← Chapters

အခန်း (၃၅၇-၃၆၀)

Vol. 23 Ch. 357-360

အခန်း (၃၅၇-၃၆၀)

Vol. 23 Ch. 357-360

အခန်း ၃၅၇ ကြိုးကြာနှင့် မိကျောင်း

“ငါသတိရပြီ.. မင်းက အဲဒီတုန်းက သစ်ပင်နောက်မှာ ပုန်းနေခဲ့တဲ့ ငကြောက်လေးပဲ” မိကျောင်းက ပြောလိုက်သည်။

သူသည် ကြီးမားသော ကိုယ်လုံးကြီးနှင့် စိမ့်မြေကို လူးနေသောကြောင့် နေရာတိုင်းတွင် အကျိုးအပဲ့များ ဖြစ်နေသည်။

သူသည် ချွန်ထက်သော လက်သည်းများနှင့် မြေကြီးကို ကုတ်ခြစ်နေသည်။ မဲညိုမှောင်နေသော မြေကြီးများသည် လက်သည်း စွတ်ကြောင်းရာကြီးများဖြင့် ထွက်ပေါ်လာသည်။

ဖလိန်မီသည် မိကျောင်းကြီးက ထိုသို့ပြောလိုက်သောအခါ ပို၍ပင် ဒေါသထွက်သွားသည်။ သူသည် ပါးစပ်ထဲမှ မီးတောက်လုံးများစွာကို ပစ်ထုတ်နေပြီး မိကျောင်းကြီး၏ ကိုယ်ပေါ်သို့ ကျရောက်ကုန်သည်။

မိကျောင်းကြီးသည် သူ၏ ကိုယ်ပေါ်ရှိ ရေဒိုင်းကို တောက်လျှောက် တက်နေအောင် လုပ်ကာ မီးလုံးများရန်မှ ကာကွယ်နေသည်။ သူရပ်နေသော စိမ့်မြေသည် ရေအမြားအပြားရှိနေသည့် နေရာဖြစ်နေသည် မဟုတ်ပါလား။

သူသည် စိမ့်မြေထဲတွင် ရှိနေ‌သရွေ့ မီးတောက်များရန်ကို မကြောက်ပါပေ။

ရေသည် မီးကို နိုင်သည်မှာလည်း ထုံးစံဖြစ်သောကြောင့် ရေပတ်လည် ဝိုင်းနေသည့် မိကျောင်းကြီးသည် စိတ်အေးလက်အေးပင် ဖြစ်နေသည်။

သူသည် ရေများကို ပါးစပ်အပြည့်စုပ်ယူလိုက်ကာ ကောင်းကင်တွင် ပျံနေသော ဖလိန်မီဆီ ပန်းထုတ်လိုက်သည်။ ဖလိန်မီကလည်း ရှောင်ရှားလိုက်သည်။

[သားရဲအမည်] - မျက်လုံးနီမိကျောင်းဘုရင်

[သားရဲအဆင့်] - အဆင့် ၄၅

[သားရဲစွမ်းရည်] - သာမာန်

[သားရဲအမျိုးအစား] ‌- ရေ/ လေ

[သားရဲစွမ်းအင်] - အခွံမာကျောမှု အဆင့် ၃၊ ချွန်ထက်သော လက်သည်း အဆင့် ၂၊ ရေစွမ်းအင် အဆင့် ၃၊ လေစွမ်းရည် အဆင့် ၂

[သားရဲအခြေအနေ] - ကျန်းမာ (တည်ငြိမ်မှုရှိ)

[သားရဲဖော်ပြချက်] - စိမ့်မြေဒေသတွင် နေသော ကြီးမားသည့် မိကျောင်းဖြစ်သည်။ ဒေါသကြီးသလို စွမ်းအားလည်းကြီးသည်။ သန်မာသော တိုက်ခိုက်မှုများပိုင်ဆိုင်ထားပြီး အုပ်စုဖွဲ့နေတတ်သည်။

“သူ့မှာ လေစွမ်းအင် ရှိတယ်.. မင်း သတိတော့ထား.. လေတိုက်ခိုက်မှုကို လုံး၀မထိစေနဲ့” ကောင်းဖန်က ဖလိန်မီကို သွေးစာချုပ်မှ တဆင့်ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်ဝုလျန်ကလည်း မိကျောင်းကြီးနှင့် သွေးစာချုပ်မှတဆင့် ဆက်သွယ်နေသည်။ “ကြိုးကြာက မီးအမျိုးအစားနော် .. ပြီးတော့ ပျံနိုင်တယ်.. မင်းသေချာသတိထား.. ပြီးတော့--"

“ပါးစပ်ပိတ်ထား” မိကျောင်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

ကျန်ဝုလျန်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။

သူသည် ရိုးပင်ရိုးနေပြီဖြစ်သည်။ သားရဲ၏ အအော်ငေါက်ကို ခံရခြင်းမှာ သူ၏ နိစ္စဓူ၀ကိစ္စလိုပင် ဖြစ်နေသည်။

“ငါမင်းကို ကြောက်လို့ ငြိမ်ခံနေတာမဟုတ်ဘူးဆိုတာ မင်းမှတ်ထားပါ.. မင်းက ငါ့ရဲ့ ကိုယ်ပိုင်သားရဲဆိုတော့ မင်းနဲ့ ရန်ဖြစ်ရမှာ ပျင်းလို့” ကျန်ဝုလျန်က ပြောလိုက်သည်။ သားရဲလေ့ကျင့်သူနှင့် သားရဲတို့ကြား ဆက်ဆံရေးသည် ကောင်းနေမှဖြစ်မည် မဟုတ်ပါလား။

ကိုယ်ပိုင်သားရဲတစ်ကောင်သေသွားလျှင် သူ၏ လေ့ကျင့်သူသည် ခေါင်းကိုက်ဝေဒနာကို ခံစားရပြီး သူ၏ ခန္ဓာကိုယ်သည်လည်း အချိန်အတော်ကြာထိ အားနည်းနေမည် ဖြစ်သည်။ ထိုသားရဲက သူတို့အတွက် ပိုအရေးကြီးလေ ပို၍ ပြင်းထန်သော အကျိုးဆက်ကို ခံစားရလေဖြစ်သည်။

ထို့အတူ သားရဲလေ့ကျင့်သူ သေဆုံးပါကလည်း သားရဲတွင် ထာ၀ရထိခိုက်မှု ဖြစ်သွားမည် ဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင်သားရဲသည် သူ၏ လေ့ကျင့်သူကို ပြန်သတ်မိပါကလည်း ပို၍ပင် ပြင်းထန်သည့် ပြစ်ဒဏ်ကို ခံစားရမည် ဖြစ်သည်။

ထို့အပြင် သူတို့သည် သွေးစာချုပ်ချုပ်ထားသည့်တိုင်အောင် သားရဲလေ့ကျင့်သူများသည် သူတို့၏ သားရဲများကို ကျေးကျွန်များလို ဆက်ဆံလို့မရပဲ အပြန်အလှန် လေးစားသမှုနှင့် ဆက်ဆံရမည် ဖြစ်သည်။

ထို့ကြောင့် သွေးစာချုပ်သည် သခင်နှင့် ကျေးကျွန်စာချုပ်တော့ မဟုတ်ပါချေ။

ပုံမှန်အားဖြင့် ကိုယ်ပိုင်သားရဲများသည် စာချုပ်၏စည်းမျဉ်းများကို လိုက်နာရမည် ဖြစ်သည်။ သားရဲအများစု၏ စိတ်များသည် ရှုပ်ထွေးခြင်း မရှိကြပါပေ။ ထို့ကြောင့် အနည်းငယ် အသိဉာဏ်ရှိပြီ ဆိုတာနှင့် သူတို့သည် တိုက်ခိုက်လာနိုင်ကြပြီး သားရဲလေ့ကျင့်သူနှင့်အတူ စွန့်စားခန်းများတွင် ပါ၀င်နိုင်ကြလေသည်။

သို့သော် ချွင်းချက်သည်လည်း ရှိတတ်မြဲဖြစ်သောကြောင့် အမြဲသင့်မြတ်ချင်နိုင်မှလည်း သင့်မြတ်နိုင်ကြပေမည်။

မီးတောက်များသည် ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားပြီး မိကျောင်းကို ချည်နှောင်လိုက်သည်။ နေရာတိုင်းတွင် မီးတောက်လေးများနှင့် ပြည့်နှက်နေပြီး မိကျောင်းသည် မီး‌မြွေများ အဝိုင်းခံထားရသလို ဖြစ်နေသည်။

မိကျောင်းကြီးသည် တစ်ချက် မြည်ကြွေးလိုက်သည်။ သူသည် ရန်သူက ဆင်းမလာသည်ကို သဘောပေါက်သွားသောကြောင့် ရေနက်ထဲတွင် ပြန်ဆင်းနေလိုက်သည်။ သူ့ဘေးမှာ တည်ငြိမ်သောရေများသည် သူ့ကို ဒိုင်းကြီးများသဖွယ် ကာကွယ်ပေးနေပြန်သည်။

“ငါ့ရဲ့မီးတောက်တွေကို ရေနဲ့ ကာလို့ရမယ်ထင်နေတာလား” ဖလိန်မီ၏ မျက်လုံးများသည် ဒေါသအပြည့်ဖြစ်နေသည်။

“ကောင်းပြီလေ ဒါဆိုလည်း မင်းကို မီးရှို့ပစ်ပြီး မင်းကိုယ်ထဲက ရေတွေအားလုံး ခမ်းခြောက်အောင် လုပ်ပစ်ရတာပေါ့”

သူသည် တောင်ပံကိုခတ်လိုက်သောအခါ ကြီးမားသော အနီရောင်အလင်းတောင်ပံကြီး ဖြစ်လာပြီး ကြီးမားသော မီးတောက်များဖြင့် ပြည့်နှက်သွားသည်။ များပြားလှစွာသော အနီရောင်‌အမွှေးအတောင်များသည် မီးတောက်ထဲတွင် လူးလွန့်နေကြသည်။

