အခန်း (၄၆၁-၄၆၄)
Vol. 29 Ch. 461-464
အခန်း ၄၆၁ ငရဲမီးပြင်းဖို
တာ့ဇီသည် တောင်ပံ ၆ ခုကို ဖြန့်၍ ကောင်းကင်တွင် ပျံသန်းလိုက်သည်။ ထိုအခါ လျှပ်စစ်များသည် တောင်ပံထိပ်များတွင် ထွက်ပေါ်နေပြီး ကောင်းကင်တွင် ခရမ်းရောင် ရောင်ခြည်တန်းများ ဖြစ်နေသည်။
သူသည် စံအိမ်နှင့် ရေကန်ကြီးကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာတစ်ခုလုံးသည် မြစ်ဝှမ်းငယ်၏ အလယ်တစ်ခုတွင်တည်ရှိပြီး အလယ်တွင် ရေကန်တစ်ခု ရှိနေခြင်း ဖြစ်သည်။ အနီးအနားမှ ကွင်းပြင်တစ်ခုတွင်တော့ ကိုယ်ပိုင်သားရဲ အုပ်စုတစ်ခုသည် လေ့ကျင့်ဆော့ကစားနေကြသည်ကို တာ့ဇီသည် မြင်နေရသည်။
ထိုသားရဲအုပ်စုသည် နဂါးဖြူ၊ ငွေနဂါး၊ ကျောက်စိမ်း သံချပ်ကာ မိကျောင်း၊ မိုးကြိုးခွံနတ်ဘုရား၊ အမွှေးပြောင်နေသောဘဲ၊ အနီရောင်ကြိုးကြာ၊ တောင်ပင့်ကူ၊ ဂျယ်လီငါးနှင့် ယင်ယန်ပန်းပင်တို့ ဖြစ်ကြသည်။ ဦးလေးလျူ၏ ဝိဉာဉ်သားရဲ၊ ညအရိပ်ကြောင်နှင့် သွေးမျက်လုံးနီ လင်းလတို့လည်း ပါ၀င်လာကြသည်။
အရိုးစုဘုရင်နှင့် ဦးနှောက်ကြီးတို့ကတော့ ထိုနေရာတွင် မရှိကြပဲ ခြင်္သေ့ဖြူနှင့် အဖြူရောင်သားရဲတို့ကတော့ လေထဲတွင် ရွှေနက်ကင်းခြေများနဂါးကြှးပေါ်တွင် ထိုင်စီးနေကြသည်။ ကိုယ်ပိုင်သားရဲများသည် များပြားလှသောကြောင့် ကောင်းဖန်သည် ကိုယ်ပိုင်သားရဲ တိရိစ္ဆာန်ရုံပင် ဖွင့်နိုင်တော့မည် ဖထင်သည်။
လေသည် အေးစက်စွာ တိုက်ခတ်နေသည်။ ကောင်းဖန်ကတော့ ထိုအချင်းအရာကို တွက်ဆထားပြီး ဖြစ်သောကြောင့် ခေါင်းဆောင်းနှင့် အနွေးထည်ကို တာ့ဇီပေါ် မတက်ခင်ကတည်းက ယူလာခဲ့ပြီး ဖြစ်သည်။ သူသည် နောက်ကို မှီပြီး ထိုင်နေသည်။
ရုတ်တရတ် တာ့ဇီသည် ဦးတည်ချက် ပြောင်းလိုက်သောကြောင့် ကောင်းဖန်သည် ကျောပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သွားသည်။ ထို့ကြောင့် သူသည် ကျောပေါ်သို့ ကုပ်ကပ်တွယ်တက် လိုက်ရပြီး စတိုင်မထုတ်နိုင်တော့ချေ။ နာရီ၀က်ခန့်ကြာသောအခါ တာ့ဇီသည် သွားလိုသော နေရာကို ရောက်သွားသည်။
ကျင်းဖိုတောင်သည် ယွိကျိုး၏ ထူးခြားသော တောင်ဖြစ်သည်။ ထိုတောင်သည် အလွန်မြင့်ပြီး ဆောင်းရာသီများတွင် ရေခဲစကိတ်ပင် စီးနိုင်လေသည်။ လောင်ရှားတောင်ကြားကတော့ ကျင်းဖိုတောင်၏ မြောက်ဘက်တွင် တည်ရှိပြီး သီးခြားဆန်သည်။
ကောင်းဖန်သည် သူ့တက်ဘလက်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ မကြာခင်ရောက်တော့မည် ဖြစ်သည်။
သူသည် အောက်ဖက်တွင်တော့ တာ့ဇီ၏ ကြောက်မက်ဖွယ် စွမ်းအင်အငွေ့အသက်ကြောင့် ထွက်ပြေးနေကြသော သားရဲလေးများကို သစ်ပင်များကြားမှ မြင်နေရသည်။
ထို့နောက် ကောင်းဖန်သည် တောင်ကုန်းတစ်ခုထိပ်ပေါ်မှ ဂူတစ်ခုနားတွင် စုဝေးနေကြသော လူအုပ်ကို တွေ့လိုက်ရသည်။ ထိုသူများသည် ၁၀ ယောက်ခန့် ရှိပြီး သွေးသံရဲရဲ ဖြစ်နေကြသည်။
တောင်ကုန်းအောက်ခြေတွင်တော့ သားရဲများက ဝိုင်းထားကြသည်။ အပြင်ဘက်တွင် ကြောက်မက်ဖွယ်ပုံစံရှိသော သမင်ပုံစံရှိသည့် အသွင်ပြောင်းသားရဲများကို မြင်နေရသည်။ သူတို ချိူများသည် ပုံစံပျက်ယွင်းနေကြပြီး အဖြူရောင် အရိုးများသည် သူတို့ကိုယ်ထဲမှ ကြောက်ဖက်ဖွယ် ထွက်နေကြသည်။ သူတို့၏ ကြွက်သားများနှင့် အရိုးများကြားတွင် ပလတ်စတစ်ပိုက်များ၊ ပလတ်စတစ်စများ၊ ပုလင်းအဖုံးများ၊ သတ္တုအပိုင်းအစများ ညပ်နေကြသည်။
သူတို့ မျက်လုံးအိမ်များသည်လည်း ပုပ်သိုးပျက်စီးနေပြီး သူတို့၏ မျက်လုံးအိမ်များထဲတွင် အစိမ်းရောင် မီးတောက်များကို မြင်နေရသည်။
[သားရဲအမည်] - ဆွေးမြေ့ဖုတ်ကောင်သမင်အုပ်စု
[သားရဲ အဆင့်] - အဆင့် ၁၁-၂၀ (အလွန်ကောင်း အဆင့်]
[သားရဲစွမ်းရည်] - ပုံမှန် - အလွန်ကောင်း
[သားရဲအမျိုးအစား] - ဖုတ်ကောင်/ သတ္တု
[သားရဲပျော့ကွက်များ] - သန့်စင်ခြင်း/ ရောင်ခြည်
[သားရဲဖော်ပြချက်] - ထိုသားရဲများသည် ခေတ်မီလာသော ကမ္ဘာ၏ များပြားလှသော စွန့်ပစ် သတ္တုအမှိုက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူတို့သည် ပတ်၀န်းကျင် ညစ်ညမ်းမှုကို လူသားတွေက ဖြစ်ပေါ်စေသည်ဟု ယုံကြည်ကြသောကြောင့် လူသားများကို မုန်းတီးကြသည်။ သူတို့သည် နာကျင်မှုကို မခံစားရပဲ သူတို့ပုံစံများသည် ပုပ်သိုးနေကြသော်လည်း ရောဂါပိုးများ သယ်ဆောင်ထားခြင်းတော့ မရှိပေ။
သမင်တစ်ကောင်သည် ကြောက်မက်ဖွယ် အော်မြည်လိုက်သည်။
ထိုသမင်များသည် ၇ ပေမှ ၉ ပေအထိ ရှည်ကြသည်။ သူတို့ကိုယ်မှ ထိုးထွက်နေသော အရိုးများသည် ထူထဲမာကျောပြီး ခေါင်းပေါ်ရှိ ချိုများသည် ချွန်ထက်နေကြသည်။ အချို့သော သမင်များသည် ဒေါသတကြီးဖြင့် မြေကြီးကို ဆောင့်နေပြီး ရန်သူလူသားများကို အော်ဟစ်ကြွေးကြော်နေသည်။
အချို့သမင်များကတော့ မလှုပ်မယှက်ရှိနေကြရင်း အပေါ်မှသူများကို တိတ်ဆိတ်စွာ မော့ကြည့်နေကြသည်။ ထိုသမင်များသည် အကောင် ၁၀၀ ခန့်ရှိပြီး အချို့က တောင်ကုန်းအောက်တွင် ရှိကာ တချို့ကတော့ တောင်ကုန်းပေါ်ကို တက်နေကြသည်။
တစ်ခုခုတော့ မှားနေပြီ.. ကောင်းဖန်က တွေးလိုက်သည်။
သမင်များသည် လူသားများကို ရန်ပြုဖို့ ကြိုးစားနေသော်လည်း ကွန်မန်ဒါအဆင့်တော့ တစ်ကောင်မှ မပါချေ။
ကောင်းဖန်သည် ချန်ဟဲ့ချောင်၏ သားရဲမုဆိုးအဖွဲ့တွင် အနည်းဆုံး ကွန်မန်ဒါအဆင့်သားရဲ ၇ ကောင် ရှိကြောင်း သိထားသည်။ ထို့ကြောင့် ပုံမှန်ဆိုလျှင်တော့ ကွန်မန်ဒါအဆင့်သားရဲ ၁ ကောင်သည် လက်ရွေးစင်အဆင့်သားရဲ ၁၀ ကောင်ကို အေးဆေးသတ်နိုင်သည်။
