အခန်း (၃၇၃-၃၇၆)
Vol. 24 Ch. 373-376
အခန်း ၃၇၃ အစင်းလေး၏ ကစားစရာအသစ်
ချင်းချုံနှင့် ကွမ်ယုရုပ်တုများသည် အမျိုးအစားတူညီကြပြီး ပျော့ကွက်များသည်ပင် တူညီနေကြသည်။
တာ့ဇီသည် ကွမ်ယုရုပ်တုနှင့် နောက်ဆုံးတွေ့ပြီးကတည်းက အဆင့် ၃ ဆင့် တက်ထားပြီး ဖြစ်သည်။ သူသည် ချင်းချုံရုပ်တုထက် အဆင့်ပိုမြင့်ရုံသာမက စွမ်းရည်လည်း မြင့်မားသည်။ တာ့ဇီ၏ မိုးကြိုးတိုက်ခိုက်မှုကို မကာဆီးနိုင်သောကြောင့် ချင်းချုံရုပ်တုသည် ချက်ချင်းပင် ဓာတ်လိုက်ခံစားနေရသည်။
“အဲဒါကို လျှပ်စစ်ကုထုံးလို့ ခေါ်တယ်ကွ” ကောင်းဖန်က ပြောလိုက်သည်။
ချင်းချုံရုပ်တုသည် မြေကြီးပေါ်သို့ ဒူးထောက်ပြုတ်ကျသွားသည်။ သူ၏ မည်းမှောင်နေသော ကြေးမျက်နှာကြီးကတော့ တစ်ကိုယ်လုံးဓာတ်လိုက်ခံနေရတာတောင် တစ်ချက် မျက်နှာမပျက်ပေ။
ရုပ်တု၏ သတ္တုကိုယ်လုံးကြီးတွင် ခရမ်းရောင် လျှပ်စစ်များဖြင့် ၀န်းရံထားသည်။ တာ့ဇီသည် အောက်မေးရိုးဆီမှ လျှပ်စစ်ကွန်ယက်ကို ထုတ်ကာ ဆွဲသည်။ သို့သော် တာ့ဇီမည်မျှပင် ဆွဲပါစေ ချင်းချုံရုပ်တုသည် တုပ်တုပ်မျှ မလှုပ်ပေ။
ပေ ၃၀ ရှိသော ရုပ်တုကြီးသည် အနည်းဆုံး ၂ တန်လောက်တော့ လေးနိုင်သည်။ တာ့ဇီသည် ထိုအလေးချိန်ကို ဆွဲနိုင်စရာ အကြောင်းတော့ မရှိပေ။
ကောင်းဖန်သည် မျက်လုံးကို မှေးပြီး ကြည့်လိုက်သည်။ သူရှေ့သို့ လမ်းလျှောက်လိုက်သောအခါ ခရမ်းရောင်စွမ်းအင် ခပ်ဖျော့ဖျော့သည် သူ့ဘေးတွင် ပေါ်လာသည်။ ထို့နောက်သူသည် လျှပ်စစ်ကွန်ယက်ကို ဆွဲမြှောက်လိုက်သည်။
သူသည် ရုပ်တုကို အနည်းဆုံး ၂ ပေခန့်မြောက်အောင် ဆွဲနိုင်လိုက်သည်။
အစောင့်သည် ကောင်းဖန်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်။
တာ့ဇီကလည်း သူ့ရဲ့ လေ့ကျင့်သူကို ဘာပြောရမှန်း မသိစွာပင် စိုက်ကြည့်နေသည်။
နေပါဦး.. နင်က ကိုယ်ပိုင်သားရဲလား.. ငါအခု တခြားသူတွေကို ဘယ်လို မျက်နှာပြရတော့မှာလဲ..
ကောင်းဖန်သည် အစင်းလေးနှင့် ဒန်ဘီတို့၏ ခွန်အားကို ရောစပ်ထားသော ဆေးရည်ကို ရထားသော်လည်း ရခါစကတော့ သူသည် ဘယ်လောက်အားသန်သွားမလဲ မသိခဲ့ချေ။ သူသည် ထိုကဲ့သို့ တိကျများပြားသည့် အားအင်ကို ရလိမ့်မည်ဟုလည်း မထင်ခဲ့ချေ။ သူသည် ယခုတော့ ၂ တန်ခန့်လေးသည့် အရာကြီးကို အလွယ်တကူ ဆွဲယူနိုင်နေပြီဖြစ်သည်။
ကောင်းဖန်သည် တောင်ကို စတက်လိုက်ကာ အစင်းလေး၏ တောင်ကြားသို့ ရောက်သည်အထိ ချင်းချုံရုပ်တုကို ဆွဲခေါ်လာလိုက်သည်။
မဲမှောင်နေသော မီးခိုးများသည် ကောင်းကင်ထက်သို့ တက်နေသည်။ ဆာလဖာနံ့ကလည်း လေထုထဲတွင် ပျံ့နှံ့နေသည်။ ထိုနေရာသည် အခြားနေရာများထက်လည်း ပူနွေးနေသည်။
“အစင်းလေးရေ.. မင်းအတွက် အရုပ်အသစ် ယူလာတယ်” ကောင်းဖန်က လျှပ်စစ်ကွန်ယက်ကို လွှတ်ချလိုက်သည်။ တာ့ဇီကလည်း လျှပ်စီးထုတ်လွှတ်နေမှုကို ဖြတ်တောက်လိုက်သည်။ ရုပ်တုကြီးသည် မြေပေါ်တွင် ပုံလျက်သားဖြစ်နေရာမှ ချက်ချင်းထကာ ကြွေးကြော်လိုက်သည်။ ထိုအော်သံကြီးသည် ရုပ်တုဆီမှ တစ်ဆင့် တောင်ကြားတစ်လျှောက် ပျံ့နှံ့သွားသည်။
သို့သော် အစင်းလေးက တစ်ချက်ကန်လိုက်သောကြောင့် ချင်းချုံရုပ်တုမှာ လွင့်ထွက်သွားသည်။
တကယ်တော့ ကန်တယ်လို့တောင် ပြော၍မရချေ။ အစင်းလေးသည် ရုပ်တုနှင့် အနီးဆုံးတွင် ရှိနေသော သူ့ခြေထောက် တစ်ချောင်းကို တစ်ချက်လွှဲလိုက်ရုံသာ ဖြစ်သည်။
ထိုသို့ဖြင့် ရုပ်တုသည် တောင်ပေါ်သို့ မျက်နှာဖြင့် ကျသွားကာ ခွက်၀င်သွားသည်။
“ကောင်းဖန်.. သူက ကျိုးပဲ့တတ်လား” အစင်းလေးက စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
“မဟုတ်တာတွေ.. ဒါပေမယ့် အရမ်းအကြမ်းတော့ မဆော့ပဲပေါ့ကွာ”
“ဟုတ်ပြီလေ.. မလုပ်ပါဘူး” အစင်းလေးက ပျော်ရွှင်စွာ ပြောလိုက်သည်။ သူသည် ကစားစရာ အသစ်မရတာ ကြာပြီ ဖြစ်သည်။ ထိုတောင်ကြားထဲတွင် စိတ်၀င်စားစရာလည်း ဘာမှမရှိချေ။ အစကတော့ အစင်းလေးသည် ပတ်၀န်းကျင် ရှုခင်းများကို ခံစားကြည့်ရင်း အပျင်းပြေအောင် ကြိုးစားသော်လည်း ကြာတော့ ပျင်းလာသည်။ တစ်ခါတစ်ရံတော့ သူသည် တောထဲမှ သားရဲငယ်လေးများကို ဖမ်းကာ အပျော်ဆော့လေ့ရှိသည်။ သို့သော် အသည်းငယ်သော သတ္တဝါလေးများသည် ချက်ချင်းပင် တန်းသေသွားကြလေ့ရှိသည်။ အချို့ကလည်း အစာကျွေးထားလျှင်တောင် မထိရဲကြသောကြောင့် နောက်ဆုံးတော့ အစာငတ်ကာ သေသွားကြတော့သည်။ အချို့သော တစ်ကောင်တလေကတော့ ၁ ပတ် ၂ ပတ်ခန့်သာ အများဆုံး ခံလေသည်။
“ကောင်းဖန် ကောင်းဖန်.. ဘာလို့ ဘေးကတောင်တွေက ပိုပိုသေးလာတာလဲ” အစင်းလေးက မေးလိုက်သည်။
ကောင်းဖန်သည် အစင်းလေးကို ကြည့်လိုက်သောအခါ ဘေးကတောင်များထက် အတော်လေး ကြီးနေသည်ကို တွေ့လိုက်ရသည်။
သူပိုကြီးလာတာလား..
