အခန်း (၃၉၃-၃၉၆)
Vol. 25 Ch. 393-396
အခန်း ၃၉၃ အနောက်အရပ်သို့ခရီးသွားခြင်း
နောက်ဆုံးကျန်ရှိသော ပါ၀င်ပစ္စည်းသည် မသေဆုံးသောနှလုံးသား၏ အဆီအနှစ်ဖြစ်သည်။ ဒန်ဘီအား ဒဏ္ဍာရီအဆင့်သို့မြှင့်တင်ရန် ထိုနောက်ဆုံးကျန်ရှိသော ပါ၀င်ပစ္စည်းအား ရှာဖွေရန် လိုအပ်လေသည်။
"မသေဆုံးတဲ့အသဲနှလုံးရဲ့အဆီအနှစ်ကို အနက်ရောင်မြူခိုးကမ္ဘာမှာ ရှာတွေ့နိုင်မယ်ထင်တယ်.. ဒါပေမဲ့ မင်းအတွက်ပိုပြီးခက်ခဲလိမ့်မယ်..အဲဒီအရာက သေးလားကြီးလားမသိရပေမဲ့ သားရဲတွေအားလုံး အလိုရှိနေတဲ့အရာဖြစ်ပြီး ချက်ချင်းမလိုအပ်သေးရင်တောင် ရတနာအဖြစ်တန်ဖိုးထားကြတာ" ခြင်္သေ့က တွေးတောကာ ပြောလေသည်။
"အဲဒီအရာရဲ့လုပ်ဆောင်ချက်က စိတ်ဝိဉာဥ်အညစ်အကြေးတွေကို သန့်စင်ပေးတာပဲ..မင်းရဲ့စိတ်ဝိဉာဥ်ကို သန့်ရှင်းစင်ကြယ်လာအောင် လုပ်ပေးနိုင်တဲ့အစွမ်းရှိတယ်..ဒီအရာကိုလိုချင်တဲ့ စိတ်ဝိဉာဥ်သန့်စင်ဖို့လိုနေတဲ့ သားရဲတွေမှ အများကြီးပဲ" ခြင်္သေ့ကလျှာနှင့်နှုတ်ခမ်းအား သပ်လိုက်ပြီး "ဘီစကစ်တစ်ခုထပ်ပေးပါဦး" ဟု ပြောလိုက်သည်။
ကောင်းဖန်သည် ဘူးထဲမှ အဖြူရောင် ဝေဖာဘီစကစ်အားထုတ်လိုက်လေသည်။ ဘီစကစ်သည် အဖြူရောင်ဖြစ်ပြီး အပေါ်တွင်လည်း အဖြူရောင်အပိုင်းအစလေးများပါရှိလေသည်။
တာ့ဇီကလှမ်းကြည့်လိုက်သည်။ "အ လိုက်တဲ့ကောင်.. ဒီလိုနို့ဘီစကစ်မျိုး တစ်ခါမှမစားဖူးပုံပဲ..ဘယ်နိုင်ငံကလာတဲ့ တောသားငနုံမျိုးလဲ" ထိုခြင်္သေ့နုံပုံကိုကြည့်ကာ ကိုယ်ကိုယ်ကိုယုံကြည်ချက်များ ပြည့်၀လာလေသည်။
မနှစ်မြို့စရာကောင်းသော ခံစားမှုများသည် ခြင်္သေ့၏ စိတ်ထဲတွင်ဖြစ်ပေါ်လာလေသည်။ သေးငယ်သော မြို့ကြီးပြကြီးတွင်မွေးသော ကင်းခြေများတစ်ကောင်က ၎င်းကဲ့သို့ တောထဲတွင်အရိုင်းဆန်ဆန်ကြီးပြင်းလာသော ခြင်္သေ့ထက် သာလွန်နေသည်ကို စိတ်မကျေမနပ်ဖြစ်မိလေသည်။
ခြင်္သေ့၏ မျက်လုံးနှစ်လုံးသည် လခြမ်းကွေးကဲ့သို့အအနေအထားဖြစ်ကာ ကျေနပ်သောမျက်နှာထားနှင့် ဘီစကစ်အား သူ၏သေးငယ်သောပန်းရောင်လျှာလေးဖြင့် လျက်ကာစားလေသည်။
"ဟင်း...ဒီအရှုပ်ထုပ်ကတော့..ချစ်စရာကောင်းအောင် ဘယ်လိုဟန်ဆောင်ရမလဲသိသားပဲ" တာ့ဇီက အေးစက်စွာရီရင်း ပြောလေသည်။
ခြင်္သေ့သည် စိတ်ဆိုးခြင်းကင်းသော မျက်၀န်းများဖြင့် မော့ကြည့်လိုက်သည်။ နီလာကဲ့သို့သော တဖျတ်ဖျတ်တောက်ပနေသည့် မျက်လုံးများဖြင့်တစ်ခုခုကို ပြောချင်ဟန်ရှိလေသည်။
"ကောင်းပြီ..စိန့်ဂျယ်လန်မြို့ကို အရင်သွားကြစို့..ဒီခရီးက ဝေးလိမ့်မယ်..ဒါပေမဲ့ အဲဒီစိန့်ဂျယ်လန်မြို့မှာ မသေဆုံးနဲ့နှလုံးသားအဆီအနှစ်ရှိနေလောက်တယ်" ကောင်းဖန်ကမျက်လုံးအားဝေ့ကြည့်ကာ ပြောလေသည်။ ကံကောင်းတဲ့ သေဆုံးခြင်းတဲ့လား....ဘယ်လို ကြီးမားတဲ့သေဆုံးခြင်းမျိုးက ကံကောင်းတယ်ဆိုတဲ့သဘောသက်ရောက် နိုင်ရတာလဲဆိုတာ ကောင်းဖန် စဉ်းစားဖို့တောင် ခက်နေသည်။
အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက် ကောင်းဖန်သည် သေခြင်းတရားအား ကြောက်စရာအဖြစ်သဘောမထားရန်ဆုံးဖြတ်ကာ ထိုအရာအား အသင့်ဆုံး နမူနာအဖြစ် သေခြင်းတရားကိုမကြောက်ကြပဲ ထိုအရာကိုလက်ခံယုံကြည်ရပေမည်။
စိန့်ဂျယ်လန်မြို့သည် အဝါရောင်သဲကန္တာရဒေသ၏ အနောက်ဘက်အပိုင်းတွင် တည်ရှိပြီး အဝါရောင်သဲ ကန္တာရနိုင်ငံ၏ မြို့တော်ဖြစ်ပေသည်။
ကပ်ကြီးမဖြစ်မီကာလတွင် စိန့်ဂျယ်လန်မြို့သည် နာမည်ကြီးသော ဘာသာရေးမြို့တော်ဖြစ်သည်။ ၎င်းမြို့သည် နိုင်ငံအဝှမ်းမှယုံကြည်ကိုးကွယ်သူများအတွက် ကြီးမားသော ဘာသာရေးယုံကြည်ချက်များထွန်းကားသော အိမ်ရှင်မြို့တော်ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ထိုမြို့တွင် တစ်ကမ္ဘာလုံးတုန်လှုပ်လောက်အောင်ပင် ကြီးမားသော ၀တ်ပြုခရီးသွားသူများဖြင့် စည်ကားခဲ့လေသည်။ သန့်စင်မွန်မြတ်သောရောင်စဉ်အား အလေးအမြတ်ထားယုံကြည်သူ စုစုပေါင်း ၅၀၀၀၀ မျှသည် ကမ္ဘာတစ်ဝှမ်းမှစုဝေးလာကာ ထိုရောင်စဉ်ထဲတွင် ၎င်းတို့ကိုယ်ကို စတေးကြလေသည်။
ခရမ်းရောင်မီးတောက်သည် နှစ်နာရီအကြာ တောက်လောင်ကာ လျော့ပါးစပြုလာခဲ့သည်။ ထိုသို့ စတေးသူများ လောင်ကျွမ်းထားသောနေရာအား ကန့်သတ်ထားပြီး မကြာမီပင် ထိုနေရာ၌ ဘုရားကျောင်းဆောင်ဆောက်လုပ်ထားလေသည်။ ထို့ကြောင့် ၎င်းနေရာသည် နိုင်ငံခြားသားများ စိတ်၀င်စားမှုကို စွဲဆောင်နေသော နေရာတစ်ခုဖြစ်လာခဲ့လေသည်။
ရရှိသောသတင်းအချက်အလက်များအရ ထိုဘုရားကျောင်းသည် ခြောက်လလောက်အတွင်း ထူးဆန်းလာလေသည်။ ညဘက်တိုင်းတွင် ဘုရားကျောင်းထံမှအဖြူရောင်အလင်းတန်းများ ထွက်ပေါ်လျှက်ရှိလေသည်။ ထို့အပြင် လူများကျမ်းစာရွတ်နေသံများ ကြားရကြောင်း ကောလဟာလများလည်း ကြားသိရလေသည်။
"အဲဒီနေရာမှာ မသေဆုံးတဲ့နှလုံးသားရဲ့အဆီအနှစ်ရှိတယ်ဆိုတာ ဖြစ်နိုင်လောက်တယ်" ခြင်္သေ့ကဘီစကစ်အားဝါးရင်းပြောလေသည်။
"မှန်တယ်..ငါတို့တွေ ကျင်းရှဒေသကို ဖြတ်ပြီးမှ အဝါရောင်သဲကန္တာရဒေသဆီရောက်မယ်..အဲဒီကျင်းရှဒေသမှာ ရွှေရောင်လက်များရဲ့ ဌာနချုပ်ရှိတယ်" ကောင်းဖန်၏မျက်လုံးများသည် အန္တရာယ်ရှိသော မီးတောက်များကဲ့သို့ဖြစ်လာကာ "ငါတို့ရဲ့မိတ်ဆွေဟောင်းကြီးဆီလည်း ၀င်လည်ကြစို့"
ကောင်းဖန်သည် အငြိုးအတေးကြီးသောသူတစ်ယောက်ဖြစ်လေသည်။ သူ့အား ရိုင်ဖယ်သေနတ်နှင့် ပစ်ခဲ့သည်ကို ယခုတိုင် မှတ်မိနေဆဲဖြစ်ပေသည်။
အဆိုအမိန့်များအရ လူကြီးလူကောင်းတစ်ယောက်သည် ဆယ်စုနှစ်တစ်ခုမျှကြာသော ကိစ္စရပ်အတွက် လက်စားချေရန် နောက်ကျလွန်းခဲ့ပြီဟူ၍ ရှိလေသည်။ ဆယ်နှစ်ဆိုသောအချိန်သည် အလွန်ကြာခဲ့ချေပြီဖြစ်သည်။ ကောင်းဖန်အတွက်ဆိုလျင်မူ ဤကိစ္စကိုလက်စားမချေရလျှင် ညပင် ကောင်းကောင်းအိပ်ပျော်နိုင်မည် မဟုတ်ချေ။
”မင်းပဲ စိန့်ဂျယ်လန်ကို သွားမလို့ဆို...ဘာလို့အဲ့လောက်ဝေးတဲ့ဆီကို ၀င်ဦးမှာလဲ..မင်းအဲဒီနေရာနဲ့လဲ ရင်းနှီးတာလည်းမဟုတ် ပြီးတော့ မင်းမှာ သူငယ်ချင်းလည်း သိပ်ရှိတာမှမဟုတ်ပဲ" ကျီဟန့်ဝူက မျက်မှောင်ကျုံ့ကာဆိုလေသည်။ သို့သော်သူသည် သူ့မြေးအား ဖြောင်းဖျလို့ရမည်မဟုတ်ကြောင်း သိနေလေသည်။ "အင်း..ကိစ္စတော့မရှိပါဘူး..မင်းလည်းအခုအရွယ်ရောက်နေပြီပဲ..မင်းကိစ္စတွေကိုယ် မင်းကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်းလုပ်ပေါ့..လမ်းခရီးမှာသတိထားသွား..ကိုယ့်ကိုယ်ကိုအငတ်ခံမနေနဲ့ဦး..ပြီးတော့ထပ်မှာစရာက မင်းအပြင်မှာတစ်ယောက်ထဲဖြစ်နေရင် ခက်ထန်တဲ့ပုံစံနဲ့နေ..တစ်ယောက်ထဲရှိနေချိန်အားနည်းတဲ့ပုံပေါက်နေရင် မင်းကို လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရလောက်တယ်လို့ ထင်သွားလိမ့်မယ်..မင်းယူလာမဲ့အလောင်းတွေကို သယ်ယူဖို့အတွက်ငါတစ်ယောက်ယောက်ကို ပြင်ဆင်ခိုင်းထားလိုက်မယ်..ဂိုဒီကိုပစ္စည်းတချို့ ခဏနေလာပေးမယ်"
"ပစ္စည်းတချို့"..