ထို့ကြောင့် ကြောက်လန့်နေသော လူသားများကို ကြည့်ခြင်းအားဖြင့် တောထဲတွင် ထိုသားရဲများ အကောင်ထောင်ချီ ရှိနေလို့ ဖြစ်မည်ဟု ကောင်းဖန်က တွက်ဆလိုက်သည်။
ရုတ်တရတ် ကောင်းဖန်ခေါင်းထဲတွင် သတိပေးခံရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူအောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကြီးမားသော အမည်းရောင် လက်သည်းကြီးသည် တာ့ဇီထံသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။
…
လွန်ခဲ့သည့် ၅ မိနစ်ခန့်က အမည်းရောင်၀တ်စုံများဖြင့် မတ်စ်များတပ်ထားကြသော လူအုပ်စုတစ်စုသည် တောအုပ်အလယ်တွင် ရပ်နေရင်း တစ်ခုခုကို စောင့်နေသလို အရှေ့ဘက်ကို မျှော်ကြည့်နေသည်။
“သူရောက်ပြီလား”
“သိပ်မလိုတော့ဘူး”
“ခေါင်းဆောင်.. ကျွန်တော်တို့ နိုင်မယ်လို့တော့ သိပ်မထင်ဘူးဗျ” အုပ်စု အနောက်ဖက်မှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။
ထိုအခါ ခေါင်းဆောင်ဆိုသူသည် သူ့ကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။
“သူ့မှာ ဘုရင်အဆင့်သားရဲရှိတယ်လို့ ကျွန်တော် ဖတ်ဖူးတယ်.. ကျွန်တော်တို့က နတ်ဘုရားအဆင့်သားရဲလောက်ကတော့ ရင်ဆိုင်နိုင်ပေမယ့် ဘုရင်အဆင့်ကတော့ တော်တော်ကွာခြားလွန်းတယ်လေ” ထိုသူသည် ရိုကျိုးသော အမူအရာဖြင့် ရှင်းပြလိုက်သည်။
ခေါင်းဆောင်ဆိုသူကတော့ ဘာသိဘာသာပင် နေလိုက်သည်။ “အဖြေရှာစရာမလိုတဲ့ မေးခွန်းတွေကို မေးမနေနဲ့”
ရုတ်တရတ် တစ်ယောက်ယောက်က သတင်းပို့လာသည်။ “သူ့မှာ ဘုရင်အဆင့်သားရဲမရှိဘူးလို့ ကြားမိပါတယ်”
အုပ်စုခေါင်းဆောင်သည် ထိုသူကို ကြောင်အ, ကြည့်နေမိသည်။ “သူ့မှာ ဘုရင်အဆင့်သားရဲမရှိဘူးလား”
“အဲဒါသတင်းကောင်းပေါ့”
“ဘယ်လိုအရူးကောင်လဲ.. သူ့မှာ ရှိတဲ့ အကောင်းဆုံးလက်နက် မပါပဲနဲ့တော့ သူဒီကိုလာပါ့မလား.. အဲဒါဆို ကမ္ဘာ့ပထမဆုံး အသတ်ခံရတဲ့ ဘုရင်အဆင့် သားရဲလေ့ကျင့်သူ ဖြစ်သွားမှာပေါ့ ဟားဟားဟား”
ထိုအခိုက်အတန့်တွင် သူတို့ရယ်သံများသည် တစ်တောလုံးပင် ပြန့်နှံ့သွားသည်။ ထိုစဉ်ရုတ်တရတ် ကောင်းကင်တွင် မိုးကြိုးပစ်သံတစ်ခုကို ကြားလိုက်ရသည်။ သူတို့အုပ်စုသည် တိတ်တဆိတ်နေလိုက်ပြီး တာ့ဇီကို သေချာကြည့်လိုက်ကြသည်။
“အဲဒါ ဘယ်ကသားရဲတုန်း..သူ့အကြောင်းဖတ်တုန်းက မတွေ့မိပါဘူး..”
“ကြမ်းတော့ကြမ်းမယ့်ပုံပဲ”
“တိုးတိုးနေကြစမ်း” ခေါင်းဆောင်က ဟန့်လိုက်သည်။ တောသည် အလွန်ပင် တိတ်ဆိတ်သွားသည်။
အရှေ့ဘက်တွင်တော့ ကြီးမားသည့် ဦးချိုကြီးများနှင့် သမင်ကြီးများရှိနေသည်။ ထိုဦးချိုကြီးများသည် နူးညံ့နွေးထွေးသည့် အငွေ့အသက်ဖြင့် တစ်တောလုံးကို ပျံ့နှံ့လွှမ်းခြုံပေးထားသည်။ တာ့ဇီသည် တဖြည်းဖြည်း တောနှင့် နီးကပ်စွာ ပျံသန်းလိုက်သည်။
ခေါင်းဆောင်သည် လက်တစ်ချက် ဝှေ့ပြလိုက်သည်။ ထိုအခါ လူပုံစံနှင့်တူသော ရှည်သွယ်သွယ် သဏ္ဍာန်တစ်ခုသည် ရှေ့သို့ထွက်လာသည်။ ထိုသားရဲ၏ ကိုယ်ပေါ်သို့ သစ်ရွက်များကြားမှ ထိုးကျနေသည့် နေရောင်က အကွက်အပြောက်များဖြင့် ကျရောက်နေသည်။ သူသည် အပေါ်ကို မော့ကြည့်လိုက်သောအခါ သူ၏ မျက်နှာ အမူအရာပြောင်းသွားသည်။
ငါ့နာမည်က အန်ဒါဆင်.. ဒါပေမယ့် ဒီလူတွေကတော့ ငါ့ကို ငရဲမီးပြင်းဖိုလို့ ခေါ်ကြတယ်..
ငါကတစ်ချိန်တုန်းကတော့ အလယ်ခေတ်ရဲ့ သူရဲကောင်းတစ်ဦးပေါ့.. ငါငယ်ငယ်တုန်းကတည်းက ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လုပ်ခဲ့ရတဲ့အတွက် မင်းသမီးကို ကာကွယ်ဖို့ ငါဟာ ပြောင်မြောက်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ခဲ့တယ်..
မင်းသမီးလေးက ပန်းကလေးနဲ့တူပြီး ငါတွေ့ဖူးသမျှထဲမှာ အလှဆုံးပဲ.. ဒီလိုလူသားလေးရှိတာကိုတောင် ငါအံ့ဩမိခဲ့တယ်.. ငါသူ့ကို သိပ်ချစ်ခဲ့တယ်..
ဒါကြောင့် ငါသူ့ကို တစ်သက်လုံးစောင့်ရှောက်သွားမယ်လို့ ကျိန်ဆိုခဲ့တယ်... တစ်ရက်တော့ ရန်သုတွေက ရဲတိုက်ကို ချိုးဖောက်၀င်ရောက်ခဲ့တယ်.. ရုန်းရင်းဆန်ခတ်တွေကြားမှာ ငါမင်းသမီးလေးကို ရအောင် ရှာခဲ့တယ်.. ငါသူ့ကို လုံခြုအောင် ထားနိုင်ဖို့အတွက် အဲဒီနေရာကနေ ငါသူနဲ့အတူ ထွက်ပြေးသွားချင်ခဲ့တယ်..
ဒါပေမယ့် မင်းသမီးလေးက သူ့ကို လိုအပ်နေတဲ့ အချိန်မှာ ဒီနိုင်ငံကို စွန့်ခွာပြီး ဘယ်မှ မသွားနိုင်ဘူးတဲ့.. နောက်တော့ ရန်သူတွေက ငါတို့ကို ရှာတွေ့သွားခဲ့တယ်.. ငါမင်းသမီးလေးကို အကောင်းဆုံး ကာကွယ်ခဲ့ပါတယ်...ငါသူတို့ကို မင်းသမီးလေးကို အသက်ချမ်းသာခွင့်ပေးဖို့ တောင်းပန်ခဲ့တယ်.. သူမဟာ တစ်ခါမှ သွေးထွက်သံယိုတွေကို မမြင်ဖူးခဲ့သလို သူမ ဘာမှလုပ်ဖို့လည်း တတ်နိုင်ခဲ့မှာ မဟုတ်ဘူး..
သူတို့ကပြောတယ်.. ငါ မိနစ်၀က်အတွင်း အရှင်လတ်လတ် မီးမြိုက်ခံရပြီး မသေခဲ့ရင် မင်းသမီးလေးကို အသက်ချမ်းသာပေးမယ်တဲ့.. မီးက တောက်ပစွာ လောင်ကျွမ်းနေပေမယ့် ငါတိုး၀င်ခဲ့ပါတယ်.. မီးတောက်တွေက ငါ့ခန္ဓာကိုယ်ကို ဝါးမြိုနေခဲ့တယ်.. နာကျင်မှုက ပြောမပြနိုင်လောက်အောင်ပဲ.. ဒီလိုနဲ့ မိနစ်၀က်ကုန်ဆုံးခဲ့ပြီး ငါ့ကို သူတို့ မီးထဲကနေ ထုတ်လိုက်ကြတယ်.. ဒါပေမယ့် အဲဒီခွေးသားတွေက မင်းသမီးလေးကို ငါ့ရှေ့မှာတင် သတ်ပစ်လိုက်ကြတယ်..
နောက်တော့ ငါ့ကို မီးထဲပြန်ထည့်ပြန်တယ်.. ငါနောက်ဆုံးကြားခဲ့ရတဲ့ အသံတွေက သူတို့ရဲ့ ရယ်မောသံတွေပဲ.. အခုတော့ ငါ့ကိုယ်ထဲမှာ အမုန်းတရား၊ ဒေါသတွေပဲ ပြည့်နှက်နေတော့တယ်..
