အခန်း (၄၂၅-၄၂၈)
Vol. 27 Ch. 425-428
အခန်း ၄၂၅ ဈေးကွက်သစ်
ထိုအချိန်တွင် ပင်ဂွင်းကြီး ခံစားနိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေသော အေးစိမ့်မှုကြီး ဖြစ်သည်။ ရေခဲအမျိုးအစား သားရဲတစ်ကောင်အနေဖြင့် သူသည် အေးခြင်းဆိုသည့် ခံစားမှုကို မသိခဲ့ပေ။
ဒါက အေးတယ်ဆိုတဲ့ ခံစားချက်ပေါ့.. ပင်ဂွင်း၏ မျက်လုံးများသည် လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် တဖြည်းဖြည်း အသိစိတ်မဲ့လာသည်။
ထိုအချိန်တွင် သူ့ခေါင်းပေါ်မှ သရဖူသည် လက်ခနဲ ဖြစ်သွားသည်။
ထို့နောက် ချက်ချင်းပင် သူသည် အသိစိတ်ပြန်၀င်လာပြီး တစ်ချက်မြည်ကြွေးလိုက်သည်။ ထိုအခါ စွမ်းအင်အချို့သည် သူ့ကိုယ်ထဲမှ ထွက်လာပြီး သူ့ကိုယ်ပေါ်တွင် ခဲနေသော ရေခဲများက စပြီး အက်ကွဲလာသည်။
“ရေခဲငရဲ” ပင်ဂွင်းကြီးသည် သူ၏ စွမ်းအင်ကို အော်ပြီး ထုတ်သုံးလိုက်သောအခါ မြေကြီးနှင့် လေထုသည် သိမ့်သိမ့်တုန်သွားပြီး အေးစက်သော လေထုသည် ထိုနေရာတစ်ဝိုက် လွှမ်းခြုံသွားသည်။ ရေခဲဆူးချွန်များသည် မြေကြီးထဲမှ အလွန်လျင်မြန်စွာ ထွက်ပေါ်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရေခဲဆူးချွန်ကြီးများသည် မိုးထိအောင် ထွက်ပေါ်လာတော့သည်။ ထိုရေခဲများကြားထဲတွင် မြူခိုးများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် မြည်သံတစ်ခုနှင့် အတူ ထိုမြူခိုးများပါ ခဲသွားပြီး ဆူးများအားလုံးကို ချိန်းကြိုးများသဖွယ် ရစ်ပတ်မိသွားသည်။
“မိုက်လိုက်တဲ့ စွမ်းအင်ပါလား” ကောင်းဖန်သည် သူ့ရှေ့မှ မြင်ကွင်းကို အံ့ဩတကြီး ကြည့်နေမိသည်။
“ငါကတော့ မမြင်ဖူးတာ မဟုတ်ပေမယ့် ဒီနေရာက မြောက်၀င်ရိုးစွန်းလေ.. ဒီပင်ဂွင်းက ဒီလို စွမ်းအင်မျိုးကို ယွိကျိုးမှာတော့ ထုတ်သုံးနိုင်ပါ့မလားပဲ” ခြင်္သေ့ဖြူလေးက ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သူသည် ပင်ဂွင်းကို အထင်မကြီးသည့် ပုံစံဖမိးနေသော်လည်း ပင်ဂွင်းကိုတော့ မျက်ခြေမပြတ်ကြည့်နေလေသည်။
ခြင်္သေ့သည် ပင်ဂွင်းဘေးမှ ထွက်ပေါ်နေသော စွမ်းအင်များကို ခပ်တည်တည်ပင် ကြည့်နေသည်။
ထို့နောက် ခြင်္သေ့သည် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သည်။ ထိုအခါ ရေခဲပြာရောင် မြူခိုးများသည် သူ့ပါးစပ်ရှေ့တွင် ပေါ်လာပြီး မျိုချခံလိုက်ရသည်။ သူသည် ပို၍စုပ်ယူလေ သူ့ရှေ့မှ ရေခဲဆူးချွန်များ၊ မြူခိုးချိန်းကြိုးများသည် တဖြည်းဖြည်း အားပျော့လာလေ ဖြစ်နေသည်။
သူသည် နောက်ဆုံးအနေဖြင့် အသက်ကို ၀၀ရှုလိုက်ပြီး စုပ်ယူလိုက်သည်။ ထိုအခါ ရေခဲများသည် ပြိုလဲသွားတော့သည်။ ထိုမြင်ကွင်းကို ပင်ဂွင်းကတွေ့သွားသောအခါ သူသည်ချက်ချင်း လှည့်ပြန်ပြေးလိုက်သည်။
ခြင်္သေ့ကတော့ သနားငဲ့ညှာမည့်စိတ် မရှိတော့ပဲ တစ်ချက်ဟိန်းလိုက်ကာ ပင်ဂွင်း၏ နောက်စေ့ကို လက်သည်းဖြင့် ရိုက်ချလိုက်သည်။
ပင်ဂွင်း၏ ကိုယ်သည် တစ်ချက်တုန်သွားပြီး မြေပြင်သို့ လဲကျသွားကာ အသက်မဲ့သွားတော့သည်။
ကိစ္စများပြီးသွားသောကြောင့် ခြင်္သေ့သည် ပင်ဂွင်းသွေးများပေနေသော လက်သည်းကို လျှာဖြင့် လျက်၍ သန့်ရှင်းရေးလုပ်နေသည်။ သူသည် လည်ဆံမွေးတွင် ကပ်နေသော ရေခဲမှုန်များကို တစ်ချက်ခါလိုက်ပြီးနောက် ကောင်းဖန်ရှိရာသို့ လျှောက်သွားလိုက်သည်။ သူသည် လျှောက်လာနေရင်းဖြင့် တဖြည်းဖြည်း သေးငယ်လာသည်။
ထိုစွမ်းရည်သည် ခြင်္သေ့ဖြူလေး ဘုရင်အဆင့် ရောက်သွားသောကြောင့် ရရှိလိုက်သည့် စွမ်းရည်အသစ်ဖြစ်သည်။ ထိုစွမ်းရည်ကို ကောင်းဖန်သည် စတွေ့ကတည်းက ရှိလာနိုင်မည်မှန်း သတိထားမိသော်လည်း အခုမှ ပေါ်လာခြင်း ဖြစ်သည်။
[သားရဲဝိသေသ လက္ခဏာ] - ရေခဲစားသုံးခြင်း
(ရေခဲဖြင့်မွေးပြီး ရေခဲဖြင့် သေဆုံးမှုစွမ်းရည် - အဖော်မဲ့ရေခဲခြင်္သေ့သည် ပြင်ပရေခဲစွမ်းရည်များကို စုပ်ယူပြီး ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။)
သက်ရောက်မှု ၁ - သူစုပ်ယူလိုက်သော ရေခဲစွမ်းအင်များသည် ၀မ်းဗိုက်ထဲတွင် သိုလှောင်မိသည်။ သတိထားရန်မှာ အလွန်အမင်း စုပ်ယူမှုများလျှင်တော့ ကိုယ်ကို ပြန်လည် ထိခိုက်မှု ဖြစ်စေနိုင်သည်။
သက်ရောက်မှု ၂ - စုပ်ယုထားသော ရေခဲစွမ်းရည်များအားလုံးကို တိုက်ခိုက်မှုတွင် ပြန်လည် လွှတ်ထုတ်အသုံးပြုနိုင်သည်။
ထိုစွမ်းရည်သည် အလွန်အသုံး၀င်သော်လည်း ရေခဲအမျိုးအစားသားရဲများကို တိုက်ခိုက်ရာတွင်တော့ ပို၍ သက်ရောက်မှု ရှိနိုင်သည်။ ထို့ကြောင့်လည်း ကောင်းဖန်က ပင်ဂွင်းနှင့် တိုက်ခိုက်ရာတွင် သိပ်ပြီး စိတ်မပူခြင်း ဖြစ်သည်။
ခြင်္သေ့သည်ပင်ဂွင်းထက် အဆင့်မြင့်ရုံသာမက ရေခဲအမျိုးအစားသားရဲတိုင်းကို အားပျော့သွားစေသည့် စွမ်းရည်ကိုလည်း ပိုင်ဆိုင်သွားခြင်း ဖြစ်သည်။
ဆီလီထံတွင် ဘာမသိပ်မထည့်ထားရသေးသောကြောင့် သားရဲအလောင်းများကို ထည့်ရသည်မှာ ပြဿနာမရှိပါချေ။ ကောင်းဖန်သည် ပင်ဂွင်းကြီး၏ အလောင်းကို ဆီလီထံတွင် ထည့်ထားလိုက်သည်။
ထိုသားရဲသည် စမ်းသပ်မှုများကြောင့် အသွင်ပြောင်းသွားခဲ့ဟန် တူသည်။ ကောင်းဖန်သည် ပင်ဂွင်းကို သုတေသန စမ်းသပ်မှုများအတွက် ဆက်လက်လုပ်ဆောင်နိုင်ဦးမည် ဖြစ်ကြောင်း သတိထားမိလိုက်သည်။
ကမ္ဘာပေါ်ရှိ ဒေသများ စုပေါင်း၍ မဟာမိတ်အစိုးရကို မတည်ထောင်ခင်က ကြီးမားသော ဒေသများသည် ကမ္ဘာပေါ်တွင် အရှိန်အဝါကြီးမားခဲ့ပြီး ဒေသငယ်များကို ဖိနှိပ်ခဲ့ကြသည်။
သို့သော် မဟာမိတ်အစိုးရဖွဲ့ပြီးနောက်တွင်လည်း စစ်ပွဲများသည် ဖြစ်နေဆဲဖြစ်ရာ ပဋိပက္ခများက မရပ်နားသေးပေ။
မျက်ခုံးဝါ အင်ပါယာအဆင့် ပင်ဂွင်းသားရဲသည် အာတိတ်ဒေသ၏ သုတေသန ရလဒ်ဖြစ်သည်။
“သားရဲ ၂ ကောင်ရဲ့ မျိုးဗီဇကို ပေါင်းစပ်ရင် မကောင်းတဲ့ ရလဒ်ဖြစ်လာဖို့ပဲ ရှိတယ်” ခြင်္သေ့က ခေါင်းကိုယမ်းရင်း ပြောလိုက်သည်။
“ဘယ်လိုမကောင်းတဲ့ ရလဒ်လဲ” ကောင်းဖန်က ပြန်မေးလိုက်သည်။
“ငါလည်း မသိဘုး.. အစမ်းသပ်ခံရတဲ့ သားရဲပေါ်မူတည်ပြီး သူ့ရဲ့စွမ်းရည် ပျောက်ဆုံးသွားတာကစလို့ အဆိုးဆုံး ကိစ္စတွေအထိ ဖြစ်သွားနိုင်တာပေါ့” ခြင်္သေ့က ကောင်းဖန်ကို အောင့်သက်သက်နှင့် ပြန်ဖြေလိုက်သည်။ ငါက လူသားလည်း မဟုတ်ဘူး.. နင်တို့ ပေါက်ကရလေးဆယ် လျှောက်လုပ်သမျှကို လိုက်သိရအောင် ငါက နတ်ဘုရားလား..