မကြာခင်အချိန်တွင်ထရပ်ကားတစ်စီးသည် အပေါက်၀တွင်ရပ်လာလေသည်။ ကျီဟန့်၀ူသည်ကားပေါ်မှဆင်းလာကာ ချွန်ထက်သော တိုက်ပွဲသုံးပုဆိန်နှစ်လက်အား ယူဆောင်လာလေသည်။
ပုဆိန်သည် စားပွဲထက်ပင်ကြီးမားလေသည်။ ထိုချွန်ထက်သောပုဆိန်၏အသွားသည် အလွန်အလေးချိန်များက လွှဲခုတ်လိုက်လျှင်အရှိန်ပိုပါလေသည်။
ထိုပုဆိန်၏အရိုးတွင် ချောင်းများထည့်ရန်အခွက်ပုံသဏ္ဍာန်ပါရှိသည်။ ထိုကြောင့်ကိုင်ရသည်မှာပို၍ အဆင်ပြေကာ ချော်ထွက်ခြင်းမှကင်းဝေးစေသည်။ ထိုကြီးမားသောပုဆိန်နှစ်ခုသည် သေစေလောက်သော လက်နက်များဖြစ်ပေသည်။
ကောင်းဖန်သည် ထိုပုဆိန်များနှင့်ရင်းနှီးကျွမ်း၀င်လျက်ရှိသကဲ့သို့ ခံစားရလေသည်။ "ငါအရင်က ဒီပုဆိန်တွေကို တွေ့ခဲ့ဖူးတယ်လို့ထင်တာပဲ"
"ဒီပုဆိန်တွေက ၀င်္ကပါစောငိ့ကြည့်သုတွေရဲ့လက်ထဲကနေ ရခဲ့တဲ့ဟာတွေလေ..အဲဒါတွေက အတော်အသုံး၀င်မဲ့ပုံမို့လို့ ငါစမ်းသပ်ခန်းကိုပို့ပြီး ပိုအဆင့်မြင့်အောင် အသစ်ပြန်ဆင်ခိုင်းထားတာ"
ဂိုဒီသည်ရှေ့သို့ထွက်လာကာ ထိုပုဆိန်နှစ်လက်အား ကြည့်လေသည်။ ပြီးလျှင်မကြည့်ကာ လေထဲတွင် နှစ်ခါမျှ ဝှေ့ယမ်းကြည့်လေသည်။ ပုံမှန်အချိန်တွင်ကြည့်လျှင် ထိုပုဆိန်နှစ်လက်သည်ကြီးမားနေသယောင်ရှိသော်လည်း ဂိုဒီအနေနှင့်ကြည့်လျှင် သေးငယ်ပေသည်။
နှစ်ခါမျှလေထဲတွင်ဝှေ့ယမ်းကြည့်အပြီး ပုဆိန်အားအဝေးသို့လွှင့်ပစ်ကာ စိတ်မ၀င်စားဟန်ဖြင့် "ဒါကအရမ်းပေါ့လွန်းတယ်..တော်တော်ပေါ့တယ်..နဂါးဘုရင်ကြီးရေ..ဒီထက်ပိုပြီး လေးတာလေးမရှိတော့ဘူးလား"
ကောင်းဖန်၏မျက်နှာသည် မည်းမှောင်သွားလေသည်။ "မင်းအနောက်အရပ်သို့ခရီးထွက်ခြင်းကို ငါ့ခွင့်ပြုချက်မပါပဲ ထပ်ကြည့်ပြန်ပြီလား"
"ဒါလေးနှစ်ခုပါပဲ ဂိုဒီရယ်..ငါ့အတွက် ဒါတွေကိုသေချာဂရုစိုက်ပေးစမ်းပါ"
ဂိုဒီသည် နှုတ်ခမ်းအားသပ်၍ ပုဆိန်နှစ်ခုကို ပုခုံးပေါ်တွင်သယ်လာလေသည်။ ပုဆိန်များ၏အောက်ခြေတွင် ချိန်းကြိုးတစ်ခုစီပါရှိလေသည်။ ဂိုဒီသည် ထိုချိန်းကြိုးအား ရင်ဘတ်တွင် နှစ်ပတ်ပတ်ကာ ချည်ထားလေသည်။
ငွေရောင်ရင့်ရင့်ချိန်းကြိုးကို ဂိုဒီခန္ဓာကိုယ်တွင်ချည်နှောင်ထားပြီး သူ၏ခေါင်းကို ထူးဆန်းသောအပြာရောင်အကွက်ဖြင့်ဖုံးအုပ်ထားလေသည်။ ဂိုဒီသည် ပုဆိန်နှစ်ခုအားနောက်ကျောတွင်ချိတ်ဆွဲထားသော ပုံသဏ္ဍာန်သည် ချစ်စရာပင်ကောင်းနေလေသည်။
"ကားပေါ်မှာ မုန့်ပုံးတွေရေပုံးတွေ တစ်ဒါဇင်ကျော်လောက်ရှိတယ်..အဲဒါတွေ သယ်သွားဖို့မမေ့နဲ့ဦး" အဖိုးကသတိပေးလေသည်။
"ဖန်လေးထွက်သွားပြီလား" အေးအေးလူလူလမ်းလျှောက်ထွက်လာပြီး ထမင်း၀င်စားရန် ရောက်လာသော အန်ကယ်လျိုသည် ကောင်းဖန်သွားတော့မည့် သတင်းကိုကြားသောကြောင့် အမြန်ရောက်ရှိလာကာ ကောင်းဖန်ယူသွားရန်အတွက် စားသောက်စရာပမာဏများစွာကို ဆီလီ၏ကိုယ်ပိုင်သိုလှောင်ခန်းအတွင်းသို့ထည့်ရန် လူတချို့အားပြင်ဆင်ခိုင်းလေသည်။
"ဗိုက်မ၀မချင်း အစားကိုသေချာစားဖို့သတိရဦးနော်" အန်ကယ်လျို့က စိတ်ရှည်စွာဖြင့်ဆိုသည်။ "ဒီထရပ်ကားတစ်စီးစာက လုံလောက်ပါ့မလား...မလောက်သေးရင် နောက်ထပ်နှစ်စီး ထပ်ပို့ခိုင်းလိုက်ရမလား"
"မဟုတ်တာ..တော်တော်ကိုလုံလောက်နေပါပြီ"ကောင်းဖန်ကဖြေလေသည်။
နတ်ဘုရားအဆင့်နှင့်အထက် သားရဲများသည် လေထဲရှိ ဒြပ်စင်များကိုစုပ်ယူကာ သူတို့၏နေ့စဉ်လည်ပတ်မှုများကို ထိန်းသိမ်းနိုင်စွမ်းရှိပေသည်။ ထို့ပြင် ၎င်းတို့သည် မြင့်မားသောစွမ်းအင်များသိုလှောင်ထားသည့်ဘီစကစ်များကဲ့သို့သော ဒြပ်စင်ပြည့်၀လျှက်ရှိသော အရာများအား အာရုံခံစားကာ စုပ်ယူနိုင်စွမ်းရှိပေသည်။ ထို့ကြောင့် နတ်ဘုရားအဆင့်သားရဲများအတွက် စားသောက်မှုသည် ထင်ရသကဲ့သို့ကြီးမားခြင်းမရှိပေ။
ထိုအချက်ကြောင့်ပင် အစင်းလေးသည် ခန္ဓာကိုယ်အရွယ်အစား အဆမတန်ကြီးမားသော်လည်း နေ့စဉ်လုပ်ငန်းများအား ကောင်းစွာလုပ်ဆောင် လည်ပတ်နိုင်ပေသည်။ အစင်းလေးသည် နက်ရှိုင်းသောကမ္ဘာ့လေထုဒြပ်စင်များအား များစွာစုပ်ယူထားခြင်းကြောင့် နေ့စဉ်ထိန်းသိမ်းရေးလုပ်ငန်းများအား လုပ်နိုင်ပြီး ကျန်ရှိသည်များကို အဆင့်မြှင့်တင်ရာတွင် အသုံးပြုရန်အတွက်သိုလှောင်ထားလေသည်။
အထုပ်များထုတ်ပိုးအပြီးတွင် ကောင်းဖန်သည်သူ့၏ကိုယ်ပိုင်သားရဲအုပ်စုနှင့် အနောက်အရပ်သို့ဦးတည်ကာ ခရီးဆက်ကြလေသည်။ ဟွာရှားဒေသမှအနောက်အရပ်သို့သွားလျှင် အနီရောင်ပင်လယ်ဒေသသို့ ဦးစွာရောက်ပေမည်။ ထိုဒေသအားဖြတ်သန်းပြီး အနောက်အရပ်သို့ ဆက်လက်ဦးတည်လျှင် ရွှေရောင်သဲခရိုင်မှ အဝါရောင်သဲကန္တာရသို့ရောက်ရှိမည်ဖြစ်လေသည်။
