အခန်း (၄၅၇-၄၆၀)
Vol. 29 Ch. 457-460
အခန်း ၄၅၇ လိမ္မော်ပင်ကမွေးသော ကလေးများ
ငါ့နာမည် ကောင်းဖန်ပါ။ သာမာန် သားရဲလေ့ကျင့်သူတစ်ယောက်ပါ။
ဒီနေ့ ငါ့ရဲ့သားရဲကို ပစ္စည်းတချို့ယူဖို့ ဝူချောက်ရဲ့ နတ်ဘုရားမတောင်ထိပ်ကို ခေါ်သွားခဲ့ပြီး လမ်းတလျှောက်မှာ နည်းနည်းသွေးပူအောင်လုပ်ခဲ့တယ်… ငါ ကျောက်တုံး သုံးတုံးနဲ့ စာအုပ်တစ်အုပ်ကိုယူခဲ့တယ်…
အဲဒီတွေကို အဲမှာ ဘယ်သူထားခဲ့တာလဲဆိုတာတောင် ငါမသိဘူး… အဲဒီမှာ ဘယ်သူမှလည်း မရှိတာနဲ့ ငါသူတို့ကို အိမ်ယူသွားဖို့ သယ်လာခဲ့တယ်… အပြန်လမ်းမှာ ကျောက်တုံးတွေထဲက တစ်တုံးက ပေါက်ကွဲသွားတယ်… ပြီးတော့ ငါ့…ငါ့သားရဲရဲ့ လိမ္မော်ပင် ၂ ပင်က အဝါရောင်ရှပ်ဝတ်ထားတဲ့ ထူးဆန်းတဲ့ ကလေး ၂ ယောက်ဖြစ်သွားတယ်…
ငါအခု ဘာလုပ်ရမလဲ… ငါရဲ့လိမ္မော်ပင်တွေအတွက် ကလေးတွေကို အလျော်ပြန်တောင်းရမလား…
ကောင်းဖန် ခေါင်းကိုက်သဖြင့် နားထင်ကို ပွတ်နေရသည်။ သူငါးမျှားနေတုန်း ပေါက်ကွဲသံကြားခဲ့ရသည်။ ဘာဖြစ်သွားတာလဲ သူသဘောပေါက်သွားချိန်မှာပဲ စိတ်ငြိမ်ကျောက်တုန်းအသေးက အပိုင်း ၂ ပိုင်းဖြစ်အောင် ပေါက်ကွဲသွားပြီး လိမ္မော်ပင်ပေါ်သို့ ပျံသွားကာ အပင်တွေက လူဖြစ်သွားတာတွေ့လိုက်ရသည်။
“လိမ္မော်သီးတွေရော… မင်းတို့ဆီမှာ ရှိသေးလား” ကောင်းဖန်က မေးလိုက်သည်။
“လိမ္မော်သီးတွေရော” ကလေး ၂ယောက်က ကောင်းဖန်ပြောသလို လိုက်ပြောသည်… သူတို့ကြည့်ရတာ အာရုံမရှိဘဲ စိတ်ပျံ့လွင့်သလိုဖြစ်နေသည်။
အဝါရောင်ဝတ်ထားသော ကလေး၂ ယောက်က ကြည့်ရတာ အလွန်ရုပ်ဆိုးသည်။ ခြုံကြည့်ရင် လူနဲ့တူသော်လည်း သေချာအနီးကပ်ကြည့်မည်ဆိုလျှင် သူတို့က တကယ့်လူသားတွေ မဟုတ်ဘဲ လူနဲ့တူသော သားရဲများသာဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။
သူတို့မျက်နှာများက အဝါရောင်ဖြစ်နေသည်။ သူတို့ဆံပင်များက မြက်ခြောက်ကဲ့သို့ ခြောက်သွေ့နေသည်။ အရင်က လိမ္မော်ပင်၏သစ်ကိုင်းများကဲ့သို့ပင်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းက ကြာရှည်စွာ အာဟာရချို့တဲ့သောကြောင့်ဖြစ်သည်။
သူတို့ရဲ့ မျက်လုံးသူငယ်အိမ်များက လုံးဝ မည်းနက်နေပြီး အရေပြားက သစ်ပင်အခေါက်ကဲ့သို့ သစ်ခေါက်ရောင် ဖြစ်သည်။ သူတို့က အရပ်ပုပြီး သုံးပေလောက်သာ ရှည်သည်။ အဝါသန်းနေသောသစ်ခေါက်ကနေ ခြောက်သွေ့ အရိုးငေါနေသော လက်သည်းများ ဆန့်ထွက်နေသည်။
ကောင်းဖန် သူတို့၏ ဖော်ပြချက်ကို ကြည့်လိုက်သည်။
[သားရဲအမည်] - လိမ္မော်ပင်သားရဲ
[သားရဲအဆင့်] - အဆင့် ၂၁ (ကွန်မန်ဒါအဆင့်)
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအမျိုးအစား] - သစ်သား/ အသက်
[သားရဲဖော်ပြချက်] - မူလက သာမာန်လိမ္မော်ပင်များဖြစ်သည်။ သို့သော် သားရဲသွေးနှင့် ဝိဝိဉာဉ်များကို အာဟာရ အဖြစ် အချိန်ကြာရှည်စွာ စုပ်ယူပြီးနောက် နောက်ဆုံးအဆင့်တွင် စိတ်ငြိမ်ကျောက်တုံး၏ အာဟာရများကို စုပ်ယူလိုက်ပြီး သစ်ပင်က လိမ္မော်ပင်သားရဲအဖြစ် ပြောင်းလဲသွားသည်။
သူတို့က လိမ္မော်ပင် သားရဲ ၂ ကောင်ဖြစ်ပြီး ကွန်မန်ဒါအဆင့်တောင် ဖြစ်နေသေးသည်။
မြစ်ထဲတွင် လမ်းလျှောက်နေသော အစင်းလေးမှာ သူ့ခေါင်းပေါ်တွင် ဘာတွေဖြစ်နေလဲ သိသွားသောအခါ
သူ့ခြေလှမ်းများကို ရပ်လိုက်သည်။ သူတို့က ငါ့ခေါင်းပေါ်မှာ တာ့ဇီစိုက်ထားတဲ့ လိမ္မော်ပင်တွေ မဟုတ်ဘူးလား… ဒီလိမ္မော်ပင် ၂ ပင်က ရုတ်တရတ်ကြီး ဘယ်လိုလုပ် လူလေးတွေဖြစ်သွားတာလဲ…
အစင်းလေး ကြောင်တောင်တောင်ဖြစ်နေသည်။ သူ ဒီအတောအတွင်း ဒီသစ်ပင်၂ ပင်ကို သေချာဂရုစိုက်ခဲ့သည်။ မိုးရွာချိန်တွင် သူ့ခေါင်းပေါ်က တိမ်များကို ပြန့်သွားအောင်လုပ်ပြီး လိမ္မော်ပင်များကို မိုးရေလောင်းစေခဲ့သည်။ ဒါ့အပြင် သူတောင်ပေါ်က မြေကြီးသွားယူပြီးတောင် သစ်ပင်ခြေတွင် ဖြန့်ပေးခဲ့သည်။ တစ်ခါတစ်ရံ အရိုး အကြွင်းအကျန်များကိုပင် သစ်ပင်အောက်တွင် မြှုပ်ပေးခဲ့သည်။
သူအရိုးများကို မြှုပ်စဥ်က အစင်းလေး သိပ်မတွေးခဲ့ပေ။ သူ တစ်ခါတစ်ရံ သားရဲများကိုစားသလို လိမ္မော်ပင်များလည်း စားချင်လိမ့်မည်ဟု တွေးမိခဲ့သောကြောင့်ဖြစ်သည်။ သို့သော်လည်း သူတို့ကို အလွန်အကျွံကျွေးခြင်းက ဆိုးကျိုးသက်ရောက်မှုရှိမည်ဆိုတာ အစင်းလေးသိသည်။ ထို့ကြောင့် အမြဲတမ်း သူ သစ်ပင်များကို ပမာဏနည်းနည်းသာ ကျွေးသည်။
ဆိုတော့… ငါ သူတို့ကို အရမ်းဂရုစိုက်လိုက်လို့ဖြစ်ရမယ်..
