← Chapters

အခန်း (၃၆၁-၃၆၄)

Vol. 23 Ch. 361-364

အခန်း (၃၆၁-၃၆၄)

Vol. 23 Ch. 361-364

အခန်း ၃၆၁ ဝိဉာဉ်ဖောင်

“နဂါးဖြူရေ” “နဂါးဖြူ” ကောင်းဖန်ရေကန်အစွန်းနားကနေ အော်လိုက်သည် “ငွေနဂါးမင်းသား မင်းကို ပြောတာဘာတဲ့လဲ… တကယ်ပဲ မင်းရဲ့သားလား” ကောင်းဖန်က မေးလိုက်သည်။ “မဖြစ်နိုင်တာ ဟားဟား… မင်းကမှ ငယ်ငယ်လေးရှိသေးတာကို…”

ရေမျက်နှာပြင်ပေါ်သို့ နဂါးလက်သည်းတစ်ချောင်းထွက်လာပြီး ကောင်းဖန်အား လက်ခလယ်ထောင် ပြလိုက်သည်။

ညရောက်သောအခါ သူ့အဖိုးပြန်လာသည်။ သူ့နဲ့အတူ အန်ကယ်လျို့ပါ ပါလာသည်။ “ငါတို့နောက်ဆုံးတွေ့ခဲ့တုန်းကထက် တော်တော်ပိန်သွားတယ်” အထဲသို့ ဝင်လာသော တာ့ဇီကိုမြင်သောအခါ အန်ကယ်လျို့က ပြောလိုက်သည်။ “ငါစောင့်ရှောက်ထားပေးတုန်းက မင်း ဝတုတ်တုတ်လေး ဖြစ်ခဲ့တာ မှတ်မိ သေးလား”

“တာ့ဇီက ခါးနားမှာ ဝိတ်လေးနည်းနည်းရှိနေတာ ပိုကြည့်ကောင်းတယ်လို့ ငါတော့ထင်တုန်းပဲ” သူက ပြုံးရင်း ဆက်ပြောသည်။ ကောင်းဖန်က တာ့ဇီခေါင်းကို ပွတ်ပေးလိုက်ပြီး “အန်ကယ်လျို့က မင်းဝတုန်းက ပိုကြည့် ကောင်းတယ်တဲ့”

တာ့ဇီက စိတ်လှုပ်ရှားစွာနဲ့ မေးရိုးများ တဂွပ်ဂွပ်ဖြစ်သွားသည်။ တကယ်ကြီးလား… တကယ်ကြီးလား

“ကျွန်တော်မရှိတုန်း ယွိကျိုးမှာ တစ်ခုခုဖြစ်သွားသေးလား” ကောင်းဖန်ကမေးသည်။

ကျီဟန့်ဝူနဲ့ အန်ကယ်လျို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ “ဘာမှအထွေအထူး သိပ်မရှိပါဘူး… ငါတို့ မထိန်းနိုင်လောက်တာ ဘာမှမဖြစ်ဘူး…. ဒါပေမယ့် ခြေတစ်လှမ်းမှားတာနဲ့ ဒုက္ခအကြီးအကျယ်ရောက် သွားနိုင်တယ်…. အခု ငါတို့ကို ဒုကဒုက္ခပေးနေတာက ယွိကျိုးမှာ ပေါ်လာတဲ့ ဝိဉာဉ်ဖောင်ပဲ… အဲ့ဒါက မြို့လယ်ခေါင်တည့်တည့်မှာ ပေါ်လာတာ… မြို့စွန်မှာ ဖြစ်ရင်ကောင်းမယ်” ကျီဟန့်ဝူက မျက်မှောင်ကျုံ့ရင်း ပြောလိုက်သည်။

ဝိဉာဉ်ဖောင်တဲ့လား..

ကောင်းဖန် အံ့အားသင့်သွားသည်။ သူ ဝိဉာဉ်ဖောင်အကြောင်းကြားဖူးသော်လည်း ယွိကျိုးမြို့လည်ခေါင်တွင် တကယ် ဝိဉာဉ်ဖောင်ကြီးပေါ်လာသည်ဟု ကြားရတော့ အံ့သြမိသည်။ “အမြဲတမ်းတည်မြဲမယ့် ဝိဉာဉ်ဖောင်လား” ကောင်းဖန်ကမေးလိုက်သည်။

အမြဲတမ်းတည်မြဲမယ့် ဝိဉာဉ်ဖောင်ကသာ သူတို့ကို ဒီလောက်အာရုံစိုက်မိအောင် လုပ်နိုင်လိမ့်မည်။ ယာယီဝိဉာဉ်ဖောင်ဆို တစ်လ သို့မဟုတ် ရက်အနည်းငယ် အချိန်အကန့်အသတ်ဖြင့်သာ တည်ရှိနိုင်မည်ဖြစ်သည်။ ခဏကြာပြီနောက် အလိုလို ပျောက်ကွယ်သွားလိမ့်မည်။ ဒါကြောင့် သူက အမြဲတမ်းတည်မြဲမယ့် ဝိဉာဉ်ဖောင်လောက် တန်ဖိုးမရှိချေ။ အမြဲတမ်းတည်မြဲမယ့် ဝိဉာဉ်ဖောင်ကတော့ အချိန်အကန့်အသတ်မရှိ တည်ရှိနိုင်ပြီး ဖောင်ရဲ့တခြားဖက်ခြမ်းတွင် ရှိနေည့် အရင်းအမြစ်များရှိရာ တခြားကမ္ဘာဆီသို့ ဝင်ပေါက်ဖြစ်သည်။

“အမြဲတမ်းတည်မြဲမယ့် ဝိဉာဉ်ဖောင် ဖြစ်နိုင်ချေများတယ်” သူ့အဖိုးကပြောသည်။ “ဒါပေမယ့် ဒါနဲ့ ပတ်သက်လို့ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ် ဘယ်ဟာအရင်နားထောင်ချင်လဲ”

“သတင်းဆိုး အရင်နားထောင်ရအောင်”

“ဝိဉာဉ်ဖောင်က မတည်ငြိမ်ဘူး… နတ်ဘုရားအဆင့်သားရဲတွေကို တဖက်ခြမ်းကို ပို့ပေးနိုင်လောက်အောင် ခံနိုင်မှာ မဟုတ်ဘူး… အခုလောလောဆယ်တော့ နဂါးဖြူနဲ့ မင်းရဲ့အစင်းလေးက ဝိဉာဉ်ဖောင်ရဲ့တဖက်ခြမ်းကို သွားနိုင်ဦးမှာ မဟုတ်ဘူး”

“အခုလောလောဆယ်တော့ဆိုတာက” ကောင်းဖန် မျက်မှောင်ကျုံ့လိုက်သည်။

ကျီဟန့်ဝူ ခဏစဥ်းစားလိုက်ပြီး “ရှိနေတဲ့ အမြဲတမ်းတည်မြဲမယ့် ဝိဉာဉ်ဖောင်တွေကို ငါတို့ စမ်းသပ်ခဲ့ချက်တွေ အရတော့ ဒီလို ဝိဉာဉ်ဖောင်မျိုးက ထွက်ပေါ်လာစအခြေအနေတွေမှာ လျှင်မြန်တဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်တတ်ကြတယ်…. သူ့ရဲ့ တည်ငြိမ်မှုနဲ့ သားရဲအဆင့်က နှစ်တိုင်း တိုးတက်သွားမယ့်ပုံပဲ”

“ဒါဆို သတင်းကောင်းကရော” ကောင်းဖန်က မေးလိုက်သည်။ အစင်းလေး ဝိဉာဉ်ဖောင်နဲ့ မသွားနိုင်ဘူးဆိုတာ သိလိုက်ရတော့ သူအနည်းငယ် စိတ်ဓာတ်ကျသွားသည်။ “ငါတို့ ယွိကျိူးအစိုးရနဲ့ပေါင်းပြီး ဝိဉာဉ်ဖောင်က အရင်းအမြစ်တွေကို အသုံးချဖို့ လုပ်နေပြီ”

ဒီပူးပေါင်းဆောင်ရွက်ခြင်း၏ နောက်ကွယ်က အကြောင်းပြချက်ကို သိဖို့ ကောင်းဖန် စက္ကန့်အနည်းငယ်ပဲ စဥ်းစားလိုက်ရသည်။ မြို့တော်နဲ့ မဟာမိတ်အစိုးရကြားက ဆက်ဆံရေးက ရာထူးအဆင့်လိုက် ဆက်ဆံခြင်းမျိုး တော့ မဟုတ်ချေ။ မဟာမိတ်အစိုးရက ယွိ ကျိုးမြို့၏နောက်မြို့တော်ဝန်ဖြစ်လာဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ရင်တောင် ထိုမြို့တော်ဝန်အဖြစ်ခန့်အပ်ခံရသူလူသစ်က ယွိကျိုသို့ အန္တရာယ်ကင်းကင်းဖြင့် ရောက်လာနိုင်လိမ်မည်ဟု အာမခံချက်မရှိပေ။

