← Chapters

အခန်း (၄၀၉-၄၁၂)

Vol. 26 Ch. 409-412

အခန်း (၄၀၉-၄၁၂)

Vol. 26 Ch. 409-412

အခန်း ၄၀၉ ကန္တာရကျောက်တိုင် သားရဲ

“သခင်.. အားကြီးတဲ့ သားရဲတစ်ကောင် ဒီကိုလာနေပါတယ်” အစင်းလေး၏ အသံသည် ကောင်းဖန်နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“သန်မာတယ်.. သေချာလို့လား” ကောင်းဖန်က မေးလိုက်သည်။

အစင်းလေးသည် ဘုရင်အဆင့် သားရဲ ဖြစ်သည်။ သူ့အတွက် နတ်ဘုရားအဆင့် သားရဲများသည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ရသလောက်ပင် ရှိသည်။ ထို့ကြောင့် ကောင်းဖန်သည် ကြက်သီးတစ်ချက် ထသွားသည်။ သူကတောင် ဒီလိုပြောမှတော့ အတော်အားကြီး၍ ဖြစ်သည်။

“သူရောက်လာပြီ” အစင်းလေးက ပြောလိုက်သည်။

ရုတ်တရတ် ကောင်းကင်သည် မည်းမှောင်သွားသည်။

‌အဝေးတွင် သဲများသည် ကောင်းကင်ကို ပိတ်ကာ ပျံတက်နေသည်။ လေထုထဲတွင် တင်းမာသော အငွေ့အသက် တစ်ခုကို ခံစားနေရသည်။ သဲတောင်တစ်ခုပေါ်မှနေ၍ ကောင်းဖန်သည် သူတို့ ရှိရာသို့ အမြန်နှုန်းဖြင့် ဦးတည်လာနေသော မျှော်စင်ကြီးလို မြင့်မားသည့်အရာကြီးကို သဲမုန်တိုင်းကြီးနှင့် တကွ တွေ့လိုက်ရသည်။

သဲမုန်တိုင်းကြီးသည် သူတို့နှင့် နီးသထက် နီးလာသည်။ ထိုအချိန်တွင် ကောင်းဖန်သည် ကန္တာရကြီး အသက်၀င်လာပြီဆိုသည့် ခံစားမှုကို ထူးဆန်းစွာ ခံစားနေရသည်။

သူသည် နီးကပ်လာသော အရာကြီးကို သေချာကြည့်လိုက်သည်။

[သားရဲအမည်] - ကန္တာရကျောက်တိုင်သားရဲ

[သားရဲအဆင့်] - အဆင့် ၅၂ (ဘုရင်အဆင့်)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲအမျိုးအစား] - သဲ

[သားရဲစွမ်းအင်] - သဲစွမ်းအင် အဆင့် ၅

[ထူးခြားလက္ခဏာများ] - ကန္တာရတောင်ပံများ (သူ့တွင် ကန္တာရက ထောက်ပံ့ပေးထားသော တောင်ပံတစ်စုံရှိသောကြောင့် ကန္တာရတစ်ခွင်တွင် လျင်မြန်သော အရှိန်နှုန်းဖြင့် သွားလာနိုင်သည်)

သက်ရောက်မှု ၁ - ကန္တာရကျောက်တိုင်သားရဲသည် သူ၏ ပြန်လည်ကုသနိုင်စွမ်း ရှိနေသော်လည်း မွေးရာပါ နှေးကွေးသော ခန္ဓာကိုယ်ရှိနေသည့်အတွက် သူ၏ ကန္တာရတောင်ပံကို အားကိုးနေရခြင်း ဖြစ်သည်။ သို့သော် ထိုစွမ်းအင်သည် ကန္တာရတွင်သာ အသုံးပြု၍ ရနိုင်သည်။

သက်ရောက်မှု ၂ - သူ့တွင် ကန္တာရတောင်ပံများ ရှိသောကြောင့် သူ၏ သဲစွမ်းအင်သည် ကန္တာရဆန်သောနေရာများတွင် အလိုအလျောက် တဆင့်တိုးသွားသည်

သက်ရောက်မှု ၃- ကန္တာရကျောက်တိုင် သားရဲသည် သူ၏ ကန္တာရတောင်ပံကို သုံးပြီး သဲမုန်တိုင်းကို ဖန်တီးနိုင်သည်။

[သားရဲအားနည်းချက်] - ရေခဲ

[သားရဲ‌ဖော်ပြချက်] - ကန္တာရကျောက်တိုင်သားရဲသည် ကန္တာရ၏ အနက်နဲဆုံး နေရာများတွင် နေထိုင်လေ့ရှိသည်။ သူတို့သည် အရေအတွက် သိပ်မရှိပဲ ကန္တာရမှ ပေါက်ဖွားလာသော မျိုးစိတ်များ ဖြစ်သည်။ မတူညီသော ကန္တာရကျောက်တိုင်သားရဲများ ရှိနေပြီး တစ်ကောင်ချင်းစီတွင် မတူညီသော ကန္တာရစွမ်းအင်များ ရှိကြသည်။ ကန္တာရကျောက်တိုင်သားရဲကတော့ သူ၏ ကန္တာရ တောင်ပံများကြောင့် ကန္တာရထဲတွင် ရှိနေသရွေ့ ပြန်လည်ကုသနိုင်စွမ်းအပြင် အခြားစွမ်းအင်များပါ ရရှိနိုင်သည်။

နောက်ထပ် အဆင့်သားရဲ တစ်ကောက်ပါလား.. ကောင်းဖန်သည် စိတ်ညစ်သွားသည်။ သူသည် ဘုရင်အဆင့်သားရဲကို ၃ ကြိမ်မြောက်တွေ့ရခြင်း ဖြစ်သည်။

သူတွေ့ဖူးသော အခြား ဘုရင်အဆင့်သားရဲများမှာ ယန့်ချန်းမှ သန္တာကျောက်တန်း သားရဲနှင့် တီဗီတွင် တွေ့ဖူးသော အသွင်ပြောင်း ရေနဂါးတို့ ဖြစ်သည်။

အခြားသော ဘုရင်အဆင့်သားရဲများနှင့် မတူညီသည်က သူသည် ယခု ကန္တာရကျောက်တိုင်သားရဲနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း ဖြစ်သည်။

ကောင်းဖန်သည် တည်ငြိမ်စွာပင် ရှိနေသည်။ သူသည် ဆီလီ၏ ပြောင်ချောနေသော မျက်နှာပြင်ကို တစ်ချက်ရိုက်လိုက်သည်။

“သေချာသတိထား.. အဲဒါက ဘုရင်အဆင့်သားရဲပဲ.. ရွှေရောင်လက်များက ဒီနေရာမှာ စခန်းချနိုင်တာ ကန္တာရကျောက်တိုင်သားရဲရဲ့ ကောင်းချီးပေးမှုကြောင့်ပဲ” အနီရောင် တမန်တော်က ပြောလိုက်သည်။

“ကောင်းပြီ” ကောင်းဖန်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ ထို့နောက် ကန္တာရ ကျောက်တိုင် သားရဲကို ပြန်လှည့်ကြည့်လိုက်သည်။

စစ်အခြေစိုက်စခန်းတွင်တော့ လူများသည် ထူးဆန်းသော သားရဲကြီးကို အံ့ဩတကြီး ကြည့်နေကြသည်။ သူတို့သည် ထိုသားရဲ အကြောင်းကို တစ်ခါမှ မကြားဖူးကြသော်လည်း မြင့်မားလွန်းသည့် ပုံစံကြီးကြောင့် အလွန်ပင် ကြောက်နေကြသည်။ “ဒါကြီးကဘာကြီးလဲ.. ဘာလို့ သူ့အကြောင်း မကြားဖူးကြတာလဲ”

“မသိဘူး.. ဒါပေမယ့် လော့တျန်း ဒဏ္ဍာရီကျမ်းစာထဲက ကန္တာရတောင်ပံနဲ့ မတူနေဘူးလား” ငယ်ရွယ်သော ဗိုလ်ချုပ်တစ်ယောက်က မေးလိုက်သည်။ လော့တျန်းကျမ်းစာထဲတွင် အမျိုးစုံသော ဒဏ္ဍာရီလာသားရဲများ ပါ၀င်နေပြီး သူတို့၏ ဖော်ပြချက်များနှင့် တကွ ပါရှိလေသည်။

ထိုအရာရှိငယ်သည် ငယ်ရွယ်စဉ်ကတည်းက ဒဏ္ဍာရီများနှင့် ပတ်သက်ပြီး စိတ်၀င်စားခဲ့သူ ဖြစ်သည်။ သူသည် ကန္တာရကျောက်တိုင် သားရဲကို မြင်သောအခါ ချက်ချင်းပင် စိတ်ထဲရင်းနှီးနေသည်။

သူပြောတာကို ကြားသောအခါမှ အခန်းထဲမှ သူများသည် ကန္တာရ ကျောက်တိုင်သားရဲကို မြင်ဖူးသလို ဖြစ်သွားကြသည်။ ကျင်းရှာဒေသမှ သူများသည် လော့တျန်းဘာသာကို အနည်းနှင့် အများ ကိုးကွယ်ကြသူများ ဖြစ်နေသောကြောင့်ပင်။

