← Chapters

ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၅

Vol. 21 Ch. 360

ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၅

Vol. 21 Ch. 360

ဘာလို့ လယ်သမားမိသားစုတစ်ခုက တောင်ခြောက်လုံးကို ငှားရမ်းချင်မှန်း ချန်ကောရှင်းက သိချင်နေသည်။ သူသိသလောက်ဆိုရင် တောင်တွေက မူ၁၀၀၀၀ ကျော်ရှိပြီး နှစ်ချုပ်ငှားရမ်းခက တစ်သန်းကျော်လိမ့်မည်။ လယ်စိုက်တဲ့မိသားစုတစ်ခုက ဒီလောက်ချမ်းသာနေတာ ပုံမှန်မဟုတ်ပေ။

ပိုပြီးနားမလည်နိုင်ဖြစ်စေတာက အစပထမတောင်းဆိုမှုက ခရိုင်ကကုမ္မဏီတစ်ခုကြောင့် အပိတ်ခံလိုက်ရသည်။ အကြောင်းမှာ ကုမ္မဏီကလည်း ထောင်ယွမ်ရွာကို စိတ်ဝင်စားနေ၍ဖြစ်သည်။ ဒါပေမယ့်လည်း ကုမ္မဏီက ရုတ်တရက် ဒေဝါလီခံလိုက်ရပြီး ပရောဂျက်က အဖျားရှူးသွားသည်။

အဲ့ဒါပြီးတဲ့နောက်မှာပဲ မိသားစုက တောင်တွေကိုငှားရမ်းမယ့် တောင်းဆိုချက်နဲ့အတူ ပြန်လာခဲ့သည်။

အဲ့ဒီအချိန်က သူ့အထက်လူကြီးက ရုတ်တရက် အဖမ်းခံလိုက်ရပြီး သူရာထူးတိုးခံရမယ်ဆိုတဲ့ သတင်းကို လက်ခံရခဲ့သည်။

ချန်ကောရှင်းက ချက်ချင်းပဲ တောင်းဆိုချက်ကို လက်ခံလိုက်သည်။

သိပ်မကြာခင်ကဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးငလျင်က ထောင်ယွမ်ရွာရဲ့ တောင်ငှားစာချုပ်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ ခပ်ရေးရေးသိနေမှုတစ်ခု သူ့မှာရှိနေသည်။ ဒါပေါ့ သူ့လူတွေကို စုံစမ်းစစ်ဆေးဖို့အအထိ မလွှတ်သင့်မှန်းတော့ စဉ်းစားတတ်သေးတယ်လေ။

ချန်ကောရှင်းရဲ့မေးခွန်းကိုကြားတော့ ရှောင်ကျန်းယန်က အရမ်းရိုးရိုးသားသားနဲ့ ခေါင်းညိတ်လာပြီး 

"ဟုတ်တယ် ပြီးခဲ့တုန်းက ကျွန်တော့်သမီးက ရွာထဲက တောင်တချို့ကို ငှားရမ်းချင်ခဲ့တယ်။ သူက အဲ့ဒါတွေကို တည်ဆောက်ပြုပြင်ဖို့နဲ့ အသီးအနှံတွေ သစ်သီးတွေ စိုက်ပျိုးဖို့ သုံးချင်ခဲ့တာ"

"ကောင်းပါပေ့ မဆိုးပါဘူး!"

ချန်ကောရှင်းက ခေါင်းညိတ်ပြီးတော့

"အဲ့ဒါတွေ ဖွံ့ဖြိုးလာပြီးရင် ကျွန်တော်တို့‌ခရိုင်ရဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာမှာပဲ။ ကျွန်တော်ဒါကို သေချာပေါက် ထောက်ပံ့မယ်။ အကောင်းဆုံးလုပ်ကြပေါ့!"

ရှောင်ကျန်းယန်က ဝမ်းသာမိသွားပြီး စိတ်လှုပ်ရှားစွာနဲ့

"ခေါင်းဆောင်ရဲ့ ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ"

ရှောင်လင်းယွီ "..."