“ကောင်းဖန်.. နင်ပိုပုသွားတယ်.. တာ့ဇီ.. နင်ကတော့ အရင်အတိုင်းပဲ” အစင်းလေးသည် မြေတွင် လှဲနေသည်။ ကြီးမားသော အနီရောင် မျက်လုံးကြီးသည် ကောင်းဖန်နှင့် တာ့ဇီကို ငုံ့ကြည့်နေသည်။
တာ့ဇီကတော့ သူ့သခင်ကို ကြည့်ကာ အံ့ဩနေတုန်း ဖြစ်သည်။
ထို့နောက် တာ့ဇီသည် လေထဲသို့ ခုန်လိုက်ကာ အစင်းလေး၏ ကျောက်တုံးလို မာသော အရေပြားထဲသို့ သူ၏ သွားကို မြှုပ်ကာ ကိုက်လိုက်သည်။
အစင်းလေးသည် ကလေးတစ်ယောက်လို တခစ်ခစ် ရယ်မောလိုက်သည်။ သူသည် ပျော်ရွှင်နေသလိုပင်။
ချင်းချုံရုပ်တုသည် အပေါက်ထဲမှ ပြန်တက်လာပြီးနောက် အစင်းလေးကို မကျေမနပ်ကြည့်လိုက်သည်။ သူသည် တောင်ကြားထဲရောက်ခါစက အစင်းလေးကို တောင်တစ်ခုဟုသာ ထင်မိခဲ့သည်။
သူသည် နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် လက်ထဲမှ ကျိုင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ချက်ချင်းပင် ထွက်ပြေးလိုက်သည်။ သူသည် ဘာဆက်ဖြစ်မယ်မှန်း ကြိုမသိနိုင်သော ထိုနေရာကြီးတွင်တော့ မနေနိုင်တော့ပါချေ။
ထိုအချိန်တွင် ရုပ်တု၏ ပတ်၀န်းကျင်သည် ရှည်လျားသော အရိပ်ကြီးကျလာသောကြောင့် ရုတ်တရတ် မှောင်မဲသွားသည်။
ထို့ကြောင့် ရုပ်တုအောက်ခြေမှ မြေပြင်သည် အလွန်ပင် လှုပ်ခါသွားသည်။
တောင်ကြား၏ တစ်ခုတည်းသော ထွက်ပေါက်သည် ပိတ်သွားပြီ ဖြစ်သည်။
ထို့နောက် တောင်ကြားကို ပိတ်ထားသော ကျောက်နံရံကြီးဆီမှ သွေးနီရောင် အလင်းများ ထွက်ပေါ်လာသည်။ ထိုကျောက်နံရံမှ ထွက်လာသော စွမ်းအင် အရှိန်အဝါကြောင့် ရုပ်တုသည် အလွန်တုန်လှုပ်သွားသည်။
ရုပ်တုသည် နံရံကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထိုအခါ နံရံကြီးသည် ကောင်းကင်ထိ မြင့်တက်နေပြီး နေပြောက်ပင် မမြင်ရသည်ကို တွေ့လိုက်ရသည်။
“စိတ်မပူပါနဲ့ အစင်းလေး.. မင်းကို ပိုသေးလာအောင် လုပ်လို့ရတဲ့ နည်းလမ်းကို ငါရအောင် ရှာမှာပါ” ကောင်းဖန်က အစင်းလေးကို ပြုံးပြကာ ပြောလိုက်သည်။
အစင်းလေးက ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပြီ ကောင်းဖန်ရေ.. နင်က အကောင်းဆုံးပဲ”
ကောင်းဖန်နှင့် တာ့ဇီတို့ တောင်ကြားထဲမှ ထွက်သွားသောအခါ အစင်းလေးသည် မြန်မြန်ထလိုက်ကာ သူ၏ ခြေလေးချောင်းကို ထုတ်၍ တောင်ထိပ်များဆီ တင်လိုက်သည်။ တောင်များသည် အစင်းလေး၏ အလေးချိန်ကြောင့် အနည်းငယ် တုန်ခါသွားသည်။ အစင်းလေးသည် ထိုအနေအထားဖြင့် ကောင်းဖန်နှင့် တာ့ဇီတို့ ထွက်သွားကြသည့် ပုံရိပ်ကို ငေးစိုက်ကြည့်နေသည်။ သူတို့ နှစ်ယောက် မြင်ကွင်းမှ ပျောက်သွားသောအခါမှ သူသည် တောင်ထိပ်များမှ ပြန်ဆင်းလိုက်သည်။
“ငါငတုံးမဟုတ်ပါဘူး.. ငါပိုကြီးလာတယ်ဆိုတာ သိပါတယ်.. ကောင်းဖန်.. ငါနင့်ကို ထပ်တွေ့နိုင်ပါဦးတော့မလား” အစင်းလေးက ရေရွတ်လိုက်သည်။
အစင်းလေး အာရုံလွှဲသွားတာကို အခွင့်ကောင်းယူကာ ချင်းချုံရုပ်တုက တောထဲသို့ ချက်ချင်း၀င်ပြေးလိုက်သည်။ သူနှင့် တိုက်မိသော သစ်ကိုင်းများသည် ကျိုးကြေကုန်ကြသည်။
အစင်းလေးသည် သူ့ကို မကျေမနပ် ကြည့်လိုက်သည်။ “ပြန်လာခဲ့စမ်း”
ထို့နောက် သူ၏ ခြေထောက်တစ်ချောင်းကို မြေပြင်သို့ ဆောင့်လိုက်သည်။
စွမ်းအားပြင်းလှသော လှိုင်းကြီးသည် အစင်းလေး၏ ခြေထောက်မှနေ၍ မြေကြီးတစ်လျှောက် တုန်ခါသွားသည်။
မြေကြီးသည် လှိုင်းတစ်ခုလို ကြွတက်သွားသည်။ ထိုလှိုင်းကြီးသည် သုံးမိုင်လောက်ကို ရှိသည်။
ရုပ်တုကြီးသည် သူ့အောက်မှ မြေပြင်က ပျော့သွားသောကြောင့် ဟန်ချက်ပျက်သွားသည်။ ထို့နောက် ရုတ်တရတ် သူ၏ ခန္ဓာကိုယ်သည် မြောက်တက်သွားကာ အစင်းလေးရှိရာဆီသို့ ဖုတ်ခနဲ ပြန်ကျလာသည်။ သူသည် အစင်းလေး ခြေထောက်နားတွင် ခွေခွေလေး ဖြစ်နေသည်။
“ကောင်းဖန်က ပြောတယ် မင်းငါနဲ့ ဆော့ရမယ်တဲ့” အစင်းလေးကပြောလိုက်သည်။
ချင်းချုံရုပ်တုသည် သူ့ကို ဘာမှပင် မပြောနိုင်ပဲ ကြည့်လိုက်သည်။
မင်းတို့ ငါ့ဆီက ဘာကိုလိုချင်ကြတာလဲ.. ငါက ငါနဲ့မျိုးနွယ်တူကို ရှာတွေ့လို့ စူးစမ်းလိုစိတ်နဲ့ သွားနေတာလေ.. အခုတော့ စိတ်လည်း မ၀င်စားတော့ပါဘူး…
သူကျောင်းတွင် ရှိနေတုန်းက ကောင်းဖန်သည် သူမရှိတုန်း ဘာဖြစ်ခဲ့သေးလဲ ကျောင်းတွင် လိုက်မေးခဲ့သည်။
ကျောင်းသားရေးရာများမှလွဲ၍ ဘာမှ ထွေထွေထူးထူးတော့ မဖြစ်ခဲ့ပါချေ။ ကျောင်းသားတစ်ယောက်က တံခါးကို ဆောင့်ပိတ်လိုက်သောကြောင့် နောက်ကျောင်းသားတစ်ယောက် လက်မညပ်သွားရာမှ ရန်ထဖြစ်ကြသည့် ကိစ္စသာရှိသည်။
“ဒဏ်ရာရသွားတဲ့ ကျောင်းသားကိုတော့ ကျောင်းတွင်းဆေးခန်းကို ပို့လိုက်ပါတယ်.. ကံကောင်းတာက မြင့်မြတ်သော အမွှေးရှည်ယုန် ရှိနေလို့ သူ့ရဲ့ လက်မကို ကုသပေးခဲ့တယ်.. ဘာမှ ဘေးထွက်ဆိုးကျိုး မရှိပါဘူး” ကျောင်းတွင်း ဒါရိုက်တာက ပြောလိုက်သည်။
“ကြားရတာ ၀မ်းသာပါတယ်” ကောင်းဖန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျောင်းသားတွေ ဒီလိုဖြစ်တတ်တာတော့ သဘာ၀ပါပဲ.. ဒါပေမယ့် ကျောင်းဆိုတာမျိုးက ပညာသင်ဖို့ နေရာပဲ.. ကျောင်းသားတွေအနေနဲ့ သူတို့စွမ်းအင်တွေကို အသုံးချစရာ နေရာရှိသေးတယ်ဆိုရင် ကျောင်းတွင် အသင်းတွေဖွဲ့လိုက်မယ်.. သားရဲဝါသနာအဖွဲ့တို့.. သားရဲမျိုးဖောက်အဖွဲ့တို့.. သားရဲလေ့ကျင့်သူ ပြောင်းလဲမှုအဖွဲ့တို့.. ဒါမှမဟုတ် ရတနာသိုက် ရှာပုံတော် အဖွဲ့တို့ပေါ့.. ခင်ဗျားတို့ဒါတွေ တစ်ချက်လောက် လုပ်ထားပေးနိုင်မလား” ကောင်းဖန်က မေးလိုက်သည်။ သူသည် အကြမ်းဖျင်းကျောရိုးများကိုသာ ပြောသွားခြင်း ဖြစ်သည်။ အသေးစိတ်ကတော့ သူ့လက်အောက်မှ သူများက လုပ်ဆောင်ပေးမည် ဖြစ်သည်။
“ပြီးတော့ ဟိုတစ်နေ့က ကျွန်တော် ယွိကျိုးအမျိုးသား အထက်တန်းကျောင်းအသင်းကို ဆက်သွယ်ဖို့ လူလွှတ်လိုက်သေးတယ်.. သူတို့က ကျွန်တော်တို့ကို ပူးပေါင်းခွင့်ပေးတယ်.. ဒီတော့ ဒီအခွင့်အရေးကို အသုံးချပြီး ဒီကျောင်းကို ဒေသရဲ့ အကောင်းဆုံးကျောင်း ဖြစ်အောင် ဘယ်လိုဆက်လက်လုပ်ဆောင်မလဲ ဆိုတာကတော့ ခင်ဗျားတို့အပိုင်း ဖြစ်သွားပြီ” ကောင်းဖန်က ပြောလိုက်သည်။
