← Chapters

အခန်း (၄၇၇-၄၈၀)

Vol. 30 Ch. 477-480

အခန်း (၄၇၇-၄၈၀)

Vol. 30 Ch. 477-480

အခန်း ၄၇၇ ဝိဉာဉ်ထံမှ အကြံပြုချက်

ကောင်းဖန်က လက်ခုပ်တီးလိုက်သည်။ ကောင်းလိုက်တဲ့ အကြံပဲ.. ငါသာ သိတဲ့သူတွေ အကုန်လုံးကို သတ်လိုက်ရင် ဒါတွေအားလုံးကို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး။

ကောင်းဖန်ကိုယ်ထဲမှ မရဏ အငွေ့အသက်များ ထွက်ပေါ်လာသောကြောင့် သူ့သခင်၏ အတွေးကို အာရုံခံမိလိုက်သကဲ့သို့ပင် ဒန်ဘီ၏ ဝိဉာဉ်မီးတောက်က ရုတ်တရတ် ကြီးထွားလာသည်။ အခြားသော သူ၏ ကိုယ်ပိုင်သားရဲများကတော့ ကောင်းဖန်အတွေးကို သေချာမသိကြသော်လည်း ကြက်သီးထဖွယ် အငွေ့အသက်ကိုတော့ ခံစားလိုက်ကြရသည်။

ထိုအချိန်တွင် တောက်လျှောက် ငြိမ်နေခဲ့သော တုံယင်းက ထအော်လိုက်သည်။ “ငါ့ကို သတ်လိုက်.. စံတုံလူမျိုးစုရဲ့ သူရဲကောင်းတွေက သေရမှာ မကြောက်ဘူးကွ”.

“ဒါဆိုလည်း မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့” ကောင်းဖန်က ပေါ့ပါးစွာပင် ပြောလိုက်သည်။

ဒန်ဘီက လှုပ်ရှားလိုက်သောအခါ တုံယင်း၏ ဝိဉာဉ်သည် ထွက်လာပြီး တဖြည်းဖြည်း သေဆုံးသွားတော့သည်။ အသက်ဝိဉာဉ်သည် မီးတောက် တစမခုလိုပင် တစ်ဟုန်ထိုး တောက်လောင်ပြီးနောက် ငြိမ်းသွားရစမြဲ ဖြစ်သည်။

“ဘယ်သူသေချင်သေးလဲ” ကောင်းဖန်က နောက် ၂ ယောက်ကြည့်ပြီး အနည်းငယ် တုန်နေသော အသံဖြင့် ပြောလိုက်သည်။

သူတို့အတွက် ကောင်းဖန်သည် အလွန်ကြောက်စရာကောင်းနေသည်။ တုံရှင်းသည် ခေါင်းကို ချက်ချင်း ယမ်းခါလိုက်သည်။ တုံလင်းကတော့ မျက်ရည်စမ်းစမ်းပင် ဖြစ်နေပြီး နှုတ်ခမ်းကို ဖိကိုက်ထားသည်။

“သခင်.. သခင့်ရဲ့ ခံစားချက်တွေက ပုံမှန် ဖြစ်မနေပါဘူး” ဒန်ဘီက ရုတ်တရတ် ပြောလိုက်သည်။

ကောင်းဖန်က ကြောင်သွားသည်။ “ငါ့ကို တစ်ခုခုက လွှမ်းမိုးထားတာလား”

ဒန်ဘီက ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး ဒါပေမယ့် ဟုတ်ပါတယ်”

“ဘာကို ပြောချင်တာလဲ”

“သခင့်ကိုယ်ထဲကနေ အမုန်းတရားရဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာနေပါတယ်”

ကောင်းဖန်သည် ဒန်ဘီပြောမှပင် တစ်ခုခုမှားနေမှန်း အာရုံခံမိလိုက်သည်။ ငါတကယ် ထူးခြားတဲ့ အငွေ့အသက်တွေ ထွက်နေတာပဲ.. ငါအခုတောင် အရမ်းအန္တရာယ်များတဲ့ အတွေးကို တွေးခဲ့မိသေးတယ်.. ငါ့ကိုယ်ငါတောင် မှားတယ်လို့ မထင်မိခဲ့ဘူး..

ကောင်းဖန်သည် ခေါင်းကို မြန်မြန်ခါရမ်းလိုက်ပြီး သူ့မျက်နှာကို ပွတ်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ခုချလိုက်သည်။ “ဘာလို့ ဒီလို ဖြစ်ရတာလဲ” ကောင်းဖန်သည် ဒန်ဘီအား သွေးစာချုပ်မှ တဆင့် မေးလိုက်သည်။

ဒန်ဘီသည် ခဏတိတ်ဆိတ်ပြီးနောက် ပြန်ဖြေလိုက်သည်။ “ကျွန်တော့်ဆီက အကျိုးသက်ရောက်မှုက သခင့်ဆီ ကျရောက်သွား ထင်တယ်”

“ကျွန်တော် သန်မာလာပြီးနောက် သခင့်ကိုလည်း ဝိဉာဉ်စွမ်းအင်တွေကို ထောက်ပံ့ပေးခဲ့ပါတယ်.. ကျွန်တော်ကလည်း ဝိဉာဉ်စွမ်းအင်ကို မြှင့်တင်တဲ့နေရာမှာ သက်ရှိတွေကို လိုက်သတ်ရပါတယ်... ကျွန်တော်လည်း အမုန်းတရားပါ၀င်တဲ့ ဝိဉာဉ်စွမ်းအင်တွေကို စစ်ထုတ်ပေမယ့် အရေအတွက်တွေက များလွန်းနေခဲ့ပါတယ်.. ဒါပေမယ့် သခင့်ကိုပါ အကျိုးသက်ရောက်မှုတော့ မရှိဘူးလို့ ထင်ခဲ့မိလို့ပါ” ဒန်ဘီက ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ဒါဆိုဘာလို့ အရင်ကကျတော့ မဖြစ်လဲ” ကောင်းဖန်က နားမလည်နိုင် ဖြစ်နေသည်။

“သူက အဆင့်မြင့်တာ မြန်ဆန်ပြီး စွမ်းရည်အဆင့်လည်း အရမ်းမြင့်လို့နေမှာပေါ့” ခြင်္သေဖြူက ၀င်ပြောလိုက်သည်။ “ဒါပေမယ့် ဒီလွှမ်းမိုးမှုက အရမ်းတော့ သက်ရောက်မှု မရှိနေသင့်ဘူး.. ခဏဖြစ်ပြီး ပျောက်သွားသင့်တာ”

ပြဿနာက အဲဒီအရိုးစုက အဆင့်မြင့်တက်မှု အရမ်းမြန်ဆန်နေတာပဲ.. တကယ်လို့ သူက ဒီလိုနှုန်းနဲ့ပဲ ဆက်လုပ်နေမယ်ဆိုရင် နင့်ရဲ့ ခုနကလို စွမ်းအင် အငွေ့အသက်က ပိုထူထဲ သန်မာလာလိမ့်မယ်.. ဒီလို အငွေ့အသက်က သိပ်တော့လည်း မဆိုးပါဘူး.. နည်းနည်း ပိုပြီး စိတ်က အရိုင်းဆန်လာတာပဲ ရှိတာ..

ခြင်္သေ့ဖြူသည် ကောင်းဖန်ကို အနေအေးသူဟု အမြဲတွေးမိသည်။ သူသည် သူတော်စင်လောက်တော့ မဟုတ်သော်လည်း အရာရာကို တင်းတိမ်ရောင့်ရဲတတ်ပြီး လောဘလည်း မကြီးတတ်ချေ။

ခြင်္သေဖြူသည် ကောင်းဖန်ကို ထိုကိစ္စနှင့် ပတ်သက်၍ မကြာခဏ အကြံပေးတတ်သော်လည်း အချည်းနှီးပင် ဖြစ်သည်။ ဒီသောက်ပျင်းက အမြဲ အဲဒီအတိုင်းပဲ.. ကောင်းဖန်က နည်းနည်းလောက်ပဲ ဟိတ်ဟန်ကြီးတတ်ရင် အတော်ပဲ..

ခြင်္သေ့ဖြူသည် ပြင်းထန်ပေါက်ကွဲ ဒေါသဖြစ်ခြင်းကို တစ်ခါမှ ထူးဆန်းသည်ဟု မတွေးခဲ့ဖူးချေ။ သူသည် သားရဲတစ်ကောင် ဖြစ်သောကြောင့် သူ၏ စည်းမျဉ်းမှာ အားကြီးသူက အားနည်းသူကို အနိုင်ယူမည် ဆိုတာပဲ ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ရက်စက်ခြင်းဆိုသော အရာလည်း အဘိဓာန်တွင် မရှိနေပေ။

ကောင်းဖန်ဘေးတွင် လှဲနေသော ခြင်္သေ့ဖြူလေးသည် အနည်းငယ် မျှော်လင့်မိသွားသည်။ သူသည် ကောင်းဖန်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားဖို့ အမှန်ပင် မျှော်လင့်နေမိသည်။

ဒန်ဘီသည် မကြာသေးမီက အလွန်လျင်မြန်စွာ အဆင့်တက်ထားသူ ဖြစ်သည်။ ထို့ကြောင့် ကောင်းဖန်သည် သက်ပြင်း တစ်ချက်ချလိုက်သည်။ သူသည် အကြောင်းရင်းကို သိသွားပြီ ဖြစ်သောကြောင့် စိတ်ပူစရာ မလိုတော့ပါပေ။

ထိုစွမ်းအင်သည် သူ့စိတ်ကိုသာ သက်ရောက်နိုင်ခြင်း ဖြစ်သည်။ သူသည် အကြောင်းရင်းကို သိထားသရွေ့ ထိန်းချုပ်လို့ ရနိုင်မည် ဖြစ်သည်။

ကောင်းဖန်သည် တစ်ချက်တောက်ပစွာ ပြုံးလိုက်သည်။ ထို့နောက် ကျန်ရှိသော သူနှစ်ယောက်ကို ရယ်ပြုံးရင်း ပြောလိုက်သည်။ “ခုနက ကျုပ်က နောက်လိုက်တာပါ.. သိပ်ပြီး စိတ်ထဲထားမနေကြနဲ့နော်.. အခုတော့ ဆက်ပြီး စကားပြောရအောင်.. မင်းတို့မိဘတွေ ကျုပ်ပြောတဲ့ ပစ္စည်းတစ်ခုခုကို ရှာပေးနိုင်မယ်ဆိုရင် မင်းတို့ကို ပြန်ပို့ပေးမယ်”