မီးတောက်များသည် ထိုလူပုံစံ သဏ္ဍာန်၏ အောက်ခြေမှ ထွက်ပေါ်လာနေပြီး သူသွားရာလမ်းတစ်လျှောက် လောင်ကျွမ်းနေသည်။
“ငရဲ မီးပြင်းဖို .. အဲဒီကောင်ကို သတ်ပေးပါ” ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၆၂ လေးယောက် တစ်ယောက်
ကြီးမားသော အမည်းရောင် လက်သည်းကြီးသည် တဟုန်ထိုး ထွက်လာသောကြောင့် လေမော်လီကျူးများပင် လောင်ကျွမ်းသွားသလို ဖြစ်နေသည်။ လေထဲတွင် ညှော်နံ့များထွက်လာပြီး လက်သည်းကြီးသည် တာ့ဇီ၏ ၀မ်းဗိုက်ပိုင်းကို ဦးတည်ထားသည်။
တာ့ဇီ၏ လျှပ်စစ်အကြေးခွံများသည် အလွန်ပြင်းသော အပူချိန်နှင့် ထိတွေ့လိုက်သောအခါ မီးစများ ထွက်သွားသည်။ ကြီးမားသော အသံကြီးသည် တောအုပ်ထဲတွင် ပဲ့တင်ထပ် ပျံ့နှံ့သွားသည်။
ကြီးမားသော လက်သည်းကြီးသည် တာ့ဇီ၏ ၀မ်းဗိုက်နှင့် တိုက်မိသွားသည်။ သို့သော် တာ့ဇီ၏ မာကျောမှု အရိုးစွမ်းရည်ကို နတ်ဘုရားအဆင့်သားရဲ၏ လက်သည်းက ယှဉ်နိုင်စရာ မရှိပေ။ ထို့ကြောင့်တိုက်မိပြီးပြီးချင်းပင် လက်သည်းကြီးသည် အမည်းရောင် မြူမှုန်များအဖြစ် ပေါက်ကွဲထွက်သွားသည်။
ထိုအခါကျမှ ကောင်းဖန်တို့သည် သူတို့ကို တိုက်ခိုက်သည့် အောက်မှလူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တောအုပ်မြေပြင်တွင် မျက်နှာဖုံးတပ်ထားသော အမည်းရောင် ၀တ်စုံနှင့် လူများသည် သူ့ကို စိုက်ကြည့်နေကြသည်။ သူတို့၏ ကိုယ်ပိုင်သားရဲများကတော့ ထိုင်သည့် ကောင်ကထိုင် ရပ်နေသည့်ကောင်က ရပ်နေကြသည်။
လူပုံစံရှိသော အမည်းရောင် သဏ္ဍာန်ကြီးသည် သူတို့၏ အရှေ့တွင် ရပ်နေသည်။ သူ၏ လက်မောင်းကြီးများသည် သစ်တုံးကြီးများလို တုတ်ခိုင်လှသည်။ ထိုလက်မောင်းကြီးများ၏ အဆုံးတွင် လွှသွားလို ချွန်ထက်သည့် လက်သည်းကြီးများ ရှိနေသည်။ အမွှေးအမျှင် မရှိသော သူ၏ မျက်နှာသည် ပုံစံပျက်ယွင်းနေပြီး ခံစားချက်ကင်းမဲ့နေသည်။
“ငါ့လို ကြီးကျယ်မြင့်မြတ်သူကို ချုံချိုတိုက်ရဲတယ်ပေါ့” တာ့ဇီက တိုက်ခိုက်သူကို မျက်လုံးမှေးစင်းကြည့်ရင်း ပြောလိုက်သည်။ သူ့ဘေးတွင် လေနှင့် လျှပ်စီးများ စုဝေးလာသည်။ သူ၏ ရွှေခရမ်းရောင် နတ်ဘုရားအဆင့် အငွေ့အသက် စွမ်းရည်သည် တောက်ပစွာ ထွက်ပေါ်လာသည်။
“မင်းတို့ပဲရှိတာလား” ကောင်းဖန်က ဘေးဘီကို ကြည့်ရင်းမေးလိုက်သည်။ သူသည် တောထဲတွင် ပုန်းအောင်းနေဦးမလားဟု လိုက်ရှာနေမိသည်။ ထိုလူများကို လျှော့တွက်လို့ မဖြစ်နိုင်ပါချေ။
မျက်နှာဖုံးတပ်လူများကတော့ စိတ်ထဲ ကလိကလိ ဖြစ်နေကြသည်။ ငါတို့ပဲ ရှိတော့ရော ဘာဖြစ်လဲ.. မင်းမှာ ဘုရင်အဆင့်သားရဲတောင် မရှိပဲနဲ့.. ငါတို့က မင်းထက် လူပိုများတယ်ကွ.. အားလုံးက ညီတူမျှတူပဲ မွေးဖွားလာတာ.. ဘယ်သူမှ ထူးပြီး မြင့်မြတ်မနေဘူး.. မင်းကလည်း ဘာမှ ထူးကဲသာလွန်နေစရာ အကြောင်း မရှိဘူး..
မီးခိုးရောင် မုန်တိုင်းတစ်ခုသည် တောနက်ထဲမှ ထွက်ပေါ်လာသည်။ ထူးဆန်းသော မျက်လုံး ၃ လုံးပါသည့် ကျီးနက်ကြီးတစ်ကောင်သည် တောင်ပံဖြန့်ကျက်လာသည်။ သူ့ဘေးတွင် မရေမတွက်နိုင်သော ကျီးကန်းလေးများက ပျံလာသောကြောင့် ကျီးအာသံများဖြင့် ပြည့်နှက်နေသည်။ တောအုပ်ထဲတွင် မူမမှန်သေယ အငွေ့အသက်များ ပြည့်နှက်နေသည်။
ထောင့်တစ်ခုတွင်တော့ သစ်ပင်များသည် ရုတ်တရတ် လှုပ်ရှားသွားသည်။ ကြီးမားသော အမြီးကြီးသည် တောအုပ်ထဲတွင် ယမ်းခါနေပြီး သူလာရာလမ်းတစ်လျှောက် သစ်ပင်များပင်လဲပြိုကုန်သည်။ ကြီးမားသော ကင်းမြီးကောက်ကြီးသည် အစိမ်းရင့်ရောင် မျက်လုံးများနှင့်အတူ သတ္တုခန္ဓာကိုယ်ကြီး ရှိနေသောကြောင့် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ အမြီးပိုင်းသည် လေယာဉ်ပစ်ဒုံးကျည်လို အပေါ်ကို ချိန်ထားပြီး ထိပ်ပိုင်းတွင် ပူပြင်းသော အနီရောင် စွမ်းအင်များ ရှိနေသည်
ဈေးကြီးသော အပင်အမျိုးအစားသားရဲများကလည်း နေရာတိုင်းမှနေ၍ များပြားစွာ ထွက်ပေါ်လာသည်။ ရေညှိပင်ကြီးတစ်ခုသည် သူ့အောက်မှ အပင်လေးများကို စားသုံးလိုက်ပြီးနောက် ကြီးမားလာပြီး၊ မျက်လုံး ၃ လုံး ကျီးကန်း၊ ကင်းမြီးကောင်၊ ငရဲမီးပြင်းဖိုသားရဲတို့နှင့်အတူ အသင့်အနေအထားပြင်လိုက်သည်။
ကောင်းဖန်သည် နတ်ဘုရားအဆင့် သားရဲ ၄ ကောင်၏ ဝိုင်းထားခြင်းကို ခံနေရသည်။ ထိုသူများသည် ကိုယ်ပိုင်သားရဲများကို ကောင်းကောင်းလေ့ကျင့် ထားပုံရသည်။
ကောင်းဖန်သည် သားရဲများ၏ အချက်အလက်များကို တုန်လှုပ်ချောက်ခြားခြင်း ကင်းမဲ့စွာဖြင့် ဖတ်ကြည့်လိုက်သည်။
[သားရဲအမည်] - ငရဲမီးပြင်းဖို
[သားရဲအဆင့်] - အဆင့် ၄၉ (နတ်ဘုရားအဆင့်)
[သားရဲစွမ်းရည်] - ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - မီး
[သားရဲဖော်ပြချက်] - မီးပြင်းဖိုမှ ပေါက်ဖွားလာသော ဝိဉာဉ်ဖြစ်ပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ နာကျင်မှုကို ကြာရှည်ခံစားနေရသောကြောင့် စိတ်ဆိုးဒေါသထွက်လွယ်သည်။ သူရဲကောင်းနှင့် မင်းသမီးလေးတို့ပါ၀င်သော ၀တ္တုများ၊ ရုပ်ရှင်များကို ကြိုက်နှစ်သက်ပြီး ၀မ်းနည်းစရာ ဇာတ်သိမ်းများကို မုန်းတီးသည်။
—
[သားရဲအမည်] - မျက်လုံး ၃ လုံးပါ ကျီးကန်းဗိုလ်ချုပ်
[သားရဲအဆင့်] - အဆင့် ၄၇ (နတ်ဘုရားအဆင့်)
[သားရဲးစွမ်းရည်] - အလွန်ကောင်း
[သားရဲအမျိုးအစား] - ကျိန်စာ
[သားရဲဖော်ပြချက်] - များပြားလှသော အုတ်ဂူများမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သူပေါက်ဖွားရာ နေရာမှ စွမ်းအင်အငွေ့အသက်များကို စုပ်ယူပြီးနောက် ရန်သူကို ကျိန်စာတိုက်ပြီး တိုက်ခိုက်သည့် စွမ်းရည်ကို ပိုင်ဆိုင်လာသည်။ အသေကောင်များအား စားသုံးရသည်ကို ကြိုက်နှစ်သက်သည်။
—
[သားရဲအမည်] - ရေဒီယိုသတ္တိကြွ ကင်းမြီးကောက်
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအဆင့်] - အဆင့် ၄၆ (နတ်ဘုရားအဆင့်)
[သားရဲအမျိုးအစား] - လျှပ်စစ်
[သားရဲဖော်ပြချက်] - ဒေလီကန္တာရတွင် နျူကလီးယား ပေါက်ကွဲမှုဖြစ်ပြီးနောက် အသွင်ပြောင်းခဲ့သော ကင်းမြီးကောက်ဖြစ်သည်။ ရေဒီယိုသတ္တိကြွနေသော အရာများကို စားရသည်ကို ကြိုက်နှစ်သက်သည်။
