တရားမျှတမှု
Vol. 21 Ch. 345
ချန်တာ့ဝေ့ရဲ့ အရှက်မရှိတဲ့စကားတွေကိုကြားတော့ ဘိုးဘိုးရှောင်က သူ့ကို စူးစူးဝါးဝါးအော်လိုက်သည်။
“ချန်တာ့ဝေ့ ဒီအကောင်၊ ဘယ်သူက မင်းခမည်းခမက်လဲ?!”
သူတို့သာ နည်းနည်းလောက်နောက်ကျပြီးမှ လာလိုက်ရင် ယွင်အာနဲ့ သူ့သမီးနှစ်ယောက် အသတ်ခံနေရလောက်ပြီ။ သူတို့က တကယ်ပဲ ချန်မိသားစုရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အကြင်နာကင်းမှုကို လျှော့တွက်ခဲ့မိသည်။ သူတို့က တကယ်ပဲ တစ်ယောက်ယောက်ကို သတ်ပစ်လိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ပေ။
ချန်တာ့ဝေ့ရဲ့ အမူအယာက ရုတ်တရက် တောင့်တင်းသွားပြီး
“ခမည်းခမက်တို့ ဒါနားလည်မှုလွဲတာပါ။ ဒါအကုန်နားလည်မှုလွဲတာ။ ကျွန်တော်...ကျွန်တော်တို့က ယွင်အာနဲ့ စနောက်နေကြရုံတင်”
သူက ဘာမှမဆိုင်တဲ့ရှင်းပြချက်တစ်ခုကို ပေးနေသည်။
“ချန်တာ့ဝေ့၊ ငါတို့ကအရူးတွေလို့ မင်းတကယ်ပဲ ထင်နေတာလား? သုံးလောင်းပြိုင်သတ်တာက ဟာသတစ်ခုလား?”
ဘိုးဘိုးရှောင်က ထေ့ငေါ့လိုက်သည်။
“ဒါပေမယ့်...ဘာလူသတ်မှုမှ မရှိဘူးလေ”
ချန်တာ့ဝေ့က မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ ကြက်စွပ်ပြုတ်ကို ကြည့်လိုက်သည်။ တိုက်ရိုက်သက်သေအများစုက ဖျက်ဆီးခံလိုက်ရပြီ။
သူတို့ဒါကို ဝန်မခံသရွေ့ ရှောင်မိသားစုက သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။
သူတို့မှာ ရှောင်လင်းယွင်ရဲ့ သက်သေခံချက်ရှိရင်တောင် တိုက်ရိုက်သက်သေမရှိဘဲနဲ့ဆိုရင် ချန်တာ့ဝေ့ က ရှောင်လင်းယွင်ကို မဟုတ်မမှန်စကားပြောမှုနဲ့ အပြစ်တင်နိုင်သည်။
ချန်တာ့ဝေ့ရဲ့စကားတွေကိုကြားတော့ ဘိုးဘိုးရှောင် အရမ်းစိတ်တိုသွားပြီး သူ့မျက်နှာတောင် အော်ဂလီဆန်ပုံပေါက်လာသည်။
သူက ချန်တာ့ဝေ့ကို ဒေါသတကြီး ထိုးပြလိုက်ပြီး ကြိမ်းမောင်းကာ
“ငါတို့အပြင်ဘက်ကနေ အားလုံးကြားတယ်။ မင်းက ငါ့မြေးနဲ့ ငါ့သမီးကို သတ်ချင်နေတာပဲ။ အခု ငြင်းရအောင်ထိ မင်းကဘယ်လိုတောင် အရှက်မဲ့နေတာလဲ?”
ချန်တာ့ဝေ့က တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆိုလိုက်သည်။
“ခမည်းခမက်ကြီး ခင်ဗျားသက်သေပေးရမယ်လေ။ ခင်ဗျား ကျွန်တော့်ကို လူသတ်တာလို့ စွပ်စွဲလို့မရဘူး”
“မင်း...”
ဘိုးဘိုးရှောင်က ချန်တာ့ဝေ့ကို ဒေါသတကြီး ထိုးပြလိုက်သည်။ ခနလောက်အထိ သူကို ဘယ်လိုဆူပူကြိမ်းမောင်းရမှန်းကို မသိတော့ချေ။
အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့အကူအညီနဲ့ ချန်မိသားစုအိမ်ထဲကို ဝင်လာခဲ့သည်။
အစတုန်းကတော့ ကုန်းထျန်းဟောက်ကတော့ ရှောင်လင်းယွီကို မဝင်စေချင်ပေ။ အိမ်က အရမ်းသွေးသံရဲနေလွန်းသည်။ ပြတ်ထားတဲ့လက်နှစ်ဖက်က ကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်သက်သက်ရှိနေသေးသည်။
မိန်းမနှစ်ယောက်ရဲ့လက်တွေက ဆက်ပြီးသွေးထွက်နေကြသေးသည်။
ဒါက ရှောင်လင်းယွီနဲ့ သူမဗိုက်ထဲကကလေးကို လန့်သွားစေမှာကို သူကစိုးရိမ်ခဲ့သည်။
ဒါပေမယ့် ရှောင်လင်းယွီက ဝင်လာဖို့စိတ်ပြင်းပြနေသည်။ သူမ အိမ်ထဲကိုဝင်လာလိုက်ပြီး ရှောင်လင်းယွင်ရဲ့ လောလောလတ်လတ်အခြေအနေကို မြင်လိုက်တာနဲ့ နက်ရှိုင်းတဲ့အလင်းတစ်ခုက သူမမျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ချန်မိသားစုက အရမ်းရွံရှာမုန်းတီးဖွယ်ကောင်းသည်။ သူမရဲ့ ၂၀ကျော်ကျော်ဝမ်းကွဲညီမကို မိန်းမကြီးတစ်ယောက်နဲ့တူစေအောင် သူတို့ဘယ်လို နှိပ်စက်မှုတွေများ လုပ်ခဲ့ကြတာလဲ?
