← Chapters

အခန်း (၄၂၉-၄၃၂)

Vol. 27 Ch. 429-432

အခန်း (၄၂၉-၄၃၂)

Vol. 27 Ch. 429-432

အခန်း ၄၂၉ ရောင်းချခြင်း

တချို့အာတိတ်ဒေသခံများက ခုထိ ဝက်ဝံရှုံးသွားတယ်ဆိုတာကို မယုံနိုင်ဖြစ်နေကြသေးသည်။ ဝက်ဝံဝတ်စုံခြုံထားတဲ့ တစ်ယောက်ယောက်တော့ မဟုတ်နိုင်ပါဘူးနော်။

တစ်ချို့ကတော့ တဖြည်းဖြည်းနဲ့ ထိုအတွေးကို ပယ်ချလိုက်ကြသည်။ ဘယ်သူကများ ဒီလို ဖျက်စီခံရမယ့် နေရာကို ဝင်သရုပ်ဆောင်ချင်မှာလဲ… ပြီးတော့ သားရဲရိုင်းတစ်ကောင်က လူသားတစ်ယောက်ရဲ့ အမိန့်ကို ရိုရိုသေသေနာခံမှာ မဟုတ်ဘူး..

သားရဲလေ့ကျင့်သူတချို့ကတော့ ဝက်ဝံရဲ့ ရှုံးနိမ့်မှုကို လက်မခံနိုင်ကြသေးပေ… သူတို့၏ သားရဲများကို စေလွှတ်ပြီး ဝံပုလွေကို စမ်းသပ်ကြသည်။ သဘာဝကျစွာပဲ ဟွမ်းယာက သူတို့၏ စိန်ခေါ်မှုများ အားလုံးကို လက်ခံလိုက်သည်။

လေ့ကျင့်သူ စုစုပေါင်း ၃ ယောက် ထွက်လာပြီး ဝံပုလွေကို စိန်ခေါ်ခဲ့သည်။ သူတို့ထဲက ၂ယောက်က ဒေသတွင်းတွင် အတော် ဂုဏ်သတင်းကျော်ကြားသူများဖြစ်သည်။ သိူ့သော် သူတို့ ၃ ယောက်လုံးကို ဝံပုလွေက လွယ်လွယ်ကူကူပင် အနိုင်ယူခဲ့သည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် ဆိုင်က တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ လူတွေဝင်ကြလွန်းသဖြင့် တံခါးဝက ခြေသုတ်ဝတ်ပင် အပိုင်းပိုင်းပြဲလုနီးပါးဖြစ်သွားသည်။ တချို့က စပ်စုစိတ်ဖြင့် ဝင်ကြည့်ကြရုံသာဖြစ်ပြီး တချို့ကတော့ တကယ်ကို သားရဲဝယ်ယူရန် စိတ်ဝင်စား၍ လာကြခြင်းဖြစ်သည်။

“ဖန်နီ မနက်ဖြန်က ၁၈နှစ်ပြည့်မွေးနေ့မလား… ဘယ်လို သားရဲမျိုး ဝယ်ချင်လဲ” အာတိတ်လူကြီးတစ်ယောက်က မေးစေ့ကိုပွတ်ရင်းပြောသည်။

“အဖေ သမီး ဒါလိုချင်တယ်… အရမ်းမိုက်တာပဲ” ရွှေရောင်ဆံပင်နဲ့ ကလေးမလေးက လှောင်အိမ်ထဲက ခိုပြာရောင် ကင်းခြေများကို ထိုးပြရင်း မျက်လုံးများတောက်ပစွာနဲ့ ပြောလိုက်သည်။

“တစ်ခြားတစ်ခု ယူလို့မရဘူးလား” သူ့အဖေက ပြောသည်။ သူက ခြင်္သေ့၊ ကျား၊ ဝက်ဝံတို့လို ကောင်တွေကို ချစ်စရာကောင်းသည်ဟုထင်သော ကျားကျားယားယား ယောကျ်ားတစ်ယောက်ဖြစ်သည်။ ကပ်ကြီးမတိုင်ခင်က သူ့မိသားစုတွင် အိမ်မွေးတိရိစ္ဆန်အဖြစ် ဝက်ဝံညိုတစ်ကောင် မွေးခဲ့ဖူးသည်။

သို့သော် ကြောက်စရာ တွားသွားသတ္တဝါများကိုတော့ သူသည်းမခံနိုင်ပေ။ ဒီခြေအများကြီးနဲ့ကောင်းတွေကို အဝေးက မြင်ရတာက ကိစ္စမရှိပေ။ သို့သော် သူ့သမီးက အိမ်ခေါ်မွေးဖို့ လုပ်ရင်တော့…

ဒီလောက်အရွယ်အစား ကင်းခြေများနဲ့ တစ်အိမ်ထဲအတူနေဖို့ဆိုတာ စိန်ခေါ်မှုပဲ။

“သမီးလေး နောက်တစ်ကောင် ထပ်ကြည့်ကြည့်ပါလား… အဲလိုဆိုရင်ရော ဘယ်လိုလဲ” ဝုဖ်ဂန်းက ဆွဲဆန့်ထားသော အပြုံးကြီးနဲ့ မေးလိုက်သည်။

“ဟင့်အင်း အဖေပဲ သမီးလိုချင်တဲ့ သားရဲရွေးဆို… ကင်းခြေများတွေအားလုံးက ကြည့်ရဆိုးတယ်လို့ အဖေထင်နေတာလား… သူတို့ကို အဲလောက်တောင် မုန်းတာလား” ဖန်နီက သူ့အဖေအား ခပ်စူးစူး စိုက်ကြည့်လိုက်သည်။

“မဟုတ်ပါဘူး သမီးရဲ့”

နေစမ်းပါဦး… ငါပဲ အမြင်မှားတာလား… ဝုဖ်ဂန်း သူ့မျက်စိကို ပွတ်လိုက်သည်။ ခရမ်းရောင် ကင်းခြေများကြီးက သူ့ကို နံရံကနေ မုန်းတီးတဲ့အကြည့်နဲ့ စိုက်ကြည့်နေတယ်ဆိုတာ သူကျိန်ပြီးတောင် ပြောရဲတယ်။

သူမျက်လုံးထဲက အမုန်းတရားတွေများလား… သူတွေးလိုက်ပြီး နှလုံးက ပြင်းပြင်းထန်ထန် ခုန်သွားသည်။

ဟွန်း… ကင်းခြေများတွေကိုများ ကြည့်ရဆိုးတယ်လို့ ပြောရဲသေးတယ်… တာ့ဇီက မျက်လုံးများကို ကျဥ်းလိုက်ပြီး အရုပ်ဆိုးဆိုး ထိပ်ပြောင်လူကို ကြည့်လိုက်သည်။

အာတိတ်ဒေသခံတွေက အမွေးထူသွေးနွေးသတ္တဝါတွေကိုသာ သားရဲအဖြစ်အများဆုံး မွေးကြသည့်အတွက် ကင်းခြေများလို သားရဲတွေကို ဆိုင်ရဲ့အဓိကပစ္စည်အဖြစ် မကြော်ငြာထားပေ။

တစ်ဖက်တွင်တော့ ဟွာရှားနဲ့အရှေ့တောင်ပိုင်းက လူတွေကတော့ ကင်းမြီးကောက်၊ ကင်းခြေများတို့လိုကောင်တွေကို သဘောကျကြသည်။

ခိုပြရောင် ကင်းခြေများက ရေခဲအရိုးကင်းခြေများဖြစ်ပြီး ကွန်မန်ဒါအမျိုးအစားသားရဲဖြစ်သည်။ သို့သော် သူက မွေးခါစလေးသာ ရှိသေးသည်။ အရွယ်ရောက်သည်နဲ့ ကွန်မန်ဒါအဆင့် ရောက်သွားမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးက လေ့ကျင့်သူအားလုံးတွင် အခု သားရဲများအတွက် ပို၍မြင့်မားသော မျှော်လင့်ချက်များ ရှိနေကြပြီ ဖြစ်သည်။ လေ့ကျင့်သူမျိုးဆက်သစ်က မယုံနိုင်လောက်အောင် အရည်အသွေးမြင့်သည်သာ မဟုတ်လျှင် သာမာန်အဆင့်သားရဲများကို အချိန်ပေးမည်မဟုတ်တော့ပေ။ ရလဒ်အနေနဲ့တော့ အကောင်းဆုံးအဆင့် သားရဲများက ဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံးပစ္စည်းများ ဖြစ်လာကြသည်။

လူငယ်လေးတွေက သားရဲလေ့ကျင့်သူဖြစ်ဖို့အရည်အချင်းလေး နည်းနည်းလောက်ရှိလာသည်နဲ့ မွေးကင်းစ ကွန်မန်ဒါအဆင့်သားရဲကို သူတို့၏ ပထမဆုံးသားရဲအဖြစ် ရွေးချယ်တတ်ကြသည်။

သို့သော် နတ်ဘုရားအဆင့် မွေးကာစသားရဲများကတော့ ခုထိ လူအများစုအတွက် လက်လှမ်းမမီဖြစ်နေဆဲပင် ဖြစ်သည်။

“ဒါဆိုလည်း ကောင်းပြီ… သမီးက အတင်းတောင်းဆိုနေတော့လည်း ဒီ ကင်းခြေများကိုပဲ ဝယ်ကြတာပေါ့” ဝုဖ်ဂန်းက နောက်ဆုံးတော့ သူ့သမီး၏ တောင်းဆိုချက်ကို အလျော့ပေးလိုက်ရသည်။ သူ့ရဲ့ မင်းသမီးလေးကို သူမငြင်းနိုင်ပေ။

