ရှောင်လင်းယွင်: ကျွန်မမှားသွားတယ်
Vol. 21 Ch. 346
ချန်တာ့ဝေ့နဲ့ သူ့သားက အံ့ဩသွားသည်။
"တရားမျှတမှု?"
ချန်တာ့ဝေ့ ကပြောလိုက်သည်။
"ဘာအရားမျှတမှုလဲ? ငါတို့ချန်မိသားစုကို လက်ထပ်ခဲ့တာက ရှောင်လင်းယွင်ဆိုတာ မမေ့နဲ့ဦး"
"အရေးမပါတာတွေ"
ဘွားဘွားရှောင်က ဒေါသတကြီး ပြောလိုက်သည်။
"ယွင်အာကိုကွာရှင်းဖို့နဲ့ ကလေးနှစ်ယောက်ကို ငါတို့ခေါ်သွားမှာကိုသာ နင်တို့မတားခဲ့ဘူးဆိုရင် ငါ့ယွင်အာက နင်တို့မိသားစုကို အစောကြီးကတည်းကထားခဲ့လောက်ပြီ"
ချန်တာ့ဝေ့က ထေ့ငေါ့ပြီးတော့
"ကလေးနှစ်ယောက်ကို ချန်မိသားစုက ပိုင်တယ်လေ။ ဘာလို့ ခင်ဗျားတို့ကိုပေးရမှာလဲ? ခင်ဗျားတို့လုပ်နိုင်စွမ်းရှိရင် လွတ်လွတ်လပ်လပ်သာယူသွားပေါ့။
ဒါပေမယ့် ခင်ဗျားတို့ မလုပ်နိုင်မှတော့ ဒါက ကလေးမလေးနှစ်ယောက်နဲ့ သူတို့အမေကို ချန်မိသားစုက ပိုင်တယ်လို့ ဆိုလိုတာပဲ။ ဒါကြောင့် ကျုပ်တို့မိသားစုကိစ္စပဲ။ ခင်ဗျားတို့ ကိစ္စမဟုတ်ဘူး"
"နင်..."
ဘွားဘွားရှောင်က ဘယ်လိုပြန်ပြောရမှန်း မသိတော့ချေ။
တကယ်လည်း သူတို့မှာ ကလေးနှစ်ယောက်ကို ချန်မိသားစုကနေခေါ်ဖို့ အစွမ်းအစမရှိပေ။ ဒါကြောင့်လည်း အိမ်ထောင်ရေးက လေးနှစ်လောက်ရှည်ကြာနေရခြင်းဖြစ်သည်။
ရှောင်လင်းယွင်က ဒီလိုမိန်းမအိုကြီးဖြစ်လာဖို့ အနှိပ်စက်ခံ စိတ်ဆင်းရဲခံခဲ့ရသည်။ သူတို့အရမ်း အကူအညီမဲ့နေသလို ခံစားခဲ့ကြရသည်။ သူတို့မှာသာအင်အားရှိရင် ရှောင်လင်းယွင်နဲ့ သူ့ကလေးတွေကို ဒီလိုမျိုး ချန်မိသားစုမှာ ဒုက္ခခံခိုင်းမှာမဟုတ်ပေ။
"ရှင်မှန်တယ် အရင်တုန်းက ကျွန်မတို့လုပ်နိုင်စွမ်းမရှိခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့ညီမရဲ့ကလေးတွေက ရှင်တို့လက်ထဲမှာ ဒုက္ခခံခဲ့ရတယ်။ ကျွန်မတို့ ဘာမှမပြောနိုင်ခဲ့ဘူး။ ဒါပေမယ့်လည်း အခြေနေတွေက ပြောင်းလဲသွားပြီလေ။
လူတွေက အချိန်နဲ့တပြေးညီ တိုးတက်လာတာပဲ။ အရင်တုန်းက ကျွန်မတို့မှာ အစွမ်းအစမရှိခဲ့ပေမယ့် ဒါက အခုလည်း ကျွန်မတို့မှာ အစွမ်းအစမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။ ကျွန်မညီမနဲ့ တူမလေးတွေအတွက် အမှန်တရားကို မရှာနိုင်ဘူးဆိုရင် ကျွန်မတို့ ဒီကိုလာပါ့မလား?"
