← Chapters

အခန်း (၄၂၁-၄၂၄)

Vol. 27 Ch. 421-424

အခန်း (၄၂၁-၄၂၄)

Vol. 27 Ch. 421-424

အခန်း ၄၂၁ သူမ

“ကောင်းဖန်.. အထဲမှာ ကောင်းတာ တစ်ခုခု ရှိနေတယ်” ခြင်္သေ့ဖြူက သွားရည် တမြားမြားနှင့် အထဲကို ပေါ်တင်ပင် ကြည့်၍ ပြောလိုက်သည်။

ကောင်းဖန်က ခြင်္သေ့ဖြူ၏ ခေါင်းကို ပွတ်ပေးလိုက်လျက် “စိတ်အေးအေးထားပါဦး” ဟု ပြောလိုက်သည်။

ခြင်္သေ့ဖြူလေးက သူ့ရှေ့တွင် ဘာစောင့်နေသည်ကို မသိသော်လည်း ကောင်းဖန်ကတော့ သိနေသည်။ ထိုအရာသည် ဘုရင်အဆင့် သားရဲ ဖြစ်သည်။

စိတ်ညစ်ပါတယ်.. ဒန်ဘီနဲ့ အစင်းလေးတို့ကလည်း ငါနဲ့ ရှိမနေဘူး..

သူခေါ်လာသည့်ထဲတွင် ခွန်အားအကြီးဆုံးကပင် အဆင့် ၅၀ ရှိသော အဖြူရောင်ဓားသွား သားရဲ ဖြစ်သည်။ သူသည် မည်မျှပင် တိုက်ပွဲကောင်းကောင်း ၀င်နိုင်သူဖြစ်ပါစေ သူသည် ဘုရင် အဆင့်ရောက်ဖို့ တစ်ဆင့် လိုသေးသည့်အတွက် နတ်ဘုရားအဆင့်သာ ရှိနေသေးသည်ပင်။

အဆိုးဆုံးက ထိုနေရာသည် မြောက်၀င်ရိုးစွန်း ဖြစ်သည်။ ရေခဲသားရဲ၏ နယ်မြေဖြစ်နေသည်။

“ဒီနေရာကနေ ထွက်သွားပါ လူသား” ရေခဲသားရဲက ထပ်ပြောလိုက်ပြန်သည်။

ကောင်းဖန်သည် အံ့ဩတကြီး ကြည့်နေသည်။ သူ၏ ကိုယ်ပိုင်သားရဲများသည် သူ့ကို သွေးစာချုပ်မှ တစ်ဆင့် ပြောကြသော်လည်း သူကတော့ ပါးစပ်ဖြင့် ပြောနေသည် မဟုတ်ပါလား။

“မင်းက ငါတို့ဘာသာစကား ပြောတတ်တာလား”

“အခုချက်ချင်း ထွက်သွားပါ လူသား” ရေခဲသားရဲသည် အသံနက်ကြီးဖြင့် ထပ်အော်လိုက်ပြန်သည်။ သူ၏ အသံထဲတွင် ဒေါသက ပိုလာသော်လည်း ရဲတိုက်ထဲကနေတော့ တစ်လှမ်းမှ ထွက်မလာချေ။

သူသည် လူသားစကားပြောတတ်သည့်အတွက် အရိုင်းဆန်သော သားရဲတော့ မဟုတ်ချေ။ သူသည် လူသားများနှင့် ထိတွေ့မှု ရှိဟန်တူသည်။ တစ်ယောက်ယောက်၏ ကိုယ်ပိုင်သားရဲလည်း ဖြစ်နိုင်သည်။

သူ့အဖိုးသည်ပင် နဂါးဖြူကြီးလို သားရဲကြီးကို လေ့ကျင့်နိုင်သူ ဖြစ်လေရာ ကမ္ဘာပေါ်တွင် ဘုရင်အဆင့် ကိုယ်ပိုင်သားရဲများကိုလည်း ထိန်းကျောင်းသူ ရှိနိုင်ပေမည်။

“ကျုပ်တို့က ရဲတိုက်ထဲကို မ၀င်ပါဘူး.. ဘေးကပဲ ပတ်ကြည့်မှာပါ.. အဲလောက်ဆိုရင်တော့ ရတယ်မလား” ကောင်းဖန်က ရန်မဆောင်စေရန် အကောင်းဆုံး ကြိုးစားပြောလိုက်သည်။

ရေခဲသားရဲသည် တစ်ခုခု ပြောမည့်ဟန် ပြင်ပြီးမှ မပြောတော့ပဲ ကောင်းဖန်ကို ကြည့်ကာ နောက်လှည့်ပြီး ၀င်သွားသည်။ “ကိုယ့်စကား ကိုယ်တည်ပါ” သူ့အသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုသားရဲ အထဲ၀င်သွားတော့မှ ကောင်းဖန်သည် ရဲတိုက်ကြီး၏ ကြီးမားပုံကို သတိပြုမိလိုက်သည်။ ဖြူပြာရောင် နံရံများသည် အလွန်မြင့်မားလှပြီး အဖြူရောင်နှင်းများက နေရာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။

ခြင်္သေ့သည် ကောင်းဖန်ကို စောင့်မနေတော့ပဲ ရဲတိုက်နှင့် မလှမ်းမကမ်းမှ ရေခဲကန်တစ်ခုထဲသို့ ခုန်ဆင်းသွားသည်။ ရေကန်မျက်နှာပြင်သည် မှန်တစ်ခုလို ချောမွတ်နေသည်။

သူသည် ခုန်ဆင်းလိုက်ပြီးနောက် ချက်ချင်းပင် ရေမျက်နှာပြင်မှ ပျောက်ကွယ်သွားတော့သည်။

ရဲတိုက်ထဲတွင် ရေခဲသားရဲသည် တစ်ခုခုကိာ အာရုံခံမိသည့်အလား ဘေးဘီနံရံများကို အကဲခတ်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။

ကြီးမားသော ရေခဲခန်းကြီးတစ်ခုသည် ရဲတိုက်၏အတွင်းဆုံး အပိုင်းတွင် ရှိနေသည်။ ထိုအခန်းသည် အပြင်ဘက်က အပူချိန်ထက် ၁၀ ဆ ပိုအေးနေသည်။ ရေခဲငွေ့များသည် လေထဲတွင် ပြည့်နှက်နေပြီး ရေခဲ ပန်းဆွဲများသည် နံရံတွင် တွယ်ကပ်နေကြသည်။

အခန်း၏ အလယ်တွင် ရေခဲခေါင်းတလားကြီး တစ်ခု ရှိနေသည်။ ထိုခေါင်းတလားကြီးသည် ၆ ပေရှည်ပြီး ၃ ပေ အကျယ်ရှိကာ လှပသော ပန်းကနုတ်များ ဖော်ထားသည်။ ရေခဲသားရဲသည် ထိုခေါင်းတလားဆီသို့ လျှောက်သွားပြီး ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။

“သခင်မ.. ဘာကိုများ အမိန့်ပေးချင်ပါသလဲ” ရေခဲသားရဲ၏ ကိုယ်မှ အမှတ်အသားများသည် သူနှင့် ထိစပ်နေသော ကြမ်းပြင်သို့ စီးဆင်းသွားပြီး ကြမ်းပြင်တွင် အမြစ်တွယ်သလို ဖြစ်နေကာ ရဲတိုက်နှင့် တစ်သားတည်း ဖြစ်လာသည်။

ရုတ်တရတ် အဖြူရောင် လက်တစ်ဖက်သည် ခေါင်းတလားထဲမှ ထွက်လာသည်။ ထိုအရာ၏ အသားအရည်သည် ဖြူဆွတ်နေပြီး စိမ်းပြာရောင် သွေးကြောလေးများကိုပင် ဖောက်ထွင်းမြင်နေရသည်။ သူသည် သားရဲသူရဲကောင်းကို လက်ဝှေ့ယမ်းပြလိုက်သောအခါ သူ၀တ်ထားသော လက်ခလယ်နှင် လက်သူကြွယ်က လက်စွပ်လေးများ အချင်းချင်း ထိသွားကြသည်။

“တင်ပြစရာရှိရင် ပြော.. မဟုတ်ရင်လည်း သွားတော့ အာရုံနောက် မခံချင်ဘူး”

ခဏတိတ်ဆိတ်သွားပြီးနောက် ရေခဲသားရဲသည် ခေါင်းကို ဖြည်းဖြည်းချင် ငုံ့လိုက်ကာ “နားလည်ပါပြီ” ဟု ပြောလိုက်သည်။

…

နာရီ၀က်ခန့် ကြာသောအခါ ခြင်္သေ့ဖြူသည် ရေခဲကန်ထဲမှ ထွက်လာသည်။ သူသည် ထိုကန်ထဲတွင် အတန်ကြာစိမ်နေခဲ့သည့်အတွက် အဆင့် ၄၁ မှ ၄၃ ထိ တက်သွားသည်။

“မင်းတို့အားလုံး ‌လိုက်ခဲ့ကြ” ရေခဲသားရဲ သူရဲကောင်းသည် ကောင်းဖန်နောက်မှ ရုတ်တရတ် ပေါ်လာကာ ပြောလိုက်သည်။ သူ့နောက်မှ ရေခဲလှံသည် မြေကြီးအောက်သို့ စိုက်ထားသည်။ ထိုသားရဲသည် ရှည်ရှည်သွယ်သွယ် ပုံစံဖြစ်ကာ အပြာရောင် ရေခဲ သံချပ်ကာက သူ့ကိုယ်ကို တင်းကြပ်စွာ ဖုံးအုပ်ထားသည်။ အနောက်တွင် သူ့အရိပ်သည်လည်း ရှည်မျောမျောကြီး ဖြစ်နေသည်။