“သူက ကန္တာရရဲ့ ဗဟိုချက်ကနေ မွေးဖွားလာပြီး ‌သဲတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း ရှိတယ်.. သူ့ရဲ့တောင်ပံတွေက ကန္တာရတစ်ခုလုံးကို ဖုံးအုပ်သွားအောင် ဖြန့်ကျက်နိုင်တယ်.. သူပျော်နေတဲ့ အချိန်မှာ နေရောင်က ကြည်လင်စွာ တောက်ပနေပြီး စိတ်တိုနေတဲ့ အချိန်ဆိုရင်တော့ ကန္တာရကောင်းကင် တစ်ခုလုံးမည်းနက်သွားတယ်.. သူက ကန္တာရရဲ့ အရှင်သခင်ပဲ” သူသည် ဒဏ္ဍာရီလာ ဖော်ပြချက်များကို သေချာ ဖော်ညွှန်းရှင်းပြနေသည်။

“မှတ်ဉာဏ်ကောင်းသားပဲ ကောင်လေး” ‌တစ်ယောက်က သူ့ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

လူငယ်ကတော့ တစ်ချက်ပြုံးလိုက်သည်။

…

အနီရောင် တမန်တော်သည် ကောင်းဖန်ကို အံ့ဩတကြီး ကြည့်နေသည်။ မင်းရှေ့မှာ ဘုရင်အဆင့် သားရဲ ရှိနေတာလေ.. ဘယ်လိုတောင် ယုံကြည်မှုအပြည့် ဖြစ်နေတာလဲ.. မင်းဒါကိုရော ရင်ဆိုင်နိုင်မယ် ထင်လို့လား..

“အစင်းလေး” ကောင်းဖန်က တစ်ချက်ခေါ်လိုက်သည်။

ထိုအခါ သူ့နောက်တွင် အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာပြီး သဲများသည် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် အမည်းရောင် တောင်ကြီးလို အရာ တစ်ခု ထွက်ပေါ်လာသည်။

အနီရောင် တမန်တော်သည် ထိုအငွေ့အသက်ကို သူ့အနောက်မှ နေ၍ အရိုးထဲစိမ့်အောင် ခံစားနေရသည်။ လေထုသည် ရုတ်တရတ် ပြောင်းလဲသွားပြီး ကျောချမ်းစရာကောင်းလှသည်။

သူသည် မည်သို့ပင် ခံစားနေရသော်လည်း တုပ်တုပ်မှ မလှုပ်ရဲပဲ ထွက်ပေါ်လာသော သားရဲကြီးကိုသာ ဖြူဖျော့နေသော မျက်နှာဖြင့် ကြည့်နေမိသည်။

သူသည် အစင်းလေး၏ အဆင့်ကို သေချာမသိသေးသော်လည်း ဘုရင်အဆင့်သားရဲဟုတော့ သေချာပေါက် ပြောရဲလေသည်။

ငါတကယ် မသိခဲ့တာပဲ.. ဒါကို ဒီကောင်ကြီးက ကောင်းဖန်ရဲ့ ဝှက်ဖဲပေါ့.. အနီရောင် တမန်တော်က တွေးလိုက်သည်။

သူသည် မနာလိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထင်ကြီးခြင်း စသည့်ခံစားချက်များ ရောထွေး ဖြစ်ပေါ်နေသည်။

သူသည် သူ့အခြေအနေကိုလည်း ကောင်းစွာ နားလည်သဘောပေါက်သွားသည်။ သူအသက်ရှင်ဖို့က အရေးကြီးဆုံး ဖြစ်နေသည်။

ဒီကောင်းဖန်ဆိုတဲ့ ကောင်လေးက ငယ်သေးတယ်.. ငယ်ရွယ်တဲ့သူတွေက အများစုတော့ သနားစိတ်ရှိတတ်ကြတယ်.. ငါသာ သူခိုင်းတာတွေ လုပ်ပေးရင် ငါ့အပေါ် ငဲ့ညာလာနိုင်တယ်.. သူ့ရဲ့ လက်အောက်ငယ်သားတောင် ဖြစ်သွားနိုင်တာပဲ.. ဘယ်သူသိနိုင်မှာလဲ.. ပြီးတော့ ငါက သူ့အတွက် အသုံး၀င်တယ်.. ငါ့ကို ချက်ချင်းတော့ တန်းသတ်မှာ မဟုတ်ဘူး။

ကောင်းဖန်သည် အနီရောင် တမန်တော်ကို ကုတ်မှဆွဲပြီး ရက်စက်သော မျက်နှာထားနှင့် မေးလိုက်သည်။ “ရွှေရောက်လက်များရဲ့ လျှို့ဝှက်စခန်းတွေက ဘယ်မှာလဲ”

အနီရောင် တမန်တော်သည် သနားစဖွယ် ရုပ်ရည်ဖြစ်နေသော်လည်း အတွင်းစိတ်တွင်တော့ ကျိတ်ပျော်နေသည်။ “ခဏလောက် စိတ်ရှည်ပါဦး.. ကျုပ်စဉ်းစားပါရစေဦး”

“ဒီကန္တာရကျောက်တိုင် သားရဲကို ဘယ်လို အနိုင်ယူရမလဲ သိတယ်မလား”

အနိုင်ယူမယ်ဟုတ်လား.. အနီရောင် တမန်တော်သည် စိတ်ထဲမှ ကျိတ်လှောင် လိုက်သည်။ မင်းမှာ ဘုရင်အဆင့်သားရဲ တစ်ကောင် ရှိနေပြီးပြီပဲ.. ငါကမင်းကို နောက်တစ်ကောင် ထပ်ပိုင်ဆိုင်ခွင့် ပေးလိုက်ရင် ကမ္ဘာပေါ်မှာ မင်းကို နိုင်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး..

“မပြောတတ်ဘူး.. ဘုရင်အဆင့်သားရဲ ဆိုတာမျိုးက ကျုပ်လည်း မမြင်ဖူးတော့..”

“ခင်ဗျားဘာမှ မဖြေနိုင်ရင် ဘာများ အသုံး၀င်နေချင်သေးတာလဲ” ကောင်းဖန်က ပြောလိုက်သည်။ သူသည် ထိုသူ၏ လည်ပင်းကို လက်မောင်းဖြင့် လိမ်ညှစ်လိုက်သည်။

ထို့နောက် ဂျွတ်ခနဲ အသံနှင့်အတူ အနီရောင် တမန်တော်၏ လည်ပင်ရိုးသည် ကျိုးသွားတော့သည်။ ကောင်းဖန်သည် သူ့ကို သတ်ဖို့ ကြံစည်ခဲ့များမှုအပေါ် အခဲမကျေသေးပါချေ။

ရွှေရောက်လက်များသည် ကပ်ဆိုးကြီး မတိုင်မီကပင် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည်။ ကောင်းဖန်သည် ထိုသူများကို အမှန်ပင် နားမလည်နိုင်ခဲ့ချေ။ အကယ်၍ အနီရောင် တမန်တော်သည် သူ့ကို အညံ့ခံခဲ့လျှင်တောင် အသက်ရှင်ခွင့် ပေးသင့်မပေးသင့် မသေချာပါချေ။

ကောင်းဖန်သည် အနီရောင် တမန်တော်ကို သူ့ကိုယ်ပိုင်သားရဲနှင့် သွေးစာချုပ် ပျက်သွားသည်နှင့် သတ်ပစ်လိုက်ဖို့ ကြံစည်ထားခြင်း ဖြစ်သည်။ ယခုတော့..

“လုပ်လိုက်စမ်း အစင်းလေးရေ” ကောင်းဖန်က မြေနဂါးကို ညွှန်ပြကာ ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၁၀ ပြန်လည် ခုခံခြင်း

အစင်းလေးက မြေနဂါးကို အကောင်လိုက် မျိုချလိုက်သောအခါ မြေနဂါး၏ အော်သံသည် တဖြည်းဖြည်း တိုးသွားသည်။

အမည်းရောင် မီးခိုးများသည် အစင်းလေး၏ နှာခေါင်းပေါက်ထဲမှ ထွက်လာနေသည်။ သူ့အစာက အစားသိပ်မခံချင်သောကြောင့် အစင်းလေးသည် ချောင်းတစ်ချက် နှစ်ချက် ဆိုးလိုက်သည်။ အမည်းရောင် မီးခိုးများသည် အစင်းလေးခေါင်းပေါ်မှ တိမ်မည်းများနှင့် ပေါင်းစည်းသွားသည်။

ကောင်းဖန်သည် အစင်းလေးစားနေတာကို ကြည့်နေရင်း ဆီလီကို အကြောင်းရင်း မရှိပဲ တစ်ချက် ရိုက်လိုက်ပြန်သည်။