ဖလိန်မီသည် ကောင်းကင်မှ ဆင်းသက်လာသည်။

မီးတောက်များသည် ထိုနေရာတစ်ဝိုက်တွင် ဖုံးလွှမ်းသွားသည်။ ကိုက် ၁၀၀ အတွင်းတွင် မီးပင်လယ်ကြီး ဖြစ်လာသည်။ မီးတောက်များသည် ပေ ၃၀ လောက်ထိ မြင့်တက်နေသည်။ အပြင်ဘက်မှကြည့်လျှင် အတွင်းကို မမြင်ရပေ။

ကောင်းဖန်သည် မီးများနှင့် ပေရာချီအကွာတွင် ရှိနေသော်လည်း သူသည် မီးများ၏ ပေါက်ကွဲမှုကို ခံစားနေရသည်။

သူတို့အောက်မှ မြက်ပင်များသည် ချက်ချင်းပင် လောင်ကျွမ်းကုန်ကြသည်။

“အံ့ဩဖို့ကောင်းလိုက်တာ” ကျိုးမိသားစုမှ အမျိုးသမီးတစ်ယောက်သည် အံ့ဩမှင်သက်နေပြီး မျက်တောင်ပင် မခတ်နိုင်တော့ပါချေ။

“နတ်ဘုရားအဆင့်သားရဲ ၂ ကောင်ကြား တိုက်ပွဲက ဒီလောက်ကြောက်စရာကောင်းမယ်လို့ မထင်ခဲ့ဘူး” ဆွန်းမိသားစုမှ လူငယ်တစ်ယောက်သည် ထိုသို့ပြောနေရင်း တိုက်ပွဲကို ကြည့်ရုံနှင့်ပင် မျက်လုံးများ ခြောက်သွေ့လာသလို ခံစားနေရသည်။

သူတို့မိသားစုမှာလည်း နတ်ဘုရားအဆင့်သားရဲကို ပိုင်ဆိုင်ထားသော်လည်း နတ်ဘုရားအဆင့်သားရဲများ၏ တိုက်ခိုက်မှုကိုတော့ မမြင်ဖူးကြပါချေ။ ကွန်မန်ဒါအဆင့် သားရဲအချင်းချင်း တိုက်ခိုက်မှုနှင့် အလွန်ပင် ကွာခြားနေသည်။

သိပ္ပံပညာရှင်တစ်ယောက်သည် တစ်ခါက သာမာန်အဆင့် သားရဲနှင့် ကပ်ဆိုးအပြီး ကနဦးသားရဲတို့၏ အဖျက်စွမ်းအားသည် အတူတူ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ဖူးသည်။ လက်ရွေးစင်အဆင့်သားရဲသည်ပင် ထိုသားရဲကို သတ်နိုင်ဖို့ရာ အပြည့်အ၀ပြင်ဆင်ထားရမည် ဖြစ်သည်။

နတ်ဘုရားအဆင့်သားရဲအဆင့်တွင်တော့ စွမ်းအားကွာခြားမှုသည် အလွန်သိသာသွားသည်။ ကွန်မန်ဒါအဆင့်ကတော့ သန်မာမှု မြင့်မားလှသည်။

ထို့ကြောင့် ကွန်မန်ဒါအဆင့်ရောက်ပြီ ဆိုတာနှင့် အဖျက်စွမ်းအားသည် မြင့်မားလာသည်။ လူတို့၏ သာမာန်လက်နက်များသည်ပင် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်တော့ချေ။

အရင်ကတော့ သူသည် သားရဲများ၏ အဖျက်စွမ်းအားများကို သိပ်မမြင်ဖူးခဲ့လေရာ ယခုတော့ မျက်ဝါးထင်ထင် တွေ့ရပြီ ဖြစ်သည်။

သူသည် တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပိုင်သားရဲမှာ အလွန်စွမ်းအားကြီးသည်ကို တွေ့ရသောကြောင့် စိတ်လည်း အလွန်လှုပ်ရှားနေသည်။

ကြီးမားသော ခြေသံကြီးနှင့်အတူ အရိပ်ကြီးတစ်ခုသည် မီးတောက်ပင်လယ်ကြားမှ တိုးထွက်လာသည်။

သူ၏ ကြီးမားသော အမြီးကြီးနှင့် ထူထဲသော အရေခွံတို့သည် မီးလောင်နေပြီ ဖြစ်သည်။ သူ့ကိုယ်ပေါ်တွင် ကပ်နေသော ရေညှိပင်များသည်လည်း ပြာပင် ဖြစ်နေကြကာ သူပြေးလာလေ ကွာကျလာလေ ဖြစ်နေသည်။

မိကျောင်းကြီးသည် ပါးစပ်ကြီးကို ဟလိုက်သည့်အခါ မီးခိုးများသည် လည်ချောင်းတွင်းမှ ထွက်လာသည်။ သူသည် ကိုယ်တွင်းမှ အပူများကို ထုတ်နေခြင်း ဖြစ်သည်။

မိကျောင်းကြီးသည် မီးခိုးခေါင်းတိုင်ကြီးနှင့်ပင် တူနေတော့သည်။

ဖလိန်မီ၏ မျက်လုံးများသည် ဒေါသဖြင့် ပြည့်နှက်နေပြီး အတောင်ပံများကို ခတ်လိုက်ပြန်သည်။ ထိုအခါ အမွှေးအတောင် ၁၀ ကျော်သည် မီးတောက်များအဖြစ် ပြောင်းသွားကြသည်။ ထို့နောက် အတောင်ပံမှ မီးတန်းကြီးများသည် သူပျံရာလမ်းတစ်လျှောက် လိုက်ပါနေတော့သည်။

ထို့နောက် ထိုမီးတန်းများသည် အောက်သို့ ထိုးကျသွားသည်။ မီးသည် တောက်လောင်သ‌ထက် တောက်လောင်လာသည်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ ထိုးဆင်းလိုက်ကာ မီးထပ်မြှိုက်ပြန်သည်။

မီးများသည် ပို၍ပင် ဆိုးဝါးလာသည်။ များစွာသော ‌အမွှေးအတောင်များသည် ဖလိန်မီ၏ ကိုယ်မှကျဆင်းနေပြီး မီးပင်လယ်ကို ထပ်ထပ်ဖြည့်နေသည်။

ကောင်းဖန်သည်ပင် အနောက်ကို ပေတစ်ရာခန့် ဆုတ်ကာ တိုက်ပွဲတွင် မပါသွားအောင် ရှောင်နေရသည်။

ထိုနေရာတစ်ခုလုံးသည် ပြာဖြစ်တော့မည် ဖြစ်သည်။ စိမ့်မြေမှ ရေများသည် ဆူပွက်လာပြီး ငါးများ ပုစွန်များသည် သေကုန်ကြကာ ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေကြသည်။

တစ်ချို့နေရာများတွင်တော့ တောင်ကတုံးဖြစ်နေပြီး ရေအိုင်များသည် ခြောက်သွေ့ခန်းသွားသည်။

ထို့ကြောင့် အခြားစိမ့်မြေတစ်ခုမှ ရေများက စီး၀င်လာသည်။ သို့သော် ချက်ချင်းပင် အငွေ့ပျံကုန်ကြသည်။

မိကျောင်းသည် သွေးရူးသွေးတန်းအော်ဟစ်နေသည်။ သို့သော် ကောင်းကင်ပေါ်မှ ဖလိန်မီကတော့ ဆင်းမလာပဲ မိကျောင်းကို မီးထိုင်မြှိုက်နေသည်။

မိကျောင်းသည် သူ့ကိုယ်တွင် ရေဓာတ်များဆုံးရှူံးနေပြီကို ခံစားနေရသောကြောင့် ရေကို တောင့်တာနေသည်။

သူ့ကိုယ်ပေါ်မှ ကြေးခွံများသည် အနီရောင်များပင် တောက်လောင်နေပြီး အနီရင့်ရောင် ရောင်ပြေးများပေါ်နေကြသည်။ သူ၏ အရေပြားသည် အက်ကွဲနေပြီး အချို့နေရာများတွင် အသားများပါပေါ်နေကာ ထိုအသားထဲထိပါ လောင်မြိုက်နေသည်။

မိကျောင်းကြီးသည် ချက်ချင်းပင် လှည့်ပြေးလိုက်ကာ စိမ့်မြေ၏ အနက်ရှိုင်းဆုံးနေရာအထိ ထွက်ပြေးလိုက်သည်။

သူ၏ အော်သံကြီးသည် ချက်ချင်းပျောက်ကွယ်သွားသည်။

ကြည့်နေသော လူများသည် မိကျောင်းကြီး ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့သည် ထိုကဲ့သို့ ထွက်ပြေးလိမ့်မည်ဟုတော့ လုံး၀မမျှော်လင့်ခဲ့ပါချေ။

ကျန်ဝုလျန်ကတော့ အံ့ဩနေကာ လူများက ဝိုင်းကြည့်နေသောကြောင့် ရှက်လည်း ရှက်နေသည်။

ဘာလို့ရုတ်တရတ်ကြီး ထွက်ပြေးတာပါလိမ့်..

