← Chapters

အခန်း (၄၀၅-၄၀၈)

Vol. 26 Ch. 405-408

အခန်း (၄၀၅-၄၀၈)

Vol. 26 Ch. 405-408

အခန်း ၄၀၅ အပြစ်မကင်းစိတ်

နဂါးကြီးသည် ဒေါသတကြီး အော်ဟစ်နေပြီး သူ၏ အညိုရောင် အရေခွံကြီးသည် အမည်းရောင် အရည်များအဖြစ် စတင် ပြောင်းလဲလာသည်။ သူသည် ရေခဲလှောင်အိမ်ထဲတွင် ပိတ်မိခံမည့်အစား သူ့ကိုယ်သူ ဖျက်ဆီးလိုက်ဖို့ စီစဉ်နေဟန်တူသည်။

သို့သော် ထိုအမည်းရောင်အရည်များကြောင့် ရေခဲများသည် စတင်ပြိုကွဲသလို ဖြစ်လာပြီး အသံများ မြည်လာသည်။

ကြည့်ရတာ ထိုအရည်သည် ရေခဲအပေါ် အကျိုးသက်ရောက်မှု ရှိဟန်တူသည်။

လှုပ်ရှားနေသော နဂါးသည် ရုတ်တရတ် ရပ်တန့်သွားပြီး ‌လှောင်အိမ်ထဲမှ ခိုးထွက်ဖို့ စဉ်းစားလိုက်သည်။ သူသည် ငြိမ်သက်စွာ လှဲနေရင်း ရိုးသား အားနည်းနေသည့် အသွင်ကို ဆောင်ထားသည်။

သေးငယ်သော လက်လေးများနှင့် လှောင်အိမ်ပေါ်တွင် ထိုင်နေသော ခြ‌င်္သေ့ဖြူလေးသည် အောက်ကို ငုံ့ကြည့်လိုက်သည်။

ထိုအခါ ရေခဲများ အရည်ပျော်တာ ရပ်သွားပြီး ပြန်လည်မာကျောလာကာ လှောင်အိမ်တစ်ခုလုံးကို ပိတ်ချလိုက်သည်။

ထိုအခါ နဂါးသည် ၂ စက္ကန့်မျှကြက်သေသေသွားပြီး ပြန်လည် ရုန်းကန်နေပြန်သည်။

ဒန်ဘီကတော့ မြို့ရှိရာသို့ ဦးတည်သွားနေပြီး တိုက်ခိုက်မှုတွင် မပါသေးသော ဖုတ်ကောင်များသည် ဒန်ဘီကိုကြည့်ကာ သူ့နောက်သို့ လိုက်လာကြသောကြောင့် အရိုးစုစစ်တပ်ကြီးသည် ပို၍ပင်ကြီးလာသည်။

ထိုအချိန်တွင် နတ်ဘုရားအဆင့် တောက်တဲ့ကြီး၏ ဦးခေါင်းခွံကြီးသည် ၂ ခြမ်းကွဲထွက်သွားသည်။

ထိုဦးခေါင်းခွံကြီးကို အပြာရောင် လက်ကြီး ၂ ဖက်က ကိုင်ထားပြီး နောက်ထပ် အပြာရောင်လက်ကြီးက မသေခြင်း ဝိဉာဉ်မီးတောက်ကို ဇောက်ထိုးထားလိုက်သည်။

ထို့ကြောင့် နတ်ဘုရားအဆင့် တောက်တဲ့ကြီးသည် တစ်ချက်အော်မြည်လိုက်ပြီး ဇီဝိန်ချုပ်သွားတော့သည်။

“မင်းက သေဆုံးခြင်းကို မကြောက်တဲ့ သားရဲပါ” ဒန်ဘီသည် တောက်တဲ့ကြီး ဘေးတွင် ပေါ်လာကာ ဒူးထောက်လျက် အသက်မရှိတော့သော တောက်တဲ့ကြီးကို ညင်သာစွာ ပွတ်ပေးလိုက်သည်။ တောက်တဲ့ကြီးထံမှ ဝိဉာဉ်မီးတောက်သည် ပျံသန်းထွက်လာကာ ဒန်ဘီ၏ ကိုယ်ထဲသို့ ၀င်သွားသည်။

ထိုမီးတောက်ကို ဒန်ဘီက ရှူသွင်းလိုက်သောအခါ သူသည် ပို၍ပင် သန်မာလာသည်။

“သေခြင်းတရားက သက်ရှိတွေအားလုံးရဲ့ အိမ်ပဲ” ဒန်ဘီသည် လည်ချောင်းကို ထက်အောက်စုန်ဆန် ပွတ်နေပြီး ခပ်အက်အက် အသံများ ထွက်ပေါ်နေသည်။

“ဒါပေမယ့် မင်းကတော့ သေခြင်းတရားကို မကြောက်ဘူး” ဒန်ဘီ၏ အမည်းရောင် လက်ဝါးသည် မြစ်မျောက်ဝံကြီး၏ ရင်ဘတ်ပေါ် ခပ်ဖွဖွ တင်လိုက်သောအခါ ရင်ဘတ်သည် ချက်ချင်းပင် အိကျသွားပြီး အပြာရောင် ကြေးခွံများသည် လောင်ကျွမ်းနေသော မီးသွေးများလို ပေါက်ကွဲသွားသည်။

မျောက်ဝံကြီး၏ ရင်ဘတ်ပိုင်းသည် အနောက်မှ ပွင့်ထွက်သွားကာ မြေကြီးပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားသည်။

ဒန်ဘီသည် ထိုအရာနောက်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။

မြစ်မျောက်ဝံကြီးသည် ထိုအရာကို ကောက်ယူဖို့ ကြိုးစားလိုက်သည်။ သို့သော် ရုတ်တရတ် နားစည်သည် ပေါက်ကွဲသွားသလို ခံစားလိုက်ရကာ သူ၏ နှလုံးသားသည် ကျုံ့လာသည်။

ဒန်ဘီသည် မျောက်ဝံကြီး ရှေ့သို့ ခုန်ချလိုက်သည်။ သူ၏ ညာဘက် လက်ဖဝါးတွင် အစွမ်းကြီးသော အနီရင့်ရောင် မီးတောက် တောက်လောင်နေပြီး ထိုမီးတောက်သည် မျောက်ဝံကြီး၏ ခေါင်းပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအခါ အသားကင်လိုက်သလို တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာသည်။

ထိုမီးတောက်သည် မျောက်ဝံကြီး၏ ဦးခေါင်းခွံကို ၀န်းရံလောင်ကျွမ်းနေသောအခါ သူသည် နာကျင်စွာ အော်မြည်လိုက်သည်။

တကယ်တော့ မျောက်ဝံကြီးသည် ရေအမျိုးအစား ဖြစ်သောကြောင့် မီးကို နိုင်နိုင်ချေ ရှိသည်ဟု ပြော၍ရသော်လည်း အနီရင့်ရောင် မီးတောက်နှင့် ရင်ဆိုင်ရသောအခါတွင်တော့ သူလည်း ခံနိုင်ရည် မရှိတော့ခြင်း ဖြစ်သည်။

အပြာရောင် လှိုင်းများသည် ကောင်းကင်တွင် ပျံ့နှံ့သွားပြီး ခဏတွင်းချင်းမှာပင် ၁၀ မီတာ ပတ်လည်အတွင်း မျောက်ဝံကြီးသည် ရေလုံးကြီးအဖြစ် ပြောင်းလဲသွားကာ ဒန်ဘီကို ၀န်းရံလိုက်သည်။

အပြာရောင်ရေလုံးကြီးသည် ပြင်းထန်စွာ လည်ပတ်နေသောကြောင့် ဒန်ဘီ၀တ်ထားသော အမည်းရောင် ၀တ်စုံသည်လည်း လွင့်ပျံနေပြီး ခဏတွင်းချင်းမှာပင် စုတ်ပြဲသွားသောကြောင့် သူ၏ အမည်းရောင် အရိုးပုံကြီးမှာ ထင်ရှားစွယ ထွက်ပေါ်လာသည်။

အနီရောင်ပိုးမျှင်များလို သွေးကြောတွေက ဒန်ဘီ၏ ကိုယ်ထဲတွင် စီးဆင်းနေကြသည်။ သူ၏ ရင်ဘတ်တွင် တောက်ပသော အနီရောင် နှလုံးသား ရှိနေသည်။ သူ၏ မသေခြင်း မီးတောက်က မျက်လုံးအိမ်ထဲတွင် တောက်ပစွာ လောင်ကျွမ်းနေကာ သူ၏ လက်ဖဝါး ၂ ဖက်တွင်တော့ အမည်းရောင် မီးတောက်များက တောက်လောင်နေသည်။

