← Chapters

အခန်း (၄၃၃-၄၃၆)

Vol. 28 Ch. 433-436

အခန်း (၄၃၃-၄၃၆)

Vol. 28 Ch. 433-436

အခန်း ၄၃၃ တက္ကလာမာကန်

မျောက်ဝံကြီးသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ထရပ်လိုက်သည်။ သူ့ခေါင်းပေါ်တွင် များပြားလှသော အဝါရောင် အခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်။

စိတ်ပျက်စရာ အခိုးအငွေ့တွေ.. အဲဒီသားရဲကလည်း စိတ်ပျက်စရာကောင်းတာပဲ..

မျောက်ဝံကြီးသည် ဒေါသတကြီး ထရပ်လိုက်ပြီး တောအုပ်၏ အနောက်ဘက်ကို ‌တဟုန်ထိုး ပြေးသွားသည်။ သူသည်‌ ပြေးနေရင်းဖြင့် သံမဏိပင်ကြီး တစ်ပင်ကို အမြစ်မှ ဆွဲနှုတ်လိုက်သည်။ ထိုအခါ အညိုရင့်ရောင် သံမဏိပင်ကြီးသည် ကျယ်လောင် စူးရှသော အသံကြီးဖြင့် မြေကြီးတွင် တရွတ်ဆွဲကာ ပါလာသည်။

တောအုပ်၏ အနောက်ဘက်စွန်းနေရာတွင် သဲဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသော ပုတ်သင်သားရဲတစ်ကောင်သည် မြေကြီးတွင် တွားသွားနေသည်။ သူ၏ ထူထဲသော အမြီးကြီးသည် ညင်သာစွာ ယိမ်းနေပြီး မြေကြီးတွင် စွတ်ကြောင်းရာကြီး ဖြစ်နေသည်။

ထိုအချိန်တွင် တောထဲမှ အမည်းရောင်အရိပ်ကြီး ထွက်လာပြီး ကောင်းကင်တွင် ဖုန်ထုကြီးပင် ဖြစ်သွားသည်။

ထို့နောက် မိုးထစ်ချုပ်းသံကြီးလို ကျယ်လောင်လှသော အသံကျယ်ကြီးနှင့်အတူ မျောက်ဝံကြီးသည် ခုန်ထွက်လာပြီး ခေါင်းကို ရိုက်ချလိုက်သောအခါ မြေကြီးသည် သိမ့်သိမ့်တုန်သွားသည်။

ချက်ချင်းပင် ကြီးမားသော သဲပုတ်သင်ကြီး၏ ခေါင်းသည် ပေါက်ကွဲထွက်သွားပြီး လေထုထဲတွင် ပြည့်နှက်နေသော သဲများသည် မြေပြင်ပေါ်သို့ ပြန်ကျလာတော့သည်။

မျောက်ဝံကြီးသည် အသက်ပြင်းစွာ ရှူလျက် နောက်ပြန်လှည့်လိုက်သည်။ သူ၏ မျက်လုံးများသည် သားရဲတစ်ကောင်လို ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ သူ့မျက်လုံးထဲမှ အနက်ရောင် အခိုးအငွေ့များပင် ထွက်နေသလို ဖြစ်နေသည်။

“‌ဒီတောအုပ်က ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိတယ်.. ငါ့ကို လာရှုပ်တဲ့ကောင် မှန်သမျှ သေသွားရမယ်”

ခေါင်းမရှိတော့သော ပုတ်သင်ကြီးသည် နောက်သို့ ပြန်ဆုတ်သွားသည်။ ဘေးတွင် ပြန့်ကျဲနေသော သဲများသည် သူ့ခေါင်းတွင် ပြန်စုသွားသည်။ အနီရင့်ရောင် လျှာကြီးသည် မြေကြီးပေါ်မှ ပျံတက်လာသည်။ ထို့နောက် ပုတ်သင်ကြီး၏ ခေါင်းပြန်ဖြစ်လာပြီး မျောက်ဝံကြီးကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သူသည် တစ်ချက် နှစ်ချက် ခုန်လိုက်ပြီးနောက် တောင်ကုန်းများကြားတွင် ပျောက်ကွယ်သွားသည်။

…

ကောင်းဖန်ဆီသို့ ချန်ကျွေ့ဟယ်ဆီမှ ဖုန်း၀င်လာသည်။

“အဟွတ်.. ကောင်းဖန်လား”

“အဲဒီတော့ တောင်ပိုင်း ကောင်းကင်ကို ၀င်ချင်တယ်ပေါ့.. စစ်တပ်ကပေးတဲ့ လစာက အပြင် ကုမ္ပဏီထက် ပိုများတယ် မဟုတ်ဘူးလား”

ကောင်းဖန်သည် ရယ်ရယ်မောမောဖြင့် ချန်ကျွေ့ဟယ်ကို ငြင်းလိုက်သည်။ ချန်ကျွေ့ဟယ်သည် စစ်တပ်မှ လူဖြစ်သည်။ သူသည် ကောင်းဖန်၏ အသိမိတ်ဆွေပင် ဖြစ်နေလင့်ကစား အဖွဲ့အစည်းထဲတော့ လွယ်လွယ် ဆွဲမသွင်းနိုင်ပါချေ။

ချန်ကျွေ့ဟယ်သည် သူ၏ အခြေအနေကို ကောင်းဖန်အား ရှင်းပြလိုက်သည်။ သူသည် တခြားအကြောင်းပြချက် မရှိပဲ စစ်တပ်ထဲတွင် မနေချင်တော့ခြင်းသာ ဖြစ်သည်။ သူ့ကို စစ်တပ်ထဲတွင် တစ်စုံတစ်ယောက်က အငြိုးထားနေခြင်းကြောင့်လည်း မဟုတ်ပဲ တစ်ခုခု လုပ်ဆောင်လိုပါက အဆင့်ဆင့် တင်ပြ၊ ခွင့်ပြုချက်တောင်းနေရသည့် စစ်တပ်၏ ဓလေ့ကို သည်းမခံနိုင်တော့ခြင်း ဖြစ်သည်။ ထိုစနစ်သည် ကျင့်သားမရသူအဖို့ အတော်ပင် နေရကျပ်လှသည်။

ထို့ကြောင့် ချန်ကျွေ့ဟယ်သည် စစ်တပ်မှ ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး သူလွတ်လပ်စွာ လုပ်ဆောင်နိုင်မည့် လမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကောင်းဖန်သည် သူ့ကို ထပ်မငြင်းတော့ချေ။ သူသည် ခဏစဉ်းစားလိုက်ပြီးနောက် ချန်ကျွေ့ဟယ်ကို သူ့ဆီခေါ်လိုက်သည်။ “ဓာတ်ခွဲခန်းမှာတော့ ခဏနေကြည့်လိုက်ပေါ့.. အဆင်ပြေတယ်ဆိုရင် အဲဒီမှာ ဆက်ပြီး အလုပ်လုပ်နိုင်တယ်.. အဆင်မပြေရင်တော့ နှုတ်ဆက်ကြရုံပေါ့”

ထိုသို့ဖြင့် တစ်လတာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ အနက်ရောင်မီးကျီတောထဲတွင်လည်း မမျှော်လင့်ထားသော ဧည့်သည်များ ရောက်ရှိလာခဲ့သည်။

အဝါရောင် သဲမုန်တိုင်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်နေပြီး တောင်ကုန်းများကြားတွင် တိုက်ခတ်နေသည်။ ပုတ်သင်နှင့်တူသော အဝါရောင်သားရဲများသည် သဲတောင်ကုန်းများပေါ်တွင် သွားလာနေကြသည်။ သူတို့အားလုံးသည် ရက်စက်ပြီး သွေးအေးသည့် အငွေ့အသက်များ လွှမ်းခြုံထားကြသည်။

တောထဲမှ သစ်ကိုင်းများသည် ကြီးမားသော အနက်ရောင်သဏ္ဍာန်ကြီး ထွက်လာသောကြောင့် ယိမ်းထိုးသွားကြသည်။ မျောက်ဝံကြီးသည် ပုတ်သင်များကို တစ်ချက်ကြည့်လိုက်သည်။ “မင်းက အကူအညီတွေနဲ့ ပြန်လာတယ်ပေါ့.. အဲဒီလို လုပ်တော့ရော မင်းအသက်ရှင်မယ် ထင်လို့လား” သူသည် သွေးအေးစွာ မေးလိုက်သည်။

ကြီးမားသော ရင်ဘတ်ကြွက်သားကြီးသည် အသက်ရှူလိုက်တိုင်း မို့မောက်တက်လာသည်။ သူ၏ လည်ပင်းကြွက်သားကြီးကတော့ ကျောက်တောင်ကြီးထက်ပင် ထူထဲပြီး သံမဏိချောင်းကြီးလို ခိုင်ခံ့လှသည်။

သူသည် မြည်ဟိန်းလိုက်သောအခါ မိုးခြိမ်းသံကြီးလို ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သော လေလှိုင်းကြီးကြောင့် မြေကြီးမှ မြက်များပင် ပြားပြား၀ပ်သွားသည်။ သူရှေ့တိုးလာသောအခါ ‌တောင်ကုန်းများသည် လှုပ်ခါသွားသည်။ သူ့လက်သီးတစ်ချက် ဆုပ်လိုက်သောအခါ အမည်းရောင် အလင်းတန်းများသည် ကြောက်ဖက်ဖွယ် ကြယ်တံခွန်ကြီးလို လက်သီးထိပ်တွင်စုလာသည်။

သူ့လက်သီးထဲတွင် အ‌နက်ရောင်စွမ်းအင်များ ပြည့်နှက်နေပြီး ကောင်းကင်သည် မှောင်မည်းသွားသည်။

