← Chapters

အခန်း (၃၇၇-၃၈၀)

Vol. 24 Ch. 377-380

အခန်း (၃၇၇-၃၈၀)

Vol. 24 Ch. 377-380

အခန်း ၃၇၇ အဖော်မဲ့‌ရေခဲခြင်္သေ့

သားရဲနှစ်ကောင်...

ကောင်းဖန်ရုတ်တရက်ပင် နိုးနိုးကြားကြားပြန်ဖြစ်လာသည်။

ဒီလိုသားရဲတွေထဲမှာ ခေါင်းဆောင်နှစ်ယောက်ဖြစ်နေတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး။

ဂိုဒီကသတ္တိရှိသည်။ ပြီးလျှင် စွမ်းရည်ပြည့်၀ပြီးအထင်ကြီးဖွယ်ဖြစ်သည်။ ထို့ကြောင့်မည်သည်ကိုမှလည်း ကြောက်ရွံ့ခြင်းမရှိပေ။ ဂိုဒီက စိတ်ကြီး၀င်လျက် ရေခဲနေသော ကြောက်မက်ဖွယ်အနီရဲရဲ သားရဲကောင်ဆီသို့ လှမ်းသွားကာ ၎င်းပေါ်တွင်ထိုင်ကြည့်‌လိုက်သည်။ ထိုအနီရဲရဲကြောက်မက်ဖွယ်ရာ သားရဲအားပုတ်ပြကာ စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည် "ကောင်းဖန် ဒါကငါးလားမသိဘူး? ဒါကငါးဟုတ်မဟုတ်ပြောပါဦး"....

ထိုခပ်ဆိုးဆိုးအပြုအမူအား ကောင်းဖန်ကအရေးမစိုက်ချေ။

သူသည်ခေါင်းငုံ့ကာ ထိုအနီရဲရဲကြောက်စရာသားရဲ၏ အရည်အချင်းကိုကြည့်လိုက်သည်။

[ပစ္စည်း အမည်] - မူလအခြေအနေကို ကောင်းစွာထိန်းသိမ်းထားနိုင်သော သွေးမုဆိုးအလောင်းကောင်

[ပစ္စည်းဖော်ြပချက်] - သွေးမုဆိုးအဖြစ်လုပ်ဆောင်သည်။ သို့သော် ၎င်းသေသောအခါ အလောင်းကောင် ဖြစ်လာသည်။ ထိုအလောင်းကောင်နှင့် သင်အလိုရှိရာ အရာအားလုံးကိုပြုလုပ်နိုင်သည်။

၎င်းသေဆုံးနေသော သားရဲကောင်၏အရည်အချင်းအား သေချာစွာ အတည်ပြုနိုင်ချင်းမရှိပေ။ အလောင်းကောင် တစ်ခုအဖြစ်သာတွေ့မြင်ရသည်။

ကောင်းဖန်သည် ကြက်သေသေလျက်ရှိသည်။ ပြီးနောက်သူတွေးမိသွားသည်မှာ လှဲလျောင်းနေသော သေးငယ်သောခြ‌င်္သေ့ဖြူသည် သွေးမုဆိုးဖြစ်ရမည်။ သို့သော်လည်း မထင်မှတ်စရာပင် မြေပေါ်၌ရှိသော အေးခဲနေသောအလောင်းကောင်သည်လည်း သွေးမုဆိုးနှင့်ဆက်စပ်နေပေသည်။

ဒါဆိုရင် ခုံပေါ်မှာလှဲလျောင်းနေတဲ့ သတ္တဝါကရော ဘာများလဲ....

ကောင်းဖန်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိလာသည်။ သူရှေ့မှာမြင်ရသည်များက ၀င်္ကပါ‌‌စောင့်ကြည့်သူ‌ပြောသည်နှင့် မတူပဲကွဲပြားနေလေသည်။

ကောင်းဖန်သည် ခုံပေါ်သို့ကြည့်လိုက်ပြီး ထိုသေးငယ်သော ခြင်္သေ့ဖြူ၏ အရည်အချင်းကို ကြည့်လိုက်သည်။

[သားရဲ အမည်] - အဖော်မဲ့‌ရေခဲခြင်္သေ့(အိပ်ပျော်နေသောအခြေအနေ)

[သားရဲ အဆင့်] - အဆင့် ၁၁ (လက်ရွေးစင်အဆင့်)

[သားရဲ စွမ်းရည်] - ဒဏ္ဍာရီလာအဆင့်

[သားရဲ အမျိုးအစား] - ရေခဲ

[သားရဲ အားနည်းချက်] - ကျောက်တုံး

[သားရဲ ထူးခြားချက်]: ထာ၀ရရေခဲ (ထူးခြားစွာဖြင့် ရေခဲစွမ်းအားကိုလိုသလောက်ထိန်းသိမ်းထားနိုင်ခြင်း)

သက်ရောက်မှု ၁ (နိုးကြားသော သက်ရောက်မှု) - ရေခဲနေသောကွင်းပြင် - အေးခဲစေသောစွမ်းအင်ကို ခန္ဓာကိုယ်ဆီမှ ဘေးပတ်၀န်းကျင်တစ်ခုလုံးပါ အေးခဲသွားအောင် ထုတ်လွှတ်ပေးနိုင်ခြင်း။ အနီးပတ်၀န်းကျင်ရှိ သက်ရှိအားလုံးသည် ရေခဲစွမ်းအင်သက်ရောက်မှုကို ခံစားရမည်ဖြစ်သည်။ အဖော်မဲ့ရေခဲခြင်္သေ့၏ ခွင့်ပြုချက်ရမှာသာလျှင် ထိုစွမ်းအင်ကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။

သက်ရောက်မှု ၂ (ထာ၀ရ‌ရေခဲစက်ကွင်း) - ပြုလုပ်ခဲ့သောရေခဲစက်ကွင်းအားအချိန်မရွေး အလုံးစုံ ဖြိုခွဲပစ်နိုင်ပြီး အနီးပတ်၀န်းကျင် ဧရိယာတစ်ဝိုက်ကို ဆိုးဆိုးရွားရွားထိခိုက်‌နိုင်စေသည်။ သို့သော် ၎င်း၏ကိုယ်ပိုင်သွေး အင်အားမှာ ကြီးမားသောအားနည်းချက်ဖြစ်သည်။ ထိုအချက်ကပင် ၎င်းအားကြာရှည်စွာ အိပ်စက်ခြင်း အတွင်းကို နစ်မြုပ်စေသည်။

[သားရဲ ဖော်ပြချက်] - ဆိုးရွားစွာပျက်စီးစေသော သွေးအင်အားနှင့် ၀င်ရိုးစွန်းဘုရားသခင်မျိုးနွယ်ခြင်္သေ့။ ၎င်းသည် သူ၏သွေးအင်အားအများအပြားကိုသုံးစွဲမိပါက ကြာရှည်သောအိပ်စက်ခြင်းတွင် နစ်မြုပ်နေလိမ့်မည် ဖြစ်သည်။

အဆောက်အဦးထဲမှရေခဲများသည် ထိုခြင်္သေ့၏လက်ရာများပင်ဖြစ်‌သည်။

ကောင်းဖန်သည် အရည်အချင်းပြည့်၀သောထိုသားရဲအားကြည့်နေသည်။ မဖြစ်ဘူး.. သူနိုးလာမှဖြစ်မည်။ သူ့မှာထူးခြားတဲ့အကြံအစည်တစ်ခုခုတော့ရှိလိမ့်မည်။

"ဟို ဝင်္ကပါ‌စောင့်ကြည့်သူပြောတာတော့ သူတို့ဆရာက သွေးမုဆိုးတစ်ယောက်တဲ့.. အဲဒါအပြင် သူ့တို့ဆရာကိုသတ်လိုက်တဲ့သူက ဒီအရှေ့ကခြင်္သေ့အသေးလေးဖြစ်နိုင်တယ်" ကောင်းဖန်ကမျက်လုံးကို တစ်ချက်ဝေ့ကြည့်ပြီး အခြေအနေကိုသုံးသပ်ကြည့်သည်။

"ဒါပေမဲ့ ဝင်္ကပါ‌စောင့်ကြည့်သူက ငါ့ကို သူတို့သခင်ကိုနိုးလာအောင်လုပ်ပေးဖို့တောင်းဆိုထားတယ်.. သူတို့သခင်သေသွားတယ်ဆိုတာ မသိကြတာလား.. ဒါမှမဟုတ်ရင် သူတို့ကသိပြီးသားများလား.. အဲဒါဆိုငါ့ကို ဒီကိုလာဖို့ ဘာလို့တောင်းဆိုကြတာလဲ"

ဂူဘုရားကျောင်းအပြင်ဘက်မှ ဆူညံသံများထွက်ပေါ်လာလေသည်။

"ဘုရားရေ ပြဿနာပဲ.. ကောင်းဖန်.. အပြင်မှာသားရဲတွေအများကြီးပဲ" ဖလန်မီက သွေးစာချုပ်ကတဆင့် ကောင်းဖန်ကိုပြောပြရန်ကြိုးစားသည်။

"ဟင်.." ကောင်းဖန်က‌လျင်မြန်စွာလှည့်ပြီး ဘုရားကျောင်းအပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။

"ဂိုဒီ၊ ငါနဲ့လိုက်ခဲ့"

ကျယ်လောင်သောအော်မြည်သံသည် ဘေးဘက်မှ တပြိုင်ထဲထွက်ပေါ်လာလေသည်။

ကောင်းဖန်ကနောက်ကိုလှည့်ကြည့်လိုက်လျှင် သေးငယ်သောခြင်္သေ့ဖြူကိုတွေ့လိုက်ရသည်။ သူဘယ်အချိန်ကနိုးနေသည်ကိုမသိလိုက်ပေ။ မျက်လုံးများဖွင့်ကာ ကောင်းဖန်အားကြည့်ပြီး မြည်ဟိန်းလိုက်သည်။ သို့သော် သူ၏အသံသည် ခြင်္သေ့တစ်ကောင်၏ ဩဇာတိက္ကမမျိူးရှိမနေချေ။ ထိုအစား‌ ကြောင်တစ်ကောင်ကအမေနို့ဆာ၍ မြည်တမ်းနေသလိုပင်ထင်ရသည်။