အခု လိမ္မော်ပင်များက လူသားဖြစ်လာပြီဆိုတော့ အစင်းလေး သူလုပ်ခဲ့တာတွေအတွက် ဂုဏ်ယူမိသည်။ “ကောင်းဖန် သူတို့ကို ငါ ပြုစုပျိုးထောင်ထားတာ”
“မင်း သူတို့ကို အစာကျွေးတာလား” ကောင်းဖန် အံ့အားသင့်မှုကို ဖုံးကွယ်ဖို့ ကြိုးစားရင်း မေးလိုက်သည်။
“ဟုတ်တယ်… လိမ္မော်ပင်တွေကို ငါ ပျိုးထောင်ထားတာ သူတို့ကအခု လူသားလေးတွေ ဖြစ်လာကြပြီ” အစင်းလေးက ဂုဏ်ယူစွာပြောသည်။
“အရမ်းတော်တာပဲ” ကောင်းဖန်က ခေါင်းညိမ့်သည်။
“ဒါပေါ့” အစင်းလေးက ပြောသည်။
လိမ္မော်ပင်များက အစင်းလေး၏ခေါင်းပေါ်တွင် ကြီးထွားလာကြသောကြောင့် ဖြစ်မည်… သစ်ပင် ၂ ပင်က အစင်းလေးနဲ့ ဆက်သွယ်ချက်ရှိနေသလို ခံစားရသည်။ တဖက်တွင်လည်း သူတို့က ကောင်းဖန်အပေါ် သတိထားနေသလို ခံစားရသော်လည်း အကြမ်းဖက်မည့် လက္ခဏာတော့ မရှိပေ။ သူတို့က အစင်းလေးကို အလွန် ချစ်ခင်နေကြသည်။ အစင်းလေး၏ ခေါင်းနဲ့ ခန္ဓာကိုယ်ကို ပျော်ရွှင်စွာ ထိတွေ့နေကြပြီး မျက်နှာပေါ်တွင် အပြုံးတဝေဝေ ဖြစ်နေသည်။
ကောင်းဖန်အတွက် သန္ဓေပြောင်း သားရဲများနဲ့ ပတ်သက်ရသည်မှာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပေ။ သူနဲ့ရင်းနှီးနေသော အရာများဖြစ်သည်။ လိမ္မော်ပင်များ၏ စရိုက်ကို ကြည့်ခြင်းဖြင့် ဘာကြောင့်လူတွေ အဆင့်မြင့် သားရဲများကို ယဥ်ပါးအောင်လုပ်နိုင်လဆိုတာ ကောင်းဖန်နားလည်သွားသည်။
သူတို့က ပိုင်ရှင်နဲ့အကြာကြီးအတူနေခဲ့လျှင် သို့မဟုတ် ပိုင်ရှင်နှင့် မကြာခဏ အထိအတွေ့ အဆက်အဆံ ရှိနေလျှင် သဘာဝကျစွာပဲ ပိုင်ရှင်အပေါ် ကလန်ကဆန် လုပ်တာမျိုးရှိမည် မဟုတ်ပေ။ ထိုအစား မှီခိုပြီး ရင်းနှီးမှုကို ပြမည်ဖြစ်သည်။
သားရဲအားလုံးတွင် အသိဉာဏ်ရှိကြသည်။ ဖျက်စီးဖို့ကိုသာသိသော သားရဲများသာ မဟုတ်ပေ။ ထိုသို့အခြေအနေမျိူးတွင် ပိုင်ရှင်က သဘာဝကျစွာဘဲ ပိုလွယ်လွယ်ကူကူ ယဥ်ပါးအောင် လုပ်နိုင်သည်။
“မင်း သူတို့ကို အရမ်းသဘောကျနေတယ်ဆိုတော့… သူတို့က နေရာလည်း သိပ်မယူတော့ မင်း နောက်လိုက်အနေနဲ့ သူတို့ကို မင်းနားမှာပဲ ခေါ်ထားလိုက်တော့”
ကောင်းဖန် သူတို့ကို ရည်ညွှန်းရ ပိုလွယ်အောင် နာမည်ပေးရန် ခဏစဥ်းစားပြီး ဆုံးဖြတ်လိုက်သည်။ “ခုချိန်ကစပြီး မင်းတို့ကိုယ်မင်းတို့ လိမ္မော်ပင်က မွေးတဲ့ကလေးတွေလို့ မိတ်ဆက်ရမယ်… မင်းက နမ်ကျူ၊ မင်းက ပေကျီ” ကောင်းဖန်က တစ်လက်မအောက်လောက် ပိုရှည်သောကလေးကို နမ်ကျူး၊ နောက်တစ်ယောက်ကို ပေကျိလို့ နာမည်ပေးလိုက်သည်။
ပေကျီအကြောင်းတွေးရင်း ကောင်းဖန်ချက်ချင်းပင် အာတိတ်က မစ္စပေကျင်းရန်ကို တွေးမိသွားသည်။ သူတို့က ရှေ့နာမည်ချင်းတူတော့ မိသားစုတွေလို့တောင်ပြောလို့ရတယ်…
လိမ္မော်ပင်သားရဲ ၂ ကောင်က စကားလုံးများကို လိုက်ရွတ်ဖို့ ကြိုးစားရုန်းကန်နေကြသည်။ သူတို့ အသံထွက်က မမှန်ပဲ ထူးဆန်းသွားသည်။
“လန်ကျူ”
“ပေကျစ်”
“ငါ လုပ်ပါရစေ… သူတို့ကို စကားပြောတတ်အောင် ငါသင်ပေးမယ်” အစင်းလေးက စိတ်ပါလက်ပါပြောသည်။
…
ကောင်းဖန် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသို့ ပြန်သောအခါ လိမ္မော်ပင်သားရဲ ၂ ကောင်က သူတို့နာမည်ကို အလွယ်လေးပင် အသံထွက်တတ်သွားကြပြီဖြစ်သည်။
ကမ်းခြေသို့ရောက်ရောက်ချင်း ကောင်းဖန်က အစင်းလေးအား အသွင်ပြောင်းသစ်သီး မြန်မြန်ကျွေးလိုက်သည်။ သစ်သီးစားပြီးနောက် အစင်းလေး သူ့ရဲ့ “အပြစ်ကင်းမဲ့သော” အရွယ်အစားသို့ ပြန်ရောက်သွားသည်။ အောင်မြင်စွာ ပြောင်းစိုက်နိုင်လိုက်ပြီဖြစ်သော အသွင်ပြောင်း သစ်သီးပင်က သူ၏ ပြင်းပြသော ရှင်သန်လိုစိတ်ကြောင့် ကျန်းမာနေပုံပေါ်သည်။ ဘာပဲဖြစ်ဖြစ် အစင်းလေး၏ စားသောက်နှုန်းက စိုးရိမ်စရာ မဟုတ်တော့ပေ။
မြစ်၏ညာဖက်တွင် မြို့သို့သွားရာ လမ်းရှိသည်။
ထရပ်ကားတန်းတစ်စုက သူတို့ဆီသို့ ဦးတည်မောင်းနှင်လာနေသည်။ သူတို့ တာယာများက ပွတ်ဆွဲပြီး ရပ်သွားကြသည်။
ထိပ်ဆုံးတွင် အနက်ရောင် ကုန်တင်ကားဖြစ်သည်။ ကား၏ဘေး၂ ဖက်တွင် ကြည့်ကောင်းသော ဆေးခြယ်ထားသည်။ လူချမ်းသားများသာ ဒီလိုဘရန်းကို တတ်နိုင်လိမ့်မည်။
သူ့အပြန်လမ်းတလျှောက်တွင် ကောင်းဖန် ထရပ်ကားပေါင်းများစွာကိုတွေ့ခဲ့သည်။ ဒီထရပ်ကားများက အစင်းလေးကို မြင်သောအခါ တမင်သပ်သပ် အရှိန်လျှော့လိုက်ခြင်း သို့ အရှိန်တင်လိုက်ခြင်းများ လုပ်ကြသည်။
“ကောင်းဖန်” နောက်ဆုံးတန်းက ထရပ်ကားကြီးက အရှိန်လျှော့၍ ပြတင်းပေါက်မှန်ကို ချလိုက်ပြီး အံသြနေသော ခပ်ပြည့်ပြည့်မျက်နှာ ပေါ်လာသည်။ ကောင်းဖန် သူ့အားခဏကြည့်လိုက်ပြီး နောက်ဆုံးတွင် မှတ်မိသွားသည်။
“ချန်ဟဲ့ချောင်” ကောင်းဖန် အံသြနေသံဖြင့်ပြောလိူက်သည်။ သူရဲ့ အတန်းဖော်ဟောင်းကို သူမှတ်မိသည်။ သူပထမဆုံးအကြိမ် ဘတ်စ်ကားအကြီးဖြင့် စွန့်စားခန်းထွက်တုန်းက ချန်ဟဲ့ချောင် သူ့အဖေပေးသော လျှပ်စစ်ဝက်ဝံ သားရဲကို စီးလာတာကိုမြင်ခဲ့တာကိုတောင် သူမှတ်မိသည်။
ချန်းဟဲ့ချောင်က အလုပ်တောင်လုပ်နေပြီလို့ ဘယ်သူတွေးမိမှာလဲ.. သူ့အဝတ်အစားနဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကိုကြည့်ရတာ သူ သူ့အဖေရဲ့ သားရဲအမဲလိုက်အဖွဲ့အစည်းထဲ ဝင်ပြီး အဖေရဲ့ စီးပွားရေးကို အမွေဆက်ခံလိုက်ပြီထင်တယ်… ကောလဟာလတွေကြားတာတော့ သူအဖေက သားရဲအမဲလိုက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဆိုပဲ…
ချန်းဟဲ့ချောင်၏ ပါးဖောင်းဖောင်းများက ရင်းနှီသောအပြုံးကို ပြုံးပြနေသည်။ “မင်း ငါ့ကို မှတ်မိသေးတာပဲ သူငယ်ချင်းဟောင်းကြီး ဟားဟားဟား…”
အရှေ့က ကားများလည်း ရပ်သွားသည်။ အရှေ့တန်းက ထရပ်ကား၏ ပြတင်းပေါက်မှန်က ပွင့်လာပြီး အနောက်မြောက်ပိုင်းသားလူတစ်ယောက်၏ ခေါင်းထွက်လာသည်။ “အဖေ ဒါ ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်း” ချန်းဟဲ့ချောင်က ကောင်းဖန်ကို လက်ညိုးထိုးပြရင်း ကျယ်လောင်စွာ အော်လိုက်သည်။
ချန်းဟဲ့ချောင်၏အဖေက ကောင်းဖန်ခုထိတတ်ထိုင်နေသေးသော အစင်းလေးကို ကြည့်ရင်း ခေါင်းညိမ့်လိုက်သည်။ သူ့သား ကောင်းဖန်နဲ့ စကားပြောဖို့ ကားအဖွဲ့ကို ခဏရပ်ပြီး အနားယူဖို့ အချက်ပြလိုက်သည်။
“မတွေ့တာ ကြာပြီ…မင်းက အခု ကမ္ဘာ့အကောင်းဆုံး သားရဲလေ့ကျင့်သူဖြစ်နေပြီ… ငါတို့အတန်းဖော်တွေ အားလုံးထဲမှာ မင်းက အအောင်မြင်ဆုံးပဲ… တစ်ခါတစ်လေ မင်းနဲ့ငါက အထက်တန်းတုန်းက အတန်းဖော်တွေဆိုပြီး ငါ ကြွားတောင် ကြွားမိတယ်” ချန်းဟဲ့ချောင်က ပြုံးပြီး ကောင်းဖန်အား စီးကရက် ကမ်းပေးသည်။
ကောင်းဖန် စီးကရက်ကို ယူလိုက်သည်။
