← Chapters

အခန်း (၄၆၉-၄၇၂)

Vol. 30 Ch. 469-472

အခန်း (၄၆၉-၄၇၂)

Vol. 30 Ch. 469-472

အခန်း ၄၆၉ သစ်ပင်

ကောင်းဖန်သည် နိဟွန်း၏ ဘာသာစကားဖြစ်သော ဂျပန်စကားကို နားမလည်ပေ။ အခြေခံစာကြောင်းတွေလောက် ကိုသာ သူနားလည်နိုင်သည်။ ဟွာရှားဒေသက ရွာသားအများစု သိသော စာကြောင်းတိုလေးတွေလောက်သာ ဖြစ်သည်။

သို့သော် ဖုတ်ကောင်များအတွက်တော့ ဆက်သွယ်ပြောဆိုရာမှာ ပါးစပ်တွေ နားတွေက အဓိကမဟုတ်ပေ။ ဒါကြောင့်ပဲ မတူညီသည့် ကမ္ဘာ့ဒိုင်မေးရှင်းအမျိုးမျိုးက ဖုတ်ကောင်အမျိုးအစားသားရဲများက အချင်းချင်း ဆက်သွယ်နိုင်ကြခြင်းဖြစ်သည်။

ထို့ကြောင့် ကောင်းဖန်က ဒန်ဘီ့ကိုပဲ သူ့အစားမေးခွင့်ပြုထားလိုက်သည်။ ဒန်ဘီက ထိုတံငါသည်များ၏ ဘာသာစကားကို နားမလည်သော်လည်း သူတို့ဆီက ထုတ်လွှတ်သော ဝိဝိဉာဉ်လှိုင်းကတဆင့် ဘာပြောတယ်ဆိုတာကို စကားနဲ့ပြောလိုက်သလိုပဲ နားလည်နိုင်သည်။

တချို့ အင်အားကြီးသော သက်ရှိသတ္တဝါများက သူတို့၏ ဝိဝိဉာဉ်လှိုင်းကို ထိန်းချုပ်ထားနိုင်စွမ်းရှိသော်လည်း အားနည်းသော သားရဲများအတွက်မူခက်ခဲသည်။ ဒဏ္ဍာရီထဲက ဝိဝိဉာဉ်အမျိုးအစားသားရဲများ လူတို့၏ စိတ်ကိုဖတ်နိုင်သည်ဆိုသော အကြောင်းအရင်းမှာ သူတို့က ဝိဝိဉာဉ်လှိုင်းတွေကတဆင့် လူတို့၏အတွေးများကို သိနိုင်သောကြောင့်ဖြစ်သည်။

“ဒီနေရာက ဘယ်မှာလဲ”

တံငါသည်များ မရိုးမသား မလုပ်ဝံ့ကြပေ။ “ဒီနေရာက ရှာဆန်ကျွန်းလို့ခေါ်ပါတယ် ဆရာ”

“ရှာဆန်ကျွန်းတဲ့လား” ကောင်းဖန်က မြေပုံကို လှန်လိုက်ပြီး ရှာဆန်ကျွန်းကို ရှာတွေ့သွားသည်။ ရှာဆန်ကျွန်း မဟုတ်ဘဲ ရှာကျန်ကျွန်းဖြစ်သည်။

ဒါက နိဟွန်း၏ ကုန်းတွင်းပိုင်းမဟုတ်ပေ။ သို့သော် အဲဒီကနေ သိပ်မဝေးသော ကျွန်းတစ်ခုဖြစ်သည်။ ဒီကျွန်း၏ နာမည်က ကျန်သောက်လဲ့ကျွန်းဖြစ်ပြီး သမင်ကျွန်းမှ ပစ်လိုက်သည့် ကျောက်ခဲဟု အဓိပ္ပါယ်ရသည်။ သို့သော ကောင်းဖန်၏ ဦးတည်သည်နေရာနဲ့တော့ အတော်ဝေးသည်။

ဒီတစ်ခါ ကောင်းဖန်၏ ဦးတည်ရာက ကမ္ဘာပျက်ကပ်ပြီးနောက် နိဟွန်း၏ မြို့တော်ဖြစ်နေသေးသော ရှီကျင်းဖြစ်သည်။ သူရှာနေသော တိုင်ရာနော့မာဆာကာဒိုကလည်း ရှီကျင်းတွင်ပင် ရှိနေသည်။

ဒီ တိုင်ရာနော့မာဆာကာဒိုဆိုတာ ငါ ဒိုင်ဖြစ်ချင်ခဲ့တုန်းက ငါ့ကို ပယ်မဲပေးလိုက်တဲ့သူပဲ… ကောင်းဖန် မှတ်မိသွားသည်။ သူ့အမူအယာက အေးစက်သွားသည်။ အမှိုက်ကောင်ပဲ…

“မင်းတို့ ၂ ယောက်လုံးက သားရဲအမဲလိုက်နေတာလား” ကောင်းဖန် နဂါးကျောပေါ်က ဆင်းလိုက်သည်။ တံငါးသည်များက အဖြူရောင်အသားများဖြင့်ပြည့်နေသော ခြင်းတောင်းများကို သယ်ထားတာ သူတွေ့လိုက်သည်။

ဒန်ဘီ ဘာသာပြန်ပေးပြီးနောက် တံငါသည်များက အမြန်ပြန်ဖြေသည်။ “ ဒါတွေက အဖြူရောင်ခရုသားတွေပါ သခင်… နေသာရင် သူတို့က ပင်လယ်ထဲကနေ ကျောက်ဆောင်ပေါ်တတ်လာပြီး နေပူဆာလှုံကြပါတယ်… မိုးရွာခါနီးရင် သူတို့ခန္ဓာကိုယ်က အဖြူရောင်အသားအပိုင်းတွေကိုဖော်ပြီး ပင်လယ်ထဲကို ပြန်တွားသွားကြပါတယ်… အဲဒီအချိန် ကျွန်တော်တို့က သူတို့ရဲ့အသားတွေကို ဆာရှိမိလုပ်ဖို့အတွက် ခြစ်ယူတာပါ”

ကောင်းဖန် ဒီလို တိုက်ခိုက်မှု မရှိတဲ့ သားရဲမျိုးကိုမမြင်ဖူးပေ။ လူတွေ ကြောက်နေစရာမလိုပဲ နီးနီးကပ်ကပ် ထိတွေ့နိုင်သည်အထိ ယဉ်ပါးသောသားရဲတချို့ရှိပေမယ့် ဓားနဲ့အခြစ်ခံရတာတောင် အေးဆေးညင်သာပုံရှိနေတဲ့ သားရဲမျိုးတော့ တစ်ခါမှ မကြားဖူးပေ။

[သားရဲအမည်] - ဆားဖြူခရုသားရဲ

[သားရဲအဆင့်] - အဆင့် ၁၇

[သားရဲစွမ်းရည်] - ပုံမှန်

[သားရဲအမျိုးအစား] - သတ္တု

[သားရဲ ဖော်ပြချက်] - ပင်လယ်ကမ်းခြေများတွင် နေထိုင်ကြသည်။ သူတိုခန္ဓာကိုယ်က ပင်လယ်မှ ဆားကို စုပ်ယူနိုင်သည်။ သူတို့ခန္ဓာကိုယ်ကို အသင့်တော်ဆုံး ခံစားချက်ဖြစ်အောင် နေပူဆာလှုံခြင်းဖြင့် ဆားကို ခန္ဓာကိုယ်က ပြန်ထွက်သွားစေသည်။ သွေးနဲ့အသားတွင် စားသုံးသူ၏ ကျေနပ်သာယာမှုဟိုမုန်းကို တိုးစေသည့် အဆိပ်ဓာတ်အနည်းငယ်ပါဝင်သည်။ စဥ်ဆက်မပြတ်စားသုံးခြင်းက သူ့အသားကို စွဲသွားစေနိုင်သည်။ စားသုံးမှုများလေ စားသုံးသူအနေဖြင့် ပိုပျော်လေဖြစ်လိမ့်မည်။ နောက်ဆုံးတွင် အဆိပ်ဓာတ်များစုသွားပြီး အကြောသေခြင်းဖြစ်စေကာ စားသုံးသူကို သားရဲ၏ ရုပ်သေးဖြစ်သွားစေလိမ့်မည်။

ကောင်းဖန် ခဏရပ်သွားသည်။ ခဏကြာတော့ ဒန်ဘီက ပြောသည်။ “ဒီအသားက တစ်ခုခုတော့ မဟုတ်သေးဘူး… နည်းနည်းပဲစား”

တံငါသည်များက မြန်မြန်ခေါင်းညိမ့်လိုက်ကြသည်။ “ဒါ ဒီနေ့ ကျွန်တော်တို့ရလာတာတွေပါ ဆရာ” သူတို့က ကောင်းဖန်၏ ခွင့်ပြုချက်အားတောင်းခံဖို့ ခြင်းတောင်းများကို ပေးလာသည်။

ကောင်းဖန်က လက်ကိုယမ်းလိုက်ပြီး လက်မခံပေ။ ဒါက တံငါသည်များကို စိတ်မအေးဖြစ်သွားစေသည်။

ကောင်းဖန်က ခေါင်းကို တိတ်ဆိတ်စွာ ခါလိုက်သည်။ မင်းတို့အသားတွေကို ယူဖို့ စိတ်ကူးမရှိပါဘူး…. ဒီတိုင်း စေတနာနဲ့ သတိပေးတာပါ…

“ရတယ်… မင်းတို့အဆင်ပြေသလိုလုပ်… မင်းတို့ဖမ်းလာတာတွေ ပြန်ယူသွားလိုက်… ငါမလိုချင်ဘူး”

တံငါသည်များက သူတို့ခြင်းတောင်းများကို ပြန်ယူပြီး ပျော်ရွှင်စွာသယ်သွားကြသည်။ ဒီအသားတွေက သူတို့စားမှာလည်းမဟုတ်တော့ ဘာပဲဖြစ်ဖြစ် သူတို့စိတ်ထဲမထားပေ။