“အဖေ သားကြီးလာရင်လည်း မမလို ရေခဲအရိုး ကင်းခြေများဝယ်ချင်တယ်” ၉နှစ်အရွယ် တော်မီလေးက စိတ်လှုပ်ရှားစွာပြောသည်။

ဝုဖ်ဂန်းက သူ့သား၏ ဆံပင်များကို ချစ်ခင်စွာ ဖွလိုက်သည်။

“သားလေးသာ အဲလိုလုပ်ရင်တော့ သား ကင်းခြေများရဲ့ ခြေထောက်တွေကို ဖေဖေချိုးပစ်မယ်”

တော်မီက နှုတ်ခမ်းဆူလိုက်သည်။ မမကိုကျတော့ ခုနက ဘာလို့ ဒီလိုမပြောတာလဲ

ဝုဖ်ဂန်း အိမ်သို့ သား၊ သမီးတို့နဲ့အတူ ပြန်ရောက်သောအခါ သူ့မိန်းမက ထွက်လာပြီး သူ့ကို ပွေ့ဖက်သည်။

“ဒါသမီးအတွက် ဝယ်လာပေးတဲ့ သားရဲလား” သူ့မိန်းမက ၁၀ ပေရှည်သော ကင်းခြေများကို ကြည့်ရင်း မေးသည်။

“သူက မရဘူး အဲဒါပဲ ဝယ်မယ်ဆိုလို့လေ… သူစိတ်ပြောင်းအောင် ကိုယ်မလုပ်နိုင်ဘူး” ဝုဖ်ဂန်းက ခေါင်းခါရင်း ပြောသည်။

“ဟုတ်တယ် မေမေ… ကြည့်ပါဦး ဘယ်လောက်ချစ်စရာကောင်းလဲ” ဖန်နီက ပြောသည်။ ထို့နောက် သူ့အိတ်ကပ်ထဲက ခဲရောင်ကျောက်တုံးလေးကို ထုတ်လိုက်ပြီး မြေကြီးပေါ်ချလိုက်သည်။

ကျောက်တုံးလေးကို အနံ့ခံပြီး ကင်းခြေများက တွားသွားလာသည်။ ထို့နောက် အစတစ်စပင်မကျန်အောင် ကျောက်တုံးလေးကို စားလိုက်သည်။

“ကောင်းပြီ… သမီးရဲ့ဆုံဖြတ်ချက်ကို မေမေဘာမှမပြောပါဘူး… ဒါပေမယ့် ဒီကင်းခြေများက ဘာအသုံးဝင်လဲ မေမေသိချင်တယ်… ဒါက သမီးရဲ့ ပထမဆုံး သားရဲပဲလေ… ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင် ဒီလိုအရာကိုသေချာ စဥ်းစားဖို့လိုတယ်”

“သူက ခုခံနိုင်စွမ်း မြင့်တယ်.. မေမေကိုယ်တိုင်ကြည့်လိုက်” ဖန်နီက သူ့အဖေ၏ သိုလှောင်ခန်းထဲ အမြန်သွားလိုက်သည်။ သူပြန်ရောက်လာသောအခါ လက်ထဲတွင် လေသေနတ်ကို ကိုင်ထားသည်။ သူက ကင်းခြေများကို ချိန်ထာားပြီး ပစ်လိုက်သည်။

သေနတ်ကနေ သတ္တုလုံးထွက်လာပြီး ကင်းခြေများ၏ ခန္ဓာကိုယ်ကို ထိသွားသည်။

ကင်းခြေများ၏ ခန္ဓာကိုယ်ပေါ်တွင် ဘာအထိအခိုက်မှ ရှိမနေပေ။ အသစ်စက်စက်အတိုင်းပင်ဖြစ်သည်။

“သူက ခုမှ အကောင်းဆုံး အရည်အသွေးကို ရောက်တာ… ကွန်မန်ဒါအဆင့် သားရဲဖြစ်သွားရင် သူ့ရဲ့ခုခံစွမ်းက ပိုတောင် ကောင်းလာဦးမှာ” ဖန်နီက သူ့မိဘတွေကို ကြွားလိုက်သည်။

ကောင်းဖန်ဆိုင်ကနေ ဝယ်လာသော သားရဲများက သူငယ်ချင်း၊ မိသားစုတို့ကို စိတ်ဝင်စားမှုဖြစ်စေသည်။ သူ့ဆိုင်အကြောင်း စကားတစ်စထွက်သွားသည်နဲ့ နောက်ရက်အနည်းငယ်အတွင်း ကာစတန်မာများရောက်လာတော့သည်။

တစ်နေ့တာ ကုန်ဆုံးသွားပြီဖြစ်သည်။ ဆိုင်၏ပစ္စည်းလက်ကျန်ကို ဟွမ်းယာ စာရင်းလုပ်သည်။ သူတို့ စုစုပေါင်း သားရဲ ၇၈ ကောင် ရောင်းချခဲ့ရပြီး ၁၈ ကောင်က အရွယ်ရောက်ပြီးသား သားရဲဖြစ်ပြီး ကျန်တဲ့ အကောင် ၆၀ ကတော့ မွေးကာစ သားရဲလေးများဖြစ်သည်။

အဲဒီနေ့ရဲ့ ဝင်ငွေကပင် သူတို့၏ ခရီးစရိတ်နဲ့ သားရဲစားရင်ကို တိုးမြင့်ဖို့ လိုအပ်သော ငွေရင်းအတွက် လုံလောက် သွားပြီဖြစ်သည်။ ကျန်တဲ့ သားရဲတွေက နောက်ရက်အနည်းငယ်အတွင်း သူတို့ကို အကျိုးအမြတ်ရအောင် ယူလာပေးနိုင်လိမ့်မည်။

သို့သော်လည်း…

“သခင်လေးကောင်း… သားရဲတွေကို သယ်ပို့တဲ့ ကုန်ကျစရိတ်က အတော်လေး ဈေးကြီးတယ်” ဟွမ်းယာက ခါးသက်သက်ပြောသည်။

ဒီ ကွန်မန်ဒါအဆင့် သားရဲတွေကိုသယ်ယူဖို့ ကုန်ကျတဲ့ သယ်ယူပို့ဆောင်ခက တော်တော်လေးကို ကြီးမားတဲ့ ပမာဏကို ရောက်နေပြီဖြစ်သည်။ ဒါအတွက် ပေးချေဖို့ ပိုက်ဆံအလုံအလောက် မဝင်မှာကို ဟွမ်းယာ စိုးရိမ်မိသည်။

“စိတ်မပူပါနဲ့… ရုံးချုပ်ကို သားရဲနောက်ထပ် အကောင် ၃၀၀ ထပ်ပို့ခိုင်းလိုက်… ငါတို့ လောလောဆယ်တော့ ကုမ္ပဏီပိုက်ဆံထဲကနေ ပေးထားလိုက်မယ်… အာတိတ်တောရိုင်းထဲကနေလည်း ငါတို့သားရဲတွေ အမဲလိုက်ပြီး အလားအလာ ရှိတဲ့ သားရဲတွေကို ဒီမှာ အထူးလေ့ကျင့်ပေးလို့ရတယ်… ဒီက လုပ်ငန်းတွေကို စီမံဖို့ ငါယုံကြည်ရတဲ့လူ တစ်ယောက်လောက်လိုတယ် လူတိုင်းကို ညွှန်ကြားနိုင်တဲ့သူမျိုး” ကောင်းဖန်က ခပ်တိုးတိုး ပြောသည်။ သူ ဟွမ်းယာကို ကြည့်လိုက်ပြီး “စဥ်းစားထားတဲ့သူ တစ်ယောက်ယောက်များ ရှိလား”

ပြောသွားတဲ့အချက်တွေနဲ့ ကိုက်ညီသူကို စဥ်းစားရင်း ဟွမ်းယာ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် “တကယ်လို့ သခင်လေးကောင်းသာ ကျွန်တော့်ကို ယုံကြည်ရတယ်လို့ထင်ရင် ဒီတာဝန်တွေကို ကျွန်တော့် တာဝန်ယူပါရစေ… စိတ်မပျက်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်…”

“စိတ်မကောင်းပါဘူး… ဒါပေမယ့် ခင်ဗျား တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းရဲ့ ရုံးချုပ်မှာ ဆက်ရှိနေဖို့လိုတယ်… ခင်ဗျားထွက်သွားရင် ကျွန်တော့်ကိုယ်စား အဲဒီမှာ စောင့်ရှောက်ပေးဖို့ ယုံကြည်ရလောက်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး” ကောင်းဖန်က စိတ်ရှည်စွာ ပြောသည်။ “ရာထူးအမြင့်ပိုင်းကလူမလိုပါဘူး… လောလောဆယ် သစ္စာရှိပြီး စွန့်စားရမှာ မကြောက်တဲ့သူမျိုးကိုပဲ လိုချင်တာ… ဒီတာဝန်ကို ထမ်းဆောင်နိုင်လောက်အောင် ဉာဏ်ရည်ရှိတဲ့သူမျိုးပေါ့”

ကောင်းဖန်ရဲ့ မယုံနိုင်လောက်တဲ့ သားရဲပျိုးထောင်စွမ်းရည်နဲ့ဆို .. ဟွမ်းယာ ရုတ်တရတ် ဒီအလုပ်အတွက် အသင့်တော်ဆုံး လူတစ်ယောက်ကို တွေးမိသွားသည်။ “ကျီချန်းမင်းရော.. သူက စူးစမ်းလေ့လာရေး ဌာနခွဲက တက်သစ်စလေးတွေထဲက တစ်ယောက်ပဲ… အလုပ်လုပ်တဲ့အခါ ပြတ်သားတယ်… ဝေဖန်ပိုင်ခြားနိုင်စွမ်း ရှိတယ်… ပြီးတော့ သူက သူ့နေရာ သူသိတဲ့ ဉာဏ်ရှိတဲ့သူတစ်ယောက်ပဲ”