လိမ္မော်ပင်ကမွေးသော ကလေးဖြစ်သည့် ပေကျိက ရှေ့သို့တစ်လှမ်းတိုးလာသည်။ သူ့လက်ကို တစ်ချက်ယမ်းလိုက်သောအခါ ကြီးမားသော ရွှေရောင်လိမ္မော်သီးကြီးတစ်လုံး လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ “လိမ္မော်သီး… စား”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၅၈ လိမ္မော်သီးတွေက အာဟာရပြည့်စုံတယ်
ချန်ဟဲ့ချောင်သည် ရွှေရောင်လိမ္မော်သီးကို တစ်ချက်တွေဝေစွာ စိုက်ကြည့်နေလိုက်ပြီးနောက် တစ်ချက်ပြုံးလိုက်ပြီး လိမ္မော်သီးကို ယူလိုက်သည်။ “ကျေးဇူးပါ”
“ပူနေတုန်းစားလိုက်ပါ” ကောင်းဖန်က ပြောလိုက်သည်။
ချန်ဟဲ့ချောင်က တစ်ချက်ရယ်ရင်း ပြောလိုက်သည်။ “မင်းက ကျုပ်ကို လိမ္မော်သီးပေးဖို့ကျတော့ မေ့နေပြီး အခုကျမှ ပူတုန်းစားခိုင်းနေတယ်”
ကောင်းဖန်ကလည်း လိုက်ရယ်မောလိုက်သည်။ သူတို့သည် လိမ္မော်သီးများအကြောင်းကို ကောင်းကောင်း သိထားသောကြောင့် ဟာသအနေဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့သည် နဂိုကလည်း ကျောင်းနေဖက်တွေ ဖြစ်ရာ ယခုတော့ စကားပြောပြီးနောက် ပိုမိုရင်းနှီးသွားကြသည်။
“အရေအတွက်ကို ကြည့်ရသလောက်တော့ မင်းတို့တွေ စစ်ဆင်ရေးတစ်ခု လုပ်နေပုံပဲ” ကောင်းဖန်က ကားများကို ကြည့်ပြီးပြောလိုက်သည်။ သူမြင်ရသလောက် ကြီးမားသော ထရပ်ကားကြီးများ ၁၃ စီးတိတိရှိနေပြီး ကားတစ်စီးစီတွင်လည်း ကိုယ်ပိုင်သားရဲများကို အပြည့်တင်ထားကြသည်။
ကားများပေါ်မှ ပြုတ်မကျစေရန် သားရေကြိုးကြီးများဖြင့် ကိုယ်ပိုင်သားရဲများကို ချည်ထားကြသည်။ မိုဟာနှင့် မော့စ်ဂါတို့လို ခပ်ဆိုးဆိုး သားရဲများရဲ့ ခုန်ပေါက်ဆော့ကစားကြမှုကို ကာကွယ်ရန်လည်းပါသည်။
“ကျင်းဖိုတောင်ပေါ်က သားရဲတွေကို ရှင်းပေးဖို့ အမိန့်ရထားလို့ပါ.. အဲဒီမှာ အသွင်ပြောင်းသားရဲအုပ်စုတွေကို တွေ့တယ်လို့ သတင်းရထားလို့ အဲဒါရှင်းပေးပါဆိုလို့” ချန်ဟဲ့ချောင်က သူ့ရဲ့ ခပ်ဖောင်းဖောင်းမျက်နှာကို ဖျစ်ညှစ်ပြုံးပြရင်း ပြောလိုက်သည်။ သူသည် ကောင်းဖန်ရှေ့တွင် မူမပျက်စေရန် လိမ္မော်သီးကို အခွံခွာနေလိုက်သည်။
လိမ္မော်သီးရဲ့ အခွံက သားရဲအရေခွံလို မာကျောလွန်းလှသည်။ ချန်ဟဲ့ချောင်သည် အခွံကို အားသုံး၍ ခွာလိုက်သောအခါ အထဲမှ နူးညံ့ချောမွေ့သော လိမ္မော်သီး အသားလေးများ ထွက်လာသည်။ ရွှေရောင် လိမ္မော်သီးသည် နူးညံ့ပြီး အရည်ရွှမ်းလှသည်။
ချန်ဟဲ့ချောင်သည် လိမ္မော်သီးကို ၂ ခြမ်းခွဲလိုက်ပြီး တစ်ခြမ်းကို ကောင်းဖန်ကို ပေးလိုက်ကာ နောက်တစ်ခြမ်းလုံးကို ပါးစပ်ထဲကောက်ထည့်လိုက်သည်။ အရည်ရွှမ်းလှသောကြောင့် ဝါးနေရင်းဖြင့်ပင် ပါးစပ်ထောင့်မှ လိမ္မော်ရည်များပင် စီးကျလာသည်။
“အရသာရှိတယ်” ချန်ဟဲ့ချောင်က လိမ္မော်သီးကို ဝါးနေရင်းဖြင့် ပင်ပန်းမှုများသည် ချက်ချင်းပင် ကွယ်ပျောက်သွားသလို ခံစားလိုက်ရသည်။ ညတုန်းက အိပ်သည့်အနေအထား မှားခဲ့သောကြောင့် နာနေသည့် လည်ပင်းကလည်း ချက်ချင်းပင် ပြန်ကောင်းသွားသည်။ ချန်ဟဲ့ချောင်သည် ကောင်းဖန်လက်ဆောင် ပေးသော လိမ္မော်သီး၏ အစွမ်းကို အလွန်ပင် အံ့ဩသွားသည်။
“အဲဒီသားရဲက စွန့်စားသူတို့အစည်းအရုံးကလည်း ဖြေရှင်းခဲ့ရတဲ့ ပြဿနာတစ်ခုပဲ.. အဲဒီ ရှားပါးအသွင်ပြောင်းသားရဲက လူတွေကို အရမ်းရန်လိုတယ်လို့ ကောလဟာလတွေ ထွက်နေတယ်” ချန်ဟဲ့ချောင်က ပြုံးရင်း ပြောလိုက်သည်။
စွန့်စားသူတို့ အစည်းအရုံး.. ကောင်းဖန်သည် သူနှင့် အဖိုးတို့ ပေါင်းပြီး ဖွဲ့စည်းထားသော အစည်းအရုံးနှင့် အတူတူပဲလားဟု တွေးမိသွားသည်။
“ဟုတ်ပါပြီ.. ကဲ ငါ့အချိန်ဆွဲမိနေသလို ဖြစ်နေဦးမယ်.. မင်းတို့သွားတော့လေ.. လမ်းခရ အဆင်ပြေပါစေကွာ” ကောင်းဖန်က ကားထဲမှ ထွက်ကာစောင့်နေကြသည့် သူများကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ထိုသူများသည် အထွန့်မတက်ရဲကြသော်လည်း စောင့်နေရသည်ကို အနည်းငယ် စိတ်မရှည်ဖြစ်နေသည့် အရိပ်အယောင်များ အတိုင်းငား ပေါ်လွင်နေကြသည်။
ထို့ကြောင့် သူသည် ချန်ဟဲ့ချောင်ကို ပြုံးရင်း လက်ပြလိုက်သည်။ ချန်ဟဲ့ချောင်ကလည်း ဟန်မဆောင် တတ်သူဖြစ်သည်။ သူလည်း လက်ပြန်ပြလိုက်ရင်း ကားထဲသို့ ၀င်သွားသည်။ “ငါတို့ အားတဲ့တစ်နေ့ ထပ်တွေ့ကြတာပေါ့ကွာ”
သူတို့ထွက်သွားသောအခါ ကောင်းဖန်သည် ချန်ဟဲ့ချောင်၏ ကားနောက်ခန်းတွင် အပြာရောင် လျှပ်စစ် ၀က်ဝံတစ်ကောင်ကို တွေ့လိုက်ရသည်။ ကြီးမားသော ၀က်ဝံကြီးသည် ချစ်စရာကောင်းသော အမူအရာဖြင့် သတ္တုအပိုင်းအစတစ်ခုကို ကိုက်ဖြတ်နေပြီး သူ့တင်ပါးကြီးက သံတိုင်များကြားတွင် ဖျစ်ညှစ်ထွက်နေသည်။
“မင်းတို့တွေ ကောင်းကောင်း သင်ယူခဲ့ကြတာပဲ” အစင်းလေးက လိမ္မော်သီးပို့သည့် ကလေးများကို ချီးမွှန်းလိုက်သည်။ သူတို့သည် စကားလုံး ၂ လုံးကို ကြည်လင်ပြတ်သားစွာ အသံထွက်နိုင်ခဲ့ပြီး မရှက်ကြတော့ချေ။ လမ်းခရီးတွင် သူသည် ကောင်လေး ၂ ယောက်ကို သူတို့ နာမည်နှင့် “လိမ္မော်သီး စား” ဆိုသည့် စကားတစ်ခွန်းကိုသာ ရအောင် သင်ပေးခဲ့ခြင်း ဖြစ်သည်။
လိမ္မော်သီးများသည် အလှအပရေးရာအတွက်လည်း ကောင်းပြီး ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်နိုင်သည့် အပြင် အိုမင်းရင့်ရော်မှုကိုလည်း တော်ရုံမဖြစ်စေပေ။ ထို့ကြောင့် လူများသည် အချင်းချင်း လိမ္မော်သီးကို လက်ဆောင်ပေးလေ့ ရှိခြင်း ဖြစ်သည်။ လိမ္မော်ပင်သားရဲအပင်မှ ရသည့် လိမ္မော်သီးများကတော့ သာမာန် လိမ္မော်သီးများထက်ပင် အာဟာရဓာတ် ကြွယ်၀သောကြောင့် ကောင်းဖန်သည် ထိုလိမ္မော်သီးများကို ပို၍ လက်ဆောင်ပေးလေ့ ရှိသည်။
တောင်ပိုင်းကောင်းကင် အုပ်စုတွင်တော့ ရှုချင်းကျီသည် ကောင်းဖန်ကျောပေါ်မှ သားရဲပုပုလေး ၂ ကောင် ဆင်းလာသည်ကို တွေ့သောကြောင့် ဓာတ်ခွဲခန်းထဲမှ စမ်းသပ်ကိရိယာများကို ထုတ်လိုက်သည်။ ထိုသားရဲလေးများသည် သူမကို လုယက်ပြီး ပြောဆိုနေကြသည်။ “လိမ္မော်သီးစား လိမ္မော်သီးစား” ပဲ့ကျီနှင့် နမ်ကျူးတို့သည် ရှုချင်းကျီထံ သူတို့လက်သေးသေးလေးများကို ဆန့်ရင်း ပြိုင်တူပြောလိုက်ကြသည်။
ရှုချင်းကျီသည် နားမလည်နိုင်ဖြစ်သွားသည်။ ဘာတွေဖြစ်နေတာလဲ.. သူမ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် သားရဲလေး ၂ ကောင်သည် သူမလက်ထဲသို့ လိမ္မော်သီးများ ထည့်ပေးလိုက်သည်။