မြို့တော်သို့ သွားရာလမ်းက အန္တရာယ်များလှသည်။ မြို့ဝန်းကျင်က တောင်တောများထဲတွင် သားရဲများက လှည့်လည် သွားလာနေကြသည်။ လမ်းပေါ်တွင် ၁ယောက် ၂ယောက် သေနေတာမျိုးက အဆန်းပင်မဟုတ်ချေ။ ဒါက ယွိကျိုးမြို့မှသာမဟုတ် ကမ္ဘာပေါ်က အဓိကမြို့တိုင်းက ဖြည့်ဖြည်းချင်း သူတို့ကိုယ်ပိုင်အချုပ်အခြာ အာဏာကို တောင်းဆိုနေကြသည် မဟာမ်တ်အစိုးရက အရင်လို အဓိကမြို့များအပေါ် အာဏာသက်ရောက်မှု မရှိတော့ချေ။

“လူတွေရော ဒီကိစ္စသိကြလား” ကောင်းဖန်က မေးလိုက်သည်။ သူနည်းနည်းတော့ စိုးရိမ်နေသည်။ သူအတွက်တော့ ဝိဉာဉ်ဖောင်ဆိုတာက အံသြပျော်ရွှင်စရာတစ်ခုဆိုပေမယ့် သာမာန်လူတွေအတွက်တော့ ဝိဉာဉ်ဖောင်က အိမ်မက်ဆိုးတွင်းပေါက်တစ်ခုလိုဖြစ်သည်။

“သူတို့ခုထိတော့ မသိကြသေးဘူး…. ဝိဉာဉ်အနီးအနာဧရိယာကို ပိတ်ချထားတယ်.. ပိုင်ယဲ့ရပ်ကွက်မှာ ဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်မှုဖြစ်နေတယ်လို့တော့ တရားဝင်ကြေညာချက်ထုတ်ထားတယ်”

“ဝိဉာဉ်ဖောင်ကို ဘယ်လိုရှာတွေ့တာလဲ… ဘယ်သူမှ မသိတာ သေချာရဲ့လား”

ဒီစကားသာပျံ့သွားရင် ယွိကျိုးအစိုးရရော တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းပါ ဖိအားများသွားနိုင်သည်။

“အင်း သေချာပါတယ်… ဝိဉာဉ်ဖောင်က ဆောက်လက်စအဆောက်အဦးတွေရဲ့ ဧရိယာမှာ ရှာတွေ့တာ… အဲ့ဒါကို မတွေ့ခင်က အဲ့ဒီဧရိယာမှာ အကြမ်းဖက်မှုတွေဖြစ်တယ်လို့ တိုင်ကြားချက်ရခဲ့တယ်လေ… အစကတော့ အာဏာပိုင်တွေက သားရဲတွေ စိတ်ရိုင်းဝင်ပြီး လုပ်တာ ထင်နေတာ… သူတို့စုံစမ်းတာ ဘာမှမတွေ့တော့ အဆောက်အဦးတွေထဲ စီစီတီဗွီတွေ တပ်လိုက်တယ်… အဲ့လိုလုပ်ရင်း မတော်တဆ ဝိဉာဉ်ဖောင် ပထမဆုံး ပေါ်လာတာကို ရိုက်မိထားတာ…သူက အစက ခဏလေးပဲပေါ်လာတာ အဲ့ဒါကြောင့်ပဲ ရဲဌာနကလူတွေ ဘာမှ ရှာမတွေ့ဖြစ်သွားတာ”

အန်ကယ်လျို့က သူ့မေးစေ့ကို ပွတ်ရင်း “အကိုလီ ကျွန်တော် စိတ်ထင်နေတာ ရှိတယ်… ခုထိ ပြောဖို့ အခွင့်အရေးမရသေးလို့ မပြောဖြစ်တာ… ယွီကျိုးက ဝိဉာဉ်ဖာင်နဲ့ လွန်ခဲ့တဲ့နှစ်ဝက်က အာဖရိကမှာ ပေါ်သွားခဲ့တဲ့ ဝိဉာဉ်ဖောင်ကြားမှာ ဆက်စပ်မှုများ ရှိနေမယ်ထင်လား ၂ခုလုံးကတော့ တူညီတဲ့အမည်းရောင်မြူတွေနဲ့ပဲ”

ကျီဟန့်ဝူက အာဖရိကသို့ တခါမှ မရောက်ဖူးချေ။ အာဖရိကက အမည်းရောင်မြူခိုးက ယွိကျိုးကဟာနဲ့ ပတ်သက်နေမလား သူမသိပေ။ ဒီအာဖရိကအကြောင်းပြောတော့ သူ့စိတ်က ရွှေလက်များနဲ့ သူတို့ သူ့မြေးကို သတ်ဖို့လုပ်ခဲ့တာကို တွေးမိသွားသည်။

သူမျက်နှာအမူအရာ မဲမှောင်သွားသည်။

ထို့နောက် သူကကောင်းဖန်ကို “ငါ မမေ့ခင် ပြောလိုက်ဦးမယ် ကောင်းဖန် မင်းပြောဖူးတဲ့ အဲ့ဒီနေရာက မူမမှန်ဘူး ဆိုတဲ့ဟာလေ… တောင်ပိုင်းကောင်းကင်အဖွဲ့က ဒါကို စုံစမ်းဖို့ အဖွဲ့တွေလွှတ်လိုက်ပြီးပြီ ဒါပေမယ့် ဘာမှ ရှာမတွေ့ခဲ့ဘူး”

“ချန်ပင်းရွာကို ပြောတာလား”

“အင်း အဲ့မှာ ဘာတွေဖြစ်နေလဲ သွားကြည့်ဖို့ နတ်ဘုရားအဆင့် သားရဲတစ်ကောင်လိုတယ်… ကွန်မန်ဒါအဆင့်လောက် သားရဲတွေတော့ အဲ့ဒီနေရာနားတောင် ကပ်လို့ရမှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့ အဖိုး ရှုဟဲ့တိနဲ့ လင်ရှင်ရွေ့ ကို သူတို့အဖွဲ့တွေ နဲ့ သွားကြည့်ခိုင်းထားတယ်…အဆင်ပြေမှာပါ အထူးသဖြင့် ရှုဟဲ့တိရဲ့ သားပိုက်ကောင်ရဲ့ ထက်မြတ်တဲ့ အာရုံခံနိုင်စွမ်းနဲ့ဆိုရင်ပေါ့… အဲ့ဒီမှာဖြစ်နေတဲ မူမမှန်တာတွေဖြစ်စေတဲအကြောင်းရင်းကို ရှာနိုင်တဲ့သူရှိရင် အဲ့ဒါ သူတို့ ၂ယောက်ပဲဖြစ်မှာ”

“အဲ့ဒီ ၂ယောက် မလုပ်နိုင်ရင်ရော” အန်ကယ်လျို့ကမေးသည်။ “ဒါဆို ငါကိုယ်တိုင်သွားမယ်” ကျီဟန့်ဝူကဖြေလိုက်သည်။

ကောင်းပင်မြို့တွင် လူတစ်စုက မြောက်ဖက်ထွက်ပေါက်ကနေပြီး မြို့ကနေထွက်ခွာလာပြီး အနောက်မြောက်ဖက်သို့ ဦးတည်သွားနေသည်။ လူစုထဲတွင် လူ၃ယောက်ပါသည်။ အားလုံးအမည်းရောင်ဝတ်ထားပြီး တိုက်ပွဲဝင် ဝတ်စုံများဝတ်ထားကြသည်။ သူတို့မျက်နှာများကပင် ခေါင်းဆောင်းဖြင့် ဖုံးကွယ်ထားကြသည်။

သားရဲ၅ကောင်က သူတို့ဘေးက လိုက်လာသည်။ ရွှေရောင်လက်ဝှေ့ချန်ပီယံ သားပိုက်ကောင်၊ ခရစ်စတယ်ကင်းပုဇွန်၊ အမည်းရောင် အမွှေးလုံးကြီး တစ်ကောင်နဲ့ ရွှေအစင်းသမင်တို့ ဖြစ်ကြသည်။

ဘတ်စ်ကားထက်ပိုကြီးသော ငှက်ကြီးတစ်ကောင်က သူတို့အပေါ်တွင် ပတ်လည်လှည့်ပြီး ပျံနေသည်။

ဒီလူစုတွင် ရှုဟဲ့တိ၊လင်ရှင်ရွေ့နဲ့ အမည်မသိ အဆင့်မြင့်တိုက်ပွဲအရာရှိများပါဝင်သည်။

*

“ချန်ပင်ရွာကိုရောက်ဖို့ ၆မိုင်လောက်လိုသေးတယ်… အခုကစပြီး သတိရှိကြ… အရင်၂ဖွဲ့က စုထားတဲ့ အချက်အလက်တွေအရ ဒီဒေသမှာ ဖုတ်ကောင်အမျိူးအစား သားရဲတွေ အရမ်းများတယ်တဲ့… ငါတို့ကိုယ်ပေါ် ဖုတ်ကောင်မှုန့်တွေ အရင်လိမ်းထားကြတာပေါ့… အဲ့ဒါဆို ငါတို့ရှိနေတာကို မသိအောင် ကာကွယ်ပေးနိုင်တယ်”

ပြောရင်း လင်ရှင်ရွေ့က သူ့ကျောပိုးအိတ်ထဲက အနီရောင်အစနဲ့ ပိတ်ထားသောအိုးတစ်လုံးကို ထုတ်ယူလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၆၂ ချန်ပင်းရွာ