တံငါသည်တွေပြောတဲ့ပုံအရ အနောက်မြောက်ဖက်သို့လျှောက်သွားရင် ဝက်ဝံမြို့ကို ဖြတ်သွားရလိမ့်မည်။ ထိုမြို့တွင် နတ်ဘုရားအဆင့်သားရဲ ၃ ကောင်ရှိသည်။ ဒီသားရဲ ၃ ကောင်ထဲက ၁ ကောင်၏ သားရဲလေ့ကျင့်သူက ဝက်ဝံမြို့ ဝက်ဝံဖြစ်သည်။

ဝက်ဝံမြို့ ဝက်ဝံက ဝက်ဝံမြို့၏ လာဘ်ကောင်ရုပ်ဖြစ်သည်။ ဒါက ဒီမြို့ကနေပြီးတော့ ဒဏ္ဍာရီအတွေ့အကြုံများဖြင့် ဖန်တီးထားသော နတ်ဘုရားလို သတ္တဝါဖြစ်သည်။ သူက အစကတော့ ပြတိုက်ပိုင် ပစ္စည်းတစ်ခုဖြစ်ခဲ့သည်။ ကမ္ဘာပျက်ကပ်ဖြစ်ပီး ၃ နှစ်အကြာတွင် ထူးဆန်းတာဖြစ်ခဲ့သည်။

“ဝက်ဝံမြို့ ဝက်ဝံက ရက်စက်ကြမ်းကြုတ်တယ်: တံငါသည်များက ကြောက်ရွံစွာပြောသည်။

“မနှစ်က ကမ်းခြေမှာ နွားရိုင်းသားရဲက ပြည်သူ ၂ ယောက်ကို သတ်လိုက်တယ်… အဲဒီနွားရိုင်းသားရဲကို သတ်လိုက်တာ ဝက်ဝံမြို့ ဝက်ဝံလေ”

ဝက်ဝံမြို့ကို ဖြတ်ပြီးနောက် သူတို့ ကျောင်းပိုကနေ ပြည်နယ်ကိုးခုကျွန်းမှ လေးနိုင်ငံကျွန်းသို့ရောက်အောင် စတင် ရွက်လွှင့်ကြသည်။ သူတို့ဆက်လက် ရွက်လွှင့်သွားနေကြပြီး ပန်ကျိုကျွန်းသို့ရောက်သွားကြသည်။ ရှီကျင်းက ဒီကျွန်းပေါ်တွင် တည်ရှိသည်။

နိဟွန်းက တခြားဒေသတွေနဲ့ ကွာခြားသည်။ လူဦးရေအလွန် ထူထပ်ပြီး နယ်မြေက မကြီးပေ။ အခြေစိုက်မြို့များ တည်ဆောက်ခြင်းက ဒုက္ခပိုများပြီး ဖိအားတွေပိုများလာစေလိမ့်မည်။ ထို့ကြောင့် ဖိအားများကို လျှော့ချရန် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးမြို့များဟု သိထားကြသော တိတ်ဆိတ်အေးချမ်းသည့် ရွာလေးများက ကာကွယ်ရေးကို ဖွဲ့စည်းခဲ့သည်။ အိမ်နီးချင်းမြို့များနှင့် အကွာအဝေးက အလွန်နီးကပ်နေပြီး တစ်ခုခုအရေးပေါ် အခြေအနေဖြစ်လျှင် ချက်ချင်းနီးပါး အကူအညီရနိုင်သည်။

အဝေးကနေရာများနဲ့ပတ်သက်လို့တော့ တံငါသည်များ ဘာမှမသိဘူးဖြစ်သည်။ အချက်အလက်တွေ သူတို့သိရင်တောင်မှ အတိအကျတော့ မဟုတ်ပေ။ အချက်အလက်ပိုသိရဖို့ အင်တာနက်က ရှာတာပိုကောင်းသည်။ ကောင်းဖန် တံငါသည်များကို အံသြစေခဲ့ပြီးနောက် ခရီးဆက်ခဲ့သည်။

နေ့တစ်ဝက်မဖြစ်ခင်ပဲ ပြည်နယ် ၉ ကျွန်းကို ဖြတ်လာခဲ့သည်။ ပြည်နယ် ၉ ခုကျွန်းနဲ့ ၄နိုင်ငံကျွန်းတို့ကြားက အကွားအဝေးက သိပ်မဝေးပေ။ ထို့ကြောင့် သူတို့မြန်မြန်ပဲ ၄ နိုင်ငံကျွန်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။

သူတို့ ၄ာနိုင်ငံကျွန်းသို့ရောက်သောအခါ ကောင်းဖန် တစ်ခုခုထူးဆန်းနေတာကို သတိထားမိသည်။ ပြည်နယ် ၉ခခုကျွန်းနဲ့မတူဘဲ ၄ နိုင်ငံကျွန်းက သားရဲများက ပိုပြီး ယဥ်ပါးပုံပေါက်သည်။

သူတို့နားက ငှက်သတ္တဝါလေးတောင် သူတို့ကို ကြောက်နေပုံမပေါ်ပေ။ တချို့က ကောင်းဖန်နဲ့တခြားသူများကို သိချင်စိတ်နဲ့တောင် ကြည့်လိုက်သည်။

သူတို့ မိုင်ရာချီဆက်ပြီး ပျံခဲ့ကြသည်။ အဝေးက တောင်ပေါ်တွင် ကောင်းကင်ကို ဖုံးနိုင်လောက်တဲ့အထိ ကြီးမားသည့် ဧရာမ ချယ်ရီပန်းပင်ကြီး ရှိနေသည်။ သစ်ပင်ကြီးက တောင်တစ်ခုလုံးကို ပတ်လည်ဝိုင်းထားပြီး ပထမတချက် ကြည့်လိုက်ရုံနဲ့တင် အံ့သြစရာဖြစ်နေသည်။

[သားရဲအမည်] - ချယ်ရီကောင်းကင်သစ်ပင်

[သားရဲအဆင့်] - အဆင့် ၅၄ (ဘုရင်အဆင့်)

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲအမျိုအစား] - သစ်သား

[သားရဲအားနည်းချက်] - မီး

[သားရဲစွမ်းအင်] - သစ်သားဒြပ်စင်များ ထိမ်းချုပ်ခြင့် အဆင့် ၅၊ အသက်လှုံ့ဆော်မှု အဆင့် ၃၊ ကုသခြင်းအဆင့် ၃၊ ငြိမ်းချမ်းသော အယောင်အဝါ အဆင့် ၄

[ထူးခြားသည့် ဝိသေသလက္ခဏာ] : သစ်သားရုပ်သေးရုပ် (သစ်ပင်အဖြစ် မွေးဖွာလာပြီး မြေထဲတွင် အမြစ်တွယ်နေသည်… လမ်းလျှောက်ချင်စိတ် ရှိသည်)

သက်ရောက်မှု ၁ - သူ့ခန္ဓာကိုယ်က သစ်သားရုပ်သေးရုပ်များ ထုတ်နိုင်သည်။ ရုပ်သေးများက ချယ်ရီပင်၏ စကားကိုပဲ နားထောင်သည်။ အလွန်မြန်သော အရှိန်ဖြင့် သူ့ဟာသူ လမ်းလျှောက်နိုင်သည်။ အလွန် အင်အားကောင်းပြီး မီးအလွန်ကြောက်သည်။

သက်ရောက်မှု ၂ - တခြားသက်ရှိသတ္တဝါများကို သစ်သားရုပ်သေးရုပ်အဖြစ်ပြောင်းပစ်လိုက်နိုင်သည်။ ရုပ်သေး၏ ခန္ဓာကိုယ်က သစ်သားအဖြစ်ပြောင်းသွားမည်ဖြစ်ပြီး ချယ်ရီပင်၏ ညွှန်ကြားချက်ကိုသာ လိုက်နာပေလိမ့်မည်။

[သားရဲ ဖော်ပြချက် - သန္ဓေပြောင်း ရှေးဟောင်းချယ်ရီပင်တစ်ပင်ဖြစ်သည်။ ငြိမ်းချမ်းခြင်းကို နှစ်သက်ပြီး လူတိုင်းသာတူ ညီမျှဖြစ်တဲ့ သဟဇာတဖြစ်သော ကမ္ဘာကြီးကို တည်ဆောင်နိုင်ဖို့ မျှော်လင့်သည်။ အကောင်းဆုံးဆုတောင်းဖြစ်သည်… သတ်ဖြတ်ခြင်းကိုမုန်းပြီး သူ့နယ်မြေထဲတွင် သတ်ဖြတ်မှုဖြစ်တိုင်း အပြစ်ပေးခံရမည်။

ငြိမ်းချမ်းခြင်းကိုချစ်တဲ့ ချယ်ရီပင်… သူတို့ ဒီကိုလာတုန်းက ဘယ်သားရဲမှ သူတို့ကို လာမတိုက်ခိုက်တာ အံ့သြစရာမဟုတ်တော့ပေ။ သူ့ရဲ့ ငြိမ်းချမ်းခြင်းအယောင်အဝါကြောင့်ဖြစ်သည်။ ဒီချယ်ရီပင်က ဘယ်တော့မှ မပြည့်နိုင်လောက်တဲ့ အိမ်မက်ဖြစ်သည့် ငြိမ်းချမ်းသော နိုင်ငံကို တည်ဆောက်လိုသည်။

“ဒီလောက်အဝေးကြီးကလာတဲ့ ဧည့်သည်တွေနဲ့ စကားပြောရအောင်” ချယ်ရီပင်က ကောင်းဖန်နဲ့ ဒန်ဘီအား ဝိဝိဉာဉ်လှိုင်းကတဆင့် စကားပြောကြဖို့ ဖိတ်ခေါ်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၀ စစ်သည်တော်နဲ့ ဆာ့ချ်

ထိုအသံကို ကြားလိုက်ရတော့ ကောင်းဖန် အရိုးစုနဂါးကို မြေပြင်သို့ဆင်းဖို့ အမိန့်ပေးလိုက်သည်။

ချယ်ရီပင်၏အမြစ်များက တောင်ပေါ်ကို တင်းကြပ်စွာ တွယ်ထားပြီး တောင်စောင်းတလျှောက်တွင် သစ်ပင်၏ နွယ်ထူထူများကို မြင်နေရသည်။ ချယ်ရီပင်၏အောက်ခြေတွင် အနီရောင်ခေါင်မိုးများ၊ အဖြူရောင်နံရံများနဲ့ ဝတ်ပြုကျောင်းဆောင်တစ်ခုရှိနေသည်။

မီးခိုးရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော ဘုန်းကြီးတစ်ပါးက ကျောင်းဆောင်ရှေ့က ရွက်ကြွေများကို တိတ်ဆိတ်စွာ လှဲကျင်းနေသည်။ ဘုန်းကြီးက အရိုးစုနဂါး၏ကျောပေါ်ကနေ မြေပေါ်သို့ သက်ဆင်းလာသော ကောင်းဖန်ကို မြင်သောအခါ တည်ငြိမ်စွာဖြင့် တံမြတ်စည်းကို နံရံတွင် ထောင်လိုက်ပြီး ကောင်းဖန်အား ခေါင်းညွတ်ပြရင်း “ခဏစောင့်ပါဦး ဆရာ” ဟုပြောသည်။

ခဏကြာသောအခါ အနီရောင်ဝတ်ရုံကိုဝတ်ထားသော ဘုန်းကြီးနောက်တစ်ပါး ထွက်လာပြီး ကောင်းဖန်အား ကြိုဆိုသည်။ ကောင်းဖန်က ဒန်ဘီနဲ့ ခြင်္သေ့တို့ကိုပါ တစ်ပါတည်း ကျောင်းဆောင်တွင်းသို့ ခေါ်သွားသည်။ လျှောက်လမ်းရှိ ရှုခင်းက အလွန်လှပသည်။ သစ်ပင်များနဲ့ ပြည့်နေသည့် အေးချမ်းတိတ်ဆိတ်သော ဥယျာဥ်ထဲ တွင် အဖြူရောင်သဲစမ်းချောင်းတစ်ခုက ခြံဝန်း၏ တစ်ဝက်လောက်ကို ဖြတ်သန်းပြီး စီးဆင်းနေသည်။ ကျောက်စလစ်ခဲလေးများက ပိုလှသွားအောင် အလှဆင်ပေးနေကြသည်။

ဘုန်းကြီးက ကောင်းဖန်ကို အပြုံးနဲ့ကြည့်လိုက်သည်။ သူလက်ဖဝါး ၂ ဖက်ကိုစုလိုက်ပြီး ကောင်းဖန်ကို ဦးညွတ်ကာ “နိဟွန်းက ကြိုဆိုပါတယ်” ဟုပြောလိုက်သည်။

ကောင်းဖန်ကလည်း သူလက်ဖဝါးကို စုလိုက်ပြီး ဘုန်းကြီးအားပြန် အရိုအသေပေးလိုက်သည်။ “အနှောက်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”

“ယွမ်ယိ သန့်ရှင်းရေးဆက်လုပ်ပါ” အနီရောင်ဝတ်ရုံနဲ့ ဘုန်းကြီးက မီးခိုးရောင်ဝတ်ရုံနဲ့ ဘုန်းကြီးအား တီးတိုးပြောလိုက်သည်။ ယွမ်ယိက မြန်မြန်ခေါင်းညိမ့်လိုက်ပြီး ထွက်သွားသည်။

အနီဝတ်ရုံနဲ့ဘုန်းကြီးက ကောင်းဖန်ပုခုံးပေါ်က ခြင်္သေ့နဲ့ ကောင်းဖန်နောက်တွင် ရပ်နေသော ဒန်ဘီတို့အား အရိုအသေပေးလိုက်သည်။ “ဒါက မသေဆုံးခြင်းကပ်ဆိုးရဲ့ အရှင်မှန်း ကျုပ်တို့မသိခဲ့ဘူး”

သူက အသက် ၅၀ ဝန်းကျင်လောက်ရှိပြီဟုထင်ရသည်။ မျက်လုံးဘေးတွင် အရေးအကြောင်းများရှိနေပြီး နှစ်လိုဖွယ်အေးချမ်းသော ပုံစံရှိသည်။ ဂုဏ်သိက္ခာရှိသော ဘုန်းတော်ကြီး ပုံစံဖြစ်သည်။

သို့သော် ကောင်းဖန် ခုထိတော့ သံသယဖြစ်နေဆဲဖြစ်သည်။ အစက ဒီဘုန်းကြီးက ချယ်ရီပင်၏ သစ်သားရုပ်သေးဟု သူထင်ခဲ့သည်။ သို့သော် ဘုန်းကြီး၏ ပုံစံက သူ့အထင်မှားကြောင်း ပြနေသည်။ သူက သိမ်းပိုက် ချုပ်ထိန်းခံထားရတဲ့ လက္ခဏာမရှိသော သာမာန်လူသားသာ ဖြစ်နေသည်။

သူက ချယ်ရီပင်ရဲ့ သားရဲလေ့ကျင်သူများဖြစ်နေမလား… သူက လေ့ကျင့်သူသာဆို ခုထိ ရှာဖွေတွေ့ရှိခြင်း မခံရသေးသော ဘုရင်အဆင့်သားရဲလေ့ကျင့်သူဖြစ်လိမ့်မည်။

“ကျုပ်က ချယ်ရီပင်နတ်ဘုရားကို ယုံကြည်ကိုးကွယ်သူပါ” ဘုန်းကြီးက ကောင်းဖန်၏ စိတ်ကို ဖတ်နိုင်နေသလို ပြောသည်။ “ဒီကမ္ဘာကြီးက ကပ်ဘေးဒုက္ခတွေနဲ့ ပြည့်နေပြီးသားဖြစ်နေပြီလေ… ဒါကြောင့် ကျုပ်တို့ ငြိမ်းချမ်းမှုကိုလိုတယ်” ဘုန်းကြီးက သူ့ရဲ့အတွေးကို ရိုးသားစွာပြောသည်။ “လူတွေအများကြီး သေထားပြီးပြီလေ ငြိမ်းချမ်းမှုက မရှိမဖြစ်လိုတယ်” ဘုန်းကြီးက ခပ်တိုးတိုးရေရွတ်သည်။

“မှန်ပါတယ်… လူတွေအများကြီး သေခဲ့ပြီးပြီ… ကျွန်တော်လည်း ငြိမ်းချမ်းမှုကို လိုချင်ပါတယ်” ကောင်းဖန် ထောက်ခံလိုက်သည်။

ငြိမ်းချမ်းခြင်းသာရှိမည်ဆိုရင် ဘဝကဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်မလဲ… ငါတို့ အိမ်မှာပဲ အပျင်းတစ်ပြီ တီဗီကြည့်၊ ဂိမ်းဆော့နဲ့ ပိုပျော်စရာကောင်းတဲ့အချိန်တွေဖြတ်သန်းနိုင်မယ်။

အနီရောင်ဝတ်ရုံနဲ့ ဘုန်ကြီး၏မျက်လုံးများ တောက်ပသွားသည်။ ကောင်းဖန်၏ တုံ့ပြန်ချက်က သူမျှော်လင့်တာထက် ပိုသွားပုံပေါက်သည်။ “ငါတို့ အတွေးချင်းတူကြတာပဲ”

ကောင်းဖန် တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းညိမ့်လိုက်သည်။

“ကျုပ်တို့ သခင်က မင်းနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ မျှော်လင့်ပါတယ်” ဘုန်းကြီးက ပျော်ရွှင်စွာ ပြောသည်။

“ထိန်းသိမ်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ… ကျွန်တော်တောင်မှ ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် မတွေးဝံ့ပါဘူး” ကောင်းဖန်ခေါင်းကို ခါယမ်းလိုက်သည်။

အားကောင်း ခိုင်မာသော အသံတစ်သံ ကျောင်းဆောင်၏ ထိပ်မှထွက်လာသည်။ “လူသားတွေက သဘာဝအရ လောဘကြီးကြတယ်… ဒါကြောင့်ငါတို့က သူတို့ကို လက်ဦးအောင် ထိန်းချုပ်ဖို့လိုတယ်”

ဝတ်ပြုကျောင်းဆောင်၏နောက်မှ သစ်ပင်ကြီးက ရုတ်တရတ် မျက်လုံးပွင့်လာသည်။ သစ်ပင်ပေါ်က အမည်းရောင်တွင်းပေါက် ၂ ခုက နတ်ဆိုး၏ အသိုက်နဲ့ ဆင်တူသည်။ တောင်ထိပ်တစ်ခုလုံး သူ့အသံဖြင့် တုန်ခါသွားသည်။

“ချယ်ရီပင်နတ်ဘုရား” အနီရောင်ဝတ်ရုံနဲ့ဘုန်းကြီးက ချက်ချင်းပင် မြေပေါ်ဒူးထောက်ချပြီး သစ်ပင်ကို ရှိခိုးလိုက်သည်။

“မေးခွန်းတစ်ခုလောက် မေးလို့ရမလား… ဒီတိုင်း သိချင်လို့ပါ…သေချာပေါက် သံသယဖြစ်လို့မဟုတ်ရပါဘူး… ဒီတိုင်းသိချင်တာပါ… ဘာလို့ သတ်ဖြတ်တာကို မုန်းရတာလဲ”

ချယ်ရီပင် နတ်ဘုရားက တိတ်ဆိတ်သွားပြီး အတော်လေးကြာမှ ပြန်ဖြေလာသည်။ “ဘာလို့လဲဆိုတော့ သတ်ဖြတ်ခြင်းနဲ့အတူ သေဆုံးခြင်းပါ ပါလာတယ်လေ… သေဆုံးခြင်းက အရမ်းကို အကြင်နာမဲ့တဲ့အရာပဲ”

“ဟိုးအရင်တုန်းက ဆာ့ချ်လို့ခေါ်တဲ့ ထက်မြတ်ပြီး ကြင်နာတတ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူအမေက သူ့ကို ချယ်ရီပင်တွေက ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတလို့ ပြောပြလေ့ရှိတယ်။ သူ အသက် ၁၃ နှစ် ရောက်တော့ စစ်သည်တော်လေးတစ်ယောက်ကို ချစ်မိသွားပြီး ငါ့ကို ဒီတောင်ပေါ်မှာ စိုက်ခဲ့တယ်” ချယ်ရီပင်က စိတ်ဓာတ်ကျနေပုံဖြင့်ပြောသည်။