ထို့နောက်သူသည် နောက်ကို လှည့်လိုက်ပြီး ရဲတိုက်ဆီသို့ ပြန်လျှောက်သွားသည်။

ကောင်းဖန်သည် ထူးဆန်းစွာ ကြည့်နေမိသည်။ ထို့နောက် သူ့ကိုယ်ပိုင်သားရဲများကို ခေါ်ပြီး ရဲတိုက်ရှိရာသို့ လိုက်သွားလိုက်သည်။

ရဲတိုက်ထဲသို့ ရောက်သောအခါ ရေခဲသားရဲသည် အနီးရှိ နံရံတစ်ခုထဲသို့ ပျော်၀င်သွားသောကြောင့် ကောင်းဖန်တို့သည် ရှင်းလင်းနေသော နံရံကြီးကိုသာ ကြောင်တောင်တောင်ကြည့်ရင်း ကျန်ခဲ့ကြသည်။

သူတို့သည် ရဲတိုက်၏ ဘေးတံခါးပေါက်မှ ၀င်ခဲ့ကြခြင်း ဖြစ်သည်။ အဖြူရောင် ကြမ်းပြင်သည် အခြားနေရာများလောက်တော့ တောက်ပမနေပေ။ ကောင်းဖန်တို့သည် ၀င်လာပြီး နောက်ပိုင်း စင်္ကြံများကို ဖြတ်လျှောက်သည်ထိ မည်သည့်သက်ရှိနှင့်မျှ မတွေ့ရချေ။ ရေခဲသားရဲသည် တစ်ကောင်တည်း နေဟန်တူသည်။

အနောက်ဘက် ခြံ၀င်းဟု ထင်ရသောနေရာတွင် ရေခဲအမိုးခုံးတစ်ခုက ‌သူတို့ခေါင်းပေါ်တွင် ရှိနေသည်။ ထိုအမိုးခုံးကို ကြည့်ရသည်မှာ အရောင်အသွေးစုံဖြင့် လှပနေသည်။

‌ခြံနောက်ဘက်အလယ်တွင် ရေတွင်းတစ်ခု ရှိနေသည်။ ထိုရေတွင်းသည် ၆ ပေကျယ်ပြီး အထဲမှ ရေများကတော့ ဆူပွက်နေသည်။ အဖြူရောင် ရေနွေးငွေ့များသည် ရေတွင်းနှုတ်ခမ်း၀မှ ထွက်လာနေကြသည်။

ဟမ်.. ဆူပွက်နေတာလား.. ကောင်းဖန်က တွေးမိသွားသည်။ သန့်စင်တဲ့ ယင်အစွမ်း ရေပူစမ်းများလား..

ခြင်္သေ့ဖြူလေးသည် ထိုရေတွင်းသို့လည်း ခုန်ချရန် အသင့်ပြင်လိုက်သည်။ သို့သော် သူမခုန်ချရသေးမီ ကောင်းဖန်က သူ့ကို ဂုတ်မှ ဆွဲမ လိုက်သောကြောင့် လေထဲတွင် ယက်ကန် ယက်ကန် ဖြစ်သွားသည်။

“ခြင်္သေ့ဖြူသည် နာကျင်စွာ အော်လိုက်သည်။ “လွှတ်ပါဟ.. အယုတ်တမာကောင်ရဲ့”

“ငါတို့က သူများတကာရဲ့ နောက်ခြံထဲမှာ ရောက်နေတာဟ နည်းနည်းပါးပါးလည်း ဆင်ခြင်‌ဦး” ကောင်းဖန်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။ ‌ဒီနေရာက ပိုင်ရှင်မရှိရင် ဂရုစိုက်စရာတောင် မလိုဘူး.. ဒါပေမယ့် ငါတို့ စကားပြောနေတဲ့ အချိန်မှာတောင် တစ်ယောက်ယောက်က စောင့်ကြည့်နေနိုင်တယ်.. အခုလို ထူးဆန်းတဲ့ ရေတွင်းထဲကို ပိုင်ရှင်ခွင့်ပြုချက်မရှိပဲ ၀င်ရင်လည်း မလေးစားရာ ကျတယ်..

အရေးကြီးဆုံးက ငါတို့က ရေခဲသားရဲကို ရင်ဆိုင်ဖို့ အနေအထား မဟုတ်သေးဘူး.. သူက ဒီနေရာကို ပိုင်တာလည်း ဖြစ်နိုင်တယ်... ငါတို့အာားလုံးပေါင်းရင်တောင် သူ့ပိုင်နက်မှာ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..

“မင်းက အားနည်းနေတယ်.. ဒါက မင်းအတွက် စွမ်းအင်ပြန်ပြည့်ဖို့ ကူညီပေးလိမ့်မယ်” ရုတ်တရတ် ရေခဲသားရဲက ထွက်လာပြီး ပြောကာ ပေးလိုက်သည်။

‌သူသည် ကောင်းဖန်ကို ခေါင်းညိတ်ပြလိုက်ပြီး ပြန်ထွက်သွားပြန်သည်။

ခြင်္သေ့ဖြူသည် အံ့ဩမှင်တက်စွာ ကြည့်နေပြီး ကောင်းဖန်ကို ပြောလိုက်သည်။ “ကောင်းဖန်.. သူက ငါစွမ်းအားတွေ ဆုံးရှုံးထားတာကို ဘယ်လိုလုပ်သိတာလဲ”

ကောင်းဖန်က ခြင်္သေ့ဖြူလေးခေါင်းကို ချစ်မြတ်နိုးစွာ ပွတ်လိုက်သည်။ “စိတ်မပူပါနဲ့.. တောက်လျှောက် လေ့ကျင့်နေလိုက်ရင် အရင်ကထက်တောင် ပိုပြီး သန်မာလာမှာပါ”

ခြင်္သေ့ဖြူလေးသည် ဘာပြောရမှန်း မသိစွာဖြင့် ကောင်းဖန်ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ ကောင်းဖန်သည် ခြင်္သေ့ဖြူလေးကို ရေထဲ စိမ်ရန် ခွင့်ပြုလိုက်ရသည်။

သူသည် တစ်စုံတစ်ခုဖြင့် ပြုလုပ်ထားပုံရသော ရေပုံးတစ်ခုကို ရေတွင်းထဲချလိုက်ပြီး ရေအနည်းငယ် ခပ်ယူလိုက်သည်။ ထို့နောက် အနီးအနားမှ တိုင်ကီတစ်ခုထဲသို့ ရေ ၂ ပုံးခန့် လောင်းထည့်လိုက်သည်။ ရေသည် ရေတွင်းထဲမှာတော့ ကြည်လင်နေသော်လည်း ရေတွင်း အပြင်သို့ရောက်သွားသည့် အခါတွင်တော့ အမည်းရောင် ရေများ ဖြစ်သွားသည်။

ထို့အပြင် အပြင်သို့ ရောက်သွားသည့် အခါ ဆူပွက်နေခြင်းလည်း မရှိတော့ပေ။ ရေတိုင်ကီထဲတွင် ရေအပူချိန်သည် ချက်ချင်း ကျသွားသည်။ ခြင်္သေ့ဖြူလေးသည် သူ့လက်ကလေးကို ရေတိုင်ကီထဲ ဂရုစိုက်၍ ထည့်လိုက်သည်။

ခြင်္သေ့ဖြူလေးသည် ရေခဲချောင်းလေးလို ချက်ချင်း တောင့်ခဲသွားပြီး ရေခဲတုံးတစ်ခုလို စည်ပိုင်းထဲ နစ်၀င်သွားသည်။

ကောင်းဖန်တို့သည် ခြင်္သေ့ဖြူလေး စည်ပိုင်း အောက်ခြေတွင် အေးခဲနေသော အနေအထားနှင့် အိပ်ပျော်နေသည်ကို ကြည့်နေကြသည်။ သူသည် ပိုင်ရှင်ခွင့်ပြုချက် မရပဲနှင့်တော့ ရဲတိုက်ထဲတွင် မကျူးကျော်လို၍ အပြင်တွင်သာ နေခြင်း ဖြစ်သည်။

ရုတ်တရတ် ကောင်းဖန်အနောက်တွင် ခြေသံ ကြားလိုက်ရသည်။ ထိုခြေသံသည် ရေကန်မျက်နှာပြင်ပေါ် ပွင့်ဖတ်လေး ပြုတ်ကျသကဲ့သို့ နူးညံ့လှသည်။

ကောင်းဖန် လှည့်ကြည့်လိုက်သောအခါ ရဲတိုက်နံရံမှ ထွက်လာသော အဖြူရောင်သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာသည် မိန်းမတစ်ယောက် ဖြစ်ပြီး အဖြူရောင်၀တ်ရုံက အနောက်တွင် ရှည်လျားစွာ ကျနေသည်။ ရေခဲသားရဲ သူရဲကောင်းသည် ကောင်းဖန်တို့ဆီသို့ ထိုအမျိုးသမီး၏ လက်ကို ဂရုတစိုက်ကိုင်ရင်း လျှောက်လာလေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၂၂ ပဲ့ကျင်းယန်

ကောင်းဖန်သည် အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီးနှင့် အကြည့်ချင်း ဆုံသွားသည်။ သူမ၏ မျက်လုံးများသည် အေးစက်ကြည်လင်ပြီး အပြင်ဘက်မှ ရေခဲကန်လို ဖြစ်နေသည်။

တည်ကြည်သောအမျိုးသားတစ်ယောက် အနေဖြင့် အမျိုးသားတစ်ယောက်ကို မျက်လုံးတည့်တည့်စိုက်ကြည့်ခြင်းမှာ မယဉ်ကျေးရာ ကျသောကြောင့် ကောင်းဖန်သည် ချက်ချင်း အကြည့်လွှဲလိုက်သည်။ သူမ၏ မျက်ခုံးကြားထဲတွင် အနီရောင် ကြာပွင့်ပုံတစ်ခုရှိနေသည်။ နေစမ်းပါဦး.. ငါတော်တော် စပ်စုပါလား.. ဘာလို့ အသေးစိတ်လိုက်ကြည့်မိနေပါလိမ့်..