သူလက်သီးထိုးစိုက်ချလိုက်သောအခါ ကောင်းကင်မှ ဒုံးကျည်ကြီး ပြုတ်ကျလာသလို ပုတ်သင်များသည် ပျံထွက်သွားသည်။ ပေါက်ကွဲထွက်သွားသော ပုတ်သင်များသည် သဲပုံများ ဖြစ်သွားကြပြီး တောင်ကုန်းများပေါ်တွင် သံပုံများဖြင့် ပြည့်သွားသည်။

ထိုအချင်းအရာကို မြင်လိုက်ရသော ကျန်ရှိသည့် ပုတ်သင်များသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့သည် ပြိုင်တူ ညာသံပေးလိုက်ကြပြီး မျောက်ဝံထံသို့ ခုန်ဝင်လိုက်ကြသည်။

ကောင်းကင်တွင် အညိုရောင်သဲမိုးများ ရွာလာပြီး ရုတ်တရတ် လေသည် အတိုက်ကြမ်းလာသည်။ မျောက်ဝံကြီးအနောက်မှ တောအုပ်သည် ယိမ်းထိုးနေပြီး သဲများသည် သစ်ပင်များကြားတွင် ပြည့်နှက်လာကာ အရွက်များပင်ဝါလာသည်။

သို့သော် သူတို့ လုပ်နိုင်တာ ဒါအကုန်ပဲ ဖြစ်သည်။

ထိုတောအုပ်သည်လည်း မျောက်ဝံဘုရင်ကြီးလိုပင် ချန်အန်းမြို့ကို တံတိုင်းကြီး သဖွယ် စောင့်ရှောက်ကာရံပေးထားသော တောအုပ်ကြီး ဖြစ်သည်။

မျောက်ဝံကြီးသည် ခြေထောက်ကို ဆောင့်ချလိုက်သောအခါ ကြီးမားသော အသံကြီးနှင့်အတူ မမြင်ရသော လှိုင်းတစ်ခုသည် လက်စွပ်သဏ္ဍာန်ပေါ်လာကာ ဘေးတစ်ဝိုက်ပျံ့နှံသွားသည်။

ထိုအခါ သူ့ဆီသို့ ခုန်‌လာနေသော ပုတ်သင်များအားလုံး ပျက်စီးကုန်ကြပြီး လေထဲမှာပင် လဲပြိုကုန်ကျကာ ပြန်လည်ကုသနိုင်စွမ်းပင် ပေါ်မလာတော့ချေ။

အဝေးတစ်နေရာတွင် ထိုမြင်ကွင်းကို တယ်လီစကုပ်ဖြင့် ကြည့်နေသော ကျောင်းအရာရှိတစ်ယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ “တောအုပ်ဘုရင်ကြီးမှ မထင်ထားတဲ့ အစွမ်းတွေ ရှိနေတာပဲ..”

သူသည် တစ်ခါက သူနှင့် အခြားသူများ မျောက်ဝံကြီးနှင့် ဆုံတွေ့ဖူးခဲ့သည်ကို အမှတ်ရမိလိုက်သည်။ သူတို့သည် မျောက်ဝံကြီးကို သတ်ဖို့ သွားခဲ့သော်လည်း မျောက်ဝံကြီးသည် ကြင်နာတတ်သူ ဖြစ်သောကြောင့် မသတ်ခဲ့ကြခြင်း ဖြစ်သည်။ သူသည် လူသားများက စတင်မတိုက်ခိုက်သရွေ့ သူကလည်း စပြီး မတိုက်ခိုက်ပေ။

ထို့ကြောင့်လည်း ချန်အန်းမှ အရာရှိများက မျောက်ဝံကြီးသည် ကန္တာရအုပ်ချုပ်သူလို အန္တရာယ်မပေးသူသု သတ်မှတ်ပြီး သူ့ကို ဘေးမဲ့ပေးထားလိုက်ပြီး ကန္တာရအုပ်ချုပ်သူကိုသာ သတ်လိုက်ကြခြင်း ဖြစ်သည်။

သူတို့၏ အန္တရာယ် အပေးနိုင်ဆုံးဟု ယူဆသော သတ်မှတ်ချက်အရ ကန္တာရ အုပ်ချုပ်သူသည် ကြယ် ၅ ပွင့်အဆင့်ရှိပြီး မျောက်ဝံကြီးသည် ကြယ် ၄ ပွင့် အဆင့်ရှိသည်။ တကယ်တော့ သူ၏ အဆင့်သည် ၄ ဆင့်မကပဲ ၅ ဆင့်ထက်ပင် အန္တရာယ် များနိုင်သေးသည်။ သူသည် အဝေးကြီးတွင် နေနေသော်လည်း သူ့ကို အန္တရာယ်ပေးမည့်သူကို အာရုံခံနိုင်စွမ်း ရှိသည်။

ပုတ်သင်များကို သတ်ပြီးနောက် မျောက်ဝံကြီးသည် စိတ်အနည်းငယ် ကျေနပ်သွားသည်။ သူသည် သူ့ကို အဝေးမှ ကြည့်နေသောသူဆီသို့ တစ်ချက် ခေါင်းလှည့်ကြည့်လိုက်သည်။

တယ်လီစကုတ်ကိုင်ထားသော အရာရှိသည် တစ်ချက်တွန့်သွားသည်။ ထို့နောက် မှန်ဘီလူးကို ဖြည်းဖြည်းချင်း ချလိုက်သည်။ သူသည် ရင်တဒိတ်ဒိတ် ခုန်နေမိသည်။ သူသည် ချက်ချင်းပင် ချွေးပြန်လာသည်။

ထိုသို့ဖြင့် အနက်ရောင် တောအုပ်ကို ခြိမ်းခြောက်နေသည့် ပြဿနာသည် မျောက်ဝံဘုရင်ကြီးကြောင့် ဖြေရှင်းနိုင်လိုက်သည်။ ချန်အန်းတွင် ရှိနေသော ကောင်းဖန်သည် မြို့ထဲမှ သဲမှုန်များ မကြာခင် ပျောက်သွားတော့မည်ဟု တွေးလိုက်မိသည်။ သို့သော် သဲများသည် ပို၍ပင် ဆိုးလာသည်။ နာမကျန်း ဖြစ်နေသော လူမမာလိုပင် ပိုအခြေအနေ ဆိုးလာသည်

“ဒီဟာတွေရဲ့ အရင်းအမြစ်က ရှိနေသေးတာ သေချာတယ်” ချန်အန်း၏ အထက်တန်း အရာရှိများသည် ဒေါသထွက်နေကြသည်။ များပြားလှသော ဒရုန်းများနှင့် ကိုယ်ပိုင်သားရဲများသည် ချန်အန်းကို စုံစမ်းစစ်ဆေးရန် ရောက်နေကြသည်။

ထိုသို့ဖြင့် ၂ ရက်အကြာတွင် သတင်းပြန်ရောက်လာသည်။ မြောက်ပိုင်းတွင် ထောင်ချီသော သဲပုတ်သင်များသည် ချန်အန်းမြို့ကို ဦးတည်ပြီး ချီတက်လာနေကြသည်။

ထို့အပြင် ဒါသည် ရှေ့ပြေးအဆင့်သာ ရှိသေးပြီး အနောက်တွင် မရေတွက်နိုင်အောင် များပြားသော ပုတ်သင်များ ဆက်ပါလာသည်။

သူတို့၏ လမ်းကြောင်းကို ဂြိုလ်တုမှ တွက်ချက်လိုက်ပြီးနောက် သူတို့၏ နောက်ဆုံး ပန်းတိုင်သည် တက္ကလာမာကန် ကန္တာရဆီဖြစ်သည်။ ထိုကန္တာရသည် ဟွာရှား၏ အကြီးဆုံး ကန္တာရကြီး ဖြစ်သည်။

ကပ်ဆိုကြီးပြီးနောက်တွင် ထိုနေရာသည် သဲမုန်တိုင်းများဖြစ်ပေါ်လေ့ရှိသည်။ ကန္တာရ၏ ကောင်းကင်ယံတွင် အမည်မသိနိုင်သော အဝါရောင်အရာတစ်ခုက ဖုံးလွှမ်းထားလေ့ ရှိသောကြောင့် ကန္တာရအတွင်းပိုင်းကို မည်သူမျှ သေချာမမြင်နိုင်ကြပေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၄ ကံမကောင်းသော ချန်အန်း

“တက္ကလာမာကန်…”

ထိုနာမည်က အဲဒါဘာလဲဆိုတာသိတဲ့သူတိုင်းကို မျှော်လင့်ချက်မဲ့သည့် မျက်နှာ ဖြစ်သွားစေသည်။

ကမ္ဘာပျက်ကပ်ကြီးစဖြစ်ကတည်းက ကြီးမြတ်သော တောင် ၅ လုံးနဲ့ ကျော်ကြားသော အံ့အားသင့်တောင်တို့ကဲ့သို့ နေရာများက စွမ်းအားကြီးသော သားရဲများ၏ သိမ်းပိုက်ခြင်းကို ခံထားခဲ့ရသည်။ သူတို့တွေက ဒဏ္ဍာရီတွေ၊ ရိုးရာပုံပြင်တွေထဲက အဓိကနတ်ဆိုးများကဲ့သို့ပင်ဖြစ်ပြီး လူသားဘာသာစကားကို နားလည်ကြသည်။ တချို့ ဉာဏ်ရည်မြင့်သည့်သားရဲများဆို လူသားဘာသာစကားကိုပါ ပြောဆိုနိုင်ကြသည်။ ဒါက တကယ်ကို ဆန်းကြယ်ကောင်းမွန်လွန်းသော သဘာဝဖြစ်စဥ်ဖြစ်သည်။

