အခန်း (၃၈၉-၃၉၂)
Vol. 25 Ch. 389-392
အခန်း ၃၈၉ ကန့်သတ်ချက်
အဖြူရောင်သတ္တုအသွားနှင့်သားရဲ၏ ဖောက်ခွဲစွမ်းအင်သည် အထင်ကြီးစရာကောင်းလောက်အောင် ပြင်းထန်လေသည်။ အကယ်၍ ဂိုဒီ၏တန်ပြန်တိုက်ခိုက်စွမ်းရည်သည် ကြိုတင်၍ပေါ်မလာခဲ့လျှင် ထိုအဖြူရောင်သားရဲသည် ဂိုဒီအား အေးဆေးစွာပင် အနိုင်ရပေလောက်သည်။
ဂိုဒီသည် တိုက်ပွဲအတွင်းတွင် ၎င်းသားရဲကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ သို့သော်လည်း ဂိုဒီသည် ဒဏ်ရာဗရဗွနှင့် သွေးများကျဆင်းနေသည့်တိုင် ကောင်းဖန်ရောက်မလာခင်ပင် ပြန်လည်၍ ထလာနိုင်ပေသည်။
ယင်ယန်ပန်းသည် ဂိုဒီအား သနားစာနာစွာဖြင့် ခေါင်းကိုခါယမ်းလေသည်။ ထို့နောက် သူ၏ခေါင်းဆီမှအဖြူရောင်အလင်းတန်းစက်၀န်းတစ်ခုထွက်ပေါ်လာပြီး ဂိုဒီဆီသို့ ပျံသန်းသွားလေသည်။
ထိုအဖြူရောင်အလင်းစက်၀န်းသည် ဂိုဒီ၏ခန္ဓာကိုယ်ထဲသို့ စိမ့်၀င်သွားလေသည်။ ထိုအခါတွင် ဂိုဒီသည် ယခင်ကထက် ဒဏ်ရာခံနိုင်စွမ်း၊ ကုသနိုင်စွမ်းတို့ ပိုမိုမြင့်တက်လာပေသည်။ သို့သော်လည်း ဒဏ်ရာများဆီမှသွေးများ များစွာထွက်လျှက်ပင်ရှိလေသည်။
ယင်ယန်ပန်း၏ခေါင်းပိုင်းဆီမှ အဝါရောင်ရှိသောအပွင့်များစွာ ထွက်ပေါ်လာလေသည်။ ထိုအပွင့်များသည် အဖြူရောင်နှင်းလေထီးအသေးစားလေးများကဲ့သို့ပင် လေထဲတွင် ဝဲပျံနေကြပေသည်။ ၎င်းအပွင့်များသည် ဂိုဒီ၏ဒဏ်ရာများပေါ်သို့ ကျရောက်လျှင် ဒဏ်ရာသည်ချက်ချင်းပင် သွေးတိတ်သွားလေသည်။ တစ်ချို့သော ဒဏ်ရာအသေးစားများသည်လည်း ချက်ချင်းပင် သက်သာပျောက်ကင်းကုန်ကြတော့သည်။
ယင်ယန်ပန်းသည် သူ၏ခေါင်းမှ အပွင့်များအား များစွာအသုံးပြုပြီးသောအခါတွင် ကုန်လုနီးပါးဖြစ်လာပြီး ၎င်း၏ခေါင်းနှင့် အရွက်များကြားတွင်ပင် ကြီးမားစွာ ကွာဟလာလေတော့သည်။ ထို့နောက်၎င်းသည် ထိုအခြေအနေကို ရှက်ရွံ့အားငယ်စွာဖြင့် "ငါအကုန်လုံးကိုသုံးလိုက်ပြီးပြီ" ဟု ပြောလိုက်သည်။
"ဒီမှာ" သစ်ပင်တွင်ချိတ်ကာ ကျန်နေသော အရွက်တစ်ရွက်ကို ဒန်ဘီက ပန်း၏အဟကြားတွင် သေချာစွာပြန်လည်တပ်ဆင်ပေးလိုက်လေသည်။
"ဟင်" ယင်ယန်ပန်းက ဒန်ဘီအားကြည့်လိုက်ပြီး ခေါင်းပေါ်မှ အရွက်သည်အလွန်ကြီးမားသလိုပင်ခံစားလိုက်ရသည်။
"မင်း ဒီအရွက်ကို ဦးထုပ်လိုဆောင်းထားလို့တောင်ရတယ်..မင်းကအဲလိုဆိုလည်းကြည့်ကောင်းတာပဲ" ဒန်ဘီကဘာမှမဖြစ်သလိုပင် ပြောလေသည်။
ယင်ယန်ထပ်တစ်ရာပန်းသည် ပို၍မျက်နှာပူသွားပြီး အရွက်နှင့်တူသောအခက်အလက်တစ်ခုဖြင့် မျက်နှာအားဖုံးကွယ်လိုက်လေသည်။
ဂိုဒီအားအမိန့်ပေးကာ ကျန်သောသူများအားလည်း အဖြူရောင်သားရဲအားမျက်ခြေမပျက်စောင့်ကြည့်စေသည်။ ကောင်းဖန်သည် ကျောက်ထရံမျက်နှာပြင်တွင် ပေါက်ရောက်နေသော သစ်ပင်ကိုလှမ်းကြည့်လိုက်လေသည်။
[အသီး အမည်]: အယောင်ဆောင်အသွင်သစ်သီး
[စွမ်းအင်]: ထိုအသီးအားစားသုံးလိုက်ပါက စားမိသောသားရဲသည် ၎င်း၏ကိုယ်ခန္ဓာအရွယ်အစားကို အဆတစ်ထောင်ခေါက်ချိုး ပြောင်းလဲနိုင်သည်။
"အဆတစ်ထောင်ခေါက်ချိုး.."
ကောင်းဖန်ကမျက်မှောင်ကျုံ့ကာစဉ်းစားမိလေသည်။ "ငါတော့ ဒီပမာဏက မဖြစ်နိုင်လောက်ဘူးထင်တယ်.. သားရဲတွေရဲ့ အရပ်ကို အဆတစ်ထောင်ရှည်စေဖို့ ဒီအသီးက အထောက်အကူဖြစ်တာ ဟုတ်နိုင်ပါ့မလား.. အလျား၊ အနံ၊ အမြင့်တွေအကုန်လုံးပေါင်းမှသာ သားရဲတစ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထုထည်တစ်ခုအဖြစ် ပြည့်စုံမှာ အဲဒါကြောင့် ဆိုလိုတာက ဒီသုံးခုပေါင်းခြင်းရဲ့မှ ဆယ်ဆကိုဆိုလိုတာဖြစ်မယ်"
"ဥမမာအနေနဲ့ သစ်သီးကိုစားလိုက်ရင် ပေ၃၀ အရပ်ရှိတဲ့သားရဲက ၃ပေ လောက်အထိကျုံ့နိုင်မယ် ဒါမှမဟုတ်ရင် ပေ ၁၀၀ လောက်အထိအရပ်ရှည်ထွက်လာစေမယ်"
ပန်းက ကောင်းဖန်အား သူ၏ထိုအတွေးကို ပြောပြလေသည်။ ကောင်းဖန်က မျက်လုံးလှန်ကြည့်လိုက်သည်။ ပိုပြီးသေချာတိကျရန် ကောင်းဖန်သည် ရေခဲခြင်္သေ့အားနာမည်အဖျားစွတ်ကာ ခေါ်လိုက်မိလေသည် "အဖော်မဲ့ခြင်္သေ့လေး"
ကောင်းဖန်သည် ရှောင်ကောင်းအား ကလေးဆန်ဆန်နာမည်ပေးပြီးကတည်းကပင် သူ၏ကိုယ်ပိုင်သားရဲများကို ထိုကဲ့သို့နာမည်များမပေးတော့ရန်ဆုံးဖြတ်ထားလေသည်။
ယခုတွင် အယောင်ဆောင်အသွင်သစ်သီးများအား သစ်ကိုင်းတစ်ခုပေါ်တွင်တွေ့ရလေသည်။ ထိုအသီးအား အဖြူရောင်သတ္တုသားရဲက တစ်လုံးစားလိုက်ပြီးဖြစ်သည်။ ထို့ကြောင့်ကျန်ရှိသော သစ်သီးငါးလုံးအား ယူဆောင်ကာ ကောင်းဖန်သည် ထိုနေရာမှ ထွက်ခွာရန်ပင်ရှိတော့လေသည်။
ကောင်းဖန်သည်အသီးအား အပင်ပေါ်မှ စတင်၍ခူးလေသည်။ ခူးပြီးလျှင် အပင်၏အမြစ်ကိုပါ သူ၏လက်ဖြင့်ဆွဲနှုတ်ကာ သယ်ယူပြီး တောင်အောက်သို့ဆင်းလေသည်။
အဖြူရောင်သားရဲသည် ဂိုဒီနှင့်ယှဉ်ပြိုင်နေရင်းမှပင် ကောင်းဖန်က အပင်အားဆွဲနှုတ်လိုက်သည်ကို မြင်လိုက်လေသည်။ ထိုအပင်သည် သူ့အတွက် ကမ္ဘာပေါ်တွင် အလွန်တန်ဖိုးအထားဆုံး ရတနာကဲ့သို့သောအပင် ဖြစ်လေသည်။
ထိုအသီးများမှာ ခန္ဓာကိုယ်နှင့်ပတ်သတ်ပြီး ကျေနပ်မှုမရှိသော သားရဲများအတွက် ပြည့်စုံခြင်းကို ဖြစ်စေနိုင်သော ကမ္ဘာပေါ်ရှိတစ်ခုတည်းသော အပင်ဖြစ်သည်။ ၎င်းသစ်သီးသည် တစ်ခါစားပြီးလျှင် ခန္ဓာကိုယ်အရွယ်အစား ကြီးမားလာခြင်းကို ကြာရှည်ထိန်းသိမ်းထားနိုင်ပေသည်။ ဆာလောင်လာသောအချိန်တွင် ၎င်းသည်နဂိုမူလအနေသို့ ပြန်လည်ကျုံ့သွားပြီး အယောင်ဆောင်အသွင်အသီး၏အစွမ်းသည် ကုန်ဆုံးလေသည်။
ထို့ကြောင့်အစာစားချိန်များသည် ထိုအဖြူရောင်သားရဲမနှစ်သက်ဆုံးသောအချိန်ဖြစ်သည်။ အလွန်ဆာလောင်လာသောအချိန်တွင် ခန္ဓာကိုယ်ကမူလအခြေအနေသို့ပြန်လည်ရောက်ရှိကာ တောင်တစ်ဝိုက်တွင်အစာရှာ အမဲလိုက်ထွက်ရလေသည်။ ထိုအတွက်ကြောင့် သေးငယ်သောအဖြူရောင်သတ္တုအသွားနှင့်သားရဲအတွက် အယောင်ဆောင်အသွင်သစ်သီးသည် တစ်ခုတည်းသောပျော်စရာပင်ဖြစ်လေသည်။
"မင်းစိတ်မရှိဘူးဆိုရင် ငါတို့ဒီအပင်နှစ်ပင်ကိုယူသွားမယ်နော်" ကောင်းဖန်ကပြုံးလျက်ပြောလေသည်။
အဖြူရောင်သားရဲက အရှက်မရှိမျက်နှာပြောင်သောသူအား စိုက်ကြည့်လိုက်လေသည်။ သူ၏ဘ၀တွင် ထိုကဲ့သို့အရှက်မရှိသောလုပ်ရပ်မျိုး မတွေ့ဘူးခဲ့ချေ။