ကောင်းဖန်က အတွေးများကို ရှင်းလင်းရန် ကြိုးစားနေစဉ် အဖြူရောင်အမျိုးသမီးက ရုတ်တရတ် “အခု ဘယ်အချိန်လဲ” ဟု ထမေးလိုက်သည်။

ကောင်းဖန်သည် ဖုန်းကို ချက်ချင်းထုတ်ကြည့်လိုက်သည်။ “ည ၇ နာရီခွဲပါ”

အဖြူရောင် အမျိုးသမီးသည် မျက်မှောင်ကြုတ်သွားပြီး ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် ကောင်းဖန်ကို ဘာမှမပြောပဲ ခေါင်းညိတ်ပြလိုက်သည်။

“ဧည့်သည်မလာတာတောင် ကြာပြီ” သူမက ပြောလိုက်သည်။ “ဓာတ်စွမ်းအင်တွေ ပြန်လာနေတာကို ခံစားနေရတယ်.. ‌ဒီကမ္ဘာကြီးရဲ့ ဓာတ်စွမ်းအင်တွေ ပြန်လည်အသက်၀င်လာတာ ဘယ်လောက်ကြာသွားပြီလဲ”

“၅ နှစ်ကြာသွားပြီ” ကောင်းဖန်က အချက်ကျကျ ပြန်ဖြေပေးလိုက်သည်။ သူသည် သူမကို လိမ်စရာအကြောင်းလည်း မရှိပါချေ။ သူမကတော့ ရဲတိုက်ထဲမှ ထွက်လာသည်။

“ဪ.. ၅ နှစ်ပဲ ရှိသေးတာလား” အဖြူရောင် အမျိုးသမီးက ကောင်းဖန်ကို ကြည့်ပြီး ပြောလိုက်သည်။ “ကျေးဇူးပါ”

သူမသည် ကောင်းဖန်၏ ကိုယ်ပိုင်သားရဲများကို သေချာကြည့်နေသည်။ သူမသည် အထင်ကြီးနေပုံပင်။ “၅ နှစ်အတွင်း ဒီ‌လို နတ်ဘုရားအဆင့်သားရဲ ၂ ကောင်ကို လေ့ကျင့်နိုင်တာ တော်ရုံတော့ မဟုတ်ဘူး.. ပြီးတော့ရှင့်ရဲ့ ခြင်္သေ့လေးကလည်း တစ်ခုခုပဲ.. သူ့ရဲ့ အရင်အဆင့်ကတောင် တော်တော်လေး မြင့်နိုင်တယ်”

“မေးမိတာ စိတ်မရှိပါနဲ့.. ခင်ဗျားက ဟွာရှားဒေသက မဟုတ်ဘူးမလား” ကောင်းဖန်က မေးလိုက်သည်။ ကောင်းဖန်သည် သူမ တစ်ခုခုပဲ ဆိုတာကို သိနေသည်။ သူမ၏ သရုပ်မှန်ကိုလည်း သံသယဖြစ်နေသည်။

“ကျွန်မက ဒီခေတ်ကလူ မဟုတ်ပါဘူး” သူမက ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် မျက်တောင် တစ်ချက် နှစ်ချက် ခတ်လိုက်ပြီး ကောင်းဖန်ကို မေးလိုက်သည်။ “တစ်ခုခု ချက်ပေးရမလား.. ကျွန်မလုပ်တဲ့ ငါးကင်က သိပ်ကောင်းတာ”

“အပင်ပန်းမခံပါနဲ့တော့. ကျွန်တော်တို့ အသင့်စား သံဗူးတွေ ပါလာပါတယ်” ကောင်းဖန်က ခေါင်းကို ယမ်းရင်း ပြောလိုက်သည်။ တကယ်တော့ အချိန်သည် ညစာစားချိန် ဖြစ်သည်။ ငါးကင်ဆိုသော အသိကြောင့် ကောင်းဖန်သည် ဗိုက်ထဲ အသံပင် မြည်သွားသည်။

“သံဗူး.. သံဗူးဆိုတာဘာလဲ” အဖြူရောင်အမျိုးသမီးက သိချင်စွာ မေးလိုက်သည်။

“အရမ်းအရသာရှိတဲ့ အရာပေါ့” ကောင်းဖန်က ပြောပြီး ဆီလီထံမှ မတူညီသည့် အစားအစာများ ထည့်ထားသည့် သံဗူး ၁၀ ဗူးလောက်ကို ထုတ်ယူလိုက်သည်။

အဖြူရောင် အမျိုးသမီးသည် ထိုဗူးများကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေပြီးနောက် တစ်ခုကို ဖွင့်ကြည့်လိုက်သည်။ အဖြူရောင် အရာတစ်ခုသည် ဘူးထဲမှ စွပ်ပြုတ်ရည်ထဲတွင် ဝေ့ဝိုက်နေသည်။ အောက်ခြေတွင်တော့ အသားများ ရှိနေသည်။ အမည်းရောင် ဆီများသည် သူမ၏ လက်တွင် အနည်းငယ် ပေသွားသည်။

သူမသည် သံဗူးကို တစ်ချက် ပြင်းပြင်း အနံ့ခံကြည့်လိုက်သည်။ ရုတ်တရတ် ရေခဲသားရဲက အရှေ့ကို တက်လာကာ “ခဏလေးပါ သခင်မ” ဟု ပြောလိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်လက်ညိုးကို ထုတ်လိုက်ပြီး သေးငယ်သော ရေခဲငွေ့လေးအချို့ကို သံဗူးကို ဖြတ်သန်းစေလိုက်သည်။ ထိုအခါ ဖြူပြာရောင် ရေခဲငွေ့များသည် သံဗူးကို ဖြတ်သန်းသွားပြီး တစ်ဖက်မှ ပြန်ထွက်လာသည်။

သူသည် ကောင်းဖန်၏ ကျန်ရှိသော သံဗူးတိုင်းကို ထိုကဲ့သို့ လုပ်လိုက်သည်။ နောက်ဆုံးတွင် သူသည် သူ့သခင်မကို ပြန်သတင်းပို့လိုက်သည်။ “သခင်မ.. သံဗူးလို့ခေါ်တဲ့ ဒီအရာက စားလို့ ရပါတယ်.. ဒါပေမယ့် မစားဖို့ကိုတော့ တိုက်တွန်းချင်ပါတယ်.. ဒါတွေက ကျန်းမာရေးနဲ့ မညီညွတ်..”

သူ့စကားမဆုံးမီပင် အဖြူရောင်အမျိုးသမီးသည် လက်ကာပြလိုက်သည်။ “ရပြီ.. နားလည်ပြီ” ထို့နောက်သူမသည် သူမဖွင့်ထားသော ဗူးထဲမှ အသားတုံးတုံးတစ်ခုကို ခက်ရင်းဖြင့် ထိုးယူလိုက်သည်။

စည်သွတ်ဗူးအစားအစာများသည် စားချင်စဖွယိ မရှိသော်လည်း ထူးကဲသောအရသာ ဖြစ်နေသည်ကိုလည်း သူမ ၀န်ခံရပေမည်။

ကောင်းဖန်သည် အဖြူရောင်အမျိုးသမီး၏ မျက်လုံးများ တောက်ပသွားသည်ကို မြင်လိုက်ရသည်။ သူမသည် ကြိုက်တော့ ကြိုက်ပုံပင်။ မကြာခင်အတွင်းမှာပင် ကောင်းဖန်ပေးလိုက်သော စည်သွတ်ဗူး ၁၀ ဗူးလုံး ပြောင်သွားတော့သည်။

နာရီ၀က်ခန့် ကြာသောအခါ သူမသည် စားရတာတော့ မ၀သေးပုံဖြင့် ခက်ရင်းကို ချလိုက်သည်။ “ကျွန်မ၀ပြီ.. ရှင်တို့ ဆက်စားလို့ရပြီ”

သူမမျက်လုံးကတော့ ကောင်းဖန်တွင် ကျန်နေသေးသည့် ဗူးများကို မခွာနိုင်တော့ချေ။ သူမသည် အလွန်ပင်စားချင်နေသေးသော အနေအထားတွင် ရှိနေသည်။

“ရပါတယ်.. ကျွန်တော့်မှာ အများကြီး ရှိသေးတယ်” ကောင်းဖန်က ထိုသို့ ပြောလိုက်ရင်း ဆီလီထံမှ ဗူးများကို ထပ်ထုတ်လိုက်ပြီး အအေးဗူးကပါ လက်ထဲ မတော်တဆပါလာသည်။

ထိုအခါ နူးညံ့သော လက်တံလေး ၁၀ ခုသည် ကောင်းဖန်၏ လက်မောင်းကို ရာဇ၀တ်သားတစ်ယောက်လို လိုက်ဆွဲတော့သည်။ ဆီလီသည် ကောင်းဖန်ကို ဒေါသတကြီး ပြောလိုက်သည်။ “နင့်ဟာ မဟုတ်ဘူးလေ.. ငါ့ဟာ” ထို့နောက် သူသည် ကောင်းဖန်၏ လက်တွင်းမှ အချိုရည်ဗူးကို မြန်မြန် ပြန်ယူလိုက်သည်။

ဟင်း.. ငါဆီလီ ဉာဏ်ကောင်းပေလို့ ကောင်းဖန်ရဲ့ အချိုရည်ဗူး အလစ်သုတ်တာကို ကာကွယ်လိုက်နိုင်တာ.. ငါတော်တော် ဉာဏ်ကောင်းတာပဲ.. ကိုယ့်ကိုကိုယ် ဆုချတဲ့အနေနဲ့ အချိုရည် တစ်ဗူးလောက်တော့ သောက်ရမယ်..

