← Chapters

အခန်း (၄၃၇-၄၄၀)

Vol. 28 Ch. 437-440

အခန်း (၄၃၇-၄၄၀)

Vol. 28 Ch. 437-440

အခန်း ၄၃၇ တချက်တည်းသော လက်သီးချက်

မြေပြင်အပေါ် ပေ ၁၆၀၀၀ အထက်ကနေကြည့်လိုက်တော့ ကောင်းကင်ပေါ်သို့ အချက်ပေးမီးခိုးငွေ့များ ထုတ်လွှတ်ရင်း ကမ္ဘာမြေပေါ် ဖြန့်ကျက်နေသော သဲကန္တာရကြီးကိုတွေ့လိုက်ရသည်။ အဝါရောင် သဲကန္တာရက မြေပေါ်တွင် လှဲလျောင်းနေသော နဂါးကြီးနဲ့ဆင်တူသည်။ သူတို့မြင်ကွင်း၏အဆုံးတွင် သဲကန္တာရဆီမှ အဝါရောင် ဖုန်မှုန့်များ လျင်မြန်စွာ အပေါ်သို့တက်လာသည်။

“မဖြစ်ဘူး” ကောင်းဖန် သူ့ခြေထောက်အောက်က သဲကန္တာရကိုကြည့်လိုက်သည်။ သို့သော် ထိုနေရာတွင် ဘာစွမ်းရည်ကိုမှ အာရုံမခံမိသောကြောင် သူစိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိသည်။ ဒါက သူ့အစီအစဥ်ကို ပိုခက်ခဲစေနိုင်သည်။

အနည်းဆုံးတော့ တက္ကလာမာကန် သဲကန္တာရက သားရဲအဖြစ်သို့ သန္ဓေမပြောင်းသွားသေးပေ။ သို့သော်လည်း ဒီလောက်ကြီးတဲ့ သဲကန္တာရကြီးဖြစ်သွားရတဲ့အကြောင်းရင်းကို သိဖို့ ကြိုးစားအားထုတ်မှု အတော်လိုအပ်ဦးမည် ဖြစ်သည်။ ဒါက ၁၀ ရက် ဒါမှမဟုတ် နှစ်ဝက်လောက်နဲ့တောင် သေချာပေါက် လုပ်နိုင်သည့် ကိစ္စမဟုတ်ပေ။

ကောင်းကင်ကနေ ကြည့်တော့ သဲကန္တာရ၏ အစွန်းနားတွေက ဒီရေတတ်နေသော ကန်ရေကဲ့သို့ အပြင်ဖက်ကို ဖြည်းဖြည်းချင်း ထိုးဖောက်၍ သဲများကို စိုစွတ်စေပြီးနောက် လုံးဝဖုံးလွှမ်းလိုက်သလို ဖြစ်သွားတော့သည်။

“သဲကန္တာရက ရွေ့နေတာ မဟုတ်ဘူး ဝါးမျိုနေတာပဲ” ကောင်းဖန်ကပြောသည်။ တက္ကလာမာကန်က ကမ္ဘာအပြင်ဖက်က မြေလွှာကို ဝါးမျိုပြီး သူ့ကိုယ်သူ ပို အားကောင်းသန်မာလာအောင် လုပ်နေတာ”

တက္ကလာမာကန်က ဒါမျိုးလုပ်တယ်ဆိုတာ ယုံကြည်ဖို့ ခဲယဥ်းလှသည်။ သူက ဘေးပတ်လည်က မြေကြီးကို ဝါးမျိုပြီး အမှုန်သေးသေးလေးတွေဖြစ်အောင် တိုက်စားကာ သူ့ရဲ့ အရွယ်အစားကို ဆက်ချဲ့နေခြင်းဖြစ်သည်။

ထူထဲသော သဲပုံများက ကြီးမားသော သားရဲ၏နောက်ကျောပေါ်က တောင်ကုန်းများကဲ့သို့ဖြစ်နေသည်။ အရွယ်အစားက ဧရာမပင်ဖြစ်သည်။

“ပုံမှန်သဲပုံတွေက ဒီလောက်အမြင့်မရှိဘူး” ကောင်းဖန်က ကန္တာရထဲရှိ အမြင့်ပေ ရာချီခန့်ဖြစ်နေသော ပိရမစ်ပုံသဲခုံးများကိုကြည့်ရင်း မျက်မှောင် ကျုံ့လိုက်သည်။ ဒါ့အပြင် ဒီလောက်မြင့်သော ပိရမစ်သဲပုံများကို ထိုနေရာတွင် နေရာအနှံ့တွေ့နေရသည်။

“ငါတို့ ၁၀ နှစ်အတွင်း ဒါကို မရပ်တန့်နိုင်ရင် ဒါတွေက ချန်အန်းမြို့ထိရောက်လာပြီး တစ်မြို့လုံးကို ဝါးမြိုပစ်လိုက်လိမ့်မယ်” အဖိုးက မျက်မှောင်ကျုံ့ရင်းပြောလိုက်သည်။

“နဂါးဖြူ” အဖိုးက ကျယ်ကျယ်အော်လိုက်သည်။

နဂါးဖြူက ခေါင်းကို ရှက်ရွံစွာငုံ့လိုက်ပြီး သူ့အစွယ်များကို ဖိလိုက်သည်။ နောက်တခဏတွင် ကောင်းကင်တစ်ခုလုံး အနက်ရောင်တိမ်များဖုံးသွားပြီး ပြင်းထန်သော လေအောက်တွင် သဲကန္တာရက တဝှစ်ဝှစ် အသံများထွက်နေတော့သည်။

သူတို့ခေါင်းပေါ်က နက်မှောင်သော တိမ်တိုက်ဆီကနေ ပြင်းထန်သောအသံဖြင့် ခရမ်းရင့်ရောင် လျှပ်စီးလက်သွားသည်။ မိုးကြိုး လျှပ်စီးက ကောင်းကင်တွင် ပြင်းထန်နေပြီး ကောင်းကင်တစ်ခွင်တွင် ခရမ်းရောင် လျှပ်စီးများ တလက်လက်ဖြစ်နေသည်။

ခြင်္သေ့ဖြူက လေထဲသို့တချက် ဟိန်းဟောက်လိုက်ပြီး ကောင်းကင်တစ်ခုလုံးကို တုန်သွားစေကာ အနက်ရောင်တိမ်များ ကင်းစင်သွားစေသည်။ ထိတ်လန့်စရာ အော်သံများနဲ့အတူ အနက်ရောင် တိမ်တိုက်စုများက ကြီးမားသော နဂါးလက်သည်းချက်ဖြင့် ပျက်စီးသွားကြသည်။

အနီးတစ်ဝိုက်က လေထုကတော့ ဆုတ်ဖြဲခံရသလို အသံထွက်နေသည်။

သဲပုံများက များစွာသော သဲလှိုင်းများထစေပြီး မဆုံးနိုင်သော သဲလှိုင်းများက တစ်လွှာပြီး တစ်လွှာ တက်လာကာ အရပ်မျက်နှာအနှံ့သို့ ပျံ့သွားတော့သည်။

သဲကန္တာရ၏အလယ်ဗဟိုကနေ ထိတ်လန့်ဖွယ်ရာ အားကောင်းသော မိုးကြိုးချက် ထွက်လာသည်။ မရေမတွက်နိုင်သော သဲအရိပ်များက အထဲတွင် ကျန်နေသော မိုးကြိုးနဲ့ တိမ်တိုက်မည်းတို့ဖြင့် ပြည့်သွားတော့သည်။ လေက ဖုန်မှုန့်များကို အဝေးသို့ လွင့်သွားစေပြီး ကောင်းကင်က ပြန်လည်၍ နေသာသွားတော့သည်။

ကိုက်ပေါင်းရာချီနက်သေော ဧရာမတွင်းနက်ကြီးတစ်ခု သဲကန္တာရ၏ အလည်ဗဟိုတွင် ကျန်ခဲ့သည်။ မိုးကြိုးနဲ့ ရေငွေ့တို့၏ အနံ့များက လေထုထဲတွင် ကျန်နေဆဲဖြစ်သည်။ နားကွဲလောက်သည့် ဆူညံသံကလွဲပြီး သဲတွင်းနက်ကို သဲများဖြည်းဖြည်းချင်းဖြည့်နေသည့် ညင်သာသောအသံကိုသာကြားရသည်။

နောက်ဆုံးတော့ တစ်ခုခုမှားနေပြီဆိုတာ ကောင်းဖန သဘောပေါက်သွားသည်။ ဒီကြီးမားသော သဲကန္တာရတွင် သားရဲမပေါ်လာခြင်းက ထူးဆန်းနေတာဖြစ်သည်။ သီအိုရီအရဆို ဖုန်းဆိုးမြေ ဖြစ်နေရင်တောင် သဲကန္တာရထဲတွင် နေထိုင်သော သတ္တဝါများ ရှိရမည်။