"သေချာတာကတော့ ငါတို့ကဒီအပင်တွေကိုယူသွားရင် မင်းကိုပါအတူတူခေါ်သွားရမှာပေါ့..မင်းရောဘယ်လိုသဘောရလဲ"ကောင်းဖန်က ထပ်ပြောလိုက်လေသည်။
အဖြူရောင်သားရဲ၏မျက်လုံးများပြူးကျယ်လာကာ "ဒီကောင့်ရဲ့ မိုက်ရိုင်းမှုတွေကို ငါလျှော့တွက်လိုက်မိတယ်..ဘာလို့အဲလောက်တောင် အရှက်မရှိမျက်နှာပြောင်တိုက်ရဲရတာလဲ" ဟု တွေးလိုက်သည်။
တောင်အဆင်းလမ်းသည် အတက်လမ်းထက်ပင် ခက်ခဲလျက်ရှိပေသည်။ နေသည် မိုးကုတ်စက်ဝိုင်းကိုကျော်၍ တဖြည်းဖြည်း၀င်စပြုနေလေသည်။ ၎င်းတို့အားလမ်းပြရန် ရွှေရောင်အစင်းကြားနှင့်လိပ်မပါတော့သည့်အတွက် ကောင်းဖန်သည် မနက်ပိုင်းတွင် လိပ်နှင့်အတူ လာရာလမ်းကြောင်းရှိ ခြေရာများကိုလိုက်ကာ ပြန်လည်ဆင်းကြရန်မှာ အကောင်းဆုံးဖြစ်သည်ဟု ထင်မိသည်။
တဖြည်းဖြည်းနှင့် ညဉ့်နက်လာလေသည်။ ကောင်းဖန်သည် တောင်ပေါ်တွင်တစ်ညအိပ်ပြီး နောက်နေ့မနက်လင်းမှပင် ခရီးဆက်ရန် ဆုံးဖြတ်လိုက်လေသည်။
အဖော်မဲ့ရေခဲခြင်္သေ့နှင့် သွေးစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် ကောင်းဖန်သည် မည်သည့်သားရဲနှင့်မျှစာချုပ်ထပ်မချုပ်တော့ရန် ဆုံးဖြတ်ထားလေသည်။ သူ့တွင် ထိုသို့လုပ်နိုင်ရန် အင်အားလည်း မကျန်တော့ပေ။
သူ့အဖွဲ့တွင် ကိုယ်ပိုင်သားရဲများပိုမိုများပြားလာလေ သူ၏ကိုယ်ပိုင်သားရဲများအပေါ်ဖြစ်စေချင်စိတ်များ များပြားလာပြီး သူကျေနပ်သည်အထိ သားရဲများအားလုံးကို ထိန်းချုပ်နိုင်ရန်မလွယ်ကူတော့ပေ။
သို့သော်လည်း ၎င်းတို့အကုန်အနားယူနေကြသောအချိန်တွင် ခြင်္သေ့က ကောင်းဖန်နားသို့ ရုတ်တရက်ထလာကာ ကောင်းဖန်အား ထိုအဖြူရောင်သားရဲနှင့် သွေးစာချုပ်ချုပ်ရန် အကြံပေးလေသည်။
"ငါမှာရှိတဲ့ ကိုယ်ပိုင်သားရဲတွေနဲ့တင် လုံလောက်နေပါပြီ..မင်းကဘာလို့ သူနဲ့စာချုပ်ချုပ်စေချင်ရတာလဲ”
"မင်းရဲ့အဖွဲ့ထဲမှာ လုပ်ကြံသတ်ဖြတ်သူ အမျိုးအစား မပါသေးဘူး" ခြင်္သေ့က ကောင်းဖန်၏မျက်လုံးများအား တည့်တည့်ကြည့်ကာ ဆိုလေသည်။ "ငါထင်တာတော့ မင်းမှာ အရည်အချင်းရှိတဲ့အဖွဲ့မျိုး ပေါင်းစပ်ဖွဲ့စည်းနိုင်ဖို့ အမြင်လိုသေးတယ်ထင်တယ်"
"အဲဒါဆိုလည်း အရည်အချင်းရှိတဲ့အဖွဲ့မျိုး ဖွဲ့စည်းနိုင်မဲ့ မင်းရဲ့အကြံကို ပေးစမ်းပါဦး" ကောင်းဖန်က ရယ်ချင်စွာဖြင့် ခြင်္သေ့အားမေးလိုက်သည်။
"အဲလိုအဖွဲ့အစည်းမျိုးဆိုတာ ဘယ်အချိန်အခါမဆို ဘယ်လိုပတ်၀န်းကျင်နဲ့မဆို ရင်ဆိုင်နိုင်စွမ်းရှိနေရမယ်" ခြင်္သေ့ကပြောသည်။
"မင်းကဒါတွေ ဘယ်ကသင်လာတာလဲ" ကောင်းဖန်ကသိချင်စိတ်ဖြင့်မေးလေသည်။
"ဒါကမင်းကိစ္စမဟုတ်ပါဘူး..အဖြူရောင်သတ္တုအသွားနဲ့သားရဲက အနက်ရောင်သတ္တုအရိပ်သားရဲအဖြစ် အဆင့်တက်လာနိုင်တယ်..ပြီးတော့မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးတဲ့ပေါက်ကွဲမှုစွမ်းအင်တွေရလာလိမ့်မယ်"
"မင်းတောင်မနိုင်ဘူးပေါ့?"
"ငါကတော့ နိုင်တာပေါ့.. မင်းကဘာလုပ်မလို့လဲ" ခြင်္သေ့ကမာန်ဖီကာပြောသည်။
"အဲဒီကောင်က မင်းထပ်ပိုအားနည်းတယ်ဆိုရင် ငါကဘာလို့သူနဲ့ စာချုပ်ချုပ်စရာလိုဦးမှာလဲ" ကောင်းဖန်က ထိုသို့ပြောလိုက်သည်။
"မင်းကြိုက်သလိုသာလုပ်တော့"
ခြေလုံလက်လုံခြင်း နှင့် ပေါက်ကွဲစွမ်းအား..ထိုအရာများသည် လုပ်ကြံသတ်ဖြတ်သူ အမျိုးအစားသားရဲများ တွင်ရှိသောအရည်အချင်းများဖြစ်ကြသည်။
ကောင်းဖန်သည် ထိုသားရဲအားစိတ်၀င်စားလာလေသည်။ သူသည် အနက်ရောင်သတ္တု အရိပ်သားရဲအဖြစ် အကောင်းဆုံးအဆင့်သို့ရောက်ရှိလာမည်ဖြစ်ကြောင်းကို အချက်အလက်ဘောင်ထဲတွင် မမြင်မိချေ။ ထိုကြောင့် အနက်ရောင်သတ္တုအရိပ်အဆင့်သည် အကောင်းဆုံးအဆင့်ထက်ပင် မြင့်သောအဆင့်မျိူးဖြစ်နိုင်သည်။
ထိုသားရဲကို အဆင့်မြှင့်တင်ရန် လမ်းကြောင်းလေးခုရှိလေသည်။ ကောင်းဖန်သည် မည်သည့်လမ်းကြောင်းဖြင့် အဖြူရောင်သားရဲအား အနက်ရောင်အရိပ်အဆင့်သို့ မြှင့်တင်ရမည်ကို စဉ်းစားမရဖြစ်နေသည်။
ရုတ်တရက် လမ်းကြောင်းလေးခုပြထားသော အချက်အလက်ဘောင် ပေါ်လာလေသည်။
ထိုသို့ မပြခင် အလင်းရောင်တစ်ချို့ ဖြတ်ခနဲပေါ်လာသည်။ ကောင်းဖန်သည် အဆင့်မြှင်တင်ရန်လမ်းကြောင်းပြောင်းလဲသွားသည်ကို သတိထားလိုက်မိသည်။ သူသည် အဖြူရောင်သတ္တုအသွားနှင့်သားရဲ၏ ဒဏ္ဍာရီအဆင့်ပုံစံကို လမ်းကြောင့်လေးခုလုံး၏နောက်ဆုံးတွင် သေချာစွာကြည့်မှ ဝိုးတိုးဝါးတားမျှသာတွေ့မြင်ရလေသည်။
ဤအကြိမ်တွင်မူ "အနက်ရောင် အရိပ်သားရဲ" ထိုစာလုံးကို အချက်အလက်ဘောင်တွင်သေချာစွာမြင်တွေ့လိုက်ရသည်။
ကောင်းဖန်က ခေါင်းညှိမ့်လိုက်လေသည်။ စာလုံးများသည် သူဖတ်၍မပြီးခင်ပင် ပြောင်းလဲသွားလေသည်။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် လမ်းကြောင်းနှစ်ခုသည် တစ်နေရာထဲတွင်ဆုံနေလေသည်။
[အရိပ် ညသားရဲ] [အရိပ်ပမာ အလွန်ခံနိုင်စွမ်းရှိသော ဒိုင်းကာသားရဲ]
ထိုစာလုံးနှစ်ခုက ရွှေရောင်အလင်းတန်းများဖြာထွက်လျှက်ရှိပြီး ရွှေရောင်စာလုံးများဖြင့်ရေးသားထားခြင်းဖြစ်လေသည်။ ထိုနာမည်နှစ်ခုလုံးသည် အဖြူရောင်သတ္တုအသွားနှင့်သားရဲ၏ ဒဏ္ဍာရီအဆင့်ဖြစ်ပေသည်။
ကောင်းဖန်ကြည့်နေစဉ်အတွင်းမှာပင် ထိုနာမည်နှစ်ခုလုံးသည် ဝေဝါးလာကြသည်။ ကောင်းဖန်၏မျက်လုံးများသည် တဒုတ်ဒုတ်မြည်အောင်ပင် ကိုက်ခဲလာသဖြင့် အလျင်အမြန်မျက်လုံးများကို ပိတ်ထားလိုက်ရလေသည်။
ခဏအတွင်းပင် မျက်လုံးများပြန်ဖွင့်လိုက်လေသည်။ ကောင်းဖန်သည် နှလုံးခုန်မြန်လျှက်ရှိပေသည်။ ထိုသားရဲကောင်သည် ဒဏ္ဍာရီအဆင့်သို့ရောက်မရောက် ခန့်မှန်း၍ မရနိုင်ပေ။ မည်သည့်နည်းလမ်းဖြင့် အတည်ပြုရမည်ကိုလည်း မသိနိုင်ဖြစ်နေလေသည်။
"ဘယ်သူသိနိုင်မလဲ သူ့မှာရှိတဲ့လုပ်နိုင်စွမ်းတွေကို သူကိုယ်တိုင် ကန့်သတ်နိုင်မလားဆိုတာ"ရုတ်တရက်ပင် မဖြစ်နိုင်သော အကြံအစည်တစ်ခုကို တဖြည်းဖြည်း သဘောပေါက်လာလေသည်။
ကောင်းဖန်သည် သူ၏စွမ်းအင်ဖြစ်သော သားရဲအကြောင်းအရာများအား သိနိုင်စွမ်းသည် ပို၍တိုးတက်လာရန် လိုအပ်ကြောင်း မြင်မိလေသည်။ ထို့ကြောင့် ထိုသို့တိုးတက်လာစေရန် သူ၏ ကိုယ်ပိုင်စိတ်စွမ်းအင်ကို မြှင့်တင်ရန် ကြိုးစားရပေမည်။