'ဘာလို့ ချန်ယီဖန်းရဲ့အဖေက လည်ဝယ်တဲ့စကားပြောကောင်းတဲ့လူဖြစ်နေရလဲဆိုတာ ငါနားမလည်နိုင်တော့ဘူး။'

ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။

'ဒီလူက အရမ်းလည်တာပဲ။ သူခရိုင်အတွက် တစ်ခုခုလုပ်ပေးပြီး ဘာအမှားမှမလုပ်ဘူးဆိုရင် သူ့အနာဂတ်တောက်ပဖို့ ငါအချိတ်အဆက်တချို့ လုပ်ပေးနိုင်တယ်။'

ချန်ကောရှင်းက သူ့လုပ်ဆောင်ချက်တွေနဲ့ပြုလုပ်ခဲ့တဲ့ လွှမ်းမိုးမှုအကြောင်းကို သေချာမသိပေ။ ထောင်ယွမ်ရွာကိုလာရောက်ရတဲ့ သူ့ရဲ့အဓိကရည်ရွယ်ချက်က ဒီရွာလေးမှာ နေထိုင်နေတဲ့ အရေးပါတဲ့လူတစ်ယောက်အကြောင်းကို စုံစမ်းဖို့ဖြစ်သည်။ ဒါကြောင့် သူက အရမ်းဂရုတစိုက် စကားပြောသည်။

ရှောင်မိသားစုက လျှို့ဝှက်ခေါင်းဆောင်နဲ့ အရမ်းကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့ သူ့တပည့်တွေက သူ့ကိုပြောခဲ့သည်။

ရှောင်ကျန်းယန်နဲ့ သူ့သားတို့နဲ့ ခနလောက် စကားပြောပြီးသွားတော့ ချန်ကောရှင်းနဲ့ တခြားသူတွေက ထွက်ခွာဖို့ ပြင်နေကြသည်။ ဒါ့ပြင် သူတို့ကဒီကို အကြောင်းကြားမှုမရှိဘဲ လာခဲ့ကြခြင်းဖြစ်သည်။ သဘာဝအရတော့ ရှောင်မိသားစုက သူတို့အတွက် စားစရာတွေပြင်ထားမှာမဟုတ်ပေ။ ဒါ့ပြင် သူတို့က ရုံးကိစ္စတွေနဲ့ အလုပ်များနေကြတာလေ။

ညစာအတွက်နေဖို့ ဘယ်လိုလုပ်အချိန်ရှိမှာလဲ?

ချန်ယီဖန်းနဲ့ ကျန်းဟိုင်ယန်က အလောင်းအစားတစ်ခု လုပ်ခဲ့သည်။ ချန်ယီဖန်းက သူ့အဖေ ထွက်ခွာဖို့ ပြင်နေတာကိုမြင်တော့ ပျော်ရွှင်သွားသည်။ သူအလောင်းအစားကို နိုင်တော့မယ်လေ။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ တစ်ယောက်က ရုတ်တရက် အော်လိုက်သည်။

"ဝိုး မေမေရှောင် ဘာတွေချက်နေတာလဲ? ဘာလို့အနံ့အရမ်းမွှေးနေရတာလဲ?"

"အာ ဒါတကယ် အရမ်းမွှေးတာပဲ!"

အနံ့အငွေ့အသက်တွေက မီးဖိုချောင်ကနေ လေနဲ့ဝှေ့လာသည်။ အနံ့ကလူတွေကို သွားရည်ကျစေခဲ့သည်။

ချန်ကောရှင်း နဲ့ တခြားသူတွေက အနံ့ကြောင့် ဆွဲထားခံလိုက်ရသည်။ ၎င်းက အရမ်းဆွဲဆောင်နေသည်။

လက်ထောက်ခေါင်းဆောင်နှစ်ယောက်က အံ့အားကြီးစွာနဲ့

"အနံ့အရမ်းကောင်းတာပဲ။ ကျွန်တော် သွားရည်ကျတော့မယ်ထင်တယ်"

ဆရာနှစ်ယောက်ကလည်း သဘောချင်းတိုက်ဆိုင်စွာနဲ့

"ဟုတ်တယ်နော် အနံ့က နှစ်လိုဖွယ်ကောင်းတာပဲ"