ခြင်္သေ့စိတ်ထဲတွင် လူသားများက ပင်ဂွင်းကို ထိုကဲ့သို့ စမ်းသပ်ခဲ့မှုအပေါ် မကျေမနပ် ဖြစ်မိနေသည်။
အဖြူရောင်ဓားသွားသားရဲကတော့ မြေပြင်တွင် လှဲနေရင်း ခြင်္သေ့ကို မုန်းတီးစွာ ကြည့်နေသည်။
သစ္စာဖောက်.. မင်းက ဒီလောက်တောင် ကြီးနေတဲ့ ကောင်ဖြစ်နေပြီး သေးသေးလေးနဲ့ အားပျော့ယောင်ဆောင် နေတာပဲ.. ငါ့ဘ၀မှာ ဒီလိုကလိမ်ကကျစ်ကျတဲ့ ခြင်္သေ့မျိုး မတွေ့ဖူးသေးဘူး..အဖြူရောင်ဓားသွားသားရဲသည် မကျေမနပ် ဖြစ်နေလေသည်။
သူတို့ပင်ဂွင်းကို ထည့်သိမ်းသည့် ကိစ္စပြီးသွားသောအခါ ကောင်းဖန်သည် တောင်ပိုင်းကို ဆက်လက်ခြေဆန့်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့သည် မြောက်ပိုင်း သားရဲများဖြစ်သည့် ရေခဲမိုး၀က်ဝံ၊ ပိုလာဝံပုလွေ၊ အပြာရောင်ဝိဉာဉ် ဝေလငါး၊ သွေးမည်း စင်ရော် စသည့် သားရဲမျိုးစုံနှင့် တွေ့ခဲ့ကြသည်။
ထိုသားရဲအများစုသည် ရေခဲ၊ ရေ၊ ယင်စွမ်းအင် အမျိုးအစားများ ဖြစ်ကြသည်။ အခြားသော အမျိုးအစား သားရဲများသည် မြောက်၀င်ရိုးစွန်းလို ပြင်းထန်သော ရာသီဥတု ရှိသည့် ဒေသများတွင် တွေ့ရခဲလှသည်။ အခြားသော သားရဲများသည် လုံး၀မရှိကြတာမဟုတ်ပဲ နေထိုင်ရန် ခက်ခဲကြတာ ဖြစ်သည်။
ထိုသားရဲများသည် မြောက်ပိုင်းတွင် အစာရှာဖို့၊ နေထိုင်ဖို့အတွက် မကိုက်ညီသည့်အပြင် ရေခဲအမျိုးအစား သားရဲများ၏ အနိုင်ယူခြင်း ခံရမှုများကြောင့်လည်း အသေအပျောက် များကြသည်။
ထိုအချင်းအရာသည် အခြားသော ဂေဟစနစ်များတွင်လည်း တွေ့နိုင်သည်။ သဘာ၀တရားကြီးသည် သက်ရှိများကို မျက်နှာမလိုက်တတ်သော်လည်း တစ်ခါတစ်ရံတွင်တော့ ထိုကဲ့သို့ ရက်စက်သည့် ခွဲခြားမှုကိုလည်း လုပ်ဖို့ ၀န်မလေးတတ်ချေ။
ထို့ကြောင့် အသက်ရှင်နေထိုင်ဖို့ ခက်ခဲနေသည့် သားရဲများအတွက် လုပ်ဆောင်စရာက ၂ ခုသာရှိသည်။ ထိုဒေသက ထွက်သွားမလား တခြားသားရဲတွေရဲ့ အစားခံမလားပဲ ဖြစ်သည်။ သားရဲလေ့ကျင့်သူများနှင့် သားရဲမုဆိုးများကြားတွင်တော့ စည်းမျဉ်းတစ်ခုရှိသည်။ မုဆိုးတစ်ယောက်က ရည်ရွယ်ထားသော အမျိုးအစား ရှိသည့်သားရဲကို အမဲလိုက်ဖို့ ဆုံးဖြတ်ထားသည်ဆိုလျှင် ထိုအမျိုးအစား ကြွယ်၀သော ဓာတ်စွမ်းအင်ရှိသည့် နေရာတွင်သာ အမဲလိုက်ရမည်ဟူသော စည်းမျဉ်းဖြစ်သည်။
သူတို့သည် တောင်ပိုင်းကို သွားနေရင်း အာတိတ်ဒေသ စစ်တပ်တွင် သုံးသော ကိုယ်ပိုင်သားရဲများကို တစ်ချက်ကြည့်ရင်း သတိထားမိလိုက်သည်။
အချို့သော ကိုယ်ပိုင်သားရဲများသည် လုံး၀မတူညီသော သားရဲအမျိုးအစား ၂ ကောင်၏ စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ အချို့သော အရာရှိများ၏ ကိုယ်ပိုင်သားရဲများဆိုလျှင် မျိုးစိတ်များစွာ ပေါင်းစပ်ထားသည့် ကိုယ်ပိုင်သားရဲများပင် ပိုင်ဆိုင်ထားသေးသည်။
ကောင်းဖန်သည် ထူထဲသော သံမဏိခေါင်းဆောင်း ဆောင်းထားသည့် ရေခဲတံခွန်၀က်ဝံတစ်ကောင်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်းပေါ်တွင် ချွန်ထက်သော ဂျို ၂ ခုရှိနေသည်။ ကျန်သော ခန္ဓာကိုယ်တွင်တော့ ထူထဲသည့် သံချပ်ကာကို ၀တ်ဆင်ထားပြီး အေးစိမ့်မှုကို ခံစားနေရသည်။
ကိုယ်ပိုင်သားရဲအများစုသည် လမ်းများပေါ်တွင် လူလုပ်ပစ္စည်းများကို ဆင်မြန်းရင်း လျှောက်သွားနေကြသည်။ ကောင်းဖန်သည် ထိုမြင်ကွင်းကို အနာဂတ်ကို ရိုက်ကူးပြထားသည့် စိတ်ကူးယဉ်ရုပ်ရှင်ကို ကြည့်နေရသလို ခံစားနေရသည်။
ကိုယ်ပိုင်သားရဲများကို လက်နက်များဆင်မြန်း ပေးထားခြင်းသည် အာတိတ်ဒေသ၏ ပြယုဂ် ဖြစ်သည်။ သို့သော် အာတိတ်ဒေသမှ သူများသည် တိုက်ခိုက်ခြင်းကို အားမပေးကြချေ။ သူတို့အတွက် သင်္ကေတ တစ်ခုအဖြစ်သာ လုပ်ထားကြခြင်း ဖြစ်သည်။
ငါတို့ ကုမ္ပဏီအတွက် သင့်တော်တဲ့ ဈေးကွက်သစ်တစ်ခု ဖြစ်လာနိုင်တာပဲ..
ကောင်းဖန်ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွားသည်။ သူသည် အာတိတ်ဒေသကို သူတို့ ကြိုက်နိုင်လောက်သည့် ကိုယ်ပိုင်သားရဲများကို ရောင်းပြီး ပိုက်ဆံကောင်းကောင်း ရှာနိုင်မည် မဟုတ်ပါလား..