ဒန်ဘီသည် ထိုအနက်ရောင် မီးတောက်များကို ကျောက်စိမ်းဖြူ အရိုးမှတစ်ဆင့် စွမ်းအင်ရခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုစွမ်းအင်ကို လက်ဆင့်ကမ်းယူလိုက်သောကြောင့် အနက်ရောင်မီးတောက်သည် ဒန်ဘီနှင့်အတူ ကြီးထွားအသွင်ပြောင်း လာခဲ့သည်။ ကောင်းဖန်မှတ်မိသလောက် ဒန်ဘီ ထိုစွမ်းအင်ကို ရခါစက အဆင့် ၂ သာ ရှိသေးသော်လည်း အခုတော့ အဆင့် ၃ ရှိနေပြီ ဖြစ်သည်။

မျောက်ဝံကြီး၏ ဦးခေါင်းပေါ်တွင် ဒန်ဘီ၏ အမည်းရောင် လက်ဖဝါးရာကြီး ရှိနေပြီး သူ၏ အကြေးခွံများကတော့ အကုန်လောင်ကျွမ်းနေပြီ ဖြစ်သည်။ သူ၏ လက်ဖဝါးရာသည် ‌အဝေးမှပင် သေချာမြင်နေရသည်။

မျောက်ဝံကြီးသည် ဒန်ဘီကို ကြောက်လန့်စွာ ကြည့်နေသည်။ သူသည် အနိုင်ရစရာ အကြောင်းမရှိတော့မှန်း သဘောပေါက်သွားသောကြောင့် ချက်ချင်းပင် လှည့်ထွက်ပြေးလိုက်သည်။

ဒန်ဘီက သူ့နောက်သို့ လိုက်သည်။ ထွက်ပြေးနေသော မျောက်ဝံကြီးသည် နောက်ကို ရုတ်တရတ် လှည့်လိုက်ပြီး ဒေါသတကြီးဖြင့် သူ၏ လက်ကြီးကို မြှောက်လိုက်ကာ ချွန်ထက်သော လက်သည်းကြီးများဖြင့် ဒန်ဘီထံ ပြန်လည်ဦးတည်လိုက်သည်။

ဒန်ဘီသည် ချက်ချင်းရပ်လိုက်ကာ ဘေးဘက်ကို လှည့်လိုက်ပြီး သူ၏ အမြီးကို ဓားကြီး တစ်ခုလို ရမ်းလိုက်သည်။

သူ၏ အရိုးအမြီးကြီးသည် ရင်ဘတ်ကို တည့်တည့်ရောက်ကာ နှလုံးထိ ဖောက်ထွင်းသွားသည်။ တချိန်တည်းမှာပင် မျောက်ဝံကြီးသည်လည်း ရပ်တန့်သွားသည်။

ထို့နောက် မျောက်ဝံကြီးသည် ရင်ဘတ်မှ ဓားတန်းလန်းနှင့် ဒန်ဘီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် ဓားကို ပြန်ပင် ဆွဲမထုတ်တော့ပဲ ထွက်ပြေးသွားသည်။

ဒန်ဘီသည် သူ့တင်ပါးကို စမ်းကြည့်လိုက်သောအခါ သူ့အမြီးသည် မရှိတော့ပေ။

မျောက်ဝံကြီးကိုပါ ဆုံးရှုံးလိုက်ရသောအခါ ရွှေရောင်လက်များ၏ ကျန်ရှိသော သားရဲ အဖွဲ့၀င်များသည် ဆက်မခံစားနိုင်တော့ပေ။ သူတို့သည် အရှုံးကို လက်ခံလိုက်ပြီး မြို့လေးဆီသို့ ပြန်ပြေးလာကြသည်။

သို့သော် မြို့တွင်လည်း ဖုတ်ကောင်များက နေရာအနှံ့ဝိုင်းထားပြီ ဖြစ်သောကြောင့် ထွက်ပြေးဖို့ မဖြစ်နိုင်တော့ပေ။

“သွားရအောင်.. နောက်လမ်းတွေ ရှိပါသေးတယ်.. ဒီလူတွေနဲ့ အချိန်ဆွဲထားခဲ့လို့ ရတာပဲ” အစိမ်းရောင် တမန်တော်က ပြောလိုက်သည်။

ရွှေရောင်တမန်တော်သည် ကျန် ၃ ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ငွေရောင် တမန်တော်၏ နတ်ဘုရားအဆင့် ငွေရောင်သားရဲက အသတ်ခံထားရသည်။ အနီရောင် တမန်တော်၏ သားရဲက ထောင်ချောက်တွင် ပိတ်မိနေသည်။ အပြာရောင် တမန်တော်၏ သားရဲက ဒဏ်ရာပြင်းထန်စွာ ရထားသည်။

ရွှေရောင်လက်များ၏ အရှိန်အဝါသည် အရင်က မသေးခဲ့သော်လည်း ယခုတော့ အဖွဲ့၀င် ၃ ယောက်သည် ယခုလို ဖြစ်နေပြီ ဆို‌သည်က သူ့အတွက် အခွင့်အရေး ဖြစ်သည်။

ရွှေရောင်တမန်တော်သည် ထိုသို့တွေး‌မိသော်လည်း နောက်တော့ စိတ်ပြောင်းသွားကာ ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။ “ဒါဘာသဘောလဲ”

သူ့ဘေးတွင် အပြာရောင် တမန်နော်သည် သူ့အိတ်ထဲမှ သေနတ်ကို ထုတ်ပြီး ရွှေရောင်တမန်တော်၏ ခေါင်းကို ချိန်ထားသည်။

အနီရောင် တမန်တော်ကလည်း သူ့အိတ်ထဲမှ ပစ္စတိုကို ထုတ်ကာ သူ့ကို ချိန်လိုက်သည်။

တချိန်တည်းမှာပင် မကောင်းဆိုးဝါး ပင့်ကူလေဒီသည် ပြတင်းပေါက်မှ ဇောက်ထိုးဆင်းလာကာ သူမ၏ ချွန်ထက်သော လက်သည်းများကို ရွှေရောင်တမန်တော်ဆီသို့ ချိန်ရွယ်ထားသည်။

“ငါတို့ သားရဲတွေအားလုံး ဒဏ်ရာရသူရ၊ သေတဲ့သူက သေကုန်ကြပြီ.. မင်းရဲ့ သားရဲတွေပဲ ကောင်းကောင်း ကျန်ခဲ့တော့တယ်.. အဲဒါကြောင့် မင်းတစ်ခုခု ကြံစည်လို့ မရအောင် ဒီလိုလုပ်ရတာပဲ” အနီရောင် တမန်တော်က ပြောလိုက်သည်။

သူ၏ ကိုယ်ပိုင်သားရဲဖြစ်သော နဂါးကြီးသည် ပိတ်မိနေသော်လည်း သူသည် ထူထဲကြမ်းတမ်းသော အရေခွံရှိသော‌ကြောင့် ချက်ချင်းတော့ သေနိုင်မည် မဟုတ်ပေ။ ယခုလည်း ဒဏ်ရာတော့ ပြင်းထန်စွာ မရထားချေ။

“မင်းတို့က ဘာလုပ်ကြမလို့လဲ” ရွှေရောင် တမန်တော်က တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းရဲ့ နတ်ဘုရားအဆင့်သားရဲကို နည်းနည်း အချိန်ဆွဲခိုင်းထားလိုက်.. အဲဒါဆို ငါတို့အားလုံး ဥမင်လှိုဏ်ခေါင်းကနေ ထွက်ပြေးလို့ရတယ်”

“ဟုတ်တယ်.. မင်းရဲ့ သားရဲကိုတော့ ငါတို့နဲ့ လိုက်ဖို့ မခေါ်နိုင်ဘူး.. သဘောမတူရင်တော့ ဒီမှာပဲ အကုန်သေကြမယ်”

တမန်တော်များ အနေဖြင့် သူတို့သည် အချင်းချင်း ကောင်းကောင်း သိကြသူများ ဖြစ်သည်။ တစ်ယောက်မှ လူကောင်းမပါချေ။

သူတို့သည် အဆင်ပြေနေလျှင်တော့ အချင်းချင်း စည်းလုံးကြသော်လည်း တစ်ယောက်ယောက်က ဖောက်လာလျှင်တော့ အချင်းချင်း ဆာလောင်နေသော ဝံပုလွေများလို ကိုက်ကြမည့်သူများဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၀၆ ရွှေရောင်လက်များ ပျက်စီးခြင်း

“ကျုပ်ကို တကယ်မယုံကြဘူးလား” ရွှေရောင် တမန်တော်က ‌မကျေမနပ် ပြောလိုက်သည်။

“အေး မယုံဘူး”

“အခုငါတို့ မင်းကို မယုံဘူးဆိုတာ သိပြီဆိုတော့ ကိုယ့်ကိုကိုယ် ကယ်ချင်ရင် ပြောတဲ့အတိုင်းသာလုပ်”

