← Chapters

အခန်း (၃၈၁-၃၈၄)

Vol. 24 Ch. 381-384

အခန်း (၃၈၁-၃၈၄)

Vol. 24 Ch. 381-384

အခန်း ၃၈၁ ခြင်္သေ့လေးရဲ့ ရည်မှန်းချက်

ကောင်းဖန် ပြောစရာစကားလုံးမဲ့ပြီး မလှုပ်မယှက်ဖြစ်သွားသည်။ သူရုတ်တရတ် အခြေအနေက ဘာတွေဖြစ်နေလဲ လိုက်မမီသလို ခံစားလိုက်ရသည်။

ငါက တုံးတာလား… ငါကလေ..

“ဒီနေရာက အနက်ရောင်မြူခိုးကမ္ဘာထဲမှာ ဟုတ်တယ်မလား”

“ဟုတ်တယ်လေ” ခြင်္သေ့လေးက သူ့ကိုမျက်လုံးစောင်း၍ကြည့်လိုက်သည်။

“ဟိုဟာလေ… မင်းတို့ဒီမှာ နတ်ဘုရားအဆင့်ထက်ပိုတဲ့ သားရဲတွေရှိတာလား”

“အင်း ဟုတ်တယ်”

“ငါ့ကမ္ဘာမှာ သန်မာတဲ့သားရဲရိုင်းနည်းနည်း ရှိတယ်ဆိုတာတော့ ငါသိတယ် ဒါပေမယ့် အဲဒီမှာက အဖိုးတန်ရတနာ အရမ်းနည်းတယ်” ကောင်းဖန် ရယ်ရမလား ငိုရမလားပင် မသိတာတော့ချေ။ သူရုတ်တရတ် ဘာဆက်ပြောရမှန်းလည်း မသိတော့ပေ။ ငါက ငတုံးမဟုတ်ပါဘူး.. ပစ္စည်းကောင်းတွေ ရှိတယ်ဆို ငါအခွင့်အရေးကို ဘယ်လက်လွှတ်ခံပါ့မလဲ..

“မင်းကိုယ်မင်း တကယ် ငတုံးမဟုတ်ဘူးလို့ ထင်နေတာလား”

ကောင်းဖန်တွေဝေသွားပြီး ငုံ့ကြည့်လိုက်သောအခါ စိတ်ရောဂါရှိနေသူကို ဂရုဏာသက်တဲ့အကြည့်နဲ့ သူ့ကိုကြည့်နေတဲ့ ခြင်္သေ့လေးကို တွေ့လိုက်ရသည်။

“တချို့ရတနာတွေက ဖွံ့ဖြိုးလာဖို့ အချိန်လိုတယ်… အဲဒီ ရတနာတွေအားလုံးကို ဒီတိုင်းလေး ကောက်သွားပြီးတော့ အရင်ဆုံး အိမ်ကိုယူသွား ပြီးမှ သူတို့ ဖွံဖြိုးလာတာကို စောင့်လို့ မရဘူးလား” ခြင်္သေ့က ရင်နာနေဟန်ဖြင့်ပြောသည်။ သူ ဘယ်လိုလုပ် ဒီလောက်တုံးတဲ့ သခင်ကိုရလိုက်တာလဲ… တကယ်ကို တုံးအလွန်းတယ် လုံးဝအရူးပဲ။

“စဥ်းစားကြည့်လေ… မင်း ရတနာတွေကို ၂၄နာရီလုံးတော့ စောင့်ကြည့်မနေနိုင်ဘူးမလား… တကယ်လို့များ မင်းဂရုမစိုက်မိတဲ့တစ်နေ့ သားရဲတွေက မင်းရဲ့ရတနာတွေကို စားသွားရင် ဘယ်လိုလုပ်မလဲ” ခြင်္သေ့လေးက လက်ချာရိုက်နေသည်။

“နေပါဦး…နေပါဦး နေပါဦး နေပါဦး” ကောင်းဖန် လက် ၂ ဖက်လုံးကို မြှောက်လိုက်သည်။ “မင်းပြောတဲ့… ငါ့ရတနာ ဆိုတာက…” ကောင်းဖန်ရုတ်တရတ် ခြင်္သေ့က အရမ်းကို စိတ်ကူးယဥ်တတ်ကြောင်း သဘောပေါက်သွားသည်။ သူထင်ထားတာထက်တောင် မျက်နှာပိုပြောင်သေးနေသည်ပင်။

“ရတနာဆိုတာ အင်အားကြီးသူတွေ ပိုင်ရစမြဲပဲလေ” ခြင်္သေ့က အသံကျယ်ကျယ်ဖြင့် ယုံကြည်ချက်ရှိစွာ ခေါင်းကိုမော့ရင်း ပြောလိုက်သည်။

“မင်းလို အင်အားကြီးတာလား” ကောင်းဖန်က သူ့ကို နဖူးတောက်လိုက်သည်။ ခြင်္သေ့လေး နောက်ပြန် ဖင်ထိုင်ရက် လဲကျသွားပြီး ချစ်ဖွယ်ကောင်းစွာ ခေါင်းကို ယမ်းနေသည်။

“ခွေးကောင်… မင်းစောင့်နေလိုက်”

ခဏနေတော့ ကောင်းဖန်က ခြင်္သေ့ကို ကောက်မလိုက်သည်။

ကောင်းဖန်နဲ့ ခြင်္သေ့၏ကြားက စကားပြောခဲ့တာကို ဘယ်သူမှ မကြားလိုက်ချေ။ ရှုဟဲ့ထိ မျက်လုံးထဲတွင်တော့ ကောင်းဖန်က ခြင်္သေ့လေးကို ချစ်ခင်စွာ ကောက်ယူ ပွေ့ထားသည်ဟု မြင်နေသည်။ တကယ်ကို နွေးထွေးတဲ့ မြင်ကွင်းလေးပဲ။

“သခင်လေး အလောင်းကို ဘယ်လိုလုပ်ရမလဲ” ရှုဟဲ့ထိက မြေပေါ်က အလောင်း ၈ လောင်း ကိုကြည့်ရင်းမေးလိုက်သည်။ သူသက်ပြင်းမချပဲမနေနိုင်ပေ… ဒါတွေက နတ်ဘုရားအဆင့် သားရဲ ၈ ကောင်ရဲ့ အလောင်းတွေဖြစ်သည်။

တစ်ခါတည်းနဲ့ ၈ ယောက်လုံးကို နိုင်တယ်။ ဒါသာ သိသွားကြရင် ကမ္ဘာကြီးတောင် တုန်ဟီးသွားလောက်တယ်။

နတ်ဘုရားအဆင့်သားရဲတစ်ကောင်တည်းကတောင် မြို့တော်တစ်ခုလုံးကို ကာကွယ်နိုင်နေတဲ့ အခြေအနေမျိုးမှာ နတ်ဘုရားအဆင့်သားရဲ ၈ ကောင်ရှိနေတယ်ဆိုတာ စိတ်ကူးတောင်ယဥ်လို့မရသလို ကြောက်ဖို့လည်းကောင်းသည်။

အဲဒါအပြင်နတ်ဘုရားအဆင့် သားရဲ ၈ ကောင်ဆိုတော့ အမြုတေ ၈ ခုရှိမယ်လို့ဆိုလိုတာဖြစ်ပြီး ပစ္စည်းတွေလည်းအများကြီး ရှိတယ်ဆိုတဲ့သဘောပဲ။

ကောင်းဖန်ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ ရှုဟဲ့ထိအခုမှ အမှန်အကန်နားလည်သွားတာ ဖြစ်သည်။ အရင်က သူ့သခင်လေးက သန်မာတယ်ဆိုတာ သိပေမယ့် ဘယ်လောက်သန်မာတယ်ဆိုတာ သေချာမသိခဲ့ပေ။

အခုတော့ သူအတော်လေး နားလည်သဘောပေါက်သွားပြီဖြစ်သည်။

ခုနက တိုက်ခိုက်ကြတုန်းက သူ့ရဲ့ သားရဲ သားပိုက်ကောင်က ဝင်္ကပါစောင့်ကြည့်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့သည်။ သို့သော် သူလုပ်နိုင်ခဲ့တာက ဝင်္ကပါစောင့်ကြည့်သူကို နည်းနည်းအလုပ်ရှုပ်သွားစေရန်သာ လုပ်နိုင်ခဲ့သည်။ ဝင်္ကပါစောင့်ကြည့်သူတစ်ယောက်ကို အနိုင်ယူဖို့ဆိုတာ အတော်လေးခက်ခဲ့သော ကိစ္စဖြစ်သည်။

ဝင်္ကပါစောင့်ကြည့်သူတွေက အရွယ်အစားကြီးပြီး ကျဥ်းမြောင်းသော ဝင်္ကပါထဲတွင် သားပိုက်ကောင်မှာ သူတို့ကိုရှောင်ဖို့ နေရာသိပ်ရှိချေ။ သူ သေမလိုတောင် ခဏ ခဏဖြစ်ခဲ့သည်။

အဆုံးတွင်တော့ သူ့ရဲ့သားပိုက်ကောင် အချိန်အတော်ကြာ အလုပ်ရှုပ်အောင်လုပ်ထားခဲ့သော ဝင်္ကပါစောင့်ကြည့်သူက ကြောက်စရာအဝါရောင်ဘဲ၏ ရိုက်ချက်ဖြင့် အဝေးသို့ပင် ပျံထွက်သွားခဲ့သည်။ အဖေက သားကို ဆုံမလိုက်သလိုပဲ ဘာမှ ပြန်ခုခံခွင့်မရလိုက်ပေ။

အဲဒီတော့ သခင်လေးရဲ့ အင်အားအစစ်အမှန်က …. ရှုဟဲ့တိ ကောင်းဖန်ကို ကြည့်သည့်ပုံစံက ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲတွင် ဂုဏ်ယူစိတ်များပေါ်လာသည်။ ဒါက တောင်ပိုင်းကောင်းကင်ရဲ့ သခင်လေးပဲ။

တောင်ပိုင်းကောင်းကင်အဖွဲ့၏ လုံခြုံရေးအဖွဲ့ဝင်ဟောင်းတစ်ဦးအနေနဲ့ ရှုဟဲ့ထိက တောင်ပိုင်းကောင်ကင်အဖွဲ့၏ ရှယ်ယာအနည်းငယ်ကို ပိုင်ဆိုင်သည်။ ကျီဟန့်ဝူဆီကနေ အသိမှတ်ပြုခံရသည်ကို ကျေးဇူးတင်ခြင်းနဲ့ တောင်းပိုင်းကောင်းကင်အဖွဲ့နဲ့ သက်ဆိုင်သည်ဟု မှတ်ယူထားသော သူရဲ့စိတ်ဓာတ်က သူ့ကိုယ်သူ အဖွဲ့၏တစိတ်တပိုင်းအနေဖြင့် သတ်မှတ်ထားသည်။ ထို့ကြောင့် အဖွဲ့ကို ပို၍ ပို၍ သန်မာလာစေချင်သည်။

“ဒီအလောင်းတွေကို စောင့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ဖို့လိုမယ်” ကောင်းဖန်က ရှုဟဲ့ထိကို ထားခဲ့ပြီး မစောင့်ခိုင်းချင်ပေ။ သူ့ရဲ့သားရဲ သားပိုက်ကောင်က အတော်လေး သန်မာတယ်ဆိုပေမယ့် ဝင်္ကပါစောင့်ကြည့်သူတစ်ယောက်ကိုပဲ တိုက်နိုင်သည်။