ထို့နောက် သူသည် ကောင်းဖန်လက်ထဲမှ ဆွဲယူထားသော ပါကင်ဗူးထဲမှ အချိုရည်တစ်ဗူးကို ပျော်ရွှင်စွာ ဖောက်သောက်လိုက်သည်။

“မလိုပါဘူး” အဖြူရောင် အမျိုးသမီးက အသားတုံးကြီးကို ဝါးရင်း ပြောလိုက်သည်။

“ကျွန်တော့်အိမ်မှာ စည်သွတ်ဗူး စက်ရုံရှိပါတယ်.. စက်ရုံဆိုတာကတော့ ဒီလိုဗူးတွေကို အများကြီးထုတ်လုပ်ပြီး လူထုကို ပြန်လည်ရောင်းချတာကို ပြောတာပါ” ကောင်းဖန်က ရှင်းပြလိုက်သည်။ သူသည် သူမ၏ အကြိုက်တစ်ခုကို ရှာတွေ့သွားပြီ ထင်သည်။ သူသည် အိမ်ကို အမြန်ပြန်ပြီး စက်ရုံလိုက်ကြီးသာ ပြပေးလိုက်ချင်တော့သည်။ သို့သော် သူမသည် သားရဲလေ့ကျင့်သူ တစ်ယောက်ဖြစ်ပြီး ပိတ်လှောင်ခံထားရသော်လည်း ဘုရင်အဆင့်ရှိသော သားရဲ၏ လေ့ကျင့်သူ ဖြစ်နေသည်။

သို့သော် သူမသည် ခေါင်းယမ်းလိုက်ရင်း “နေပါစေ.. ကျွန်မက သူတို့ပြန်လာတာကို အသင့်စောင့်ရဦးမှာ” ဟု ပြောလိုက်သောကြောင့် ကောင်းဖန်ပင် အံ့ဩသွားသည်။

“သူတို့.. သူတို့ဆိုတာ ဘယ်သူလဲ”

သူမသည် တောင်းပန်သော အကြည့်ဖြင့် သူမလက်ထဲမှ ဗူးကို ချလိုက်သည်။ သူမသည် ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ဗူးကို ကောင်းဖန်ဆီ ပြန်ပေးလိုက်သည်။ “ကျွန်မ ထပ်မစားနိုင်တော့ဘူး..”

ကောင်းဖန်က သဘောကျစွာ ရယ်မောလိုက်သည်။ “ဟုတ်ပါပြီ.. ခင်ဗျား ကောင်းကောင်းဧည့်ခံခဲ့ပြီးပါပြီ.. ကျွန်တော်က ဒီကျေးဇူးကို သံဗူးလေးတစ်ချို့နဲ့တောင် ဆပ်ဖို့ မလုံလောက်ပါဘူး.. စိတ်မပူပါနဲ့.. ကျွန်တော့်အိမ်မှာ ပိုတောင် အရသာရှိတဲ့ စည်သွတ်ဗူးတွေ အများကြီး ရှိပါသေးတယ်.. ကျွန်တော် ပြန်ရောက်ဖြစ်ရင် ဒီကို လာပို့ပေးဖို့လည်း ကတိပေးပါတယ်”

အဖြူရောင် အမျိူးသမီးသည် ရင်ထဲထိရှသွားသည်။ “ရှင်က တကယ့်ကို လူကောင်းတစ်ယောက်ပါပဲ”

ကောင်းဖန်က သူ့ကို လူကောင်းဟု ပြောလိုက်သည့်အတွက် မနေတတ်ပင် ဖြစ်သွားသည်။

“ဪ ဒါနဲ့ အသက် ဘယ်လောက် ရှိပြီလဲ ခင်ဗျ” သူသည် အရှက်ပြေ မေးလိုက်သည်။

“ကျွန်မက ၂၆ နှစ်ပါ”

ကောင်းဖန်၏ မယုံနိုင်ဖြစ်သွားသော ပုံကို ကြည့်ရင်း သူမက ပြန်ပြောလိုက်သည်။ “ကျွန်မက ထာ၀ရ ဆောင်းရာသီ ခေါင်းတလားထဲမှာ နေနေရတာ များပါတယ်.. ကျွန်မခန္ဓာကိုယ်က အေးခဲနေတဲ့ အခြေအနေမှာဆိုရင် အသက်မကြီးသွားပါဘူး”

ကောင်းဖန်သည် လူမှုဆက်ဆံရေး သိပ်ကောင်းသူ မဟုတ်သော်လည်း မိန်းကလေးတစ်ယောက်ကို အသက်နှင့် ပတ်သက်ပြီး သိပ်မပြောသင့်သည်ကိုတော့ သဘောပေါက်ထားသည်။ ထို့ကြောင့် ကောင်းဖန်သည် ထိုကိစ္စကို သိချင်နေပြီး နားမလည်သော်လည်း မမေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူသည် ထိုအမျိုးသမီးနှင့် စကား‌ဆက်ပြောနေလိုက်သည်။ သူမသည် စကားမပြောရတာ ကြာသောကြောင့် စကားပြောရတာ အလွန်တက်ကြွ ပျော်ရွှင်နေပုံပေါက်သည်။

သူမအမည်သည် ပဲ့ကျင်းယန်ဖြစ်သည်။ သူမပြောပုံအရ သူမ မျိုးနွယ်စုမှ သူများတိုင်းတွင် ပဲ့ဟူသော အမည်ပါသည်ဟု ဆို၏။

မျိုးနွယ်စု.. ကောင်းဖန်သည် အနည်းငယ်စဉ်းစားမိသွားသည်။ သူသည် ရှေးဟောင်းမျိုးနွယ်စုများမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ကြောင်း သိထားသည်။ ထိုအခါတုန်းက ထိုမျိုးနွယ်စုများသည် အသက်ရှင်နေထိုင်ဖို့ အမဲလိုက်ခဲ့ရသည်။ သူတို့တည်ရှိခဲ့ကြောင်းကို ယနေ့ခေတ်၏ တူး‌ဖော်ရှာဖွေခဲ့မှုများမှ တစ်ဆင့် သိခဲ့ရသည်။ သို့သော် ထိုမျိုးနွယ်စုများသည် ထူးခြားသော ကပ်တစ်ခုကြောင့် တစ်ညတွင်းမှာပင် အကုန်မျိုးတုန်း ပျောက်ကွယ်ခဲ့သည်။

အတ္တလန္တိတ်ဒေသသည် ရှေးခေတ်လူနေမှုရှိခဲ့သော နေရာထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ အချို့သော ပညာရှင်များကတော့ ထိုဒေသသည် ရှေးခေတ်လူမျိုးစုများစွာ နေထိုင်ခဲ့ပြီး ဒီနေ့ခေတ်မှာတောင် ရှိသေးသည်ဟု ပြောကြသည်။ သို့သော် ထိုသီအိုရီသည် သေချာတော့ အတည်ပြု၍ မရခဲ့ပေ။

“အတ္တလန္တိတ်ဆိုတာကြားဖူးလား” ကောင်းဖန်က မေးလိုက်သည်။

“အတ္တလန္တိတ်”

ပဲ့ကျင်းယန်သည် ကောင်းဖန်ကို ကြည့်လိုက်သည်။ ထို့ကြောင့် ခေါင်းညိတ်ရင်း ပြောလိုက်သည်။ “အတ္တလန္တိတ် မျိုးနွယ်စု ဆိုတာကိုတော့ အဖေ့ဆီကနေ ကြားဖူးတယ်.. ဒီ အာတိတ်မျိုးနွယ်စုနဲ့တော့ အတော်လေးဝေးတော့ သူတို့နဲ့က အတော်လေး အဆက်အဆံ မရှိခဲ့ဘူး”

ထိုသို့ဖြင့် တစ်ရက်ကြာသွားပြီးနောက် ခြင်္သေ့ဖြူလေးသည် စည်ပိုင်းထဲမှ တွားထွက်လာသည်။ သူ့ဘေးတွင် အပြာရောင် အခိုးအငွေ့များ ဖြစ်နေသည်။ သူသည် နှာခေါင်းကို တစ်ချက်ပွတ်လိုက်သည်။ ထို့နောက် သူသည် အားပါးတရ နှာချေလိုက်သည်။

ကောင်းဖန်သည် မျှော်လင့်ထားပြီး ဖြစ်သော်လည်း ခြင်္သေ့လေး ဘုရင်အဆင့် ရောက်သွားသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။