နောက်ဆုံးတော့ ရွှေရောင်တမန်တော်သည် မကျေမနပ်ဖြင့်ပင် ခေါင်းညိတ်လိုက်ရသည်။

ထိုအချိန်တွင် မျက်နှာကြက်ပွင့်လာပြီး ရွှေရောင်အလင်းတန်းများသည် ရေတံခွန်လို ကျလာသည်။ ထို့နောက် ထောင့်တစ်နေရာတွင် ရပ်နေသော ပင့်ကူလေဒီသည် ချက်ချင်းပင် သွေးအိုင်ထဲရောက်သွားသည်။

ထိုအခါ တမန်တော် ၃ ယောက်သည် ထို အလင်းရောင်က သူတို့ဆီ မကျရောက်လာခင် ချက်ချင်း ကိုယ်စီအကာအရံများဖြင့် ရှောင်တိမ်းလိုက်ကြသည်။

သို့သော် ငွေရောင်တမန်တော်၏ မီးတောက်အကာအရံသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူသည် နတ်ဘုရားအဆင့် သားရဲကို ဆုံးရှုံးလိုက်ရပြီးနောက် ကွန်မန်ဒါအဆင့် သားရဲ ၂ ကောင်သာ ကျန်ခဲ့သည်။ ထို့ကြောင့် ကွန်မန်ဒါအဆင့်သားရဲများ၏ စာရွက်လို ပါးလွှသော အကာအရံသည် ထိုအလင်းတန်းကို ခံနိုင်စွမ်း မရှိပါချေ။

မြေအမျိုးအစား အကာအရံကတော့ အနီရောင် တမန်တော်၏ ကိုယ်တွင် ရစ်ပတ် ကာရံထားသည်။ အခြားသော အမျိုးအစားများနှင့် မတူစွာပင် မြေအမျိုးအစားအကာအရံသည် အတောင့်တင်းဆုံး ဖြစ်သည်။

သူ၏ ကိုယ်ပိုင်သားရဲဖြစ်သော မြေနဂါးကြီးသည် ရေခဲလှောင်အိမ်ထဲတွင် ပိတ်မိနေသော်လည်း သူ၏ လေ့ကျင့်သူအတွက်တော့ အကာအကွယ် စွမ်းရည် ထုတ်ပေးနိုင်သေးသည်ပင်။

အပြာရောင် အလင်း အပိုင်းအစများကတော့ အပြာရောင် တမန်တော်ဘေးတွင် ရစ်ပတ်ထားသည်။

မျောက်ဝံကြီးသည် သူ၏ လေ့ကျင့်သူထံသို့ အမြန်ပြေးလာနေသည်။ သူသည် အလွန်ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း သူ၏ သခင်အတွက်တော့ အကာအရံ စွမ်းရည်ကို ရသေလောင် ထုတ်ပေးထားသည်။ မျောက်ဝံကြီးသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း အပြာရောင် တမန်တော်ဆီသို့ စိုက်ကြည့်ရင်း ပြေးနေလေသည်။

ရွှေရောင် တမန်တော်ကတော့ ရွှေရောင်ဖျာနှင့် တူသည့် အရာတစ်ခုကို ညာဘက်လက်မှ ထုတ်လိုက်သည်။ ထိုအခါ လှပဆန်းကြယ်သော သင်္ကေတများ ထွက်ပေါ်လာပြီး မျက်လုံး ပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်။

ထို့နောက် ရွှေရောင်ဖျာသည် အခန်းထဲတွင် လွင့်ပျံသွားပြီး ၀တ်ရုံတစ်ခုလို ဖြစ်သွားကာ ရွှေရောင်တမန်တော်ကို ဖုံးအုပ်လိုက်သည်။ ထိုအခါ သူသည် ပါရှန်းဘုရင်တစ်ပါးလို ပုံစံဖြစ်သွားကာ ကျန်သော တမန်တော် ၂ ယောက်ကို မကြည်ကြည့် ကြည့်လိုက်သည်။

“ခင်ဗျားတို့က ကျုပ်ကို ချောင်ပိတ်တာပဲ.. ခင်‌ဗျားတို့နဲ့ စာရင်းရှင်းပြီးရင်တော့ ကျုပ်က ရွှေရောင်လက်များကို ‌အကောင်းဆုံးတောက်ပအောင် ဦးဆောင်တော့မှာ”

သူသည် အခြားသူများထက် အကာအရံမှေးမှိန်နေသော အပြာရောင်တမန်တော်ကို ကြည့်လိုက်သည်။ သူသည် ပိုး၀င်ထားသော လက်ကို ကုသမည့်အစား တစ်ကိုယ်လုံးသာ ပိုးကူးခံတော့မည်ဟု တွေးလိုက်မိသည်။

ထိုအသုံးအနှုန်းသည် ကျင်းရှာဒေသတွင် မရှိသော်လည်း ဟွာရှားဒေသအပြင်ဘက်တွင်တော့ ထိုအဓိပ္ပါယ်ကို အားလုံးက နားလည်ကြသည်။

ရွှေရောင်ဖျာသည် ရွှေရောင် တမန်တော်၏ လက်မောင်းမှ လွင့်လာပြီး အပြာရောင် တမန်တော်ကို ရစ်ပတ်လိုက်သည်။ သူသည် သားကောင်ကို ညှစ်သတ်နေသော စပါးကြီးမြွေနှင့်ပင် တူနေသည်။

အပြာရောင်တမန်တော်၏ လက်ချောင်းများနှင့် ခြေထောက်တို့သည် ရွှေရောင်ဖျာ၏ အပြင်ဘက်တွင် ထွက်နေသည်။ သူ၏ ကိုယ်သည် တစ်ချက် အကြောဆွဲသလို ဖြစ်သွားပြီးနောက် ကြမ်းပြင်သို့ ခွေကျသွားသည်။

တချိန်တည်းမှာပင် သွေးရူးသွေးတမ်းပြေးလာနေသော မျောက်ဝံကြီးသည်လည်း လဲကျသွားသည်။

သူသည် တစ်ကိုယ်လုံးနာကျင်နေပြီး မိုးကြိုးပစ်ခံလိုက်ရသလို ခံစားနေရသည်။ သူသည် လုံး၀မထနိုင်တော့ချေ။

“နောက်တစ်ယောက်” ရွှေရောင်တမန်တော်သည် ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး အနီရောင် တမန်တော်ဘက်သို့ လှည့်လိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ တိုက်ပွဲသံသည် သူတို့ရှိရာ ပြတင်းပေါက်နားထိ ရောက်လာပြီ ဖြစ်သည်။ ရွှေရောင် တမန်တော်သည် ပြတင်းပေါက်ကို ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ “နှမြောစရာပဲ ကစားချင်သေးတာကို.. အခုတော့ အချိန်မရှိတော့ဘူး”

သူသည် အနီရောင် တမန်တော်ထံသို့ လက်ညိုးညွှန်လိုက်သည်။ ထိုအခါ ရွှေရောင်ဖျာသည် ပျံသန်းသွားကာ အနီရောင် တမန်တော်ကို ရစ်ပတ်လိုက်သည်။ သို့သော် ဖျာသည် ရုတ်တရတ် ကြမ်းပြင်ပေါ်ပုံကျသွားသည်။

အနီရောင် တမန်တော်ကတော့ ပျောက်ဆုံးသွားပြီ ဖြစ်သည်။

“သူခိုးလို အဖိုးကြီး.. ကြည့်ရတာ တခြားသူတွေ မသိသေးတဲ့ လှည့်ကွက်တွေကို လျှိုထားတယ် ထင်တယ်”

သူသည် သူ၏ ကိုယ်ပိုင်သားရဲကို လက်ယပ်ခေါ်လိုက်ပြီး သူ၏ မိတ်ဆွေတို့၏ အလောင်းများကို တစ်ချက်တောင် လှည့်မကြည့်ပဲ အခန်းထဲမှ ထွက်သွားသည်။

ထိုအချိန်တွင် သူသည် ရပ်တန့်သွားသည်။ လှေကားအ၀င်၀တွင် ကြီးမား မည်းနက်သော အရာကြီးတစ်ခုက သူ့ကို တားဆီးထားသည်။

“ရှာတွေ့ပြီ” ဒန်ဘီက ပြောလိုက်သည်။ သူသည် ဓားသွားနောက်ပြန် ဖြစ်နေသော အရိုးဓားကြီး တစ်ချောင်းကို ညာလက်တွင် ကိုင်ထားသည်။ ထို့နောက် ဘယ်လက်ဖြင့် နံရံကို ထိလိုက်သောအခါ နံရံသည် ချက်ချင်း ပြိုကျသွားသည်။

…

ရေခဲလှောင်အိမ်ပေါ်မှ ခြင်္သေ့ဖြူလေးသည် သန်းဝေလိုက်သောအခါ သူ့ရှေ့မှလေသည် ခေတ္တအေးခဲသွားသည်။