ပဲ့ကျီသည် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။ “ကျွန်တော့် လိမ္မော်သီးကိုစား.. သူ့ဟာ မစားနဲ့” သူသည် ထိုသို့ ပြောလိုက်ပြီး လိမ္မော်သီးတစ်လုံးကို ရှုချင်းကျီလက်ထဲ ပစ်ထည့်လိုက်သည်။ သူသည် နမ်ကျူးကိုပင် ရန်လိုသည့် အကြည့်နှင့် ကြည့်လိုက်သေးသည်။
နမ်ကျူးကလည်း ပဲ့ကျီကို တစ်ချက်ပြန်စိုက်ကြည့်လိုက်ပြီး နောက်ထပ် လိမ္မော်သီးတစ်လုံးကို ရှူကျင်းချီလက်ထဲ ပစ်ထည့်လိုက်ပြန်သည်။
ထိုသို့ဖြင့် ခဏတွင်းချင်းမှာပင် ရှုချင်းကျီ၏ လက်ထဲတွင် လိမ္မော်သီး ၁၂ လုံးခန့်ဖြင့် တစ်ပွေ့တစ်ပိုက် ဖြစ်လာသည်။ မြေပြင်သို့လည်း အချို့ လိမ္မော်သီးများက ပြုတ်ကျကုန်သည်။ ရှုချင်းကျီသည် ကောင်းဖန်အား ကြည့်လိုက်သော အခါ ကောင်းဖန်က ချောင်းတစ်ချက်ဟန့်ရင်း ပြောလိုက်သည်။ “လိမ္မော်သီးတွေက အရသာရှိတယ်.. များများစား”
ကောင်းဖန်ပြန်လာချိန်သည် ည ၈ နာရီလောက်ပင် ရှိပြီဖြစ်သည်။ ကောင်းကင်သည်ပင် မည်းမှောင်နေပြီ ဖြစ်သည်။ ကောင်းဖန်ပြန်လာသံကို ကြားသောအခါ သူ၏ ကိုယ်ပိုင်သားရဲများသည် ရေကန်ဆီမှ ပြေးလာပြီး သူ့ကို ကြိုဆိုလိုက်ကြသည်။
အဖြူရောင်ဓားသွားသားရဲက အမြန်ဆုံး ဖြစ်သည်။ လျှပ်စီးကြောင်းတစ်ခုသည် ရုတ်တရတ် ဆိုသလို ထွက်ပေါ်လာပြီး သူသည် ကောင်းဖန်ဘေးသို့ ချက်ချင်းရောက်လာသည်။ သူသည် ကောင်းဖန်နောက်မှ လိမ္မော်သီးပို့သည့် ကလေးများကို ရုတ်တရတ် တွေ့လိုက်ကသောအခါ မျက်နှာအမူအရာ ချက်ချင်းပြောင်းသွားသည်။
သူသည် သူ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်ပြီး ချက်ချင်း မတ်မတ်ရပ်လိုက်ကာ ကလေးများနှင့် တိတ်တဆိတ် အရပ်တိုင်းကြည့်လိုက်သည်။
ထို့နောက်သူသည် မြှားစိုက်ခံလိုက်ရသကဲ့သို့ နောက်ပြန်ယိုင်သွားပြီး ဂိုဒီနှင့်ပင် တိုက်မိသွားသည်။ ထို့နောက် သူသည် အရာအားလုံးကို လက်မြှောက် အရှုံးပေးလိုက်သူလို ပုံခနဲလဲကျသွားတော့သည်။
ဂိုဒီသည် အဖြူရောင် ဓားသွားသားရဲကို တစ်ချက် မျက်လုံးစွေကြည့်လိုက်သည်။ “ပျော့ညံ့တဲ့ကောင်”
ထို့နောက်သူသည် အဖြူရောင်ဓားသွားသားရဲကို ခြေထောက်တစ်ဖက်ဖြင့် ကန်လိုက်ပြီး ကောင်းဖန်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် ကောင်းဖန်နောက်မှ ကလေး ၂ ယောက်ကိုလည်း သတိထားမိလိုက်သည်။ ဒါတွေက ကောင်းဖန် အသစ်ထပ်တွေ့ထားတဲ့ ကိုယ်ပိုင်သားရဲတွေလား.. ဘာလို့ ဒီလောက်တောင် သေးကွေးရတာလဲ.. ကောင်းဖန်ရဲ့ အကြိုက်တွေက အတော်လေး ထူးဆန်းလာတာပဲ..
ဂိုဒီသည် ခေါင်းကို ရမ်းလိုက်ကာ ရှေ့ကို လျှောက်လာပြီး သူ၏ လက် ၂ ဖက်ကို ကလေး ၂ ယောက်၏ ပုခုံးများပေါ် တင်လိုက်သည်။ ကလေးများ၏ ပုခုံးသည် သေးသွယ်ကြသောကြောင့် သူတို့သည် ဒူးထောက်ပင် ထိုင်ကျသွားကြသည်။
“ကောင်လေးတွေ.. မင်းတို့က ငပျော့လေးတွေပဲ” ဂိုဒီက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
ကလေးများသည် ခေါင်းကိုပင် မနည်းမော့ကြည့်လိုက်ကြရသည်။ သူတို့သည် လိမ္မော်သီး ၂ လုံးကို ထုတ်ယူလိုက်ပြီး ဂိုဒီကို ပေးလိုက်ကြသည်။ “လိ.. လိ.. လိမ္မော်သီးစား..”
ဂိုဒီကတော့ အေးအေးဆေးဆေးပင် လိမ္မော်သီးများကို ယူလိုက်ပြီး ပါးစပ်ထဲကို ချက်ချင်းထည့်လိုက်ကာ ကျယ်လောင်စွာ ဝါးနေလိုက်သည်။
“စားလို့ကောင်းသားပဲ.. မင်းတို့မှာ ထပ်ရှိသေးလား.. လာငါနဲ့လိုက်ခဲ့.. မင်းတို့ကို ငါလိုက်ပြပေးမယ်” ဂိုဒီက ကလေးများထံမှ လိမ္မော်သီးများ ထပ်စားရဖို့ ကြံစည်နေလေသည်။
ကောင်းဖန်သည် သူ့ကိုယ်ပိုင်သားရဲများဖြင့် စကားပြောလိုက်ပြီး သူတို့ ထွက်ပြေးမသွားစေရန် သူ့ထံ ကျောက်တုံး ၁ တုံး၊ ပန်းကန်လုံး ၁ လုံးနှင့် စာအုပ်တစ်အုပ်ရှာလာရန် ပြောလိုက်သည်။
ထို့နောက် သူသည် တာ့ဇီကို ခေါ်လိုက်သည်။ “တာ့ဇီ.. ငါနဲ့လိုက်ခဲ့”
“မင်းတို့ကြားကြလား.. ကောင်းဖန်က ငါ့ကိုပဲ ခေါ်တာ” တာ့ဇီသည် ခေါင်းမော့ရင်ကော့လိုက်သည်။ ထို့နောက် ကောင်းဖန်ဆီသို့ ခြေထောက်တိုတို လေးများဖြင့် ပြေးသွားလိုက်သည်။ “လာပြီ.. လာပြီ”
…
“တာ့ဇီ.. အဆင်သင့်ပဲလား”
“အဆင်သင့်ပဲ”
“ဒါပေမယ့် မင်းစိတ်ဆုံးဖြတ်ပြီးသွားရင် ပြန်လှည့်လို့ မရတော့ဘူးနော်”
“နောင်တမရဘူး”
“မင်းအရင်လို သန့်စင်တဲ့ ကင်းခြေများ ဖြစ်တော့မှာ မဟုတ်ဘူး”
“ကောင်းဖန်.. ဘာလို့ စကားများနေတာလဲ.. ငါထပ်မစောင့်ချင်တော့ဘူး”
“ဟုတ်ပါပြီ..” ကောင်းဖန်သည် သူ့လက်ထဲမှ ထူထဲလှသော ဆေးထိုးအပ်ကြီးများကို ကြည့်လိုက်သည်။ ထိုအပ်များထဲတွင် မိုးကြိုးအဆီအနှစ်များ ပါ၀င်ပြီး အထဲတွင် ရွှေရောင်နဂါးပင် ကူးခတ်နေသည်။ သူသည် ထိုအပ်ကို တာ့ဇီပါးစပ်ထဲသို့ ထိုးပေးလိုက်သည်။
မိုးကြိုးအဆီအနှစ်သည် တာ့ဇီပါးစပ်ထဲတွင် လောု်ကျွမ်းသွားပြီး လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ အချို့သော လျှပ်စစ်အဆီအနှစ်များသည် ကောင်းဖန်အ၀တ်များပေါ်သို့ပင် စီးကျလာကာ အ၀တ်တွင် အပေါက်ကြီးများပင် ဖြစ်သွားသည်။
ဆေးထိုးပြီးသောအခါ တာ့ဇီသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ခြေလက်များက ဓာတ်လိုက်သလို တွန့်နေသည်။ လျှပ်စီးအလင်းတန်းများက သူ့ကိုယ်ထဲမှ ထွက်ပေါ်နေကြသည်။ ဓာတ်ခွဲခန်းထဲမှ လျှပ်စစ်ပစ္စည်းများသည် အသံများမြည်နေကြပြီး ခဏအကြာတွင် အကုန်ပေါက်ကွဲထွက်သွားသည်။
ကောင်းဖန်သည် ဓာတ်ခွဲခန်းထဲမှ အမြန်ထွက်ပြီး တံခါးကို ပိတ်လိုက်သည်။ သူသည် ထိုဓာတ်ခွဲခန်း ပျက်စီးတော့မည်ဟု ထင်နေမိသည်။ သို့သော် ကိစ္စတော့ မရှိပါချေ။ ကောင်းဖန်သည် နောက်ဓာတ်ခွဲခန်းတစ်ခုကို ပြောင်းထားဖို့ ပြင်ဆင်ထားပြီး ဖြစ်သည်။
ထိုဓာတ်ခွဲခန်းပျက်ဆီးသွားသည်ကပင် အချိန်ကိုက် ဖြစ်သွားသည်ဟု ဆိုရမည်။
သူသည် အလုပ်လုပ်နေသော ရှုချင်းကျီကို အပြင်ဘက်သို့ ဆွဲခေါ်လာလိုက်သည်။ ရှုချင်းကျီသည် စားပွဲပေါ်မှ ဓာတ်ခွဲခန်းပစ္စည်းများကို ယူဖို့ ကြိုးစားနေသည်။
“မလိုတော့ဘူး.. အရေးကြီးပစ္စည်းတွေကိုသာ ပါအောင် ယူလာခဲ့”
ကောင်းဖန်ပြောတာကို ကြားသောအခါ ရှုချင်းကျီသည် စားပွဲပေါ်မှ မှတ်တမ်းဖိုင်များပါသော USB ကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် မြန်မြန်လိုက်ထွက်သွားလိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူမသည် ဘာတွေဖြစ်နေလဲ နားမလည်နိုင် ဖြစ်နေလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၅၉ နင်ပြောင်းလဲသွားပြိ
သူတို့သည် ဓာတ်ခွဲခန်းထဲမှ ထွက်လိုက်ကြသည်။ သူ့အနောက်တွင် ဓာတ်ခွဲခန်းသည် ကျယ်လောင်သော အသံကြီးဖြင့် ပေါက်ကွဲသွားသည်။ တောင်ကြီးပင် ပြင်းထန်စွာ လှုပ်ခါသွားသည်။