***
သားရဲလေ့ကျင့်သူ
အခန်း ၄၂၆ ပျက်စီးခြင်း
အာတိတ်ဒေသအတွင်းတွင် ဖုန်းဆက်သွယ်ရန်နေရာတွေ့သောအခါ ကောင်းဖန်သည် သူ၏အဖိုးအား ဖုန်းခေါ်လေသည်။
သို့သော် ဖုန်းခေါ်သောအခါ ဧရိယာပြင်ပရောက်ရှိနေကြောင်း အလိုလျှောက်သွင်းထားသောအသံသာထွက်ပေါ်လာလေသည်။ ကောင်းဖန်သည် အနက်ရောင်မြူခိုးကမ္ဘာနှင့် ကုန်သွယ်ရေးလမ်းကြောင်းတည်ဆောက်ရန်အစီအစဉ်အား သူ၏အဖိုးအား ပါ၀င်ကြီးကြပ်စေချင်သည်။ ကောင်းဖန်သည် စိတ်ရှုပ်စွာဖြင့် ဖုန်းအားချလိုက်သည်။ သူ၏အဖိုးသည် လိုင်းမမိနိုင်သောနေရာတစ်နေရာ ရောက်နေဟန်တူသည်။ ကောင်းဖန်သည် ဖုန်းဆက်မရသဖြင့် ၎င်းကိုယ်တိုင်ပင် အကောင်အထည်ဖော်ရန် ဆောင်ရွက်လေသည်။
“သခင်လေးကောင်း” ကြမ်းတမ်းသော သားရဲများအားဖမ်းဆီးရန် အပ်နှံထားခြင်းခံရသော ဟွမ်းယာ က ခေါ်လိုက်သည်။ ကောင်းဖန်၏အနားတွင်တာ၀န်ထမ်းဆောင်နေခြင်းသည် သူ၏အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သည်ဟု ထင်မိသည်။ ယခုသူသည် သူ၏အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွင် ရာထူးအမြင့်ဆုံးဖြစ်လာပြီး နတ်ဘုရားအဆင့်သားရဲသုံးကောင်မျှ ဖမ်းဆီးရမိထားခဲ့လေသည်။
တောင်ပိုင်းကောင်းကင်အုပ်စုတွင် သူသည်ဂုဏ်သတင်းကျော်ဇောသူတစ်ဦးဖြစ်လေသည်။ ယခု တောင်ပိုင်းဘက်ကောင်းကင်အုပ်စုတွင်လည်း နှစ်ဂိုဏ်းကွဲလျက်ရှိသည်။ ကျီဟန့်ဝူသစ္စာခံများကတစ်ဖွဲ့ ရှုဟဲတိ ပဲ့ကိုင်လျက်ရှိသောတစ်ဖွဲ့နှင့်ကျန်သူများသည် ကောင်းဖန်၏သစ္စာခံများဖြစ်ကြလေသည်။ သို့သော်လည်း၎င်းတို့သည် ကျီဟန့်ဝူအားသစ္စာဖောက်ကြမည်ဟုဆိုလိုကြခြင်းမဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏နေရာရရေးအတွက် ကောင်းဖန်သည်သူ့အဖိုး၏ ဒါရိုက်တာနေရာဆက်ခံလျှင် ကောင်းဖန်၏သစ္စာခံများဖြစ်လာဖွယ်ရှိလေသည်။
၀န်ထမ်းများ၏သဘောထားကွဲပြားမှုများအား ရှောင်လွှဲ၍မရနိုင်ပေ။ တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်သဘောထားများသည် အသက်မဲ့သောစက်ရုပ်များမဟုတ်ကြသဖြင့် မတူညီကြပေ။ ကောင်းဖန်နှင့်သူ၏အဖိုးသည် ထိုအရာများအား စေ့စပ်ညှိနှိုင်းပေးရန် မလိုအပ်ပေ။
၎င်းတို့လုပ်ရန်မှာ အစီအစဉ်အတိုင်းသွားရန်ပင်ဖြစ်ပေသည်။ ကောင်းဖန်နှင့်သူ့အဖိုး၏အုပ်ချုပ်မှုအောက်တွင် အဖွဲ့များကြား ပဋိပက္ခများဖြစ်ပေါ်လာခြင်းမရှိပဲ တိုးတက်ပြောင်းလဲစေသော ပြိုင်ဆိုင်မှုများသာ ပေါ်ထွန်းလျက်ရှိပေသည်။
“သခင်လေးကောင်း ကျွန်တော့ကိုရှာနေတယ်ဆို” သူဖမ်းထားသည့် အဆင့်နိမ့်သောသားရဲများအား လှောင်ချိုင့်ထဲ၌သိမ်းဆည်းရင်း ကောင်းဖန်ဖုန်းဆက်သောကြောင့် အလျင်အမြန်ကိုင်လိုက်သည်။
“ဟုတ်ကဲ့..ကျွန်တော်နားလည်ပါပြီ.လူတစ်ချို့နဲ့သားရဲတွေပါခေါ်လာပြီး အာတိတ်ဒေသကိုလာခဲ့ပါမယ်” ဟွမ်းယာကပြောလိုက်သည်။
အနက်ရောင်မြူခိုးကမ္ဘာ၏တစ်ဘက်ခြမ်း လူကာဆာတွင် အထူးအာကာသကွက်လပ်တစ်ခု တည်ရှိနေသည်။
မြွေထည့်ထားသောအခန်းအားလုံခြုံစွာပိတ်ထားပြီး သတိပေးစာများလည်း နေရာအနှံ့တွင်ကပ်ထားလေသည်။ အခန်းရှေ့တွင်လည်းလက်နက်အပြည့်အစုံပါသောစစ်သားများသည် သေချာစွာစောင့်ကြပ်လျက်ရှိကြသည်။
ယူနီဖောင်းအဖြူနှင့်သုတေသီများသည် ထိုအခန်းတွင်း ၀င်လိုက်ထွက်လိုက်ဖြင့် ပျားပန်းခတ်လျက်ရှိလေသည်။
“မင်းတို့ဘာရှာတွေ့ကြလဲ.. ဒီသားရဲက ဘယ်အဆင့်ရှိလဲ” စစ်တပ်၀တ်စုံနှင့်အကြီးအကဲကမေးလိုက်သည်။
“သူ့အရေခွံကိုကြည့်ခြင်းအားဖြင့် ဘုရင်အဆင့်နဲ့အထက်ပဲလို့ခန့်မှန်းမိပါတယ်” သုတေသီတစ်ဦးက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ ဘုရင်အဆင့်ထက်မြင့်တယ်..” အကြီးအကဲကမျက်လုံးများအား ကျဉ်းမြောင်းရင်းဆိုသည်။ မဖြစ်နိုင်ကြောင်းခံစားမှုများကို ခံစားမိသလိုရှိနေလေသညိ။ သူ၏ရင်ဘတ်သည် နှလုံးခုန်မြန်လွန်းသဖြင့် အပေါ်အောက်ရွေ့လျားလျက်ရှိသည်။
“အဲဒီမြွေက အခု သေနေတာ ဟုတ်ရဲ့လား” နတ်ဘုရားအဆင့်သားရဲဟုဆိုသောကြောင့် ကြောက်လန့်စိတ်ဖြင့် သေချာအောင်မေးလိုက်သည်။ စွမ်းအားအဆင့်အရဆိုလျှင် ဘုရင်အဆင့်နှင့် နတ်ဘုရားအဆင့်ကြားတွင် ကွာဟမှုကြီးမားလေသည်။
၎င်းမြွေသည် အသက်ရှိနေသေးသည်ဆိုပါက အခြားသောဘုရင်အဆင့်သားရဲများထဲတွင် စွမ်းအားအကြီးမားဆုံးဖြစ်ပေလိမ့်မည်။
ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ.. ကပ်ကြီးအပြီးမှာ ရှာဖွေတွေ့ရှိမှုတွေထဲမှာ ဒီတစ်ခါကအကောင်းဆုံးသော ရှာဖွေတွေ့ရှိမှုပဲ..
ဘုရင်အဆင့်နှင့်အထက်သားရဲများ၏ အမြူတေသည် အခြားဘုရင်အဆင့်သားရဲများအား အဆင့်မြှင်တင်ရန်အသုံးပြုနိုင်ပေသည်။ ၎င်းတို့၏ အသား၊ ကိုယ်တွင်းကလီစာများနှင့်အရိုးများသည်ပင် တန်ဖိုးကြီးသော ပါ၀ငိပစ္စည်းများဖြစ်ပေသည်။
ထိုရုပ်ကြွင်းသည် ၎င်းတို့၏ အာဖရိကဒေသတစ်ခုလုံးအတွက် ထူးခြားသောအရာတစ်ခု ဖြစ်လာနိုင်သည်။ ၎င်းတို့၏အရာရှိသည်လည်း ကိုကန်ဒေသတွင် အတော်ဆုံးသားရဲလေ့ကျင့်သူအဖြစ် ရာဇ၀င်တွင်နိုင်ပေလိမ့်မည်။ ထိုသို့သော တွေ့ရှိမှုမျိုးသည် ကိုကန်ဒေသ၏ အရှိန်အဝါကိုမြင့်မားလာစေနိုင်သော ကိစ္စရပ်ပင်ဖြစ်ပေသည်။
ထိုအာဖရိကအရာရှိ၏ မျက်နှာသည် ပြုံးရွှင်လျက်ရှိပေသည်။ သူ၏နိုင်ငံနှင့်လူမျိုးအတွက်ပါ ဂုဏ်ယူနေမိလေသည်။ သူ၏အကြီးမားဆုံးမျှော်လင့်ချက်မှာ ၎င်းတို့၏ အာဖရိကနိုင်ငံအား ပို၍စွမ်းအားကြီးလာစေချင်ခြင်းပင်ဖြစ်လေသည်။
ဤကမ္ဘာသစ်တွင် အစိုးရက ပြည်နယ်များအားလုံးကို မဟာမိတ်ပြုလုပ်ထားသော်လည်း ၎င်းတို့၏ ကိုကန်ဒေသကဲ့သို့သော သေးငယ်သောဒေသများအား ခွဲခြားဆက်ဆံခံရခြင်းများကို ကြုံတွေ့ရလျက်ရှိလေသည်။
ထို့ကြောင့်သူသည် သူ၏နိုင်ငံအား ကိုယ်တိုင်ပင်စွမ်းအားကြီးလာအောင် လုပ်ဆောင်ရန်မျှော်လင့်လျက်ရှိပေသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူသည်စစ်တပ်အတွင်းသို့ ပထမဦးစွာ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပေသည်။
“ဒီကောင် သေနေတာ သေချာပါတယ်..ကျွန်တော်တို့ကရိယာအမျိုးမျိုးသုံးပြီးစစ်ကြည့်ပြီးပြီး..အသက်ရှိတဲ့လက္ခဏာမျိုးမတွေ့ရပါဘ”း” သုတေသီက ထိုသို့ဆိုလေသည်။ ထိုကြီးမားလွန်းသော မြွေကြီးကို တစ်ကမ္ဘာလုံးရှိကျောင်းသားများ၊ ပရော်ဖက်ဆာများနှင့် သုတေသီများသည် လွန်စွာစိတ်၀င်စားလျက်ရှိကြသည်။