ဒါပေမယ့် ကောင်းဖန် သူတို့ဒီကိုလာခဲ့တဲ့ လမ်းကို မေ့သွားပြီဖြစ်သည်။ အခု သူ့ရဲ့ကြွက်အပေါ်ကိုသာ အားကိုးရတော့မည်ဖြစ်သည်။ ရတနာအနံ့ခံကြွက်က နောက်ဆုံးတော့ သူ့သခင်က သူ့ကိုကြည့်လာပြီဖြစ်၍ မျက်ရည်များပင်ကျလာသည်။

ကောင်းဖန်ကို မျက်ရည်ဝဲသောမျက်လုံးများဖြင့်ကြည့်ရင်း “သခင် ကျွန်တော့်ကို နောက်ဆုံးတော့မှတ်မိပြီပေါ့”

ကြွက်ဝတုတ်က ကောင်းဖန်နဲ့ ဘယ်တုန်းကမှ မလိုက်ဖူးဘဲ ရှုချင်းကျီက အစာကောင်းကောင်းကျွေးထားပြီး

ဓာတ်ခွဲခန်းထဲတွင်သာ အမြဲနေရသည်။ နေ့တိုင်း သူက ကွန်မန်ဒါအဆင့် အသားကို စားပြီး တစ်ခါတစ်လေဆို နတ်ဘုရားအဆင့်အသားကိုပင်စားရသေးသည်။ အာဟာရပြည့် တန်ဖိုးရှိသောအရာများကို မစားရသည့် နေ့ဟူ၍မရှိခဲ့ပေ။ အခုဆို သူက အဆင့် ၃၁ ထိတောင် တိုးတတ်နေပြီဖြစ်ကာ တောက်ပသော အမွှေးများနဲ့ဖြစ်နေပြီ ဖြစ်သည်။

“မင်း အပြန်လမ်းကို မှတ်မိသေးလား” ကောင်းဖန်က မေးသည်။

“...” ကြွက်က ရုတ်တရတ် စိတ်ထဲတွင် ဗလာဖြစ်သားပြီး ခေါင်းမော့လာသည်။ ဘာတွေပြောနေတာလဲ.. ငါတို့ ဒီကို လမ်းလျှောက်လာတာလား..

“အမှိုက်ကောင်ပဲ” တာ့ဇီက ကြွက်ဝတုတ်ကို မကြည်ကြည့် ကြည့်လိုက်သည်။ နေ့တိုင်းအစားကောင်းတွေ စားနေပြီး ဘာမှအသုံးမဝင်ဘူး။ ငါဆိုတဲ့ တာ့ဇီကိုပဲကျွေးသင့်တာ… အခုတိုက်ပွဲမှာ ငါက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာ။

ကောင်းဖန်က ဘာစကားတစ်ခွန်းမှမပြောဘဲ ခြေ ၂ လှမ်းဆုတ်လိုက်ပြီး သူ့နောက်က ကျောက်တံတိုင်းဆီကနေ အပြာဖျော့ရောင်ရေခဲကျောက် တစ်ပိုင်းကို ဖဲ့ယူလိုက်သည်။ ကျောက်ကို သူ့လက်ထဲတွင် ချိန်ဆနေရင်း “မင်း ဒါကိုတွေ့လား”

ကြွက်ရဲ့မျက်လုံးများရုတ်တရတ် ပြူးကျယ်သွားသည်။ “ရတနာပဲ” သူ့ရဲ့ရှေ့သွား ၂ချောင်းထွက်လာပြီး ပါးစပ်က သွားရည်များကျလာသည်။

“မင်းသာအပြန်လမ်းကို မှတ်မိရင် ဒီရတနာက မင်းဟာပဲ”

ကြွက်က စိတ်လှုပ်ရှားသွားပြီး ဘောလုံးလို ကွေးရင်း အပြင်းအထန် စဥ်းစားနေသည် သူ့ဦးနှောက်သေးသေး လေးက အရှိန်ပြင်းပြင်းအလုပ်လုပ်နေပြီး သူ့ခေါင်းပေါ်ကနေ အဖြူရောင်အငွေ့များထွက်လာသည်။

ခြင်္သေ့လေးက မြင်ကွင်းကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒါတွေက ဘာတုန်း။ အဲဒါက ဟိုးအရင်တုန်းက ငါခဲထားတဲ့ ရေခဲအပိုင်းအစလေးပဲလေ။ ငါ့ရဲ့ရေခဲက ငါမသိဘဲတခြား အသုံးဝင်တဲ့နေရာများ ရှိနေတာလား

ခြင်္သေ့က လူနဲ့ကြွက်ကို သံသယအပြည့်နဲ့ ကြည့်လိုက်သည်။ “ငါအခု မှတ်မိပြီ” ကြွက်က ထရပ်လိုက်သည်။ သူ့နောက်ခြေထောက်က မြေပေါ်တွင်ဖြစ်ပြီး ရှေ့ခြေထောက်က ကောင်းဖန်လက်ထဲက ရေခဲတုံးကို မလွှတ်တမ်းကိုင်ထားသည်။

သူ့လက်တွေ အအေးဒဏ်ကြောင့် ထုံနေတာတောင် သူ့မျက်နှာက အလွန် စိတ်လှုပ်ရှားနေသည်။ ကောင်းဖန်က ကြွက်အား ရှုဟဲ့ထိနဲ့ဒန်ဘီကို ပြန်ခေါ်သွားခိုင်းပြီး အလောင်းတွေကို သယ်သွားဖို့ ကျန်တဲ့သူတွေကို အသိပေးခိုင်းလိုက်သည်။

ခြင်္သေ့ကတော့ သူ့ရဲ့ထိပ်ဆုံးရောက်နေတဲ့အခြေအနေဆိုရင် ကောင်းဖန်ရဲ့ သားရဲတွေအားလုံးထက် သန်မာတယ်ဆိုပေမယ့် အခုကတော့ အားနည်းနေတဲ့အခြေအနေဖြစ်သည်။ တစ်ခုခုဖြစ်ရင် သူ့တွင် ထွက်ပြေးလို့တောင်ရမည်မဟုတ်။ ဘာပဲဖြစ်ဖြစ် ကောင်းဖန်တွင် ခြင်္သေ့အားမေးဖို့တောင် မစောင့်နိုင်တော့သော အရာများရှိနေသည်။

ရှုဟဲ့ထိနဲ့ တခြားသူများထွက်သွားသောအခါ ကောင်းဖန်က ကျောက်တုံးကျောင်းဆောင်အနီးတွင် ရေခဲမနေသော နေရာတစ်ခုကို ရှာပြီး ထိုင်လိုက်သည်။ သူတင်ပါချထိုင်လိုက်သောအခါ ကျောက်တုံးက အေးခဲနေတာကို ခံစားလိုက်ရသည်။

“အဲဒီတော့ မင်းခုနကပြောတာက ဖွံ့ဖြိုးကာစအဆင့်ရှိတဲ့ ကမ္ဘာက ထူးခြားတဲ့၊ စွမ်းအားရှိတဲ့ ရတနာတွေကို ဖြစ်ပေါ်နိုင်စေတယ်ပေါ့ ဟုတ်လား” ကောင်းဖန်က ငတုံးမဟုတ်ဘဲ ခြင်္သေ့ပေးသွားတဲ့ သဲလွန်စထဲက ဒီလောက်ကိုတော့ နားလည်လိုက်သည်။

“ငါမသိဘူး… ဒါပေမယ့် အဲဒီလိုပဲဖြစ်လိမ့်မယ်ထင်တယ်” အခုကျတော့ ခြင်္သေ့လေးက အတိအကျ ပြောလိုက်ရမှာ ကြောက်နေဟန်တူသည်။ “ဒါပေမယ့် ရတနာတွေ အများကြီးတော့ ကျိန်းသေပေါက်ရှိတယ်… မင်းလာတဲ့ ကမ္ဘာက အခုမှစပြီး ဖွံ့ဖြိးနေတာဆိုပေမယ့်လည်း ရတနာက ရတနာပဲ… ၄ နှစ်အတွင်းမှာ ဘုရင်အဆင့်ကိုရောက်တာက သတ်မှတ်ချက်ကို ရောက်နေပြီ။ ဧကရာဇ်အဆင့်သားရဲတော့ သေချာပေါက်ရှိမှာ မဟုတ်ဘူး… ဧကရာဇ်အဆင့်သားရဲသာရှိရင် ငါချီးစားပြလိုက်မယ်”

“အနက်ရောင်မြူခိုးကမ္ဘာရဲ့ တကယ့် ရတနာတွေက ဟိုသန်မာတဲ့ သားရဲတွေ အကုန်ခိုးသွားပြီ… အဲဒီတော့ ပိုင်ရှင်မရှိတဲ့ ရတနာကို ရှာရတာက မဖြစ်နိုင်လောက်အောင်ခက်လိမ့်မယ်… သားရဲတွေက မင်းတို့လူသားတွေ ထက် အနံ့ခံနိုင်စွမ်း ပိုကောင်းတယ်လေ… ရတနာပေါ် မင်းတို့လက်တင်လိုက်တာနဲ့ အဲဒီသားရဲတွေနဲ့ ထိပ်တိုက်တွေ့မှာပဲ… ဒါမှမဟုတ်လည်း ခိုးဖို့ နည်းလမ်းရှာပေါ့”

“မင်းက ဘာလို့ ဒါတွေကိုအရမ်းသိနေတယ်လို့ ခံစားနေရတာလဲ မင်းမကြာခဏ သွားခိုးတာလား” ဒီခြင်္သေ့က သံသယဖြစ်စရာကောင်းတယ်လို့ ကောင်းဖန်ထင်နေပြီဖြစ်သည်။

“အဲဒါ ခိုးတယ်မခေါ်ဘူးကွ… ရတနာတွေပေါ် သူတို့နာမည်ရေးထားတာမှ မဟုတ်တာ” ခြင်္သေ့လေးက အပြင်းအထန်ငြင်းသည်။

“အဲ့ဒါကြောင့် ပေါ်ပေါ်ထင်ထင်ယူလို့ရအောင် မင်းတို့ကမ္ဘာကို ပြန်သွားတာကောင်းမယ်လို့ ပြောတာပေါ့” သူ့ရဲ့လက်တွေကို စိတ်လှုပ်ရှားစွာပွတ်ရင်း ခြင်္သေ့က ပြောသည်။

ဘုရင်အဆင့်တောင်မဟုတ်တဲ့ အမှိုက်ကောင် အုပ်စုလေးကများ။ ဒီခြင်္သေ့ဧကရာဇ်က အားလုံးကို အသာလေး တတ်နင်းပြီး အညစ်အကြေးစားအောင် လုပ်ခိုင်းမယ်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၈၂ နည်းလမ်းများ

"ငါထင်တာတော့ ဒီမှာရှိတဲ့သားရဲတွေက တခြားမှာရှိတာတွေနဲ့မတူပဲ တမူထူးခြားနေတယ်..မင်း‌ရော ဘယ်လိုထင်လဲ" အဖော်မဲ့ရေခဲခြင်္သေ့က သူ၏ရှေ့တွင်ရှိသော ပေနှစ်ဆယ်လောက်ခန့်မြင့်မားသော ဧရာမသားရဲကြီးလှုပ်ရှားလာသည်ကို ကြည့်နေသည်။