“ဟုတ်ပြီနော်.. သေချာမှတ်ထားကြ.. စစ်မှန်သော နဂါးမောက်သီး.. ကြီးမားသော အဖျက်ရင်းမြစ် ကျောက်တုံး.. သုညဒီဂရီအလင်း.. စစ်နတ်ဘုရားရဲ့ ကိုယ်.. ကောင်းကင်ဗဟိုချက် မီးတောက်..” ကောင်းဖန်သည် ပစ္စည်းစာရင်းကို ရွတ်လိုက်သည်။

တုံရှန်းသည် ပြောစရာစကားမဲ့သွားသည်။ သူသည် စစ်မှန်သော နဂါးမောက်သီးမှ လွဲ၍ အခြားပစ္စည်းများကို တစ်ခါမှပင် မကြားဖူးချေ။

စုံစမ်းစစ်ဆေးပြီးနောက် ကောင်းဖန်သည် ထိုသူများ၏ ပစ္စည်းသုံးမှုအဆင့်သည် ကုန်ကြမ်းအဆင့်မျှသာ ရှိကြောင်း သိလိုက်ရသည်။ သူတို့သည် သိပ္ပံနည်းကျ စဉ်းစားတတ်သော သူများလည်း မဟုတ်ပေ။

သူတို့သည် ပစ္စည်းများကိုပင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ရရှိခဲ့ကြခြင်း ဖြစ်သည်။ အချို့သော ရှားပါးသားရဲများအတွက်သာ လိုအပ်သည့် ပစ္စည်းများကို ရှာကြရပြီး အဆင့်မြှင့်တင်ကြရခြင်း ဖြစ်သည်။ သူတို့သည် မိသားစုတွင်းသာ ကိုယ်ပိုင်သားရဲများကို လက်ဆင့်ကမ်းကြခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့သည် သူတို့နှင့် ရင်းနှီးသော သားရဲများမှ လွဲပြီး သူတို့ သိပ်မသိသည့် ကိုယ်ပိုင်သားရဲများကိုတော့ ဘေးမဲ့ပေးထားကြသည်က များသည်။

သူတို့သည် မီးအမျိုးအစား ပန်းပင်များကို ရေရှည်စိုက်ထားခြင်းက မီးအမျိုးအစား သားရဲများအတွက်အကျိုးရှိသည် ဆိုရုံလောက်၊ ရေအမျိုးအစား အပင်များကို ကျွေးရင် မီးစွမ်းအင်ကို လျော့ကျစေသောကြောင့် မကျွေးသင့်ဘူးဆိုရုံလောက်သာ သိထားကြသူများ ဖြစ်သည်။

သူတို့သည် ထိုမျှလောက်သာ သိထားကြသူများ ဖြစ်လေသည်။ သူတို့သည် ထိုမျှလောက် သိထားသည်ကိုပင် အတော်ကြီးမားနေပြီဟု ထင်ထားကြသူများ ဖြစ်သည်။

အဲဒါတွေက ပါ၀င်ပစ္စည်းတွေတဲ့လား.. ငါတောင် စစ်မှန်တဲ့ နဂါးမောက်သီးသာ ကြားဖူးပေမယ့် ရှာပေးနိုင်ဖို့ နည်းလမ်းတောင် မသိဘူးဟ.. ငါတို့ တမျိုးနွယ်လုံးမှာတောင် အဲဒီအသီးပိုင်ဆိုင်ထားတဲ့သူ ရှိမယ် မထင်ဘူး.. အဲဒါက ဒဏ္ဍာရီအဆင့် ပစ္စည်းပဲ.. ငါကြားဖူးတာတော့ နဂါးသွေး သားရဲက‌သာ အဲဒီအသီးကို ယူနိုင်တာတဲ့.. သူတို့ရဲ့ သွေးအစစ်ကို ထုတ်ယူနိုင်ရင်တော့ ဖြစ်နိုင်မလားမသိ..

စစ်မှန်သော နဂါးမောက်ကြီးသည် နဂါးအမျိုးအစားသားရဲများကြား ကြီးမားသော ရန်ပွဲများ ဖြစ်ပေါ်စေတတ်ပြီး ထိုသားရဲများတွင် အဆင့်အနိမ့်ဆုံးသည်ပင် ဘုရင်အဆင့်ရှိသည်။ ထို့နောက် ရယူနိုင်စရယ အကြောင်းရှိမနေပေ။

သို့သော် တုံရှန်းသည် လိမ္မာသော ကောင်လေးတစ်ယောက်လို ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။ “မှတ်မိပါတယ်”

“လိမ်ဖို့တော့ မကြံနဲ့နော်.. ဪ ဟုတ်သားပဲ.. ကျုပ်ပြောလိုက်တဲ့ ပစ္စည်းစာရင်းကို မင်းတို့ မျိုးနွယ်စုဆီ ဘယ်လို ပို့ပေးမှာလဲ.. တစ်ယောက်လောက် ပြန်ပြီး သွားပြောခိုင်းဖို့က ကျတော့လည်း မဖြစ်နိုင်ဘူး..” ကောင်းဖန်က သူ့ကို တစ်ချက်စိုက်ကြည့်ပြီး ပြောလိုက်သည်။ ဖက်တီးကောင်.. မင်းက အကောက်အကြံနိုင်ဆုံးပဲ.. ငါ့ရှေ့မှာကျ ရိုးသားတဲ့ ရုပ်နဲ့ လုပ်ပြနေပြီး အတွင်းစိတ်ထဲမှာ အကြံတွေ ထုတ်နေတာ ငါမသိဘူးများ ထင်နေလား..

“ငါအကြံရပြီ..” တုံရှန်းက သက်ပြင်းချလိုက်သည်။

နောက်ဆုံးတွင်တော့ တုံရှန်းသည် သူ့ရင်ဘတ်အိတ်ထဲမှ သားရေပြားတစ်ခုကို ထုတ်ပြီး အမဲရောင် မီးသွေး ဖောင်တိန်နှင့် စာအချို့ရေးလိုက်သည်။ ထို့နောက် သားရေပြားကို လိပ်လိုက်ပြီး ဝိဉာဉ်ဖောင်တစ်ဖက်ကို ပစ်ထည့်လိုက်သည်။

ရုတ်တရတ် ကောင်းဖန်သည် လက်ကို ဆန့်တန်းလိုက်ပြီး သားရေလိပ်ကို ဖမ်းလိုက်သည်။

တုံရှန်းသည် ကောင်းဖန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

ကောင်းဖန်ကလည်း တုံရှန်းကို မျက်မှောင်ကြုတ်လျက် ပြန်ကြည့်လိုက်သည်။ ထို့နောက် တုံလင်းကိုလည်း စိုက်ကြည့်လိုက်သည်။ “အခုမှ ရုတ်တရတ် သတိရသွားလို့.. ငါက မင်းတို့ဘာသာစကားကို နားမလည်တော့ မင်းတို့ဘာရေးထားလဲ ဘယ်သိပါ့မလဲ.. တခြားအကြောင်းအရာရေထားတာကို ဘယ်လိုလုပ်မလဲ..” ကောင်းဖန်က သားရေလိပ်ကို လက်ထဲတွင် ဆော့ကစားရင်း ပြောလိုက်သည်။

ထို့နောက် ကောင်းဖန်သည် ဒန်ဘီဘက်ကို လှည့်လိုက်သည်။ “‌ဒန်ဘီရေ.. ငါ့ကို မှတ်ချက်ပေးပေးပါဦး”

ဒန်ဘီက ခေါင်းညိတ်လိုက်ပြီး လက်ကို ဆန့်တန်းလိုက်သည်။ ထိုအခါ မီးခိုးရောင် မြူခိုးများဖြစ်ပေါ်လာပြီး မီးခိုးရောင် ကျောက်တစ်ခု ဖြစ်လာသည်။ ထို့နောက် ကောင်းဖန်လိုချင်သော ပစ္စည်းစာရင်းသည်သာ ကျောက်ထဲတွင် ကျန်ခဲ့တော့သည်။ ‌ထို့နောက် သူသည် ကျောက်ကို ဖောင်ထဲပစ်ထည့်လိုက်ပြီး ပြန်ထွက်လာလိုက်သည်။

၃ နာရီကြာသောအခါ ကောင်းဖန်သည် ရှီကျင်းသို့ ရောက်လာသည်။ ကောင်းဖန်သည် ဆွေးနွေးမှုအနည်းငယ်လုပ်ပြီးနောက် နိဟွန်းဒေသ အစိုးရ၏ ဘဏ္ဍာတိုက်ကို ဓားပြတိုက်တော့သည်။ သူတို့ကို အစိုးရဟု ခေါ်ရခြင်းမှာ သူတို့ပိုင်ဆိုင်ထားသော ပစ္စည်းများသည် များပြားလှသောကြောင့် ဖြစ်သည်။ ကောင်းဖန်သည်ပင် အကုန်လုံးကို မယူနိုင်ပေ။ ထို့ကြောင့် ရှားပါးပစ္စည်းအချို့ကိုသာ ရွေးယူလိုက်သည်။

ရှီကျင်းသည် နိဟွန်းဒေ၏ မြို့တော်ဖြစ်သည်ပင်။ ကောင်းဖန်သည် ဆစ်လီ၏ သိုလှောင်ခန်းထဲတွင် နိဟွန်းဒေသ၏ အဆင့်မြင့် ပစ္စည်းတစ်၀က်လောက်ကို ထည့်လိုက်ပြီး ကျေနပ်စွာ ပြန်သွားလိုက်သည်။

နိဟွန်းဒေသ အာဏာပိုင်များကတော့ တစ်၀က်သာ ကျန်တော့သည့် ဘဏ္ဍာတိုက်ကြီးနှင့်အတူ ဆွံ့အစွာ ကျန်ခဲ့ကြတော့သည်။

ဆစ်လီသည် နတ်ဘုရားအဆင့် ရောက်နေပြီ ဖြစ်သောကြောင့် ဘောလုံးကွင်းတစ်ခုစာလောက် ကျယ်သော သိုလှောင်ခန်းကြီး ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် စံအိမ်ကြီး တစ်ခုလောက် ရှိသော အရာများကို အေးဆေးထည့်ထားနိုင်ပြီ ဖြစ်သည်။

သူသည် ရောက်ခါစက နတ်ဘုရားအဆင့် ဖုတ်ကောင်သားရဲ ၁၈ ကောင်ကို ခေါ်လာခဲ့ပြီး အပြန်တွငိတော့ ဘုရင်အဆင့် ဖုတ်ကောင် ၄ ကောင်နှင့် ဘောလုံးကွင်းတစ်ခုစာလောက် ရှိသည့် အဖိုးတန်ပစ္စည်းများကို ယူလာနိုင်ခဲ့သည်။

ကောင်းဖန်သည် သက်ပြင်းချလိုက်သည်။ ဒီတစ်ခေါက်တော့ သိပ်မစားသာပါလား..