“သူက အဲဒီစစ်သည်တော်လေးနောက်ကို စလိုက်ခဲ့ပြီး သူတို့ ၂ ယောက် ချစ်သွားခဲ့ကြတယ်… အဲဒီနေ့ရက်တွေက ပျော်စရာအကောင်းဆုံးပဲ… သူ့အပြုံးက တောင်ခြေက နေကြာပန်းတွေလိုပဲ လှတယ်”

“အဲဒီနောက်တော့ စစ်ကြီးစခဲ့ပြီး စစ်သည်တော်လေးက တိုက်ပွဲအတွက် ထွက်သွားခဲ့ရတယ်… အဲဒီအချိန်ကစပြီး နေတိုင်း သူကစစ်သည်တော်လေး ပြန်လာဖို့ မျှော်လင့်ရင်း တောင်ထိပ်ပေါ်မှာ ရပ်ပြီး စစ်သည်တော်လေး အန္တရာယ်ကင်းဖို့ ဆုတောင်းခဲ့တယ်… နောက်ဆုံးတော့ သူ့သတင်းကြားရတာက သူ့ရဲ့အလောင်းနဲ့ သူသေသွားပြီဆိုတဲ့အကြောင်းပဲ… ကောင်မလေးက သူ့ကို ငါ့ရဲ့အောက်ခြေမှာ မြှုပ်ခဲ့တယ်.. အဲ့ဒီနောက်တော့ သူ ဘယ်တော့မှ ထပ်မပြုံးတော့ဘူး… နောက်ဆုံးတော့ သူတို့ စစ်ရှုံးသွားခဲ့ကြတယ်… ရန်သူတွေက လူတွေကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီး တောင်ခြေက ရွာဆီလာခဲ့ကြတယ်… သူတို့က သတ်တယ် မီးရှို့တယ် ပစ္စည်းတွေကိုတောင် လုယက်ခိုးယူကြတယ်…ဆာ့ချ်က တောင်ပေါ်ကိုပြေးလာပြီး ဝမ်းပန်းတနည်း ငိုကြွေးရင်း ငါ့ကို ကိုင်ထားခဲ့တယ်…ဆာ့ချ်ကပြောတယ် သူ့ရဲ့ဘဝက မျက်လုံးကိုဖွင့်ပြီး သူ့အမေကိုမြင်လိုက်တဲ့ အခိုက်အတန့်ကနေ စတင်ခဲ့ပြီး သူ့ဘဝရဲ့အချစ်ဆုံးသူကို ထပ်မတွေ့နိုင်တော့တဲ့အချိန်မှာ အဆုံးသတ်လိမ့်မယ်တဲ့… ပြီးတော့ သူ တောင်စောင်းပေါ်ကနေ ခုန်ချသွားတယ်… အဲဒီအချိန်ခဏမှာ သူ့ကို ဘယ်သူမှ မရှာတွေ့နိုင်တဲ့နေရာကို သူပျံသန်းသွားသလိုပဲ ခံစားရတယ်”

ချယ်ရီပင်က လုံးဝတိတ်ဆိတ်သွားသည်။ ပန်းရောင် ချယ်ရီပွင့်ဖတ်များက မိုးရွာနေသလို သစ်ပင်ပေါ်က ကျလာသည်။

သစ်ပင် ငိုကြွေးနေတာကို ကောင်းဖန် ခံစားမိသည်။ သို့သော်လည်း သူ အမြင်မှားနေတာ ဖြစ်နိုင်သည်ဟု ကောင်းဖန် ပြန်တွေးမိသည်။

“တကယ်ကို ဝမ်းနည်းစရာဇာတ်လမ်းလေးပဲ” ကောင်းဖန်က ရိုးသားစွာ ပြောသည်။ “ဒါပေမယ့် လူသားတွေပဲ သတ်ဖြတ်ကြတာ မဟုတ်ဘူးလေ… သတ်ဖြတ်ခြင်းဆိုတာ သက်ရှိအားလုံး လုပ်နေကြတဲ့ အရာပဲ… မုဆိုးတွေက သားကောင်ကို အမဲလိုက်တယ်… အားကြီးတဲ့သူက အားနည်းတဲ့သူကို စားတယ်… ခွေးအတွေက သိုးကို အမဲလိုက်တယ် သိုးတွေက မြက်ကိုစားပြီးရှင်သန်တယ် မြက်တွေက ကမ္ဘာမြေရဲ့ အာဟာရတွေကို ယူတယ် ဒီလိုမျိုးပဲပေါ့”

ချယ်ရီပင်က သူ့ကို ပြန်မဖြေပေ။ ညင်သာစွာနဲ့ ယိမ်းနေပြီး ချယ်ရီပွင့်ဖတ်တွေ ပိုကြွေကျကာ ဖြည်းညင်းစွာ လွင့်သွားကြသည်။

“အဲဒီတော့ သူတို့တွေကို ဘယ်လို ထိန်းချုပ်ဖို့ စီစဥ်ထားလဲ” ကောင်းဖန်က မေးသည်။

“ငါ့နည်းလမ်းအတိုင်း ငါလုပ်မယ်” ချယ်ရီပင် ခေါင်းမာစွာ ပြောလိုက်ရင်းပဲ ချယ်ရီပွင့်ဖတ်များ ကြွေကျနေတာ ရပ်သွားသည်။

“အကုန်လုံးကို ခင်ဗျားရဲ့ ရုပ်သေးရုပ်အဖြစ်ပြောင်းလိုက်ပြီးတော့လား” ချယ်ရီပင်က ဘာမှပြန်မဖြေပေ။

“ကောင်းပါပြီ ဒါဆိုရင်တော့ ကျွန်တော်တို့ အတူတူမလုပ်နိုင်လောက်ဘူး…အဲလိုလုပ်တာက ငြိမ်းချမ်းမှုကို ယူလာပေးမှာ မဟုတ်ဘူး… ခင်ဗျားသူတို့ကို ရုပ်သေးအဖြစ်ပြောင်းပစ်တာက တခြားသူတွေလုပ်တာနဲ့ ဘာမှမခြားဘူး” ကောင်းဖန်က ခေါင်းကို ခါယမ်းလိုက်သည်။

“လေထုက ရုတ်တရတ် တင်းမာလာသည်။ ကောင်းဖန်က ဘုရင်အဆင့်ချယ်ရီပင်နဲ့ ပေ ၃၀၀ အကွာလောက်ပင် ဝေးမနေပေ။ သို့သော် သူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ခြင်္သေ့၏ ချောမွေ့သောခေါင်းကို ပွတ်ပေးနေသည်။ ခဏကြာပြီးနောက် တင်းမာနေသောလေထုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

မြေပေါ်တွင် ဒူးထောက်လျက်ရှိနေသော အနီရောင်ဝတ်ရုံနဲ့ ဘုန်းကြီးက ထလာပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ ကောင်းဖန် ပြုံးလိုက်ပြီး တောင်ပေါ်ကနေ ဒန်ဘီနဲ့ ခြင်္သေ့တို့ကိုခေါ်ကာ အရိုးစုနဂါးကိုစီးပြီး ထွက်လာခဲ့သည်။

အရိုးစုနဂါး၏ ကျောပေါ်တွင် ထိုင်နေဂင်း ကောင်းဖန် နောက်လှည့်၍ ချယ်ရီပင်ကို ကြည့်လိုက်သည်။ တောင်က သံချပ်ကာနဲ့တူပြီး သစ်ပင်က သရဖူကဲ့သို့ဖြစ်သည်။ ကြည့်ရတာ မြေပေါ်တွင် စစ်သည်တော်တစ်ယောက် မတ်မတ်ရပ်နေသည်နဲ့တူသည်။

တစ်ရက်ကြာပြီးနောက် ကောင်းဖန် သူတို့ရှေ့ မိုးကုပ်စက်ဝိုင်းတွင် ရှိသော လှပ ကြီးမားသည့် ရှီကျင်းမြို့သို့ရောက်ခဲ့သည်။

မြို့ပတ်လည်တွင် ပေ ၃၀၀ မြင့်သော တံတိုင်းရှိပြီး တံတိုင်းပေါ်တွင် အမြောက်များ ဝန်းရံနေသည်။ တံတိုင်းနောက်တွင် ဒေသ ၂ ခုကွဲနေသည်။ ဘယ်ဖက်တွင်က ခပ်နိမ့်နိမ့် အိမ်လေးများနဲ့ အိမ်များကြားတွင် လမ်းလေးများရှိနေသည်။ လမ်းပေါ်တွင် ဈေးသည်များပြည့်နေပြီး သားရဲလေ့ကျင့်သူများက စစ်သားများအဖြစ် ရုပ်ဖျက်ကာ လျှောက်သွားနေကြသည်။

ညာဖက်တွင်က ခေတ်မှီမြို့တစ်ခုဖြစ်သည်။ ကွန်ကရစ်နဲ့ ဆောက်ထားသော အထပ်မြင့် အဆောက်အဦးများက ခေတ်သစ်မြို့တစ်ခု၏ အလှကို ဖော်ပြနေသည်။ ညာဖက်တွင် အလွန် နက်မှောင်သော အရိပ်တစ်ခုက အမြင့်ဆုံးအဆောက်အဦး၏အပေါ်ပိုင်းကို အဆောက်အဦးထဲသို့ပေါင်းစည်းဝင်တော့မလို ဖုံးလွှမ်းထားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၁ ဆိုခူ

နိရှိခယူ၊ ဂင်ဇာ

မိုးမျှော်တိုက်၏အပေါ်ဆုံးအထပ်တွင် တိုင်ရာနော့မာဆာကာဒို တစ်ယောက် လက်တစ်ဖက်က ဝိုင်ဖြူခွက်ကိုကိုင်ကာ နောက်တစ်ဖက်က မုတ်ဆိတ်ဖြူကိုပွတ်ရင်း အတွေးနက်စွာ ထိုင်နေသည်။

ရုတ်တရတ် အခန်းထဲသို့ အနက်ရောင်အငွေ့များ အခန်းထဲသို့ အလုံးအရင်းနဲ့ ဝင်လာပြီး မုတ်ဆိတ်နဲ့လူ ရှေ့တွင် အနက်ရောင်ဦးခေါင်းခွံပုံစံဖြစ်သွားသည်။ “သခင် သန်မာတဲ့တစ်ယောက် အနောက်ဖက်ကနေ ချဥ်းကပ်လာနေပါပြီ”