သူသည် တစ်ခါတစ်ရံ သူ၏ စွမ်းရည်ကို မုန်းတီးမိသည်။ သူသည် ထိုစွမ်းရည်ကြောင့် တစ်ယောက်ယောက်ကို ကြည့်လိုက်ရုံနှင့် သူဘာခံစားနေရလဲ ဆိုတာကို သိနိုင်သည်။ ထိုစွမ်းရည်သည် သူ့အတွက် ကျိန်စာတစ်ခုလည်း ဖြစ်သလို ကောင်းချီးတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ကောင်းဖန်သည် အခြားသူများနှင့် ဆက်ဆံရာတွင် ထိုစွမ်းရည်ကို သိပ်မသုံးခြင်း ဖြစ်သည်။

“မင်းတို့ ဒီနေရာမှာ ရှိမနေသင့်ဘူး” ကန္တာရ ကျောက်တိုင်သားရဲက အော်ပြောလိုက်သည်။ သူသည် ဒေါသထွက်နေပြီ ဖြစ်သည်။ ထိုလူသားသည် သူ့ကို လျစ်လျူရှုထားရုံသာမက သူ့ကိုယ်ပိုင်သားရဲကိုပင် သူ့ရှေ့တွင် အခြားသားရဲအား စားခိုင်းလိုက်သေးသည်။

“အခုချက်ချင်း ထွက်သွားကြစမ်း” သူသည် ထပ်အော်လိုက်သောအခါ သဲတောင်ပို့တစ်ခု ပေါက်ကွဲသွားပြီး သဲမှုန်များသည် ကောင်းဖန်နှင့် အစင်းလေးဆီသို့ ကျရောက်သွားသည်။

ခြင်္သေ့ဖြူ၏ ကိုယ်သည် တောက်ပနေသည်။ ချက်ချင်းပင် သဲမှုန်များသည် ခြင်္သေ့ဖြူဆီမရောက်ခင် သူ့ကို၀န်းရံထားသေ ရေခဲကွန်ယက်တွင် ခဲသွားကြသည်။

“အဲဒီကောင်ကြီး တော်တော်စကားများတာနော်.. ပါးစပ်ကလည်း နံသေး” ကောင်းဖန်က ရေရွတ်လိုက်သည်။

“အစင်းလေးရေ.. ငါတို့ မပြန်သေးဘူး ဆိုတာ ပြောလိုက်ပါဦး.. ငါတို့တွေ ပင်ပန်းနေလို့ တစ်ညလောက်တော့ နေဦးမယ်လို့” ကောင်းဖန်က အမိန့်ပေးလိုက်သည်။

ကောင်းဖန်စကားကို ကြားသောအခါ ကန္တာရကျောက်တိုင် သားရဲသည် ပို၍ပင် ဒေါသထွက်သွားသည်။ ဒီကောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ.. ဘယ်သူမှ ငါ့ကို ဒီလို အာမခံဖူးဘူး.. ငါ့နယ်ပယ်မှာတော့ ဒီလို အစော်ကားမခံနိုင်ဘူးကွ.. ဒီကောင့်ကို ကောင်းကောင်း ပညာပေးရမယ်”

သူ့ရှေ့တွင် သူ့လောက်နီးပါး ကြီးမားသော အရာကြီးကလည်း ရပ်နေသည်။ ထိုအခါတွင် ကန္တာရကျောက်တိုင်သားရဲသည် ထိုပြိုင်ဘက်မှာ အလွယ်တကူ အနိုင်ယူလို့ ရမည်မဟုတ်ကြောင်း ခံစားမိလိုက်သည်။

ထိုကောင်ကြီးကြောင့်လည်း ကန္တာရကျောက်တိုင်သားရဲသည် ကောင်းဖန်တို့ကို နှင်ထုတ်ချင်ခြင်း ဖြစ်သည်။

သဲသည် အဓိက ငါးပါးထဲတွင် မပါ၀င်သော်လည်း မြေဓာတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူ့ကို တစ်စုံတစ်ယောက်က အာခံပါက သူသည်ချက်ချင်းပင် ချေမှုန်းပစ်လိုက်မည် ဖြစ်သည်။

သို့သော် ဒီလူသားကတော့ ထူးခြားသည်။ ကန္တာရကျောက်တိုင်သားရဲသည် ထိုလူသားနှင့် သူ့ကိုယ်ပိုင်သားရဲကြီးကို စိတ်ထဲထင့်နေမိသည်။

သူသည် အသည်းများပင် ယားလာမိသည်။ “ငါ့ကို အာခံတာလား အသင်လူသား”

“အိုး.. အဲလိုဖြစ်သွားလား” ကောင်းဖန်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

ကန္တာရကျောက်တိုင်သားရဲသည် ထိုအဖြေကို ကြားသောအခါ ပို၍ပင် အကြပ်ရိုက်သွားသည်။ သို့သော် သူသည် ‌ခေါင်းမာပြီး လွယ်လွယ်နှင့် နောက်မဆုတ်တတ်သူ ဖြစ်သည်။ “စကားကို ကြည့်ပြောစမ်း ကောင်လေး.. မင်းတော့ ငါနဲ့တွေ့မယ်” ကန္တာရကျောက်တိုင်သားရဲသည် ဒေါသတကြီး ပြောလိုက်သည်။ သူသည် ကောင်းဖန်ကို တိုက်ခိုက်ရန် သူ့အောက်မှ သဲတောင်ပို့တစ်ခုကို ကန်‌ကျောက်လိုက်သည်။

ရုတ်တရတ် ကောင်းဖန်က အကြံရသွားသည်။ “နေပါဦး.. ခင်ဗျားက ကျုပ်ကို စိတ်၀င်စားနေတာလား”

စိတ်မကောင်းပါဘူး မိတ်ဆွေ.. ကျွန်တော်က အဲလိုဟာတွေ စိတ်မ၀င်စားဘူး.. ကောင်းဖန်က တွေးလိုက်သည်။

“မင်းက ငါ့ကို လာစော်ကားနေလို့ကွ” ကန္တာရကျောက်တိုင် သားရဲက အော်ပြောလိုက်သည်။ သူသည် သူ့ဘ၀တွင် တစ်ခါမှ ဒီလောက် အသည်းယား ဒေါသမထွက်ခဲ့ရဖူးချေ။

သူ၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် လုံး၀သည်းမခံနိုင်တော့ပဲ ကောင်းဖန်ဆီသို့ သဲဆူနာမီကြီးလို တဟုန်ထိုး တိုက်ခိုက်လိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်ကြီးသည် မည်းမှောင်သွားပြီး သဲမုန်တိုင်းကြီးသည် ကန္တာရ ကျောက်တိုင်သားရဲကို ဖုံးအုပ်လိုက်သည်။

ကောင်းဖန်သည် ‌တိတ်တဆိတ်ပင် နောက်ကို ၃ လှမ်းဆုတ်လိုက်သည်။ တာ့ဇီနှင့် ဖလိန်မီတို့လည်း လိုက်ဆုတ်လိုက်ပြီး အစင်းလေးကို ရှေ့ထွက်ခိုင်းလိုက်သည်။

အစင်းလေးသည် ရှေ့ကို ၂ လှမ်းတိုးလိုက်ပြီး သဲမုန်တိုင်းကြီးကို ‌ဖောက်ထွင်းမရသော နံရံကြီးသဖွယ် ကောင်းဖန်တို့ဆီ မရောက်အောင် ကာကွယ်ပေးလိုက်သည်။

“မကြောက်ပါနဲ့.. ကောင်းဖန်၊ တာ့ဇီ ငါမင်းတို့ကို ကာကွယ်ပေးပါ့မယ်”

“မကြောက်ပါဘူး.. ဗျူဟာနည်းကျကျ နောက်ဆုတ်ပေးထားတာ” တာ့ဇီက ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ.. မင်းက သတ္တိအရှိဆုံးဆိုတာ သိပါတယ်ကွာ” ကောင်းဖန်က တာ့ဇီ၏ နောက်ကျောကို ပွတ်ပေးရင်း ပြောလိုက်သည်။

“နင်က တစ်ခုခုဆိုရင် အဲဒီလိုမျိုး ဗျူဟာကျကျ နောက်ဆုတ်တယ်လို့ ပြောလေ့ရှိလို့လေ.. နင့်လိုလိုက်ပြောကြည့်တာ” တာ့ဇီက ထပ်ပြောလိုက်သည်။

“ဟဲ့.. ငါတစ်ခါမှ မပြောဖူးပါဘူး” ကောင်းဖန်က တာ့ဇီခေါင်းကို တစ်ချက်ရိုက်ကာ ပြောလိုက်သည်။

ကောင်းဖန်က တာ့ဇီနှင့် ရန်ဖြစ်နေရင်းမှာပင် အစင်းလေးနှင့် ကန္တာရကျောက်တိုင် သားရဲတို့ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ သူတို့ ၂ ကောင်လုံးတွင် ထူးခြားသည့် စွမ်းအင်များ ကိုယ်စီ ပိုင်ဆိုင်ထားပြီး အဆင့်က သိပ်မကွာလှနေသည် မဟုတ်ပါလား။