ဝင်္ကပါ‌စောင့်ကြည့်သူတို့၏အ‌လောင်းများသည် အပြင်ဘက်တွင် အပုံလိုက်စုပုံလျှက်ရှိပြီး ဂိုဒီကဘေးတွင် စောင့်ကြပ်နေလေသည်။ ကောင်းဖန်ကထိုအတွက် သူ့အားတစ်နေ့ ဒေါ်လာ‌သုံးရာပေးသောကြောင့် ဂိုဒီသည် အထူးပင်ပျော်ရွှင်နေလေသည်။ ဂိုဒီကသူ၏ရင်ဘတ်အားလက်ဖြင့်ပုတ်ပြကာ အနီရောင်အမွှေးရှိသောငါးများကို မည်သူ့လက်မှအပါမခံနိုင်ကြောင်း သေချာစွာပြောလေသည်။

ကောင်းဖန်သည်ထိုနေရာမှထွက်လာကာ ခြင်္သေ့အားအိမ်သို့ပြန်ပို့ပြီး တောင်ပေါ်သို့အလျှင်အမြန်သွားကာ အစင်းလေးနှင့်တွေ့ဆုံလေသည်။ ရေခဲခြင်္သေ့က သူ၏သခင်မှာ အဘယ်ကြောင့် ဤမျှစွမ်းအားကြီးကြောင်း တဖြည်းဖြည်း သတိထားမိလာလေသည်။

"အစင်းလေးက တကယ်တော်တဲ့ကလေးပါ..သူက အရမ်းလည်းသိမ်‌မွေ့တယ်" ကောင်းဖန်က သဘောကျစွာကြည့်ပြီး ပြောလိုက်လေသည်။

ကောင်းဖန်ပြောသည်ကို အစင်းလေးက ထောက်ခံကာ ခေါင်းငြိမ့်လေသည်။ "အစင်းလေးက အတော်ဆုံး" ထို့နောက်တွင် အစင်းလေးကြောင့် ကမ္ဘာမြေကြီးလှုပ်ခတ်သွားပြီး တောင်ပေါ်မှကျောက်တုံးများကျလာလေသည်။ အဖော်မဲ့ရေခဲခြင်္သေ့သည် အံ့ဩစရာကောင်းစွာနှင့် ကောင်းဖန်ကိုယ်ပေါ်မှ ပြုတ်ကျမသွားချေ။

"အဲဒီတော့ မင်းကဘာကိုဆိုလိုချင်တာလဲ.. အစင်းလေးလိုအရွယ်အစားနဲ့ ထူးခြားတဲ့သားရဲမျိုး အနက်ရောင်မြူခိုးကမ္ဘာမှာမရှိဘူးလား.. ကောင်းဖန်က အနည်းငယ် ရှုပ်ထွေးသွားသည်။ သူတွေ့သည့်အတိုင်း ဝင်္ကပါ‌စောင့်ကြည့်သူများသည်လည်း အရွယ်အစားကြီးမားကြလေသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် ထိုအရာမှာ အနက်ရောင်မြူခိုးကမ္ဘာတွင် ပုံမှန်ဖြစ်သည်ဟုထင်မိ‌သည်။

"ဧကရာဇ်အဆင့်နဲ့ အဲဒီထပ်မြင့်တဲအဆင့်နဲ့ သားရဲတွေကလက်မထောင်နဲ့ချီရှိကြတာပုံမှန်ပဲလေ"

"သားရဲတွေရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းကြီးမလာဘူးလား ..ဧကရာဇ်အဆင့်နဲ့အထက်ဆိုရင် တန်တစ်ထောင်ကျော်နဲ့ အရပ် ပေတစ်ထောင်ကျော်ရှိလာမယ်ထင်နေတာ" ကောင်းဖန်ကရှက်ရယ်ရယ်ရင်းပြောသည်။

"အဲဒီလောက်ကြီးဖို့ဆိုတာမဖြစ်နိုင်ဘူး..ရှိခဲ့ရင်လည်း တော်တော်ရှားမယ်..အကယ်၍ တကယ်သာအဲ့လောက်ကြီးမယ်ဆိုရင် သူဘာစားပြီးနေမလဲ.. ပြီးတော့ သူကိုယ့်သူဘယ်လိုထိန်းပြီး သဟဇာတဖြစ်အောင်နေနိုင်မလဲ.. အဲဒါကိုထိန်းထားနိုင်ဖို့လိုအပ်တဲ့ ပမာဏကအဆမတန်ကြီးမားလွန်းတယ်..အဲဒါကြောင့် အကောင်ကြီးလေ အပျင်းကြီးလေပဲ"

ကောင်းဖန်ကသက်ပြင်းချလိုက်ပြီး မျှော်လင့်ချက်ဖြင့် ခြင်္သေ့အားမေးလိုက်သည်။ "သားရဲတွေရဲ့ခန္ဓာကိုယ်ကို ကျုံ့သွား‌အောင်လုပ်နိုင်တဲ့နည်းလမ်းကို မင်းသိလား"

"တကယ်တော့ မင်းထင်နေသလို သားရဲတွေရဲ့ အရွယ်အစားကိုကျုံ့သွားအောင်လုပ်ဖို့ နည်းလမ်းမရှိဘူး" ခြင်္သေ့က စတင်၍ နောက်ကြောင်းပြန်တွေးမိလေသည်။ ထို့နောက် ရုတ်တရက် ရှုံမဲ့လာကာ ပြင်းထန်သောခံစားမှုကို ခံစားမိသောမျက်နှာ ဖြစ်လာသည်။

"ဘာနည်းလမ်းရှိမလဲ "ကောင်းဖန်က သိချင်စိတ်ဖြင့်မေးလိုက်သည်။ ခြင်္သေ့သည် ၎င်းတွင်လည်း အစင်းလေးခန္ဓာကိုယ်အား ကျုံ့လာ‌စေသောနည်းလမ်း မရှိကြောင်း‌ဖြေလေသည်။

"ငါသိသလောက်ကတော့ နည်းလမ်းတစ်ခုထပ်ပိုပြီးရှိလိမ့်မယ်ထင်တယ်" ခြင်္သေ့ကပါးစပ်ကိုလက်ဖြင့်ကာ၍ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး နောက်လက်တစ်ဖက်ကမေးစေ့ပေါ်တင်ထားလေသည်။

"ပထမဆုံးအနေနဲ့ မင်းရဲ့သားရဲတွေကို အဆင့်‌မြင့်အောင်အရင်လုပ်ရမယ်..ပြီးမှသာ သူတို့ရဲ့ခန္ဓာကိုယ်အရွယ်အစားကို ထိန်းချုပ်နိုင်တဲ့စွမ်းအင်ရှိဖို့ လေ့ကျင့်ရမယ်.. အဲဒီလိုစွမ်းအင်က ရှားပါးစွမ်းအင်ပဲ..ပြီးတော့အဲဒီလိုစွမ်းအင်ရမယ်လို့လဲ သေချာပေါက်မပြောနိုင်ဘူး" ရေခဲခြင်္သေ့က အစောပိုင်းတွင်ပင် စိတ်ဓါတ်ကျနေလေသည်။

ပြီးလျှင် ထိုသို့ထပ်ပြောလေသည်။ "ငါကအစထဲကလည်း မကြီးဘူးလေ..အဲဒါကြောင့် ဒီစွမ်းအင်နဲ့ပတ်သတ်ပြီးပူပန်စရာမရှိတာပေါ့.. အဲဒါ ငါ့အတွက်ကပုံမှန်ပဲလေ"

“အဲဒါဆို ဒုတိယတစ်နည်းကဘာလဲ?”

“အယောင်ဆောင်အသွင်သစ်သီး လို့‌ခေါ်တဲ့အသီးတစ်မျိုးရှိတယ်..အဲဒီအသီးက သားရဲတွေကို မူလပုံသဏ္ဍာန်ကနေပြီး အဆထောင်ပေါင်းများစွာသေးငယ်စေတယ်..အဲဒီလိုသာဆိုရင် မင်းရဲ့သားရဲတွေ လက်မ၂၀လောက်ပဲ အရပ်ရှည်တော့မှာ" ဟုပြောကာခြင်္သေ့သည် သူ့အဖြေကိုသူကျေ‌နပ်လျှက်ရှိသည်။

“မင်း ငယ်ငယ်က သင်္ချာ‌ကို သေချာမသင်ခဲ့ရဘူးလား" ကောင်းဖန်ကပြောစရာစကားမဲ့သွားပြီးမှ သတိရသွားပြီး "ဒီခြင်္သေ့ကဘယ်လိုလုပ် ပညာရေးအတွက်ကျောင်းနေဖူးမှာလဲ.. ငါသူ့ကို ဒီလောက်မမျှော်လင့်ခဲ့သင့်ဘူး” ဟု တွေးလိုက်သည်။

"သိပြီ..ငါသိပြီ အဲဒါကတကယ်တော့နှစ်လက်မ" တာ့ဇီကကျယ်လောင်စွာထပြောသည်။

"ဟုတ်တယ် မင်းအခု ကိုယ့်ကိုယ်ကို သိမ်ငယ်နေစရာမလိုတော့ဘူး" ကောင်းဖန်က စိတ်လှုပ်ရှားနေသော တာ့ဇီအားနောက်သို့တွန်းလိုက်လေသည်။

အစင်းလေးက ထကာ စကားကိုကြားဖြတ်ကာ‌ "ပေ၂၀၀..ဟုတ်တယ်..‌ပေ ၂၀၀ လောက်ဆိုအတော်ပဲ.. ကောင်းဖန်နဲ့တူတူ ပြန်ကစားလို့ရပြီ"

"အစင်းလေးလည်း သင်္ချာမညံ့ပါလား" ကောင်းဖန်က ခေါင်းကိုပုတ်ရင်း နှစ်သက်စွာပြောလေသည်။

တာ့ဇီကအံ့ဩသွားသည်။ ငါတွက်တာများမှားသွားလို့လား။ သေစမ်း.. ကောင်းဖန်၏ချီးကျူးမှုကိုရရန် တာ့ဇီသည် အစင်းလေး့ဆီမှ သင်ခန်းစာများယူရမည်ဟု တွေးလိုက်လေသည်။

"အယောင်ဆောင်အသွင်သစ်သီးက ဘယ်နားမှာရှိတာလဲသိလား"

"ငါစဉ်းစားကြည့်မယ်..သတိရပြီ..အဲဒီသစ်သီးကိုအရင်က‌တော့ အနက်ရောင်ဖီးနစ်တောင်ကြားမှာ တွေ့ဖူးတယ်..ဒါပေမဲ့ သားရဲတစ်ချို့သုံးတာတော့ ဘာအာနိသင်မှမပြကြဘူး.. တကယ်တော့ တိုက်ပွဲအတွင်းမှာဆိုရင် အဲဒီအစွမ်းကပျောက်သွားတတ်တယ်.. အဲဒီမှာအမဲရောင်အမွှေးနဲ့ စာကလေးလည်းရှိနေတယ်..ငါသူနဲ့တော့ထိပ်တိုက်မရင်ဆိုင်ခဲ့ဘူး..ချောင်းပဲကြည့်ခဲ့တာ"

“ငါ့စိတ်ကို‌သေချာပြင်ဆင်ထားတယ်..ငါကတိပေးတယ်..အစင်းလေး မင်းစိတ်မပျက်စေရဘူး"

အဖော်မဲ့ရေခဲခြင်္သေ့က လှမ်ကြည့်လိုက်ရင်း "တကယ်တော့ တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်..ဒါ‌ပေမဲ့ ခုနကနည်းလမ်းနှစ်ခုက ပိုပြီးသင့်တော်လိမ့်မယ်"

"ဘာနည်းလမ်းတွေလဲ?"