ထိုဒေသကြီးသုံးခုသည် မိုင်ပေါင်းများစွာဝေးကွာပြီး ဖြတ်သန်းသွားရမည့်လမ်းတစ်လျှောက်တွင်များစွာသော စိမ့်မြေများ၊တောင်ကုန်းများနှင့်သဲကန္တာရများဖြစ်လေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၄ စိတ်ဝင်စားစရာ ပြိုင်ပွဲ
သူတို့ထွက်သွားတော့ အဖိုးက ကောင်းဖန်ကို ဆွဲထားပြီး ခပ်တိုးတိုး ညွှန်ကြားသည်။ “ရှောင်ထန်ကို မငြင်းနဲ့ သူက မင်းကောင်းဖို့အတွက် လုပ်ပေးနေတာ”
“မငြင်းပါဘူး.. ကျွန်တော်က ဘာလို့ ဆရာလျို့ကို ငြင်းပယ်ရမှာလဲ” ကောင်းဖန်က မြန်မြန်ပြန်ပြောလိုက်သည်။
“အင်း… အရင်တုန်းက ရှောင်ထန်မိသားစုက သိပ်အဆင်မပြေခဲ့ဘူး… သူ့မှာ ညီမ ၂ယောက် ရှိတာ အဲဒီနှစ် အငတ်ဘေးဆိုက်တုန်းက ဆောင်းတစ်တွင်းကုန်ပြီးတော့ သူမိသားစုမှာ တစ်ဦးတည်းသောသားဖြစ်တဲ့ သူတစ်ယောက်ပဲ ကျန်ခဲ့တာ” ကျီဟန့်ဝူ သက်ပြင်းချလိုက်သည်။
ရုတ်တရတ် ကောင်းဖန် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ကြင်နာတတ်တဲ့ ဆရာလျို့တွင် ဒီလိုအတိတ်မျိုး ရှိနေလိမ့်မယ်လို့ သူမထင်ခဲ့မိချေ။
“နည်းနည်းထပ်စားဦး… ပိုစားမှ အားပိုရှိပြီး ဗိုက်မဆာတော့မှာ…. နည်းနည်းပိုစားထားတာ မမှားဘူး… စားနိုင်တယ်ဆိုတာ ကံကောင်းခြင်းတစ်မျိုးပဲ” ဆရာလျို့၏ ရယ်မောရင်းပြောသော စကားလုံးများကို ကောင်းဖန် ပြန်ကြားယောင်မိသည်။ အန်ကယ်လျို့ရဲ့ ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ စွဲလန်းမှုမျိုးရှိနေလိမ့်မည် ထင်သည်။
“ကျွန်တော် သိပါပြီ” ကောင်းဖန် တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သည်။
မြောက်ပိုင်းဒေသ ယွိကျိုးကနေ ထွက်ခွာပြီး သူတို့ ဝိဝိဉာဉ်များတောင်စခန်းကို ဖြတ်သန်းခဲ့ရသည်။ ကောင်းဖန်က အစင်းလေး၏ ကျောပေါ်တွင်ရပ်ပြီး အဝေးကို ကြည့်နေသည်။ သို့သော် ဆင်းလျှောက်ပြီးတော့တော့ မကြည့်ခဲ့ချေ။
ရံဖန်ရံခါ ဝိဝိဉာဉ်များတောင်စခန်းမှ ထူးဆန်းသော အမဲလိုက်အဖွဲများကိုလည်း လမ်းတလျှောက်တွင် တွေ့ရသည်။ အဲဒီထူးဆန်းသော အမဲလိုက်အဖွဲ့များက မြန်မြန်ဆန်ဆန်သွားလာနေကြပြီး အလွန် အလုပ်များနေပုံပေါ်သည်။
တစ်ခါတစ်ရံ တောင်တန်းတွေကြားက သူတို့၏ ပျော်ရွှင်စွာရယ်မောသံများကို ကြားရသည်။
အနည်းဆုံးတော့ အရာအားလုံးက လမ်းမှန်အတိုင်းတိုးတက်နေတာပဲ… ကောင်းဖန် နှလုံးသားထဲမှ တိတ်ဆိတ်စွာ ဆုတောင်းမိသည်။ ဘာပဲဖြစ်ဖြစ် လူသားတွေဆိုတာက လိုက်လျောညီထွေပြုမူတတ်တဲ့ သတ္တဝါတွေပဲလေ… အံ့သြစရာဆန်းကြယ်မှုတွေအများဆုံးကို ဖန်တီးတတ်တဲ့သတ္တဝါတွေလည်းဖြစ်သည်။
ဝိဝိဉာဉ်များတောင်အတွင်းက မီလီယံတောင်က ကြည်လင်ရှင်းသန့်လှသည်။ သူတို့ မီလီယံတောင်ကနေ ထွက်ခွာလာပြီး အနောက်ဖက်သို့ မိုင်ပေါင်းရာကျော်ဆက်သွားသောအခါ ရေစီးသန်သော မြစ်တစ်ခုကိုဖြတ် ကြရသည်။ မြစ်ရေနီက အရှိန်ပြင်းပြင်းနဲ့ စီးနေပြီး ရေပြင်ပေါ်တွင် ဝဲဂယက်တစ်ခု ဝေ့ဝဲလျက်ရှိသည်။ ဒါက သဲနီမြစ်ဖြစ်သည်။
ဒန်ဘီက မြစ်ကို မှတ်မိသွားပြီး မငြိမ်းနိုင်သော မီးတောက်က သူမျက်လုံးအခေါင်းပေါက်ထဲတွင် တောက်ပလာသည်။
“ငါတို့လည်း ဒီရောက်တုန်းဆိုတော့ မင်းအသိတွေဆီ သွားလည်ရင်လည်လေ” ကောင်းဖန်က ဒန်ဘီကို ပြောသည်။ ဒန်ဘီက လှုပ်ရှားသွားဟန်ပေါ်ပေမယ့် သူ့ခြေထောက်တွေကတော့ မြေပေါ်အမြစ်တွယ်ထား သလိုဖြစ်နေသည်။
“သွားပါ သူတို့ဆီလည်ပြီးတော့မှပြန်လာခဲ့ ဘာပဲဖြစ်ဖြစ် မင်းက သူတို့ရဲ့ဘုရင်ပဲလေ” ကောင်းဖန်က အားပေးသလို ပြောလိုက်သည်။
ဒန်ဘီက မသေမချာပုံစံနဲ့ ခေါင်းကိုလှည့်ကြည့်လိုက်ပြီး ဘာမှမပြောပဲ တိတ်တိတ်နေနေသည်။ ထို့နောက် ကောင်းဖန်ကို ခေါင်းညိမ့်ပြပြီး အစင်းလေး၏ ကျောပေါ်တွင် အကြိမ်အနည်းငယ် ခုန်ပြီးနောက် ထွက်သွားတော့သည်။
တောနက်ထဲတွင် မြစ်နီမျောက်ဝံအုပ်စုတစ်စု လွတ်လပ်စွာ နေထိုင်ကြသည်။ တောအုပ်ထဲက သစ်နွယ်များ တွဲလဲကျနေသော သစ်ပင်အိုကြီးများပေါ်တွင် ပျော်ရွှင် ငြိမ်းချမ်းစွာနေကြသည်။
သစ်ပင်ကြီး၏အလယ်တွင် ၆ပေရှည်သော အနီရောင်အကြေးခွံတစ်ခု ချိတ်ဆွဲထားသည်။ အနီရောင်အကြေးခွံမှ ထွက်နေသော စွမ်းအင်က မြစ်နီမျောက်ဝံများ၏ သဘာဝရန်သူများကို ဖယ်ရှားပေးနေသည်။
သစ်ပင်ပေါ်တွင်ထိုင်နေသော မျောက်ဝံမတစ်ကောင်က မျောက်ဝံကလေးလေး တစ်ကောင်ကို ပြုစုဂရုစိုက် နေသည်။ သူ့ဘေးတွင် ခေါင်းပေါ် ဖရဲသီးဆောင်းထားသော မျောက်တစ်ကောင်က သူ့မစင်များနဲ့ တခြားမြစ်နီ မျောက်ဝံတစ်ကောင်အား ပစ်ပေါက်နေသည်။ ရလဒ်အနေနဲ့ အော်သံတစ်ချက်ထွက်လာပြီး မြစ်နီမျောက်ဝံတချို့ ပြေးလွှားကြပြီး ရန်ပွဲစတင်တော့သည်။
ဒန်ဘီက ဒီမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရင်း အံ့သြနေပုံပေါ်သည်။
….