ထိုမြွေ၏အလောင်းကိုစစ်ဆေးခွင့်ရသောသုတေသီများသည် ၎င်းတို့၏သက်ဆိုင်ရာနယ်ပယ်များတွင် အတော်ဆုံးသောသူများဖြစ်ကြလေသည်။ စမ်းသပ်ချက်များအဆင့်ဆင့်ပြုလုပ်အပြီးတွင် ၎င်းတို့သည် ထိုမြွေ၌အသက်မရှိကြောင်းသေချာကြလေသည်။
“ဒီလိုအခြေအနေကောင်းကို ဆက်ထိန်းသိမ်းပေးကြပါဦး” အရာရှိကပြောလိုက်သည်။ သူသည် ထိုသတင်းကောင်းကို ဒေသကောင်စီအား အမြန်ပင်သတင်းပို့ချင်လှပေသည်။
ရုတ်တရက်ပင် အရာရှိ၏ခြေထောက်များ တုန်တုန်ယင်ယင်ဖြစ်ကာ မြေပြင်သို့လဲကျလုနီးပါးဖြစ်လာလေသည်။ သူ့၏ဘေးတွင်ရပ်နေသော သုတေသီတစ်ဦးက သူ့အားထိတ်လန့်စွာပြောလေသည်။
“ကြည့်ပါဦးဆရာ”
ရုတ်တရက် ပြတင်းပေါက်မှမှန်များသည် အစိတ်စိတ်အမွှာမွှာကွဲကြေကုန်ကြသည်။ အဝါရောင်လည်ဆံမွှေးနှင့်ခြင်္သေ့သည် ပြတင်းပေါက်ကိုရိုက်ခွဲကာ ၀င်လာပြီး အရာရှိအားကော်လာမှဆွဲမကာ ခုန်ဆင်းသွားလေသည်။
ခြင်္သေ့၏ပါးစပ်တွင် ချီလျှက်ခေါ်ဆောင်သွားခြင်းခံရသော အရာရှိသည် အခြေအနေအား နားမလည်နိုင်အောင်ပင်ဖြစ်နေတော့သည်။ ဘေးသို့ကြည့်လိုက်လျှင် ကြီးမားသော မြွေကြီသည် အမိုးမှတဆင့်အဆောက်ဦးအတွင်းမှတိုးထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ၎င်း၏ခေါင်းများသည်လေထဲသို့ထွက်လာကာ အနက်ရောင်အကြေးခွံများမှ အနက်ရောင်မီးတောက်များထွက်ပေါ်လျက်ရှိသည်။ နံရံသည်အက်ကွဲလာပြီး ပြိုလဲသွားကာ အမဲရောင်မြူမှုန်များထွက်လာလေသည်။
အတောင်ပံပါသောသားရဲတစ်စုက ထွက်ပြေးရန်ကြိုးပမ်းကြသော်လည်း အနက်ရောင်မြူခိုးအတွင်းမှရုန်းထွက်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့ခန္ဓာကိုယ်များသည်အားအင်ယုတ်လျော့လာကာ အသား၊ အရိုး၊ အရေခွံနှင့် တောင်ပံမှအမွှေးတို့မှာပျော့တွဲလာကြပြီး ၎င်းတို့၏နောက်တွင်ထိုင်နေသော လေ့ကျင်သူများပါအရိုးစုသဏ္ဍာန်ကဲ့သို့ချက်ခြင်းပင် ပြောင်းလဲသွားကြလေသည်။
ထိုအနက်ရောင်မြူခိုးများသည် မြွေဆီမှထွက်လာခြင်းဖြစ်ပြီး နေရာအနှံ့အားပျံ့နှံကာ ထိုနီးတစ်ဝိုက်ရှိအရာအားလုံးကို ခြောက်သွေ့ညိုးရော်ခြင်းသို့ရောက်စေသည်။
မြွေသည်ကောင်းကင်ပေါ်သို့မော့ရင်း အန္တရာယ်ပြုမည့်ဟန်ဖြင့် အသံပြုလိုက်သည်။
အရာရှိ၏မျက်နှာသည် မည်းမှောင်လာပြီး ခန္ဓာကိုယ်သည်လည်းထိန်းသိမ်းမရနိုင်အောင်ပင် တုန်လှုပ်လျက်ရှိသည်။ “ငါတို့တော့သေပြီ..တစ်မြို့လုံးလည်း ကြမ္မာဆိုး၀င်ပြီ”
နေ့တစ်၀က်အကြာတွင် လူဆာကာမြို့တွင် ထုတ်ပြန်ကြေညာချက်တစ်ခုထုတ်လိုက်သည်။ ထိုအရာမှာ လူဆာကာမြို့ရှိ အာကာသကွက်လပ်အား အကြောင်းတစ်စုံတစ်ရာထပ်မံမထုတ်ပြန်သ၍ အကန့်အသတ်မရှိ ပိတ်ထားကြောင်း ကြေညာချက်ဖြစ်လေသည်။
အာတိတ်ဒေသရှိ တွမ်စ့်မြို့တွင် ကောင်းဖန်တို့သည် ဗီလာတစ်ခုငှားကာ နေထိုင်ကြသည်။ ဟွမ်းယာနှင့်သူ၏အုပ်စုတို့ ထိုနေရာသို့ ရောက်လာရန် အချိန်အတော်ကြာစောင့်ရပေဦးမည်ဖြစ်သည်။ တာ့ဇီ၊ ဂိုဒီနှင့်အခြားသောသူများကိုလည်း ထိုအုပ်စုနှင့်အတူခေါ်လာရန် မှာကြားထားလေသည်။ ကောင်းဖန်သည် တာ့ဇီနှင့် ဤမျှလောက်အချိန်ကြာကြာ ခွဲ၍မနေခဲ့ဘူးပေ။
တာ့ဇီသည်အားနည်းချက်များသော်လည်း ကောင်းဖန်ကသူ့အားချစ်ခင်သဘောကျဆဲပင်ဖြစ်လေသည်။
ကောင်းဖန်သည် ထိုနေရာတွင်နေကာ သူ၏သားရဲများအားလေ့ကျင့်ပေးရန်ပြင်ဆင်ကာ ၎င်းတို့နှငိ့အတူအမဲလိုက်ခရီးထွက်ရန်ကြံစည်မိလေသည်။ သူသည် အာတိတ်ဒေသသို့ရောကိခိုက်တွင် ထိုအခွင့်အရေးအား အကောင်အထည်ဖော်ချင်မိသည်။
“မစ္စတာကောင်း..လူဆာကာမြို့က အာကာသကွက်လပ်ကိုပိတ်သွားကြောင်း သတင်းရရှိပါတယ်” အားကစားစွတ်ကျယ်၀တ်ထားသော ရုရှားအမျိုးသားတစ်ဦးက ဗီလာအပြင်ဘက်မှအော်ပြောလေသည်။
“ခင်ဗျားအသံကိုလျှော့ပါဦး” ဓါတ်စမ်းပစ္စည်းထည့်ထားသော ဖန်ပေါင်းချောင်အား သေတ္တာထဲတွင်ထည့်ပြီးမှ ကောင်းဖန်သည် ဒေါသဖြင့်ပြန်ပြောလိုက်သည်။
ဘုရင်အဆင့်သို့အဆင့်မြင့်ပြီးနောက်ပိုင်းတွင် ရေခဲခြင်္သေ့သည် အကောင်းဆုံးအဆင့်သို့ ပြန်လည်လျော့ကျသွားခဲ့သည်။ ထိုအချင်းအရာသည် အချိန်တိုအတွင်းအဆင့်ကျဆင်းခြင်းထဲတွင် အကြီးမားဆုံးကွာဟမှုဖြစ်ပေသည်။ ကံကောင်းသည်မှာ ယခုကောင်းဖန်တို့သည် ရေခဲအမျိုးအစားပါ၀င်ပစ္စည်းမရှားပါးသော အာတိတ်ဒေသသို့ ရောက်နေကြခြင်းပင်ဖြစ်ပေသည်။
ကောင်းဖန်သည်ဓါတ်စမ်းပစ္စည်းပါသောပုလင်းအား ခြင်္သေ့သို့ပေးလိုက်ရာ ခြင်္သေ့သည် သူ၏လက်သည်းများဖြင့် ဓါတ်စမ်းပစ္စည်းတစ်စက်မျှပင်မကျစေပဲ ပုလင်းအားကျွမ်းကျင်စွာ ဖွင့်လိုက်လေသည်။
“လူဆာကာက အထူးအာကစကွက်လပ်ကပ်ကိုပိတ်လိုက်တယ်..ဘာအကြောင်းကြောင့်လဲ” ကောင်းဖန်ကမျက်မှောင်ကျုံ့ကာမေးသည်။
“ကြားရတာအရတော့ အနက်ရောင်မြူခိုးကမ္ဘာရဲ့အနက်ရှိုင်းဆုံးမှာရှိနေတဲ့ ဘုရင်အဆင့်ထက်မြင့်တဲ့သားရဲကို ရှာတွေ့သွားကြတယ်ကြားတယ်..အဲဒါကိုသူတို့တွေ့ကြတုံးက သေနေတယ်ပြီး အရူးကောင်တွေက ဦးနှောက်ဖွင့်ပြီး အမြူတေယူဖို့ကြိုးစားကြတာ..အဲမှာသားရဲကနိုးလာပြီး သူတို့လည်း အာကသကွက်လပ်ကို ပိတ်လိုက်ကြတော့တာပဲ..ငါအခုထိ အဲဒီအာကသကွက်လပ်ဆီမသွားရသေးပါဘူးဆို..”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၂၇ ကောင်းပြီ… ငါစားမယ်
ရုရှားလူကိုကြည့်ရတာ စိတ်ပျက်သွားဟန်တူသည်။ သူအစက တစ်ခြားကမ္ဘာထဲမှာ ဘယ်လိုနေလဲဆိုတာ အတွေ့အကြုံယူဖို့ လူကာဆာ အထူးဖောင် စီစဥ်ထားခဲ့တာဖြစ်သည်။
သူအရင်က လေ့ကျင့်ရေးဆင်းရင်း ဒူဘိုင်းရှိ ဝိဉာဉ်ဖောင်ကို တစ်ခါရောက်ဖူးသည်။ သို့သော် ဒူဘိုင်းကတစ်ခုက ထာဝရတည်မြဲနေသော ဖောင်ဖြစ်ပြီး လူကာဆာရှိ ဝိဉာဉ်ဖောင်ကတော့ အခြားကမ္ဘာတစ်ခုသို့ သွားနိုင်မည့် ဝင်ပေါက်ဖြစ်သည်။
တခြားကမ္ဘာတစ်ခုကို သွားရတာက တစ်ခြားတိုင်းပြည်တစ်ခုကို သွားလည်ရတာထက် ပို စိတ်လှုပ်ရှာစရာ ကောင်းလိမ့်မည်။
ဘုရင်အဆင့်ထက်မြင့်တဲ့ သားရဲဆိုပါလား… ကောင်းဖန် စိတ်ညစ်သွားသည်။ သူ့အဖိုးက အနက်ရောင်မြူခိုးကမ္ဘာထဲ မကြာခင်ကပဲ ရောက်နေမည်ထင်သည်။
မဟုတ်သေးဘူး… သူအခု ဘာတွေဖြစ်နေတယ်ဆိုတာ သတိထားမိပါ့မလား.. ငါခုထိမသိသေးဘူး.. သူသာ ဘာမှမသိပဲ ဝင်သွားရင်တော့ အသတ်ခံလိမ့်မယ်..