တိုင်ရာနော့မာဆာကာဒို မျက်လုံးကိုဖွင့်ပြီး ပြတင်းပေါက်ဆီ သွားလိုက်သည်။ မှန်ချပ်ကနေတဆင့် အနောက်ဖက် မိုးကုပ်စက်ဝိုင်းကို ဝိဝိဉာဉ်စုကြီး တစ်စုကွယ်နေတာ မြင်ရသည်။ သူ့ရဲ့ ဝိုင်ခွက်ကို ချလိုက်ပြီး ဂျက်ကတ်ကို ယူဖို့ လှည့်လိုက်သည်။ ဂျက်ကတ်ဝတ်ပြီးနောက် “အမည်းရောင်နတ်ဆိုး သူတို့ကို အလုပ်ရှုပ်နေအောင် လုပ်ထားလိုက်” ဟုအမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါပဲ သခင်” အနက်ရောင်အငွေ့များအဖြစ်သို့ ပြန်လည်ဖြစ်သွားပြီး အငွေ့သဏ္ဍာန်သားရဲက အဆောက်အဦးထဲကထွက်ကာ ကောင်းကင်ပေါ်သို့ အရှိန်ပြင်းပြင်းထွက်သွားသည်။ သူ့ခန္ဓာကိုယ်က နေကို ကွယ်လိုက်သဖြင့် ကောင်းကင်က မည်းမှောင်သွားသည်။ လမ်းသွားလမ်းလာများက မိုးခိုဖို့ နေရာကို အမြန်ရှာကြတော့သည်။

“ဆရာ ဘာကိစ္စရှိလို့ပါလဲ.. အကူအညီလိုပါသေးလား” နိရှိခယူရဲဌာနမှ အသံက အခန်း၏ အသံဆက်သွယ်ရေးစနစ်ကနေ ထွက်လာသည်။

“မလိုပါဘူး… ကိုယ့်အလုပ်ကိုယ်လုပ်ပြီး မြို့မပျက်စီးအောင် သေချာဂရုစိုက်” တိုင်ရာနော့မာဆာကာဒိုက ပြောသည်။

အငွေ့တွေကနေ ကြီးမားသော အနက်ရောင်အတောင်ပံ ၂ ဖက်ထွက်လာသည်။

ထိုအချိန်တွင် ကြီးမားသော တိမ်ဘီလူးကြီးက မြို့ရဲ့ ကောင်းကင်ပေါ် လွင့်မျောနေသကဲ့သို့ ထင်ရသည်။ ဘီလူးကြီး၏ နဖူးပေါ်တွင် တတိယမျက်လုံး ပွင့်လာသည်။ လေကြမ်းများက ပြင်းထန်စွာ တိုက်ခတ်နေသည်။ သေဆုံးခြင်းအယောင်အဝါ က မီးခိုးရောင်အလင်းစက်ဝိုင်းပုံစံဖြင့် သူ့မျက်လုံးကနေထွက်နေပြီး ခန္ဓာကိုယ်ကို ဝန်းရံထားသည်။

သူက ကောင်းကင်က တိမ်များကို အဝေးလွင့်သွားစေသည့် အားကောင်းသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ အနက်ရောင်မြူခိုးဘီလူးကြီးက အတောင်ပံများကို ရှေ့သို့ ခတ်လိုက်ပြီး လေက ပြင်းထန်လွန်းသောကြောင့် အောက်မှ အဆောက်အဦးများ အထိန်းအကွတ်မရှိစွာ တုန်ခါသွားကြသည်။ ပြတင်းပေါက်များလည်း ကွဲကုန်ကြသည်။ စူးရှသော အော်သံက မြို့နှံ့ ပဲ့တင်ထပ်နေသည်။

ကောင်းဖန်၏ ပွေ့ဖက်မှုကနေ ဖယ်ထွက်လိုက်ပြီး ခြင်္သေ့က အရိုးစုနဂါး၏ခေါင်းပေါ်သို့ ခုန်လိုက်သည်။ သူ့ရင်ဘတ်ကို ကော့လိုက်ပြီး နှာခေါင်းပေါက်ကနေ အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။

မြေကြီးကွဲမတတ် ဟိန်းသံကြီး သူ့လည်ချောင်းထဲကနေ ပေါက်ကွဲထွက်လာသည်။

ပြတင်းပေါက်မှန်များပိုပြီး ကွဲသွားကြသည်။ ခြင်္သေ့ဟိန်းသံက သူ့ရင်ဘတ်ထဲတွင် ပဲ့တင်ထပ်နေသည်။

ခြင်္သေ့က သူ့ရန်သူကို မကျေမနပ်ကြည့်လိုက်သည်။ ထို့နောက် သူ့ လက်နဲ့ လှမ်းရိုက်လိုက်သည်။ ကျယ်လောင်သော ဆုတ်ဖြဲသံက လေထဲတွင် ပျံ့သွားသည်။

သူ၏ ရေခဲလက်သည်းတိုက်ခိုက်ချက်က လေကို လုံးဝခဲသွားစေနိုင်စွမ်းရှိသည်။

ထိုအချိန်တွင် လေထဲကနေ ပေ ၁၀၀၀ မြင့်သော မညီမညာပုံစံ

ရေခဲလက်သည်းထွက်လာသည်။ ချွန်ထက်သောအစွန်းများက အပြင်သို့ ထွက်နေသည်။

အနက်ရောင်မြူခိုးဘီလူးကြီးက ခြင်္သေ့၏ တိုက်ခိုက်ချက်ကြောင့် ၄ ပိုင်း ကွဲသွားသည်။ သူ့ကိုယ်သူ ပြန်စုစည်းရန် ခြင်္သေ့၏အဝေးသို့ ဆုတ်သွားသည်။ သို့သော် သူ့ အဝေးကို မဆုတ်နိုင်သေးခင် ခြင်္သေ့က အနက်ရောင်အငွေ့များကို သူ့ရဲ့ ရေခဲငွေ့ဖြင့် ခဲသွားစေသည်။

တိုင်ရာနော့မာဆာကာဒို ခေါင်မိုးပေါ်သို့ ခြေချလိုက်ရုံတွင်ပဲ သူ့သားရဲ လေထဲတွင် ခဲသွားသည်ကို တွေ့လိုက်ရသည်။ ရှုံးသွားတယ်တဲ့လား… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..

ခြင်္သေ့က ကောင်းဖန်ကို “သူ့ကို ဒုက္ခတွင်းထဲက ထုတ်ပေးလိုက်ရမလား” ဆိုတာ မေးချင်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။

ကောင်းဖန်က ခြင်္သေ့အား တားလိုက်သည်။

တိုင်ရာနော့မာဆာကာဒိုသည် နိဟွန်းတွင် အဆင့်မြင့်သားရဲလေ့ကျင့်သူအနည်းစုထဲက တစ်ယောက်ဖြစ်သည်။ သူ့ကို အဆုံးသတ်လိုက်ဖို့ကလွယ်သည်။ သို့သော် နိဟွန်းကလူများ အဆင့်မြင့်သားရဲများနဲ့ရင်ဆိုင်ရတဲ့အခါ အကာအကွယ်မဲ့ဖြစ်သွားပေလိမ့်မည်။ အနည်းဆုံး လူ ၁၀ သန်းလောက် ဒီနေရာတွင် နေကြသည်။

သူတို့တွေက လူသားတွေဖြစ်သည်။ လူတွေအများကြီး ဒုက္ခရောက်အောင် ကောင်းဖန် မလုပ်ရက်ပေ။ သူ လူအိုကြီးကို သတိပေးရုံပဲပေးပြီး လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်ထားသည်။ ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်သွားသဖြင့် ထိပ်တန်းအခြေအနေပြန်ရောက်ဖို့ အနည်းဆုံး ၁ လလောက်တော့ လိုလိမ့်မည်။

ဒီကမ္ဘာသစ်တွင် စက္ကန့်တိုင်းက အဖိုးတန်သည်။ အိပ်နေရင် ရှုံးမည်။

သူ့အောက်က ကမ္ဘာမြေကြီး တုန်ခါသွားသည်။

ကောင်းဖန်လှည့်ကြည့်လိုက်သည်။ အသံက သူခုနကလေးတင်ဖြတ်ခဲ့တဲ့နေရာက ထွက်လာတာဖြစ်သည်။ သူမမြင်ရသော်လည်း အဝေးမှ အားကောင်းသည့်အယောင်အဝါတစ်ခုကို ကေင်းဖန် ခံစားမိနေသည်။ တစ်ယောက်ယောက်က မမြင်နိုင်သည့် နျူကလီးယားဖောက်ခွဲမှုကို လုပ်လိုက်သကဲ့သို့ပင်ဖြစ်သည်။

“ဘာ…” ကောင်းဖန် မျက်မှောင်ကျုံ့ရင်ပြောသည်။

သူ့စိတ်မျက်လုံးတွင် ကြီးမားသော ချယ်ရီပင်ပေါ်လာသည်။ အဲဒါက ဘာတွေလုပ်နေတာတုန်း…

“သေသွားပြီ” သူ့မျက်လုံးပေါက်ထဲက မီးတောက်က အနည်းငယ် တဖျပ်ဖျပ်ဖြစ်နေသည်။ သူ့ရဲ့ ညာလက်ကို ဆန့်လိုက်သည်။ ကောင်းကင်ဘုံဆီသို့ အားကောင်းသော သေဆုံးခြင်းအယောင်အဝါ ဆန်တတ်သွားတာကို သူခံစားနိုင်လိုက်သည်။

ထိုအချိန်တွင် သူတို့နောက်က လေထဲကနေ မီးခိုးရောင်အငွေ့များကို ဒန်ဘီတွေ့လိုက်သည်။ မီးခိုများကြားတွင် ချယ်ရီပင်၏ ပုံစံက ပုံပျက်လာပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