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၈ ငရဲသစ်ပင်

ကောင်းဖန်သည် ဘာမှပြန်မပါသွားပဲတော့ မပြန်ချင် ဖြစ်နေသည်။ ထို့ကြောင့် ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ငါတို့ နိဟွန်းဒေသရဲ့ နာမည်ကြီး နေရာလေးတွေဆီ သွားလည်ကြည့်ပြီး ကောင်း‌တာလေးတွေ လိုက်ရှာကြည့်ရအောင်”

ခြင်္သေ့‌ဖြူလေးက အလေးအနက်စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “အကြံကောင်းပဲ”

“ဪ ဟုတ်သားပဲ ဒန်ဘီရေ.. မင်း ချယ်ရီကောင်းကင် သစ်ပင်ကို အသက်သွင်းနိုင်လား” ကောင်းဖန်သည် ချယ်ရီကောင်းကင် သစ်ပင်ကို ရုတ်တရတ် သတိရသွားသည်။

တကယ်တော့ ထိုအပင်သည် နဂိုထဲက သိပ်ပြီး တိုက်ပွဲဝင်ဖို့ အသုံးမ၀င်သည့် ကိုယ်ပိုင်သားရဲ ဖြစ်နေသောကြောင့် ကောင်းဖန်သည် ထိုအပင်ကို အသက်သွင်းပြီးလျှင်တောင် ဘာမှတော့ သိပ်ပြီး စွမ်းအင်များကို ရသွားမည် မဟုတ်ပေ။ သူ၏ တည်ငြိမ်စေသော စွမ်းအင် အငွေ့အသက်များက သတ်ဖြတ်လိုသည့် စိတ်ကို လျော့ပါးသွားစေသည့် အစွမ်းသာ ရှိနေသည်။

ကောင်းဖန်သည် ထိုအငွေ့အသက်ကို အသုံးချပြီး ဒန်ဘီပြောသည့် သူ့စိတ်ကို လွှမ်းမိုးခံနေရသည့် စွမ်းအင်ကို လျော့ပါးအောင် လုပ်လို့ရမလားဟု တွေးနေမိခြင်း ဖြစ်သည်။ ဒန်ဘီကတော့ တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်သည်။ “မပြောတတ်ဘူး.. သူ့ရဲ့ ပျက်စီးမှုက နည်းနည်းတော့ များတယ်.. ပြီးတော့ သူက သစ်ပင်ပဲဆိုတော့ ကျွန်တော့်လို အရိုးစုအနေနဲ့ ဘယ်လို မှတ်ချက် ပေးရမလဲ မသိဘူး”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ ဒန်ဘီအတွက် အသက်ပြန်သွင်းရန် လိုအပ်သော အရာတစ်ခုမှာ ထိုအသက်သွင်းရမည့် အရာ၏ အလောင်း သို့မဟုတ် အရိုးစု ဖြစ်သည်။

သူသည် ဒန်ဘီနှင့် အခြားသူများကို ချယ်ရီကောင်းကင်သစ်ပင် ပြုတ်ကျသွားသည့်နေရာကို ခေါ်သွားလိုက်သည်။ တောင်ခြေနားတွင် ပွဲလန့်တုန်းဖျာခင်းချင်သူများက ဟိုဟိုသည်သည် သွားနေကြသည်။ သို့သော် သူတို့သည် ဖုတ်ကောင်များ ကောင်းကင်တွင် ပျံသန်းနေသည်ကို တွေ့လိုက်ရသောအခါ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

ချယ်ရီကောင်းကင်သစ်ပင်သည် တစ်၀က်တိတိနီးပါး ပျက်စီးနေပြီ ဖြစ်ကာ အနည်းငယ်လေးသာ အကောင်းအတိုင်း ကျန်ပြီး သစ်ပင်၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို မနည်းချိတ်ဆက်ထားရသလို ဖြစ်နေသည်။

သစ်ပင်၏ အပေါ်ပိုင်းကတော့ ကျိုးကျနေပြီး သေဆုံးနေသော ချယ်ရီပန်းရေတံခွန်ကြီးလို ဖြစ်နေကာ တောင်ဘေးတွင် ဖုံးအုပ်နေသည်။ သစ်ပင်အမြစ်များကတော့ တောင်မျက်နှာပြင်ကို မနည်းစွဲမြဲနေအောင် ကုပ်တွယ်ထားကာ အကြောပြိုင်းပြိုင်းထနေသော လူလက်ကြီးလို ဖြစ်နေသည်။ ထိုအမြစ်ကြီးသည် တောင်စွန်းလေးတွင် တွဲလောင်းဖြစ်နေကာ ပြုတ်မကျအောင် ရှိသမျှအားနှင့် ကုပ်တွယ်ထားသလို ဖြစ်နေသည်။

သစ်ပင်သည် အကောင်းဆုံးကြိုးစားနေခြင်း ဖြစ်သော်လည်း ကောင်းဖန်ကတော့ ထူးထူးဆန်းဆန်း ခံစားနေရသည်။ သက်ရှိတိုင်းကတော့ အသက်ရှင်ဖို့ ရုန်းကန်ကြိုးစားနေရသည်ချည်းဖြစ်သည်။ သို့သော် အနိုင်ရသူတစ်ယောက်အနေဖြင့် ကောင်းဖန်ကတော့ အနိုင်ရမိန့်ခွန်းပြောပြီး ဂုဏ်ဆာတတ်သူ တစ်ယောက် မဟုတ်ချေ။

“ဒန်ဘီ.. သူ့ကို အသက်သွင်းကြည့်”

ဒန်ဘီက ခေါင်းငြိမ့်လိုက်ပြီး ကြီးမားသည့် သစ်ပင်ကြီးကို ချိန်ရွယ်လိုက်သည်။ မသေခြင်း၏ အဖြူရောင် မီးတောက်များသည် ရေတံခွန်ကြီးလို အသွင်ပြောင်းသွားကာ ချယ်ရီကောင်းကင် သစ်ပင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ အဖြူရောင် အလင်းတန်းများက မီးတောက်များလို တိတ်တဆိတ် လောင်ကျွမ်းနေသည်။

ထိုအလင်းတန်းများသည် သစ်ပင်၏ သစ်ကိုင်းများ ကခုန်ယိမ်းထိုးနေသလိုတောင် ဖြစ်နေသည်။

ကောင်းဖန်နောက်တွင် ရပ်နေသော တုံရှင်းသည် နားမလည်နိုင်ဖြစ်နေကာ စိတ်ဓာတ်များပင် ကျဆင်းနေသည်။ ကောင်းဖန်သည် သူ့အမြင်တွင် အတုမရှိ စွမ်းအားရှင် ဖြစ်နေရုံသာမက သေဆုံးပြီးသော ကိုယ်ပိုင်သားရဲများကိုပင် ဖုတ်ကောင်အဖြစ် အသက်သွင်းနိုင်နေသေးသည်။ သူသည် ထိုစွမ်းအင်များ၏ အဆုံးကိုပင် မှန်းဆလို့ မရလောက်အောင် ဖြစ်နေသည်။ အဆုံးရှိခဲ့လျှင်တောင် ထိုအဆုံးသည် အလွန်ကြောက်စရာကောင်းနေမည် ထင်သည်။

တုံရှန်းသည် သူ့မိဘများက သူပြန်ပေးဆွဲခံရသည့် သတင်းကို ကြားလျှင် စိတ်လိုက်မာန်ပါ မလုပ်ကြပါစေနဲ့ဟုပင် ဆုတောင်းမိနေသည်။ သူသည် သူ့မိဘများက မနိုင်လောက်ဘူးဟုပင် တွေးမိနေပြီ ဖြစ်သည်။

အဖြူရောင်မီးတောက်များထဲတွင် ကြီးမားသော သစ်ပင်ကြီးသည် ပြန်‌ထူထောင်လာပြီး အကိုင်းအခက်များကို ဖြန့်ကျက်လိုက်သည်။

ကောင်းဖန်သည် ထူးဆန်းနေသည်။ သစ်ပင်ကို ကြည့်ရတာ ဖုတ်ကောင်နှင့် တူမနေပေ။

သစ်ပင်တွင် အရိုးစုမရှိသည့်အတွက် အရိုးစုဖုတ်ကောင်နှင့် မတူဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ သူသည် ဝိဉာဉ်အမျိုးအစားနှင့်လည်း တူတော့ မတူပေ။ သစ်ပင်၏ မှောင်မည်းနေသော အခေါင်းပေါက်များထဲတွင် အဖြူရောင်မီးတောက်များရှိနေပြီး သူ၏ ပန်းရောင် အပွင့်များကတော့ အနီရောင်သို့ ပြောင်းသွားသည်။ သစ်ပင်၏ အသားကတော့ လူ့အသားအရေလို ချောမွတ်သွားသည်။ သူ့ပတ်လည်တွင်တော့ သွေးနီရောင် စွမ်းအင် အငွေ့အသက်များ ၀န်းရံထားသည်။

“သခင်.. သတင်းကောင်းပါ.. ကျွန်တော်သူ့ကို အသက်သွင်းနေတုန်း ချယ်ရီပင်က အသွင်ပြောင်းသွားပါတယ်.. သူက ဖုတ်ကောင် အမျိုးအစား သားရဲအဖြစ် ပြောင်းသွားတာပါ” ဒန်ဘီက အံ့ဩတကြီး ပြောလိုက်သည်။