—
[သားရဲအမည်] - မျိုးကွဲရေညှိပင်
[သားရဲစွမ်းရည်] - သာမာန်
[သားရဲအဆင့်] - အဆင့် ၄၈ (နတ်ဘုရားအဆင့်)
[သားရဲဖော်ပြချက်] - အပင်အမျိုးအစားသားရဲ ဖြစ်ပြီး အခြားသော အပင်များကို စားသုံးကာ ရှင်သန်သည်။ သူ၏ တိုးတက်မှာအတွက် အာဟာရများအားလုံးကို စုပ်ယူနိုင်စွမ်းရှိသည်။ အဖွဲ့သားများကို ကူညီရန် သူ့ကိုယ်သူ အကောင်သေးလေးအဖြစ် ပြောင်းလဲပြီး တွယ်ကပ်လိုက်ကာ အထောက်အပံ့ပေးနိုင်သည်။
ကျီးကန်းကြီးသည် ကျယ်လောင်စူးရှစွာ အော်လိုက်သည်။ ထိုအသံသည် ဖန်စကြီး ၂ ခု တိုက်မိလိုက်သံနှင့်ပင်တူသေးသည်။
ထိုစဉ် ရုတ်တရတ် ကောင်းဖန်၏ ကိုယ်ထဲမှ ခွန်အားများအားလုံးသည် အပြင်ကို ထွက်သွားသလို ခံစားလိုက်ရသည်။ သူ၏ ခြေလက်များသည် ဂျယ်လီဆုံးများလို ခံစားနေရသည်။ ကျိန်စာဆိုတာ ဒါပါလား.. ကောင်းဖန်က တွေးမိလိုက်သည်။
တာ့ဇီ၊ ခြင်္သေ့ဖြူနှင့် အဖြူရောင်သားရဲတို့သည်လည်း ထိုကဲ့သို့ ခံစားနေရပုံပေါ်သည်။
ရုတ်တရတ် ကောင်းဖန်၏ ကိုယ်ပေါ်သက်ရောက်နေသော စွမ်းရည်သည် အပြင်ကို ထွက်လာပြီး မိုင်ပေါင်းရာချီ ဝေးကွာသည့် နေရာတွင် ရှိနေသော အစင်းလေးဆီသို့ ရောက်သွားသည်။
အိမ်အနောက်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော အစင်းလေးသည် နှာတစ်ချက်ချေပြီး လန့်နိုးလာသည်။ ကောင်းဖန်က ငါ့အကြောင်းများ တွေးနေတာလား.. ထို့နောက် အစင်းလေးသည် ဘာမှမဖြစ်ခဲ့သလိုပင် ပြန်အိပ်ပျော်သွားသည်။
တာ့ဇီ၏ အစွမ်းသည် ၃ ရာခိုင်နှုန်း ကျသွားပြီး အဖြူရောင်သားရဲကတော့ ၅ ရာခိုင်နှုန်း ကျသွားသည်။
ခြင်္သေ့ဖြူကတော့ သူ့လက်လေးများကို မယုံနိုင်စွာဖြင့် ကြည့်နေသည်။ “ငါက ၁ ရာခိုင်နှုန်းပဲ ကျတာလား”
“မဆိုးပါဘူး” ကောင်းဖန်က ပြုံးရင် ပြောလိုက်သည်။
တာ့ဇီသည် ကောင်းဖန်နှင့် ခြင်္သေ့ဖြူတို့စကားပြောနေတာကို စွေစောင်းပြီး ကြည့်လိုက်သည်။ ကြည့်စမ်းပါဦး.. ရယ်မောပြီး စကားပြောနေလိုက်ကြတာ.. ငါမရှိနေတဲ့အတိုင်းပဲ..
တာ့ဇီသည် ရုတ်တရတ် သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ “ဘုရားရေ.. ငါ့အစွမ်းက ၃ ရာခိုင်နှုန်းတောင် ကျသွားပြီ.. ငါဘယ်လိုလုပ်ရမလဲ.. ကောင်းဖန်ရေ.. ငါသေတော့မှာလား..” တာ့ဇီက သနားစရာလေသံကို တမင်လုပ်ယူ၍ ပြောလိုက်သည်။
ကောင်းဖန်က တာ့ဇီ၏ ချိုကို ပွတ်ပေးရင်း ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ကင်းခြေများ အရူးကောင်လေးရဲ့.. ခဏပဲ ဖြစ်တာပါ.. မကြာခင်စွမ်းအင် အပြည့် ပြန်ရသွားလိမ့်မယ်”
တာ့ဇီက စိုးရိမ်မကင်း ဖြစ်နေသောရုပ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကြီးမားသော အတောင် ၆ ခုပါသားရဲကြီး ထိတ်လန့်နေပုံကို မြင်ရသောအခါ ခေါင်းဆောင်ဆိုသူက သူ့အဖွဲ့သားများကို လှည့်ပြောလိုက်သည်။ “ဟိုကောင်ကြီးက အခုတည်းက ကျိန်စာသင့်ပြီး ရူးနေပြီ.. အခုငါတို့ အခွင့်အရေးပဲ.. တိုက်ခိုက်ဖို့ အာရုံစိုက်ထားကြ”
နတ်ဘုရားအဆင့်သားရဲကြီး ၃ ကောင်သည် နေရာ ၃ ခုမှ ဦးတည်တိုက်ခိုက်လိုက်ကြသည်။ ကင်းမြီးကောက်ကြီးသည် သူ၏ အနီရောင်အမြီးထိပ်ကြီးမှ နေ၍ ရောင်ခြည်များထုတ်လွှတ်ကာ လာနေသည်။ ငရဲမီးပြင်းဖိုသားရဲက သူ၏ လက်သည်းများကို ထိခတ်လိုက်သည်။ ထိုအခါ အဆုံးမရှိသော မီးတောက်များသည် တောအုပ်ထဲ ပျံ့နှံ့သွားပြီး တာ့ဇီဆီသို့ မီးတောက်များစွာဖြင့် တိုက်ခိုက်လိုက်သည်။ ကျီးကန်းကြီးကလည်း တောင်ပံများကို ဖြန့်ကာ တာ့ဇီထံ တဟုန်ထိုးလာနေသည်။
“ငါ့တာ၀န်ထားလိုက်” တာ့ဇီက အံကြိတ်ပြောလိုက်ုသည်။
တာ့ဇီသည် သူ၏ တောင်ပံ ၆ ခုကို အမြန်ခတ်လိုက်သောအခါ ကောင်းကင်တွင် လျှပ်စီးအက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာသည်။ အဖြူရောင်သားရဲနှင့် ခြင်္သေ့ဖြူတို့သည် တာ့ဇီကျောကို တင်းကြပ်စွာ ဖက်ထားသည်။
ထို့နောက် မိုးကြိုးပစ်သံများ လေထုထဲတွင် ပြည့်နှက်သွားသည်။ နောက်ဆုံးတွင် ပဲ့တင်သွားသောအသံကြီးမှာ ကောင်းကင်ဘုံအထိပင် ရောက်သွားတော့မည် ထင်ရသည်။ ထို့နောက် ချက်ချင်းပင် လျှပ်စီးတိမ်တိုက်များ ဖြစ်ပေါ်လာသည်။
ထို့နောက် မိုးကြိုးလျှပ်စီးသံများနှင့်သာ ထိုတောအုပ်တွင် ပြည့်နှက်သွားတော့သည်။ တောင်ကုန်းပေါ်တွင်တော့ ချန်ဟဲ့ချောင်တို့ အုပ်စုသည် ထိုမြင်ကွင်းများပို ပါးစပ်အဟောင်းသား ကြည့်နေကြသည်။
လျှပ်စီးများသည် မြေပြင်သို့ ကျလာသောအခါ သစ်ပင်များသည် ခရမ်းရောင် ရောင်ခြည်၏ ထိုးခွင်းမှုကို အလူးအလဲ ခံနေရသည်။ ကင်းမြီးကောက်ကြီး၏ အလင်းတန်းနှင့် တိုက်မိသောအခါတွင်လည်း ကြီးမားသော အသံကြီးများ ဖြစ်ပေါ်လာသည်။ အနီရောင်နှင့် ခရမ်းရောင်တို့ ပေါင်းစပ်မှုကြောင့် အလွန်ပင် လှပသော အလင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။
အခြားသော လျှပ်စီးကြောင်းများကလည်း နတ်ဘုရား၏ လှံတံများလို ကောင်းကင်မှ ပြုတ်ကျလာနေသည်။
ကျီးကန်းကြီး၏ တောင်ပံသည် လျှပ်စီးကြောင်းဒဏ်ကြောင့် ကျိုးပဲ့သွားသည်။ လျှပ်စီးများသည် ကျီးကန်းကြီးပေါ်သို့ မိုးများသဖွယ် ရွာသွန်းနေသည်။
တာ့ဇီသည် လေထဲတွင် ပျံနေရင်း လျှပ်စီးနတ်ဆိုးကြီးသဖွယ် ကြည့်နေသည်။ ထိုမြင်ကွင်းသည် အိပ်မက်ဆိုးကြီးသဖွယ် သွေးပျက်ခြောက်ခြားရာ ကောင်းလှသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၆၃ ဒီတစ်ခေါက်တော့ ရှာတွေ့နိုင်ပါတယ်
ငါတို့ရဲ့ တိုက်ခိုက်မှုတွေအားလုံးကို သူက ပိတ်ဆို့နိုင်တာလား.. အမည်းရောင်၀တ်ရုံနှင့် လူသည် အနည်းငယ် တုန်လှုပ်သွားသည်။
သူတို့၏ နတ်ဘုရားအဆင့်သားရဲများသည် သူတို့၏ ရန်သူထံ စွမ်းအားအမြင့်ဆုံးဖြင့် လာနေကြခြင်း ဖြစ်သည်။ ထို ၃ ကောင်လုံးသည် အခြားသော နတ်ဘုရားအဆင့် သားရဲများနှင့် ယှဉ်လျှင်ပင် အလွန်စွမ်းအားကြီးသော သားရဲများ ဖြစ်ကြသည်။
ဒီကောင်က ဘယ်လိုဖြစ်လို့ ငါတို့သားရဲ ၃ ကောင်လုံးရဲ့ ပူးပေါင်းတိုက်ခိုက်မှုကိုတောင် အလွယ်တကူ တုံ့ပြန်နိုင်နေရတာလဲ.. အခြေအနေ မကောင်းဘူး..