သေပြီ… ချယ်ရီပင်က အဆင့် ၅၄ အကောင်းဆုံးအရည်အသွေးသားရဲဖြစ်ကြောသ်း ကောင်းဖန် ပြန်တွေးမိလိုက်သည်။ သာမာန်ထက်ပိုမြင့်သော ပြန်လည်ရှင်သန်နိုင်စွမ်းရှိသည့်အပြင် ခုခံရာတွင် အထူးပြုလည်းဖြစ်သည်။ ဘယ်သူ ဒါမှမဟုတ် ဘယ်အရာကများ သူ့ကို ဒီလောက်မြန်မြန် သတ်နိုင်လောက်အောင် အင်အားကြီးတာ ဖြစ်နိုင်မလဲ…

ခဏစဥ်းစားပြီးနောက် ကောင်းဖန်က အရိုးစုနဂါးအား တိုင်ရာနော့မာဆာကာဒို၏ အဆောက်အဦး ခေါင်မိုးထိပ်သို့ ပျံရန် အမိန့်ပေးလိုက်သည် လူအိုကြီးက မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် လက္ခဏာမရှိဘဲ ကောင်းဖန်ကို တည့်တည့် စိုက်ကြည့်နေသည်။

သူ့အနောက်တွင် အပေါ်ပိုင်းက ကြက်ကဲ့သို့ဖြစ်ပြီး အောက်ပိုင်းက မြွေကဲ့သို့ဖြစ်သည့် ထူးဆန်းသော သတ္တဝါ တစ်ကောင်ရပ်နေသည်။ သူ့အမြီးက ၄ ပိုင်းကွဲနေပြီး အရေပြားက လိမ္မော်ရောင်ဖြစ်သည်။ ဒီထူးဆန်းသော သတ္တဝါက ကြမ်းပေါ်တွင် လှဲနေပြီး သူ့ခန္ဓာကိုယ်က အစိမ်းဖျောဖျော့အလင်းရောင်ထွက်နေသည်။

[သားရဲအမည်] - ဆိုခူ

[သားရဲအဆင့်] - အဆင့် ၄၇

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲ စွမ်းရည်] - တိုက်စားနိုင်သောအရည်အဆင့် ၃၊ ညိုးနွမ်းစေသော အဆိပ်မြူအဆင့် ၃၊ အဆိပ်ကျွမ်းကျင် အဆင့် ၃၊ လှုပ်ရှားမှုအဆင့် ၂

[သားရဲအမျိုးအစား] - အဆိပ်

[သားရဲလက္ခဏာ] : ကူးစက်စေသောအဆိပ် (အဆိပ်သင့်မှုက သန္ဓေပြောင်းခြင်းမှတဆင့် တိုးမြင့်ပြီး အဆိပ်အမျိုးအစား ဖျက်စီးနိုင်စွမ်းကို ပိုတိုးစေသည်)

သက်ရောက်မှု ၁ - အဆိပ်အမျိုးအစားစွမ်းရည်အားလုံး အဆင့် ၁ဆင့်စီတိုးခြင်း

သက်ရောက်မှု ၁ : လေထဲသို့ အဆိပ်ငွေ့များထုတ်နိုင်ပြီး ရန်သူများအပေါ် တစ်ချက်တည်းနဲ့ ဖျက်စီးနိုင်စွမ်း တိုက်ချက်ကို ဖြစ်စေသည်။ သားကောင်များ ရရှိသော ပျက်စီးမှုက သူတို့ခန္ဓာကိုယ်တွင်းရှိ အဆိပ်စုစည်းမှုနဲ့ အချိုးကျသည်။

[သားရဲဖော်ပြချက်] - ကြက်ဝိဝိဉာဉ်နဲ့မြွေဝိဝိဉာဉ်ရောစပ်ရာကနေ ထွက်ပေါ်လာသော သတ္တဝါဖြစ်ပြီး မီးတောင်များအတွင်း နေထိုင်ရသည်ကို နှစ်သက်သည်။ သူ၏ အဆိပ်မြူများက မိုင်အကွားအဝေးများများထိ ပျံ့နိုင်ပြီး အနီးက အရာအားလုံးကို ညိုးရော်သေဆုံးစေသည်။ အလွန် အဆိပ်ပြင်းသော သတ္တဝါဖြစ်ပြီး အချိန်တိုင်း သတိဖြင့် ကိုင်တွယ်ရသည်။ အိပ်စက်ချိန်တွင် အသိမဲ့စွာ အဆိပ်ထုတ်တတ်ပြီး ရလဒ်အနေဖြင့် သူနေထိုင်ရာ မီးတောင်ကို ပေါက်ကွဲခြင်းကို ဖြစ်စေသည်။

“မစ္စတာ တိုင်ရာနော့မာဆာကာဒို ကျွန်တော်တို့ ဒုက္ခကိုယ်စီ ရှိကြတယ် ထင်တယ်” ကောင်းဖန်က ဒန်ဘီ၏ ဝိဝိဉာဉ်လှိုင်းကတဆင့် သူ့အားပြောလိုက်သည်။

ခဏတော့ ကြောင်အသွားပြီးနောက် တိုင်ရာနော့မာဆာကာဒို လျင်မြန်စွာပဲ ပုံစံကို ပြန်ထိန်းနိုင်လိုက်သည်။ “ကျုပ်သားရဲက တိုက်ပွဲစစချင်းပဲ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့တယ်လေ… ကျုပ်တို့ ဒုက္ခကိုယ်စီရှိကြတယ်လို့ သေချာပေါက်ကို တွေးတာပေါ့” သူက ချောင်းဟန့်နေသော ကောင်းဖန်အား အေးစက်စွာပြုံးပြလိုက်သည်။

“အခုပဲ ကျွန်တော့်သားရဲက ခင်ဗျားသားရဲကို အဆုံးသတ်ဖို့ လုပ်တာကို ကျွန်တော်တားလိုက်တာ မမြင်ဖူးလား… ကျွန်တောသာ မတားရင် ဒီလောက် ဒဏ်ရာလေးလောက်နဲ့ပဲ ပြီးသွားမယ်ထင်နေလား”

တိုင်ရာနော့မာဆာကာဒို၏ မျက်လုံးများ တွန့်သွားသည်။ ကောင်းဖန်၏စကားများထဲတွင် ချိန်းခြောက်မှုကို သူကြားလိုက်ရသည်။

“မင်း ဘာလိုချင်တာလဲ ကောင်းဖန်” ကောင်းဖန်၏နာမည်အား သူ့ပါးစပ်က လေသံဝဲဝဲဖြင့် အသံထွက်လိုက်သည်။

ငါ ဘယ်သူဆိုတာ သူသိတယ်ပေါ့… ကိစ္စတော့ သိပ်မရှိပါဘူး… ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ..

“ဟွာရှားလေသံကို ကောင်းကောင်းပြောနိုင်တာပဲ” ကောင်းဖန်က စကားလမ်းကြောင်း လွှဲဖို့ လုပ်လိုက်သည်။

“ဟိုအရင်တုန်းက ငါဟွာရှားမှာ ကျောင်းတတ်ခဲ့ဖူးတယ်”

“အမှန်ပြောရရင် ကျွန်တော် နိဟွန်းကိုရောက်နေရတဲ့အကြောင်းရင်းက မကြာသေးခင်က ကျွန်တော့်အသက်ကို လုပ်ကြံခံခဲ့ရတယ်… ကျွန်တော့်ကို လုပ်ကြံတဲ့သူကို စစ်ဆေးမေးမြန်ပြီးတော့ သူတို့တွေက နိဟွန်းကနေ လွှတ် လိုက်တာဆိုတာ သိခဲ့ရတယ်… ဒါ သူတို့ကို စစ်မေးနေတဲ့ ဗီဒီယိုမှတ်တမ်းပဲ… ခင်ဗျားဆီက ကျေနပ်လောက်စရာအဖြေရဖို့ မျှော်လင့်ပါတယ်” ကောင်းဖန်က လူအိုကြီးအား စီဒီချပ်ကို ပေးရင်ပြောလိုက်သည်။

ကောင်းဖန်လက်ထဲက စီဒီကိုယူလိုက်ပြီး သူခေါင်းညိမ့်လိုက်သည်။ “မင်းကို စိတ်ကျေနပ်လောက်စရာ အဖြေ ငါပေးပါ့မယ်”

နိဟွန်းတွင် တိုင်ရာနော့မာဆာကာဒို၏ အနေအထားက သူ၏ ဟွာရှားက အနေအထားထက် ပိုမြင့်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၂ ရှေးဟောင်းလူသားများ

အကယ်၍ တိုင်ရာနော့မာဆာကာဒိုက ကောင်းဖန်အား ကျေနပ်လောက်စရာအဖြေပေးမည်ဟု ပြောလျှင် သူတကယ် သေချာပေါက်ကို ပေးမှာပင်ဖြစ်သည်။ သူက ဖုန်းထုတ်၍ လုံခြုံရေးကိုခေါ်လိုက်ပြီး ကောင်းဖန်နဲ့ သူ့နောက်လိုက်များကို သူလက်ခံသည့် ဧည့်သည်စာရင်းတွင် ထည့်ခိုင်းလိုက်သည်။

ထို့နောက် သူ့လူများအား ကောင်းဖန်ကို မြို့၏ရှေ့ဖက်ရှိ စံအိမ်ကြီးသို့ လိုက်ပါပို့ဆောင်ပေးဖို့ အမိန့်ပေးလိုက်သည်။

ဒီ နိရှိခယူတွင် ဒီလောက်ကြီးမားသည့်အိမ်မျိုးတွေ့ရတာ ရှားသည်။ သူက ကောင်းဖန်အား ထိုအိမ်တွင် သူ့ဧည်သည့်အဖြစ် ၂ ရက်တည်းခိုခွင့်ပေးခဲ့သည်။ သူသည်တစ်ခုခုအသုံးဝင်တာ ရှာတွေ့ခဲ့ပါက ကောင်းဖန်အား ချက်ချင်ပြောပြမည်ဖြစ်သည်။ အဲလိုနဲ့ ကောင်းဖန် နီရှီခယူတွင် ၂ ရက်နေဖြစ်ခဲ့သည်။