သို့သော် သူတို့သည် ကန္တာရအလယ်တွင် ရောက်နေခြင်း ဖြစ်ရာ ကောင်းဖန်သည် အစင်းလေး အရေးနိမ့်မှာကိုတော့ စိုးရိမ်နေမိသည်။ သဲမုန်တိုင်းကြီးအောက်တွင် ကန္တာရ ကျောက်တိုင်သားရဲသည် အစင်းလေးကို အနိုင်ရနိုင်ချေ ရှိနေသည် မဟုတ်ပါလား။

သို့သော် ကံကောင်းသည်က အစင်းလေး၏ ကိုယ်သည် ကျောက်သားလွှာများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုကျောက်လွှာများသည် မြေဓာတ်စွမ်းအင်မှ တစ်ဆင့် သံချပ်ကာကြီးသဖွယ် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သဲများသည် အစင်းလေး၏ မြေသံချပ်ကာကြီးကို ဆူညံစွာ ရိုက်ခတ်နေသည်။ ထိုအသံများသည် သဲတောင်များဆီသို့ပင် ပဲ့တင်ထပ်နေသည်။ အစင်းလေးကတော့ တောင်ကြီးသဖွယ် မလှုပ်မယှက် ဖြစ်နေဆဲပင်။ ကန္တာရ ကျောက်တိုင်သားရဲ၏ သဲမုန်တိုင်း တိုက်ခိုက်မှုသည် ခြစ်ရာလေးပင် မထင်ပါချေ။

သူတို့သည် သဲကန္တာရထဲတွင် ရှိနေသော်လည်း သူတို့အောက်မှ အရာသည် မြေကြီးပင် ဖြစ်သည်။ ကန္တာရ၊ တောင်ကုန်း၊ တောင်တန်း၊ မြေပြန့် စသည့်အရာများအားလုံးသည် မြေဓာတ်၏ အစိတ်အပိုင်းများပင် ဖြစ်သည်။ မဟာပထဝီမြေကြီးသည် ထိုအရာများပေါ်တွင် သက်ရှိများကို ထမ်းပိုးထားရသည် ချည်းပင်။

သဲမုန်တိုင်း တိုက်ခိုက်မှုသည် အစင်းလေးကို ‌အကျိုးသက်ရောက်မှု မရှိသောကြောင့် ကန္တာရ ကျောက်တိုင် သားရဲသည် ဒေါသထွက်လာသည်။ သူသည် ရုတ်တရတ် အစင်းလေးကို ခုန်အုပ်လိုက်ကာ အစင်းလေး၏ ကျောကုန်းကို ထိုးချလိုက်သည်။

သူ၏ လက်သည် ကျဉ်ထွက်သွားသည်။ ထိုးနှက်မှု၏ တုန်ခါသံကြီးသည် ကန္တာရတစ်ခွင် ပျံ့နှံ့သွားသည်။

‌ကန္တာရကျောက်တိုင် သားရဲသည် တစ်ခုခု မှားနေပြီဟု ခံစားမိလိုက်သည်။ ထို့နောက် သူသည် ပျံတက် သွားသလို ခံစားလိုက်ရသည်။ မြေပြင်သည် အဝေးမှ နိမ့်ဆင်းသွားသလိုလည်း ဖြစ်နေသည်။

အစင်းလေး၏ ကြီးမားသော ကျောကုန်းကြီးပေါ်တွင် ကန္တာရကျောက်တိုင်သားရဲသည် နားမလည်နိုင်စွာ ပြူးကြောင်ကြည့်နေသည်။ သူသည် ကန္တာရမြေပြင်က နိမ့်ဆင်းသွားသည်နှင့်အမျှ သူနှင့် ကန္တာရကြားဆက်သွယ်မှုသည်လည်း တဖြည်းဖြည်း အားပျော့လာသလို ခံစားလိုက်ကရသည်။

ဘာတွေလဲ.. ဘာတွေ ဖြစ်နေတာလဲ..

ထိုအချိန်တွင် သဲတောင်များသည် ပေါက်ကွဲသွားကာ ကန္တာရကြီးသည် မိုင်ရာချီထိ လှုပ်ခါသွားသည်။ တောင်ကြီးနှင့် တူသော အစင်းလေးသည် တစ်ချက်လှုပ်ရမ်းလိုက်သောအခါ သူ့ကိုယ်တွင် ၀န်းရံထားသော အဝါရောင် အလင်းတန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ့ဘေးမှ တိုက်ခတ်နေသော သဲများသည်လည်း တဖြည်းဖြည်း အားပျော့လာသည်။

ကန္တာရကျောက်တိုင် သားရဲသည် သဲပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူ့ကိုယ်သည် တဖြည်းဖြည်း ပုံစံပျက်လာပြီး ကန္တာရထဲကို ပြန်လည် ပျော်၀င်နစ်မြုပ်သွားတော့မည့် ပုံဖြစ်နေသည်။

ကောင်းကင်‌တွင်တော့ ဆာလဖာတိမ်တိုက်များသည် အစင်းလေး ခေါင်းပေါ်မှ တဆင့် ပြည့်နှက်လာသည်။ ကြီးများသော ကြယ်တံခွန်များသည် အဆက်မပြတ် ပြုတ်ကျလာနေပြီး ကန္တာရတစ်ခွင်တွင် ချော်ရည်ပူ‌များဖြင့် ပြည့်လာသည်။ ချက်ချင်းပင် ထိုနေရာတစ်ဝိုက်သည် မီးတောင်ဒေသကြီးလို ဖြစ်သွားသည်။

ကောင်းဖန်တို့ကို ကာကွယ်ပေးထားသော အစင်းလေးက ပြောလိုက်သည်။ “ကောင်းဖန်ရေ.. သူမသေသေးဘူးထင်တယ်.. ထွက်ပြေးသွားတာ ထင်တယ်”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ ကန္တာရကျောက်တိုင်သားရဲ၏ တိုက်ခိုက်မှုသည် အစင်းလေး၏ သစ်သီးစားထားသည့် သက်ရောက်မှုကို ပျက်ပြယ်သွားခဲ့ပုံပေါ်သည်။ ထို့ကြောင့် အစင်းလေးသည် ပုံမှန်အရွယ်အစားကို ပြန်ရောက်သွားပြီး စွမ်းအားအပြည့်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းဖန်သည် ထိုသို့ လုံး၀မထင်ခဲ့ပေ။ ယခုတော့ အစင်းလေးနှင့် ကန္တာရကျောက်တိုင် သားရဲတို့၏ တိုက်ခိုက်မှုသည် တစ်ဖက်သတ် ဖြစ်နေခဲ့သည်။

သူတို့ တိုက်ခိုက်မှုတစ်လျှောက်တွင် ကန္တာရကျောက်တိုင်သားရဲသည် အစင်းလေး၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်ဟုသာ လျှော့တွက်ခဲ့သည်။ သို့သော် အစင်းလေးသည် အချိန်ကိုက် တိုက်ကွက်ဆင်ကာ ပျံထွက်သွားအောင် လုပ်ရင်း အနိုင်ယူလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကန္တာရ‌ကျောက်တိုင်သားရဲသည် အစင်းလေးက သူ့ကို လက်စမတုန်းလိုက်ခင် အမြန်ထွက်ပြေးလိုက်ခြင်း ဖြစ်သည်။

ကောင်းဖန်သည် ကန္တာရထဲတွင် အစင်းလေးခေါင်းပေါ်မှ ဆာလဖာတိမ်တိုက်များ ပို၍ ဖြစ်ပေါ်နေသည်ကို သတိထားမိလိုက်သည်။ ကန္တာရမျက်နှာပြင်တွင် အပူချိန်များနေသောကြောင့်လည်း ဖြစ်နိုင်သည်။

“ဟုတ်တယ် ထွက်ပြေးသွားပြီ” ကောင်းဖန်က ပြောလိုက်သည်။ သူသည် ကန္တာရကျောက်တိုင် သားရဲ၏ အလောင်းကို ဘယ်မှာမှ မတွေ့ရချေ။ သို့သော် သူသည် စိတ်တော့မပူပါချေ။ သူ့ကို အချိန်ကြာကြာတော့ ပုန်း‌နိုင်မည် မဟုတ်သောကြောင့်ပင်။

အခြားသော သားရဲများနှင့် မတူသည်က ကန္တာရ ကျောက်တိုင် သားရဲသည် ကန္တာရထဲတွင် သူ့စွမ်းအင်ကို အပြည့်အ၀သုံးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အိမ်ကို စွန့်ခွာသွားစရာအကြောင်းတော့ မရှိပါချေ။

သူ၏ အားနည်းချက်သည် ရေခဲဖြစ်သည်။ သို့သော် ကောင်းဖန်သည် သူ့ကို တိုက်ခိုက်ရန် ခြင်္သေ့ဖြူကိုတော့ မတိုက်ခိုင်းခဲ့ချေ။ ခြင်္သေ့ဖြူလေး ဘုရင့်ရောက်မှသာ ရင်ဆိုင်ခိုင်းမည် ဖြစ်သည်။