ရှုချင်းကျီသည် ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များက တောင်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်ကို မြင်သောအခါ မျက်လုံးပြူးသွားသည်။ လျှပ်စီးများသည် တောင်ထိပ်တွင် ပြန့်ကျဲနေပြီး ကြီးမားသော ခရမ်းရောင် လျှပ်စစ် အလင်းတန်းများသည် ကွဲထွက်နေကြသောကြောင့် ညကောင်းကင်ကြီးပင် ခရမ်းရောင်သို့ ကူးပြောင်းနေသည်။
ဆော့ကစားနေသော အစင်းလေးသည် အပေါ်သို့ တိတ်ဆိတ်စွာ မော့ကြည့်လိုက်သည်။ သူသည် ညာခြေကို ဆောင့်လိုက်သောအခါ တောင်ကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ ထိုအခါ ခရမ်းရောင် အလင်းတန်းများသည် တောင်အလယ်မှနေ၍ ကောင်းကင်ဆီသို့ ထိုးခွင်းကာ တက်သွားသည်။
ထိုအချင်းအရာကို အနီးအနား တောင်တန်းများဆီမှ စက်ရုံများက မြင်နေရသည်။
“ဘာတွေဖြစ်နေတာလဲ.. လျှပ်စစ်တွေ ထွက်နေတာလား”
“ပေါက်ကရတွေ ပြောမနေနဲ့.. သူဌေးတွေက သူတို့ကိုယ်ပိုင်သားရဲတွေကို လေ့ကျင့်နေတာ ဖြစ်မှာပေါ့”
“ကိုယ်ပိုင်သားရဲကို လေ့ကျင့်တာ ဒီလောက် ဖြစ်စရာ လိုလို့လား”
“မင်းက လူသစ်ထင်တယ်”
တောင်ပိုင်းကောင်းကင်၏ ၀န်ထမ်းများသည် သဘောထားကြီးကြပြီး အရာအားလုံးကို လက်ခံထားနိုင်ဖို့ သင်ပြခံထားရသည်။
ကောင်းဖန်သည် တာ့ဇီ၏ ခံစားချက်ကို သွေးစာချုပ်မှ တဆင့် အာရုံခံမိနေသည်။
အစပိုင်းတွင် နာကျင်ပြီး နောက်ပိုင်းကျတော့ ယားယံလာသလို ဖြစ်လာသည်။ တာ့ဇီသည် တောက်လျှောက် ပြောင်းလဲမှုများ ဖြစ်နေသည်။ ကောင်းဖန်သည် တာ့ဇီရှိရာဘက်သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
ထို့နောက် မြေသားများသည် တုန်ခါ ပေါက်ကွဲထွက်လာပြီး တောင်ခြေရှိ ရေကန်ကြီးပင် တုန်ခါသွားသည်။
ငွေနဂါးလေးသည် မကျေမနပ်ဖြင့် ခေါင်းထောင်ကြည့်လိုက်သည်။ သူသည် ပါးစပ်ကြီးကို ဟကာ မြည်တမ်းအော်ဟိန်းလိုက်ဖို့ လုပ်လိုက်သော်လည်း နဂါးလက်သည်းကြီး တစ်ခုက သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ နဂါးဖြူကြီးသည် ခေါင်းကို ဖြည်းဖြည်းချင်း ရမ်းခါလိုက်ပြီး သတိပေးသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ငွေနဂါးလေးသည် မကျေမနပ်ဖြင့်ပင် ပါးစပ်ကို ပိတ်လိုက်ရသည်။ သူသည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် မျက်ခုံးကို ပင့်လိုက်ပြီး အနည်းငယ် ရှက်သလို ဖြစ်သွားသည်။ ထို့နောက်သူသည် မျက်လုံးများကို ပိတ်လိုက်ပြီး ရေကန်အောက်ခြေသို့ ပြန်ဆင်းလိုက်သည်။ နဂါးဖြူကြီးကလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ရေကန် အောက်ခြေသို့ လိုက်ဆင်းလာသည်။
မြေပြင်နှင့် ရေကန်သည် တောင်ထိပ်နှင့်အတူ အလွန်ပင် လှုပ်ခါရမ်းနေသည်။
ထိုအချိန်တွင် ကြီးမားသော နဂါးလက်သည်းကြီးထွက်လာပြီး မြေကြီးတွင် အပေါက်ကြီး ဖြစ်သွားသည်။ ကြောက်မက်ဖွယ် အလင်းတန်းများသည် နဂါးလက်သည်းကြီးဘေးတွင် ၀န်းရံထွက်ပေါ်နေကြသည်။
နဂါးဟိန်းသံကြီးတစ်ခုသည်း နားကွဲမတတ် ထွက်ပေါ်လာသည်။ အဆုံးပိုင်းထိကို ထိုအသံသည် စူးရှ ပြင်းထန်လှသည်။ ထို့နောက် ခရမ်းရင့်ရောင် သဏ္ဍာန်ကြီးတစ်ခုသည် ကောင်းကင်ဆီသို့ ပျံတက်သွားသည်။
နဂါးခေါင်း ၂ ခုသည် ရေကန်ထဲမှ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။ သူတို့သည် ရင်းနှီးနေသော အသက်ရှုသံတစ်ခုကို ကြားလိုက်သောကြောင့် ရေကန်ထဲမှ ထွက်လာကာ ကြည့်လိုက်ကြသည်။
ကောင်းကင်တွင် ရှည်သွယ်သော ခရမ်းရောင် အရာတစ်ခုသည် ပျံသန်းနေသည်။
ခေါင်းတွင် ချွန်ထက်သော အရိုးကြီး ၂ ချောင်း ရှိနေပြီး ဦးခေါင်းခွံကြီးနောက်မှ ထွက်ပေါ်နေသည့် အရိုးကြီး ၃ ခုသည် အနောက်သို့ ဆန့်ထွက်ကာ အခုံးကြီးများ ဖြစ်နေသည်။ နဂိုကရှိသည့် ရာချီသော ခြေချောင်းများသည် အရိုးများ၏ဘေးတွင် ရွှေရောင်ဆူးလေးများလို ထွက်ပေါ်လာသည်။ ချွန်ထက် ရှည်သွယ်သော လက်သည်းကြီး ၂ စုံသည် ခန္ဓာကိုယ်ကြီး၏ အရှေ့နှင့် အနောက်တွင် ထွက်ပေါ်နေသည်။
အနက်ရောင်နှင့် ခရမ်းရောင် ရောထားသော နဂါးတောင်ပံ ၃ စုံသည် ကျောရိုးမှနေ၍ ထွက်ပေါ်လာသည်။ အရောင်များသည် တောင်ပံအစွန်းနားရောက်လေ ရင့်သွားလေ ဖြစ်သည်။ နဂါးတောင်ပံများသည် ကောင်းကင်တွင် မိုးချုန်းသံများကြားထဲ တဖျပ်ဖျပ် ခတ်နေသည်။
တာ့ဇီ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးအိမ်သည် ရွှေရင့်ရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ အကြည့်တစ်ချက်သည် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့ကိုယ်ပေါ်တွင် နတ်ဆိုးနှင့် နတ်ဘုရားစွမ်းအင်များ ပေါင်းစပ်ထားသလို ထွက်ပေါ်နေသည်။
[သားရဲအမည်] - ရွှေနက်ကင်းခြေများနဂါး
[သားရဲအဆင့်] - အဆင့် ၄၈
[သားရဲစွမ်းရည်] - ဒဏ္ဍာရီအဆင့်
[သားရဲအမျိုးအစား] - လျှပ်စစ်
[သားရဲစွမ်းအင်] - တော်၀င်လျှပ်စီး အဆင့် ၄၊ အရိုးမာကျောမှု အဆင့် ၄
[သားရဲပျော့ကွက်] - နဂါးစွမ်းရည်ကို လျော့ကျစေသော ပစ္စည်းများ သို့မဟုတ် သားရဲများ
[အထူးဝိသေသ လက္ခဏာများ] - နဂါးတောင်ပံနက်
သက်ရောက်မှု ၁ - ပျံသန်းမှုအရှိန်ကို တိုးမြှင့်ပေးခြင်း။ တောင်ပံတစ်ခုစီတွင် လျှပ်စစ်စွမ်းအင်များကို သိုလှောင်ထားသည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သေယ လျှပ်စီးပမာဏကို လိုသလို ထုတ်ပေးနိုင်သည်။ တောင်ပံတစ်စုံစီသည်။ ခန္ဓာကိုယ်ကို ၁၀ ရာခိုင်နှုန်းစီ လျှပ်စစ်စွမ်းအင် တိုးမြှင့်ပေးနိုင်သည်။
သက်ရောက်မှု ၂ - နဂါးတောင်ပံများသည် အရေအတွက်လည်း များလာနိုင်စွမ်းရှိသည်။ သားရဲ၏ ကိုယ်တွင်း အစိတ်အပိုင်းများလို ဖြစ်နေသောကြောင့် တစ်ကြိမ်လျှင် တစ်စုံစီ တိုးလာနိုင်စွမ်း ရှိသည်။
လက်ရှိတောင်ပံကတော့ ၆ ခုရှိနေသည်။
နှလုံးသား မျက်လုံး - နှလုံးသားမျက်လုံးကတော့ သားရဲ၏ အနက်ရှိုင်းဆုံး နှလုံးသားတွင် တည်ရှိနေပြီး စိတ်များကို ဖတ်နိုင်သည့် စွမ်းရည် ရှိသည်။
သက်ရောက်မှု ၁ - အခြား သားရဲများ၏ ခံစားချက်ကို ပြောင်းလဲနိုင်စွမ်း ရှိသည်။
သက်ရောက်မှု ၂ - ရန်သူ၏ စိတ်ခံစားချက်ကို ပြောင်းလဲပြီးနောက် ရုပ်ပိုင်းဆိုင်ရာကိုပင် ထိခိုက်အောင် လှုံ့ဆော်နိုင်စွမ်း ရှိသည်။
[ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရန် လမ်းကြောင်း] - ၁။ ညနက်ကောင်းကင်တွင် ကင်းခြေများနဂါးကို ဖျက်စီးခြင်း (ဖျက်ဆီးခြင်းဖြင့် အဆင့်မြှင့်ခြင်း) ၂။ ကမ္ဘာသန့် လျှပ်စီးနဂါး (နဂါးအမျိုးအစား အဆင့်မြှင့်ခြင်း)
မှားတယ်..