သူမညီမရဲ့ အတိတ်ဘဝတုန်းက ကံကြမ္မာကို ရှောင်လင်းယွီ တွေးမိလိုက်တော့ အကြင်နာကင်းတဲ့အကြည့်တစ်ခုက ရှောင်လင်းယွီရဲ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ကံကောင်းစွာနဲ့ပဲ ဒီတစ်ကြိမ်တော့ သူတို့အချိန်မီလိုက်သည်။
သူတို့ ပြန်လက်စားချေနိုင်ပြီး ချန်မိသားစုကို ကြီးကြီးမားမားပေးဆပ်ရအောင် လုပ်နိုင်ရင်တောင် သူမညီမရဲ့မိသားစုက သေသွားရင် ဒါတွေအားလုံးကို လုပ်ရတဲ့အကြောင်းရင်းက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ?
ရှောင်လင်းယွီက ရှေ့ဆက်မတိုးလိုက်ပေ။ အဲ့ဒီအစား သူမရဲ့စူးရှတဲ့မျက်လုံးက အခန်းကိုခြုံကြည့်လိုက်ပြီး စိတ်မဝင်စားစွာနဲ့၊
“ဘာတွေဖြစ်နေတာလဲ? ကြက်စွပ်ပြုတ်တွေ လက်တွေနဲ့။ သွေးတွေလည်းအနှံ့ပဲ။ ချန်ဖေပင်း ဘာတွေဖြစ်နေတာလဲ?”
ချန်ဖေပင်းက မူးမိုက်နေတုန်းဖြစ်ပြီး ရှောင်လင်းယွီရဲ့စကားတွေကို အာရုံမစိုက်ပေ။ ဒါပေမယ့်လည်း ချန်တာ့ဝေ့က ရှောင်လင်းယွီရဲ့ စကားတွေကိုကြားတော့ သူ့အမူအယာက ထူးထူးခြားခြားနိုးကြားသွားပြီး သတိရှိသွားသည်။
သူကရှောင်လင်းယွီကို စိုက်ကြည့်လိုက်ပြီး မှန်းဆကြည့်လိုက်သည်။ သူမက ရှောင်လင်းယွင်နဲ့ ဆင်သည်။ သူမက ထူးထူးကဲကဲလှပပြီးတော့ ပူနေတဲ့ဗိုက်တစ်ခုလည်းရှိသည်။ သူမ ကိုယ်ဝန်ရှိနေတာ သိသာသည်။
“မင်းကဘယ်သူလဲ?”
ချန်တာ့ဝေ့က ရှောင်လင်းယွီကို အရင်က မမြင်ဖူးပေ။ ဒါပေမယ့်လည်း သူမမှာ ရှောင်လင်းယွင်နဲ့ တိကျတဲ့ဆက်ဆံရေးတစ်ခုရှိရမယ်လို့တော့ သူခန့်မှန်းလိုက်သည်။
ရှောင်လင်းယွီက ချန်တာ့ဝေ့ ကို အပြုံးရေးရေးနဲ့ကြည့်လိုက်ပြီး
“အိုး ကျွန်မက ရှောင်လင်းယွင်ရဲ့ဝမ်းကွဲအစ်မ ရှောင်လင်းယွီပါ”
ရှောင်လင်းယွီဆိုတဲ့နာမည်ကိုကြားတော့ ချန်တာ့ဝေ့ ကြားတော့ သူ့သူငယ်အိမ်တွေ တင်းကျပ်သွားသည်။
သူက ရှောင်မိသားစုက ရှောင်လင်းယွီကို ကြားဖူးသည်။ သူတို့ပြောပုံအရတော့ ရှောင်လင်းယွီက အစွမ်းအစရှိတဲ့လူတစ်ယောက်ဖြစ်သည်။
ဒါပေမယ့် ချန်မိသားစုအတွက်တော့ ကျေးလက်မိန်းလေးတစ်ယောက်က ဘယ်လောက်ပဲအစွမ်းအစရှိရှိ သူမက တောသူမတစ်ယောက်ပဲဖြစ်သည်။ ဒါကြောင့် ချန်မိသားစုက ရှောင်လင်းယွီကို အရမ်းအထင်အမြင်သေးနေဆဲပဲ ဖြစ်သည်။
ဒါပေမယ့်လည်း အခု သူတို့ သူမကိုမြင်လိုက်ရပြီ...
ရှောင်လင်းယွီရဲ့ မျက်နှာထားက တည်ငြိမ်သွားပြီး
“ဒီနေ့ ကျွန်မရဲ့ဝမ်းကွဲညီမအတွက် အမှန်တရားကို ရှာဖို့လာတာ”
***