ရတနာအနံ့ခံကြွက်က ရုတ်တရတ် ထရပ်ပြီး နဂါး၏ လည်ဆံမွေးကို သူ့လက်သည်းသေးသေးလေး ၂ ဖက်ဖြင့် ဖမ်းဆုပ်ထားလိုက်သည်။သူ့ခေါင်းကိုထုတ်၍ အောက်သို့ ငုံ့ကြည့်ပြီး အော်တော့သည် “ဟိုမှာ ရတနာတွေ”

သိပ်သာမမြင့်ရင် သူနဂါးဖြူပေါ်ကနေတောင် ခုန်ချလိုက်နိုင်သည်။ သို့သော် သူ့ကြည့်ရတာ အလွန်ကို စိတ်လှုပ်ရှားနေဟန်ဖြစ်ပြီး လက်သည်းများကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။

“ဒါသူအရမ်းကို စိတ်ကြွနေတဲ့ အခြေအနေပဲဖြစ်မယ်” တာ့ဇီက ထိုသို့ ခန့်မှန်းရင်း ခေါင်းညိမ့်လိုက်သည်။

“နဂါးဖြူ… တစ်ခုခုများ ရှာတွေ့သေးလား” ကျီဟန့်ဝူက အသံတိုးတိုးနဲ့မေးသည်။

ကောင်းကင်တွင်ပျံသန်းနေသော နဂါးဖြူက သဲကန္တာရကို ဝေခွဲမရဟန်ဖြင့် ကြည့်လိုက်သည်။ သူ အကြံပေါ်လာသည်နဲ့ တစ်ခဏတွင်းချင်းပင် ကြီးမားလှသော ရေစက်ကြီးများ စတင် သိပ်သည်းလာပြီး ဧရာမ အပြာရောင်ပိုက်ကွန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ပိုက်ကွန်က ရုတ်တရတ် လှုပ်ယမ်းသွားသည်။ နောက်တစ်စက္ကန့်အတွင်း အဲဒါက သဲကန္တာရအလယ်ဗဟို၏ တစ်ဝက်ခန့်ကို ဖုံးအုပ်လိုက်ပြီဖြစ်သည်။ ရေပိုက်ကွန်က သဲကန္တာရကို ထိလိုက်သည်နဲ့တပြိုင်နက် သမုဒ္ဒရာထဲက ရေစက်ကဲ့သို့ ပျောက်ကွယ်သွားပြီး သဲပုံများ၏အောက်ခြေသို့ ဖြည်းဖြည်းချင်း ပြန့်နှံ့သွားသည်။

သူ့ရဲ့ရေစက်သို့ အာရုံခံနိုင်မှုကနေတဆင့် နဂါးဖြူက သူ့ခြေထောက်အောက်က အရာများကို အနံ့ခံနိုင်လိုက်သည်။

နဂါးဖြူ၏ မျက်လုံးများ ရုတ်တရက်ပွင့်သွားသည်။ အဲဒါက ဒီမှာပဲ….

“တွေ့ပြီ” နဂါးဖြူက လည်ချောင်းထဲက ခပ်နိမ့်နိမ့်အသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ဒေါသထန်သော အကြည့်ရှိနေသည်။ နောက်ခဏတွင် သူက အရိပ်ဖြူအဖြစ်ပြောင်းသွားပြီး အောက်သို့ ဆင်းသွားသည်။

ကိုက်ပေါင်းရာချီမြင့်မားသော သဲပုံ ဝင်တိုက်ခံလိုက်ရပြီး တစ်စက္ကန့်တွင်း အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ သဲပုံကြီးများ စတင် လဲပြိုတော့သည်။

သဲပုံ၏အောက်တွင် ပုရွတ်ဆိတ်သိုက်လေးများကဲ့သို့ မရေမတွက်နိုင်အောင်များသော ဥမင်လှိုဏ်ခေါင်း ကျဥ်းကျဥ်းလေးများ ရှိနေသည်။ လှိုဏ်ခေါင်းများ၏ တစ်ပိုင်းက ပြိုပျက်နေပြီး အခေါင်းပေါက်ပုံစံဖြစ်နေသည်။ လှိုဏ်ခေါင်း၏အတွင်းတွင်တော့ သစ်မြစ်များဖြင်း ဖုံးလွှမ်းနေသည်။

ခဲညိုရောင် သစ်မြစ်များက လက်သီးဆုပ်အရွယ် အဖုအဖောင်းများဖြင့် ဖုံးနေပြီး သူ့အသက်ရှုနှုန်းအတိုင်း အနိမ့်အမြင့်ဖြစ်နေသည်။

သစ်ဖုများပေါ်တွင် အနီရောင်အစက်များရှိနေသည်။ ခုနက တိုက်ခိုက်မှုကြောင့် သစ်ဖုများ၏ တစ်ပိုင်းက ပျက်စီးသွားပြီး ကျိုးပဲ့နေသော သစ်ဖုကနေ အဝါရောင်အရည်များ စီးကျနေသည်။ ကျိုးပဲနေသော သစ်ဖုများထဲတွင် အပြည့်အဝမဖွံ့ဖြိုးသေးသော သန္ဓေသားလောင်းလေးများကို တွေ့နေရသည်။

[သားရဲအမည်] - ကပ်ပါးသဲပိုး (အပြည့်အဝမဖွံ့ဖြိုးသေး) (သေဆုံး)

[သားရဲအဆင့်] – 0

[သားရဲဖော်ပြချက်] - ကပ်ပါးကဲ့သို့နေထိုင်သော သားရဲ… ရှင်သန်ရန်အတွက် သဲနတ်ဆိုးပင်ကို စားသုံးရန်လို။

ကျိုးပဲ့နေသော သစ်မြစ်များကို ကောင်းဖန်ကြည့်လိုက်သည်။

[ပစ္စည်းအမည်] - သဲနတ်ဆိုးပင်အမြစ်

[ပစ္စည်း ဖော်ပြချက်] သဲနတ်ဆိုးပင်ကို ဆေးအဖြစ် စားသုံးနိုင်သည်။ အရသာက ပိန်းဥကဲ့သို့ဖြစ်ပြီး ရေရှည် သုံးစွဲပါက ကျောက်ကပ်ကောင်းစေသည်။ ဒြပ်ဆင်စွမ်းအင်များပါဝင်သည်။

မင်းပြောတဲ့ ရတနာဆိုတာ ငါတို့ကို ကျောက်ကပ်အားဖြည့်ပေးနိုင်တဲ့ ဒီသစ်မြစ်တွေကိုပြောတာလား” ကောင်းဖန်ဆွံ့အသွားသည်။

“မဟုတ်ဘူး မဟုတ်ဘူး” ကြွက်က ခေါင်းခါ၍ အော်ပြောလိုက်သည်။

“ဒီလိုအသုံးမဝင်တာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ” ကောင်းဖန် စိတ်ပျက်သွားသည်။

ကြွက် စိတ်တိုသွားသည် “ကျွန်တော့်ရဲ့ ခွဲခြားသုံးသပ်နိုင်စွမ်းကို ဘယ်လိုလုပ် သံသယရှိနိုင်ရတာလဲ”

“မင်းရဲ့ ဂုဏ်သတင်းကတော့ လုံးဝအဆင့်သစ်ကိုရောက်နေပြီပဲ” ကောင်းဖန်ရီလိုက်သည်။

ကြွက်က မြောက်ဖက်ကို ကြည့်ပြီး “ငါတို့ မြင်နေရပြီ မြောက်ဖက်မှာ”

အဖိုးက ကပ်ဆိုး၏ အရင်းမြစ်ကို ဒီသစ်မြစ်တွေကနေ ရှာဖွေချင်သည်။ “မင်း ရတနာရှာဖို့လုပ်နေတာဆို သွားပါ… ငါတော့ ဒီဧရိယာကို ကြည့်ချင်သေးတယ်… အပြန်လမ်းရှာဖို့ကိုလည်း မမေ့နဲ့”

“စိတ်မပူပါနဲ့အဖိုး” ကောင်းဖန် ခေါင်းညိမ့်လိုက်သည်။

နဂါးဖြူပေါ်ကနေ ခုန်ဆင်းပြီးနောက် ကောင်းဖန် သူခေါ်လာသော သားရဲများနဲ့အတူ မြောက်ဖက်သို့ ဦးတည်သွားခဲ့သည်။

ခွေးမျိုးနွယ်သားရဲ လပ်ကီးက မြေကြီးကို အနံ့ခံနေသည်။ သူက အရွယ်သေးသော်လည်း အမြန်နှုန်းက သာမာန်ထက်ပိုသည်။ ၁၀ မိနစ်အတွင်း ပေ ၁၀၀ လောက် ပြေးနိုင်သည်။

သူခြေထောက်အောက်တွင် သားရဲများ ရှိနေနိုင်တာ သတိထားမိသောကြောင့် ကောင်းဖန် သူ့ခြေလှမ်းတိုင်းကို ဂရုစိုက်ပြီးသွားသည်။ သို့သော် သူ့ခြေထောက်အောက်က သဲပုံများက ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်နေပြီး ခုထိ ဘာတိုက်ခိုက်မှုနဲ့မှ မကြုံရပေ။