“ဒါကအရိုးပြာတွေပေါ့၊ ဟုတ်လား” ရှုဟဲ့တိက‌မေးလိုက်သည်။

ဘယ်လိုပဲကြည့်ကြည့် ဒီအရိုးအိုးထဲက အရိုးပြာတွေက အရိုးတွေအများကြီးလိုပဲ။

“ဒါကရိုးရိုးသာမာန်အရိုးပြာမဟုတ်ဘူး။ ဒီအရိုးပြာတွေက ဖုတ်ကောင်အမျိုးအစားတွေရဲ့ အရိုးပြာတွေပဲ” လင်ရှင်းရွေက အသေချာရှင်းပြသည်။ အဲ့ဒီနောက် သူမကပဲဆက်ပြီး အရိုးပြာအိုးကို ဖွင့်လိုက်သည်။ ထို့နောက် အရိုးပြာမှုန့်တွေကို တိုက်ပွဲဖြစ်မဲ့နေရာမှာကျဲချလိုက်သည်။ အရိုးပြာတချို့ကိုပါ သူမရဲ့လက်ဖမိုးနဲ့ ပါးတွင်သုတ်လိုက်သည်။

ရှုဟဲ့တိရဲ့မျက်နှာကပါ ဖျတ်ခနဲ‌ပြောင်းလဲသွားပြီး သူလည်း လင်ရှင်းရွေလိုပဲ ကိုယ်မှာအရိုးပြာတွေလိုက်သုတ်လိုက်သည်။ အရိုးပြာဆိုပေမဲ့လည်း သူ့စိတ်ထဲမှာကြက်သီးထမိသလိုခံစားရသည်။

ဖုတ်ကောင်အရိုးပြာကို သူ့ကိုယ်ခန္ဓာအနှံ့ကိုပွတ်လိုက်သည်။

သူတို့၏သားရဲကောင်တွေခန္ဓာကိုယ်မှာပါ အရိုးပြာတွေသုတ်လိမ်းပေးကြသည်။ ဒီလိုနဲ့ပဲ လင်းရှင်းရွယ်အိတ်ထဲကအရိုးပြာနှစ်အိုးကုန်သွားခဲ့‌ချေပြီ။

“ကဲ မြန်မြန်သွားကြစို့၊ အရိုးပြာတွေက လေးနာရီပဲခံမှာ.. အဲ့အချိန်အတွင်းမှာပဲ သူ့ရဲ့အစွမ်းသတ္တိရှိမှာ”

သားရဲလေ့ကျင့်သူသုံးယောက်နဲ့ သားရဲငါးကောင်တို့သည် လျင်မြန်သောအရှိန်ဖြင့် ချီတက်လာခဲ့ကြသည်။ ဘေးပါတ်၀န်းကျင်သည်လည်း ပို၍ချောက်ကပ်တိတ်ဆိတ်လာသကဲ့သို့ပင်ရှိသည်။ မြေကြီးပေါ်ကအပင်တွေသည်လည်း တဖြည်းဖြည်းကျဲပါးလာခဲ့ပြီး၊ သူတို့၏ခြေဖဝါးများအောက်မှ နီမှောင်သောကမ္ဘာမြေကြီးသည်လည်း သွေးများဖြင့်စိုစွတ်လာသလိုပင်ထင်မှတ်ရသည်။

ခဏအတွင်းမှာပင် သူတို့သွေးရောင်လွှမ်းလျက်ရှိသော မြက်ပင်ရှည်အခင်းထဲသို့ရောက်ရှိလာခဲ့သည်။ မြက်ပင်များသည် အရင်းမှစ၍ နီရဲလျက်ရှိပေသည်။

“ဓားသွားမြက်ပင်တွေပဲ ခရက်ဒစ် ၁၀ လောက် တန်ကြေးရှိတယ်”

လင်းရှင်းရွယ်ကပြောလိုက်ပြီး မြက်တစ်စုတ်ကိုခူးကာ အိတ်ထဲသေသေချာချာ ထည့်သိမ်းလိုက်သည်။

သူတို့နှင့်အတူတကွလိုက်ပါလာသောအထဲမှ ရာထူးကြီးမဟာမိတ်တစ်ဦးက လင်ရှင်းရွေ မြက်နှုတ်ယူနေသည်ကို လောဘတကြီးကြည့်နေသည်။ ဒါတွေအကုန်ကိုသာ ရောင်းလိုက်မယ်ဆိုရင် အနည်းဆုံး ဒေါ်လာတစ်သိန်းလောက်တော့ရမှာပဲ…ဒီနေရာက တကယ့်ရွှေတွင်းပါလားဟု တွေးမိလျက်ရှိသည်။

လင်ရှင်းရွေသည် ပါတ်၀န်းကျင်ကို ဂရုတစိုက်သတိနှင့်ကြည့်လျက်ရှိသည်။ ငါတို့သွားချင်တဲ့နေရာရောက်ဖို့ အတော်လိုသေးသည်ဟု သူမပြောလိုက်သည်။

“မင်းကဘာကိုကြည့်ပြီးသည်လိုပြောတာလဲ” မဟာမိတ်အကြီးအကဲကမေးလာသည်။

“ဒီလိုအဖိုးတန်တဲ့ရတနာ‌တွေကို ဘယ်သူမှမထိ‌တွေ့ထားပဲ ဒီတိုင်းရှိနေတာက ထူးဆန်းနေတယ်.. ဘာလို့ တခြားသူတွေက လာမယူကြသလဲ.. တစ်ချက်ပဲဖြစ်နိုင်မယ် ဘာကြောင့်လဲဆို‌တော့ ဒီနေရာကထင်ထားတာထက်ကို ပိုအန္တရာယ်များနေတာကြောင့်ပဲ” လင်ရှင်းရွေက သူ့အားကြည့်ကာ ထိုသို့ပြောလိုက်သည်။ ထို့နောက် ပါတ်၀န်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ဟုတ်လောက်မည်ဟုထင်ရသည်။

ကောင်းပင်မြို့ကလူတွေက ချန်ပင်ရွာကိုလာခဲလှသည်။

အလွန်အရေးကြီးသောအကြောင်းအရာရှိလျင်ပင် လာရန်တွန့်ဆုတ်ကြသည်။

လင်ရှင်းရွေ နာမည်ကြီးမုဆိုးစဖြစ်ခဲ့စဥ်ကတည်းက သူမသည် ပါတ်၀န်းကျင်ကိုအမြဲမပြတ်သေချာစွာစောင့်ကြည့်ရန် သင်ကြားပေးခြင်းခံရပြီး အမြဲပင် အသင့်အနေအထား ရှိနေခဲ့ပေသည်။ အန္တရာယ်ဆိုသည်မှာ ဘယ်အချိန်တွင် ဘယ်က၀င်လာမလဲမသိနိုင်။ လမ်းဘေးတွင်ပေါက်နေသော အပင်သည်ပင် အန္တရာယ်ရှိသော အပင်ပုံအသွင်ယူ ဟန်ဆောင်ထားသော သားရဲကောင်ဖြစ်နေနိုင်သည်။

ယခုသူတို့ ရောက်ရှိနေသောနေရာသည် သာမာန် အကန့်အသတ်မရှိသော မြေလွတ်မြေရိုင်းတစ်ခုမဟုတ်‌ပေ။ သူတို့၏ ပါတ်ပါတ်လည်တွင် တောင်ကုန်းတောင်တန်းများသည် လှိုင်းပမာမို့မောက်နိမ့်၀န်းစွာ ၀န်းရံလျက်ရှိသည်။ ဘေးပါတ်၀န်းကျင်တွင်ရှိသော သစ်ပင်များ၏ အကိုင်းအခက်များမှာ ဆာလောင်နေသော သားရဲတစ်ကောင်ကဲ့သို့ တည်ရှိနေသည်။ ကျီးကန်းများမှာလည်း ရုပ်တုများကဲ့သို သစ်ပင်ထိပ်တွင် လှုပ်ရှားမှုမရှိပဲငြိမ်သက်နေကြသည်။ ထိုကျီးကန်းများတွင် ခြေထောက်သုံးချောင်းပါရှိပြီး မျက်လုံးများမှာ ရဲရဲနီနေကြသည်။

လေတိုက်လိုက်တိုင်း အကိုင်းအခက်တို့သည် တစ္ဆေတစ်ကောင်လှုပ်ရှားလိုက်သလိုထင်ရသည်။

ကျီးကန်းတစ်ကောင်စူးရွားစွာအော်မြည်လိုက်သည်။

သူတို့အားလုံးကျောရိုးထဲကပင်စိမ့်ကနဲ တုန်ယင်သွားသလိုခံစားလိုက်ကြရသည်။ ကျီးကန်းကိုလှည့်ကြည့်စဥ် သစ်ရွက်ခြောက်များလေထဲ လွင့်ပျံနေသည်ကိုမြင်တွေ့ရသည်။

တခဏအတွင်း အရာအားလုံး နေသားတကျဖြစ်သွားသလို တိတ်ဆိတ်သွားပြန်သည်။

သူတို့လမ်းခရီးတွင် ထူးဆန်းသောအရာများ ခဏခဏကြုံတွေ့နေကြရသည်။

ဆင်ခြေလျော ခပ်ပြေပြေတစ်ခုဆီရောက်လာကြသည်။‌ ဆင်ခြေလျောရှေ့က ကျောက်တိုင်ပေါ်တွင်

“ချန်ပင်ရွာ” ဟုထွင်းထုထားသည်။

“ငါတို့ရောက်လာကြပြီ” ရှုဟဲ့တိက‌ပြောလိုက်ပြီး ဘေးပါတ်၀န်းကျင်ကိုသတိနှင့်ကြည့်ရှုလိုက်သည်။