"အကယ်၍ မင်းမှာ အာကာသအမျိုးအစား သားရဲရှိတယ်ဆိုပါစို့..မင်းလုပ်ရမှာက သယ်ရလွယ်တဲ့ထုထည်တစ်ခုကို သားရဲနဲ့အတူဘယ်နေရာမဆို အမြဲသယ်သွားရုံပဲ..မင်းရဲ့ သားရဲကအရွယ်အစားကြီးနေမယ်ဆိုရင် လိုအပ်တဲ့ အာကာသထုထည်ကို ဖွင့်ပေးလိုက်တာနဲ့အဆင်ပြေသွားလိမ့်မယ်"

ဘာစကားတစ်ခွန်းမှမပြောကြပဲ ကောင်းဖန်၊ ဂိုဒီ၊ တာ့ဇီ၊ တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြလေသည်။

အားလုံးသည် မယုံနိုင်စွာဖြင့်စိုက်ကြည့်နေကြသည်။

"ပြီးတော့ ငါသတိရပြီ..သားရဲ‌လေ့ကျင့်သူတွေကလည်း အစွမ်းတွေရှိကြတယ်မဟုတ်လား.. သူတို့ကလည်း သားရဲတွေကိုတိုက်ပွဲတွေမှာ လိုအပ်တဲ့နေရာကိုဆင့် ခေါ်နိုင်ကြတာပဲလေ..မင်းမှာရောအဲ့လိုစွမ်းအင်မျိုးမရှိသေးဘူးလား" အဖော်မဲ့ရေခဲခြင်္သေ့က ကောင်းဖန်အားကြည့်ကာအေးစက်စွာရယ်လေသည်။ "ဒါမှမဟုတ် မင်းကပဲတုံးလွန်းလို့များလား"

စိတ်ရှုပ်စွာဖြင့် ကောင်းဖန်က ခြင်္သေ့ ပြောသမျှအား ချရေးကာမှတ်သားထားလေသည်။ ဒီနည်းလမ်းနှစ်ခုသည် အစင်းလေး့အတွက် အဆင်ပြေဆုံးနည်းလမ်းနှစ်ခုဖြစ်နိုင်သည်။

ကောင်းဖန်အတွေးတွင် သူ့အတွက်အလွယ်ဆုံးသောနည်းလမ်းမှာ အနက်ရောင်ဖီးနစ်တောင်ကြားသို့သွားကာ အယောင်ဆောင်အသွင်သစ်သီး အားခူးရန်ပင်ဖြစ်သည်။

နောက်နည်းလမ်းတစ်ခုသည် လောင်းကစားလုပ်သလိုပင် သူ့ကံအပေါ်တွင်မူတည်ကာ တိုက်ပွဲအတွင်းဆင့်ခေါ်နိုင်သောစွမ်းရည် နိုးထလာရန်ဖြစ်သည်။ ခြင်္သေ့သည် သူ၏ ဧကရာဇ်အဆင့်ရာထူးကိုပြန်လည်ရရှိလာနိုင်သည်။ သို့သော် ကောင်းဖန်စိတ်ထဲတွင် ဤရာထူးက ခြင်္သေ့နှင့်မထိုက်တန်သလိုခံစားနေရသည်။

ကောင်းဖန်သည် ရှုချင်းကျီအားဆက်သွယ်လိုက်လေသည်။ "ချင်းကျီ ငါ့ကိုကူညီပါဦး..စမ်းသပ်ခန်းထဲက အေးခဲထားတဲ့သစ်သီးတစ်ချို့ကိုစစ်ဆေးပေးပါဦး" ထို့နောက်တွင် ကောင်းဖန်သည် ဆောင့်ကြောင့်ထိုင်ကာ ခြင်္သေ့ဖြူ၏‌ခေါင်းကိုငြင်သာစွာပုတ်လျှက် "အနက်ရောင်ဖီးနစ်တောင်ကြားက ၀င်္ကပါကနေ ဝေးသေးလား?"

"မဝေးပါဘူး..မိုင်သုံး‌ထောင်လောက်ပါပဲ" ခြင်္သေ့ကခေါင်းကိုမော့ကာ မျက်တောင်ခတ်ရင်းပြောလိုက်လေသည်။ ခြင်္သေ့ပြောသည့် မိုင်သုံးထောင်ဆိုသည်မှာ အမှန်တကယ်ပင်နီးသောအကွာအဝေးဖြစ်သည်။ နာရီအနည်းငယ်လောက်ပြေးလျှင်ပင် ရောက်နိုင်သော အကွာအဝေးဖြစ်သည်။

ကောင်းဖန်ကခေါင်းညိမ့်လိုက်သည်။ ထိုကိစ္စကိုရေရှည်အတွက် သေချာစဉ်းစားရမည်။

မိုင်သုံးထောင်သည် ဝေးသည်ဟုထင်ရသော်လည်း သိပ်မဝေးလှပေ။ သို့သော် သွားရာလမ်းတစ်လျှောက်တွင် မမျှော်လင့်သော အန္တရာယ်များကျရောက်လာနိုင်ဖွယ်ရှိပေသည်။

အနက်ရောင်မြူခိုးကမ္ဘာသည် ကမ္ဘာမြေကြီးထပ်ပို၍ အန္တရာယ်ကြီးမားသော နေရာဖြစ်သည်။ ဧကရာဇ်အဆင့်သားရဲများသည် မြေကမ္ဘာ‌တွင်ရှားပါးလေသည်။ သို့သော် အနက်ရောင်မြူခိုးကမ္ဘာတွင်မူ ထိုအဆင့်သားရဲတို့သည် သာမာန်ပင်ဖြစ်သည်။

သို့သော် အစင်းလေးအတွက်ဆိုလျှင် ကောင်းဖန်သည် အနက်ရောင်ဖီးနစ်တောင်ကြားကိုသွားမည်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစင်းလေးအား ဘယ်သွားသွား သူနှင့်အတူခေါ်သွားမည်ဟု ကတိပြုထားသောကြောင့်ဖြစ်ပေသည်။

"စတိုခန်းက‌နေ ပို့ပေးလိုက်တဲ့ အေးခဲခံထားတဲ့သစ်သီးမျိုးစိတ်တွေရပါပြီ" ရှုချင်းကျီကခွဲစိတ်ခန်းထဲတွင်စမ်းသပ်ပြီး အမည်းရောင်သေတ္တာဖြင့်ထည့်ကာ ယူလာခဲ့သောသစ်သီးများကို မြေပေါ်တွင်ချလိုက်လေသည်။

အမဲရောင်သေတ္တာ၏မျက်နှာပြင်က ကြမ်းတမ်းပြီးအရောင်မှိန်နေလေသည်။ ဖြည်းညှင်းစွာအဖုံးကိုဖွင့်လိုက်လျှင် ပတ္တာသံတကျွှီကျွှီမည်လျှက်ရှိလေသည်။

အေးစက်နေသောရေခဲငွေ့များက သေတ္တာဖွင့်လိုက်သည်နှင့် တိုးထွက်လာကြသည်။ ချယ်ရီသီးလောက်အရွယ်ရှိသော အပြာရောင်အသီးများကို အတန်းလိုက်သေချာစွာ ရေခဲများနှင့်မွမ်းမံ၍ စီထည့်ထားလေသည်။ လေနှင့်ထိတွေ့သောအခါ အအေးငွေ့သည်တဖြည်းဖြည်းလျှော့ကျလာ‌သည်။

အဖော်မဲ့ရေခဲခြင်္သေ့သည် ထိုအသီး၏ ဆိုးဝါးသောအပုပ်နံ့ကြောင့် မျက်လုံးများပင်မှေးသွားလေသည်။ ဆယ်လက်မအကွာတွင်ပင်ထိုအသီး၏ အပုပ်နံ့ကိုခံစားနေရလေသည်။

"မင်းတို့တွေငါ့လို ကြီးကျယ်မြင့်မြတ်တဲ့ ခြင်္သေ့ကိုများ ဒီလိုအဆင့်နိမ့်ကျတဲ့အသီးကို ဘယ်လိုများကမ်းလှမ်းနိုင်ရဲတာလဲ.. ငါတစ်ခါထဲပြောလိုက်မယ် ဒီလိုအဆင့်နိမ့်တဲ့အသီးကို တစ်ကိုက်တောင်မစားနိုင်ဘူး..ငါ့ဟာငါ ဆာလို့သေမယ်ဆိုရင်တောင်မစားဘူး"

***

သားရဲလေ့ကျင့်သူ

အခန်း ၃၈၃ ဖိတ်ခေါ်မထားသော ဧည့်သည်

ကောင်းဖန်ကခေါင်းကိုခါကာ အမည်းရောင် သေတ္တာကိုပိတ်လိုက်လေသည်။

"ဘာလုပ်တာလဲ" အဖော်မဲ့‌ရေခဲခြ‌င်္သေ့‌က စိတ်တိုစွာ‌ မေးလေသည်။

“ဒီတစ်ခါမင်းကိုငါ တော်တော်စိတ်ပျက်မိတယ်" "ဒီထက်အဆင့်မြင့်တဲ့အသီးရတဲ့ထိစောင့်ပြီးတွေ့မှစားလည်းရပါတယ်" ခြ‌င်္သေ့‌အား ခေါင်းကိုပုတ်ပြီး ပြောဆိုနှစ်သိမ့်လိုက်သည်။

အဖော်မဲ့ရေခဲခြင်္သေ့က‌ ငေးကြောင်ကြောင်ဖြစ်နေလေသည်။

ကောင်းဖန်က အနက်ရောင်သတ္တာအား ထ၍ယူကာ ခြင်္သေ့မမှီနိုင်‌သောနေရာသို့ထားလိုက်လေသည်။ ထို့နောက် သူမပြန်ခင် အသီးအား အခြားသူတစ်ယောက်ကိုကျွေးစေရန် ညွှန်ကြားခဲ့လေသည်။

ခြင်္သေ့သည် မာနအလွန်ကြီးပေသည်။ သူသည် ကောင်းဖန်နှင့်သွေးစာချုပ်ချုပ်ပြီး ဖြစ်သော်လည်း သူ၏မာနအားမလျှော့နိုင်‌ပေ။

ဧကရာဇ်အဆင့်ကိုကျော်လွန်၍ တစ်ခါမျှရောက်ဖူးသွားပြီဆိုလျှင် ကျိန်းသေပေါက် မာနကြီးကြမည်ပင်ဖြစ်လေသည်။ သို့သော် ကောင်းဖန်အားထို့သို့သောအမူအရာနှင့်ဆက်ဆံရမည်ဟု ဆိုလိုသည်တော့မဟုတ်ပေ။

လူကောင်းတွေဆိုသည်မှာ အတိတ်ကဂုဏ်ယူဖွယ်များအား ကြွားဝါပြောခြင်းမျိုးမရှိကြပေ။ အတိတ်တွင်မည်မျှပင် စွမ်းအားကြီးခဲ့သည်ရှိစေ အတိတ်အဖြစ်ပင်ကျန်ခဲ့မည်ဖြစ်သည်။ သူ၏မကောင်း‌သောစိတ်ဓါတ်ကို ပြုပြင်ပေးရန်လိုအပ်လေသည်။ ကောင်းဖန်လိုချင်သည်က သားရဲတစ်ကောင်ဖြစ်သည်။ ပျက်စီးနေသော ဆိုးပေတစ်ကောင်မဟုတ်ပေ။

နောက်တစ်နေ့တွင် အဖော်မဲ့ရေခဲခြင်္သေ့သည် ကောင်းဖန်၏ အိပ်ခန်းပြင်တွင်ထိုင်နေပြီး ကောင်းဖန်အား တစ်ညလုံးဗိုက်ဆာနေသော ခွေးတစ်ကောင်၏ အကြည့်များဖြင့်ကြည့်နေလေသည်။‌ ကောင်းဖန်တံခါးဖွင့်လိုက်လျှင် ထိုမြင်ကွင်းကိုအရင်ဆုံးမြင်လိုက်ရသည်။ သူဘယ်အချိန်ထဲကထိုင်နေသည်မသိပေ။