ကျော်ကြားသော အံအားသင့်တောင်ကလွဲလို့ ကမ္ဘာကပ်ပျက်မဖြစ်ခင်ကတည်းက ထူးဆန်းပြီး အန္တရာယ်များသည်ဆိုပြီး နာမည်ကြီးခဲ့သော တချို့နေရာများက ပိုပြီးတောင် ဆိုးသွားသည်။

အန္တရာယ်များတဲ့ဇုံဆိုတာ အထဲတွင် ဘာတွေရှိတယ်ဆိုတာ လူတွေသေချာမသိကြသောကြောင့် အန္တရာယ်များတဲ့ဇုံဟု ခေါ်ခြင်းဖြစ်သည်။

ထိုနေရာများ၏ ဝိသေသလက္ခဏာက ထိုနေရာများသည် ပြိုင်ဖက်ကင်း ထူးခြားသော သဘာဝ ပတ်ဝန်းကျင်ကို မကြာခဏပင် ထုတ်လုပ်ပေးခြင်းဖြစ်သည်။ ဒါ့အပြင် သူတို့ထဲတွင် အန္တရာယ်များသော သားရဲများ တည်ရှိနေကြသည်။ စူးစမ်းလေ့လာ သိရှိပြီးသော နေရာများက အပြည့်အဝ သိမ်းပိုက်ခြင်းမခံရသေးသော အခြေအနေမျိုးတွင် ဘယ်သူမှ အထဲသို့ဝင်ပြီး သူတို့ထဲက အန္တရာယ်ကောင်များကို သွားမဆွကြပေ။

“အဲဒါ ပြဿနာပဲ… တက္ကလာမာကန်သဲကန္တရထဲ ဘာတွေရှိနေမယ်ဆိုတာ ငါတို့လည်း သေချာမသိဘူး… ဒီပုတ်သင်ကောင်တွေကို ငါတို့သတ်နိုင်တယ်ဆိုရင်တောင် ပြဿနာအရင်းအမြစ်ကို ငါတို့ မဖြေရှင်းရသေးဘူး… ကိစ္စတွေက ပိုဒုက္ခရောက်လာတော့မှာပဲ” တစ်စုံတစ်ယောက်က ညည်းတွားလိုက်သည်။

“ဒီ ပြဿနာက ငါတို့ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းလို့မဖြစ်နိုင်ဘူး… ချန်အန်းအခြေစိုက်မြို့က….” တစ်ခြားလူတစ်ယောက်က ထပ်ပြောသည်။

“ဟုတ်တယ်.. အမှောင် မီးကျီနတ်ဘုရားနဲ့ တွေ့ဆုံပွဲရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က ဘာတဲ့လဲ… ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတယ်တဲ့လား”

“အမှောင် မီးကျီနတ်ဘုရားက ငြင်းလိုက်ပါတယ် မြို့တော်ဝန်ခင်ဗျာ” လက်ထောက်က အစီရင်ခံလိုက်သည်။

“ငါ သိပြီ” မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသော မြို့တော်ဝန်က သက်ပြင်းချလိုက်သည်။

“ဒီမျောက်က ဘာတွေစဥ်းစားနေတာများလဲ… အရင်ကတော့ ငါတို့ကို ဟိုပုတ်သင်ကောင်ကို သတ်ဖို့ ကူညီခဲ့တယ် အခုကြတော့ ငါတို့နဲ့ လက်မတွဲချင်ဘူးတဲ့လား… ဧကန္တတော့…”

“ဧကန္တတော့ ဘာလဲ” မြို့တော်ဝန်ကမေးသည်။

“သူ မာနထောင်လွှားနေတာများလား” တစ်စုံတစ်ယောက်က တည်တည်ငြိမ်ငြိမ်အသံနဲ့ ဝင်ပြောသည်။

မြို့တော်ဝန် ခနရပ်သွားသည်။

အရင်က ကောင်းဖန် စာမေးပွဲအောင်မြင်ပြီး ယွိကျိုးမြို့ရှိ သားရဲလေ့ကျင့်ရေးကျောင်းခွဲတွင် ကမ္ဘာ့သားကောင်လိုက်မုဆိုးဟူသည့် ရာထူးကို ရရှိခဲ့သည်။

ကမ္ဘာ့သားကောင်လိုက်မုဆိုးစာမေးပွဲ၏ အရေးအပါဆုံး စံသတ်မှတ်ချက်မှာ ခွန်အားပင်ဖြစ်သည်။ ခွန်အားရှိသူသာ တောရိုင်းထဲတွင် ကြာကြာရှင်သန်နိုင်မည်ဖြစ်သည်။ ဒုတိယစံနှုန်းကတော့ တောရိုင်းထဲတွင် နေထိုင်ခြင်းကနေရရှိသည့် အတွေ့အကြုံဖြစ်နဲ့ သားရဲအမျိုးမျိုးကို သရုပ်ခွဲခြားနိုင်သော အသိပညာဖြစ်သည်။

နောက် ၂ ချက်က ကောင်းဖန်အတွက် အရေးမကြီးတော့ပေ။ ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်က ခွန်အားအရမ်းကောင်းလွန်နေရင် တစ်ခြားသူတွေကို အလွယ်လေး စိုးမိုးနိုင်ပြီး ရှင်သန်နိုင်စွမ်း အတွေ့အကြုံက သိပ်အရေးမပါတော့ချေ။

“အနက်ရောင်မြူခိုးကမ္ဘာကို မြန်မြန်တော့ ပြန်သွားနိုင်ဦးမှာ မဟုတ်ဘူး… လူကာဆာက အထူးဖောင်ရဲ့ တစ်ဖက်ခြမ်းမှာ ဘုရင်အဆင့် သားရဲတစ်ကောင်ရှိနေတာ… အဲဒီနေရာက ဝင်္ကပါနဲ့ သိပ်မဝေးဘူး” ကောင်းဖန် ခဏရပ်ပြီးနောက်ဆက်ပြောသည်။ “ခွန်အား ဘယ်လောက်လဲမသိရတဲ့ သားရဲနဲ့ ရင်ဆိုင်တွေ့ရင် အန္တရာယ်များနိုင်တယ်”

“သားရဲ” ရေခဲခြင်္သေ့က အံ့အားသင့်သွားသည်။ “ဘာ သားရဲလဲ”

“ငါလည်းမသိဘူး… ပုံမရှိဘူး ဒါပေမယ့် ဧရာမ အနက်ရောင် မြွေကြီးပဲ… သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာကနေ နောက်ယှက်ခံလိုက်ရပြီး နိုးသွားတာ”သူ့တွင်သာ ဓာတ်ပုံရှိရင် အချက်အလက်နဲ့ စွမ်းရည်ကို ဓာတ်ပုံကနေတဆင့် တိုက်ရိုက်ကြည့်လို့ရသည်။ သို့သော်လည်း အဲဒါက ဧကရာဇ်အဆင့်ဖြစ်ဖြစ် အရှင်သခင်အဆင့်ဖြစ်ဖြစ် ဒါတွေက လောလောဆယ် သူသွားရှုပ်လို့ရနိုင်တဲ့ ကောင်တွေမဟုတ်ပေ။ စိတ်ချရအောင် အဲဒီကောင် ဖြည်းဖြည်းချင်း ကြီးထွားပြီး သူ အနက်ရောင်မြူခိုးကမ္ဘာဆီမပြန်ခင် ဒီသားရဲကောင်ကို အနိုင်ယူနိုင်သည် အထိ စောင့်နေနိုင်ရင် ပိုကောင်းသည်။

ဒါက သတ္တိကြောင်ခြင်းမဟုတ်… ရှေ့ရေးကိုတွေးပြီး ရင့်ကျက်တည်ငြိမ်ခြင်းသာဖြစ်သည်။

“အိမ်မောကျနေတဲ့ သားရဲကိုနှိုးတယ်” ခြင်္သေ့ အံ့အားသင့်သွားသည်။ လူတွေ ဘာလို့ ဒီလောက်တောင် သတ္တိကောင်းကြတာလဲ… လူသားတွေတောင် တစ်ခါတစ်လေ အိပ်ရာကနိုးနိုးချင်း စိတ်မကြည်တတ်ကြတာ ခံစားချက်ပြောင်းအလဲမြန်တဲ့ သားရဲတွေဆို ပြောနေဖို့တောင် မလိုတော့ဘူး..

ဟုတ်သားပဲ ငါကလည်း စိတ်အပြောင်းအလဲလွယ်တဲ့ ခြင်္သေ့ကြီးတစ်ကောင်ပဲလေ… သူက ချစ်စရာကောင်းစွာ နှုတ်ခမ်းစူလိုက်သည်။ ကောင်းဖန် ငါ့ခေါင်းကို ရိုက်ရဲရင် ရိုက်ကြည့်လိုက်စမ်း…

“ဒါပေမယ့် အလွန်ဆုံးမှ ဒီသားရဲက ဧကရာဇ်အဆင့် ဒါမှမဟုတ် ဧကရာဇ်အဆင့်ရဲ့ ထိပ်ဆုံးကိုရောက်သလောက်ပဲ ဖြစ်ဦးမှာပါ…

အရှင်သခင်အဆင့်တော့ဖြစ်စရာအကြောင်းမရှိဘူး” ခြင်္သေ့က လုံးဝသေချာနေသည်။

“အဲလောက်တောင် သေချာတယ်ပေါ့” ကောင်းဖန် အနည်းငယ် အံ့သြသွားသည်။

“မိုက်မဲလိုက်တာ… အရှင်သခင်အဆင့်သားရဲတစ်ကောင်က နောက်အရှင်သခင်အဆင့်သားရဲတစ်ကောင်အနားမှာ ဘယ်လိုလုပ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေနိုင်ပါ့မလဲ… အသက်ရှင်ရတာ ပင်ပန်းနေလို့လား” ခြင်္သေ့က အေးစက်စွာ ရယ်မောလိုက်သည်။