အနီရောင် တမန်တော်သည် မျက်လုံးကို ဖွင့်လိုက်သောအခါ ရေခဲလှောင်အိမ်တစ်ခုထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် စိတ်‌သက်သာရာ ရမလို ဖြစ်ပြီးမှ ချက်ချင်း ပြန်တင်းမာသွားသည်။

ကောင်းဖန်သည် သူ့ကို ဆီပူအိုးထဲ ထည့်ကြော်တော့မည့်အလား အမျက်ချောင်းချောင်း ထွက်ကာ ကြည့်နေသည်။

အနီရောင် တမန်တော်သည် သူ၏ သားရဲက နတ်ဘုရားအဆင့်ရောက်ထားသောကြောင့် လွတ်မြောက်စွမ်းအင်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုစွမ်းအင်ဖြင့် သူ၏ အသန်မာဆုံး ကိုယ်ပိုင်သားရဲဆီကို သူ့ကိုယ်သူ ပို့ဆောင်လိုက်သော်လည်း ရန်သူက သူ့ထက် တစ်ကွက်သာနေသောကြောင့် သူသည် ယခုလို ဖြစ်နေရခြင်းပင်။

သူ့စွမ်းအင်၏ သက်ရောက်ရာ အကွာအဝေးသည် သူ့စိတ်စွမ်းအင်ပေါ် မူတည်ပြီး အပြောင်းအလဲရှိသည်။ သို့သော် အနည်းဆုံး အကွာအဝေးကပင် မိုင် ၁၀၀ လောက် ရောက်သွားနိုင်သည်။

အနီရောင် တမန်တော်သည် သူအချုပ်ခံထားရရာ ရေခဲလှောင်အိမ်ထဲတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ သူသည် တိုက်ခိုက်လိုစိတ်လည်း မရှိတော့ပေ။

နာရီ၀က်ခန့်ကြာသောအခါ ဒန်ဘီသည် လက်တစ်ဖက်က ရွှေရောင်ဖျာကို ကိုင်လျက် နောက်တစ်ဖက်က သွေးသံရဲရဲနှင့် လူတစ်ယောက်ကို ဆွဲလျက် ရောက်လာသည်။

“သခင်.. ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူကို ဖမ်းမိလာခဲ့ပါတယ်.. ဒါက သူ့ရဲ့ ကိုယ်ပိုင်သားရဲပါ” ဒန်ဘီသည် ရွှေရောင်တမန်တော်ကို ပစ်ချလိုက်ပြီး‌ ရွှေရောင်ဖျာကိုတော့ ဆက်ကိုင်ထားသည်။

အနီရောင် တမန်တော်သည် ရွှေရောင် တမန်တော်၏ အဖြစ်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူသည် အချိန်မီ ထွက်မပြေးနိုင်ခဲ့ဘူးဆိုတာကို သိလိုက်ရ၍ ဖြစ်သည်။

သူသည် သူ၏ ရဲဘော်ရဲဖက်ဟောင်းကို ယခုလို ‌မြင်တွေ့နေရသောအခါ စိတ်မကောင်း ဖြစ်မိနေသည်။

“ရွှေရောင်လက်များမှာ တမန်တော် ၄ ယောက် ရှိတယ်လို့ ကြားထားတယ်.. အခုတော့ ၂ ယောက်ပဲ တွေ့ပါလား” ကောင်းဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ နောက် ၂ ယောက်က ထွက်များ ပြေးသွားတာလား… “ နောက် ၂ ယောက် ဘယ်မှာလဲ” ကောင်းဖန်က အနီရောင် တမန်တော်ကို မေးလိုက်သည်။

“သူတို့ မရှိတော့ဘူး.. သူသတ်လိုက်လို့ သေသွားကြပြီ” အနီရောင် တမန်တော်က သက်ပြင်းချရင်း ပြောလိုက်သည်။

သူ့မျက်လုံးများသည် လဲကျနေသော ရွှေရောင် တမန်တော်ထံတွင် စိုက်ကျနေသည်။ ရွှေရောင်လက်များက ဒီလူတစ်ယောက်ကြောင့် ဒီလို အဆုံးသတ်ရတော့မှာတဲ့လား..

အနီရောင် တမန်တော်သည် အလွန်ပင် စိတ်ဓာတ်ကျဆင်းနေသည်။ သူသည် တစ်ခုခု ပြောတော့မည့်ပုံ ဖြစ်နေသော်လည်း နှုတ်ခမ်းကို ကိုက်ကာ မပြောပဲနေလိုက်ပြန်သည်။

သူသည် ဘာမှမပြောပဲ ရေခဲလှောင်အိမ်နံရံကို မှီလိုက်သည်။

မြို့ရှိလမ်းများမှ အော်သံများသည် တဖြည်းဖြည်း လျော့စပြုလာသည်။ ရန်သူသားရဲများတွင် အင်အား အကြီးဆုံးမှာ ကွန်မန်ဒါအဆင့် ဖြစ်နေသောကြောင့် အဖြူရောင် သားရဲသည် ရန်သူ သားရဲများကို လျင်မြန်စွာ နှိမ်နင်းနိုင်သည်။ နတ်ဘုရားအဆင့် လိပ်ပြာကြီးကိုပါ အလွယ်တကူ အနိုင်ရထားသူ မဟုတ်ပါလား။

“ရွှေရောင်လက်များရဲ့ ဌာနချုပ်က ဒီလို ဖြစ်သွားရတာ ယုံတောင် မယုံနိုင်ဘူး” ကျင်းရှာဒေသ၏ မဟာမိတ်အစိုးရအဖွဲ့သည် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ လူများသည် အစိုးရ၏ ဂြိုလ်တုရုပ်သံမှနေ၍ ဖြစ်ပျက်နေသည်များကို အလုံးစုံ မြင်နေရသည်။ သူတို့အားလုံးသည် တိုက်ပွဲတွင် ပါ၀င်မနေသော်လည်း သေချာအာရုံစိုက်ကာ ကိုယ်တိုင်ရှိနေသလို ကြည့်ရှုနေကြသည်။

လမ်းလျှောက်နေသော ဖုတ်ကောင်ကြီး၏ ကြောက်မက်ဖွယ် အသက်သွင်းစွမ်းရည်၊ သေးငယ်သော အဖြူရောင်သဏ္ဍာန်လေး၏ လိပ်ပြာကြီးကိုပင် တမုဟုတ်ချင်း သတ်ဖြတ်နိုင်သော စွမ်းရည်။

တစ်ဖက်တွင်တော့ ဖလိန်မီနှင့် ခြ‌င်္သေ့ဖြူတို့သည် သူတို့အလုပ် သူတို့ တာ၀န်ကျေစွာ လုပ်ကြသော်လည်း သိပ်တော့ လူများ၏ စိတ်၀င်စားမှုကို မရကြချေ။

“အံ့ဩစရာပဲ ရွှေရောင်လက်များ အဖွဲ့က ချက်ချင်းကို ပျောက်ကွယ်သွားတော့တာ” အဝါရောင် ယူနီဖောင်းနှင့် အမျိုးသမီးတစ်ယောက်က ရေရွတ်လိုက်သည်။ သူသည်ကောင်းဖန်ကို ဖန်သားပြင်မှ ကြည့်နေရင်း ကောင်းဖန်၏ ‌စွမ်းရည်နှင့် သားရဲထိန်းကျောင်းသူ အဆင့်ကို လေးစားမဆုံး ဖြစ်နေသည်။

“အဲဒီကောင်းဖန်မှာ အနည်းဆုံး နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲ ၅ ကောင်ရှိတယ်” အခန်းတွင်းရှိ ဗိုလ်ချုပ်တစ်ယောက်က ပြောလိုက်သည်။

အခန်းထဲတွင် ပို၍ပင် တိတ်ဆိတ်သွားတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၀၇ သွေးစာချုပ်ကို ဖျက်ဆီးနည်း

အခန်းထဲတွင် လွန်စွာ တိတ်ဆိတ်သွားပြီး ထောင့်နားမှာ နာရီသံတစ်ချက်ချက်သာ ကြားနေရသည်။

“ပြန်ပြောပြပါဦး.. ကျုပ်တို့တွေ ‌ဗျူဟာဆွဲနေတုန်းက ကျင်းရှာစစ်တပ်က ရွှေရောင်လက်များကို နှိမ်နင်းနိုင်မယ့် အောင်မြင်နိုင်ချေက ဘယ်လောက်ရှိခဲ့တာလဲလို့”

“၆၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ထင်တယ်”

အခန်းထဲမှ လေထုသည် ပို၍ပင် အေးစက်သွားသည်။ သူတို့တွင် ၆၀ ရာခိုင်နှုန်းလောက်ပင် အနိုင်ရနိုင်ချေ ရှိခဲ့တာတောင် ထိုကဲ့သို့ ကြီးမားသော အဖွဲ့အစည်းကို အလွယ်တကူ ချေဖျက်နိုင်စွမ်း မရှိခဲ့ပေ။