သူမြင်သည့်အတိုင်း ကောင်းဖန်က ထိုခြင်္သေ့ဖြူလေးအား မျက်မှောင်ကျုံ့ကာကြည့်နေလေသည်။ ၎င်းသည်လည်း ကောင်းဖန်အား မျက်မှောင်ကျုံ့ကာ ပြန်ကြည့်လျှက်ရှိပြီး ကျေနပ်‌သောအမူအရာဖြင့်ခေါင်းကိုညိမ့်လေသည်။ထို့‌ နောက် သူ၏ ညာခြေထောက်ဖြင့် ခုံပေါ်မှဆင်းလာပြီး ကောင်းဖန်အားအထက်စီးဆန်သောအမူအရာဖြင့် လှည့်ပတ်ကြည့်ရှုလေသည်။

ကောင်းဖန်က ထိုအရာကိုလှမ်းကြည့်ပြီး စိတ်ရှုပ်သလိုခံစားနေရသည်။ ပြီးနောက် သူသည် ဂိုဒီနှင့်အတူ ဘုရား‌ကျောင်းထဲမှပြေးထွက်ခဲ့လေသည်။

ခြင်္သေ့ဖြူသည် စိတ်ရှုပ်ထွေးသွားသည်။

စက္ကန့်အနည်းငယ်အကြာတွင် တစ်စုံတစ်ရာကြီးကြီးမားမား ဖြစ်ပျက်တော့မည်ဟုတွေးမိနေသည်။ သူသည် အလျင်အမြန် ခုံပေါ်မှခုန်ဆင်းလိုက်ပြီး ကောင်းဖန်တို့အနောက်ကိုပြေးလိုက်သည်။ သူ့ခြေထောက်များက အားမရှိပဲ ယိမ်းယိုင်နေသောကြောင့် ကောင်းစွာမပြေးနိုင်ပေ။

ဝင်္ကပါ‌အပြင်တွင်လည်း ရှုပ်ထွေးနေကြလေသည်။

ရှုဟဲ့တိသည် အဝေးသို့ပြေးပြီး ဘုရားကျောင်းအကွယ်နားတွင်ပုန်းအောင်းနေလေသည်။ ဘုရားကျောင်းအပေါက်၀တွင် သားရဲများစွာကအတန်းလိုက် စီတန်းနေကြပြီး အပြင်မှဝင်္ကပါ‌စောင့်ကြည့်သူ များအား အကဲခတ်လျက်ရှိသည်။

ကောင်းဖန်ကအ‌ခြေအနေကိုအမြန်သုံးသပ်လိုက်သည်။ ၀င်္ကပါစောင့်ကြည့်သူ အနည်းဆုံး တစ်ဒါဇင်လောက်မျှ ရှိမည်ဟု ခန့်မှန်းမိလေသည်။

ဖလန်မီကသူတို့အနောက်တွင် ပုန်းနေသည်။ အတောင်ပံကျိုးပြီး ဒဏ်ရာရနေသဖြင့် နာကျင်မှုကြောင့် ညီးညူလျှက်ရှိသည်။

ယခုရောက်ရှိနေသောပတ်၀န်းကျင်သည် ပျံသန်းနိုင်သောစွမ်းအင်ကိုတားမြစ်ထားသောနေရာဖြစ်သဖြင့်

ဖလန်မီကဲ့သို့သော သားရဲများအတွက် အဆင်မပြေနိုင်သောနေရာဖြစ်နေသည်။

၀င်္ကပါ‌စောင့်ကြည့်သူများထံမှပထမဆုံးတိုက်ခိုက်ခံရခြင်းဖြစ်သဖြင့် သူ့စိတ်ထဲတွင် သူ၏တိုက်ခိုက်စွမ်းရည်များ ကျဆင်းသွားသကဲ့သို့ခံစားလိုက်ရလေသည်။

"ကောင်းဖန် ငါကအခုအသုံးမ၀င်တော့ဘူး" ဖလန်မီကမျက်ရည်များဖြင့်ဆိုပြီး ဂိုဒီ၏‌ပေါင်ကို သူ၏အတောင်ပံ များဖြင့် ဖက်ထားလိုက်လေသည်။

ဂိုဒီက သက်ပြင်းချကာ ဖလန်မီအားကြည့်လိုက်သည်။ ထို့နောက် ဖလန်မီ၏ခေါင်းကို ငြင်သာစွာပုတ်ပေးပြီး နှစ်သိမ့်ကာ ပြောလိုက်သည်။ "ဘာမှမကြောက်နဲ့ ငါမင်းအတွက် သူတို့ကိုပြန်အပြစ်ပေးပြမယ်"

ဒန်ဘီသည် အဆင့်မြင့်သောသားရဲဖြစ်သည်။ သူ၌ရှိသောစွမ်းအင်တို့မှာ ၀င်္ကပါစောင့်ကြည့်သူတို့ထက် အားနည်းစရာအကြောင်းမရှိပေ။ ထို့အပြင် ဒန်ဘီ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ၎င်းတို့နှင့်ယှဉ်လျှင် ပိုမိုသေးသည့်အတွက် ပို၍လျင်မြန်သွက်လက်ပေသည်။

သို့သော် သူတို့ယှဉ်ပြိုင်ရမည့်နေရာမှာ စစ်တလင်းကဲ့သို့သောကွင်းပြင်ကျယ်မျိုးမဟုတ်ပေ။ ပုန်းကွယ်စရာများသော နေရာဖြစ်သည်။ ထိုပတ်၀န်းကျင်မျိုးသည် ချပ်၀တ်တန်ဆာ၀တ်ဆင်သော စစ်သည်များအတွက်အကောင်းဆုံး စစ်တလင်းမျိုးဖြစ်ပေသည်။

များစွာသော ၀င်္ကပါစောင့်ကြည့်သူများသည် ဒန်ဘီဆီသို့ဦးတည်ကာ အတန်းလိုက်ချီတက်လာကြလေသည်။ ၎င်းတို့သည် ဘယ်ဘက်လက်တွင်ချိန်းကြိုးများကိုဝှေ့ယမ်းလာကာ တစ်ဖက်တွင်ပုဆိန်များကိုရှေ့သို့ဦးတည်ပြီး တက်လာနေကြသည်။

ငါးရှဉ့်ဘုရင်အရိုးစုသည် နံရံပေါ်သို့တွယ်တက်ကာ အပေါက်၀ကိုလုံခြုံစွာပိတ်လိုက်လေသည်။ ၎င်းအား‌အော်ဟစ်ကာ ပုဆိန်များဖြင့်ပေါက်ကြလေသည်။ သို့သော်လည်း ငါးရှဉ့်ဘုရင်အရိုးစုသည် နာကျင်ပုံမရပေ။ တိုက်ခိုက်သည်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိလေသည်။

ဒန်ဘီသည် မသေဆုံးခြင်းမီးတောက်ကို ပြန်လည်အသက်သွင်းရန်ကြိုးစားလေသည်။ သို့သော် ပြန်လည် အသက်သွင်းရန်ဘေးတွင် အလောင်းကောင်အလုံအလောက်မရှိချေ။

ထိုစဥ် သွေးရှာဖွေသူတစ်ယောက်၏ နှလုံးသည် ရုတ်တရက် မယုံကြည်နိုင်ဖွယ် ပြန်လည်နိုးထလာသည်။

နှလုံးဆီမှ မကြည်မလင်လေးလံသော အသံတစ်ခုထွက်ပေါ်လာလေသည်။ ၀င်္ကပါစောင့်ကြည့်သူများ၏ လှုပ်ရှားမှုများသည်လည်း ရုတ်တရက် တပြိုင်ထဲ နှေးကွေးသွားကြသည်။ လှုပ်ရှားမှုများသည် တဖြည်းဖြည်း လေးလံလာကြသည်။

၀င်္ကပါစောင့်ကြည့်သူ‌ခေါင်းဆောင်က ညည်းညူလိုက်သည့်အချိန် သွေးရှာဖွေသူတို့၏ အသည်းနှလုံးများသည် ဆောင့်ချလိုက်သကဲ့သို့ တစ်စစီပြန့်ကျဲမတတ်ဖြစ်သွားလေသည်။

၎င်းတို့သည် တုန်လှုပ်ကာ မြေပြင်ပေါ်မှ ဧရာမပဆိန်များကိုအမြန်ဆွဲယူပြီး မြေပေါ်တွင်ရပ်လိုက်ကြသည်။

ထိုနောက် ငါးရှဉ့်ဘုရင်အရိုးစုကို‌လေထဲတွင် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ ထို့နောက် အရိပ်မဲတစ်ခု အရိုးစုဘေးမှခုန်ထွက်လာပြီး ဝင်္ကပါ‌စောင့်ကြည့်သူများကိုပါ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။

ဂိုဒီ့မျက်လုံးများသည် ဒေါသအရောင်များပြည့်နှက်နေသည်။ သူ၏ အသက်ပြန်သွင်း‌နေသောကိစ္စရပ်သည် မပြီးသေးပဲ သူသတိမထားမိလိုက်ခင် အချိန်မှာပင် သူ၏အရပ်သည် ၂၃ လက်မကျော်ရှည်ထွက်လာလေသည်။ ထိုသို့အရပ်ရှည်ထွက်လာခြင်းကအကျိုးအမြတ်များစွာမရှိပေ။ သူ၏စွမ်းအင်နှင့်သာယှဉ်၍ ၀င်္ကပါစောင့်ကြည့်သူ‌ ခေါင်းဆောင်နှင့် တိုက်ခိုက်ရမည်ဖြစ်သည်။ သူကနောက်တစ်လှမ်းဆုတ်ကာ ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်ထိန်းချုပ်လိုက်သည်။

သေးငယ်သောညည်းညူသံတစ်ချို့ လည်ချောင်းထဲမှထွက်လာလေသည်။ ဂိုဒီသည် ဝင်္ကပါ‌စောင့်ကြည့်သူကို ခါးမှနေကိုင်၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ချလိုက်လေသည်။

နောက်ထပ်၀င်္ကပါ‌စောင့်ကြည့်သူတစ်ဦးက ဂိုဒီ့‌ကျောအား ဘေးမှ၀င်၍ ပုဆိန်နှင့်ခုတ်လေသည်။

ဂိုဒီသည် သူ၏နောက်ကျောကြွက်သားများအား တင်းကျပ်နေအောင်ကျုံ့ထားလိုက်လေသည်။ ပုဆိန်က ကျောကုန်းကိုထိမှန်သွားသည်။ သွေးထွက်သွားသဖြင့် သွေးစက်များသည် ဂိုဒီသွားရာလမ်း‌ကြောင်းအတိုင်း