“သိပြီ” ကောင်းဖန်က ခေါင်းညိမ့်ရင်းပြောလိုက်သည်။ “ကျီချန်းမင်းကို ခဏနေ ငါ့ဆီလာဖို့ ပြောပေးနိုင်မလား.. အခု သွားလို့ရပြီ”

“ကျေးဇူးပါ”

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၀ မသေဆုံးနိုင်သော ကပ်ဆိုး

တစ်နေ့တာရဲ့ စိတ်လှုပ်ရှားမှုတွေအပြီးတွင်တော့ ဟွမ်းယာသူ့အခန်းထဲတွင် အနားယူလိုက်သည်။ ရုတ်တရတ် အခန်းတံခါးကို ခေါက်လာသည်။ ဟွမ်းယာ၏ ခွင့်ပြုချက်ကိုရပြီးသောအခါ ထွားကြိုင်းသော သဏ္ဍန် ၂ခုက အခန်းထဲသို့ ဝင်လာလေသည်။

“မင်းတို့ ၂ ယောက်လုံး ဒီနေ့ ကောင်းကောင်းလုပ်ဆောင်ခဲ့တယ်.. ဒီမှာ ကတိပေးထားတဲ့အတိုင်း မင်းတို့အတွက် ဆု” ဟွမ်းယာက အနက်ရောင်သေတ္တာ တစ်လုံးစီပေးပြီး ပြုံးရင်ပြောလိုက်သည်။

သူတို့သေတ္တာထဲက ပါတာတွေကို စစ်ဆေးကြည့်ပြီးနောက် အာတိတ်လူ ၂ ယောက် ဟွမ်းယာကို ပြုံးပြလိုက်သည်။ “ကျေးဇူးပါ ဆရာ”

…

ကောင်းဖန်က သစ္စာရှိဖို့ မျှော်လင့်တယ်ဆိုတာကို ဘယ်တုန်းကမှ မယုံကြည်ပေ။ အလုံးစုံအာဏာ ရှိသူကသာ လူတိုင်းကို လေးစားနာခံဖို့ အမိန့်ပေးနိုင်မည်ဖြစ်သည်။ သျန်ဝေတို့ ဖန်ခွိုက်တို့ ကွမ်ယွီတို့လို အစစ်အမှန်သစ္စာရှိ သူက အနည်းငယ်လေးသာရှိသည်။

လူအများစုက အမှား၊အမှန်ကို ခွဲခြားနိုင်စွမ်းတော့ရှိကြသည်ဟု ကောင်းဖန် ယုံကြည်သည်။ အဲလိုလူတွေက စည်းမကျော်လာပဲ သူတို့ကိစ္စ သူတို့လုပ်ကြသည်။

လူသားအများစုက ရလေလိုလေ စိတ်ဆန္ဒများနဲ့ မွေးဖွားလာကြသည်။ သို့သော် အသိဉာဏ်ရှိသူများကသာ ထိုဆန္ဒကို ထိန်းချူပ်ထားနိုင်သည်။ သူတို့အများစုက လက်ထဲမှာ ဘာအထောက်အထားမှ မရှိဘဲနဲ့တော့ ကမူးရှုးထိုးလုပ်မည့်သူတွေ မဟုတ်ပေ။ ကောင်းဖန်ကတော့ ဒီလိုအခွင့်ထူးမျိုး သူ့လက်အောက် ငယ်သားတွေကို ပေးရလောက်အောင် သဘောမကောင်းချေ။

ညရောက်သောအခါ ကျီချန်းမင်းက ကောင်းဖန်ဆီ တစ်ယောက်ထဲလာသည်။

ကောင်းဖန်က ခြံဝန်းအလယ်တွင် အသားကင်ကို ငမ်းငမ်းတတ်ကြည့်နေကြသော သူ၏သားရဲကောင်များ ပတ်လည်ဝိုင်းထားခြင်းကို ခံနေရသည်။ အရေခွံနဲ့ခန္ဓာကိုယ်တစ်ခုက အကင်ဖိုပေါ်တွင် ဖြည်းဖြည်းချင်း ကင်နေသည်။

ဒီသတ္တဝါကို ဘာလို့အရမ်းတွေ့ဖူးသလိုဖြစ်နေရတာပါလိမ့်ဟု ကျီချန်းမင်း တွေးမိသည်။ ကောင်းဖန်က သူကို ရယ်မောရင်း လှမ်းခေါ်လိုက်သည်။ “စတိုခန်းထဲက သားရဲတွေကို စစ်ဆေးကြည့်ပြီးတော့ ဂျို ၆ ချောင်းနဲ့ ဝံပုလွေက ကိုယ်ဝန်ရှိနေတာ သိလိုက်ရတယ်လေ… ငါတို့ရဲ့စည်းမျဥ်းအရ ကုန်ပစ္စည်းတွေက လိင်မှုကိစ္စ လုပ်လို့မရဘူးလေ အဲလိုဆို ကိုယ်ပိုင်သားရဲအဖြစ်ရောက်ဖို့ ထိခိုက်မှုရှိတယ် အဲတော့ ငါသူ့ကို ဒုက္ခတွင်းထဲကနေ ဆွဲထုတ်ပြီး ညစာအနေနဲ့ချက်ဖို့ ဆုံးဖြတ်လိုက်တာ”

“အဲလိုကို…”

“ကောင်းဖန်ပြောတာ မှန်တယ်”

“သခင်ပြောတဲ့ စကားက အသိပညာပြည့်ဝတယ်” သူ့သားရဲများက ကောင်းဖန်ပြောသမျှကို သဘောတူ ခေါင်းညိမ့်ကြသည်။

ကျီချန်းမင်းရဲ့ အကြည့်က အကင်ဖို၏ အပေါ်တွင် ထောင်နေသော ဝံပုလွေ၏အမြီးပေါ်သို့ ကျရောက်သွားသည်။ သူအမြန်ပဲ အကြည့်လွှဲလိုက်ရသည်။

ဝံပုလွေထီးက ဘယ်လိုလုပ်များ ကိုယ်ဝန်ရှိသွားတာလည်း သိချင်ပေမယ့်လည်း သူဌေးက ကိုယ်ဝန်ရှိနေတာလို့ ပြောရင် ကိုယ်ဝန်ရှိနေတာပဲပေါ့…

“အကင်ဖိုနဲ့ ဘယ်လိုကင်ရလဲ လုပ်တတ်လား”

“လုပ်တတ်ပါတယ်”

“ကောင်းတယ်… ဒါဆို ငါ့ကိုလာကူညီဦး ငါလုပ်စရာလေးရှိလို့” ကောင်းဖန်က ထရပ်လိုက်ပြီး သူ့လက်က ဆီများကို အေပရွန်တွင် သုတ်လိုက်သည်။

ခြံဝန်း၏အခြားတဖက်တွင် ပုံစံစုံ၊ ဆိုဒ်စုံပုလင်းများတင်ထားသည့် သစ်သားစားပွဲခုံတစ်ခုရှိနေသည်။ ကောင်းဖန် ဘာလုပ်နေလဲဆိုတာ ကျီချန်းမင်း မကြည့်ဝံ့ချေ။ စားပွဲခုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အာရုံကို အကင်ဖိုဆီ အမြန်ပြန်လွှဲလိုက်သည်။

တောရိုင်းထဲတွင် နေခဲ့ဖူးသေောကြောင့် ဘယ်လိုအသားကိုမဆို အသားကင်ဖိုတွင် ဘယ်လိုကင်ရမည်ဆိုတာ သိသည်။ ၁၀မိနစ်ကြာသောအခါ ဂျို ၆ ချောင်းနဲ့ ဝံပုလွေက လုံးဝကျက်သွားပြီဖြစ်သည်။ လေထဲတွင် အရသာရှိသော သစ်ကြံပိုး၊ ငရုတ်ကောင်းနဲ့ ငရုတ်သီးမှုန့်အနံ့များနှင့် ဖုံးလွှမ်းသွားသည်။

ဝံပုလွေအသားက ကြွတ်ရွပြီး အဝါရောင်သန်းနေသည်။ အသားကနေ အဆီစက်များ စီးကျနေပြီး အောက်က ထင်းမီးပေါ်သို့ကျသွားသောအခါ မီးတောက်က တဖျစ်ဖျစ်မြည်နေသည်။ သရေယိုချင်စရာအနံ့က ခြံဝန်းအပြင်ထိ ပျံ့လွင့်နေသည်။

“မင်းရဲ့သားရဲကို ဒီဟာပေးလိုက်… ဒီဆေးက မင်းရဲ့ လေအမျိုးအစား လက်သည်းချွန်ဖီးနစ်သိမ်းငှက်ကို တိုးတက်စေလိမ့်မယ်… ဒါပေမယ့် ဒါက လေ-ရေအမျိူးအစား သားရဲအဖြစ်ပဲ ပြောင်းလဲတိုးတက်သွားစေမှာ… မင်းက ဒီလိုဖြစ်စေချင်တာမဟုတ်ရင်တော့ ငါ့ကို အချိန်မရွေး ပြန်ပေးလို့ရတယ်” ပြောနေရင်းနဲ့ပဲ ကောင်းဖန်က ဓားအသေးလေးတစ်လက်ကို ထုတ်ပြီး ဝံပုလွေအသားများကို လှီးဖြတ်နေသည်။