ခြင်္သေ့ဖြူလေးသည် တစ်ချက်အူလိုက်ပြီး ကောင်းဖန်သည် ခုန်ဆွ ခုန်ဆွ ရောက်လာသည်။

“အခုအတွက်တော့ သားရဲတွေက အမြင့်ဆုံး ဘုရင်အဆင့်ထိပဲ ရောက်နိုင်ဦးမယ်.. ဘုရင်အဆင့်ထက်မြင့်တဲ့ သားရဲတွေက ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ဒီကမ္ဘာမှာ နေလို့ မရဘူး.. ကြည့်ရတာ ကမ္ဘာကြီးရဲ့ ကိုယ်ပိုင် အကာအကွယ် နည်းစနစ်က လက်ရှိလူသားတွေ မကိုင်တွယ်နိုင်လောက်တဲ့ သားရဲတွေကို အ၀င်မခံထားပုံရတယ်” ပဲ့ကျင်းယန်က ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၂၃ မျက်ခုံးဝါ ပင်ဂွင်းသားရဲ

ခြင်္သေ့ဖြူလေးသည် ယခင် သူအင်အားအကြီးမားဆုံး ဖြစ်ခဲ့စဉ်က အင်ပါယာအဆင့်သားရဲ ဖြစ်ခဲ့ဖူးသော်လည်း ယခုတော့ ဘုရင်အဆင့်ကိုသာ မနည်းပြန်ရောက်အောင် လုပ်နေရသည်။ ကောင်းဖန်တွင် ဘုရင်အဆင့် အစင်းလေးနှင့် ဒဏ္ဍာရီအဆင့် ဒန်ဘီတို့ ရှိနေသောကြောင့် ခြင်္သေ့ဖြူလေးကို ဘုရင်အဆင့်သာ ပြန်ရောက်သေးမှုအပေါ် မည်သို့မှ မဖြစ်ပါချေ။

ခြင်္သေ့ဖြူလေးသည် ဘုရင်အဆင့် ရောက်သွားသောကြောင့် အရွယ်အစားတော့ အနည်းငယ် ကြီးလာသည်။ သူသည် ယခု ကောင်းဖန်၏ ဒူးခေါင်းအရွယ်နားလောက် ရောက်လာပြီဖြစ်ပြီး အနည်းဆုံး ၃ ပေခန့် ရှိသွားပြီ ဖြစ်သည်။

တကယ်တော့ အဖြူရောင်ဓားသွားသားရဲသည် ထိုအဖြစ်ကို အနည်းငယ်တော့ မနာလို ဖြစ်မိသည်။ သို့သော် ခြင်္သေ့ဖြူလေး အပြည့်အ၀ မပျော်နိုင်မှာ စိုးသောကြောင့် စိတ်လှုပ်ရှား ပျော်ရွှင်ဟန်ဖြင့် မြေကြီးကို ပုတ်ရင်း အားပေးပြလိုက်သည်။

အဖြူရောင်ဓားသွားသားရဲကို ခြင်္သေ့ဖြူလေးသည် သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။ ထို့ကြောင့် အဖြူရောင်ဓားသွားသားရဲသည် ဟန်ဆောင်နေတာ ရိပ်မိသွားမှာစိုးပြီး အကြည့်ကို ချက်ချင်းလွှဲလိုက်သည်။

ထို့နောက် ကောင်းဖန်သည် ပဲ့ကျင်းယန်နှင့် ဆက်စကားပြောနေလိုက်သည်။ ခဏနေတော့ သူရေသောက်ဖို့ အချိန်ကြည့်လိုက်သောအခါ နေ့လည်လောက်ပင် ရောက်တော့မည် ဖြစ်သည်။

တစ်ခုခုကို ပျော်ရွှင်နေရသောအခါတွင် အချိန်သည် ကုန်တာ မြန်လှသည်။ သူသည် ဘာ‌ကြောင့် အချိန်တွေ မြန်မြန်ကုန်နေမှန်း နားမလည်နိုင်ပင် ဖြစ်သွားသည်။ “နောက်တောင် ကျနေပြီ.. ကျွန်တော် ဒီကိုလာတာက ကျွန်တော့်ကိုယ်ပိုင်သားရဲကို အဆင့်ကူမြှင့်ပေးဖို့ပါ…” သူသည် စကားကို မည်သို့ အဆုံးသတ်ရမှန်း မသိသောကြောင့် နောက်ဆုံးတွင် အသံက တိမ်၀င်သွားသည်။

ပဲ့ကျင်းယန်ကတော့ ခေါင်းသာ ညိတ်ပြလိုက်သည်။

သူတို့ ၂ ဦးသည် တစ်ယောက်နှင့် တစ်ယောက် တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။ အခန်းထဲတွင် အနည်းငယ် ကြောင်တောင်တောင်နိုင်သော တိတ်ဆိတ်မှု ဖြစ်သွားသည်။

“ဒါ‌ဆို ကျွန်တော်သွားရတော့မယ့် အချိန်ရောက်ပြီထင်တယ်..

ဧည့်၀တ်ကျေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. တကယ်လို့ ယွိကျိုးကို လာဖြစ်ခဲ့ရင် ကျွန်တော်လိုက်ပြပေးပါ့မယ်” ကောင်းဖန်သည် လက်ထဲတွင် ကိုင်ထားသော ဆီလီကို ပုံစံအမျိုးမျိုး ဖြစ်အောင် ဖျစ်ညှစ်ရင်း ပြောနေလိုက်သည်။

“ကျွန်မလူတွေရောက်လာတာနဲ့ ယွိကျိုးကို သေချာပေါက် လာလည်ပါ့မယ်” ပဲ့ကျင်းယန်က ပြုံးရင်း ပြန်ပြောလိုက်သည်။ သူမ မျက်လုံးများသည် ‌လှပစွာ တောက်ပနေပြီး လခြမ်းလေးလို ဖြစ်နေသည်။

“ကျွန်တော်မျှော်နေမယ်နော်” ကောင်းဖန်သည် ရယ်မောရင်း ပြန်ပြောလိုက်သည်။

“ဘာကို မျှော်တာလဲ” ပဲ့ကျင်းယန်က သိချင်စွာဖြင့် မေးလိုက်သည်။ ကောင်းဖန်၏ ပုံစံက မလုံမလဲ ဖြစ်နေသောကြောင့် ဖြစ်သည်။

ကောင်းဖန်သည် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ သူသည် မျက်နှာကို ဘယ်နားသွားဖွက်ရမလဲ မသိတော့ချေ။

“ခဏစောင့်ပါဦး” ပဲ့ကျင်းယန်က ထိုသို့ ပြောပြီး သူမအခန်းထဲ ပြန်၀င်သွားသည်။ ခဏကြာသောအခါ သူမသည် လက်ဖဝါးအရွယ်လောက်ရှိသော ကျောက်တစ်ခုကို ယူပြီး ပြန်ထွက်လာသည်။ ထိုကျောက်အတွင်းတွင် သတ္ထုပုတီးလုံးလေး တစ်ခုရှိနေသည်။

အင်း.. ပုတီးလုံးတော့ မဟုတ်ဘူးထင်တယ်.. ကောင်းဖန်သည် သေချာကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် စာတန်းများ ပေါ်လာသည်။

[သားရဲအမည်] - သံလိုက်သားရဲအထီး

[သားရဲအဆင့်] - အဆင့် ၅

[သားရဲစွမ်းရည်] - ပုံမှန်

[သားရဲအမျိုးအစား] - သတ္တု

[သားရဲဖော်ပြချက်] - သံလိုက်သားရဲများသည် အထီး အမ တစ်စုံစီ ရှိကြသည်။ သူတို့သည် တစ်ကောင်နှင့် တစ်ကောင် သိပ်မဝေးသော အကွာအဝေးတွင် ရှိနေပါက ချက်ချင်း အာရုံခံမိကြပြီး နီးကပ်သွားကြသည်။ သူတို့သည် ပိုနီးလာလေ အချင်းချင်း အာရုံပိုခံမိလေ ဖြစ်သည်။

ကောင်းဖန်သည် ဖန်ထဲမှ သံလိုက်သားရဲ အထီးသည် တစ်ခုခုကို အာရုံခံနေမိသည့်အလား ထောင့်တစ်ခုတွင် ကပ်နေသည်ကို မြင်လိုက်ရသည်။

“ဒီသံလိုက်သားရဲအထီးက သံလိုက်သားရဲအမကို အာရုံခံနိုင်တယ်.. သံလိုက်အမက အခုနန်းတော်ထဲမှာ ရှိနေတာလေ.. အဲဒါကြောင့် သံလိုက်အထီးနဲ့ဆိုရင် နောက်ဆို ကျွန်မရဲတိုက်ကို ရှာဖို့ ခက်ခဲတော့မှာ မဟုတ်ဘူး” ပဲ့ကျင်းယန်က ရှင်းပြလိုက်သည်။

ကောင်းဖန်သည် စိတ်ထဲတွင်တော့ ‌သူမသည် သူ့ထံမှ အစားအသောက်များကို မက်လို့သာ ထိုသို့ ပြန်တွေ့ချင်ခြင်း ဖြစ်မည်ဟု သံသယဖြစ်မိနေသည်။

အင်း.. ဖြစ်နိုင်ပါတယ်..