***

သားရဲလေ့ကျင့်သူ

အခန်း ၃၅၈ နောက်ဆက်တွဲအကျိုးဆက်

ဒီနေရာက ရေသိပ်မရှိချေ။ ထို့ကြောင့် မိကျောင်းဘုရင်က ပိုနက်ရှိုင်းတဲ့ စိမ့်မြေဆီ ပြေးသွားနေတာ ဖြစ်သည်။ ရေမျက်နှာပြင်က ပိုမြင့်လာလေ ဖလိန်မီ သူ့ကိုရှာဖို့ ပိုခက်လေ ဖြစ်သွားလိမ့်မည်။ ဖလိန်မီ ပြေးမလိုက်ခင် သံရှည်ဆွဲ အော်လိုက်သည်။

အနောက်ဖက်ကို ဦးတည်ပြေးနေကြသော သားရဲ ၂ ကောင်ကို တွေ့သောအခါ ကောင်းဖန် လှည့်မကြည့်ပဲ နေလိုက်သည်။ ဒီကောင်ကတော့…

မိကျောင်းဘုရင်ရဲ့ အရည်အချင်းက အဲဒီလောက်မကောင်းချေ။ အဆင့် ၄ လောက်ကိုပင် အနိုင်မယူနိုင်။ ဒီ မျက်လုံးနီ မိကျောင်းက ဒီအဆင့်ရဲ့ အားနည်းတဲ့အဖွဲ့ထဲတွင်ပါသည်။ တကယ်တော့ ဖလိန်မီရဲ့ မူလအရည်အချင်းကလည်း အရမ်းကောင်းတဲ့ထဲမပါချေ။ နတ်ဘုရားအဆင့်ထိ မြင့်သွားရင်တောင် သာမာန်အရည်အသွေး နတ်ဘုရားအဆင့်ပဲဖြစ်မည်ဖြစ်သည်။ ကောင်းဖန်ရဲ့ အဆက်မပြတ် စောင့်ရှောက်ပျိုးထောင်ခြင်းတွေကြောင့် ဖလိန်မီနဲ့ မိကျောင်းဘုရင်ကြားတွင် အရည်အချင့်အဆင့် ကွာသွာခြင်း ဖြစ်သည်။

ခုထိပြေးနေသော မိကျောင်းက ရုတ်တရတ် ခေါင်းကိုမော့ပြီး စိမ်းပြာရောင်ဓားသွားကြာပွတ်တစ်ခုကို ထွေးထုတ်လိုက်သည်။ စိမ်းပြာရောင်ဓားသွားက လျှင်မြန်စွာ လည်သွားပြီး ပြင်းထန်သည့် မူလ အလျင်ကို ထုတ်လွှတ်တော့သည်။ လေထုထဲရှိ လေဒြပ်စင်က ထိုအလျင်နဲ့ပေါင်းသွားပြီး စိမ်းပြာရောင်ဓားသွားကို ပိုတောင် လျင်မြန်စွာ လည်သွားစေသည်။

ကောင်းကင်တွင် အပြာရောင်အကွေးတစ်ခုပေါ်လာပြီး ကြာပွတ်ကြောင့် လေသံစူးစူးထွက်လာသည်။ ဖလိန်မီ ခုန်လိုက်ပြီး စိမ်းပြာရောင်ဓားသွားနဲ့ မတိုက်မိအောင် ရှောင်လိုက်သည်။ သို့သော် ရှောင်ဖို့ကြိုးစားလိုက်တော့ စိမ်းပြာရောင်ဓားသွားက လမ်းကြောင်းပြောင်းသွားပြီး ဖလိန်မီ၏ တောင်ပံပေါ်တွင် ဒဏ်ရာရှည်ရှည်တစ်ခု ဖြစ်ပေါ်သွားသည်။

ဒဏ်ရာကနေ သွေးများစီးကျလာသည်။ ဖလိန်မီယိုင်ထိုးသွားပြီး ကောင်းကင်ကနေ ပြုတ်ကျမလိုဖြစ်သွားသည်။ သို့သော် သင်ခန်းစာအနေနဲ့ ဖလိန်မီက မိကျောင်းဘုရင်၏ တိုက်ခိုက်ချက်များကို ပိုသတိထားမိသွားသည်။ ဒီတစ်ခါတော့ မိကျောင်းဘုရင်၏ စိမ်းပြာရောင်ဓားသွားကို အောင်မြင်စွာ ရှောင်တိမ်းနိုင်လိုက်သည်။

“ငါ့ကို မစိုးရိမ်နဲ့ ကောင်းဖန်… ငါ လှည့်ကွက် ၁ ခုထဲကိုတော့ ၂ ခါမခံဘူး” ဖလိန်မီက သွေးစာချုပ်ကနေတဆင့် ပြောလိုက်သည်။ ဖလိန်မီသည် သားလေးကို စိတ်မပူအောင်နားချနေသော အဖေကြီးကဲ့သို့ သူ့ကိုယ်သူ ရင့်ကျက်သလိုခံစားလိုက်ရသည်။

ငါ့ကိုစိတ်ပူဖို့မလိုဘူး ကောင်းဖန်..

“ငါ ဒီမိကျောင်းကို အနိုင်ယူပြမယ်… သူ့ကြောင့်သာမဟုတ်ရင် ငါ့အမေလည်း ငါ့ကိုကာကွယ်ရင်း သေရမှာ မဟုတ်ဘူး… ငါတူညီတဲ့အမှားကို ၂ ခါထပ်မလုပ်ဘူး… သူ့ကို လောင်မြိုက်အောင်လုပ်ပြီး ငါ့အမေအတွက် လက်စားချေမယ်”

စိမ့်မြေဆီသို့ပြေးနေသော မိကျောင်းဘုရင် ရုတ်တရတ် ရပ်သွားသည်။ ဖလိန်မီ ပစ်လွှတ်လိုက်သော မီးလုံးများက မိကျောင်းဘုရင်ကို အဆက်မပြတ် ထိနေသည်။ သူ့နောက်ကျောကပြင်းထန်လှသော နာကျင်မှုကို ခံစားရပြီးနောက် ထုံသွားတော့သည်။

စိမ့်မြေက သိပ်မနက်ချေ။ အနက်ဆုံးအပိုင်းက ၁၀ ပေကနေ ၁၈ ပေ မကျော်သည့်အတွက် မိကျောင်းဘုရင်၏ ခန္ဓာကိုယ်ကြီးကို လုံလောက်အောင် မကာပေးနိုင်ချေ။ မိကျောင်းဘုရင်က စိမ့်မြေပေါ်တွင် အနည်းငယ် လှိမ့်လိုက်သည်။ သို့သော် အနားယူဖို့ အသက်တောင်မရှုရသေးခင် မီးတောက်ဖျစ်ဖျစ်မြည်သံကို ထပ်ကြားလိုက် ရပြန်သည်။

မိကျောင်းဘုရင်၏မျက်လုံးတွင် ဒေါသရိပ်များဖြတ်သွားပြီး ရုတ်တရတ် တစ်စုံတစ်ခုကို သတိရသွားသည်။ နောက်လှည့်လိုက်ပြီး သူလာခဲ့ရာဆီကို ချက်ချင်းပြန်ပြေးတော့သည်။ “မိကျောင်းဘုရင် မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ” မိကျောင်းဘုရင် လုပ်နေတာကို မြင်သော ကျန်ဝုလျန်က စိတ်ပူစွာမေးသည်။

နေပါဦး… မဟုတ်မှလွဲရော…

သူပြောဖို့လုပ်တုန်းတွင်ပဲ နောက်ကျသွားပြီဖြစ်သည်။ မိကျောင်းဘုရင်က သူ့အပေါ်ကဖလိန်မီကို စိုက်ကြည့်ရင်း ကောင်းကင်ပေါ်သို့ ခုန်တတ်လိုက်သည်။ မင်းဆင်းလာရဲရင် မင်းလုပ်သမျှတောင် ခံလိုက်ဦးမယ်။ ဒီတစ်ခါတော့ မင်း လုံးဝမလွတ်တော့ဘူး။

ပြင်းထန်သော အနံ့ဆိုးက သူ့ပါးစပ်ကနေထွက်လာပြီး ကောင်းဖန် နှာခေါင်းပိတ်လိုက်ရသည်။ “မလုပ်နဲ့… မိကျောင်းဘုရင် မင်းဂရုစိုက်ရမယ်… သူ့နားမှာတခြား နတ်ဘုရားအဆင့်သားရဲတွေ ရှိနေသေးတယ် မတိုက်ခိုက်နဲ့ဦး” ကျန်ဝုလျန်မျက်နှာ ပြောင်းလဲသွားသည်။ သူက မိကျောင်းဘုရင် ကောင်းဖန်ကို တိုက်ခိုက် လိမ့်မည်ဟု ထင်မထား။ ဒီရုတ်တရတ်ဆန်တဲ့အပြုအမူက သူ့ကို ကြောက်လန့်စေသည်။

ဒါကိုမြင်လိုက်ရသည့် ကျန်မိသားစု၏မျက်နှာက ဖြူဖျော့သွားသည်။ ကျန်ရှောက်ယွီ က မျက်မှောင်ကျုံ့လိုက်ပြီး တိုက်ပွဲကို ရပ်လိုက်သင့်လား တွေဝေနေသည်။ ပြီးတော့ ဦးလေးမွေးထားတဲ့ သားရဲက နည်းနည်းတော့ ပြင်းထန် လွန်းသည်။ ဒါက မျှတသည့် တစ်ယောက်ချင်းတိုက်ပွဲ ဖြစ်သင့်သည်။ သားရဲထိန်းကျောင်းသူကို တိုက်ခိုက်တာက လွန်လွန်းသည်။ ကျန်ရှောက်ယွီ ဒီလို ပရိယာယ်မျိုးကိုမကြိုက်။

ကျန်ဝုလျန်၏ သတိပေးချက်ကို ရပြီးနောက် ခုန်နေတဲ့ မိကျောင်းဘုရင် နောက်ဆုတ်လိုက်သည်။ သို့သော် သူ့မျက်လုံးများက ကောင်းဖန်ဘေးက သားရဲများကို စိုက်ကြည့်နေတုန်းဖြစ်သည်။ ထိုအချိန်တွင်ပဲ ဒန်ဘီက နှာခေါင်းရှုံ့လိုက်ပြီး ဓားအိမ်ထဲက ဓားကိုဆွဲထုတ်တော့မည့်ဟန်လုပ်လိုက်သည်။

