← Chapters

အခန်း (၄၇၃-၄၇၆)

Vol. 30 Ch. 473-476

အခန်း (၄၇၃-၄၇၆)

Vol. 30 Ch. 473-476

အခန်း ၄၇၃ ကျဆင်းမှု

တိုင်ရာနော့မာဆာကာဒိုသည် အနည်းငယ်တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူသည် ရွေးချယ်စရာ မရှိတော့သောကြောင့် လက်ခံရတော့မည် ဖြစ်သည်။ ကောင်းဖန်က သူတို့ကို စွန့်ပစ်လိုက်ပါက ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။ ထိုအခြေအနေတွင် သူသည် ရွေးချယ်စရာ မရှိပဲ ရန်သူသည် သူတို့အစက တွေးထားတာထက် အားနည်းနေဖို့သာ မျှော်လင့်ရတော့မည် ဖြစ်သည်။

တိုင်ရာနေံာ့မာဆာကာဒိုသည် ကောင်းဖန်က နိဟွန်းဒေသတွင် ချပေးလိုက်တာကိုပင် ကျေးဇူးတင်မိသည်။ မဟုတ်လျှင် သူတို့အတွက် အခြေအနေ မကောင်းနိုင်ပေ။

“တကယ်ကြီးလား ဆရာ.. ကျုပ်တို့ကတော့ လက်မခံနိုင်ဘူး.. ဒီဟွာရှားလူက ကျုပ်တို့ကို အသုံးချချင်နေတာလေ..” သူပြောနေသည့်စကားမဆုံးခင်မှာအင် တိုင်ရာနေံာ့မာဆာကာဒိုက အေးစက်စွာ စိုက်ကြည့်လိုက်သောကြောင့် ချက်ချင်း ပါးစပ်ပိတ်သွားသည်။

“ငါတို့မှာ ဘာများရွေးချယ်စရာရှိလို့လဲ” သူကမေးလိုက်သည်။

“ဆရာ.. ကျုပ်တို့ တစ်ယောက်ယောက်ကို လွှတ်ပြီး သူတို့နဲ့ စကားပြောခိုင်းလို့ ရတယ်လေ.. ပိုပြီး သတိထားနိုင်တဲ့သူ ဒါမှမဟုတ် ဘက်မလိုက်တဲ့ သူတစ်ယောက်ယောက်နဲ့ပေါ့”

တိုင်ရာနေံာ့မာဆာကာဒိုသည် ခေတ္တတိတ်ဆိတ်သွားသည်။ ထို့နောက် “ငါသွားမယ်” ဟု ပြောလိုက်သည်။

“ဘာ” အဆင့်မြင့်ဌာနမှ အရာရှိများသည် သူ့ကို မျက်လုံးအဝိုင်းသားနှင့် စိုက်ကြည့်လိုက်ကြပြီးနောက် ချက်ချင်း ငြင်းလိုက်ကြသည်။

သူတို့အားလုံးသည် သူ့ကိုလွှတ်လိုက်ဖို့ကို ဆန့်ကျင်နေကြသည်။ သူ့ရဲ့ လုံခြုံမှုအတွက် စိုးရိမ်လို့ မဟုတ်ပဲ ဒေသရဲ့ စစ်တပ်အင်အားအတွက် သူ့ကို လိုအပ်ခြင်းကြောင့် ဖြစ်သည်။ သူတို့သည် တိုင်ရာနေံာ့မာဆာကာဒိုလိုမျိုး လူတော်တစ်ယောက်ကို မဆုံးရှုံးချင်ကြပါချေ။

“သူတို့နဲ့ စကားပြောဖို့ ဘယ်သူ့ကိုမှ မလွှတ်ဘူးဆိုရင် သူတို့ကို ကျုပ်တို့က အလေးမထားဘူးလို့ သူတို့က ထင်သွားကြလိမ့်မယ်.. သူတို့နဲ့ စကားပြောဖို့လောက် အရေးကြီးတာ ဘာများ ရှိနေသေးလို့လဲ” တိုင်ရာနေံာ့မာဆာကာဒိုက သူ့ထက်ကောင်းသည့်အကြံဉာဏ်များ ထွက်လာလို ထွက်လာငြား အခန်းထဲကို ဝေ့ကြည့်လိုက်သည်။

အရာရှိများအားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့သည် ဘယ်သူမှ မငြင်းခုံနိုင်ကြတော့ချေ။ တိုင်ရာနေံာ့မာဆာကာဒိုရဲ့ ခေါင်းမာမှုကိုလည်း သိကြသောကြောင့် သူတို့သည် လေကုန်ခံပြီး ပြောမနေချင်ကြတော့ခြင်း ဖြစ်သည်။

…

“တုံရှန်းဆိုတာ ငါတို့ရဲ့ ဘိုးဘေးတွေ ပြောပြောနေတဲ့ ဘိုးဘွားပိုင်မြေမလား” လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူ့ရဲ့ အသံသည် ကြည်လင်ကျယ်လောင်ပြီး အုပ်စုရဲ့ ခေါင်းဆောင်ဟု ထင်ရသည်။

“ဟုတ်မယ်ထင်တယ်” နောက်ထပ် လူငယ်တစ်ယောက်က ဝင်ဖြေလိုက်သည်။ “တုံမို.. ဒီနေရာက တော်တော်လေး တန်ဖိုးရှိမယ့်ပုံပဲ.. ငါတို့ထွက်လာတုန်းကတောင် ဘုရင်အဆင့်သားရဲတစ်ကောင်တွေ့လိုက်တယ်.. အတော်လေးလည်း စွမ်းအားကြီးတယ်.. အနည်းဆုံးတော့ ကြယ်လေးပွင့်ပဲ”

“ဟားဟား.. ငါ့ရဲ့ မျက်လုံး ၁ လုံးသားရဲကြီးက အဲဒီကောင်လောက်ကို သူ့ရဲ့ ပုဆိန်နဲ့ ပိုင်းလိုက်ရုံလောက်လေးပဲ ရှိမှာပါ.. သူက သတ္တုအမျိုးအစားသားရဲ ဆိုတော့ သစ်သားအမျိုးအစားတွေထက် ပိုပြီးသန်မာပြီးသား” တုံမိုက ပျော်ရွှင်စွာ ပြောလိုက်သည်။ သူသည် သူ့ကိုယ်သူ အထင်ကြီးနေပုံပင်။ သူသည် တစ်ချိန်တည်းမှာပင် အုပ်စုထဲမှ တစ်ဦးတည်းသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။

ထိုမိန်းကလေးသည် အုပ်စု၏ ညာဘက်ခြမ်းတွင် ရပ်နေခြင်း ဖြစ်သည်။ သူမ၏ စိမ်းရင့်ရောင် ဆံပင်များသည် သူမပုခုံးပေါ်တွင် ကျဆင်းနေပြီး ကင်းမြီးကောက် အမြီးလို ခပ်မြင့်မြင့် ချည်ထားသည်။ သူမတွင် သေးသွယ်သော မျက်ခုံးများ ရှိပြီး လှပသော မျက်လုံးများ ရှိကာ ချစ်စရာကောင်းသော နှာခေါင်းလေး ရှိသည်။ သူမ၏ အသားအရေသည် ရွှေဖြူရောင် အနှစ်လေးလို ဖြစ်နေသည်။

တုံမို၏ ကိုယ်ရည်သွေးစကားကို ကြားလိုက်သောအခါ မိန်းကလေးသည် နှာခေါင်းတစ်ချက်ရှူံ့လိုက်သည်။ သူမသည် လက်ထဲတွင် ရွှေရောင်သားမွှေးလုံးတစ်ခုကို ဖက်ထားပြီး ထိုအရာသည် ၂ ခြမ်းကွဲသွားသောအခါ ကြီးမားသော မျက်လုံးကြီး ထွက်ပေါ်လာသည်။ သူသည် သူမကို မျက်တောင်ပုတ်ခတ်လုပ်ကာ ကြည့်လိုက်သောအခါ မိန်းကလေး၏ မျက်နှာသည် ပြေလျော့သွားပြီး ပြုံးပြလိုက်သည်။

အမည်းရောင်သားမွှေးသိမ်းငှက်သည် ကောင်းကင်တွင် ပတ်ပျံနေပြီး ပတ်၀န်းကျင်ကို လေ့လာနေသည်။

“တစ်ယောက်ယောက် ချဉ်းကပ်လာတယ်” အမည်းရောင်၀တ်စုံ၀တ်ထားသော လူငယ်တစ်ယောက်က ကမ်းပါးထိပ်စွန်းတစ်ခုတွင် ရပ်ရင်း ‌ပြောလိုက်သည်။

“အင်း.. ကြည့်ရတာ ဒီနယ်မြေခံတွေပဲ ထင်တယ်.. ငါ့အဖေက ဒီလူတွေကို စစ်ဆေးစောင့်ကြည့်ဖို့ ငါတို့ကို လွှတ်လိုက်တာပဲ.. သူတို့က ဒီတိုင်း ဒီစွန့်ပစ်နယ်မြေသားတွေရဲ့ မျိုးဆက်တွေပါပဲ.. ဘယ်လောက် သန်မာနိုင်မှာမို့လို့လဲ” တုံမိုက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ငါတို့က သူတို့ကို စွန့်ပစ်ခဲ့တာ မဟုတ်ပါဘူး.. ဒီတိုင်း...” တုံမိုက ပြောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ.. ဘာမှထပ်မပြောကြရအောင်” တုံမိုက ဖြတ်ပြောလိုက်သည်။

*တုံယင်.. ငါတို့ရဲ့ ဧည့်သည်တွေကို မင်းရဲ့ အမည်းရောင်လျှပ်စီး သိမ်းငှက်ကြီးနဲ့ စမ်းသပ်ကြည့်လိုက်” တုံမိုက ကမ်းပါးစွန်းတွင် ရပ်နေသူကို ပြောလိုက်သည်။

တုံယင်က ခေါင်းညိတ်လိုက်ပြီးနောက် အဝေးတစ်နေရာတွင် လျှပ်စီးအသွင်ဖြငိ့ ဝဲပျံနေသော သိမ်းငှက်ကြီးကို အမိန့်ပေးလိုက်သည်။

လျှပ်စီးကြောင်းကြီးတစ်ခုသည် ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ခဏတွင်းချင်းပင် တစ်ခုခုကို မိုးကြိုးပစ်ချလိုက်သလို အလင်းတန်းကြီးတစ်ခု ဖြစ်သွားသည်။