ကောင်းဖန်က အသက်သွင်းထားသော ချယ်ရီပင်ကို ကြည့်လိုက်သည်။

[သားရဲအမည်] - ငရဲသစ်ပင် (အသွင်ပြောင်း)

[သားရဲအဆင့်] - အဆင့် ၅၄

[သားရဲစွမ်းရည်] - မော်ကွန်းတင်အဆင့်

[သားရဲအမျိုးအစား] - ယင်စွမ်းအင်/ ဖုတ်ကောင်

[သားရဲစွမ်းအင်] - သတ်ဖြတ်ခြင်း စွမ်းအင် အငွေ့အသက် အဆင့် ၄၊ ပြင်းထန်ပေါက်ကွဲ စွမ်းအင် အငွေ့အသက် အဆင့် ၄၊ ကြောက်မက်ဖွယ် စွမ်းအင် အငွေ့အသက် အဆင့် ၄

[အထူးဝိသေသလက္ခဏာများ] - ငရဲအသွင်

(ထိုသစ်ပင်သည် သူ၏ အကိုင်းအလက်များကျိုးပဲ့သွားလျှင်တောင် ပြန်လည် ကုသနိုင်စွမ်းရှိသည်။ သူ၏ ကျိုးသွားသော နေရမှ အစိတ်အပိုင်းသစ်များ ထွက်လာပြီး အလွန်ပင် အသက်ပြင်းသော အပင် ဖြစ်သည်။ သေသွားလျှင်တော့ လုံးဝပြန်ရှင်လာနိုင်တော့မည် မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ အလွန်ရှားပါးအပင်များကသာ သေရာမှ ပြန်ရှင်အောင် လုပ်လို့ရနိုင်မည်ဖြစ်ပြီး ထိုကဲ့သို့ လုပ်နိုင်ဖို့မှာလည်း မလွယ်ကူပေ။)

သက်ရောက်မှု ၁ - ငရဲကွက်လပ်။ နတ်ဆိုးပင်များထဲတွင် ထိုသစ်ပင်သည် သက်ရှိကမ္ဘာမှ မကောင်းသော စိတ်ခံစားချက်များ အားလုံးကို စုပ်ယူနိုင်ပြီး ထိုစုပ်ယူမှု လုံလောက်သွားပါက ပိုမိုသိပ်သည်း နက်ရှိုင်းသော စွမ်းအင် အငွေ့အသက်များ ထွက်လာစေသည်။

ငရဲသစ်ပင်၏ စွမ်းအင်သည် အခြားသောနည်းလမ်းများဖြင့် မြှင့်တင်လို့မရပေ။ လုံလောက်သော စွမ်းအင်အငွေ့အသက်များကို ပိုင်ဆိုင်ထားမှသာ မြှင့်တင်လို့ရနိုင်သည်။

[သားရဲဖော်ပြချက်] - အကြင်နာတရားသည် သူကာကွယ်ချင်သော အရာများကို မကာကွယ်နိုင်တော့သောကြောင့် အမှောင်စွမ်းအင်ကိုသာ အသုံးပြုတော့သည်။

သူ့ရဲ့ အစွမ်းတွေ ပျောက်သွားပြီး စွမ်းအင် အငွေ့အသက် သားရဲ ဖြစ်သွားတာလား.. ဒါဆို ငါလိုချင်တဲ့ စိတ်ကိုတည်ငြိမ်စေတဲ့ စွမ်းအင်အငွေ့အသက်က ဘယ်ရောက်သွားတာလဲ.. ဘာလို့ ဒီလိုမျိုး ဆန့်ကျင်ဘက်စွမ်းအင် အငွေ့အသက်အဖြစ် ပြောင်းလဲသွားတာလဲ..

ကောင်းဖန်သည် စိတ်မသက်မသာ ခံစားနေရသည်။ သို့သော် ပြောင်းလဲသွားသော စွမ်းအင်အငွေ့အသက်သည် လုံးဝအသုံးမဝင်တာတော့ မဟုတ်ပါချေ။ ဒန်ဘီကဲ့သို့ ဖုတ်ကောင်အများအပြားကို ဦးဆောင်နေရသူအဖို့ ထိုအရာသည် တန်ဖိုးရှိနေသည်။

ဒန်ဘီတို့ အုပ်စုတွင် စွမ်းအင်အငွေ့အသက်များပိုင်ဆိုင်ထားသော ဖုတ်ကောင်သားရဲ တစ်ကောင်တိုးလာပါက ဒန်ဘီတို့ ဖုတ်ကောင်များ၏ အဖျက်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်မည့်အပြင် သတ်ဖြတ်စွမ်းအင်များလည်း တိုးလာနိုင်မည် ဖြစ်သည်။ ထို့အပြင် ထိုအငွေ့အသက်သည် ရန်သူများအပေါ်သက်ရောက်ပြီး ရန်သူများ၏ စွမ်းအင်အရှိန်အဟုန်ကိုလည်း လျော့ပါးစေနိုင်သည်။

ထို့အပြင် ဆက်လက်အဆင့်မြင့်နိုင်သည့် အလားအလာလည်းရှိသောကြောင့် အဖွဲ့ဝင်သစ်အဖြစ် စုဆောင်းသင့်သော သားရဲလည်း ဖြစ်သည်။

ကောင်းဖန်သည် ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ရောက်လက်စနဲ့ ဖူဂျီတောင်ကိုတော့ သွားပြီး ကြည့်ဦးမှပါ”

ကောင်းဖန်က စပြောလိုက်သောကြောင့် ဒန်ဘီကလည်း သူ့သခင်၏ သဘောအတိုင်း လိုက်ပါမည်သာ ဖြစ်သည်။ ခြင်္သေ့ဖြူကလည်း မငြင်းဆန်ပါချေ။

တကယ်တော့ သူတို့တွင် ငြင်းဆန်ပိုင်ခွင့်လည်း မရှိပါချေ။ တုံရှန်းနှင့် တုံလင်းတို့ကတော့ သူတို့၏ သေဆုံးသွားသော ကိုယ်ပိုင်သားရဲများခေါင်းပေါ်တွင် ကိုယ်စီထိုင်နေကြသည်။ သူတို့၏ ကိုယ်ပိုင်သားရဲများက အခြားသူတစ်ယောက်အတွက် ကစားစရာ ဖြစ်သွားသည့်အတွက် သူတို့သည် ယူကြုံးမရ ဖြစ်နေကြသည်။

တုံရှန်းသည် စိတ်မသက်မသာ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ဝန်းရံထားသော စိတ်စွမ်းအင်တစ်ခုသည် ချိန်းကြိုးများသဖွယ် သူ့ကို ချုပ်ထားပြီး လေထဲတွင် ဝဲနေရသောကြောင့် ဖြစ်သည်။

အရင်က သူ့ရန်သူတွေကိုသုံးခဲ့သော စွမ်းအင်မျိုးကို အခုသူပြန်ခံစားနေရပြီ ဖြစ်သည်။ သူသည် ထိုစွမ်းအင်က သူ့အရင်စွမ်းအင်နှင့် တူနေမလားဟုတောင် တွေးနေမိသည်။

“ဆင်ကြီးရေ.. အရမ်းအားတွေ ထုတ်သုံးမနေနဲ့.. ငါအသက်ရှုကြပ်တယ်” တုံရှန်းက ခပ်တိုးတိုးပြောလိုက်သည်။ ဆင်ကြီး၏ ဝိဉာဉ်က သူပြောတာကို ကြားမည်ဟု သူတွေးမိနေလေသည်။

သို့သော် မထင်မှတ်စွာပင် ဆင်ကြီး၏ ဝိဉာဉ်သည် နှာမောင်းကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ထို့နောက် တုံရှန်းကို ချုပ်နှောင်ထားသော စိတ်စွမ်းအင်သည် ပိုလို့ပင် တင်းကြပ်သွားကာ သူသည် အသက်ရှူရတာ ပိုကြပ်လာပြီး မျက်နှာသည်ပင် ခရမ်းရောင် သမ်းလာသည်။

…

သူတို့သည် ဖူဂျီတောင်ကို အနည်းငယ် မြန်ဆန်စွာ ရောက်ရှိသွားကြသည်။ နာမည်ကြီးသော မီးတောင်ရှင်ကြီးသည် နက်ရှိုင်းလှသော်လည်း ချော်ရည်ပူများကတော့ တွင်းပေါက်ကြီးထဲမှ အဆက်မပြတ်ထွက်နေကြသည်။ သူတို့ ထိုနေရာသို့ ရောက်သွားသောအခါ မီးဒြပ်စင်သည် ပိုလို့ပင် သက်ဝင်လာသလို ဖြစ်နေသည်။ မီးတောင်ပေါက်ဝကြီးဘေးမှ အောက်သို့ ကြည့်လိုက်လျှင် ကြီးမားသော ချော်ရည်ပူများ ပွက်ပွက်ဆူနေပြီး လောင်ကျွမ်းနေသည့် ညှော်နံ့ကြီးများကို ရနေသည်။ ချော်ရည်များသည် အလွန်ပင် များပြားလှသည်။

ကောင်းဖန်သည် မီးတောင်ထဲတွင် တစ်ခုခုရှိနေသည်ကို ခံစားမိနေသည်။ သို့သော် သူ့ထံတွင် မီးအမျိုးအစား သို့မဟုတ် ချော်ရည်အမျိုးအစား သားရဲတော့ မပါလာချေ။

သူသည် ဒန်ဘီကို ကြည့်လိုက်သောအခါ ဒန်ဘီက ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့ သခင်.. ကျွန်တော့်တာဝန်ထားလိုက်ပါ” ထို့နောက် ဒန်ဘီသည် မီးတောင်ထဲသို့ ခုန်ဆင်းလိုက်သည်။

နာရီဝက်ခန့်ကြာသောအခါ ဒန်ဘီသည် ချော်ရည်များထဲမှ ပြန်တွားတက်လာသည်။ ထို့နောက် မီးတောင်ပေါက်ဝဆီသို့ ခုန်ပျံပြီး ပြန်ရောက်လာသည်။