သူ့ရဲ့ဘယ်ခြေထောက်က ဒူးထောက်ထားပြီး ညာခြေက ပစ်မှတ်ကို ချိန်ထားသည်။ မိကျောင်းဘုရင်ထံသို့ အားပြင်းစွာ ပစ်လိုက်သည်။ မိကျောင်းဘုရင်က ရှောင်ဖို့ကြိုးစားသော်လည်း ပစ်ချက်က မရှောင်နိုင်အောင်ဖြစ် သွားစေသည်။ သူ အားကိုစုပ်ယူလိုက်ပြီး ဆုံးဖြတ်ချက်မြန်မြန်ချလိုက်သည်။

မိကျောင်းဘုရင်၏ မူလအစီအစဥ်က သားရဲလေ့ကျင့်သူကို တိုက်ခိုက်ပြီး အပေါ်က ကြိုးကြာကို ဆင်းလာ အောင် လုပ်ဖို့ဖြစ်သည်။ သို့သော် သူမထင်မိတာ ဒီလူက ဒီလောက် အရည်အချင်းတွေများနေမယ်ဆိုတာပင်။

သူ ခံလိုက်ရပြီးနောက်တွင်တော့ မိကျောင်းဘုရင်က ထွက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ဖလိန်မီက သူ့နောက် လိုက်နေတုန်းဖြစ်သည်။ သူက မိကျောင်းဘုရင်ကို သတ်မပြီးမချင်း မပြန်ဟု ကျိန်ဆိုထားသည်။ ဒီတိုက်ပွဲတွင် အနိုင်အရှုံးက သဲကွဲနေပြီဖြစ်သည်။

ဒီမိကျောင်းက မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ပြီး ခွန်အားကြီးသည်။ သူက အလားအလာရှိတယ်… ကောင်းဖန် အဝေးသို့ရောက်နေပြီဖြစ်သော ဖလိန်မီ၏အရိပ်ကိုကြည့်ရင်း တွေးလိုက်မိသည်။ ကောင်းဖန် ခေါင်းခါလိုက်သည်။

ကျန်ရှောင်ယွီ ကျန်ဝုလျန်နောက်သို့သွားပြီး “ဦးလေး”ဟု ခေါ်လိုက်သည်။ ကျန်ဝုလျန် နောက်သို့လှည့်ပြီး သူ့တူကို ကြည့်လိုက်သည်။ သူမျက်မှောင်ကျုံ့ပြီး ပြန်ပြေသွားသည်။ “ရပါတယ်… အရှုံးက အရှုံးပဲပေါ့” ပြောပြီးသွားတော့ ကျန်ဝုလျန် စိတ်ထဲတွင် ဝန်ထုတ်ကြီးကျသွားသလို ခံစားလိုက်ရသည်။ သူပြန်လှည့်ပြီး ထွက်သွားတော့သည်။

လွတ်သွားသည့် မျက်လုံးနီ မိကျောင်းဘုရင်နောက်ကို လိုက်ဖို့စိတ်ကူးကိုတော့ သူလက်လျော့လိုက်ပြီ။

သူထင်ထားတာထက်ကို သူ့ဦးလေးက အလွယ်တကူပင် ပူးပေါင်းလာသည်။ ဒီအလုပ်က သူမှန်းထားတာထက် လွယ်လွယ် ဖြေရှင်းနိုင်ကြောင်း ကျန်ရှောင်ယွီသိလိုက်ရသည်။ ဒါ့အပြင် ဦးလေးဖက်က ထိုလူတွေက မကြာခင်ရက်အနည်းငယ်ကစလို့ အမေ့ရဲ့အမိန့်ကို စပြီး နာခံလာကြသည်။ ကျန်မိသားစုက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အနည်းဆုံးတော့ အခုပိုပြီး စည်းလုံးလာကြပြီဖြစ်သည်ဟု ကျန်ရှောင်ယွီ တိတ်ဆိတ်စွာ တွေးမိသည်။

အိမ်ရောက်သောအခါ ကျန်ဝုလျန် ခြံဝန်းထဲတွင်ရုတ်တရတ်လဲကျပြီး သွေးများအန်တော့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နောက်ဆုံးတော့ သတိလစ်သွားသည်။ သူ့ဦးလေး၏အခြေအနေကို တွေ့ပြီး အနာဂါတ်တွင် ကျင်းနန်မြို့၏မိကျောင်းဘုရင် ရှိတော့မည်မဟုတ်ကြောင်း ကျန်ရှောင်ယွီ သဘောပေါက်သွားသည်။

“ဥက္ကဌကြီး ကျန်မိသားစုက ပို့ပေးလိုက်တာပါ… ကြည့်ကြည့်ပါဦး” ချန်းကျိက ကောင်းဖန်ဆီ စာကို ရိုသေစွာ ပေးလိုက်သည်။ တိုက်ပွဲ၏ရလဒ်က ဈေးထဲတွင် ပျံ့သွားပြီး အမျိုးမျိုး ပြောနေကြတော့သည်။ သို့သော် အားလုံး တညီတည်းပြောကြတာတစ်ခုကထိပ်ဆုံးက ကောင်းဖန်၏ ခြေထောက်တစ်ချောင်း ကြိုးကြာအကြောင်း ဖြစ်သည်။

ကျင်းနန်မြို့တွင် ကောင်းဖန်၏ ဂုဏ်သတင်းက မိုးထိအောင် မြင့်တတ်သွားခဲ့သည်။ ကောင်းဖန်က ချန်းကျိထံက စာကို ယူလိုက်သည်။ စာရွက်ထိပ်ဆုံးတွင် ကျန်မိသားစု၏အကြီးအကဲ ကျန်ကျင်းယွမ်က တောင်းပန်ထားသည်။ မိကျောင်းဘုရင်နဲ့ ကောင်းဖန်၏သားရဲကြားက တင်းမာသည့်ဆက်ဆံရေးကို မသိနားမလည်ထားသည့်အတွက် စိတ်ရင်းနဲ့ တောင်းပန်ထားသည်။ ဒါ့အပြင် မိကျောင်းဝိဥာဉ်စိမ့်မြေနဲ့ စိမ့်မြေတွင်နေထိုင်သော ဖလိန်မီ၏ အရင်မျိုးနွယ်စုကို တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းအား လက်လွှဲပေးအပ်လိုကြောင်းပြောထားသည်။ နစ်နာကြေး ပမာဏကြီးကြီးပေမည်ဟုပါ ကတိပေးထားသည်။

စာအဆုံးတွင် သူက ကောင်းဖန်၏ထင်မြင်ချက်ကို သွယ်ဝိုက်စွာမေးထားသည်။ ကောင်းဖန်သာ လိုချင်ရင် သူတို့ ကျန်ဝုလျန်ကို လက်လွှဲပေးမည်။ ဒါက ထင်မြင်ချက်ကို မေးရုံသာဖြစ်သည် သူတို့ကတော့ သူတို့လူထက် ပိုက်ဆံကိုပဲ ပိုပေးလိုကြသည်။ ဘာကြောင့်လဲဆိုတော့ ကျန်ဝုလျန်က ကျန်မိသားစုရဲ့ အရေးပါဆုံး စီမံခန့်ခွဲသူတွေထဲက တစ်ယောက်ဖြစ်သည်။ နတ်ဘုရားအဆင့် သားရဲကို ဆုံးရှုံးလိုက်ရသည့်အတွက် သူ့အဆင့်က နိမ့်သွားပေမယ့် ကျန်မိသားစု၏ အဓိက မိသားစုဝင်တစ်ယောက်ဖြစ်နေတုန်းပဲ ဖြစ်သည်။

ဘယ်လောက်ပဲ မိသားစုကိုစိတ်ပျက်ရအောင် လုပ်လုပ် ကျန်မိသားစု၏သွေးများ သူ့ကိုယ်ထဲတွင် စီးဆင်းနေသည်လေ။

စာကိုလက်ခံပြီးနောက် ကောင်းဖန်က စာပြန်ဖို့ ရေးပြီး ချန်းကျိကို ပြန်ပို့ခိုင်းလိုက်သည်။ တကယ်တော့ သူ့နဲ့ ကျန်မိသားစုကြား ဘာပဋိပက္ခမှ မရှိပေ။ တစ်ခုထဲသော ပဋိပက္ခက သားရဲ ၂ ကောင်၏ ကိုယ်ရေးကိုယ်တာ ရန်ညှိုးဖြစ်သည်။ အခုဒါကို ဖြေရှင်းပြီးပြီဆိုတော့ ကောင်းဖန် ဒီကိစ္စကို ဂရုမစိုက်တော့ပေ။

ကောင်းဖန်က မိကျောင်းဝိဉာဉ်စိမ့်မြေကို လက်ခံလိုက်သည်။ သို့သော် ကျန်မိသားစုကို ဒီအတွက် တန်ရာတန် ကြေး ပေးမည်ဖြစ်သည်။ နစ်နာကြေးအတွက်ကတော့ ကောင်းဖန်လက်မခံပဲ ကျန်မိသားစုကို အပြည့်အဝ အားလုံးပြန်ပေးလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၅၉ ထူးခြားအစွမ်း မှန်ဘုရင်လိပ်

ကောင်းဖန်သည် စည်းမျဉ်းစည်းကမ်းများကို လေးစားသူတစ်ယောက် ဖြစ်လေရာ သူသည် အလွယ်တူ မချိုးဖောက်တတ်ပေ။ အရှေ့က ပြောခဲ့သော စည်းမျဉ်းကတိများသည် ပြင်ပကမ္ဘာတွင် အုပ်ချုပ်နေသော သူများနှင့် မဆိုင်‌ပေ။ သို့သော် ထိုအချက်များကို သူကတော့ သေချာပင် စွဲမြဲလိုက်နာမည် ဖြစ်သည်။