“ဒီမှာပဲ ဒီမှာ” ကြွက်က နောက်ဆုံးတော့ ရပ်လိုက်ပြီး သဲပုံတစ်ခုပေါ်သို့ ခြေနင်းလိုက်သည်။

“မြန်မြန် ဒီနေရာကို တူး “ ကြွက်က သူ့သခင်ကို လောဆော်လိုက်သည်။

“မင်းဘာလို့ အပေါက်မဖောက်တာလဲ… ကြွက်မျိုးနွယ်တွေက အပေါက်ဖောက်တာ တော်တယ်လေ” ကောင်းဖန် စနောက်လိုက်သည်။

ကြွက်ကခဏတော့ ကြောင်သွားပြီး သူ့ခြေထောက်ကို သူကြည့်ကာ ဉာဏ်များသော မျက်နှာပေးပြောင်းသွားသည်။

“ခြင်္သေ့ ဂိုဒီ ငါ့ကို ကူပြီး ဒါလေးဖြိုပေးပါ” ကောင်းဖန် ခေါင်းလှည့်၍ သူ့သားရဲများကို အမိန့်ပေးလိုက်သည်။

ခြင်္သေ့က သဲပုံ၏မျက်နှာပြင်ကို လက်သည်းဖြင့် ပုတ်လိုက်သည်။ ရုတ်တရတ် ဧရိယာတစ်ခုခုံး မျက်လုံးကျိမ်းစရာ အလင်းလွှာဖြင့် ဖုံးလွှမ်းသွားသည်။

အလင်းလွှာလည်း ပျောက်သွားရော သူတို့ခြေထောက်အောက်က သဲကန္တာရကြီးက ရေခဲမြေအဖြစ် ပြောင်းသွားပြီဖြစ်သည်။

ဂိုဒီက ရှေ့ထွက်လာပြီးသူလက်မောင်းများကို လွှဲကာ ထိုးချလိုက်သည်။

သဲကန္တာတစ်ခုလုံး ပြောင်းပြန် ဇောက်ထိုးတွေ ဖြစ်နေသည်။ ရေခဲသဲကန္တာရက ဒီထိုးချက်ကြောင့် လဲပြိုသွားရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၈ ဖွံ့ဖြိုးခြင်း၏ ဦးနှောက်

အလွှာကြီးသည် လှုပ်ရှားသွားပြီး အပိုင်းအစများသည် အပေါ်ဘက်သို့ လျင်မြန်စွာ ရွေ့လျားနေကြသည်။ ပြိုလဲသွားသော အပေါက်ကြီး၏ ကြီးမားသော အကွက်ကြီးကို အလယ်ဗဟိုတွင် မြင်နေရသည်။

ပွင့်ထွက်လာသော အပေါက်ကြီး၏ အလယ်တွင် ကြီးမားသော ဦးနှောက်ကြီး တစ်ခုရှိနေပြီး နို့နှစ်ရောင် ဦးနှောက်ကြီး၏ ‌ပတ်ပတ်လည်တွင် သွေးကြောမျှင်များ ပတ်လည် ၀န်းရံထားသည်။ ဦးနှောက်ကြီးသည် ပြင်ပလေနှင့် ထိတွေ့သွားသောအခါ အနည်းငယ် လှုပ်ခါသွားသလို ဖြစ်နေသည်။ ဦးနှောက်ကြားလပ်နေရာများတွင် အကြည်ရောင် အရည်တချို့သည် ညှစ်ထုတ်သလို ထွက်လာနေသည်။

များပြားလှသော နို့နှစ်ရောင် ကြာပွတ်သည် သဲထဲမှနေ၍ ကောင်းကင်ဆီသို့ ပျံထွက်လာသည်။ ထိုကြာပွတ်များ အထဲတွင် ဝါညိုရောင် ပိတုန်းကောင်များ ရှိနေကြသည်။ ထိုပိတုန်းများသည် လူလက်တစ်ဖဝါးအရွယ်ရှိပြီး ရက်စက်ကြမ်းကြုတ်သော အသွင်များ ရှိနေကြသည်။

ထိုကြာပွတ်များသည် ဂိုဒီ၏ ခြေထောက်ကို ရိုက်နေကြပြီး ‌နှင်းလို ဖွေးစွတ်သော သွားအချို့ ထွက်ကျလာသည်။

[သားရဲအမည်] - ဖွံ့ဖြိုးခြင်း၏ ဦးနှောက်

[သားရဲအဆင့်] - အဆင့် ၅၁ (ဘုရင်အဆင့်)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲအမျိုးအစား] - သဘာ၀လွန်

[သားရဲစွမ်းအင်] - စိတ်စွမ်းအင် အဆင့် ၅

ထူးကဲ ဦးနှောက် အဆင့် ၃၊ စိတ်နယ်လွန် အဆင့် ၃

[ထူးခြားသော လက္ခဏာများ] - အတွေးကြိုးမျှင် (ကမ္ဘာကြီးကို သန့်စင်သော စိတ်စွမ်းအင်ဖြင့် ပြောင်းလဲခြင်းသည် ကန့်သတ်ချက်ရှိသည်။ သူ့တွင် နေစရာ နေစရာ ခန္ဓာကိုယ်မရှိပဲ ဦးနှောက် တစ်ခုတည်းဖြင့် အသက်ရှင်သန်နိုင်သည်။ ခန္ဓာကိုယ်ရှိလျှင်တော့ စွမ်းအင်များ ပိုရနိုင်သည်။)

သက်ရောက်မှု ၁ - စိတ်ထိန်းချုပ်ခြင်း (သူ၏ အစွမ်းကြီးသော ဝိဉာဉ်သည် သက်မဲ့အရာတစ်ခုကိုပင် လှုပ်ရှားနိုင်စွမ်း ရှိအောင် လုပ်နိုင်သည်။

သက်ရောက်မှု ၂ - ထူးကဲလှုပ်ရှားမှုစွမ်းရည် (ထိုကဲ့သို့ ထိန်းချုပ်ခံလိုက်ရသော အရာသည် အသွင်ပြောင်းနိုင်ပြီး ထူးခြားသော စွမ်းရည် အမျိုးအစားပေါင်းများစွာကိုလည်း ရရှိနိုင်သည်။

(လက်ရှိ ထိန်းချုပ်ခံထားရသော အရာ၀တ္ထုမှာ တက္ကလာမာကန် ကန္တာရဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ခံထားရသည်။)

(သားရဲဖော်ပြချက်) - ထူးခြားသော အရာတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်မရှိပဲ ဦးနှောက်သာ ရှိသည်။ ထိုအရာသည် သက်မဲ့အရာ၀တ္ထုတိုင်းကို ထိန်းချုပ်နိုင်ပြီး သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်အဖြစ် ပြုလုပ်နိုင်သည်။ သူ့တွင် ဉာဏ်ကောင်းသော သက်ရှိများ၏ ဦးနှောက်ကို ရယူလိုစိတ်ပြင်းထန်ပြီး ထိုဦးနှောက်များသည် သူ့အဆင့်ကို မြန်မြန်တက်စေနိုင်သည်။

“အဲဒီတော့ ပြဿနာတွေ တက်အောင် လုပ်နေတာမင်းပေါ့” ကောင်းဖန်သည် သဘောပေါက်စွာ ပြောလိုက်သည်။

ဦးနှောက်ကြီးသည် သူ့အကြောင်းကို သိ‌သွားသောကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူသည် စိတ်လှုပ်ရှားနေပုံဖြင့် သူ့ကိုယ်သူ ဘေးပတ်ပတ်လည်မှ သဲများထဲသို့ တိုး၀င်ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။

ဂိုဒီက နှာခေါင်းရှုံ့လိုက်သည်။ “ဦးနှောက်ပဲရှိတဲ့ ငါးရုပ်ဆိုးကောင်.. မင်းငါ့လက်က လွတ်မယ် ထင်လို့လား”

ထို့နောက် သူသည် ချက်ချင်းပင် ရှေ့ကို တိုးလိုက်ပြီး သူ့ဘေးမှ ကြာပွတ်တစ်ခုကို ချိုးလိုက်သည်။ ထိုအခါ ကျိုးသွားသော နေရာမှ နို့နှစ်ရောင် အရည်များ ပန်းထွက်လာသည်။

ဦးနှောက်ကြီးသည် ဂိုဒီက သူ့ဆီကို ချဉ်းကပ်‌လာနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သဲတွင်းထဲသို့ ချက်ချင်း ဆင်းလိုက်သည်။ ထိုအခါ အကောင်အထည်မမြင်ရသော လှိုင်းကယက်များသည် သူ့ပတ်ပတ်လည်တွင် ပေါ်ပေါက်လာသည်။

ဂိုဒီသည် သူ့ခေါင်းကို ကိုင်လိုက်ပြီး နောက်ကို ၂ လှမ်းဆုတ်လိုက်သည်။ သူသည် ရုတ်တရတ် သူ့ခေါင်းကို ကိုက် ၃၀၀ ရှည်သည့် ထရပ်ကားကြီးဖြင့် အကြိတ်ခံလိုက်ရသလို ခံစားလိုက်ရကာ မိုက်ခနဲ ဖြစ်သွားခြင်းကြောင့် ဖြစ်သည်။