ခဏမျှအနားယူအပြီးတွင် ကောင်းဖန်သည် အဖြူရောင်သားရဲအား ခိုးကြောင်ခိုးဝှက်ဖြင့်တစ်ချက်ကြည့်ကာ ထိုအရိုင်းဆန်သောသားရဲအား သူ၏အဖွဲ့အတွင်းသို့၀င်လာစေရန် မည်သို့စည်းရုံးရမည်ကို စဉ်းစားနေမိလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၀ ရှေးဟောင်း နဂါးငါး (စမ်းချောင်းနယ်မြေပေါင်းတစ်ထောင်၏ဘုရင်)
"မင်းရဲ့ခန္ဓာကိုယ်အရွယ်အစားအတွက် ဘာမှစိတ်မပူနဲ့..ငါ့မှာလဲအရင်က အဲလိုကိုယ်ပိုင်သားရဲတစ်ကောင်ရှိခဲ့ဖူးတယ်..သူလဲမင်းလောက်အရွယ်အစားလေးပဲ..ခုတော့ သူဘယ်လောက်ကြီးလာမယ်လို့ မင်းထင်သလဲ" ကောင်းဖန်က ၇ လက်မအကွာလောက်မှနေ၍ အဖြူရောင်သားရဲ၏ လက်ကိုကိုင်ကာ ဆိုလေ၏။
အဖြူရောင်သားရဲက ကောင်းဖန်အား ရွံရှာသောအကြည့်ဖြင့် ကြည့်လေသည်။
"ခု အဲဒီသားရဲကတောင်တစ်ခုလောက်နီးနီးကို ကြီးမားလာပြီ" ကောင်းဖန်က လက်မောင်းများအား ဆန့်ရင်းဆိုလေသည်။
"ဟားဟား" အဖြူရောင်သားရဲက လှောင်ပြောင် သရော်သောရယ်သံဖြင့် ရီလေသည်။ "မင်း ငါ့ကို အရူးများမှတ်နေသလား"
တစ်ညတာကုန်ဆုံးပြီး နောက်တစ်နေ့ရောက်သောအခါ ကောင်းဖန်သည် သူ၏ကိုယ်ပိုင်သားရဲများနှင့်တကွ အဖြူရောင်သားရဲကိုပါ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ တောင်တစ်လျှောက် ခရီးဆက်ကြလေသည်။
အဖြူရောင်သားရဲထွက်ပြေးခြင်းမှ ကာကွယ်ရန် ကောင်းဖန်သည် သူ၏ကြင်နာသနားစိတ်အား ပြသောအနေဖြင့် ဂိုဒီအား သူ၏နောက်ခြေထောက်ကို ကိုယ်တိုင်ချိုးစေသည်။ သို့သော်လည်း အရှိန်အဟုန်ကောင်းစွာ အင်အားပြန်လည်ပြည့်၀စေသောစွမ်းအားကြောင့် အဖော်မဲ့၀င်္ကပါအားပြန်လည်ရောက်ရှိခါနီးနေရာတွင် အကောင်းပကတိနီးပါးပြန်လည် သက်သာလာပေတော့သည်။
နေထွက်လာချိန်ကိုကျော်လွန်လာပြီး ကောင်းဖန်သည် သူ၏ကိုယ်ပိုင်သားရဲများနှင့်အတူ အနက်ရောင်ဖီးနစ်တောင်ကြားတစ်လျှောက် ခရီးဆက်ကြလေသည်။ တောင်နှစ်ခုကိုဖြတ်ကျော်အပြီးတွင် တောင်၏အတွင်းပိုင်းမှ မသဲကွဲသော တအုန်းအုန်းမြည်သံအချို့ကို ကြားလိုက်ရလေသည်။ ကောင်းကင်တွင် လျှပ်စီးကြောင်းတစ်ခု ပေါ်ပေါက်လာကာ နားကွဲလုမတတ်ကျယ်လောင်သောပေါက်ကွဲသံကို ကြားရလေသည်။
အနီးအနားမှ ငှက်များသည် ကြောက်လန့်စွာအော်မြည်လျှက် ပျံသန်းသွားကြလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် ကောင်းဖန်သည် အဝေးမှ အနီရင့်ရင့်အလင်းရောင်အား တွေ့လိုက်ရလေသည်။
တောင်အနီးတစ်ဝိုက်တွင် မီးပင်လယ်တစ်ခုကဲ့သို့ပေါ်ပေါက်လာပြီး ထိုပတ်၀န်းကျင်ရှိအရာများအား ဖြိုဖျက်လျက်ရှိသည်။ မီးနှင့်လျှပ်စီးကြောင်းတို့သည် ထိုခဏအတွင်းပင် လေထဲ၌ထိန်းမနိုင်သိမ်းမရစွာဖြင့် ပျံ့နှံ့လျက်ရှိလေသည်။
"ဒီမှာ ဘာမှတွေ့ရမှာမဟုတ်ပါဘူး..အဲဒါက ဒီအနက်ရောင်ဖီးနစ်တောင်ကြားရဲ့ အုပ်ချုပ်သူပဲ" ရေခဲခြင်္သေ့က သန်းဝေရင်းဆိုလေသည်။
"ဘာ..အဲဒါဆို ခုကြားနေရတဲ့အသံတွေက ဘာတွေတုန်း"
"ငါထင်တာတော့ တစ်ခြားသားရဲတစ်ကောင်က ဒီတောင်ကြားရဲ့ အုပ်ချုပ်သူဆီက ထီးနန်းကိုလုယူဖို့ကြိုးစားနေတာဖြစ်မယ်...ဒီတောင်တစ်ခုလုံးမှာ အုပ်ချုပ်သူတစ်ယောက်ပဲ စိုးစံခွင့်ရှိတယ်..အခုလက်ရှိ ထီးနန်းရနေတဲ့ အုပ်ချုပ်သူရဲ့သဘောထားတွေကို မကျေနပ်တဲ့သူရှိခဲ့ရင် လက်ရှိအုပ်ချုပ်သူကို စိန်ခေါ် ပြီးယှဉ်ပြိုင်နိုင်တယ်..တကယ်လို့ အနိုင်ရခဲ့ရင် အနိုင်ရတဲ့သူက အလိုလျောက် အနက်ရောဖီးနစ်တောင်ကြားရဲ့ အုပ်ချုပ်သူအသစ်ဖြစ်လာမယ်"
"ပြီးတော့ တောင်ကြားလည်းအုပ်ချုပ်သူပြောင်းလောက်ပြီထင်တယ် ငါသိခဲ့တဲ့ ကျီးကန်းအိုကလည်း အုပ်ချုပ်သူဖြစ်ခဲ့တဲ့သက်တမ်းအတော်ရှည်ကြာခဲ့ပြီ" ခြင်္သေ့ကမသဲမကွဲဖြင့်ဆိုလေသည်။
ကောင်းဖန်သည် အဝေးမှ အနီရင့်ရောင်အလင်းအားကြည့်လိုက်လေသည်။ တိုက်ပွဲဆီမှပဲ့တင်သံများသည်တောင်ကြားတစ်လျှောက်ပျံ့နှံ့လျှက်ရှိပြီး ယှဉ်ပြိုင်သူတို့၏စွမ်းအင်ကြီးမားမှုကြောင့် တောင်ကြားပတ်၀န်းကျင်၏ ရာသီဥတုသည်ပင် ပြင်းထန်လျက်ရှိပေသည်။ အင်အားကြီးသောအလင်းတန်းများဆီမှ အနီရင့်ရောင်မီးတောက်နှင့် ခရမ်းရောင်လျှပ်စစ်ဓါတ်များက တိုက်ပွဲ၏ အားပြိုင်မှုအကြားတွင် ထွက်ပေါ်လျက်ရှိကြပေသည်။
တောင်ကြားသည် ပုံမှန်ထပ်ပို၍ တိတ်ဆိတ်လျက်ရှိပေသည်။ ထိုသို့ နတ်ဘုရားအဆင့်သားရဲများ တစ်ဦးနှစ်တစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်နေကြသဖြင့် တောင်ကြားရှိသားရဲများသည် ထိုနေ့မျိုးကို အနားယူရန်အကောင်းဆုံးနေ့ဟု သတ်မှတ်ထားကြလေသည်။
တိုက်ပွဲထံမှ ပဲ့တင်သံများ ထွက်ပေါ်လျက်ရှိသော အနက်ရောင်ဖီးနစ်တောင်ကြားအတွင်းမှ ကောင်းဖန်တို့အုပ်စုသည် အန္တရာယ်ကင်းစွာဖြင့် ထွက်ခွာလာခဲ့ကြလေသည်။ တောင်ကြားထံမှထွက်လာပြီးလျှင် ၎င်း၏ဘေးကပ်ရပ်ရှိ စမ်းချောင်းနယ်မြေတစ်ထောင်ဟုအမည်တွင်သော မျက်စိတစ်ဆုံးကြည့်၍အဆုံးမရှိသော စိမ့်မြေသို့ ရောက်ရှိလာကြသည်။
အမှန်တကယ်တွင် ၎င်းမြေသည်စမ်းချောင်းတစ်ထောင်ထပ်ပင်ပို၍များပြားကာ ရှုပ်ယှက်ခတ်နေသောလမ်းကြောင်းများနှင့် စိမ့်မြေတစ်ခုဖြစ်သည်။ မြေတစ်လျှောက်တွင် ရှုပ်ထွေးသော ရေလမ်းကြောင်းများပျံ့ကြဲလျက်ရှိကြလေသည်။ သေးငယ်သောကျွန်းစုလေးများက စိမ့်မြေပေါ်တွင်အစက်ချထားသကဲ့သို့ မရေမတွက်နိုင်အောင်ပင် ရှိကြပေသည်။ အချို့ကျွန်းငယ်များသည် စုတုရန်းပေအနည်းငယ်မျှသာရှိသောလည်း အချို့သည် ဧကနှင့်ချီ၍တည်ရှိလေသည်။
ရေလမ်းကြောင်းမှာလည်း ရှုပ်ထွေးနက်ရှိုင်းလှပေသည်။ ကောင်းဖန်ဖြတ်ကျော်လာသည့်ထဲမှ အနက်ဆုံးတစ်ခုမှာ အနည်းဆုံး ပေ ၁၀၀ ကျော်အနက်ရှိပြီး အတိမ်ဆုံးမှာ ကောင်းဖန်၏ ခြေချင်း၀တ်မြုပ်ရုံမျှသာ ရှိလေသည်။
ထိုနေရာသည် အမှန်တကယ်ပင် ထူးဆန်းသောနေရာတစ်ခုဖြစ်သည်။ များစွာသော ကုန်းနေရေနေသတ္တဝါများက ဤဗြုတ်စဗျင်းတောင်း ကုန်းနှင့်ရေရောနေသောနေရာကို အိမ်အဖြစ်သတ်မှတ်ကြလေသည်။
"ရှုခင်းတွေကတော့မဆိုးပါဘူး" အစိမ်းရောင်မျက်ခင်းပြင်နှင့် စီးဆင်းနေသောစမ်းချောင်းများအားနောက်ခံထားကာ လှပသောရှုခင်းတစ်ခုဖြစ်ပေသည်။ "ဒါကငါးဖမ်းဖို့အတွက်အကောင်းဆုံးနေရာပဲ"ကောင်းဖန်ကရှုခင်းများကိုငေးမောရင်းဆိုလေသည်။
"ကောင်းဖန်..ငါကတော့ ခုအခြေအနေကနေ ကောင်းကင်ဘုံကိုတောင် ထိုးဖောက်နိုင်တယ်လို့ထင်မိတယ်" ဂိုဒီကအတည်ပေါက်ဖြင့်ပြောလေသည်။