လက်အောက်ငယ်သားတချို့က  မထွက်ခွာချင်တော့ပေ။ သူတို့ရဲ့ခေါင်းဆောင်ကို မျှောလင့်‌စောင့်စားနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။ သူတို့လည်း ညစာအတွက် နေချင်နေကြသည်။

ရှောင်ကျန်းယန်က ဒီမြင်ကွင်းကိုမြင်တော့ ချီးမြှောက်ခံလိုက်ရတယ်လို့ ခံစားရသည်။ သူ့မိန်းမရဲ့အချက်အပြုတ်ကို ဘယ်သူမှမငြင်းနိုင်မှန်း သူသိသည်။ ပြီးတော့ သူက သူတို့ကို ရိုးရိုးသားသားနဲ့ဖိတ်ခေါ်လိုက်ကာ

"ခေါင်းဆောင်တို့ ကျွန်တော့်မိန်းမ ဒီနေ့ဟင်းချက်နေတာပါ။ ဘာလို့ နေပြီး မမြည်းစမ်းသွားကြတာလဲ?"

ရှောင်ကျန်းယန် ဒါကိုပြောလိုက်တာနဲ့ အပြင်ဘက်က တစ်ယောက်က

"ချိုးယင်ရဲ့အချက်အပြုတ်စွမ်းရည်က ထပ်ပြီးတိုးတက်လာတာပဲ။ အနံ့ကတောင် ငါ့ကို သွားရည်ယိုစေနေပြီ"

"မင်းမှန်တယ် ငါတို့စားသောက်ပွဲဟင်းလျာတွေအများကြီး စားဖူးပေမယ့် ချိုးယင်ရဲ့ဟင်းတွေကတော့ အကောင်းဆုံးပဲ။ လူတွေ အမြဲတမ်း ပန်းကန်ကို ယက်နေကြရလိမ့်မယ်"

"ဟားဟား ဒီနေ့က သူ့မိသားစုရဲ့ ဂုဏ်ပြုပွဲပဲလေ။ သူအကောင်းဆုံးလုပ်မှာပေါ့။ လူတွေ ပန်းကန်တွေကို မျိုချမလားလို့တောင် ငါသံသယဝင်မိတယ်"

"တကယ်ဖြစ်နိုင်တယ်!"

သူတို့စကားပြောနေကြတုန်း တစ်ယောက်ကအော်ကာ

"စားဖို့အချိန်ကြပြီ။ ဗျောက်အိုးတွေဖောက်ပြီး ဟင်းတွေချလိုက်တော့!"

ဗျောက်အိုးတွေ ပေါက်လာသည်။ ဧည့်သည်တွေချက်ချင်း နေရာယူလိုက်ကြသည်။ ရုတ်တရက်ပဲ နဂိုကစားပွဲလွတ်တွေက လူတွေနဲ့ ပြည့်သွားပြီးတော့ သူတို့မျက်နှာတွေကလည်း မျှော်လင့်စောင့်စားချက်တွေနဲ့ ပြည့်နေသည်။

ချန်ကောရှင်း နဲ့ တခြားသူတွေက

"..."

သူတို့ ကျေးလက်စားသောက်ပွဲတစ်ခုကို ဘယ်တုန်းကမှ မတက်ဖူးတာ သေချာပေမယ့် လူတွေအများကြီး စားသောက်ပွဲဟင်းလျာတွေကို စောင့်စားနေကြတာကိုတော့ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ကျေးလက်စားသောက်ပွဲတွေက ပုံမှန်ဆို စတူးတွေနဲ့ ဧည့်ခံသည်။ အရသာရှိမှုကတော့ ချက်ပြုတ်တဲ့လူရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်သည်။ ဒါပေမယ့်လည်း ဒီလိုစတူးအရောမျိုးက ပုံမှန်ဆိုရင်တော့ အရသာသိပ်မကောင်းပေ။ ဒါပေမယ့်လည်း ထောင်ယွမ်ရွာရဲ့လူတွေက ခေါင်းဆောင်စားဖိုမှုးရဲ့အချက်အပြုတ်စကေးမှာ ယုံကြည်မှုကြီးကြီးမားမား ရှိပုံပေါ်သည်။