သို့သော် ဂိုဒီတင်မကပဲ အနီးအနားတွင် ရှိနေသည့် ကောင်းဖန်၊ ခြင်္သေ့ဖြူ၊ တာ့ဇီ၊ ရတနာအနံ့ခံကြွက်တို့လည်း ထိုတိုက်ခိုက်မှုကို ခံစားလိုက်ရသည်။

ကြွက်ကလကတော့ အဆိုးဆုံး ထိခိုက်မှု ဖြစ်သွားသည်။ သူသည် သွေးလှည့်ပတ်မှုများ တိုးလာပြီး သူ့မျက်ကြည်လွှာတွင် သွေးများဖြင့် ပြည့်လာကာ နှာခေါင်းပေါက်ထဲမှလည်း သွေးများ ထွက်လာသည်။ သူ့နှာခေါင်းမှ သွေးများသည် သဲများပေါ်ကျသွားသောအခါ သဲများပင် နီရဲသွားသည်။

ဂိုဒီ ပြန်သတိရလာသောအခါ သူ့ပတ်၀န်းကျင်သည် ပြောင်းလဲသွားပြီ ဖြစ်သည်ကို သတိထားမိလိုက်သည်။

အဝါရောင် ကန္တာရကြီးသည် အနီရောင်အဖြစ် ပြောင်းလဲနေသည်။ အဝေးမှ သဲတောင်ပို့များ၏ထိပ်တွင် မီးများ တောက်လောင်နေကြသည်။ သူ့ခြေအောက်မှ သဲပြင်တွင်လည်း မီးတောက်များ ထွက်ပေါ်နေပြီး လေများသည် မီးတောက်များကို ဝေ့တိုက်နေပြီး မီးတောင်‌တစ်ခုလိုပင် ဖြစ်ပေါ်နေသည်။

ဂိုဒီသည် ဘာတွေဖြစ်နေမှန်း နားမလည်စွာဖြင့် ကြောင်ကြည့်နေမိသည်။

ဂိုဒီလှည့်ကြည့်လိုက်သောအခါ ကောင်းဖန်တို့ကို မတွေ့ရတော့ပေ။ “ကောင်းဖန်က ငါ့ကို စွန့်ပစ်လိုက်ပြီလား” သူသည် ထိတ်လန့်သွားသည်။

ဂိုဒီတစ်ယောက် တွေး‌မိနေတုန်းမှာပင် ကောင်းဖန်၏ ပုံစံတစ်ခုသည် အဝေးတစ်နေရာမှ ပေါ်လာသည်။ သူသည် ခရမ်းရောင်၀တ်စုံကို ၀တ်ထားပြ ခေါင်းပေါ်တွင် ချို ၂ ချောင်း ရှိနေသည်။ သူ့မျက်လုံးသည် ကြောင်တစ်ကောင်၏ မျက်လုံးလို ဖြစ်နေသည်။

“ဂိုဒီ.. သွားတော့ ငါမင်းကို မလိုချင်တော့ဘူး”

ကောင်းဖန်သည် လက်များကို နောက်ပစ်ထားပြီး သူ့အသံသည် အေးစက်နေသည်။ “ငါမင်းကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး.. မင်းတို့အားလုံးအတွက် တစ်ကောင်ကို ဒေါ်လာ ၅၀၀ ပဲ ကုန်ကျစရိတ် သတ်မှတ်ထားတာ. ဒါပေမယ့် မင်းက ပိုဖြုန်းနေတယ်.. ငါမင်းလို ဘဲအတွက် အကုန်မခံနိုင်တော့ဘူး”

ဂိုဒီသည် ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နှက်နေသည်။ “သားရဲတစ်ကောင်ကို ၅၀၀ က များလို့လား”

ငါက ငါးအစစ်မဟုတ်တဲ့ ‌သားရဲတွေနဲ့ ကောင်းဖန်က ပိုက်ဆံတွေကို လိမ်ယူမိလို့ ကောင်းဖန်က နစ်နာနေရတယ် ထင်ပါရဲ့..

ဂိုဒီသည် သူ့အမှားများကို ပြန်မြင်ယောင်ရင်း နေထိုင်မကောင်း ဖြစ်လာသည်။ ငါက ကောင်းဖန်ကို အရမငွေညှစ်မိနေလို့ သူငါ့ကို မွေးထားဖို့ မတတ်နိုင်တော့ဘူး ထင်တယ်..

ဂိုဒီသည် သူ့အတွေးနှင့်သူ ပိတ်မိနေပြီး စိတ်တင်းနေတာကို ဖြေလျှော့ရန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

တစ်ဖက်တွင်တော့ ကောင်းဖန်သည် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီး သူ့ကိုယ်သည် စိတ်ပင်လယ်သို့ ဆွဲခေါ်ခံနေရသလို ခံစားနေရသည်။ ထို့ကြောင့် သူ၏ စိတ်ကို ပြန်လည် စုစည်းလိုက်သောအခါ မြင်ကွင်းများသည် ပြန်လည် ကြည်လင်လာသည်။

ထို့နောက် ကောင်းဖန်သည် သူ့ရှေ့တွင် ဂိုဒီတစ်ကောင်တည်း ရပ်နေပြီး စကားများ ရေရွတ်နေကာ စိတ်လှုပ်ရှားနေဟန်ဖြင့် တောင်ပံတဖျတ်ဖျတ် ခတ်နေသည်ကို တွေ့လိုက်ရသည်။

“ဒီဘဲငတုံးကတော့ စိတ်လှည့်စားခံနေရပြီထင်တယ်” ခြင်္သေ့ဖြူလေးသည် လျှာတစ်ချက်သပ်ရင်း ပြောလိုက်သည်။

“ကောင်းဖန်.. ငါနင့်ဆီက အစားအစာတွေကို ထပ်ပြီး မခိုးတော့ပါဘူး” တာ့ဇီသည် တုန်တုန်ယင်ယင်ဖြင့် သူ့ခြေထောက်နား ရောက်လာသည်။ “ငါနင့်ခွက်ထဲကိုလည်း တံတွေး ထွေးမထည့်တော့ပါဘူး.. ငါ့ကို မရိုက်ပါနဲ့”

ကောင်းဖန်မျက်နှာကြီး ပုပ်သိုးသွားသည်။ သူသည် ဦးနှောက်ကြဆီသို့ သွားဖို့ လုပ်နေသာ ခြင်္သေ့ဖြူကို တားလိုက်သည်။

“ခဏနေဦး.. သူဘာတွေလုပ်ထားလဲ သိချင်သေးတယ်”

တာ့ဇီသည် တုန်ယင်စွာဖြင့် ဆက်ပြောနေသည်။ “ငါ၀န်ခံပါမယ်.. ၀န်ခံပါ့မယ်.. တကယ်တော့ နင့်ဆိုဖာကို ဖျက်ဆီးခဲ့တာ ငါပါ.. အဲဒါလည်း တမင်လုပ်တာမဟုတ်ပါဘူး.. ဆိုဖာက ငါ့ကို အရင်ရန်လာစတာ”

“…”

တစ်ဖက်တွင်တော့ ဦးနှောက်ကြီးသည် ကန္တာရထဲကို တိုး၀င်ထွက်ပြေးဖို့ ကြိုးစားနေသည်။

ကောင်းဖန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ “ငါတို့ ပြန်ရောက်မှ မင်းကို သင်ခန်းစာ ကောင်းကောင်းပေးမယ်.. ခြင်္သေ့ရေ ဟိုကောင်ကိုတော့ မင်းပဲ ပညာပေးလိုက်ပါတော့”

ဦးနှောက်ကြီး၏ စွမ်းရည်များသည် ကောင်းသည်ဟုတော့ ဆိုရမည်။ ကောင်းဖန်သည်ပင် စိတ်နယ်လွန်အမျိုးအစားသားရဲကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူသည် ထိုလောက် စွမ်းအားမြင့်မည်ဟုပင် မတွေးမိခဲ့ချေ။ သူ့ကို ဖမ်းနိုင်လျှင်တော့ အတော်လေး အဆင်ပြေသွားနိုင်ပေမည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၃၉ ဒေါသထွက်နေသော ဂိုဒီ

ခြင်္သေ့ဖြူသည် ကောင်းဖန်ကောက်ယူလိုက်သော ကြွက်ကို တစ်ချက်ကြည့်လိုက်သည်။ ဟိုဦးနှောက်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် ကြွက်ကလေး တော်တော်ထိသွားပုံပဲ.. သူသေသွားရင် ကောင်ဖန်တော့ ၀မ်းနည်းနေတော့မယ်..

ကြွက်ကလေးသည် နှလုံးခုန်အလွန်မြန်နေပြီး သေလုမျောပါး ဖြစ်နေသည်။

သနားစရာ ကူကယ်ရာမဲ့ ပျော့ညံ့လှပြီး ရတနာတွေတော့ ကြိုက်တဲ့ ကောင်လေးပါလား..