“နားလည်ပါပြီ” ကောင်းဖန်၏ တစ်ဖက်တစ်ချက်တွင် အတန်းလိုက် ထိုင်နေကြသော ကျောင်းတွင်း အရာရှိများက ပြောလိုက်ကြသည်။
ခဏရပ်လိုက်ပြီးနောက် ကောင်းဖန်က ဆက်ပြောလိုက်သည်။ “ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေက တခြားကျောင်းတွေနဲ့ ယှဉ်ရင် ပညာရေးအဆင့်က သိပ်မမြင့်ကြသေးတာ သိပါတယ်.. အဲဒါကြောင့် သူတို့ကို မလိုအပ်တဲ့ ဖိအားတွေ မပေးမိအောင်တော့ လုပ်ဖို့လိုမယ်.. သူတို့ဟာသူတို့ တိုးတက်အောင် လုပ်ကြပါစေ”
“နားလည်ပါပြီ”
“ဟုတ်ပြီ.. အစည်းအဝေးကတော့ ဒီလောက်ပါပဲ”
***
သားရဲလေ့ကျင့်သူ
အခန်း ၃၇၄ လူဆာကာ၏ ဝိဉာဉ်ဖောင်
အာဖရိကန် နယ်မြေ လူကာဆာမြို့ခြေတွင် ဖြစ်သည်။
ကပ်ဆိုးကြီးပြီးကတည်းကစ၍ လူကာဆာမြို့သည်လည်း ကမ္ဘာအရပ်ရပ်မှ အခြားမြို့များကဲ့သို့ပင် ရှိသည်။ သို့သော် လွန်ခဲ့သည့် ၆ လ ခန့်မှစ၍ ထိုနေရာသည် နိုင်ငံတကာတွင် အရေးပါသော နေရာ ဖြစ်လာခဲ့သည်။
ဇမ်ဘီယာသည် အာဖရိက၏ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပြီး ထာ၀ရတည်မြဲသော ဝိဉာဉ်ဖောင် ပေါ်လာသောအခါ အရေးပါသော စီးပွားရေး အချက်အခြာတစ်ခု ဖြစ်လာခဲ့သည်။ အမျိုးအစား စုံလင်လှသော လေ့ကျင့်သူများသည် အာဖရိက၏ နေရာအနှံ့မှလာကာ ဇမ်ဘီယာတွင် လှည့်လည်သွားလာကြသည်။ မည်သို့ပင်ဆိုစေ ဝိဉာဉ်ဖောင်၏ နောက်ကွယ်တွင် များပြားလှစွာသော အကျိုးအမြတ် ရင်းမြစ်များ ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့်လည်း အာဖရိက အတွင်းပိုင်းရော အပြင်ပိုင်းတွင်ပါ ထိုနေရာကို အာရုံစိုက်လာကြခြင်း ဖြစ်သည်။
ထိုသို့ဖြင့် လူဆာကာမြို့၏ အိမ်ဈေးများသည် ညတွင်းချင်းပင် မြောက်သွားပြီး ထိုနေရာတွင် တော်ရုံလူက အိမ်မ၀ယ်နိုင်ကြတော့ချေ။
ဝိဉာဉ်ဖောင်၏ စီးပွားရေးအရ အရေးပါမှုကို လူဆာကာတစ်မြို့တည်းက ထိန်းသိမ်းထား၍လည်း မရပေ။ ထို့ကြောင့် ကမ္ဘာသစ်တိုးတက်မှု အဖွဲ့အစည်းသည် ဝိဉာဉ်ဖောင်ကို စူးစမ်းမှုလုပ်ဖို့ရာ အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုက်သည်။
ဇမ်ဘီယာ၊ ကိုကမ်၊ ဇင်ဘာဘွေနဲ့ အန်ဂိုလာတို့သည် အဖွဲ့အစည်း၏ အဓိက ပါ၀င်သူများ ဖြစ်ကြသည်။ အခြား အဖွဲ့၀င်များကတော့ ကြီးမားသော လုံခြုံရေး ကုမ္ပဏီကြီးများ ဖြစ်ကာ စစ်တပ်ကန်ထရိုက်တာများ ဖြစ်ကြသည့် ကျေးသွေးရောင် ကျားသစ်၊ ခေါင်းကိုးလုံး ခြင်္သေ့အုပ်စုတို့ ဖြစ်ကြသည်။
အဓိကပါ၀င်သည့် နိုင်ငံများတွင် ကိုကန်သည် အာဏာသက်ရောက်မှု အများဆုံးဖြစ်သည်။ ထိုနိုင်ငံသည် ဇမ်ဘီယာ၏ အနောက်ဘက်၊ ဇင်ဘာဘွေ၏ အရှေ့တောင်ဘက်၊ အန်ဂိုလာ၏ အနောက်ဘက်တွင် တည်ရှိသည်။
ဝိဉာဉ်ဖောင်ပေါ်လာခဲ့ခြင်းကြောင့် ဇမ်ဘီယာသည် စီးပွားရေးတိုးတက်မှု များစွာ ဖြစ်ခဲ့သည်။ နေ့စဉ်နေ့တိုင်း သားရဲလေ့ကျင့်သူများသည် ဇမ်ဘီယာကိုလာကာ ဝိဉာဉ်ဖောင်ထဲတွင် ဘာရှိမလဲ လာရောက်စူးစမ်းကြသည်။ ထိုလေ့ကျင့်သူများသည် ဖောင်၏ မသိနိုင်သော တစ်ဖက်ကမ္ဘာကိုသွားကာ မိုင် ၃၀၀ လောက် လှည့်လည်စူးစမ်းလေ့ရှိကြသည်။
ထိုကဲ့သို့ပင် နေ့စဉ်နေ့တိုင်း တခြားကမ္ဘာမှ သားရဲများကို ဖမ်းလာကြပြီး ကမ္ဘာအနှံ့ ပြန်လည်ရောင်းချကြသည်။ အချို့ကိုတော့ ဓာတ်ခွဲခန်းများတွင် အစမ်းသပ်ခံအဖြစ် ယူဆောင်ကြပြီး အချို့ကိုတော့ ကိုယ်ပိုင်သားရဲများအဖြစ် လုပ်ကြသည်။ ထိုကဲ့သို့ တခြားကမ္ဘာမှလာသော သားရဲများသည် ၀ယ်လိုအားလည်း ပိုများကြသည်။ အဆင့်ချင်းတူရင်တောင် ဒီကမ္ဘာမှာရှိသော သားရဲများထက် ၅ ဆပင် ဈေးပိုရလေ့ရှိကြသည်။ လူများသည် လောဘဇောမသတ်နိုင်ကြသောကြောင့် သူတို့သည် ခဏတွင်းချင်းပင် ကုန်ဆုံးသွားတတ်ကြသည်။
ထိုကဲ့သို့သားရဲများ ရောင်းချခြင်းကို နောက်တစ်မျိုးအနေနဲ့ “အပြည်ပြည်ဆိုင်ရာ အခွန်” ဟုလည်း ခေါ်ကြသည်။
ထိုသားရဲများသည် ဒီကမ္ဘာသို့ မ၀င်ရောက်ခင် ပိုးသတ်ခြင်း၊ သားကြောဖြတ်ခြင်း စသည့် အဆင့်များကို ဖြတ်သန်းကြရသည်။ ထိုအဆင့်များကို လုပ်ဆောင်ရန် လူအင်အားရော ငွေအင်အားပါ ကုန်လှသည်။ ထိုလုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ပါ၀င်နေသူများကတော့ အရေအတွက် အတိအကျကို သိနိုင်မည် ဖြစ်သည်။
လူဆာကာ၏ ဝိဉာဉ်ဖောင်သည် စတင်ထွက်ပေါ်လာသည်မှစ၍ တိုးတက်ပြောင်းလဲမှုများ ရှိလာခဲ့သည်။ ယခုဆိုလျှင် အနည်းဆုံး အကျယ် ၁၃ ပေနှင့် အမြင့် ၃၂ ပေ ရှိနေပြီ ဖြစ်သည်။ အပြင်ဘက်မှ ကြည့်လျှင် ကြီးမားသော တံခါးကြီးနှင့်ပင် တူသေးသည်။
ထို့ကြောင့် ပုံမှန်အရွယ်အစားရှိ သားရဲများကတော့ ဝိဉာဉ်ဖောင်ကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြသည်။
ဖောင်၏ တစ်ဖက်ခြမ်းတွင်ဝောာ့ အရင်က မြို့ပြကြီး ဖြစ်ခဲ့ဖူးသော်လည်း ယခုတော့ လူသူကင်းမဲ့နေပြီ ဖြစ်သော မြို့တစ်မြို့ရှိနေသည်။
တစ်ချိန်က နေထိုင်သွားသူများသည် ဉာဏ်ရည်မြင့်သူများ ဖြစ်ကြောင်း သက်သေပြနေသည်။ မြို့ပျက်ကြီးတွင် ရှိသော အဆောက်အအုံအများစုကတော့ ပြင်ဆင်ထားခြင်း မရှိသောကြောင့် ပြိုပျက်နေကြသည်။ ထို့ကြောင့် ကမ္ဘာသစ်အစိုးရက ထိုမြို့ကို ပြုပြင်ပေးထားရာ အရင်ကထက်တော့ ကြည့်ကောင်းသွားသည်။ မြို့ရိုးများတွင်ပင် အကာအကွယ်အဖြစ် ခံတပ်များ ဆောက်လိုက်သေးသည်။
“ခေါင်းဆောင်.. လုံး၀မထိရသေးတဲ့ အဆောက်အအုံ အသစ်စက်စက်တွေ့တယ်... အထဲမှာလည်း တစ်ခုခု ရှိနေတယ်ထင်တယ်.. အထဲကို ၀င်ကြည့်ရင်ကောင်းမယ်” သားရဲလေ့ကျင့်သူတစ်ယောက်သည် ကွင်းပြင်ထဲတွင် လေ့ကျင့်နေရင်း အဖြူအမည်းများ ၀တ်ဆင်ထားသူ လူတစ်စုက အဖြူအမည်းများ လွှမ်းခြုံထားသော အရာများနှင့်အတူ လာပြောလိုက်သည်။