မျက်လုံးအတွက် မျက်လုံး၊ သွားအတွက် သွား ပြန်ယူရမည် မဟုတ်ပါလား။

မျက်လုံးနီမိကျောင်းကတော့ ဖလိန်မီ၏ အစွမ်းဖြင့် မကျေပွဲနွှဲခံလိုက်ရပြီး အရှင်လတ်လတ် မီး‌မြှိုက်ခံလိုက်ရပြီ ဖြစ်သည်။ ကောင်းဖန်ကလည်း သူ့ကို ကောင်းကောင်းပံ့ပို့ပေးထားသည်။ သူသည် အကယ်၍ ဖလိန်မီ ရှူံးနိမ့်ခဲ့သည် ဆိုလျှင်တောင် လက်စားချေခြင်းကို ပြီးမြောက်အောင်မြင်ဖို့အတွက် သူ့ဂုဏ်သိက္ခာနှင့်ပင် လဲရပါစေ ဒန်ဘီနှင့် ဂိုဒီတို့ကို ၀င်တိုက်ခိုင်းမည် ဖြစ်သည်။

သို့သော် ဖလိန်မီက နောက်ဆုံးတွင် အနိုင်ရသွားခဲ့သည်။ ကောင်းဖန်သည် ဖလိန်မီကို သူ၏ ကိုယ်ပိုင်သားရဲ ဖြစ်ခြင်းအတွက် ဂုဏ်ယူမဆုံး ဖြစ်မိသည်။

မြက်ခင်းပြင်ပေါ်တွင် လက်စားချေခြင်း ပြီးဆုံးသွားသော ဖလိန်မီသည် ငြိမ်သက်စွာ ရပ်နေကာ အဝေးတစ်နေရာသို့ မှုန်မှိုင်းစွာ ကြည့်နေသည်။

ဂိုဒီသည် ဖလိန်မီနားသို့ရောက်သွားကာ အနံ့လိုက်ခံနေသည်။

ထို့နောက် ဖလိန်မီ၏ ကျောဘက်ရှိ အမွှေးအတောင်များကို ဆွဲနှုတ်ချင်သည့်အလား မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေသည်။

“အေးဆေးနေစမ်းပါ” ဖလိန်မီသည် ဂိုဒီ၏ လက်ကို အတောင်ဖြင့် ပုတ်ချလိုက်သည်။ ‌ငါစိတ်အေးလက်အေး နေနေတာ မင်းမတွေ့ဘူးလား..

ဂိုဒီသည် တစ်ချက်ခုန်လိုက်ပြီးနောက် ဖလိန်မီကို စိုက်ကြည့်လိုက်သည်ာ “ငါက မင်း အမွှေးပြောင်သွားပြီ ထင်လို့ပါ”

ထိုစကားပြောပြီးနောက် တိတ်ဆိတ်သွားမှုကြီးသည် တိုက်ပွဲထက်ပင် ပို၍ ကြောက်စရာကောင်းသွားသည်။

ဂိုဒီမျက်နှာပေါ်သို့ မီးလုံးတစ်လုံး ပြုတ်ကျလာသည်။ “ထွက်သွားစမ်း”

ဂိုဒီသည် မျက်နှာပေါ်ရှိ မီးအမွှားလေးများကို လက်ဖြင့်သပ်ချလိုက်ရင်း ခေါင်းကိုယမ်းကာ ထွက်သွားလိုက်သည်။ “စိတ်က လက်တစ်ဆစ်နဲ့ကောင်”

ထိုညတွင် ကောင်းဖန်သည် ကျန်ရှိသော အဓိက မိသားစု ၃ ခု၏ အကြီးအကဲများကို ခေါ်ကာ အစည်းအဝေးလုပ်ပြီး သူတို့နှင့် မဟာမိတ်ဖွဲ့မည့် အစီအစဉ် အောင်မြင်သွားခဲ့သည်။ သူတို့သည် မိကျောင်းဝိဉာဉ်၏ စိမ့်မြေကိုလည်း တောင်ပိုင်းကောင်းကင် ဌာနခွဲကို ထိန်းချုပ်ခွင့်ပေးလိုက်ကြပြီး စိမ့်မြေကို ပြင်ဆင်ရန် စွန့်စားသူတို့ အစည်းအရုံး ရုံးခွဲကိုလည်း တည်ထောင်နိုင်လိုက်သည်။

သို့သော် ကောင်းဖန်၏ လက်အောက်တွင် မိကျောင်းဝိဉာဉ်စိမ့်မြေသည် တောင်ဝိဉာဉ်စခန်းနှင့်ပင် ယှဉ်၍ မရချေ။ လုံခြုံရေးအရလည်း အားနည်းလှသည်။

တောင်ဝိဉာဉ်စခန်းတွင် များစွာသော တောင်ဝိဉာဉ်များက အစောင့်အရှောက်များအဖြစ် ရှိနေကြသည် ဖြစ်ရာ လုံခြုံရေးအတွက် အလွန်စိတ်ချရသည်။ စိမ့်မြေတွင်တော့ မိကျောင်းဘုရင်လည်း သေသွားပြီ ဖြစ်သည့်အတွက် လုံခြုံရေးသည် ပို၍ပင် အားနည်းသွားပြီ ဖြစ်သည်။

ထိုအချက်ကို ‌တကယ်တော့ သိထားပြီးဖြစ်သော်လည်း ထိုကဲ့သို့နေရာတွင် လုံခြုံစိတ်ချရသည့် နယ်ပယ်တစ်ခုကို ဖန်တီးနိုင်ခြင်းသည် စိန်ခေါ်မှုတစ်ခုလို ဖြစ်နေသည်။

“ဥက္ကဌ.. အဲဒီနေရာက မီးငှက်တွေရဲ့ အခြေအနေတွေကို ပုံမှန်စစ်ဆေးဖို့ သက်ဆိုင်ရာ လူလွှတ်ပြီးပါပြီ”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူသည် ထိုအကြောင်းကို သိထားပြီး ဖြစ်သော်လည်း ထိုဆုံးဖြတ်ချက်ကို ဖလိန်မီ၏ ခွင့်ပြုချက် ရပြီးမှချခဲခြင်း ဖြစ်သည်။

ဖလိန်မီသည် သူ၏ မျိုးနွယ်စုများနှင့်တော့ ပြန်ပေါင်းမနေပါချေ။ “ကောင်းဖန် ငါရဲ့ လက်စားချေပွဲမှာ ကောင်းကောင်း ကူညီပေးခဲ့တာနဲ့တင် ‌ငါတော်တော်လေး ပျော်နေပါပြီ.. သူတို့မှာလည်း သူတို့ဘ၀နဲ့ သူတို့မို့လို့ ငါတစ်ကိုယ်ကောင်း မဆန်တော့ပါဘူး.. ငါ၀င်မပါခဲ့ရင်တောင် တစ်နေ့နေ့တော့ သူတို့ဘာသာ တောက်ပ‌လာကြဦးမှာပါ.. ငါအခုသူတို့ကို ထောက်ပံ့ပေးနိုင်တယ်ဆိုရင်တောင် ထာ၀ရတော့ ဖြစ်မှာ မဟုတ်ဘူးလေ.. သူတို့အဆင့်မြှင့်ဖို့က သူတို့ဘာသာ လုပ်ရမယ့် ကိစ္စပဲ”

ထို့ကြောင့် ကောင်းဖန်သည် ဖလိန်မီ၏ အမြင်ကို လေးစားသောအားဖြင့် ဘယ်သူ့ကိုမှ မပို့လိုက်တော့ပါချေ။

သို့သော် ကောင်းဖန်မမျှော်လင့်ထားသည်မှာ တိုက်ပွဲအကြောင်း သတင်းများ အပြင်လောကသို့ ပြန့်သွားသည်နှင့် စိမ့်မြေထဲတွင် ရှိနေသော မီးငှက်များအကြောင်းသည် ကျန်းနန်မြို့တွင်း အင်တာနက်ပေါ်တွင် ပွသွားခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ လူများသည် ကောင်းဖန်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်စိုးသောကြောင့် ငှက်များကို တိတ်တဆိတ်သာ ဖမ်းဆီးကြတော့သည်။ သို့သော် ကောင်းဖန်က သူတို့ကို မတားမှန်း သိသောအခါ ပေါ်ပေါ်ထင်ထင်ပင် ဖမ်းဆီးကြတော့သည်။

ထို့ကြောင့် မီးငှက်တော်တော်များများ အဖမ်းခံလာရသောအခါ ကောင်းဖန်သည် မတတ်နိုင်တော့ပဲ ထိုနေရာကို ကာကွယ်ကာ မီးငှက်ကောင်ရေကို မျှတစေဖို့ အာဏာသုံးရတော့သည်။

လူတော်တော်များများက ထိုမီးငှက်များသည် နတ်ဘုရားအဆင့်သို့ တက်နိုင်သည့် မျိုးစိတ်များ ဖြစ်သောကြောင့် ထိုစိမ့်မြေမှ မီးငှက်များကိုလည်း နတ်ဘုရားအဆင့် ရှိသည်ဟု ထင်နေကြသည်။ သူတို့သတင်းသည် အကြီးအကျယ် ပျံ့လျက်ရှိသည်။

ရက်အတန်ကြာသောအခါ ကောင်းဖန်သည် ကျန်မိသားစုထံမှ စာကိုဖတ်ရပြီး စာထဲတွင် သူတို့သည် ကျန်းနန်မှ ပြောင်းပြီး တောင်ပိုင်းရှိ ယုဟန်မြို့တွင် နေတော့မည် ဖြစ်ကြောင်း ပါရှိသည်။

ကျန်မိသားစုသည် ယုဟန်မြို့တွင်လည်း အိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားပြီး ဖြစ်ရာ သူတို့၏ ကိုယ်ပိုင်ပစ္စည်းများကို ယုဟန်သု့် ပြောင်းလိုက်ရုံသာ ရှိလေသည်။