ဒန်ဘီ၏ ဘယ်ဘက်လက်ထဲတွင် နွယ်ပင်နှင့်တူသော အပင်တစ်ပင် ပြန်ပါလာသည်။ အပင်၏ ထိပ်ဖျားတွင် မီးတောင်ချော်ရည်အကြွင်းအကျန်များ တစက်စက် ကျနေသည်။ ထိုချော်ရည်များက အောက်မှ မြေကြီးပေါ်သို့ ကျသွားသောအခါ ချက်ချင်းပင် မာကျောသွားပြီး အမည်းရောင် အစိုင်အခဲများအဖြစ်သို့ ပြောင်းလဲသွားသည်။

“သခင်.. အဲဒီမှာ ဘုရင်အဆင့်ရှိတဲ့ ထူးဆန်းတဲ့မြွေပုံစံလို သားရဲတစ်ကောင်ရှိနေပါတယ်.. သူ့မှာ ခေါင်း ၄ လုံး၊ အမြီး ၄ ချောင်းရှိနေပါတယ်.. ဒီအပင်ကိုတော့ မီးတောင်ထဲမှာ ရှာတွေ့ခဲ့တာပါ.. အဲဒါ မြွေသားရဲက ကျွန်တော့်ကို တားဖို့လုပ်တော့ သူ့ကို ၂ ခြမ်းခွဲပြီး သတ်ပစ်လိုက်ပါပြီ” ဒန်ဘီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ကောင်းဖန်ကလည်း စိတ်ထဲပင် သိပ်မထားပဲ ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပြီလေ.. အဆင်ပြေပါတယ်.. တော်တယ် တော်တယ်.. ငါတို့က ကျိုးကြောင်းညီညွတ်တဲ့သူတွေပဲ.. ငါတို့က ပိုင်ရှင်ကို သတ်ဖို့အဆင်မပြေရင်တောင် သူ့ပစ္စည်းကိုတော့ ယူရမှာပဲ”

ကောင်းဖန်တို့ အဝေးသို့ ထွက်သွားချိန်တွင် သနားစရာကောင်းသော ခေါင်း ၄ လုံးမြွေကြီးသည် သူ့ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးသော ခေါင်းကြီးကို ချော်ရည်ထဲမှ ထုတ်လိုက်ကာ တောင်နံရံထိပ်ဝပေါ်သို့ ဒေါသတကြီး ခေါင်းပြူကြည့်နေတော့လေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၇၉ အဆင့်မြှင့်ဖို့ ပြင်ဆင်နေကြသော ကိုယ်ပိုင်သားရဲ ၃ ကောင်

တရုတ်အရှေ့ပိုင်းပင်လယ်၏ အဆုံးမရှိသော ကောင်းကင်ကြီးကို ကြည့်မိလျှင် အဆုံးမရှိသော ကမ္ဘာကြီး၏ စွမ်းအားကို ခံစားမိနိုင်လေသည်။ တရုတ်အရှေ့ပိုင်းပင်လယ်တွင် ရေလှိုင်းများက အဆက်အပြတ် ရွေ့လျားနေကြသည်။ ပင်လယ်သားရဲများက သူတို့၏ ဆူးတောင်များကို ရေမျက်နှာပြင်တွင် ထုတ်ဖော်လျက် လှိုင်းလုံးများကြားတွင် လိုက်ပါနေကြသည်။

ပျမ်းမျှအားဖြင့် ပင်လယ်ထဲတွင် ရှိသော သားရဲများသည် ကုန်းပေါ်တွင်ရှိသော သားရဲများထက် အရေအတွက် ပိုများသည်။ ထို့ကြောင့်လည်း ပင်လယ်ကြီး၏ အကျယ်အ၀န်းက ကုန်းမြေထက် ပိုကြီးခြင်း ဖြစ်နိုင်သည်။

ပင်လယ်သားရဲများကလည်း ကုန်းသားရဲများထက် များသောအားဖြင့် အရွယ်အစားကြီးကြသည်။ ဇီ၀စနစ်ကြီး၏ ကာကွယ်ပေးထားမှုကြောင့်လည်း ပင်လယ်သားရဲများသည် အမျိုးအစား ပိုများကြသည်။

အချက်အလက်များအရ ရေနေသတ္တဝါများအချင်းချင်း တိုက်ပွဲများသည် ပို၍ ရက်စက်ကြမ်းကြုတ်တတ်ကြသည်။ ထူးခြားသော သားရဲများကသာ အသက်ရှင်ရပ်တည်နိုင်ကြသည်။

ခြင်္သေ့ဖြူသည် ကောင်းဖန်ပုခုံးပေါ်တွင် ရှိနေရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ကောင်းဖန်.. ရေထဲမှာ အကောင်အကြီးကြီး ရှိနေတယ်”

သူသည် ခေါင်းကို ငုံ့ကြည့်လိုက်သောအခါ အမည်းရောင် အရိပ်ကြီးတစ်ခု ရေအောက်ထဲတွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ကောင်းဖန်က အရိုးစုနဂါးကို ရပ်ခိုင်းလိုက်သောအခါ အရိပ်မည်းကြီးကလည်း လိုက်ရပ်သွားသည်။

စိတ်၀င်စားဖို့ ကောင်းသည်။ ကောင်းဖန်၏ နှုတ်ခမ်းထောင့်သည် တွန့်ကွေးသွားသည်။ သူသည် သူသင်ယူခဲ့ရသော တစ်ခုခုကို အသုံးချဖို့ ဆုံးဖြတ်လိုက်သည်။ “ဒန်ဘီ.. ငရဲသစ်ပင်ကို စွမ်းအင် အငွေ့အသက် ထုတ်ခိုင်းလိုက်”

ပျံသန်းနေသော သားရဲတစ်ကောင်ပေါ်တွင် အမြစ်တွယ်ထားသော ငရဲသစ်ပင်သည် အကိုင်းအခတ်များကို အနည်းငယ် လှုပ်ခါလိုက်ပြီး ကြောက်မက်ဖွယ် အမည်မသိ စွမ်းအင်တစ်ခုကို ထုတ်လိုက်သည်။

တုံလင်းကို မျက်လုံးများကို တင်းကြပ်စွာ မှိတ်လျက် တစ်ချက် မြည်တမ်းလိုက်သည်။ သူမ၏ ဦးနှောက်သည် ထုံထိုင်းနာကျင်သွားသလို ခံစားလိုက်ရသည်။

တုံရှန်းကတော့ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး စိတ်စွမ်းအင် တစ်ခု၏ ထိန်းချုပ်မှုကို ခံနေရသည်။ သူသည် သတိမေ့သွားလျှင်တောင် ပြုတ်ကျသွားမည် မဟုတ်ပေ။

ကောင်းဖန်သည် ထိုအရာများအားလုံးကို မြင်နေရသည်။ ငရဲသစ်ပင်ဆီမှ ထွက်လာသော အငွေ့အသက်သည် သူတို့ဆီ တိုက်ရိုက်ကျရောက်နေခြင်းတောင်မဟုတ်ပဲ အဖျားခတ်ရုံလောက်သာဖြစ်သည်။

ရေအောက်တွင် ရှိနေသည့် ကြီးမားသော သားရဲကြီးသည် အကြိမ်အနည်းငယ် လှုပ်ခါရမ်းသွားပြီး ရေထဲသို့ ထိုးခွင်းလှုပ်ရှားသွားသည်။ သူ၏ ကြီးမားသေယ ကိုယ်လုံးကြီးသည် ပင်လယ်ရေကို ထိုးခွင်းသွားသောအခါ နေရောင်အောက်တွင် လှိုင်းလုံးများက ရွှေရောင်တလက်လက် ထသွားပြီး သူ၏ ကြီးမားသော ဆူးတောင်ကြီးများကလည်း တိမ်မည်းကြီးများလို ထူထပ်တောက်ပနေသည်ကို မြင်နေရသည်။

ကောင်းဖန်သည် စိတ်လေးသွားပြီး ရှက်လည်း ရှက်သွားသည်။ သစ်ပင်ဆီမှ ထုတ်လွှတ်လိုက်သော အငွေ့အသက်သည် အောက်မှသားရဲကြီးကို မောင်းမထုတ်လိုက်နိုင်ရုံသာမက ပို၍ပင် ဒေါသထွက်သွားအောင် လုပ်မိလိုက်ပုံရသည်။

ဒန်ဘီသည် တစ်ချက်ခုန်လိုက်ပြီး သူ့ကိုယ်သူ ရွှေနက်ရောင် စွမ်းအင်လုံးတစ်လုံးအဖြစ်ပြောင်းလဲလိုက်သည်။ သူတို့အောက်တွင် ရှိနေသော ဝေလငါးကြီးနှင့် ယှဉ်လျှင် ဒန်ဘီသည် မပြောပလောက်သော အရွယ်အစား ဖြစ်နေသည်။ အဝေးမှကြည့်လျှင် ကမ္ဘာကို လာတိုက်သော ဥက္ကာခဲတစ်ခုလို ဖြစ်နေသည်။

ဒန်ဘီက တိုက်လိုက်သောအခါ အလင်းဖောက် လှိုင်းကြီးတစ်ခု ကြီးမားစွာ ထွက်ပေါ်လာသည်။ ထိုအခါ သွေးများသည် ရေတံခွန်ကြီးတစ်ခုလို ထွက်ပေါ်လာသည်။ ဝေလငါးကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် လေထဲတွင် တစ်ချက်ထခုန်လိုက်ပြီး ပင်လယ်ထဲသို့ လျင်မြန်စွာ ငုပ်လျှိူးပျောက်ကွယ်သွားသည်။

ဒန်ဘီသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေပြီး ယင်ဝိဉာဉ်လွှမ်းမိုးသူအဖြစ် သူ့ကိုယ်သူ ပြောင်းလဲလိုက်ကာ လေထဲသို့ ပျံသန်းလိုက်သည်။ “သခင် သူထွက်ပြေးသွားပါပြီ” ဒန်ဘီက ခပ်တိုးတိုး ပြောလိုက်သည်။

ကောင်းဖန်၏ လုံခြုံရေးကို စိတ်ပူနေသော ဒန်ဘီသည် ဝေလငါးနောက်သို့ အလျင်စလို မလိုက်ရဲချေ။ ပင်လယ်သည် တိုက်ပွဲဖြစ်ဖို့ မရင်းနှီးနေသော နေရာလည်းဖြစ်သောကြောင့် ဝေလငါးကြီးကို တစ်ချက်တည်းနှင့် အနိုင်မယူလိုက်နိုင်ပေ။