မြစ်နီထဲတွင် ဒါဇင်ချီသော လှေများ ရွက်လွှင့်နေကြသည်။ လှေတစ်စင်းစီပေါ်တွင် လူ ၃ယောက်စီ မတ်တပ်ရပ် နေကြသည်။ တစ်ချို့က လှေမောင်းနေသည်။ တစ်ချို့က ပိုက်ကွန်အသေးလေးများ ပစ်နေကြပြီး ကျန်သူတွေကတော့ ဘေးက ကူညီနေကြသည်။
“မြန်မြန်လုပ် လောင်စန်း မြန်မြန်” စီးကရက်ခဲထားသော ဗလတောင့်တောင့်လူက သင်္ဘော၏ မောင်းနှင်သည့် ဘီးဝိုင်းဆီသို့ အော်ဟစ်လိုက်သည်။
“ငါ့ကို ဖိအားမပေးနဲ့… ဒီငါးတွေက အရမ်းဉာဏ်ကောင်းတယ်… မင်း လန့်အောင်လုပ်လိုက်လို့ ကြောက်ပြေးသွားရင် ကောင်းမှာ မဟုတ်ဘူး” လောင်စန်းဟု ခေါ်ခံရသော အနီရောင်ဂျာကင်ကို အဖြူရောင် အင်္ကျီနဲ့ တွဲဝတ်ထားပြီး ခွန်အားပြည့် ကြံ့ခိုင်ပုံရသည့် လူငယ်လေးက ပြန်ပြောသည်။
“ငါဆိုရင်တော့ ပိုက်ကွန်မှာ ရွှေဝါယာကြိုးချိတ်တပ်ပြီး တိုက်ရိုက်ပဲ ငါးတွေအားလုံးကို ဖမ်းလိုက်မှာ… ဒီလောက်ထိ ကြိုးစားအားထုတ်နေဖို့ မလိုဘူးလေ” အဖွဲထဲက ဆံပင်အတိုနဲ့ တစ်ဦးတည်းသော ကောင်လေးက စိတ်မဝင်စားဟန်ဖြင့်ပြောသည်။
“အဲလိုမရဘူး… မြစ်နတ်ဘုရားတွေရဲ့ စည်းကမ်းတွေအရဆို ငါတို့ ပိုက်ကွန်အကြီးတွေ သုံးလို့မရဘူး… ငါတို့ ပိုက်ကွန်အသေးလေးတွေနဲပဲ ငါးဖမ်းလို့ရတယ်… မြစ်နတ်ဘုရားတွေ ချထားတဲ့ စည်းမျဥ်းကိုချိုးဖောက်ရင် ငါတို့ ငါးဖမ်းခွင့်တားမြစ်ခံရလိမ့်မယ်”
“ပထမဆုကိုရတဲသူက မြစ်နတ်ဘုရားရဲ့ အကြေးခွံကို ဆုအနေနဲ့ ရမယ်… လိကျိုးမြို့ရဲ့ သင်္ဘောဆိပ်တွေမှာ မြစ်နတ်ဘုရားတွေရဲ့ အကြေးခွံတွေကို ဝယ်ကြတယ်… ငါကြားတာတော့ နောက်ဆုံးတစ်ခေါက်က ချန်းရှောင်လျန်ရသွားတဲ့ အကြေးခွံက ဒေါ်လာတစ်သန်းနဲ့ ရောင်းထွက်သွားတယ်တဲ့”
“အဲဒါဘာကြီးတုန်း” အစင်းလေးရဲ့ ကြီးမားသောခန္ဓာကိုယ်ကြီးက ကမ်းခြေကိုဖြတ်သွားသော သူများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ရေဒလက်ကို ကိုင်ထားသော လူကြီးက အံ့အားသင့်သွားသည်။ ဒီလောက်ကြီးတဲ့သားရဲမျိုး သူမမြင်ဖူးချေ။
“တောင်ကြီး ဖြစ်မယ်ထင်တယ်နော် ဟုတ်လား”
“တောင်ပေါ်မှာ အိမ်တစ်လုံးရှိနေသလိုပဲနော်… အပေါ်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ”
ထိုလူများ၏ မျက်လုံးထဲတွင် ပေ ၂၀၀ မြင့်သော အစင်းလေးက တောင်ကုန်းလေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ကမ်းခြေကနေ ကစားသမားတွေကို အားပေးနေသော ပရိတ်သတ်များက အံ့အားသင့်သွားကြပြီး အစင်းလေးကို ပါးစပ်အဟောင်းသား စိုက်ကြည့်နေကြသည်။ လူအများအတွက်တော့ ဒီလို မယုံနိုင်လောက်အောင် ကြီးမားသော သားရဲကို တွေ့ရတာက သူတို့ဘဝအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
မြစ်ထဲက ရေများက ရုတ်တရတ်တတ်လာသည်။ အနီရောင်လှိုင်းလွှာများက ရှေ့သို့တတ်လာကြပြီး သင်္ဘောများက အကူညီမဲ့စွာ လှိုင်းလုံးများကြားတွင် အဝေးသို့ မျောပါသွားကြတော့သည်။
ပြီးနောက် ချက်ချင်းပဲ ရေအောက်ခြေကနေ ခြောက်သွေ့သော အနီရောင်ကုန်းမြေကြီးတစ်ခု ပေါ်ထွက်လာသည်။ မှန်ကဲ့သို ပြောင်ချောနေသော အနီရောင်အကြေးခွံများနှင့် မြစ်လယ်ကနေ ကျွန်းတစ်ခုလို ဖြည်းဖြည်းခြင်း ထွက်လာသည်။
“မြစ်နတ်ဘုရားပဲ”
“နတ်ဘုရားပဲ… မြစ်နတ်ဘုရား”
“မြစ်နတ်ဘုရားကိုယ်တိုင် ကိုယ်ထင်ပြလာပြီ”
ကမ်းခြေနားကလူတွေ စတင်ပြီး ဆုတောင်းမှုပြုကြတော့သည်… တချို့သက်ကြီးပိုင်းတွေကတော့ ဒူးထောက်ပြီးတော့ပင် အရိုအသေပြုကြသည်။
ဒီဝေးလံခေါင်သီသောနေရာတွင် ယိဖန်းမြို့ကို ကာကွယ်နေသော သဲနီသွေးနဂါးငါးကို ဒေသခံတွေက မြစ်နတ်ဘုရားအဖြစ် သတ်မှတ်ပြီး လေးစားကိုးကွယ်ကြသည်။
သဲနီသွေးနဂါးငါးက သူ့ပိုက်နက် သဲနီမြစ်ကိုဖြတ်သွားသည့် အားကောင်းသော အငွေ့အသက်ကို ခံစားမိသော
ကြောင့် မြစ်အောက်ခြေကနေ သူ့ကိုယ်သူ ကိုယ်ထင်ပြပြီး ထွက်ကြည့်ခြင်းဖြစ်သည်။
ဒီလိုလုပ်ခြင်းဖြင့် ဒီနယ်မြေက ပိုင်ရှင်ရှိကြောင်း အသိပေးပြီးဖြစ်သွားသည်။ သို့သော် သူ ဒီအငွေ့အသက် ပိုင်ရှင်၏ သရုပ်မှန်ကို သိချင်သေးသည်။
အစင်းလေး၏ကျောပေါ်တွင် ထိုင်ရင်း ကောင်းဖန်က ပြုံးကာ သဲနီသွေးနဂါးငါးကို နှုတ်ဆက်လိုက်သည်။ “နေကောင်းလား”
သဲနီနဂါးငါးက သူပြောတာ နားလည်လား မလည်လား မသေချာဖြစ်နေတဲ့ ကောင်းဖန်ကို ကြည့်ပြီး ရေပူဖောင်း ၂ခု မှုတ်ထုတ်လိုက်ပြီး မြစ်ကြမ်းပြင်ဆီပြန်ဝင်သွားသည်။
လိကျိုးမြို့က တစ်စုံတစ်ယောက်က လျင်မြန်စွာနဲ့ကောင်းဖန်ကို ကြိုဆိုဖို့လာသည်။
“မသေမျိုးတွေရဲ့ ကပ်ဘေးကြီး ရောက်လာပြီပေါ့” သူ့ကို ကြိုဆိုတဲ့ ဧည့်ကြိုက အသက် ၃၀ ဝန်းကျင် သာမာန်ပုံစံနှင့် သိမ်မွေ့ပုံရသည်။
“ကျွန်တော်က ဒီတိုင်း ဖြတ်သွားရုံပါ… ခင်ဗျားတို့ ပြိုင်ပွဲကို အနှောင့်ယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်” ကောင်းဖန်က တောင်းပန်သည့်ပုံဖြင့်ပြောလိုက်သည်။
“မဟုတ်တာ.. မဟုတ်တာ ခင်ဗျား သူတို့ပြိုင်ပွဲကို ကြည့်တယ်ဆိုတာပဲ သူတို့အတွက် ဂုဏ်ယူစရာဖြစ်နေပါပြီ” ဧည့်ကြိုကပြန်ပြောသည်။
“သူတို့က ဒီမှာ ဘာလုပ်နေကြတာလဲ” ကောင်းဖန်က စပ်စုလိုက်သည်။
“သူတို့က သဲနီမြစ်ထဲမှာ ပိုက်ကွန်အသေးလေးတွေကို သုံးပြီး ငါးဖမ်းတဲ့ ပြိုင်ပွဲလုပ်နေတာ… နောက်ဆုံး အလေးချိန်အပေါ်မူတည်ပြီး အနိုင်ရတဲ့သူက ငါးဘုရင်ဆီကနေ အကြေးခွံဟောင်းရလိမ့်မယ်” ဧည့်ကြိုက ပြောသည်။
“ဒီလို ပွဲမျိုး ရှိတာလား… ဘယ်နှကြိမ်လောက် လုပ်ပြီးပြီလဲ” ဒါက အသစ်အဆန်းဟု ကောင်းဖန် ခံစားရသည်။ ဒါက သားရဲရော လူသားရော ၂ ခုလုံး စီစဥ်ကြတဲ့ ပြိုင်ပွဲဖြစ်သည်။ အလွန်စတ်ဝင်စားဖို့ ကောင်းသည်။
“အပျော်သက်သက်ပြိုင်ကြတာပါ… ဒါက ဒုတိယအကြိမ် တစ်လတစ်ကကြိမ်ကျင်းပတယ်… ပထမဆုံးပွဲကို အရင်လက လုပ်ခဲ့တာ”
ကောင်းဖန်က ခေါင်းညိမ့်လိုက်ပြီး မြစ်ပေါ်က သင်္ဘောပေါင်း ဒါဇင်ချီကို ဝေ့ကြည့်လိုက်သည်။ ဒီကစားပွဲသာ ဆက်လုပ်ဖြစ်မယ်ဆို နောက် ရာစုနှစ်အနည်းငယ်အတွင်း ဒါက ဒေသတွင်းရိုးရာပွဲတော်တစ်ခု ဖြစ်လာနိုင်မလား”