ကျီချန်းမင်းက ဆေးကို အံ့သြစွာနဲ့ကြည့်လိုက်သည်။ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း၏ ငယ်ရွယ်သော ဥက္ကဌလေးက ပထမတန်းစား သားရဲမွေးမြူသူဆိုတာ သူကြားပဲ ကြားဖူးသည်။ ဒီနေ့မတိုင်ခင်ထိ ဒီလို အရည်အချင်းမျိုးကို မျက်မြင်ကိုယ်တွေ့ မြင်ဖို့ အခွင့်အရေးမရှိခဲ့ဖူးချေ။

နေပါဦး ငါ အကင်ကင်နေတုန်း သူက သားရဲကို တိုးတက်စေတဲ့ ဆေးကို ဖော်စပ်လိုက်တာလား… ပြီးတော့ သူ့ဆေးက ငါ့ရဲ့သားရဲကို ဘယ်လိုတိုးတက်သွားစေမယ်ဆိုတာကိုပါ အတိအကျ သိနေလိုက်သေးတယ်… ဒါ အရင်က မကြားဖူးတဲ့ လေ-ရေ ၂ မျိူးစပ် အမျိုးအစားပဲ…

ကျီချန်းမင်း မျက်မှောင်ကျုံ့လိုက်သည်။ ကောင်းဖန်က အကြောင်းရင်းမရှိပဲနဲတော့ သူ့သားရဲကို အပိုဒြပ်စင်စွမ်းရည် ပေါင်းထည့်ပေးမည်မဟုတ်ပေ။ သူ့သားရဲတွေအတွက် ချက်ပြုတ်ခိုင်းတာလောက် အတွက်ပဲနဲ့တော့ သူ့ကို အိမ်ကိုဖိတ်တာတော့ သေချာပေါက် မဟုတ်ချေ။

ရုတ်တရတ် သူ့မျက်လုံးများအရောင်တောက်သွားသည်။ ခေါင်းကို ငုံ့လိုက်ပြီး အရှုံးပေးသော လေသံဖြင့် “ပေးသမျှတာဝန်ကို လက်ခံဖို့ အဆင်သင့်ပါပဲ”

…

တလခန့်ကြာသောအခါ ကောင်းဖန် အာတိတ်ဒေသကနေ ထွက်လာပြီး ယွိကျိူးဆီ ပြန်ခဲ့သည်။

အနက်ရောင်မြူခိုး ကမ္ဘာထဲက စမ်းချောင်းတစ်ထောင်ဒေသတွင် ပုံစံ အရွယ်အစားမျိုးစုံ လမ်းလျှောက်နေသော အရိုးစုများ လှည့်လည်သွားနေကြသည်။ ကြီးမားသောအရိုးစုမကောင်းဆိုးဝါးများက ရေထဲတွင် တဝုန်းဝုန်းဖြစ်နေကြပြီး ရံဖန်ရံခါ ကြောက်လန့်ဖွယ်ရာ အော်သံများ အော်ဟစ်နေကြသည်။ ကြီးမားသော ဦးချိုနဲ့ အရိုးစုများက သူတို့ပိုင်နေရာလို ပြေးလွှားနေကြသည်။

မြစ်အောက်ခြေ ရွှံ့ထူသောနေရာကနေ အရိုးများထိုးထွက်နေပြီး ထူးထူးဆန်းဆန်း တီကောင်တွေလို ရေထဲတွင် ကူးခတ် နေကြသည်။ ငါးတွေအားလုံးက သရဲတွေ့သလို အမြန် အဝေးသို့ ကူးခတ်သွားကြသည်။

ထိုနေရာတွင် သေဆုံး၊ ပျက်စီးခြင်း၏အငွေ့အသက်များ ကျရောက်နေသည်။ အရိုးစုများကြောင့် ဆူညံ ရှုပ်ထွေးနေသော အခြေအနေက စမ်းချောင်းတစ်ထောင်ဒေသ၏ နက်ရှိုင်းသောနေရာတွင် နှစ်ခြိုက်စွာအိပ်နေသော ရှေးဟောင်းနဂါးငါးကို နိုးထသွားစေသည်။ သူက ဧရိယာအတွင်းက မငြိမ်သက်ဆုံး စမ်းချောင်းတစ်ခုကနေ ထွက်လာသည်။ ရေမျက်နှာပြင်ပေါ်က ပေါ်ထွက်နေသော သူ၏မျက်လုံး ၂ လုံးက အရွယ်အစားကြီးသော မီးလုံးအစုံကဲ့သို့ဖြစ်နေသည်။

သူ့ပိုင်နက်ကို ကျူးကျော်နေပြီလို့ ခံစားရသောအခါ ရှေးဟောင်းနဂါးငါးကဲ့သို့ ပိုင်နက်ကြီးစိုးလိုသော သတ္တဝါ၏ ပင်ကိုဗီဇအရ ကျူးကျော်လာသူကို ရှာပြီး ရှင်းထုတ်ပစ်မည်ဖြစ်သည်။ ဒီကိစ္စတွင်တော့ ကျူးကျော်သူများပေါ့..

နဂါးငါး၏ အနီးတဝိုက်ရှိရေများ ဂယက်ထလာပြီး ရေနဂါးပုံစံဖြစ်သွားသည်။ ထိုပုံစံဖြင့် နဂါးငါးက အဝေးက အရိုးစုများဆီ လျင်မြန်စွာသွားလိုက်ပြီး ပါးစပ်ထဲထည့်ဟပ်လိုက်ကာ အရိုးများ မှုန့်မှုန်ညက်ညက်ကြေသွားသည်ထိ ဝါးစားလိုက်သည်။

နဂါးငါး၏ နှုတ်ခမ်းမွှေးများ တောင့်တင်းသွားသည်။ သူ့ပါးစပ်ထဲ ထည့်လိုက်တဲ့ဟာကြီးက အရသာမကောင်းပေ။ မာရုံတင်မက ခြောက်ကပ်ကပ်ဖြစ်နေပြီး အသေကောင် အနံ့လည်းထွက်နေသည်။

ဒန်ဘီက ပေ ၃၀ လောက်မြင့်သော မသေမျိုးသတ္တဝါကောင်၏ခေါင်းပေါ်တွင် မတ်တပ်ရပ်နေပြီး သူ့အောက်က အရာအားလုံးကို မတုန်မလှုပ်ပုံစံဖြင့် ငုံ့ကြည့်နေသည်။ အရိုးစုခေါင်းဆောင်၏ သစ္စာရှိမှုနဲ့ နာခံမှုက သူ့သခင် တစ်ယောက်တည်းအတွက်သာဖြစ်သည်။ ဘယ်အရာမဆို လုပ်ဆောင်ပေးသည်။

နဂါးငါးက စမ်းချောင်းတစ်ထောင် ဒေသ၏နက်ရှိုင်းသောနေရာတွင် နှစ်ပေါင်းများစွာ အနှောင့်အယှက်မပေးပဲ အိပ်ပျော်နေခဲ့ကြသော သားရဲအလောင်းကောင်များ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။

ဒန်ဘီက သေရေးရှင်ရေးတမျှ တိုက်ခိုက်နေသော နဂါးငါးကို စိုက်ကြည့်လိုက်သည်။ သူ့ရဲ့ မသေမျိုးစစ်တပ်ထဲကို ဒီလို စိတ်ကြီးတဲ့ သတ္တဝါမျိုးကိုသာ ပြန်အသက်သွင်းခွင့်ရရင် သူ့စစ်တပ်ကို ဘယ်သူမှလာတားဆီး နိုင်တော့မှာ မဟုတ်ချေ။

ရုတ်တရတ် ဒန်ဘီ မျက်မှောင်ကျုံ့လိုက်မိသည်။ နဂါးငါးနဲ့ သိပ်မကွာခြားသော အားကောင်းသည့် အငွေ့အသက် တစ်ခုကို သူ့ခြေထောက်အောက်တွင် ခံစားမိနေသည်။

ပြန်လည်အသက်သွင်းခြင်းက ဒီလို အားကောင်းတဲ့ သတ္တဝါကို အနိုင်မရနိုင်ပေ။ ဒါပေမယ့်လည်း သူ့ကို ယာယီတော့ အသက်ပြန်အသက်သွင်းနိုင်မယ်ထင်သည်။

သူ ဒဏ္ဍာရီအဆင့်အဖြစ် အဆင့်တတ်သွားပြီးကတည်းက သူရဲ့ မသေဆုံးသောမီးတောက်က ပိုတိုးတက်လာပြီး မသေမျိူးတွေကို အရင်ကထက် ပိုထိန်းချုပ်နိုင်စွမ်းရှိလာသည်ဟု ခံစားနေရသည်။

ဒီလိုအရေးမကြီးသည့် အသေးစိတ်အချက်များကို ကောင်းဖန်၏ ဒေတာဖရိန်တွင် ဖော်ပြခဲသည်။ တကယ့်တိုက်ပွဲတွင်သာ သူ့သားရဲများ၏ခွန်အားအတိုင်းအတာ အစစ်အမှန်ကို သူမျက်မြင် ကိုယ်တွေ့ တွေ့နိုင်သည်။

သူ၏ အရိုးပြိုင်းပြိုင်းလက်ကို ဒန်ဘီဆန့်ထုတ်လိုက်ပြီး သူ့အောက်က မြေပေါ်သို့ မီးလုံးတစ်လုံး ပစ်ထုတ်လိုက်သည်။ ဒန်ဘီ၏မျက်လုံးထဲက မသေဆုံးသောမီးတောက်က အရင်ကထက် ပိုမှိန်နေသည်။

တချိန်တည်းမှာပဲ ဘုရင်အဆင့် နဂါးငါးက ခန္ဓာကိုယ်ကနေ သူ့၏ကိုယ်ယောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်ပြီး မသေမျိုး သတ်ဖြတ်သူတွေကို တစီစီဖြစ်သွားစေသည်။ နဂါးငါး၏ လွှမ်းမိုးနိုင်စွမ်းအားကြီးလွန်းသော ကိုယ်ယောင်ကိုယ်ဝါကို ဘယ်မသေမျိုးမှ တောင့်မခံနိုင်ကြချေ။