တိုင်ရာနော့မာဆာကာဒိုသည် ရုတ်တရတ် သူစီးနေသည့် ဆိုခုနှင့်အတူ မိုးကြိုးပစ်ချခံလိုက်ရသည်။ သူတို့ ၂ ယောက်လုံးသည် ချက်ချင်းပင် ပြာမှုန့်များ ဖြစ်သွားကြသည်။

ထို့ကြောင့် သားရဲလေ့ကျင့်သူ အဖွဲ့အစည်း၏ အဆင့်မြင့် အဖွဲ့၀င် ၁၂ ယောက်ထဲမှ တစ်ယောက်သည် ‌သေတမ်းစာပင် မချန်လိုက်ရပဲ နေရာတွင် ပွဲချင်းပြီး သေသွားပြီ ဖြစ်သည်။

“အဲဒီတော့ သူ့အစွမ်းက ဘယ်လိုလဲ” တုံမိုက မေးလိုက်သည်။

တုံယင်က မျက်မှောင်ကြုတ်လိုက်သည်။ “ငါသူ့ကို သတ်လိုက်ပြီ.. သူက ပုံမှန်နတ်ဘုရားအဆင့် လေ့ကျင့်သူတစ်ယောက်ပါပဲ”

“နတ်ဘုရားအဆင့်ပဲ ရှိတာလား” တုံမိုက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ကြည့်ရတာ ဒီက နယ်ခံတွေက သိပ်ပြီး အစွမ်းကြီးပုံမရဘူး”

“တုံယင်.. သူတို့ရွာကို သွားကြည့်ရအောင်”

“အန္တရာယ်များလွန်းတယ်” တုံယင်က သတိပေးလိုက်သည်။

“ဘယ်နေရာက အန္တရာယ်များနေတာလဲ.. အခု ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး သားရဲက ဘုရင်အဆင့်ပဲ.. နောက်ပြီး ငါတို့ မျိုးနွယ်စုမှာ ငါတို့ရဲ့ ဘုရင်အဆင့်သားရဲတွေက စွမ်းအားအကြီးဆုံးပဲ.. ငါတို့က ဘာကို ကြောက်ရမှာလဲ” တုံမိုက စိတ်မရှည်စွာ ဖြေလိုက်သည်။

“ငါတို့ကို အကြီးအကဲက ဒီနားတစ်ဝိုက်ကို ထောက်လှမ်းဖို့ပဲ အမိန့်ပေးထားတာ.. ငါတို့ရဲ့ စစ်ဆင်ရေးနဲ့ သွေဖီတဲ့ အလုပ်ကို မလုပ်သင့်ဘူး” တုံယင်က တုံမိုရှေ့မှ ပိတ်ပြီး ပြောလိုက်သည်။

တုံမိုက မျက်လုံးကို မှေးစင်းပြီး ပြန်ပြောလိုက်သည်။ “သူက ငါ့အဖေပါ.. မင်းအဖေ မဟုတ်ဘူး.. အဲဒီတော့လမ်းဖယ်လိုက်တော့”

တုံယင်က တွေဝေနေသည်။

“ငါတို့ခဏပဲ သွားကြည့်ကြတာပေါ့.. ငါတို့ ဒေသခံတွေရဲ့ ချုံခိုတိုက်တာမခံရအောင် သေချာစုစည်းပြီး သွားရမယ်.. ငါတို့ အချင်းချင်း စောင့်ကြည့်ပေးရင် အဆင်ပြေမှာပါ” တုံရှန်းက ပြုံး၍ ပြောလိုက်သည်။

…

ကောင်းဖန်သည် မိုးကြိုးပစ်ချလိုက်သည်ကို ဖန်သားပြင်မှ တဆငိ့ မြင်လိုက်ရသည်။ ထို့နောက် ဖန်သားပြင်သည် လုံး၀မည်းမှောင်သွားသည်။ ကောင်းဖန်သည် ‌မျက်မှောင်ကြုတ်လိုက်သည်။

“သေချာမမြင်လိုက်ရဘူး ဖြစ်နေတယ်” ကောင်းဖန်သည် သေချာမတွေ့လိုက်ရသောကြောင့် သားရဲ၏ အချက်အလက်ကိုလည်း ကောင်းကောင်း မဖတ်နိုင်ပေ။

အကျိုးသက်ရောက်မှုနှင့် မိုးကြိုးအရှိန်ကို ကြည့်ခြင်းအားဖြင့် ထိုအရာသည် ဘုရင်အဆင့်တော့ ရှိမည်ဟု ကောင်းဖန် ခန့်မှန်းမိသည်။ ဘုရင်အဆင့်ထက် မြင့်မနေတာသာ တော်သေးတော့သည်။ ဒန်ဘီသည်ပင် သားရဲအဆင့်က်ု မြှင့်ထားသောကြောင့် ဒဏ္ဍာရီ စွမ်းရည်အဆင့်သို့ ခဏလျော့ကျသွားသေးသည်။ သို့သော် သူ၏ အကြီးဆုံးရထားသော စွမ်းရည်ကတော့ ဒဏ္ဍာရီအဆင့်ထက် ပိုသည်။

ဒန်ဘီနှင့် ဒဏ္ဍာရီအဆင့်သားရဲတို့၏ တစ်ခုတည်းသော ကွာခြားချက်ကတော့ ဒန်ဘီတွင် စွမ်းအင်တစ်ခုပိုရှိခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဒန်ဘီသည် ဒဏ္ဍာရီအဆင့်ချင်းတူလျှင်တောင် စွမ်းအင်ပိုမြင့်မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့သားကဲကလည်း သူ့လိုမျိုး အဆင့်ကျထားသည့် သားရဲတော့ ဖြစ်ရပေမည်။

ထို့နောက် ကောင်းဖန်ရှေ့မှ ဖန်သားပြင်သည် ပြန်လည် လှုပ်ရှား သက်၀င်လာသည်။ ထို့နောက် အသံတိုးတိုး တစ်ခုထွက်ပေါ်လာသည်။ “ကောင်းကွန်း.. သူတို့တွေ ဟီဂါရှိတာ အခြေစိုက်မြို့ကို ဦးတည်နေကြတယ်”

ထို့နောက်ဖန်သားပြင်တွင် ကိုယ်ပိုင်သားရဲ ၄ ကောင် ပေါ်လာသည်။

[သားရဲအမည်] - မျက်လုံး ၁ လုံး နတ်ဆိုးကြီး

[သားရဲအဆင့်] - အဆင့် ၅၈

[သားရဲစွမ်းရည်] - ကောင်းမွန်ပြည့်စုံ

—

[သားရဲအမည်] - မိုးကြိုးမည်းသိမ်းငှက်

[သားရဲအဆင့်] - အဆင့် ၅၇

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

—

[သားရဲအမည်] - ရွှေအလင်းသန့်စင်သော ဝိဉာဉ်သားရဲ

[သားရဲအဆင့်] - အဆင့် ၅၈

[သားရဲစွမ်းရည်] - ပြီးပြည့်စုံကောင်းမွန်

—

[သားရဲအမည်] - နှာမောင်း ၆ ခုပါသောဆင်

[သားရဲအဆင့်] - အဆင့် ၅၉

[သားရဲစွမ်းရည်] - ပြီးပြည့်စုံကောင်းမွန်

အားလုံးပေါင်း ၄ ကောင်ရှိပြီး ၃ ကောင်က ပြီးပြည့်စုံကောင်းမွန် အဆင့်ဖြစ်ကာ ၁ ကောင်က ပြီးပြည့်စုံအဆင့် ဖြစ်သည်။ သူတို့အားလုံးသည် ဘုရင်အဆင့် သားရဲများ ဖြစ်ကြသည်။

ကောင်းဖန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတို့ထဲတွင် ဒဏ္ဍာရီအဆင့် သားရဲတော့မပါချေ။ တစ်စုံတစ်ယောက်သည် သူတို့ကို ဒေသကို စစ်ဆေးဖို့ စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဒဏ္ဍာရီအဆင့်သားရဲများသည် ဝိဉာဉ်ဖောင် တစ်ဖက်ခြမ်းမှ သားရဲများဖြစ်နိုင်သည်။

ထို့အပြင် သူတို့ အုပ်စုတစ်ခုလုံးတွင် ပြီးပြည့်စုံကောင်းမွန်အဆင့်သားရဲက အကုန်လုံးတော့ မဟုတ်ချေ။ သိမ်းငှက်ကြီးသည် ပြီးပြည့်စုံအဆင့် ဖြစ်ပြီး အထူးစစ်ဆင်ရေးအတွက် ဝေဟင်တွင် စောင့်ကြည့်ဖို့ သုံးပုံရသည်။ အခြားသော ပြီးပြည့်စုံကောင်းမွန် အဆင့်သားရဲများကတော့ ပျံသန်းနိုင်ပုံ မပေါ်ချေ။

ကောင်းဖန်သည် တစ်ဖန် စိတ်သက်သာရာ ရသွားပြန်သည်။ ငါသူတို့ကို ရင်ဆိုင်ဖို့ ဖြစ်နိုင်တယ်။

ကမ္ဘာပေါ်တွင် သားရဲအဆင့် ကန့်သတ်ချက်တစ်ခုတော့ ရှိသည်။ ဘုရင်အဆင့်ထက်မြင့်သော သားရဲသည် ဝိဉာဉ်ဖောင်ကို ကျော်ပြီး ကမ္ဘာသို့ လာ၍ မရပေ။ အင်ပါယာအဆင့်သားရဲများအတွက် ကမ္ဘာပေါ်တွင် နေရာရှိလာပါက အခြားသော သားရဲများအတွက်လည်း ရှိလာနိုင်ပေမည်။

သားရဲအဆင့်ချင်းတူသည့် သားရဲ ၂ ကောင်ကို ဆိုလျှင်တော့သေချာပေါက် သားရဲစွမ်းရည်အဆင့်ကိုသာ စောင့်ကြည့်ရတော့မည်သာဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၄ ဗိုလ်လုပွဲ

“အဲဒီလူတွေကို ကြည့်ပါဦး” တုံလင်းက ‌မျက်လုံးပြူးကျယ်စွာဖြင့် ပြောလိုက်သည်။ သူမသည် ရှေ့တွင် မြင်နေရသော ဟီဂရှိဒ မြို့၏ မြင်ကွင်းကို ကြည့်ပြ အံ့သြမှင်သက်နေသည်။