တစက်စက်ကျဆင်းလျက်ရှိလေသည်။

ဂိုဒီ့ကျောမှသွေးများကျဆင်းကာ သွေး‌များသည် ဗွက်အိုင်လိုပင်ဖြစ်လာလေသည်။

ဂိုဒီသည် နာကျင်မှုကိုခံစားနေရပြီး အသက်သွင်းခြင်းကိုလည်းဆက်လက်လုပ်ဆောင်နေသဖြင့် ခန္ဓာကိုယ်အရွယ်အစားက တဖြည်းဖြည်းပို၍ ကြီးမားလာလေသည်။

အဖြူရောင်ခြင်္သေ့ငယ်သည် ဘုရားကျောင်းထဲမှ ဒယိုင်းဒယိုင်ဖြစ်ထွက်လာလေသည်။ သူသည်အပြင်ဘက်တွင် တိုက်ပွဲဖြစ်နေသော ၀င်္ကပါစောင့်ကြည့်သူတို့အားအထင်အမြင်သေးစွာဖြင့် လှမ်းကြည့်လိုက်ပြီး ကောင်းဖန်၏ ဘောင်းဘီစကိုကိုင်ကာ တမြောင်မြောင်အော်နေလေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၇၈ အဖော်မဲ့ရေခဲခြင်္သေ့နှင့် ပူပေါင်းခြင်း

ကံမကောင်းစွာနဲ့ပဲ ကောင်းဖန်က ခြင်္သေ့ဖြူလေးပြောတာကို နားမလည်ချေ။ သူက ကောင်းဖန်၏ ပုခုံးပေါ်တတ်ပြီး သူ့ရဲ့ မျက်လုံးလေးများဖြင့် ကောင်းဖန်အားစိုက်ကြည့်နေသည်။

ကောင်းဖန်က မျက်မှောင်ကျုံ့ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ “ငါ့ကို အဲလို ချစ်စရာမျက်လုံးတွေနဲ့ လာကြည့်နေတာ ရပ်လိုက်တော့”

ခြင်္သေ့လေးက ကောင်းဖန်၏မျက်နှာအား သူ၏လက်ဖောင်းဖောင်းလေးတွေနဲ့ လည်ပင်းကျိုးသွားမတတ် ရိုက်လိုက်သည်။ အတော်အားသန်တာပဲ။

ဘာကို ချစ်စရာမျက်လုံးလေးတွေလဲ… ထပ်ပြောရဲ ပြောကြည့်စမ်း..

အဖော်မဲ့ခြင်္သေ့က ဒေါသထွက်နေသည်။ သူက ကောင်းဖန်ကို ဒေါသတကြီး ဟိန်းလိုက်သည်။ အသံက ခဏနေတော့ ရုတ်တရတ်ရပ်သွားပြီး သူမျက်နှာတွင် ကြောက်ရွံ့ဟန်ပေါ်လာသည်။ သေစမ်း ငါဘာလို့ အသံသေးလေးနဲ့ ဟိန်းလိုက်မိတာလဲ..

ကောင်းဖန်၏မျက်နှာအမူအရာပြောင်းသွားသည်။ “မင်းဘာပြောချင်တာလဲ ငါနားမလည်ဘူး… ဒီလိုလုပ်ရအောင်… မင်းစကားတွေ ငါနားလည်သွားအောင် သွေးစာချုပ် ချုပ်ကြမယ်လေ”

ခြင်္သေ့က ကောင်းဖန်ကို မုန်းတီစွာ ကြည့်လိုက်သည်။ “မင်းလုပ်နေတာ ငါမသိဘူးများထင်နေလား… မင်းနဲ့ သွေးစာချုပ်ချုပ်အောင် ငါ့ကို အရူးလာလုပ်နေတာ… မင်းလို ကောက်ကျစ်တဲ့ လူသားရဲ့ စကားလုံးလေးနည်းနည်းနဲ့ လွယ်လွယ်ကူကူ အရူးလုပ်ခံမယ့် အဲ့ဒီမွေးကင်းစ သားရဲလေးတွေနဲ့ ငါ့ကို တူတယ်များ ထင်နေလား… အဲဒါဆို ငါပြောနိုင်တာက…”

ကောင်းဖန်က သူ့ကို ဒဏ်ရာသေးသေးရအောင် နှုတ်သီးနဲ့ပေါက်လိုက်ဖို့ ဖလန်မီအား ပြောထားသည်။ သူက ဒဏ်ရာရနေတဲ့ လက်သူကြွယ်ကို အထီးကျန် ရေခဲခြင်္သေ့၏ နဖူးပေါ် ဖိလိုက်သည်။ ကဲ… အဲမှာ ပြီးရော..

အထီးကျန် ရေခဲခြင်္သေ့ ကြောင်သွားသည်။

သွေးစာချုပ်က စတင် ဖွံ့ဖြိုးလာပြီး အဲဒီကနေ ကောင်းဖန်က အထီးကျန် ရေခဲခြင်္သေ့၏ အသိစိတ်ကို ဆက်သွယ်သွားသည်။

အဖော်မဲ့ ရေခဲခြင်္သေ့ရဲ့ အသိစိတ်က အရင်က ကောင်းဖန်သွေးစာချုပ်ချုပ်ခဲ့တဲ့ သားရဲတွေလို ခပ်ဝါးဝါးမဟုတ်ပဲ ပိုကြီးမားပြီး ပိုတောက်ပသည်။

မီးလုံးတွေတပ်ထားသော အခန်းနဲ့တူသည်။ မီးလုံးတွေ ပိတ်ထားတာတောင် အကြာကြီးဖွင့်ခဲ့သောကြောင့် အပူငွေ့ပါးပါးလေး ကျန်ခဲ့သေးသည်။ ကြီးမားသော်လည်း အားနည်းသည့် အသိစိတ်က ပိုပိုနက်ရှိုင်းသည့် အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားသည်။

အထီးကျန် ရေခဲခြင်္သေ့က သေချာပေါက် အဆင့် ၁၁ အထက်ရှိသည်။ သူ၏စွမ်းအားများကို အပြည့်အဝ ထုတ်လိုက်ပြီးနောက် အားနည်းနေသော အခြေအနေဖြစ်သည်။ သို့သော် ရေခဲဒြပ်စင်အဆောင်ကို သုံးပြီး သွားတာနဲ့ သူရဲ့မူလပုံစံကို အပြည့်အဝပြန်ရောက်သွားနိုင်မှာဖြစ်သည်။

ကောင်းဖန်၏စိတ်က တောက်ပသွားသည်။

ကမ်းလှမ်းချက်ကို အချိန်ခဏယူစဥ်းစားပြီးနောက် ကောင်းဖန်က အဖော်မဲ့ရေခဲခြင်္သေ့ကို ရှက်ရွံ့ဟန်နဲ့ နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ “ဟိုင်း”

“...”

“မင်း လက်ရှိအခြေအနေကို နားလည်မယ်ထင်ပါတယ်… ငါတို့ ကောင်းတူဆိုးဖက် အတူပေါင်းစပ်သွားပြီ… ဝင်္ကပါစောင့်ကြည့်သူတွေက မင်းကို သေချာပေါက် သတ်ဖို့ ကြိုးစားနေကြတာ” ကောင်းဖန် ရိုးသားစွာပြောလိုက်သည်။ “မင်းလို အတွေ့အကြုံကောင်းကောင်းရှိတဲ့ ခြင်္သေ့က အခြေအနေကို လွယ်လွယ်လေး ဖြေရှင်းနိုင်မှာပါ… ဒါပေမယ့် လောလောဆယ် မင်းက အားနည်းနေသေးတယ်… စိတ်မပူပါနဲ့ အောင်မြင်တဲ့ခြင်္သေ့တိုင်း ကျရှုံးမှု အတော်များများကို ရင်ဆိုင်ခဲ့ဖူးပါတယ်… ပြဿနာရှိလာရင် အကူအညီနည်းနည်းပဲလိုတာပါ”

“အကူအညီ သေးသေးလေးပါပဲ… ငါကကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာပါ”

ကောင်းဖန်က သူရဲ့ ကောင်းတဲ့ရည်ရွယ်ချက်ကိုပြဖို့ အစွမ်းကုန်ကြိုးစားနေသည်။

“...”

“မင်းက တခြားကမ္ဘာက လူသားဖြစ်မယ်ထင်တယ်” အဖော်မဲ့ရေခဲခြင်္သေ့၏ အသိစိတ်ကနေ နက်ရှိုင်းသော အသံထွက်လာသည်။

“မင်း ဘယ်လိုသိတာလဲ” ဒီတစ်ခါတော့ ကောင်းဖန် လန့်သွားရမယ့်အလှည့်ဖြစ်သည်။ ဒီသားရဲတွေအကုန် သူနဲ့ သူ့အဖွဲ့တွေက တခြားကမ္ဘာကဆိုတာ ဘယ်လို သိနေကြတာလဲ။

“သေချာပေါက် ငါသိတာပေါ့” ခြင်္သေ့က သူ့ကို လှောင်ပြောင်လိုက်သည်။ “မင်း ငါနဲ့ သွေးစာချုပ်ချုပ်ထားတယ် ဆိုရင် မင်း ရန်သူတွေအများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်… ငါနဲ့ သွေးစာချုပ်ချုပ်ချင်တာသေချာပြီလား”

“...” ကောင်းဖန် ၂ စက္ကန့်လောက် စဥ်းစားသွားသည်။

“မင်းရဲ့အကောင်းဆုံးအခြေအနေမှာဆိုရင် ဘယ်လောက်ထိ သန်မာလဲ… မင်းရဲ့ ရန်သူတွေက ဘယ်အဆင့်တွေလဲ… သူတို့က ဘုရင်အဆင့်ဆို ရင်ဆိုင်လို့ရသေးတယ်… မင်း မယုံလောက်ပေမယ့် ငါ့မှာ ဘုရင်အဆင့် သားရဲတစ်ကောင်ရှိတယ်”