…

နောက်တော့ ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများနှင့်အတူ နန်းတော်ထဲမှ ထွက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် ရေခဲတောင်ကြားတစ်ခုကို ဖြတ်သန်းခဲ့ရသည်။

အပြန်ခရီးကတော့ အသွားနှင့် မတူစွာပင် စိတ်လှုပ်ရှားပျော်ရွှင်စရာ ဘာမှ မရှိပါချေ။

သူသည် ယွိကျိုးကို မပြန်ခင် ခဏတော့ လည်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ မြောက်၀င်ရိုးစွန်း ခရီးစဉ်သည် ‌ရတောင့်ရခဲ အခွင့်အရေးဖြစ်ရာ အမှတ်တရ ပစ္စည်း တစ်ခုခုမပါပဲ မပြန်လိုချေ။

မြောက်၀င်ရိုးစွန်း ခရီး၏ အဓိက ရည်ရွယ်ချက်ကို လူတော်တော်များများကတော့ မသိကြချေ။ တချို့က သူ့ကို တစ်နေကုန် ဂိမ်းဆော့နေသော ကလေး‌တစ်ယောက်လိုသာ ထင်နေကြသည်။

ကောင်းဖန်၏ ရှေ့တွင် အဖြူအနက် ပင်လယ်နှင့် ချိတ်ဆက်နေသော မြစ်ဝှမ်းတစ်ခုကို မြင်နေရသည်။ မြစ်ရေသည် အဝါရောင် သန်းနေသည်။

ကောင်းဖန်က အနီးကပ်သွားကြည့်လိုက်သောအခါ အရိပ်လေးများကို မြင်နေရသည်။ ထိုအရာလေးများသည် အနည်းဆုံး ၆ ပေခန့်ရှိပြီး ခပ်လုံးလုံး ဖြစ်ကြသည်။ ထိုအရာများသည် ပင်ဂွင်းနှင့် တူနေသည်။

သူတို့နှုတ်သီးများသည် အဝါရောင်ရှိပြီး ထူထဲ ကျယ်ပြန့်သည်။ မျက်လုံးများသည် စူးရဲနေပြီး အမွှေးများက လေထဲတွင် လွင့်နေသည်။ ကောင်းဖန်မျက်လုံးထဲတွင် သူတို့သည် မြို့ပြလမ်းသရဲများဖြင့်ပင် တူနေသည်။

ကောင်းဖန်သည် ထိုသားရဲများအကြောင်း ဖတ်ဖူးသည်။ ကပ်ဆိုးကြီး မတိုင်မီက သူတို့သည် ကျောက်တုံးများပေါ်တွင် နေသော ပင်ဂွင်းများဖြစ်သည်။ ယခုတော့ ပန့်ရော်ကာကြီးများနှင့်ပင် တူနေသည်။

ယခုတော့ မျက်ခုံးဝါ ပင်ဂွင်းသားရဲများ ဖြစ်လာသောအခါ ပန့်ရော်ကာကြီးများနှင့် ပို၍ပင် တူသွားသည်။

[သားရဲအမည်] - မျက်ခုံးဝါ သားရဲပင်ဂွင်း

[သားရဲအဆင့်] - အဆင့် ၁၈

[သားရဲစွမ်းရည်] - သာမာန်

[သားရဲအမျိုးအစား] - ရေ

[သားရဲဖော်ပြချက်] - သားရဲအဆင့်တူသော အခြားသော ပင်ဂွင်းအမျိုးအစား သားရဲများနှင့် ယှဉ်လျှင် မျက်ခုံးဝါပင်ဂွင်းသားရဲသည် အသန်မာဆုံး ဖြစ်သည်။ သူတို့ကိုယ်သူတို့ အတော်ဆုံး ပင်ဂွင်းများအဖြစ်လည်း သတ်မှတ်ထားလေ့ ရှိကြသည်။

သူ့ရှေ့တွင် ပင်ဂွင်းအုပ်စုသည် လူမိုက်ပုံစံဖြင့်ရပ်နေကြသည်။ လည်ပင်းများကတော့ ပျောက်နေကြသည်။

သူတို့သည် ခေါင်းပုတိုလေးများကို ဆန့်ထုတ်လိုက်ကြသည်။ ထိုအခါ သူတို့ခေါင်းပေါ်မှ အဝါရောင် အမွှေးများသည် ရုတ်တရတ် လှံတစ်ခုလို ထောင်တက်လာသည်။ သူတို့သည် စတိုင်အပြည့်‌ထုတ်ထားကြသည်မှာ ခြင်္သေ့ဖြူလေးကိုပင် ပြန်မြင်နေရသလိုပင်။

ပင်ဂွင်းများသည် ကောင်းဖန်တို့ဆီသို့ လျှောက်လာပြီး ဝိုင်းလိုက်ကြသည်။ သူတို့ထဲမှ ခေါင်းဆောင် ဖြစ်ပုံရသော ပင်ဂွင်းသည် ကောင်းဖန် မျက်နှာနှင့် ထိလုမတတ် နီးကပ်လာသည်။ သူ့ခေါင်းသည် အနည်းငယ် အောက်စိုက်နေပြီး ကောင်းဖန်မျက်လုံးကို တည့်တည့်စိုက်ကြည့်နေသည်။ သူသည် အရိုင်းတော့ ဆန်ပုံပင်။ ထို့နောက် စပြီး အော်ပြောလိုက်သည်။ “မင်းတို့အားလုံးကို ချေမှုန်းပစ်မယ်.. ရုပ်ဆိုးကောင်တွေ” သူသည် ကောင်းဖန်တို့ကို မိုးမွှန်အောင် ဆဲဆိုနေလိုက်သည်။ ထိုအခါ သူတို့၏ လမ်းသရဲစရိုက်သည် ပို၍ပင် ပေါ်လွင်လာသည်။

အဖြူရောင်ဓားသွားသားရဲသည် ဒေါသထွက်သွားပြီး သူ၏ ဓားသွားများကို ဆွဲထုတ်လိုက်သည်။

ကောင်းဖန်က သူ့ခေါင်းကို ဖိလိုက်ပြီး ရန်ပွဲကို မစရန် တားမြစ်လိုက်သည်။ တကယ်တော့ ကောင်းဖန်သည် သူ၏ လက်ရှိ အခြေအနေနှင့်သာဆိုလျှင် သူ၏ ကိုယ်ပိုင်သားရဲများ အကူအညီမပါပဲနှငိ့တောင် ပင်ဂွင်းများကို အေးဆေး အနိုင်ယူနိုင်သည်။

ကောင်းဖန်သည် သူတို့ကို အနည်းငယ်မျှပင် ကြောက်ရွံ့တုန်လှုပ်ခြင်း ရှိမနေသည်ကို တွေ့ရသောအခါ ခေါင်းဆောင်ပင်ဂွင်းသည် မျက်လုံးကို မှေးစင်းကြည့်လိုက်ပြီးနောက် တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။

သူသည် အနောက်မှ ပင်ဂွင်းအုပ်စုနှင့် ရောသွားပြီး ကောင်းဖန်တို့ အုပ်စုကို ဆက်လက်စူးစမ်းနေသည်။

ထောင့်တစ်ခုတွင် ရှိသော ပင်ဂွင်းတစ်ကောင်ကတော့ စိတ်မရှည် ဖြစ်နေသည်။ ထိုနေရာသည် သူတို့‌ပိုင်နက် ဖြစ်သောကြောင့် နုံနဲသော အုပ်စုလေးသည် သူတို့ကို ယှဉ်နိုင်စရာ မရှိဟုတွေးပြီး သွေးမြေကျအောင် လုပ်ပစ်မည်ဟု တွေးလိုက်သည်။

သူသည် ကောင်းဖန်ဆီသို့ တောင်ပံဖြန့်ကာ လာလိုက်သောအခါ ဖလိန်မီက တားမြစ်လိုက်သည်။ ထိုအခါ ပင်ဂွင်းများသည် သူတို့နှင့် အမျိုးအစားတူပြီး အတော်လေး အဆင့်မြင့်သော သားရဲက ရန်သူကို ကာကွယ်ပေးနေသည်ကို မြင်သွားပြီး အော်ဟစ် ပြောဆိုလိုက်ကြသည်။

“သစ္စာဖောက်”

“မင်းက ငါတို့ရဲ့ ရန်သူပဲ”

“သစ္စာဖောက်ကောင်ပါလားဟေ့”

ပင်ဂွင်းများသည် အဆက်မပြတ်အော်နေကြသည်။

ဖလိန်မီကတော့ မျက်နှာကြီး စူပုပ်သွားသည်။ ငါက ဘာကိစ္စပင်ဂွင်း ဖြစ်ရမှာလဲ..