“ငါ့ဘ၀မှာ ပထမဆုံးမြင်ဖူးတာပဲ” ကျီဟန့်ဝူသည် အလွန်စိတ်၀င်စားနေသည်။ သူသည် ထိုသားရဲအမျိုးအစား အသစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဦးနှောက်ကြီးက လေထုနဲ့ ထိတွေ့နေပေမယ့် ရေဓာတ်ခမ်းခြောက်မသွားဘူး.. တော်တော်လေးလည်း ထူးခြားတယ်.. စိတ်၀င်စားစရာပဲ..

“အဲဒါကို ဖွံ့ဖြိုးမှုရဲ့ ဦးနှောက်လို့ခေါ်တယ်.. သက်မဲ့တွေကိုတောင် ထိန်းချုပ်နိုင်တဲ့ စိတ်နယ်လွန်သားရဲပေါ့.. တက္ကလာမာကန် ကန္ဆာရကို ထိန်းချုပ်ထားတာလည်း သူပဲလေ.. အဖိုး စိတ်၀င်စားနေပြီမလား” ကောင်းဖန်က အပြုံးဖြင့် မေးလိုက်သည်။

အဖိုးသည် ကောင်းဖန်ကို ပြန်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။ “အဖိုးလို လူအိုကြီးက ဒီကောင်နဲ့ သွစာချုပ်ချုပ်နိုင်လောက်တဲ့ ဝိဉာဉ်စွမ်းအား မရှိပါဘူး.. သူက အနည်းဆုံးတောင် ဘုရင်အဆင့်ရှိတယ်.. သူက နတ်ဘုရားအဆင့်လောက်ဆိုရင်တောင် သူ့ကို ကြိုးစားကြည့်ဦးမှာ”

ကြီးမားသော ကန္တာရကြီးကို ထိန်းချုပ်နိုင်သည် ဆိုသည်မှာ နတ်ဘုရားအဆင့်သားရဲလောက်နှင့် မဖြစ်နိုင်ပေ။ သူသည် ဘုရင်အဆင့်ဆိုတာ သေချာသည်။

“အဖိုးက မလိုချင်ဘူးဆိုရင်တော့ ကျွန်တော်လည မငြင်းတော့ပါဘူး” ကောင်းဖန်သည် ထိုကဲ့သို့ အဆင့်မြင့်သည့် ရှားပါးစိတ်နယ်လွန်သားရဲကို တွေ့ရခဲလှသောကြောင့် အခွင့်အရေးကို လက်လွတ်မခံလိုပေ။ ကောင်းဖန်သည် ကန္တာရအလယ်တွင် ရှိနေသော ဦးနှောက်ကြီးနား ချဉ်းကပ်သွားလိုက်သည်။ ဦးနှောက်ကြီးထံမှ များပြားလှစွာသော ပျစ်ချွဲချွဲ အရည်ကြည်များ ထွက်ပေါ်လာနေသည်။ အဝေးမှ ကြည့်လျှင် ဦးနှောက်ထဲမှ ရေလုံးကြီးများ ကျဆင်းနေသလိုပင်။

“အရသာရှိတဲ့ ဦးနှောက်ပဲ” တာ့ဇီ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည်တစ်ခါက ကောင်းဖန်သူ့ကို ဦးနှောက်ကင် ကျွေးခဲ့ဖူးသည်ကို သတိရသွားသည်။ သူသည် ထိုအရသာကို မမေ့နိုင်ပါချေ။

အဲဒီတုန်းက စားခဲ့ဖူးတာ ဦးနှောက်ကို ရွှေညိုရောင်လေး သန်းတဲ့ အထိ ကင်ထားတာ.. ပြီးတော့ အရသာရှိတဲ့ ကြက်သွန်ရယ်၊ ဇီရာစေ့လေးရယ်၊ ငရုတ်သီးမှုန့်လေးရယ်ကို အပေါ်က ဖြူးထားတယ်.. နူးညံ့လှ‌ေူာ အရသာသည် တာ့ဇီအတွေးထဲတွင် ပြန်ပေါ်လာကာ သူသည် သွားရည်များပင် ကျလာပြီး စိတ်လှုပ်ရှားစွာဖြင့် သဲပြင်ကို ပုတ်နေသည်။

စားချင်တယ်.. စားချင်တယ်..

ဂိုဒီသည် သွေးရူးသွေးတမ်း အော်ဟစ်လိုက်သည်။ သေစမ်.. ငါခုနက ထင်ယောင်ထင်မှား ဖြစ်နေတာပဲ.. ငါ ဟွမ်းဟောင်နမ်က ဦးနှောက်တစ်ခုပဲ ရှိတဲ့ကောင်ရဲ့ လှည့်စားတာကို ခံလိုက်ရတယ်လို့.. ရှက်စရာကောင်းလိုက်တာ..

သူသည် အော်ဟစ်လိုက်ပြီးနောက် ကောင်းဖန်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ကောင်းဖန် ခုနက ငါပြောတာတွေ မကြားလောက်ပါဘူးနော်.. သူကြားသွားရင် ငါရှေ့လျှောက် ဘယ်လို လှည့်စားရပါ့..

ကောင်းဖန်မျက်နှာသည် ပုံမှန်သာ ဖြစ်နေသောကြောင့် မကြားလိုက်ဘူးဟု ယူဆလိုက်ကာ ဂိုဒီစိတ်သက်သာရာ ရသွားသည်။ တော်သေးတာပေါ့.. မကြားသွားလို့..

ငါပြောချင်တာ အဲဒါ‌ပဲလေ.. ကောင်းဖန်လို ဒီလောက် ချမ်းသာတဲ့ ပညာတတ် လူတစ်ယောက်က ဘယ့်နှယ့် ငါလှည့်စားတာလလောက်နဲ့ ဒေဝါလီခံစရာလား.. ကောင်းဖန်မှာ ဂိုဒေါင်နဲ့အပြည့် ရွှေတွေရှိနေတာလည ငါအသိပဲ.. ဘာပဲဖြစ်ဖြစ် အဲဒီရွှေတွေကလည်း အနှေးနဲ့ အမြန် ငါ့အပိုင် ဖြစ်လာမှာပါ..

“ကဲ.. ငါတစ်ယောက်ချင်း စိန်ခေါ်တယ်.. ဒီကောင့်ကို ဒီနေ့ သတ်ပစ်မယ်” ဂိုဒီသည် ကြုံးဝါးပြောဆိုလိုက်သည်။

“ငါ့ကို လွှတ်ပေးပါ ကျေးဇူးပြုပြ လွှတ်ပေးပါ” ကောင်းဖန် စိတ်ထဲတွင် အသံလေးတစ်ခု၀င်လာသည်။ ထိုအသံသည် ကြည်လင်လှပြီး အသက် ၅ နှစ် ၆ နှစ် အရွယ် ကလေးတစ်ယောက်က ပြောနေသလို သနားစရာ အသံလေး ဖြစ်နေသည်။

“မင်းဘာလို့ ချန်အန်းကို သွားချင်တာလဲ” ကောင်းဖန်က မေးလိုက်သည်။

ထို့နောက် ၂ စက္ကန့်လောက် ငြိမ်သက်သွားသည်။ သူ့အသံသည် ရုတ်တရတ် မိန်းကလေး တစ်ယောက်အသံလို ညုတုတု ဖြစ်သွားသည်။ “ငါပြောပြရင် လွှတ်မှာလား” အသံသည် အသည်းယားစဖွယ် ဖြး်နေသည်။

ကောင်းဖန်ကတော့ မတုန်လှုပ်ပေ။ “မင်းအပေါ်မှာပဲ မူတည်တယ်”

ထို့နောက် အသံသည် ရင့်ကျက်သော အမျိုးသားတစ်ယောက်အသံ ပြောင်းသွားသည်။ “ဟယ်လို.. ငါ့နာမည်က ၀မ်ကျန်းပါ.. ငါကချန်အန်းကပါ.. ငါက ကန္တာရ စွန့်စားသွားလာသူ တစ်ယောက်ပါ.. ငါကန္တာရ အရွယ်စုံကို ၁၃ ခုတိတိသွားခဲ့ဖူးပါတယ်.. လွန်ခဲ့တဲ့ ၅ နှစ် ကပ်ဆိုးကြီး ဖြစ်တုန်းက ငါက တက္ကလာမာကန် ကန္တာရမှာ ရှိနေခဲ့တာပေါ့..

“ကပ်ဆိုးကြီး ပြီးသွားတော့ ကန္တာရထဲမှာ ကြီးမားတဲ့ သဲမုန်တိုင်းကြီး ဖြစ်ခဲ့တယ်.. ငါအကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ငါသဲမုန်တိုင်းထဲမှာပဲ သေသွားခဲ့တယ်..