ရိုးရာဓလေ့ဆိုတာက ဒီလိုပဲ ပါးစပ်သတင်းနဲ့ တစ်ဖြည်းဖြည်း ဖြန့်ရင်း ဖြစ်လာတာမျိုးပဲလေ။
ငါအခု မြင်လိုက်ရတာက ကစားပွဲတစ်ခုသက်သက်ပဲရှိသေးတယ်… ငါမရောက်သေးတဲ့နေရာတွေမှာ ဒီထက်ပိုပြီး ဖြစ်ပျက်နေတာတွေ ရှိဦးမှာပဲ။
ကောင်းဖန် ကစားပွဲကို ခဏကြည့်ပြီးနောက် ပြုံးလိုက်သည်။ ဧည့်ကြိုကို နှုတ်ဆက်စကားပြောပြီး အနောက်ဖက်သို့ ခရီးဆက်ခဲ့သည်။
လိကျိုးက ဒီခရီးမှာ ရှုခင်းကြည့်ရုံသက်သက်ပဲ။ တကယ် ဦးတည်ရာက ခုထိသူ့ကို စောင့်နေသေးသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၅ ချွမ်းဖူအခြေစိုက်စခန်းမြို့တော်
ယခုကောင်းဖန် ပထမဆုံးဖြတ်ကျော်ရမည့် အတားအဆီးမှာ ကမ္ဘာအမြင့်ဆုံးကျင်းထျန်းတောင်ထိပ် ဖြစ်ပေသည်။ ထိုတောင်ထိပ်သည် ကမ္ဘာ့ခေါင်မိုးဟုလည်း လူသိများပြီး ကမ္ဘာ့ပထမဦးဆုံးတောင်ထိပ် ဧ၀ရတ်တောင်ဖြစ်ပေသည်။ ဧ၀ရတ်တောင်အားရှောင်ကာသွားရန်လမ်းလွှဲရှိသော်လည်း မိုင်ပေါင်း ၆၀၀ မျှပိုမိုဝေးလေသည်။
လမ်းအတိုင်းသွားလျှင် ၎င်းတို့သည် ချွမ်းဖူအခြေစိုက်စခန်းမြို့တော်ကို ဖြတ်သန်းကြရမည်ဖြစ်သည်။ ချွမ်းဖူအခြေစိုက်မြို့တော်သည် ကြီးမားသောမြို့တော်တစ်ခုဖြစ်ပြီး ဟွာရှားခရိုင်၏ အနောက်တောင်ဘက်တွင် တည်ရှိလေသည်။ ၎င်းမြို့တော်အား ထျန်ဖူမြေဟူ၍ လူသိများလေသည်။
၎င်းတို့အုပ်စုသည် ချွမ်းဖူမြို့တော်တွင် တစ်ညအိပ်နားကြမည် ဖြစ်လေသည်။ မြို့ပေါ်သို့ရောက်လာလျှင် ကောင်းဖန်သည် တောထဲတွင်သာအနေများလျက်ရှိသောကြောင့် မြို့ပြဘ၀များကို သတိရမိလေသည်။ ချွမ်းဖူအခြေစိုက်စခန်းမြို့တော်တွင် အရေအတွက်များစွာသော အဝါရောင်အမွှေးများနှင့် ကင်းမြီးကောက်များသည် တောင်များကဲ့သို့ အစုလိုက်အပုံလိုက် ထပ်လျှက်ဖြင့် ကွင်းပြင်၏အလယ်တွင် ရှိနေကြလေသည်။ အလွန်များလွန်းသဖြင့် ပြည့်ကြပ်သိပ်သည်းလျှက် ရှိပေသည်။
အ၀ါရောင်အမွှေးတိုတိုနှင့် ကင်းမြီးကောက်များသည် ၎င်းတို့၏လက်သည်းများအား လေထဲတွင် ပြင်းထန်စွာ ဝှေ့ယမ်းနေကြလေသည်။ ထိုအကောင်များသည် ၆ ပေမှ ၁၀ပေထိ ရှည်လျားကြလေသည်။ ၎င်းတို့၏ခန္ဓာကိုယ်များသည် ကြံ့ခိုင်ကြကာ အခွံတွင်အကွင်းသုံးကွင်းဆီ ပါရှိကြလေသည်။ တစ်ချက်ဝေ့ကြည့်လိုက်လျှင် အကောင်တစ်သိန်းခန့်မှသည် အပုံလိုက် တည်ရှိနေကြလေသည်။ ၎င်းတို့၏ လက်သည်းများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်၍ ထွက်ပေါ်လာသော ပဲ့တင်သံများသည် မြို့ပြင်ကနေပင် ကြားရနိုင်ပေသည်။
အဝေးသို့လှမ်းကာ တိုက်ခိုက်နိုင်သော စွမ်းရည်ရှိသော သားရဲလေ့ကျင့်သူများက မြို့၏ နံရံပေါ်တွင် နေရာယူကာ ၎င်းတို့၏ စွမ်းအားမျိုးစုံအား ထုတ်သုံးလျက် ကင်းမြီးကောက်များအား တိုက်ခိုက်နေကြလေသည်။ ထိုအပုံလိုက်ရှိသော ကင်းမြီးကောက်များဆီသို့ ရေခဲမြှားများဖြင့်ပစ်ကြသောအခါ ကင်းမြီးကောက်တို့၏အခွံများသည် ခဲကုန်ကြလေသည်။ သို့သော် ၎င်းတို့သည် ခန္ဓာကိုယ်များအား လှုပ်ယမ်းလိုက်လျှင် ခဲနေသောအခွံမှ ရေခဲပန်းဆွဲများ မြေပေါ်သို့ကျဆင်းလာလေသည်။ ထို့နောက် ဖြေးညှင်းစွာရွေ့လျားကာ အန္တရာယ်ကင်းသောဘက်သို့ တွားသွားကြလေသည်။
"ဒီအဝါရောင်အမွှေးနဲ့ ကင်းမြီးကောက်တွေက ရေခဲတိုက်ခိုက်မှုကို မကြောက်ကြဘူး..မီးသားရဲတွေလာခဲ့.. မီးကိုအသုံးပြုပြီး တိုက်ခိုက်ဖို့ပြင်ထားကြ" မြို့၏အပေါ်ဘက်မှ သားရဲလေ့ကျင့်သူတစ်ယောက်က ကျယ်လောင်စွာ အမိန့်ပေးလေသည်။
"ဘယ်လိုဖြစ်ပြီး ဒီကောင်တွေက အရေအတွက်တွေ အဲလောက်ထိ တိုးပွားလာရတာလဲ..လွန်ခဲ့တဲ့နှစ်၀က်လောက်ထဲက ရှင်းမထုတ်ခဲ့ကြဘူးလား"
"မင်းဟာမင်း သွားစရာရှိတဲ့လမ်းကို အေးဆေးသွားစမ်းပါ ငတုံးကောင်ရာ..သူတို့ရဲ့မျိုးပွားနှုန်းက သူတို့ကို သတ်တဲ့နှုန်းထက်ကို ပိုမြင့်နေလို့ပေါ့ဟ" သူ့နောက်မှလူကအော်ငေါက်ကာ ပြောလေသည်။ "ငါတို့ဒီကောင်တွေကို အမြစ်မကျန်အောင် ရှင်းထုတ်နိုင်မှရမယ်..မဟုတ်ရင် ခုရောနောင်ပါ ဒုက္ခရောက်သွားနိုင်တယ်"
မီးကဲ့သို့သော ကြက်သွေးရောင်နှင့် ကြီးမားသောဝံပုလွေတစ်ကောင်သည် မြို့နံရံပေါ်တွင် ထိုင်ပြီး ဟစ်ကြွေးလျှက်ရှိသည်။ လေသည်ပို၍ပူလာကာ အပူချိန်သည် တဖြည်းဖြည်းကျဆင်းလာသည်။ မီးတောက်၏အဖျားအနားမှထွက်ပေါ်လာသော မီးပွားများသည် လေထဲတွင် ဝဲပျံလျှက်ရှိပေသည်။ မီးတောက်သည် လမ်းကြောင်းတစ်ခုအသွင်ဖြစ်လာကာ မီးကွင်းများပုံသဏ္ဍာန် ဖြစ်ပေါ်လာလေသည်။ ကြီးမားသောမီးတောက်သည် မီးကွင်းနှစ်ခုကဲ့သို့ ပြောင်းလဲကာ ကင်းမြီးကောက်များပေါ်သို့ကျရောက်ပြီး လောင်ကျွမ်းလေသည်။
မြေ၏အလွှာတစ်ခုမှ အဝါရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မြေပေါ်မှမီးတောက်ကို လျင်မြန်စွာငြိမ်းစေသည်။
အဝါရောင်အမွှေးနှင့်ကင်းမြီးကောက်များထက် အဆပေါင်းများစွာကြီးမားသော ကင်းမြီးကောက်ကြီးနှစ်ကောင်သည် ကင်းမြီးကောက်အပုံများဆီမှထွက်၍ အခြားသောအကောင်များကို ရှောင်ကွင်းကာ ၁၅ ပေအကွာလောက်ဆီသို့ သွားကြလေသည်။
သားရဲလေ့ကျင့်သူများ၏ ဦးစီးဖြစ်သောသူသည် တည်ကြည်ခံ့ညားသော ပုံသဏ္ဍာန်ရှိလေသည်။ " နတ်ဘုရားအဆင့်သားရဲနှစ်ကောင်ရဲ့ မီးပေါက်ကွဲစွမ်းအားကိုသုံးဖို့ ကန့်သန့်ချက်ပြည့်သွားပြီ"
"တခြား နတ်ဘုရားအဆင့် သားရဲတွေရဲ့ လေ့ကျင့်သူတွေ ဘယ်လိုဖြစ်ကြတာလဲ ခုထိမလာနိုင်ကြသေးဘူးလား.. အဲဒီလူတွေက ဘာလုပ်နေကြလို့လဲ" နတ်ဘုရားအဆင့်သားရဲ၏ လေ့ကျင့်သူတစ်ယောက်က ကမန်းကတန်းအသံဖြင့် အော်လေသည်။
မြင့်မားထူထဲသော မြို့တော်၏ နံရံသည် ပုံမှန်သားရဲများ၏ အလေးချိန်ကို ခံနိုင်ရည်ရှိသော်လည်း နတ်ဘုရားအဆင့်သားရဲများအတွက်တွင် စက္ကူတစ်ရွက်သာသာမျှသာ ရှိသည့်အတွက် နံရံကို ထိလိုက်လျှင်ပင် လွယ်လွယ်ကူကူဖြင့် ကျိုးသွားလောက်လေသည်။
"ကော်မတီ၀င်လဲ့ကအမြန်ဆုံးလာခဲ့မယ်လို့ပြောတယ်" သားရဲလေ့ကျင့်သူဦးစီးက ပျူငှာစွာပြောလေသည်။
"ကော်မတီ၀င်လဲ့"...