“အသားမည်းမည်းနှင့် လူတစ်ယောက်သည် နေကာမျက်မှန်ကို ချွတ်လိုက်ကာ သူ့နောက်လိုက်ကို လှည့်ကြည့်လိုက်သည်။
“အမှောင်ဘုရင်” သူသည် သူ၏ ကိုယ်ပိုင်သားရဲကို ပြန်ခေါ်လိုက်သည်။
အဖြူအမည်းလွှမ်းခြုံထားသော အရာများသည် အချင်းချင်း ရုတ်တရတ် တိုက်မိကုန်ကြသည်။ တကယ်တော့ သူတို့သည် ခြေပေရှည်သော ဝံပုလွေကြီးများ ဖြစ်သည်။ သူတို့ထဲမှ တစ်ကောင်သည် စိတ်မရှည်စွာဖြင့် သူ၏ လက်သည်းများကို လျက်လိုက်ကာ ခေါင်းပေါ်တွင် တင်နေသော ဆံပင်များကို သပ်ပြီး နောက်သို့ပို့လိုက်သည်။
ထို့နောက် နေကာမျက်မှန်နှင့် လူဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။
သူတို့သည် ဝိဉာဉ်ဖောင်ထဲတွင် ရောက်နေရင်း ဗလာဖြစ်နေသော မြို့ထဲတွင် တိုင်ပတ်နေကြခြင်း ဖြစ်သည်။ ထိုနေရာသည် အဝါရောင်နှင့် မီးခိုးရောင် ရောစပ်နေသော ဆေးမှိန်မှိန်များ ရှိနေပြီး နံရံများနှင့် အိမ်ခေါင်မိုးများတွင် အပင်များ တက်ရောက်ကာ ပေါက်နေကြသည်။ အချို့အဆောက်အအုံများသည် ပျက်စီးနေပြီ ဖြစ်သော်လည်း မည်သူကမျှ လာပြင်ချင်ကြပုံ မရချေ။ တစ်ခုတည်းသော ပြင်ဆင်ထားသည်ဟု ထင်ရသောအရာမှာ မြေပြင်တွင် ရေညှိနှင့် အမှိုက်သရိုက်များ ရှိမနေခြင်းသာ ဖြစ်သည်။
အချို့သော အမိုးနှင့် နံရံများတွင် အတောင်ပံပါသော ရုပ်တုများ အသီးသီး ခံ့ညားစွာ ရှိနေကြသည်။ ထိုနေရာတွင် ဖွံဖြိုးတိုးတက်သော လူမှုအဖွဲ့အစည်းတစ်ခု ရှိခဲ့ပုံ ပေါ်သည်။
ထိုအဆောက်အအုံများကြားတွင်တော့ ရိပ်ခနဲ ပြေးသွားသော အရာလေးများကို ရံဖန်ရံခါ တွေ့မြင်နိုင်သည်။
သို့သော် ထိုကဲ့သို့ ကမ္ဘာတစ်ဖက်ခြမ်းတွင်လည်း တန်ဖိုးရှိသော အရာများ ရှိနေသည်ပင်။
ဝိဉာဉ်ဖောင် စပေါ်လာစဉ်က လူများသည် တစ်ဖက်ခြမ်းတွင် ဘာရှိလဲဆိုတာကို သွားရောက်စူးစမ်းကြသည်။ ထို့ကြောင့် အဖိုးတန်သောအရာများ ရှိနေသည်ကို တွေ့လိုက်ရပြီးနောက် ရာပေါင်း ထောင်ပေါင်းများစွာသော သူတို့သည် ထိုမြို့ကြီး၏ နေရာလစ်လပ်မကျန် ရှာဖွေကြတော့သည်။ နောက်ပိုင်းတွင်တော့ အဖိုးတန်ပစ္စည်းများ အတော်လေး ယူဆောင်ခံရပြီး ရှားပါးလာသောကြောင့် အလာကျဲသွားကြသည်။
အချို့နေရာများကို လှည့်လည်သွားလာပြီးသောအခါ သားရဲလေ့ကျင့်သူ အုပ်စုသည် ထိုအဆောက်အအုံဆီသို့ ရောက်လာကြသည်။ ထိုအဆောက်အအုံသည် အလယ်ခေတ်က ဥရောပစတိုင် ဘုရားကျောင်းနှင့် ဆင်တူသည်။ ထိပ်တွင် စုချွန်နေသော အမိုးရှိပြီး အရင်က ကြီးမားသော သစ်သားတံခါးကြီးသည် အ၀င်၀တွင် ရှိခဲ့ပုံရသော်လည်း ယခုတော့ မရှိတော့ချေ။ ထိုနေရာတွင် သံမဏိတံခါး တစ်ခုသာ ရှိနေသည်။
သူတို့သည် အဆောက်အအုံတွင်းသို့ ၀င်လိုက်သောအခါ အောက်သိုးသိုး အနံ့တစ်ခုကိုရလိုက်သည်။ ပတ်ပတ်လည်မှ နံရံတွင် ပိုးမျှင်များ ကပ်နေသည်။
သူတို့သည် တတိယထပ်သို့ တက်လာကြသောအခါ အခန်းအလယ်တည့်တည့်တွင် သစ်သားစားပွဲကြီးကို တွေ့လိုက်ရသည်။ ထိုစားပွဲပေါ်တွင် ကနုတ်များ စာသားများ ထွင်းထုထားပြီး ဗဟိုတူ စက်ဝိုင်းများလည်း ရှိနေသည်။
စက်ဝိုင်းများအလယ်တွင်တော့ မြို့ကိုပြနေသည့် အမှတ်အသားများ ရှိနေသည်။ အခြားအမှတ်အသားများကလည်း မြို့ပတ်ပတ်လည်ရှိ တောင်တန်းများ မြစ်များကို ညွှန်ပြနေပြီး မြေပုံတစ်ခုကို ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။
“ဒီစာတွေက ဘာကိုဆိုလိုတာလဲ ဘယ်သူမှ အဖြေမရှာနိုင်ကြဘူးလား” အသားမည်းနှင့်လူက မေးလိုက်သည်။ သူသည် စားပွဲပေါ်မှစာများကို မျက်မှောင်ကြုတ်ရင်း ဖတ်နေသည်။
*ဒါတွေကို ဘာသာဗေဒပညာရှင်တွေကို ပြထားပြီးပါပြီ.. ဒီစာတွေက ဒီကမ္ဘာရဲ့ နဂိုဘာသာစကားမဟုတ်ဘူးလို့တောဘ အများစုက ပြောကြပါတယ်.. တစ်ယောက်ကတော့ အတ္တလန်တင်း ဘာသာစကားနဲ့ဆင်တယ်လို့ ပြောပါတယ်”
“အတ္တလန်တင်း..”
“ဟုတ်ပါတယ်.. အက်တလက်စ် ကျွန်းထဲမှာ ရှိပါတယ်”
“မင်းအမေကျွန်းကို ငါစိတ်မ၀င်စားဘူး.. ဒီစာတွေကို အဓိပ္ပါယ်ဖော်ပြီးပြီလားပဲ သိချင်တာ”
“တောင်းပန်ပါတယ် ခေါင်းဆောင်.. ဒီစာတွေကို ဖတ်တတ်တဲ့သူတော့ မရှိသေးပါဘူး.. အနည်းဆုံးတော့ အရိပ်အမြွက်လောက်ပဲ သိတဲ့သူကို ကျွန်တော်တို့ ရှာနေပါတယ်”
အသားမည်းနှင့်လူသည် သူ၏ နေကာမျက်မှန်ကို ပြန်တပ်လိုက်ကာ စားပွဲမျက်နှာပြင်ကို လက်ချောင်းဖြင့် ပွတ်သပ်ရင်း ဂရုတစိုက်ခံစားကြည့်လိုက်သည်။ ရုတ်တရတ် သူ့လက်ချောင်းသည် တစ်နေရာတွင် ထစ်ခနဲ ဖြစ်သွားသည်။
“ဒါဘာလဲ”
သူသည် အဆောက်အအုံတစ်ခုပုံဟု ထင်ရသော နေရာတစ်ခုကို ထောက်လိုက်သည်။ ထိုပုံသည် စားပွဲတွင် သေသပ်စွာ ဆွဲထားပြီး အတွင်းဘက်အထိပါ သေချာလေး အသေးစိတ် ပုံဖော်ထားသည်။ ပုံမှန်တော့မဟုတ်ပေ။
“ဪ ဟုတ်တယ်.. ကျွန်တော် ခေါင်းဆောင်ကို အဲဒါပြောမလို့.. အဲဒါက တခြားမြို့ထင်တယ်”
“တခြားမြို့.. ဒီကနေ ဘယ်လောက်ဝေးလဲ”
“အနီးဆုံး တောင်လမ်းကတော့ ဒီကနေဆို မိုင် ၃၀၀ လောက်ရှိမယ်.. နောက်ထပ် တောင်လမ်း ၂ ခုလည်း ရှိသေးတယ်.. ဒီကနေဆိုရင် အဲဒီမြို့က မိုင် ၆၀၀ လောက်တော့ ဝေးမယ်ထင်တယ်.. အခုကျွန်တော်တို့ မိုင် ၃၀၀ အတွင်းမှာ ဘာမှမရှိဘူးဆိုတော့ နောက်ထပ် ၃၀၀ လောက်ထပ်ချဲ့သွားလိုက်ဖို့ပဲ လိုတော့တာပါ”
အသားမည်းနှင့်လူသည် မျက်မှောင်ကြုတ်ပြီး အတွေးနက်သွားသည်။
ထို့နောက် သူကပြောလိုက်သည်။ “ငါတို့ ပြန်သွားပြီး တခြားသူတွေနဲ့ ဆွေးနွေးကြည့်ကြတာပေါ့.. ဒီကနေ သွားလို့ရမယ့် တခြားနည်းလမ်းရှိဦးမလားလို့”
***
သားရဲလေ့ကျင့်သူ
အခန်း ၃၇၅ အနက်ရောင်မြူခိုးသို့ ပြန်လည်သွားရောက်ခြင်း
သူအမိန့်ပေးလို့ ပြီးသွားသောအခါ နေကာမျက်မှန်နဲ့လူမည်းက သွက်လက်စွာ လှည့်လိုက်ပြီး သူ့လူများနဲ့အတူ အခန်းထဲကနေ ထွက်သွားသည်။ လူစု၏နောက်က အသားမည်းမည်း ပိန်ပိန်နဲ့လူက ခဏရပ်ပြီး သူ့ဆရာ ခုနက ညွှန်ပြလိုက်တာ ဘယ်နေရာလဲဆိုတာ ကြည့်နေသည်။