သူတို့သည် ဟီဂရှိဒမြို့ကို တောင်ကုန်းတစ်ခုပေါ်မှ ကြည့်နေကြခြင်း ဖြစ်သည်။ ပေ ၃၀ ရှိသော အုတ်နံရံကြီးသည် မြို့၏ ကျုံးကြီးကို ပတ်ပတ်လည် ၀န်းရံထားသည်။ ကပ်ဆိုးကြီးအပြီးတွင် ဆောက်လုပ်ထားပုံရသည်။

သူတို့ရပ်နေသော နေရာမှ ကြည့်လျှင် မြို့၏ သေးငယ်သော အစိတ်အပိုင်းကိုသာ မြင်နေရသည်။ သို့သော် ထိုမြင်ကွင်းဖြင့်ပင် ထိုမြို့၏ ကျယ်၀န်းမှုကြီးကို မှန်းဆနိုင်ပေသည်။ လမ်းများ‌တွင် လျှောက်နေကြသော သူများကို ပုရွတ်ဆိတ်လေးများသဖွယ် မြင်နေရသည်။

“တစ်နေရာတည်းမှာ လူဒီလောက် အများကြီးကို ပထမဆုံး တွေ့ဖူးတာပဲ.. ငါတို့ စံတုံမျိုးနွယ်စုထက်တောင် လူပိုများလောက်မယ် ထင်တယ်” တုံလင်းက ပြောလိုက်သည်။

“ငါတို့ ပြန်လှည့်ကြမလား.. ဒီနေရာက သိပ်တော့လွယ်မယ်မထင်ဘူး” သူမက စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။

သူတို့ ကမ္ဘာတွင် မျိုးနွယ်စု၏ ခွန်အားကို လူဦးရေ အရေအတွက်ဖြင့် မှန်းဆလေ့ ရှိသည်။ မျိုးနွယ်စုတစ်ခုတွင် လူပိုများလေ ပိုသန်မာသော လေ့ကျင့်သူများ ရှိလေဖြစ်သည်။ သူတို့သည် အောက်က စည်ကားလှသော မြို့ကိုကြည့်ပြီး လေ့ကျင့်သူ ဘယ်လောက်များ ရှိနေမည်ကို မှန်းဆ၍ မရနိုင် ဖြစ်နေကြသည်။

“တုံမို.. ငါတို့ မြို့ကို တွေ့ပြီးပြီပဲ.. ပြန်ကြရအောင်.. မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်” တုံရှင်းက ပြောလိုက်သည်။

တုံမိုသည် လှည့်ပြန်တော့မလို လုပ်ပြီးမှ ခဏရပ်သွားသည်။ “မဟုတ်ဘူး... မပြန်သေးဘူး.. ဒီမြို့ရဲ့ အားအကြီးဆုံး လေ့ကျင့်သူတွေကို စိန်ခေါ်ကြည့်ချင်သေးတယ်.. ငါ့အဖေ ပြောခဲ့သလိုပဲ ဒီကမ္ဘာမှာ အားအကြီးဆုံးက ဘုရင်အဆင့်တဲ့.. ဒါဆိုရင် ငါ့ရဲ့ မျက်လုံးတစ်လုံး နတ်ဆိုးသူ အနိုင်ရနိုင်မယ့် သားရဲများ ရှိလာမလားလို့ပါ”

တုံမိုသည် မတိုက်ခိုက်ရမချင်း လက်လျှော့တတ်သူ မဟုတ်ပေ။ ထို့အပြင် အခြားသော ကမ္ဘာသားများနှင့် ပထမဆုံး တိုက်ခိုက်နိုင်မည့် အခွင့်အရေးလည်း ဖြစ်နေသည်။

သူ၏ မျက်လုံးတစ်လုံး နတ်ဆိုးသည် ကြယ်လေးပွင့် အဆင့်ရှိ ကိုယ်ပိုင်သားရဲ ဖြစ်သည်။ သူ မမြင်ဖူးသော ကြယ် ၅ ပွင့် သို့မဟုတ် အလွန်ကြီးမားသည့် အဆင့် ရှိသည့် သားရဲများသာ ဒီကမ္ဘာတွင် မရှိပါက သူ၏ မျက်လုံးတစ်လုံး နတ်ဆိုးသည် ဒီကမ္ဘာရှိ သားရဲတိုင်းက်ု အနိုင်ရနိုင်မည် ဖြစ်သည်။

လောလောဆယ်တော့ သူ၏ ဘုရင်အဆင့် ကိုယ်ပိုင်သားရဲသည် ဒီကမ္ဘာတွင် အားအကြီးဆုံးဖြစ်နိုင်သည်။ ဒီကမ္ဘာတွင် ကိုယ်ပိုင်သားရဲအဆင့် ကန့်သတ်ချက် မရှိရင်တော့ ဒီကမ္ဘာသားများ၏ သားရဲများသည် သူ၏ မျက်လုံးတစ်လုံး နတ်ဆိုးကို အနိုင်ယူကောင်း ယူနိုင်ပေမည်။ အကယ်၍ ထိုကဲ့သို့ ဖြစ်လာရင်လည်း သူ၏ ကြယ်လေးပွင့် အဆင့်သည်ဘာတန်ဖိုးမှ ရှိတော့မည် မဟုတ်ပေ။

တုံမိုသည် အချစ်၏ ကျေးကျွန် မဟုတ်သော်လည်း လောလောဆယ် အရာအားလုံးထက် သူအလိုချင်နေဆုံး အရာတစ်ခုတော့ ရှိသည်။ ထိုအရာသည် သူ့အိပ်မက်ထဲက မိန်းကလေးရှေ့တွင် သူ၏ ယောင်္ကျားပီသမှုကို ပြသလိုခြင်း ဖြစ်သည်။ ငါ.. တုံမိုက စံတုံမျိုးနွယ်စုမှာ အသန်မာဆုံး ဖြစ်ရမယ်..

ထိုသို့ဖြင့် နာရီ၀က်ကြာသွားသည်။ မြို့ထဲမှ တစ်ယောက်မှ သူတို့ကို ထွက်နှုတ်ဆက်ကြခြင်း မရှိချေ။ တောင်ကုန်းပေါ်မှ လူ ၄ ယောက်သည် အချင်းချင်း ကြည့်လိုက်ကြသည်။ “ဘာလို့ ဘယ်သူမှ ထွက်မလာကြသေးတာလဲ”

တကယ်ဆို သူတို့ကို သတိထားမိကြလောက်ပြီ ဖြစ်သည်။ သူတို့သည် မြို့အပြင်တွင် ရပ်နေကြသော်လည်း သူတို့ ကိုယ်ပိုင်သားရဲများ၏ စွမ်းအင်အငွေ့အသက်များကိုတော့ မဖုံးကွယ်ထားကြပေ။ ဘုရင်အဆင့်သားရဲ ၄ ကောင်လုံးသည် သူတို့၏ စွမ်းအင်များကို စိတ်ရှိလက်ရှိ ထုတ်လွှတ်ထားကြသည်။

သူတို့ကမ္ဘာတွင်တော့ တခြားမျိုးနွယ်စုတစ်ခုသို့ ဘုရင်အဆင့်သားရဲ လေ့ကျင့်သူတစ်ယောက် ရောက်လာပါက ထိုမျိုးနွယ်စုရှိ အကောင်းဆုံး လေ့ကျင့်သူကို လွှတ်ပြီး မိတ်ဆွေဖွဲ့မလား ရန်သူလုပ်မလား ဆုံးဖြတ်ကြရသည်။ သူတို့သည် ရန်ဘက်အဖြစ် သတ်မှတ်မည်ဆိုလျှင်တော့ အနိုင်ရအောင် တိုက်ရင်တိုက် မဟုတ်ပါက အသုတ်သင်ခံရမည် ဖြစ်သည်။ မိတ်ဆွေအဖြစ် လက်ခံမည်ဆိုလျှင်တော့ ဖိတ်ခေါ်လက်ခံ တွေ့ဆုံပေးရသည်။

.အကယ်၍ ထိုမျိုးနွယ်စုတွင် သားရဲလေ့ကျင့်သူ သိပ်မရှိလျှင်တော့ မိတ်ဆွေအဖြစ် လက်ခံဖို့ကိုသာ ရွေးချယ်ကြရသည်။ များသောအားဖြင့် မျိုးနွယ်စုများသည် သားရဲလေ့ကျင့်သူကောင်းကောင်း ရှိကြသည်က ရှားလှသည်။ သူတို့သည် မျိုးနွယ်စုမကွယ်ပျောက်သွားရန် လူဦးရေ များများ ရှိနေဖို့သာ ချဲ့ထွင်နေကြခြင်း ဖြစ်သည်။

တစ်ခုရှိတာက မျိုးနွယ်စုအကြောင်း သေချာသိထားပြီး ထိုမျိုးနွယ်စုသည် အားနည်းသည်ဆိုလျှင်တော့ ရန်သူများသည် အလွယ်တကူပင် ထိုမျိုးနွယ်စုများ ရှိရာသို့ ချိုးဖောက်၀င်ရောက်ပြီး စိတ်ရှိသလို အမြစ်ဖြတ် ချေမှုန်းကြသည်။ ထိုမျိုးနွယ်စုများအတွက် လက်ရွေးစင် အဆင့်သားရဲလောက် ရှိရုံဖြင့် စိတ်ချလက်ချနေလို့ မရနိုင်ပေ။

ထိုကဲ့သို့ အဖြစ်မျိုးသည် ကြုံတောင့်ကြုံခဲတော့ ဖြစ်သည်။ အဆင့်မြင့်သားရဲ တစ်ကောင်ပေါ်လာလျှင် ထိုသားရဲသည် မျိုးနွယ်စု ရွာတစ်ရွာကို ၀င်ပြီး တွေ့ကရာ လူများကို သတ်ပစ်လိုက်‌လေ့ရှိသောကြောင့် ဖြစ်သည်။ လူများသည် တောထဲ၀င်ပြီး သားကောင် အမဲလိုက်သည်နှင့်ပင် တူသေးသည်။ ထို့ကြောင့်လည်း သူတို့ကမ္ဘာရှိ မျိုးနွယ်စုအများစုတွင် လူဦးရေ သိပ်မများကြခြင်း ဖြစ်သည်။

“ဘယ်သူမှ သတိမထားမိကြသေးလို့များလား” တုံရှန်းက ပြောလိုက်သည်။

သူတို့သည် ခေတ္တတိတ်ဆိတ်သွားကြသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ဝေခွဲမရသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