ပြီးတော့ ဝင်္ကပါကလည်း လုံခြုံစိတ်ချရမည်မဟုတ်။ ဘုရင်အဆင့်အထက် သားရဲက အိပ်ပျော်နေတယ်ဆို ကောင်းဖန် ဝင်္ကပါလုံခြုံရေးအတွက် စိတ်ပူနေဖို့မလို… အခု အဲဒါက နိုးထလာပြီဆိုတော့ ဒီကောင် ဝင်္ကပါကို ဘယ်တော့ အာရုံစိုက်မိသွားမလဲ မသိနိုင်ပေ။
ဝင်္ကပါက လူကာဆာ ဝိဉာဉ်ဖောင်နဲ့ မိုင် ၆၀၀ ခန့်သာဝေးသည်။ ဒီအကွာအဝေးက သားရဲတွေအတွက် ရောက်လာဖို့ အချိန်သိပ်ယူရမည်မဟုတ်ချေ။
ဘုရင်အဆင့်အထက်တွင် နောက်ထပ် အဆင့် ၂ ခုရှိကြောင်း ကောင်းဖန်သိသည်။ ဧကရာဇ်အဆင့်နဲ့ အရှင်သခင်အဆင့်ဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ အနက်ရောင်မြူခိုးကမ္ဘာကို ကျူးကျော်နေသည့် အနက်ရောင်မြွေကြီးက ဘယ်အဆင့်လဲဆိုတာ သူမသိချေ။ အကယ်၍ အဲဒါက ဧကရာဇ်အဆင့်သားရဲဆိုရင် သူ ရင်ဆိုင်နိုင်လိမ့်ဦးမည်။ သို့သော် အရှင်သခင်အဆင့်သားရဲသာ ဖြစ်နေရင်တော့…
ဘန်ရှက်ဖ်ဟုအမည်ရသော ရုရှားလူက “ဟုတ်သားပဲ ကောင်းဖန် မင်းတို့ ဟွာရှားမှာ သိပ်မကြာသေးခင်ကပဲ ထာဝရတည်မြဲတဲ့ ဝိဉာဉ်ဖောင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်မဟုတ်လား”
“ဟုတ်တယ် ငါ့အိမ်တံခါး အပြင်ဖက်လေးမှာတင်ပဲ” ကောင်းဖန်က အပြုံးဖြင့်ပြောသည်။
ဘန်ရှက်ဖ်၏မျက်လုံးများအရောင်တောက်သွားသည်။ “အခွင့်အရေးရရင် ငါ တစ်နေ့နေ့တော့ လာလည်ချင်သေးတယ်”
“လာခဲ့လေ… ငါ မင်းကို လိုက်ပြပေးမယ်”
ဘန်ရှက်ဖ်က ပြည်တွင်းတွင် လူသိများသော မိသားစုတစ်ခု၏ ဒုတိယသားဖြစ်သည်။ သူ့တွင့် ဘိုးဆာ့ချ် ဟုခေါ်သော မိသားစုစီးပွားရေးကို တာဝန်ယူထားရသည့် အကိုတစ်ယောက်ရှိသည်။ ဘန်ရှက်ဖ်က ဒီလိုအရာတွေ စိတ်မဝင်စားပေ။ သူက သူ့သားရဲတွေကို လေ့ကျင့်ပေးရင်းနဲ့ အချိန်ဖြုန်းရတာ ပိုကြိုက်သည်။
သူ့မိသားစုကလည်း ဒါကို အားပေးကြသည်။ ဘန်ရှက်ဖ်က သူ့မိသားစု အရှိန်အဝါနဲ့ သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုကြောင့်ပါ တိုမက်စ်ခ် လေ့ကျင့်သူအသိုက်အဝန်းတွင် အတော်လေး နာမည်ရလာသည်။
“ဒါနဲ့ မင်းအတွက် မြို့လည်ခေါင်မှာ စတိုးတစ်ခု စီစဥ်ထားပေးပြီးပြီ… အတော်လေးကြီးတယ်… မင်းရဲ့ဖွင့်ပွဲနေ့ကြရင် ငါလာပြီး ပိုပွဲစည်သွားအောင် လုပ်ပေးမယ်” ဘန်ရှက်ဖ်က ပျော်ရွှင်စွာပြောလိုက်သည်။
“ကျေးဇူးပါ မင်းကို ဒီအတွက်တော့ မင်းကိုပဲ အားကိုးလိုက်တော့မယ်.. မင်းသူငယ်ချင်းတွေလည်း ခေါ်လာရင် ခေါ်လာလို့ရတယ်… တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့ သားရဲတွေက မင်းကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး” ကောင်းဖန်က ပြုံးရင်း ပြောလိုက်သည်။
အာတိတ်ဒေသခံတစ်ယောက်ကို စကားပြောရတာ ဉာဏ်ကြွယ်ဖို့ မလိုပေ။ သူတို့လေးစာသဘောကျဖို့ဆို တည့်တိုးဆန်ဖို့ပဲလိုသည်။
နောက်တစ်နေ့တွင်ကျီဟန့်ဝူ ကုမ္ပဏီကနေ ကောင်းဖန်ဆီဖုန်းဆက်ခဲ့သည်။
“ငါ ပြန်ရောက်ပြီ”
“တော်သေးတာပေါ့” ကောင်းဖန် သူ့အဖိုးဆီက ထိုစကားကြားလိုက်ရ၍ စိတ်သက်သာရာ ရသွားသည်။
“မင်း အဖိုးကို စိုးရိမ်ဖို့မလိုပါဘူး… အဖိုးက ဘယ်လို အခြေအနေမဆို ရှောင်ထွက်နိုင်မယ့် နည်းလမ်းတွေ အမြဲရှိတယ်… မင်း အာတိတ်ဈေးကွက်ထဲ ထိုးဖောက်ဖို့ကြိုးစားနေတာ ကောင်းတယ်.. ငါကိုယ်တိုင် အရင်တည်းက လုပ်ချင်နေခဲ့တာ… ကံမကောင်းစွာနဲ့ပဲ ငါက အရင်လို လူငယ်လေး မဟုတ်တော့ဘူးလေ”
ဆိုင်တွင် ဆန်းဆန်းပြားပြား ပရိဘောဂများနဲ့ ပြင်ဆင်ဖို့ မလိုဟု ကောင်းဖန်ထင်သည်။ တကယ်လိုတာက ခပ်ရိုးရိုးရှင်းရှင်း ငွေသိမ်းကောင်တာတစ်ခု၊ အိမ်သာနဲ့ ကုန်ပစ္စည်းတွေ ထည့်ဖို့ ကျောက်လှောင်အိမ် အနည်းငယ်လောက်သာဖြစ်သည်။
တပတ်ကြာသော် အာတိတ်ဒေသသို့ သူ့လက်အောင်ငယ်သားနဲ့ သားရဲများပါခေါ်ပြီး ဟွမ်းယာရောက်လာသည်။ သူတို့ ယွိကျိုးကနေ ဒီထိ လေယာဥ် စီးလာခဲ့ခြင်းဖြစ်သည်။
သူတို့အများစုက အာတိတ်ဒေသကို တစ်ခါမှ မရောက်ဖူးကြပေ… ထို့ကြောင့် ရှုခင်းအပြောင်းအလဲများကို မြင်ပြီး သိသိသာသာ စိတ်လှုပ်ရှားနေကြသည်။
“သခင်လေးကောင်း” ဟွမ်းယာက သူ့ရဲ့ နတ်ဘုရားအဆင့် သားရဲသုံးကောင်းနဲ့အတူ ရှေ့သို့ ခြေလှမ်းလာသည်။
“တော်တယ်… ပင်ပန်းနေရောပေါ့”
“လုံးဝ မပင်ပန်းပါဘူး”
နောက်တစ်နေ့တွင် အသစ်ပြင်ဆင်ထားသော တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း၏ တိုမက်စ်ခ်ရှိ လက်လီဆိုင်ခွဲ ကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ဒါက အာတိတ်ဈေးကွက်သို့ ကောင်းဖန်၏ပထမဆုံး ကျူးကျော်သိမ်းပိုက်ခြင်းဖြစ်သည်။ အကယ်၍ သူသာ ဒေသခံတွေဆီက တုံ့ပြန်ချက်ကောင်းတွေ ရခဲ့မည်ဆိုရင် အာတိတ်ဒေသတစ်ခုလုံးကို စီးပွားချဲ့ထွင်နိုင်မည်ဖြစ်သည်။ အဲလိုဆို သူအာတိတ်ဒေသကို အသုံးချပြီး သူ့ရဲ့စီးပွားရေးကို အာရှ-ပစိဖိတ်နဲ့ ဥရောပအထိ ဆက်ချဲ့နိုင်မည်ဖြစ်သည်။
အသစ်ဖွင့်လိုက်သော စတိုးဆိုင်က လမ်းပေါ်သွားလာနေသော အာတိတ်ဒေသခံတို့၏ စူးစမ်းဟန်အကြည့်ကို ဆွဲဆောင်လိုက်သည်။ အတော်များများက ဒီဆိုင်က ဟွာရှားဒေသခံတစ်ဦးဖွင့်ထားတယ်ဆိုတာ ကြားထားကြပြီး သူတို့ နားမလည်သော ပစ္စည်းများကို အလွန် စိတ်ဝင်စားနေကြသည်။
“ဒါ ဘာရောင်းတဲ့ဆိုင်တုန်း”
“သားရဲဆိုင်လို့ကြားတယ်”
“မိုက်မယ့်ပုံပဲ… ဟွာရှားက သားရဲတွေကရော သူတို့လေ့ကျင့်သူတွေလို ဟိတ်ကြီးဟန်ကြီးပုံပဲလား”