အနီးအနားတွင် လူအနည်းငယ်လောက်သာ နေထိုင်ကြသည်။ လမ်းတွေ စိမ်းလန်းနေတာကို ကြည့်ခြင်းဖြင့် ဒီနေရာက လူချမ်းသာအများစုနေထိုင်ရာဆိုတာ ကောင်းဖန် သဘောပေါက်လိုက်သည်။ အသိပေးချက်လက်ခံရဟန်ဖြင့် ကောင်းဖန်နေရာ၏ အနီးတွင် နေထိုင်သူများက ရပ်ကွက်ထဲမှ ယာယီပြောင်းရွေ့ သွားကြသည်။

…

တိုင်ရာနော့မာဆာကာဒိုက နိရှီခယူ၏ မြောက်ဖက်မြို့စွန်တွင် ရှိသော အထူးဌာန၏ရုံခန်းများတွင်းသို့ ဝင်လိုက်သည်။ သူမျက်နှာထားက တည်ငြိမ်နေသည်။ ရုံး၏အတွင်းဆုံးအပိုင်းထဲထိရောက်ဖို့ သူ မျက်လုံးကာ၊ မျက်နှာကာ များနဲ့ အသံစစ်ဆေးမှုစနစ်များကို ဖြတ်ခဲ့ရသည်။

“ဟွာရှားရဲ့ကောင်းဖန်ကို ဘယ်သူသတ်ဖို့ကြိုးစားတာလဲဆိုတာပဲ ငါသိချင်တယ်… ငါတို့ ပြန်အားကောင်းလာတုန်းပဲရှိသေးတယ်… ဘယ်ခွေးသားက ငါတို့ရဲ့ အရေးကြီးဆုံးချိန်မှာ နှောက်ယှက်ဝံ့တာလဲ… ဒီစီဒီထဲက ဘယ်သူတွေလဲဆိုတာရှာစမ်း” သူ စီဒီကို စားပွဲပါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။

စီဒီက ကျိုးသွားသည်။ တိုင်ရာနော့မာဆာကာဒို မယုံနိုင်စွာ စီဒီအကျိုးကို စိုက်ကြည့်လိုက်သည်။

ဌာနခေါင်းဆောင်က သူ့အားစိုးရိမ်စွာကြည်လိုက်ပြီး ဘာပြောရမလဲမသိဖြစ်နေသည်။ လက်ထောက်ခေါင်းဆောင်က စီဒီအပိုင်းက ချပ်စ်လေးကို မြန်မြန်ကောက်ယူလိုက်သည်။ “ကျွန်တော်တို့ ဒါကို သုံးလို့ရပါသေးတယ် ဆရာ”

တိုင်ရာနော့မာဆာကာဒို၏ မျက်နှာ အနည်းငယ်ပြေလျော့သွားသည်။ ထို့နောက် သူသက်ပြင်းချလိုက်သည်။

“ဆရာ ရှိခိုခူကျွန်းမှာ ဝိဝိဉာဉ်ဖောင်တစ်ခု ရှာတွေ့ပါတယ်… ချယ်ရီပင်နတ်ဘုရားကို ဖောင်ကနေ ထွက်လာတဲ့ အမျိုးအမည်မသိ အရာတစ်ခုက သတ်သွားပါတယ်” စပီကာကနေ ကြေညာသံထွက်လာသည်။

“ချယ်ရီပင်နတ်ဘုရား သေပြီတဲ့လား” တိုင်ရာနော့မာဆာကာဒို အံ့အားသင့်သွားသည်။ သူ ဒီလိုဖြစ်မယ်လို့ လုံးဝ မထင်ထားပေ။ သိပ်မကြာသေးခင်က အဝေးကနေ တုန်ခါလှုပ်ရှားမှုတစ်ခု လာနေတာကို ခံစားမိခဲ့သည်… သူက ဒီတိုင်း ချယ်ရီပင်နတ်ဘုရား ဇာတ်လမ်းထပ်ဆင်နေပြန်ပြီဟုပဲ တွေးခဲ့လိုက်မိသည်။

ရှိခိုခူကျွန်းတွင် ချယ်ရီပင်နတ်ဘုရားက သစ်ပင်အားလုံးကို အုပ်စိုးတာ လူတိုင်းသိသည်။ သူတို့တောင် ချယ်ရီပင်နတ်ဘုရားကို အဆက်အသွယ် လုပ်ခဲ့ဖူးသည်။ တစ်ခါတစ်ရံ သူတို့နဲ့ ချယ်ရီပင်နတ်ဘုရား အမြင်ချင်း မတူသော်လည်း သူ့ရဲ့စွမ်းအားက မေးခွန်းထုတ်စရာမလိုအောင်ပင်ဖြစ်သည်။

နိဟွန်းတွင် ဘယ်အရာကမှ ချယ်ရီပင်နတ်ဘုရားရဲ့ စွမ်းအားနဲ့ မပြိုင်နိုင်ဘူးလို့ ပြောရင်တော့ ချဲ့ကားရာ ကြလိမ့်မည်။ သို့သော် ဘယ်သူမှ သူ့ကို လွယ်လွယ်နဲ့ မသတ်နိုင်တာတော့ အမှန်ဖြစ်သည်။ သူက တကယ်ကို မယုံနိုင်အောင် ကြီးမားတဲ့ သစ်ပင်ကြီးဖြစ်သည်။

“ငါတို့ရဲ့ဒရုန်းနဲ့ ဂြိုလ်တု ရိုက်ကူးချက်တွေကို အကုန်ဖွင့်ပြ” တိုင်ရာနော့မာဆာကာဒိုက မျက်မှောင်ကျုံ့ရင်း ပြောသည်။ ပျက်စီးနေသော တောင်နဲ့ မြေပေါ်က ပြင်းထန်သော အက်ကွဲကြောင်းများကို စခရင်မ်ပေါ်တွင် တွေ့ရသည်။ သစ်ပင်များက မြေပေါ်သို့ လဲကျနေသည်။ ဧရိယာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။

တောင်ပေါ်က ဝတ်ပြုကျောင်းဆောင်က ပြိုလဲပျက်စီးနေသည်။ မီးခိုးရောင်ဝတ်ရုံဝတ် ဘုန်းကြီးများက ကျန်နေသော သူတို့ ကျောင်းဆောင်ရှေ့တွင် ဒူးထောက်နေပြီး သူတို့ခေါင်းများကို မြေကြီးနဲ့တိုက်ကာ ကျောင်းဆောင်၏ကျောက်တုံးများ သွေးဖြင့်နီရဲလာသည်အထိ ဝတ်ပြုဆုတောင်းနေကြသည်။

ကျောင်းဆောင်ဝန်းထဲတွင် သစ်ပင်များကစလို့ မြေပေါ်က ကျောက်ပြားများအထိ အရာအားလုံး လဲကျပျက်စီးနေသည်။ ဝန်း၏အလယ်တွင် အနီရောင်ဝတ်ရုံဝတ် ဘုန်ကြီးတစ်ပါး သူ့လက်များကို ကောင်းကင်းကို ပွေ့ဖက်ဖို့ ကြိုးစားနေသကဲ့သို့ ဆန့်တန်းထားပြီး မတ်တပ်ရပ်နေသည်။ သူ့မျက်လုံးများက ဗလာဖြစ်စွာနဲ့ ကောင်းကင်ဘုံသို့ စိုက်ကြည့်နေသည်။ သူမျက်နှာပေါ်တွင် ပျော်ရွှင်မှုရော ဒေါသရော မရှိနေပေ။

သူ့ရင်ဘတ်ကနေ အချွန်တစ်ခု ဖောက်ထွက်နေတာကို မြင်ရသည်။ သူက လှံတံ၏အဖျားကို မှီပြီးရပ်နေသကဲ့သို့ပင်ထင်ရသည်။ လှံတံကနေသွေးများ စီးကျနေသည်။

သို့သော် အခန်းထဲကလူတိုင်းကို ပြောစရာစကားမဲ့အောင် လုပ်လိုက်နိုင်တာက လက်နက်ကြီးတစ်ခုနဲ့ ၂ ခြမ်းခွဲခံထားရသလို အလယ်က ကွဲအက်ပွင့်နေသော ကျောင်းဆောင်နောက်က သစ်ပင်ကြီး၏ မြင်ကွင်းဖြစ်သည်။ သစ်ပင်၏ ကွဲထွက်နေသော အစွန်းနားများက ချောမွတ်ပြီး သန့်ရှင်းနေသည်. သစ်ကိုင်းများက ပန်းရောင် ရေတံခွန်ကဲ့သို့ တောင်ပေါ်တွင် လဲကျနေကြသည်။

ချယ်ရီပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချယ်ရီပင်နတ်ဘုရားက သူတို့နဲ့ အမြဲအဆက်အသွယ်ကို ထိန်းသိမ်းထားခဲ့သည်။ သူတို့ ချယ်ရီပင်နဲ့အတူ ညီမျှသောဆက်ဆံရေးကိုတောင် တည်ထောင်နိုင်ခဲ့သည်။ သူတို့အတွက်တော့ ချယ်ရီပင်နတ်ဘုရားက ကိစ္စတွေ တစ်ခုခုလွဲချော်သွားခဲ့ရင် မှီခိုရာကျောထောက်နောက်ခံဖြစ်သည်။

ချယ်ရီပင်၏အခြေတွင် လူတစ်စု စခန်းချထားကြသည်။ သူတို့နဲ့ မလှမ်းမကမ်းတွင် အပြင်ဘက်ပိုင်းက ရွှေရောင်အလင်းနဲ့တောက်ပနေသော ဝိဝိဉာဉ်ဖောင်ရှိနေသည်။

ထိုအနားတွင် မိသားစုလေးယောက်ရပ်နေသည်။ ပေ ၂၀ ရှည်သော အညိုရောင်အသားအရည်နှင့် ကျောပေါ်တွင် ပုဆိန်ကြီးတစ်ခုလွယ်ထားသော မျက်လုံးသုံးလုံးနဲ့ ဘီလူးတစ်ကောင်၊ ရွှေရောင်အမွှေးလုံးကဲ့သို့ တစ်စုံတစ်ခု၊ အစွယ်များက အဖြူကနေ တဖြည်းဖြည်း ရွှေရောင်ပြောင်းသွားပြီး လည်ပင်းတွင် ရွှေရောင်အလင်းကွင်း တစ်ခုဝိုင်းပတ်နေသော နှာမောင်း ၆ ချောင်းနဲ့ ဆင်ဖြူနှင့် နောက်ဆုံးတစ်ခုက အနက်ရောင် ရုပ်ထုတစ်ခုဖြစ်သည်။ ရုပ်ထု၏မျက်လုံးများက ဓားသွားကဲ့သို့ ထက်ရှနေသည်။ သူ့မျက်လုံးက လျှပ်စစ်များဖြာထွက်နေပြီး အနီးက လေထဲမှ ဒရုန်းတစ်ခုအား ပေါက်ကွဲသွားစေသည်။ ဒရုန်းက ပျက်ဆီးသွားသော်လည်း ဘာတွေဖြစ်နေလဲဆိုတာကို ရိုက်ကူးထားနိုင်သေးသည်။