“ငါတို့လိမ်းခဲ့တဲ့အရိုးပြာတွေက တော်တော်အကျိုးထူးတာပဲ.. အရှေ့ကသွားတဲ့နှစ်ဖွဲ့လုံး လမ်းမှာပဲ ကျရှုံးခဲ့ကြပေမဲ့ ငါတို့က‌တော့

အန္တရာယ်ကင်းကင်းရောက်လာနိုင်တယ်လို့ပဲဆိုကြရမလား” ဟုပြောလိုက်သည်။

သူတို့တွေ ဆင်ခြေလျောအတိုင်းဆင်းသွားလိုက်ကြသည်။

အပေါ်စီးမှကြည့်လိုက်သည်နှင့် ထူထပ်သောတောအုပ်ကာရံထားသဖြင့် အိမ်တန်းလေးများကို မသဲမကွဲတွေ့မြင်ရသည်။ သစ်ရွက်များမှာ မှောင်မိုက်ထူထဲနေသဖြင့် အနောက်‌တွင်ရှိသောအရာကို သေချာစွာ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

ရုတ်တရက်ဆိုသလို မြေကြီးထဲမှ အရိုးတစ်ချောင်းထွက်လာပြီး ရှုဟဲ့တိ၏ခြေထောက်ကိုဖမ်းဆုပ်လိုက်သည်။

အလွန်ထူးချွန်သောလက်ဝှေ့ချန်ပီယံ သားပိုက်ကောင်သည် မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ပြီး ထိုအရိုးအား ညာခြေထောက်ဖြင့် မြေကြီးပေါ်သို့ကန်ချလိုက်သည်။

ထိုအရိုးသည် တစစီကြေမွပျက်စီးသွားသည်။

သားပိုက်ကောင်သည် ထိုအရိုးအားမြေကြီးထဲထိနစ်အောင် ခြေထောက်ဖြင့်ထိုးထည့်လိုက်သည်။ ခဏလေးအတွင်းပင် ထိုအဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်မှာ မျက်စိတစ်မှိတ်စာမျှသာရှိသည်။ထို့‌နောက်မှပင် အသက်၀၀ ရှုနိုင်ကြတော့သည်။

“ခုကစပြီး သတိကြီးကြီးထားကြမှဖြစ်မယ်… ငါတို့က အရိုးပြာမှုန့်တွေလိမ်းထားကြလို့သာ သားရဲတွေကမမြင်နိုင်ပေမဲ့ သူတို့အာရုံထဲမှာ ငါတို့ရှိနေမှန်းခံစားမိလာနိုင်တယ်”

“နောက်ဆုတ်ကြ နောက်ဆုတ်ကြ” ဟိုးအဝေးမြေရိုင်းဆီမှ အဆက်မပြတ်အော်မြည်နေသလိုကြား‌နေရသည်။

သစ်ရွက်ကြွေသံတို့က ပြင်းထန်သော သတိပေးသံကဲ့သို့ပင် ဖြစ်နေသည်။

တံခါးသံ မြင်းခွာသံများက ပြင်းထန်သောလေနှင့်အတူထွက်ပေါ်လာကြသည်။ ထို့နောက် ၀တ်စုံအပြာဖြင့်တစ္ဆေစစ်သားများက လက်ထဲတွင် ဒိုင်းကာ၊ ဓါးမြောင်၊ ပုဆိန်တို့ကိုကိုင်ကာ တောအုပ်ကိုဖြတ်၍ အနောက်မှအရှေ့သို ချီတက်သွားသည်ကို မြင်လိုက်ရသည်။

“သူတို့တွေက တစ္ဆေစစ်သားတွေဖြစ်ရမယ်” လင်ရှင်းရွေက မျက်ခုံးပင့်ရင်းပြောသည်။ ထို့နောက် အခြားသူများအားပုန်းနေ‌စေသည်။ တစ္ဆေစစ်သားများနှင့် ဒုတိယအကြိမ်ထပ်တွေ့သော်လည်း ထူးခြားပြီးသူတို့အားတုံ့ပြန်ချင်းမရှိသဖြင့် သူမအံ့ဩမိလေသည်။

တစ္ဆေစစ်သားတွေကတော်တော်များသည် လင်းရှင်းရွယ်စိတ်ထင် ထောင်ဂဏန်း အနည်းဆုံးရှိမည်ဟု တွေးမိသည်။

“နှစ်ပေါင်းထောင်ချီထဲကစိတ်နှလုံးသားရဲ့အမှောင်ထုနဲ့ စစ်သားတွေရဲ့အရိုးတွေ၊ အမှောင်ထုရဲ့မီးတောက်တွေ” လင်ရှင်းရွေ စိတ်ထဲမှာသူတို့ရဲ့အကြောင်းတွေး ဖော်ထုတ်ဖို့ တိတ်တဆိတ် တွေးနေမိသည်။.

ကောင်းဖန်က ဒီအကြောင်းတွေဘယ်လိုများသိနေပါလိမ့်။ ငါတော့တစ်ခါမှ ဒါတွေကိုမကြားဖူးခဲ့ဘူး။ ဒီအကြောင်းတွေကိုသိအောင်သေချာစုံစမ်းရမယ် ဟုစဉ်းစားမိသည်။

“စစ်သားတွေရဲ့အရိုးတွေနဲ့ နှစ်ပေါင်းထောင်ချီက စိတ်နှလုံးသားရဲ့အမှောင်ထု တွေကို ဒီရွာရဲ့အလယ်မှာရှာတွေ့နိုင်တယ်.. ဒါပေမဲ့

အမှောင်ထုရဲ့မီးတောက်တွေကတော့တဖြည်းဖြည်း‌ ပေါက်ပွားလာတယ်.. အဲဒါကိုတော့ ငါတို့တွေ ရွာပြင်မှာရှာမှရလိမ့်မယ်…အရင်ဆုံး အနီးပါတ်၀န်းကျင်မှာရှာကြည့်ရအောင်… တစ်နာရီအတွင်းမတွေ့ခဲ့ရင်တော့ ရွာရဲ့အလည်ကိုပဲပြောင်းပြီးရှာကြည့်ကြမယ်”

မိနစ်လေးဆယ်ကြာပြီးနောက် အမှောင်ထုရဲ့မီးတောက်က အဝေးကကျင်းတစ်ခုထဲမတွင် မြောလာသည်ကို သူတို့ထဲကသုံးယောက်လောက်တူတူမြင်လိုက်ရသည်။ အပြာရောင်မီးတောက်သည် လေထုထဲတွင် မြူကဲ့သို့ရှိနေသည်။

မီးတောက်များသည် အလယ်တွင် နက်မှောင်သောအပြာရောင်နှင့် အစွန်းပိုင်းတွင်အပြာဖျော့ရောင်အဖြစ် တည်ရှိနေသည်။

မီးတောက်ကို ခြောက်သွေ့ညှိုးနွမ်းလျက်ရှိသော သစ်ပင်သုံးပင်က တြိဂံကဲ့သို့၀န်းရံလျက်ရှိသည်။ ထိုမီး‌တောက်ကိုယူမည်ဆိုလျင် ထိုသစ်ပင်များကို ချိုးဖျက်ပြီးသွားမှ ဖြစ်နိုင်ပေမည်။

“ငါတို့မြန်မြန်ပြီးအောင်လုပ်ကြစို့” သူရဲ့သားပိုက်ကောင်ကို ရှုဟဲ့တိပြောလိုက်သည်။ ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ သူ လင်ရှင်းရွေကိုတော့ အန္တရာယ်ထဲကိုအရင်ပေးမသွားနိုင်ပေ။

သားပိုက်ကောင်သည် သူ၏မျက်လုံးများကိုကျဉ်းမြောင်းလျက် ညှိုးခြောက်နေသောသစ်ပင်များအလယ်က အမှောင်ရဲ့မီးတောက်ကိုကြည့်သည်။ ကျီးကန်းတို့သည်လည်း အပင်၏အကိုင်းများပေါ်မှာ နားနေနေကြသည်။

ကျီးကန်းများ အင်တင်တင်ဖြင့် ထပျံသွားကြသည်။

မီးတောက်သည်တစ်ဆထက်တစ်ဆ အမြန်ရွေ့လျားလာသည်။ ရွေ့လျားလာရင်း တဖြည်းဖြည်းနှင့် ရွှေရောင်အလင်းတန်းဆီသို့ တွန်းပို့သကဲ့သို့ဖြစ်လာခဲ့သည်။

မီးတောက်သည်ရှည်လျားသည်။ ၎င်း၏အမှီးဖျားသည်အနောက်ဖက်သို့ ယိမ်းယိုင်လာသည်။ တဖြည်းဖြည်းချင်း အရှိန်အဟုန်ပြင်းစွာ အရှေ့သိုဦးတည်လာသည်။ ၎င်းသည်ရွေ့လျားရင်းနှင့် တြိဂံပုံသဏ္ဍန်ဖြစ်လာသည်။