“သေချာပြောစမ်း” ကောင်းဖန်က သူ့ခေါင်းကို ရိုက်လိုက်သည်။

ခြင်္သေ့က အလွန် စိတ်တိုသွားသည်။ ငါက စိတ်အပြောင်အလဲလွယ်တဲ့ ခြင်္သေ့ကြီးပါဆို… ငါ့ခေါင်းကို ဒီလိုလာရိုက်လို့ မရဘူးလေ။

“အဲကောင်က ဧကရာဇ်အဆင့်ဆိုရင်တောင် အခုလောလောဆယ်တော့ သူ့ကို ငါတို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

“ငါ့ခွန်အားတွေ အပြည့်အဝပြန်ကောင်းလာတဲ့ထိ စောင့်ဦး အဲကျရင် ဒီကောင်ကို ငါ အနိုင်ယူပြမယ်” ခြင်္သေ့က အေးစက်စွာ ရယ်ရင်းပြောသည်။

“ငါ မင်းကို အားပေးနေမယ်… မင်းခွန်အားတွေ ပြန်ကောင်းပြီး အရှင်သခင်အဆင့်ကိုရောက်သွားရင် အနက်ရောင်မြူခိုးကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်ပြီး ထိပ်ဆုံးကိုရောက်မှာ” ကောင်းဖန်က အားပေးသည်။

“သွားစို့ ကောင်းဖန်… တစ်ကမ္ဘာလုံးက ရတနာတွေကို ငါတို့ယူကြရအောင် ပြီးရင် ငါ ပိုပြီး မြန်မြန်အောင်မြင်လိမ့်မယ်” ခြင်္သေ့က မစောင့်နိုင်တော့ပေ။

လှဲလျောင်းနေသော တာ့ဇီ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ရတနာတွေတဲ့ ငါတို့ဟာတဲ့…

ထိုညတွင် စံအိမ်ထဲက ညစာစားပွဲတွင်အဖိုးကပြောသည် “ချန်အန်းမှာ တစ်ခုခုတော့ ထပ်ဖြစ်နေပြန်ပြီ”

နောက်တစ်ခု… ချန်အန်းက တကယ်ပဲ ကပ်ဘေးများတာပဲ..

“ဒီတစ်ခါရော ဘာဖြစ်ပြန်တာလဲ” ကောင်းဖန်က စားပွဲပေါ်က အသားတစ်ဖတ်ကို တူဖြင့်ယူလိုက်သည်။ သူ့နားရွက်ဘေးတွင် သရေကျနေသည့်အသံကို ကြားလိုက်ရသည်။

တာ့ဇီက ကောင်းဖန်ကို စားပွဲအောက်ကနေ ခေါင်းမော့ကြည့်နေသည်။ သူ့အမြီးက ရှီဘာခွေးကဲ့သို့ ပျော်ရွှင်စွာဖြင့် တလှုပ်လှုပ်ဖြစ်ိနေသည်။ သာမာန်သားရဲများအား စားသောက်ဆိုင်ထဲသို့ ဝင်ခွင့်မပြုပေ… သို့သော် တာ့ဇီကတော့ သေးငယ်သည့် အခွင့်ထူးခံစားခွင့်ရသည်။

ကောင်းဖန်က အရိုးတစ်စကို မြေပေါ်သို့ပစ်ချလိုက်သောအခါ တာ့ဇီက ခပ်တိုတို ခြေချောင်း ၁၀၀ လောက်ကို ခုန်ပြီး အရိုးပေါ်သို့ကျသွားသည်။ သူအရိုးကို တဂွပ်ဂွပ်ကိုက်လိုက်သည်။

“သားရဲကျူးကျော်ခြင်းဖြစ်နေတာ တက္ကလာမာကန်ထဲမှာ”

တက္ကလာမာကန်တဲ့လား… ထိုနေရာက အနောက်မြောက်ဖက်တွင်ဖြစ်ပြီး ချန်အန်းနဲ့ သိပ်မဝေးသောကြောင့် ကောင်းဖန် ကြားဖူးသည်။

ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် ထိုနေရာက သဲများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး တစ်နှစ်ပတ်လုံး သဲမုန်တိုင်းများဖြင့် ဖုံးအုပ်လျှက်ရှိသည်။ တက္ကလာမာကန် သဲကန္တာရနဲ့ ယှဥ်ရင်တော့ ဒါလီသဲကန္တာရက ကလေးကစားစရာမျှသာ ဖြစ်သည်။

တက္ကလာမာကန်သဲကန္တာရက ရွှေသဲမှုန်သဲကန္တာရနဲ့တော့ ကွာခြားသည်။ တက္ကလာမာကန်က သဲများက ရွေ့လျားပြောင်းလဲနေသောသဲများနဲ့ သဲကန္တာရဖြစ်သည်။ နာမည်အတိုင်းပင် ရွေ့လျားပြောင်းလဲနေသောသဲကန္တာရမှ သဲများက လေလမ်းကြောင်းအပေါ်မူတည်ပြီး ရွေ့လျားသည်။ လေကြောင့် သဲကန္တာရက ဆက်လက်ရွေ့လျားနေမည်ဖြစ်သည်။ ဆိုလိုသည်က အဲဒါက ရွေ့လျားနေသော သဲကန္တာရဖြစ်သည်။

တက္ကလာမာကန်သဲကန္တာရက ဟွာရှားဒေသတွင် အကြီးဆုံး သဲကန္တာရဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ရွေ့လျားပြောင်းလဲသဲကန္တာရဖြစ်သည်။

နောက်ဆုံးရ အချက်အလက်အရအရတော့ တက္ကလာမာကန်သဲကန္တာရက ချန်အန်းအခြေစိုက်မြို့နားသို့ နီးကပ်လာပြီးဖြစ်သည်။ လက်ရှိ ခန့်မှန်းချက်တွေအရတော့ ၁၀ နှစ်ခန့်အတွင်း သဲကန္တာရက ချန်အန်းမြို့တစ်ခုလုံး ကို ဝါးမြိုသွားမည်ဖြစ်သည်။

ကောင်းဖန် ပန်းကန်လုံးနဲ့ တူကိုချလိုက်သည်။ ချန်အန်းကလူတွေက တကယ်ကိုပဲ ကပ်ဘေးတွေ အတော်များတာပဲ။

၁၀ နှစ်က အချိန်အကြာကြီးဟု ထင်ရသော်လည်း တကယ်တော့ လုံးဝရှည်ကြာသည် မဟုတ်ပေ။ သူတို့သာ တက္ကလာမာကန်သဲကန္တာရ၏ ရွေ့လျားမှုကို မတားဆီးနိုင်ရင် ချန်အန်းမြို့က ပြောင်းရွေ့ဖို့ ပြင်ဆင်ရတော့မှာ ဖြစ်သည်။

“ဒီသဲကန္တာရက အသက်ရှိနေတာဖြစ်နိုင်လား” ကောင်းဖန် ခပ်တိုးတိုးရေရွတ်လိုက်သည်။ လှုပ်ရှားသက်ဝင်နေတဲ့ ပန်းပုရုပ်တွေ၊ တောင်ဝိဝိဉာဉ်တွေနဲ့ သန္တာကျောက်တန်း သားရဲတွေကို မြင်ဖူးပြီးသည့် ကောင်းဖန်အနေနဲ့ သူ အံ့အားတသင့်ဖြစ်ရတဲ့ အကြိမ်အတော်များများ ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် တက္ကလာမာကန်သဲကန္တာရက အသိစိတ်ရှိသော နောက်ထပ် သားရဲတစ်ကောင်ကောင်ကို ထုတ်လုပ်ပေးဦးမလား သိချင်မိသည်။

တကယ်လို့ အဲဒါကသာ နောက်ထပ်အသိစိတ်ရှိတဲ့ အရာကို ဖန်တီးခဲ့မယ်ဆိုရင် ဒီကြီးမားတဲ့ ဧရိယာကြီးက…

ကမ္ဘာပျက်ကပ်မတိုင်ခင်က တက္ကလာမာကန်သဲကန္တာရက အရှေ့ဖက်ကနေ အနောက်ဖက်ထိ မိုင်ပေါင်း ၆၂၀ လောက်နဲ့ တောင်ကနေ မြောက်ကို မိုင်ပေါင်း ၂၅၀ လောက် ကျယ်ပြန့်သည်။ ဧရိယာစုစုပေါင်းက ၂၀၅၀၀၀ စတုရန်းမိုင်ခန့်ရှိသည်။

ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် ပို၍ကြီးမားလာသည်။ ဒီလိုကြီးမားသည့် သဲကန္တာရကသာ သားရဲတစ်ကောင်ဖြစ်လာမည်ဆိုရင် ဘယ်လောက်တောင်ကြောက်ဖို့ကောင်းမလဲဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ။

အဖိုးက ညစာစားပြီးနောက် သူပါးစပ်ကို သုတ်လိုက်သည်။ “ငါ မနက်ဖြန်သွားကြည့်လိုက်မယ်”

“ဟင့်အင်း အဖိုးမသွားနဲ့ ကျွန်တော်သွားလိုက်မယ်”

သဲအမျိုးအစားသားရဲအားလုံးနီးပါးက ရေခဲနဲ့ဆို အားနည်းကြောင်း ကောင်းဖန်သတိရလိုက်သည်။ သူ့တွင် ရေခဲခြင်္သေ့ရှိသည်… အဲဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ဖို့ သူက ပိုအစွမ်းရှိသည်။

ကျီဟန့်ဝူ ခဏလောက်စဥ်းစားလိုက်သော်လည်း စိုးရိမ်နေဆဲဖြစ်သည်။ “တူတူသွားကြတာပေါ့… ငါ မနက်ဖြန်ကျရင် နဂါးဖြူကို အတူခေါ်ခဲ့မယ်… သားရဲတွေအများကြီးခေါ်မလာနဲ့… ငါတို့ဒီတိုင်း သွားကြည့်ကြည့်ရုံပဲ”