သူတို့က ဒါကို မြို့ဟုပဲပြောနေကြသည်… ဒါပေမယ့် ဘာလို့ ဝင်္ကပါနဲ့တူနေရတာလဲ… မဖြစ်နိုင်တာပဲ.. ဒီလောက်ကြီးတဲ့ ဝင်္ကပါ မရှိလောက်ဘူးဟု သူတွေးမိသည်။ စားပွဲကိုကြည့်ရင်း တုံးတုံအအ ပုံစံဖြင့် ပြုံးပြီး တခြားသူများနောက် လိုက်သွားသည်။
လူဆာကာမြို့တွင်တော့ သူတို့ပြင်ဆင်မှုတွေ စလုပ်နေကြပြီဖြစ်သည်။ အကြမ်းစီးယာဥ်တွေ၊ ဒုံးကျည်တွေ၊ စက်သေနတ်တွေ၊ လက်လုပ်ဗုံးတွေနဲ့ တခြားအရာများဖြစ်သည်။
အများစုက သူတို့နယ်ပယ်မှာ ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့ကို ဒီမစ်ရှင်တွင် ပါဝင်ရန် အနက်ရောင်မြေခွေးအဖွဲ့အစည်းက သေချာ ကိုယ်တိုင်ကိုယ်ကျရွေးချယ်ထားခြင်းဖြစ်သည်။ သူတို့က အခု လက်နက်အပြည့်အစုံနဲ့ အသင့်ဖြစ်နေကြပြီဖြစ်သည်။
“အနက်ရောင် မြေခွေးအဖွဲ့က ကြက်သွေးရောင် ကျားသစ်နဲ့ ခေါင်းကိုးလုံး ခြင်္သေ့လောက် မကြီးကျယ်ပေမယ့် ငါတို့ ဒီမှာတော့ အခွင့်အရေးရှိတယ်” နေကာမျက်မှန်နဲ့ လူမည်းကပြောသည်။
“ဒါပေမယ့် စီဝေ ငါတော့ ဒီကိစ္စ ဒီလောက်လွယ်မယ်မထင်ဘူး” ဝတ်စုံပြည့်နဲ့ ခပ်ဝဝလူမည်းက ပြေသည်။ “ငါတို့အခု ပြောနေတာ တခြားကမ္ဘာနော်… အဲဒီနေရာနဲ့ပတ်သက်လို့ ငါတို့ ပြည့်ပြည့်စုံစုံ သုတေသနမလုပ်ရသေးဘူး… ဒီဂြိုဟ်ပေါ်က သားရဲတွေထက် အဆင့်မြင့်တဲ့ သားရဲတွေ ရှိတယ်ဆိုတဲ့အချက် ကလွဲပြီး တခြား ဘာအန္တရာယ်တွေရှိနေသေးလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
“ငါ့ရဲ့အနက်ရောင်ဘုရင်က အားမနည်းဘူး” စီဝေက အေးစက်စွာပြောသည်။
အနက်ရောင် မြေခွေးအဖွဲ့ဆိုတာ သူ့သားရဲ၏ နာမည်ကိုလိုက်ပြီး ပေးထားတာဖြစ်သည်။ သူနဲ့သူ့အကို စီလိုတို့က ဘာမှမရှိသည့်အခြေအနေကနေ ဒီ အဖွဲ့အစည်းကို ကိုယ်တိုင် တည်ထောင်ခဲ့ကြတာဖြစ်သည်။
စီဝေက နတ်ဘုရားအဆင့် အနက်ရောင်မြေခွေး၏ လေ့ကျင့်သူဆိုသော်လည်း တခြား ကုမ္ပဏီကြီးများရဲ ဖိအားကြောင့် စီဝေ၏ အဖွဲ့အစည်းမှာ သူဖြစ်စေချင်သလောက် မဖွံ့ဖြိုးလာပေ။
“ဒါပေမယ့် ဒါက အခွင့်အရေးပဲ” စီဝေ စိတ်မရှည်တော့ပေ။ သူ့အကိုက လူကောင်းတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ထဲက အမြဲတမ်း စီဝေ့အပေါ်ကောင်းခဲ့သည်။ သူ့ကြင်နာမှုကြောင့်ပဲ သူက စီဝေ့ကို ကုမ္ပဏီကို အဓိက တာဝန်ယူခွင့်ပေးထားပြီး သူကတော့ ဒုတိယအနေနဲ့ပဲနေသည်။ သူ့ကို စီဝေ သည်းမခံနိုင်တဲ့ တစ်ခုတည်းသောအရာက သူရဲ့ သူရဲဘောကြောင်ခြင်းဖြစ်သည်။
သူကတော့ သူရဲဘောကြောင်တာဟု မထင်ချေ။ သူက သတိထားတတ်တာလို့ ပြောသည်။
“အခုအခွင့်အရေးကို အမိမဖမ်းနိုင်ရင် ငါတို့ အဖွဲ့အစည်းက ဘယ်တော့မှ ဖွံ့ဖြိုးမှာလဲ… ခေါင်းကိုးလုံး ခြင်္သေ့ အရူးတွေကို ငါတို့ အစစ်အမှန်က ဘာလဲဆိုတာ ဘယ်တော့မှ ပြနိုင်မှာလဲ” စီဝေက လက်သီးဆုပ်ကို လှုပ်ခါရင်းပြောလိုက်သည်။ “ ဘယ်သူမှ မမြင်ဖူးသေးတဲ့ ကမ္ဘာသစ်တစ်ခုရှိနေတယ်လေ… ဒါ ဘာအဓိပ္ပါယ်လဲ မင်းမသိဘူးလား”
“ဒါပေမယ့် ငါတို့ ဒီလိုအကုန် ပုံအောပစ်လိုက်လို့ မရဘူးလေ… ဒါက ဖဲကစားနေတာမဟုတ်ဘူး” ခပ်ဝဝလူ စီလိုက သက်ပြင်းချရင်းပြောသည်။ “ဒီလိုဆိုရင်ရော ငါ ဇင်ဘာဘွေက တာဝန်ရှိသူ တစ်ယောက်ယောက်ကို ဆက်သွယ်လိုက်ပြီး မင်းရှာတွေ့ခဲ့တဲ့ ပျက်စီးမှုအကြောင်းကို တူတူ ပူးပေါင်းပြီး စုံစမ်းကြမယ်လေ… ဘယ်လိုလဲ”
စီဝေ မျက်နှာ ခပ်တင်းတင်းနဲ့ပင် ခေါင်းညိမ့်လိုက်ရသည်။
…
“အစကတော့ ဝိဥာဥ်ဖောင်ရဲ့ တခြားတဖက်မှာ ကမ္ဘာသစ်တစ်ခု ကျွန်တော်တို့ကို စောင့်နေတယ်လို့ ထင်ခဲ့တာ… အဲ့ဒီအစား ကျွန်တော်တို့ တွေ့ခဲ့ရတာ ဝင်္ကပါတစ်ခုပဲ” တောင်ပိုင်းကောင်းကင်အဖွဲ့၏ အဆင့်မြင့်အစည်းအဝေး တွင် ကောင်းဖန်က စိတ်ပျက်နေဟန်ဖြင့် ပြောလိုက်သည်။
“ဒီဝင်္ကပါကနေ အကျိုးအမြတ် ထုတ်ယူလို့ရနိုင်မယ်လို့ မျှော်လင့်ရတဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ဝင်္ကပါကို ရှင်းလင်းပစ်တာပဲ” သူက ဝင်္ကပါပုံစံကို ညွှန်ပြရင်း ဆက်ပြောသည်။
“ကျွန်တော်တို့ ရွေးချယ်စရာ ၂ခု ရှိတယ်… ပထမတစ်ခုက ယွိကျိုးအစိုးရရဲ့ လေ့ကျင့်သူအားလုံးကို စုပြီး ဝင်္ကပါစောင့်ကြည့်သူတွေကို သတ်ပစ်ဖို့.. ဒါမှမဟုတ် ထိန်းချုပ်ဖို့ ပူးပေါင်းစစ်ဆင်ရေးလုပ်တာ .. ဝင်္ကပါသာ ကျွန်တော်တို့ ထိန်းချုပ်မှုအောက် ရောက်ပြီဆိုတာနဲ့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ စလုပ်လို့ရပြီ”
“နောက် ရွေးချယ်မှုတစ်ခုကတော့ ဝင်္ကပါစောင့်ကြည့်သူတွေ အကြံပေးတဲ့အတိုင်းလုပ်တာ… သူတို့ရဲ့ဆရာကို နိုးထအောင်လုပ်ပေးပြီး သူတို့နဲ့ သဘောတူညီချက်ယူမယ်… ပြီးရင်တော့ ဘာဆက်ဖြစ်မလဲဆိုတာ အားလုံးသိမှာပါ”
ကောင်းဖန်ပြော၍ပြီးသွားသောအခါ ဆင်းလာပြီး ဆွေးနွေးနေကြသည်များကို နားထောင်နေလိုက်သည်။
“ဝင်္ကပါစောင့်ကြည့်သူတွေကို သတ်ဖို့က လွယ်လောက်လား” တစ်ယောက်က မသေချာဟန်ဖြင့်မေးသည်။
“သိပ်တော့မထင်ဘူး…”
လူတိုင်းက ရွေးချယ်မှု ၂ခုကြား ကွဲသွားကြသည်။ တစ်ချို့က ဝင်္ကပါကို ရှင်းပစ်ပြီး သူတို့အပိုင်းသိမ်းလိုက်တာ က ပိုလွယ်သည်ဟု ပြောသည်။ တခြားသူများက အဲဒီကသတ္တဝါများနဲ့ ငြိမ်းငြိမ်းချမ်းချမ်း သဘောတူညီချက် ယူလိုက်ဖို့ မျှော်လင့်ကြသည်။
၂ဖက်လုံးက သူတို့ယုံကြည်တာကို စိတ်မပြောင်းကြချေ။
တစ်ယောက်ကနေပြီး ကောင်းဖန်၏ထင်မြင်ချက်ကို မေးလာသည်။
“ဝင်္ကပါစောင့်ကြည့်သူပြောတာတော့ သူတို့ဆရာက လူသားတွေကို မုန်းတီးမနေပါဘူးတဲ့” ကောင်းဖန် ကပြောသည်။ “ကျွန်တော်တို့ ဆုံးဖြတ်ချက်မချခင် အနည်းဆုံးတော့ ဝင်္ကပါသခင်က ဘယ်လိုလဲဆိုတာ ကြည့်သင့်တယ်ထင်တယ်”
“သခင်လေး ဒါက စွန့်စားရာကျလွန်းပါတယ်”
“စွန့်စားရာကျလွန်းတယ်”
“ထောင်ချောက်လည်း ဖြစ်နိုင်တယ်”
