်ပါလား” ကောင်းဖန်သည်ပင် သူ၏ ရန်သူ ဖြစ်သော မိကျောင်းကြီး၏ ရက်စက်လှသော တိုက်ကွက်ကို အံ့ဩချီးကျူးမိလိုက်သည်။
ဖလိန်မီသည်သာ အနည်းငယ် တုံ့ပြန်မှု နှေးသွားပါက ထိုနေရာတွင်ပင် အဆုံးသတ်သွားမည် ဖြစ်သည်။