ရှောင်ကျန်းယန်ရဲ့ဖိတ်ခေါ်မှုနဲ့အတူ ချန်ကောရှင်းက စားသောက်ဖို့ နေခဲ့သည်။

စားပွဲအခင်းအကျင်းက အတော်လေးတော့စူးစမ်းစရာကောင်းသည်။

သခင်ကြီးကုန်းက တိတ်ဆိတ်ပြီးအေးချမ်းတာကိုကြိုက်လို့ စိတ်လှုပ်ရှားဖွယ်တွေအပေါ်မှာ မပါဝင်ချင်ပေ။ လိမ္မာပါးနပ်တဲ့လူတစ်ယောက်အနေနဲ့ ချန်ကောရှင်းရဲ့ လာရောက်ရတဲ့ ရည်ရွယ်ချက်ကို သခင်ကြီးကုန်းက အလိုလိုပဲခန့်မှန်းနိုင်သည်။

ဒါပေမယ့်လည်း သူက ချန်ကောရှင်းနဲ့ မဆက်စပ်ချင်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကို အဲ့ဒီလူကသိသွားတော့ ထုံးစံအတိုင်းပဲဖြစ်သွားသည်။

ချန်ကောရှင်းရဲ့မျက်လုံးတွေက သခင်ကြီးနဲ့ လူငယ်နှစ်ယောက်က အပေါ်တက်သွားတာမြင်လိုက်တော့ လင်းလက်သွားခဲ့သည်။ ဒီအဘိုးကြီးနဲ့ လူငယ်တွေက ထူးခြားပုံပေါ်သည်။ သူတို့ရဲ့အဆင့်အတန်းတွေက သေချာပေါက် ထူးခြားသည်။

သူ့သားက ရှောင်လင်းယွီနဲ့ မိတ်ဆွေကောင်းတွေဖြစ်ခဲ့တာကို ချန်ကောရှင်း မှတ်မိသွားသည်။

သူ့သားကို ဒီအကြောင်းမေးကြည့်နိုင်သည်။

ကုကျီယဲ့ရဲ့အဖွဲ့က ရှောင်လင်းယွီနဲ့ သူငယ်ချင်းတွေဖြစ်သည်။ အချက်အလက်ကျကျပြောရရင် သူတို့က ရှောင်လင်းယွီနဲ့ တစ်စားပွဲတည်းတောင် ဖြစ်သင့်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီက အဘိုးကုန်း၊ ကုန်းထျန်းဟောက်နဲ့ ရှောင်မိသားစုတို့နဲ့ တစ်စားပွဲတည်းဖြစ်နေသည်။

ရှောင်လင်းယွီက ကုကျီယဲ့ရဲ့ဂရုကို နှုတ်ဆက်ပြီးတော့ ရှောင်လင်းယဲ့ရှိတဲ့စားပွဲကို ဦးတည်ပေးလိုက်သည်။ ဒါ့ပြင် ဒီဂရုနှစ်ခုက အချင်းချင်းသိကြတယ်လေ။

ချန်ယီဖန်းက ထိုင်လိုက်ပြီးတော့ အနည်းငယ်စိတ်ညစ်သွားသည်။

သူက

"ငါ့အဖေနဲ့ တခြားသူတွေ ဘာလို့ဆက်နေနေကြသေးတာလဲ? သူက ငါ့ကို အလောင်းအစားရှုံးအောင် လုပ်နေကြတာပဲ"

နဉ်ဝေ့ယီက စူးစမ်းစွာနဲ့

"အစ်ကိုချန် တစ်ယောက်ယောက်နဲ့များ လောင်းထားတာလား?"