“ဘုရင်အဆင့်က ဘာများသိပ်ကြီးကျယ်နေလို့တုန်း… မင်းဆီမှာသာ ဘုရင်အဆင့် သားရဲရဲ့အငွေ့အသက်ကို အာရုံမခံမိရင် မင်းကို ငါက စကားတောင် အဖက်လုပ်ပြောလိမ့်မယ်ထင်နေလား” ခြင်္သေ့က ပြောသည်။ “ငါ့ရဲ့ အကောင်းဆုံးအခြေအနေက ဧကရာဇ်အဆင့်ကိုတတ်ဖို့ ခြေ ၁ လှမ်းစာပဲလိုတော့တာ… ငါ့ရဲ့ ရန်သူဖြစ်ရလောက်အောင် သန်မာတဲ့သူတွေက တော်ဝင်အဆင့်ထက်တော့ ပိုတယ်… မင်းကြောက်တယ်ဆို ငါ့ကို ထွက်သွားခွင့်ပေးလိုက်တော့… သူရဲဘောကြောင်တဲ့အတွက် မင်းကိုငါ အပြစ်မတင်ပါဘူး ဘာလို့လဲ ဆိုတော့ ဒါမျိုးက မင်းလို လူငယ်လေး သည်းခံနိုင်လောက်တဲ့ အခက်အခဲမျိူးမဟုတ်ဘူးဆိုတာ ငါသိတယ်”

လက်တွေ့တွင်တော့ ခြင်္သေ့ငယ်လေးက အမြီးလေးကိုယမ်းပြီး မာနကြီးဟန်ဖြင့်ရှိနေသည်။

“တော်ဝင်အဆင့်… အဲဒါက ဘုရင်အဆင့်ရဲ့အပေါ်ကလား” ကောင်းဖန်က ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။

“ဒါပေါ့”

“အင်း အဲ့ဒါက သိပ်မခက်ဘူးထင်တယ်” ကောင်းဖန် ရုတ်တရတ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ဆရာကြီးကိုတွေ့ပြီထင်ပြီးမှ ဆရာကြီးက ထင်သလောက်မကြီးကျယ်နေဘူးဟု ခံစားရသလိုဖြစ်နေသည်။

ခြင်္သေ့က ဒေါသထွက်သွားသည်။ သူက ကောင်းဖန်ပုခုံးပေါ်ရပ်ပြီး သူ့ပါးစပ်ကိုဖွင့်ကာ သွားများကိုပြလိုက်သည်။ “ ငါ့ကို အားနည်းတယ် ထင်နေတာလား… ဟင် မင်းက မောက်မာလွန်းနေတာပဲ မင်း အသက် ၂၀ နဲ့ ဘုရင်အဆင့် သားရဲကို ပိုင်ရင်ပိုင်လိမ့်မယ် ဒါပေမယ့် မင်း အသက် ၇၀ ၈၀ ဖြစ်တာတောင် တော်ဝင်အဆင့် သားရဲကို ပိုင်မှာ မဟုတ်ဘူး… ဧကရာဇ်အဆင့်ဖြစ်ဖို့ နီးနီးလေးပဲလိုတော့တဲ့ တော်ဝင်အဆင့် သားရဲကို ပိုင်လိုက်ရတာ မင်းအတွက် ထီပေါက်သလို ခံစားနေရမှာပေါ့”

“‘ဒါပေမယ့် မင်းကခုမှ လက်ရွေးစင်အဆင့်ပဲရှိသေးတယ်လေ” ကောင်းဖန်က ရိုးသားစွာပြောလိုက်သည်။

“ငါခုထိ အသက် ၁၂၆ နှစ် နေခဲ့ပြီးပြီ… မင်းအဖိုးထက်ကြီးသေးတယ်”

“ဒါပေမယ့် မင်းက အခု လက်ရွေးစင်အဆင့်ပဲရှိသေးတယ်လေ”

“ငါ တော်ဝင်အဆင့်သားရဲ ၁၀ ကောင်လောက် သတ်ခဲ့ပြီးပြီ… မြေပိုင်နက်မိုင်ထောင်ပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီးပြီ… သူတို့က ငါ့ကို ရေခဲခြင်္သေ့ဘုရင်လို့ ခေါ်တာကွ”

“ကောင်းပါပြီ ကောင်းပါပြီ တကယ်ကို အထင်ကြီးစရာကောင်းပါတယ်” ကောင်းဖန်က အချိန်ကိုက်တွင် ခြင်္သေ့နဲ့ သဘောတူညီရအောင် ပြောလိုက်သည်။

ခြင်္သေ့က ကောင်းဖန်ကို မကျေမနပ်ကြည့်လိုက်ပြီး မာနကြီးစွာ ခေါင်းကိုမော့ထားသည်။

အသိစိတ်နယ်မြေတွင် အချိန်က လျှပ်စီးလိုပင် လျှင်မြန်စွာကုန်သွားသည်။ ကောင်းဖန်နဲ့ ခြင်္သေ့ကြားက ပြောဆို ဆက်သွယ်မှုက ကြာတယ်ဟုထင်ရသော်လည်း တကယ်တော့ ၁၀ စက္ကန့်လောက်သာ ကြာတာဖြစ်သည်။

အကယ်၍ အဖော်မဲ့ ခြင်္သေ့သာ သူ့ရဲ့အကောင်းဆုံးအခြေအနေမှာသာ ရှိနေလျှင် ကောင်းဖန် သွေးစာချုပ် ချုပ်နိုင် လိမ့်မည်မဟုတ်ချေ။ သို့သော် အခု သူက အဆင့် ၁၁ ထိ အားနည်းနေသောကြောင့် သူနဲ့ သွေးစာချုပ်ချုပ်ဖို့ လွယ်ကူသွားသည်။

ဒီအားနည်းနေခြင်းက သူ့ရဲ့စွမ်းအား တကယ်အားနည်းခြင်းဖြစ်သည်။ ယာယီ စွမ်းအားဆုံးရှုံးခြင်းမျိူးမဟုတ်။ တနည်းပြောရရင် သူ့ခန္ဓာကိုယ်က စွမ်းအား ၉၉ % ကို အဲ့ဒီသွေးမုဆိုးကိုသတ်ဖို့ အသုံးပြုလိုက်ခြင်းဖြစ်သည်။

“သေစမ်း… ဒီညစ်ပတ်တဲ့ အမှိုက်ကောင် ငါ လုံးဝပြန်ကောင်းလာလို့ကတော့ တစ်ကမ္ဘာလုံးက သွေးမုဆိုးတွေ အကုန်လုံးကို သတ်ပစ်မယ်… အမှိုက်ကောင်တွေ”

ဒီကောင်တွေအကြောင်းပြောတိုင်း အဖော်မဲ့ခြင်္သေ့ မကျိန်ဆဲပဲမနေနိင်ချေ။ သူဒီလို စကားတွေ ဘယ်ကသင်လာလဲကောင်းဖန် မတွေးတတ်ပေ။ သို့သော် သူသွေးစာချုပ်ကနေ ကြားရသော ဘာသာပြန်စကားလုံးများကတော့ ထိုစာလုံးများပင်ဖြစ်သည်။

“ငါ ဧကရာဇ်အဆင့်ဖြစ်အောင် ကြိုးစားနေတုန်း အဲဒီကောင် အလစ်တိုက်ခိုက်တာခံခဲ့ရတာ… သူ့ကြောင့်သာ မဟုတ်ရင် ငါအခုလောက်ဆို မြင့်မြတ်တဲ့ ဧကရာဇ် သားရဲဖြစ်နေလောက်ပြီ” ခြင်္သေ့က မုန်းတီးစွာပြောသည်။

“မဟုတ်တာတွေ ပြောမနေနဲ့တော့ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲပဲ ပြော”

“ဘယ်လို ဖြေရှင်းရမှာလဲ သေချာပေါက် ထွက်ပြေးတာပဲ လုပ်ရမှာပေါ့”

ကောင်းဖန် နင်သွားသည်။ ခြင်္သေ့က အစီအစဥ်ကောင်းဖြစ်မည်ထင်ခဲ့တာ သူ့ကို ထွက်ပြေးဖို့ပဲ ပြောနေသည်။

“ဒီမုဆိုးတွေက လူသားခန္ဓာကိုယ်တွေနဲ့ဆိုပေမယ့် သူတို့က ဝင်္ကပါထဲ ပိတ်မိနေတာ.. ငါတို့ တိုက်ပွဲမှာ နိုင်နိုင်တယ်ဆိုရင်တော့ ချမယ်… မဟုတ်ရင်တော့ ပြေးရမှာပေါ့”

အဲဒါက အမှန်ပဲလို့ ကောင်းဖန်တွေးလိုက်မိသည်။

“စိတ်မပူပါနဲ့… ဒီဝင်္ကပါက ငါ့ဟာပါ… ငါသွားရမယ့်လမ်းကို သိတယ်… ခန္ဓာကိုယ်သေးတဲ့ သားရဲတွေပဲ သွားလို့ရမယ့် လှိုဏ်ခေါင်းတစ်ခု ငါဆောက်ထားတယ်… အဲဒီကောင်ကြီးတွေ မဝင်နိုင်ဘူး”

“ဒါပေမယ့် လှိုဏ်ခေါင်းက အမွှေးမရှိတဲ့ ဘဲရော ဝင်လို့ရလောက်လား” ကောင်းဖန်က ဂိုဒီကို ထိုးပြရင်း မေးသည်။

“ခက်လိမ့်မယ်”

“ဒါဆို ငါမသွားတော့ဘူး ငါ့ဘေးကလူကိုခေါ်ပြီး မင်းသွားလိုက်” ကောင်းဖန်က သူ့ပုခုံးပေါ်က ခြင်္သေ့ကို ချလိုက်ပြီး ခေါင်းကိုပွတ်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၇၉ မင်းတို့အလှည့်ပြီးပြီမလား

"အား.. သေစမ်းကွာ၊ မမိုက်မဲစမ်းပါနဲ့… နောက်ဆုံးအစိမ်းရောင်တောင်ကုန်းဆီကိုရောက်ရင် ဘယ်သူမှ မီးသစ်တောအတွက် ပူပန်စရာမလို‌တော့ဘူး ငါတို့က ငါတို့ရဲ့အကောင်းဆုံးသော စွမ်းအားတွေကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရုံပဲ"

"ပါးစပ်ပိတ်လိုက်တော့" ခေါင်းကိုထုကာ ကောင်းဖန်ကပြောလိုက်သည်။

အဖော်မဲ့ရေခဲခြင်္သေ့က ဒယီးဒယိုင်ဖြင့်‌ နောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်သွားပြီး မြေပြင်ပေါ်သို့ ပလုံခနဲ လဲကျသွားလေသည်။ ခေါင်းကိုလည်းမူးဝေစွာဖြင့် ခါယမ်းနေလေသည်။