“သူတော်တော် ဒဏ်ရာရသွားပုံရတယ်.. ပြန်ကောင်းဖို့ လနည်းနည်းတော့ အချိန်ယူရဦးမှာပဲ.. သူလုံး၀ပြန်ကောင်းသွားရင်တောင် ကံကောင်းတယ်လို့ ဆိုရမယ်.. အဲဒီအချိန်လောက် ဆိုရင်တော့ ငါလည်း သူ့ကို မျက်စိပိတ်လျက်နဲ့တောင် ပိတ်ကန်နိုင်လောက်ပါပြီ” ခြ‌င်္သေ့ဖြူက ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၁၁ အစိမ်းရောင် ကင်းခြေများလေး

ကန္တာရ၏ အဝေးတစ်နေရာမှ သဲတောင်ပို့လေးတစ်ခု အောက်တွင် ကန္တာရ ကျောက်တိုင်သားရဲသည် ‌ခွေခွေလေး ရှိနေသည်။ သူသည် ယခင်က ပေ ၁၆၀ ရှိနေခဲ့ရာမှ ယခု ၁၆ ပေသာရှိတော့သည်။

သူသည် အလွန်အားနည်းသော အခြေအနေတွင် ရှိနေသည်။

သူသည် သူထွက်ပြေးလွတ်မြောက်ခဲ့သော နေရာကို ကြောက်ရွံ့စွာ မျှော်ကြည့်လိုက်သည်။ သူ့ထံမှ မကျေမချမ်း အော်ဟိန်းသံများ ထွက်ပေါ်လာနေသည်။ သူသည် ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်ရင်း သူ့အသံကို ကောင်းဖန်တို့ ကြားသွားမှာလည်း စိုးမိပြန်ကာ အသံကို ရပ်လိုက်သည်။

သူသည် ရယ်စရာလည်းကောင်းသလို လူတစ်ယောက်ကို ကြောက်နေရသည့်အတွက် ဒေါသလည်း ထွက်နေပြန်သည်။ သူသည် သဲတောင်ပို့နှင့် ခေါင်းကို အကြိမ်များစွာ ဆောင့်နေသည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်..

“အရင်ဆုံးသွားကြရအောင်” ကန္တာရ ကျောက်တိုင်သားရဲသည်လည်း သိပ်တော့ ဉာဏ်ကောင်းပုံ မရသောကြောင့် ကောင်းဖန်သည် လူအမြောက်အများ သေထားသော မြို့လေးတွင် တစ်ညတာ မဖြတ်သန်းလိုပါပေ။

တကယ်လည်း ကန္တာရကျောက်တိုင်သားရဲက ဉာဏ်ကောင်းတဲ့ ကောင်မဟုတ်ပါဘူး.. ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးတွေကတောင် သူ့ထက်ပိုတော်ကြသေးတယ်.. ဒီအတောအတွင်း ဒီကောင့်ကို ဖမ်းလို့မိမှ အဖိုးကို ပေးလိုက်တော့မယ်.. နဂါးဖြူကြီး အဲဒီတော့မှ ဒီကောင့်ကို ပညာပေးပလေ့စေ.. ကောင်းဖန်က တိတ်တဆိတ် တွေးလိုက်သည်။

ကျင်းရှာဒေသ မဟာမိတ်အစိုးရ၏ ညစာစားပွဲကို ငြင်းဆန်လိုက်ပြီးနောက် ကောင်းဖန်သည် တစ်ညလုံး ခရီးနှင်ကာ အနောက်ဖက်ကို ဆက်ခဲ့သည်။

အစင်းလေးသည် အလွန်ကြီးလွန်းသောကြောင့် လေယာဉ်နှင့် တင်ခေါ်၍ မရသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် အလွယ်တကူ တင်ခေါ်သွားနိုင်ပေမည်။

သို့သော် တောလမ်းကလည်း ရသတစ်မျိုးကို ပေးစွမ်းလေသည်။ ကပ်ဆိုးကြီး မတိုင်ခင်က တောင်ကြီးကို ဖြတ်ပြီး ဖောက်ထားသောလမ်းကို ကောင်းဖန်က ‌ရွေးခဲ့ခြင်း ဖြစ်သည်။ ထိုလမ်းသည် ကပ်ဆိုးကြီး နောက်ပိုင်းတွင် အသုံးမပြုတော့သည် ဖြစ်ရာ အလွန် အန္တရာယ်များသည်ဟု ဆိုရမည်။

ကြီးမားသော အပင်ကြီးများသည် လမ်းမကို ထိုးဖောက်ပေါက်ရောက်နေပြီး ပြောင်ချောနေခဲ့သောလမ်းသည် ယခုတော့ အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေသည်။

တစ်ခါတစ်ရံ သားရဲငယ်လေးများကို တောထဲတွင် တွေ့နေရသည်။

အစင်းလေးသည် တောလမ်းတစ်လျှောက် ဖြတ်သွားနေပြီး သူ၏ ကြီးမားသော ကိုယ်ကြီးသည် လမ်းတစ်လျှောက် အပင်များကို ဖြတ်တိုက်သွားသည်။ ထိုအခါ အပင်များသည် အပိုင်းပိုင်းကျိုးပဲ့ပြီး အနင်းခံရသည့်အခါ ပြားချပ်ကုန်သည်။

အစင်းလေးသွားရာလမ်းတစ်လျှောက် အရာအားလုံး ပြားကုန်ပြီ ဖြစ်သည်။

အစင်းလေး၏အနောက် မိုင်အနည်းငယ် အကွာတွင် လူအချို့သည် မြေပုံဖြင့် မှတ်တမ်းတင်နေသည်။

“အံ့ဩစရာပဲ.. ကျင်းရှာဒေသနဲ့ အဝါရောင် ကန္တာရဒေသကို လမ်းများဖောက်သွားတော့မှာလား” ‌သုတေသန တိုင်းတာသူ တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ့ဘေးတွင်တော့ အလုပ်ရှုပ်နေသော လက်ထောက်တစ်ယောက် ရှိနေပြီး လက်ထဲတွင် တိုင်းတာရေး ကိရိယာတစ်ခုကို ကိုင်ထားကာ ပြေးလွှားတိုင်းတာနေသည်။

“ကောင်းဖန်.. ‌အနောက်က လူတွေက တောက်လျှောက်လိုက်နေတာ အာရုံနောက်လာပြီ” အစင်းလေးက ရေရွတ်လိုက်သည်။ နောက်ယောင်ခံလိုက်လာသူရှေ့က နေရသည်မှာ သက်သောင့်သက်သာ မရှိလှပါချေ။

“ထားလိုက်ပါ.. သူတို့တကယ် တောက်လျှောက် လိုက်နိုင်ရင် သူတို့ရဲ့ အောင်မြင်မှုပဲပေါ့” ကောင်းဖန်က တစ်ချက်ပြုံးကာ ပြောလိုက်သည်။

ကောင်းဖန်သည် ပရင့်ထုတ်ထားသော အရာတစ်ခုကို ထုတ်ကာ ကြည့်လိုက်သည်။ ထိုအထဲတွင် အချက်အလက်များပါ၀င်ပြီး စာတိုများ၊ ဓာတ်ပုံများ၊ ဘုရားကျောင်းပုံများ ပါရှိသည်။

ဘုရားကျောင်းတစ်ခုသည် အဖြူဆွတ်ဆွတ် ဖြစ်ပြီး အဖြူရောင်တံခါးကို တင်းကြပ်စွာ ပိတ်ထားသည်။ သစ်သားတံခါး မျက်နှာပြင်သည် ပြောင်လက်သန့်ရှင်းနေပြီး တစ်စုံတစ်ယောက်က အမြဲသန့်ရှင်းရေး လူပ်ထားသလို ဖြစ်နေသည်။ ဉယျာဉ်ထဲတွင် သစ်ရွက်ကြွေတစ်ရွက်တောင် မရှိချေ။

မြင့်မားသော အပင်ကြီး ၂ ပင်သည် ဘုရားကျောင်း အပြင်ဘက်တွင် ပေါက်ရောက်နေပြီး ဘုရားကျောင်းထိပ်တွင် ထင်ရှားသည့် ရုပ်တုတစ်ခု ရှိနေသည်။ ထိုရုပ်တုသည် လူမည်းတစ်ယောက်ပုံ ဖြစ်ပြီး လက်ကို ရင်ဘတ်တွင် ယှက်ထားကာ ခေါင်းကို ငုံ့ထားသည်။ ထိုရုပ်တုသည် တစ်ခုလုံးမည်းမှောင်နေကာ မျက်လုံးများလည်း မည်းနက်နေသည်။

ကောင်းဖန်သည် မျက်မှောက်ကြုတ်ကြည့်လိုက်သောအခါ သားရဲ အချက်အလက်များ ထွက်လာသည်။

[သားရဲအမည်] - အကျဉ်းသား၏ ကျောက်ရုပ်တု

[သားရဲအဆင့်] - အဆင့် ၄၀ (ကွန်မန်ဒါအဆင့်)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲ အမျိုးအစား] - အမှောင်