“မြင်ကွင်းကို ချဲ့လိုက်” တိုင်ရာနော့မာဆာကာဒိုက အော်လိုက်သည်။

အမိန့်အတိုင်း ရုပ်ပုံက ကြီးသွားပြီး အမျိုးသား ၃ ယောက်နဲ့ အမျိူးသမီး ၁ ယောက်ပေါ်လာသည်။ တစ်ယောက်က ကင်မရာကို ကျောပေးထားပြီး ၂ ယောက်က ဘေးတွင်ရပ်နေသည်။ သူတို့ထဲက တစ်ယောက်ကတော့ ကင်မရာကို တည့်တည့် မျက်နှာချင်းဆိုင်နေသည်။ ချဲ့ထားသော ရုပ်ပုံကနေ နောက်ဆုံးတစ်ယောက်က အာရှသားပုံခပ်ရေးရေးရှိပြီး ဆံပင် အစိမ်းဖျော့ရောင်နဲ့ဆိုတာကို တိုင်ရာနော့မာဆာကာဒို သတိပြုမိလိုက်သည်။

တခြားလူ ၃ ယောက်လည်း တူညီသော အစိမ်းရောင်ဆံပင်ဖြစ်သည်။

“ငါတို့ဆီက ဒေတာတွေနဲ့ အဲဒီလူရဲ့ မျက်နှာကို တိုက်စစ်တာ လုပ်ကြည့်ပြီး တစ်ခုခုသိရမလား ကြည့်ကြည့်လိုက်”

ထိုလူ၏မျက်နှာကို သူတို့စနစ်တွင်းက မျက်နှာပုံစံအချက်အလက်များနဲ့ တိုက်စစ်ကြည့်လိုက်သည်။ ၁၀ မိနစ်ကြာသောအခါ “ကိုက်ညီမှုမရှိပါ” ဆိုသည့်စာသာ ဖန်သားပြင်များပေါ်တွင် ပေါ်လာသည်။ သူတို့ နှိုင်းယှဉ်ချက်ကို ပုခုံးအကျယ်နဲ့ စစ်ကြည့်လိုက်သည်။ ထို့နောက် ရလဒ်များကို လျှော့လိုက်ပြီး နောက်ထပ် မျက်နှာတိုက်စစ်ချက်နဲ့ စစ်ကြည့်လိုက်သည်။ ဒီတစ်ခါလည်း ဘာမှ မထူးခြားပေ။

ဖြစ်နိုင်ချေက ၃ ခုသာရှိသည်။ ပထမတစ်ခုက ဒီလူတွေ ပြည်နယ်ထဲသို့ တရားမဝင်ဝင်ရောက်လာတာ၊ ဒုတိယက ဒီလူတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲထားတာ၊ တတိယနဲ့ နောက်ဆုံးဖြစ်နိုင်ချေကတော့… ဒီလူတွေက ဒီကမ္ဘာက မဟုတ်တာ…

တတိယဖြစ်နိုင်ချေက ပိုဖြစ်နိုင်သည်။ အနည်းဆုံးတော့ တိုင်ရာနော့မာဆာကာဒိုအတွက်ပေါ့…

သူတို့အနီးက ဝိဝိဉာဉ်ဖောင်ကတင်ပဲ သူတို့က ဒီကမ္ဘာကမဟုတ်ဘူးဆိုတာ သူယုံကြည်ဖို့ လုံလောက်နေပြီ ဖြစ်သည်။

“ကောင်းဖန်ကို ဆက်သွယ်လိုက်… သူတောင်းဆိုချက်မှန်သမျှကို ငါတို့ အတတ်နိုင်ဆုံး လုပ်ပေးရမယ်… အခုလောလောဆယ် ဒီလူတွေကို ရပ်တန့်နိုင်တာ သူတစ်ယောက်ပဲရှိတယ်” တိုင်ရာနော့မာဆာကာဒိုက လေးနက်စွာ ပြောသည်။ ဒီကျူးကျော်သူတွေက အေးဆေးတော့ လာတာမဟုတ်နိုင်… မဟုတ်ရင် ချယ်ရီပင်နတ်ဘုရးကို အစတည်းက သတ်ပစ်မည်မဟုတ်ပေ။

သတင်းကြားရပြီးနောက် ကောင်းဖန် ထိတ်လန့်သော လက္ခဏာမျိုးမပြပေ။ တကယ်တော့သူ ဒါအတွက် သူ့ကိုယ်သူ အားတင်းထားတာ အချိန်အတော်ကြာပြီဖြစ်သည်။

ပဲ့ကျင်းယန်နဲ့ မြောက်ဝင်ရိုးစွန်းမှာတွေ့ပြီးနောက် ရှေးခတ်က လေ့ကျင့်သူနဲ့ သားရဲများအတွက် ရွှေခေတ်ဖြစ်ခဲ့ချိန်က တည်ရှိခဲ့သော ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ တည်ရှိမှုကို သူသတိပြုမိခဲ့သည်။ သို့သော်လည်း အကြောင်းရင်းတချို့ကြောင့် မျိူးနွယ်စုတစ်ခုလုံးက ဂြိုလ်ကနေ ထွက်ခွာသွားခဲ့ကြသည်။

ဒါက သူ ပဲ့ကျင်းယန်ဆီက ကြားခဲ့ရတာဖြစ်သည်။ ဂြိုလ်က နေထိုင်ဖို့အတွက် ပိုကောင်းလာချိန်တွင် ဒီပျောက်ဆုံးသွားသည့် မျိုးနွယ်စုကလူတွေက ပြန်လာပြီး သူတို့ပိုင်တဲ့နေရာကို ပြန်လာယူကြတော့သည်။

သို့သော်လည်း ဂြိုလ်တွင်လက်ရှိ အုပ်ချုပ်နေသူများအနေဖြင့် ဒီခေတ်လူများကလည်း ဂြိုလ်ပေါ်က သူတို့နေရာကို အလွယ်တကူ လက်လွှတ်ပေးလိုက်မည် မဟုတ်ပေ။ ၂ ဖက်လုံးအတွက် ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲနေထိုင်ခြင်း လမ်းစဥ်က သေချာပေါက်ပင် အဖုအထစ်တွေ များလိမ့်မည်။

၂ ဖက်လုံးကသာ ခွန်အားခြင်း ညီနေရင် ဒီလိုပြသနာက ငြိမ်းချမ်းစွာ ဖြေရှင်း၍ ရနိုင်သည်။ ကမ္ဘာပျက်ကပ်ပြီး နောက်ပိုင်း ကမ္ဘာကြီးတွင် တခြားကမ္ဘာက ဧည်သည်များအား နေရာချပေးထားနိုင်သော ခုထိရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် နယ်မြေများ ရှိနေသေးသည်ပဲလေ…

သို့သော် ၂ ဖက်ကြားတွင် ခွန်အားကွာခြားချက်က ကြီးမားစွာရှိနေသည်။ ဥရောပက အမေရိကန်နဲ့ အာဖရိကန်တို့ကို ရှာဖွေတွေ့ရှိပြီးနောက် ဖြစ်ပေါ်ခဲ့သော ရက်စက်လှသည့် အဖြစ်အပျက်များက ဒီကမ္ဘာ၏ လက်ရှိနေထိုင်သူများအပေါ် နောက်တစ်ရက်တွင်ပဲ ဖြစ်လာနိုင်သည်။

ကောင်းဖန် ဒီအတွက် သူ့ကိုယ်သူပြင်ဆင်ထားပြီးသားဖြစ်သည်။ ဒီရက်က ဒီလောက် မြန်မြန် ရောက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ရုံသာဖြစ်သည်။

ဒါက ဒီရှေးဟောင်းလူသားများနဲ့ ကောင်းဖန် ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး သူတို့ ဘယ်လောက်သန်မာလဲ သူ စမ်းသပ်ကြည့်ချင်သည်။ ဖြစ်နိုင်ရင် သူတို့ထဲက ၁ ယောက် ၂ ယောက်ကို သူအရှင်ဖမ်းချင်သည်။

“ငါ တိုင်ရာနော့မာဆာကာဒိုကိုတွေ့ချင်တယ်” ကောင်းဖန်က ပြောသည်။

တိုင်ရာနော့မာဆာကာဒိုကို သူမျက်နှာချင်းဆိုင်ရပ်လိုက်ချင်းပဲ ကောင်းဖန်ပွင့်လင်းစွာ ပြောလိုက်သည် “ကျွန်တော့်မှာ တောင်းဆိုစရာ ၂ ခုရှိတယ်… လက်ခံရင် ကျွန်တော်ကူညီမယ်… လက်မခံရင် ဒီနေရာကနေ ချက်ချင်းထွက်သွားမယ်”

“ပြောပါ” တိုင်ရာနော့မာဆာကာဒိုက ခေါင်းညိမ့်သည်။ သူတွင် ငြင်းဆန်နေရမည့် အနေအထား မရှိပေ။

“အရင်ဆုံးတစ်ခုက ဒီလူတွေနဲ့တွေ့ဖို့ ကျွန်တော်တစ်ယောက်တည်း မသွားနိုင်ဘူး… သူတို့နဲ့ တိုက်ရိုက် ရုပ်သံလွှင့်တာကနေတဆင့်ပဲ ဆက်ဆံမယ်… ဒုတိယတစ်ခုက တကယ်လို့ ရန်သူက ကျွန်တော် ကိုင်တွယ်ဖို့ သန်မာလွန်းနေတယ်ဆိုရင် ကျွန်တော် နိဟွန်းကနေထွက်သွားမယ်”

All Chapters