"မင်း အဆင့်နိမ့်တဲ့အစားအစာ‌တွေစားတော့မှာလား"

ခြင်္သေ့သည် မျက်တောင်သာခတ်လိုက်ပြီး ပြန်မဖြေချေ။

"မင်းက ၀မ်ကျဲကျင်း ခြင်္သေ့ဖြစ်ရမယ်"

"ဟင်.. ခြင်္သေ့က ခေါင်းကိုခါယမ်းလေသည်.. ၀မ်ကျဲကျင်းကဘာလဲ"

ကောင်းဖန်သည် သေတ္တာကိုယူလာကာ ဖွင့်လိုက်သည်။ ပြီး‌နောက် ကြမ်းပြင်ပေါ်သို့ချပေးလိုက်သည်။ ခြင်္သေ့သည်ရှေ့သို့တိုးလာကာ စားလေသည်။

အဖော်မဲ့ရေခဲခြင်္သေ့အား ကျွေးပြီးနောက် ကောင်းဖန်သည် ရုတ်တရက် မကျေမချမ်းအကြည့်နှင့်ပင် အနောက်မှနေပြီး အမိဖမ်းလိုက်သည်။ ‌ထို့နောက် နောက်သို့လှည့်ကာ တာ့ဇီကို တိတ်တဆိတ် ကြည့်လိုက်သည်။ အကြည့်ကအဓိပ္ပါယ်များစွာပါလေသည်။ တာ့ဇီက နားလည်သောသဘောဖြင့် ခေါင်းကိုငြိမ့်လေသည်။

“တာ့ဇီ..”

"အဆင်ပြေပါတယ်..ဘာမှရှင်းပြစရာမလိုပါဘူး..အကုန်နားလည်ပါတယ်" ဟုဆိုကာ တာ့ဇီကခြေ‌တံများကိုဝှေ့ယမ်းပြလိုက်သည်။ "လုပ်စရာရှိတာသာသွားလုပ်‌ပါ ဒီခြင်္သေ့ကလေးလေးကို အစာကျွေးထားလိုက်မယ်"

ထို့ကြောင့် တာ့ဇီနှင့်ထားခဲ့ကာ ထွက်လာခဲ့သည်။ တစ်မိနစ်ကုန်ဆုံးသွားသည်။ ထို့နောက် နှစ်မိနစ်..သုံးမိနစ်..

ထောင့်တစ်ခုတွင်လှဲလျောင်းနေရင်း တာ့ဇီကမျက်မှောင်ကျုံ့ကာ ကောင်းဖန်ကပြန်မလာသေးဘူးလား ဟု တွေးလိုက်သည်။

ကျန်တစ်ဖက်တွင် ကောင်းဖန်သည် စံအိမ်မှထွက်လာပြီ စမ်းသပ်ခန်းဆီသို့ ဦးတည်လာသည်။ သားရဲအသစ်တစ်သုတ် ထပ်မံရောက်ရှိနေသည်။ ထိုအထဲတွင် အသစ်ရှာဖွေတွေ့ရှိထားသော သားရဲများပါ၀င်လေသည်။ ကောင်းဖန်သည် ထို့ကြောင့်အလွန်စိတ်အားထက်သန်စွာဖြင့် သားရဲမျိုးစိတ်သစ်များကို ကိုယ်တိုင်ပင် ၀င်ရောက်စမ်းသပ်လေသည်။

ကစားသမားများ ကဒ်လဲလှယ်သကဲ့သို့ပင် သူသည်လည်း ထိုကဲ့သို့ စုဆောင်းမှုကို စွဲလမ်းသူဖြစ်လေသည်။

ရောက်ရှိလာသောသားရဲတို့၏ အခန်းများကို ဖွင့်လိုက်လျှင် ပိုးသတ်ဆေးနံ့ထွက်ပေါ်လာလေသည်။ ကောင်းဖန်၏‌ခြေထောက်နင်းထားသော ကြမ်းပြင်သည်အလွန်ပင်သန့်ရှင်းပြီး အခန်းသည်တိတ်ဆိတ်လျှက်ရှိသည်။ သူလမ်းလျှောက်လိုက်သောခြေလှမ်းတိုင်းက ပဲ့တင်သံပင် ထွက်နေလေသည်။

နောက်ဆုံးကျန်သောအခန်းသည် ဖရဲသီး‌ဆိုဒ်ခန့်ရှိသော ရွှေရောင်ဖား၏ အခန်းဖြစ်သည်။ ၎င်း၏မျက်လုံးများသည် မီးလုံးနှစ်လုံးကဲ့သို့ကြီးမားနေပြီး နောက်ကျောတွင်အဝါရောင်အစင်းများပါရှိသဖြင့် ကြည့်ရသည်မှာ ရွှေရောင်ဖရဲသီးနှင့်ပင်တူ‌သည်။

ကောင်းဖန်မျက်လုံးများသည် ထိုသတ္တ၀ါကိုအကျွမ်း၀င်စွာ ကြည့်‌နေသည်။ သူသည် ယခုပုံစံရှိဖားမျိုးကို တစ်နေရာတွင်မြင်ဖူးနေသကဲ့သို့ ခံစားမိလေသည်။

အခန်းထဲတွင် ကြီးမားသော ရွှေရောင်ဖားက အလည်တည့်တည့်တွင်ထိုင်နေလေသည်။ ပါးများကိုဖောင်းကာ လည်ပင်းမှနေ၍ ဖားအော်သံခပ်အက်အက်ထွက်ပေါ်နေသည်။ ထိုအခြေအနေမှာ ကောင်းဖန်သည်သူ့မှန်ပုံးရှေ့တွင်ပေါ်မလာသေးခင်အခြေအနေဖြစ်သည်။ ရုတ်တရက် ထိုကြီးမားသောရွှေရောင်ဖား၏မျက်လုံးများသည် ပြူးကျယ်လာကြလေသည်။

ပါးစပ်ကိုဖွင့်ကာ လည်ချောင်းဆီမှ တံတွေးများ ရေတံခွန်ကဲ့သို့ပန်းထွက်လာလေသည်။

ကျည်ကာမှန်သည် ပြင်းထန်စွာလှုပ်ခါသွားပြီး ကျယ်လောင်သောအသံပေါ်ထွက်လာလေသည်။

[သားရဲ အမည်]: ရွှေရောင်ဖရဲသီးပုံဖား

[သားရဲ အဆင့်]: အဆင့် ၁၉

[သားရဲ စွမ်းရည်]: အကောင်းဆုံး

[သားရဲ အမျိုးအစား]: သတ္တု

[သားရဲ အားနည်းချက်]: ၁။ မီးအမျိုးအစား ၂။ ၀မ်းဗိုက်ပါတ်၀န်းကျင်

[သားရဲအခြေအနေ]: ကျန်းမာ (‌စိတ်တို)

[သားရဲ ဖော်ပြချက်]: ထူးခြားသောမျိုးကွဲ ဖရဲသီးပုံဖား။ မျိုးနွယ်တူများနှင့်စုဝေးနေထိုင်တတ်ခြင်းမရှိပဲ သီးသန့်ခွဲနေတတ်။ သို့သော် တစ်ချိန်ထဲမှာပင် အကျင့်ဆိုးများအား လက်ဆင့်ကမ်းလာပြီး တံတွေးနှင့်ထွေးတတ်သောအကျင့်ရှိသည်။ စုဝေးနေထိုင်ကြခြင်းမရှိသဖြင့်အန္တရာယ်ကြုံလာလျှင် အသက်ရှင်နိုင်ရန်ခဲယဉ်းလေသည်။

[ပြီးပြည့်စုံသောအဆင့်သို့ မြှင့်တင်ရန်လမ်းကြောင်း]: ၁။ ရွှေရောင်ဖရဲသီးဖားပေါက်ကွဲခြင်း (ဒေါသ ဆင့်ကဲ့ပြောင်းလဲခြင်း)

၂။ ရွှေရောင်ဖားပြုတ် (သတ္တုအဆင့် ဆင့်ကဲပြောင်းလဲခြင်း)

၃။ မီးတောက်ရွှေရောင်ဖားပြုတ် (မီးအမျိုးအစား ဆင့်ကဲပြောင်းလဲခြင်း)

ထိုဖားသည် ဖရဲသီးပုံဖားဆီမှဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကောင်းဖန်က ပထမဆုံးကြည့်လိုက်စဉ်တွင်ပင် ရင်းနှီးနေခြင်းဖြစ်လေသည်။

ဆက်လက်၍ကြည့်ရာ ဒုတိယတစ်ခန်းကအလွတ်ဖြစ်နေသည်။ ဘေးမှအနီရောင်ခလုတ်ကိုနှိပ်လိုက်လျှင် မျက်နှာကြက်‌ပေါ်ရှိ ပိုက်များမှတစ်ဆင့် အနီရောင်ပေါင်ဒါမှုန့်များ ထွက်လာကာ ပမာဏများစွာပက်ဖြန်းလေသည်။

"ဟတ်ချိုး"

အိမ်မြှောင်ပုံသဏ္ဍန် အကောင်အထည် သေချာမမြင်ရသော ကောက်ကြောင်းတစ်ခု နံရံပေါ်တွင်ပေါ်လာလေသည်။ သားရဲသည် ဆယ်လက်မခန့်အရှည်ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်အရောင်သည် နံရံနှင့်တစ်သားထဲဖြစ်နေလေသည်။ နှာချေလိုက်မှသာ အသံကြားမိပြီး သူ၏တည်ရှိမှုကို တွေ့မြင်ရပေသည်။

[သားရဲ အမည်]: တစ်ကိုယ်တော်ပုံရိပ်ယောင် အိမ်မြှောင်

[သားရဲ အဆင့်]: အဆင့် ၂၂ (ကွန်မန်ဒါအဆင့်)

[သားရဲ စွမ်းရည်]: အကောင်းဆုံးအဆင့်

[သားရဲ အမျိုးအစား]: သစ်သား/အဆိပ်

[သားရဲ အားနည်းချက်]: ၁။ သတ္တုအမျိုးအစား ၂။ မီးအမျိုးအစား

[သားရဲ အခြေအနေ]: ကျန်းမာ (အံ့ဩ)

[သားရဲ ဖော်ပြချက်]: သစ်တောထဲ‌တွင်‌သော သေးငယ်သော သတ္တဝါအမျိုးအစား။ ပုန်းကွယ်ခြင်းတွင်ကျွမ်းကျင်၊ ခြေရာခံစရာ လမ်းစကို ဖျောက်နိုင်။ လှဲလျောင်းစောင့်ဆိုင်းကာ သားကောင်ကို ချောင်းမြောင်းတိုက်ခိုက်တတ်။

[ပြီးပြည့်စုံသောအဆင့်သို့ မြှင့်တင်ရန်လမ်းကြောင်း]: ၁။ သစ်သားနဂါးအဆိပ်အိမ်မြှောင်(အဆိပ်အမျိုးအစား ဆင့်ကဲပြောင်းလဲခြင်း)

၂။ အရိပ်မုဆိုးအိမ်မြှောင် (အရိပ် ဆင့်ကဲပြောင်းလဲခြင်း)

နောက်ဆုံးအခန်းတွင် ခေါင်းနှစ်လုံးပါပြီး ပြင်းထန်သောဆူးများဖြင့် ၀က်ဝံရှိလေသည်။ ပြင်းထန်သောဆူးများနှင့် ၀က်ဝံသည် သာမာန်အမျိုးအစားဖြစ်သော်လည်း ခေါင်းနှစ်လုံးပါသည့်မျိုးစိတ်သည် ရှားပါးလေသည်။