ဂိုဒီသည် သူ၏ပေ ၁၀၀ ကျော်မြင့်သောအရပ်ဖြင့် ကောင်းဖန်၏ဘေးတွင် ရပ်နေလေသည်။ အရာရာသည် သူ့အမြင်မှကြည့်လျှင် သေးငယ်လျက်ရှိပေသည်။ ဂိုဒီ၏ ဧရာမသားရဲပုံစံ ခန္ဓာကိုယ်အသွင်အပြင်သည် ရှိသမျှသားရဲတိုင်းကို ကြောက်လန့်သွားစေနိုင်သည်။ မည်သူမျှပင် အနားကပ်ရဲကြမည်မဟုတ်ပေ။
အဖြူရောင်အသွားနှင့်သတ္တုသားရဲသည် ဂိုဒီ၏ အကျဉ်းသားအနေနှင့် ဆက်လက်လိုက်ပါလာဆဲပင်ဖြစ်လေသည်။ သူသည် ထိုဘဲ၏လက်ချောင်းများအား သူ၏အသွားများဖြင့်ထိုးနေလေသည်။ သို့သော်လည်း ထိုမျှလောက်သောတိုက်ခိုက်မှုမျိုးသည် ဂိုဒီအတွက် ထိရောက်ခြင်းမရှိနိုင်ပေ။
အဖြူရောင်သားရဲသည် ဂိုဒီအားတိုက်ခံရန်ရုန်းကန်နေသည်ကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သားရေပြားအား သစ်သားဓါးဖြင့်လှီးဖြတ်နေသည်နှင့်ပင်အလားတူပေသည်။
"ငါတို့ ဒီမှာရှိတဲ့ သားရဲတွေနဲ့ ထိပ်တိုက်တွေ့တာမျိုးမဖြစ်ရအောင် ဒီနေရာကအမြန်ထွက်မှဖြစ်မယ်" ခြင်္သေ့ကပြောပြီးသည်နှင့် ကောင်းဖန်၏ပုခုံးပေါ်သို့ တွယ်တက်လိုက်ပြီး သူ၏နူးညံ့သောလက်သည်းများအား ယက်နေတော့သည်။
"ဒီနေရာမှာ ဘယ်လိုအသက်အန္တရာယ်မျိုး ရှိလာနိုင်တယ်ဆိုတာကို ပြောလို့ရရင် ပြောပြပါဦး" ကောင်းဖန်ကခြင်္သေ့၏ခေါင်းအား လက်ချောင်းများဖြင့်ပုတ်ကာ မေးလေသည်။
"အင်း..ငါအခုကနေစပြီး မင်းငါ့ခေါင်းကိုဘယ်နှစ်ချက်ရိုက်နေလဲဆိုတာရေထားတယ်" ခြင်္သေ့ကအေးစက်စက်ဖြင့်ဆိုသည်။
"ဒီလိုကြီးမားတဲ့နေရာမျိုးမှာ အုပ်ချုပ်သူဘုရင်တစ်ယောက်အမြဲရှိကြတယ်..အကယ်၍ထီးနန်းဆက်ခံမဲ့သူမရှိရင်တောင်မှ အဲဒီနေရာကိုအလွတ်မထားပဲ ဘုရင်နေရာကိုဆက်ခံဖို့ပျက်ကွက်ခဲ့တဲ့ အခြားနေရာကသားရဲတွေကို မလွဲဧကန် ဘုရင်နေရာဆက်ခံခိုင်းလိမ့်မယ်.. ဖြစ်တန်ရာရှိတဲ့ထဲကမှ အားလုံးထက်ပိုပြီးစွမ်းအားကြီးတဲ့သူကိုရွေးလိုက်တာမျိုးပေါ့..မင်းအတွက်တော့ လူသားတစ်ယောက်အမြင်နဲ့ထူးဆန်းနေမှာပဲ..ဒီကြီးမားတဲ့နေရာကြီးမှာ ထီးနန်းဆက်ခံချင်ရင် အနည်းဆုံးဘုရင်အဆင့်သားရဲ အမျိုးအစားဖြစ်ရမယ်"
"ဒါပေမဲ့ ငါတို့ဒီနေရာကနေ ဘာအန္တရာယ်မှမတွေ့ပဲဖြတ်ကျော်နိုင်ခဲ့ကြတယ်လေ" ကောင်းဖန်က မျက်မှောင်ကျုံ့ကာဆိုသည်။
"မင်းရဲ့သားရဲတွေက အဲလောက်မှမကြီးကြတာ" ခြင်္သေ့က ကောင်းဖန်မျက်လုံးများကိုကြည့်ရင်းဖြေသည်။
"ဒါဆိုရင် ဒီစမ်းချောင်းနယ်မြေပေါင်းတစ်ထောင်ရဲ့ ဘုရင်က ဘယ်သူလဲ မင်းသိလား.. မင်းပဲဒီမှာအကြာကြီးနေခဲ့တာဆို..မင်းဒီလောက်လေးတော့သိသင့်တာပေါ့"
"နှိမ့်ချခြင်းကအလုပ်မဖြစ်ဘူးပဲ" ခြင်္သေ့ကမချေမငံတုံးတိပြောလိုက်သည်။ "တစ်ချိန်ကဒီမှာ အပြာရောင်ရေကောင်းကင်ဖားပြုတ်က အုပ်ချုပ်ခဲ့တာ..ငါအံ့ဩတာက အဲဒီဘုရင်ပြောင်းသွားပြီးထဲက ဒီနေရာမှာရှိတဲ့ဘုရင်တွေက ဘုရင်သက်တမ်းမရှည်ကြတော့တာပဲ"
စိမ့်မြေတစ်လျှောက် လမ်းအတော်ကြာလျှောက်ပြီးချိန်တွင် ကောင်းဖန်နှင့်အခြားသူများသည် ၎င်းဆို့ဆီသို့တစ်စုံတစ်ခုသည် ရေကိုဖြတ်ကာ လျှင်မြန်သောအရှိန်ဖြင့် ဦးတည်လာသံကိုကြားမိလေသညိ။
"ကောင်းဖန် ငါးအကြီးကြီး ဒီလမ်းကနေလာနေပြီ" ဂိုဒီကရေရွတ်လေသည်။
"ဒါနောက်စရာအချိန်မဟုတ်ဘူးဂိုဒီ..ဘာလာနေတာလဲပြောစမ်း" ကောင်းဖန်သည် ရယ်ရမလိုငိုရမလိုနှင့်ပြောလေသည်။ ဂိုဒီသည့်မည်သည့်သားရဲမြင်မြင် ငါးဟုပြောတတ်သောအကျင့် စွဲနေသည်။ ထိုသို့ဖြစ်လာရသည်မှာ သူ၏စိတ်ထဲတွင် ဖြစ်ချင်သည်ကို ပြောချင်းပင်ဖြစ်ပြီး ဂိုဒီသည် ကမ္ဘာပေါ်မှငါးအားလုံးကို ကောင်းဖန်အားရောင်းကာ ပိုက်ဆံရှာချင်သူဖြစ်လေသည်။
"အဲဒါက တကယ့်ငါးပဲ" ဂိုဒီကဒေါသထွက်စွာပြောလေသည်။ "ငါပြောတာကိုဘာလို့မယုံနိုင်ရတာလဲ" ဂိုဒီသည် ကောင်းဖန်အားအပေါ်သို့ဆွဲမလိုက်လေသည်။
ထိုအခါမှကောင်းဖန်သည် ကြီးမားသောငါးကြီးတစ်ကောင် ရေထဲမှနေ ၎င်းတို့ဆီသို့ ဦးတည်၍ပြေးလာသည်ကို သူ့မျက်လုံးနှင့်သေချာမြင်လိုက်ရလေသည်။
ငါး၏သန်မာသောကြွက်သားရှိသည့်အမှီးသည်ရေထဲတွင်လှုပ်ယမ်းနေပြီး သူ၏ငွေရောင်ရှိပြီးဘဲခြေထောက်နှင့်ပင်အလားတူသော ဆူးတောင်များကို လှုတ်ခတ်နေကြသည်။ အပေါ်ပိုင်းတွင် အဖြူရောင်အရိုးကဲ့သို့သောအစွန်းတစ်ခုကိုတွေ့ရှိရသည်။ ထူထဲသောနှုတ်ခမ်းဆီမှ ရှည်လျားသောနှုတ်ခမ်းမွှေးတစ်စုံသည်လည်း လေထဲတွင်ယိမ်းထိုးလျှက်ရှိပေသည်။
[သားရဲ အမည်]: ရှေးဟောင်းနဂါးငါး
[သားရဲ အဆင့်]: အဆင့် ၅၆ (ဘုရင်အဆင့် အမျိုးအစား)
[သားရဲ စွမ်းရည်]: အကောင်းဆုံး
[သားရဲ အမျိုးအစား]: ရေ
[သားရဲ အားနည်းချက်]: မြေ
[သားရဲ စွမ်းအင်]: နဂါးအကြေးခွံဒိုင်းကာ အဆင့် ၆၊ ရေစီးကြောင်း ကျွမ်းကျင်ပိုင်နိုင်မှု အဆင့် ၅
[ဖော်ပြချက်]: ဤငါးအမျိုးအစားသားရဲသည် နဂါးသွေးများ ၎င်း၏သွေးကြောထဲတွင်စီးဆင်းနေသည်။ ၎င်းသည် ကြောက်တတ်ပြီး စိတ်တက်ကြွလွယ်သောနဂိုစိတ်ရင်းခံရှိသည်။ ရေပိုင်နက်ကိုအုပ်စိုးသောသတ္တဝါအမျိုးအစားဖြစ်သည်။
ကူးခတ်လာသံသည် တဖြည်းဖြည်း နီးကပ်လာလေသည်။ ထိုရှေးနဂါးငါး နီးကပ်လာသည်နှင့်အမျှ ၎င်း၏ဆူးတောင်များသည်ရေမျက်နှာပြင်နှင့်တစ်ဆက်ထဲဆက်သွယ်ထားကြောင်း ကောင်းဖန်သတိပြုမိလာသည်။ ရေ၏တွန်းအားကြောင့် ၎င်းသတ္တဝါသည် ရှေ့သို့ပိုရောက်လာလေသည်။
၎င်းသားရဲ၏မျက်လုံးများသည် လက်ဖက်ရည်ပန်းကန်ပြားများကဲ့သို့ လုံးဝိုင်းလျှက်ရှိသည်။ နှုတ်ခမ်းမွှေးများကမျက်နှာပေါ်တွင် လှုပ်ယမ်းနေကြသည်ကိုကြည့်ရသည်မှာ ဒေါသပြင်းစွာထွက်နေသည့်ပုံဖြစ်သည်။
ဘုရင်အဆင့် ရှေးဟောင်းနဂါးငါး..ကောင်းဖန်မျက်မှောင်ကျုံ့၍တွေးမိပြန်သည်။ ဂိုဒီ၏တန်ပြန်တိုက်ခိုက်စွမ်းအားသည် အကြိမ်မည်မျှပေါ်လာမည်ကိုသေချာမပြောနိုင်ပေ။ အဖြူရောင်သားရဲနဲ့အယောင်ဆောင်အသွင်သစ်သီးကိုလည်းယူဆောင်လာခဲ့သေးသည်။ အကယ်၍ ထိုရှေးဟောင်းနဂါးငါးနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကာ အယောင်ဆောင်အသွင်သစ်သီးပင်ပျက်စီးသွားခဲ့လျှင် လက်ဗလာဖြင့်အိမ်ပြန်ရမည်ဖြစ်သည်။ ကောင်းဖန်သည် ထိုသို့သော အခြေအနေကို မလိုလားချေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၁ မင်းကမကောင်းဆိုးဝါးလား?