ထိုနာမည်ကိုရွတ်ဆိုလိုက်လျှင်ပင် မှော်အစွမ်းအသုံးပြုလိုက်သကဲ့သို့ အံ့ဩဘနန်း ဖြစ်ကုန်ကြလေသည်။ စစ်သားများနှင့်သားရဲလေ့ကျင်သူများသည် နံရံပေါ်မှခုခံတိုက်ခိုက်နေရငိး ထိုနာမည်ကိုကြားသောအခါ စိတ်သက်သာရာရကြလေသည်။ အချို့ဆိုလျှင် မျက်နှာပေါ်တွင် အပြုံးများပင် ဝေဆာလာလေသည်။
စကားပြောနေစဉ်တွင် ကျယ်လောင်သော ဆူညံသံများ အဝေးဆီမှနေ ဖြည်းညှင်းစွာ ရောက်လာလေသည်။ ထိုထူးဆန်းသောအသံသည် တဖြည်းဖြည်း နီးသည်ထက်နီးလာသည်။
နံရံအောက်မှ အဝါရောင်အမွှေးနှင့်ကင်းမြီးကောက်များသည် အမည်မသိသော တုန်လှုပ်ခြင်းကို ခံစားကြရလေသည်။ ၎င်းတို့ထဲမှ နတ်ဘုရားအဆင့် ခေါင်းဆောင်ကင်းမြီးကောက်သည် သူ၏သားရဲများအား စိတ်အေးအေးထားကြရန် ဆိုလေသည်။
အဝေးဆီမှ တောင်လောက်ကြီးမားသောသဏ္ဍာန်ရှိသည့် အဖြူအနက်ရောင် အမွှေးဖွားဖွားဖြင့် မိုက်ရူးရဲဆန်သော အနေအထားနဲ့သားရဲတစ်ကောင်သည် ကြမ်းတန်စွာအရှေ့သို့ပြေးလာသည်။
၎င်းသားရဲသည် မာန်ဖီလျက် သူ၏တုတ်ခိုင်သောခြေထောက်များဖြင့် အမြင့်သို့ ရုတ်တရက်ခုန်တက်လိုက်ပြီး အောက်သို့ပြင်းထန်စွာ သက်ဆင်းလာလေသည်။
မှော်အတတ်ဖြင့်ရေးထားသော ရွှေရောင်ရင့်စာလုံးများသည် ရုတ်တရက် ဖြတ်ခနဲ ထွက်ပေါ်လာလေသည်။ မြေကြီးဆီမှ မမြင်ရသော ထူးဆန်းသည့် တုန်ခါမှုလှိုင်းများသည် အရပ်မျက်နှာအကုန်လုံးဆီသို့ ပျံ့နှံ့လျှက်ရှိပေသည်။
ရှိသမျှသော ကင်းမြီးကောက်တို့သည် ထိုတုန်ခါလှိုင်းကြောင့် လေပေါ်တွင်ပျံဝဲလျှက်ရှိကြပြီး မြေကြီးသည်နှစ်ခြမ်းကွဲကာ ထိုအချိန်တွင် ကမ္ဘာနှင့်ကောင်းကင်ဘုံကြားရှိ နာရီသံမှလွဲ၍ ကျန်သောအသံများတိတ်ဆိတ်လျှက်ရှိသည်။ သာယာနာပျော်ဖွယ် တစ်မူထူးခြားသော ခေါင်းလောင်းသံသည် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်လျက်ရှိပေသည်။
လေထဲတွင်ရှိသောအရာများအားလုံး ရုတ်တရက် ဖရိုဖရဲဖြစ်ကုန်ကြလေသည်။ လေ၊ ရေ၊ ရေခဲ၊ သစ်သားနှင့်သတ္တုတို့သည် မြစ်ချောင်းများ၏အောက်ခြေတွင်ရှိသော သဲရှင်များကြောင့် ရေသည်ကြည်လင်ရမှ နောက်လာသကဲ့သို့ ဖရိုဖရဲ ဖြစ်ကုန်ကြလေသည်။
အချို့သောကင်းမြီးကောက်များက လေထဲမမြင်ရသော လှိုင်းများအား ဖျောက်ဖျက်ရန် ကြိုးစားကြသော်လည်း ၎င်းတိုသည်ပို၍ ပြင်းထန်မှုကိုပင်ခံစားရကာ စိတ်သွားတိုင်းကိုယ်ပါအောင် မလှုပ်ရှားနိုင်ကြချေ။ ထို့ပြင် ၎င်းတို့သည် လေထဲရှိ ဒြပ်စင်တို့အားစုပ်ယူနိုင်စွမ်း မရှိတော့ပဲ ခန္ဓာကိုယ်တွင် စုဆောင်းထားသောဒြပ်စင်များသာ ကျန်ရှိလေသည်။
များစွာသော ကင်းမြီးကောက်တို့သည် တဖြည်းဖြည်းနှင့် အားအင်ချိနဲ့လာကြလေသည်။
"ဒီချွမ်းဖူအခြေစိုက်စခန်းမြို့ကိုကျော်လာရင် ငါတို့ ကျတ်တီးမြေတစ်ခုကိုဖြတ်ကျော်ရမယ်..ကပ်ကြီးပြီးတော့ ကျင်းထျန်းတောင်ထိပ်မှာ လူနည်းနည်းပဲနေကြတော့တယ်..ခုတော့ဘယ်လိုရှိမလဲတောင် မသိတော့ဘူး" ကောင်းဖန်က မျှော်လင့်စွာပြောလေသည်။
"သားရဲ အုပ်စုလား" အနက်ရောင်မျဉ်းကြောင်းတစ်ခုသည် မိုးကုတ်စက်ဝိုင်းဆီမှ ထိုးထွက်လျက်ရှိပေသည်။ အနီးသို့ရောက်လျှင် ကြီးမားသောလက်သည်းများနှင့် အဝါရောင်အမွှေးတို ကင်းမြီးကောက်များသည် လွင်ပြင်တွင် ပြေးလွှားလျှက်ရှိကြသည်ကို ကောင်းဖန်မြင်တွေ့လိုက်ရသည်။
[သားရဲ အမည်]: အဝါရောင်အမွှေးနှင့် လက်မရှည် ကင်းမြီးကောက်
[သားရဲ အဆင့်]: အဆင့် ၃၀
[သားရဲ စွမ်းရည်]: သာမန်
[သားရဲ အခြေအနေ]: အနည်းငယ် ဒဏ်ရာရ (တုန်လှုပ်)
[သားရဲ အမျိုးအစား]: မြေ
[သားရဲ အားနည်းချက်]: သစ်သား
[သားရဲ ဖော်ပြချက်]: မျိုးပွားနိုင်သောစွမ်းရည် မြင့်မားသော သားရဲအမျိုးအစားဖြစ်သည်။ ပတ်၀န်းကျင်တွင် အုပ်စုဖွဲ့နေထိုင်ပြီး ၎င်းတို့ထက်ကြီးမားသော သားရဲများအားအမဲလိုက်လေ့ရှိသည်။
ကင်းမြီးကောက်များသည် သဘာ၀အလျှောက်မျိုးပွားထားခြင်းဖြစ်ကြသည်။ သူတို့ကိုကြည့်ရသည်မှာ ချွမ်းဖူအခြေစိုက်စခန်းမြို့မှလာခြင်းဖြစ်နိုင်သည်။ ဖော်ပြချက်တွင်တွေ့ရသည်မှာ ၎င်းတို့သည်တုန်လှုပ်လျှက်ရှိသည်။ ကြောက်လန့်စွာဖြင့် ကွင်းပြင်တွင် ပြေးလွှားလျက်ရှိကြသည်။
၎င်းတို့အုပ်စုသည် ချွမ်းဖူမြို့သို့ တိုက်ခိုက်ရန်လာသော်လည်း အကြီးအကျယ် ရှုံးနိမ့်လျက်ရှိကြသည်။ စက္ကန်အနည်းငယ်အကြာတွင် ကောင်းဖန်သည် ၎င်းသားရဲများမည်သို့ဖြစ်လာကြသည်ကို အဖြေရလေသည်။
ဟိုးအဝေးဆီမှ ကြီးမားသောသားရဲကောင်ကြီးသည် လွင်ပြင်ဆီသို့ နားကွဲလုမတတ် ကျယ်လောင်သော ခြေသံများဖြင့် လှမ်းလာလေသည်။
လုံး၀န်းသောဦးခေါင်းသည် သိသာထင်ရှားသော အဖြူနှင့်အမဲရောင်ဖြစ်လေသည်။ ရက်စက်ကြမ်းကြုတ်သော မျက်နှာအနေအထားနှင့် သွေးရောင်လွှမ်းနေသော ကြီးမားသော ပါးစပ်ကြီးက မြည်ဟိန်းနေသည်။
[သားရဲ အမည်]: ကြမ်းကြုတ်သော သံစားသုံးသူ
[သားရဲ အဆင့်]: အဆင့် ၄၇ (နတ်ဘုရား)
[သားရဲစွမ်းရည်]: ပြီးပြည့်စုံ
[သားရဲ အမျိုးအစား]: သတ္တု
[သားရဲ အားနည်းချက်]: အလင်းရောင်ဖြင့်တိုက်ခိုက်ခံရသောအခါ ကြောင်အ ကာ ရူးသွပ်သွားတတ်သည်။
[သားရဲ စွမ်းအင်]: အကြမ်းခံနိုင်သော အရေပြား အဆင့် ၃၊ ချွန်ထက်သောလက်သည်း အဆင့် ၂၊ အားအင်ပြန်လည်ဖြည့်တင်းနိုင်သော အဆုတ် အဆင့် ၂
[သားရဲ ဖော်ပြချက်]: ပြင်းထန်သော ခုခံစွမ်းအားရှိသည့် မြေနေသတ္တဝါအမျိုးအစားဖြစ်သည်။ အစားအသောက်စားခြင်းအကြိုက်နှစ်သက်ပြီး လမ်းအမြန်လျောက်လေ့ရှိသည်။ သံများအား အစားအစာကဲ့သို့ မျိုချနိုင်သည်။ အစားအစားများအား အင့်နေအောင် စားပြီးသောက်ပြီးလျှင် ပို၍ပျင်းရိလာတတ်သည်။
"အလင်းရောင်နဲ့တိုက်ခိုက်ရင် ကြောင်အ ပြီး ရူးသွပ်သလို ဖြစ်သွားလိမ့်မယ်တဲ့.." ကောင်းဖန်ကရေရွတ်လေသည်။ "ဒါကြောင့် ချီယွီက ဒီနည်းလမ်းနဲ့ ရှုံးနိမ့်ခဲ့တာလား?ယ"
“ယွီရှီအရမ်းမပြေးနဲ့လေ" မိန်းကလေးတစ်ယောက်၏အသံသည် သံစားသူအနောက်ဆီမှ ပေါ်ထွက်လာလေသည်။
ကောင်းဖန်ကြည့်လိုက်လျှင် စိတ်ညစ်ညူးသောပုံစံနှင့်အမျိုးသမီးတစ်ဦးသည် သံစားသုံးသူ၏ လည်ပင်းနားတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူမ၏လက်များကိုတင်းကြပ်စွာဆုပ်ထားလျှက် အဖြူရောင်ဆံပင်တချို့က ဂုတ်ပေါ်တွင်ကျလျှက်ရှိသည်။
ကောင်းဖန်ကြည့်နေသောအချိန်တွင်ပင် သူမသည် ကောင်းဖန်အားသတိထားမိသွားလေသည်။ အစင်းလေး၏အရွယ်အစားသည်လည်း ထိုကွင်းပြင်ပေါ်တွင် သိသာထင်ရှားလျှက်ရှိသည်။
ဖွတ်မြီးဂျိုနှစ်ခုခေါင်းမှာပေါက်နေတဲ့သားရဲများလား..