ငါ့က စုစုပေါင်း သားရဲ ၃ ကောင်ပဲ ရှိသေးပေမယ့် ငါ့မြေးကတော့ ခုထဲက ၁၀ ကောင်တောင် ရှိနေပြီ… ကျီဟန့်ဝူလည်း ဘာပြောရမှန်း မသိအောင်ဖြစ်နေရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၅ အမည်သစ်

ညစာစားပြီးနောက် ကောင်းဖန်သည် ကျောင်းသားများ၏ ‌အခြေအနေကို ကြည့်ရှုရန် ကျောင်းသို့သွားလိုက်သည်။ ထို့အပြင် လလယ်လောက်တွင် နှစ်သစ်ကူးပွဲတော်လည်း ရှိနေသည်။ ထို့ကြောင့် ဟွာရှားဒေသတစ်ခွင်ရှိ မြို့ရွာများတွင် ပွဲတော် အငွေ့အသက်များကို ခံစားနေရသည်။ ယွိကျိုးမြို့အပါအ၀င် နေရာတိုင်းတွင် စည်ကားနေကြလေသည်။

ကျောင်းရှိကျောင်းသားများသည်လည်း ခရီးထွက်ဖို့ ပြင်ဆင်နေကြသည်။ ပုံမှန်အားဖြင့် အလုပ်သမားများ၏ သားသမီးများသည် သူတို့အိမ်ကို ပြန်ကာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲဖို့ စီစဉ်ကြသော်လည်း ကောင်းဖန်ကျောင်းရှိ ကျောင်းသားတစ်၀က်ခန့်မှာ မိဘမဲ့များ ဖြစ်ကြသည်။

ကောင်းဖန်သည် ထိုအတွေးများဖြင့် ကျောင်းကို ရောက်လာခဲ့သည်။ နောက်တစ်နေ့ဆိုလျှင် ကျောင်းပိတ်ရက် ရောက်ပြီ ဖြစ်သော်လည်း ထိုကျောင်းသားများကိုတော့ ဆက်လက်စောင့်ရှောက် ရဦးမည် ဖြစ်သည်။

အချိန်သည် ညစာစားပြီး နားချိန် ဖြစ်သောကြောင့် ကျောင်းသားအုပ်စုများသည် အားကစားခန်းမထဲတွင် စုရုံးနေကြသည်။ ကစားနေကြသံများသည် ခန်းမထဲတွင် ပြည့်နှက်နေပြီး ကစားသူကစား စကားများသူများ ဖြစ်နေကြသည်။

ဒါက လူငယ်ဘ၀ပါလား.. ကောင်းဖန်သည် သက်ပြင်းချပြီး ငယ်ဘ၀ကို သတိရနေမိသည်။

သူရောက်သွားသောအခါ လူငယ်စုံတွဲလေး တစ်တွဲသည် လက်ချင်းတွဲကာ အချင်းချင်း တီးတိုးပြောနေသည်ကို မြင်လိုက်ရသည်။

ကောင်းဖန်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ရည်းစားထားနေကြတာလား.. ဒီနေရာက စာသင်တဲ့နေရာလေ..

“အဟမ်း” ကောင်းဖန်သည် ချောင်းကို တစ်ချက်ဟန့်လိုက်သည်။

ကောင်းဖန်နောက်ကို ခွေးတစ်ကောင်လို တောက်လျှောက်လိုက်နေသော တာ့ဇီသည် ဆရာကြီးစတိုင်ဖြင့် သူ၏ ခြေချောင်းများကို ပုတ်ပြီး အသံဆက်ပေးလိုက်သည်။ သူ၏ ဦးမှင်သည် ပျော်ရွှင်ကျေနပ်နေမှုဖြင့် လျှပ်စစ်မော်တာတပ် အရုပ်လေးများလို လှုပ်ခါနေသည်။

ကောင်လေးနှင့် ကောင်မလေးသည် လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်သောအခါ ကောင်းဖန်တို့ကို တွေ့လိုက်ရသည်။ သို့သော် အချိန်သည် မှောင်နေပြီ ဖြစ်သောကြောင့် ကောင်းဖန်၏ မျက်နှာကို သေချာမမြင်ရပေ။ သူတို့သည် ကြည့်ကောင်းသည့် အသွင်အပြင်ရှိသော လူငယ်တစ်ယောက်နှင့် ဘေးတွင် ရှိနေသော သူ၏ ကိုယ်ပိုင်သားရဲဟု ထင်ရသည့် ကင်းခြေများတစ်ကောင်ကိုသာ တွေ့နေရသည်။

သူတို့ ၂ ယောက်သည် သူတို့၏ ချိန်းတွေ့မှု ပျက်သွားပြီ ဖြစ်သောကြောင့် ချက်ချင်း ထွက်ပြေးလိုက်ကြသည်။

ကောင်းဖန်သည် သူတို့နောက်ကို လိုက်၍ အကျင့်ပျက်ခြစားမှု ပြုပြင်ရေးဌာနကို မပို့ ဖြစ်တော့ပါချေ။ ပြဿနာသည် သေးသည့်အမှုကို ကြီးအောင် လုပ်လျှင် ပိုဆိုးသွားတတ်သည်။ ထိုအရွယ်သည် ဟော်မုန်း အပြောင်းအလဲ ဖြစ်တတ်သည့် အရွယ် ဖြစ်သောကြောင့် ဆန့်ကျင်ဘက်လိင်ကို စိတ်၀င်စားတတ်ကြသည်မှာ သဘာ၀ ဖြစ်သည်။ သူတို့ကို သေချာလမ်းပြ ဦးဆောင်ပေးခြင်းဖြင့်သာ ကူညီပေးနိုင်မည်။

သူတို့ကို အပြစ်ပေးရန် အကျင့်ပျက် ပြုပြင်ရေး ဌာနသို့ ခေါ်သွားခြင်းကတော့ မလိုအပ်သည့်အပြင် ပိုလည်းဆိုးသွားနိုင်သည်။ ပုန်ကန်တတ်သည့် ဆယ်ကျော်သက်အရွယ် ဖြစ်သောကြောင့် သေချာကိုင်တွယ်ရပေမည်။

သူတို့ ၂ ယောက်က ဘာလုပ်နေကြတာပါလိမ့်.. တာ့ဇီသည် သံသယစိတ်ဖြင့် တွေးနေမိသည်။ သူသည် ထူးခြားသည့် အငွေ့အသက်ကို ခံစားနေရသည်။

“ကောင်းဖန်.. သူတို့က မိတ်လိုက်နေကြတာလား” တာ့ဇီက သိချင်စွာဖြင့် မေးလိုက်သည်။

“ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ”

“ကောင်းဖန်.. နင်အရင်က မိတ်လိုက်ဖူးလား”

“မင်းအပူမပါဘူး”

“နင်က အင်တာနက်မှာ လူတွေပြောပြောနေကြတဲ့ FA ဆိုတဲ့ ထဲမှာပါတာလား”

ကောင်းဖန်သည် ကျောင်းမှ ပြန်ထွက်လာပြီးနောက် ဒုကျောင်းအုပ်ကို ဖုန်းခေါ်လိုက်သည်။ “ကျောင်းအုပ်ကျန်း.. ကျောင်းမှာ နေခဲ့မယ့် ကျောင်းသားတွေအတွက် ပြင်ဆင်မှုတွေ၊ စီစဉ်တာတွေ လုပ်ပြီးပြီလား”

“ဟုတ်ကဲ့ ကျောင်းအုပ်.. နှစ်သစ်ကူးပွဲတော် အတွင်းမှာတော့ ကျောင်းသားတွေအားလုံးအတွက် ပွဲ‌တော် ဆန်ပြုတ်တိုက်ဖို့ လုပ်ထားပါတယ်.. တစ်ချိန်တည်းမှာပဲ သူတို့ကို ဆန်ကိတ်လုပ်နည်း သင်ပေးပြီး အကသင်တန်းလည်း ဖွင့်ပေးပါမယ်.. ဒါပေမယ့် ကျောင်းသားဦးရေက များလွန်းတော့ အသေးစား အစီအစဉ်လေးတွေ လုပ်ဖို့ အဆင်ပြေမနေတာပါ”

ကောင်းဖန်က ပြောလိုက်သည်။ “ဟုတ်ပြီ.. စီစဉ်ထားတဲ့ အတိုင်းပဲ ဆက်လုပ်လိုက်ပါ.. တစ်ခုပဲ.. နှစ်သစ်ကူးကျရင် ကျွန်တော်လည်း ကျောင်းကိုလာပြီး ကျောင်းသားတွေနဲ့အတူ ရှိနေမယ်.. ကျန်တဲ့ ပြင်ဆင်မှုအပိုင်းတွေတော့ ခင်ဗျားတို့ကို လွှဲထားလိုက်ပါမယ်”

ဒုကျောင်းအုပ်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်း ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ.. ပြဿနာမရှိပါဘူး.. သူတို့ကို မနက်ဖြန်ကျရင် အသိပေးလိုက်ပါမယ်”

ထို့နောက် ကောင်းဖန်သည် စံအိမ်ကို ပြန်လာပြီး တစ်ညနားလိုက်သည်။ နောက်တစ်နေ့ မနက်စောစောတွင်တော့ ကောင်းဖန်နှင့် ကျီဟန့်ဝူတို့သည် ခြံထဲရှိ မြက်ခင်းပြင်တွင် လမ်းလျှောက်နေကြသည်။

နဂါးဖြူကြီးသည် သူ၏ ကြည်လင်သော အပြာရောင် မျက်လုံးများ တောက်ပလျက် ရေကန်ထဲမှ ထွက်လာသည်။ ကောင်းဖန်သည် နဂါးဖြူကြီး၏ ခေါင်းပေါ်မှ ဂျိုကြီးများသည် အကိုင်းအခက်များသဖွယ် ဖြာထွက်နေသည်ကို သတိပြူမိလိုက်သည်။ ချိုတစ်ခုစီ၏ ထိပ်တွင် ချိုသေးသေးလေး တစ်ခုစီ ဆက်ထွက်နေကြသည်။