“ငါတို့ ဟီဂရှိတမြို့ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ” ကောင်းဖန်က မေးလိုက်သည်။ သူသည် တိုက်လေယာဉ်တစ်ခုထဲတွင် ခြေချိတ်ထိုင်နေပြီး သူ့ဘေးတွင် ဒန်ဘီနှင့် ခြင်္သေ့ဖြူတို့ ရှိနေသည်။

အရိုးစုနဂါးကတော့ တိုက်လေယာဉ်လောက် မြန်မြန် မပျံသန်းနိုင်ပေ။ တိုက်လေယာဉ်ကတော့ နိရှိကျိုးမှ ဟီဂရှိတကို တစ်နာရီသာ ပျံရမည် ဖြစ်သည်။

“မိနစ် ၂၀ လောက် လိုသေးတယ်” ပိုင်းလော့က လှည့်ပြီး အော်ပြောလိုက်သည်။ သူသည် ပြည်တွင်း စစ်တပ်၏ အတော်ဆုံး ပိုင်းလော့များထဲမှ တစ်ယောက် ဖြစ်ပြီး အရင်က ခက်ခဲသော စစ်ဆင်ရေးများကိုလည်း လုပ်ခဲ့ဖူးသူ ဖြစ်သည်။ သူသည် နိဟွန်းဒေသ၏ တာ၀န်ကျေသော ပြည်သူ့၀န်ထမ်းတစ်ယောက် အနေဖြင့် အကောင်းဆုံး တာ၀န်ထမ်းဆောင်ခဲ့သည်ဟု ယုံကြည်ထားသည်။

ဒီတစ်ခေါက် စစ်ဆင်ရေးကလည်း သူ့အတွက် ခက်ခဲမည်ဟုတော့ ထင်ထားသည်။ သူ့အထက်လူကြီးများသည် သူ့နောက်မှ ထိုင်နေသော သူကို ဟီဂရှိတမြို့သို့ သူ၏ ကိုယ်ပိုင်သားရဲများနှင့်အတူ အမြန်ဆုံးရောက်အောင် ပို့ဖို့ အမိန့်ပေးထားသည်။

“ဂျစ်ဂျစ်.. ဟီဂရှိတမြို့ အတိုက်ခိုက်ခံနေရပါတယ်.. စစ်ကူတောင်းခံအပ်ပါတယ်.. ပြန်ပြောပါမယ်.. ဟီဂရှိတမြို့ အတိုက်ခိုက်ခံနေရပါတယ်..”

ပိုင်းလော့၏ နဖူးတွင် ချွေးစများဖြင့် ပြည့်လာပြီး နှလုံးခုန်လည်း မြန်လာသည်။ သူသည် တိုက်လေယာဉ်ကို အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းလိုက်သည်။ တိုက်လေယာဉ်၏ ညွှန်ပြစက်တွင် သတ်မှတ်အရှိန်နှုန်းကို ကျော်နေပြီဖြစ်ကြောင်း သတိပေးစာ ပြနေသည်။

ကောင်းဖန်ကတော့ ပိုင်းလော့နောက်က ခုံတွင် ထိုင်နေပြီး စိတ်လှုပ်ရှားဟန် မပြချေ။ သူသည် နိဟွန်းဒေသမှ မဟုတ်သောကြောင့် ဘာဖြစ်နေနေ စိတ်လည်း မ၀င်စားပေ။ သူ့စိတ်ထဲတွင် အခြားကမ္ဘာမှ ဧည့်သည်များက သူနေထိုင်သည့် ကမ္ဘာမှသူများကို လာရောက်တိုက်ခိုက် အနိုင်ကျင့်နေသည့် အချက်ကိုသာ ဒေါသထွက်မိနေသည်။

ကြီးမားသော မြို့ကြီး၏ ပုံရိပ်ကို ‌လေယာဉ်ရှေ့ အဝေးတစ်နေရာတွင် မြင်နေရပြီ ဖြစ်သည်။ ထိုမြို့မှ မီးခိုးငွေ့များ တစ်လူလူ ထွက်ပေါ်နေသည်။ “ဟီဂရှိတမြို့ကို ရောက်ပါပြီ”

ပိုင်းလော့က ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်သည်။ သူ၏ ကိုယ်သည် တိုက်လေယာဉ်၏ လျင်မြန် ပြင်းထန်လှသော အရှိန်နှုန်းကိုပင် မနည်းထိန်းထားရပုံ ဖြစ်နေသည်။

အမည်းရောင် လျှပ်စီးကြောင်းကြီးသည် သူတို့ဆီသို့ ဦးတည်လာနေသည်။

ထိုအရာကြီး ကောင်းဖန်သည်ပင် မနည်းကြည့်နေရသည်ဖြစ်ရာ ပိုင်းလော့ကတော့ သိပင် မသိပေ။

“စိတ်ပျက်စရာပဲ” ကောင်းဖန်က ခေါင်းကိုခါပြီး ရေရွတ်လိုက်သည်။

ခြင်္သေ့ဖြူသည် မျက်လုံးကို မှေးစင်းလိုက်ပြီး သူ့ကိုယ်မှ အေးစက်သော လေများကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ တိုက်လေယာဉ်ဘေး ပတ်ပတ်လည်တွင် ရေခဲ အကာအရံတစ်ခု ပေါ်လာသည်။

မိုးကြိုးသည် ရေခဲအကာအရံကို ခြစ်ရာလေးမျှသာ လုပ်နိုင်လေသည်။ သားရဲစွမ်းရည် ကွာခြားမှု ရှိသောကြောင့် သိမ်းငှက်နှင့် ခြင်္သေ့ဖြူတွင် စွမ်းအငါကွာခြားမှုလည်း ရှိကြသည်။ ခြင်္သေ့ဖြူသည် သိမ်းငှက်ထက် အဆင့် ၄ ဆင့် နိ့မ့်သော်လည်း သားရဲစွမ်းရည်ကတော့ အပြတ်ကြီးသာသည်။

“တစ်ယောက်ယောက်လာနေပြီ.. အားလည်းကြီးတယ်” တုံယင်းက အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

မျက်လုံးတစ်လုံး နတ်ဆိုး၏ ပုခုံးပေါ်တွင် ထိုင်နေသော တုံမိုက အံကြိတ်ပြီး ပြောလိုက်သည်။ “မျကမလုံးတစ်လုံးရေ.. ငါတို့ရဲ့ မိတ်ဆွေသစ်ကို သွားတွေ့ရအောင်”

တုံရှန်းကတော့ မျက်ခုံးကို ပင့်လိုက်ပြီး “နှာမောင်းခြောက်ခုဆင်ရေ တုံမိုကို ကူညီကြရအောင်” ဟုပြောလိုက်သည်။

ထိုအချိန်တွင် အတောင်ပံပါသော သတ္တုအရာတစ်ခုသည် ဘေးတွင် ရေခဲလွှာတစ်ခု ဖုံးလျက် သူတို့ခေါင်းပေါ်မှ ဖြတ်ပျံသွားသည်။

“သတ္တုနဲ့ ရေခဲအမျိုးအစား ပေါင်းစပ်ထားတဲ့ သားရဲလား.. အဲဒီလို ပေါင်းစပ်မှုကို တစ်ခါမှ မမြင်ဖူးဘူး.. “ တုံမိုက ပြောလိုက်သည်။ သူသည် ထိုကဲ့သို့ အရာကို သူတို့ ကမ္ဘာတွင် မမြင်ခဲ့ဖူးချေ။

“အရေးမကြီးပါဘူး.. ကဲ.. မျက်လုံးတစ်လုံး နတ်ဆိုးရေ.. မင်းအလှည့်ရောက်ပြီ”

မျက်လုံးတစ်လုံးသားရဲက ခေါင်းကိုမော့လိုက်သည်။ ထိုအခါ သူ၏ ပလက်တီနမ် မျက်လုံးထဲမှ ရွှေရောင်အလင်းတန်းတစ်ခုက ဖြာထွက်လာသည်။ ထိုအလင်းသည် ပိုပိုပြီး လင်းလာကာ ဘာမှမမြင်ရလောက်တော့တဲ့အထိ ဖြစ်လာသည်။

ထို့နောက် ရွှေရောင်အလင်းတိုင်ကြီး တစ်ခုသည် ကောင်းကင်တွင် ပျံနေသော တိုက်လေယာဉ်ဆီသို့ ဦးတည် တက်သွားသည်။

ထိုအလင်းသည် လေယာဉ်ကို ဝိုင်းရံထားသော ရေခဲအလွှာနှင့် သွားတိုက်မိသည်။ ထိုအခါ ‌ရေခဲအကာအရံသည် တဖြည်းဖြည်း ရေခိုးရေငွေ့များ အဖြစ်သို့ ပြောင်းသွားပြီး လေယာဉ်ဘေးတွင် တိမ်ထုငွေ့များဖြင့် ဖုံးလွှမ်းသွားသည်။

ရေခဲအကာအရံသည် ၃ စက္ကန့်အတွင်း ပျက်စီးသွားပြီး လေယာဉ်မောင်းသူနေရာတွင် ထိုင်နေသော ပိုင်းလော့သည် ကြောက်လန့်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၅ ပုရွက်ဆိတ်များကို နင်းသတ်သလို...