ရုတ်တရတ် မြေကြီးအောက်ကနေ ကျယ်လောင်သော အက်ကွဲသကြီး ထွက်လာသည်။ ထို့နောက် မြေပေါ်သို့ စေးကပ်ကပ် အစိမ်းရောင်အရည်များ စိမ့်ထွက်လာတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၁ စမ်းချောင်းတစ်ထောင်ဒေသ၏ ပိုင်ရှင်သစ်

စတုရန်းပေ ၃၂၀၀ လောက်ကျယ်သော ဧရိယာကြီးက ပုပ်သိုးပြီး အနံ့ဆိုးထွက်နေသော စိမ့်မြေဖြစ်လာသည်။ စိမ့်မြေထဲတွင် ကျိုးပဲ့နေသော အရိုးအများအပြား၊ ကျောက်တုံးများ၊ စိမ့်မြေကနေထိုးထွက်နေသော သစ်မြစ်များနဲ့ ဝဲဂယက်ကဲ့သို့ဖြစ်သွားသော အခေါင်းပေါက်တစ်ခုရှိနေသည်။

ရှေးဟောင်းနဂါးငါးက ထိုမြင်ကွင်းကိုမြင်သောအခါ စိတ်နှလုံးတုန်လှုပ်သွားသည်။ ဒီစွမ်းရည်က အရမ်းကို ရင်းနှီးသလို ခံစားနေရသည်။ ဒါက စမ်းချောင်းတစ်ထောင်ဒေသ၏ အရင်သခင် ရေပြာကောင်းကင်ဖားပြုတ်ရဲ့ အထူးစွမ်းရည်ဖြစ်သည်။ သူရဲ့အနီးတဝိုက် မိုင်တဝက်လောက်အတွင်းက ဘယ်ဧရိယာကိုမဆို သူ၏ရန်သူတွေကို ဝါးမြိုသွားစေမယ့် ဆူပွက်နေတဲ့ စိမ့်မြေဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်တဲ့သူ..

ရေပြာကောင်းကင်ဖားပြုတ်၏ ဧရာမ နက်မှောင်သောဝိဝိဉာဉ်က ညဖက်ကောင်းကင်မှာ ချိတ်ဆွဲထားသော မီးအိမ် ၂ လုံက ဖျော့တော့တဲ့ မီးလုံး ၂ လုံးကဲ့သိုပင် စိမ့်မြေကနေဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ဆူပွက်နေသော စိမ့်မြေက ပိုပြီး ကြမ်းတမ်းစွာ လှိုင်းထလာသည်။ စိမ့်မြေကနေ လိမ့်ထွက်လာသော ငါးတစ်ကောင်မှာ အဖြူရောင်အရိုးများအဖြစ်သို့ တိုက်ရိုက် ပုပ်သိုးပျက်စီးသွားသည်။

စိမ့်မြေပေါ်တွင် မျောလွင့်နေသော ရေပြာကောင်းကင်ဖားပြုတ်၏ ဧရာမ နက်မှောင်သောဝိဝိဉာဉ်က အိမ်တစ်လုံးထက်ပင်ပို၍ကြီးမားသေးသည်။ သူ့ပုံက အသက်ရှင်နေတုန်းကလို တစ်ပုံစံတည်းဖြစ်နေပြီး မတူညီသည့် တစ်ခုတည်းသောအချက်မှာ သူ့အရောင်က အနက်၊ အဖြူ၊ မီးခိုး ရိုးရှင်းသော အရောင် ၃ ရောင် ပြောင်းသွားခြင်းဖြစ်သည်။

သူ၏ အသက်မဲ့နေသောမျက်လုံးများက သိပ်သည်း ကြောက်မက်ဖွယ် မိစ္ဆာဆန်သော ထိတ်လန့်စရာ အဖြူရောင် မီးတောက်ဖြင့် တောက်ပနေသည်။ ပြင်းထန်လှသည့် မနာလိုဖြစ်မှုက သူ့စိတ်ဝိဝိဉာဉ်တွင် ပေါ်ထွက်လာသည်။ သူက သေဆုံးပြီးဖြစ်သော်လည်း သူအသက်ရှင်နေတုန်းက သူ့ကို သတ်ခဲ့သည့်ရန်သူကို မှတ်မိနေဆဲ ဖြစ်သည်။

“မင်းကို တစ်ကြိမ်တောင် သတ်နိုင်သေးရင် ၂ ကြိမ်လည်း သတ်နိုင်တာပေါ့” ရှေးဟောင်းနဂါးငါးက ရေပြာကောင်းကင်ဖားပြုတ်ကို မကြောက်ပေ။ ဒီလိုအရေးကြီးသည့်အချိန်တွင်မှ သူထွက်ပေါ်လာခြင်းက ကိစ္စတွေကို ပိုဒုက္ခဖြစ်စေမယ်လို့ ခံစားရရုံသာဖြစ်သည်။

သူသာ ဒီဖြစ်ချင်တိုင်းဖြစ်နေသည့် မသေမျိုး သတ္တဝါတွေကို မတားနိုင်ရင် စမ်းချောင်းတစ်ထောင်ဒေသက မကြာခင် ကျတ်တီးမြေဖြစ်သွားလိမ့်မည်။ ထိုသို့ဆိုရင် ဘာရည်ရွယ်ချက်ဖြင့် ဒီဒေသ၏အရှင်သခင်လုပ်ရဦးမှာလဲ… ငါးသေးသေး၊ ပုဇွန်သေးသေးလေးတွေ နေ့တိုင်းစားရဖို့လား..

နဂါးငါးက နဂါးတစ်ကောင်၏အသံနဲ့နီးစပ်သော သံရှည်ဆွဲပြီ အော်မြည်လိုက်သည်။

သူ့အမြီးကို ဆောင့်ချလိုက်ပြီး ဆူးတောင်များကို ကပ်ကာ ချွန်ထက်သော ဓားမြောင်က ကောင်းကင်ကို ဖောက်သွားသလို ပျံသန်းထွက်လာသည်။

နဂါးငါးက ဖာပြုတ်ဘေးကနေဖြတ်သွားပြီး သူ၏ လခြမ်းကွေးပုံ ဆူးတောင်များဖြင့် ဖားပြုတ်၏ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။

ဝိဝိဉာဉ်များက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို အလွန်ခံနိုင်ရည်ရှိကြသည်။ ထို့ကြောင့် ဖားပြုတ်၏ခန္ဓာကိုယ်က လှုပ်သွားပြီး နဂါးငါး၏ ငါးဆူးတောင်တိုက်ခိုက်မှုကို အလွယ်တကူပဲ ဖယ်ရှားလိုက်နိုင်သည်။ သို့သော် ဆူးတောင်တွင်တွဲကပ်နေသော ရေဒြပ်စင်ကတော့ ထိခိုက်မှုအချို့ကို ဖြစ်စေသည်။

နဂါးငါးကလျှင်မြန်စွာပင် ရှေ့သို့ပြေးထွက်လာသည်။ ဧရိယာအတွင်းရှိ စမ်းချောင်းများနဲ့ မြစ်ငယ်လေးများထဲမှရေများ ကောင်းကင်ပေါ်သို့ စီးတတ်သွားကြပြီး ထူးထဲ လေးလံသော ရေဓားတစ်ချောင်း အဖြစ်သို့ ပြောင်းသွားကာ အောက်သို့ အရှိန်ဖြင့် ဆင်းကျသွားသည်။

ဖားပြုတ်၏ဝိဝိဉာဉ်က ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး အရောင်က ပိုပြီးတောင် နက်မှောင်သွားသည်။

နဂါးငါး၏ ဒေါသက နိုးထလာသည်။ သူ၏ ကြီးမားသော ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သည်။ လေးလံကြီးမားသော လှိုင်းလွှာများက ပြင်းထန်သော ဖိအားအဖြစ် အရပ်မျက်နှာအနှံ့ကို ပျံ့သွားသည်။ နဂါးငါးကြောင့် ဖားပြုတ်က အဝေးသို့ လွင့်ပျံသွားပြီး မသေမျိုး အရိုးစုများ အပိုင်းပိုင်းအစစ ပြန့်ကျဲသွားကြသည်။

ပြန်အသက်သွင်းထားသော မသေမျိုးဝိဝိဉာဉ်များ၏ တကယ့်စွမ်းအားက အရိုးစုမသေမျိုးသတ္တဝါများနဲ့ ကွာခြားစွာပဲ မသေခင်က မူလစွမ်းအားထက် လျော့နည်းလေ့ရှိသည်။ ဝိဝိဉာဉ်အမျိုးအစားမသေမျိုးများက သူတို့မသေခင်က ဒြပ်ဆင်စွမ်းအားကို ဆက်ခံရပေမယ့် ဝိဝိဉာဉ်ဖြစ်သည့်အတွက် ဒြပ်စင်ပျက်စီးမှုနဲ့ ကြုံတွေ့ရသောအခါ အလွယ်တကူပဲ ထိခိုက်တတ်ကြသည်။

မသေမျိုးသတ္တဝါများက ဆက်တိုက်ပင်အသက်ပြန်ဝင်လာကြပြီး ထိုအသက်ပြန်ရှင်လာသော သတ္တဝါများက စမ်းချောင်းတစ်ထောင်ဒေသရှိ သက်ရှိသတ္တဝါအားလုံးကို သတ်ပစ်လိုက်ကြသည်။ တစ်ချိန်တည်းတွင်ပဲ ကျန်ခဲ့သော မသေမျိုးသတ္တဝါအများအပြားသည် နဂါးငါးအား အရူးလို အသည်းအသန် တိုက်ခိုက်ကြသည်။