သူတို့၏ ခေါင်းပေါ်မှ ကောင်းကင်တွင် လျှပ်စီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် တောအုပ်တစ်ခွင်တွင် ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွားတော့သည်။ အတော်ကြာပြီးနောက်မှ ပေါက်ကွဲမှုများ ငြိမ်သက်သွားပြီး သစ်ပင်အတော်များများသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ မြေကြီးများသည်လည်း အက်ကွဲနေပြီး အက်ရာများကြားထဲမှ မီးခိုးငွေ့များ ထွက်ပေါ်နေသည်။
မီးခိုးများကြားထဲတွင် အနီရောင်၊ လိမ္မော်ရောင်နှင့် အစိမ်းရောင် အကာအကွယ်များကို မြင်နေရပြီး ထိုအကာအရံများသည် အမည်းရောင်၀တ်ရုံခြုံလူများကို ကာကွယ်ပေးထားကြခြင်း ဖြစ်သည်။
“တိုင်ရာနော့ မာဆာကာဒိုရဲ့ ကိုယ်ပိုင်သားရဲတွေက ဒီလောက် မီးစွမ်းအားတောင် ရှိမယ်မထင်ဘူး” ခေါင်းဆောင်ဖြစ်သူက ဂျပန်ဘာသာစကားဖြင့် ပြောလိုက်သည်။
ကောင်းဖန်သည် သူတို့ဘာကို ပြောတာလဲ နားမလည်သော်လည်း သူတို့ပြောနေသည့် ဘာသာစကားကိုတော့ သိလိုက်သည်။ ဂျပန်ကလူတွေလား.. ကောင်းဖန်သည် ဒေါသထွက်သွားသည်။
“မင်းတို့လူတွေ ထပ်ရှိကြသေးလား.. မရှိတော့ရင်တော့ မင်းတို့ အကုန်သေပြီသာမှတ်” ကောင်းဖန်က အနက်ရောင်၀တ်ရုံခြုံထားသော သူများကို ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။ သူပြောတာကို ထိုသူများ ကောင်းကောင်းနားလည်ကြမည် ထင်ပါသည်။
သူတို့ အားလုံးသည် အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် “ချီတက်” ဟု ပြိုင်တူအော်လိုက်ကြပြီး အသေရရ အရှင်ရရ တိုက်ခိုက်တော့ဖို့ ပြင်ဆင်လိုက်ကြသည်။
သူတို့၏ ကိုယ်ပိုင်သားရဲများသည် တာ့ဇီထံသို့ တွေဝေခြင်း မရှိ တဟုန်ထိုးလာနေကြသည်။ သူတို့သည် တာ့ဇီ၏ ကြီးမားသော စွမ်းအင်ကို ခံစားမိပြီး ဖြစ်သော်လည်း ရွေးချယ်စရာမရှိသောကြောင့် အနီးကပ်တိုက်ခိုက်ဖို့ အာရုံစိုက်လိုက်ကြသည်။
အဖြူရောင်ဓားသွားသားရဲသည် တာ့ဇီကျောပေါ်မှနေ၍ တိတ်တဆိတ် ဆင်းသွားလိုက်သည်။ ထို့နောက် အတောင်ပံအား တစ်ချက်ခါလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ကိုယ်ပိုင်သားရဲ ၃ ကောင်သည် ထင့်ခနဲ ခံစားချက်ကို ပြိုင်တူရရှိလိုက်ကြသည်။ ငရဲမီးပြင်းဖို သားရဲက ထိုခံစားချက်ကို အရင်ဆုံး ရရှိလိုက်ခြင်း ဖြစ်သည်။ သူသည် တစ်ချက်ဟိန်းဟောက်လိုက်ပြီး သူ့သခင်ဆီ ချက်ချင်း ပြေးသွားလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
အဖြူရောင်ဓားသွားသားရဲသည် လေ့ကျင့်သူများ၏ ရှေ့တွင် ရုတ်တရတ် ပေါ်လာသည်။ သူသည် ဓားသွားကို ကြက်ခြေခတ်ပုံစံလုပ်ထားသည်။ ထို့နောက် လေ့ကျင့်သူ၏ ခေါင်းသည် သွေးများပန်းထွက်ကာ ပြန်ထွက်သွားပြီး လေထဲတွင် ဝဲပျံသွားသည်။
အဖြူရောင်ဓားသွားသားရဲ၏ တိုက်ခိုက်မှုကို မြင်လိုက်ရသောကြောင့် ကျန်သော လေ့ကျင့်သူ ၂ ယောက်သည် ချက်ချင်းပျောက်သွားကြသည်။ တစ်နေရာရာသို့ စိတ်စွမ်းအင်ဖြင့် သူတို့ကိုယ်သူတို့ ပို့ဆောင်လိုက်ကြပုံရသည်။
မတူညီသော သားရဲလေ့ကျင့်သူများတွင် မတူညီသော စွမ်းရည်များ ရှိကြသည်။ ပျောက်ကွယ်သွားသော လေ့ကျင့်သူများသည် ယခုနေရာတွင် ရှိနေသော ကိုယ်ပိုင်သားရဲများဘေးတွင် ပေါ်မလာသောကြောင့် သူတို့တွင် အခြားသားရဲများလည်း ရှိနေကြပုံရသည်။
ကောင်းဖန်သည် ထိုစွမ်းအင်များအကြောင်းကို သိထားသည်။ ဟွမ်းယာသည်ပင် ထိုကဲ့သို့စွမ်းအင် တစ်ခု ထွက်ရှိထားပြီး သူကတော့ ထူးခြားကာကွယ်မှုဟု ထိုစွမ်းအင်ကို နာမည်ပေးထားသည်။ လေ့ကျင့်သူတစ်ယောက်က သေစေလောက်သော ထိခိုက်မှုတစ်ခုခု ဖြစ်လာပြီဆိုလျှင် ထိုစွမ်းအင်က အလိုအလျောက် ထွက်ပေါ်လာပြီး သူတို့၏ ကိုယ်ပိုင်သားရဲ တစ်ကောင်ကောင် ရှိရာ အခြားတစ်နေရာသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
သို့သော် ထိုကဲ့သို့ ဖြစ်ဖို့ အတွက် သူတို့၏ ကိုယ်ပိုင်သားရဲသည် သတ်မှတ်ထားသော အကွာအဝေးတွင် ရှိနေဖို့တော့ လိုအပ်သည်။ အလှမ်းဝေးသော နေရာတွင် ရှိနေလျှင်တော့ ထိုစွမ်းအင်က သက်ရောက်မှုရှ်မှာ မဟုတ်ချေ။
အဖြူရောင် ဓားသွားသားရဲသည် သူ့ဓားသွားများကို အနံ့ခံလိုက်ပြီးနောက် ထိုအနံ့ရှိရာ တောအုပ်ထဲသို့ ချက်ချင်းလိုက်သွားလိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် သွေးဆူတက်ကြွနေပြီး မမြင်နိုင်လောက်အောင်ပင် လျင်မြန်လွန်းနေသည်။
ထို့နောက် သူ့မျက်ခုံးများမြင့်တက်သွားသည်။ တွေ့ပြီ..
အဖြူရောင် ဓားသွားသားရဲသည် အလင်း၏ အလျင်ကဲ့သို့ လေထဲတွင် မြန်ဆန်စွာ ပျောက်သွားသည်။
ငရဲမီးပြင်းဖိုသည် တိုက်ခိုက်လိုက်သော်လည်း လေကိုသာ တိုက်ခိုက်မိနေသည်။
“ကဲ.. တော်လောက်ပြီ ကစားတာတော်တော့.. တာ့ဇီ.. အားလုံးကို သတ်ပစ်လိုက်တော့” ကောင်းဖန်သည် ခြင်္သေ့ဖြူလေးကို ပွေ့ရင်း တာ့ဇီကျောပေါ်မှ ဆင်းလိုက်သည်။
တာ့ဇီသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ကောင်းဖန်က ဒီခြင်္သေ့ကို အမြဲချီထားတော့မှာလား.. ဒီကောင် ကြီးလည်းကြီးလာပါပြီ.. ဘာလို့ ကလေးလို လုပ်နေလဲ မသိဘူး.. မရှက်ဘူးလားမသိဘူး..