"ဒီခြင်္သေ့‌‌ပေါက်ကိုခေါ်သွားပြီး ထားခဲ့လိုက်" ကောင်းဖန်ကသူ့ဘေးက ရှုဟဲ့ထိကိုပြောလိုက်သည်။

"မင်းကရော"

"ငါလား.. နေခဲ့ပြီး မင်းတို့ကိုကာကွယ်ပေးမယ်" ဟုရယ်ရင်းပြောလိုက်သည်။

"မရဘူး ငါတို့ကသွေးစာချုပ်ချုပ်ပြီးသွားပြီ မင်းသေတွင်းကိုမင်းတူးပြီးသလိုဖြစ်နေပြီ မင်းမှာဒီလို ဘုရင်အဆင့်သားရဲရှိလို့လား.. မင်းနဲ့အတူရှိနေလို့လား" ခြင်္သေ့က ဘောင်းဘီထဲ ပုရွက်ဆိတ်၀င်နေသကဲ့သို့ စိုးရိမ်‌သောကရောက်လျက်ရှိသည်။

သူရဲ့အတွက်အချက်က ယခုတစ်ခါတွင်မှားပြီဖြစ်သည်။ ၎င်းတို့၏ ပင်ကိုယ်လက္ခဏာများကိုကြည့်ရသည်မှာ အနက်ရောင်မြူခိုးကမ္ဘာမှရောက်လာခြင်းမဖြစ်နိုင်ပေ ။ လူသားမျိုးနွယ်များရောက်လာခြင်းထဲတွင်‌ ကောင်းဖန်သည် ပထမဆုံးဖြစ်ပြီး သူနှင့်အတူ ဘုရင်အဆင့်သားရဲ ပါလာသည်ကိုလည်း အနံ့ခံမိလေသည်။ ထိုသားရဲများသည် အပြင်ရှိ သေးငယ်သောသားရဲများနှင့် အလွယ်တကူဆက်သွယ်နိုင်သော အစွမ်းရှိကြသည်။

ခြင်္သေ့အတွက် အရေးအကြီးဆုံး‌သောအချက်သည် ကောင်းဖန်နှင့်အတူ ယခုရောက်နေသောကမ္ဘာမှ ထွက်သွားပြီး တခြားသောကမ္ဘာတစ်ခုသို့သွားကာ သူ၏စွမ်းအင်များတဖြည်းဖြည်း ပြန်လည်ပြည့်၀လာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ‌ကောင်းဖန်တွင် အသက်၂၀ အရွယ် ဘုရင်အဆင့်သားရဲ ရှိရန်လိုအပ်ပေသည်။

ထို့ကြောင့် သူသည်ကောင်းဖန်နှင့်သွေးစာချုပ်ချုပ်ဖို့ရန် အလွန်မျှော်လင့်လျှက်ရှိသည်။ တနည်းအားဖြင့်ဆိုသော် သူကိုယ်တိုင်နှင့်ပင် လိုချင်သည့်အရာကို လဲလှယ်ရမည့်သဘောဖြစ်သည်။

သားရဲလေ့ကျင့်သူက သားရဲကိုရွေးချယ်သကဲ့သို့ သားရဲကလည်း သခင်ကိုရွေးချယ်နိုင်သည်။

"ငါ့အတွက်ကံကောင်းမှုပဲလား... ငါကတော့ ဒီကလေးကထွက်ပြေးချင်လို့ ဟာသတွေလျှောက်ပြောတယ်ပဲ ထင်နေတာ ဒါပေမဲ့ သူပြောတာ တကယ်များ ဖြစ်နေမလား" ကောင်းဖန်ထိုသို့တွေးမိလေသည်။

အဖော်မဲ့ရေခဲခြင်္သေ့သည် တိတ်ဆိတ်သွားကာကောင်းဖန်ကိုကြည့်နေသည်။ ကောင်းဖန်သည် အင်္ကျီလက်ကို ခေါက်တင်ကာ လျင်မြန်စွာပြေးထွက်သွားလေသည်။

အကယ်၍သားရဲလေ့ကျင့်သူဆီမှာ သားရဲတွေရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေရှိတယ်ဆိုရင် ဘုရင်အဆင့်သားရဲ ဆီမှာဆို ဘယ်လောက်များရှိလိုက်မလဲ ....

မျက်စိရှေ့မရောက်ခင်မှာပင် ကောင်းဖန်ကလျင်မြန်သောအရှိန်ဖြင့် ဝင်္ကပါ‌စောင့်ကြည့်သူ၏ ခြေကျင်း၀တ်ကို တိုက်ချပစ်လိုက်လျှင် ၎င်းသည်ဒယီးဒယိုင်ဖြစ်ကာ ဟန်ချက်ပျက်သွားလေသည်။

ခြင်္သေ့ကအနည်းငယ်ဖြုံသွား.ကာ ကောင်းဖန်ရဲ့အစွမ်းက သံသယဖြစ်စရာကိုမရှိပဲ နတ်ဘုရားအဆင့် သားရဲများဆီက တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းလာ‌သော တိုက်ပွဲစွမ်းအင်တွေနှင့်ပြည့်၀နေသည်ကို တွေ့ရသည်။

သို့သော်လည်း သေချာသည်ကတော့ သားရဲတို့၏ သားရဲအဆင့်တစ်ခုခြင်းသည်သည် ဆင့်သွားပြီး သားရဲလေ့ကျင့်သူကို ပေးဆပ်ရမည်ဖြစ်သည်။

မြင်တွေ့ရသည်ကိုခန့်မှန်းရလျှင် ထိုလူ၏ ဘုရင်အဆင့်သားရဲများသည် အလွန်ပင်အစွမ်းရှိကြလေသည်။

၀င်္ကပါထဲတွင် ကောင်းဖန်၏ရိုက်ချက်သည်ပြင်းထန်သဖြင့် မျက်နှာကိုတစ်ချက်အရိုက်ခံလိုက်ရလျှင်ပင် ရန်သူများသည် ပန်ကိတ်ကဲ့သို့ပျော့ကြေသွားကြလေသည်။

"အိုး.. သနားစရာ‌လေးတွေ သူကဘာလို့သူ့ရဲ သားရဲတွေကိုကျတော့ သူနဲ့အတူမခေါ်သွားရတာလဲမသိဘူး"

အဖော်မဲ့ရေခဲခြင်္သေ့က အရှေ့ကြည့်လိုက်အနောက်ကြည့်လိုက်နှင့် စဉ်းစားချင့်ချိန်လျှက်ရှိသည်။

ဂိုဒီက အခြေခံတိုက်ခိုက်မှုများကို ကောင်းစွာခံနိုင်ရည်ရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများတွင် အားနည်းလေသည်။ သူ၏ကြွက်သားများဖြင့် သူကိုယ်သူမနည်းပင်ကာကွယ်နေရသည့်အခြေအနေဖြစ်သည်။

"မိုးကြိုး" တာ့ဇီကမိုးကြိုးလျှပ်စီးကဲ့သို့ ၀င်္ကပါစောင့်ကြည့်သူတို့၏ ခေါင်းပေါ်တွင် သူ၏လျှင်မြန်စွာ တုန်ခါနေသော တောင်ပံများဖြင့် ဝဲပျံနေသည်။

ထိုသို့အရှိန်ဖြင့်တုန်ခါနေသောတောင်ပံများဆီမှ မြင့်မားသော ကြိမ်နှုန်း ထွက်ပေါ်လာစေသည်။ ထိုစူးဝါးစွာထွက်ပေါ်လာသောအသံကြောင့် ဝင်္ကပါစောင့်ကြည်သူတို့သည် ဂဏှာမငြိမ်ဖြစ်လာကြကာ ပြင်းထံစူးဝါးသောအသံကြောင့် ရင်ဘတ်ကိုထုသကဲ့သို့ နာကျင်လာကြလေသည်။

ဒန်ဘီသည် ထိုအခြေအနေကိုအခွင့်ကောင်းယူကာ သွေးမုဆိုး၏အသည်းနှလုံးကို ထုတ်ယူရန် ကြိုးပမ်းလေသည်။ ထိုချိန်တွင် ၀င်္ကပါစောင့်ကြည့်သူတစ်ကောင်က ရုတ်တရက်ရောက်လာပြီး သူ့ရင်ဘတ်ကို မြဲမြံစွာလာရောက်ဆုပ်ကိုင်ထားလေသည်။ ပြင်းထန်စွာဆုပ်ထားမှုကြောင့် နှလုံးကြွက်သားများ တောင့်တင်းလာကာ ကြွက်တတ်သကဲ့သို့ဖြစ်လာလေသည်။

သူ့လှုပ်ရှားမှုများတဖြည်းဖြည်းနှေးကွေးလာလေသည်။ နည်းနည်းလှုပ်လိုက်သည်နှင့် ပို၍နာကျင်မှုကိုခံ စားလာရသည်။

ဝင်္ကပါစောင့်ကြည်သူများတဖြည်းဖြည်းနှေးကွေးလာသဖြင့် ဂိုဒီကအသက်ကိုဖြည်းဖြည်းချင်းရှုကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးဒဏ်ရာဗရပွဖြစ်နေသည်ကို တွေ့ရှိရသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး နေရာမလပ် နာကျင်ကိုက်ခဲမှုကိုခံစား‌နေရသည်။ လှုပ်လိုက်တိုင်းနာကျင်လွန်းသဖြင့် စိတ်မပါစွာဖြင့်ထိုင်ကြည့်နေရလေသည်။

ဂိုဒီကနောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်လိုက်လေသည်။ ယခုအချိန်တွင် ဂိုဒီ၏အရပ်သည် တိုက်ခိုက်ခံရသည်နှင့် အမျှ လက်မ ၃၀ အထိရှည်ထွက်လာလေသည်။

"ငါ့ဆီကိုလာခဲ့စမ်းပါ… မင်းအမေကမင်းကို၀၀လင်လင်မကျွေးဘူးလား.. မိန်းကလေးတစ်ယောက်လို ပျော့ညံ့မနေစမ်းနဲ့" ဂိုဒီကကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဒဏ်ရာများကိုလက်ဖြင့်အုပ်ထားလေသည်။

ဂိုဒီရှေ့က ဝင်္ကပါစောင့်ကြည့်သူများကိုကြည့်ရသည်မှာဒဏ်ရာမရှိ။

အဘယ်ကြောင့်ဆိုသော် ဂိုဒီ၏ တိုက်ခိုက်မှုသည် လက်သီးဖြင့်အသားကိုသာထိုးသည့်အတွက် ဒဏ်ရာမမြင်ရပဲ အတွင်းကြေသာဖြစ်ပေမည်။

ဘယ်ဘက်တွင်မူ သွေးထွက်နေသော ဝင်္ကပါစောင့်ကြည်သူတစ်ယောက်သည် သူ၏ညာဘက်လက်မောင်းကို ဆုတ်ကိုင်ပြီးအံကြိတ်ကာ အမည်းရောင်မြူခိုးများအား အကာအကွယ်ယူ၍ ပြေးလေသည်။

အဲဒါကပြင်းထန်တဲ့လက်သီးချက်ပဲ....