သားပိုက်‌ကောင်က ဘယ်ခြေထောက်ဖြင့် ရှေ့သို့ ခြေလှမ်းကြီးကြီးလှမ်းလိုက်သည်။ ညာခြေထောက်ကို သားပိုက်ကောင်ရဲ့နောက်မှာ တညီတည်းဖြစ်အောင် လုပ်ထားရင်း အမြီးက မြေကြီးပေါ်သို့ကျနေသည်။ ဘယ်‌ခြေ‌ထောက်ကို ဆောင့်ချလိုက်သောကြောင့် ဖုန်များ လေထဲ‌တွင် လွင့်ပျံသွားသည်။

သားပိုက်ကောင်သည် ဘယ်ဘက်ခြေထောက်ကို မြေကြီးပေါ်သို့မြဲမြံစွာနင်းကန်ထားပြီး ညာဘက်ခြေထောက်ဖြင့်သစ်ပင်ကို အရှိန်ပြင်းစွာ ကန်လိုက်တော့သည်။

ညှိုးခြောက်နေသောသစ်ပင်များအနက် တစ်ပင်သည် ကန်ချက်‌ကြောင့် သစ်ခေါက်များ ကျိုးပဲ့ပြီးလေထဲတွင်အကျိုးအပဲ့များလွင့်စင်လာခဲ့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၆၃ ဗိုလ်ချုပ်ကြီးကျောင်း

ခြောက်သွေ့ညှိုးနွမ်းနေသော အခြားသစ်ပင် ၂ပင်က သားပိုက်ကောင်၏တိုက်ခိုက်မှုကြောင့် ကျိုးထွက်သွား သည်။ မာကြောသော သစ်ကိုင်းတွေက မိစ္ဆာလက်သည်းတွေကဲ့သို့လှုပ်ခတ်သွားကြသည်။

သားပိုက်ကောင်၏မြင်ကွင်းကို အရိပ်များက တခဏကွယ်လိုက်ပြီး အမှောင်အတိဖြစ်သွားသည်။ သစ်ပင်များထိပ်တွင် ကျီးကန်းများအော်မြည်နေပြီး ထိတ်လန့်စရာဇာတ်ကားထဲက ပြကွက်လို ရုတ်တရတ် ပြောင်းလဲသွားသည်။ လက်ဝှေ့ချန်ပီယံ သားပိုက်ကောင်က ဒီလိုဖြစ်လာမှာကို ခန့်မှန်းထားပြီးဟန် တူသည်။ သူ့နားရွက်များလှုပ်သွားပြီး ကျွမ်းကျင်စွာဖြင့် သစ်ပင်များ၏ တိုက်ခိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

သစ်ကိုင်းများက အပင်ကနေ မြွေကဲ့သို့ ဆန့်ထွက်လာကြသည်။ တချို့က သားပိုက်ကောင်၏ နားရွက်နားက ပွတ်ကာသီကာဖြတ်သွားကြသည်။ တဖက်တွင်လည်း သားပိုက်ကောင်၏လက်သီးက သစ်ပင်များပေါ်သို့ အရှိန် ပြင်းပြင်းဖြင့် ကျဆင်းနေသည်။ သားပိုက်ကောင်က သူ့ထံလာနေသော သစ်ကိုင်းများကို လက်သီးချက်ဖြင့် ကာကွယ်နေသည်။ သူလှုပ်ရှားတာ မြန်လွန်းသဖြင့် သာမာန်မျက်လုံးနဲ့ကြည့်ရင် အလင်းတန်းဖြတ်သွားသလိုသာဖြစ်နေသည်။ သူက သစ်ပင် ၂ပင်ကို ခြေတွေရော၊လက်တွေရော၊ အမြီးနဲ့ပါ သုံးပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုအချိန်တွင် မျက်စိကျိန်းလောက်စရာ ရွှေရောင်အလင်းတန်းရုတ်တရတ်ပေါ်လာသည်။ သစ်သားများ ကျိုးပဲ့သံ က လေထဲတွင်ပျံ့နှံ့သွားသည်။ သစ်ကိုင်းများ ဆွဲချိုးခံလိုက်ရပြီး ကျီးကန်းငှက်မွှေးများက လေထဲတွင် လွင့်မျော နေကြသည်။ သားပိုက်ကောင်က သစ်ပင်တွေပေါ်သို့ နောက်ဆုံးထိုးချက်ကို ထိုးချလိုက်သည်။ ထို့နောက် လက်သီးဆုပ်ကို ဖြေလျော့ပြီး အမှောင်ထု၏မီးလျှံဆီ တည်ငြိမ်စွာ ဦးတည်လျှောက်သွားသည်။

သူ့နောက်က အေးစက်နက်မှောင်နေသည့် မြေကြီးပေါ်တွင်တော့ သစ်ခြောက်ပင် ၂ပင်၏အကြွင်းအကျန်များနဲ့ ကျီးကန်းများ ရှိနေသည်။ သားပိုက်ကောင်၏အမြီးက လှုပ်ယမ်းနေပြီး မြေကြီးပေါ်တွင် သွေးကွက် အစွန်းအထင်းများ ပျံ့သွားအောင် ဖြန့်သလိုဖြစ်နေသည်။

အမှောင်ထု၏မီးလျှံက အနားကပ်လာသော သားပိုက်ကောင်ကို အာရုံခံမိဟန် တူသည်။ လေထဲတွင် မှိတ်တုပ်မှိတ်တုပ် လုပ်နေပြီးမှ သားပိုက်ကောင်ဆီ အပြာရောင်မီးတောက်လေးကို ပစ်လွှတ်လိုက်သည်။ မီးတောက်က အလွန်လှပသည်။ သားပိုက်ကောင်၏ မျက်နှာက အပြောင်းအလဲမရှိ ဂရုမစိုက်သည့်ပုံပဲဖြစ်နေသည်။ သူက ခဏရပ်နေပြီး အမှောင်ထု၏မီးလျှံဆီ လျှောက်သွားလိုက်သည်။

အပြာရောင်မီးတောက်က လေထဲတွင် ရပ်သွားသည်။ ငါက ချစ်ဖို့မကောင်းဖူးလား ဟု တွေးနေဟန်တူသည်။ ခဏလောက် ရုန်းကန်ပြီးနောက် မီးတောက်က မီးလုံးလေး ၂လုံးကို ညှစ်ထုတ်လိုက်သည်။ အသံစူးစူး လေချွန်သံကို လေထဲတွင် ကြားလိုက်ရသည်။

သို့သော် ဘယ်သူကမှ စိတ်ဝင်စားပုံမပေါ်ချေ…

သားပိုက်ကောင်၏ ခန္ဓာကိုယ်ကနေ ရွှေရောင် အငွေ့အသက်တွေ စတင်ထုတ်လွှင့်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူက အမှောင်ထု၏မီးလျှံကို ထွင်းဖောက်သွားပြီး မီးတောက်၏ပင်မနေရာနားသို့ သူ၏လက်က နီးကပ်သွားသည်။ သားပိုက်ကောင်က ကံကြမ္မာကို ဂုတ်ကနေဆွဲလိုက်သလိုပင်ဖြစ်သည်။

အမှောင်ထု၏မီးလျှံက ခဏတော့ ရုန်းကန်နေပြီး ခုခံနေလို့ အကျိုးမထူးဆိုတာ သိသွားသည့်အခါ လက်လျှော့ လိုက်တော့သည်။ မီးတောက်က တဖြည်းဖြည်း သေးသေးသွားပြီး နောက်ဆုံး သားပိုက်ကောင်၏လက်ပေါ််တွင် ကျောက်တုံးလေးသာကျန်ခဲ့သည်။ ကျောက်တုံးက အပေါက်သေးသေးလေးများပါပြီး အပြာရောင်များ စွန်းထင်းနေသည်။

ဒါက အမှောင်ထု၏မီးလျှံအား မူလအရင်းအမြစ်ကို မထိခိုက်စေပဲ ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ပြဿနာက မီးတောက်ကြောင့် လောင်ကျွမ်းမှုကို စွန့်စားရဲရမည်ဖြစ်သည်။ အမှောင်ထု၏မီးလျှံက ကွန်မန်ဒါအဆင့်သားရဲ၏လက်ကို လွယ်လွယ်ကူကူပဲ လောင်ကျွမ်းသွားစေမှာ ဖြစ်သည်။ နတ်ဘုရားအဆင့် သားရဲမှသာ မီးတောက်၏အပူချိန်ကို ခံနိုင်ရည်ရှိမှာဖြစ်သည်။

“ဒီတစ်ကောင်တော့ ပြီးသွားပြီ” အရာရှိတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်ည်။ ခုထိတော့ ပစ္စည်း ၂ခုကျန်နေသေးသည်။ နောက် ၂ခုကလည်း ဒီတစ်ခုလိုပဲ ယူရလွယ်ရင် ကောင်းမည်ဟု တွေးမိသည်။

၃ယောက်သား ရှေ့ဆက်သွားကြရင်း သူတို့နားက လေက ပိုပို၍အေးစက်လာသည်။ ရေခဲအက်ကွဲသည့်အသံ လေထဲတွင်ကြားလိုက်ရသည်။ သူတို့ခြေထောက်အောက်တွင် သူတို့မသိလိုက်ပဲ ရေခဲလွှာပါးပါးလေး ပေါ်လာသည်။ မြေပေါ်က အပင်လေးတွေတောင် အေးခဲသွားကြသည်။

အနက်ရောင် ကျောက်ပြားများနဲ့ မီးခိုးရောင် အဆောက်အဦးက ခန့်မှန်းခြေ ပေ ၃၀၀ လောက်မြင့်သည်။ နံရံများက အပင်တွေနဲ့ လုံးဝဖုံးထားလုနီးပါး ဖြစ်နေသည်။

“ဒီမှာနေတဲ့သူ ရှိလောက်လား”

“ငါတို့ရဲ့ သတင်းအရတော့ ချန်ပင်းရွာကလူတွေ ကပ်စတည်းက ထွက်သွားကြတာ ကြာပြီတဲ့”

“ဒါပေမယ့် ကြည့်ရတာ ဟိုပြောင်းဖူးတွေက နံရံပေါ်မှာ မကြာသေးခင်ကမှ လှမ်းသွားတဲ့ပုံပဲ… လင်ရှင်းရွေက နံရံကို ပြရင်းပြောသည်။

သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ဘယ်သူက ဒီလိုနေရာမျိုးမှာ နေမှာလဲ၊ ပိုအရေးကြီးတာက ဒီလိုနေရာမှာနေပြီး ဘယ်သူက အသက်ရှင်နေဦးမှာလဲ..