တာ့ဇီသည် သူ၏ နဂါးတောင်ပံများကို ခါလိုက်သည်။ ချက်ချင်းပင် ပြင်းထန်သော လျှပ်စစ်အလင်းလုံးကြီး ဖြစ်ပေါ်လာသည်။
သူ့ခေါင်းပေါ်မှ ချိုများသည် မျက်လုံး ၃ လုံးပါ ကျီးကန်းကို ရင်ဘတ်မှ ထိုးဖောက်လိုက်ပြီး ပြင်းထန်သော လျှပ်စစ်ပေါက်ကွဲမှုကို ပေးကျွေးလိုက်သည်။ လျှပ်စီးကြောင်းများသည် ကျီးကန်း၏ ကိုယ်တွင် ပျံ့နှံ့သွားပြီး ခရစ်စမတ်သစ်ပင်ကို မီးထွန်းထားတာနှင့်ပင် တူနေသည်။ ထို့နောက် လျှပ်စစ်ထုတ်လွှတ်မှုကို ရပ်လိုက်သောအခါ ကျီးကန်းသည် ဓာတ်လိုက်နေသူလို မြေပြင်ပေါ် ဆန့်ငင် ဆန့်ငင် ပြုတ်ကျသွားသည်။
ထို့နောက် တာ့ဇီသည် အမြီးကိုရမ်းလိုက်သောအခါ လွှသွားလို ချွန်ထက်နေသော အမြီးထိပ် ထွက်ပေါ်လာသည်။ သူ၏ အရှိန်နှင့်ဆိုလျှင် ထိုအမြီးကြီးသည် သံမဏိကိုပင် အလွယ်တကူ ထိုးဖောက်နိုင်စွမ်း ရှိလောက်မည် ထင်သည်။ ထိုအမြီးကြီးသည်သူ့ကို အနောက်ဖက်မှ ချောင်းတိုက်ဖို့ ပြင်ဆင်နေသော ငကဲမီးပြင်းဖို သားရဲကို လှည့်ထိုးလိုက်သည်။ ငရဲသားရဲသည် ထိုတိုက်ခိုက်မှုကို တားဆီးဖို့ လုပ်လိုက်သော်လည်း အမြီးကြီးသည် သူ၏ရင်ဘတ်ကို တည့်တည့်ထိုးဖောက်၀င်သွားသည်။
ထို့နောက် တာ့ဇီသည် ကင်းမြီးကောက်ဆီသို့ အေးစက်စွာ လှည့်ကြည့်လိုက်သည်။ ကင်းမြီးကောက်ကလည်း ငရဲသားရဲလို သွေးဆူလွယ်သူ ဖြစ်သည်။ မင်းဘာကြည့်တာလဲ ဟေ့ကောင်..
သူသည် အနိုင်ရနိုင်ချေ နည်းသည်ကို သိသော်လည်း တာ့ဇီကို တဟုန်ထိုး တိုက်ခိုက်လိုက်သည်။ တစ်မိနစ်ခန့်အတွင်းမှာပင် အသက်မရှိတော့သော ကင်းမြီးကောင်ကြီး၏ ကိုယ်သည် အောက်တွင် ပုံလျက်သားကျသွားသည်။
ရေညှိပင်သားရဲကလည်း သူ၏ ရဲဘော်ရဲဖက်များ သေကုန်သည်ကို တွေ့သောကြောင့် ချက်ချင်း ထွက်ပြေးဖို့ ပြင်လိုက်သည်။
သို့သော် သူသည် ရေညှိအမျိုးအစား သားရဲဖြစ်သောကြောင့် သူ့တွင် တခြားကပ်တွယ် စရာ ခန္ဓာကိုယ် တစ်ခု မရှိမချင်း တာ့ဇီလက်မှ လွတ်နိုင်မည် မဟုတ်ချေ။ ငရဲသားရဲတစ်ကောင်တည်းကသာ မသေသေးပဲ ကျန်ရှိသည့် တစ်ကောင်တည်းသော သားရဲဖြစ်သည်။
ငရဲသားရဲကတော့ ထွက်ပြေးဖို့ စိတ်ကူးမရှိချေ။ သူသည် အမုန်းတရားများ ပြည့်နေသာ့် မျက်လုံးများဖြင့် တာ့ဇီကို တိုက်ခိုက်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူ၏ ကိုယ်သည် ခံစားချက်ကင်းမဲ့နေပြီဖြစ်ပြီး သူ့မျက်လုံးထဲမှ ဒေါသမီးသည် သူ့ကိုယ်ပေါ်မှ မီးများထက်ပင် ပိုလောင်နေသည်ဟု ထင်ရသည်။
သူသည် အကြောက်တရားကို မပြသလို သိလည်း မသိတော့ပေ။ သူသည် တာ့ဇီပေါ်ကို ခုန်တက်လိုက်ပြီး ကုတ်ဖဲ့ကိုက်ဖြတ်လိုက်သည်။
တာ့ဇီက သူ့လက်သည်း တစ်ချောင်းဖြင့် ငရဲသားရဲကို ရိုက်ချလိုက်ပြီး နောက်တစ်ချောင်းဖြင့် ကျသွားသော သားရဲကို ပြန်ထမလာနိုင်အောင် မြေပြင်ပေါ်တွင် ဖိထားလိုက်သည်။ ထို့နောက် သူသည် ငရဲသားရဲကို မြေကြီးနှင့် ရှေ့တိုးနောက်ဆုတ် လှိမ့်နေတော့သည်။ တဖြည်းဖြည်းနှင့် ငရဲသားရဲ၏ အပေါ်ယံအရေပြားလွှာများ ကွာကျလာသည်။
စွမ်းရည်ကွာခြားသော သားရဲ ၂ ကောင်၏ ကွာခြားချက်ကို ထိုနေရာတွင် ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။ ထိုကဲ့သို့ အေးအေးလူလူတိုက်ခိုက်မှုသည် အလွန်စွမ်းအားကြီးသော သားရဲများတွင်သာ ဖြစ်နိုင်ပေသည်။
တာ့ဇီ၏ နှိပ်စက်ခြင်းကို ခံနေရသော ငရဲသားရဲသည် ကြာလာတော့ မခံနိုင်စွာဖြင့် တာ့ဇီလက်ကို တွန်းဖယ်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
သို့သော် တာ့ဇီသည် ပို၍ပင် ဖိချလိုက်လေရာ သူ၏ မေးရိုးနှင့် လက်မောင်းရိုးများ သွင်သွင်ကျိုးသွားတော့သည်။
သူသည် သွေးရူးသွေးတမ်းဖြင့် နာကျင်စွာ အော်ဟစ်နေသည်။ “ငါ-ငါနာမည်က အန်ဒါဆင်.. ငါ့နာမည်က အန်ဒါဆင်.. အန်ဒါဆင်”
“မကောင်းဆိုးဝါးကို ချေမှုန်းပစ်” ငရဲသားရဲသည် တစ်ချက်အော်ဟစ်လိုက်သောအခါ သူ၏ရင်ဘတ်ကြီးသည် ကျယ်ပြန့်လာသည်။ ထို့နောက် အက်ကွဲရာများ ဖြစ်ပေါ်လာပြီး ထူထဲသော အမဲရောင် မီးတောက်ကြီးများသည် သူ့ကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူသည် နောက်ဆုံးလက်ကျန်စွမ်းအင်ဖြင့် တာ့ဇီလက်ထဲမှ ရုန်းထွက်နိုင်လိုက်ပြီးနောက် တာ့ဇီရင်ဘတ်ရှိရာဆီ ခုန်တက်လိုက်သည်။ တာ့ဇီသည် နာကျင်စွယ အော်ဟစ်လိုက်သည်။ ငရဲသားရဲ၏ တစ်ကိုယ်လုံးတွင် အလွန်ပူပြင်းသော မီးတောက်များဖြင့် ပြည့်နှက်နေသည်။
ထို့နောက်--
မီးတောက်များသည် အေးခဲသွားသည်။ ထို့နောက် အပိုင်းအစများအဖြစ် ကွဲကြေသွားသည်။ ငရဲသားရဲ၏ ကိုယ်ပေါ်တွင် အက်ရာများဖြစ်လာပြီး အမည်းရောင် မီးတောက်များသည် လေလျော့သွားသော ပူဖောင်းလို တဖြည်းဖြည်း နည်းလာသည်။
ငရဲသားရဲသည် အနောက်ကို ဆုတ်လိုက်သည်။ သူ့မျက်လုံးထဲမှ ဒေါသများသည် ကွယ်ပျောက်လာပြီး သူ၏ သူငယ်အိမ်သည် ပုံမှန်အနေအထားဖြစ်လာသည်။ ထို့နောက် သူသည် တာ့ဇီနှင့် တည်ငြိမ်အေးချမ်းစွာ အကြည့်ချင်းဆုံလိုက်သည်။ သူ့မျက်လုံးသည် ကြည်လင်သန့်စင်နေသည်။
“မင်းသမီးလေး ဘယ်ရောက်နေတာလဲ.. သူတို့က မင်းကို ကူရှာပေးမယ်လို့ ပြောပေမယ့် မင်းမဟုတ်ဘူးဆိုတာ သိနေပါတယ်.. အဲဒါက မင်းနဲ့တူတဲ့ ရုပ်တူတစ်ခုပဲ” အန်ဒါဆင်က ငိုကြွေးရင်း ပြောလိုက်သည်။ “ငါငရဲမှာလောင်ကျွမ်းနေတုန်းကလည်း မင်းကို မရှာနိုင်ခဲ့ဘူး.. သက်ရှိကမ္ဘာမှာ ငါပြန်လည် ရှင်သန်လာတော့လည်း မင်းကို မရှာနိုင်ခဲ့ဘူး.. ဒီတစ်ခါတော့ ရှာတွေ့နိုင်တော့မယ်ထင်ပါတယ်..”