ကောင်းဖန်သည် အယောင်ဆောင်အသွင်သစ်သီးပင်အား အကောင်းပကတိဖြင့် သယ်ယူသွားလိုစိတ် ရှိလေသည်။ ကောင်းဖန်သည် ရှေးဟောင်းနဂါးငါးအား ကြည့်လိုက်ပြီး အတွေးကိုခဏရပ်လိုက်လေသည်။ ထို့နောက်တွင် သူသည် အကြံကောင်းတစ်ခုရလာသည်။
နဂါးငါးထံသို့ မချဉ်းကပ်မှီတွင် ကောင်းဖန်သည် ဂိုဒီအား မှော်အစွမ်းပျက်ပြယ်စေသောစက်ကွင်းအားအသုံးပြုစေသည်။
ဂိုဒီထံမှဗဟိုပြု၍ မမြင်ရသောကြိမ်နှုန်းလှိုင်းများသည် ပတ်၀န်းကျင်ရှိ အရပ်မျက်နှာအားလုံးဆီသို့ ပျံ့နှံ့နေကြသည်။ ထိုဒြပ်စင်အမှုန်များသည် လေထဲတွင်ပျော်၀င်လျက်ရှိကြသည်။ ထိုမမြင်ရသောကြိမ်နှုန်းလှိုင်းသည် နဂါးငါးနှင့် ထိတွေ့မိသောအခါ ၎င်းသားရဲသည်၏ရေထိန်းချုပ်စွမ်းအားများပျောက်ကွယ်ကာ ခန္ဓာကိုယ်လည်း အောက်သို့ပြုတ်ကျသွားလေသည်။
နဂါးငါးသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားလျှင် ၎င်း၏မျက်လုံးများသည် မီးလုံးများကဲ့သို့ ပြူးကျယ်လာကြပြီး ထိုနေရာတွင်ဘာဖြစ်သွားမှန်း နားမလည်သောအကြည့်များနှင့် ငေးကြောင်ကာကြည့်နေလေသည်။
"ငါ့ရဲ့လှိုင်းလုံးတွေဘယ်ရောက်သွားတာလဲ" နဂါးငါးက နားမလည်နိုင်စွာဖြင့်မြေပေါ်တွင်လဲနေရင်းဆိုလေသည်။ "ဒါတော်တော်ဆိုးတာပဲ..ငါရဲ့ ရေကိုထိန်းချုပ်နိုင်စွမ်းအားက ရုတ်တရက်ဘာလို့ပျောက်သွားရတာလဲ"
နဂါးငါးသည် ဤကဲ့သို့သောဆုံးရှုံးမှုမျိုးကို မကြုံတွေ့ဖူးသောကြောင့် ကူကယ်ရာမဲ့ဖြစ်နေသကဲ့သို့ ခံစားရသည်။ ၎င်းသည် ပေ ၁၀၀ ကျော်မြင့်သော ဂိုဒီအားကြည့်ကာ အမြှီးကိုလှုပ်ယမ်းပြီး အဝေးသို့ထွက်သွားရန်ကြိုးပမ်းလေသည်။
ဂိုဒီနှင့်ဝေးရာသို့ရောက်သွားသောအခါ နဂါးငါးသည် သူ၏ ရေကိုထိန်းချုပ်နိုင်စွမ်းအား ပြန်လည်ရရှိလာလေသည်။
ထိုအရာအား နဂါးငါးသည် မယုံကြည်နိုင်စွာဖြင့် ဂိုဒီနားသို့ထပ်၍ သွားကြည့်လေသည်။ ထိုအခါ စွမ်းအားများပြန်လည်ပျောက်ဆုံးသွားသည်။
၀င်္ကပါသို့ရောက်ရှိလျှင် အဖြူရောင်သတ္တုအသွားနှင့်သားရဲသည် အာကာသကွက်လပ်အားမြင်ကာ အံ့ဩလျက်ရှိပေသည်။ ထိုအုပ်စုသည် အခြားကမ္ဘာမှ၀င်လာခြင်းဖြစ်ပေလိမ့်မည်။
အဖြူရောင်သားရဲသည် အခြားကမ္ဘာမှလာသောသူများထံတွင် ရှုံးနိမ့်ခြင်းကို လက်မခံနိုင်ဖြစ်နေလေသည်။
ဂိုဒီ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားနေသည့်အတွက် အာကာသကွက်လပ်အတွင်းသို့၀င်မရဖြစ်နေလေသည်။ ကောင်းဖန်သည် ဂိုဒီအားခန္ဓာကိုယ်အရွယ်အစားသေးသည်ထိစောင့်ရန်ထားခဲ့ပြီး သူနှင့်အတူ အဖြူရောင်သားရဲကိုသာ တောင်ဘက်ကောင်ကင်အုပ်စုဆီသို့ ယူဆောင်သွားလေသည်။
"သနားစရာလေးပဲ.." ရေခဲခြင်္သေ့က ဒဏ်ရာရနေသောအဖြူရောင်သားရဲအား စပ်စုချင်စိတ်၊ ဂရုဏာသက်သောစိတ်တို့ဖြင့်ကြည့်လေသည်။ "ကောင်းဖန်က သူ့ကို ဒီလိုလှောင်အိမ်နဲ့ထည့်ပြီး ညှင်းပန်းထားပေမဲ့လည်း သူက ယဉ်ပါးတဲ့သားရဲများလား"
အာကာသကွက်လပ်အတွင်းမှ ထွက်လိုက်လျှင် ကောင်းဖန်သည် လူတစ်စုအပြင်တွင်ရပ်နေကြပြီး ၎င်းတို့အား ၀င်္ကပါသို့လိုက်ပို့ရန်အဆင့်သင့်ရှိကြသည်ကို တွေ့ရလေသည်။
ထိုအထဲတွင် သူရင်းနှီးကျွမ်း၀င်သောသူတစ်ဦးသာပါသည်။ ထိုသူသည် သူ၏ ဓာတ်ခွဲခန်းမှလက်ထောက်ဖြစ်သော ရှုချင်းကျီ ဖြစ်လေသည်။ သူမသည် အဖြူရောင် ကော်လာပါအင်္ကျီနှင့် အမဲရောင်စကပ်အကျပ်ကို၀တ်ဆင်ထားသောကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းပေါ်ကာ လှပလျက်ရှိသည်။ သူမသည် ကောင်းဖန်ကိုမြင်လျှင် စိတ်လှုပ်ရှားစွာဖြင့် လက်များဝှေ့ယမ်းကာ နှုတ်ဆက်လေသည်။
"ဘောစ့်အငယ်လေး"
ကောင်းဖန်၏မျက်နှာသည် မဲမှောင်သွားကာ "ဘာ ဘောစ့်အငယ်လေးလဲ" ဟု ပြောလိုက်သည်။
"ဝိုး..ဒီသားရဲကောင်လေးက ချစ်စရာလေးပါလား" မျက်နှာဝိုင်းဝိုင်းလေးနှင့်သွယ်လျကျစ်လစ်သောခန္ဓာကိုယ်ရှိသည့် ရှုချင်းကျီ၏အဖွဲ့မှ ကောင်မလေးသည် အဖြူရောင်သားရဲအားသဘောကျလျက်ရှိသည်။
အဖြူရောင်သားရဲသည် အနက်ရောင်မြူခိုးကမ္ဘာမှဖြစ်သည့်အတွက် ကမ္ဘာပေါ်မှသားရဲများနှင့်မတူပဲ ထူးခြားသောလက္ခဏာရှိပေသည်။ ကပ်ကြီးအပြီး ကမ္ဘာပေါ်တွင် တိရစ္ဆာန်၊ အင်းဆက်များနှင့် သားရဲများအားခွဲခြားရန်ခက်လေသည်။ အနက်ရောင်မြူခိုးကမ္ဘာတွင်မူ သားရဲမျိုးစိတ်များသည် သန့်စင်သောစိတ်အာရုံအပေါ်တွင်မူတည်၍ ကွဲပြားလေသည်။
အဖြူရောင်သတ္တုအသွားနှင့်သားရဲတွင် အဖြူရောင်သတ္တု အပေါ်ယံကြွေသားတစ်လွှာပါရှိပြီး ထိုအဖြူရောင်သတ္တုလွှာပေါ်တွင် အပြာရောင်အဆင်များပါရှိလေသည်။ ထိုအဆင်သည် သားရဲ၏ သတ္တုလွှာပေါ်တွင်လှပစွာဖြန့်ကြဲထားသကဲ့သို့ရှိနေသည်။ ၎င်းသည် ကိုယ်ပေါ်တွင် ပိုးတောင်မာတို့၏ တောင်ပံများကဲ့သို့ သတ္တုအလွှာဒိုင်းကာကို တပ်ဆင်ထားပြီး ချွန်ထက်သောအသွားများသည်လည်းခြေထောက်တွင်ထိုးထွက်လျက်ရှိကြသည်။
၎င်း၏ရွှေရောင်မျက်လုံးများသည်လည်း တလက်လက်တောက်ပကာ မျက်လုံးထဲမှအလင်းရောင်များဖြာထွက်နေသောကြောင့် ကြည့်ရသည်မှာ ပို၍လှပလေသည်။
အရှိန်ဖြင့်လျှင်မြန်စွာရွေ့လျားလိုက်သောအခါ ၎င်း၏သတ္တုအခွံကြားမှ အစိမ်းရောင်အလင်းတန်းဖြာထွက်လာလေသည်။ ကောင်းဖန်သည် ထိုသားရဲတွင် အရိုးနှင့် ကိုယ်အတွင်းကလီစာများမပါကြောင်း သတိထားမိလေသည်။ သတ္တုအခွံအတွင်းတွင်မည်သည့်အရာမှမရှိပဲ ဟောင်းလောင်းပေါက်ဖြစ်နေသည်။
အဖြူရောင်သားရဲသည်အရပ်သုံးပေမျှသာအရှည်ရှိလေသည်။ သို့သော်သူ၏ သတ္တုအသွားများသည် သုံးပေထက်မက ပို၍ရှည်လျားလေသည်။
သို့သော်လည်း ကောင်းဖန်အတွက် ပုံသဏ္ဍာန်များသည် အရေးမပါလှပေ။ သူသည် သူ့၏ကိုယ်ပိုင်သားရဲများ၏ လှပခြင်း၊ ခန့်ညားခြင်းတို့ရှိသည် မရှိသည်အား ဂရုမစိုက်ချေ။ ထိုအချင်းအရာအား သူ၏ကိုယ်ပိုင်သားရဲများဖြစ်သော ကင်းခြေများ၊ ပင့်ကူ၊ အရိုးစုနှင့် ဘဲတို့အားကြည့်ကာ သိမြင်နိုင်ပေသည်။