[သားရဲအားနည်းချက်] - အလင်းဖြာခြင်း

[သားရဲစွမ်းအင်] - အရှိန်အဆင့် ၁၊ မာကျောကျောက်သား အဆင့် ၁

[သားရဲဖော်ပြချက်] - ထိုကျောက်ရုပ်တုသည် ကပ်ဆိုးကြီးအပြီး အသက်၀င်လာခြင်း ဖြစ်သည်။ သူသည် ယခင်က သမ္မာကျမ်းစာများ ရွတ်ဖတ်သည့် အသံများကို နားထောင်ရတာ သဘောကျပြီး ဘုရားကျောင်းကို ပုတ်ခတ်ပြောဆိုသူများအား မုန်းတီးလေ့ရှိသည်။

ထိုဘုရားကျောင်းကို တစ်ချိန်က မြင့်မြတ်သော အလင်း ဘာသာမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုဘာသာသည် အဖြူရောင်ကို နှစ်လိုသောကြောင့် အဆောက်အအုံများသည် နံရံ၊ အမိုး၊ ပြတင်းပေါက်များအထိ ဖြူဖွေးနေခြင်း ဖြစ်သည်။

သို့သော် အပေါ်မှ ရုပ်တုကတော့ မည်းတူးနေသည်။ အသွင်မပြောင်းခင်က ဘုရားကျောင်းထဲမှာ အမည်းရောင် ပစ္စည်းတွေက အစတည်းက ရှိနေခဲ့တာလား.. ကောင်းဖန်သည် တွေးမရ ဖြစ်နေသည်။

“ရတနာတွေ ရတနာတွေ” ရတနာအနံ့ခံကြွက်သည် ခြေ ၂ ချောင်းဖြင့် ရပ်လျက် ရှေ့ခြေ ၂ ချောင်းက ရင်ဘတ်ရှေ့တွင် ယှက်ကာ ‌မျက်လုံးပြူးကြီးများဖြင့် ဘေးမှ သစ်တောကို ကြည့်နေသည်။

ကောင်းဖန်သည် လက်ထဲမှ အချက်အလက်များကို ချကာ ပြောလိုက်သည်။ “မင်းကို တကယ် ဆွဲဆောင်နေတဲ့ ရတနာတွေ ရှိနေတာ သေချာလို့လား”

ထိုကြွက်ကို တန်ဖိုးမရှိသည့် ရတနာများအပေါ် အချိန်မကုန်မိစေရန် ကောင်းဖန်က သေချာမေးလိုက်သည်။ တကယ်ကောင်းသည့် ရတနာမဟုတ်သည့် အရာများအတွက် အနှောင့်အယှက် ဖြစ်မခံတော့ခြင်း ဖြစ်သည်။

“တကယ်ပါ.. မယုံရင် ကြည့်ကြည့်လိုက်” ကြွက်သည် ရင်ဘတ်ပေါ်တင်ထားသော လက်ကို ဖယ်လိုက်သည်။ ထိုအခါ နှလုံးပုံစံရှိသောအရာလေးသည် ပေါက်ထွက်တော့မတက် ခုန်ပေါက်နေသည်။

“အခုတော့ ‌မူးလဲတော့မယ်” သူသည် စကားဆုံးသည်နှင့် အစင်းလေးကျောပေါ် လဲကျသွားတော့သည်။ သူ၏ မျက်လုံးသည် အစင်းကြောင်း ၂ ကြောင်းသာ ရှိတော့သည်။

“.. ဟုတ်ပါပြီ.. ဒါဆိုလည်း သွားကြည့်ကြပါဦး.. အခုတော့ မင်းနှလုံးကို မင်းပြန်ဖိထားဦး.. “ ကောင်းဖန်က ပြောလိုက်သည်။

အနောက်ဘက်ကို တည့်တည့်သွားနေသော အစင်းလေးသည် မြောက်ဘက်ကို ရုတ်တရတ် လှည့်လိုက်သည်။

အနောက်ကလိုက်လာသော သူများသည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ “ဘာလို့ ရှောင်သွားတာလဲ.. အတွင်းရေးမှူးက သူတို့မှာ ဘုရင်အဆင့်သားရဲ ရှိတယ်လို့ ပြောတယ်မလား”

“ခေါင်းဆောင်.. သူတို့က ကျွန်တော်တို့ လိုက်လာတာ သိသွားလို့ ခွင်ဆင်တာ မဖြစ်နိုင်ဘူးလား..” စစ်တမ်းကောက်သူသည် ကောင်းကို ဇဝေဇဝါ ယမ်းခါလိုက်ပြီး တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

“ဘယ်လို ရတနာလဲ.. ငါ့အိမ်မှာရှိတဲ့ဟာမျိုးလား” ကောင်းဖန်က အံ့ဩတကြီး မေးလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ငါတို့မိသားစုက ပိုင်တာ” တာ့ဇီကလည်း အဆက်မပြတ် ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“ဒါကြောင့် ရင်းနှသလို ဖြစ်နေတာကိုး.. တကယ် ငါတို့ အိမ်ကဟာလိုပဲ” ဂိုဒီကလည်း ၀င်ပြောလိုက်သည်။

“…”

“ငါတို့ပိုင်တဲ့ဟာဆိုတော့ ပြန်ယူရတာပေါ့” ဂိုဒီက ခေါင်းကို ညိတ်ရင်းပြောလိုက်သည်။

သူသည် ပြောပြီးနောက် ရှေ့ကို တက်သွားသည်။ အပြာရောင် တက်တူး ၂ ခုသည် သူ၏ပါးကြီး ၂ ဖက်တွင် ဖြန့်ကျက်နေသည်။ သူသည် သူ၏ ဦးပြည်ပြောင်ပြောင်ကို ညင်သာစွာ ပွတ်လိုက်ပြီး လွယ်ထားသော ချိန်းကြိုးကိုလည်း ပွတ်ကိုင်လိုက်သည်။

ထို့နောက် သူ၏ ကြီးမားသော လက်ကြီးဖြင့် ပုဆိန်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ပုဆိန် ၂ ဖက်ဖြင့် ရှေ့ကို တိုးသွားသည်။

သူ့ရှေ့တွင် ကျောက်တုံးကြီး တစ်ခု‌ရှိနေပြ ကျောက်တုံးပေါ်တွင် အနီရောင်မှိုလေးများ ပေါက်ရောက်နေသည်။ မှိုပွင့်ပေါ်တွင်တော့ မကောင်းဆိုးဝါးတစ်ကောင် ပြုံးနေသလို အမှတ်အသားများ ရှိနေသည်။

ကျောက်တုံးဘေးတွင်တော့ အမည်းရောင် အခေါင်းပေါက်ကြီး ရှိနေပြီး အစိမ်းရောင် ကင်းခြေများတစ်ကောင် ထွက်လာသည်။ ကင်းခြေများ၏ ကိုယ်ပေါ်တွင် အဖြူရောင် ‌အမွှေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ လက်သည်းများက နီရဲနေကာ အဆိပ်ရှိသည့်ပုံ ပေါ်နေသည်။

ဂိုဒီရှေ့တိုးလာသည်ကို တွေ့သောအခါ ကင်းခြေများသည် ထိတ်လန့်သွားကာ အပေါက်ထဲသို့ ပြေး၀င်သွားပြီး အော်ဟစ်လိုက်သည်။ ထို့နောက် အခြား ကင်းခြေများ များလည်း ထွက်ပေါ်လာကာ စုဝေးလိုက်ကြသည်။

ဂိုဒီသည် တစ်ချက် နှာခေါင်းရှူံ့လိုက်ပြီး သူ၏ နတ်ဘုရားအဆင့် စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

ထိုအခါ အစိမ်းရောင် ကင်းခြေများများသည် သွေးပျက်သွားကြကာ ကျဲပြန့် ထွက်ပြေးသွားကြပြီး ချက်ချင်းပင် အစအန ပျောက်သွားကြသည်။ ထိုအခါမှ သူတို့စောင့်ကြပ် ကာကွယ်ထားသော ရတနာက ထွက်ပေါ်လာသည်။

ဂိုဒီသည် ကျောက်တုံးကို မှိုများနှင့်အတူ ဆွဲမလိုက်သည်။ ဂိုဒီထွက်သွားသော အခါမှ အစိမ်းရောင် ကင်းခြေများလေးများသည် ပြန်ရောက်လာကြကာ ကျောက်တုံးကြီး ရှိနေခဲ့သော နေရာနောက်သို့ ပြေး၀င်သွားကြသည်။

ထို့နောက် ကောင်းဖန်တို့ ထွက်သွားပြီး အတော်ကြာမှ အနောက်ကလိုက်လာသော အုပ်စုသည် ထိုနေရာသို့ ခိုးကြောင်ခိုးဝှက် ရောက်လာကြသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၁၂ အမှောင်လောင်ကျွမ်းခြင်း

ထိုသူများသည် ကူကယ်ရာမဲ့နေသော ကင်းခြေများများ ဥဒဟိုသွားနေသည်ကို မြင်နေရသည်။ ထိုသူများနှင့် အနီးဆုံးတွင် ရှိနေသော အစိမ်းရောင် ကင်းခြေများလေးသည် ခေါင်းပေါ်မှ အပြာရောင် ဦးမှင်ကို ယမ်းခါလျက် ပုံမှန်မဟုတ်သော အရာတစ်ခုကို အာရုံခံမိလိုက်ပုံပေါ်သည်။ ထို့နောက် သူသည် လှည့်ကြည့်လိုက်သောအခါ စစ်တမ်းကောက်သူ အုပ်စုကို တွေ့လိုက်ရသည်။