”ငါ့သမီးလေးရဲ့ ၃ နှစ်ပြည့်မွေးနေ့က နောက် ၇ ရက်ဆို ရောက်လာတော့မယ်.. အဲဒါကြောင့် သူ့ကို ငါသွားတွေ့ပြီး မွေးနေ့သီချင်း ဆိုပေးချင်တယ်.. ငါ ငါ့သမီးလေးကိုပဲ တွေ့ချင်တာပါ” ထိုလူသည် အသံများ တုန်နေသည်။

ကောင်းဖန်ကတော့ မတုန်မလှုပ် ရှိနေဆဲ ဖြစ်သည်။ “အဲဒါကြောင့် ခင်ဗျားက တက္ကလာမာကန် ကန္တာရကြီးကို ချန်အန်းကို ရွှေ့ချင်တယ်ပေါ့”

“ငါ့ခန္ဓာကိုယ်က ကန္တာရနဲ့ တစ်သားတည်း ဖြစ်လာခဲ့တယ်.. ငါကန္တာရကို စွန့်ခွာလို့ မရဘူး” ထိုသူက အသံတိမ်တိမ်ဖြင့် ပြောလိုက်ပြန်သည်။ “ငါက ငါ့သမီးလေးကိုပဲ ပြန်တွေ့--“

“ပြီးတော့ လမ်းမှာတော့ လူတွေကို သတ်ပစ်မယ်ပေါ့ ဟုတ်လား” ကောင်းဖန်က လက်ကာပြလိုက်သည်။ “ရပြီ ဘာမှထပ်မပြောနဲ့တော့.. ခင်ဗျား ဆုံးဖြတ်.. အခု အညံ့ခံမယ်ဆိုရင် ကျုပ်ရဲ့ ကိုယ်ပိုင်သားရဲ ဖြစ်ခွင့်ရှိမယ်.. အသက်ရှင်မယ်.. မဟုတ်ရင်တော့ ကျုပ်ကိုယ်ပိုင်သားရဲက အတော်လေး ဗိုက်ဆာနေတာ” ကောင်းဖန်က သူ့ဘေးတွင် သွားရည်ကျနေသော တာ့ဇီကို ညွှန်ပြလိုက်သည်။

အဆင့်နိမ့်သော သားရဲများသည် ဉာဏ်ရည်လည်း နိမ့်ပါးကြသည်။ ထို့ကြောင့် သူတို့သည် ဦးနှောက်ထက် နှလုံးသားကို ပိုဦးစားပေးကြသည်။

အဆင့်မြင့် သားရဲများကတော့ ဉာဏ်ရည်မြင့်မားကြပြီး တွေးစရာများလည်း ပိုများသည်။ ထို့ကြောင့် သူကဲ့သို့ အဆင့်မြင့် ရှားပါးသားရဲသည် ဉာဏ်တိမ်စရာ အကြောင်းမရှိပေ။ သူသည် ခေါင်းမာနေပါက ပိုအခြေအနေဆိုးနိုင်သည်ကို ကောင်းကောင်းနားလည်သည်။

ကောင်းဖန် ပြောလို့ပြီးသွသောအခါ ခြင်္သေ့ဖြူနှင့် နဂါးဖြူကြီးသည် ရှေ့တိုးလာသည်။ သူတို့ မျက်လုံးများသည် ဒေါသမီးများ တောက်လောင်နေပြီး အဖြေတစ်ခုခုမှားသွားသည်နှင့် သတ်ပစ်လိုက်ဖို့ အသင့်ဖြစ်နေကြသည်။

ဦးနှောက်က ထပ်ပြောပြန်သည်။ “ငါက သမီးလေးကိုပဲ ပြန်တွေ့--“

“ပါးစပ်ပိတ်ထား.. ခင်ဗျားထပ်ပြ အရူးလုပ်ရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကို စားပစ်မယ်” ကောင်းဖန်က ပြောလိုက်သည်။ ထိုကဲ့သို့ သားရဲများကို ကောင်းကောင်းပြောနေ၍ မရပေ။ မဟုတ်လျှင် သူတို့က ပြန်အနိုင်ယူသွားတတ်သည်။ ဦးနှောက်ကြီးသည် ရပ်တန့်နေပြ အကြိတ်အနယ် စဉ်းစားနေပုံပေါ်သည်။

ကောင်းဖန် အတွေးကတော့ ရှင်းသည်။ ထိုသားရဲသည် ဦးနှောက်များကို စားသုံးပြီး မှတ်ဉာဏ်များကို ဖတ်နိုင်သောကြောင့် ၀မ်ကျန်း၏ အကြောင်းကတော့ တကယ်ဖြစ်နိုင်သည်။ သူသာ သေချာစုံစမ်းလျှင် ထိုလူကို ရှာတွေ့နိုင်သည်။

သို့သော် သူ့ရှေ့က သားရဲနှင့်တော့ ဘာမှမဆိုင်ချေ။

ထိုသားရဲသည် ၀မ်ကျန်း၏ မှတ်ဉာဏ်မှ တဆင့် ချန်အန်းတွင် လူတွေအများကြီး ရှိကြောင်း သိထားနိုင်သည်။ ထို့‌ကြောင့် ချန်အန်းကို သွားချင်ခြင်း ဖြစ်မည်။

ဦးနှောက်ကြီးသည် သူ့ကိုမသတ်လောက်ဘူးဆိုတာ သေချာပြီမို့စိတ်သက်သာရာတော့ အနည်းငယ် ရသွားသည်။ သို့သော် သူသည် ကိုယ်ပိုင်သားရဲတော့လည်း မဖြစ်ချင်ပေ။

“မင်းကို အညံ့ခံဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး” သူ့အသံသည် ယောင်္ကျားသံမှ ချွဲနွှဲ့သော မိန်းကလေးသံသို့ ပြောင်းသွားပြန်သည်။ “အဲဒါဆို အညံ့ခံပြီးရင် ဘာပြန်ရမှာလဲ”

“မင်ဘိုးအေကြီး ဂိုဒီဆီကနေ အချစ်တွေရမှာပေါ့” ဂိုဒီသည် ဒေါသတကြီး ၀င်ပြောလိုက်သည်။ ငါ့သခင်ကို ဘယ်လိုတောင် စကားပြောနေတာလဲ.. ငါ့သခင်က မင်းကို ကောင်းစေချင်လို့ ကိုယ်ပိုင်သားရဲအဖြစ်တောင် ကမ်းလှမ်းတာကို.. လာညှိနှိုင်းရဲသေးတယ်..

သူသည် ဦးနှောက်ကြီးကို ရိုက်ချလိုက်သောအခါ ဦးနှောက်ကြီးသည် ဂျယ်လီတုံးကြီးလို တုန်ခါသွားသည်။ ဦးနှောက်ကြီးသည် ရိုင်းပြသည့်ဘဲရန်ကို ကြောက်၍ ဘာမှထပ်မပြောရဲတော့ချေ။

သူသည် ၅ နှစ်တာလုံးလုံး ထိုကဲ့သို့ ရိုင်းစိုင်းသည့်ဘဲကို မတွေ့ခဲ့ဖူးချေ။ သူသည် စိတ်ထဲမှ အသံတိတ်ပြောလိုက်သည်။ ငါလွတ်သွားတော့မှ နေ့တိုင်း ဘဲဦးနှောက်တွေ စားပစ်ဦးမယ်..

***

သားရဲလေ့ကျင့်သူ

အခန်း ၄၄၀ ရတနာ

မူလအားဖြင့်တော့ မွေးဖွားလာတည်းက ဦးနှောက်သည် တခြား သက်ရှိများကို မမြင်ဖူးချေ။ သို့သော် သူ့ရဲ့မှတ်ဉာဏ်အများစုနဲ့ အသိတွေက သဲကန္တာရထဲတွင် ရေဓာတ်ခမ်းခြောက်မှုကြောင့် သေဆုံးသွားသော သားရဲများဆီက ရရှိထားခြင်းဖြစ်သည်။

သားရဲလေ့ကျင့်သူက ဘာလဲဆိုတာ သူသိသည်။ ရုတ်တရတ်ကြီး သခင်တစ်ယောက်ရှိလာ မှာကို အသားမကျသော်လည်း သေရေးရှင်ရေးနဲ့ ယှဥ်လိုက်ရင်တော့ အသက်ရှင်နေဖို့က ပိုအရေးကြီးသည်။

ဒီလူ့မှာက ဘုရင်အဆင့် သားရဲရှိနေတယ်ဆိုတော့ သူနဲ့လိုက်သွားလည်း သိပ်တော့ အရှက်ရလောက်မယ် မထင်ပါဘူး..