ထို့ကြောင့် ဤအဖြူရောင်သားရဲသည် သူ၏ဓာတ်ခွဲခန်း၀န်ထမ်း မိန်းမငယ်လေးများအတွက် အထူးအဆန်းဖြစ်နေလေသည်။ နှင်းကဲ့သို့ဖြူဖွေးနေသောသတ္တုအခွံဒိုင်းကာသည် နေရောင်ထဲတွင် နှင်းတောင်ကဲ့သို့ပင်ထင်မှတ်ရလေသည်။
"ကမ္ဘာပေါ်မှာဒီလိုပုံစံသားရဲမျိုးမရှိတာသေချာတယ်" သူ၏အဖွဲ့မှ မျက်မှန်နှင့်ကောင်လေးကညင်သာစွာပြောလေသည်။ "သူ့ရဲ့ အင်းဆက်ပုံစံ ယေဘူယျလက္ခဏာကိုကြည့်ပြီးတော့ ဒီကောင်က အနက်ရောင်မြုခိုးကမ္ဘာကလာတဲ့ သားရဲအမျိုးအစားဖြစ်မယ်ထင်တယ်"
"ပြောချင်တာက ချစ်စရာကောင်းပြီးသေးငယ်တဲ့အရွယ်ရှိတဲ့သားရဲဆိုရင် အနက်ရောင်မြုူခိုးကမ္ဘာကလို့ သတ်မှတ်ရမှာပေါ့" မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးသည် တောက်ပသောမျက်လုံးများဖြင့်ဆိုလေသည်။
"ဖေဖေရေ..သမီးလည်းဒါမျိုး သားရဲလေးလိုချင်တယ်" ကောင်မလေးက သူ့ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ်လူအားပြောလေသည်။
သမီးဖြစ်သူ၏တောင်းဆိုမှုအား မငြင်းဆန်နိုင်သောကြောင့် နောက်ဆုံးတွင်လိုက်လျောရန်ဆုံးဖြတ်လိုက်ရပြီး "အိုကေ..အဖေသွားပြီးမေးကြည့်လိုက်ဦးမယ်..ဒါပေမဲ့ သမီး ဒီတစ်ခေါက်လာမယ့်စာမေးပွဲမှာ အဆင့်တစ်ကနေတစ်ဆယ်အတွင်း၀င်ရမယ်..အဲဒါမှ ဒါကို ဆုအနေနဲ့ရမယ်" ဟု ပြောလိုက်သည်။
မျက်နှာဝိုင်းဝိုင်းလေးနှင့်မိန်းကလေးသည် ပျော်ရွှင်သောမျက်နှာထားနှင့် ခေါင်းညိမ့်လေသည်။
ထိုသက်လတ်ပိုင်းအရွယ်လူက အဖွဲထဲမှလူတော်တော်များများနှင့်စကားလိုက်ပြောပြီး ကောင်းဖန်ရှေ့သို့ရောက်လာလေသည်။ "ဟယ်လို သခင်လေးကောင်း..ကျွန်တော် သခင်လေး ကောင်းဖန်အကြောင်းတွေကို အရင်ထဲက ကြားဖူးနေတာကြာပါပြီ..ကျွန်တော်က ဒီဒူးက ၀မ်ကျန်းမင်းပါ..ကျွန်တော် ဒီသားရဲကို အနက်ရောင်မြူခိုးကမ္ဘာက ယူလာတာလားလို့သိချင်လို့ပါ" သက်လတ်ပိုင်းလူ၏လမ်းလျှောက်ပုံသည် အချိုးကျ၍ စကားပြောပုံသည်လည်း စွမ်းအားရှိသည်ကိုကြည့်ခြင်းအားဖြင့် စစ်တပ်မှလူဖြစ်ပေလိမ့်မည်။
"အနက်ရောင်မြူခိုးကမ္ဘာက အမဲလိုက်ရင်းရလာတာလေ" ကောင်းဖန်က ခေါင်းညှိမ့်ကာပြောလေသည်။
"ဒါဆိုရင် ဘယ်နားကနေအမဲလိုက်ပြီးရလာလဲ သိခွင့်ရှိမလားခင်ဗျာ" ၀န်ကျန်းမင်းက ထိုမေးခွန်းသည် ရဲတင်းလွန်းဟန်ဆန်သဖြင့် အနည်းငယ် ရှက်ရွံဟန်ဖြင့်မေးလေသည်။
"ဒီအကြောင်းအရာက ပြောလို့မဖြစ်တဲ့အကြောင်းအရာပဲ..ဒီသားရဲကို အနက်ရောင်ဖီးနစ်တောင်ကြားကနေ အမဲလိုက်ပြီးရလာတာ..အဖော်မဲ့၀င်္ကပါကနေထွက်ပြီး တောင်ဘက်ကိုမိုင်ပေါင်း ၆၂၀ လောက်ဆက်လျှောက်သွားမှ အနက်ရောင်ဖီးနစ်တောင်ကြားကိုရောက်လိမ့်မယ်..လမ်းမှာ အလွန်ရှည်လျားတဲ့ မြက်တွေရှိတဲ့လွင်ပြင်ကျယ်တစ်ခုရယ် စမ်းချောင်းတစ်ထောင်နယ်မြေရယ်ကို လမ်းလျှောက်ပြီးကျော်ဖြတ်ရမယ်"
"ကျေးဇူးအများကြီးတင်ပါတယ်" ၀န်ကျန်းမင်းကကောင်းဖန်အား ကျေးဇူးတင်စွာဆိုလေသည်။
"ဒါပေမဲ့ လမ်းခရီးက အန္တရာယ်အလွန်များတယ်..ဒီအဖြူရောင်သတ္တုအသွားနဲ့သားရဲကလည်း နတ်ဘုရားအဆင့်သားရဲဖြစ်တဲ့အတွက် ဖမ်းမယ်ဆိုရင် သေချာဂရုတစိုက်ရှိဖို့လိုတယ်" ကောင်းဖန်ကပြောကာထွက်သွားလျင် ၀န်ကျန်းမင်းသည် ပြောစရာစကားကင်းမဲ့စွာဖြင့် ကျန်ရစ်ခဲ့လေသည်။
"နတ်ဘုရားအဆင့်သားရဲ.. ဒီသုံးပေလောက်ပဲရှိတဲ့အကောင်လေးက နတ်ဘုရားအဆင့်သားရဲဆိုတာ ဟုတ်နိုင်ပါ့မလား" ၀န်ကျန်းမင်းသည် အံ့ဩကာနှုတ်ဆိတ်နေလေသည်။
ထို့နောက်ထိတ်လန့်စွာပြုံးကာ " ငါထင်ထားတထပ်အများကြီးပိုတာပဲ.." ဟု တွေးလိုက်သည်။
သူသည် ကောင်းဖန်အားနှုတ်ဆက်စကားဆိုပြီး ကောင်းဖန်၏ကျောပြင်အား ငေးကြည့်ကာ သူ၏ငယ်ရွယ်စဉ်က စွမ်းအားများအား နှမြောတသစွာ တမ်းတလျှက်ရှိပေသည်။
"ဖေဖေ..အဲ့အဖြူရောင်သားရဲလေးကို ဘယ်လိုဖမ်းကြမလဲဟင်" ကောင်မလေးကစိတ်လှုပ်ရှားစွာမေးလိုက်သည်။
”၀န်ကျန်းမင်းသည် မဲ့ရှုံ့ရှုံ့ဖြင့်ပြုံးကာ "အဲဒါက နတ်ဘုရားအဆင့်သားရဲတဲ့..ဖေဖေ့မှာအဲဒါကိုဖမ်းဖို့စွမ်းအင်မရှိဘူး"
နတ်ဘုရားအဆင့်...
ဘေးမှလူများက ၀န်ကျန်းမင်းပြောသည်ကိုကြားပြီး ငြိမ်သက်သွားကြလေသည်။ ကမ္ဘာပေါ်မှလူများသည် ကော်မန်ဒါအဆင့်သားရဲများကို ရရှိရန်ပင် အသက်ကိုရင်း၍ကြိုးစားကာ ဖမ်းရသောအချိန်တွင် တစ်စုံတစ်ယောက်က နတ်ဘုရားအဆင့်သားရဲအား အခြားကမ္ဘာမှပင် ဖမ်းဆီးလာခဲ့လေသည်။ ထိုအချက်သည် ကောင်းဖန်အား အခြားသူများနှင့်အလွန်ခြားနားစေသည်။
ကောင်းဖန်သည် တောင်ပိုင်းကောင်းကင်အုပ်စုသို့ပြန်ရောက်လျှင် ယူဆောင်လာသော အယောင်ဆောင်အသွင်သစ်သီးပင် နှစ်ပင်အား အေးခဲထားသော နီလာခရမ်းမြေတွင် ပထမဦးစွာ စိုက်လေသည်။ ထို့နောက် အပင်အား အာဟာရဆေးရည်များ လောင်းပေးပြီး ထောက်ပံ့ပို့ဆောင်ရေးဌာနကိုခေါ်ကာ ထိုအပင်အားဂရုစိုက်ရန်နှင့် အသက်ရှင်အောင်ပြုစုရန် မှာကြားလေသည်။
ညွှန်ကြားချက်များပေးပြီးနောက် ကောင်းဖန်သည် အယောင်ဆောင်အသွင်အသီးတစ်လုံးကိုယူကာ အနောက်ဘက်ရှိတောင်ကုန်းဆီသို့ လျင်မြန်စွာသွားလေသည်။
အစင်းလေးအားအသီးကို ပထမဦးစွာစားစေသည်။ သို့သော် အစင်းလေးသည် ထိုအသီးကိုစားပြီးသောအခါ သူ၏ခန္ဓာကိုယ်အရွယ်အစား တစ်စတစ်စနှင့်ကျဆင်းသွားသည်ကိုကြည့်ပြီး တွေဝေတုံ့ဆိုင်းမှုဖြင့် သက်ပြင်းချကာ "ကောင်းဖန်..ငါဒီလိုသေးသွားရင် မင်းကိုကာကွယ်နိုင်ပါဦးမလား"
"စိတ်အေးအေးထား..အဆင်ပြေမှာပါ..ဒီအသီးကိုစားထားတုန်းတော့ တစ်ခြားသားရဲတွေနဲ့ရန်မဖြစ်နိုင်သေးဘူးပေါ့..ဒါပေမဲ့ ပြန်ကြီးလာမှာပဲလေ"ကောင်းဖန်က အစင်းလေးအား စိတ်သက်သာအောင်ပြောပြလေသည်။
"ငါဘယ်တော့မှ ရန်မဖြစ်ပါဘူး!" အစင်းလေးသည်ခေါင်းညှိမ့်ကာဆိုလေသည်။
အဖြူရောင်သတ္တုအသွားနှင့်သားရဲသည် မြေကြီးပေါ်တွင်ထိုင်နေကာ အစင်းလေး၏ တောင်တစ်လုံးကဲ့သို့မြင့်မားသောအရပ်အမောင်းကိုကြည့်ကာ ကြက်သေသေလျှက် ရှိလေသည်။ "မင်းကမကောင်းဆိုးဝါးလား"...