ဖလိန်မီကိစ္စရှင်းပြီးသော်လည်း ကောင်းဖန်သည် ယုကျိုးကို အမြန်ပြန်ဖို့ လောစရာမရှိချေ။ လေယာဉ်ကလည်း နာရီအတန်ငယ် စီးရသည်ဖြစ်ရာ သူတို့သည် ရောက်လက်စနှင့် ခရီးထွက်သည်ဟု သဘောထားလိုက်ကာ ကျန်းနန်တွင် ၂ ရက်လောင် ထပ်နေလိုက်ကြသည်။ ထိုက်ဟူရေကန်သည် ပင်လယ်နှင့်လည်း မတူပဲ အလွန် ရင်သပ်ရှုမောဖွယ် အလှရှိနေသည်။ ကျန်းနန်၏ မိန်းမပျိုလေးတစ်ယောက်ကို မြင်နေရသလို နူးညံ့ညင်သာပြီး လေညင်းလေးများ တိုက်ခတ်နေသည်။

“ထိုက်ဟူရေကန်က ကပ်ဆိုးကြီးနောက်ပိုင်းမှာ ရေမျက်နှာပြင် မြင့်တက်သွားခဲ့တယ်” ကောင်းဖန်သာ် ရေကန်ကို ၀န်းရံထားသော ‌ခြံစည်းရိုးကို မှီကာ သူ့နားသို့ တက်လာသော ရေကိုကြည့်ရင်း ပြောလိုက်သည်။ ကောင်းဖန်သည် ကပ်ဆိုးကြီး မတိုင်မီက ရေကန်သည် အရမ်းမနက်ပဲ အနက်ဆုံးနေရာသည်ပင် ၁၃ ပေလောက်သာ ရှိကာ ပျမ်းမျှအားဖြင့် ၈ ပေလောက်သာ နက်သည်ကို အမှတ်ရမိနေသည်။ ထို့ကြောင့် ယခင်က ထိုမျှလောက် အနက်နှင့် ကျယ်၀န်းသော အနေအထားသည် ပို၍ပင် လှပခဲ့သည်။

“အရင်ကထက် ပိုပြီးနက်သွားတယ်” ဧည့်လမ်းညွှန်က ပြောလိုက်သည်။ ဒီနေ့တော့ သူသည် ကော်လာမြင့်မြင့်ပါသည့် အပြာရောင်ဆွယ်တာကို ၀တ်ဆင်ထားသည်။ “ဘယ်သူမှတော့ ရေကန်ထဲဆင်းပြီး တိုင်းခဲ့ဖူးမယ် မထင်ပါဘူး.. ဒါပေမယ့် အရင်ကထက်တော့ ပိုနက်သွားတာ သေချာတယ်” သူက ‌ရယ်သံတစ်၀က်ဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ဂိုဒီ၏ မျက်နှာတွင် ကန်မှရေများလာစင်သောကြောင့် စိုရွှဲသွားသည်။

အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကြီးမားသော ငွေဖြူရောင် ငါးကြီးသည် ရေမျက်နှာပြင်တွင် ကူးခတ်နေကာ သူတို့ကို မထီမဲ့မြင်ကြည့်နေသည်။ သူသည် သိပ်လည်း ကျေနပ်နေပုံ မပေါ်ချေ။

ဂိုဒီက သူ့ကိုသတိထားမိသွားသည်ကို မြင်လိုက်ရသောအခါ ငါးကြီးသည် အသက်၀၀ရှူကာ ရေထဲတွင် တစ်ပတ်လှည့်လိုက်သည်။ သူ၏ ကြီးမားသော မျက်လုံးကြီးများက သူတို့ကို မမှိတ်မသုန်ကြည့်နေသည်။

ဧည့်လမ်းညွှန်သည် ငါးစာကို လက်တစ်ဆုပ်ယူလိုက်ပြီး ရေထဲသို့ ပက်ချလိုက်သည်။

ငါးကြီးသည် အစာနောက်ကို ချက်ချင်းလိုက်ကာ စားလိုက်သည်။

ဂိုဒီသည် သူ၏ ညစ်ပေသွားသည့် မျက်နှာကို ကိုင်ကြည့်လိုက်ကာ ကန်ထဲမှ ငါး၀တုတ်ကို စိုက်ကြည့်နေလိုက်သည်။

ငါ့ကိုရေနဲ့ပက်ရဲတယ်ပေါ့..

ဂိုဒီသည် ကျောက်တုံးခြံစည်းရိုးကို တစ်ချက်တည်းနှင့် ကန်လိုက်ကာ ရေထဲသို့ ခုန်ဆင်းသွားသည်။

ငါးကြီးကလည်း သူ၏ အမြီးကြီးကို ရမ်းကာ ဂိုဒီကို ရှောင်ရှားလိုက်သည်။

ဂိုဒီသည် ရေထဲတွင် ၀ရုန်းသုန်းကား ဖြစ်နေပြီး သူ၏ အတောင်ပံများဖြင့် လုံးထွေးနေသည်။ သူသည် ကျောက်တုံးကြီး တစ်တုံးကဲ့သို့ ရေကန်အောက်ခြေကို နစ်မြုပ်သွားတော့မည့် အခြေအနေဖြစ်နေသည်။

“ဖလိန်မီရေ.. ရေမကူးတတ်ပဲ ရေထဲဆင်းသွားပြီး သေမလိုဖြစ်နေတဲ့ သနားစရာ သတ္တဝါကို သွားကယ်ပေးလိုက်စမ်းပါ” ကောင်းဖန်က မျက်နှာကို လက်ဝါးဖြင့် ရိုက်ပြီး ပြောလိုက်သည်။

အဝေးတစ်နေရာတွင် ငြိမ်သက်နေသော ကန်ရေပြင်သည် ရုတ်တရတ် လှိုင်းများထသွားသည်။ မမြင်ရသော လက်ကြီးတစ်ခုသည် ရေလှိုင်းများကို ဆွဲယူနေသလိုပင်။ ထို့နောက် ရေလှိုင်းများသည် မြင့်တက်ကြီးမားလာကာ လှိုင်းများပိုထလာသည်။

ရေများ၏ ကြီးမားပြင်းထန်သော အသံများသည် သူတို့ထံသို့ အဝေးမှ တစ်ဟုန်ထိုးလာနေသည်။ တဖြည်းဖြည်းနှင့် လှိုင်းများနီးကပ်လာသောအခါ လှိုင်းများကြားတွင် ငွေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။

ရေထဲတွင် ငွေရောင်အပြားကြီးတစ်ခု ရှိနေသလိုပင်။

ထိုအရာနီးကပ်လာသောအခါ ကောင်းဖန်သည် ထိုသားရဲကို အနီးကပ်သိလိုက်ရသည်။ သူ၏ ပုံစံသည် လူတို့ကြည့်သော ငွေရောင်ကြည့်မှန်နှင့် ဆင်သည်။ သူအနီးရောက်လာသောအခါတွင်တော့ ကောင်းဖန်သည် ထိုအရာမှာ ငွေဖြူရောင်လိပ်ကြီးမှန်း သိလိုက်သည်။

လိပ်ကြီးသည် အိမ်တစ်လုံးအရွယ်ခန့် ရှိပြီး လှိုင်းများကြားတွင် မြုပ်ချည်ပေါ်ချည် ဖြစ်နေသည်။ သူ၏ ငွေရောင်အခွံကြီးသည် နေရောင်အောက်တွင် တောက်ပနေသည်။

“ဝိဉာဉ်လိပ်ကြီး” ဧည့်လမ်းညွှန်က ပြောလိုက်သည်။ သူသည် ကြောက်ရွံနေပုံမဟုတ်ပဲ အထင်ကြီးနေပုံဖြင့် မျက်လုံးများတောက်ပနေသည်။

“ဝိဉာဉ်လိပ်ကြီးက ဒီရေကန်ရဲ့ တော်၀င်သားရဲကြီးပေါ့.. နှစ်စဉ်နွေရာသီရောင်တိုင်း ထိုက်ဟူရေကန်က အရမ်းမြူဆိုင်းတတ်တယ်လေ.. အဲဒါကြောင့်သားရဲ လေ့ကျင့်သူတွေက ရေကန်မှာ လမ်းပျောက်တတ်ကြတယ်.. အဲဒီအခါ လိပ်ကြီးက သူတို့ကို အန္တရာယ်ကင်းကင်း လမ်းမှန်ရောက်သွားအောင် လမ်းပြပေးတတ်တယ်”

ကြီးမားသောလိပ်ကြီး သူတို့ရှေ့သို့ ပေါ်လာသောအခါ ကောင်းဖန်သည် လိပ်ကြီး၏ အချက်အလက်များကို ကြည့်လိုက်သည်။

[သားရဲအမည်] - ထူးခြားအစွမ်း မှန်ဘုရင်လိပ်

[သားရဲအဆင့်] - အဆင့် ၄၆

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲအမျိုးအစား] - လျှို့ဝှက်နက်နဲ

[သားရဲစွမ်းအင်] - အလင်းပြန်မှန်သံချပ်ကာ အဆင့် ၄၊ ကျောက်စိမ်းအရိုးစုအဆင့် ၃၊ ရေထိန်းချုပ်မှု အဆင့် ၃

[ထူးခြားသော ဝိသေသလက္ခဏာများ] - ထူးခြားသော သံချပ်ကာ အခွံ (နှစ်ပေါင်းများစွာ ဖွံ့ဖြိုးခဲ့သော အခွံကြီးဖြစ်ပြီး ကံဆိုးမှုများဖြစ်ပေါ်လာလျှင် အသုံးချ၍ရနိုင်)

တန်ပြန်စွမ်းရည် - အန္တရာယ်ကို သိမြင်နိုင်စွမ်းရည် မြင့်မားပြီး အငွေ့အသက်ကို သိရသည်နှင့် ချက်ချင်းရှောင်ရှားနိုင်၊ ကံကောင်းမှုများကို အာရုံခံနိုင်စွမ်းရှိ)