ရေပြာကောင်းကင်ဖားပြုတ်က နဂါးငါးအတွက် ပြိုင်ဘက်မဟုတ်သော်လည်း သူ့တွင် ဘုရင်အဆင့် ခွန်အား ပိုင်ဆိုင်သေးသောကြောင့် နဂါးငါးကို သေချာပေါက်တော့ ထိန်းထားနိုင်သည်။

နဂါးငါးက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး နောက်တစ်ခဏတွင် သွေးနဲ့ရောနေသော အားကောင်းသည့် ရေဒြပ်စင်က သူ့ခန္ဓာကိုယ်အတွင်းကနေ ခေါင်းထိပ်ဆီသို့ ထွက်ပေါ်လာပြီး အပြာရောင် နဂါးသွားအဖြစ် ပြောင်းလဲသွားသည်။

နဂါးသွား၏ ပုံသဏ္ဍာန်က ပုံမှန်မဟုတ်ပေ။ ၃၇ ပေ နဲ့ ၆ လက်မ အရှည်ရှိပြီး အဖျားတွင် အပြားတစ်ခုပါရှိသည်။ အပြာရောင် ရေခဲမြူငွေ့များက နဂါးသွားကို ဝန်းရံနေသည်။ နဂါးသွားဖြစ်ပေါ်လာသည့် တစ်ခဏတွင် လေထုက ခဏတာ အေးခဲသလိုဖြစ်သွားခဲ့သည်။

“ရေ နဂါးသွားပဲ”

ရေ နဂါးသွားက ကောင်းကင်တွင် ရှည်လျားသော အငွေ့တန်းကို ချန်ထားခဲ့သည်။ လေထုက အက်ကွဲသွားပြီး စူးရှသည့် အသံထွက်လာသည်။

ဖားပြုတ်၏နောက်ကျောတွင် သူ့ကျော၏ ၃ ပုံ ၁ ပုံလောက် ကြီးမားလှသော အပေါက်ကြီး ပေါ်လာသည်။ ဒဏ်ရာရသွားသော ဖားပြုတ်က အချိန်မရွေး ပျောက်ကွယ်သွားတော့မလို လင်းလိုက် မှောင်လိုက်ဖြစ်နေသည်။

“အသုံမကျတဲ့ကောင်” ‘ဒန်ဘီက စိတ်ပျက်နေသံဖြင့်ပြောသည်။ သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး ဖားပြုတ်ကို ပြင်းထန်စွာ ဆွဲလိုက်သည်။ ဝိဝိဉာဉ်က ညည်းညူနေသည်။ နောက်တစ်ခဏတင် ဖားပြုတ်၏ ဝိဝိဉာဉ်က မီးခိုးရောင်အလင်းတန်းအဖြစ် လိမ်ခေါက်သွားပြီး ဒန်ဘီ၏ လက်ဖဝါးထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။

အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီးနောက် ဒန်ဘီ၏ အသက်ရှုသံ ပိုပြီး ပြင်းထန်လာသည်။ ဒန်ဘီ၏ စုစည်းမှုက ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ နောက်တစ်ဆင့်ဆို သူ ဘုရင်အဆင့်ရောက်တော့မည်။

တခြားသားရဲတွေအတွက်တော့ အများကြီးကို တစ်ခါတည်းအသုံးပြုမရနိုင်ပေမယ့် ဒန်ဘီလို ဒဏ္ဍာရီအဆင့် သားရဲအတွက်တော့ ဒါမျိူးမဟုတ်ပေ။

အချိန်ကိုက်လုပ်နိုင်ဖို့ပဲလိုသည်။ ဖားပြုတ်၏ဝိဝိဉာဉ်ကို စုပ်ယူပြီးနောက် သူအောင်မြင်သွားပြီဖြစ်သည်။ နက်မှောင်သော ရွှေရောင်အရိုးများက ပို၍တောင် နက်မှောင်သွားပြီး လက် ၅ ချောင်းက စုသွားသည်။

မြေပေါ်တွင် ကျယ်လောင်သော ဆူညံသံထွက်လာသည်။ ဒန်ဘီက သူ့ရဲ့မူလနေရာကနေ ပျောက်ကွယ်သွားသည်။

နဂါးငါးက ဒန်ဘီ၏လက်ဖဝါးတစ်ဖက်ဖြင့် မြေပေါ်သို့ဖိချခံလိုက်ရသည်။ ခိုင်မာသော ခဲရောင်သံကြိုးများ ဒန်ဘီ၏လက်ဖဝါးမှ ဆန့်ထွက်လာသည်။ သူရဲ့ လက်တစ်ခုလုံးတွင် ကမ္ဘာမြေတုန်လှုပ်လောက်စေသော စွမ်းအားများထွက်နေသည့် ခဲရောင်သံကြိုးများ ထိုးဖောက်နေသည်။ မိုးမျှော်အဆောက်အဦးကိုပင် အလွယ်တကူ ဖြိုချနိုင်သော အိမ်အရွယ်အစားလောက်ရှိသည့် နဂါးငါးက မြေပေါ်သို့ အတင်းဖိချခံထားရပြီး မလှုပ်နိုင်ဖြစ်နေသည်။

လေနဲ့အတူလွင့်နေသော သူ၏အနက်ရောင် ဝတ်ရုံနဲ့အတူ ဒန်ဘီက သူခန္ဓာကိုယ်ကို အနည်းငယ် ကွေးလိုက်ပြီး နဂါးငါး၏ ဦးခေါင်းခွံထဲသို့ သူရဲ့လက်သည်း ၅ ချောင်းကို နက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။

မသေဆုံးသောမီးတောက်၏ နက်မှောင်သော အရိပ်ယောင်များက ဒန်ဘီ၏ လက် ၅ ချောင်းကနေ စတင် ပျံ့နှံ့သွားပြီး နဂါးငါး၏ခေါင်းကို ဖုံးလွှမ်းသွားကာ သူ၏ ဦးခေါင်းခွဲထဲသို့ပါ ပျံ့သွားသည်။

နဂါးငါးက နာကြင်စွာ ပြင်းပြင်းထန်ထန် ရုန်းကန်းလိုက်သည်။ သူ့အမြီးက ဘယ်ညာယိမ်းထိုးနေ သော်လည်း သူ့ခေါင်းကမူ တောင့်တင်းပြီး လှုပ်ရှားခြင်းမရှိပေ။

“စမ်းချောင်းတစ်ထောင်ဒေသရဲ့ အရှင်သခင်တဲ့လား” ဒန်ဘီက သူ၏ မေးရိုးကို ပွတ်သပ်ရင်း တိုးရှရှလေသံဖြင့် ပြောလိုက်သည်။ နောက်ဆုံးတွင် ထိုစကားကို ပြောပြီးနောက် သူစတင် ရယ်မောတော့သည်။ “နောက်ဆုံးတော့ ဒါပဲပေါ့”

ခဏအကြာတွင် ဒန်ဘီ့ကိုယ်က ထွက်လာသည့် အဖြူရောင်မီးတောက်က အရပ်မျက်နှာအနှံသို့ ပြင်းထန်စွာ စတင် ပျံ့နှံ့သွားတော့သည်။ ခဏတွင်းချင်းပင် နဂါးငါးရော ဒန်ဘီပါ ဒီမီးတောက်ထဲတွင် အတူဖုံးလွှမ်းခြင်း ခံလိုက်ရသည်။

အဖြူရောင်မီးတောက်က အပြင်းအထန်ကို လောင်ကျွမ်းနေသည်။ နဂါးငါးက သူ၏ဝိဉာဉ်လောင်ကျွမ်း နေသည်ကို ခံစားရပြီး နာကျင်စွာ အော်ဟစ် ညည်းညူနေသည်။

မီးတောက်က မြေကို အဖြူဖျော့ဖြစ်သည်ထိ လောင်ကျွမ်းအောင် လုပ်ပြီး ကောင်းကင်ပေါ်သို့ တတ်သွားသည်။ နာရီဝက်လောက် အပြည့်အဝလောင်ကျွမ်းပြီးနောက် မသေဆုံးသော မီးတောက်က မူလအနေအထားသို့ ပြန်ရောက်သွားသည်။ သို့သော် နဂါးငါးကတော့ ဒန်ဘီ၏အောက်တွင် မလှုပ်မယှက် ဖြစ်နေဆဲပင်။

ဒန်ဘီက သူ့နောက်ကျောကို ခပ်ဖွဖွခေါက်လိုက်သည်။ မီးကျွမ်းနေသော ငါးအကြေးခွံများ ချက်ချင်းပင် ပြန့်ကျဲသွားပြီး အဖြူရောင် အရိုးများကြားကနေ အနက်ရောင် မီးခိုးများထွက်လာသည်။ ကိုယ်တွင်းအင်္ဂါတစ်ခုမှ မကျန်နေတော့ပေ။

ကြီးမားသော နဂါးငါး၏ အရိုးစုက ကျယ်ပြန့်သော မြေပြင်ပေါ်တွင် ကျနေသည်။ ဒန်ဘီက သူ၏အနက်ရောင် ဝတ်ရုံနဲ့ ထွက်ပေါ်လာပြီး သူ့ကို အလယ်ကထား၍ အနား ဘေးပတ်လည်က မသေမျိုးသတ္တဝါများက စတင်ပြီး ဒူးထောက်လာကြသည်။

“ဒီနေ့ကစပြီး ငါက စမ်းချောင်းတစ်ထောင်ဒေသရဲ့ အရှင်သခင်ပဲ” ဒန်ဘီ၏မျက်လုံးထဲက မီးတောက်က တောက်ပသွားပြီး သူ့ခန္ဓာကိုယ်က အသံရှုသံက ပိုပြီး သန်မာလာသည်။