သူ့ကိုယ်သူ အားပေးလိုက်ပြီး စိတ်သက်သာရာရကာ ဦးနှောက်သည် သက်ပြင်းချလိုက်သည်။

သို့သော် ရုတ်တရတ်ပဲ သူ့နှလုံးသားထဲတွင် ခါးသီးသလို ခံစားလိုက်ရသည်… ငါ ဘယ်လိုဖြစ်ပြီး ဒီအခြေအနေ ဖြစ်သွားရတာလဲ။

တောင်းပန်တိုးလျိုးနေရတဲ့သူက ကြေးများနေလို့မှ မဖြစ်ဘဲလေ… ဒါကြောင့် သူသည် မာနကို ခဝါချလိုက်ရသည်။

လူသားတွေဆီကနေ သူစုပ်ယူခဲ့သော မှတ်ဉာဏ်တွေအရတော့ ဒီလိုအရာမြင်ကိုတွေ့ရဖို့ အလွန်ခဲယဥ်းသည်။ သူစုပ်ယူခဲ့သော အသိဉာဏ်နဲ့ အတွေ့အကြုံအများစုက လူသားတွေ၏ မှတ်ဉာဏ်ဆီကဖြစ်သည်။ သို့သော် သူရဲ့ ဖြစ်တည်မှုက မကြာသေးပေ။ ထို့ကြောင့် သူ့ရဲ့အပြုအမှုအများစုက သူစုပ်ယူခဲ့သော မှတ်ဉာဏ်များမှ သက်ရောက်မှုဖြစ်သည်။

“ကျုပ်နာခံပါ့မယ်” ဦးနှောက်၏ထိပ်က ဂူပေါက်လိုအနက်ရောင်အပေါက်ကနေ ရောင်စုံမြူခိုးများ ထုတ်လွှတ်နေတာ ရပ်တန့်သွားသည်။ အပေါက်ကို ကြည့်လိုက်သောအခါ ကောင်းဖန် နားလည်မှုလွဲမလို ဖြစ်သွားသေးသည်။

ကောင်းဖန် သွေးစာချုပ်ချုပ်ဖို့ ရှေ့တိုးလာသည်။ ၂ ဖက်လုံးသဘောတူပြီးနောက် အချိန်တိုတွင်းပဲ သွေးစာချုပ် အောင်မြင်စွာ ချုပ်လို့ပြီးသွားခဲ့သည်။

သွေးစာချုပ်ချုပ်ခြင်းက မရှုပ်ထွေးပေ။ သူတို့ စာချုပ်ဖြင့်ဆက်သွယ်သွားပြီးသည့်နောက် ကောင်းဖန်၏ အသိစိတ်ဟင်းလင်းပြင်တွင် အသိစိတ်အသစ်တစ်ခု ချိတ်ဆက်သွားသည်။

မှုန်မှိုင်းမှိုင်း ဟင်းလင်းပြင်အပိုင်းအစကြားတွင် ခပ်ဝါးဝါး အရိပ်တစ်ခုပေါ်လာသည်။

အရိပ်များကြားတွင် ကောင်းဖန် မှတ်ဉာဏ်အတော်များများကို လက်ခံရလိုက်သည်။ သူ့ဦးနှောက်ထဲသို့ ဝါးမျိုထားသော မှတ်ဉာဏ်များဖြစ်သည်။ ထိုမှတ်ဉာဏ်များအားလုံးက အပြည့်အစုံ မဟုတ်ပေ။ တချို့က အားနည်းသည်။

ကောင်းဖန်က သူ့ရဲ့ သားရဲလေ့ကျင့်သူဖြစ်လာသည်။ ကြီးထွားခြင်းဦးနှောက်၏ ခွင့်ပြုချက်ဖြင့် သူ၏ မှတ်ဉာဏ်အားလုံးကို ကောင်းဖန် ဖတ်နိုင်သွားသည်။

ဒါက ကြီးထွားခြင်းဦးနှောက်၏ စွမ်းရည်များထဲက တစ်ခုဖြစ်သည်။ တခြားသက်ရှိများ၏ ဦးနှောက်ကို ဝါးမျို ပြီးနောက် ထိုသူတို့၏ မှတ်ဉာဏ်များကို ဖတ်နိုင်စွမ်းရှိသည်။ ဒါက ဖလိန်မီ သူ့ရဲ့မီးတောက်ကို သုံးပြီး ရေနွေးတည်နိုင်သလိုပဲ အပိုချဲ့ထွင် လုပ်နိုင်စွမ်း၊ သဘာဝလွန်စွမ်းရည်ဖြစ်သည်။

ထိုမှတ်ဉာဏ်များက ကြားဖြတ်ပြနေသော ပျက်စီးနေသည့် ရုပ်ရှင်အပိုင်းအစလိုပင် အရောင်စုံ ခပ်ဝါးဝါး အစက်အပျောက်များကိုသာ ချန်ခဲ့ပြီး အသံကလည်း ဆိုးဝါးသည်။

ပျက်စီးနေသော ရုပ်ရှင်အပိုင်းအစကို နားထောင်ဖို့ ကြိုးစားရင်း ကောင်းဖန် ကားထဲတွင် ၅ နာရီကြာလောက် ပိတ်မိ၍ ကားမူးပြီး ကြောက်လန့်နေသလိုမျိုး ခေါင်းတွေပင် ကိုက်ခဲယောင်ယမ်းလာသလိုခံစားရသည်။

ကောင်းဖန် သူ့ကိုယ်သူ မြန်မြန်ဆွဲထုတ်လိုက်ပြီး နားထင်များကို နှိပ်နယ်လိုက်သည်။ ထို့နောက် ပိုရှင်းလင်းသော တခြား မှတ်ဉာဏ်တစ်ခုသို့ ပြောင်းပြီး ဖတ်ဖို့ လုပ်လိုက်သည်။

ဒီတစ်ကြိမ်တွင်တော့ ကောင်းဖန်က ရှင်းလင်းသော မှတ်ဉာဏ်အပိုင်းကို ရွေးပြီး ကိုယ်တိုင်ခံစားသည့်နေရာကနေ ဖတ်ကြည့်လိုက်သည်။

ထိုနေရာတွင် အထိအတွေ့နဲ့ အနံ့ခံနိုင်စွမ်း လုံးဝမရှိပေ။ ကောင်းဖန်က ထူးခြားသော အာရုံခံစွမ်းကနေ တဆင့်သာ တခြားသူများ၏ အတွေ့အကြုံကို ဖတ်နိုင်သည်။

အဓိက ဇာတ်ကောင်က နာကျင်မှုကို ခံစားနေရချိန် ကောင်းဖန်က မည်သည့် ကိုယ်ချင်းစာသနားမှုကိုမှ မခံစားရချေ။ သို့သော် သူ ထူးခြားသော ခံစားချက်ကို ခံစားရသည်… ပြကွက်က နာကျင်မှု၊ ဆာလောင်မှုတို့ ကို ပြသောအခါ သူသိနိုင်သည်။

ဦးနှောက်ကြီး၏ အသိစိတ်ဟင်းလင်းပြင်တွင် သိုလှောင်ထားသော မှတ်ဉာဏ် က သိပ်မများပေ။ သို့သော် အများစုက အသိဉာဏ် မရှိသော အဆင့်နိမ့်သတ္တဝါများ၏ မှတ်ဉာဏ်ဖြစ်သည်။ ထိုမှတ်ဉာဏ်များက ဘာအသိပညာမှမပါသော ရိုးရှင်းသည့် အမဲလိုက်လိုတဲ့ဗီဇစိတ်သာဖြစ်သည်။

တကယ်အသုံးဝင်တာက နည်းနည်းပဲရှိသည်။ ထိုအထဲက ၇ ခုက လူသားများ၏ မှတ်ဉာဏ်ဖြစ်ပြီး အများစုက ကပ်ဆိုးကြီးအစ ကမ္ဘာပျက်ကပ်ဆီကဖြစ်သည်။

ဦးနှောက်ကြီး၏ ရှေ့တွင် ကြီးမားနက်မှောင်သော တွင်းပေါက်တစ်ခု ရှိနေသည်။ အဲဒါက သူ့ရဲ့ အစာစားတဲ့နေရာဖြစ်ပြီး မြင်နိုင်စွမ်းရှိသည့် အစိတ်အပိုင်းဖြစ်သည်။ သို့သော် ဦးနှောက်တွင် အမြင်အာရုံအစိတ်အပိုင်းက အရေးမကြီးပေ။ သူ့ရဲ့ စိတ်စွမ်းရည်က အာရုံခံနိုင်စွမ်းအားလုံးကို အစားထိုးထားသောကြောင့်ဖြစ်သည်။

မှတ်ဉာဏ်အစိတ်အပိုင်းကဲ့သို့အရာများက ထိုစားသောက်ရာနေရာကနေ ထွက်ကျလာနိုင်သည်။ ကောင်းဖန် ခုနက မြင်လိုက်ရတဲ့ ရောင်စုံမြူခိုးတွေလိုဟာမျိုးဖြစ်သည်။ မှတ်ဉာဏ်အစိတ်အပိုင်းက ဦးနှောက်၏ စွမ်းအင်ကို ခဏကြာ မြှင့်တင်ပေးနိုင်သည်။

သို့သော် မှတ်ဉာဏ်အစိတ်အပိုင်းများကို ထုတ်လွှတ်ပစ်ခြင်းက သူဝါးမျိုထားသော မှတ်ဉာဏ်များကို ကုန်ဆုံးသွားစေသည်။