ဒီအဆောက်အဦးရဲ့လက်ရှိနေထိုင်သူက လူမဟုတ်တာလည်းဖြစ်နိုင်သည်။ ရုတ်တရတ် လူပုံရိပ်တစ်ခု အိမ်ထဲကနေ ထွက်လာပြီး လှမ်းထားသော ပြောင်းဖူးများကို ယူသွားသည်။ ရှုဟဲ့တိ မျက်မှောင်ကျုံ့သွားသည်။ ဒါက လူပဲ… လမ်းလျှောက်၊ အသက်ရှူနေတဲ့ လူ။

ပြောင်းဖူးတွေ ယူပြီးသောအခါ လူပုံရိပ်က ရှုဟဲ့တိနဲ့ အဖွဲ့ကို မြင်သွားသည်။ သူတို့ရဲ့ သားရဲတချို့က ကြီးလွန်းတာကြောင့် သူတို့ကို မတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ထိုသူက ပြောင်းဖူးများကို မြေပေါ်သို့ပစ်ချပြီး အဆောက်အဦးထဲသို့ ပြန်ပြေးဝင်သွားတော့သည်။

ခဏကြာတော့ လူရွာသား ၂ယောက် နောက်က သားရဲ ၂ကောင်ဖြင့် ရွာထဲတွင်ပေါ်လာသည်။ သားရဲ ၂ကောင်က မျိုးစိတ်တူတူပဲဖြစ်ပြီး ၁၀ပေခန့် ရှည်သည်။ ၂ယောက်လုံးက နေမထိတာကြာနေဟန်ဖြင့် ဖြူဖျော့နေသည်။ သူတို့က သားရေချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြသည်။ သူတို့ရဲ့ ခေါင်းဆောင်းမျာကြားကနေ အဝါရောင် ဆံပင်များ ထွက်ကျနေသည်။ သူတို့၏ အဝါရင့်ရောင်မျက်လုံးများက လင်ရှင်းရွေနဲ့ အခြားလူများကို အသက်မဲ့စွာ စိုက်ကြည့်လာသည်။

သားရဲ ၂ကောင်က ဘယ်လက်ထဲတွင် ဓားရှည်နဲ့ ညာလက်က ဒိုင်းကာကို ကိုင်ထားသည်။

“ကောင်းသောနေ့ပါ” ဘယ်ဖက်က လူကပြောသည်။

ရှုဟဲ့တိက လူကိုလှမ်းကြည့်လိုက်သည်။ သူ့ကြည့်ရတာ ပုံမှန်ပါပဲ။

“ကောင်းသောနေ့ပါ… တစ်ခုလောက်မေးချင်လို့ ဒီနေရာက နယ်ခံလူလား”

လူ ၂ ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ပြိုင်တူခေါင်းခါလိုက်သည်။

လူ၂ယောက်က တစ်ခုခုပြောချင်ပေမယ့် မပြောနိုင်သည့်ပုံဖြစ်နေသည်။ “ဗိုလ်ချုပ်ကြီးက မင်းတို့ ၃ယောက်ကို တွေ့ချင်တယ်လို့ပြောတယ်”

“ဘယ်ဗိုလ်ချုပ်ကြီးလဲ”

“ဗိုလ်ချုပ်ကြီးကျောင်း”

လင်ရှင်းရွေ တစ်ခုခုကိုတွေ့လိုက်မိသလို မျက်နှာတွန့်သွားသည်။ သူတို့ရှေ့က လူ၂ယောက်ကို သေချာစူးစမ်းပြီးနောက် “ဒါဆို ကျွန်မတို့ မြန်မြန်သွားကြတာပေါ့…ဒီလူ ကြံစည်နေတာ တစ်ခုခုလည်း ရှိရင်ရှိနေမှာ”

“ဘာလို့ ကျောင်းခေါင်လဲ” အဆင့်မြင့်တိုက်ပွဲအရာရှိက မေးသည်။ “လူသတ်နတ်ဘုရား၊ ချန်ပင်တိုက်ပွဲရဲ့ အောင်နိုင်သူ ပေကျိ မဟုတ်ဘူးလား… ငါ အဲ့ဒီလူကို တကယ်လေးစားတယ်”

ရှုဟဲ့တိက သူ့ကို မျက်လုံးထောင့်ကပ် ကြည့်လိုက်ပြီး “ပေကျိက ဒီမှာသေသွားတာလား”

အဆင့်မြင့်တိုက်ပွဲအရာရှိ အသံတိတ်သွားသည်။

ရှုဟဲ့တိက သူ့ကိုအတည်ပြုသည့်ပုံနဲ့ ခေါင်းညိတ်ပြနေသော လင်ရှင်းရွေကို ကြည့်လိုက်သည်။ သူ မဆုံးဖြတ်နိုင် သည့်အတွက် ရှုဟဲ့တိက လင်ရှင်းရွေနောက်ကနေပဲ ရွာထဲသို့ ဝင်လိုက်သည်။ ရွာထဲက အဆောက်အဦးအတော်များများက ဟောင်းနေပေးမယ့် ကောင်းမွန်စွာ ထိမ်းသိန်းထားသည်။ ဘာမှ အသစ်ပြန်ပြုပြင်စရာ မရှိပေ။

အတော်လေး လျှောက်လာပြီး နောက်ဆုံးတော့ ရွာရဲ့ အလယ်တည့်တည့်ကို ရောက်သည်။ ရွာရဲ့အလည်တွင် ကျယ်ပြန့်တဲ့ မြေကွက်တစ်ခုရှိပြီး အလည်တွင် အဆောက်အဦး ၁လုံးရှိသည်။ ဝိဉာဉ်စစ်သား ၂၀လောက် စောင့်ကြပ်နေသည်။ သူတို့ယူနီဖောင်းတွေကြည့်ရသလောက် လမ်းက ရွာသား ၂ယောက်ရဲ့ သားရဲနဲ့ အုပ်စုမတူပုံပဲ။

ဂိတ်တံခါးတွေပွင့်သွားပြီး လေအေးတချက်တိုက်သွားသည်။ နေရာက ဝိဉာဉ်စစ်သားများနဲ့ပြည့်နေသည်။ မျက်လုံးအားလုံးက ဝင်လာသော သားရဲထိန်းကျောင်းသူ ၃ယောက်ကို ကြည့်နေကြသည်။

ရှုဟဲ့တိ စိတ်ထဲတွင်တော့ အော်ဟစ်နေမိသည်။ မကောင်းတော့ဘူး… သူတို့ ဝိဉာဉ်စစ်သားတွေ ဒီလောက်အများကြီးကို နိုင်မှာ မဟုတ်ဘူး။ လမ်းနဲ့ ရွာထဲတွင်လည်း ဝိဉာဉ်စစ်သား ၁၀၀လောက် ကင်းလှည့်နေကြသည်။ သူတို့အခု ရှေ့တိုးဖို့လည်းခက်၊ နောက်ဆုတ်ဖို့လည်းခက် ဖြစ်နေကြသည်။

သူတို့ အဆောက်အဦးနဲ့နီးလာလေ ဝိဉာဉ်စစ်သားများ၏ အကြည့်တွေက ပိုစူးစိုက်လာလေ ဖြစ်နေသည်။ အဆောက်အဦး တံခါးပွင့်သွားပြီး သူတို့ရှေ့တွင် အရပ်ရှည်ရှည် လူတစ်ယောက်ထိုင်နေသည်။ သူ့မျက်နှာက လုံးဝမည်းနေသည်။ ဘယ်ဖက်လက်နားတွင် ကြေးနီဓားရှည် ရှိနေသည်။

“ဗိုလ်ချုပ်ကြီးကျောင်းကို နှုတ်ဆက်ပါတယ်” လင်ရှင်းရွေက အခန်းလယ်တွင်ထိုင်နေသောလူကို ကြောက်လန့်ဟန် လုံးဝမရှိပဲ ပြောသည်။ လင်ရှင်းရွေ၏အသံကိုကြားသောအခါ သူက နဖူးကို လက်နဲ့ရိုက်ရင်း ရယ်လိုက်သည် “ဟား ဟား…ဒါမျိူး ငါမကြားရတာ အတော်လေးကြာပြီ”

***

သားရဲလေ့ကျင့်သူ

အခန်း ၃၆၄ တပ်ဆုတ်ခြင်း

ကျောင်း‌ခေါင်သည် အချိန်ကြာမြင့်စွာ ရယ်မောလိုက်ပြီးနောက်မှ ရပ်လိုက်ကာ သူ၏ ညာလက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။ “ကျူပ်ကို ဗိုလ်ချုပ်ကြီးလို့ ခေါ်တာကို မကြားရတာ တော်တော်ကြာခဲ့ပြီ.. ကျုပ်ကို အရူးလုပ်နေကြတာလား” ကျောင်းခေါင်သည် စကားကို တိခနဲဖြတ်ချလိုက်ပြီး သူတို့ ၃ ယောက်ကို စိုက်ကြည့်လိုက်သည်။

“ရှင့်လိုကြီးကျယ်မြင့်မြတ်တဲ့သူကို ဒီလိုမလုပ်ရဲဝံ့ပါဘူး” လင်ရှင်းရွေက သူ့ကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။ “ပထမကျင်မင်းဆက်ရဲ့ မူဆိုလီယန်ကို ကြားဖူးလားမသိဘူး..”