“ပြန်ကြရအောင်” ကောင်းဖန်သည် ဝေလငါးကြီး ပျောက်ကွယ်သွားသော နေရာကို ကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။

ကောင်းဖန်သည် ဒန်ဘီကိုလည်း ဝေလငါးကြီးကို လိုက်မသတ်စေချင်ပါချေ။ သူတို့တွေလိုက်ရသော သားရဲကြီးသည် ဘုရင်အဆင့်ရှိပြီး ပြီးပြည့်စုံစွမ်းရည်ရှိကာ အရေခွံကလည်း အလွန်ထူပြီး ဧကရာဇ်အဆင့်သို့ ရောက်နိုင်ချေ များသည်။

ထိုအချိန်ပိုင်းအတောအတွင်း ဘုရင်အဆင့်သို့ ရောက်နိုင်ဖို့ ဆိုသည်မှာ ရှားပါးသော ဖြစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ထိုသားရဲမျိုးကို သတ်မည်ဆိုလျှင် နှမြောစရာကောင်းပေမည်။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သားရဲများ မရှိတော့ပါက ဧကရာဇ်အဆင့်သားရဲများကို ရှာရခက်ခဲသွားနိုင်ပြီး အရှင်သခင်အဆင့်များလည်း ရှိတော့မည် မဟုတ်ပဲ ဒန်ဘီ၏ အဆင့်မြင့်ဖုတ်ကောင်သားရဲတပ်ကြီးအတွက် စွမ်းအားနည်းသွားမည် ဖြစ်သည်။

ကောင်းဖန်သည် သူ့ကိုယ်သူ မြင်တတ်လိုက်တာဟု တွေးနေမိသည်။

“ဆစ်လီ.. ဒီနားလာပြီး ထီးကိုင်ထားပေးစမ်းပါ” ကောင်းဖန်က အနောက်သို့ မှီလိုက်ပြီး သူ့အနီးအနားတွင် ရှိနေသော ဆစ်လီကို ခေါ်လိုက်သည်။

ဆစ်လီသည် သူ့ဆီသို့ ရွေ့လျားလာပြီး သူ့သိုလှောင်ခန်းထဲမှ ထီးကို ထုတ်လိုက်ကာ ကောင်းဖန်ပေါ်တွင် မိုးပေးလိုက်သည်။ ထို့နောက် ဆံပင်အခြောက်ခံစက်တစ်ခုကိုပါ ထုတ်ကာ ကောင်းဖန်ဆီသို့ ချိန်ပြီး ပြောလိုက်သည်။ “ငါနင့်ကို အေးခဲပြီး သေသွားအောင် လုပ်ပစ်မယ်”

“ဟားဟား အရူးကောင်.. ရနေဦးမယ်.. ငါမင်းကို နည်းနည်းပါးပါး သင်ပေးရမလား” ကောင်းဖန်က ရယ်မောပြီး ပြောလိုက်သည်။

ဆစ်လီက ရပ်သွားပြီး ကောင်းဖန်ကို သတိအနေအထားဖြင့် ကြည့်လိုက်သည်။ “ဟင့်အင်း ဘာမှ မသင်ချင်ဘူး.. နားမထောင်ဘူး” ဆစ်လီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူသည် ကောင်းဖန်ကို စိတ်တိုအောင် လုပ်ချင်နေခြင်း ဖြစ်သည်။ သူသည် ကောင်းဖန်တကယ် စိတ်ဆိုးနေလား မဆိုးနေလား ဆိုသည်ကို မျက်လုံးထောင့်ကပ်ပြီး ကြည့်လိုက်သေးသည်။

တောင်ပိုင်းကောင်းကင်တွင် တစ်လလောက်နေပြီးနောက် ကောင်းဖန်သည် ဂုဏ်သတင်းများ ကျော်စောနေသည်။

သူသည် ဘုရင်အဆင့် ဖုတ်ကောင်သားရဲ ၅ ကောင်ကို ခေါ်လာနိုင်ရုံသာမက လိုအပ်သော ပစ္စည်းများစွာကိုလည်း ရှာလာနိုင်ခဲ့သေးသည်။ ကောင်းဖန်သည် လွန်ခဲ့သည့် တစ်ပတ်ကလည်း ဟွာရှားတခွင်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး အားသည့်အချိန်တွင် တာ့ကျဲတောင်ဆီကိုပင် ရောက်လိုက်သေးသည်။

သို့သော် ဟွာရှားဒေသတွင် နာမည်ကြီး တာ့ကျဲတောင် များစွာ ရှိနေသည်ဖြစ်ရာ ဒီတစ်ကြိမ်တွင်တော့ ကောင်းဖန်သည် တောင်အချို့ဆီသို့သာ သွားခဲ့ရသည်။ သို့သော်လည်း သူသည် ပါ၀င်ပစ္စည်းများစွာကိုတော့ စုဆောင်းနိုင်ခဲ့သေးသည်။ သူ့မျက်နှာတွင် တောက်လျှောက် အပြုံးပန်းများ ဝေဆာနေသည်။

ကောင်းဖန်သည် တောင်ပိုင်းကောင်းကင်သို့ ပြန်ရောက်သောအခါ ဖင်ထိုင်ချလိုက် မြေကြီးကို အပေါက်တွေဖောက်နေသော တာ့ဇီနောက်ကို လျှောက်သွားလိုက်သည်။ သူသည် တာ့ဇီဖင်ကို တစ်ချက်ကန်လိုက်သည်။

“တာ့ဇီ မင်းသခင်ငါ့ကိုသတိမရဘူးလား”

ဖင်အကန်ခံလိုက်ရသော တာ့ဇီသည်တွင်းပေါက်တစ်ပေါက်ဆီမှ ခေါင်းပြူထွက်လာသည်။ ကောင်းဖန်မှန်းသိလိုက်ရသောအခါ မျက်လုံးများ တောက်ပသွားပြီး “ပြန်ရောက်ပြီလား ကောင်းဖန်” ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် သူသည် ကောင်းဖန်ကို မြေကြီးပေါက်ထဲတွန်းလိုက်သည်။ “ကောင်းဖန်.. ငါ့ကို တွင်းကူတူးပေးစမ်းပါ”

“တွင်းတူးရမယ်”

“ဟုတ်တယ်.. ကင်းခြေများတွေက တွင်းပေါက်လေးတွေထဲမှာ အိပ်ကြတာမလား.. ငါနင့်ကို ငါနဲ့ နေ့တိုင်းအပြင်ထွက်အိပ်ခိုင်းလို့တော့ အဆင်ပြေမယ်မထင်ဘူး.. အဲဒါကြောင့် ကိုယ့်ဘာသာ အိမ်ဆောက်နေမလို့” တာဇီက တက်ကြွစွာ ပြောလိုက်သည်။

“အဲဒီတော့ မင်းက ကိုယ့်ဘာသာကိုယ် အပေါက်ဖောက်နေတာပေါ့” ကောင်းဖန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒါပေါ့ ဒါပေါ့.. ကောင်းဖန် နင်က ခန့်မှန်းတာတော်သားပဲ”

မင်းအခုလေးတင် ငါ့ကို ပြောလိုက်တာ မဟုတ်ဘူးလား.. “ဒီလောက်ဆို တွင်းက အနေတော်ဖြစ်ပြီ ထင်ပါတယ်”

“ပြိုကျတာ ၅ ခါရှိပြီ.. ငါတူးလို့ ပြီးသွားရင် ခဏနေတော့ ပြိုကျသွားတော့တာပဲ” တာ့ဇီက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“မင်းက ဘယ်လို‌တူးနေလို့လဲ”

“ဒီလိုတူးတာလေ.. အောက်ကို စိုက်ဆင်းပြီး..” သူသည် လုပ်ပင် ပြလိုက်သေးသည်။ သူ၏ လက်သည်းများသည် ဘယ်ညာကို လျင်မြန်စွာ ရွေ့လျားပြီး တူးပြနေသည်။

ကောင်းဖန် ပြောစရာစကားမဲ့သွားသည်။ “ထားလိုက်တော့.. မနက်ဖြန်မှာ မင်းတွင်းကို တူးဖို့ လူခေါ်လိုက်မယ်.. အခုတော့ မြေသားကို ဖျက်ဆီးနေတာ တော်တော့.. မင်းလုပ်ထားတာတွေလည်း ကြည့်ဦး” ကောင်းဖန်သည် ဟက်စကီခွေးအကောင် တစ်ထောင်လောက် လာမွှေသွားပုံရနေသော မြက်ခင်းပြင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

အဖိုးက တောင်ပိုင်းကောင်းကင်တွင် ရှိ‌မနေချေ။ အဖိုး‌ဘယ်ရောက်နေလဲ ကောင်းဖန်လည်း မသိပေ။ နဂါးဖြူနှင့် ငွေရောင်နဂါးကိုတော့ အဖိုးက ခေါ်သွားသည်။ ကျောက်စိမ်းမိချောင်းနှင့် မိုးကြိုးခွံနတ်ဘုရားတို့သာ ကျန်ခဲ့သည်။

မဟုတ်လျှင် တာ့ဇီတစ်ကောင် အပြစ်ပေးခံထားရမှာ သေချာသည်။

“ဖလန်မီ.. ဒီကိုလာဦး” ကောင်းဖန်က သူနှင့် မနီးမဝေးတွင် ရှိနေသော ဖလန်မီကို ခေါ်လိုက်သည်။ ဖလန်မီသည် သူ့ကိုယ်သူ စမတ်ကျအောင် နေလိုက်ပြီး ကောင်းဖန်ဆီ ပြန်သွားလိုက်သည်။

ကောင်းဖန်ပြန်လာပြီးနောက် အပြောကြီးသော ဆစ်လီသည် သူရရှိခဲ့သော အရာများအားလုံးကို ရေပက်မ၀င် ပြောနေလေသည်။

ကိုယ်ပိုင်သားရဲများသည် ကောင်းဖန်ပြန်လာပြီးနောက် သူ့ကိုမျှော်နေကြသလို စကားများ အလုအယက်ပြော‌ချင်နေသလို ကောင်းဖန်အခေါ်ကို ထိုင်စောင့်နေကြသည်။