“ငါကြားတာတော့ ဟွာရှားမှာဘုရင်အဆင့် သားရဲတွေရှိတယ်တဲ့”
“အမှန်ပဲ… ဘုရင်အဆင့်သားရဲတွေက တော်တော် မိုက်တယ်.. ဒါပေမယ့် ဆိုင်ရှင်မှာတော့ လုံးဝကို ရှိစရာအကြောင်း မရှိဘူး… သူ့မှာသာ ဘုရင်အဆင့်သားရဲရှိတယ်ဆို ငါ့သားရဲရဲ့ အညစ်အကြေးတွေကို ငါကိုယ်တိုင် လျှာနဲ့ယက်ပြီး သန့်ရှင်းရေး လုပ်ပေးလိုက်မယ်”
အာတိတ်ဒေသခံတစ်စု ရယ်မောလိုက်ကြသည်။
ဟွမ်းယာ ဆိုင်ထဲကထွက်လာပြီး သူ့နောက်က ကြောက်စရာ ကြမ်းတမ်းသော ပင့်ကူအမ ပါလာသည်။ ပင့်ကူက တစ်ချိန်လုံး စတိုးဆိုင်ထဲတွင် သက်တောင့်သက်သာ မရှိစွာ ကွေးပြီးနေနေခဲ့ရသည်။ အခု အပြင်ရောက်တော့ အရင်ထက်ပိုပြီး စိတ်ပေါ့ပါးနေပုံရသည်။
သူ့ရဲ့ ခန္ဓာကိုယ်အကြီးကြီးကို ဆန့်ထုတ်ပြီး အေးစက်၍ကြောက်စရာကောင်းသော လူသတ်လက်နက်ဖြစ်သည့် သူ့လက်တံများကို ဖြေလျော့လိုက်သည်။ ပင့်ကူကို မြင်လိုက်ရသူတိုင်သည် တောင့်တင်းသွားကြသည်။ လမ်းပေါ်က ကြည့်နေသူအားလုံး ပင့်ကူကို ခပ်ကြောင်ကြောင် စိုက်ကြည်နေမိကြသည်။
အာတိတ်ဒေသက တိရိစ္ဆာန်များက သဘာဝအားဖြင့်ပင် ကြီးမားကြသည်။ သို့သော် ပင့်ကူမကဲ့သို့ တိရိစ္တာန်မျိုးကို တွေ့ရဖို့ကတော့ အာတိတ်ဒေသတွင်ပင် ခဲယဥ်းသည်။
သူ့ထံက အေးစက်သော နက်ဘုရားအဆင့် အငွေ့အသက်များ ပြန့်နေသည်။ သူ့စက်ကွင်းအတွင်းတွင် မိနေကြသော သားရဲရော လူသားရော ချက်ချင်းပင် သူတို့အပေါ်သို့ လွှမ်းမိုးနေသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ နတ်ဘုရားအဆင့်နဲ့အထက် သားရဲနှင့် သားရဲလေ့ကျင့်သူတို့သာ တခြား နတ်ဘုရားအဆင့်သားရဲတစ်ကောင်၏ အယောင်အဝါကို ဘာမှမဖြစ်သလို ခံနိုင်ရည် ရှိမည်ဖြစ်သည်။ တဖက်တွင်တော့ နတ်ဘုရားအဆင့်အောက်တွေက သိပ်မကောင်းပေ။ သူတို့ ချက်ချင်းပင် သက်ရောက်မှု ကို ခံစားလိုက်ရသည်။
နတ်ဘုရားအဆင့်ကို မတွန်းလှန်နိုင်အောင် အားနည်းလွန်းသော သားရဲများက လုံးဝကို မလှုပ်နိုင်ဖြစ်သွားလိမ့်မည်။
ကောင်းဖန်က နတ်ဘုရားအဆင့်သားရဲများကို လွယ်လွယ်ကူကူဟန်ဖြင့် လေ့ကျင့်ထိန်းကျောင်းနေသော်လည်း အမှန်က နတ်ဘုရားအဆင့် မကောင်းဆိုးဝါး၊ နတ်ဘုရားအဆင့် သားရဲဆိုသည်က ဒီနေ့ကမ္ဘာလူဦးရေ၏ ရာခိုင်နှုန်း အနည်းငယ်မျှလေးသာ ရှိသည်။
နတ်ဘုရားအဆင့်သားရဲကို ပိုင်ဆိုင်ထားသည့် သားရဲလေ့ကျင့်သူက ဘယ်မြို့တွင်ဖြစ်စေ ခုထိ အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိသည်။ သို့သော် အရေအတွက် တိုးလာသည်နဲ့အမျှ နတ်ဘုရားအဆင့် သားရဲများကြားတွင် အပေါ်အောက် အဆင့်ခွဲခြားမှုက ဖြည်းဖြည်းချင်း ပုံပေါ်လာနေသည်။
အခုဆို အားကောင်းတဲ့ နတ်ဘုရားအဆင့် သားရဲနဲ့ အားနည်းတဲ့ နတ်ဘုရားအဆင့်သားရဲဆိုပြီး ခွဲထားပြီဖြစ်ပြီး သဘာဝကျစွာပဲ အားနည်းသည့်ကောင်များက အားကောင်းသည့်ကောင်များ၏ အမဲလိုက်ခြင်းကို ခံရသည်။ သို့သော် အားအနည်းဆုံး နတ်ဘုရားအဆင့် သားရဲကတောင် ဒီလူတွေအတွက်တော့ မယုံနိုင်အောင် စွမ်းအားရှိသည်ဟု ခံစားရသည်။
“ဒီဆိုင်မှာ နတ်ဘုရားအဆင့် ထိန်းကျောင်းသူ အလုပ်လုပ်တယ်ဟ… ငါပြောခဲ့တာတွေ အကုန် ရုတ်သိမ်းတယ်… ဘာပဲဖြစ်ဖြစ် စတိုးဆိုင်ကို ဝင်ကြည့်သင့်တယ်”
“အာတိတ်ဒေသက ပြည်သူအပေါင်းတို့.. ဒါက တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့ အာတိတ်ဒေသမှာ ဖွင့်ထားတဲ့ ပထမဆုံးသော လက်လီစတိုးပါ… ဒီနေ့ကျွန်တော်တို့ ဆိုင်စဖွင့်ထားကာစဆိုတော့ ၉ နာရီမတိုင်ခင်ထိ ဘာဝယ်ဝယ် ၅% ဈေးချပေးပါမယ်” ဟွမ်းယာက အော်သည်။
“ခင်ဗျားတို့အများစု တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းနဲ့ မရင်းနှီးလောက်ဘူးထင်ပါတယ်… ဒါကြောင့် ကျွန်တော်တို့ အဖွဲ့အစည်းကို မိတ်ဆက်ပေးခွင့်ပြုပါ” တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းအကြောင်း ပြောသောအခါ ဟွမ်းယာက ဂုဏ်ယူစွာ ရင်ကိုကော့ထားသည်။
“ကျွန်တော်တို့က ဘုရင်အဆင့်သားရဲ ၂ ကောင် ပိုင်ဆိုင်တဲ့ ဟွာရှားဒေသရဲ့ တစ်ခုတည်းသော အဖွဲ့အစည်းပါ”
စတိုးဆိုင်ကို ဟာသလုပ်ရီမောနေခဲ့သော လူက ရှက်ရွံ့သွားသည်။ သူ့နားရှိလူများကို လက်သီးဆုပ်ဝေ့ပြ လိုက်ရင်း ပြောလိုက်သည်။ “ကောင်းပြီ ငါ ငါ့သားရဲရဲ့ အညစ်အကြေးတွေကို စားပါမယ် အရူးကောင်တွေရဲ့”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၂၈ ဂျို ၆ချောင်း ဝံပုလွေ
“မင်းကို ဘယ်သူမှ စိန်ခေါ်ပြီး မလုပ်ခိုင်းပါဘူး” ကောင်းဖန်က ထိုလူအနောက်နားသို့ ကပ်လာပြီး သူ့ပုခုံးကို ဖွဖွပုတ်လိုက်သည်။
“ဘာတွေပြောနေတာလဲ… ငါ့သားရဲရဲ့အညစ်အကြေးကို စားရမှာကို ငါကြောက်နေတယ်လို့ နည်းနည်းလေး တောင် မတွေးလိုက်နဲ့” ထိုလူက ဒေါသတကြီးပြောလိုက်သည်။
ကောင်းဖန်က ရယ်လိုက်သည်။ သူ ထိုလူ၏ခေါင်းမာမှုကို အထင်ကြီးမိသွားသည်။
“ဒီနေ့ ဘာအညစ်အကြေးစားတာမှ မရှိရဘူး… ပြီးတော့ ငါတို့ ပထမဆုံးဆိုင်စဖွင့်တဲ့နေ့မှာ ဒါမျိုးလုပ်မယ်ဆို ကျက်သရေ မရှိဘူးလေ” ကောင်းဖန်ကပြောသည်။ “မင်း စိတ်ဝင်စားရင် ငါတို့ဆိုင်ကို ခဏဝင်ပြီး လာကြည့်ပါ… ငါတို့ သားရဲတွေအားလုံးက ကြီးမားပြီး သန်မာတယ်… မင်းကြိုက်တာ တစ်ခုခုတော့ တွေ့မယ်ဆိုတာ သေချာတယ်”