ကောင်းဖန်က ဂရုစိုက်ပြီး စဉ်းစားလိုက်သည်။ ပေါ်လာသောစာတန်းတွင် ရေးထားသည့် စာသားသည် နာမဝိသေသနနှင့် မရေးပဲ နာမ်အနေနှင့် ရေးသင့်သည် ဟူ၍ ဖြစ်သည်။
နှလုံးသားသည် အနည်းငယ် သေးကွေးသောကြောင့် ဒေတာဖရိန်တွင် ရေးထားသည့် “သေးငယ်သော” ဆိုသည့် စာသားကပင် သေးသေးလေး ပေါ်နေသည်။
အဆင့်တက်သွားသော တာ့ဇီသည် ခွန်အားတိုးမြင့်သွားရုံသာမက အသွင်အပြင်လည်း ပြောင်းလဲသွားသည်။ သူ့ပုံစံသည် ကင်းခြေများပုံ မဟုတ်တော့ပဲ နဂါးပုံစံကြီးက အသေးစိတ်ကြည့်လေ ပေါ်လေဖြစ်နေသည်။ အရင်က ကြောက်မက်ဖွယ် ကင်းခြေများ အငွေ့အသက်နှင့် အရှိန်အဝါကြီးသော နဂါး၏ အငွေ့အသက်တို့က ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။
တာ့ဇီသည် ကောင်းကင်တွင် ဂုဏ်ယူဝံ့ကြွားစွာ ပျံသန်းနေသည်။ သူ၏ ကြီးမားသော ခရမ်းရောင် မျက်လုံးကြီးများသည် ဓာတ်မီးအကြီးစားကြီးလို အောက်ကို လိုက်ကြည့်နေသည်။ သူသည် အောက်မှ သူ့ကို ကြည့်နေသော ကိုယ်ပိုင်သားရဲများ၊ လူများ၏ ခံစားချက်ကို အတိုင်းသား မြင်နေရသည်။
၀တုတ်ကြိုးကြာတစ်ကောင်သည် ရေကန်ပေါ်တွင် ခုန်ပေါက်နေသည်။ ဒီ ၀တုတ်ကြိုးကြာ ငါကို မနာလို ဖြစ်နေတာပါလား..
အစင်းလေးသည် သက်သောင့်သက်သာ အနေအထား ဖြစ်အောင် တစ်ချက်လှုပ်ရှားလိုက်ပြ လှဲချလိုက်သည်။ လိမ္မော်သီးပို့ ကလေး ၂ ယောက်က သူ့ကျောပေါ်တွင် တုန်လှုပ်နေကြသည်။
အစင်းလေး၏ ခေါင်းပေါ်တွင် နွေးထွေးသော အနီရောင်စွမ်းအင် အလင်းများထွက်နေသောကြောင့် ညမီးအိမ်တစ်ခုလို လင်းနေသည်။ အင်း.. အစင်းလေးကတော့ ငါ့ကို အရင်လို ချစ်တုန်းပါပဲ..
သူ့ဘေးတွင် လှဲနေသော ခြင်္သေ့ဖြူလေးသည် တာ့ဇီကို တစ်ချက် ကြည့်လိုက်သည်။
ဒီကောင်ကတော့ ငါ့ကို ပမာမခန့် စိုက်ကြည့်နေတာပါလား.. တာ့ဇီသည် မကျေမနပ် ဖြစ်သွားသည်။ သူသည် ထိုအချင်းအရာကို ဒိုင်ယာရီတွင်ပင် မမေ့သွားအောင် ချမှတ်ထားရမည်ဟု တွေးလိုက်သည်။
တာ့ဇီသည် ကောင်းဖန်ကို ထပ်ကြည့်လိုက်သောအခါတွင်တော့ သူသည် ကောင်းဖန်၏ စိတ်ခံစားချက်ကိုတော့ ဖတ်လို့မရတာကို သိလိုက်သည်။ သွေးစာချုပ်သည် ကန့်လန့်ကာ တစ်ခုလိုပင် တာ့ဇီကို ကြည့်လို့မရအောင် ပိတ်ထားသည်။
သူသည် ကောင်းဖန်သည် ၀မ်းနည်း ၀မ်းသာ ဖြစ်နေသည့် ခံစားချက်ကိုသာ အကြမ်းဖျင်းဖတ်လိုက်နိုင်သည်။ အသေးစိတ်တော့ မသိပေ။
သူက တကယ်ကို ငါ့သခင် ဖြစ်ထိုက်ပါပေတယ်.. အရမ်းတော်တဲ့ သူတစ်ယောက်ပဲ.. တာ့ဇီက ဂုဏ်ယူစွာ တွေးလိုက်သည်။
တာ့ဇီ၊ ဂိုဒီနှင့် ဖလိန်မီတို့အားလုံး အဆင့် ၄၈ ရှိနေကြပြီ ဖြစ်သည်။ အဖြူရောင် ဓားသွားသားရဲကတော့ သူတို့ထက် ၂ ဆင့်မြင့်ပြီး အဆင့် ၅၀ ရှိထားသည်။
သို့သော် သူတို့ ၃ ကောင်နှင့် ယှဉ်လျှင်တော့ အဖြူရောင်ဓားသွားသားရဲ၏ စွမ်းရည်သည် အနည်းငယ် နိမ့်သည်။ ထို့ကြောင့် သူသည် ဘုရင်အဆင့်သို့ တက်ရန်တော့ အနည်းငယ် ပိုခက်ခဲမည် ဖြစ်သည်။
ခဏကြာပျံသန်းပြီးနောက် တာ့ဇီသည် ပျင်းလာပြီး အောက်သို့ ဆင်းလာသည်။ သူသည် ကောင်းဖန်ခြေထောက်နားသို့ တွားသွားလိုက်ပြီး ခေါင်းတင်ပြီး နားလိုက်သည်။ ကောင်းဖန်သည် စိတ်ထဲထိရှသွားပြီး တာ့ဇီခေါင်းကို ပွတ်ပေးလိုက်သောအခါ လက်သည် ထုံကျင်သွားသည်။
အဆင့်မြှင့်ပြီးနောက်တွင် တာ့ဇီသည် ၂၆ ပေမှ ပေ ၄၀ ထိ ပိုရှည်သွားသည်။ အရှည်က သိပ်မသိသာသော်လည်း နဂါးပုံစံဖြစ်သွားသောကြောင့် ခန္ဓာကိုယ်အနေအထားကတော့ သိသိသာသာ ပြောင်းလဲသွားသည်။ တာ့ဇီသည် သားရဲများထဲတွင် အလယ်အလတ်အဆင့် သားရဲအရွယ်အစားသို့ ဖြစ်လာသည်။
ကောင်းဖန်သည် ကိုယ်ပိုင်သားရဲများနှင့် ခဏဆော့ပြီးနောက် အခန်းထဲသို့ ၀င်နားလိုက်သည်။ ညသန်းခေါင်ရောက်သောအခါ သူ့တံခါးကို တစ်စုံတစ်ယောက်က ခေါက်နေသောကြောင့် သူသည် လန့်နိုးလာသည်။ ထိုအသံသည် တကယ်တော့ ပြတင်းပေါက်မှ လာနေသော အသံဖြစ်သည်။
ထိုအသံသည် တစ်ပုံစံတည်း ထွက်ပေါ်နေသည်။ အရှည် ၃ ချက် အတို ၁ ချက်ဖြစ်သည်။ ကာရံပင် ညီနေသလို စည်းချက်မှန်မှန် ထွက်ပေါ်နေသည်။ ထိုတံခါးကို ခေါက်နေသူမှာ တာ့ဇီဖြစ်သည်။ သူတံခါးဖွင့်ပေးလိုက်သောအခါ ကြီးမားသော ခေါင်းကြီး ပေါ်လာပြီး ရွှေနက်ရောင် သူငယ်အိမ်သည် ညမီးအိမ်တစ်ခုလို လင်းထိန်နေသည်။ သူအသက်ရှုလိုက်တိုင်း နှာခေါင်းပေါက်မှနေ၍ လျှပ်စစ်တန်းလေးများ ထွက်ပေါ်နေသည်။
သူသည် တာ့ဇီပင်ဖြစ်သည်။
“ကောင်းဖန် ငါအိပ်လို့ မရဘူး” တာ့ဇီက ပြောလိုက်သည်။ “နင်က အရင်က ငါ့ကိုအိမ်ထဲမှာ ပေးသိပ်နေကျလေ.. ငါမြက်တောထဲမှာ မအိပ်ချင်ဘူး”
အဆင့်မမြှင့်ခင်က တာ့ဇီသည် ကောင်းဖန်အခန်းထဲတွင် အိပ်လို့ရသေးသည်။ အခုတော့ မဆန့်တော့ပေ။
“ငါမနက်ဖြန်ကျရင် အိမ်ကို နည်းနည်းပြင်လိုက်ပါ့မယ်” ကောင်းဖန်က တာ့ဇီကို နှစ်သိမ့်လိုက်သည်။
ထိုအခါ တာ့ဇီသည် ခေါင်းကို ခါလိုက်ပြီး ကောင်းဖန်အား အခုတစ်ခုခု လုပ်ပေးဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ကောင်းဖန်ကလည်း ခေါင်းကိုသာ တွင်တွင် ခါပြနေသည်။ သူသည် ယခုလို အေးခဲနေသည့် အချိန်ကြီးတွင် အပြင်ထွက်ပြီး တစ်ခုခုလုပ်ပေးပါက ခဲသေသွားနိုင်ပေမည်။
တာ့ဇီက နှာခေါင်းရှုံ့လိုက်သည်။ နင်အခုတော့ ပြောင်းလဲသွားပြီပေါ့..