“စိတ်အေးအေးထားကြပါ… ကျွန်တော်မှာ အတော်ဆုံးတွေ ရှိပါတယ်… ကျွန်တော်ရဲ့သားရဲတချို့က အရမ်းမကြီးဘူး… သူတို့ ကျွန်တော်နဲ့ ဝိဥာဥ်ဖောင်ပေါ်လိုက်လို့ရနိုင်တယ်… လက်ဗလာနဲ့တော့ မသွားပါဘူး” ကောင်းဖန်က သူ့တွင် အလယ်အလတ်အရွယ်အစားသားရဲများ ရှိနေသေးတာကို ရုတ်တရတ် ကျေးဇူးတင်မိသည်။
အစင်းလေးကလွဲပြီး ဂိုဒီ၊ ဖလန်မီ၊ ဒန်ဘီ၊ ကြွက်၊ ဆီလီနဲ့ ရှောင်ကောင်းတို့အားလုံးသူနဲ့ အတူ ဝိဥာဥ်ဖောင်နဲ့သွား နိုင်သည်။ နောက်ဆုံး ၃ ကောင်က သူ့အဖွဲ့ရဲ့ အရံအနေနဲ့ပဲ ဆိုပေမယ့်လည်းပေါ့။
“ငါလည်း သခင်လေးနဲ့အတူလိုက်ခဲ့မယ်” ရှုဟဲ့ထိက ပြောသည်။
အန်ကယ်လျို့ကလည်း ကူညီမယ်ပြောပေးမယ့် သူသဘောမတူပေ။ သူ့ရဲ့ အရိပ်ပုတ်သင်နဲ့ သွေးမျက်လုံးလင်းတက ဝိဥာဥ်ဖောင်ထဲဝင်ဖို့ အရမ်းကြီးလွန်းနေသည်။
သူက ရုတ်တရတ် “ဆော့ဖတီကို မင်းနဲ့ထည့်လိုက်မယ်… ဆော့ဖတီက မကြာသေးခင်ကပဲ နတ်ဘုရားအဆင့် ရောက်သွားတာ… မင်းကို အကူအညီတချို့တော့ ပေးနိုင်မယ်ထင်တယ်”
ဆော့ဖတီက အန်ကယ်လျို့၏ ညအရိပ်ကြောင်ဖြစ်သည်။ သူက ချန်ပင်းမှာထဲက အဆင့် ၄၀ ရောက်နေပြီးသား ဖြစ်သည်။ သို့သော် အဲဒီကတည်းက အကောင်းဆုံးအရည်အသွေးမှာ ရပ်နေပြီဖြစ်သောကြောင့် သူက အဆင့်ထပ်မတတ်တော့ချေ။ ကောင်းဖန် အရည်အသွေးတိုးတက်အောင် ကူညီပေးလိုက်ပြီးမှသာ နတ်ဘုရားအဆင့်ဖြစ်သွားတာဖြစ်သည်။
ကောင်းဖန် ခေါင်းညိမ့်လိုက်ပြီး အန်ကယ်လျို့၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်သည် သားရဲပိုများလေ သူ ဝင်္ကပါကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ဖို့ ပိုယုံကြည်ချက်ရှိလေဖြစ်သည်။
သူနဲ့အခု လိုက်လာမည့် နတ်ဘုရားအဆင့်သားရဲ ၈ ကောင် ရှိသည်။ ညအရိပ်ကြောင်၊ ရှုဟဲ့တိ၏ သားပိုက်ကောင်၊ တာ့ဇီ၊ ဂိုဒီ၊ ဖလန်မီ၊ ဒန်ဘီ၊ အရိုးစုမျောက်နဲ့ အရိုးစု ငါးရှဥ့်ဘုရင်တို့ဖြစ်သည်။
ဒေါင်းနဲ့ ကင်းခြေများဘုရင်ကတော့ ဝိဥာဥ်ဖောင်ပေါ်တတ်ဖို့ ကြီးလွန်းနေသည်။
ဂိုဒီရော ဒန်ဘီရောက ဒဏ္ဍာရီလာအရည်အသွေးဖြစ်ပြီး တာ့ဇီကတော့ လက်ရွေးစင်အရည်အသွေးဖြစ်သည်။ ကျန်တဲ့ကောင်တွေကတော့ အကူအညီအဖြစ် လုပ်ပေးနိုင်သည်။ သားရဲ ၈ ကောင် ရှိနေပြီဆိုတော့ ဝင်္ကပါ စောင့်ကြည့်သူ ၈ ယောက်နဲ့ ရင်ဆိုင်ရတာ ပြဿနာမဟုတ်ပေ။
သူရှိနေတဲ့ တစ်ခုတည်းသော ပြဿနာက ဝင်္ကပါစောင့်ကြည့်သူတွေရဲ့ အဆင့်က အရမ်းကို မြင့်လွန်းနေတာ ဖြစ်သည်။ ၇ ကောင်က အဆင့် ၄၉ ဖြစ်ပြီး တစ်ကောင်က အဆင့် ၅၀ ဖြစ်သည်။ သားရဲ၏နောက်ပိုင်းအဆင့်ဖွံ့ ဖြိုးမှုတွင် အဆင့် ၁ ဆင့်ကွာခြားချက်ကတောင် စွမ်းအားကွာခြားမှု အတော်များသွားသည်။ ကောင်းဖန်၏ ကိုယ်ပိုင်သားရဲများက သူတို့ကို တစ်ကောင်ချင်းတိုက်ရာတွင် နိုင်နိုင်ပေမယ့် ကျန်တဲ့အကောင်တွေက မတူနိုင်ပေ။
နောက်တစ်နေ့တွင် အန်ကယ်လျို့က ကောင်းဖန်ကို ကုမ္ပဏီရုံးချုပ်အပြင်ကနေ မနက်အစောထဲက စောင့်နေခဲ့သည်။ သူ့ဘေးတွင်တော့ ကျားသစ်နက်ထက်ကြီးသည့် ညအရိပ်ကြောင် ရပ်နေသည်။
“ငါ မင်းနဲ့မလိုက်နိုင်တော့ ဆော့ဖတီကို ထည့်လိုက်မယ်… စိတ်မပူပါနဲ့ မင်းရဲ့အမိန့်အားလုံးကို သူနာခံလိမ့်မယ်” အန်ကယ်လျို့က ရယ်ရင်းပြောသည်။
ကြောင်က ကောင်းဖန်ကို ကြည့်ပြီး ခပ်တိုးတိုး အသံပေးသည်။
ရှုဟဲ့ထိက သူလည်း ကောင်းဖန်နဲ့ လိုက်မည် ဆိုပေမယ့် သူရဲ့ သားပိုက်ကောင်ကို ခေါ်လာသည်။
မကြာခင် ကားက အဝင်အထွက်ပိတ်ထားသေးသော ပိုင်ယဲ့ရပ်ကွက်သို့တည့်တည့်ရောက်အောင် ပို့ပေးသည်။ ဝိဥာဥ်ဖောင်နဲ့ပတ်သက်၍ အချိန်နဲ့တပြေးညီ ယွိကျိုးအစိုးရကို အစီရင်ခံရသည်။ ပိုင်ယဲ့က လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက အဝင်အထွက်ပိတ်ထားသော်လည်း အစိုးရက ပြင်ဆင်ထားခြင်း မရှိသေးပေ။
စစ်သားများက ကောင်းဖန်နဲ့ သူ့လူတွေ သွားနိုင်အောင် လမ်းဖယ်ပေးပြီး ဝိဥာဥ်ဖောင် ရှိရာဆီရောက်သွားကြသည်။ အဆောက်အဦးသစ်တစ်ခုက ခုထိ ဝိဥာဥ်ဖောင်ကိုထားထားသော စွန့်ပစ်ထားခံရသည့် အဆောက်အဦး၏ အုတ်မြစ်ပေါ်တွင် ရှိနေသည်။
ဒါက ရှုဟဲ့တိ ဝိဥာဥ်ဖောင်ထဲ ပထမဆုံးဝင်ဖူးတာဖြစ်သည်။ သူ့အနီးပတ်လည်ကို ကြည့်ရင်း ကောင်းဖန် ဘေးကနေ လျှောက်နေသည်။
ဝိဥာဥ်ဖောင်၏တခြားဖက်တွင် အနက်ရောင်မြူခိုးကမ္ဘာရှိသည်။ အနက်ရောင်ဂျာကင်ဝတ် တောက်တဲ့တချို့ ထောင့်နားတွင် ဆော့ကစားနေကြသည်။ သို့သော်ကောင်းဖန်နဲ့ သားရဲများ၏ ခြေသံကို ကြားလိုက်သည်းနဲ့ သူတို့ မတူညီတဲ့ ဦးတည်ရာဆီ ပြန့်ကျဲသွားကြသည်။
အဲဒီအချိန်တွင်ပဲ ရင်းနှီးနေသော ခြေသံများ အဝေးကနေ ပဲ့တင်ထပ်လာသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၇၆ ခြင်္သေ့ဖြူ
“ငါမင်းတို့ပြန်လာမယ်ဆိုတာသိသားပဲ..." ကောင်းဖန်ကို ၀င်္ကပါစောင့်ကြည့်သူက ပြောလိုက်သည်။
ထိုသူက ခန္ဓာကိုယ်ကိုကိုင်း၍ ကောင်းဖန်အား ပြုံးကာကြည့်လေသည်။ သူ၏ နီရဲသောမျက်နှာပေါ်မှအပြုံးသည် ကြောက်စရာကောင်းနေပေသည်။
ကောင်းဖန်နှင့်အတူပါရှိသည့်သားရဲများသည် ယခင်တစ်ခေါက်နှင့်ယှဉ်လျင် ပို၍များလာပေသည်။ ၀င်္ကပါစောင့်ကြည့်သူတစ်ယောက်က သူတို့အားဘာမှမပြောပဲ တစ်ချက်မျှကြည့်လိုက်သည်။
"ဒါကငါ့ရဲ့သားရဲတွေပဲ.. သူတို့က ငါနဲ့အတူပါလာတာ ဘာပြဿနာများရှိလို့လဲ...." ကောင်းဖန်ကပြောလိုက်သည်။
"ပြဿနာမရှိပါဘူး..." ၀င်္ကပါစောင့်ကြည့်သူကထိုသို့ပြောပြီး ရှေ့မှနေလမ်းပြရန်ထွက်ခွာသွားလေသည်။
ကောင်းဖန်က သူ၏ကျောပြင်အား ဘာမှမပြောပဲကြည့်ကာတိတ်တဆိတ်လိုက်ပါလာသည်။ ဒန်ဘီသည် သားရဲဆိုသောစကားကိုနှုတ်မှ တမင်သက်သက်ရွတ်နေသည်။ တကယ်လို့ ဝင်္ကပါစောင့်ကြည့်သူက သားရဲလေ့ကျင့်သူနဲ့ သားရဲကို မမြင်ဖူးရင်တော့ သူရဲ့ တုံ့ပြန်မှုက တစ်မျိုးဖြစ်နေပေလိမ့်မည်။ သို့သော် ကြည့်ရတာ ဝင်္ကပါစောင့်ကြည့်သူက သားရဲနဲ့ သားရဲထိန်းကျောင်းသူတို့က ဘာတွေဆိုတာ သိပြီဟန်ပေါ်သည်။ ထို့ကြောင့် သူ၏ခန့်မှန်းချက်အရ ထိုလူသည် သားရဲလေ့ကျင့်သူပင်ဖြစ်ပေလိမ့်မည်...