ရှောင်လင်းယွီက ပြတ်ပြတ်သားသားပဲ ချေပလိုက်သည်။
ချန်တာ့ဝေ့ရဲ့သူငယ်အိမ်တွေ တင်းကျပ်သွားပြီး သူ့အမူအယာကလည်း အေးစက်ပြီး စိုးရိမ်နေသည်။
သူက
"ဒါဆို မင်းတို့က တိတိကျကျ ဘယ်လိုတရားမျှတမှုကို ရှာချင်တာလဲ?"
တကယ်တော့ သူအရမ်းပဟေဠိဖြစ်သွားသည်။ ရှောင်မိသားစုက ရှင်းယင် ခရိုင်ကနေ မနေ့ကမှ ထွက်သွားကြမှန်း သူသေချာသည်။ ဒါ့ကြောင့် သူတို့အစတည်းက ထွက်မသွားတာမျိုးမဟုတ်ရင်တော့ အချိန်ကကိုက်ညီမှု မရှိပေ။ ဒါပေမယ့်လည်း ၎င်းက အဓိပ္ပာယ်မရှိနေပေ။
ရှောင်မိသားစုမှာ ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်ပဲ ခန်လင်းမြို့မှာရှိသည်။ ဒါပေမယ့်လည်း အခုကျတော့ ရှောင်မိသားစုကလူအားလုံး သူတို့အိမ်မှာ ရောက်နေပုံပေါ်သည်။
ရှောင်မိသားစုက ဘာလို့ထောင်ယွမ်ရွာကို ပြန်သွားရလဲဆိုတာ ချန်တာ့ဝေ့က သိရှိခဲ့သည်။ ရှောင်လင်းယွင်ဒုတိယဦးလေးရဲ့သားက Imperial တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့သည်။ ဒါကြောင့် မိသားစုက ဂုဏ်ပြုဖို့ ပြန်သွားကြခြင်းဖြစ်သည်။
သူတို့က ဂုဏ်ပြုပေးဖို့ ပြန်သွားကြတာဆိုရင် ဘာလို့ ခန်လင်းမြို့ကို ခနလေးနဲ့ ပြန်ရောက်လာတာလဲ?
ဒါက အဓိပ္ပာယ်ကိုမရှိပေ။ ချန်တာ့ဝေ့ ၎င်းကို နားမလည်နိုင်ပေ။
ရှောင်မိသားစုက ဟယ်လီကော်ပတာတစ်စင်းစီးလာလိမ့်မယ်လို့ ချန်တာ့ဝေ့ မခန့်မှန်းမိခဲ့ပေ။ ဒါ့ပြင် ဒီဟယ်လီကော်ပတာကလည်း တစ်ချိန်တည်းမှာ လူတစ်ဒါဇင်လောက် တင်နိုင်အောင်အထိကို ကြီးမားသည်။
ရှောင်လင်းယွီက ချန်တာ့ဝေ့ရဲ့ အကြောက်အလန့်မရှိပုံကိုမြင်လိုက်တော့ တခစ်ခစ်ရယ်လိုက်သည်။
သူမက
"ကျွန်မတို့က တရားမျှတမှုကို ဘယ်လိုရှာမှာလဲတဲ့? လွယ်လွယ်လေးရယ်၊ ရှင်တို့အကုန်လုံးကို ထောင်ထဲပို့ပစ်မှာပေါ့"
"ဘာ?"