ခြင်္သေ့ဖြူသည် ကောင်းဖန်လက်ထဲမှ ရုန်းထွက်လိုက်ပြီး လေယာဉ်တံခါးကို ဖွင့်လိုက်ကာ လေထဲကို တစ်ချက် ဟိန်းဟောက်လိုက်သည်။ ထိုအခါသူ၏ ကိုယ်သည် လေပူဖောင်းတစ်လုံးလို ဖောင်းလာသည်။ ထို့နောက် သူ၏လက်သည်းလေးဖြင့် တစ်ချက်ထိုးလိုက်သောအခါ အလင်းတန်းများ ဖြာထွက် ပေါက်ကွဲသွားပြီး လေယာဉ်ကို ထိန်းထားလိုက်သည်။ သူ့ကိုယ်ဘေးတွင် ဝန်းရံထားသော အပြာရောင်အလင်းတန်းသည် ရေခဲလှံများလို ဖြစ်သွားကာ သူ့ဘေးပတ်ပတ်လည်မှ အောက်သို့ စိုက်ကာ ကျဆင်းသွားကြတော့သည်။

ရေခဲလှံများသည် မြေပြင်ပေါ်သို့ မိုးရွာသလို ကျနေလေရာ မျက်လုံးတစ်လုံး နတ်ဆိုးပေါ်သို့လည်း ကျရောက်နေပြီး သူနှင့်အတူ သူ့ပုခုံးပေါ်တွင် ထိုင်နေသော တုံမို၏ ဘေးပတ်ပတ်လည်တွင် ရေခဲတောင်ကြီးတစ်ခုဖြင့် ပိတ်ထားသလို ဖြစ်သွားသည်။

ပိုင်းလော့သည် သူ့နဖူးမှ ချွေးစများကို သုတ်ပြီး ကောင်းဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ကောင်းဖန်သာ မရှိလျှင် သူသေနေပြီ ဖြစ်သည်။

ကောင်းဖန်က သူ့ပုခုံးကို ပုတ်လိုက်ပြီး ဂျပန်ဘာသာ စကားဖြင့် “ပြန်သွားတော့” ဟု ပြောလိုက်သည်။

ထို့နောက် ဒန်ဘီသည် ကောင်းဖန်ကို ချီထားလိုက်ပြီး ခြင်္သေ့ဖြူ ဖွင့်သွားခဲ့သော လေယာဉ်တံခါးပေါက်မှ ခုန်ဆင်းသွားလိုက်သည်။ ဒန်ဘီပက တံခါးကို ပြန်ပိတ်လိုက်နောက်မှ ပိုင်းလော့သည် ရှေ့လေကာမှန်တွင် အက်ရာတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကံကောင်းသည်မှာ အင်ဂျင်နှင့် တောင်ပံတို့တွင် ဆိုးဆိုးဝါးဝါး ထိခိုက်ထားတာ မရှိသောကြောင့် အနီးအနား တစ်နေရာတွင် အရေးပေါ် ဆင်းသက်မှုကို လုပ်နိုင်မည် ဖြစ်သည်။

“သခင်.. သူတို့ အကုန်လုံးကို သတ်ပစ်လိုက်ရမလား ဒါမှမဟုတ် အရှင်ဖမ်းလာရမလား” ခြင်္သေ့ဖြူက သွစာချုပ်မှ တဆင့် ကောင်းဖန်ကို မေးလိုက်သည်။

“ကိုယ်ပိုင်သားရဲတွေကို သတ်ပစ်လိုက်.. လေ့ကျင့်သူတွေကိုတော့ အသုံး၀င်ဦးမလား ကြည့်ရအောင် အရှင်ထားလိုက်” ကောင်းဖန်က ပေါ့ပါးစွာပင် ပြောလိုက်သည်။

သူသည် ထိုသူများကို မကောင်းသည့် အငွေ့အသက်များ ခံစားနေရသည်။ ထိုသူများသည် စကားထက် တိုက်ခိုက်ခြင်းကို မွေ့လျော်သည့် ပုံစံများ ဖြစ်နေကြသည်။ သူသည် ခုနက အနည်းငယ် အားနည်းသူသာ ဖြစ်ပါက ချက်ချင်း သေသွားနိုင်မည် ဖြစ်သည်။ ထိုသူများသည် သူ့ကို ဘာမှပင် မမေးမြန်းပဲ တန်းပြီး အသက်အန္တရာယ်ကို ရန်ပြုနေသည် မဟုတ်ပါလား။

“နားလည်ပြီ” ခြင်္သေ့ဖြူက ရေခဲတောင် ထိပ်ပေါ်တွင် ဆင်းစက်လိုက်သည်။ သူသည် သူ၏ ရေခဲစွမ်းအင်ကို ရေခဲတောင်ပေါ်သို့ ထည့်သွင်းလိုက်သောအခါ အထဲမှသူများ လုံး၀ထွက်လို့ မရတော့အောင် အလံန်မာကျောသွားသည်။

ရှည်လျားသော ဆင်အော်သံကြီးကို အနီးအနားတွင် ကြားနေရသည်။ နှာမောင်း ၆ ချောင်းဆင်ကြီးသည် သူ၏ ရှေ့ခြေကြီး ၂ ချောင်းကို မြေကြီးတွင် ဆောင့်ချလိုက်သည်။

ထိုအခါ လျင်မြန်စွာ ရွေ့လျားနေသော လှိုင်းကြီး တစ်ခုသည် ဆင်ကြီးဆီမှ ထွက်ပေါ်လာသည်။

ဆင်ကြီး၏ စိတ်စွမ်းအင်သည် ငလျင်လှိုင်းများနှင့် ဆက်စပ်မှု ရှိပြီး ထိုနားတစ်ဝိုက်မှ အချိန်နှင့် နေရာများကိုလည်း ပြောင်းလဲနိုင်စွမ်း ရှိသည်။ ဆင်ကြီး၏ ကြိမ်နှုန်းကြောင့် မြို့ခံလူများသည် လဲကျကုန်ကြပြီး နှလုံးရောဂါရှိသူများသည် ချက်ချင်းပင် သေဆုံးသွားကြသည်။

ဆင်ကြီး၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ရေခဲတောင်ထဲတွင် ပိတ်မိနေသော တုံမိုတို့ကလည်း သတိထားမိလိုက်သည်။ ထိုတိုက်ခိုက်မှုသည် မျက်လုံးတစ်လုံး နတ်ဆိုးထံသို့တော့ သက်ရောက်မှု မရှိပေ။ သူသည် ထိုထက်ပိုပြီး အင်အားကြီးမားသည့် သားရဲနှင့် တိုက်ခိုက်လျှင်ပင် သူ၏ မျက်လုံးအစွမ်းကြောင့် သတိလစ်မေ့မျောသွားခြင်း မရှိခဲ့ပေ။

ရေခဲတောင်ထဲမှ ကြီးမားသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသောကြောင့် ထိုနားတစ်ဝိုက်တွင် သိမ့်သိမ့်တုန်သွားသည်။

သိမ်းငှက်ကြီးသည် လေထဲတွင် ပျံဝဲနေပြီးနောက် ကောင်းဖန်တို့ရှိရာဆီ တဟုန်ထိုး ပျံသန်းလာသည်။

ထိုအချိန်သည် တိုက်ခိုက်၍ အကောင်းဆုံး အချိန်ဖြစ်သည်။ လေထဲတွင် ပျံသန်းနိုင်သည့် သားရဲများသည် ၇၀ ရာခိုင်နှုန်းလောက် အားသာချက်ရှိနေသည်။

တုံယင်းကတော့ မြင်နေရသည့် မြင်ကွင်းကို ကြည့်ပြီး စိတ်မအေးနိုင် ဖြစ်နေသည်။ သူသည် လေထဲတွင် ဝဲကျလာသည့် အရာ ၂ ခုကို မမှိတ်မသုန် ကြည့်နေမိသည်။ သေးငယ်သော အရာကတော့ ရန်သူ လေ့ကျင့်သူ ဖြစ်မည် ထင်သည်။ ဒါဆိုရင် သူ့ကို ချီထားတဲ့ ဟာကြီးက ကိုယ်ပိုင်သားရဲလား..

သူ့မှာ ကိုယ်ပိုင်သားရဲ ၂ ကောင်ရှိတာလား.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. တုံယင်းသည် မြင်နေရသည်ကို မယုံနိုင် ဖြစ်နေလေသည်။ ဒါက ဒဏ္ဍာရီလာ သူရဲကောင်းများလား..

ဒဏ္ဍာရီအရ ထူးခြားသော စွမ်းအင်များ ပိုင်ဆိုင်ထားသူသည် သူ၏ လက်အောက်တွင် ကိုယ်ပိုင်သားရဲပေါင်းများစွာကို ထားရှိနိုင်သည်ဟု ဆိုသည်။ ထိုသူထံတွင် မျိုးနွယ်စုရှိပါက ထိုမျိုးနွယ်စုသည် အလွန်အင်အား ကြီးမားနိုင်ပေမည်။

ထိုသူတို့သည် သွေးစာချုပ်များကို အလိုရှိသလောက် လုပ်၍ရသောကြောင့် တိုက်ပွဲတွင်လည်း ပိုပြီး အသာစီးရကြသည်။ ထို့ကြောင့် ကိုယ်ပိုင်သားရဲ ၁ ကောင်သာ ရှိသော လေ့ကျင့်သူဆိုပါက ထိုသူနှင့် ယှဉ်တိုက်ဖို့ လွယ်မည် မဟုတ်ပေ။ ထိုသူကတော့ မည်သည့်တိုက်ပွဲကိုမဆို အနိုင်ယူနိုင်လိမ့်မည်။ သူတို့၏ တိုက်ပွဲစွမ်းရည်နှင့် ရှင်သန်နိုင်စွမ်းတို့သည် ကိုယ်ပိုင်သားရဲ အရေအတွက်ပေါ် မူတည်၍ ပိုမိုတိုးတက် နိုင်ပေမည်။

“ဘာ.. ဒီတစ်ယောက်က အတုမရှိ တန်ခိုးရှင်လား” တုံရှန်းက အံ့ဩတကြီး ပြောလိုက်သည်။

“ခန့်မှန်းမိတာပဲ ရှိပါသေးတယ်.. သူ့နားမှာ တခြားလေ့ကျင့်သူ မတွေမိတော့ သူ့ဘေးကကောင်က သူ့ရဲ့ ကိုယ်ပိုင်သားရဲပဲ ထင်တယ်”

ဒန်ဘီသည် သိမ်းငှက်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ အရိုးများသည် မီးခိုးရောင်သို့ ပြောင်းသွားပြီး သူ့မျက်လုံးအိမ်ထဲတွင် ဝိဉာဉ်မီးတောက်က တောက်ပစွာ တောက်လောင်သွားသည်။ သူ၏ ဝိဉာဉ်စွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသလိုပင်။

သေခြင်းတရား၏ အငွေ့အသက်များသည် ဒန်ဘီထံမှ တလူလူ ထွက်ပေါ်နေသည်။ ဆင်ကြီးထံမှ လာနေသော စွမ်းအင်သည် ဒန်ဘီ၏ စွမ်းရည်နှင့် တွေ့လိုက်သောအခါ မှေးမှိန်ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်တွင် တုံယင်းနှင့် အခြားသူများ၏ စိတ်ထဲတွင် သေခြင်းတရား ပုံရိပ်များ တဖျတ်ဖျတ် ပေါ်လာကြသည်။

“ယင်ဝိဉာဉ်ရဲ့ နှလုံးသား နိုးထလာတာပဲ.. ယင်စွမ်းအင် အသုံးပြုသူပါလား”

သေခြင်းတရား၏ အော်သံများသည် ပတ်၀န်းကျင်တွင် ပြည့်နှက်နေသည်။

ထို့နောက် ဒန်ဘီသည် သူ၏ အရိုးစုပုံစံမှ ယင်ဝိဉာဉ်အသုံးပြုသူပုံစံအဖြစ် အသွင်ပြောင်းလဲလိုက်သည်။