***
သားရဲလေ့ကျင့်သူ
အခန်း ၄၆၀ ယန်ကျဲ့မြစ်ကို သိမ်းပိုက်ခြင်း
သားရဲ ၃ ကောင်ဖြစ်သည့် နတ်ဘုရားမ ကျောက်တုံး၊ နဂါးနိုင်စာအုပ်နှင့် သူတောင်စင်နေကန် ဝိဉာဉ်တို့သည် အချင်းချင်း ဆက်သွယ်၍ မရအောင် တစ်ခန်းစီခွဲ၍ ပိတ်လှောင်ခံထားရသည်။
ကောင်းဖန်သည် ဦးနှောက်ကြီးကို ထို ၃ ကောင်အား အိပ်ငွေ့ချခိုင်းသော်လည်း ခက်ခဲနေသည်။ နတ်ဘုရားမကျောက်တုံး၏ ဦးနှောက်သည် သူ၏ စိတ်ပင်လယ်၏ အပြင်ဘက်တွင် ရောက်နေသည်။ နဂါးနိုင်စာအုပ်၏ မျက်နှာပြင်ကိုတော့ သန်မာသော စိတ်စွမ်းအင် အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သူသည် အဆင့် ၅၀ ရှိနေသော်လည်း ဘုရင်အဆင့်ကိုရောက်ရန် အတော်လေး အလှမ်းဝေးနေသော်လည်း ဒဏ္ဍာရီလာအဆင့်မှာတင် ကျေနပ်နေရသည်။ ထို့အပြင် သူသည် နပန်းအမျိုးအစားသားရဲ အုပ်စုတွင်လည်း မပါ၀င်ချေ။ ထို့ကြောင့် ဦးနှောက်သည် သူတို့၏စိတ်ကို ငြိမ်အောင်လုပ်သည့် နည်းလမ်းတစ်ခုသာ လုပ်၍ရနေသည်။
တစ်ချိန်တည်းမှာပင် ဦးနှောက်ကြီးသည် ရေကန်ဝိဉာဉ်ကို စိတ်စွမ်းအင်များ ထပ်ပေါင်းထည့်နေသောကြောင့် ရေကန်သည် ပန်းကန်လုံးပုံစံ ဖြစ်လာသည်။
ကောင်းဖန်သည် ရေကန်ဝိဉာဉ်တွင် အသိစိတ်ရှိနေသေးလား မရှိတော့သည်လား သေချာ မသိချေ။ ထို့ကြောင့် ရေကန်ဝိဉာဉ်၏ စိတ်စွမ်းအင်နှငိ့ ပတ်သက်၍ ဦးနှောက်ကြီးကို တာ၀န်ပေးထားရသည်။
ကောင်းဖန်သည် ဦးနှောက်ကြီးကို တက္ကလာမာကန် ကန္တာရမှနေပြီး ယူဆောင်ခဲ့သည့် နေ့မှစ၍ ဦးနှောက်ကြီးသည် မည်သည့်အသေကောင်ကိုမှ မစားသေးချေ။ သူ၏ ဖော်ပြချက်အရ သူသည် တက္ကလာမာကန် ကန္တာရတွင် သေဆုံးပြီးသော စွမ်းအားမြင့် သားရဲများကိုသာ စုပ်ယူစားသုံးချင်ပုံပေါ်သည်။ ထို့နောက် သူသည် ရုပ်တုများအသက်ရှင်လာသကဲ့သို့ သေသွားပြီးသော အရာများကို အသက်သွင်း ထိန်းချုပ်ရတာကို ပိုကြိုက်လေသည်။
ကောင်းဖန်သည် ကမ္ဘာကြယ်ကို ယူနိုင်ရန် ဦးနှောက်ကြီးကို ခွင့်ပြုပေးခဲ့ဖူးသည်။ သို့သော် ဦးနှောက်ကြီးသည် သူကြိုးစားလိုက်သောအချိန်တွင် သူ့နှာခေါင်းပေါက်ကသာ သွေးများယိုစီးကျလာခဲ့သည်။ သွေးများသည် ရေပန်းတစ်ခုလို ခေါင်းထဲမှ ပန်းထွက်လာပြီး အမူးသမားတစ်ယောက်လို ပတ်ပြေးနေခဲ့သည်။
“မရဘူး.. မရဘူး.. ငါမလုပ်နိုင်ဘူး.. တော်တော်ဆိုးဆိုးပဲဟ..” ဦးနှောက်ကြီးသည် အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။
“မင်းမှတ်ထား.. မင်းအဲဒီဟာကို သိမ်းပိုင်နိုင်ခဲ့ရင် အဲဒါနဲ့တောင် နေရာချင်းလဲလို့ရမှာ.. ကဲအရင်ဆုံး ဒီခွက်ကို ယူကြည့်” ကောင်းဖန်က ကြီးမားသော ဖန်ခွက်ကြီးကို သူ့အနောက်တွင် ထားလိုက်သည်။
ဦးနှောက်ကြီးသည် ထိုခွက်ကိုတော့ ချက်ချင်း သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် သူ့ကိုယ်သည် ခက်ေချင်း အရည်ပျော်လာသည်။ ထို့နောက် သူ့ကိုယ်သည် အရိပ်တစ်ခုလို ဖြစ်လာပြီး ဖန်ခွက်ကြီးထဲ ၀င်သွားလိုက်သည်။
ဖန်ခွက်သည် လေထဲတွင် မျောပါနေသည်။ ဦးနှောက်ကြီး၏ ကြီးမားသော အရိပ်က ဖန်ခွက်၏ အပြင်ဖက် မျက်နှာပြင်တွင် ရှိနေသည်။ ထိုအရိပ်များသည် ဖောက်ထွင်းမြင်နေရပြီး အပြာရောငါ အလင်းတန်းများလည်း ထွက်ပေါ်နေသည်။
“သခင် ဒီခွက်က ငါ့အတွက် သေးလွန်းတယ်.. ငါ့ကိုယ်အရွယ်အစားလောက် ရှိတဲ့ ခွက်ရှိရင်တော့ ငါအဲဒီထဲမှာ ကောင်းကောင်းပုန်းနေနိုင်မှာပဲ” ဦးနှောက်ကြီးက ပြောလိုက်သည်။
“မင်းဒီခွက်ကို စွမ်းအင်ပေးကြည့်လို့မရဘူးလား.. လုပ်ကြည့်ပါလား” ကောင်းဖန်က သိချင်စိတ်ဖြင့် ပြောလိုက်သည်။
တာဇီသည် ထိုအနားမှ ဖြတ်ပျံသွားရင်း သူ၏ အတောင်ပံအသစ်ကို ခါကြည့်လိုက်သည်။ ထိုအခါ မိုးကြိုးသံများ ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ငါ့ရဲ့ အကြီးဆုံးစွမ်းအင်က ဘာလဲတော့ ငါလည်း သေချာမသိဘူး.. အဲဒီစွမ်းအင်က ကျပန်းဖြစ်ပြီး ရည်ရွယ်ချက်နဲ့ အရာ၀တ္တုရဲ့ အမျိုးအစားပေါ်မူတည်တယ်” ဦးနှောက်က ရှင်းပြလိုက်သည်။
ခဏကြာသောအခါ ဦးနှောက်က အံ့ဩတကြီး ပြောလိုက်သည်။ “သခင်.. ငါဒီခွက်ရဲ့ မာကျောမှုစွမ်းရည်ကို မြှင့်တင်လို့ရတယ်.. ဒီခွက်က ဘယ်တော့မှ ကွဲတော့မှာ မဟုတ်ဘူး”
ကောင်းဖန်သည် ဘာပြောရမှန်း မသိစွာ တိတ်ဆိတ်သွားသည်။ ဒီလောက်စွမ်းအင်လေးလောက်ကို သူက အံ့ဩနေတာလား.. ငါမင်းကို တခြားသူတွေနဲ့ တိုက်ခိုက်ဖို့ ဘယ်လို အသုံးချရမလဲ..