ထို့အပြင် ထိုတွက်ချက်မှုသည် ကျင်းရှာစစ်တပ်တစ်ခုလုံးစာနှင့် တွက်ထားခြင်း ဖြစ်သည်။ တကယ်တော့ စစ်တပ်တစ်ခုလုံးပင် မကပါချေ။ သူတို့သည် အစက စစ်တပ်အပြင် ပြင်ပ ကမ္ဘာအရပ်ရပ်မှ သားရဲလေ့ကျင့်သူများကိုပါ ခေါ်ပြီး အနိုင်ရနိုင်ချေကို မြှင့်တင်ဖို့ စဉ်းစားခဲ့သေးသည်။ ထိုလောက်မှသာ ရွှေရောင်လက်များကို ရင်ဆိုင်နိုင်မည် မဟုတ်ပါလား။

သို့သော် ပဋိပက္ခများလည် များစွာ ဖြစ်သွားနိုင်သေးသည်။

“အမိန့်သာပေးလိုက်ပါ.. အခုချက်ချင်း ရွှေရောင်လက်များရဲ့ အခွဲတွေအားလုံးကို စပြီး တိုက်ခိုက်နိုင်ပါတယ်” အဆင့်မြင့်အရာရှိတစ်ယောက်က စားပွဲကို ပုတ်ရင်း ပြောလိုက်သည်။ သူတို့သည် ရွှေရောင်လက်များကို အမှုန့်ကြိတ်ချင်နေတာ ကြာပြီဖြစ်သည်။ ယခုတော့ လက်တွေ့အကောင်အထည် ဖော်ရတော့မည်။

“ကောင်း.. ဖန်” ခန့်ညားကြည့်ကောင်းသော ခပ်ချောချေယ လူငယ်တစ်ယောက်က ရေရွတ်လိုက်သည်။ သူ့နာမည်သည် စိတ်ထဲတွင် စွဲနေပြီ ဖြစ်သည်။

သူသည် ကျင်းရှာဒေသတွင် ငယ်ငယ်ရွယ်ရွယ်နှင့် ရာထူးကြီးကြီး ရထားသူ ဖြစ်ကာ ငယ်ရွယ်စဉ်မှာပင် နတ်ဘုရားအဆင့် သားရဲ ၂ ကောင်ကို လေ့ကျင့်နိုင်ခဲ့သော ဉာဏ်ကြီးရှင် စစ်သားတစ်ယောက် ဖြစ်သည်။ သူသည် ဂြိုလ်တုသတင်းကို ကြည့်ပြီးသောအခါ သူ့ကိုယ်သူ အားမလို အားမရ ဖြစ်နေမိသည်။

သူသည် အသက်ကို ၀၀ရှူလိုက်သည်။ သူ့မှာ နတ်ဘုရားအဆင့် သားရဲ ၅ ကောင်ပဲရှိတာပါ.. ငါ့မှာက နတ်ဘုရားအဆင့်သားရဲ တစ်ကောင်နဲ့ ကွန်မန်ဒါအဆင့်သားရဲ ၃ ကောင်တောင် ရှိတယ်.. သိပ်လည်း မကွာပါဘူး..

ငါဆိုတဲ့ ဆွာလွင်းက ဘယ်တော့မှ အရှုံးမပေးဘူး.. တစ်နေ့တော့ သူ့ကို ကျော်နိုင်ရမယ်.. ကျိန်ဆိုရဲတယ်.. သူသည် ကောင်းဖန်ကို မည်သို့သော နည်းဖြင့် ဖြစ်စေ ကျော်နိုင်အောင် လုပ်မည်ဟု စဉ်းစားထားသည်။

ကောင်းဖန်သည် ရွှေရောင်လက်များကို ဖြိုခွင်းနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ့ကို လျှော့တွက်ခဲ့၍ ဖြစ်သည်။

ရွှေရောင်လက်များသည် သူတို့ကို ဖမ်းရန် စစ်တပ်နှင့် ချီတက်လာလျှင်တောင် ပုန်းရှောင်ထွက်ပြေးကြမည် ဖြစ်သည်။ အခုလို လူတစ်ယောက်တည်းက လုပ်လိမ့်မည်ဟုတော့ လုံး၀မထင်ခဲ့ချေ။

သူတို့သည် ထိုအဖြစ်ကို စိတ်တောင် မကူးခဲ့ဖူးချေ။ ဒဏ္ဍာရီတွေထဲကလို မကောင်းဆိုးဝါးကို တစ်ချက်တည်းနှင့် ရှင်းထုတ်နိုင်သည့် သူရဲကောင်း ပုံပြင်လည်း မဟုတ်ချေ။

“ငါတို့ ရှုံးသွားခဲ့ပြီ.. အဆိုးဆုံးက ၂၁ နှစ်အရွယ် ကောင်လေးကို ရှုံးရတဲ့ အဖြစ်ပဲ” အနီရောင် တမန်တော်က သူ၏ လှောင်အိမ်ထဲမှနေ၍ ရေရွတ်နေလိုက်သည်။

“ဘာ.. ကျုပ်က ၂၀ ပဲ ရှိပါသေးတယ်” ကောင်းဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျုပ်မင်းရဲ့ အကြောင်းကို ဖတ်ထားပါတယ်.. မနေ့ကပဲ မင်း ၂၁ နှစ်ပြည့်ထားတာ မဟုတ်ဘူးလား.. ဪ မင်းတို့ ဟွာရှားမှာက ငါတို့နဲ့ မတူတဲ့ ပြက္ခဒိန် သုံးတာလား”

“သူများတွေလိုပဲ လပြက္ခဒိန် နေပြက္ခဒိန်ကို သုံးတာပါ” ကောင်းဖန်က ပြန်ပြောလိုက်ရင်း ထောင့်တစ်နေရာတွင် လှဲလျောင်းနေသော ကော်ဇောနှင့်တူသည့် အရာကို ကြည့်လိုက်သည်။

[သားရဲအမည်] - ရွှေရောင်ချည်မျှင် ကော်ဇောသားရဲ

[သားရဲအဆင့်] - အဆင့် ၄၃

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲအမျိုးအစား] - သတ္တု

[သားရဲစွမ်းအင်] - ခိုင်ခံ့သော ရွှေချည်မျှင် အဆင့် ၂

[သားရဲအားနည်းချက်] - မီး

[သားရဲ‌ဖော်ပြချက်] - လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်ကတည်းက ရှိခဲ့သော ရွှေချည်ကော်ဇော တစ်ခု ဖြစ်သည်။ ကပ်ဆိုးကြီး အပြီးတွင် အသက်၀င်လာပြီး ရွှေချည်မျှင် သားရဲအဖြစ် အသွင်ပြောင်းသွားသည်။ နူးညံ့သော အသွေးအမွေး ရှိသည်။ အခြားသော ကော်ဇောများ ဖျာများကို အဓိက အစာရင်းမြစ် အဖြစ် စားသုံးသည်။ မီးကိုမုန်းသည်။

အသက်၀င်လာသည့် ကော်ဇောတစ်ခုပါလား..

ကောင်းဖန်သည် ကြက်သေသေနေသည်။ သူသည် သက်မဲ့က သားရဲအဖြစ် ပြောင်းလာသည်ကို ဒုတိယအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ပထမက ကွမ်ယုရုပ်တု ဖြစ်သည်။

စိတ်၀င်စားစရာပဲ.. သူ့ကို အနီးကပ် လေ့လာချင်လိုက်တာ.. အိမ်မှာဆိုလည်း ကောင်းသား..

ပိုင်ရှင်ရှိထားသော နတ်ဘုရားအဆင့် သားရဲကို အိမ်ခေါ်လာလို့တော့ မဖြစ်ပါချေ။ ကောင်းဖန်သည်လည်း အမြဲအကြပ်ရိုက်နေရလိမ့်မည်။

ကောင်းဖန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။

နောက်တစ်‌နည်းတော့ ရှိသည်။ ကျင်းရှာ အစိုးရကို ခဏထိန်းသိမ်းခိုင်းထားရန် ဖြစ်သည်။ သို့သော် သူသည် မည်သူ့ကိုမျှ မယုံရဲပါချေ။

ငါက ပေးထားလိုက်ရင် ငါ့ကို ပြန်ပေးမယ်လို့လည်း အာမခံနိုင်တာ မဟုတ်ဘူး.. ငါရွှေရောင်လက်များက သူတွေကိုလည်း အများကြီး သတ်ခဲ့ပြီးပြီ.. ဒီဖျာလေးကို ကြောက်နေစရာလား..