သူသည် နှုတ်သီးကို ဟလိုက်ပြီး သူနှင့် အနီးဆုံးတွင် ရှိသော ပင်ဂွင်စအုပ်စုဆီသို့ မီးလုံးတစ်ခု ပစ်သွင်းလိုက်သည်။ ထိုအခါ အတောင်များ မီးလောင်သွားသော ပင်ဂွင်းများသည် ပတ်ပြေးနေကြတော့သည်။ ငါက ကောင်းဖန်ရဲ့ အပိန်ဆုံး ကိုယ်ပိုင်သားရဲကွ.. သူကိုယ်တိုင်ငါ့ကို ပြောခဲ့တာဆိုတော့ အဲဒါအမှန်တရားပဲ.. ဖလိန်မီက တွေးလိုက်သည်။

သူသည် တောင်ပံကို ခပ်ပြင်းပြင်း ခတ်လိုက်သောအခါ အောက်မှ ရေခဲအပိုင်းအစများသည် လေထဲတွင် လွင့်ပျံလာသည်။

ထိုကဲ့သို့ အဖြစ်ကို မြင်နေရသည်ကိုပင် ပင်ဂွင်းများသည် ကြောက်လန့်မနေကြပေ။ သူတို့သည် ဖလိန်မီဆီသို့ တဟုန်ထိုး ပြေးလာလိုက်ကြသည်။

ဖလိန်မီက တောင်ပံကို တစ်ချက် ခတ်လိုက်သောအခါ မီးကွင်းတစ်ခုသည် သူ့ဘေးတွင် ဖြစ်ပေါ်လာသည်။ ထို့နောက် မီးတောက်များသည် များပြားလှစွာသော အစိတ်အပိုင်းများအဖြစ် ပြိုကွဲပေါက်ကွဲသွားသည်။

ဖလိန်မီ၏ မီးကွင်းကြီးသည် မြောက်ဝင်ရိုးစွန်း၏ ရေခဲပြင်ကျယ်ကြီးတစ်လျှောက် ပေါက်ကွဲထွက်သွားသည်။

ထို့ကြောင့် မီးလှိုင်းကြီးသည် ဖလိန်မီနှင့် အနီးဆုံးတွင် ရှိနေသော ပင်ဂွင်းများကို လွင့်ထွက်သွားစေပြီး ကိုယ်လုံးများတွင်လည်း မီးများစွဲကုန်သည်။

ထိုအခါ အနောက်တွင် ရှိနေသော ပင်ဂွင်းများသည် တစ်ကောင်နှင့် တစ်ကောင်ကြည့်လိုက်ပြီး ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားကြတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၂၄ - အသွင်ပြောင်းခြင်း - မျက်ခုံးဝါ အင်ပါယာအဆင့် ပင်ဂွင်းသားရဲ

ပင်ဂွင်းများ ထွက်ပြေးသွားသည်ကို တွေ့သောအခါ ဖလိန်မီက ရေရွတ်လိုက်သည်။ “ကောင်းဖန်သာ ငါ့ကို မတားရင် မင်းတို့အားလုံးကို ကြွပ်ကြွပ်ကြော်ပေးလိုက်မှာ”

ပင်ဂွင်းများထိုနေရာတွင် မရှိတော့သောအခါမှ ကောင်းဖန်သည် ပင်ဂွင်းများရပ်နေသော နေရာအောက်မှ အနက်ရောင် တစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာသည် နေရောင်အောက်တွင် ပြောင်လက်နေသည်။

ကောင်းဖန်က ထိုနေရာသို့ သွားကြည့်လိုက်သောအခါ ထိုအရာသည် ရေခဲပြင်အောက်တွင် နစ်မြှုပ်နေသော သင်္ဘောတစ်ခု ဖြစ်နေသည်။ သင်္ဘောကိုယ်ထည်သည် ရေခဲပြင်အောက်တွင် ရှိနေပြီး ကျန်သောနေရာများက ရေခဲပြင်ပေါ်တွင် ထိုးထွက်နေကြသည်။

သင်္ဘောတွင် အဖြူရောင်နှင့် အပြာရောင်ပါ၀င်သော အလံတစ်ခု ရှိနေသည်။ အလံ အလယ်တွင် အညိုရောင်၀က်ဝံပုံတစ်ခု ရှိနေသည်။ ကောင်းဖန်သည် ထိုအလံမှာ အာတိတ်ဒေသကမှန်း ချက်ချင်း သိလိုက်သည်။

ထိုသင်္ဘောသဘ် အာတိတ်ဒေသ၏ စစ်သင်္ဘောတစ်စီး ဖြစ်နိုင်သည်။ ကောင်းဖန်သည် သင်္ဘောပေါ်တွင် ‌အမြှောက်များ၊ ရေဒါများနှင့် စစ်လက်နက်များကို မြင်နေရသည်။ သို့သော် တော်တော်များများကတော့ ပျက်စီးပြီး အေးခဲတောင့်နေကြပြီ ဖြစ်သည်။

ပင်ဂွင်းအချို့သည် ရေခဲပြင်တစ်နေရာမှ ထိုးထွက်နေသော ဂူတစ်ခုထဲ ၀င်သွားကြသည်ကို တွေ့သောကြောင့် ကောင်းဖန်သည် ထိုနေရာကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ခြေသံကို ကြားသောအခါ ‌မြေအောက်ထဲတွင် ရှိနေသော ပင်ဂွင်းများသည် ထိတ်လန့်ကုန်ကြသည်။ သူတို့သည် အချင်းချင်း တွန်းတိုက်နေပြီး ဂူပေါက်၀ရှိရာနှင့် အဝေးသို့ ဆုတ်နေကြသည်။

ကောင်းဖန်သည် ဂူအတွင်းကို မျက်လုံးမှေးစင်းပြီး ကြည့်လိုက်သည်။ ထိုဂူသည် စွန့်ပစ်ခဲ့တာ ကြာပြီဖြစ်သော ဓာတ်ခွဲခန်းကြီး တစ်ခုနှင့် တူနေသည်။

ကောင်းဖန်သည် ယခုမှပင် ဆက်စပ်ပြီး စဉ်းစားမိသည်။ ‌မြေအောက်ထဲရောက်နေသော စစ်သင်္ဘောနှင့် စွန့်ပစ် ဓာတ်ခွဲခန်း တစ်ခု..

ထိုပင်ဂွင်းများသည် ဓာတ်ခွဲခန်းသပ်ဖို့ ဖမ်းဆီးထားခဲ့ပြီးမှ တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ဟန် တူသည်။ ဓာတ်ခွဲခန်း၏ လက်ရှိအနေအထားအရ သားရဲတိုက်ခိုက်မှုများ ဖြစ်ထားခဲ့နိုင်သည်။ သေချာသည်ကတော့ ပင်ဂွင်းများသည် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုနေရာဒေသတွင် သာမာန်တိရိစ္ဆာန်များ နေနိုင်မည် မဟုတ်သော်လည်း ပင်ဂွင်းများကတော့ ‌အခက်အခဲမရှိ နေနိုင်ကြပေမည်။

ဒါကြောင့် မြောက်၀င်ရိုးစွန်းမှာ ပင်ဂွင်းတွေ ရောက်နေတာကိုး.. ကောင်းဖန်က တွေးလိုက်သည်။

ဓာတ်ခွဲခန်းသည် ထိုကဲ့သို့ အခြေအနေ ဖြစ်နေသော်လည်း လူသားအလောင်းများကိုတော့ မတွေ့ရချေ။ ဓာတ်ခွဲခန်း ပျက်ဆီးသွားပြီးနောက် လာရောက် ယူဆောင်သွားပုံရသည်။

သို့သော် ကောင်းဖန်သည် စစ်သင်္ဘောကို သံသယဖြစ်နေမိသည်။ လူသေအလောင်းများ ရှိမနေခြင်းသည် ကပ်ဆိုးဖြစ်နေတုန်း ထွက်ပြေးလွတ်မြောက်သွားနိုင်ကြခြင်းထက် သားရဲများ၏ အစားခံလိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ကြောင့် ကောင်းဖန်သည် သူတို့ကို အန္တရာယ်မပေးနိုင်သော ပင်ဂွင်းများကို ထားခဲ့လိုက်တော့မည်ဟုတွေးကာ ဂူထဲမှ ပြန်ထွက်လိုက်သည်။

ခပ်ဝေးဝေးကို ထွက်ပြေးသွားကြသော ပင်ဂွင်းအချို့ကတော့ နှင်းတောင်ကုန်း တစ်ခုပေါ်တွင် ရပ်ကြည့်ကာ ကောင်းဖန်ကို သေချာစူးစမ်းနေကြသည်။ တစ်ချက်တစ်ချက် သူတို့အနောက်မှ တစ်စုံတစ်ရာကိုလည်း လှမ်းကြည့်နေကြသည်။

နှင်းတောင်ထိပ်တွင် ရှိနေသာ ပင်ဂွင်းတစ်ကောင်သည် ခေါင်းကို နှိမ့်ချလိုက်ပြီးနောက် တစ်ချက် မြည်ကြွေးလိုက်သည်။

ထိုအခါ ကြီးမားသော အရာကြီးတစ်ခုသည် တောင်ကုန်းနောက်မှ ထွက်ပေါ်လာသည်။ ထိုအရာကြီး၏ အဝါရောင် မျက်ခုံးမွှေးများသည် ရေတံခွန်လို ဖြာကျနေပြီး မျက်လုံးကိုပင် ဖုံးအုပ်လုနီးပါး ဖြစ်နေသည်။

သူသည် တောင်ကုန်းကို ဖြေးညင်းစွာ တက်လိုက်သောအခါ တောင်ကုန်းသည် လွန်စွာ တုန်လှုပ်သွားပြီး ပြိုကျလာသည်။ သူသည် တောင်ထိပ်တွင် ရပ်လိုက်သောအခါ ကောင်းဖန်ပေါ်ကို ကြီးမားသော အရိပ်ကြီး ကျလာသည်။

[သားရဲအမည်] မျက်ခုံးဝါ အင်ပါယာအဆင့် ပင်ဂွင်းသားရဲ (အသွင်ပြောင်း)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲအဆင့်] - အဆင့် ၄၅

[သားရဲအမျိုးအစား] - ရေခဲ

[သားရဲစွမ်းအင်] - ရေခဲစွမ်းအင် အဆင့် ၃၊ အားသန်မာခြင်း အဆင့် ၃

[သားရဲဝိသေသ လက္ခဏာ] - အေးခဲသရဖူ (ပင်ဂွင်းခေါင်းပေါ်မှ ရှားပါးတော်၀င်သွေး အေးခဲမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်)

သက်ရောက်မှု - ရေခဲစွမ်းအင် + ၁

သက်ရောက်မှု ၂ - ရေခဲသရဖူထဲတွင် ရှိသော စွမ်းအင်ကို မြှင့်တင်ပြီး သူ့ဘေးတွင် ရေခဲစွမ်းရည်များ ဖန်တီးနိုင်

[သားရဲဖော်ပြချက်] - နဂိုက သာမာန် ပင်ဂွင်းတစ်ကောင် ဖြစ်သော်လည်း ‌အင်ပါယာအဆင့်ပင်ဂွင်း၏ သွေးကို ‌အထည့်ခံထားရသောကြောင့် အင်ပါယာအဆင့် ပင်ဂွင်းတစ်ကောင်အဖြစ် အသွင်ပြောင်းလာခြင်း ဖြစ်သည်။ သူသည် ဒေါသကြီးပြီး လူသားများကို မုန်းတီးသည်။

သူသည် ကောင်းဖန်ကို အမုန်းတရားများ ပြည့်နှက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

နောက်ထပ် လူသားတစ်ယောက်ပါလား.. ဒီကောင်ကရော ငါ့ကို ထပ်ပြီး စမ်းသပ်စစ်ဆေးဦးမှာလား..