ချန်ယီဖန်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ 

"ငါကျန်းဟိုင်ယန်နဲ့လောင်းထားတာ"

အဲ့ဒီအချိန်မှာ ကျန်းဟိုင်ယန်က သူ့ကိုသတိပေးကာ

"ဖန်း ငါအလောင်းအစားကိုနိုင်သွားပြီ။ ငါ့ကို ဘာအကြွေးတင်နေလဲ မမေ့နဲ့"

ပြီးနောက်မှာ သူက ကြိုတင်သိမှုနဲ့

"ဦးလေးချန်နဲ့တခြားသူတွေက ဒီစားကောင်းသောက်ဖွယ်တွေရဲ့ဖျားယောင်းမှုကို မခံနိုင်ပါဘူးလို့ မင်းကိုငါပြောသားပဲ။ ငါမှန်တယ်လေ"

ချန်ယီဖန်းနဲ့ တခြားသူများ

"..."

အပေါ်ထပ်ကို တက်လာကြပြီးတော့ သခင်ကြီးကုန်းက ကုန်းထျန်းဟောက်ကို

"ဒီခေါင်းဆောင်ချန်က သိပ်မကြာခင်ကမှ ရာထူးတိုးသွားတာမလား?"

အဲ့ဒီမှာ ရှောင်လင်းယွီကလွဲရင် ဘယ်သူမှမရှိပေ။ ဒါကြောင့် သူမေးခွန်းတွေ လွတ်လွတ်လပ်လပ်မေးနိုင်သည်။

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီးတော့ 

"ဟုတ်တယ် သူက အရင်ကခရီးသွားကုမ္မဏီ ထောင်ယွမ်ရွာကို ဖျက်ဆီးချင်တုန်းက လူတွေအတွက် စိတ်ရောကိုယ်ပါဆန့်ကျင်ခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ။ အဲ့ဒါကြောင့် သူ့ရဲ့ အရင်လူကို ဖယ်ပြီးသွားတော့တိုက်ရိုက်ပဲ ရာထူးတိုးသွားတာ"

သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်ပြီးတော့

"ဒီလူက လိမ္မာပါးနပ်တာပဲ။ ဒါပေမယ့် သူသာတကယ်လူတွေကို ဂရုစိုက်ရင် ဆုချခံရသင့်တာပေါ့"

ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။

ချန်ကောရှင်းက သိသိသာသာပဲ ရှောင်မိသားစုနဲ့ ကောင်းမွန်တဲ့အချိန်တစ်ခု ရှိနေသည်။

ချန်ကောရှင်းရဲ့ အကူအညီနဲ့ဆိုရင် အနာဂတ်မှာ ရှောင်မိသားစုအတွက် ဘဝက ပိုကောင်းမွန်လာလိမ့်မည်။ ဒါကြောင့် ကုန်းအမျိုးသားတွေကလည်း ရှောင်မိသားစုအတွက်ပဲ ၎င်းကို ပြုလုပ်နေကြသည်။

ရှောင်လင်းယွီက တိတ်ဆိတ်နေသည်။ သူမ ဘာမှမကြားသလို ဟန်ဆောင်နေခဲ့သည်။ ဒါပေမယ့်လည်း သခင်ကြီးကုန်းက သူမဆီလှည့်လိုက်သည်။

သူက ပြုံးကာ

"ကောင်မလေး မင်းမှာ မေးစရာတစ်ခုခုမရှိဘူးလား?"

သူတို့က ခရိုင်ခေါင်းဆောင်ရဲ့အနာဂတ်အကြောင်း ပွင့်ပွင့်လင်းလင်းပြောနေကြတာပေမယ့် သူမက မတုန်မလှုပ်ဖြစ်နေသည်။

ရှောင်လင်းယွီက လက်တွေဆန့်ထုန်လိုက်ပြီး 

"အဘိုး ကျွန်မမှာ ဘယ်လိုမေးခွန်းမျိုးများရှိရမှာလဲ? ကျွန်မက သာမန်လယ်သမားတစ်ယောက်ပဲလေ"

"ဟားဟား..."

သခင်ကြီးကုန်းက ရယ်လျက်

"ဒါပေါ့ မင်းက သာမန်လယ်သမားတစ်ယောက်ပဲလေ"

ဒါပေမယ့် မင်း ကုန်းမိသားစုကို လက်ထပ်ပြီးရင်တော့ ဒါက ပြောင်းလဲသွားမှာပေါ့။

ရှောင်လင်းယွီက ပြုံးရုံသာပြုံးနေခဲ့သည်...

***

All Chapters