သူသည် ဖျာသားရဲကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။

“နင်တကယ်ကြီး ဒီကောင့်ကို ခေါ်ဖို့ စဉ်းစားနေတာလား” ခြ‌င်္သေ့ဖြူက ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။

ကောင်းဖန်က ခေါင်းကို ယမ်းလိုက်သည်။ “မဟုတ်ပါဘူး.. သူ့ကို ခဏလောက် လေ့လာချင်လို့”

တာ့ဇီက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည်လည်း ကောင်းဖန်က နောက်တစ်ကောင် ထပ်မွေးမည်ဟု ထင်သွားခြင်း ဖြစ်သည်။ သူသည် တစ်ချက်ပျော်သွားကာ ခြင်္သေ့ဖြူကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“သူ့မှာ လေ့ကျင့်သူမရှိဘူးဆိုရင်တောင် ငါ့ရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ယောက်ကို ပေးလိုက်လို့ ရသေးတယ်.. ဒါပေမယ့် လေ့ကျင့်သူနဲ့ သွေးစာချုပ်က ရှိနေတော့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတာ” ကောင်းဖန်က ပြောလိုက်သည်။

ခြင်္သေ့ဖြူသည် ကောင်းဖန်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ “လေ့ကျင့်သူရှိနေသေးတော့ ဘာဖြစ်လဲ သွေးစာချုပ်ကို ဖျက်ဆီးလိုက်ပေါ့”

ကောင်းဖန်သည် မျက်လုံးပြူး၍ ကြည့်လိုက်သည်။ “မင်းဘာပြောလိုက်တယ်.. သွေးစာချုပ်က ဖျက်လို့ရလို့လား”

ခြင်္သေ့ဖြူလေးသည် တစ်ချက်ရှုံ့မဲ့သွားပြီးမှ ဒီငတုံးတွေဟာ ဒါတွေလည်း ဘယ်သိမှာလဲ ဆိုသော အတွေးဖြင့် တစ်ချက် ငြိမ်သွားသည်။

“ဟုတ်တယ်လေ.. ဒါပေမယ့် သွေးစာချုပ်ကို ဖျက်ဖို့ အခြေအနေ ၃ ခုနဲ့တော့ ကိုက်ညီဖို့ လိုတယ်”

ကောင်းဖန်သည် ဇဝေဇဝါ ဖြစ်နေသည်။ သူသည် ထိုအကြောင်းကို တစ်ခါမှ မကြားဖူးပေ။ သို့သော် ထိုအရာသည် အလွန်အရေးကြီးသည်။ ကောင်းဖန်က စမလုပ်ကြည့်ခဲ့လျှင် အခြားတစ်ယောက်ယောက်က ဖော်ထုတ်မိသွားနိုင်သည်။ ယခုတော့ ကောင်းဖန်သည် အလွန်ပင် စိတ်၀င်စားနေသည်။

“အဲဒီအခြေအနေ ၃ ခုက ဘာလဲ”

“ပထမတစ်ခုက သွေးစာချုပ်ကို ဖျက်ဖို့ ဂါထာရွတ်ဆိုရမယ်.. ပြီးရင် ကိုယ်ပိုင်သားရဲနဲ့ စာချုပ်ဖျက်ချင်တဲ့ လေ့ကျင့်သူတစ်ယောက် ရှိရမယ်.. အဲဒီအတွက် လေ့ကျင့်သူကလည်း ပုံမှန်စိတ်အခြေအနေမှာ ရှိရမယ်.. သူ့ရဲ့ စိတ်ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတာ ဆိုရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး.. နောက်ဆုံးတစ်ခုကတော့ အဲဒီသားရဲကလည်း သူ့ရဲ့ လေ့ကျင့်သူနဲ့ စာချုပ်ဖောက်ဖျက်ဖို့ လိုလာတဲ့ ဆန္ဒရှိရမယ်.. သူလည်း လေ့ကျင့်သူလိုပဲ ပုံမှန်စိတ်အခြေအနေမှာ ရှိနေရမယ်”

“ဒါပဲလား”

“ဒါပဲ”

ကောင်းဖန်သည် တိတ်ဆိတ်သွားသည်။ ထိုအခြေအနေ ၃ ခုသည် အလွန်ရိုးရှင်းလွန်းနေသည်။ သို့သော် မှန်ကန်နေလျှင်တောင် အချို့သောအချက်များက သူလုပ်ယူ၍ မရနေပေ။

ဘယ်သူက သူ့ရဲ့ ကိုယ်ပိုင်သားရဲနဲ့ စာချုပ်ဖောက်ဖျက်ချင်မှာလဲ.. ပြီးတော့ ၂ ဖက်လုံးကလည်း ဆန္ဒရှိရဦးမယ်..

ကောင်းဖန်သည် လေ့ကျင့်သူနှင့် သားရဲကြား စာချုပ်ဖျက်သည်ကို စိတ်ကူးပင် ယဉ်ကြည့်လို့မရချေ။

“သူကအခု သူများရဲ့ ကိုယ်ပိုင်သားရဲ ဖြစ်နေတာလေ..” ကောင်းဖန်က ရေရွတ်လိုက်သည်။ သူသည် ရန်သူပင် ဖြစ်နေလင့်ကစား ထိုကဲ့သို့ သွေးစာချုပ်ကိုတောလ သွားမဖျက်ဆီးချင်ပါပေ။

ထိုအချိန်တွင် ရွှေရောင်တမန်တော်၏ လက်ချောင်းလေးများ လှုပ်ရှားသွားသည်။ သူသည် အသက်ပြန်ရှူလာပြီ ဖြစ်သည်။

“ကယ်ပါဦး.. ကျေးဇူးပြုပြီး ကယ်ပေးပါ” ရွှေရောင်တမန်တော်သည် တိုးညင်းစွာ ပြောလိုက်သည်။ သွေးများသည် သူ့ပါးစပ်တွင်းမှ ကျဆင်းနေပြီး သူ့မျက်နှာသည် စာရွက်တစ်ရွက်လို ဖြူဖျော့နေသည်။

သူသည် သူ့အခြေအနေကို အသိဆုံး ဖြစ်သည်။ ကုသခြင်း အမျိုးအစား ကိုယ်ပိုင်သားရဲမှသာ သူ့ကို သေမင်းတံခါး၀မှ ပြန်ခေါ်နိုင်တော့မည် ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၀၈ အညံ့ခံခြင်း

ကောင်းဖန်သည် ဘာမှမပြောပဲ ရွှေရောင် တမန်တော်ကို တစ်ချက်ကြည့်လိုက်သည်။ ခဏကြာသောအခါ သူသည် ထိုလူအသက်ကို ကယ်ပေးလိုက်ရန် ရှောင်ကောင်းကို အမိန့်ပေးလိုက်သည်။

တဖြည်းဖြည်းနှင့် ရွှေရောင် တမန်တော်၏ မျက်နှာသည် သွေးရောင် ပြန်လွှမ်းလာသည်။ ပါးစပ်မှ ကျနေသော သွေးများလည်း ရပ်သွားပြီး အသက်ရှူတာ ပုံမှန် ပြန်ဖြစ်လာသည်။

သူသည် အလွန်ပျော်ရွှင်နေသည်။ သူ့ဘ၀တွင် တစ်ခါမှ ဒီလောက် မပျော်ဖူးခဲ့ပေ။ သူသည် အသက်တစ်ချောင်းပိုရလိုက်သလို ခံစားနေရသည်။

“ကျုပ်ခင်ဗျားရဲ့ ကိုယ်ပိုင်သားရဲကို လေ့လာချင်တယ်” ကောင်းဖန်က သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ပြောလိုက်သည်။

ရွှေရောင် တမန်တော်သည် နားကြားလွဲသွားပုံဖြင့် ခဏတွေဝေသွားသည်။ ထို့နောက် ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်သည်။ “ရတာပေါ့.. မင်းရဲ့ အပိုင်ပါပဲ” သူသည် သူ့၏ ကိုယ်ပိုင်သားရဲကို ကောင်းဖန်ကို ပေးလိုက်ရခြင်း အပေါ် အနည်းငယ် အောင့်သက်သက်တော့ ဖြစ်မိသော်လည်း သူအသက်ရှင်နေသေးသရွေ့ ဘာမဆို ဖြစ်နိုင်သေးသည်ပင်။

“ပြီးတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင်သားရဲကြား သွေးစာချုပ်ကိုလည်း ဖျက်ဖို့လိုတယ်”

ရွှေရောင် တမန်တော်သည် တစ်ချက် ကြောင်သွားသည်။

“ကျုပ်ခင်ဗျားကို တွန်းအားမပေးပါဘူး.. လူတွေကို မလုပ်ချင်တာကိုလည်း အတင်းမလုပ်ခိုင်းချင်ဘူး.. ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီးမှ လုပ်ချင်တယ်.. တကယ်လို့ ခင်ဗျား သွေးစာချုပ်ကို ဖျက်ပေးမယ်ဆိုရင် ခင်ဗျားကို ပြီးပြည့်စုံအောင် ကုပေးမယ့်အပြင် လွှတ်လည်း လွှတ်ပေးမယ်” ကောင်းဖန်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