***

သားရဲလေ့ကျင့်သူ

အခန်း ၃၆၀ ငါးကြီးအန်ဖတ် ကျောက်စိမ်း

ကောင်းဖန်သည် လိပ်ကြီးကို မြင်မြင်ချင်းကတည်းက သူ၏ ထူးခြားချက်ကို သဘောကျမိခဲ့သည်။

ကောင်းဖန်သည် ထိုလိပ်ကြီး၌ ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားနိုင်သည့် သွင်ပြင်လက္ခဏာ ရှိသည်ကို သတိပြုမိသည်။ ထို့ကြောင့် ကောင်းဖန်သည် ထိုလိပ်ကြီးကို သူ၏ ကိုယ်ပိုင်သားရဲအဖြစ် လုပ်ရင်ကောင်းမလား တွေးမိသည်။ လိပ်ကြီးသည် သူတွေ့ဖူးသမျှထဲတွင် ဒုတိယ ထူးခြားဆန်းကြယ် အမျိုးအစားသားရဲလည်း ဖြစ်နေသည် မဟုတ်ပါလား။

ပထမအမျိုးအစားက ရတနာအနံ့ခံကြွက်ဖြစ်သည်။

ကောင်းဖန်သည် အခုမှပင် သူမေ့လျော့နေခဲ့သော အရာကို ပြန်သတိရသွားသည်။

သူသည် ကြွက်ကို ဓာတ်ခွဲခန်းထဲတွင် ထားခဲ့ကာ သူ၏ ရုံးခန်းကို မေ့ပြီး သော့ပိတ်ထားခဲ့မိသည်။ သူသည် နဖူးကို တစ်ချက်ရိုက်လိုက်ကာ ဖုန်းကို ထုတ်လိုက်သည်။

ထိုအချိန်တွင် ဓာတ်ခွဲခန်းထဲ၌ အဖြူရောင်ဓာတ်ခွဲခန်းကုတ်ကို ၀တ်ထားသော ရှုချင်းကျီသည် အစာများကို ခွက်တစ်ခုထဲ ထည့်နေသည်။ ကြောင်တစ်ကောင် အရွယ်အစားရှိသော ရွှေဖြူရောင် ကြွက်ကြီးသည် သူမရှေ့တွင် လှဲနေသည်။

*တကယ်ပါပဲ.. ခေါင်းဆောင်က နင့်ကို ထပ်ပြီး ထားခဲ့တာ ယုံတောင် မယုံနိုင်ဘူး.. ငါသာ ရုံးခန်းကို ရှင်းဖို့ရောက်မလာရင် နင်တော့ နောက် ၂ ရက်လောက် ဗိုက်ဆာနေတော့မှာပဲ” ရှုချင်းကျီသည် ကောင်းဖန်၏ မေ့လျော့မှုကို အပြစ်တင်နေမိသည်။ ကောင်းဖန်သည် အရင်ကလည်း ထိုသို့ခဏခဏ ဖြစ်ခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် သူမဖုန်း အသံတစ်ချက် မြည်လာသည်။

ရှုချင်းကျီသည် ဖုန်းကို အိတ်ကတ်ထဲမှ ထုတ်လိုက်သည်။ ထိုအခါ သူမဖုန်းတွင် စာတိုလေး ပေါ်လာသည်။ “ညီမလေးရှု.. ငါ့ရုံးခန်းထဲက အပင်လေးတွေကို ရေလောင်းပေးထားပါဦးနော်.. ကျေးဇူးပါ”

ရှုချင်းကျီသည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထို့နောက် ရုံးခန်းစားပွဲပေါ်တွင် အပြစ်ကင်းစွာ ထိုင်နေသော ပန်းအိုးထဲမှ ဆူးပင်လေးကို ကြည့်လိုက်သည်။

လိပ်ကြီးသည် ရေစပ်သို့ရောက်သောအခါ ကုန်းပေါ်သို့ တက်လာသည်။ လိပ်ကြီးသည် ရေထဲမှ တက်လာသောအခါ သူ၏ အခွံသည် လေနှင့် ထိသွားသည်နှင့် ရေတစ်စက်မှ မတင်နေတော့ချေ။ အခွံကြီးသည် နေရောင်အောက်တွင် ပြောင်ချောနေသည်။ အလင်းဖောက်နေသော ကျောက်တစ်ခုနှယ် အလွန်ပင် လှပလှသည်။

လိပ်ကြီးနီးကပ်လာသောအခါ လေထဲမှအစိုဓာတ်သည် ပိုတိုးလာသည်။ သန့်စင်သော အပြာရောင်မျက်လုံးများသည် ကောင်းဖန်ကို လုံး၀မရွေ့ပဲစိုက်ကြည့်နေသည်။

ထိုအချိန်တွင် တိုးလျသော တုန်ခါမှုတစ်ခု ထွက်ပေါ်နေသည်။ သူ၏ ပါးစပ်တွင်းမှ ထွက်ပေါ်လာသော ထူးခြားသည့် စွမ်းအင်လို ဖြစ်နေပြီး မီးရထားသံနှင့်လည်း တူနေသည်။

လိပ်ကြီးနှင့် ကောင်းဖန်တို့သည် အကြည့်ချင်း အတန်ငယ် ဆုံသွားကြပြီးနောက် လိပ်ကြီးသည် အခွံထဲသို့ ပြန်၀င်သွားသောအခါ အမည်းရောင် အခေါင်းပေါက်ကြီး ကျန်ခဲ့သည်။

ခဏကြာသောအခါ လိပ်ကြီးသည် ပြန်ထွက်လာကာ ပါးစပ်တွင်း၌ ကြည်လင်လှပသော ကျောက်စိမ်းတုံးတစ်ခု ပြန်ပါလာသည်။

လိပ်ကြီးသည် ကျောက်စိမ်းကို ကောင်းဖန်ရှေ့တွင် ချလိုက်ပြီး ရေကန်ထဲသို့ ပြန်လှည့်ဆင်းသွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ဟာ ဝိဉာဉ်လိပ်ကြီးက ခင်ဗျားကို ကောင်းချီးပေးသွားတာပဲ” ဧည့်လမ်းညွှန်က အံ့ဩတကြီး ပြောလိုက်သည်။

“ခင်ဗျားက ကံကောင်းလိုက်တာ.. ကျုပ်ဖြင့် ဒီမှာ အလုပ်လုပ်နေတာ နှစ်တွေကြာပြီ.. ဝိဉာဉ်လိပ်ကြီးက လူတစ်ယောက်ကိုပဲ ကောင်းချီးပေးဖူးတယ်တဲ့”

“ဟုတ်လား.. ဘယ်သူ့ကိုလဲ” ကောင်းဖန်က မေးလိုက်သည်။ သူ့တွင် မေးခွန်းများစွာ ရှိနေသည်။ လိပ်ကြီးက ဘာကြောင့် ချက်ချင်း ထွက်သွားသည်ကိုလည်း နားမလည်နိုင် ဖြစ်နေသည်ပင်။

“ဟိုးအရင်က မိန်းကလေးတစ်ယောက်ရှိခဲ့တယ်.. သူ့အဖေက သွေးကင်ဆာဖြစ်နေတော့ ဆေးကုဖို့ ပိုက်ဆံလိုနေတာပေါ့.. အဲဒါကြောင့် သူ့အဖေဆေးဖိုးတွေ ပေးဖို့အတွက် ကြာမြစ်လယ်ထဲမှာ အလုပ်သွားသွားဆင်းရလေ့ရှိတယ်.. နောက်တော့ ဝိဉာဉ်လိပ်ကြီးက သူ့ကို အဖိုးတန်ကျောက်တစ်ခုပေးခဲ့ပြီး သူရောင်းလိုက်တော့လည်း မီလီယံနဲ့ချီပြီး ရခဲ့တယ်တဲ့”

“ပြီးတော့ ဘာဆက်ဖြစ်လဲ.. သူ့အဖေကို ဆေးကုနိုင်လိုက်လား” ကောင်းဖန်က မေးလိုက်သည်။ သူသည် ထိုအကြောင်းကို အလွန်စိတ်၀င်စားနေမိသည်။ မိန်းကလေး၊ ၀ိဉာဉ်လိပ်ကြီးနှင့် ကုသရမည့် ရောဂါ.. ထိုအရာအားလုံးသည် ပျော်စရာ အဆုံးသတ်ဆီသို့ ဦးတည်နေလေရာ ကောင်းဖန်သည် စိတ်အားထက်သန်စွာ သိချင်နေမိသည်။

ဧည့်လမ်းညွှန်သည် ပုခုံးကို တစ်ချက်တွန့်လိုက်သည်။ “အင်း ပြောရရင်တော့ သူက ပိုက်ဆံတွေယူပြီး ထွက်‌ပြေးသွားပြီးတော့ နောက်တစ်မြို့ကို ပြောင်းသွားတယ်.. သူ့အဖေကတော့ အဲဒီအိမ်မှာပဲ နောက် ၃ လနေတော့ ဆုံးသွားတယ်.. သူ့အလောင်းကိုတောင် ရက်တော်တော်ကြာမှ အပုပ်နံ့တွေထွက်လာလို့ အိမ်နီးနားချင်းတွေက တွေ့ကြတာ”

“ဒါဆိုဘာလို့ ဝိဉာဉ်လိပ်က သူ့ကို ကျောက်ပေးခဲ့တာလဲ.. ဆိုးကျိုးတွေပဲ ဖြစ်ခဲ့ရတာ မဟုတ်လား” ကောင်းဖန်သည် စဉ်းစား၍ပင် မတတ်နိုင် ဖြစ်သွားသည်။ ထိုကျောက်အမျိုးအစားသည် အလွန်အဖိုးတန်လှရာ ကျောက်အရည်အသွေးပေါ်မူတည်ပြီး ဘီလီယံထိပင် ချီပြီးရနိုင်သည်ပင်။