နဂါးဖြူကြီး၏ အဆင့်သည် အဆင့် ၅၃ သို့ တက်သွားပြီ ဖြစ်သည်။ ဘုရင်အဆင့်ရောက်လျှင် အဆင့်တက်ဖို့ အချိန်သည် ကြာသွားတတ်သည်။ အဆင့် ၁ ခုချင်းစီ၏ ခြားနားမှုကလည်း ပိုလာသည်။

နှစ်သစ်ကူး အချိန်ကတော့ နီးကပ်လာပြီဖြစ်ရာ ချန်အန်း၏ အကြီးအကဲများကတော့ လုံခြုံရေးကိစ္စရပ်များအတွက် စိတ်ပူနေကြလောက်ပေမည်။ ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲ အုပ်စုကို ကြည့်လိုက်ပြီး ဘယ်သူ့ကို ခေါ်သွားရင် ကောင်းမလဲ စဉ်းစားနေမိသည်။

ကျီဟန့်ဝူသည် နဂါးဖြူကြီး၏ ခေါင်းကို ကြင်နာစွာ ပုတ်ပြီး ပွတ်သပ်ပေးနေသည်။ “သူတို့လည်း လွယ်မှာမဟုတ်ဘူး.. တစ်မြို့လုံးကို ကြီးကြပ်ပြီး စောင့်ရှောက်ရမှာဆိုတော့…”

တစ်ယောက်တည်း အသက်ရှင်နေထိုင်ဖို့ပင် ခက်ခဲသည့် ခေတ်ကြီးထဲတွင် လူအများအတွက် ကာကွယ်စောင့်ရှောက်ပေးနေရခြင်းသည် လွယ်ကူသော အရာမဟုတ်ပါချေ။

ကောင်းဖန်က ခေါင်းတစ်ချက်ညိတ်လိုက်သည်။ သူသည် ထိုအချက်တွင်တော့ အဖိုးပြောတာ ထောက်ခံမိသည်။ “ခြင်္သေ့ဖြူ၊ တာ့ဇီ၊ ဂိုဒီ မင်းတို့ ၃ ကောင် ငါနဲ့လိုက်ခဲ့”

ရတနာအနံ့ခံကြွက်သည် တစ်နေရာမှ ထွက်လာပြီး ကောင်းဖန် ခြေထောက်ကို ဖက်ကာ ကောင်းဖန်ကို အသနားခံသော မျက်လုံးလေးများနှင့် မော့ကြည့်နေသည်။

ကောင်းဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “မင်းက ဘာအသုံးကျလို့လဲ.. မင်းက အားနည်းလွန်းသေးတယ်.. မင်းကို ထိုင်ဂရုစိုက်ပေးနေရတာနဲ့ပဲ ငါအလုပ်ပျက်မယ်”

ကြွက်ကလေးသည် ရင်၀ကို ဓားစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသည် ကောင်းဖန်ကို မယုံနိုင်စွာ ကြည့်လိုက်ရင်း ပို၍ပင်ငိုကြွေးနေတော့သည်။

“ကောင်းဖန်.. သူ့ကို ခေါ်လာလိုက်” ခြ‌င်္သေ့ဖြူက ရုတ်တရတ် ပြောလိုက်သည်။ “ငါ ကန္တာရက အကြောင်းတွေကို ‌ကြားခဲ့ရတယ်.. နေရာဒေသက အန္တရာယ်များလေ ရတနာတွေ ရှိနိုင်ချေ များလေပဲ.. ဒီကြွက်က အတော်လေး အားနည်းတယ်ဆိုပေမယ့် ရတနာရှာတဲ့အခါမှာတော့ အသုံး၀င်သေးတယ်လေ”

“ကောင်းပြီလေ.. အဲဒါဆို မင်းလည်း ငါတို့နဲ့ လိုက်ခဲ့လိုက်တော့” ကောင်းဖန်က တစ်ထစ်လျှော့လိုက်သည်။

ကြွက်လေးသည် ခြင်္သေ့ဖြူကို ကျေးဇူးတင်စွာဖြင့် မျက်ရည်အဝိုင်းသား ကြည့်လိုက်သည်။

တာ့ဇီက ၀င်ပြောလိုက်သည်။ “ကောင်းဖန်.. ရတနာအနံ့ခံကြွက်နဲ့ အဖြူရောင်ဓားသွား သားရဲတို့ကို ဘာလို့ နာမည် မပေးသေးတာလဲ.. အားလုံးမှာ နာမည်ရှိကြပြီး သူတို့မှာပဲ မရှိဘူး”

“ဟုတ်တယ် တာ့ဇီပြောတာမှန်တယ်” ဂိုဒီက ၀င်ပြောလိုက်သည်။

ဂိုဒီသည် အတွေးများ ကွန့်မြူးလျက်ရှိနေသည်။ ကောင်းဖန်ပေးတဲ့ နာမည်တွေက ပေါတောတောတွေ.. အဲလိုနာမည်တွေကို ငါတို့ပဲတော့ အရှိမခံနိုင်ဘူး..

ကောင်းဖန်သည် ငြင်းချက်မထုတ်နိုင်ပေ။ သူသည် ကြွက်ကို တိတ်တဆိတ်ကြည့်ပြီး ပြောလိုက်သည်။ “ဒါဆို မင်းကို ငွေရှာသူလို့ ခေါ်မယ်.. မင်းက ရတနာတွေကို ရှာပေးပြီး ပိုက်ဆံရှာပေးတယ်လေ.. အဖြူရောင် ဓားသွားသားရဲကိုတော့ အလင်းစီးသူလို့ ခေါ်မယ်.. တစ်နေ့ကျရင် မင်းက အလင်းထက်တောင် မြန်လာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

ဂိုဒီသည် အလွန်ပင် တုန်လှုပ်သွားပြီး ကောင်းဖန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

နင်ပြောင်းလဲသွားပြီပဲ..

“စောစောသွားရင် စောစော ပြန်ရောက်မယ်.. ဒီတော့ ငါတို့စောစောသွားပြီး အခြေအနေတွေ တည်ငြိမ်ပြီဆိုတာနဲ့ နှစ်သစ်ကူးအတွက် စောစော ပြန်လာကြမယ်” အဖိုးက ကျယ်လောင်စွာ ပြောလိုက်သည်။ ကပ်ဆိုးကြီး ပြီးကတည်းက ပွဲတော်ရက်ကို တောင့်တစိတ်များသည် ပို၍ တိုးလာကြသည်။ နှစ်သစ်ကူးချိန်သည် မိသားစုများ အတူတကွ ဆုံတွေ့ရသည် အချိန်အခါ ဖြစ်နေသည် မဟုတ်ပါလား။

လူများသည် ထိုကဲ့သို့ စုဝေးပြီး ပြန်လည်အားယူကြခြင်း ဖြစ်သည်။ အသက်ရှင်နေထိုင် ရပ်တည်ကြရသည်မှာ ယခင်ကတည်းက လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ ထို့ကြောင့် မျိုးနွယ်တူသော လူသားများသည် တစ်စုတစ်စည်းတည်း နေကြပြီး တစ်ယောက်ယောက်က ဒုက္ခရောက်ပါက ဝိုင်း၀န်းကူညီ ကယ်တင်ကြသည်။

နောက်ပိုင်းတွင်‌တော့ နည်းပညာခေတ် ရောက်လာသည်နှင့် အမျှ နှစ်သစ်ကူးအတွက် မျှော်လင့်စိတ်များသည် အနည်းငယ် လျော့ပါးခဲ့ရသည်။ လူများသည်လည်း တဖြည်းဖြည်း ဝေးကွာလာကြပြီး ကပ်ဆိုးကြီး ပြီးမှသာ ယခင်လို ပြန်ဖြစ်လာကြခြင်း ဖြစ်သည်။

ယွိကျိုးတက္ကသိုလ်တွင် ကျောင်းဆင်းပြီးနောက် စည်စည်ကားကား ဖြစ်နေကြသည်။ ထိုရက်သည် ပိတ်ရက်ဖြစ်သောကြောင့် ကျောင်းသားများ၊ ‌ကားများသည် ၀င်ပေါက်တွင် ပြည့်နှက်နေကြသည်။ ကားဟွန်းသံများ၊ မိသားစုများ၏ စကားပြောသံများ၊ ကျောင်းသားများ၏ အသံများသည် မိုးထိအောင်ပင် ညံနေသလိုပင်။

ကားအများစုသည် ကျောင်းထဲ၀င်လို့ မရသောကြောင့် အပြင်ဘက်လမ်းသွယ်များတွင် ရပ်ထားကြပြီး ကားအချို့သာ ကျောင်းထဲ၀င်၍ ရသည်။

ပျံသန်းနိုင်သော ကိုယ်ပိုင်သားရဲ အမျိုးအစားကို ပိုင်ဆိုင်ထားသည့် ကျောင်းသားများကတော့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှ ထုတ်လုပ်ပေးထားသည့် ထိုင်ခုံများတွင် စတိုင်ကျကျထိုင်ပြီး ကားပိတ်တာကို ရှောင်ရှားကာ ပျံသန်းဖို့ ပြင်ဆင်နေကြသည်။ သူတို့သည် လူများပေါ်မှ ဖြတ်ပျံသွားတိုင် အောက်မှ လူများကို ငုံ့ကြည့်ကာ ကျေနပ်နေကြသည်။ ပျံသန်းနိုင်တဲ့ ကိုယ်ပိုင်သားရဲ ရှိရတဲ့ ခံစားချက်က ဒီလိုပါလား..