ဒန်ဘီက အနက်ရောင်ဖီးနစ်တောင်ရှိရာသို့ကြည့်လိုက်သည်။ ထိုတောင်၏ထိပ်တွင် ထူထဲ၍ အနီရင့်ရောင် တိမ်တိုက်တစ်ခုက နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းခြင်းကို ခံထားရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၂ အနက်ရောင် “ပ” ကြီး၏ ကတိ

ချန်အန်းမြို့တွင် ကောင်းကင်ပြာနှင့် အဖြူရောင် တိမ်တိုက်များကို မတွေ့ရသည်မှာ ၈ ရက်ရှိပြီ ဖြစ်သည်။ ကောင်းကင်တခွင်တွင် မြူခိုးများဖြင့် ပြည့်နေပြီး ဝါညိုရောင်သဲများက မြို့ထဲတွင် လေထုထဲ မျောပါနေသလို ဖြစ်နေသည်။

ကပ်ဆိုကြီးအပြီး ထိုကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။ လူသားများကြောင့် ညစ်ညမ်းခဲ့ရသော သဘာ၀ပတ်ဝန်းကျင်သည် ကပ်ဆိုးကြီးအပြီးတွင် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ ချန်အန်း မြို့သားတို့သည် ထိုကဲ့သို့ အဖြစ်မျိုးကို ထိုနှစ်အတောအတွင်းတွင် တစ်ခါမှ မကြုံခဲ့ရချေ။

“အဲဒါကြောင့် ပုံမှန်မဟုတ်ဘူးလို့ ပြောတာပေါ့” ချန်ကျွေ့ဟယ်က ခေါင်းကို ခါရမ်းကာ သူ့လက်ထဲမှ ဝါဖျော့ဖျော့အရည်များပါသော ပုလင်းကို လှုပ်ရင်း ပြောလိုက်သည်။

“ကျုပ်စမ်းသပ်ကြည့်ထားတဲ့အရတော့ ဒါတွေက သာမာန် သဲတွေပါပဲ” သူကဆက်ပြောလိုက်သည်။

“သာမာန်သဲတွေပဲလား..” သူ့ရှေ့တွင် ရပ်နေသော အရာရှိတစ်ယောက်က အံ့ဩတကြီး ပြန်မေးလိုက်သည်။

“ဒါပေမယ့် ဒီလိုပတ်၀န်းကျင်မှာ သဲမုန်တိုင်း ဖြစ်စရာအကြောင်းတော့ မရှိဘူးလေ” သူ့ဘေးတွင် ရပ်နေသော အခြား စစ်တပ် သုတေသနယ ပညာရှင်တစ်ယောက်က ချန်ကျွေ့ဟယ်ကို သဘောမတူပုံဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ အာရုံမခံမိသေးတဲ့ တစ်ခုခုတော့ ရှိနေတာ သေချာတယ်”

“ဟုတ်ပြီလေ.. ကျုပ်ပြောတာကို မယုံရင်လည်း နောက်တစ်ခေါက်ထပ်ပြီး စမ်းသပ်ကြည့်လိုက်ပေါ့” ချန်ကျွေ့ဟယ်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

သုတေသန အရာရှိက ချန်ကျွေ့ဟယ်ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကျုပ်က ဘာကိစ္စ ပါမောက္ခချန်ကို မယုံရမှာလဲ.. ပါမောက္ခချန်နာမည်ကို ဒီစစ်တပ်ထဲမှာ မသိတဲ့သူ ရှိလို့လား.” သုတေသနာ အရာရှိက ခပ်ငေါ့ငေါ့ ပြောလိုက်သည်။

ချန်ကျွေ့ဟယ်ကတော့ မျက်လုံးတစ်ချက်သာ လှန်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရတ် သုတေသန အရာရှိ၏ ဆံပင်ကို ဆွဲပြီး ကြမ်းပြင်ကို ဆောင့်ချလိုက်သည်။

“ငါ့ကို ဟာသလာလုပ်မနေနဲ့”

သူသည် ဆက်လက် ထိုးကြိတ်ကန်ကျောက် နေလိုက်သည်။ “ငါမင်းကို အချိန်အကြာကြီး သည်းခံခဲ့တယ်ဆိုတိုင်း ဒီလိုမလုပ်ရဲဘူး ထင်နေလား”

“အိုး.. ချန်ကျွေ့ဟယ်.. မင်းရူးသွားပြီပဲ.. မင်းငါ့ကို မလုပ်ရဲပါဘူး..”

ဘေးတွင် ရပ်နေသော အရာရှိများသည် မျက်လုံးများကို လွှဲရင်း မမြင်ချင်ယောင် ဆောင်နေကြသည်။ သူတို့ထဲတွင် မသင့်တော်ဘူးဟု တွေးမိနေသော စစ်သားငယ်လေးတစ်ယောက်ကတော့ ရှေ့သို့တိုးလာပြီး တားဖို့ ကြိုးစားလိုက်သည်။ သို့သော် စစ်သားကြီးနောက်တစ်ယောက်က သူ့ကို ဆွဲထားလိုက်ပြီး “၀င်မပါနဲ့” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့ဘေးပတ်ပတ်လည် နံရံများ၊ မျက်နှာကြက်များ၊ စားပွဲခုံအောက်များဆီမှ များပြားလှသော သံမဏိသွား ရွှေရောင် ကင်းခြေများတို့သည် ထွက်လာကြသည်။ သူတို့အားလုံးသည် ကွန်မန်ဒါအဆင့် ကိုယ်ပိုင်သားရဲများ ဖြစ်ကြသည်။

ဆယ်မိနစ်ခန့် ကြာသောအခါ သုတေသန အရာရှိသည် မျက်နှာများ ဖူးယောင်လျက် ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး မျက်မှန်လည်း မရှိတော့ကာ နှာခေါင်းသွေးများက ယိုစီးကျနေသည်။ သူသည် “ငါ့ဦးလေးက ဘယ်သူလဲ သိလား..” ဟု ရေရွတ်နေသည်။

“ပါမောက္ခချန်.. ခင်ဗျားတော့ ဒုက္ခရောက်ပြီ.. သူ့ဦးလေးကလည်း စစ်တပ်ထဲမှာ ဓာတ်ခွဲခန်းကို ဦးစီးနေတဲ့ အရာရှိကြီး တစ်ယောက်ပဲ” အရာရှိတစ်ယောက်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ရှင်းဖို့ နည်းလမ်းတော့ ရှိပါတယ်.. ကွန်မန်ဒါလျူက ဒါမျိုးကိစ္စဆိုရင် တက်ကြွပြီးသားပဲ..”

“မလိုပါဘူး” ချန်ကျွေ့ဟယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

…

အမှောင်မီးကျီတောထဲတွင် အလွန်ပင် ပျင်းစရာကောင်းလှသည်။ တောနက်ကြီးထဲတွင် ကြီးမားသော အနက်ရောက် မျောက်ဝံသားရဲကြီးသည် သစ်ကိုင်းကြီး တစ်ခုပေါ်တွင် ပျင်းရိစွာ လှဲလျောင်းလျက် ကောင်းကင်ကို ကြည့်နေသည်။

အဖိုးကြီး သေပြီးကတည်းက အနက်ရောင်မျောက်ဝံကြီး “ပ” သည် နေ့စဉ်နေ့တိုင်း ပျင်းရိအထီးကျန်စွာ ဖြတ်သန်းနေရသည်။

သူ၏ မေးစေ့အောက်တွင် မီးခိုးရောင် အမွှေးများနှင့် ပြည့်နေသည်။ သူ့ကို အပြင်ပိုင်းက ကြည့်လျှင် သူသညမ အလွန်ကြီးမား သန်စွမ်းပုံရသော အမည်းရောင် မျောက်ဝံကြီး ဖြစ်သည်။ သူသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် လေထဲမှ တစ်စုံတစ်ခုကို ကြီးမားသော လက်ကြီးဖြင့် ဖမ်းယူဖို့ ကြိုးစားလိုက်သော်လည်း ဘာမှ မပါလာချေ။

သူသည် စိတ်ရှုပ်စွာဖြင့် နှာတစ်ချက်ချေလိုက်သည်။ လေထဲတွင် မွန်းကြပ်စရာ မီးခိုးနံ့တစ်ခုကို ရနေသည်။

သူသည် သစ်ကိုင်းပေါ်တွင် မတ်တပ်ရပ်လိုက်သောအခါ ပေ ၆၅၀ ခန့်မြင့်သော အပင်ကြီးသည် ယိမ်းထိုးသွားပြီး သစ်ရွက်များ ကြွေကျလာသည်။ သူသည် ထိုအပင်တွင် ပုံမှန်ထိုင်လေ့ရှိသောကြောင့် သစ်ပင်ပေါ်တွင် အရွက်များပင် ကုန်လုနီးပါး ဖြစ်နေသည်။

‌အနောက်ဘက်ကကောင် ပြန်ရောက်လာပြန်ပြီ ထင်တယ်။ မျောက်ဝံကြီးသည် ၁၂ မိုင်လောက် ကွာဝေးသော နေရာမှ သိသာသည့် အနံ့တစ်ခုကို သေချာရနေသည်။ လွန်ခဲ့သော တစ်ပတ်ကတည်းက ထိုအရာသည် တောအုပ်အပြင်ဘက်ရှိ မြို့သို့ ၀င်ရောက်နေခြင်း ဖြစ်ပြီး များပြားလှသော အဝါရောင်အမှုန့်များသည် လေထုထဲတွင် ပျံ့နှံ့နေခဲ့သည်။