သူသည် ညာလက်ကို သူ့ဆီလာနေသော သိမ်းငှက်ကြီးထံ ဦးတည်ဆန့်တန်းလိုက်သည်။ ထိုအခါသိမ်းငှက်ကြီးသည် ဘေးသို့ တိမ်းရှောင်လိုက်သည်။ သို့သော် သူသည် ဟန်ချက် ပျက်သွားဟန်တူသည်။ သူသည် ပျက်ကျသွားသော လေယာဉ်တစ်စီးလို မြေပြင်ပေါ်သို့ ထိုးစိုက်ကျသွားသည်။ ထို့နောက် သူသည် မြေကြီးထဲကို ထိုးခွင်းလိုက်ပြီး အတွင်းနက်နက်ထိ ၀င်သွားသောကြောင့် သူ၏ အမွှေးအတောင် တချို့သာ မြေပြင်ပေါ်တွင် ကျန်ခဲ့တော့သည်။

တုံယင်း၏ နှာခေါင်းမှ နှာခေါင်းသွေးများ လျှံကျလာသည်။ သူ၏ ကိုယ်သည် ထိန်းမရအောင် တုန်ယင်နေပြီး လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေသော ဒန်ဘီကို စိုက်ကြည့်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ ကိုယ်ပိုင်သားရဲကို ရန်သူက အနိုင်ယူလိုက်ပြီ ဖြစ်သည်။ သိမ်းငှက်ကြီးသည် ဘာမှတောင် မလုပ်လိုက်ရချေ။ သိန်းငှက်ကြီးသည် အခြားသားရဲများနှင့် အဆင့်အနည်းငယ် ကွာခြားသည် ဆိုသော်လည်း ထိုကဲ့သို့ လွယ်လွယ်သတ်လို့ ရနိုင်သည့် သားရဲတော့ မဟုတ်ပေ။ သူ့မိတ်ဆွေများ၏ ကိုယ်ပိုင်သားရဲများနှင့် တစ်ကောင်ချင်း လေ့ကျင့်ယှဉ်ပြိုင်ကြစဉ်ကပင် သိမ်းငှက်ကြီးကိုနိုင်ဖို့တော့ အနည်းဆုံး ၁၀ မိနစ်လောက် အချိန်ပေးရပေသည်။

“ပြေး.. ပြေးကြ အရူးကောင်တွေက” တုံယင်းက သွေးရူးသွေးတမ်း အော်ဟစ်လိုက်သည်။

“ဘာလဲဟ” တုံမိုက ကြောင်ကြည့်နေသည်။

တုံရှန်း၏ တုံ့ပြန်ချက်ကတော့ ပိုပြီး မြန်ဆန်လှသည်။ သူ၏ ဆင်ကြီးသည် စိတ်စွမ်းအင် အမျိုးအစား ဖြစ်သောကြောင့် အခြားသော သားရဲများထက်တော့ အားသာချက်ရှိနိုင်သည်။ ဆင်ကြီးကတော့ သူ့ထက်သာသူကို တွေ့နေရသောကြောင့် ကြောက်လန့်နေတာ သိသာလှသည်။ သူ့ရန်သူသည် အနည်းဆုံး ကြယ်ငါးပွင့် အဆင့် ရှိနိုင်သည်။

သူတို့၏ မျိုးနွယ်စုတွင် ကြယ်ငါးပွင့်အဆင့်သားရဲ တစ်ခါသာ ရှိခဲ့ဖူးသည်။ ထိုသားရဲသည်လည်း ယခင်မျိုးဆက်ဟောင်းတစ်ယောက်က ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

တုံရှန်းသည် ဆင်ကြီးပေါ်တက်ပြီး ချက်ချင်း ထွက်ပြေးလိုက်သည်။ သူ့ရဲဘော်ရဲဘက်များကို ကယ်ဖို့စိတ်တော့ နည်းနည်းမှပင် မရှိတော့ချေ။ ထွက်ပြေးဖို့တစ်ခုသာ စိတ်ထဲ ရှိနေသည်။

အနည်းဆုံး.. အနည်းဆုံး ငါအသက်ရှင်နေသေးရင် အားလုံးအဆင်ပြေသွားမှာပါ..

သူ၏ စိတ်ကောင်းများသည်လည်း လွင့်စင်ပျောက်ပြယ်သွားပြီ ဖြစ်သည်။ သူ့ပုံစံသည် အသက်ရှင်ဖို့ အသည်းအသန်ကြိုးစားနေရသော လူတစ်ယောက် သဖွယ် ဖြစ်နေသည်။

တုံယင်းကတော့ ခဏအကြာတွင် တစ်ချက်ငြီးငြူပြီး လဲကျသွားသည်။

စက္ကန့် ၃၀ ကြာပြီးနောက်တွင် ရွှေရောင်အလင်း ဝိဉာဉ်သားရဲနှင့် တုံလင်းတို့လည်း လဲကျသွားကြသည်။

စက္ကန့် ၄၀ အကြာတွင်တော့ တုံရှန်း၏ အသွေးထဲ အသားထဲမှ ကြက်သီးများထလာပြီး ပြင်းထန်သော စိတ်ဝိဉာဉ်လှိုင်းတစ်ခုက ရိုက်ခတ်လိုက်သည်ကို ခံစလိုက်ရပြီး ဆင်ကြီး၏ ကျောပေါ်တွင် မေ့လဲသွားသည်။

ဆင်ကြီးကတော့ စိတ်စွမ်းအင် အမျိုးအစား သားရဲ ဖြစ်သည့်အပြင် ကြီးမားသော ကောင်ကြီးလည်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဒန်ဘီ၏ တိုက်ခိုက်မှုကို တခြားသူများလို ခံလိုက်ရသော်လည်း လဲကျမသွားပေ။ သူသည် တိုက်ခိုက်မှုကို အချိန်ကိုက် သူ၏ စွမ်းအင်ဖြင့် ကာကွယ်လိုက်နိုင်ပြီး သူ့ကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အကာအရံတစ်ခု ထွက်ပေါ်လာသည်။

လေထဲမှ ဒန်ဘီ၏ အရိပ်ကြီးသည် ဆင်ကြီးပေါ်သို့ကျနေပြ ကြီးမားသော ရုပ်တုကြီး သဖွယ် ဖြစ်နေသည်။ ထို့နောက်သူသည် ဆင်ကြီးကို ရိုက်ချလိုက်သောအခါ သူ့ကိုယ်တွင် ကာရံထားသော စွမ်းအင်များ အစိတ်စိတ်အမြွာမြွှာ ဖြစ်သွားသည်။ ဆင်ကြီးသည် သနားစဖွယ်ကောင်းအောင်ပင် မြေပေါ်သို့ ဒူးထောက်လျက်သား ပြုတ်ကျသွားပြီး မျက်နှာနှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။

ထိုသို့ဖြင့် စက္ကန့် ၅၀ အတွင်းတွင် ကျူးကျော်လာသူ ၄ ဦးကို အနိုင်ယူလိုက်နိုင်ပြီ ဖြစ်သည်။

ဒန်ဘီသည် ဆင်ကြီးထံသို့ ဆင်းသက်လိုက်ပြီး ဆင်ကြီး၏ ခေါင်းထဲသို့ အဖြူရောင်အခိုးအငွေ့များကို ထည့်လိုက်သည်။

ထိုအချိန်တွင် ကျယ်လောင်သော အသံကြီးများ ထွက်လာပြီး ခဏတွင်းချင်းပင် ဆင်ကြီးသည် သေဆုံးသွားသည်။ ကြီးမားသော အလင်းလုံးကြီးသည် ဆင်ကြီးကိုယ်ထဲမှ ထွက်လာပြီးနောက် ဒန်ဘီကိုယ်ထဲသို့ ၀င်သွားသောအခါ ဒန်ဘီ၏ စွမ်းအင်သည် ပို၍ပင် အားကောင်းသွားသည်။ ဒန်ဘီ၏ သားကောင်များသည် သူ၏ ဝိဉာဉ်စွမ်းအင်ကို အထောက်အပံ့ပေးနိုင်ကြသည်။

ဆင်ကြီးသည် အရေပြားသည် စတင် အရည်ပျော်လာသည်။ ထို့နောက် မီးခိုးရောင် အနားသတ်များကသူ့ကိုယ်တစ်လျှောက်ပေါ်လာသည်။ ထို့နောက် ဆင်ကြီး၏ မျက်လုံးအိမ်ထဲတွင် ဝိဉာဉ်မီးတောက်များ ပေါ်လာတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၆ စံတုံမျိုးနွယ်စု

ဒန်ဘီသည် လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ မြေပြင်ပေါ်တွင် လဲကျနေသော ကိုယ်ပိုင်သားရဲများ၏ ဝိဉာဉ်များ လေထဲတွင် ဝဲပျံလာသည်။ တုံယင်း၊ တုံရှန်းနှင့် တုံလင်းတို့ကတော့ သတိမေ့နေကြသည်။

တုံမိုနှင့် သူ၏ ကိုယ်ပိုင်သားရဲကတော့ ရေခဲတောင်ထဲတွင် ပိတ်မိနေဆဲ ဖြစ်သည်။

ထိုအချိန်အတွင်းတွင် နိဟွန်းဒေသ၏ အာဏာပိုင်များသည် တိုက်ပွဲကို ကောင်းကောင်းမြင်နေရသည်။ နိဟွန်းခရိုင်ကလည်း သိပ်မကြသောကြောင့် ဖြစ်သည်။ ကပ်ဆိုးကြပြီးနောက်တွင် နိဟွန်းဒေသ၏ ကျွန်းသည် အနည်းငယ်ကြီးလာသော်လည်း တိုက်ကြီးတစ်ခုတော့ ဖြစ်မလာသေးပဲ ကျွန်းတစ်ခု အနေနှင့်သာ ရှိနေသေးသည်။

ချယ်ရီကောင်းကင်၊ နတ်ဘုရားသစ်ပင်နှင့် တိုင်ရာနော့ မာဆာကိုဒိုတို့ သေဆုံးသွားပြီ ဖြစ်သောကြောင့် သူတို့သည် အကာအကွယ် မဲ့နေခဲ့ရာ ဘုရင်အဆင့်သားရဲများနှင့် ယှဉ်လျှင် အားနည်းနေသလို ဖြစ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကောင်းဖန်နှင့် ထိုသူများ၏ တိုက်ပွဲကို သူတို့သည် အားကိုးအားထား မျှော်လင့်နေကြခြင်း ဖြစ်သည်။

အခြေအနေများသည် အရေးပေါ်သာ ဖြစ်သွားခဲ့ပါက နိဟွန်းဒေသ၏ အာဏာပိုင် အချို့သည် ထွက်ပြေးဖို့တောင် ပြင်ဆင်နေကြပြီ ဖြစ်သည်။ အချို့သော အာဏာပိုင်များကသာ ဒေသစွဲဖြင့် ကျန်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် တိုက်ပွဲကို ဒီလောက် မြန်မြန် ပြီးသွားမည်ဟု မထင်သောကြောင့် ဘယ်လို တုံ့ပြန်ရမှန်းပင် မသိ ဖြစ်နေကြသည်။ ဘယ်နှမိနစ် ကြာသွားပါလိမ့်..