ထိုထိုင်ခုံသည် သားရဲ၏ ကျောပေါ်တွင် သေချာတပ်ဆင်ထားသော ထိုင်ခုံလေး ဖြစ်သည်။ ထိုထိုင်ခုံနှင့် တွဲလျက် ခေါင်းဆောင်းတစ်ခုနှင့် ဂျက်ကတ်တစ်ထည်ပါပြီး စီးနင်းသူအဖို့ အအေးဒဏ်ကို ကာကွယ်နိုင်ရန် ပါရှိခြင်း ဖြစ်သည်။

ကောင်းဖန်သည် အမျိုးသားလူငယ် သားရဲ လေ့ကျင့်သူ ပြိုင်ပွဲတုန်းက တွေ့ခဲ့သော မီးတောင်လင်းတကြီး၏ လေ့ကျင့်သူကို ထိုထုတ်ကုန်၏ ကိုယ်စားလှယ်အဖြစ်ပင် ခန့်အပ်ထားသေးသည်။

နောက်ပိုင်းတွင်တော့ ထိုထုတ်ကုတ်သည် ဟွာရှား၏ ဈေးကွက်တွင် ပေါက်လာနိုင်သည့် အလားအလာ ရှိသည့်အတွက် ဆင်တူရိုးမှား ထုတ်ကုန်များလည်း နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ထို့ကြောင့် စစ်မှန်သော နာမည်နှင့် အရည်အသွေးကိုသာ ယှဉ်ပြိုင်နေရတော့လေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၆ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း

ကျွန်းမိုရိသည် တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ကျွန်မကတော့ ပိတ်ရက်မှာ ချန်အန်းကို ပြန်သွားမယ်”

“ဒါဆို တူတူသွားရအောင်.. ကျုပ်လည်း ပိတ်ရက်မှာ ချန်အန်းကိုပြန်မှာ” ဒေါင်းထီးပုံစံ ၀တ်ထားသော လူတစ်ယောက်သည် သူမနားသို့ ချဉ်းကပ်လာသည်။

ပို၍ပင် အရောင်စုံစွာ၀တ်ထားသော နောက်ထပ် လူတစ်ယောက်ကတော့ တစ်ချက် ခပ်ထေ့ထေ့ပြုံးလိုက်ကာ သူ၏ ပန်းရောင်ဆံပင်ကို လက်ဖြင့် သပ်လျက် ကျွန်းမိုရိအနားသို့ လျှောက်လာသည်။ သူသည် သူမနားသို့ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“ခွပ်”

လှပသော လက်သီးဖြူဖြူလေးသည် ထိုသူ၏ မျက်နှာပေါ် တည့်တည့်ကျသွားကာ နှာခေါင်းသွေးများပင် လျှံကျလာသည်။ “ကျွန်မနား အရမ်းကပ်နေပြီ” ကျွန်းမိုရိသည် လက်ကို ခါရင်း ပြောလိုက်သည်။

အရောင်းအဖွဲ့မှဟု ထင်ရသော အုပ်စုတစ်ခုသည် ဗီနိုင်းတစ်ခုကို ဆွဲပြီး အော်လာသည်။ “ပွဲတော် ပရိုမိုးရှင်း ရှိတယ်ဗျိူ့.. အသစ်စက်စက် အဆင့်မြှင့်ထားတဲ့ အရမ်းကို သန်မာတဲ့ တိုက်ပွဲ၀င် ကိုယ်ပိုင်သားရဲ အမျိုးအစားနော်.. တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက ကျင်းဖန်ရဲ့ ဓာတ်ခွဲခန်းကနေ ထွက်ထားတာပါ.. အလွန်ကို သွေးအေးပြီး လက်နက်တစ်ခုလို အစွမ်းထက်မယ့် သားရဲကြီးပါ”

အရှေ့တွင် ရပ်နေသောသူသည် အဖြူရောင် စပီကာတစ်ခုကို ကိုင်ထားပြီး လက်ကို ဝှေ့ယမ်းကာ အော်နေသည်။ သူ၏ တံတွေးများသည် ဘယ်အထိစင်နေလဲပင် မသိနိုင်ချေ။

“ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ကိုယ်ပိုင်သားရဲ.. ကောင်းကင်ဘီလူး ဖြစ်ပါတယ်.. ကိုယ်ပျောက် တော်၀င် ကြွက်သားရှိ ဘဲကြီးကတောင် သန်မာကြောင်း ထောက်ခံပေးထားတဲ့ သားရဲကြီး ဖြစ်ပါတယ်..” အဖြူရောင် ဦးထုပ်ဆောင်းထားသည့် ကုန်သည်တစ်ဦးက အူမြူးစွာ ပြောလိုက်သည်။ သူ့နောက်မှ နောက်လိုက်များသည် စကားဆုံးဆုံးချင်းပင် ဗီနိုင်းကို မြှောက်ပြလိုက်ကြသည်။ ‌ဗီနိုင်းပေါ်တွင် ဂိုဒီသည် ကိုယ်လုံးတီးကြီးဖြင့် သူ၏ ကြွက်သားများကို ထုတ်ပြနေပြီး အမြင်ကတ်စရာ မျက်နှာပေးဖြင့် လက်ခလယ်ကို ထောင်ပြထားသည့် ပုံကြီး ရှိနေသည်။

ထိုပုံကို ဘယ်လိုရှုထောင့်က ရိုက်ထားသလဲ မသိပေမယ့် ဂိုဒီကိုယ်တိုင် စီစဉ်ထားသော ကြော်ငြာပုံလို ဖြစ်နေသည်။ ပုံအောက်တွင်တော့ ခရမ်းရောင်ဖြင့် ရေးထားသော စာသားအချို့ ရှိနေသည်။ “ကောင်းကင်ဘီလူး သားရဲ.. မင်းယောင်္ကျားဆိုရင် သူ့ကို ရွေးလိုက်ပါ”

“ဘယ်လိုတောင် ကြောင်တောင်တောင်နိုင်တဲ့ စကားလဲဟ.. ယွိကျိုးတက္ကသိုလ်ထိတောင် ရောက်လာကြတာဆိုတော့ ဘေးမှာ နောက် တက္ကသိုလ်တစ်ခုတောင် ဖွင့်ဖို့ ကြံစည်နေကြတယ်ထင်တယ်” ကျောင်းသားများသည် ရယ်မောပွဲကျနေကြလေသည်။

တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ တရား၀င်ဆိုင်ခန်းများသည် အစီအရီ ဖွင့်ထားကြသည်။ သူတို့သည် ကြီးမားသော အဖွဲ့အစည်း ဖြစ်သောကြောင့် ယွိကျိုး တက္ကသိုလ်ရှေ့တွင်တော့ လမ်းဘေးဆိုင်များလို ဖြစ်ကတတ်ဆန်း ဖွင့်ကြမည် မဟုတ်ပါချေ။

“အခုဆက်ပြီး ကျွန်တော်တို့ တောင်ပိုင်းကောင်းကင်ရဲ့ အသန်မာဆုံး သားရဲကြီးဖြစ်တဲ့ ကောင်းကင်ဘီလူးကြီးကို ပြသပါတော့မယ်” ထိုသူသည် အော်ပြောလိုက်ပြီး လှောင်အိမ်ကို ကာထားသည့် အ၀တ်စအမည်းကို ဆွဲဖယ်လိုက်သည်။

ဟမ်..

အထဲတွင် အကြေးခွံများရှိသည့် သားရဲတစ်ကောင် ရှိနေသည်။ သူ၏ ကျောပေါ်တွင် လင်းနို့တောင်ပံနှင့်တူသော တောင်ပံတစ်စုံ ရှိနေပြီး ခေါင်းတွင် နတ်ဆိုး၏ ဂျိုလို အရာတစ်ခု ထွက်နေကာ သူ့ကိုယ်ဘေးတွင် တစ္ဆေမီးတောက်များ ၀န်းရံထားသည်။ သူ၏ အားနည်းချက်ကတော့ အရွယ်အစား ဖြစ်ပြီး ၅ ပေလောက်သာ ရှိသည်။

“သူ့ကို သေးတယ်ဆိုပြီး အထင်မသေးပါနဲ့.. သူက ကလေးအရွယ်ပဲ ရှိပါသေးတယ်.. အကောင်ပေါက် အရွယ်မို့ သေးနေတာပါ” ကုန်သည်က ဘေးမှ သံသယသံများကို ဖြေရှင်းပေးနေသည်။

ဘေးမှ လူများ၏ အသံများသည် တဖြည်းဖြည်း တိုးသွားကြသည်။

“ငါကတော့ တကယ့်အစစ်ဆိုတာကို ယုံတောင် မယုံနိုင်ဘူး”

“ဟုတ်မယ်တော့ထင်တာပဲ.. သူက.. ဘာဖြစ်တယ်.. ကောင်းကင်ဘီလူး ဟုတ်လား”

“ဒီကောင်က တကယ်ကြီး တောင်ပိုင်းကောင်းကင်က ကျင်းဖန်ဓာတ်ခွဲခန်းကနေ ထွက်ထားတဲ့ ကောင်ကြီးလား”

“တစ်ဆိတ်လောက်ပါ… လမ်းဖယ်ပေးကြပါ” ကြွက်သားများ ပြည့်နေသော အမည်းရောင်၀တ်စုံများနှင့် လူအချို့သည် လူအုပ်ကြားထဲမှ တိုးထွက်လာသည်။

သူတို့သည် ကုန်သည်များနားသို့ ရောက်သောအခါ ရုတ်တရတ် သူတို့ကို ဖမ်းချုပ်ကာ မြေကြီးသို့ ဖိချလိုက်ကြသည်။

“တစ်ယောက်မှ မလှုပ်နဲ့”