ကင်းခြေများများသည် စိတ်တိုနေကြပြီး ထွက်ပြေးစရာလမ်းလည်း မရှိတော့ပေ။ ထို့နောက် သူတို့သည် အချင်းချင်း နားလည်စွာကြည့်လိုက်ကြသည်။ သူတို့သည် ချက်ချင်းပင် ထိုသူများပေါ်သို့ ပြေးတက်လိုက်ကြသည်။

“ကောင်းဖန် ဒီရတနာက ဘာလဲ” ကျောက်တုံးကြီး ဘေးတွင် တာ့ဇီသည် သူ၏ ဘယ်ဘက်ကို တစ်ခါလှည့် ညာဘက်ကို တစ်ခါလှည့်ပြီး ထိကိုင်ကြည့်ဖို့ ကြိုးစားလိုက်သည်။ ထို့နောက် မဝံ့မရဲလည်း ဖြစ်နေပြန်သည်။

[ပစ္စည်းအမည်] - မီးတောက် မျက်နှာ မှို

[သက်ရောက်မှု] - မီးကို အခြေခံထားသော အာဟာရများ ပါ၀င်သည်။ ပူပြင်းပြီး စိုစွတ်သော ဒေသများတွင် အလွန်လျင်မြန်စွာ ကြီးထွားပေါက်ရောက်နိုင်သည်။ မီးအဆိပ်ပါ၀င်သည်။

“ဒီပစ္စည်းကို ဖလိန်မီကို အဆင့်မြှင်ရင် သုံးလို့ ရနိုင်တယ်” ကောင်းဖန်က ပြုံးလိုက်သည်။ ယခုအဖြစ်သည် တကယ်ပင် တိုက်ဆိုင်မှု ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများသည် ဖလိန်မီကို အဆင့်မြှင့်ရန် အချိန်ကြာမြင့်စွာ ရှာဖွေပါသော်လည်း ဘာမှ မတွေ့ခဲ့ချေ။ ယခုတော့ ဒီနေရာတွင် အမျိုးအစား တစ်ခုကို လာတွေ့သည်။

ကျန်သော ခရီးစဉ်တစ်လျှောက်တွင် ကြွက်၏ ရင်ကို လာထိသော ရတနာတိုင်းအား ကောင်းဖန်သည် ပြန်လှည့်ကြည့်ကာ ယူတော့သည်။ ထိုနည်းလမ်းဖြင့် လိုအပ်သော ပစ္စည်းအတော်များများကို ရှာတွေ့ခဲ့သည်။

၅ ရက်လုံးလုံးတွင် သူသည် မည်သူနှင့်မျှ ထိပ်တိုက် ရင်မဆိုင်ရပဲ အဝါရောင် ကန္တာရ ဒေသအနီးရှိ ဘုရားကျောင်းသို့ ရောက်လာခဲ့သည်။ ကျင်းရှာဒေသနှင့် ယှဉ်လျှင် အဝါရောင်ဒေသက ပို၍ ကန္တာရ ထူပေါသည်။

ရွှေဝါရောင် သဲကန္တာရကြီးသည် အဓိက ဒေသ ၂ ခုကို ဖြန့်ကျက်ကာ တည်ရှိနေသည်။ မြေပုံပေါ်တွင် ထိုကန္တာရကြီးသည် အပေါက်ပေါင်းများစွာဖြင့် ဘဲဥပုံတည်ရှိနေသည်။ သူ၏ အမြီးပိုင်းတွင် ကျင်းရှာဒေသ တည်ရှိပြီး ခေါင်းပိုင်းတွင် အဝါရောင် ကန္တာရ ဒေသ တည်ရှိသည်။

ဘုရားကျောင်း၏ တည်နေရာသည် ကန္တာရနှင့် ဝေးကွာသည်။ တစ်ခုက အဝါရောင် ကန္တာရ၏ မြောက်ပိုင်းတွင် ရှိပြီး နောက်တစ်ခုက တောင်ပိုင်းတွင် ရှိသည်။

ဘုရားကျောင်းအနီးတွင် လူအနည်းငယ် နေထိုင်သည်။ ဘုရားကျောင်းသည် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် သားရဲလေ့ကျင့်သူများသည် ထိုနားတစ်ဝိုက်တွင် ကျက်စားနေကြသည်။ သို့သော် တစ်ခါတရံ သားရဲလေ့ကျင့်သူများ ပျောက်ခြင်းမလှ ပျောက်သွားတတ်ကြသောကြောင့် လူများသည် ထိုအနီးကိုတော့ သွားခဲလှသည်။

ဘု‌ရားကျောင်း အပြင်ဘက်တွင် အလွန်တိတ်ဆိတ်လှသည်။ အဖြူရောင် ခြံစည်းရိုးသည် အချိန်ကြာမြင့် နေပြီ ဖြစ်သောကြောင့် အဝါရောင်များ ညစ်စွန်းနေသည်။ မြင့်မားသော အပင်ကြီး ၂ ပင်က ခြံစည်းရိုး အပြင်ဘက်တွင် ရှိနေသည်။ အပင်ကြီးများ၏ အမြင့်သည် အလွန်ပင် သပ်ရပ် တိကျလှသည်။ တစ်ပုံစံတည်းထုဆစ် ထားသလိုပင် ထင်ရသည်။ အကိုင်းများ အရွက်များကအစ တစ်ပုံစံတည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် တစ်ပုံစံတည်း တူညီသော ပန်းပင် အမျိုးအစားရယ်ဟု မရှိဘူး ဆိုသော်လည်း ကောင်းဖန်ကတော့ တစ်ပုံစံတည်းတူသော အပင်များကို မြင်ဖူးခဲ့သည်။ ထို့ကြောငိ့ ထိုအပင်များသည် သဘာ၀အတိုင်း ပေါက်ဖွားခြင်း မဖြစ်နိုင်ပေ။ ကောင်းဖန်က အာရုံစိုက်ကြည့်လိုက်သည်။

[သားရဲအမည်] - အဖြူရောင် အပင် သားရဲ

[သားရဲအဆင့်] - အဆင့် ၃၅

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲစွမ်းအင်] - တုတ်ခိုင်သော ပင်စည် အဆင့် ၁

[အထူးဝိသေသ လက္ခဏာများ] - အစုလိုက်ပေါင်းစည်းခြင်း (အပင်ကြီးသားရဲ ၁၀ ကောင်ပေါင်းစည်း နိုင်ပါက ကြီးမားသော စွမ်းအင် ထွက်ပေါ်နိုင်သည်)

[သက်ရောက်မှု ၁] - တုတ်ခိုင်သန်မှုသည် အသက်ရှင် ကျန်ရစ်သူပေါ် မူတည်၍ သက်ရောက်မှုရှိသည်။

[သက်ရောက်မှု ၂] - ပြန်လည်ကုသနိုင်မှု စွမ်းအင်သည်လည်း အသက်ရှင် ကျန်ရစ်သူပေါ် မူတည်၍ သက်ရောက်မှုရှိသည်။

[သားရဲအားနည်းချက်] - ၁။ မီး ၂။ မိုးကြိုး

[သားရဲဖော်ပြချက်] - အပင်ကြသားရဲသည် အမည်မသိစွမ်းအားတစ်ခုကြောင့် အသွင်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ အချင်းချင်း ဝိဉာဉ်ချိတ်ဆက်မှု ရှိကြကာ နာကျင်မှုကို ကြောက်ရွံ့ခြင်း မရှိပေ။

ဘယ်ဘက်တွင် ၁၀ ပင်ရှိပြီး ညာဘက်တွင် ၁၀ ပင် ရှိသောကြောင့် စုစုပေါင်း အပင် ၂၀ ဖြစ်သည်။

ကောင်းဖန်သည် ကျောက်ရုပ်တုရှိရာ ဘုရားကျောင်းထိပ်ပိုင်းကို ကြည့်လိုက်သည်။ ကျောက်ရုပ်တုသည် အမည်းရောင် တောက်ပနေက။ ခေါင်းကို ငုံ့လျက် ကောင်းဖန်ကို စိုက်ကြည့်နေသလိုပင်။

[သားရဲအမည်] - အကျဉ်းသား ကျောက်ရုပ်တု

[သားရဲအဆင့်] - အဆင့် ၄၁ (နတ်ဘုရားအဆင့်)

[သားရဲစွမ်းရည်] - သာမာန်

ကောင်းဖန်သည် ခြေလှမ်းကို ရပ်လိုက်သည်။ ဓာတ်ပုံထဲတွင် ကျောက်ရုပ်တုသည် အဆင့် ၄၀ သာ ရှိ‌သေးသော်လည်း အခုတော့ ကွန်မန်ဒါအဆင့်မှ နတ်ဘုရားအဆင့်သို့ပင် တက်နေပြီ ဖြစ်သည်။ ထိုဓာတ်ပုံသည် လွန်ခဲ့သော ၃ လက ရိုက်ထားခြင်း ဖြစ်ရာ သားရဲတစ်ကောင်အတွက် ၃ လအတွင်း ထိုသို့ အဆင့်မြှင့်တင်နိုင်ခြင်းသည် အဆန်းတော့ မဟုတ်ပေ။

ထိုနေရာသည် အဓိက ဂိတ်ပေါက်ပင် ရှိသေးသည်။ အထဲတွင်ကျယ်၀န်းသော ခြံ၀န်းရှိသည်။

ဂိတ်စောင့်ကပဲ နတ်ဘုရားအဆင့်များလား..