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၂ ဆယ်ကောင်မြောက်သားရဲ
"ဘယ်လိုကြီးလဲ.. မင်းငါ့ကိုနောက်နေတာတော့မဟုတ်ပါဘူးနော်” ကောင်းဖန်ကပြုံးကာ "အစင်းလေးငါ့နောက် စ လိုက်လာတုံးကမင်းထပ်တောင် ပိုအရပ်ပုသေးတယ်..ချစ်စရာပင့်ကူသေးသေးလေးပေါ့" ဟု ပြောလိုက်သည်။
အဖြူရောင်သားရဲက တုန်ယင်စွာဖြင့် "မင်း ငါ့ကို လှည့်စားနေတာတော့မဟုတ်ပါဘူးနော်" ဟု မေးလိုက်ပြန်သည်။
"ငါက မင်းကိုဘာကိစ္စနဲ့လှည့်စားရမှာလဲ.. အဓိကကတော့ မင်းမှာ ကြီးမားတဲ့စွမ်းအင်တွေရှိတယ်လို့ ငါထင်တယ်..ငါ အဲဒီစွမ်းအင်တွေကို သဘောကျတယ်.. မင်းရဲ့အရပ်အတွက်တော့ မင်းစိတ်ပူနေစရာမလိုပါဘူး..မင်းအရပ်ရှည်လာဖို့အတွက် ခက်ခဲတဲ့နည်းလမ်းအမျိုးမျိုးသုံးပြီးကြိုးစားပေးလို့ရတယ် မင်းဒီအရိုးစုကောင်လို ကြီးထွားလာဖို့အပင်ပန်းခံစရာမလိုဘူး" ထို့နောက် ကောင်းဖန်က တာ့ဇီအားအကြောင်းမဲ့ အနောက်သို့ ကန်ထုတ်လိုက်လေသည်။
တာ့ဇီသည် အသားခြောက်တစ်ဖတ်ကို စားနေစဥ်ရုတ်တရက် အကန်ခံလိုက်ရခြင်းဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် တစ်ပတ်ပြီးတစ်ပတ်လိမ့်သွားပြီး ဘာမှမဖြစ်သလိုနှင့် ပုံစံပြန်ပြောင်းကာ စိတ်ဆိုးခြင်းအလျဉ်းမရှိသောပုံနှင့် အသားခြောက်အား ဆက်၍စားနေလေသည်။
ထိုမြင်ကွင်းအားကြည့်ပြီး အဖြူရောင်သားရဲသည် တုန်လှုပ်လျက်ရှိနေစဉ် ကောင်းဖန်သည်၎င်း၏ဦးခေါင်းအား တိတ်တဆိတ်ကိုင်ကြည့်လေသည်။ "အင်း..ချောမွေ့ပြီးအေးနေတယ်..ကိုင်ရတာ ဆိုင်ကယ်ဦးထုပ်လိုမျိုးနဲ့ဆင်သလိုပဲ"
အဖြူရောင်သားရဲသည် စိတ်နှလုံးခြောက်ခြားကာ ရှုပ်ထွေးလျက်ရှိပေသည်။
"ငါက သူ့ရဲ့ကိုယ်ပိုင်သားရဲကောင်ကို ဒီလောက်ထိုးနှက်ခဲ့တာတောင်မှ သူကငါ့ကိုကြီးအောင် လုပ်ပေးမယ်ဆိုပဲ..ဒါပေမဲ့ ငါမြန်မြန်ဆန်ဆန်လက်ခံလိုက်မယ်ဆိုရင် ငါကအရမ်းလွယ်တဲ့ အရူးလိုကောင်လို့ ထင်သွားမလားမသိဘူး" အဖြူရောင်သားရဲက အတွေးထဲတွင် နစ်မြုပ်နေလေသည်။
တစ်ဖက်မှာလည်း အစင်းလေးသည် အယောင်ဆောင်အသွင်သစ်သီးအားစားပြီး သူ၏ခန္ဓာကိုယ်သည် တောင်တစ်လုံးအရွယ်မှနေ တဖြည်းဖြည်းနှင့် အထပ်မြင့်တိုက်တစ်လုံးအရွယ်လောက်ထိ ကျုံ့လာလေသည်။
ပေ ၄၀ လောက်အနေအထားထိ ကျုံ့လာပြီဖြစ်သည်။ ထိုအမြင့်သည် အထပ် ၂၀ မြင့်သောအဆောက်အဦးတစ်ခု၏အမြင့်နှင့် ညီမျှလေသည်။ အထပ် ၂၀ မြင့်တိုက်ဘေးတွင်သွား၍ရပ်ကြည့်လျှင် အတိုင်းအတာသည်ပို၍တိကျနိုင်လောက်ပေသည်။
"ခုထိတောင်အတော်မြင့်နေတုန်းပဲ..ဒါပေမဲ့လည်း ထပ်စားလို့ရပါတယ်" ကောင်းဖန်သက်ပြင်းချလေသည်။
ကံမကောင်းသည်မှာ ကောင်းဖန်က နောက်တစ်လုံး ထပ်စားစေချင်သေးသော်လည်း အယောင်ဆောင်အသွင်သစ်သီးသည် တစ်လုံးပြီးတစ်လုံး ဆက်တိုက်စား၍မရချေ။
လိမ္မော်ပင်ခြောက်အချို့နှင့်သေးငယ်သောတဲတစ်ခုကို ကျုံ့သွားသော အစင်းလေး၏ ကျောပေါ်တွင် ထူးဆန်းစွာဖြင့်တွေ့ရှိရလေသည်။ "ဒီအပင်ကမသေသေးဘူးပဲ" ကောင်းဖန်သည်ပြောစရာစကားပင်ရှာမတွေချေ။
ကောင်းဖန်က ထိုအပင်များသည်အလွန်ကြာနေပြီဖြစ်သောကြောင့် ညှိုးခြောက်ကာသေပြီဟု ထင်မှတ်လေသည်။ သို့သော်၎င်းအပင်များကမသေပဲ အသက်ရှင်နေသေးသည်။
တာ့ဇီက အစင်းလေး့ကျောပေါ်သို့ပျော်ရွှင်စွာပျံတက်သွားပြီး "ကြည့်စမ်း အစင်းလေးရေ..ငါမင်းအတွက်စိုက်ပေးခဲ့တဲ့ လိမ္မော်ပင်လေး..ကြည့်လို့မကောင်းဘူးလား"
"ကောင်းပါ့" အစင်းလေးကပြန်ဖြေလေသည်။ ခန္ဓာကိုယ်ကျုံ့လာသဖြင့် အစင်းလေးသည် ပို၍ လှုပ်ရှားရလွယ်ကူလာလေသည်။ တောင်ကြားတွင်း ဟိုနှင့်ဒီပြေးလွှားနေသဖြင့် ၎င်း၏ကျောပေါ်မှ အပင်သည်လည်း ယိမ်းထိုးနေလေသည်။
ကောင်းဖန်သည် အဖြူရောင်သတ္တုသားရဲနှင့်စာချုပ်ချုပ်ဆိုနိုင်ရန် စိတ်ပိုင်းဆိုင်ရာအရပြင်ဆင်ထားသော်လည်း တကယ်တမ်းတွင် အေးအေးချမ်းချမ်းနှင့် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပေသည်။ သူသည် စိတ်ပေါ့ပါးသွားပြီး စွမ်းအင်များလည်း များစွာအသုံးချလိုက်ရခြင်းမျိုးမရှိချေ။ အစင်းလေးအား ဘုရင်အဆင့်သို့မြှင့်တင်ပြီး ကောင်းဖန်၏စိတ်ဝိဉာဏ်စွမ်းအားသည်လည်း ကြီးထွားလာခဲ့သည်။ ထိုစွမ်းအင်များထပ်မံတိုးပွားလာစေသော အဖြူရောင်သတ္တုအသွားသားရဲနှင့်လည်းစာချုပ်ချုပ်ဆိုခဲ့ပေသည်။
"ငါ့ရဲကိုယ်ပိုင်သားရဲမိသားစုတွေနဲ့ ဘောလုံးအသင်းတစ်သင်းတောင်ထောင်လို့ရပြီ.. ငါ့မှာ တာ့ဇီ၊ အစင်းလေး၊ ဆီလီ၊ ဒန်ဘီ၊ ဖလိန်မီ၊ ဂိုဒီ၊ ရှောင်ကောင်း၊ ရတနာအနံ့ခံကြွက်၊ ရေခဲခြင်္သေ့နဲ့ အဖြူရောင်သတ္တုအသွားသားရဲ အဲဒါတွေအကုန်ရှိတယ်"
သူ၏လက်ချောင်းများအား ချိုးကာ ရေတွက်ကြည့်လျှင် ဂဏန်းနှစ်လုံးခန့်မျှရှိနေပြီဖြစ်သည်။ သို့သော်သားရဲများအား စနစ်တကျနေရာချကာ ပုံဖော်ရန်လိုအပ်ပေသည်။ သားရဲများတွင် တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းနှင့်နောက်ဆုံးတွင်တစ်ခုတည်းသောကျန်ရှိနေသော လုပ်ကြံသတ်ဖြတ်သူလည်း ယခုဖြည့်နိုင်ခဲ့ပြီဖြစ်သည်။
တောင်ကြားတွင်နှစ်လနီးပါးနေပြီးသောအခါ ကောင်းဖန်သည်အစင်းလေး၏ကျောပေါ်တွင်လိုက်ပါကာ ကောင်းဖန်နှင့်သူ၏ကိုယ်ပိုင်သားရဲအုပ်စုတို့ တောင်ကြားမှ ပျော်ရွှင်စွာထွက်ခွာကြလေသည်။
"ငါတစ်ခုခုမေ့ကျန်ခဲ့တာများရှိလားမသိဘူး"ကောင်းဖန်သည် သူ့ကိုယ်သူရေရွတ်လေသည်။
"ငါသတိရပြီ..မင်းငါ့ကိုပေးတဲ့အရုပ်က ခုထိတောင်ကြားမှာရှိနေတုံးပဲ" အစင်းလေးကပြောလေသည်။
မြေအောက်ခန်းထဲမှ ခိုးကြောင်ခိုးဝှက်ယူလာသော ချင်ချုံကြေးရုပ်တုအကြောင်းကြားကာ ထိုနေရာသည် ရေခဲတမျှအေးစက်သွားကြလေသည်။