သားရဲမျိုးစိတ်အသစ်များကိုအမြဲရှာဖွေနေသည့်တိုင် အလွန်အဖိုးတန်သောမျိုးစိတ်များကို အနည်းငယ်ပင်တွေ့ရလေသည်။

ကောင်းဖန်အတွက်အရေးအကြီးဆုံးအချက်သည် ထိုမျိုးစိတ်များကို မျိုးပွားနိုင်ရန်ရည်ရွယ်ချက်ဖြစ်လေသည်။ ဆိုလိုသည်မှာ ပြင်းထန်သောဆူးများဖြင့် ခေါင်းနှစ်လုံးပါ၀က်ဝံ၊ ရွှေရောင်ဖရဲသီးပုံဖားအစရှိသည့်အဖိုးတန်မျိုးစိတ်များကို မျိုးပွားနိုင်ရန်ဖြစ်ပေသည်။

တစ်ကိုယ်တော် ပုံရိပ်ယောင်အိမ်မြှောင်၏ စွမ်းရည်မှာ လုံခြုံစွာပုန်းအောင်းနိုင်ခြင်းဖြစ်သည်။ ထိုသတ္တဝါများသည် ရှားပါးသားရဲမျိုးစိတ်များဖြစ်‌သောကြောင့် ၎င်းတို့အား သိမ်းထားကာ အရည်အတွက်များစွာမျိုးပွားရမည်။ ၎င်းသားရဲအား တောင်ပိုင်းကောင်းကင်အုပ်စုအတွင်းတွင်ဖြစ်စေ၊ အပြင်၌ပြန်ရောင်းရန်ဖြစ်စေ ကြိုက်သလိုရွေးချယ်ပြုလုပ်နိုင်ပေသည်။

ကောင်းဖန်သည် ကုတ်အင်္ကျီရှည်ထဲတွင် စာအုပ်တစ်အုပ်ထည့်ယူလာလေသည်။ သူသည် တစ်ကိုယ်တော် ပုံရိပ်ယောင် အိမ်မြှောင်ဘေးတွင်အမှန်ခြစ်ခြစ်လိုက်ပြီး ဘေးတွင်လည်း ၎င်းနှင့်သက်ဆိုင်‌သော သတင်းအချက်အလက်တစ်ချို့ ချရေးထားလိုက်သည်။

သူသည် သားရဲများထားသောအခန်းမှထွက်လာပြီး စာအုပ်အား အပြင်တွင်စောင့်နေသော ရှုချင်းကျီကို ပစ်ပေးလိုက်လေသည်။

"သားရဲ တစ်နဲ့သုံးကသိပ်တန်ဖိုးမရှိဘူး..သားရဲနံပါတ်နှစ်က‌တော်တော်အဖိုးတန်တယ်..နောက်ထပ် ထပ်ရဖို့အတွက် ဆက်ပြီးထောက်လှမ်းရမယ်"

"နားလည်ပါပြီ" ရှုချင်းကျီကပြောပြီး စာအုပ်ကိုယူကာ ‌ခေါင်တညိတ်ညိတ်နှင့် မှတ်သားထားသည်။

ထိုတစ်နေ့တည်းပင်မဟုတ်ချေ။ ကောင်းဖန်သည် လွန်ခဲ့သောလအနည်းငယ်တည်းကစတင်ကာ အဖိုးတန် သားရဲမျိုးစိတ်များအားခွဲခြမ်းစိတ်ဖြာနေခြင်းဖြစ်သည်။ ထိုလအနည်းငယ်အတွင်း၌ပင် တောင်ပိုင်းကောင်းကင်အုပ်စုသည်လည်း ဆက်တိုက်ဆိုသလိုပင် သားရဲများစွာကိုစုဆောင်း၍ မွေးမြူထားပြီး‌ သားဖောက်ကြလေသည်။

သားပေါက်ပြီး အရွယ်ရောက်လာသော သားရဲများကို ကောင်းဖန်၏ သွေးရည်ကြည်‌ဆေးများဖြင့် အဆင့်‌ဆင့်ပြောင်းလဲစေကာ တောင်ပိုင်းကောင်းကင်အုပ်စု၏ သက်ဆိုင်ရာအဓိကဌာနများဆီသို့ လွှဲပြောင်းပေးလေသည်။

ကောင်းဖန်သည် ထိုသို့‌သောကိစ္စရပ်များကို ကိုယ်တိုင်လုပ်‌ဆောင်ရန်မလိုပဲ သူ၏လက်အောက်ငယ်သားများကို လုပ်ပိုင်ခွင့်များလွှဲပြောင်းပေးအပ်ထားပြီး ကိုယ်တိုင်ဆုံးဖြတ်စေသည်။ တစ်ခါတစ်ရံကျရှုံးသည်များလည်းကြုံတွေ့ရတတ်သည်။

ကောင်းဖန်သည် ယွိကျိုးမြို့တွင် နှစ်ရက်အကြာနေပြီး လုပ်ဆောင်ရန်ရှိသည်များကို ရှင်းလင်းလုပ်‌ဆောင်ကာ အာကာသကွက်လပ်ဆီသို့ပြန်လေသည်။

ထိုနေ့များမတိုင်ခင်က ပိုင်ယီမြို့ခံများသည် မည်သည့်အရပ်မှရောက်လာမှန်းမသိသော အာကာသကွက်လပ်အကြောင်းတိုင်ကြားထားလေသည်။ ထိုကြောင့်နေရာအချို့အား ပိတ်ထားရသည်။

ကမ္ဘာ့အပြင်တွင် အုတ်အုတ်ကျတ်ကျတ်နှင့် စကားအ‌ချေတင်ဖြစ်ခြင်းများကို ကောင်းဖန်က ဂရုမစိုက်ချေ။ အမှန်တကယ်တွင်အာကာသကွက်လပ်နှင့်ပတ်သတ်၍ ယွိကျိုးမြို့နှင့် တောင်ပိုင်းကောင်းကင်အုပ်စုသည် သဘောတူညီမှုရရှိပြီးဖြစ်သည်။

ထိုအာကာသကွက်လပ်ရှိနေခြင်း‌ကြောင့် ပိုင်ယီဒေသခံများသည် ကြီးမားသောပြောင်းလဲမှုကို ကြုံတွေ့ကြရသည်။ ယခင်က အိုဟောင်းနေပြီး ယိုယွင်းပျက်ဆီးလျှက်ရှိသောမြို့မှာ ယခုအခါ တစ်ဆင့်ချင်းတိုးတက်လာလေသည်။ အိမ်အိုအိမ်ဟောင်းများမှာလည်းအဆင့်မြင့်လာကြပြီး လမ်းများလည်းပိုမိုကျယ်၀န်းအောင် ဆောက်လုပ်လာကြလေသည်။

တစ်ချိန်ထဲမှာပင် ပိုင်ယီမြို့မှဒေသခံတစ်ချို့သည် ကြီးမား‌သောစီးပွားရေးဈေးကွက်စင်တာကို အာကာသကွက်လပ်၏အလည်တွင် တည်ဆောက်ကာ ထိုနေရာတွင်ရွှေ့ပြောင်းနေထိုင်လာကြလေသည်။ အာကာသကွက်လပ်သည်လည်းတစ်စထက်တစ်စ ကြီးမားကျယ်ပြန့်ကာ ယခုအခါတွင် ၁၃‌ ပေအကျယ်နှင့် ပေ ၂၀ အမြင့်ရှိသော အမည်းရောင်တွင်းပုံစံ ဖြစ်လာလေသည်။

ကွက်လပ်၏နံဘေး‌တွင် အဆင့်မြင့်သားရဲလေ့ကျင့်သူတစ်ဦးရှိနေကာ ကွက်လပ်အတွင်းသို့မည်သူတစ်ဦးတစ်ယောက်မှ ၀င်ရောက်လာခြင်းမရှိစေရန် အချိန်ပြည့်စောင့်ကြည့်နေလေသည်။

ကောင်းဖန်သည် မည်သည့်အထောက်အထားမျှပြရန်မလိုအပ်ပေ။ သူ၏မျက်နှာသည် အကောင်းဆုံးအထောက်အထားပင်ဖြစ်သည်။ ယခုဆိုလျှင် ယွိကျိုးမြို့မှသားရဲလေ့ကျင့်သူတော်တော်များများသည် ကောင်းဖန်ကိုမှတ်မိနေကြပြီဖြစ်သည်။ သူသည် ကွက်လပ်အတွင်းသို့၀င်ကာ အနက်ရောင်မြူခိုးကမ္ဘာရှိ အဖော်မဲ့သော၀င်္ကပါသို့ သွားလေသည်။

အဖော်ဖဲ့၀င်္ကပါ၏ အပြင်ဘက်သည် ကျယ်ပြန့်သော မြေပြန့်လွင်ပြင်တစ်ခုဖြစ်သည်။ ထိုအချိန်တွင် ဖိတ်ခေါ်မထားသော ဧည့်သည်တစ်အုပ်စုသည် မြေပြန့်လွင်ပြင်သို့ရောက်ရှိလာကြလေသည်။

ကြီးမားသောဧရာမကားကြီးများသည် လွင်ပြင်ဆီသို့ဦးတည်လာလေသည်။ ၎င်းတို့သွားရာလမ်းတစ်လျှောက်တွင် သဲများအစုလိုက်အပုံလိုက်ဖြစ်ကာ လမ်းကြောင်းထင်ကျန်လျှက်ရှိသည်။

အဆင့်မြှင့်ထားသည့် ပုံမှန်ထပ်ပို၍ကြီးမား‌‌သောကားများသည် သူနှင့်အနီးအနားတွင်ရှိနေကြသည်။ ထိုကားများသည်ရိုးရိုးကားများထပ် အနည်းငယ်နှေးပေသည်။

ကားများထံမှ ဆူညံသံများလည်းထွက်ပေါ်‌နေသည်။

ကားတာယာများသည်အရှိန်ပြင်းစွာဖြင့်ကျောက်စရစ်ခဲများပေါ်တွင်ဖြတ်သန်းမောင်းနှင်လာပြီး အရှိန်နှင့်ထိုးရပ်လိုက်လေသည်။ ကားတံခါးကိုဆွဲဖွင့်ပြီး အမဲရောင်လူတစ်စုတက်သွား‌လေသည်။

ခေါင်းဆောင်ဖြစ်ပုံရသော တစ်ဦးကနေကာမျက်မှန်တပ်ထားသည်။ သူ၏တောင့်တင်းသော ခန္ဓာကိုယ်ပေါ်တွင် ကိုယ်ကြပ်စစ်အင်္ကျီနှင့် ကာကီရောင်ဘောင်းဘီကိုတွဲဖက်၀တ်ဆင်ထားလေသည်။

"အလွန်အံ့ဖွယ်ကောင်းတဲ့မြင်ကွင်းပဲ..တကယ့်ကို ထူးဆန်းတယ်" သူ့ဘေးမှအမဲရောင်၀တ်လူတစ်ဦးက အံ့အားသင့်စွာပြောလေသည်။

ထိုမြေပြန့်လွင်ပြင်၏ရှေ့တွင် ဧရာမကျောက်တုံးနံရံကြီးတစ်ခုက မိုးကိုစက်ဝိုင်းထိအောင်ဖုံးအုပ်လျှက်ရှိပေသည်။ ထိုကျောက်တုံးနံရံပေါ်တွင် ကြီးမားသော နွယ်ပင်များထူထပ်စွာ‌ပေါက်ရောက်နေပြီး နံရံအောက်သို့ပင်တွဲကျနေကြလေသည်။