လဲ့ယွမ်ရှီ ကိုကြည့်ရသည်မှာ အံ့အားသင့်လျက်ရှိပေသည်။ "ဘာလို့ဒီသားရဲက အဲလိုပုံဖြစ်နေတာလဲ..သူ့ခေါင်းကဟာက ကျစ်ဆံမြီးလား"
ခဏအကြာတွင် လက်မရှည်ကင်းမြီးကောက်တစ်ကောင်သည် ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျလာသဖြင့် မြေကြီးသည်လှုပ်ခတ်သွားလေသည်။ ကမ္ဘာမြေ၏ အဝါရောင်အလင်းတန်းစိတ်စွမ်းအင်သည် တဖြည်းဖြည်းကြီးမားလာကာ ကြီးမားသော တောင်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာလေသည်။
အမှောင်အတိကျသွားပြီး ရှည်လျားသောလက်မနှင့် ကင်းမြီးကောက်သည် ဘာဖြစ်လိုက်မှန်းမသိလိုက်ခင်ပင် အလုံးစုံ နစ်မြုပ်သွားတော့သည်။ စက္ကန့်အနည်းငယ်အကြာတွင် တစ်သိန်းခန့်သော ကင်းမြီးကောက်များသည် အမှုန့်အဖြစ်သို့ ချေမှုန်းခြင်းခံလိုက်ရလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၆ နိုးထခြင်း
ထူထဲသော မြေဒြပ်စင်အလွှာက အလိပ်ကြီးတစ်ခုအဖြစ်ပြောင်းသွားသည်။
ကွင်းထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး သားရဲများ သွေးငွေ့များဖြင့် တိုးတိုက်မိသွားသည်။ လေထုထဲတွင် သွေးမြူငွေ့များပြည့်နေပြီး ကွင်းပြင်ပတွင် အနီရောင်ဖြစ်သွားသည်။ လေထဲတွင် သွေးညှီနံ့များ ပျံ့လွင့်နေသည်။
သွေးနံ့ရသောအခါ သတ္တဝါကောင်က အနံ့ခံရင်း အနံ့လာရာဆီသို့ တွားသွားတော့သည်။ သူ့ကျောပေါ်က မိန်းကလေးက သူ့လှုပ်ရှားမှုကြောင့် မူးဝေသွားသည်။
“ရှောင်ကောင်း ငါ့ကိုအလင်းတန်းထုတ်ပေးလို့ရလား” ကောင်းဖန်က ဒန်ဘီ ခေါင်းပေါ်က ရှောင်ကောင်းကို ပြောလိုက်သည်။
ရှောင်ကောင်း၏ခေါင်းက ယိမ်းသွားပြီး အဖြူရောင် အလင်းတန်းက လေထုထဲသို့ ထိုးဖောက်ပြီး တောက်ပနေသည်။ အလင်းတန်း၏ နို့နှစ်အဖြူရောင်ကို နေ့အချိန်တွင်ပင် မြင်တွေ့နိုင်ပေသည်။ အလင်းတန်းက သံစားသုံးသူ ရောင်ဒီရှေ့တွင် တောက်ပနေသည်။
ထို့နောက်တွင် ဒေါသထွက်နေသော သံစားသုံးသူက လှုပ်ရှားမှု နှေးကွေးသွားသည်။ သူရဲ့အကြည့်က လေထဲက တစ်နေရာဆီသို့သာ စူးစိုက်နေပြီး အူကြောင်ကြောင်ပုံစံဖြင့် ပါးစပ်ဟနေသည်။
"ဒါက ဘယ်လို သားရဲအမျိုးအစားကြီးတုန်း ရုပ်ဆိုးလိုက်တာာ" ခြင်္သေ့က ရောင်ဒီကို အံ့သြတကြီး ထူးဆန်းစွာကြည့်နေသည်။
ရောင်ဒီက ထူးထူးဆန်းဆန်းပုံပေါက်နေသောကြောင့် ဖြစ်သည်။ သူက ထင်ရှားသော အဖြူနဲ့ အမည်းအရောင် ၂ ခုနဲ့ဖြစ်သည်။ အမည်းရောင်မျက်ကွင်း ၂ ခုထဲတွင် ပဲစေ့အရွယ် မျက်လုံးများ ပေါ်နေသည်။
"အရင်ခေတ်ကဆို ပန်ဒါတွေကို သံစားသုံးသူလို့ ခေါ်ကြတယ်" ကြမ်းတမ်းတဲ့ သံစားသုံးသူက အလင်းတန်းကိုမြင်တဲ့အခါ အူကြောင်ကြောင်ဖြစ်သွားတာကို ကောင်းဖန်သိလိုက်သည်။
ဒီသားရဲက ကြံ့ခိုင်ပြီးသန်မာသည်။ သူ့နာမည်အတိုင်း ဘယ်အရာကိုမဆို စားနိုင်သည်။ သူက သတ္တုကိုပင် မြိုချနိုင်သောကြောင့် ဒီနာမည်ပေးခံထားရတာဖြစ်သည်။ သူ့တွင်သာ သံကို အစာခြေနိုင်သော အစာအိမ်ရှိလျှင် သူတကယ်ကို ဘာမဆို စားမည်ဖြစ်သည်။
“ငါမကြားဖူးဘူး” ခြင်္သေ့က ခေါင်းကိုခါရင်းပြောသည်။
“မင်္ဂလာပါ… ငါ့နာမည် ကောင်းဖန်ပါ” ကောင်းဖန်က ရောင်ဒီ၏ ကျောပေါ်က လေ့ကျင့်သူဟု ထင်ရသည့် ကောင်မလေးကို နှုတ်ဆက်လိုက်သည်။
ကောင်မလေးက ရောင်ဒီ၏ကျောပေါ်ကနေ ထရပ်လိုက်ပြီး ကြည့်ကောင်းလှသည့် ဆယ်ကျော်သက် ကောင်လေးကိုကြည့်ကာ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ ကောင်မလေးက လက်ကိုထုတ်ပြီး မျက်နှာရဲရဲနှင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ကျွန်မနာမည် လဲ့ယွင်ရှီပါ”
သူ့ပိုင်ရှင်က တခြားလူတွေကို နှုတ်ဆက်နေသည်ကို ရောင်ဒီတွေ့သောအခါ ဒေါသထွက်သွားပြီး သူနောက်ခြေထောက် ၂ ချောင်းကို ထောက်ရပ်လိုက်ကာ ကောင်းဖန်အား ဟိန်းသံပေးလိုက်သည်။
ကောင်းဖန် တိတ်ဆိတ်သွားသည်။ ထို့နောက် ရောင်ဒီက နောက်သို့လှည့်ပြီး ကောင်းဖန်အား သူခိုးကို ရှောင်ရှားသကဲ့သို့ သတိရှိရှိကြည့်လိုက်ရင်း သူ့ပိုင်ရှင်အား ပွေ့ဖက်လိုက်သည်။ ပန်ဒါလေး၏ လှုပ်ရှားမှုကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားရသည်။
“ယွီရှီး” လဲ့ယွင်ရှီက သူ့၏သားရဲကို စိုက်ကြည့်လိုက်သည်။ ရောင်ဒီက သူ့ပိုင်ရှင် သူ့ကို တခြားယောကျ်ား တစ်ယောက်ကြောင့် အော်သည်ကိုတွေ့သောအခါ စိတ်မအေးဖြစ်သွားပြီး ကျယ်လောင်စွာ ငိုကြွေးတော့သည်။
“မင်းမှာ အရမ်းချစ်ဖို့ကောင်းတဲ့ သားရဲရှိနေတာပဲ” ကောင်းဖန်က အပြုံးနဲ့ ပြောလိုက်သည်။
ပန်ဒါ၏ခွန်အားက မသေးလှချေ။ အနောက်တောင်ဖက်တွင် အသန်မာဆုံးတောင်ဖြစ်နိုင်သည်။ နဂါးဖြူမှလွဲ၍ ကောင်းဖန်မြင်ဖူးသမျှထဲတွင် အသန်မာဆုံးသားရဲဖြစ်သည်။
ကောင်းဖန်သူနဲ့ မိတ်ဆွေဖွဲ့ချင်သည်။ ကပ်ဆိုးပြီး ပထမ လေး ငါးနှစ်အတွင်း သူရဲ့ လက်ရှိအဆင့်ထိ တိုးတက်လာနိုင်စွမ်းနဲ့ သူက ကမ္ဘာထိပ်တန်း သားရဲလေ့ကျင်သူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူသာ ဘာအမှားကြီးကြီးမားမားမှ မလုပ်သရွေ့ သူက အနာဂတ်တွင် ကမ္ဘာ့အကောင်းဆုံး သားရဲလေ့ကျင့်သူတွေထဲက တစ်ယောက်ဖြစ်လာနိုင်သည်။
လဲ့ယွင်ရှီက ချွမ်ဖူမြို့၏ ပါလီမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ သူ့ရာထူးက မမြင့်ပေ။ သူကလည်း ပစ္စည်းဥစ္စာတွေ သိပ်မမက်မော။ သူ့နဲ့ သူ့သားရဲ စားဖို့လုံလုံလောက်လောက် ရှိနေသရွေ့ သူကျေနပ်သည်။
သားရဲက အလွန်တည်ငြိမ်ပြီး သိမ်မွေ့သည့် စရိုက်ရှိသည်။ အရိုင်းမဆန်ပေ။