အန်ဒါဆင်သည် ဒူးထောက်ကျသွားသည်။ သူ့ခေါင်းသည် ရင်ဘတ်ဆီသို့ ငိုက်စိုက်ကျနေသည်။ မီးခိုးများသည် သူ့ကိုယ်ထဲမှ တလူလူ ထွက်နေသည်။
ထို့နောက် ပင့်တိုက်လိုက်သော လေနှင့်အတူ ငရဲမီးပြင်းဖို သားရဲလည်း လွင့်ပါပျောက်ကွယ်သွားတော့သည်။
တောအုပ်၏ ထောင့်တစ်နေရာမှ ရောက်လာသော အလင်းတန်းတစ်ခုသည် ကောင်းဖန်ရှေ့သို့ သတိမေ့နေသော အမည်းရောင်၀တ်ရုံ၀တ် လူ ၂ ယောက်ကို ပစ်ချပေးလိုက်သည်။
ကောင်းဖန်သည် ထိုသူ ၂ ယောက်ကို မေးမြန်းစုံစမ်းရတာ အချိန်ကုန်မည်မှန်း သိသော်လည်း အရှင်ဖမ်းခေါ်လာလိုက်ခြင်း ဖြစ်သည်။ သူသည် ဦးနှောက်ကြီးကိုသာ သူတို့ကို စားခိုင်းပြီး မှတ်ဉာဏ်များကို ပြန်ယူမှာ ဖြစ်သည်။ ကောင်းဖန်သည် ထိုအခြင်းအရာများကို လုပ်ပြီးနောက် ထိုသူများ၏ အကြောင်းများကို မွေးကတည်းက ခုချိန်ထိ ဘာတွေဖြစ်ခဲ့လဲ အသေးစိတ်သိသွားတော့မည် ဖြစ်သည်။
သူသည် သူ့ကို အဝေးက တစ်ယောက်ယောက်က မျှော်ကြည့်နေတယ်လို့လည်း ခံစားမိနေလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၆၄ မှတ်ဉာဏ်နှုတ်ခြင်း
တာ့ဇီလှည့်ကြည့်လိုက်သောအခါ ကောင်းဖန်သည် တောင်ကုန်းအောက်ခြေသို့ လျှောက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့တိုက်ပွဲစတင်ကတည်းက သမင်များသည် ထိုနေရာမှ ထွက်ပြေးသွားကြပြီး ဖြစ်သည်။ ချန်ဟဲ့ချောင်သည် တောင်ကုန်းပေါ်မှ ဒယီးဒယိုင်ဆင်းလာသည်။ သူသည် ကောင်းဖန်ဆီသို့ ရောက်သွားပြီး ကောင်းဖန်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “တောင်းပန်ပါတယ်.. ငါ” သူသည် တစ်ခုခု ပြောမည့်ဟန်ပြင်လိုက်သော်လည်း ဘာစကားမှ ထွက်မလာပေ။
ကောင်းဖန်သည် သူ့ကို ကြည့်လိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။ “ငါက သူတို့ရဲ့ တကယ့်ပစ်မှတ်လေ.. မင်းကမှ ကြားထဲမှာ ညပ်သွားခဲ့တာပါ.. ငါကတောင် ဒီလူတွေနဲ့ ငါနဲ့ အရှုပ်တော်ပုံကြား မင်းတို့ကို ညပ်စေမိလို့ တောင်းပန်ရဦးမှာပါ”
ချန်ဟဲ့ချောင်သည် ဘာပြန်ပြောရမှန်း မသိစွာဖြင့် ပြုံးပြလိုက်သည်။ ထို့နောက် လူလတ်ပိုင်း အရွယ်ရှိ လူတစ်ယောက်သည် ချန်ဟဲ့ချောင်နောက်မှ ထွက်လာသည်။ သူ၏ လက်မောင်းကြီးသည် သစ်တုံးလို တုတ်ခိုင်လှပြီး သူ့မျက်လုံးများသည် စူးရှသည်။ သူ့မျက်နှာပေါ်တွင် ဒဏ်ရာအနည်းငယ် ရှိနေသော်လည်း သူ့ပုံစံသည် ကျန်းကျန်းမာမာပင် ဖြစ်သည်။
“ခေါင်းကို မော့ထားပါ ကောင်လေး.. ဒါက အသေးစားလေးပဲ ရှိသေးတယ်.. ကပ်ဆိုးကြီးပြီးတာ ၅ နှစ်ပဲ ရှိပါသေးတယ်.. ငါတို့တွေ ပြန်ပြီး အကောင်းဆုံး ပြင်ဆင်ဖို့ အချိန်တွေ ရှိပါသေးတယ်” သက်လတ်ပိုင်းလူက ချန်ဟဲ့ချောင် ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
ချန်ဟဲ့ချောင်သည် သူ့ကို မော့ကြည့်လိုက်သည်။ သူသည် သူ၏ ကိုယ်ပိုင်သားရဲကို ဆုံးရှုံးလိုက်ရခြင်း အပေါ် ၀မ်းနည်းနေသည်။
ကိုယ်ပိုင်သားရဲကို ဆုံးရှုံးခြင်းသည် လေ့ကျင့်သူအပေါ် ကြီးမားသည့် သက်ရောက်မှုကို ဖြစ်စေနိုင်သည်။ သိပ္ပံပညာရှင်များ၏ စမ်းသပ်မှုအရ ကိုယ်ပိုင်သားရဲတစ်ကောင် သေသွားခြင်းသည် ကိုယ်ပိုင်သားရဲထံမှ ရရှိနေခဲ့သည့် လေ့ကျင့်သူ၏ ဝိဉာဉ်စွမ်းအင်ကို လျော့ပါးစေရုံသာမက အခြားသော စွမ်းရည်များပါ နိမ့်ကျသွားစေနိုင်လေသည်။
သို့သော် လေ့ကျင့်သူသည် သန်မာကြီးမားသော ဝိဉာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဆိုပါက ကိုယ်ပိုင်သားရဲသေလျှင်လည်း အကျိုးသက်ရောက်မှု သိပ်ရှိမည် မဟုတ်ချေ။ ထို့ကြောင့် အကျိုးသက်ရောက်မှုသည် အချိန်ကြာကြာတော့ မည်သူ့ထံတွင်မှ မဖြစ်ပေ။
“ကျုပ်တို့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်” သက်လတ်ပိုင်းလူက ပြောလိုက်သည်။ ထိုသူသည် သူ့အပေါ် အခြားသူများထက် နားလည်ပေးပြီး ကောင်းပေးသူ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် သားရဲမုဆိုး အဖွဲ့ကို ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“မင်းကိုယ်မင်း အပြစ်တင်မနေပါနဲ့.. ငါတို့ အားလုံးက ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး ဒီလူတွေကြောင့် ကိုယ်ပိုင်သားရဲတွေ ကိုယ်စီ ဆုံးရှုံးထားကြသူတွေချည်းပါပဲ.. ငါတို့တွေ ပျော့ညံ့ခဲ့တာကိုပဲ အပြစ်တင်ရမယ်.. ဒီလို အခြေအနေမှာ ရုန်းကန်နေထိုင် အသက်ရှင်နေဖို့က အဓိကပဲ.. ငါတို့လည်း သွေးရူးသွေးတန်းနဲ့ အသေခံ လိုက်တိုက်ခိုက်နေလို့မှ မရခဲ့တာ” သက်လတ်ပိုင်းလူက ပြောလိုက်သည်။
တကယ်တော့ ထိုသူသည် သူ့အဖေ ဖြစ်သည်။ ချန်ဟဲ့ချောင်သည် သူ့အဖေစကားကို ကြားသောအခါ ပို၍ပင် ခံစားချက်များ ပြင်းထန်သွားသည်။ ထို့နောက် သူသည် လက်သီးကို တင်းတင်းဆုပ်၍ အံကို ကြိတ်လိုက်သည်။ “ကျုပ်ရဲ့ လျှပ်စစ်၀က်ဝံသားရဲအတွက် သေချာပေါက် ကလဲ့စားချေမယ်.. ဘယ်လောက်ကြာကြာ လက်မလျှော့ဘူး.. လက်စားမချေရပြီးမချင်း မသေနိုင်ဘူး”
သက်လက်ပိုင်းလူကလည်း လက်သီးကို ဆုပ်ထားရင်း ကောင်းဖန်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူ၏ သားရဲမုဆိုး အုပ်စုကို ဦးဆောင်ကာ တောထဲမှ ထွက်သွားတော့သည်။
သူသည် လေတစ်ချက်ချွန်လိုက်သောအခါ မြေကြီးသည် တုန်ခါသွားပြီး ခဏကြာသောအခါ ကွန်မန်ဒါအဆင့် မြေတီကောင်နတ်ဆိုးကြီး ထွက်လာသည်။ သူသည် မြေကြီးထဲမှ ထွက်လာပြီးနောက် သက်လတ်ပိုင်း လူရှေ့သို့ ရောက်လာကာ အမိန့်နာခံမည့်ပုံဖြင့် နေနေလိုက်သည်။ သက်လတ်ပိုင်းလူသည် လုံး၀ထင်မထားသောကြောင့် အလွန်အံ့ဩနေသည်။
“ကျွန်တော်ပြန်ပို့ပေးပါရစေ” ကောင်းဖန်က ပြောလိုက်သည်။ ထိုသူသည် မငြင်းဆန်နိုင်တော့ပါပေ။
လမ်းတစ်လျှောက်တွင် ကောင်းဖန်သည် ထိုသူ၏ အမည်မှာ ချန်နျန်းဟွာဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် တိုင်းတစ်ပါးတွင် ကြီးပြင်းခဲ့သော တရုတ်အမျိုးသားဖြစ်ပြီး ကပ်ဆိုးကြီးပြီးနောက်မှ ပြည်မကြီးကို ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သားအဖ ၂ ယောက်သည် ထိုအချိန်တည်းက အတူရှိနေခဲ့ကြခြင်း ဖြစ်သည်။
ကောင်းဖန်သည် သူတို့ ၂ ယောက်ကို တောင်ပိုင်းကောင်းကင်တွင် အလုပ်လုပ်ဖို့ ကမ်းလှမ်းလိုက်သည်။ ကောင်းဖန်သည် ချန်နျန်းဟွာကို အထင်ကြီး လေးစားမိနေသည်။