ရွှေရောင် တမန်တော်သည် မြေပြင်တွင် လဲနေသော သူ၏ ကိုယ်ပိုင်သားရဲကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ သူ၏ဒဏ်ရာများသည် အကုန်မကျက်သေးပေ။ တချို့နေရာများတွင် သွေးထွက်နေတုန်း ရှိသေးသည်။ သူသည် ရွှေရောင်ဖျာ၏ သနားစဖွယ်ပုံစံလေးကို ကြည့်ပြီးလည်း စိတ်မကောင်း ဖြစ်နေမိသည်။ သူသည် ကပ်ဆိုးကြီး စဖြစ်တုန်းက ထူးဆန်းသည့် သားရဲများက တိုက်ခိုက်ကြသောကြောင့် ငရဲပမာ ဖြစ်ခဲ့ရသည့် နေ့ရက်များကို သွားအမှတ်ရမိသည်။ လွန်ခဲ့သော ၅ နှစ်က သူသည် ပြတိုက်မှူးတစ်ယောက် ဖြစ်သည်။

ကံကောင်းစွာပင် ပြတိုက်၏ လုံခြုံရေးစနစ်များကြောင့် သားရဲများ၀င်ရောက် သောင်းကျန်းမှုဒဏ်ကို မခံလိုက်ရပေ။ လေးလံကြီးမားသော သတ္တုတံခါးကြီးကို ပိတ်လိုက်သောကြောင့် ပြတိုက်သည် သူ၏ ကိုယ်ပိုင်ခံတပ်ကြီးလို ဖြစ်နေခဲ့သည်။

သူသည် ထိုပြတိုက်တွင် နေနေရင်း စားစရာ ရှာဖွေနေစဉ် နံရံတွင် ချိတ်ဆွဲထားသော အရာတစ်ခုကို တိုက်ချမိသွားခဲ့သည်။ ထိုအရာသည် ရှေးဟောင်း ရွှေချည်ကော်ဇော ဖြစ်ပြီး သူပြန်ကောက်လိုက်စဉ်မှာပင် သူ့လက်ကို ကော်ဇောက လာလိမ်တော့သည်။

သူသည် သက်မဲ့အရာတစ်ခုက အသက်၀င်လာသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကော်ဇောသည် သူ၏ ရှေ့တွင် ဖြည်းညင်းစွာ လှုပ်ရှားနေပြီး မီးရောင်အောက်တွင် ရွှေရောင် တောက်ပနေသည်။ သူသည် ထိုကော်ဇောက သူ့ကို ကြည့်နေသည့် ပုံစံကို အခုထိ မှတ်မိနေသေးသည်။

“ငါ့ကို ကာကွယ်ပေးဖို့ ရောက်လာတာလား” ဟုကော်ဇောက မေးလိုက်သောအခါ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ထို ကော်ဇော်သည်လည်း အခြားသော အရာများကဲ့သို့ အသက်၀င်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ဘာမှလုပ်တတ်ပုံ မရခဲ့ပေ။ မကြာခင် ပြတိုက်မှ အစားအစာများလည်း ကုန်ခမ်းစပြုလာသည်။ ကော်ဇောသားရဲကလည်း ပြတိုက်ထဲမှ စားစရာ ကော်ဇောများ ကုန်စပြုလာပြီ ဖြစ်သည်။ ပြတိုက်ထဲတွင် အဖိုးတန်သော ဖျာများ ကော်ဇောများ များစွာရှိနေသော်လည်း ရွှေရောင် ကော်ဇောတစ်ခုသာ အသက်၀င်ခဲ့ဟန်တူသည်။

သူသည် သူဘာစားချင်လဲ သိပြီးတာနှင့် ကော်ဇောများ ဖျာများနှင့် အလားတူသော အရာများကို စားသုံးခဲ့သည်။

နောက်တော့ သူသည် ပြတိုက်မှ ထွက်ကာ အနီးအနား စူပါမားကတ်များတွင် စားစရာ သွားရှာရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါ အမွှေးမဲ့ အမဲလိုက်ခွေးများသည် သူ့ကို အနံ့ခံမိသွားကြသည်။ သူသည် ထိုခွေးကြီးများရန်မှ ‌ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးခဲ့ရသည့် နေ့ရက်များကိုလည်း ပြန်သတိရမိနေသည်။

သူသည် ကံကောင်းစွာဖြင့် ပြေးနေရင်း ရွှေရောင်လက်များ အဖွဲ့၀င်များနှင့် တွေ့ဆုံခဲ့ကာ အသက်ချမ်းသာရာ ရခဲ့သည်။ နောက်တော့သူလည်း အဖွဲ့၀င်ခဲ့သည်။ ဒီလိုနှင့်သူသည် တဖြည်းဖြည်း ရာထူးတက်လာကာ ရွှေရောင်လက်များ၏ တမန်တော် ၄ ယောက်တွင် တစ်ယောက် အပါအဝင် ဖြစ်လာခဲ့သည်။ သူသည် သူ့အရည်အချင်းနှင့်သူ ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း ရွှေရောင်ကော်ဇော်၏ အကူအညီကြောင့်လည်း ဒီလောက်ထိ နေရာရလာခဲ့မှန်း သိလေသည်။

သူသည် ဒီလောက်ထိ ကောင်းတူဆိုးဖက် ဖြစ်ခဲ့သော လက်တွဲဖော်နှင့် မခွဲခွာချင်ပေ။ ထိုသားရဲသည် သူ့အောင်မြင်မှု၏ အဓိက အကြောင်းရင်း ဖြစ်သည်။

ကော်ဇောသာ မရှိလျှင် သူသည်လည်း တမန်တော်တစ်ယောက် ဖြစ်လာမည် မဟုတ်ချေ။ နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူမှသာ ထိုရာထူးကို ရနိုင်မည် ဖြစ်သည်။

သို့သော် သူသည် ကောင်းဖန်ကို ငြင်းပြန်လျှင်လည်း သေသွားနိုင်သည်။ သေသွားလျှင် ဘာမှလုပ်လို့ ရနိုင်မည် မဟုတ်ပေ။ သူသည် ဖြတ်သန်းလာခဲ့သော အတွေ့အကြုံအရ မည်သည့်အရာကို ရွေးချယ်သင့်ကြောင်း ကောင်းကောင်း သိလေသည်။

“ကောင်းပါပြီ.. ကျုပ်ကို ကယ်ပေးတဲ့အတွက် ကျုပ်ရဲ့သားရဲကို ပေးပါမယ်.. ပြီးတော့ မင်းတို့ရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာတော့ဘူးဆိုတာကိုလည်း ကတိပေးပါတယ်”

ထိုစကားကို ကြားသောအခါ ‌ကော်ဇောသည် မြေပြင်တွင် လူးလိမ့်ငိုကြွေးတော့သည်။

“ငါ့ကိုယ်ငါ လူယုတ်မာကြီးလို ခံစားနေရတယ်” ကောင်းဖန်က ပြောလိုက်သည်။ ကောင်းဖန်သည် ကော်ဇောတစ်ချပ်ကိုလည်း ထိုင်သနား မနေချင်ပါချေ။

နာရီ၀က်ခန့်ကြာသောအခါ ရွှေရောင်တမန်တော်သည် နှုတ်ဆက်ထွက်ခွာသွားသည်။ သူ့နောက်တွင်တော့ သွေးစာချုပ်ပျက်သွားပြီ ဖြစ်သော ကော်ဇောလေး ကျန်နေခဲ့သည်။ ကောင်းဖန်က သူ့ဆီလျှောက်လာသောအခါ ကော်ဇောသည် သစ်ရွက်လေးတစ်ရွက်လို တုန်ယင်နေသည်။

[သားရဲအမည်] - ရွှေချည်ကော်ဇောသားရဲ

[ပြီးပြည့်စုံအဆင့်သို့ မြှင့်တင်နိုင်မည့် နည်းလမ်းများ] - ၁။ ရွှေရောင်အလင်း ကော်ဇောသားရဲ (အလင်းအမျိုးအစား မြှင့်တင်ခြင်း ၂။ သွေးရောင်လွှမ်း ရွှေကော်ဇောသားရဲ (သွေးအဆင့် မြင့်တင်ခြင်း)

ကော်ဇောသားရဲတွင် အဆင့်မြှင့်တင်ရန် နည်းလမ်း ၂ ခုသာ ရှိသည်။ ထို့အပြင် စွမ်းရည် ကန့်သတ်ချက်တွေလည်း ရှိနေသည်။ သူသည် ကောင်းဖန် အကြိုက်တော့ မဟုတ်ချေ။ ထို့ကြောင့် ဟွမ်းယာကိုသာ ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဟွမ်းယာသည် သူ့အပေါ် အမြဲသစ္စာရှိခဲ့သည်။ လွန်ခဲ့သော ၆ လခန့်က ကောင်းဖန်သည် ‌သူ့ကို တောင်ပိုင်းကောင်းကင်း ရုံးခွဲတစ်ခု၏ ရိတ်သိမ်းဌာန အချုပ်အဖြစ် ခန့်အပ်ခဲ့သေးသည်။