ကောင်းဖန်သည် နောက်အကြံတစ်ခုကို ပေးလိုက်သည်။ “အဲဒါက ထားလိုက်တော့.. အခု အဲဒီကနေ ပြန်ခွာလိုက်.. မင်းခွက်ကို ၀င်သိမ်းပိုက်လို့မရတော့ ယန်ကျဲ့မြစ်ကို သိမ်းပိုက်ဖို့ ကြိုးစားကြည့်ရအောင်”
ဦးနှောက်သည် ယန်ကျဲ့မြစ်ကို ကောင်းကောင်း သိသည်။ သူသည် ခဏစဉ်းစားလိုက်ပြီးနောက် “ငါအကောင်းဆုံးကြိုးစားပါ့မယ်” ဟုပြောလိုက်သည်။
တက္ကလာမာကန် ကန္တာရသည် ယန်ကျဲ့မြစ်လောက် မရှည်သော်လည်း ကြီးမားသော အရွယ်အစားတော့ ရှိသည်ပင်။ ယန်ကျဲ့မြစ်သည် တက္ကလာမာကန်ထက် ပို၍ ကြီးသော်လည်း စွမ်းအင်သုံးရန် လုံလောက်သည့် အရွယ်အစားတစ်ခုတော့ ရှိနေသည်ပင်။ ထို့ကြောင့် ကြိုးစားကြည့်တာ မမှားပေ။
ဦးနှောက်သည် ခွက်ကို ၀င်ပူးနေရာမှ ပြန်ခွာလိူက်သောအခါ ခွက်သည် ကြမ်းပြင်သို့ ပြုတ်ကျသွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။
သူတို့ မြစ်ကမ်းနားသို့ ရောက်ချိန်တွင် ရေသည် အရှေ့ဘက်ကို စီးဆင်းနေပြီး မြစ်လယ်လောက်တွင် ဝဲဂယက်များ ထနေသည်။ ထိုနေရာတွင် သစ်သားလှေတစ်စီးသာ ဖြတ်သွားပါက ဝဲဂယက်တွင်မိပြီး မြစ်အောက်ခြေသို့ စုပ်ယူခံလိုက်ရနိုင်သည်။
ဦးနှောက်သည် သူ၏ ကုတ်ကို ချွတ်လိုက်ပြီး မြစ်ထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားသည်။ ထိုအခါ မြစ်ကမ်းဘေးမှ ရေတွင် ရှိနေသော ငါးများ ရေသားရဲများသည် ပြန့်ကျဲထွက်ပြေးလိုက်ကြသည်။ ဦးနှောက်ကြီးကို ကြောက်နေကြခြင်း ဖြစ်သည်။
၁၀ မိနစ်ကြာသောအခါ ဦးနှောက်၏ အသံသည် ကောင်းဖန်စိတ်ထဲတွင် ပေါ်လာသည်။ “သခင်.. ငါအောင်မြင်သွားပြီထင်တယ်.. တစ်သားတည်း ဖြစ်လာပြီ”
ကောင်းဖန်သည် ဦးနှောက်ကြီး၏ ဒေတာဖရိန်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် အတန်းတစ်တန်းပေါ်လာသည်။ [ယန်ကျဲ့မြစ်ကို ၀င်ပူးနေသည်။ ၁ ရာခိုင်နှုန်းသာ ရှိသေးသည်]
တစ်နာရီခန့် ရပ်စောင့်ပြီးသောအခါတွင်လည်း ၁ ရာခိုင်နှုန်းကနေ မတက်ပေ။ သို့သော် ကောင်းဖန်သည် ဦးနှောက်က တက္ကလာမာကန် ကန္တာရ၏ ၆၀ ရာခိုင်နှုန်းကို နှစ်ပေါင်းများစွာအကြာတွင် သိမ်းပိုက်ထားခဲ့သည်ကို ပြန်အမှတ်ရသွားသည်။ ဦးနှောက်၏ စွမ်းအင်မလုံလောက်မှုသည် ၀င်ပူးသည့် လုပ်ငန်းစဉ်ကို နှောင့်နှေးစေသည် ဆိုရင်တောင် သူသည် ကန္တာရတစ်ခုလုံးကို ဒီလောက်ထိ သိမ်းပိုက်နိုင်တာ မဆိုးဘူးဟု ဆိုရမည်။
ဒါဆိုရင် နှစ်နဲ့ချီပြီး ကြာနိုင်တာပဲ.. ဒါပေမယ်လည်း ရပါတယ်.. ကောင်းဖန်သည် စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်သူတစ်ယောက် ဖြစ်သည်။
“သခင်.. ဒီမြွေက ငါ့ကိုကိုက်ဖို့ လုပ်နေတယ်” ဦးနှောက်က ရုတ်တရတ် ဒေါသတကြီး ပြောလိုက်သည်။
မြစ်ရေသည် ရုတ်တရတ် လှိုင်းထလာသည်။ ကောင်းဖန်သည် မြစ်ထဲတွင် အစိမ်းရောင် အင်နာကွန်ဒါ မြွေကြီးကို တွေ့လိုက်ရသည်။
“ငါသူ့ကို အိပ်ငွေ့ချချင်တယ်.. ငါ့သားဖြစ်အောင် သူ့ကို လုပ်မယ်”
ကောင်းဖန်သည် အားပါးတရ ရယ်မောလိုက်သည်။ အေးပါ.. မင်းပျော်မယ်ဆိုရင် လုပ်ပေါ့..
“မင်းကိုယ်မင်းတော့ ဂရုစိုက်နေဦး.. မင်းစိတ်ညို့ထားတဲ့ သားရဲတွေ ဖြတ်သွားတဲ့ လှေတွေ လူတွေကို ထိခိုက်အောင် မလုပ်ဖို့လည်း သေချာထိန်းချုပ်ထားဦး.. မင်းတစ်ခုခုကို အနိုင်ယူရတာ ခက်ခဲလာပြိဆိုရင်တော့ ငါတို့ကိုသာ ခေါ်လိုက်.. ရန်သူကိုလည်း အရမ်းအလျင်လိုပြ မတိုက်ခိုက်နဲ့” ကောင်းဖန်က အခြားသူများ ဦးနှောက်ကို မရိပ်မိသွားစေရန် သေချာ သတိပေးလိုက်သည်။
တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည် ထိုနေရာနှင့် သိပ်မဝေးသောကြောင့် တစ်ခုခု အကူအညီလိုပါက ကောင်းဖန်သည် အချိန်တိုအတွင်း လာပေးနိုင်မည် ဖြစ်သည်။
“နားလည်ပါပြီ” ဦးနှောက်ကြီးသည် စိတ်ကောင်း၀င်နေပြီ ဖြစ်သည်။ သူသည် အရင်က အရိုင်းဆန်ခဲ့သော သားရဲဖြစ်သည်။ ထို့ကြောင့် သူသည် မြို့ပြတွင် အချိန်ကြာကြာ မနေနိုင်ချေ။ သူသည် တစ်ကောင်တည်းနေရတာ ပိုပြိး အဆင်ပြေသည်။
…
ကောင်းဖန်သည် သီးခြားခွဲထားသော သားရဲ ၃ ကောင်က်ု ကြည့်ပြီး သူတို့ကို ပေါင်းစပ်လိုက်ဖို့ အတွေးတစ်ချက်၀င်လာသည်။
သူတို့ကို ပေါင်းစပ်ဖို့ ပစ္စည်းအချို့တော့ လိုလိမ့်မည်။ သီအိုရီအရ သူတို့ ၃ ကောင်သည် ဆက်ဆံရေးကောင်းများ ရှိထားသည်။ ထို့ကြောင့် ပေါင်းစည်းလိုက်မည် ဆိုလျှင်လည်း ကောင်းကောင်း နေနိုင်ကြလောက်သည်။
ဒါပေမယ့်.. သူတို့က်ု ဘယ်လိုပေါင်းစပ်ရပါ့.. အိုးထဲထည့်ချက်လိုက်ရမလား..
မှောင်မည်းနေတဲ့ အခန်းလေး တစ်ခုထဲ ပစ်ထည့်ထားလိုက်ရမလား.. သူတို့ မပေါင်းစပ်မချင်း မလွှတ်ပေးဘူးဆိုရင်ရော..
ကောင်းဖန်သည် အတွေးပွားနေဆဲမှာပင် သူ့အိတ်ကပ်ထဲမှ ဖုန်းမြည်လာသောကြောင့် ထုတ်ကိုင်လိုက်သည်။
“ကောင်းဖန်.. ကူညီပါဦး” ချန်ဟဲ့ချောင်၏ အသံသည် အသက်ပင် မနည်းလုရှူနေရသလို ဖြစ်နေသည်။ တစ်ဖက်တွင် သားရဲများ၏ ဒေါသတကြီးအော်သံများဖြင့် ပြည့်နေကာ ၀ရုန်းသုန်းကား ဖြစ်နေသည်။
“မင်းတို့က အခုဘယ်မှာလဲ.. ငါ့ကိုတည်နေရာပို့ပေးပါလား.. မဟုတ်လည်း ထွက်ပြေးလာလိုက်” ကောင်းဖန်က စိုးရိမ်စွာ ပြောလိုက်သည်။
“ကောင်းဖန် ကယ်ပါဦး” ချန်ဟဲ့ချောင်သည် တစ်ဖက်မှနေ၍ အော်လိုက်ပြန်သည်။
ကောင်းဖန်သည် ထူးဆန်းသလို ဖြစ်သွားသည်။ သူသည် ခဏရပ်လိုက်ပြိး ထပ်မေးလိုက်သည်။ “မင်းအခုဘယ်မှာလဲ”
“အခုငါက ရွှေရောင်ဗုဒ္ဓတောင်မှာ ရှိနေတာ.. မင်းကို အခုချက်ချင်း တည်နေရာပို့လိုက်မယ်” ချန်ဟဲ့ချောင်က အလျင်စလို ပြောလိုက်သည်။
ကောင်းဖန်သည် မနည်းနားထောင်နေရသည်။ သူသည် ဖုန်းကို ချလိုက်ပြီး အခြေအနေကို သုံးသပ်နေသည်။
ထို့နောက် ချက်ချင်း ဖုန်းမျက်နှာပြင်က လင်းလာသည်။ ချန်ဟဲ့ချောင်သည် တည်နေရာပို့လိုက်ခြင်း ဖြစ်သည်။ သူပြောခဲ့သလိုပင် ရွှေရောင် ဗုဒ္ဒတောင်တွင် ဖြစ်သည်။
ကောင်းဖန်သည် တာ့ဇီကျောပေါ်တက်စီးလိုက်သည်။ သူသည် တာ့ဇီနှင့် အတူ ထွက်သွားတော့မည့် အချိန်တွင် သူသည် ရုတ်တရတ် စိတ်ပူသွားသည်။ ထို့နောက် ခြင်္သေ့ဖြူ၊ အဖြူရောင်သားရဲနှင့် ဂိုဒီတို့ကို ခေါ်လိုက်သည်။
သို့သော် ဂိုဒီသည် အရပ်ရှည်လာပြီ ဖြစ်သောကြောင့် သူသည် ထင်သာမြင်သာ ဖြစ်နေမည်ကို ကောင်းဖန်က သတိထားမိလိုက်သည်။
ထို့ကြောင့် ကောင်းဖန်သည် ဂိုဒီကို ပြန်ဆင်းခိုင်းလိုက်သည်။ ဂိုဒီသည် ကြောင်အ, သွားသည်။ ငါကဆင်းရမယ်.. သူသည် ဘာမှ မပြောပဲ ဒေါသတကြီး ဆင်းသွားသည်။
အဖြူရောင်သားရဲနှင့် ခြင်္သေ့ဖြူကိုတော့ တာ့ဇီ၏ တောင်ပံအောက်တွင် ပုန်းနေခိုင်းလိုက်သည်။ သူတို့ ၂ ကောင်ပေါင်းလျှင်ပင် ကောင်းဖန် ခန္ဓာကိုယ်လောက်ပဲ ရှိကြသည်ဖြစ်ရာ အနီးကပ် မတွေ့ရမချင်း တာ့ဇီ၏ တောင်ပံအောက်တွင် ရှိနေသော သူတို့ကို အလွယ်တကူ တွေ့နိုင်မည် မဟုတ်ချေ။