“ပိုက်ဆံလုပ်သူ၊ အလင်းလှိုင်း.. မင်းတို့ ၂ ကောင်လည်း လာပါဦး” ကောင်းဖန်က သူတို့ ၂ ကောင်ကို ပြုံးပြကာ ခေါ်လိုက်သည်။

သွားလိုက်စမ်း အလင်းလှိုင်း.. မင်းက အတော်ဆုံးပဲ.. မင်းက နောက်ဆုံးတော့ အရပ်ရှည်လာတော့မှာ.. အလင်းလှိုင်းကတော့ သူ့အတွေးနှင့်သူ ပျော်နေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၈၀ သံချပ်ကာနက် သွေးဓားသွား သားရဲ

“ဖြည်းဖြည်းပေါ့.. မလောကြနဲ့.. အားလုံး တစ်ယောက်တစ်ခု ရမှာ” ကောင်းဖန်က ပြောလိုက်သည်။

“ဖလန်မီ မင်းအရင်လာခဲ့” ကောင်းဖန်က စိတ်အလှုပ်ရှားဆုံး ဖြစ်နေပုံရသည့် ဖလန်မီကို တစ်ချက်ကြည့်လိုက်သည်။ ဖလန်မီသည် ရှက်နေပြီး ဘာမှ ပြန်မပြောချေ။

ကောင်းဖန်က ဆစ်လီကို အပိုပစ္စည်းများအား ထုတ်ခိုင်းလိုက်ပြီး မလိုတာတွေကို ပြန်ထည့်ကာ ဂိုထောင်များကို ဖြည့်လိုက်သည်။

ကောင်းဖန်သည် နိဟွန်းကျွန်းတွင် အတော်လေး အမြတ်ထုတ်နိုင်ခဲ့သည်။ ထိုနေရာသည် ကြီးမားသော ခရိုင်ကြီးလည်း ဖြစ်သောကြောင့် ပစ္စည်းကောင်းများလည်း များပြားစွာ ရှိသည်။ သို့သော် ဒဏ္ဍာရီစွမ်းရည်ဆင့်ထက်သာလွန်အောင် မြှင့်တင်ပေးနိုင်သည့် ပစ္စည်းများတော့ မရှိချေ။ ဒဏ္ဍာရီစွမ်းရည်ဆင့်ကို မြှင့်တင်နိုင်သည့် ပစ္စည်းကပင် ရှားပါးလှပြီး မော်ကွန်းတင်စွမ်းရည်အဆင့်ကို မြှင့်တင်နိုင်သည့် ပစ္စည်း အနည်းအကျဉ်းလောက်သာ ရှိသည်။ သို့သော် အလင်းလှိုင်းနှင့် ကြွက်တို့အတွက် မော်ကွန်းတင်စွမ်းရည်ဆင့်ကို တိုးမြှင့်ပေးနိုင်မည့် ပစ္စည်းများကိုတော့ တွေ့ထားခဲ့သည်။

ကောင်းဖန်သည် နိဟွန်းအစိုးရ၏ ဂိုထောင်ထဲတွင် ဖလန်မီအတွက် အဆင့်မြှင့်ပေးနိုင်သည့် ပစ္စည်းများတော့ ရှာမတွေ့ခဲ့ပေ။ သို့သော် ကောင်းဖန်၏ အိမ်အပြန်လမ်းတွင် ကျူးလောင်တောင်ထိပ်ကို ရောက်ခဲ့ရာ တောင်ထိပ်တွင် ဖလန်မီ အမွှေးအတောင်သစ်ပင်ကို ရှာတွေ့ခဲ့သည်။

ထိုအပင်သည် အလွန်ရှားပါးသော မီးနတ်ဘုရား သစ်ပင် ဖြစ်သည်။ ခေါင်းကိုးလုံး ဖလန်မီစာကလေးများသည် သစ်ပင်ပေါ်တွင် အသိုက်ဆောက်နေကြသည်။ ကောင်းဖန်သည် စာကလေးများကို မောင်းထုတ်လိုက်ပြီး သစ်ပင်ကို ဆွဲနှုတ်ခဲ့သည်။

ကောင်းဖန်က အပင်ကို နှုတ်ပြီးသောအခါ စာကလေးများသည် သူ့နောက်ကို နေ့တစ်၀က်လောက် လိုက်လာခဲ့ကြပြီး ယွိကျိုးနယ်စပ်ရောက်တော့မှ မပြန်ချင်ပြန်ချင်နှင့် လှည့်ပြန်သွားကြသည်။

ကောင်းဖန်က ရင်ထဲထိရှသွားသည်။ ရှန်းနမ်က သူတွေက ဧည့်၀တ်ကျေပွန်ရုံပင်မကပဲ စာကလေးများကပါ ဧည့်၀တ်ကျေကြခြင်းကြောင့် ဖြစ်သည်။

ဖလန်မီကို ဒဏ္ဍာရီစွမ်းရည်အဆင့်သို့ မြှင့်တင်ဖို့ လိာအပ်သည့် ပစ္စည်းများထဲမှ အဓိကတစ်ခုမှာ ဖလန်မီ အမွှေးအတောင် သစ်ပင် ဖြစ်သည်။ ထို့ကြောင့် အဓိကတစ်ခုကို ရှာတွေ့ပြီးသည့်နောက် အခြားသော အထောက်အကူ ပစ္စည်းများလည်း အလိုအလျောက် စုဆောင်း မိသွားသည်။ ဖလန်မီအတွက် နောက်ဆုံးတော့ ကြီးကြီးမားမား အဆင့်မြှင့်နိုင်တော့မည် ဖြစ်သည်။

ကောင်းဖန်သည် ဖလန်မီကို ဓာတ်ခွဲခန်းထဲ ခေါ်သွားလိုက်ပြီး ပါ၀င်ပစ္စည်းများကို ရောလိုက်သည်။

ပါ၀င်ပစ္စည်းများကို နည်းလမ်းကျစွာ တစ်ခုပြီး တစ်ခု ရောမွှေပြီးနောက် ကောင်းဖန်သည် ဆေးရည်တစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် ထိုဆေးရည်ထဲကို မီးလုံးလေးတစ်ခု ထွေးထည့်လိုက်ရန် ဖလန်မီကို ခိုင်းလိုက်သည်။

ဖလန်မီသည် နားမလည်နိုင် ဖြစ်နေသော်လည်း အမိန့်ကို နာခံလိုက်ကာ မီးလုံးကို ထွေးထည့်လိုက်သည်။ ထိုအခါ မီးတောက်သည် ဆေးရည် မျက်နှာပြင်ပေါ်တွင် တောက်လောင်လာပြီး မီးတောက်ထိပ်တွင် သစ်ပင်၏ ထိပ်ဆုံး အမွှေးအတောင် ရှိနေသည်။ ထိုအမွှေးသည် မီးတောက်နှင်အတူ တဖြည်းဖြည်း ဆေးရည်ထဲ ကျဆင်းသွားကာ ပျော်၀င်သွားသည်။

“သောက်လိုက်” ဖလန်မီသည် နာခံစွာပင် ပြောင်နေအောင် သောက်လိုက်သည်။ ထို့နောက် မကြာမီပင် သူ့ဗိုက်ကို ပွတ်ကာ ပြေးလွှားနေသည်။ သူ့ပုံစံက သန့်စင်ခန်သို့ သွားတော့မည့် ပုံလို ဖြစ်နေသည်။

သူသည် သံမံတလင်း ကြမ်းပြင်ပေါ်တွင် တစ်ချက်ခုန်လိုက်တိုင်း တဂျွတ်ဂျွတ် အသံများ ထွက်လာနေသည်။

“မင်းအလှည့်ရောက်ပြီ” ကောင်းဖန်က ပိုက်ဆံလုပ်သူ ကြွက်အတွက် စပြီး ပြင်ဆင်လိုက်သည်။

ကြွက်နှင့် အလင်းလှိုင်းတို့သည် လက်ရှိတွင် ပြီးပြည့်စုံ စွမ်းရည်ဆင့်တွင် ရှိကြသည်။ သူတို့သည် နောက်တစ်ဆင့်အနေဖြင့် မော်ကွန်းတင် အဆင့်ကို ရောက်ရှိကြမည် ဖြစ်ပြီး သူတို့၏ အထူးစွမ်းရည်များလည်း နိုးထလာကြမည် ဖြစ်သည်။

နာရီ၀က်ခန့်ကြာသောအခါ ကြွက်အတွက် ဓာတ်စမ်းပစ္စည်းလုပ်တာ အောင်မြင်သွားသည်။ ဒီတစ်ကြိမ်တွင်တော့ အရည်အိုးကြီး မဟုတ်တော့ပဲ ရွှေရောင်ဆေးလုံးလေး ဖြစ်သည်။ အစကတော့ ဆေးလုံးအနေဖြင့် ထွက်လာခြင်း မဟုတ်ပေ။ ဓာတ်ခွဲပြီးနောက် စစ်ထုတ်ကျန်ရှိပြီးမှ ထွက်လာခြင်း ဖြစ်သည်။ ကောင်းဖန်က ဆေးလုံး သဏ္ဍာန်ဖြစ်အောင် ပြန်လည်ပုံဖော်လိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုနည်းလမ်းသည် လမ်းညွှန်စာအုပ်ကိုကြည့်ပြီး လုပ်ထားခြင်း မဟုတ်ပေ။ ကောင်းဖန်သိသလောက် ထိုပါ၀င်ပစ္စည်းများကို ရောလိုက်ပါက အလွန်ကောင်းစွမ်းရည်အဆင့်ကိုသာ ဖန်တီးနိုင်မည် ဖြစ်သည်။ မော်ကွန်းတင်အဆင့်အတွက်တော့ ကောင်းဖန်သည် နည်းလမ်းကို သိတယ်ဆိုရုံလောက်သာ ဖြစ်ပြီး သီအိုရီအသေးစိတ်ကိုတော့ သေချာ နားမလည်ချေ။

ကြွက်သည် ဆေးလုံးကို စားလိုက်ပြီးနောက် လူတစ်ယောက်လို ထရပ်လိုက်ကာ ဆစ်လီအားသူ၏ တောက်ပနေသော မျက်လုံးများဖြင့် တိုက်ရိုက် စိုက်ကြည့်လိုက်သည်။ ထို့နောက် ခဏကြာသောအခါ သူ၏ နားရွက်များသည် အနည်းငယ် လှုပ်ခါသွားသည်။ သူသည် ဆစ်လီကို ၂ ချက်လောက် ခိုးကြည့်လိုက်ပြီး သူခိုးတစ်ယောက်လို ချောင်းနေသည်။