သူမရဲ့စကားတွေကို ချန်တာ့ဝေ့ နဲ့ ချန်ဖေပင်းကြားတော့ သူတို့မျက်နှာထားတွေ သိသိသာသာပြောင်းလဲသွားသည်။
ဒဏ်ရာနဲ့ မာမေ့ရှင်းနဲ့ ချန်လီရန်တို့တောင် ရှောင်လင်းယွီရဲ့စကားတွေကိုကြားတော့ ဒဏ်ရာအကြောင်း မေ့သွားပုံပေါ်သည်။ သူတို့အမူအယာတွေက အရမ်မယုံနိုင်လောက်အောင် ဖြစ်ကုန်သည်။
ချန်လီရန်က ပထမဆုံးတုံ့ပြန်လိုက်သည်။ သူမရဲ့ဒဏ်ရာကို လက်နဲ့ကာလိုက်ပြီး ကြမ်းကြုတ်ပြီး မဲ့ရွဲ့နေတဲ့ မျက်နှာထားနဲ့ ရှောင်လင်းယွီကို အော်လိုက်သည်။
"ဒီကောင်မ နင်ဘာတွေပြောနေတာလဲ?"
မိုးပေါ်ကနေ လူရိပ်တစ်ခုပြုတ်ကျလာပြီး ချန်လီရန်ရဲ့မျက်နှာကို ရိုက်ပစ်လိုက်လေသည်။ ပြီးတော့ သူကဘေးဘက်ကို မြန်မြန်ဆန်ဆန်ပဲ ဆုတ်ခွာသွားလိုက်သည်။
ချန်လီရန်ရဲ့မျက်နှာက ရုတ်တရက် ဖြူဆုတ်လာပြီး နီရဲပြီးဖူးယောင်လာသည်။ ချန်လီရန်က ရိုက်ချက်ကြောင့် လုံးဝအံ့ဩသွားသည်။ သူမ ဘာဖြစ်သွားလဲဆိုတာကိုတောင် သဘောမပေါက်မိလိုက်ပေ။ သူမအသိပြန်ဝင်လာတော့ ဒေါသတွေနဲ့ ပြည့်နှက်လာပြီး အနက်ရောင်ဝတ်စုံနဲ့ ယောက်ျားကို ဒေါသတကြီးအော်လိုက်သည်။
"ရှင်ကယောက်ျားတစ်ယောက်လား? ဘယ်လိုလုပ်မိန်းကလေးတစ်ယောက်ကိုတောင် ရိုက်ရဲရတာလဲ?"
အနက်ရောင်ဝတ်စုံနဲ့ယောက်ျားက မျက်နှာသေနဲ့ အေးစက်စွာဖြင့်
"ငါ့မျက်လုံးထဲမှာတော့ ယောက်ျားနဲ့ မိန်းမကြားမှာ ဘာခြားနားချက်မှမရှိဘူး။ အရိုက်ခံဖို့တန်တဲ့သူနဲ့ မတန်တဲ့သူပဲရှိတယ်။ ပြီးတော့ မင်းကရှေ့ကတစ်ယောက်ပဲ"
ရှောင်မိသားစု...
ဒီအနက်ရောင်နဲ့လူက ဘယ်သူလဲ?
"တစ်ကိုယ်ကောင်းဆန် အကြင်နာကင်းပြီး အဆိပ်ပြင်းတဲ့ မင်းလိုမိန်းမတစ်ယောက်အတွက် တစ်ချက်လောက်ရိုက်တာလေးမပြောနဲ့ ထောင်ချီခုတ်ထစ်ပြီးတော့တောင် သေဖို့တန်တယ်"
ကုန်းယင်ရှုန်းက အေးစက်စွာနဲ့ ပြောလိုက်သည်။
ဒီလူရဲ့ပါးစပ်က အရမ်းအဆိပ်ပြင်းပေမယ့်လည်း သူတို့ ဒါကိုသဘောကျကြသည်။
ရှောင်လင်းယွီက မျက်လုံးထဲမှာ မေးခွန်းထုတ်နေတဲ့အကြည့်တစ်ခုနဲ့ ကုန်းထျန်းဟောက်ကို ကြည့်လိုက်သည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို စကားတချို့ တီးတိုးပြောလိုက်သည်။
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။
ချန်လီရန်က ကုန်းယင်ရှုန်း၏စကားကိုကြားပြီး တစ်ကိုယ်လုံး အေးစက်သွားသည်။ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်က သူမကို ကြည့်လိုက်သလိုမျိုး နှစ်ကြိမ်လောက် တဆတ်ဆတ်တုန်သွားခဲ့သည်။
ချန်တာ့ဝေ့က ကုန်းယင်ရှုန်းကို ထိုးပြလိုက်ပြီး ဒေါသတကြီးနဲ့
"မင်း...မင်းအရမ်းများသွားပြီ။ ငါ့သမီးကို အဲ့လိုမျိုး ဘယ်လိုတောင် စကားပြောရဲတာလဲ? မင်းယောက်ျားရောဟုတ်သေးလား?"