"အဲဒီလူက အရပ်အရှည်ကြီးပဲနော်.." ရှုဟဲ့ထိကကောင်းဖန်အားပြောသည်။
၀င်္ကပါစောင့်ကြည့်သူသည် အရပ် ၆၅ ပေနီးနီးပင် ရှိလောက်သည်။ ၎င်းသည် သန္ဓေပြောင်းသားရဲများနှင့် အခြားသားရဲများပေါသော ကြယ်ကမ္ဘာမှ ကြီးမားသောသားရဲတစ်ကောင်ဖြစ်ပေလိမ့်မည်။
တချို့ရှည်လျားသောအသွင်ရှိသော သားရဲများထဲတွင်တောင် ယခုထိုသားရဲလောက်အရပ်ရှိဖို့ဆိုသည်မှာ အလွန်ရှားပါးလေသည်။
အစင်းလေး၏ အရပ်အမောင်းသည်လည်းထိုကဲ့သို့ပင်။ "သူကတော့ပိုရှည်လောက်မည်ထင်တယ်..."
ရတနာအနံ့ခံကြွက်က သူ၏မုတ်ဆိတ်ကိုညင်သာစွာပွတ်ဖယ်ရင်း အနံ့ခံလျက်ရှိသည်။ "မင်းလမ်းကြောင်းကိုမှတ်မိရဲ့လား..."
"သိတာပေါ့.." ရတနာအနံ့ခံကြွက်ကဖြေရင်း အနံ့ခံကာ မျက်လုံးများကိုလည်းရွေ့လျားရင်း စိတ်ထဲတွင်လမ်းကြောင်းကိုပုံဖော်နေလေသည်။
၀င်္ကပါကအတော်ကြီးသည်။ ကောင်းဖန်တို့သည် သုံးနာရီကြာလမ်းလျှောက်လာကြသည့်တိုင် လိုရာခရီးကိုမရောက်နိုင်သေးချေ။
ရတနာအနံ့ခံကြွက်သည် သူ့ခြေထောက်အောက်ကမြေကြီးကို စိုက်ကြည့်နေသည်။ သူ့စိတ်ထဲတွင် ဗလာဖြစ်နေလေသည်။
"လမ်းတွေ..လမ်းတွေ...အရှေ့၊ ဘယ်၊ ညာ... ငါကဘယ်သူလဲ.. ငါဘယ်ကလာတာလဲ.. ငါဘာလုပ်နေတာလဲ....“
"အိုး.. ငါ့သခင်က ငါ့ကို လမ်းမှတ်မိလားလို့ပြောနေတာပဲ.. အရှေ့ဘယ်ဘက်၊ အနောက်ညာဘက်၊ ဘယ်ဘက်၊ ဘယ်ဘက်အရှေ့...."
ဝင်္ကပါ၏နံရံများသည် တပြေးညီပင် ၆၅ ပေခန့် အမြင့်ရှိသည်။ နံရံပေါ်တွင်နွယ်ပင်အချို့ပေါက်ရောက်နေပြီး အချို့သောအညိုရောင်အသီးများသည် ဖရဲသီးအရွယ်အစားလောက်ပင်ရှိလေသည်။
[အပင် အမည်] - ပေါင်မုန့်သီးပင်
[အပင် အသုံး၀င်သောနေရာ]: စားသုံး၍ရ၊ အာဟာရဓာတ်နှင့် ရေဓာတ်ကြွယ်၀
၀င်္ကပါစောင့်ကြည့်သူထံမှခွင့်ပြုချက်ရသောအခါ ကောင်းဖန်က ပေါင်မုန့်သီးနှစ်ခုကိုခူးကာ ရှုဟဲ့ထိထံသို့ တစ်ခုပစ်ပေးလိုက်သည်။ တစ်ခုကိုသူ့အတွက် အခွံနွှာကာ အုန်းသီးကိုစားသလိုပင် အသားကိုစားကာ အရည်ကိုပါသောက်လိုက်လေသည်။
ရှုဟဲ့ထိသည် ကောင်းဖန်က ဘာမှန်းသေသေချာချာမသိသည့် အသီးကိုစားသောကြောင့်စိတ်ပူနေသည်။ ကျောင်းအုပ်သည် အဆိပ်မိမှာမကြောက်ပဲ ဘယ်လိုများစားနိုင်သည်မသိပေ။
"အာ.. ၀န်ကြီး ရှု.. မစားချင်ဘူးလား..." ကောင်းဖန်ကအရည်တွေ ပါးစပ်ထဲပါးလုပ်ပလောင်းနှင့် မေးလိုက်လေသည်။
ရှုဟဲ့ထိသည် အိမ်မှာပင်ရေကိုကျိုချက်ပြီးမှ သောက်သည့်သူဖြစ်သည့်အတွက် ကြောင်အအ အပြုံးနှင့်ပင် ပြန်ပြောလိုက်သည်။ "ကျွန်တော် ဗိုက်မဆာသေးလို့ပါ.."
သို့သော် သားပိုက်ကောင်သည် ရှုဟဲ့ထိဗိုက်မဆာဘူးဟု ပြောတာကြားသည်နှင့် ပေါင်မုန့်သစ်သီးများကို ကောက်ယူလိုက်သည်။ အသီးကတော်တော်ကြီးသည် သားပိုက်ကောင်ကလက်နှစ်ဖက်ဖြင့်ကိုင်ပြီး အားနှင့် အလယ်မှ ထက်ခြမ်းခွဲလိုက်လေသည်။
သားပိုက်ကောင်သည် အသားကိုကိုင်ထားကာ အရည်ကိုအရင်အငမ်းမရသောက်လေသည်။ နှုတ်ခမ်းမှ အရည်များက စီးကျလျက်ရှိသည်။
"မရောက်နိုင်သေးဘူးလား.." ရှုဟဲ့ထိသည် ခြေထောက်အဆစ်အမြစ်ယောင်ယမ်းတတ်သောရောဂါရှိသည်။ သူသည်နဖူးမှ ချွေးများကိုသုတ်လိုက်သည်။
သူစကားပြောနေတုန်းပင် သူတို့၏လမ်းပြဖြစ်သော ၀င်္ကပါစောင့်ကြည့်သူက ထောင့်ချိုးတစ်ခုအရောက်တွင် ရုတ်တရက် ရပ်တန့်လိုက်လေသည်။
၀င်္ကပါစောင့်ကြည့်သူ၏ အနောက်တွင် ယိမ်းထိုးကာလိုက်ပါလာသော ဂိုဒီကလည်း သူ့ခေါင်းနှင့်၀င်္ကပါစောင့်ကြည့်သူခြေထောက်တိုက်မိမည်စိုးသဖြင့် ရပ်လိုက်သည်။ ရုတ်တရက်ရပ်လိုက်သောကြောင့် နောက်ပြန်လန်ပြီး မြေပေါ်သို့လဲကျသွားသည်။ စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကိုခါကာ အရှေ့တွင်ဘာတွေ့ရမလဲဟု ကြည့်လိုက်လေသည်။ မျက်လုံးတဖြည်းဖြည်းကျယ်လာပြီး ဖွင့်ကြည့်လိုက်လျှင် သူ့ရှေ့တွင် ကြီးမားသောသူတစ်ယောက်ရောက်ရှိနေလေသည်။
"မင်းငါ့ကိုထိတော့မယ် ဂိုဒီ..."
အရှေ့မှာဘယ်သူလဲကြည့်နေတုံးပင် ကောင်းဖန်က ကန်ကြောက်ကာဆွဲခေါ်သွားလေသည်။ "အရမ်းမလုပ်ပါနဲ့… ကောင်းကောင်းမွန်မွန်ဆက်ဆံပါ..."