သူတို့သည် အချိန်ကိုပင် မတွက်ဆနိုင်တော့ချေ။ တိုက်ပွဲသည် စီးကရက်တစ်လိပ် မကုန်ခင်မှာပင် ပြီးသွားပြီ ဖြစ်သည်။

“သူက ဘာလို့ စောစော မလာတာလဲ.. ကျုပ်အဖေက သေသွားခဲ့ပြီ.. အဲဒါသူ့အပြစ်ပဲ”

ရှီကျင်း စစ်တပ်ခရိုင်ထဲတွင် အနည်းငယ် ရာထူးရှိပုံရသော စစ်သားတစ်ယောက်က နီရဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ “သူသာ စောစောလာပြ ကူညီခဲ့ရင် ငါ့အဖေလည်း ရှေ့တန်း ထွက်ရမှာ မဟုတ်ဘူး.. သေလည်း သေရမှာ မဟုတ်ဘူး” လူငယ်သည် လက်သီးဆုပ်ဖြင့် စားပွဲကို ထုကာ နာကျင်စွာ ပြောလိုက်သည်။

သူသည် သူ့အဖေ မထွက်သွားခင်ကပင် ဖုန်းပြောလိုက်ကသေးသည်။ ဖုန်းထဲတွင် သူ့အဖေက စိတ်အေးလက်အေးသာ ပြောခဲ့သည်။ “ဒီစစ်ဆင်ရေးပြီးရင် မင်းကို ဟွာရှားဒေသကို အလည်ခေါ်မယ်” သူသည် ထိုစကားများမှာ သူ့အဖေ နောက်ဆုံးပြောသွားသော စကားများ ဖြစ်သည်ကို မယုံနိုင် ဖြစ်နေသည်။

အခြားသော စစ်ဗိုလ်များကတော့ သူ၏ ၀မ်းနည်းဒေါသကို တိတ်တဆိတ် နားထောင်နေကြသည်။ ထိုလူငယ်သည် တိုင်ရာနော့ မာကာဆာဒို၏ တစ်ဦးတည်းသော သားဖြစ်သည်။ သူ့ကြောင့်ပင် မာကာဆာဒိုသည် သားရဲလေ့ကျင့်သူ အဖွဲ့အစည်းတည်ထောင်သူ တစ်ဦးအဖြစ် ပါ၀င်ခဲ့ပြီး စစ်တပ်ခရိုင်နှင့် နီးရာတွင် ရှိနေခြင်း ဖြစ်သည်။

“သူ့ကို ခေါ်သွားလိုက်” ဗိုလ်ချုပ်ကြီးတစ်ယောက်က ခေါင်းခါ သက်ပြင်းချရင်း ပြောလိုက်သည်။

“သူ့ကို သော့ခတ်ထားပြီး အဲဒီလူဆီ အပ်လိုက်” နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။

တိုင်ရာနော့ မာဆာဟာရာသည် ထိုစကားကို ပြောလိုက်သူအား စိုက်ကြည့်လိုက်သည်။ သူခေါင်းမော့လိုက်သောအခါ တစ်ယောက်ယောက်က အနောက်မှနေ၍ သူ့ကို ရိုက်ချလိုက်ပြီး သူလည်း သတိလစ်သွားသည်။

“အခုက နိဟွန်းဒေသရဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေတယ်.. သူ့ကို ၀င်ရှုပ်ခိုင်းပြ ပြဿနာ အတက်ခံလု့် မဖြစ်ဘူး..သူ့တစ်ယောက်လောက်ကို ဒီလို အခြေအနေမှာ ‌စတေးခံလိုက်ရတာက ပြဿနာ မဟုတ်ဘူး” ရှီကျင်းစစ်တပ်ခရိုင်၏ ဒုတိယညွှန်ကြားရေးမှူးက ပြောလိုက်သည်။

အခြားသော အရာရှိများကလည်း သူပြောတာကို ထောက်ခံလိုက်ကြသည်။

တိုင်ရာနော့ မာဆာကာဒိုသည် သေသွားပြီဖြစ်ရာ အရင်က ဘယ်လောက်ပင် ကျေးဇူးကြွေးများ ရှိခဲ့သော်လည် ရေစုန်မျောသွားပြီ ဖြစ်သည်။

အရေးကြီးဆုံးအချက်က တိုင်ရာနော့ မာဆာကာဒိုသည် သိမ်းငှက်ကြီး လက်ချက်ဖြင့် ထွက်ပြေးချိန်ပင် မရပဲ သေဆုံးသွားသည့် အချက်နှင့် ထိုသိမ်းငှက်ကြီးသည် ကောင်းဖန် ကိုယ်ပိုင်သားရဲ လက်ချက်ဖြင့် တစ်ချက်တည်း သေသွားသည့် အချက် ဖြစ်သည်။

သူတို့စွမ်းအင်တွေက ဘယ်လောက်တောင် ကွာခြားနေကြတာလဲ.. သူတို့သည် တွေးရင်း တွေးရင်းဖြင့်ပင် ကြောက်လန့်လာသည်။

ဒန်ဘီဘေးတွင် ဝိုင်းရံနေသော အေးစက်နေသည့် စွမ်းအင်များသည် ပြန်လည် ပြောင်းလဲသွားပြီး နဂိုပုံစံ ပြန်ဖြစ်လာသည်။ သူ၏ အဖြူရောင် အရိုးစုများသည် တဖြည်းဖြည ပြန်လည် ထွက်ပေါ်လာကြသည်။ သူသည် တောက်ပသော ရွှေနက်ရောင် သရဖူကို ဆောင်းထားပြီး လက်ကို နောက်ပစ်ရပ်နေသည်မှာ အလွန်ပင် ကြည့်ကောင်းလှသည်။

ခြင်္သေ့ဖြူသည် သူ၏ အဖြူရောင်ကြွက်သားများကို လှုပ်ရှားလိုက်ပြီးနောက် သူ၏ ချွန်ထက်သော လက်သည်းအစုံဖြင့် အောက်ကို ရိုက်ချလိုက်သည်။

ထိုအခါ ရေခဲတောင်သည် ပြိုကျသွားပြီး အထဲတွင် ရှိနေသော သူနှင့် သားရဲတို့လည်း တစ်စစီ ဖြစ်သွားကြသည်။

“သွားရအောင်” ကောင်းဖန်၊ ဒန်ဘီနှင့် ခြင်္သေ့ဖြူတို့သည် တိုက်ပွဲနေရာမှ ထွက်ခွာလိုက်ကြသည်။

ထိုတိုက်ပွဲသည် ကောင်းဖန်အတွက် မတော်တဆ ဖြစ်သည်။ သူသည် နဂိုက နောက်ကွယ်က သူကိုသာ စုံစမ်းဖို့ လာခဲ့ခြင်း ဖြစ်ရာ အခုလို ကူညီခဲ့ရမည်ဟု တွေးပင် မတွေးမိခဲ့ချေ။ ကောင်းဖန်သည် အတွေးများ ပွားနေမိသည်။

သူသည်လဲကျနေသော ၃ ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လမ်းမှာကျမှပဲ ဒန်ဘီကို နှိုးခိုင်းလိုက်တော့မည်ဟု တွေးလိုက်သည်။

သူတို့ နိုးလာကြသောအခါ ကောင်းဖန်နားမလည်သော စကားများကို ‌သွေးရူးသွေးတမ်းပြောနေကြသည်။ သို့သော် သူတို့၏ ပုံစံများကို ကြည့်ခြင်းအားဖြင့် သူတို့ပြောနေသည့် အကြောင်းအရာများကိုတော့ ခန့်မှန်းနိုင်ပေသည်။

“သခင်.. သူတို့က စံတုံမျိုးနွယ်စုက လာတာပါတဲ့.. တစ်ယောက်က ပြောတာတော့ သူ့အဖေက မျိုးနွယ်စုရဲ့ အကြီးအကဲတဲ့.. နောက်တစ်ယောက်ကတော့ သူ့ အဖေက မျိုးနွယ်စုရဲ့ အမဲလိုက်အဖွဲ့က ဒုခေါင်းဆောင်တဲ့.. သူတို့ အကြီးအကဲတွေက သူတို့ကို အသက်ချမ်းသာပေးရင် ထိုက်တန်တဲ့ တန်ဖိုးကို ပြန်ပေးမှာပါတဲ့” ဒန်ဘီက ဘာသာပြန်ပေးလိုက်သည်။

သူတို့က တစ်ခုခုပဲဆိုတာ ထင်တော့ထင်သားပဲ.. ကောင်းဖန်က တိတ်ဆိတ်နေပြီး ဘာမှ မပြောပဲ ကြည့်နေသည်။ “ဒန်ဘီ သူတို့ကို မေးလိုက်...”