ကောင်းကင်တွင်အဝါရောင်အလင်းတန်းများဖြင့်တောက်ပလျှက်ရှိပြီး ကြယ်များပြန့်ကြဲနေသကဲ့သို့ပင် ထင်မှတ်ရလေသည်။

"ဒီနေရာက လမ်းညွှန်မြေပုံထဲက အပျက်အစီးတွေရှိတဲ့ နေရာလား" အမဲရောင်၀တ်နှင့်လူကစိတ်လှုပ်ရှားစွာမေးလိုက်သည်။ "ဒါကအံ့ဖွယ်တစ်ခုပဲ"

"ငါတို့ကဒီကိုပထမဦးဆုံးရောက်တဲ့သူတွေပဲ..အဲဒါကြောင့် ရတနာတွေအကုန်လုံးကို ငါတို့ပဲပိုင်ရမယ်" ဗိုက်ရွှဲရွှဲ လူမည်းက မျက်နှာကို‌ပြုံးကာပြောလေသည်။

"အပျက်အဆီးတွေအများကြီးပဲ..ဒါပေမဲ့ ဘယ်သူသိနိုင်မလဲ ..ဒီထဲမှာဘယ်လိုအဖိုးတန်တဲ့အရာတွေရှိမလဲဆိုတာ"

ပိန်ပိန်သေးသေးလူမည်းက ၀င်ပေါက်တစ်ခုကို စိတ်လှုပ်ရှားစွာဖွင့်ညွှန်ပြလေသည်။ " ဟိုးမှာ..ကြည့်လိုက်ပါဦး..၀င်ပေါက်တစ်ခုနဲ့မတူဘူးလား”

"ဘာတွေစောင့်နေတာလဲ..လာမြန်မြန်၀င်သွားကြစို့"

***

သားရဲလေ့ကျင့်သူ

အခန်း ၃၈၄ ကယ်ဆယ်ခြင်း

လူမည်းအုပ်စုသည် နံရံနားသို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ ကြီးမားသောစွမ်းအင်တစ်ခုကို ခံစားမိကြလေသည်။

"ပျံသန်းလို့မရဘူး..ဒီ‌ကောင်းကင်မှာ ဘယ်အရာမှပျံသန်းဖို့မဖြစ်နိုင်ဘူး" သားရဲလေ့ကျင့်သူတစ်ယောက်က မျက်မှောင်ကျုံ့ကာ ပေတစ်‌ထောင်လောက်အကွာမှတဖြည်းဖြည်း နိမ့်ဆင်းကာ ပျံသန်းလျှက်ရှိသော ရွှေရောင်တောင်ပံဖြင့် လင်းတ အားကြည့်ကာ ဆိုလေသည်။

"ဒါက ကျောက်နံရံပေါ်မှာပေါ်လာတဲ့ ထူးဆန်းတဲ့အဝါရောင်အလင်းတန်းကြောင့်ဖြစ်လိမ့်မယ်" လူမည်းတစ်ယောက်ကပြောပြီး ခေါင်းမော့ကာ ထိုအလင်းတန်းအားကြည့်လိုက်လေသည်။ "ဟင်..အလင်းတန်းကဘာလို့ပျောက်သွားတာလဲ"

၎င်းတို့သည် ကျောက်နံရံ၏အဝေးကိုရောက်လာလျှင် အဝါရောင်အလင်းတန်းကိုပြန်လည်တွေ့ရှိရလေသည်။ နံရံ၏‌အောက်ခြေပိုင်းသို့ ရောက်ရှိလာလျှင် ကောင်းကင်ကိုကြည့်လိုက်ပါက သွေးရောင်လွှမ်းသောအရောင်ဖြစ်နေလေသည်။

၎င်းကမ္ဘာရှိကောင်းကင်သည် ထူးခြား‌လေသည်။ မနက်ပိုင်းတွင် ပန်းရောင်အနုဖြစ်သည်။ နေ့လည်ရောက်လာလျှင် အနီ‌ရောင်ဖြစ်လာသည်။ ညနေရောက်လျှင် သွေးရောင်လွှမ်းသော အနီရင့်ရောင်ဖြစ်လာလေသည်။

"ဪ မမြင်ရဘူးဆို‌တော့လည်း မမြင်ရဘူးပဲပေါ့..အဲဒါတွေက ဘာမှသိပ်အရေးမကြီးပါဘူး" ဗိုက်ရွှဲရွှဲနှင့်လူမည်းက စိတ်မ၀င်စားသလိုပြောလေသည်။

တိတ်ဆိတ်နေကြဆဲမှာပင် ၎င်းတို့ထဲမှ အဖြူနှင့်အမဲရောင်ရောစပ်ထားသော ပျားရည်ခွေးတူ၀က်တူတစ်ကောင်သည် စားတော့ဝါးတော့မလိုအန္တရာယ်ပြုမည့်ဟန့်ဖြင့် အော်လေသည်။

နေကာမျက်မှန်တပ်ထားသောလူမည်း၏ အသွင်မှာ အနည်းငယ်ပြောင်းလဲလာသည်။ "သတိထားကြ..၀င်‌ပေါက်နားကနေ တစ်ခုခုထွက်လာသလိုပဲ" ထိုစကား‌ပြောလိုက်အပြီးတွင် သူတို့အောက်မှကမ္ဘာမြေကြီးသည် ရုတ်တရက် လှုပ်ခတ်သွားလေသည်။

ကြီးမားသောသားရဲတစ်ကောင်သည် ထောင့်ချိုးမှနေ၍ ရုတ်တရက်အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည်။ ၎င်း၏ သွေးရောင်အမွှေးများသည် ရှုပ်ပွလျှက်ရှိပြီး မျောက်ဝံသဏ္ဍာန်ဦးခေါင်းနှင့် ရက်စက်ကြမ်းကြုတ်မည့်အငွေ့အသက်ကိုရရှိလေသည်။ ကြီးမားသောကိုယ်ပေါ်တွင် တိုက်ပွဲ၌အသုံးပြုသော ပုဆိန်ကိုကိုင်၍ ၀င်္ကပါအပေါက်၀မှ လျှင်မြန်စွာ ပြေးထွက်လာလေသည်။

"ဒါကဘာကြီးလဲ.." တုန်လှုပ်စွာဖြင့်တစ်ယောက်ကဆိုလိုက်သည်။

"တိုက်ခိုက်ကြမယ်.. ငါတို့ကို လာ‌အကျောခံလို့မဖြစ်ဘူး..ငါတို့က သူ့တို့ကိုနိုင်မှ အသက်ရှင်နိုင်မယ်" နေကာမျက်မှန်နှင့်လူကဟစ်ကြွေးလိုက်လေသည်။

ထိုသတ္တဝါကြီး၏နောက်တွင် အဖြူအနက်‌အရောင်များဖြင့်ဖုံးကွယ်ထားသော ပုံရိပ်တစ်ခုကရှေ့သို့ထွက်လာလေသည်။

"လူသားလား..” ဝင်္ကပါ‌စောင့်ကြည့်သူများက ဝင်္ကပါ‌၏ ထွက်ပေါက်တွင် လူတစ်အုပ်စုရပ်စောင့်နေသည်ကိုကြည့်ကာ ထိတ်လန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော ၎င်းတို့အားကြည့်ရသည်မှာ တစ်စုံတစ်ခုအားပြင်းပြင်းထန်ထန်ဒေါသထွက်နေပြီး ရက်စက်ကြမ်းကြုတ်မည့်ပုံပေါ်သောကြောင့်ပင်ဖြစ်သည်။

ဝင်္ကပါ‌စောင့်ကြည့်သူတို့၏ စိတ်နှလုံးများသည် မျှော်လင့်ချက်ပျက်သုဉ်းကုန်ကြသည်။ "ငါဒီလောက်အဝေးဆုံးကိုပြေးလာပေမယ့် မင်းတို့လူသားတွေက ငါ့ကိုခုထိအလွတ်မပေးသေးပါလား..တကယ့်ကို သည်းမခံနိုင်စရာပဲ"

ဝင်္ကပါ‌စောင့်ကြည့်သူသည် သူ၏ ပူဆွေးမှုနှင့်ဒေါသကိုထိန်းမထားနိုင်ပေ။ ပြိုင်မြင်းများ၏ ခွာသံများသည်တဖြည်းဖြည်းနီးကပ်လာလေသည်။ အခြေအနေမှာ တစ်ဖက်ကစိတ်ဓါတ်တက်ကြွကာ တစ်ဘက်တွင် ကြီးမားသောကြောက်ရွံ့မှုကိုခံစားနေကြရသည်။ အပြင်ဘက်တွင် အနက်ရောင်အရိပ်စွမ်းအင်လွှမ်းခြုံလျှက်ရှိပြီး မြင်းခွာသံများသာ ထွက်ပေါ်နေလေသည်။

အနက်ရောင်အရိပ်စွမ်းအင်က တဖြည်းဖြည်းကြီးမားလာသည်။

ရွှံ့ညွန်ကဲ့‌သို့‌သောစွမ်းအင်တစ်ခုက ၎င်းတို့အားလုံးအပေါ်သက်ရောက်လာလေသည်။ ၎င်းတို့၏ခန္ဓာကိုယ်များသည် အမည်းရောင်နွံထဲသို့ဝါးမျိူခြင်းကိုခံနေကြရသည်။ ထိုအချိန်တွင် သားရဲလေ့ကျင့်သူများ၏ အခြေခံ အကာအရံသည် အသက်၀င်လာလေသည်။

အနက်ရောင်အရိပ်စွမ်းအင်သည် အကာအရံအား ဆက်တိုက်ဖြိုချနေသည်။ အခြေခံအကာအရံများသည် လေထဲတွင်ထွန်းထား‌သောဖယောင်းတိုင်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေသည်။

တစ်ခုသော အခြေခံအကာအရံသည် အနက်ရောင်စွမ်းအင်၏တိုက်စားခြင်းကို လုံးလုံးလျားလျားခံရလေသည်။ တီကောင်ကအပေါက်ဖောက်ကာစားလိုက်သကဲ့သိုပင် အကာအရံသည်လည်း တဖြည်းဖြည်းပေါက်လာကာ ‌ပျောက်ပြယ်လေသည်။

ခြကောင်များ အသားစားသကဲ့သို့ပင် အနက်ရောင်အရိပ်စွမ်းအင်သည်လည်း ၎င်းတို့အား တွင်းထဲသို့စိမ့်၀င်ထိုးဖောက်စေသည်။ လူမည်းတစ်ယောက်သည် သနားစရာကောင်းစွာ အော်ဟစ်မြည်ကြွေးလျှက် အရိပ်စွမ်းအင်အတွင်းနစ်မြုပ်သွားပြီး ဗွက်အိုင်ကဲ့သို့အရည်များထွက်လာလေသည်။

ဝင်္ကပါ‌စောင့်ကြည့်သူများက ဒေါသတကြီးအော်ဟစ်ကာ လေထဲတွင် ပုဆိန်ကိုမြှောက်ကိုင်လာကြပြီး အောက်သို့ရွယ်ကာပြင်းပြင်းထန်ထန် ခုတ်ကြလေတော့သည်။

မြေကြီးများက ကွဲအက်ကုန်ကြပြီး ဆယ်ပေအကျယ်ရှိသောချောက်နက်တစ်ခုဖြစ်လာသည်။ မရှောင်တိမ်းနိုင်သောသူများသည် နေရာတွင်ပင်နှစ်ပိုင်းပြတ်ကုန်ကြသည်။ သွေးများနှင့် အူကလီစာများ အပြင်ဘက်တွင်ပြန့်ကြဲကုန်ကြသည်။ ပြင်းထန်ဆိုးရွားသော အနံ့ဆိုးများကြောင့် ကျန်ရှိသော သားရဲလေ့ကျင့်သူတို့မှာ ဖျော့တော့လာကြသည်။ ဒီလောက်ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးတွေ ဝင်္ကပါ‌ထဲမှာဘာလို့ရှိ‌နေကြတာလဲ..