“ဝိဉာဉ်လိပ်က လူသားတွေရဲ့ ရည်ရွယ်ချက်ကိုတော့ အာရုံမခံမိလို့ ဖြစ်မှာပေါ့” ဧည့်လမ်းညွှန်က အရယ်တစ်၀က်ဖြင့် ပြောလိုက်သည်။

လောဘနှင့် ချမ်းသာကြွယ်၀ခြင်းတို့သည် လူတို့၏ နှလုံးသားကို ခန့်မှန်း၍ပင်မရနိုင်သော အရာများကို ကျူးလွန်စေဖို့ တွန်းအားပေးတတ်သည် မဟုတ်ပါလား။

ကောင်းဖန်သည် လိပ်ကြီးက ပေးလိုက်သော ကျောက်စိမ်းဖြူလေးကို ကောက်ယူလိုက်သည်။ ကျောက်သည် ချောမွတ်နေပြီး ကိုင်ရတာ နူးညံ့လှသည်။ ကျောက်ထဲတွင် အနွေးဓာတ်လေးတစ်ခု ကိန်းအောင်းနေဆဲ ဖြစ်သည်။

ပစ္စည်းအမျိုးအစား - ငါးကြီးအန်ဖတ် ကျောက်စိမ်း

လုပ်ဆောင်ချက် - အမျိုးအစားစုံလင်သော နဂါးမျိုးစိတ်များ၏ အရည်များမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ နဂါးများ၏ ဘာသာစကားနှင့် အချက်အလက်များကို သိုလှောင်ထားနိုင်သည်။

ဘာလို့ ငါ့ကို ဒီကျောက်စိမ်းပေးတာပါလိမ့်.. ကောင်းဖန်က တွေးနေမိသည်။

သူသည် လက်ဖဝါးအရွယ်ခန့်ရှိသော ကျောက်စိမ်းကို ငုံ့ကြည့်ကာ အတွေးပွားနေမိသည်။ သူသည် အစကတော့ လိပ်ကြီးသည် သူ၏ စွမ်းရည်ထက်မြက်မှုကို အာရုံခံမိသောကြောင့် သူနှင့် ဆက်သွယ်ချင်၍ လာသည်ဟု ထင်မိလိုက်သေးသည်။ ယခုတော့ သူသည် ကျောက်စိမ်းတုံးလေးပေးပြီး ပြန်ထွက်သွားသည်။

ကောင်းဖန်သည် ပြောစရာစကားမဲ့သွားသည်။

သူသည် ရုတ်တရတ် နဂါးဖြူကြီးနှငိ့ ထိုက်ဟူရေကန်မှ ငွေနဂါးမင်းသားကို သတိရသွားမိသည်။ လိပ်ကြီးကို ငွေနဂါးမင်းသားက လွှတ်လိုက်တာများလား..

ကောင်းဖန်သည် ထိုက်ဟူရေကန်နားတွင် အတန်ကြာနေလိုက်သည်။ သူနေစဉ်အတွင်း လိပ်ကြီးသည် ရေကန်ကို နေ့စဉ်လာစစ်ဆေးကြည့်တတ်သည်။ ထို့နောက် ကောင်းဖန်ကို ရတနာများ လက်ဆောင်လာလာပေးကာ တစ်ခါတစ်ရံ ရှားပါးသားရဲများ၏ အလောင်းများလည်း ပါတတ်သည်။

သူသည် လိပ်ကြီးကို သူ၏ ကိုယ်ပိုင်သားရဲ ဖြစ်ချင်လားဟု မေးကြည့်လိုက်သည်။ ကောင်းဖန်သည် လိပ်ကြီး သဘောတူပါက သက်သောင့်သက်သာ နေရမည့်ဘ၀ကို ဖန်တီးပေးမည်ဟုလည်း ကတိပေးလိုက်သည်။

လိပ်ကြီးသည် ကောင်းဖန်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းကိုယမ်းလိုက်သည်။ ထို့နောက် ပြန်လှည့်ထွက်သွားသည်။

ကောင်းဖန်သည် လိပ်ကြီးကို မပိုင်ဆိုင်ရခြင်းအပေါ် နှမြောနေမိသည်။ သားရဲကြီးသည် အဆင့်မြင့်သောကြောင့် ကိုယ်ပိုင်စားရဲအဖြစ် အတင်းအကြပ်လုပ်ခိုင်းလို့လည်း မရချေ။ ရတနာအနံ့ခံကြွက်လောင် လွယ်ကူမည်မဟုတ်ချေ။

ကောင်းဖန်သည် ကျန်းနန်တွင် ၃ ရက်ခန့် ထပ်နေပြီးနောက် ယုကျိုးသို့ လေယာဉ်ဖြင့် ပြန်လိုက်သည်။

သူယုကျိုးကိုရောက်သောအခါ အခြေအနေသည် တင်းမာသလို ရှိနေသည်။ လမ်းသွားလမ်းလာများသည် တစ်ခုခုကို အလျင်လိုနေသကဲ့သို့ မြန်မြန်လမ်းလျှောက်နေကြသည်။

သူတို့သည် ၅ လမ်းခန့် ကျော်လာပြီးသောအခါ ကင်းလှည့်အရာရှိ ၃ ဦးနှင့် လမ်းပိတ်တုံး ၂ ခုကို တွေ့လိုက်သည်။

တစ်ခုခုသည် သံသယဖြစ်ဖွယ်ကောင်းနေသည်။

ကင်းလှည့်အရာရှိများသည် ယခင်ကထိုသို့ မလုပ်ခဲ့ဖူးသလို အရင်က သားရဲများ၀င်ရောက်ခဲ့စဉ်ကတောင် ဒီလို မဖြစ်နေဖူးပေ။

ထို့ကြောင့် ကောင်းဖန်မရှိတုန်း တစ်ခုခု ဖြစ်နေတာ သေချာသည်။ အဖိုးက ငါအဝေးရောက်နေတုန်း တစ်ခုခု ဖြစ်မှာစိုးလို့ ငါ့ကို မပြောပဲ ထိန်ချန်ထားတာ ဖြစ်ရမယ်။

ကောင်းဖန်သည် အင်တာနက်တွင် ယုကျိုး၏ နောက်ဆုံးပေါ်သတင်းများကို ရှာကြည့်သော်လည်း ဘာမှ မတွေ့ပေ။ သတင်းများကို ဆင်ဆာဖြတ်ထားဟန်တူသည်။

သူသည် မျက်မှောင်ကြုတ်လိုက်ပြီး မကောင်းသည့် ခံစားချက်ကြီး ၀င်ရောက်လာသည်။

ပုံမှန်အားဖြင့် အခြေအနေတစ်ခုခုသည် ထိန်းချုပ်လို့ရပါက လူအများကို ကြေညာချက်ထုတ်ပြန်ရမည် ဖြစ်သည်။ ယခုတော့ ဘာမှမပြောသည့်အတွက် စိုးရိမ်စိတ်များပင် ပိုဖြစ်နေကြရသည်။

တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းတွင်တော့ ၀န်ထမ်းများသည် ပုံမှန်ပင် အလုပ်လုပ်နေကြသည်။ ပန်းခြံထဲတွင်ပင် အေးအေးဆေးဆေး ရှိနေကြသေးသည်။ တောင်ပိုင်းကောင်းကင်၏ ၀န်ထမ်း‌များသည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးသူများပါပင်။

သို့သော် သူ့အဖိုးက မရှိနေသဖြင့် သူသည်လိုက်သွားရဦးမည် ဖြစ်သည်။

ကောင်းဖန်သည် အနည်းငယ် စိတ်အေးနေရသည့် အချက်ကတော့ နဂါးဖြူကြီးသည် တောင်ပိုင်းကောင်းကင်အတွင်းတွင် ရှိနေသေးခြင်းကြောင့် ဖြစ်သည်။ အခြေအနေများသည် သိပ်တော့ ထိန်းချုပ်မရအောင် ဆိုးပုံမရချေ။ မဟုတ်လျှင် နဂါးဖြူကြီးပင် ရှိနေမည် မဟုတ်ချေ။

“နဂါးဖြူကြီးရေ” ကောင်းဖန်က ကန်နားတွင် အော်ခေါ်လိုက်သည်။

ကန်ရေပြင်သည် အမြှုပ်ထလာပြီးနောက် ကြီးမားသောနဂါး ခေါင်းကြီး ထွက်လာကာ ကောင်းဖန်ကို စိုက်ကြည့်လိုက်သည်။

“မင်းကို ပေးဖို့ဆိုပြီး ပေးလိုက်တာလေးရှိလို့” ကောင်းဖန်က ငါးကြီးအန်ဖတ်ကျောက်စိမ်းကို ပေးလိုက်သည်။

နဂါးကြီးသည် ကျောက်စိမ်း၏ အငွေ့အသက်ကို ခံစားမိပုံရသည်။ သူသည် လူတစ်ယောက် ကဲ့သို့ပင် တုံ့ပြန်လိုက်ကာ မျက်မှောင်ကြုတ်သွားသည်။ ကောင်းဖန်က ကျောက်စိမ်းကို နဂါးကြီးဆီ ပစ်ပေးလိုက်သောအခါ အသံတစ်ခုသည် ‌ပဲ့တင်ထပ်သွားသည်။ နဂါးကြီးက ပါးစပ်ဖြင့်ဖမ်းလိုက်ပြီး မျက်လုံးကို ပိတ်ချလိုက်သည်။

ထို့နောက် နဂါးကြီးသည် မျက်လုံးပြန်ပွင့်လာကာ အမျိုးအမည်မသိရသည့် အသံများထွက်လာပြီးနောက် ရေထဲသို့ ပြန်ဆင်းသွားသည်။ ကောင်းဖန်မည်မျှပင် အော်ခေါ်နေသော်လည်း ထွက်မလာတော့ချေ။

All Chapters