အလွန်ထုထည်ကြီးမားသော

အရိပ်စွမ်းအင်က၎င်းကိုအရင်ဆုံးအကာအကွယ်ပေးထားသည်။ အရိပ်စွမ်းအင်သည် ခိုင်မာလာပြီး ထူးခြား‌သောတိုက်စားခြင်းကို ဖြစ်စေသည်။ထိုလက်သီး‌ကြောင့် တစ်စုံတစ်ယောက်ထိခိုက်သွားခဲ့ပါက ထိုအရိပ်စွမ်းအင်မပျောက်မချင်း ကြီးမားသောနာကျင်မှုကိုခံစားရမည်ဖြစ်‌သည်။

ဂိုဒီ၏ရင်ဘတ်ကိုထိလိုက်လျှင် အရိပ်စွမ်းအင်သည်တဖြည်းဖြည်းနှင့် နေပွင့်လာလျှင် နှင်းများပျော်ကျသကဲ့သို့ ကွယ်ပျောက်သွား‌လေသည်။

ဂိုဒီသည် ယင်းအခြေအနေကို အခွင့်ကောင်းယူကာ သွေးထွက်နေသော ဝင်္ကပါစောင့်ကြည်သူကို လက်ဖြင့်ဖမ်းချုပ်ကာ ပြင်းထန်သောလက်သီးဖြင့် မေးရိုးကိုထိုးချလိုက်လေသည်။

ဝင်္ကပါစောင့်ကြည်သူ၏လည်ပင်းသည် ဂျွတ်ခနဲမြည်၍ ကျိုးကြေသွားလေသည်။ ဂိုဒီသည်တွေဝေခြင်းမရှိပဲ အောက်ကိုဆောင့်၍ပစ်ချလိုက်လေသည်။

ဝင်္ကပါစောင့်ကြည်သူတို့၏ အားနည်းချက်ကြောင့် ပြန်လည်တိုက်ခိုက်ခံ‌နေရသည်။

အရိပ်များကလျင်မြန်သောအရှိန်ဖြင့်ရွေ့လျှားလာကြသည်။ ဒန်ဘီသည်ထိုမှောင်ရိပ်အ‌ထဲမှ အရှိန်ဖြင့် ရုတ်တရက်ထွက်ပေါ်လာလေသည်။သူ ၏အရိုးဓါးကို ဓါးအိမ်မှ လျင်မြန်စွာဆွဲထုတ်လိုက်လေသည်။

ဆယ်လက်မခန့်ရှည်သောအရိုးဓါးသည် အသားထဲသို့ ညှာတာခြင်းကင်းမဲ့စွာတိုး၀င်လေသည်။ ဓားကိုဆွဲထုတ်လိုက်သောအချိန်တွင် ဒဏ်ရာဆီမှသွေးများ ရေပန်းကဲ့သို့ပန်းထွက်လာလေသည်။

သွေးထွက်နေသော ဝင်္ကပါစောင့်ကြည်သူသည် မြေပေါ်သို့ထိုးစိုက်ကြသွားလေသည်။ သူ၏လည်ပင်းအား ကိုင်ကာ အကူအညီမဲ့စွာဖြင့် နာကျင်စွာ အက်ကွဲသောအသံဖြင့်အော်မြည်လေသည်။

အဆင့် ၄၉ ရှိသော ဝင်္ကပါစောင့်ကြည့်သူပင် ထိုသို့သောဓာါ်ချက်အောက်တွင် အလွန်ခံစားနေရပေသည်။

သွေးထွက်နေသော ဝင်္ကပါစောင့်ကြည့်သူသည် ပုဆိန်ဖြင့်ဂိုဒီ၏ခြေထောက်နားသို့ ရောက်ရန် တွန်းကန်သွားလိုက် ထောင့်နားသို့ရောက်ရန် တွန်းကန်သွားလိုက်ဖြင့်ရှိနေလေသည်။

လေထုသည်ရုတ်တရက်သိပ်သည်းလာသည်။ ဂိုဒီကအောက်သို့ငုံကြည့်လိုက်လျှင် ပုဆိန်ကိုမြင်သွားလေသည်။

တိတ်ဆိတ်စွာဖြင့် ဂိုဒီက အောက်ကိုငုံ့ကာ ပုဆိန်ကို‌ကောက်လိုက်လေသည်။

သွေးအိုင်ထဲရှိ ဝင်္ကပါစောင့်ကြည့်သူက ထိတ်လန့်သောစိတ်နှလုံးဖြင့် ဂိုဒီ့လက်ထဲမှပုဆိန်ကို ကြည့်လိုက်လေသည်။

ဝင်္ကပါစောင့်ကြည့်သူများအတွက် ပုဆိန်ကသေးလွန်းသော်လည်း ဂိုဒီ့အတွက်ဆိုလျှင်အတော်လောက်ပင် ဖြစ်ပေသည်။

ထိုပုဆိန်ကိုအသုံးပြုရန် ထူးခြားသောစွမ်းရည်မလိုအပ်ပေ။

ဂိုဒီက ခပ်တိုးတိုးမြည်ဟိန်းလိုက်ပြီး တစ်ကောင်ထဲဖြစ်‌နေသော ဝင်္ကပါစောင့်ကြည့်သူထံသို့ ဦးတည်လိုက်သည်။

ဂိုဒီ့တွင် အခြားသူများကဲ့သို့ ဒေါသအိုးပေါက်ကွဲတတ်ခြင်းမျိုးနှင့် သွေးဆာစေသောဓါတ်စမ်းပစ္စည်းများ မရှိသော်လည်း သူ့ထံတွင် ဂိုင်စွမ်းအင်ရှိလေသည်။ ထိုစွမ်းအင်သည် ဒဏ်ရာပိုရလေလေ ခန္ဓာကိုယ်အရွယ်အစား ပိုမိုကြီးမားလာလေလေဖြစ်သည်။

ဂိုဒီ့ကိုထိမှန်စေသောအချက်တိုင်းအတွက် သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်သည် တဖြည်းဖြည်းပို၍ မြင့်တက်လာပေသည်။

ဤစွမ်းအားသည် ဂိုဒီ၏ အဓိကအားသာချက်ဖြစ်လေသည်။ပြောရမည်ဆိုလျှင် ဂိုဒီသည်ပို၍ကြံ့ခိုင်လာလေလေ သူ၏ စွမ်းအင်များမှာ ပို၍စုဆောင်းမိကာ မြင့်မားလာလေလေဖြစ်သည်။

ဂိုဒီသည် ယခုအချိန်တွင် အဆင့် ၄၅ သို့ရောက်ရှိပြီး ဒဏ္ဍာရီအဆင့်သို့ရောက်ရှိပြီဖြစ်သည်။

ဂိုဒီသည် အဆင့်များကွာခြားနေသော်လည်း သူ၏အခြေခံစွမ်းအင်များမှာ နတ်ဘုရားအဆင့်မျှရှိနေပေသည်။

အစပိုင်းတွင် အဆင့်ကွာခြားချက်များရှိသော‌ကြောင့် ဝင်္ကပါစောင့်ကြည်သူများ အထက်စီးရနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအရာက မမှန်ကန်တော့ကြောင်းခံစားလာရသည်။

ပုဆိန်ကိုတစ်ချက်လွှဲရန်အတွက်လုံလောက်သော အင်အားရှိမှသာ သွေးထွက်လာမည်ဖြစ်သည်။ ဝင်္ကပါစောင့်ကြည့်သူထဲမှ တစ်ယောက်သည် ပုဆိန်အား အထူးစီမံကာ စားကျက်တွင်မြက်စားသည့်ဘဲ သားရေဖြင့် ပြုလုပ်ထားလေသည်။ ထိုပုဆိန်နှင့်ခုတ်ခံရလျှင် အဖြူရောင်ဟောင်းလောင်းပေါက် အမာရွတ် ကျန်ရှိမည်ဖြစ်သည်။

ဘာကြောင့် ဂိုဒီက တဖြည်းဖြည်းကြီးသည်ထက်ကြီးလာရတာလဲ..

ဂိုဒီ့အရပ်သည် ဝင်္ကပါစောင့်ကြည်သူများနှင့်တန်းတူဖြစ်လာကြောင်းသတိပြုမိလာကြသည်။

သွေးကြောထဲတွင် စီးဆင်းလျက်ရှိသော ကြက်သွေးရောင်သွေးများက အပြာရောင်အဖြစ်ပြောင်းလဲသွားလေသည်။ သူတို့ရှေ့တွင် ဖြစ်ပျက်နေသော ထိုအခြင်းအရာကို ဝင်္ကပါစောင့်ကြည့်သူများက ၀မ်းနည်းအားငယ်စွာကြည့်နေကြလေသည်။

ဝင်္ကပါစောင့်ကြည်သူတစ်ကောင်၏ ဦးခေါင်းအားဆုပ်ကိုင်ကာ အေးစက်နေသောမြေပြင်ပေါ်သို့ ဆောင့်ပြီး ပစ်ချလိုက်လေသည်။

"မင်းတို့အလှည့်ပြီးပြီမလား.. ခု ငါ့အလှည့်ပဲ..

"......“

***

သားရဲလေ့ကျင့်သူ

အခန်း ၃၈၀ စိတ်လှုပ်ရှားနေသောခြင်္သေ့

ဂိုဒီက ပုဆိန်အားစိတ်မရှည်စွာလွှင့်ပစ်လိုက်သောကြောင့် အသုံးပြုရန်ခက်ခဲသွားလေသည်။

ပုဆိန်ကလက်သီးလောက်တောင်အသုံးမကျဘူး!