"သူကမင်းပြောတာကိုနာခံလား" ကောင်းဖန်ကလှည့်ကာကြေးရုပ်တုအား ကြည့်လိုက်လေသည်။
"အရမ်းကို နာခံတာပေါ့..သူကငါနဲ့ကစားပေးတယ်..ငါ့ကိုအဖော်ပြုပေးတယ်" အစင်းလေးကသဘောကျစွာပြောလေသည်။
အဝေးဆီမှထွက်ပြေးရန်ကြိုးစားနေသော ချင်ချုံကြေးရုပ်တုသည် အစင်းလေးအသံကြားသည်နှင့် ပြေးလာကာ မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ချလိုက်လေသည်။
ချင်ချုံကြေးရုပ်တုသည် မြေကြီးပေါ်တွင်ကျိုးနွံစွာဖြင့်ဒူးထောက်နေစဉ်တွင် အဖော်မဲ့ခြင်္သေ့သည် ရုတ်တရက်တီးတိုးဆိုလေသည် "ဒါက.." ခြင်္သေ့သည် မယုံကြည်နိုင်စွာဖြင့် "မဟုတ်ဘူး..ဒါကမဖြစ်နိုင်ဘူး..တစ်ခုခုတော့မှားနေပြီထင်တယ်..ဒီလိုအရာကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ခြင်္သေ့သည် မျက်လုံးများအား ပြူးကျယ်စွာဖွင့်ကာ ခေါင်းကိုရှေ့သို့ဆန့်ထုတ်၍ ကြေးရုပ်တုအားစိုက်ကြည့်လေသည်။
"ဘာပြဿနာရှိလို့လဲ.. မင်းဒီအရုပ်ကိုသိလို့လား" ကောင်းဖန်သည် အနက်ရောင်မြူခိုးကမ္ဘာမှလာကာ ချင်ချုံရုပ်အား မကြားဖူးဟုဆိုလျှင် သံသယဖြစ်ဖွယ်ဟု ထင်မိလေသည်။
"သက်၀င်လှုပ်ရှားနေတဲ့ပန်းပုရုပ်.. မင်းဆီမှာ ဒီလိုအရာမျိုးက ဘယ်လိုလုပ်ပြီးရှိနေတာလဲ" ခြင်္သေ့သည်အကြီးအကျယ်တုန်လှုပ်လျှက်ရှိပေသည်။
"ဒါကပုံမှန်ပါပဲ" ကောင်းဖန်သည်အံ့ဩမိလေသည်။ "သားရဲအမျိုးမျိုး ငါတို့ကမ္ဘာမှာရှိနေတာ ပုံမှန်ပဲမဟုတ်ဘူးလား"
"ပုံမှန်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်..." ခြင်္သေ့၏အသံသည် တဖြည်းဖြည်းတိမ်၀င်လာသည်။ သို့သော် ထိုသက်၀င်ရုပ်တုအကြည့်ကာ တုန်လှုပ်နေဆဲပင်ဖြစ်လေသည်။ ခဏအကြာတွေဝေသွားအပြီးတွင် ခြင်္သေ့သည် ကောင်းဖန်နားသို့သွားကာ တီးတိုးဆိုလေသည် "ငါသိသလောက်တော့..ဒီလိုသက်၀င်လှုပ်ရှားနေတဲ့ပန်းပုရုပ်တုမျိုးက တခြားကမ္ဘာမှာပဲရှိတာ..ပြီးတော့ အဲလိုအရုပ်တွေက အဲဒီကမ္ဘာတွေကဒေသထွက်ထုတ်ကုန်တွေပဲ"
"ဒေသထွက်ထုတ်ကုန်" ကောင်းဖန်က ရီရင်းဆိုလေသည်။
"မင်း ဒီသက်၀င်ရုပ်တုနဲ့ စာချုပ်ချုပ်ဖို့ ပြင်နေတာလား"
"မဟုတ်ပါဘူး..ငါကသူတို့ကို တံခါးစောင့်လုပ်ခိုင်းထားတာ" ကောင်းဖန်ကပြန်ပြောလိုက်သည်။
"ဒါလည်း သိပ်တော့မဆိုးပါဘူး..သူတို့တွေက ခက်ထန်ပြီး စည်းကမ်းတင်းကျပ်ကြတယ်..အဲဒါကြောင့် ခိုင်းတဲ့ကိစ္စကိုတော့ဘယ်တော့မှလက်မလျှော့တတ်ကြဘူး" ခြင်္သေ့ကသန်းဝေကာ အစင်းလေးကျောပေါ်တွင် သက်တောင့်သက်သာဖြစ်မည့်နေရာရှာပြီး လှဲလျောင်းလေသည်။
ကောင်းဖန်သည် ထိုရုပ်တုအား တက္ကသိုလ်သို့ယူလာစဉ်က အစောင့်များအား ညွှန်းကြားခဲ့သည်မှာ "ဒါကဆရာအသစ်တွေ..ဆရာချင်လို့ခေါ်လို့ရတယ်..လစာ..လစာကတော့ ဆရာကွမ်ထက် အဆင့်တစ်၀က်နိမ့်လို့ သူ့ထက်ပိုနဲမယ်"
အစောင့်များက ကျောင်းအုပ်ကောင်းအား ချစ်ခင်စွာကြည့်လေသည်။ အခြားကျောင်းအုပ်များသည် အလွန်တော်သောဆရာများအားငှားနေကြသောအချိန်တွင် ၎င်းတို့၏ကျောင်းအုပ်သည် နတ်ဘုရားအဆင့်သားရဲများအား ဆရာအဖြစ် သင်ကြားစေသည်။
ကောင်းဖန်ထွက်သွားပြီးလျှင် ချင်ချုံကြေးရုပ်တုသည် သက်သာသလိုအနေအထားဖြင့် ကျောင်း၏ အဓိကဂိတ်တံကားနားတွင် နေလေသည်။ အဝေးမှကြည့်လျှင် ကျောင်းပေါက်၀၏ ဘယ်ဘက်နှင့်ညာဘက်တွင် ပေ ၃၀ အမြင့်ရှိသော သက်၀င်လှုပ်ရှားနေသောဧရာမကြေးရုပ်တုကို တွေ့ရမည်ဖြစ်သည်။
ဘယ်ဘက်တွင် ကွမ်ယု နှင့် ညာဘက်တွင် ချင်ချုံတို့ဖြစ်ကြသည်။
"အဖိုး..ကျွန်တော် လူဆာကာမြို့တော်က ကိုယ်စားလှယ်နဲ့ အာဖရိကအပြင်ဘက်က မယုံနိုင်စရာကောင်းတဲ့ ၀င်္ကပါထဲမှာတွေ့ခဲ့တယ်..ဒီကနေဆိုရင် အဲဒီ၀င်္ကပါကိုရောက်ဖို့ အနောက်ဘက်ကို မိုင်ပေါင်း ၆၂၀ လောက်သွားရမယ်တဲ့.. အဲဒီနေရာကလူဆာကာက အာကာသကွက်လပ်ရဲ့တည်နေရာပဲ"
"၆၂၀ မိုင်ပဲလား" ကျီဟန်ဝူသည် အံ့ဩသွားလေသည်။ "ဒီအကြောင်းကို ဘယ်သူတွေသိသေးလဲ"
"ကျွန်တော်ကယ်ခဲ့တဲ့လူစုကတော့သိမှာပဲ..အဲဒီထဲကတစ်ယောက်က ဇင်ဘာဘွေစစ်တပ်က ရာထူးခပ်မြင့်မြင့်ပဲ..ကျန်တာတွေကတော့ အမဲရောင်ခွေးတူ၀က်တူလုံခြုံရေးကုမ္ပဏီက အမှုဆောင်အရာရှိတွေပါ..ကျွန်တော် သူတို့နဲ့ ဖုန်းနံပါတ်ချင်းဖလှယ်လာခဲ့တယ်..အရေးကြုံလာရင်သူတို့ဆီဆက်သွယ်လို့ရအောင်ပေါ့..သူတို့နဲ့စီးပွားရေးပူးပေါင်းလုပ်ကြဖို့ကိုလည်း သဘောတူခဲ့တယ်"
"အိုကေ..ငါမင်းကို ဒီကိစ္စအတွက်လုပ်ပိုင်ခွင့်ပေးလိုက်မယ်" ကျီဟန်ဝူက အစားဆက်စားရင်းပြောသည်။
အဖိုးရော မြေးပါ အင်အားစုနှစ်ခုသည် တောင်ပိုင်းကောင်းကင်အုပ်စုအားဖယ်၍ ယွိကျိုးအပြင်ဘက်ရှိအင်အားစုတစ်ခုနှင့် ပူးပေါင်းမည့်အရေးကို စိတ်ပူပန်ခြင်းမရှိကြချေ။ ကမ္ဘာသစ်အတွက် လိုက်နာရန်စည်းကမ်းချက်များသည်ပြင်းထန်လာသော်လည်း ကြာလာသည်နှင့်အမျှစည်းကမ်းသစ်များနှင့် လိုက်လျောညီထွေဖြစ်လာပေသည်။
"မလုပ်ပါနဲ့.. ကျွန်တော်တစ်ယောက်ထဲဆို မနိုင်လောက်ဘူး.. အဖိုးဆီမှာထားခဲ့ရင် ပိုအဆင်ပြေလောက်တယ်" ကောင်းဖန်ကရယ်လျက်ဆိုလေသည်။ "အစင်းလေးက အာကာသကွက်လပ်ကိုဖြတ်ဖို့ကြီးလွန်းနေသေးတယ်..အာကာသကွက်လပ်က ပိုကျယ်လာမယ်ဆိုရင်တော့ အရင်ဆုံးသွားကြည့်ပြီး စီးပွားရေးလမ်းကြောင်းအတွက်ရှင်းလင်းထားရမှာပေါ့"
ကျီဟန့်ဝူကလှုပ်ရှားမှုများနှေးကွေးလာပြီး ခေါင်းအားညှိမ့်ကာ ကတိပေးလေသည်"ဟုတ်ပြီ..အဲဒါပြီးရင် မင်းကဘာဆက်လုပ်မှာလဲ"
"ကျွန်တော်လား.. ကျွန်တော်က ကြီးကြီးမားမားတစ်ခုခုဖြစ်လာအောင်လုပ်မှာပေါ့" ကောင်းဖန်ကရယ်လျက်ဆိုလေသည်။