ဂိုဒီက ကောင်းဖန်အား သက်ပြင်းချကာ စိတ်ညစ်ညစ်ဖြင့်ကြည့်နေသည်။
သူတို့နှစ်ယောက်ကြားတွင် နံရံနှစ်ချပ်ခြားနေသည်။ သို့သော်သူ့စိတ်ထဲတွင် ကြားထဲမှာနောက်ထပ် နံရံတစ်ချပ်ရှိနေလိမ့်မည်ဟု ထင်မိသည်။ သို့သော် ကောင်းဖန်ထင်သလို နံရံတစ်ချပ်ရှိမနေပဲ ကြမ်းတမ်းသောကျောက်များဖြင့် ဂူဘုရားကျောင်းတစ်ခုကိုသာတွေ့ရသည်။
ထည်ဝါခံ့ညားသော ဟောခန်းကြီးမှာဆယ်ပေအမြင့်ခန့်ရှိပြီး မီးခိုးဖြူရောင်ဒေါက်တိုင်လုံးများလည်းရှိလေသည်။ ဟောခန်းဆီသို့သွားရန် လှေကားထစ်များလည်းရှိကြသည်။ လှေကားထစ်တစ်ထစ်ချင်းစီသည် ဆယ်ပေလောက်ပင် ကျယ်၀န်းလေသည်။
ပို၍ထူးခြားစရာကောင်းသောအချက်မှာ ဟောတစ်ခုလုံးကိုရေခဲများကဖုံးလွှမ်းထားခြင်းပင်ဖြစ်လေသည်။
ထူထပ်သောရေခဲပြင်သည် ကျောက်သားနံရံများပေါ်တွင် တည်ရှိနေသည်။ ရေခဲအချွန်အတက်များသည်လည်း ပုံသဏ္ဍာန်အမျိုးမျိုးတည်ရှိနေကြပြီး ကြက်သွေးရောင်လွှမ်းသောရေခဲချွန်များကိုလည်းတွေ့ရှိရသည်။
ထိုအဆောက်အဦးသည် စိတ်ကိုအေးချမ်းစေသော၊ ကြောက်လန့်ဖွယ်ကောင်းသော၊ ခြောက်ကပ်တိတ်ဆိတ်ပြီး ရှေးဟောင်းဆန်သော ခံစားမှုများကိုခံစားရစေသည်။
"ငါတို့ဆရာက ဒီဟောထဲမှာ ပိတ်လှောင်ခံထားရတာ..." ၀င်္ကပါစောင့်ကြည်သူကပြောသည်။
"ငါတို့ကို မင်းဆရာပြန်နိုးလာအောင်ကယ်တင်စေချင်တာလား" ကောင်းဖန်ကဘ၀င်မကျစွာပြောသည်။ ဒီရေခဲတွေကရိုးရိုးသာမာန်ရေခဲတွေမဟုတ်ပေ။ ၀င်္ကပါထဲမှာရှိတဲ့ အပူချိန်သည် ၈၀ ဒီဂရီဖာရင်ဟိုက်အောက်ရှိသည်။ သို့သော် ရေခဲတွေကတော့နှစ်အတော်ကြာအောင်ပင် ခဲနေဆဲဖြစ်သည်။ ထို့ကြောင့်ရိုးရိုသာမာန်ရေခဲတော့ မဖြစ်နိုင်ပေ။ မထင်မှတ်စရာ ထူးဆန်းသောအခြေအနေများကြုံတွေ့လာနိုင်သည်။
"ရေခဲတွေကိုအရည်ပျော်အောင်ဘယ်လိုလုပ်ရမလဲ ငါမသိဘူး.. ရိုးရိုးတန်းတန်းမီးနဲ့ရှို့လည်း ရနိုင်မဲ့ပုံမပေါ်ဘူး.." ကောင်းဖန်က ၀င်္ကပါစောင့်ကြည့်သူကို ကြည့်လိုက်သည်။
ဒန်ဘီက ကောင်းဖန်ကိုယ်စားသတင်းကိုလက်ဆင့်ကမ်းလိုက်သည်။
၀င်္ကပါစောင့်ကြည့်သူက ခေါင်းကိုငြိမ့်ကာ ကောင်းဖန်ကို သူ၏ညိုမဲနေကာ နားမလည်နိုင်အောင် ရှုပ်ထွေးလျက် ရှိသော မျက်၀န်းများနှင့်ကြည့်လိုက်သည်။ ခေတ္တတိတ်ဆိတ်သွားပြီးလျှင် အသံခပ်ဩဩဖြင့် "ငါတို့ဆရာက ရန်သူကပိတ်ထားတာကိုခံရတာမဟုတ်ဘူး.. သူ့ကိုယ်သူပိတ်လှောင်ထားခဲ့တာ… သူ မအိပ်ခင်ကပြောခဲ့တယ်.. သူ့ဆီကိုသားရဲလေ့ကျင့်သူတွေကို တစ်နေ့ဒီနေရာကိုခေါ်လာပေးဖို့ပေါ့… အဲဒါကသူနိုးထဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ..."
"ဂိုဒီ.. မင်းငါနဲ့လိုက်ခဲ့" ကောင်းဖန်က ဂိုဒီကိုသူနဲ့အထဲခေါ်သွားဖို့ တွေးပြီးပြောလိုက်သည်။
၀င်္ကပါစောင့်ကြည်သူသည် ကောင်းဖန် သူ၏သားရဲအားခေါ်ကာ၀င်သွားသည်ကို တိတ်ဆိတ်စွာကြည့်နေသည်။ ခဏတိတ်ဆိတ်နေပြီးမှ ပြောလိုက်သည် "ကျန်တဲ့သားရဲတွေကိုရော အားလုံးတူတူခေါ်သွားမှာလား"
ကောင်းဖန်ကရပ်တန့်သွားပြီး ၀င်္ကပါစောင့်ကြည့်သူအား ပြောလိုက်သည်။ "မခေါ်ဘူး… သူ့တစ်ယောက်ထဲပဲ ခေါ်သွားမယ်"
ကောင်းဖန်၀င်သွားတာကိုကြည့်ပြီး ၀င်္ကပါစောင့်ကြည့်သူက ခေါင်းကိုလှည့်ကာ ရှုဟဲ့ထိနှင့်ဒန်ဘီကို ကြည့်လိုက်သည်။ထို့နောက် မျက်နှာလွှဲကာငြိမ်သက်နေလေတော့သည်။
…
ကျောက်ဂူဘုရားထဲကလှေခါးထစ်တွေက လုံး၀ကိုရေခဲနေပြီဖြစ်သည်။ ကောင်းဖန်က ထိုလှေကားထစ်ကို နင်းလိုက်လျှင် ရေခဲ၏အေးစိမ့်မှုက သူ့ခြေထောက်မှနေ၍ တစ်ကိုယ်လုံးဆီသို့ပျံ့နံ့သွားသလိုပင် ခံစားလိုက်ရလေသည်။
ကောင်းဖန်၏ခြေထောက်များသည်ဂျယ်လီများလိုပင်ခံစားလာရပြီး အရိုးထဲကအထိပါ ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။
ကောင်းဖန်သည် အောင်မြင်မည်မထင်ပေ။ "ဒီရေခဲတွေကတကယ်ပဲ ဘာတွေများလဲ.. ဘယ်လိုဖြစ်လို့ဒီလောက်အေးစက်နေရတာလဲ"
ရေခဲထု၏ကြောက်မက်ဖွယ်ရာအေးစက်မှုက ဘေးမှဂိုဒီဆီလည်းကူးစက်ပျံ့နံ့လာလေသည်။ ဂိုဒီ၏ကြီးမားသော ခရမ်းရောင်ခန္ဓာကိုယ်သည် ပို၍ထုထည်ကြီးမားကျယ်ပြန့်လာလေသည်။
သို့သော်လည်းရေခဲများကွဲသွားနိုင်ခြင်းမရှိပေ။ အပူချိန်အလွန်ပင် ကျဆင်းနေခြင်းကြောင့်ဖြစ်လိမ့်မည်။ ခဏအကြာတွင် ကောင်းဖန်၏ခြေသလုံးကြွက်သားများ ကြွက်တက်သလိုခံစားလာရသည်။
"ပြင်းထန်ကြမ်းတမ်းသော အတားအဆီး"
ရွှေရောင်ပြင်းထန်သောအတားအဆီးများ ကောင်းဖန်၏ကိုယ်အနှံ့မှ ထွက်ပေါ်လာကြသည်။ သူ့ပတ်၀န်းကျင်မှ အေးစက်မှုကိုလည်း အတားအဆီးကတားဆီးထားလိုက်သည်။ ကောင်းဖန်သည်လမ်းလျှောက်ရသည်မှာ ပို၍ပေါ့ပါးလာလေသည်။
ကျောက်သားဂူဘုရားမှာ အလွန်မကြီးလှပေ။ သေးငယ်သော အခန်းတစ်ခန်းစာလောက်သာဖြစ်သည်။ ပတ်ပတ်လည်ပြတင်းပေါက်များသည် ရေခဲများဖုံးလွှမ်းကာနေကြသည်။ ထိုရေခဲများက ဂူဘုရားကျောင်းကို မမြင်ရလောက်အောင်မှုန်မှိုင်းစေသည်။
ကြီးမားသောအလောင်းကောင်တစ်ခုက ဟောခန်းအလယ်ကောင်တွင် လှဲလျောင်းလျက်ရှိသည်။ ကောင်းဖန် ရပ်နေသောနေရာမှ ထိုခန္ဓာကိုယ်၏ပုံသဏ္ဍာန်အမှန်ကိုသေချာမမြင်နိုင်ပဲ သွေးရောင်လွှမ်းသောဆံပင်များ ခဲနေသည်ကိုသာ မြင်ရလေသည်။
ကြီးမားသော ရေခဲထိုင်ခုံကြီးတစ်ခုသည် ဟောခန်း၏အလယ်တည့်တည့်တွင် တည်ရှိနေလေသည်။ထို ထိုင်ခံပေါ်တွင် လက်ဖဝါးသာသာမျှရှိသော ခြင်္သေ့ဖြူတစ်ကောင်သည် မျက်စိမှိတ်ကာ ငြိမ်သက်လျက် ရှိပေသည်။