ထိုအရာသည် အန္တရာယ်အငွေ့အသက် မရှိသော်လည်း အသက်ရှုရတာ သက်သောင့်သက်သာ မရှိလှပေ။

မျောက်ဝံကြီးသည် မျက်နှာကြီး ပုပ်သိုးနေပြီး ကျောက်ရုပ်ကြီးလို စဉ်းစားနေသည်။

ထို့နောက်သူသည် တစ်ချက်အော်လိုက်ပြီး သစ်ပင်ပေါ်မှဆင်းကာ တောထဲသို့ ပြေး၀င်သွားသည်။

ထိုနေရာသည် တောအုပ်၏ ကန့်သတ်နယ်မြေ ဖြစ်ပြီး အနက်ရောင်မီးကျီသခင်၏ အသက်သွေးကြောနေရာ ဖြစ်သောကြောင့် ထိုနေရာကို အခြားသားရဲများ မ၀င်ရောက်နိုင်ချေ။

ထိုနေရာသို့ ၀င်သွားသူတိုင်း သေဆုံးသွားကြသောကြောင့် မည်သူမျှ မ၀င်ရဲကြခြင်း ဖြစ်သည်။

တောအုပ်ကြီးအလယ်တွင် သစ်သားအိမ်တစ်လုံး ရှိနေသည်။ ထိုအိမ်၏ အမြင့်သည် မျောက်ဝံကြီး၏ ချက်လောက်ပင် မရှိချေ။ သစ်သားအိမ်၏ နံရံပေါ်မှ အမှတ်အသားများသည် ရှေးဆန်ပြီး အိမ်အပေါ်ပိုင်းသည် မိုးဒဏ်ဖြင့် ပျက်စီးနေကာ အမိုးကို ကြီးမားသော အရွက်ကြီးဖြင့် ကာထားသည်။

ထိုသစ်သားအိမ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က တောအုပ် အစောင့်အရှောက် တစ်ယောက်၏ အိမ်ဖြစ်သည်။ အိမ်အပြင်ဘက်နံရံတွင် သံချေးတက်နေသော ပုဆိန်တစ်လက် ချိတ်ထားသောကြောင့် ထိုအိမ်တွင် လူမနေတာ ကြာပြီဖြစ်ကြောင်း သိသာလှသည်။ စွန့်ပစ်ထားတာ ဘယ်လောက်ကြာပြီလဲ ဘယ်သူမှ မသိနိုင်ချေ။

မျောက်ဝံကြီးသည် သစ်သားအိမ်ဘေးတွင် ထိုင်ချလိုက်ပြီး အတွေးများကင်းကင်းနှင့် စိုက်ကြည့်နေသည်။ ထို့နောက် သူ့စိတ်သည် တဖြည်းဖြည်း ငြိမ်းချမ်းလာသည်။

သူ၏ စိတ်သည် လွန်ခဲ့သော အနှစ် ၂၀ ကို ပြန်ရောက်သွားသည်။

ထိုစဉ်ကသူသည် ၁ နှစ်သားအရွယ်သာ ရှိသေးသော မျောက်လေးတစ်ကောင် ဖြစ်သည်။ သူသည် တောထဲတွင် ရှိနေရင်း လက်မောင်းကို သေနတ်ဖြင့် အပစ်ခံလိုက်ရသောကြောင့် ထွက်မပြေးနိုင်ခဲ့ပေ။ သူသည် ချုံပုတ်ထဲတွင် လဲနေရင်း မုဆိုးက သူ့အနားကို တဖြည်းဖြည်း တိုးလာသည်။

“ဝုတ် ဝုတ် ဝုတ်”

ထိုအချိန်တွင် တောအုပ်စောင့်ရှောက်သူသည် သူ၏ တောင်ပေါ်ခွေးကြီးနှင့်အတူ တစ်ဖက်တောထဲမှ ပေါ်လာပြီး မုဆိုးကို နှင်ထုတ်လိုက်သည်။ သူသည် ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ယောက်ဖြစ်သော်လည်း အင်အားအပြည့်နှင့် လှမ်းလာနေကာ ပညာရှိမျောက်အိုကြီးနှင့်ပင် တူသေးသည်။

တောအုပ်စောင့်ရှောက်သူ အဖိုးအိုသည် မျောက်ကလေးကို သူ၏ သစ်သားအိမ်ထဲခေါ်သွားလိုက်ပြီး သေချာ‌ စောင့်ရှောက်ပေးခဲ့သည်။ သူသည် ဒဏ်ရာကို ကုသရန် ဆေးဖက်၀င်အပင်များ ခူးပြီး အုပ်ပေးလိုက်သည်။ ထို့ကြောင့် မျောက်ကလေးသည် ထိုဘ၀လေးနှင့် တစ်သက်လုံး နေသွားရလျှင် ကောင်းမည်ဟူ၍ပင် တွေးနေမိသည်။

သို့သော် သူပြန်ကောင်းလာသောအခါတွင်တော့ သူ့အုပ်စုရှိရာ အခြားမျောက်များဆီသို့ သူ့ကို ပြန်ပို့လိုက်သည်။ သူသည် အဲဒီနောက်ပိုင်းတွင် တစ်ခါတစ်ရံ ခိုးထွက်၍ အဖိုးအိုနှင့် သွားဆော့လေ့ရှိသည်။ အဖိုးအိုကလည်း သူနှင့် တွေ့ရသည်ကို ပျော်ရွှင်လေသည်။ သူလာတိုင်း အဖိုးအိုသည် သူ့အိတ်ကပ်ထဲမှ အရသာရှိသော မြေပဲများကို ထုတ်ကျွေးလေ့ရှိသည်။ ထိုသို့ဖြင့် သူတို့သည် အလွန်ပင် ရင်းနှီးခင်မင်သွားကြသည်။

ထိုသို့ဖြင့် ၁၃ နှစ်ကြာသွားခဲ့ပြီး မျောက်ကလေးသည်လည်း မျောက်အုပ်စု၏ ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။

တစ်ရက်တွင်တော့ သူသည် တောအုပ်ကို လှည့်လည်နေသော အဖိုးအိုကို မတွေ့ရတော့ပဲ အဖိုးအိုကို စင်တစ်ခုတွင် တင်ခေါ်သွားသော လူတစ်စုကိုသာ တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် အဖိုးအိုသည် အသက်ကြီးလာသောကြောင့် တောအုပ်ကို မလှည့်လည်နိုင်တော့ဘူးဟု တွေးလိုက်မိသည်။

ထို့နောက် တစ်ရက်တွင်တော့ လူများသည် တောင်ခြေမှ ခေါင်းတလားတစ်ခုကို သယ်လာပြီး သစ်သားအိမ်လေးဘေးတွင် မြှုပ်လိုက်ကြသည်။

မျောက်ကြီးသည် အဖိုးအို၏ အနံ့ကို ချက်ချင်း သိလိုက်သည်။

လူများသည် ခေါင်းတလားကို မြှုပ်ပြီးနောက် စက္ကူအချို့ကို မီးရှို့ပြီး ထိုနေရာမှ မြန်မြန် ထွက်သွားကြသည်။ သူတို့သည် အဖိုးအိုကို လာခေါ်တုန်းကလည်း ခပ်သုတ်သုတ်ပင် ဖြစ်သည်။

လူများထွက်သွားသောအခါမှ မျောက်ကြီးသည် အဖိုးအို၏ အုတ်ဂူဘေးတွင် လာရပ်ပြီး ကြည့်လိုက်သည်။ ထို့နောက် သူသည် တစ်ခုခုကို သတိရသွားပုံဖြင့် သစ်သားအိမ်ထဲကို ပြတင်းပေါက်မှ တဆင့်၀င်လိုက်သည်။ အခန်းထဲတွင် အဝါရောင် ပတ်တီးတစ်ခုနှင့် အပင်ခြောက် အချို့ရှိနေသည်။

ငါဒဏ်ရာရနေတုန်းက အဖိုးက ဒါကို သုံးပြီး ကုပေးခဲ့တယ်.. အခုငါလည်း ဒါကိုပြန်သုံးရမယ်..

မျောက်ကြီးသည် အရူးတစ်ယောက်ကို ပျော်ရွှင်ရယ်မောလိုက်သည်။

သို့သော် တိမ်ပြီး ကူကယ်ရာမဲ့နေသော မျောက်ဝံသံလေးတစ်ခုသာ တောထဲတွင် ပဲ့တင်ထပ်သွားသည်။

မျောက်ဝံကြီးသည် မျက်တောင် ၁ ချက် ၂ ချက် ခတ်လိုက်သည်။ သူသည် တစ်ချက် မိန်းမောနေရာမှ မျက်လုံးကို ဖွင့်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် အိပ်ပျော်သွားခြင်း ဖြစ်သည်။

သစ်သားအိမ်ဘေးတွင် မို့မောက်နေသော မြေပုံတစ်ခုရှိနေသည်။ ထိုအပေါ်တွင် ချုံနွယ်များ ရှိနေပြီး အဖိုးအို အသက်ရှင်နေစဉ်တုန်းကလို သန်စွမ်းစွာ ပေါက်ရောက်နေသည်။

မျောက်ဝံကြီးသည် သူ၏ ရင်ဘတ်ကို ထုလိုက်သည်။ ဒီတောက အဖိုးကာကွယ်ပေးခဲ့တဲ့ တောအုပ်ပဲ.. အဖိုးမရှိတော့ပေမယ့် ကျွန်တော်က တစ်သက်လုံး စောင့်ရှောက်‌ပေးသွားမယ်.. အဲဒါ ကျွန်တော့်ရဲ့ ကတိပဲ..

***

စာစဉ် ၂၇ ပြီး၏။

All Chapters