သူ့သားရဲ၏အညစ်အကြေးကို မစားရတော့ဘူးဆိုတာ ကြားလိုက်ရတော့ ထိုလူ စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်သည်။ သူ ဒါကို မာနကြောင့်သာ ပြောလိုက်ခြင်းဖြစ်သည်။
သားရဲပိုင်ဆိုင်ဖို့ဆိုတာကတော့ သားရဲဆိုတာ တစ်ဘဝစာ အဖော်ဖြစ်သည်။ ဆုံးဖြတ်ချက်မချခင် သေချာ စဥ်းစားဖို့ လိုသည်။
“ငါတို့သားရဲတွေရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး မင်းတို့ သံသယဖြစ်နေမယ်ဆိုတာ နားလည်ပါတယ်… အထူးသဖြင့် တိုက်ခိုက်ရည်စွမ်းရည်နဲ့ ပတ်သတ်လို့ပေါ့… ဒါပေမယ့် စိတ်ချပါ… ငါတို့ရဲ့ လက်ရွေးစင်တွေက မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး” ဟွမ်းယာက သားရဲ ၂ကောင်ကို လှောင်အိမ်ကနေ ဆွဲထုတ်ရင်းပြောလိုက်သည်။
တစ်ကောင်က အာတိတ်ဒေသတွင် တွေ့နေကျ ရေခဲဝက်ဝံဖြစ်သည်။ အရွယ်ရောက်ပြီးသား ရေခဲ ဝက်ဝံတစ်ကောင်က ၁၆ ပေကနေ ၂၂ ပေထိ အရှည်ရှိနိုင်သည်။ တည်ငြိမ် အေးဆေးသော သတ္တဝါဖြစ်ပြီး ကြမ်းတမ်းသော ပေါက်ကွဲမှုမျိုး မလုပ်တတ်ပေ။ တိုက်ခိုက်မှု၊ ကာကွယ်မှုအပိုင်းတွင် သာမာန်ထက်ပိုသော သားရဲဖြစ်သည်။ ရေခဲဝက်ဝံက အာတိတ်ဒေသကို ကိုယ်စားအပြုဆုံး သတ္တဝါဖြစ်သည်။
ဆိုင်အပြင်ဖက်ရှိ လူ ၁၀၀ လောက်က အနည်းဆုံး လူ ၃၀ လောက်တွင် သားရဲအဖြစ် ရေခဲဝက်ဝံရှိကြသည်။ အာတိတ်ဒေသ၏ ဘယ်နေရာတွင်မဆို တွေ့ရနိုင်သော သားရဲဖြစ်သည်။ အာတိတ်ဒေသတွင် သူ၏ ကျော်ကြားမှု က ဒေသတွင်း သူ၏ခွန်အားကို အသိအမှတ်ပြုခြင်းကြောင့်ပင်ဖြစ်သည်။
လှောင်အိမ်ထဲက ဆွဲထုတ်ခံရသော ဝက်ဝံတွင် အာတိတ်ဒေသထွက် အဆင်တန်ဆာများ ဆင်ယင်ထား သည်။ သူ၏ ခုခံစွမ်းကို ထောက်ပံ့ပေးရန်အတွက် ဝက်ဝံကို သတ္တုစပ် ခေါင်းဆောင်း၊ လက်သည်းစွယ်နှင့် ရင်ဘတ်အကာ ဝတ်ဆင်ပေးထားသည်။ ထိုအရာအားလုံးက အာတိတ်ဒေသရှိ ယောကျ်ားတိုင်း လိုချင်ကြသော အသွင်အပြင်ဖြစ်သည့် ယောကျ်ားဆန်သည့် အရှိန်အဝါတွေ လျှံထွက်နေသည်။
သို့သော် အာတိတ်ဒေသခံများကို မျက်မှောင်ကျုံ့သွားစေသည်က ဒီ ၂၂ ပေရှိသော ရေခဲဝက်ဝံက ရှက်နေတဲ့ ကျောင်းသူလေးလို လှောင်အိမ်ကနေ ထွက်ဖို့ကို အရမ်းကြောက်လန့်နေတဲ့ ပုံပေါ်နေတာပဲဖြစ်သည်။
သူ့ဘေးတွင်တော့ လူနဲ့ဆင်သော မီးခိုးရောင် သတ္တဝါတစ်ကောင်ရှိနေသည်။ ပုံစံက အနောက်တိုင်း ဒဏ္ဍာရီတွေထဲက သမန်းဝံပုလွေနဲ့ဆင်တူသည်။ သူ့ရဲ့နောက်ခြေထောက်များက ကွေးနေပြီး အလွန်တော်သော ခုန်အုပ်သူတစ်ယောက်ပုံပေါ်နေသည်။ သူ့လက်သည်းများက ချွန်မြ ခိုင်မာနေပြီး ခေါင်းတွင် ဂျို ၆ချောင်း ပေါက်နေသည်။ သူ့မျက်လုံးများက အဝါရောက်ဖြစ်ပြီး ညကဲသို့ နက်မှောင်နေသည်။
[သားရဲအမည်] - ဂျို ၆ချောင်း ဝံပုလွေ
[သားရဲအဆင့်] - အဆင့် ၃၀ (ကွန်မန်ဒါအဆင့်)
[သားရဲစွမ်းရည်] - အကောင်းဆုံး
[သားရဲအမျိူးအစား] - သွေး
[သားရဲ ဝိသေသလက္ခဏာ] - သွေးဆာမှုအဆင့် ၁၊ လက်သည်းချွန်မြမှု အဆင့် ၁
[သားရဲ ဖော်ပြချက်] - အပြင်ပန်းတွင် ကြောက်စရာသတ္တဝါဟု ထင်ရသော်လည်း တကယ်တမ်းတွင် စိတ်နှလုံး ကောင်းသူဖြစ်သည်။ ဂျို ၆ချောင်း ဝံပုလွေများက နှင်းမုန်တိုင်းထဲတွင် လမ်းပျောက်နေသူများကို အိမ်ပြန်ဖို့ကူညီပေးကြသူများဟုဆိုသည်။ လမ်းပျောက်နေတဲ့ ဝိဝိဉာဉ်တွေကို အအေးတောထဲ ခဲသေစေမည့်အစား သူတို့ရဲ့ နွေးထွေးတဲ့ ဝမ်းဗိုက်ထဲ သိမ်းပေးလိုက်တာထက် ပိုကောင်းတဲ့နေရာ ဘယ်ရှိပါ့မလဲ.. တစ်ခြားပြောရရင်တော့ ဒီသတ္တဝါများက လမ်းပျောက်နေသော ခရီးသည်များကို လူတွေကိုခေါ်မသွားသင့်သော နေရာဆီ လမ်းပြပေးတတ်သည့် အကျင့်ရှိကြသည်။
ဟွမ်းယာက အာတိတ်ဒေသ၏ပြင်းထန်သော ရာသီဥတုကို ခံနိုင်ရည်ရှိမည့် ကွန်မ်ဒါအဆင့်သားရဲများကိုသာ သူနဲ့အတူ ရွေးခေါ်လာခြင်းဖြစ်သည်။
ကွန်မန်ဒါအဆင့်သားရဲများကို ရောင်းခြင်းကသာ သူတို့ဆိုင်၏ ဝင်ငွေစီးဆင်းမှု တည်ငြိမ်အောင် အာမခံချက်ပေးနိုင်မည်ဖြစ်သည်။ သူတို့ ယွိကျိုးကနေတောင် ဒီကိုလာခဲ့ရတာဖြစ်သည်။ သာမာန်နဲ့ အကောင်းဆုံးအဆင့် သားရဲများကို ရောင်းချခြင်းက သူတို့ခရီးစရိတ်ကို ကျေအောင် လုပ်ပေးနိုင်မည် မဟုတ်ပေ။
“အဲဒါက ငါတို့ဆိုင်ရဲ့ အဓိက ဆွဲဆောင်မှုပဲ… ဒါက ဂျို ၆ချောင်း ဝံပုလွေ… အသေးစားတိုက်ခိုက်မှုနဲ့ ခြေရာခံတဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ စွယ်စုံရ သားရဲပဲ… ဒါပေမယ့် ငါပြောတာနဲ့ပဲ ယုံစရာမလိုပါဘူး… ငါမိတ်ဆက်ပေးတာလေးလောက်နဲ့ သူ့အရည်အချင်းကို ဖော်ပြနိုင်မှာ မဟုတ်ဘူး… အဲ့ဒါကြောင့် သူ့ကို ကိုယ်တိုင် ပြောခွင့်ပေးပါမယ်” ဟွမ်းယာက ပြောလိုက်သည်။ ဝိုင်းကြည့်နေကြသော အာတိတ်ဒေသခံတချို့ က ခေါင်းညိမ့်လိုက်ပြီး ဝံပုလွေ၏ စွမ်းရည်ကို ကြည့်ဖို့အသင့်ဖြစ်နေကြသည်။
“ဒီသားရဲက မင်း ဒီမှာရောင်းဖို့လုပ်ထားတဲ့ကောင်လား… သူ့ကြည့်ရတာ သန်မာပုံပဲ ဒါပေမယ့် ရေခဲဝက်ဝံနဲ့ ပြိုင်ဖက်ဖြစ်နိုင်လို့လား” ဘန်ရှက်ဖ်က မေးသည်။ သူက ကတိပေးထားသည့်အတိုင်း စည်ကားအောင် သူငယ်ချင်းတွေ ခေါ်လာပေးရုံတင်မကပဲ ပွဲတစ်ခုလုံးကို ရိုက်ကူးဖို့ အဓိက ရုပ်သံဌာနကြီးအချို့နဲ့ သတင်းထောက်တွေကိုပါ ခေါ်လာပေးသည်။
“မင်း ကိုယ်တိုင် ကြည့်ကြည့်လိုက်လေ” ကောင်းဖန်က ယုံကြည်ချက်ရှိစွာပြောသည်။ သူကိုယ်တိုင် ပျိုးထောင်ခဲ့သော သားရဲအားလုံး၏ တိုက်ခိုက်စွမ်းရည်ကို သူသေချာသိတာထက်ပင် ပိုသေးသည်။ သူသာ အာတိတ်သားရဲဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေတာမဟုတ်ရင် သူ ဂျို ၆ချောင်းဝံပုလွေကို အာတိတ်လူထုဆီသို့ ဒီမှာ ကြော်ငြာလိမ့်မည်ပင်မဟုတ်ချေ။