ဂိုဒီသည် ကြောက်စရာအော်သံမြည်ဟိန်းလျက်ပြေး၀င်လာကာ လက်သီးမိုးများရွာသွန်းသလို သည်းသည်းထန်ထန် ထိုးလေ‌တော့သည်။

ဂိုဒီ့ခြေလှမ်းများသည် ပိုမိုမြန်ဆန်လာပြီး တားဆီးမရစွာအော်ဟစ်နေလေသည်။

မိုးကြီးလေကြီးကျလာသလိုပင်ဖြစ်ပြီး နတ်ဘုရားများဆီမှစွမ်းအင်များရလာသကဲ့သို့ပင်ထင်ရလေသည်။ ဂိုဒီသည် ၀င်္ကပါ‌စောင့်ကြည့်သူ‌ခေါင်းဆောင်အား ဘုရားကျောင်းနံရံနှင့် မူးဝေသွားအောင် ရိုက်ပြီးဆောင့်ချလိုက်လေသည်။ ၀င်္ကပါ‌စောင့်ကြည့်သူသည် တစ်ကိုယ်လုံးသွေးများယိုစီးလျက်ရှိသည်။

အခြားသော ၀င်္ကပါ‌စောင့်ကြည့်သူများမှာ ကြောက်ရွံ့ကာ အံ့ဩတုန်လှုပ်လျှက်ရှိကြပေသည်။ သူတို့သည် ထိုတိုက်ပွဲကို ရပ်တန့်စေချင်ကြသည်။

၎င်းတို့ပြန်လည်မခုခံနိုင်‌သောအချိန်တွင်ပင် ဂိုဒီက လက်သီးကိုလွှဲကာ ၀င်္ကပါ‌စောင့်ကြည့်သူနှစ်ယောက်အားဆင့်ကာထိုးလေသည်။

ဂိုဒီ့မျက်လုံးထောင့်မှ ရိပ်ခနဲ ၀င်္ကပါ‌စောင့်ကြည့်သူနှစ်ယောက်အားမြင်လိုက်လေသည်။

ဂိုဒီတွေ့သွားသည်ကိုမြင်သည်နှင့် ၀င်္ကပါ‌စောင့်ကြည့်သူနှစ်ယောက်သည် ကျောရိုးတွင်းမှပင် စိမ့်နေအောင်ကြောက်ရွံသွားကြသည်။

"ဒီနေရာကနေထွက်သွားကြစမ်း!" ဂိုဒီကမာန်ဖီကာပြောပြီး ၎င်းတို့၏ကြွက်သားများကိုလုံးချေကာ လေထဲကိုလွှင့်ပစ်လိုက်ပုံမှာ အထီးကျန်ပြီး အကူညီမဲ့နေသောစာကလေးများ မုန်တိုင်းထဲရောက်နေသည်နှင့်ပင်တူပေသည်။

နောက်ထပ်ကျရောက်လာသောလက်သီးများမှာလည်း ဥက္ကာပျံပေါက်ကွဲသကဲ့သို့ပင် ရွှေရောင်အလင်းတန်းများပင်ဖြာထွက်ကာ ကြောက်မက်ဖွယ်ရာဖြစ်နေလေတော့သည်။

မရေမတွက်နိုင်သောတိုက်ခိုက်မှုများကိုခံရပြီးနောက်တွင် ၀င်္ကပါ‌စောင့်ကြည့်သူတို့၏ ဦးခေါင်းခွံများလည်းကျိုးကြေကာ ဦးနှောက်များ ပတ်၀န်းကျင်တွင် တစ်စစီပြန့်ကျဲလျက်ရှိပေသည်။

၀င်္ကပါ‌စောင့်ကြည့်သူခေါင်းဆောင်၏လှုပ်ရှားခြင်းမရှိတော့သောခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင်လဲကျနေလေသည်။‌

ဒဏ်ရာများမှသွေးများအဆက်မပြတ်စီးကျနေကြသည်။

အဖော်မဲ့ရေခဲခြင်္သေ့သည် လှေကားထစ်ကိုမှီကာထိုင်ပြီး အံ့ဩလွန်း၍ ပါးစပ်များသည် အိုပုံသဏ္ဍာန်ကဲ့သို့ပင် ဟောင်းလောင်းပွင့်နေလေသည်။

မျက်လုံးများမှာ နာရီချိန်သီးကဲ့သို့ ၀င်္ကပါ‌စောင့်ကြည့်သူကိုတစ်လှည့် ဂိုဒီ့ကိုတလှည့် တအံ့တဩငေးကြည့်နေသည်။

"ဒီ‌လောက်ရက်စက်တာကိုမမြင်ဖူးသေးဘူး.. ငါငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ ပြိုင်ပွဲတွေလိုပါပဲလား"

"ငါရဲ့သခင်အသစ်က တစ်ခုခုတော့တစ်ခုခုပဲ!"

အထီးကျန်ရေခဲခြင်္သေ့က ဂိုဒီ့အကြောင်းတွေးကာ သူ့အတွေးနှင့်သူကျေနပ်လျက်ရှိသည်။ "ဒီလောက်ထက်မြက်တဲ့သားရဲထိန်းသိမ်းသူမှသာလျှင် ငါကို လေ့ကျင့်ပေးနိုင်တော့မည်"ဟုစဉ်းစားမိလေသည်။ အဖော်မဲ့ရေခဲခြင်္သေ့က ခန္ဓာကိုယ်ကို ဘောက်ဖက်ကဲ့သို့ နောက်ပြန်တွားသွားပြီး နောက်ဆုံးတွင်ရပ်လိုက်လေသည်။

ထို့နောက် ထလာပြီး တိုက်ပွဲကိုကြည့်ရှုလေသည်။

ဂိုဒီ၏ လက်သီးချက်များမှာ တစ်ချက်တစ်လေမျှပင် အလွဲအချော်မရှိပဲ ရန်သူများပေါ်သို့ကျရောက်လျက်ရှိပေသည်။

ဂိုဒီသည် ၁၂၅ ဘဲစွမ်းအင်သားရဲအဆင့်ကို ရောက်ရှိနေပြီး ခုခံကာကွယ်မှု၊ ခွန်အား၊ အရှိန် များမှာလည်း နတ်ဘုရားအဆင့်သားရဲများကဲ့သို့ပင်ဖြစ်နေလေသည်။

ဂိုဒီအားတိုက်ခိုက်ကြသော ၀င်္ကပါ‌စောင့်ကြည့်သူများလည်း အကုန်ကျရှံးလျက်ရှိသည်။ ဂိုဒီသည် ယခင်ကခုခံအားနှစ်ဆကောင်းခဲ့သော်လည်း ယခုအခါတွင်မူ ယခင်ကထပ် အဆပေါင်း ၁၂၅ ဆခုခံမှုပို၍တက်လာလေသည်။

ယခင်က သူ့အားထိခိုက်အောင်လုပ်နိုင်ခဲ့သော တိုက်ခိုက်မှုများသည် ယခုအခါတွင် အယားပြေစေယုံမျှသာရှိပေသည်။

အတောင်ပါသောမိုးကြိုးမျောက်အရိုးစုသည် အဝေးသို့လွှင့်ပစ်ခြင်းကို ခံလိုက်ရပြီး ၀င်္ကပါနံရံနှင့်တိုက်မိကာ တုန်ခါလာလေသည်။ ၎င်းသည်အရိုးတစ်ချို့ ကျိုးကြေကာ သူ၏ အသက်ဝိဉာဉ်မီးတောက်သည်လည်း တဖြည်းဖြည်း အားနည်းလာလေသည်။

ငါးရှဉ်းအရိုးစုဘုရင်သည်လည်း ဂိတ်ပေါက်၀ကိုစောင့်နေရာမှ ယခုအခါ တစ်စစီအစိတ်စိတ်အမွှာမွှာဆွဲဖြဲခြင်းကို ခံလိုက်ရလေသည်။ ၎င်း၏အရိုးများသည် မြေပြင်ပေါ်တွင်ပြိုလဲနေပြီး အသက်ဝိဉာဉ်မီးတောက်ပါ ချုပ်ငြိမ်းသွားသည်။

ဂိုဒီသည် နောက်ကျောတောင်ပံကြွက်သားများဖြင့် အန္တရာယ်အား ကာကွယ်လိုက်သည်။ ထို့နောက်‌တောင်ပံကြွက်သားများအားဖြန့်ကြည့်လိုက်လျင် ပုဆိန်တစ်ခုကိုတွေ့ရလေသည်။

တောင်ပံကြွက်သားများအား အားပြန်ပြုကာ သူ့အား မည်သည့်၀င်္ကပါ‌စောင့်ကြည့်သူက ပုဆိန်အပစ်လိုက်သနည်းဟုရှာရင်း ဦးတည်ချက်ကိုချီတက်ရန်ပြင်ဆင်လေသည်။

ဂိုဒီသည်အရှေ့ကိုရွေ့လာပြီး တောင်ကုန်းအား ပုခုံးနှင့် ၀င်တိုက်လိုက်လေသည်။ ထိုအခါ ၀င်္ကပါ‌စောင့်ကြည့်သူများသည် ပြိုလဲကျလာကြသည်။ ၀င်္ကပါ‌စောင့်ကြည့်သူများ၏ အရိုးများကျိုးကြေသံများကိုပင်ကြားနေရသည်။

ဗုန်းကနဲမြည်သံများထွက်ပေါ်နေသည်။

ထိုအသံကိုကြားပြီးရိပ်မိသော ၀င်္ကပါ‌စောင့်ကြည့်သူအချို့သည် ချက်ချင်းရပ်လိုက်ကာ လမ်းကြောင်းပြောင်းကြလေသည်။

“ဒီကအမြန်သွားမယ်!”