ကျောင်းခေါင်သည် ခေတ္တတိတ်ဆိတ်သွားသည်။ “အင်ပါယာကျင်က ကျုပ်နဲ့ဘာဆိုင်လို့လဲ.. ကျုပ်က ပေကျိဆိုတဲ့ ကောင်ကိုပဲ လက်စားချေချင်တာ” သူသည် အံကြိတ်ကာ ပြောလိုက်သည်။

သူသည်ထိုနာမည်ကို ပြောရုံဖြင့်ပင် ဒေါသထွက်လာမိသည်။

သူသည် ချန်ပင်းတိုက်ပွဲတွင် ပေကျိကြောင့် လူပေါင်း ၄ သိန်းခန့် ဆုံးရှူံးခဲ့ရသည် မဟုတ်ပါလား။

ဘယ်လိုတောင် ဒီလောက်လူအများကြီးကို သတ်နိုင်တာလဲ.. လူသတ်ကောင်..

‌ကျောင်းခေါင်သည် ခေတ္တတိတ်ဆိတ်သွားပြီးနောက် ‌ဆက်ပြောလိုက်သည်။ “မင်းတို့ ၃ ယောက်က ထူးချွန်ကြပုံပါပဲ.. ကျုပ်ရဲ့ ပိုင်နက်ကို ဒီနှစ်ပိုင်းတွေအတွင်း လာရဲတဲ့သူ မရှိခဲ့ဘူးလေ” သူသည် သားပိုက်ကောင်နှင့် ပုဇွန်ကြီးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မတို့ရှင်နဲ့ အတူ ပူးပေါင်းချင်ပါတယ်.. ရှင်ဒီ ချန်ပင်းမှာ ဘာလုပ်နေတယ်ဆိုတာ ကျွန်မတို့ သိပါတယ်.. ဒီမှာ ရှိနိုင်တဲ့ တန်ဖိုးရှိတဲ့အရာ တစ်ခုခုကြောင့်မလား.. အဲဒါကို ရှင့်ကိုပေးမှာမို့လို့ပါ”

ထိုစကားကို ကြားသောအခါ ရှုဟဲ့ထိသည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ထိုအရာသည် ပိုက်ဆံဖြင့် ဖြေရှင်း၍ရသော အရာဖြစ်ပါက သူတို့အတွက် ပြဿနာမရှိပါချေ။

“ဘာများလိုပါသလဲ.. အရှင်ကတော့ သိမှာမဟုတ်ပေမယ့် ကျုပ်တို့က ‌ကောင်းကင်မြစ်ဆိုတဲ့ အဖွဲ့အစည်းကပါ.. အရှင့်ရဲ့ ဆန္ဒတွေကို ကျုပ်တို့ရဲ့ ဘဏ္ဍာရေးတွေနဲ့ ဖြည့်ဆည်းပေးနိုင်ပါတယ်”

“လွီပုဝေလိုလား” ကျောင်းခေါင်က အေးစက်စွာ ပြုံးရင်း မေးလိုက်သည်။

သူက လက်ကိုယမ်းပြလိုက်သည်။ “လာလေ.. မင်းတို့ဘာလိုလဲ ပြောပြကြည့်”

“‌ဗိုလ်ချုပ်ရဲ့ အရိုးတစ်ချောင်းနဲ့ အမှောင်ရဲ့ နှစ်တစ်ထောင်နှလုံးသားပါ”

လေထုသည် ချက်ချင်း အေးစက်သွားသည်။

ကျောင်းခေါင်သည် ရှုဟဲ့ထိနှင့် လင်ရှင်းရွေတို့ကို သဘောကျဟန်ဖြင့် ကြည့်လိုက်သည်။ “ဗိုလ်ချုပ်ရဲ့ အရိုးတစ်ချောင်းဆိုတော့ ငါ့ရဲ့အရိုးကို ပြောတာပေါ့”

“ကောင်းပြီလေ” ကျောင်းခေါင်က ‌ခုံကို နောက်မှီ၍ ပြောလိုက်သည်။ “ဒါပေမယ့် မင်းတို့ တစ်ချောင်းပဲ ယူခွင့်ရှိမယ်.. အမှောင်ထုရဲ့ နှစ်တစ်ထောင် နှလုံးသားဆိုတာကတော့ ငါတစ်ခါမှ မကြားဖူးဘူး.. ဘာကြီးလဲ”

“အရှင့်ရဲ့ နှလုံးသားကို ပြောတာပါ” မည်သူမျှ မတုံ့ပြန်လိုက်နိုင်ခင်မှာပင် ပုဇွန်ကြီးသည် ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ၏ ကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး လေထဲတွင် အငွေ့သာ ကျန်ခဲ့သည်။

သူသည် ကျောင်းခေါင်ရှေ့သို့ စက္ကန့်ပိုင်းအတွင်း ရောက်သွားသည်။ သူ၏ ဆူးခြေထောက်များသည် ဗိုလ်ချုပ်ထံသို့ တဟုန်ထိုး ဦးတည်ထားသည်။ အလင်းပေါက် အဖြူရောင်ကွင်းတစ်ခုသည် ပုဇွန်ရှေ့တွင် ပေါ်လာသည်။

ထိုအရှိန်သည် မိုးကြိုးပစ်လိုက်သလို ပြင်းထန်လှသည်။

ပုဇွန်၏ ဆူးများသည် ကျောင်းခေါင်၏ ရင်ဘတ်တွင် စိုက်သွားကာ နံရံတစ်ခုဆီသို့ ပစ်ကျသွားပြီး ခန္ဓာကိုယ်တွင် အပေါက်ကြီး ဖြစ်သွားသည်။ စွမ်းအားပြင်းထန်လှသော လှိုင်းများသည် ပုဇွန်ဘေးတွင် ဝိုင်းရံနေသည်။

သူတို့ပတ်ပတ်လည်တွင် ရှိနေသော ဝိဉာဉ်စစ်သားများသည် ထိုပြင်းထန်သော လှိုင်း၏အရှိန်ကြောင့် နောက်သို့လဲကျသွားကြသည်။ မည်သူမှ ရှေ့တက်မလာနိုင်တော့ပေ။

ကျောင်းခေါင်၏ ခန္ဓာကိုယ်သည် အဆောက်အအုံ ၂ ခုလောက်ကို ဖြတ်သန်း ကြေမွသွားပြီးနောက် ရပ်တန့်သွားသည်။ နောက်ဆုံး အဆောက်အအုံမှ အုတ်များသည် သူ၏ ပုံပျက်နေသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

ပုဇွန်ကြီးသည် သူ၏ ဆူးခြေထောက်များကို ဆက်လွှဲနေသည်။ ရှည်လျားသေးသွယ်သော အက်ကြောင်းများသည် ထိုဆူးများပေါ်တွင် ပေါ်လာကာ အချိန်မရွေး ပေါက်ထွက်လာတော့မလို ဖြစ်နေသည်။

“မင်းကတကယ်တစ်ခုခုပဲ သိလား” ရှုဟတ်ထီက ရေရွတ်လိုက်သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုအပြီးတွင် ပုဇွန်ကြီးသည် သူ၏ ဆူးခြေထောက်များကို တစ်လလောက် သုံးလို့ ရတော့မည် မဟုတ်ပေ။ “မင်းရဲ့ ကိုယ်ပိုင်သားရဲက မှန်အမြှောက်ကြီးလို ဖြစ်နေတယ်ဆိုတာ မင်းမသိဘူးမလား”

ပုဇွန်ကြီးသည် စွမ်းအင်ကုန်သုံးလိုက်ရသောကြောင့် စွမ်းအင်ထုတ်မရတော့သော အခြေအနေသို့ ယာယီရောက်ရှိသွားသည်။

ထိုအတောအတွင်း သူ၏ လက်နက်များကို သုံး၍ ရတော့မည် မဟုတ်ချေ။

သူတို့၏ ၀ရုန်းသုန်းကား အခြေအနေများကြောင့် အထဲမှ ဝိဉာဉ်စစ်သားများ အပြင်သို့ ထွက်လာကြသည်။ သူတို့သည် တဖြည်းဖြည်းနှင့် အများအပြား စုရုံးလာကြသည်။ အခြေအနေများသည် နောက်ပြန်လှည့်၍ မရတော့ပေ။