ပျားရည်ခွေးတူ၀က်တူသည် မှုန်ဝါးလာ‌ပြီး တဒင်္ဂအတွင်း အရိပ်အဖြစ်သို့ပြောင်းလဲသွားလေသည်။

ဝင်္ကပါ‌စောင့်ကြည့်သူ၏ ရင်ဘတ်တွင် ရှည်လျားသောခြစ်ရာသုံးချက်ထင်နေသည်။ သို့သော် ကြီးမားသော၎င်းတို့ခန္ဓာကိုယ်ပေါ်တွင် ဤမျှလောက်သောခြစ်ရာသည် မပြောပြလောက်ပေ။ အရေပြားအပေါ်ယံလောက်ပင် ထိခိုက်ခြင်းဖြစ်သည်။

ဧရာမပုဆိန်ကြီးအား ဒေါင်လိုက်မြှောက်ကိုင်လိုက်သောအရှိန်ဖြင့် လေထဲတွင် အမှိုက်နှင့် ကျောက်စရစ်ခဲများပင်ပါလာ‌လေသည်။ ကော်မန်ဒါအဆင့်သားရဲနှစ်ကောင်သည် လေထဲတွင်အ၀တ်ရုပ်များကဲ့သို့ ပျံတက်သွားပြီး မြေပေါ်သို့ပြန်ကျလာလေသည်။ ၎င်းတို့၏ကံကြမ္မာအားမသိနိုင်တော့ပေ။

နေကာမျက်မှန်နှင့်သူ၏ အမူအရာပြောင်းလဲသွားသည်။ ထိုသားရဲများသည် သူယခင်ကတွေ့ဖူးသည်များနှင့်ယှဉ်လျှင် အလွန်ကြောက်စရာကောင်းနေသည်။ အလွန်ပင်ပြင်းထန်ပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် ကြီးမားသောခန္ဓာကိုယ်အရွယ်အစားတို့ရှိကြသည်။ အဓိကအရေးကြီးသောအချက်မှာ ၎င်းတို့တွင် စအိုမပါရှိကြပေ။

ရက်စက်ကြမ်းကြုတ်သောအမည်းရောင်ခွေးတူ၀က်တူများ၏ အထူးတိုက်ခိုက်ချက်မှာ ရန်သူ၏အောက်ပိုင်းနေရာကိုအဓိက တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် ထိုဧရာမကောင်ကြီးများသည် ဘောင်းဘီဂွကြားနေရာမရှိသဖြင့် ၎င်းအားနည်းချက်ကိုမမိနိုင်ပေ။

ဝင်္ကပါ‌စောင့်ကြည့်သူ၏ အောက်ဘက်ခြေထောက်များသည် အရှိန်နှင့်ပြင်းထန်စွာခုတ်ခြင်းခံရလေသည်။ သွေးများကဒဏ်ရာမှကျဆင်းလာကြသော်လည်း အရိုးကိုထိခိုက်မှုမရှိချေ။

ပုဆိန်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ရွံများလေထဲတွင် လွင့်စင်လာလေသည်။

သို့သော် ထိုပုဆိန်ချက်က ခွေးတူ၀က်တူကောင်အားထိခိုက်သွားခြင်းမရှိပေ။ ခွေးတူ၀က်တူသည် ကျွမ်းကျင်သွက်လက်စွာ လှစ်ကနဲဖြင့် ဝင်္ကပါ‌စောင့်ကြည့်သူ၏ ခန္ဓာကိုယ်နားသို့တိုးကပ်သွားလေသည်။

အကြိမ်ပေါင်းများစွာလွဲချော်ပြီးသည့်နောက် ဝင်္ကပါ‌စောင့်ကြည့်သူသည် လှုပ်ရှားမှုကို ရပ်တန့်လိုက်သောအခါ ပတ်၀န်းကျင်ကပို၍ အေးစက်လာလေသည်။ စိတ်ရှုပ်‌စရာကောင်းအောင်လျှင်မြန်လှသောသားရဲကောင်အား မလိုက်တော့ပဲလက်လျှော့လိုက်ကာ လူမဲများဘက်ကို လှည့်ပြီး တိုက်ခိုက်လေသည်။

“မလုပ်ပါနဲ့..ကယ်ကြပါဦး"

“စီဝေ ကယ်ပါဦး”

သနားစရာကောင်းစွာအော်မြည်သံနှင့်အတူ သွေးများမြေပြင်ပေါ်သို့ကျဆင်းလာကြလေသည်။

"ဘာလို့ ဝင်္ကပါ‌စောင့်ကြည့်သူ‌တွေက မင်းကိုပြန်မတိုက်ခိုက်ကြတာလဲ.. မင်းရဲ့အဆောင်ကကာ‌ကွယ်ပေးနေတာတော့မဖြစ်နိုင်ဘူး" ကောင်းဖန်က အေးခဲထားသောအသီးကို လက်သည်းဖြင့်ဆိတ်ကာ အဖော်မဲ့ရေခဲခြင်္သေ့အားကျွေးလေသည်။

ခြင်္သေ့က အသီးအားတစ်ကိုက်ကိုက်ကာမျိုချလိုက်ပြီး ပလုပ်ပလောင်းနှင့်ဆိုလေသည်။ "ဟုတ်တာပေါ့..အဲဒီလောက်တော့မရိုးရှင်းနိုင်ဘူး..ပြီးတော့ငါက ဝင်္ကပါထဲမှာ ကန့်သတ်ချက်တွေ ပြဌာန်းထားခဲ့တာ..ငါနဲ့ထိပ်တိုက်တွေ့မယ်ဆိုရင် ငါရဲ့အေးခဲခြင်းအရှိန်အဝါကြောင့် သူတို့အကုန်ရေခဲတုံးဖြစ်ကုန်လိမ့်မယ်"

ခြင်္သေ့သည်အမှန်တကယ်ပင် နန်းတော်တွင်အစီအမံလုပ်ထားခဲ့ခြင်းဖြစ်သည်။ဝင်္ကပါ‌စောင့်ကြည့်သူတို့သည် မတတ်သာသည့်အဆုံး ခြင်္သေ့သ‌ဘောအတိုင်း သူဦးဆောင်ရာသို့ ပြန်ပို့ခြင်းခံကြရသည်။ "ဒါဆို မင်းက ငါ့ကို ဘာလို့ တိုက်ခိုက်ခဲ့တာလဲ"

"ဘာလို့လဲဆို မင်းကလူသားဖြစ်နေတာကို" ခြင်္သေ့ကရိုးရှင်းစွာဖြေသည်။

ငါကလူသားမို့လို့..” ကောင်းဖန်က ထပ်ပြီး တိကျသောအဖြေကို‌ ဆက်မေးလျှင် ခြင်္သေ့က ထပ်ဖြေရန်ငြင်းဆန်ကာ တခြားခေါင်းစဉ်ကိုပြောင်းလေသည်။

"ညာဖက်ကိုဆက်သွားရင် ဝင်္ကပါ‌ရဲ့ထွက်ပေါက်ပဲ..ဘယ်ဘက်ကိုတော့ ငါလည်းမသွားတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ..အပြင်မှာဘာရှိမလဲလဲ ငါမသိဘူး" ထိုကဲ့သို့ပြောပြီး ပြင်းထန်သောတိုက်ပွဲအသံကိုကြားလိုက်ရသည်။ "ဒါကစစ်ပွဲပဲ”

"မြန်မြန် မြန်မြန်.. ဒီကအမြန်သွားကြစို့..” ခြင်္သေ့ကစိတ်မရှည်စွာဆိုသည်။ "အမြန်သွားပြီး ဒီအခြေအနေထဲက အကျိုးအမြတ်တစ်ခုခုရအောင်ယူရမယ်.. ငါသဘောအကျဆုံးက သူများဆီကနေအကျိုးအမြတ်ရလိုက်ဖို့ပဲ"

တာ့ဇီက ကောင်းဖန်ဘေးမှ ပျင်းရိစွာ ပျံသန်းလာလေသည်။ သူကမျက်မှောင်ကျုံ့ကာ ခြင်္သေ့အားစိုက်ကြည့်ပြီး အကဲခတ်နေလေသည်။ "ကောင်းဖန်အရင်လိုတောင် ငါနဲ့နေ့တိုင်းမကစားရတာ ကြာပြီ..အဲဒါအဲဒီ စိတ်ရှုပ်စရာကောင်းတဲ့ ခြင်္သေ့ဖြူကြောင့်"

တာ့ဇီသည် မျက်လုံးများကို ပတ်ချာလည်လှည့်ကြည့်နေသည်။ သူသည် ဘယ်လိုဆိုးသွမ်းသော အကြံအစည်မျိုး ကြံစည်နေမည်ကို မည်သူမှမသိနိုင်ပေ။

ဖလန်မီက တာ့ဇီအား တိတ်တဆိတ်ခိုးကာ တစ်ချက်ကြည့်လိုက်‌ပြီး အကြည့်ကို လျှင်မြန်စွာ ပြန်လွှဲလိုက်သည်။ တာ့ဇီနဲ့ခြင်္သေ့တို့ တိုက်ခိုက်ကြမည်ဆိုလျှင် နှစ်ယောက်ထဲမှ တစ်ယောက်ဖြင့် စာချုပ်ပျက်မည်ဖြစ်သည်။ "ဒီအချက်ကငါအတွက် အခွင့်အရေးပဲ.. ငါဒီအခွင်‌အရေးကို ဆုပ်ကိုင်ပြီး ကောင်းဖန်ရဲ့ ချစ်ခင်မှုကိုရအောင်လုပ်ရမယ်"

သူတို့သည်ဝင်္ကပါ‌ထဲမှထွက်လာကြလျှင် ဝင်္ကပါ‌စောင့်ကြည့်သူတို့သည် လူသားများနှင့်တိုက်ပွဲဖြစ်နေသည်ကိုတွေ့ရလေသည်။ တိုက်ပွဲဆိုသည်ထက်ပင် တစ်ဖက်သက်ဆန်လွန်းနေပေသည်။

"ဂိုဒီ..သူတို့ကိုသွားကယ်လိုက်" ဂိုဒီကဘာမှပြန်မပြောပေ။ သူ့ခြေထောက်များကလှုပ်ရှားလာပြီး ဝေဝါးလာကာ ရှေ့သို့တစ်ဟုန်ထိုးပြေးလေသည်။

ဗိုက်ရွှဲရွှဲလူမည်းက သနားစရာအကြည့်ဖြင့် သူ့နားကိုတဖြည်းဖြည်းတိုးကပ်လာသော ဝင်္ကပါ‌စောင့်ကြည့်သူအားကြည့်‌နေလေသည်။ ရုတ်တရက် ဝင်္ကပါ‌စောင့်ကြည့်သူ၏လမ်းကြောင်းသည် ရေခဲလာပြီး ကြောက်မက်ဖွယ်ရာကောင်းသည်ကို မြင်လိုက်ရကာ လှည့်ကာပြေးလေသည်။

***

စာစဉ် ၂၄ ပြီး၏။

All Chapters