"ဘာလို့ သူ့ကို မပြောနိုင်ရမှာလဲ?"
ကုန်းယင်ရှုန်းက အေးစက်စက်ပဲထေ့ငေါ့လိုက်သည်။
"ဒီမိန်းမက တစ်ကိုယ်ကောင်းဆန်ပြီး အကြင်နာကင်းတယ်။ အေးစက်ပြီး ကြောက်ဖို့လည်းကောင်းသေးတယ်။ လူသတ်ဖို့တောင် အားပေးအားမြှောက်ပြုလိုက်သေးတယ်။ ကျုပ်ကယောက်ျားမဟုတ်ဘူးဆိုရင် သူက လူတောင်မဟုတ်တော့ဘူး"
ပြီးနောက်မှာ ချန်တာ့ဝေ့က မျက်နှာထားတင်းတင်းနဲ့ အော်လိုက်သည်။
"မင်းတို့ လူတွေကို သွားမစွပ်စွဲခင်မှာ အရင်ဆုံးသက်သေပြရမယ်။ ငါ့သမီးက လူသတ်ဖို့ အားပေးအားမြှောက်ပြုတယ်ပြောရအောင် မင်းကဘယ်သူမိုလို့လဲ?"
ကြက်စွပ်ပြုတ်က ကြမ်းပြင်မှာရှိနေသည်။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေမရှိပေ။
ရှိနေတဲ့လူတိုင်းက တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ ရှောင်မိသားစုနဲ့ ဆက်ဆံရေးရှိကြသည်။ ဒါကြောင့် သူတို့ရဲ့ သက်သေခံချက်ကို ယုံကြည်လို့မရပေ။
ဒါက ဘာလို့ ချန်တာ့ဝေ့က ဒီအခြေနေထိ တကောက်ကောက်လိုက်နေလဲဆိုတာဖြစ်သည်။
ကုန်းယင်ရှုန်းက ပစ္စည်းတစ်ခုကို ယူပြလိုက်ပြီးတော့
"ကျုပ်တို့မှာ သက်သေမရှိဘူးလို့ ဘယ်သူပြောလဲ? ကျုပ်လက်ထဲက ယူအက်စ်ဘီမှာ ခင်ဗျားတို့ပြစ်မှုတွေရဲ့ သက်သေတွေပါတယ်"
ချန်ဖေပင်းက ပထမတော့ အံ့ဩသွားပေမယ့် ပြီးနောက်မှာ မအူမလည်ဖြင့်
"သက်သေ? ဘာကိုပြောနေတာလဲ?"
သူတို့ဒါကိုစီစဉ်တုန်းက အရမ်းသတိထားခဲ့ကြသည်။ ဒါပေမယ့်လည်း အတိအကျပြောရရင် လူသတ်မှုအကောင်အထည်ဖော်တာအတွင်းမှာ မတော်တဆတွေ ဆက်တိုက်ဖြစ်ခဲ့သည်...
ပြီးနောက်မှာ ချန်ဖေပင်းက မယုံကြည်နိုင်မှုနဲ့ မျက်လုံးပြူးသွားခဲ့သည်။
သူက ကုန်းယင်ရှုန်းကို ထိုးပြလိုက်ပြီး မယုံကြည်နိုင်စွာနဲ့
"မင်းကဓားပျံကို ပစ်လိုက်တဲ့တစ်ယောက်လား?"