“သူတို့ဝိုင်းတာခံလို့မဖြစ်ဘူး” လင်ရှင်းရွေက ထိတ်လန့်စွာ ပြောလိုက်သည်။

၀မ်းဗိုက်ဖြူဖြူ ရွှေရောင်အစင်းများနှင့် ပညာရှိ သမင်ကြီးသည် သူ၏ ဂျိုများကို ယမ်းလိုက်သောအခါ အဖြူရောင်တစ်ချက် လင်းသွားသည်။ ထိုအလင်းသည် ‌ပုဇွန်၏ ဆူးခြေထောက်နှင့် ထိသွားသောအခါ အက်ကြောင်းများသည် ပို၍ များသွားသည်။

သို့သော် ထိုအဖြူရောင်အလင်းတန်းကြောင့် ဝိဉာဉ်စစ်သားများ၏ ကိုယ်တွင် အပေါက်ကြီးဖြစ်ကာ လောင်ကျွမ်းသွားသည်။ ထိုမြင်ကွင်းသည် နေအလင်းတန်းတစ်ခုက နှင်းထုကို ထိုးခွဲလိုက်သည်နှင့်ပင် တူနေသည်။

ထိုတိုက်ခိုက်မှုကို အချိန်မီ မရှောင်လိုက်နိုင်သောကြောင့် ဝိဉာဉ်စစ်သားများသည် ချက်ချင်းပင် ပျောက်ကွယ်ကုန်ကြသည်။

သူတို့၏ စစ်သည်တော်များသည် မျက်စိရှေ့တွငိ အမှုန့်ဖြစ်သွားသောကြောင့် အခြားဝိဉာဉ်စစ်သားများသည်လည်း တပ်ဆုတ်ကုန်ကြသည်။ လက်စားချေမည်ဆိုသည့် အတွေးများသည် ချက်ချင်းပင် ပျောက်ဆုံးသွားကြသည်။

“ကျောင်းခေါင်က အသက်ရှင်နေနိုင်သေးတယ်.. ခုနက တိုက်ခိုက်မှုက သူသေစေနိုင်လောက်တဲ့ထိတော့ မပြင်းထန်သေးဘူး” လင်ရှင်းရွေက တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ၏ ပုဇွန်သည် ဗိုလ်ချုပ်ကို မည်မျှပင် ချုံခိုတိုက်ခိုက်ထားပါစေ.. သေစေနိုင်လောက်အောင်တော့ ဖြစ်မည်မဟုတ်ပေ။

ရုတ်တရတ် လေတစ်ခုက ဖြတ်တိုက်သွားသည်။ ထိုအခါ သူတို့၏ အနီးဆုံးတွင် ရှိသော ဝိဉာဉ်စစ်သားများသည် မြေကြီးထဲသို့ စုပ်ယူခံလိုက်ရသည်။ ‌ထို့နောက် လေထပ်တိုက်လာသော အခါတွင်လည်း အခြားစစ်သားများသည် မြေကြီးထဲသို့ စုပ်ယူခံလိုက်ရပြန်သည်။

သားပိုက်ကောင်ကြီးသည် လေထဲသို့ ပေ ၃၀ ခန့်ခုန်လိုက်ကာ မြေကြီးကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

သူထိုးနှက်လိုက်တိုင်း ရွှေရောင်အလင်းတန်းက ထွက်ပေါ်လာသည်။

သားပိုက်ကောင်ကြီးသည် အချက်ပေါင်းများစွာ ထိုးနှက်နေသောကြောင့် လေထုထဲသို့ ဖုန်မှုန့်များ ပျံ့နှံ့လာသည်။

ထိုအချိန်တွင် မြေကြီးထဲစိုက်၀င်နေသော ဓားကြီးသည် ရုတ်တရတ် မြန်ဆန်စွာ ထွက်ပေါ်လာကာ သားပိုက်ကောင်၏ နောက်ကျောသို့ တစ်ဟုန်ထိုးရောက်လာသည်။

သားပိုက်ကောင်က ပွတ်ကာသီကာ ရှောင်တိမ်းလိုက်သည်။

အမဲရောင်သဏ္ဍာန်တစ်ခုသည် မီးခိုးနှင့် ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာသည်။ ဓားက ထိုအရာ၏ လက်ထဲသို့ ပြန်ရောက်သွားပြီး သားပိုက်ကောင်ကို လိုက်ခုတ်နေသည်။ ထိုအရာမှာ ကျောင်းခေါင်ဖြစ်ပြီး ဆံပင်များ ရှုပ်ပွနေလျက် ရှိသည်။ သူ့မျက်နှာသည် အေးစက်ပြီး ခက်ထန်နေသည်။

သားပိုက်‌ကောင်သည် ကျောင်းခေါင်၏ တိုက်ခိုက်မှုကို မြန်ဆန်စွာ ရှောင်တိမ်းလိုက်သည်။ သူ၏ ပြောင်မြောက်လှသော ဆဌမအာရုံသည် ရန်သူ၏ တိုက်ခိုက်မှုများကို ကြိုတင် အာရုံခံနိုင်သောကြောင့် သူသည် ပို၍ မြန်ဆန်စွာ တုံ့ပြန်နိုင်ခြင်း ဖြစ်သည်။

“အကုန်လုံးကိုသတ်ပစ်” ကျောင်းခေါင်က အော်လိုက်သည်။ ဝိဉာဉ်စစ်သားများသည် ရွာ၏ နေရာအနှံ့မှ ထွက်လာကြသည်။ သူတို့သည် ဗိုလ်ချုပ်၏ အမိန့်ကို အသေခံကာ လိုက်နာမည့် စစ်သည်တော်များ ဖြစ်သည်။ သူတို့သည် သံပြိုင်အော်လိုက်ကာ သူတို့၏ လှံများကို လေထဲတွင် မြှောက်ရင်း ပြေးလာကြသည်။

ရုတ်တရတ် ကောင်းကင်တွင် တစ်ချက်ထစ်ချုန်းသွားသည်။ တိမ်နှင့်တူသော အရာတစ်ခုသည် စစ်သားများ၏ ခေါင်းပေါ်သို့ ရောက်လာကာ သွေးနီလိုအရာများသည် ထိုတိမ်ထဲတွင် ဖြစ်ပေါ်နေသည်။ ထို့နောက် ထိုတိမ်ကြီး ပေါက်ထွက်သွားကာ အသံကျယ်ကြီး ဖြစ်ပေါ်လာသည်။

သားပိုက်ကောင်သည် ခေတ္တကြက်သေသေသွားသည်။ ထိုအရာကို အခွင့်ကောင်းယူကာ ကျောင်းခေါင်သည် ဓားကိုရွယ်ကာ အပြာရောင်အလင်းတန်းတစ်ခုဖြင့် ပြေးစိုက်လိုက်သည်။

သားပိုက်ကောင်သည် အထိုးခံလိုက်ရကာ သူ့ကို ပြန်ထိုးဖို့ ကြိုးစားနေသော်လည်း ကျောင်းခေါင်က ရှောင်တိမ်းနေလိုက်သည်။

“သွားရအောင်” ရှုဟဲ့ထိက ပြောလိုက်သည်။ အခြေအနေများသည် ထိန်းချုပ်၍ မရတော့ပေ။

ဘောလုံးအမည်းရောင်လို ကိုယ်ပိုင်သားရဲတစ်ကောင်သည် သူ၏ လက်များကို ထုတ်လိုက်ကာ ကင်းမွန်ကဲ့သု့် လေထဲတွင် အမဲရောင်မီးခိုးများကို ထုတ်လိုက်သည်။ ထိုအခါ အမဲရောင်အငွေ့များ သူတို့ဘေးတွင် ဖုံးလွှမ်းသွားသည်။

ကြီးမားသော အပြာရောင်ငှက်ကြီးသည် ကောင်းကင်မှ ထိုးဆင်းလာသည်။ ရှုဟတ်ထိတို့သည် ငှက်ကြီး၏ ခြေထောက်ကို ကိုင်ဆွဲလိုက်ကြကာ သမင်က ငှက်ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

သားပိုက်ကောင်ကလည်း ငှက်ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထိုသို့ဖြင့် သူတို့သည် ငှက်ကြီးနှင့်အတူ ထိုနေရာမှ ထွက်လာခဲ့ကြသည်။

ပျက်စီးမှောင်မိုက်မှုများကြားတွင် လူပုံစံသဏ္ဍာန်တစ်ခုသည် ဓားကို လက်ထဲတွင် ကိုင်လျက် ပျံသန်းထွက်ပြေးသွားသောအုပ်စုကို မမှိတ်မသုန်ကြည့်နေသည်။

မရေတွက်နိုင်အောင် များပြားလှသော စစ်သားများသည် ကျောင်းခေါင်နောက်တွင် တန်းစီ ရပ်လိုက်ကြသည်။ ထို့နောက် မြေကြီးထဲမှ အဆုံးမရှိတော့သလို တိုးထွက်လာကြသည်။ သူတို့ပေါ်တွင် မှောင်မိုက်နေသော မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လျက်ရှိသည်။

All Chapters