ကောင်းဖန်သည် မသိစိတ်ထဲတွင် အနည်းငယ်တော့ စိုးထိတ်မိသည်။ ထိုဘုရားကျောင်းသည် အနည်းငယ် ကြောက်စရာကောင်းနေသည်။ သို့သော် ကောင်းဖန်သည် အထဲတွင် ယူစရာ ရှိသည်များကို ယူရဦးမည်ပင်။

“အဖြူရောင်သားရဲ.. ကျောက်ရုပ်တုကို သတ်လိုက်.. ဖလိန်မီ.. မင်းကိုတော့ အပင်သားရဲတွေကို အပ်လိုက်မယ်”

အဖြူရောင်သားရဲသည် ‌အရှေ့ကို တိုးလိုက်ကာ ကိုယ်ကို ကိုင်းလိုက်ပြီး ကျောဘက်မှ တောင်ပံများကို အနည်းငယ် ဖွင့်လိုက်သည်။

ထို့နောက် အသက်ကို ၀၀ရှူကာ မျက်လုံးကို မှေးစင်းလျက် ကိုယ်ဘေးတစ်ဝိုက်မှ လေများကို တောင်ပံများကြား တိတ်တဆိတ် စုဆောင်းလိုက်သည်။ ထိုအခါ မြေကြီးမှ မြက်ပင်များသည်ပင် ကြွတက်လာသည်။

ထို့နောက် မမြင်ရသောလေသည် ပေ ၃၀ အတွင်းရှိ မြက်များအားလုံးကို ဖြတ်တိုက်သွားပြီး မြက်များသည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကုန်သည်။ ထို့နောက် လေထုထဲတွင် ပေါက်ကွဲထွက်ကာ ရပ်တန့်သွားသည်။

အမဲရောင် အရိပ်တစ်ခုသည် ဘုရားကျောင်း ခေါင်မိုးပေါ်မှ တဆင့် မြက်ပင်များပေါ်သို့ ကျရောက်လာသည်။ ကျောက်ရုပ်တုသည် တစ်ချက် လှုပ်ရှားလိုက်ပြီး သူ၏ ပြင်းထန် လေးလံသော ဘယ်ဝိုက်လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သို့သော် လေကိုသာ ထိုးမိသွားခဲ့သည်။

ထို့နောက် ကျောက်ရုပ်တုသည် ၀မ်းဗိုက်ပိုင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး နောက်ပြန်လဲကျသွားကာ ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသည်။ အဖြူရောင်သားရဲသည် ‌သူ့ခေါင်းပေါ်မှ ခပ်မြင့်မြင့် ပျံသန်းနေသည်။

ကျောက်ရုပ်တု၏ ၀မ်းဗိုက်ပိုင်းမှ ခြစ်ရာကြီး ၂ ခုသည် အလွန်နစ်ဝင်နေပြီး အမည်းရောင် ဒဏ်ရာကြီး ဖြစ်နေသည်။

ကျောက်ရုပ်တုသည် ပြန်ထမည်ကြံသော်လည်း ကြိုးစားနေရင်းဖြင့်ပင် ထပ်အတိုက်ခိုက်ခံလိုက်ရသောကြောင့် မြေပြင်ပေါ်တွင် တစ်ပတ်ပြီး တစ်ပတ်လိမ့်နေသည်။

စွမ်းအားကြီးသော လေဓားသွားသည် ရှည်လျားသော ဆိုင်ယနိုက် အခုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ အဖြူရောင်သားရဲ၏ လက်မောင်းမှ ဖြန့်ကျက်ထွက်ပေါ်လာပြ ကျောက်ရုပ်တု၏ ကျောကုန်းကို တိုက်ခိုက်လိုက်သည်။

ကျောက်တုံးအပိုင်းအစများသည် ကျောက်ရုပ်တု၏ ကျောဘက်မှ ပဲ့ထွက်နေကြသည်။ သူသည် နာကျင်နေသော်လည်း ထိုသို့ ဖြစ်နေသည့် ကြားထဲမှပင် သန်မာလှကာ အရင်ကထက်ပင် စွမ်းအင်ပိုပြည့်နေသလို ဖြစ်နေသည်။

ထူထဲသော အမည်းရောင် အလင်းတန်းကြီးသည် သူ့ခြေထောက်အောက်မှ ထွက်ပေါ်လာသည်။ မြေကြီးသည် မှင်ရည်ကဲ့သို့ မည်းမှောင်ပြီး သိမ့်သိမ့်တုန်နေသည်။ “အားလုံးကို အမှောင်ငရဲထဲ ပို့ပစ်မယ်”

သူ၏ လက်ဝါးသည် မြေကြီးနှင့် ထိသွားသောအခါ ထူထဲသော အမည်းရောင် လက်တံကြီးက အရိပ်ထဲမှ ထွက်ပေါ်လာသည်။

အဖြူရောင်သားရဲသည် ခြေထောက်အောက်မှ အန္တရာယ်ကို အာရုံခံမိသောကြောင့် ချက်ချင်းပင် လေထဲ ပျံတက်လိုက်သည်။ ထို့ကြောင့် တိုက်ခိုက်မှုများသည် မည်မျှပင် တိကျပါစေ သူသည် လျင်မြန်စွာ ရှောင်နိုင်သည်ချည်း ဖြစ်သည်။

သို့သော် တိုက်ခိုက်မှုသည် အစပဲ ရှိသေးသည်။ စွမ်းအင်ကြီးမားသော အမည်းရောင် အလင်းတန်းကြီးသည် သူ၏ ခေါင်းမှ ခြေထောက်အထိ ဖြန့်ကျက်နေကာ အမည်းရောင် စွမ်းအင်သည် ထိုနေရာတစ်ဝိုက် ပြည့်နှက်နေသည်။

ဖလိန်မီလက်ချက်ဖြင့် လောင်ကျွမ်းနေသော သစ်ပင်များသည်ပင် အမည်းရောင် အလင်းတန်းများဖြင့် ဖုံးအုပ်သွားသည်။

တစ်ပင်လုံး လောင်ကျွမ်းနေသာ အပင်သားရဲ ၂ ကောင်သည် ချက်ချင်းငြိမ်ကျသွားသည်။ မီးကလည်း တဖြည်းဖြည်း ငြိမ်းသွားသည်။ မီးတောက်ကြောင့် လောင်ကျွမ်းနေသော နေရာများသည် ကွာကျလာကာ ပင်စည် အညိုရောင် ပြန်ပေါ်လာသည်။ ပင်စည်သည် သန်မာသော ကြွက်သားကြီးများကို တုတ်ခိုင်အားကောင်းလှသည်။

ထိုပင်စည်များသည် တဖြည်းဖြည်း နက်မှောင် တောက်ပလာသည်။ ထို့နောက် အမည်းရောင် မီးတောက်သည် ပင်စည် ထိပ်တွင် တောက်လောင်လာသည်။

အရွက်များသည် ခြောက်သွေ့နေပြီး သစ်ကိုင်းများက ချွန်ထက်လာကာ အမြစ်များသည် ဆွဲနှုတ်ခံထားရသလို ဖြစ်နေသည်။

[သားရဲအမည်] - အဖြူရောင် အပင်ကြီးသားရဲ (အမှောင်လောင်ကျွမ်းမှု)

[သားရဲအဆင့်] - အဆင့် ၃၅ + ၁

[သားရဲအားနည်းချက်] - ၁။ မီး (ခံနိုင်ရည်အားကောင်း) ၂။ မိုးကြိုး

ကောင်းဖန်သည် အပင်သားရဲကို မယုံနိုင်စွာ ကြည့်လိုက်သည်။ အပင်များသည် အခြေအနေ ပြောင်းလဲသွားရုံသာမက အဆင့်လည်း တစ်ဆင့် ယာယီ တက်သွားသည်။

ဖလိန်မီသည် ထိုအပင်သားရဲများကို မီးရှို့ရန် မီးနဂါးကိုပင် ထုတ်သုံးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဒီတစ်ကြိမ်တွင် ထိုအပင်သားရဲများကို တိုက်ခိုက်ပါက ယခင်ကထက်ပင် အားပျော့တော့မည် ဖြစ်သည်။ အမှောင်လောင်ကျွမ်းမှု ဖြစ်ထားသောကြောင့် အပင်များကလည်း ခံနိုင်ရည် ပိုကောင်းနေသည်။

“နောက်ဆုတ်လိုက် ဖလိန်မီ.. တာ့ဇီကို ဆက်တိုက်ခိုင်းလိုက်” ကောင်းဖန်က မသိမသာ ရယ်ကာ ပြောလိုက်သည်။

All Chapters