မေးခွန်းက ထုတ်ပြန်ချက်တစ်ခုနဲ့တောင် ပိုတူနေသည်။ ဓားမြှောင်ဘယ်ကလာမှန်း သူတို့မသိခဲ့ကြပေ။
ဒါ့ပြင် လူကြီးတစ်ယောက်ရဲ့လက်ကောက်ဝတ်ကို ထောပတ်လိုဖြတ်ပစ်လိုက်နိုင်ဖို့ဆို ဓားမြှောင်ကအတော်လေးကို ချွန်ထက်ရမည်။ ဒါပေမယ့် အဲ့ဒီအချိန်က သူတို့တွေ သွေးထွက်သံယိုတွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြသည်။
သူတို့က ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်ကိုပဲ သတ်ချင်တာလေ။
ဒါ့ကြောင့် ချန်လီရန်က သုံးယောက်ပြိုင်သတ်မှုရဲ့ အကျိုးတွေကို စီစစ်ကြည့်ပြီးတဲ့နောက်မှာ မိုးပေါ်က ဓားမြှောင်တွေရဲ့အကြောင်းကို လုံးဝမေ့သွားကြသည်။
သူတို့သာ ဒီအကြောင်းကို မမေ့လိုက်ဘူးဆိုရင် သူတို့ ပိုပြီးပေါ့ပါးတဲ့စီရင်ချက်တစ်ခုလောက် ပေးခံရနိုင်လောက်သည်။
ဒါပေမယ့် အခုကရော?
ကုန်းယင်ရှုန်းက ထေ့ငေါ့လိုက်ပြီးတော့၊ "ခင်ဗျားက အတော်လေးလည်သားပဲ။ ကံမကောင်းစွာနဲ့ပဲ လုံလုံလောက်လောက်တော့မလည်သေးဘူး"
သူဘာကိုဆိုလိုမှန်း ချန်ဖေပင်း သိလိုက်သည်။ သူက ခြေလှမ်းအနည်းငယ်နဲ့ နောက်ကိုယိုင်သွားသည်။ သူ့မျက်နှာက ဖြူဖပ်နေပြီး သူ့ပုံစံက လဲကျတော့မယ့်ပုံတောင် ပေါက်နေသည်။
ကုန်းယင်ရှုန်းဘာကိုဆိုလိုမှန်း ချန်မိသားစုရဲ့ တခြားသုံးယောက်လည်း နားလည်လိုက်ကြသည်။
ချန်တာ့ဝေ့က ကုန်းယင်ရှုန်းရဲ့လက်ထဲက ယူအက်စ်ဘီကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေ ပြင်းပြင်းထန်ထန်ဝင်းလက်သွားခဲ့သည်။ သူချက်ချင်းပဲ ကုန်းယင်ရှုန်းဆီပြေးသွားလိုက်သည်။ ကုန်းယင်ရှုန်းရဲ့လက်ထဲက အဲ့ဒီအရာကို သူလုယူချင်နေမှန်း သိသာသည်။
ကုန်းယင်ရှုန်းက ကုန်းထျန်းဟောက်ရဲ့ နံပါတ်တစ်ဘောဒီဂတ်ဖြစ်သည်။ ပုံမှန်ဆိုရင် သူ့ကိုယ်သူ လူလုံးထုတ်မပြပေမယ့်လည်း ကုန်းထျန်းဟောက်က သူ့ကိုလိုအပ်တဲ့အချိန်ဆိုရင်တော့ ရောက်လာတတ်သည်။ သူကအရမ်း လျှို့ဝှက်တဲ့ လူတစ်ယောက်ဖြစ်သည်။
ကုန်းယင်ရှုန်းဘေးဘက်ကိုပဲ အနည်းငယ်ရွှေ့လိုက်သည်။
ချန်တာ့ဝေ့က သူ့ဆီ တဟုန်ထိုးပြေးဝင်လာသည်နှင့် ကုန်းယင်ရှုန်းက သူ့ခြေထောက်ကို မြှောက်လိုက်သည်။ ဖြောက်ခနဲအသံတစ်ခု ထွက်လာခဲ့သည်။ အရိုးတွေကျိုးသွားတဲ့အသံကို လူတိုင်းကြားလိုက်ကြရသည်။
အသံက ကျောရိုးဘက်ကလာခြင်းဖြစ်သည်!