“ကျုပ်တို့အားလုံး ဆုံးရှုံးခဲ့ပြီးပါပြီ.. ကျုပ်တို့ရဲ့ သားရဲမုဆိုး အဖွဲ့ကြီးလည်း ပျက်သုန်းသွားပြီးပြီ..အခုလည်း ဒီကောင်ကြီးနဲ့ သွေးစာချူပ်ကို ဖျက်လိုက်ပါပြီ” ချန်နျင်းဟွာက တီကောင်ကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။
သားရဲအများစုသည် ထိုချုံခိုတိုက်ခိုက်မှုတွင် အသက်မရှင်နိုင်ခဲ့ကြချေ။ တီကောင်ကြီး အပါအ၀င် အသက်ရှင်ကျန်သော သားရဲများသည် ပြန်ထွက်မခာကြတော့ပေ။
ထို့ကြောင့် သူ၏ ကိုယ်ပိုင်သားရဲကို ဆက်ပြီး အသက်ရှင်သန်စေနိုင်ဖို့ရာ ချန်နျင်းဟွာသည် တီကောင်ကြီးကို မြေကြီးထဲသို့ ပြန်လွှတ်လိုက်ပြီး သွေးစာချုပ်ကို ဖျက်လိုက်ခြင်း ဖြစ်သည်။
“မင်းကဘာလို့ ရှိနေသေးတာလဲ.. ငါမင်းကို သွေးစာချုပ် ချုပ်ရဖို့ တစ်ချိန်တုန်းက ထောင်ချောက်တောင် ဆင်ဖမ်းခဲ့တာလေ.. ဒီအတောအတွင်း မင်းက ငါ့အပေါ် အေးစက်စက်ဖြစ်နေတော့ မင်းငါ့ကို မုန်းနေတယ် ထင်နေတာပေါ့” ချန်နျင်းဟွာသည် သူ၏ ကိုယ်ပိုင်သားရဲက ပြန်လာပေးခြင်း အပေါ် မယုံနိုင်စွာဖြင့် ပြောနေလေသည်။
တီကောင်ကြီးသည် မြေပြင်တွင် ခွေကာ လှဲလျောင်းနေပြီး ထိုသူ၏ရင်ဘတ်ကို သူ့ခေါင်းနှင့် ခွေ့နေသည်။ သို့သော် ချန်နျင်းဟွာက ဘာမှမတုံ့ပြန်သောအခါ တီကောင်ကြီးသည် ချန်နျင်းဟွာ၏ လက်အောက်သို့ သူ့ခေါင်းကိုထားလိုက်သည်။
ချန်နျင်းဟွာသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူသည် အိတ်ကပ်ထဲမှ ဓားကို ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်တစ်ခုကို လှီးဖြတ်လိုက်သည်။ ထို့နောက် သူ့လက်ချောင်းကို တီကောင်ကြီး၏ ခေါင်းပေါ်သို့ တင်ထားလိုက်သည်။
“ခင်ဗျားရဲ့ ကိုယ်ပိုင်သားရဲက ခင်ဗျားနဲ့ ပြန်ပြီးသွေးစာချုပ် ပြန်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာကို တွေ့ရတာ ၀မ်းသာမိပါတယ်” ကောင်းဖန်က ပြုံး၍ပြောလိုက်သည်။
ခြင်္သေ့ဖြူသည် ကောင်းဖန်လက်ထဲမှ ဆင်းလိုက်ပြီး မြေပြင်ပေါ်မှ ရေညှိသားရဲဆီသို့သွားလိုက်သည်။ ရေညှိသားရဲသည် အေးခဲနေပြီဖြစ်သည်။ ခြင်္သေ့ဖြူသည် လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ ရေညှိသားရဲသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ခြင်္သေ့ဖြူသည် ထိုသို့ လုပ်ပြီးနောက် ကောင်းဖန်လက်ထဲသို့ ခုန်တက်ဖို့ပြင်လိုက်သည်။
ထိုအခါ နဂါးလက်သည်းတစ်ခုသည် သူ့ရှေ့တွင် ထွက်ပေါ်လာပြီး တာ့ဇီသည် သူ့ကို သတိပေးသလို ကြည့်လိုက်ကာ ခေါင်းကို ရမ်းပြလိုက်သည်။
တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းတွင် ကောင်းဖန်သည် ချန်ဟဲ့ချောင်တို့ အဖွဲ့ကို အ၀တ်အစားများလဲစေပြီး အနားယူခိုင်းကာ ရေနွေးနွေးလေးနှင့် ချိုးခိုင်းလိုက်သည်
“ဒီ လူ ၂ ယောက်ပဲ ပြန်ပါလာတာလား” ဂိုဒီက ပြောလိုက်သည်။ ထို့နောက်သူသည် တာ့ဇီကို မျက်လုံးထောင့်ကပ် ကြည့်လိုက်သည်။ “တာ့ဇီ မင်းအတော် ညံ့သေးတာပဲ ငါ့ပြိုင်ဖက်တော့ ဖြစ်လာနိုင်ဦးမှာ မဟုတ်ဘူးပဲ”
ကြည့်ရတာ ကောင်းဖန် ဒီတစ်ခေါက်ထွက်သွားတာ ဒီလူ ၂ ယောက်နဲ့ပဲ သွားတွေ့တာ ထင်တယ်.. ငါမလိုက်မိတာတော်သေးတာပေါ့.. မဟုတ်ရင် အချိန်ကုန်တော့မလို့.. ဂိုဒီက တွေးလိုက်သည်။
“မဟုတ်ပါဘူး.. ငါ နတ်ဘုရားအဆင့် သားရဲ ၃ ကောင်တောင် သတ်ထားခဲ့တာ.. ဟုတ်တယ်မလား ကောင်းဖန်” တာ့ဇီက ဒေါသတကြီး ပြောလိုက်သည်။
ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် တာ့ဇီက သူတစ်ကောင်တည်းနဲ့ နတ်ဘုရားအဆင့်သားရဲ ၃ ကောင်တောင် သတ်ခဲ့တာ”
“အိုး” ဂိုဒီသည် ထိုတော့မှ တာ့ဇီကို အံ့ဩလေးစားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်သူသည် တစ်ဖက်သို့ လှည့်ကာ သူ့အမွှေးပြောင် ဖင်တုံးကြီးကို ပြရင်း တဟားဟား ရယ်မောကာ ထွက်သွားတော့သည်။
ဒီဘဲ ဘယ်တီဗီအစီအစဉ်ကို စွဲနေပြန်ပြီလဲ မသိဘူး.. ကောင်းဖန်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
ဂိုဒီသည် စံအိမ်၏ ရုပ်ရှင်ရုံငယ်ထဲသို့ မကြာခဏခိုး၀င်ကာ ဘယ်သူမှ မရှိသည့် အချိန်များတွင် သူအကြိုက်ဆုံး ရုပ်ရှင်များကို သွားကြည့်လေ့ရှိသည်။ တကယ်တော့လည်း ကောင်းဖန်တို့ မြေးအဖိုးသည် ထိုအခန်းကို သုံးခဲလှသောကြောင့် ဂိုဒီအတွက် အကွက်ရနေခြင်း ဖြစ်သည်။
နောက်တော့ ကောင်းဖန်သည် သတိမေ့နေသော သူ ၂ ယောက်ကို ဖလိန်မီကျောပေါ်တင်ပေးလိုက်ပြီး မြစ်ကမ်းနံဘေးသို့ သွားလိုက်သည်။
မြစ်မျက်နှာပြင်တွင် ရေလှိုင်းများ ခက်ထန်နေသည်။ များပြားလှစွာသော ရေနေသတ္တဝါများသည် ရေမျက်နှာပြင်ပေါ်တွင် ထိုးထွက်နေကြသည်။ ဖလိန်မီသည် အောက်သို့ အေးစက်စွာ ကြည့်လိုက်သည်။
ထို့နောက် မြစ်ရေသည် ဘေးကို ထိုးခွဲသွားပြီး ဦးနှောက်ကြီးက ရေထဲမှ ထွက်ပေါ်လာသည်။ သူ့ဘေးတွင် သားရဲလေးများ ၀န်းရံထားသည်။ “ဖေဖေ ဖေဖေ..” သူတို့သည် ဘေးတွင် ဆူညံစွာ အော်ဟစ်နေကြသည်။ ကောင်းဖန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ပြောစရာစကားမဲ့နေသည်။
ငါ့ကိုယ်ပိုင်သားရဲတွေထဲမှာ ပုံမှန်ဖြစ်တဲ့ကောင် မပါတော့ဘူးလား.. တစ်ကောင်မှလည်း မူမမှန်ကြဘူး..
“သခင်.. ငါသူတို့ကို ကောင်းကောင်းမွေးထားတာ တွေ့လား” ဦးနှောက်ကြီးက ပျော်ရွှင်စွာ ပြောလိုက်သည်။ “နှုတ်ဆက်လိုက်ကြဦး ကလေးတို့.. မင်းတို့အဖိုးပဲ”
“အဖိုး.. အဖိုး..” သားရဲလေးများက အော်လိုက်ပြန်သည်။ ဦးနှောက်ကြီး၏ စိတ်ကူးပြောင်းစွမ်းရည်ကြောင့် ကောင်းဖန်သည် သားရဲလေးများ၏ အော်သံကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။
“ဒါက ဦးလေးဖလိန်မီ”
“ဦးလေး ဖလိန်မီ ဦးလေး ဖလိန်မီ” သားရဲလေးများက ပြိုင်တူအော်လိုက်ကြပြန်သည်။
“တော်တော့ ငါမင်းကို တစ်ခုလုပ်ခိုင်းမလို့.. မင်းလူတွေရဲ့ မှတ်ဉာဏ်တွေကို နှုတ်ယူနိုင်လား”
“လုပ်နိုင်တယ်.. ဒါပေမယ့် မလွယ်ဘူး.. တချို့သားရဲတွေက အဲဒီဒဏ်က်ု မခံနိုင်ပဲ ဦးနှောက်သေသွားကြတာတွေ ရှိတယ်” ဦးနှောက်က ရှင်းပြလိုက်သည်။
“အဲဒီလိုဆိုလည်း ရတယ်.. ငါဒီလူ ၂ ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဖတ်ချင်လို့.. ငါ့ကို သတ်ခိုင်းတာ ဘယ်သူလဲ သိချင်တယ်.. ဒီလူတွေကတော့ ချုံခိုတိုက်ခိုက်ဖို့လောက်ပဲ ဉာဏ်ရည်မှီတဲ့သူတွေဆိုတော့ သူတို့တော့ မဟုတ်တာသေချာတယ်”
***
စာစဉ် ၂၉ ပြီး၏။