ရိတ်သိမ်းဌာနသည် တောများတောင်များတွင် ရှိသော အပင်အမျိုးအစား အစုံအလင်ကို ရိတ်သိမ်းလေ့လာရာတွင် တာ၀န်ယူရသော အဖွဲ့ ဖြစ်သည်။ ထိုအလုပ်သည် အန္တရာယ်လည်း များသည်။ ထိုဌာနတွင် လုပ်ရသော လေ့ကျင့်သူသည် ခွန်အားလည်း ကြီးရသည်။ အနည်းဆုံး ကွန်မန်ဒါအဆင့်သားရဲ ရှိမှသာ ထိုဌာနတွင်လုပ်ဖို့ အရည်အချင်း ပြည့်မှီသည်။

ထိုဌာနတွင် နေရာအစုံမှ လေ့ကျင့်သူများ စုပြုံနေကြသောကြောင့် ဟွမ်းယာ၏ ရာထူးသည် အနည်းငယ် ခေါင်းကိုက်စရာကောင်းသည်ဟု ဆိုရမည်။ သူ့ကို ဌာနတွင်းရှိ လေ့ကျင့်သူများက ထိုနေရာနှင့် မထိုက်တန်သလို ‌ပြောဆိုမှုများလည်း နောက်ကွယ်မီ ပြန်ကြားရလေ့ရှိတတ်သည်။ သို့သော် သူ၏ သစ္စာရှိမှုနှင့် အထက်မှ ယုံကြည်အားထားခံရသော အရှိန်အ‌ဝါကြောင့် ထိုနေရာတွင် တည်မြဲနေခြင်း ဖြစ်သည်။

ကောင်းဖန်သည် ဟွမ်းယာကိုသာ နတ်ဘုရားအဆင့် သားရဲတစ်ကောင် ပေးလိုက်ပါက ထိုပြဿနာကို ဖြေရှင်းပြီး ဖြစ်မည်ဟု တွေးလိုက်မိသည်။

ထို့နောက် ကောင်းဖန်သည် အနီရောင် တမန်တော်ကို ကြည့်လိုက်သည်။

ကောင်းဖန် ဘာမှ မပြောရသေးခင်မှာပင် အနီရောင်တမန်တော်က ပြောလိုက်သည်။ “ကျုပ်လည်း ကျုပ်ရဲ့အသက်နဲ့ ကိုယ်ပိုင်သားရဲကို လဲချင်တယ်.. ကျုပ် ရွှေရောင်လက်များရဲ့ တချို့လျှို့ဝှက်ချက်တွေကို သိထားတယ်.. ကျုပ်ကို အသက်ရှင်လျက် လွှတ်ပေးမယ်ဆိုရင် အဲဒါကိုပါ ပြောပြပေးမယ်”

ရွှေရောင် တမန်တော်နှင့် မတူသည်က သူသည် ရွှေရောင်လက်များ၏ အဖွဲ့၀င်ဟောင်း ဖြစ်သည်။ ကောင်းဖန်က ရွှေရောင် တမန်တော်ကို မသတ်ဘူးဟု ကတိပေးခဲ့သော်လည်း အစိုးရ စစ်တပ်များ ရန်မှ ကာကွယ်ပေးမည်ဟုတော့ မပြောခဲ့ချေ။

အနီရောင် တမန်တော်သည် စစ်တပ်က ထိုနေရာတစ်ဝိုက်တွင် ဝိုင်းထားပြီး ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် ကောင်းဖန်အနေဖြင့် ဘာမှ ထိခိုက် နစ်နာစရာ မရှိပေ။ သူကတော့ လူဆိုးစာရင်း၀င် ဖြစ်နေသောကြောင့် အပြင်ထွက်သွားတာနှင့် သေဖို့သာ ရှိသည်။

သူသည် အတွေ့အကြုံရင့်နေပြီ ဖြစ်သောကြောင့် မည်သည့် အခြေအနေတွင် မည်သည့်အရာကို လုပ်ရမည်ကို ကောင်းကောင်း သိထားသည်။

၂ မိနစ်ခန့်ကြာပြီးနောက်..

အနီရောင် တမန်တော်၏ မျက်နှာသည် ဥထိုင်ဥ နေရသကဲ့သို့ ရှူံ့တွနီမြန်းနေသည်။ သူသည် သူ့ကိုယ်ပိုင်သားရဲနှင့် သွေးစာချုပ်ဖျက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ပြီးပြီလား” ကောင်းဖန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ပြီးတော့မယ်.. နည်းနည်းအချိန်ထပ်ပေးပါ..”

ဆယ်မိနစ်ကြာသောအခါ အနီရောင်တမန်တော်သည် လက်လျှော့လိုက်သည်။ “ကျုပ်သားရဲက ကျုပ်နဲ့ သွေးစာချုပ် မဖျက်ချင်ဘူး ထင်တယ်”

နဂါးကြီးသည် လှောင်အိမ်ထဲမှနေ၍ သူ၏ လေ့ကျင့်သူကို ဒေါသတကြီး ကြည့်နေသည်။ ငါ့ကို စွန့်လွှတ်ရက်တယ်ပေါ့လေ..

“ငါတို့ သွေးစာချုပ် ဖျက်ကြရအောင်ပါ.. မင်းကို ငါ့ထက်ပိုပြီး ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့သူ ပေါ်လာဦးမှာပါကွ..”

နဂါးသည် ခေါင်းကို ခါရမ်းလိုက်သည်။ တစ်ခါတလေ သားရဲများသည် လူသားများထက်ပင် ခေါင်းမာတတ်ကြသည်။ သူတို့သည် သွေးစာချုပ်ထက်ပင် လေ့ကျင့်သူများနှင့် ပို၍ ခိုင်မာသော ဆက်ဆံရေး ရှိကြသည်။

“ကဲ.. ထားလိုက်ပါတော့.. ကျုပ်ကို သတ်ချင်လည်း သတ်လိုက်တော့” အနီရောင် တမန်တော်သည် ခါးသက်သက် ရယ်ရင်း ပြောလိုက်သည်။ သူသည် မြေနဂါးနှင့် စတွေ့ခဲ့သည့် အချိန်ကို ရုတ်တရတ် သတိရသွားသည်။

သူသည် မငယ်ရွယ်တော့သည့် သူ့အသက် ၅၈ နှစ်အရွယ်တွင် မြေနဂါးနှင့် သွေးစာချူပ် ချုပ်ခဲ့ခြင်းဖြစ်သည်။

အသက်ကြီးသူများသည် သူတို့၏ ကိုယ်ပိုင်သားရဲများကို တော်ရုံ မချစ်တတ်ကြပေ။ သို့သော် မြေနဂါးကတော့ သူ့ဘ၀ရဲက အလင်းရောင် တစ်ခုလို ဖြစ်နေခဲ့သည်။

သူသည် မြေနဂါးနှင့် သွေးစာချုပ်စချုပ်တုန်းက မြေနဂါးက သေးသေးလေး ရှိနေခဲ့သည်ကို အမှတ်ရနေတုန်း ဖြစ်သည်။ အခုတော့ ပေ ၃၀ ရှည်သော နဂါးကြီး ဖြစ်နေပြီပင်။

အင်း.. ငါလည်း တော်တော်လေး အသက်ရှည်ရှည် နေလာခဲ့ပြီးပါပြီလေ..

သူသည် ကောင်းဖန်သတ်တာခံရမှာကို မကြောက်တော့သော်လည်း နောက်ဆုံးအနေဖြင့် အသက်ချမ်းသာရာရအောင် တောင်းပန်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။ “ကျုပ်ကိုယ်ပိုင်သားရဲနဲ့ သွေးစာချုပ်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ.. ကျုပ်ဒီမှာ မသေချင်သေးဘူး.. အသက်ရှင်ချင်သေးတယ်.. ကျုပ်ရွှေရောင်လက်များရဲ့ လျှိူ့ဝှက်ချက်တွေကို ပြောပြပေးပါမယ်.. ဒီဒေသ အပြင်က စခန်းတည်နေရာတွေကိုလည်း ပြောပြပေးမယ်.. ရွှေရောင်လက်များရဲ့ အသက်ရှင်ကျန်တဲ့ အဖွဲ့၀င်တွေကိုလည်း လိုက်ရှာပေးမယ်.. ကျုပ်မင်းပေါ်ကို ကျေးဇူးကြွေးတင်နေခဲ့တာမို့လို့ ကြိုက်သလို အသုံးပြုပါ” အနီရောင် တမန်တော်သည် ကြေကွဲစွာ ပြောလိုက်သည်။

ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားသည်။

All Chapters