ကြွက်သည် သတိမေ့တော့မလို ခံစားနေရသည်။ သူ့နားရွက်ထဲတွင် အသံများ ဆူညံနေသည်။ အမြင်အာရုံတွေကလည်း ဝေဝါးနေပြီး အနံ့မျိုးစုံကလည်း သူ့နှာခေါင်းထဲ တိုး၀င်နေကြသည်။ စပ်သော၊ ချိုသော၊ ခါးသော အစားအစာများ၏ အနံ့များလည်း ပါသည်။ သူ၏ ဦးနှောက်လေးထဲတွင် များလှစွာသော လုပ်ငန်းဆောင်တာများကို လုပ်နေရသောကြောင့် ဦးနှောက်ပင် ရပ်တော့မလို ဖြစ်နေသည်။

သို့သော် သူသည် ထိုအပြောင်းအလဲလို လက်ခံနိုင်ပြီ ဆိုပါက အဆင့်မြင့်သွားနိုင်မည် ဖြစ်သည်။ ကောင်းဖန်သည် သူ့ကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုလိုက်သည်။ သူ၏ အဆင့်မြှင့်တင်ခြင်းသည် ရတနာများကို အနံ့ခံနိုင်စွမ်း ပိုတိုးသွားနိုင်အောင် ဖြစ်သည်။ ထိုမှသာ ပိုပြီး တန်ဖိုးရှိသော အရာများကို ပိုမို ရှာဖွေနိုင်မည် ဖြစ်သည်။

အစကတော့ ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများကို အဆင့်အမြင့်ဆုံး ဖြစ်အောင် မြှင့်ဖို့သာ အာရုံထားခဲ့သည်။ အခုတော့ ကောင်းဖန်၏ အကြံကပြောင်းသွားခဲ့သည်။ သူသည် သူ့ကိုယ်ပိုင်သားရဲများအတွက် အလားအလာအကောင်းဆုံး အင်အားကြီးလာနိုင်သော စွမ်းအင်အတွက်ကိုသာ ဦးတည်ချက်ထားလိုက်သည်။ သိသာသော အားနည်းချက် မရှိရင် ရပြီ ဖြစ်သည်။

သူတို့အတွက် အချိတ်အဆက်မိပြီး မည်သည့်သားရဲမျိုးကို မဆို ရင်ဆိုင်နိုင်ဖို့သာ လိုအပ်သည်။ အရေအတွက်က အဓိက မဟုတ်ပေ။

ကြွက်သည် ရတနာများကို အနံ့ခံဖို့သာ အဓိကလုပ်ဆောင်ရမည် ဖြစ်သည်။ အလင်းလှိုင်းက သူ၏ သတ်ဖြတ်နှုန်းကို ပိုပြီး တိုးမြှင့်ဖို့က အဓိက ဖြစ်သည်။ တစ်ခုခုဆိုလျှင် ဂိုဒီကိုသာ ရင်ဆိုင်ခိုင်းဖြစ်သောကြောင့် အလင်းလှိုင်းအတွက် အခွင့်မသာဘူး ဖြစ်နေခဲ့သည်။

အားနည်းသော ရန်သူများနှင့်ဆိုလျှင်တော့ ကောင်းဖန်၏ သားရဲများက အရည်အချင်း ကောင်းကောင်း ပြနိုင်သော်လည်း အလွန်အားကြီးသော ရန်သူများနှင့်ဆိုလျှင်တော့ အလင်းလှိုင်းသည် တစ်ချက်တည်းနှင့် မသတ်နိုင်တော့ပေ။ ထို့ကြောင့် အလင်းလှိုင်းအတွက် ကောင်းဖန်သည် သူ၏ သတ်ဖြတ်စွမ်းရည်ကို အဓိက တိုးမြှင့်ပေးရမည် ဖြစ်သည်။

ထိုသို့ဖြင့် ၂ နာရီခန့်ကြာသောအခါ ကိုယ်ပိုင်သားရဲ ၃ ကောင်လုံး အဆင့်မြှင့်ပြီးသွားကြသည်။

[သားရဲအမည်] - သံချပ်ကာနက် သွေးဓားသွားသားရဲ

[သားရဲအဆင့်] - အဆင့် ၅၀

[သားရဲစွမ်းရည်] - မော်ကွန်းတင်/‌ မော်ကွန်းတင်

[သားရဲအမျိုးအစား] - လေ

[သားရဲစွမ်းအင်] - အခွံမာကျောမှု အဆင့် ၃၊ ချွန်ထက်မှု အဆင့် ၄၊ ပေါက်ကွဲခုန်ထွက်မှု အဆင့် ၂၊ လေစွမ်းအင် အဆင့် ၄

[သားရဲအားနည်းချက်] - ရေခဲ

[ထူးခြားဝိသေသ လက္ခဏာများ] - လေသံချပ်ကာ (အနည်းငယ်မျှသာ)

သေခြင်းသွေးလိုင်းဖျံ (အလွန်ထက်မြက်သော သတ်ဖြတ်သူသည် ရန်သူများ၏ ပျော့ကွက်ကို ရှာဖွေနိုင်ပြီး တစ်ချက်တည်းနှင့် သတ်ပစ်နိုင်စွမ်း ရှိသည်။ သူသည် တိုးတက်နိုင်သော အလားအလာကောင်းရှိသည်)

သက်ရောက်မှု ၁ - သံချပ်ကာနက် သွေးဓားသွားသားရဲသည် ရန်သူကို စိုက်ကြည့်ရုံဖြင့် သွေးစင်းကြောင်း တစ်ခုကို ရန်သူ၏ ကိုယ်ပေါ်တွင် ဖန်တီးနိုင်သည်။ ထိုသွေးစင်းကြောင်းသည် ထိုသားရဲ၏ ကိုယ်ပိုင်စွမ်းအင်ဖြင့် ဖယ်ရှား၍ မရသလို သာမာန်မျက်စိဖြင့်လည်း မမြင်နိုင်ပေ။ ရန်သူသားရဲတစ်ကောင်တွင် သွေးစင်းကြောင်း အများဆုံး ၉ ခုကို ပြုလုပ်နိုင်သည်။

သက်ရောက်မှု ၁ - သံချပ်ကာနက် သွေးဓားသွားသားရဲ၏ တိုက်ခိုက်မှုက သွေးစင်းကြောင်းကို ထိသွားပါက ရန်သူကို ပိုမိုထိခိုက်စေနိုင်ပြီး တစ်ချိန်တည်းတွင် ရန်သူ၏ ခံစစ်ကိုလည်း ထိုးဖောက်နိုင်သည်။

[သားရဲဖော်ပြချက်] - အဖြူရောင်ဓားသွားသားရဲ၏ အဆင့်မြှင့်သွားသော ပုံစံဖြစ်သည်။ သူ့တွင် အလွန်ထူးခြားသော တိုက်ခိုက်ရေး စွမ်းအင် ရှိသည်။ တစ်ချိန်တည်းမှာပင် သူ၏ အရွယ်အစားက ပိုသေးသွားပြီး လှုပ်ရှားရ ပိုလွယ်ကူသွားသည်။

[ဒဏ္ဍာရီအဆင့်သို့ရောက်ရန် လမ်းကြောင်း] - ၁။ သံမဏိနက် အရိပ်သားရဲ (အရိပ်အဆင့်မြှင့်တင်ခြင်း)၊ ၂။ သွေးပင်လယ်သားရဲ (သတ်ဖြတ်သူ အဆင့်မြှင့်ခြင်း)

သံမဏိနက် သွေးဓားသွားသားရဲသည် အဆင့်မမြှင့်ခင်ကထက် ၄ လက်မ ပိုသေးသွားသည်။ သို့သော် သူ့ဓားသွားများကတော့ အဆင့်မမြှင့်ခက်ကထက် ၄ လက်မ ပိုရှည်သွားသည်။

အလင်းလှိုင်းသည် သူ့ဓားသွားလက်လေးများဖြင့် ခေါင်းကိုကုတ်လိုက်ကာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ ငါအဆင့်မြှင့်နေတုန်း အချိန်လေးမှာ ဒီသစ်ပင်တွေက ဘယ်လိုတောင် ကြီးလာတာတုန်း..

အလင်းလှိုင်းသည် သူ့အရပ်ကို တိုင်းရန် သစ်ပင်တစ်ပင်ဆီ ပြေးသွားလိုက်သည်။ ထိုအပင်သည် သူနေ့တိုင်း အရပ်တိုင်းလေ့ ရှိသည့် အပင်ဖြစ်သည်။

သူသည် အရပ်တိုင်းလိုက်သောအခါ သူ့မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူသည် တွေတွေကြီး ရပ်နေရင်း မယုံနိုင် ဖြစ်နေလေသည်။

ထိုစဉ်လေက တစ်ချက်ဝှေ့တိုက်လိုက်သောအခါ အလင်းလှိုင်း၏ အနေအထားသည် အလွန်သနားစဖွယ် ဖြစ်နေသည်။

ကောင်းဖန်သည် သူ့စွမ်းရည်ကို ကြည့်လိုက်သောအခါ “/မော်ကွန်းတင်” ဆိုသည့် အချက်တစ်ခု ထပ်တိုးနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့စိတ်ထဲတွင် အခြားသော အချက်များလည်း တွေးမိသွားသည်။ အနောက်က အချက်သည် ရောက်ရှိနိုင်သည့် အမြင့်ဆုံး သားရဲစွမ်းရည် ဖြစ်ပြီး အရှေ့က အချက်က လက်ရှိသားရဲစွမ်းရည် ဖြစ်သည်။

ဒါသည်လည်း အဆင့်မြှင့် ကိုယ်ပိုင်သားရဲ များစွာကို ရရှိထားသော ကောင်းဖန်ထံတွင် အသက်ဝင်လာသည့် စွမ်းအင်အသစ်တစ်ခု ဖြစ်ပြီး သူ့ဝိဉာဉ်ကို ပိုမိုသန်မာစေလာရန် အထောက်အကူပြုပေးနိုင်သည်။

***

စာစဉ် ၃၀ ပြီး၏။

All Chapters