မှတ်ဉာဏ်ဆိုတာလည်း ဝတ္ထုပစ္စည်းအမျိူးအစားတစ်ခုပင်ဖြစ်သည်။ သူတို့ကို ထိတွေ့လို့ မရ၊ အရောင်မရှိ၊ မမြင်နိုင်သော်လည်း အစစ်အမှန်ဖြစ်သည်။ တည်ရှိမှုပုံစံကွဲပြားနေခြင်းမျှသာဖြစ်သည်။

ထူးခြားသောအခြေအနေမျိုးတွင် မှတ်ဉာဏ်ကို ဆုတ်ဖြဲပြီး စိတ်ခွန်အားကောင်းအောင် လောင်စာအဖြစ် ပြောင်းလဲနိုင်သည်။

ဦးနှောက်၏ စွမ်းရည်ကို ခဏလောက်ကြည့်လိုက်ပြီး ကောင်းဖန် အံ့သြသွားသည်။ ဒါက သားရဲအမျိုးအစာအသစ်ဖြစ်ပြီး စွမ်းရည်ကြွယ်ဝသည်။ ထူးခြားသော လက္ခဏာရှိသည်။

ကောင်းဖန်က သူ့စိတ်၏ထူးခြားသော စွမ်းရည်ကို အလွန် သိချင်သွားသည်။

“တက္ကလာမန်ကန် သဲကန္တာရကို ထိန်းချုပ်ထားတာကို လွှတ်လိုက်” ကောင်းဖန်က ဦးနှောက်ကို အမိန့်ပေးလိုက်သည်။

ဦးနှောက်သည် ထိတ်လန့်သွားသည်။ သူ သဲကန္တာရတစ်ခုလုံးကို ထိန်းချုပ်နိုင်သည်ဟု တစ်ခါမှ မပြောခဲ့ဘူးပေ။ ဒါနဲ့ပတ်သတ်သော မှတ်ဉာဏ်များကိုလည်း အကုန်ဖျက်ထားပစ်လိုက်ပြီးဖြစ်သည်။ ဒါဆို သူ့မှာ ဒီလို စွမ်းရည်ရှိတာ ဒီလူ ဘယ်လိုသိသွားတာလဲ…

ထိုအချိန်တွင် ဦးနှောက်သည် မသက်မသာခံစားလိုက်ရသည်။ ကောင်းဖန်က ရုတ်တရက် သူ့မျက်လုံးထဲတွင် ဆန်းကြယ်သလိုဖြစ်သွားသည်။ နောက်ဆုံးတော့ သူ ရင်နာစွာနဲ့ပဲသဲကန္တာရကို ထိန်းချုပ်ထားသည်ကို လွှတ်ပေးလိုက်သည်။ သူရဲ့ ကြိုးစားမှုကြောင့် သဲကန္တာရ၏ တဝက်လောက်ကိုပင် ထိန်းချုပ်ထားနိုင်နေပြီဖြစ်သည်။ ပြီးတော့ သူဒါအတွက် ကုန်ခဲ့ရတဲ့အချိန်တွေ… အမိန့်တစ်ခုထဲကြောင့် အခုအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

သူသည် သဲကန္တာရကို ထိန်းချုပ်ထားသည်ကို လွှတ်ပေးလိုက်ပြီးနောက် အားနည်းသွားသည်။ ကြီးမားသော ဦးနှောက်က အိမ်တစ်လုံးစာအရွယ်အစားကနေ ကျုံ့သွားသည်။

တက္ကလာမာကန် သဲကန္တာရက ရွေ့နေတဲ့သဲကန္တာရဖြစ်နေသေးတုန်းဆိုသော်လည်း ဦးနှောက်၏ ထိန်းချုပ်မှုအောက်က လွတ်သွားသည်နဲ့ ချန်အန်းမြို့ဆီသွားနေသော ဦးတည်ချက်က ရပ်သွားသည်။

“ကောင်းဖန် ဒီကြွက်က သေသွားပြီလို့တော့ ငါ့ကိုမပြောနဲ့နော်” ဂိုဒီက ကြွက်၏အမြီးကို ကိုင်ရင်း မျက်မှောင်ကျုံ့လိုက်သည်။

ဂိုဒီ အမြီးကနေ လေထဲဇောက်ထိုးဆွဲကိုင်ထားပြီး ခန္ဓာကိုယ်က ဘယ်၊ ညာယမ်းနေသည်ကိုကြည့်ရတာ ကြွက်က သေနေသည့်ပုံပေါ်နေသည်။

“မဖြစ်နိုင်ဘူး” ကောင်းဖန်က ကြွက်၏အမြီးကို ယူလိုက်ပြီး ဦးနှောက်ဖန်တီးထားသော တွင်းပေါက် ရှိရာသို့ ဦးတည်သွားလိုက်သည်။

ရတနာအနံ့ခံကြွက်၏ နှာခေါင်းက ရှုံ့ပွရှုံ့ပွဖြစ်ပြီး လေထဲတွင် ဟိုယမ်း ဒီယမ်းဖြစ်လာသည်။

သူမျက်လုံးများ ဖြည်းဖြည်းပွင့်လာပြီး ခြေလက်များက လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်ပြီ အသက်ပြန်ဝင်လာသည်။ “အနံ့ရတယ်… ရတနာအနံ့ရတယ်”

“မင်းတကယ်ကို အသက်ရှင်တာပဲ” ဂိုဒီ အံ့အားသင့်သွားသည်။ ဒါတကယ်ပဲ အံ့သြစရာကောင်းလွန်းသည်။

ကောင်းဖန်က အမြီးကို ဆုပ်ကိုင်ထားတာကို လျော့ပေးလိုက်ပြီး ကြွက်အား မြေကြီးပေါ်ပြုတ်ကျပြီး တွင်းပေါက်ထဲသို့ ဝင်သွားစေသည်။ ထို့နောက် ကြွက်က မိနစ်ဝက်လောက်အတွင်း တွင်းထဲကနေ ပြန်တက်လာသည်။

“အောက်မှာ တခြားသားရဲတွေ ရှိလား” ကောင်းဖန်က ဦးနှောက်ကိုမေးသည်။

“ကျုပ်ရဲ့ ကပ်ပါးသားကောင်လေးတွေတော့ ရှိတယ်” ဦးနှောက်က ဖြေသည်။

သူ့စိတ်တချက်ညင်သာစွာလှုပ်ရှားသွားတာနဲ့အတူ ခြေထောက်အောက်က သဲများစတင် ရွေ့လျားလာပြီး တွင်းထဲကနေ သစ်မြစ်များ ထွက်လာသည်။

[သားရဲအမည်] - နတ်ဆိုးသဲသစ်ပင်

[သားရဲ အဆင့်] - အဆင့် ၂၁ (ကွန်မန်ဒါအဆင့်)

[သားရဲ စွမ်းရည်] - သာမာန်

[သားရဲအမျိုးအစား] - သစ်သား

[သားရဲ ဖော်ပြချက်] - ဦးနှောက်၏အနားတွင် နေထိုင်သော ကပ်ပါးသားကောင်တစ်မျိုးဖြစ်။ ဦးနှောက် တစ်နေရာရာတွင် ရေရှည်ရှိနေရင် အနီးပတ်ဝန်းကျင်က ပိုးကူးစက်ပြီး ဒီလို ထူးဆန်းသော သားရဲများကို ဖန်တီးနိုင်သည်။

ဒီနတ်ဆိုးသဲသစ်ပင်က ကပ်ပါးသားရဲအမျိုးအစားဖြစ်နေပြီ၊ သစ်ပင်ပေါ်တွင် မှီခိုနေသော ကပ်ပါး ပိုးများလည်း ရှိနေသေးသည်။

အံ့သြစရာပဲ… သူတို့က ကြီးထွားလာပြီး သစ်ပင်ကို ဝိုင်းရံထားသည်။

ဦးနှောက်၏ ထိန်းချုပ်မှုကြောင့် အောက်ကသားရဲများက ကြွက်ကို တိုက်ခိုက်နေခြင်းအား ရပ်တန့် လိုက်ပြီး သဲကန္တာရ၏အောက်ခြေက ရတနာကို ချောချောမွေ့မွေ့ ယူခွင့်ပြုလိုက်သည်။

ကောင်းဖန်က ရတနာကိုမြင်ပြီး အံ့အားသင့်သွားသည်။ ၂ မီတာခန့်ရှည်သော ချောမွတ်သည့် အရိုးအပိုင်းအစ ဖြစ်သည်။

ဒါမတိုင်ခင်က ဒါလီသဲကန္တာရတွင် ကျောက်စိမ်းဖြူအရိုးနဲ့ဆင်တူသော တစ်စုံတစ်ခုကို ကောင်းဖန်တွေ့ခဲ့ ဖူးသည်။

ပစ္စည်း ၂ ခုလုံးက တစ်ပုံစံတည်းဖြစ်လုနီးပါပင်ဖြစ်ပြီး ထိပ်နားတွင် တူညီသော ရှုပ်ထွေးသည့် ပုံစံရှိသည်။ ကျောက်စိမ်းကျိုးပဲနေသောနေရာတင် ကြက်သွေးရောင် ဖျော့ဖျော့ဖြစ်နေသည်။

All Chapters