…

နာရီ၀က်ခန့်ကြာသောအခါ သိလိုသမျှ အကြောင်းအရာများကို မေးလို့ ပြီးသွားသည်။ သို့သော် ၃ ယောက်လုံးသည် အလွန်ခေါင်းမာကြသည်။ သူတို့သည် မည်မျှပင် အရိုက်ခံရပါစေ မျိုးနွယ်စု၏ တည်နေရာ အတိအကျနှင့် မျိုးနွယ်စု၏ အင်အားအကြီးမားဆုံး သားရဲအကြောင်းကို လုံး၀ထုတ်မပြောပေ။ အခြားသော ကောင်းဖန်သိချင်သည့် အကြောင်းအရာများကိုတော့ သိခွင့်ရလိုက်သည်။

သူတို့သည် စံတုံမျိုးနွယ်စုမှ လာခြင်း ဖြစ်ကြပြီး မွေးကတည်းက သူတို့ ကမ္ဘာတွင်သာ နေခဲ့ကြသည်။ သူတို့သည် ကမ္ဘာကို ဘိုးဘွားပိုင်မြေလို့ ခေါ်ကြသည်။ သူတို့အတွက် ထိုနယ်မြေကြီးသည် ရှေးဘိုးဘေးဘီဘင်များက ပြောခဲ့သော ဒဏ္ဍာရီအဖြစ်သာ ကြားဖူးခဲ့ကြသောကြောင့် ယုံတမ်းစကားဟုသာ ထင်ခဲ့ကြသည်။

သူတို့ ကြားခဲ့ရသော ဒဏ္ဍာရီအရ သူတို့၏ ဘိုးဘေးများသည် ယခင်က ကမ္ဘာတွင် နေခဲ့ဖူးပြီးမှ ပြောင်းရွှေ့ခဲ့ကြသည်ဟု ဆိုသည်။ ပြောင်းရွှေ့ခဲ့ရသည့် အကြောင်းရင်းကိုတော့ သူတို့လည်း မသိကြချေ။

စံတုံမျိုးနွယ်စုသည် လူဦးရေပေါင်း သန်းချီရှိသည့် အလယ်အလတ် အရွယ်အစားရှိသော မျိုးနွယ်စုဖြစ်သည်။ သူတို့ မျိုးနွယ်စုတွင် အလွန်အဆင့်မြင့်သော လေ့ကျင့်သူများရှိပြီး အင်ပါယာအဆင့် သားရဲလေ့ကျင့်သူများပင် အယောက် ၃၀ ထက်မနည်း ရှိသည်။ ဘုရင်အဆင့်သားရဲ လေ့ကျင့်သူများလည်း မြောက်များစွာ ရှိကြသည်။

သူတို့သည် ဘိုးဘွားပိုင်မြေကို လာရောက်စုံစမ်းရန် ဘုရင်အဆင့် သားရဲလေ့ကျင့်သူများကို လွှတ်လိုက်ကြခြင်း ဖြစ်သည်။ သူတို့သည် မျိုးနွယ်စုတွင် စွမ်းအားအကြီးဆုံး ဘုရင်အဆင့်သားရဲ လေ့ကျင့်သူများ ဖြစ်ကြသည်။

ကမ္ဘာနှင့် မတူသည်က သူတို့သည် သားရဲများကို ကြယ်တစ်ပွင့်မှ ကြယ်ငါးပွင့်အထိ အဆင့်သတ်မှတ်ကြခြင်း ဖြစ်သည်။ ပုံမှန်အဆင့်မှ ဒဏ္ဍာရီအဆင့်ကို သတ်မှတ်သလိုပင် ဖြစ်သည်။

စံတုံမျိုးနွယ်စုတွင် ဒဏ္ဍာရီအဆင့်သားရဲက ရှားပါးသော်လည်း ကောလဟာလများအရ သူတို့၏ အရင်မျိုးဆက်တွင် ဒဏ္ဍာရီအဆင့်သားရဲ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း စံတုံမျိုးနွယ်စုက အင်အားကြီးမားခဲ့ခြင်း ဖြစ်သည်။

ဒဏ္ဍာရီစွမ်းရည်အပြင် ပြီးပြည့်စုံကောင်းမွန်စွမ်းရည်ကလည်း အားကိုးရသည့်ထဲတွင် ပါသည်။ စံတုံမျိုးနွယ်စုအနေဖြင့် ပြီးပြည့်စုံကောင်းမွန်စွမ်းရည်ရှိသော ဘုရင်အဆင့် သားရဲ ၄ ကောင်ကိုပင် မနည်းထည့်လိုက်ရသည် ဖြစ်ရာ သူတို့မည်မျှရှားပါးသည်ကို ကောင်းကောင်းတွေ့မြင်နိုင်သည်။

သူတို့ ၄ ယောက်လုံး၏ မိဘများသည်လည်း မျိုးနွယ်စုတွင် ရာထူးမြင့်များ ရှိထားကြသောကြောင့် ဘယ်သူမှ မသွားချင်ခဲ့ကြပေ။ သို့သော် သူတို့သည် မျိုးနွယ်စုတွင် တင်းကြပ်သော စည်းကမ်းများရှိသော်လည်း ငယ်ရွယ်စဉ်ကတည်းက စွမ်းအားကြီး သားရဲများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သို့သော် သူတို့သည် မည်မျှပင် ခိုင်မာသော ကျောထောက်နောက်ခံရှိကြသော်လည်း အလွယ်တကူပင် ရှုံးနိမ့်ခဲ့ကြရသည်။ သူတို့ထဲတွင် သေသွားသောသူသည် စံတုံမျိုးနွယ်စုခေါင်းဆောင်၏ အကြီးဆုံးသား ဖြစ်သည်။

သူတို့သည် ငယ်ငယ်ရွယ်ရွယ်နှင့် ဘုရင်အဆင့်သားရဲ လေ့ကျင့်သူများ ဖြစ်လာခြင်းမှာ သူတို့မိဘများ၏ ပံ့ပိုးမှုများကြောင့်လည်း ပါသည်။ သူတို့ပိုင်ဆိုင်သော ကိုယ်ပိုင်သားရဲများသည် ဘိုးဘေးပိုင်များလည်း ပါကြသည်ပင်။

တုံရှင်းကတော့ သူ၏ ဆင်ကြီးသည် ရှေ့က ဘိုးဘေးပိုင်ဆိုင်ခဲ့သည့် ဆင်ကြီးဖြစ်ပြီး သူ့လက်တွင်း ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပြောပြီးနောက် သူတို့ ၃ ယောက်သည် ကောင်းဖန်ကို မျက်လုံး အပြူသားဖြင့် ကြည့်နေကြသည်။

ကောင်းဖန်သည် သူသိချင်သောအကြောင်း အရာများကို ကြားပြီးနောက် ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် သူက ပျော်ရွှင်စွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့.. ကျုပ်က ကတိတည်တဲ့သူပါ.. မင်းတို့အတွက် အကောင်းဆုံး အတွေ့အကြုံတွေကို ပေးမှာပေါ့”

သူတို့ ၃ ယောက်သားသည် မျက်ရည်များပင် ဝဲသွားကြသည်။ နင့်ကို ဘယ်သူက ငါတို့ကို ပျော်အောင် လုပ်ခိုင်းလို့လဲ.. ငါတို့က အသက်ပဲ ရှင်ချင်တာလေ..

တုံရှင်းသည် ရုတ်တရတ် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။ “ငါ့မှာ ကိုယ်ပိုင်သားရဲတွေ မရှိတော့လို့ ငါ့မိဘတွေကို ငါ့အတွက် ပြန်ပြီး အလဲအလှယ် မလုပ်တော့မှာကို မစိုးရိမ်ပါနဲ့.. ငါက မိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့အတွက် သေချာပေါက် တန်ဖိုးတစ်ခုကို ပြန်ပေးမှာပါ”

ထိုအချိန်တွင် သူသည် အခြားသူ ၂ ယောက်အတွက် ဂရုမစိုက်တော့ချေ။ နောက် ၂ ယောက်အကြောင်းကို ထည့်ပင် မပြောတော့ပေ။

ကောင်းဖန်သည် မေးစေ့ကို ပွတ်၍စဉ်းစားလိုက်သည်။ သူသည် စံတုံမျိုးနွယ်စုကို ဒေါသထွက်ခဲ့တာတော့ သေချာသည်။ ကောင်းဖန်သည် နောင်တပင် ရသွားမိသည်။ ငါနည်းနည်း လောသွားတယ် ထင်တယ်.. ငါတကယ်တော့ အရင်စုံစမ်းမေးမြန်းဖို့ လုပ်သင့်တာ.. ငါလည်း အတိုက်ခိုက်ခံလိုက်ရတော့ နည်းနည်း လက်လွန်သွားတယ်..

‌ဒီလူတွေမှာ ကျောထောက်နောက်ခံကောင်းတွေ ရှိလိမ့်မယ်လို့တော့ ဘယ်သူက ထင်မှာလဲ.. သူတို့တွေ ရူးများနေကြလား မသိဘူး.. သိပ်အရေးမကြီးတဲ့ သူတွေကိုပဲ လွှတ်ရောပေါ့.. ဒီလောက် အရေးပါတဲ့ သူတွေကို လွှတ်စရာလား..

ဒါပေမယ့် သိပ်တော့ စိတ်ပူစရာ မလိုပေ။ ဒီကမ္ဘာတွင် အဆင့်အလွန်မြင့်သော သားရဲများလည်း ၀င်ရောက်၍ မရပေ။ ရမည်ဆိုလျှင်လည်း ကောင်းဖန်၏ သားရဲများက အလွန်အဆင့်မြင့်နေကြမည် ဖြစ်သည်။

သူသည် အကောင်းဆုံးစွမ်းရည်ကို ထိန်းသိမ်းထားနိုင်သရွေ့ ဘယ်တော့မှ ရှုံးမည် မဟုတ်ပေ။ ကောင်းဖန်သည် ယခုအခြေအနေကို ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိပေ။ တောင်မှ အငွေ့ပျံပြီးပင် ပျောက်သွားလိုက်ချင်သည်။

အခုလိုလက်စားချေရတာကြီးကလည်း ပျင်းစရာကောင်းလိုက်တာ.. ကောင်းဖန်သည် စိတ်ညစ်နေသည်။ ငါဒါကို ဘယ်လို ဖြေရှင်းရပါ့.. ဝိဉာဉ်ဖောင်ကို တောက်လျှောက် ထိုင်စောင့်ကြည့်ပေးပြီး ၀င်လာသမျှ သတ်ပစ်ပေးရမှာတော့ မဟုတ်လောက်ပါဘူး..

သူသည် နားထင်ကို ပွတ်လိုက်သည်။ ငါက ဒါတွေရဲ့ နောက်ကွယ်မှာ ရှိလိမ့်မယ်လို့ သူ‌တို့ သိတော့ မသိလောက်ပါဘူး.. ငါတာ၀န်ယူစရာ မလိုတော့ဘူးလေ..

ကောင်းဖန် မျက်လုံးများ အရောင်တောက်သွားသည်။ တကယ်လို့ ငါဒီကိစ္စကို သိတဲ့ သူတွေအားလုံးကို သတ်ပစ်လိုက်မယ်ဆိုရင်လည်း ဒါကိုဘယ်သူမှ သိတော့မှာမဟုတ်ဘူးပေါ့..

***

All Chapters