“ကျုပ်တို့က ရဲတွေပဲ.. သူတို့တွေကို လူလိမ်တွေလို့ သတင်းပို့ထားလို့ စုံစမ်းစစ်ဆေးဖို့ ခေါ်သွားပါမယ်”

လူတစ်ယောက်က သူ့ရင်ဘတ် အိတ်ကပ်ထဲမှ ရဲကတ်ကို ထုတ်ပြကာ ပြောလိုက်သည်။ “မင်းတို့ကို လိမ်ညာမှုအတွက် သံသယရှိမှုနဲ့ ဖမ်းတယ်”

နောက်တစ်ယောက်ကတော့ လှောင်အိမ်နားသို့ လျှောက်လာသည်။ သူသည် အထဲမှ သားရဲကို သဘောကျမိသော်လည ပစ္စတိုကို ထုတ်လိုက်ကာ သားရဲကို ချိန်ပြီး တစ်ချက်ပစ်လိုက်သည်။

ထိုအခါ အထဲမှ သားရဲသည် နာကျင်စွာ အော်လိုက်ပြီး နောက်ပြန်လဲကျသွားကာ သူ၏ ပုံစံအစစ်အမှန် ထွက်ပေါ်လာသည်။ ထိုအကောင်သည် အမွှေးမရှိသော ပန်းရောင် အရေပြားဖြင့် အဖြူရောင် မျက်လုံးများရှိသော အရပ် ၅ ပေရှိသည့် သားရဲ ဖြစ်သည်။ သူ၏ ရင်ဘတ်တွင် ကျည်ဆံ၀င်ထားသော ဒဏ်ရာသေးသေးလေး တစ်ခု ရှိနေသည်။

“သားရဲဆိုတာတော့ သေချာတယ်.. ခေါ်လာခဲ့” ရဲတစ်ယောက်က လက်ကို ဝှေ့ယမ်းပြီး ကုန်သည်များနှင့် သားရဲကြီးကို လမ်းဘေးတွင် ရပ်ထသော ကားကြီးပေါ်တင်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် မောင်းထွက်သွားတော့သည်။

ယွိကျိုးတက္ကသိုလ်မှ ကျောင်းသားများကတော့ ပွဲကြီးပွဲကောင်းတစ်ခုကို ကြည့်လိုက်ရသလို ဖြစ်သွားသည်။ တချို့ ကုန်သည်များသည် ထိုကဲ့သို့ စည်းမရှိကြပေ။ တချို့သည် ကိုယ်ပိုင်သားရဲများကို ဆေးများဆိုးပြီးပင် အသွင်ပြောင်းသားရဲများအဖြစ် လိမ်ရောင်းကြသလို၊ အချို့ကလည်း ဂျို ၃ ချောင်း ရှိသည့်သားရဲကို ၁ ချောင်းတည်း ကျန်အောင်ဖြတ်ပြီး ရှား‌ပါးသားရဲအသွင် လုပ်ပြောကြသည်။

အချို့သော အကွက်များသည် ရိုးပင် ရိုးနေကြပြီ ဖြစ်သည်။ ယခုတော့ ထိုသားရဲပုံစံသည် ထူးခြားသောကြောင့် အငိုက်မိသွားကြခြင်း ဖြစ်သည်။

“ကုန်သည်တွေက သူတို့လုပ်ရပ်တွေအတွင် ဆင်ခြင်တုံတရားလည်း မရှိကြတော့ဘူး ထင်ပါတယ်” ကျောင်းသားတစ်ယောက်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ထိုအချိန်တွင် အဝေးတစ်နေရာမှ ဥဩဆွဲသံများကို ကြားလိုက်ရသည်။ များပြားလှသော ရဲကားများသည် လမ်းဘေးတွင် ရပ်လိုက်ကြပြီး ယူနီဖောင်းများနှင့် ကားပေါ်မှ ဆင်းလာကြသည်။ “မူမမှန်တဲ့သားရဲကို လာရောင်းနေကြတဲ့ ကုန်သည်တွေ ‌ရှိနေတယ်လို့ သတင်းရလို့ပါ”

“သူတို့ ဘယ်ရောက်သွားပြီလဲ”

“သူတို့ကို ရဲတွေပဲ ခေါ်သွားတာလေ”

…

ကောင်းဖန်အနေဖြင့် နဂါးတစ်ကောင်ပေါ် တက်စီးရတာ ပထမဆုံး ဖြစ်သည်။ နဂါးဖြူကြီး၏ လည်ဆံမွှေးသည် ရှည်လျားပြီး သေးသွယ်သည်။ ကိုင်လိုက်သည့်အခါတွင်လည်း ထူးခြားသည့် ခံစားမှုကောင်း တစ်ခုကို ရနေသည်။

နဂါးဖြူကြီးသည် ကောင်းကင်ပေါ်ကို ထိုးတက်လိုက်သည်။ ဘေးတွင် တိမ်များသည် သိပ်သည်းစွာ ရှိနေသည်။ ‌တစ်စုံတစ်ယောက်သာ ကောင်းကင်ကို မော့ကြည့်မိမည် ဆိုပါက မြောက်ဘက်ကို လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေသည့် အဖြူရောင် တိမ်တစ်ခုကို တွေ့နိုင်ပေမည်။

တာ့ဇီသည် နဂါးကြီး၏ လျင်မြန်စွာ ပျံသန်းနိုင်မှုကို အံ့ဩနေမိသည်။

ထို့နောက် တာ့ဇီသည် နဂါးကြီးကို ကျော်နိုင်မလား စမ်းသပ်ကြည့်ဖို့ စဉ်းစားကြည့်မိသည်။ သူသည် ထိုကဲ့သို့ စဉ်းစားမိလိုက်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးမိသလိုပင် ဖြစ်သွားသည်။

“အဲဒါက နဂါးလား.. ငါတစ်နေရာရာမှာ မြင်ဖူးသလိုပဲ.. ဒါပေမယ့် ဒီအရောင်တော့ မဟုတ်ဘူး” ခြ‌င်္သေ့ဖြူလေးက နဂါးကြီး၏ ခေါင်းပေါ်တွင် လျှောက်သွားရင်း စပ်စုနေသည်။ နဂါးကြ အမြန်နှုန်းသည် သူ့အပေါ် သက်ရောက်မှု ရှိ‌မနေပါချေ။

“အနက်ရောင် မြူခိုးကမ္ဘာမှာ နဂါးတွေကို ပုံမှန်တွေ့ရလေ့ရှိလား” ကောင်းဖန်က မေးလိုက်သည်။

“ရှိတာပေါ့.. ဒါပေမယ့် အဲဒီနဂါးတွေက ဒီနဂါးနဲ့တော့ ကွာတယ်.. အဲဒီက နဂါးတွေမှယ အတောင်ပံတွေပါတယ်.. ပြီးတော့ ဒီလို မပိန်သွယ်ဘူး.. ဒီလိုပိန်သွယ်တဲ့ကောင်တွေကို မြင်တော့မြင်ဖူး ပေမယ့် အများကြီးတော့ မဟုတ်ဘူး”

ဂိုဒီသည် သူ့ကိုယ်သူ တင်းကြပ်စွာ ဖက်ထားသည်။ သူ့ပုံစံသည် ‌ဗုဒ္ဓဆင်းတုတော်နှင့်ပင် တူနေသည်။ သူ့တွင် အမွှေးမရှိသောကြောင့် အေးစက်သည့် လေ‌ဒဏ်ကို ခံနေရခြင်း ဖြစ်သည်။

နဂါးဖြူကြီးသည် အရှိန်သညါ အလွန်မြန်လှသည်။ ကောင်းဖန်သည် ၃ နာရီကြာပြီးနောက် အောက်တွင် ချန်အန်းမြို့မြင်ကွင်းကိုတောင် မြင်နေရပြီ ဖြစ်သည်။ နဂါးဖြူကြီးသည် မရပ်တန့်ပဲ မြောက်ဘက်သို့ ဆက်လက်ဦးတည်လိုက်သည်။

ရွှေရောင်နတ်ဘုရားသည် စစ်တပ်တွင်း အမြင့်တစ်နေရာမှနေ၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ စူးရှသော မျက်လုံးများသည် ‌တိမ်တိုက်များကြား လျင်မြန်စွာ ရွေ့နေသောအရာကို သေချာကြည့်နေသည်။ သူသည် တိမ်များကြားထဲတွင် အန္တရာယ်အငွေ့အသက်ကို ခံစားမိနေသည်။

“တက္ကလာမာကန် ကန္တာရက ချန်အန်းရဲ့ ‌အနောက်မြောက်ဘက်မှာ တည်ရှိတယ်.. အစတုန်းက အဲဒါက အနောက်တောင်ဘက်မှာ ရှိတာ.. အခုတော့ ရွေ့သွားတာပေါ့.. အခုဆိုရင် ချန်အန်းမြို့နဲ့ မိုင် ၂၀၀ လောက်ပဲ ကွာတော့တယ်”

အစက ဒီလောက် အရှိန်မမြန်ပါဘူး.. ကောင်းဖန်က တွေးလိုက်သည်။

“အင်း.. တွက်ချက်မှုတွေ အရတော့ တက္ကလာမာကန်က ကပ်ဆိုးကြီး စဖြစ်ကတည်းက ချန်အန်းမြို့ဆီ ရွေ့နေခဲ့တာပဲ”

“‌ဒါမှမဟုတ် ချန်အန်းမှာ သူတို့ လိုချင်တာ တစ်ခုခု ရှိနေလို့လည်း ဖြစ်နိုင်တယ်” ကောင်းဖန်က ပြောလိုက်သည်။

၂ နာရီခန့် ပျံသန်းပြီးသောအခါ သူတို့အောက်တွင် ရွှေရောင် ကန္တာရတစ်ခု၏ မြင်ကွင်း ပေါ်ပေါက်လာသည်။

All Chapters