ကောင်းဖန်ကိုယ်တိုင် ပျိုးထောင်ထားသော သားရဲအနေဖြင့် ဂျို ၆ချောင်းဝံပုလွေက တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း ထောက်ပံ့မှုကွင်းဆက်၏ ကွန်မန်ဒါအဆင့်သားရဲများ အားလုံးကြားတွင် အဆင့် ၁၇ ဖြစ်သည်။
တောင်ပိုင်းကောင်းကင်အဖွဲ့ သားရဲထောက်ပံ့မှုကွင်းဆက် အဆင့်ကသားရဲ၏ လုပ်နိုင်စွမ်း မျိုးစုံအပေါ် အခြေခံ၍ ကောင်းဖန် ပေးသော အမှတ်အလိုက် တွက်ချက်တာ ဖြစ်သည်။ ဒီသားရဲတွေ၏အဆင့်ကို တိုက်ခိုက်စွမ်းရည်နဲ့ပဲ သတ်မှတ်ခြင်းမဟုတ်.. သူတို့၏ အားလုံးကို ခြုံတွက်ထားသည့် တန်ဖိုးကိုလည်း ထည့်သွင်းစဥ်းစားသည်။
ဥပမာပြောရရင် သားရဲတစ်ကောင်က တစ်ယောက်ချင်း တိုက်ပွဲမှာ အထူးပြု မကျွမ်းကျင်သော်လည်း သတိနဲ့ လှုပ်ရှားနိုင်မှု၊ စူးစမ်းလေ့လာမှုတို့ကဲ့သော တခြားနေရာများတွင်ကျွမ်းကျင်မှုက အမှတ်ကို ထပ်တိုးစေမည် ဖြစ်သည်။
အဆင့် ၁ ရထားသော သားရဲက တခြား အဆင့် ၁၀ ရထားသော သားရဲကို ဒြပ်စင်စွမ်းရည် ပိုအားနည်းခြင်းကြောင့် အရှုံးပေးလိုက်ရနိုင်တဲ့ အခြေအနေမျိုးလည်း ရှိနိုင်တာမျိုးမို့ သားရဲ၏ ခွန်အားနဲ့ လုပ်နိုင်စွမ်းအပေါ်အခြေခံထားသော အမှတ်ပေးခြင်းစနစ်က အလကားပင်ဖြစ်သည်။
ဂျို ၆ချောင်း ဝံပုလွေက တစ်ယောက်ချင်းတိုက်ပွဲများတွင် ကျွမ်းကျင်သည်သာမက တခြားကောင်များ၏ သွေးကို သောက်သုံးခြင်းဖြင့် သူ့ကိုယ်သူ ပြန်ကုသနိုင်သေ စွမ်းရည်လည်းရှိသည်။ သူ့တွင် အနံ့နဲ့ပတ်သတ်ပြီး အလွန်ထူးခြားသော အာရုံခံစွမ်းရှိသည်။ သူက လတ်ဆတ်သော သွေးကို အထူး တုံ့ပြန်ပြီး တောရိုင်းထဲတွင် သားကောင်ကို အမဲလိုက်ဖို့ အကောင်းဆုံးအဖော်ဖြစ်သည်။ ဘေးတွင်သာ ဂျို ၆ချောင်း ဝံပုလွေ ရှိနေရင် သားရဲလေ့ကျင့်သူအနေနဲ့ အာတိတ်ဒေသ၏ ကျယ်ပြန့်သော တောရိုင်းထဲတွင် နေရာပျောက်မှာကို စိုးရိမ်ဖို့ မလိုပေ။
ဝံပုလွေက ရေခဲဝက်ဝံကို မာန်ဖီနေပြီဖြစ်သည်။ ဝက်ဝံ၏ ကုတ်ချက်ကို သူ ရှောင်လိုက်သည်။ သူရဲ့ သွယ်လျသော ပုံစံကြောင့် ဝက်ဝံ၏ကိုယ်ပေါ်တွင် သူ၏ကြောက်စရာလက်သည်းများဖြင့် ကုတ်ချက် အနည်းငယ် ချန်ခဲ့လိုက်နိုင်သည်။
လက်သည်းများက ဝက်ဝံ၏ခေါင်းဆောင်းကို ဆုတ်ဖြဲလိုက်သည်။ သူ့ရဲ့ ချပ်ဝတ်တန်ဆာများက ဝံပုလွေ၏ ပြင်းထန်သောတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရသောအခါ အသုံးမဝင်ဖြစ်သွားသည်။ လေထဲက လတ်ဆတ်သော သွေးနံ့ရလိုက်သဖြင့် ဝံပုလွေက ဝက်ဝံကို ခုနကထက် ပိုလျင်မြန်စွာ တိုက်ခိုက်နေပြီဖြစ်သည်။ နောက်ဆုံးတော့ သူ ခုန်လိုက်ပြီး သူ့ လက်သည်းများကို ဝက်ဝံဆီ ထိုးစိုက်လိုက်သည်။ ကျယ်လောင်သော အသံနဲ့အတူ ဝက်ဝံမြေပေါ်သို့ လဲကျသွားသည်။
“သူ့လက်သည်းတွေ ဘယ်လောက် ချွန်လဲ ကြည့်စမ်း… ဝက်ဝံရဲ့ ချပ်ဝတ်တန်ဆာကို စက္ကူလေးလိုပဲ ဆုတ်ဖြဲလိုက်တာ”
“သူ့ရဲ့ လှုပ်ရှားမှုကလည်း မယုံနိုင်လောက်အောင် မြန်တယ်… ဝက်ဝံက တစ်ချက်တောင် ထိအောင် မတိုက်နိုင်ဘူး…သူ့ရဲ့ ရေခဲတိုက်ခိုက်မှုကလည်း ထိတောင်မထိလိုက်ဘူး”
လူတိုင်းက ဝံပုလွေ၏တင်ဆက်မှုကို အထင်တကြီး ဖြစ်သွားကြသည်။ ပွဲကြည့်သူတွေကြားတွင် ရပ်နေသော သူအချို့က မြို့တော်၏အဓိက သားရဲမုဆိုးအဖွဲ့အစည်းမှ လူများဖြစ်ကြသည်။
သူတို့အားလုံးကို ဘန်ရှက်ဖ်က ဖိတ်ထားခြင်းဖြစ်သည်။ အဖွဲ့အစည်းများက ဘန်ရှက်ဖ်ကို လေးစားသမှုဖြင့်သာ ဆိုင်ကို သွားကြည့်ရန် သူတို့၏ အဆင့်နိမ့်အဖွဲ့ဝင်များကို လွှတ်လိုက်ခြင်းဖြစ်သည်။
ဒီလူတွေက သူတို့၏ အာရုံခံစွမ်းကို သာမာန်လေ့ကျင့်သူတွေထက်ပိုပြီး လေ့ကျင့်ထားကြသူများဖြစ်သည်။
ဘန်ရှက်ဖ်၏ သူငယ်ချင်းများက ဒေသ၏ လူကုန်ထံအသိုင်းအဝိုင်းမှ မိသားစုဝင်များဖြစ်ကြသည်။ သူတို့လည်း လူတိုင်းကဲ့သို့ပင် ဝံပုလွေကို အထင်ကြီးသွားကြသည်။ “ဘန်ရှက်ဖ် ဒီကောင်းဖန်ဆိုတဲ့သူက မင်းနဲ့ သူငယ်ချင်းကောင်းလို့ကြားတယ်… ခဏနေ ငါတို့နဲ့ သူ့ကို မိတ်ဆက်ပေးနိုင်မလား”
“ကောင်းက ဒီနေ့အလုပ်များနေမယ်ထင်တယ်… ငါတို့နောက် သူနည်းနည်းအားတော့မှ အခြေအနေကြည့်ကြတာပေါ့” ဘန်ရှက်ဖ်က ပြုံးရင်းပြောသည်။ ထို့နောက် သူ ကောင်းဖန်ကို ကြည့်လိုက်သည်။
ဘန်ရှက်ဖ်က ငတုံးမဟုတ်ပေ။ သူ့အကိုက မိသားစုစီးပွားရေးကို ဦးဆောင်သည်ဆိုသော်လည်း သားရဲလေ့ကျင့် တာကလွဲလို့ သူဘာမှ မသိပဲနေတာတော့ မဟုတ်ချေ။
လူတိုင်းတွင် ဝံပုလေနဲ့ပတ်သက်လို့ ထင်မြင်ချက် အမျိုးမျိုး ရှိနေပုံပေါ်သည်။ သို့သော် ကောင်းဖန် ဒါကို စိတ်မပူပေ။
ဝံပုလွေ၏ လုပ်နိုင်စွမ်းအမြင့်ဆုံးဖြစ်အောင် အာတိတ်ဒေသတွင် လုပ်နိုင်မည်ကို ကောင်းဖန်သိသည်။ သူလုပ်ဖို့ ကျန်တာက အာတိတ်လူထု၏ ဝံပုလွေအပေါ် လက်ခံမှုကို တွက်ချက်ရန်ဖြစ်သည်။ နောက်ရက်အနည်းငယ်အတွင်း ဝယ်လိုအားက ထောက်ပံ့မှုထက်ကျော်သွားရင် အာတိတ်ဒေသရှိ သူ့စီးပွားရေးက အောင်မြင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။ အဲလိုအခြေအနေရောက်ရင် ကောင်းဖန်အနေနဲ့ သူ့စီးပွားရေးဗျူဟာကို ပြန်သုံးသပ်နေဖို့ မလိုတော့ပေ။ ဒီကနေစပြီး သူ့လူတွေကို လက်လွှဲလိုက်လို့ရပြီဖြစ်သည်။