"မင်းတို့‌ခြေတစ်လှမ်းဆုတ်ရင် ငါရှေ့ကိုခြေတစ်လှမ်းတိုးမှာ"

ဂိုဒီ့ဘယ်ဘက်လက်က သူတို့အား အမိုးကဲ့သို့အပေါ်မှ အုပ်မိုးထားပြီး ၀င်္ကပါ‌စောင့်ကြည့်သူတစ်ဦး၏ခေါင်းအားရိုက်လိုက်လေသည်။ ၎င်းသည် တစ်ကိုယ်လုံးတုန်ယင်ကာ စိတ်ထဲတွင်ဗလာအဖြစ်ပြောင်းလဲသွားလေသည်။ ဂိုဒီ့ဆွဲခေါ်ရာနောက်သို့ ဒယီးဒယိုင်ဖြင့်ပါသွားလေသည်။

ဂို့ဒီညာလက်ကို အောက်သို့ဖိချလိုက်သောအခါ ဦးခေါင်းခွံများစီမှ အက်သံများထွက်ပေါ်လာလေသည်။

ဂိုဒီကသူ၏ဘယ်လက်သီးကို အလင်းအရှိန်ကဲ့သို့ပင်လွှင့်ထုတ်လိုက်လေသည်။

၀င်္ကပါ‌စောင့်ကြည့်သူတို့၏မျက်လုံးများစုတ်ပြတ်သတ်ကုန်သည်။ သွေးများက မျက်လုံးထောင့်မှ စီးကျလာကြသည်။ ရိုက်ချက်ကမိုးကြိုးထက်ပင် ပြင်းထန်လှသည့်အတွက် ၀င်္ကပါ‌စောင့်ကြည့်သူများသည် တစ်ချက်ထဲသေဆုံးခြင်းသို့ရောက်ကုန်ကြသည်။

ခဏအကြာတွင် တဖြည်းဖြည်း ပို၍ပို၍ အားနည်းလာကြကာ အသက်ပျောက်ကုန်ကြတော့သည်။

၀င်္ကပါ‌စောင့်ကြည့်သူများ၏ရန်လိုမှုများကို ဂိုဒီကလျှင်မြန်စွာပြန်လည်တိုက်ခိုက်လေသည်။

ကလေးများကိုအနိုင်ကျင့်သည်နှင့်ပင်တူနေသည်။ သို့သော် လက်သီးအတွက်လက်သီးဖြင့်ပင် ပြန်လည်ပေးဆပ်ရလိမ့်မည်။ အမှန်တကယ်တွင် ဂိုဒီနဲ့ယှဉ်ပြိုင်နိုင်သောသူ မရှိပေ။

အပြည့်အ၀ပြန်လည်အသက်သွင်းထားသောဂိုဒီသည် ဒေါသစိတ်ဖြင့် ၀င်္ကပါ‌စောင့်ကြည့်သူများအားချေမှုန်းလျက်ရှိသည်။

"ဒီလက်ဆောင်ကိုအနည်းဆုံးတော့ မော်ကွန်းတင်လောက်ပါပေတယ်.. ဟုတ်ပြီ၊ လက်ဆောင်ရဲ့အဓိပ္ပါယ်ကိုသိလား အဲတာကကျောင်းလာတက်တဲ့သူတိုင်း သူ့ဟာနဲ့သူအစွမ်းတွေတိုးပြီး သန်မာလာတာမဟုတ်ဘူး"

တိကျစွာပြောရလျှင် ဂိုဒီ့လိုသားရဲမျိုး အရင်က တစ်ခါမှမမြင်ဖူးပေ။ သို့‌သော် ဂိုဒီက အခြားကမ္ဘာမှလာခြင်းဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သောအချင်းအရာသည် ယုံနိုင်ဖွယ်ရာရှိပေသည်။

ကျန်ရှိသော ၀င်္ကပါ‌စောင့်ကြည့်သူများသည် ၎င်းတို့မနိုင်တော့မှန်းသိလာလေသည်။ ထို့ကြောင့် လူစုခွဲကာ ထွက်ပြေးကြလေတော့သည်။ ဂိုဒီ နှင့် ဒန်ဘီကလိုက်ဖို့ကြိုးစားကြ‌သော်လည်း ကောင်းဖန်က တားလိုက်သည်။

၀င်္ကပါ‌စောင့်ကြည့်သူတွေရဲ့အကြောင်းကို သေချာသိနိုင်သည်မဟုတ်ချေ။ ထို့ကြောင့် သူတို့ရှုံးသွားပါက အခြေအနေများသည် ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။

မြေကြီးပေါ်တွင် အလောင်းကောင်ရှစ်ခုရှိနေပြီး သုံးကောင်ထွက်ပြေးလွတ်မြောက်သွားလေသည်။ အကုန်ပြီးသွားလျှင် ထွက်ပြေးလွတ်မြောက်သွားသောသုံးကောင်ကိုဖမ်းကာ စာရင်းရှင်းရမည်။

အားလုံးပြီးစီးသွားလျှင်လည်း ၀င်္ကပါ‌စောင့်ကြည့်သူတို့သည် ကောင်းဖန်၏ ထိန်းချုပ်မှုအောက်သို့သာ ကျရောက်မည်ဖြစ်လေသည်။

ဂိုဒီသည် မြေကြီးထဲသို့နစ်မြုပ်သွားပြီး နာရီ၀က်အကြာတွင် သူ၏ခန္ဓာကိုယ်မှာ သိသိသာသာပြန်လည်ကျုံ့၀င်သွား‌လေသည်။ နာရီ၀က်အကြာစစ်ပွဲအပြီးတွင် ဂိုဒီ၏ တိုက်ပွဲစွမ်းအင်များလည်းတဖြည်းဖြည်းလျော့ကျလာခဲ့လေသည်။

တာ့ဇီကအချိန်ကြာမြင့်စွာပျံသန်းခဲ့သည့်အတွက် ပင်ပန်းကာ နံရံကိုမှီလျက်အနားယူနေလေသည်။ ထိုစဉ် အဖြူရောင်မြူခိုးများ အငွေ့ပျံကာ အကြားအလပ်များဖြစ်လာလေသည်။

"ခရမ်းရောင်ကင်း‌ခြေများက တိုက်ပွဲအတွက်ဘာမှအသုံးမ၀င်ဘူး" အဖော်မဲ့ရေခဲခြင်္သေ့က ကြည့်ကာ‌ သုံးသပ်လေသည်။

ကောင်းဖန်ကခေတ္တမျှအံအားသင့်သွားပြီး ခေါင်းကိုခါယမ်းကာ "တာ့ဇီက အပေးအယူကောင်းကောင်းလုပ်ခဲ့တာပဲ၊ ဟုတ်တယ်မဟုတ်လား.. အဲတာက အလွန်ကောင်းသောအဆင့်ပဲ"

"အလွန်ကောင်းသောအဆင့်" အဖော်မဲ့ရေခဲခြင်္သေ့က ကြားရသည်ကိုမယုံကြည်နိုင်စွာဖြင့် တာ့ဇီအား လှည့်ကြည့်လိုက်လေသည်။

"အလွန်ကောင်းသောအဆင့်နဲ့ သားရဲက ဘာလို့အဲလောက်အားနည်းနေတာလဲ"

"မဖြစ်နိုင်ဘူး.. အလွန်ကောင်းသောအဆင့်ဆိုတာက ထူးခြားတဲ့ပင်ကိုယ်စရိုက်တွေ နိုးထလာရမယ်လေ.. မင်းမှာအဲလိုပင်ကိုယ်စရိုက်တွေပေါ်လာလို့လား" အဖော်မဲ့ရေခဲခြင်္သေ့က‌မေးလိုက်သည်။

"မင်းဆိုလိုတာက မိုးကြိုးအတောင်ပံတွေလား.. အဲတာတွေက အလွန်ကောင်းသောအဆင့်ရောက်ရင် အလိုလျောက် သူ့ဟာသူပေါ်လာကြတာပဲလေ.. တခြားဟာရှိနိုင်သေးလို့လား.. ကောင်းဖန်ကသိချင်စိတ်ဖြင့် မေးလိုက်လေသည်။

ကမ္ဘာကြယ်မှာရှိတဲ့သူတွေသည် သူတို့ကိုယ်တိုင်သင်ယူလေ့လာမှုကိုပြုလုပ်ကြရသည်။ ဆရာ၊ စီနီယာစသည်ဖြင့်မရှိပဲ ကိုယ်တိုင်လေ့လာရှာဖွေရသည်။

အမည်းရောင်မြူခိုးကမ္ဘာသည် အဆင့်ဆင့်အချိန်ကြာမြင့်စွာဖြင့် ပြောင်းလဲလာသည်။ ဤအကြောင်းအရာများကို အဖော်မဲ့ရေခဲခြင်္သေ့သည် ကောင်းဖန်သိသည်ထက် ပိုသိလိမ့်မည်။

ထို့ကြောင့်ပင် ကောင်းဖန်က ၎င်းနှင့်သွေးစာချုပ်ချုပ်ဆိုလိုခြင်းဖြစ်ပေသည်။

"ဟုတ်တာပေါ့ အဲတာကတဖြည်းဖြည်းပိုတိုးတက်လာမှာ" အဖော်မဲ့ရေခဲခြင်္သေ့သည် အနည်းငယ်ရှုပ်ထွေးသွားလေသည်။

ကောင်းဖန်စိတ်ထဲတွင်တွေးနေသည် "အခုသွေးစာချုပ်ချုပ်လိုက်မယ်ဆိုရင် အဖော်မဲ့ရေခဲခြင်္သေ့ကထွက်သွားဖို့တောင်းဆိုလည်း မဖြစ်နိုင်တော့ဘူး"

“တကယ်တော့ ငါတို့ တစ်ယောက်အပေါ်တစ်ယောက် ပိုရိုးသားသင့်တယ်"

အဖော်မဲ့ရေခဲခြင်္သေ့ကသည် ကောင်းဖန်မည်သည့်အရာကိုဆိုလိုချင်သည်ကို စိတ်၀င်စားစွာ နားထောင်နေသည်။

"မင်းကဘာကိုပြောချင်တာလဲ.."

ကောင်းဖန်က သူနေထိုင်ရာကမ္ဘာတွင် ဖြစ်ပေါ်လျက်ရှိသော သန္ဓေပြောင်းခြင်းနှင့် စိတ်၀မ်းကွဲကွာဟမှုများအကြောင်း မေးသောအခါ အဖော်မဲ့ရေခဲခြင်္သေ့သည် အံ့ဩကာ ထိတ်လန့်တုန်လှုပ်ခြင်းများနှင့်အတူ မြေကြီးပေါ်သို့ခုန်ဆင်းလာလေသည်။

"မင်းဘာတွေပြောနေတာလဲ.. မင်းတို့ကမ္ဘာမှာ သန္ဓေပြောင်းခြင်းက‌ လေးနှစ်မှတစ်ကြိမ်ဖြစ်တာမဟုတ်လား.. ပြီးတော့ ဧကရာဇ်အဆင့်ကအမြင့်ဆုံးပဲမဟုတ်လား.. မင်းတော်တော်နုံပါလား! မင်းတို့ကမ္ဘာက ဒီလောက်အသီးအနှံတွေ အာဟာရဓာတ်တွေကြွယ်၀တာကို မင်းကမြေလေးတစ်နေရာအတွက်နဲ့ ယှဉ်ပြိုင်မှုတွေလုပ်နေတာ! မင်းရူးနေလား"

All Chapters