သူသည် ယခင်က အချိန်များကို ပြန်အမှတ်ရသွားမိသည်။ သူ့မိသားစုသည် ရုတ်တရတ် အဖမ်းခံခဲ့ရပြီး အမှောင်ထဲတွင် အပိတ်ခံထားရကာ အေးစက်သော ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရသည်။ သူသည် တစ်ကောင်တည်း အသက်ရှင်ခဲ့သူဖြစ်ပြီး ကြီးမားသော စွမ်းအားကိုလည်း ရခဲ့သည်။

သူသည် သူ့တွင် စွမ်းအားရှိနေတာကို သိသွားပြီးပြီးချင်း ဓာတ်ခွဲခန်းထဲမှ သူများကို အကုန်သတ်ပစ်ပြီး စားခဲ့သည်။ သို့သော် သူ၏ အမုန်းတရားသည် မပြေပျောက်နိုင်ချေ။

သူသည် ထိုအချိန်မှစ၍ လူသားစားရသည်ကို အလွန်ကြိုက်လာသည်။ ဓာတ်ခွဲခန်းမှ ၀န်ထမ်းများသည် သူ့အတွက် အဆာပြေစာလောက်သာ ဖြစ်ပြီး ထပ်စားချင်နေသေးသည်။ သူသည် လူသားစား၊ လူ့သွေးသောက်ပြီး၊ လူရိုးများကို ကျွတ်ကျွတ် ဝါးချင်နေသည်။

သို့သော် မြောက်၀င်ရိုးစွန်းသည် လူသူအရောက်အပေါက်နည်းသော နေရာဖြစ်သည်။ ထို့ကြောင့် ကပ်ဆိုးကြီး အပြီးတွင် အချို့သော ရဲရင့်သူများသာ ထိုနေရာသို့ လာရဲကြသည်။

ပင်ဂွင်းကြီးသည် သူ၏ အာသီသစိတ်ကို မထိန်းချုပ်နိုင်စွာဖြင့် ကောင်းဖန်ဆီသို့ လျင်မြန်စွာ တဟုန်ထိုးသွားလိုက်သည်။

သူသည် လမ်းတစ်လျှောက် နှင်းကျနေသော ရှုခင်းများကို ဖြတ်သန်းကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အေးခဲသွားစေလိုက်သည်။

ထိုပင်ဂွင်းကို ရင်ဆိုင်ရန် ဂိုဒီရှိမနေသောကြောင့် ကောင်းဖန်သည် ထိုတိုက်ခိုက်မှုကိုတော့ ရှောင်ရန်ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူနှင့်အတူပါလာသော ကိုယ်ပိုင်သားရဲများကလည်း ထိုဒေသတွင် အရေးနိမ့်နိုင်သည်။

သို့သော် သူဘာမှမလုပ်ရသေးခင်မှာပင် ထိုးဖောက်၍ မရသော ရေခဲနံရံကြီးများသည် သူ့ပတ်ပတ်လည်တွင် ပေါ်လာသည်။ ထိုအရာများသည် လျင်မြန်စွာ ပေါ်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်ဂွင်းကြီးကလည်း သူ့အပေါ်နားသို့ ရောက်လာသည်။ သူသည် အလွန်လျင်မြန်သောကြောင့် ကောင်းဖန်မျက်လုံးထဲတွင် အမည်းရောင် အရာကြီးအဖြစ်သာ မြင်နေရသည်။

တစ်ချိန်တည်းမှာပင် ဖလိန်မီကလည်း ပင်ဂွင်းကြီးနှင့် မတိုက်မိစေရန် အမြင့်ကို ထပျံလိုက်ရသည်။ ‌သို့သော် ကောင်းဖန်ကလည်း ပင်ဂွင်းကြီး တိုက်တာကို ခံရတော့မည် ဖြစ်သောကြောင့် သူသည် လေထဲတွင် တွေဝေနေသည်။

အဖြူရောင်ဓားသွားသားရဲသည်လည်း စိတ်ပူနေသည်။ သူသည် ရန်သူများကို တစ်ချက်တည်း ရှင်းရာတွင်သာ အားသန်သူဖြစ်သည်။ ယခုလာနေသော အရာကြီးကိုတော့ သူလည်း မယှဉ်နိုင်သဖြင့် သူ့ကိုယ်သူ အသုံးမကျသလို ခံစားနေရသည်။

သို့သော် သူသည် ပင်ဂွင်းကြီးလာရာ လမ်းတွင် ပိတ်ရပ်နေပြီး ပြန်ကန်ထုတ်နိုင်ရင်တော့ အခွင့်အရေးရှိနိုင်သည်။ သို့သော် သူလုပ်နိုင်မည် မဟုတ်ကြောင်းကိုလည်း အသွေးအသားထဲက သိနေမိသည်။ မည်သို့ပင် ဖြစ်စေ သူသည် ကောင်းဖန်ရှေ့တွင် ရဲရင့်စွာ ရပ်နေလိုက်ပြီး အသက်စွန့်ကာကွယ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ကောင်းဖန်ကတော့ အရုပ်ဗူးလေးထဲမှ အရုပ်တစ်ခုလို အကန်ခံလိုက်ရမည့် အရေးကို ကြိုတွေးပြီး အသင့်ပြင်ထားလိုက်သည်။

ထိုအချိန်တွင် ခြင်္သေ့ဖြူလေးသည် အရှေ့ကို ခြေ ၄ လှမ်းတိုးလိုက်ပြီး ပင်ဂွင်းကြီးဆီကို တည့်တည့်ပြေးသွားလိုက်သည်။

“ခြင်္သေ့လေး” ကောင်းဖန်က အော်လိုက်သည်။

ထိုအချိန်တွင် ခြင်္သေ့ဖြူလေးသည် ဟိန်းဟောက်လိုက်ပြီး ထိုအသံသည် တဖြည်းဖြည်း ကျယ်လာသည်။

ခဏတွင်းချင်းမှာပင် သူ၏ ကိုယ်သည် တဖြည်းဖြည်း ကြီးလာသည်။ သူ့လည်ပင်းဘေးတွင် လည်ဆံမွှေးများ ပေါ်လာပြီး သူ၏ မျက်လုံးများသည် ရေခဲများနှင့် အပြိုင်အေးစက်နေသည်။ သူ၏ ကြွက်သားများသည် ကျောက်ဆောင်ကြီးလို တောင့်တင်းနေပြီး တစ်ကိုယ်လုံးသည် နဂိုအရွယ်အစားထက် အဆပေါင်း ထောင်ချီကာ ကြီးလာသည်။ သူသည် အနည်းဆုံး ၃၂ ပေခန့်ထိ ကြီးသွားသည်။

သူသည် ပင်ဂွင်းကြီးထက် ခေါင်းတစ်လုံးလောက်တော့ ပိုနိမ့်သေးသော်လည်း သူ့လောက်နီးပါးတောဘ ကြီးသွားပြီ ဖြစ်သည်။

ထို့နောက် သားရဲကြီး ၂ ကောင်သည် တိုက်လိုက်ကြပြီး ခြင်္သေ့ဖြူလေးက သူ၏ လက်သည်းကြီးများဖြင့် ပင်ဂွင်းကြီးကို တားလိုက်သည်။

သူ၏ ချွန်ထပ်လှသော လက်သည်းကြီးများသည် ပင်ဂွင်း၏ အသားထဲကို ‌ထိုးဖောက်နေသည်။ ရေခဲစွမ်းအင်များက ထိုလက်သည်းများထဲမှ ထွက်ပေါ်နေရာ ပင်ဂွင်းကြီးသည် အတွင်းပိုင်းမှ စပြီး အေးခဲသွားသည်။

ပင်ဂွင်းကြီးသည်လည်း ရေခဲအမျိုးအစား သားရဲ ဖြစ်နေရာ သူ၏ ကိုယ်သည် တဖြည်းဖြည်း အေးခဲလာကြောင်း သတိထားမိလိုက်သည်။ သူ၏ အဝါရောင် မျက်ခုံးမွှေးပေါ်တွင် ရေခဲလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် အေးစက်သောလေများက သူ့ဘေးတွင် စုလာပြီး သူ၏ လှုပ်ရှားမှုများသည် တဖြည်းဖြည်း နှေးကွေးလာသည်။

All Chapters