ကပ်ဆိုးကြီးမတိုင်ခင် သူမက ချွမ်ဖူပန်ဒါစင်တာတွင် သားဖောက်သူတစ်ယောက်ဖြစ်သည်။ ယွီရှီးက သူစောင့်ရှောက်လာခဲ့သော ပန်ဒါဖြစ် သည်။ ကပ်ဆိုးကြီးပြီးတော့ ယွီရှီးက ပိုပြီး ကြီးမား ခက်ထန်လာခဲ့သည်။ လဲ့ယွင်ရှီက အဲဒီလိုနဲ့ပဲ လေ့ကျင့်သူ သူဖြစ်သွားခဲ့ရသည်။
ယွီရှီးက သူမနဲ့ကလွဲပြီး ဘယ်သူ့ကိုမှ မရင်းနှီးပေ။ သူ့ရဲ့ စရိုက်က မောက်မာပြီး သီးသန့်ဆန်သည်။
လဲ့ယွင်ရှီနဲ့ ကောင်းဖန်တို့ ချွမ်ဖူမြို့သို့ ပြန်ခဲ့ကြပြီးနွေးထွေးစွာ ကြိုဆိုခံခဲ့ရသည်။ ချွမ်ဖူမြို့တွင် တစ်ညနေပြီးနောက် ကောင်းဖန်က အထုပ်အပိုးတွေ သိမ်းပြီး အနောက်ဖက်သို့ ခရီးဆက်ခဲ့ပြန်သည်။
ချွမ်ဖူက ဖြတ်သွားရင်း ခဏတွေ့သည့် ရှုခင်းလှလှနေရာတစ်ခုမျှသာဖြစ်ပြီး သူ၏တကယ့် ဦးတည်ရာက စိန့်ဂျယ်လန်ဖြစ်သည်။
သူ့ရဲ့ အနောက်အရပ်သို့ ခရီးကိုဆက်ရင်းနဲ့ပဲ အပူချိန်က လျော့ကျလာခဲ့သည်။
ကျယ်ပြန့်သည့် မြက်ခင်းပြင်က အဆုံးမရှိဖြစ်နေပြီး အဝေးမှကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူများကို မြင်နေရသည်။ မြက်ခင်းပြင်တွင် ဧရာမနွားရိုင်းကြီး အတော်များများ ရပ်နေပြီး တိတ်ဆိတ်စွာ မြက်စားနေကြသည်။ သူတို့ရဲ့ထူထဲသော သားမွှေးများက ရေတံခွန်ကဲ့သို့ ကျဆင်းနေကြပြီး မျက်လုံးများက နူးညံ့ သိမ်မွေ့သည်။
အစင်းလေး၏လုပ်ရှားမှုက ထွက်လာသော အသံကိုကြားသောအခါ နွားရိုင်းကြီးများက နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်ပြီး အစာစားရန် တခြားနေရာသို့ ထွက်သွားကြသည်။
“ထူးဆန်းသားပဲ… သူတို့က အစင်းလေးကို မကြောက်ကြဘူး”ကောင်းဖန် သံသယဖြစ်မိသွားသည်။ နွားရိုင်းတွေက အရမ်း သတ္တိကောင်းနေကြသလိုပဲ။
လေထုက စိုထိုင်းပြီး အေးစက်နေသည်။ ဒီလို ပတ်ဝန်းကျင်ကို ပိုနှစ်သက်သောခြင်္သေ့က ပိုပြီး တက်တက်ကြွကြွ ဖြစ်လာသည်။
“ကလေး ကလေး” ရတနာအနံ့ခံကြွက်က စိတ်လှုပ်ရှားလာသည်။ သူက မတ်တပ်ရပ်လိုက်ပြီး သိပ်မဝေးတဲ့ နေရာကို အံ့သြစွာကြည့်လိုက်သည်။ ပက်လက်ကုလားထိုင်တွင် လှဲနေသော ကောင်းဖန်ကလည်း ကြည့်လိုက်သည်။ ကြွက်ရဲ့အဆင့်က အခုထိကို အတော်လေးနိမ့်သေးတယ်… သူ့ရဲ့အကြိုက်က ဒီထက်ပိုပြီး တိုးတက်ဖို့ လိုသေးတယ်..
“ကောင်းဖန် ကြည့်ရတာ တကယ် အဲဒီမှာ ရတနာတကယ်ရှိနေတယ် ထင်တယ်… ငါ အနံ့ရတယ်” ခြင်္သေ့က ရုတ်တရတ်ပြောလာသည်။ “ပစ္စည်းကောင်းသာဆို ငါ ခွန်အားပြန်ရလာနိုင်တယ်”
ခြင်္သေ့ပြောပြီးမှသာ ရတနာရှိကြောင်း ကောင်းဖန် ယုံကြည်သွားသည်။
ဒါကိုမြင်သောအခါ ကြွက်က အသည်းကွဲသွားသလို ခံစားလိုက်ရသည်။ သူပြောတော့ ဘယ်သူမှ မယုံကြဘူး…
“ဟိုကို သွား… ဟိုနား… မဟုတ်သေးဘူး ဘယ်ဖက်” ခြင်္သေ့က ကောင်းဖန်ကို ဦးဆောင်လမ်းပြသည်။
၁၈ မိုင်လောက် သွားပြီးသည့်အခါ ရေကန်တစ်ခု တွေ့လိုက်ရသည်။
နက်ရှိုင်းသောအပြာရောင်ရေကန်က အေးစက်စက်လေများ ထုတ်လွှတ်နေသည်။ အေးစက်သောလေက ရေကန်ကနေ အနီးပတ်ဝန်းကျင်ကိုပါ ပျံ့လွင့်နေပြီး ရေကန်နားက မြက်များကို လုံးဝရေခဲနေစေသည်။
“ပစ္စည်းကောင်းပဲ” ခြင်္သေ့ စိတ်လှုပ်ရှားသွားသည်။ “ငါ ဒီရေကို အသုံးပြုလို့ရတယ်”
[ပစ္စည်းအမည်] - ရေခဲနေသော ရေ
[ဖော်ပြချက်] - ကြီးမားသောရေခဲစွမ်းရည်ပါဝင်သည့် အရည်။ ပြင်းထန်တဲ့ ရေခဲစွမ်းရည်က အလွန်အမင်း တိုက်စားနိုင်စွမ်းရှိ။
အဝေးက မြက်ခင်းတစ်နေရာတွင် ယုန်တစ်ကောင်က ထိတ်လန့်အံ့သြနေသည်။ သူက အေးစက်နေသော ရေကန်၏ အစွန်းနားသို့သွားကာ သူ့ခြေထောက်တစ်ဖက်က ရေကန်ကို ထိလိုက်သည်။ ထို့နောက် မြက်ခင်းပေါ်တွင် ၂ လှမ်းလောက် လျှောက်ပြီးနောက် သူ့ခန္ဓာကိုယ်က ရုတ်တရတ်တောင့်တင်းသွားပြီး သူ့မျက်နှာက ခရမ်းရောင်ပြောင်းသွားသည်။ နောက်ဆုံးတွင် သူ ရေခဲချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဒါက သားရဲတွေအတွက် ကောင်းတဲ့အရာဟုတ်နိုင်ပေမယ့် တခြားသူတွေအတွက်တော့ အဆိပ်ပဲဖြစ်သည်။
“ဒီမှာ ခဏစောင့်ဦး” ခြင်္သေ့က အစင်းလေး၏ ကျောပေါ်ကနေ အမြန်ဆင်းပြီး ရေကန်ထဲသို့ ခုန်ချလိုက်သည်။
ခြင်္သေ့ ပျော်ရွှင်နေကြောင်းကို သွေးစာချုပ်ကနေတဆင့် ကောင်းဖန် ခံစားလို့ရနေသည်။ တခြား သားရဲတွေ ရှောင်ရှားကြသော ဒီရေကန်က ခြင်္သေ့အတွက် အားဆေးဖြစ်နေသည်။
၃ နာရီကြာပြီးနောက် စိုရွှဲနေသော ခြင်္သေ့က လတ်ဆတ်သောလေကို အားပါးတရ ရှုသွင်းလိုက်သည်။ ၃နာရီအတွင်း ခြင်္သေ့၏ အဆင့်က ၃၁ ကနေ ၃၆ ထိ ခုန်တတ်သွားသည်ကို မြင်လိုက်ရသောအခါ ကောင်းဖန်၏ မျက်လုံးများ ဆတ်ကနဲဖြစ်သွားသည်။
အသက်ဝဝရှုသွင်းပြီးနောက် ခြင်္သေ့က ရေထဲ ဆက်ပြီးထိုးဆင်းသွားပြန်သည်။ ကောင်းဖန်တစ်နေ့လုံး ရေကန်ဘေးတွင် နေပေးပြီးနောက် ခြင်္သေ့က ရေကန်ထဲကနေ နောင်တရပုံနဲ့ ထွက်လာခဲ့သည်။
“ဘာလို့ ရပ်လိုက်တာလဲ” အပြည့်အဝစုပ်ယူမခံရသေးသော ရေခဲနေသည့်ရေများကို ကြည့်ရင်းကောင်းဖန်က သိချင်စွာနဲ့ မေးလိုက်သည်။
“ငါက နတ်ဘုရားအဆင်ကို ကျော်ပြီးသားဆိုတော့ ဒီရေအေးက ငါ့အပေါ် အကျိုးသက်ရောက်မှု နည်းနည်းပဲ ရှိတယ်… ဒီထက်ပိုပြီး သိပ်သည်းတဲ့ ရေခဲနေတဲ့ရေ ရှာဖို့လိုတယ်” ခြင်္သေ့က သူ့ခန္ဓာကိုယ်ပေါ်က ရေတွေကို ခါထုတ်လိုက်သည်။
အရင်က လက်ဖဝါးဆိုဒ်လောက်ပဲရှိတဲ့ ခြင်္သေ့လေးက အခု ၂ ဆဖြစ်လာပြီး အဆင့်က ၄၁ ထိတက်သွားသည်။
“မင်းက ရေခဲရေထဲ စိမ်နေရုံနဲ့ အဆင့်တင်လို့ရတာလား” ကောင်းဖန်က ဒီလိုနည်းလမ်းရှိတာကို အနည်းငယ် အံ့အားသင့်သွားသည်။
ခြင်္သေ့က ကောင်းဖန်၏အတွေးကို သိနေဟန်ဖြင့် “သာမာန်သားရဲတွေအတွက်တော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ… ဒါက အဆင့်မြင့် သွေးစွမ်းရည်ပဲ” ခြင်္သေ့က အပြုံးဖြင့်ပြောသည်။