ချန်တာ့ဝေ့ရဲ့ကျောရိုးက ကန်ချက်တစ်ခုကြောင့် ဆတ်ခနဲဖြစ်သွားခဲ့သည်။
ဒါက ချန်တာ့ဝေ့ ထောင်ကနေ လွတ်လာခဲ့ရင်တောင် သူ့တဘဝလုံး ဝှီးချဲလ်တစ်ခုလိုအပ်တော့မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ချန်တာ့ဝေ့ အလှော်ခံလိုက်ရတာကိုမြင်ပြီး ချန်ဖေပင်းက ကြောက်ရွံ့သွားသည်။
မိသားစုထဲမှာက လေးယောက်ရှိသည်။ နှစ်ယောက်မှာက ပြတ်နေတဲ့လက်ကောက်ဝတ်တွေရှိနေပြီး တစ်ယောက်မှာက ကျိုးနေတဲ့ကျောရိုးနဲ့ အခုသူတစ်ယောက်ပဲကျန်တော့သည်။
သူအရမ်းကြောက်ရွံ့ပြီး တုန်လှုပ်သွားသည်။
သူ့မိသားစုလိုမျိုး သူအဆုံးမသတ်ချင်ပေ။
သူ့နားထင်ကနေ ချွေးအေးအေးတွေ စီးကျလာသည်။ သူအနားပတ်လည်ကို ကြောက်ရွံ့ပြီး တထိတ်ထိတ်နဲ့ ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးတွေက အေးစက်တဲ့မျက်လုံးတစ်စုံနဲ့ တွေ့လိုက်ရပြီး သူတဆတ်ဆတ်တုန်သွားခဲ့သည်။
ပြီးနောက် သူက ရှောင်လင်းယွင်ကို လှမ်းဆွဲဖို့ သူမဆီပြေးသွားလိုက်ပေမယ့် ရှောင်ကျင်းယန်ဆီကနေ အတားခံလိုက်ရသည်။
ရှောင်ကျင်းယန်၊ ရှောင်လင်းယဲ့နဲ့ ရှောင်မင်ယန်းတို့ကရှောင်လင်းယွင်နဲ့ သူ့သမီးတွေကို ကာကွယ်ခဲ့ကြသည်။
ရှောင်ကျင်းယန်က မျက်နှာထားတင်းတင်းနဲ့ အော်လိုက်သည်။
"မင်းမကောင်းတဲ့အကောင်၊ မင်းဘာလုပ်ချင်လို့လဲ?"
ချန်ဖေပင်းက ရှက်ရှက်နဲ့ သူ့လက်ကို ပြန်ဆွဲလိုက်ပြီး ရှောင်လင်းယွင်ကို ကြည့်ကာ အသနားခံလိုက်သည်။
"ယွင်အာ ကိုယ်မှားသွားပါတယ်။ ကိုယ့်မိသားစုကို လွှတ်ပေးဖို့ မင်းမိသားစုကို ပြောပေးနိုင်မလား?"
ရှောင်လင်းယွင်ရဲ့မျက်လုံးတွေက အေးစက်နေသည်။ သူမ ချန်ဖေပင်းကိုကြည့်လိုက်တဲ့အချိန်မှာ သူစိမ်းတစ်ယောက်ကို ကြည့်လိုက်သလိုမျိုးဖြစ်နေခဲ့သည်။
သူမက အေးစက်စွာနဲ့
"ရှင်ကဘာလို့မှားမှာလဲ? ရှင်ကသခင်လေးချန်ပဲလေ။ မှားတဲ့လူဆိုရင်တော့ ကျွန်မပဲပေါ့။
ရှင့်လိုမျိုး သွေးအေးပြီး အကြင်နာမရှိတဲ့လူမျိုးကို လက်ထပ်ခဲ့မိလို့ ကျွန်မမှားတာ။
"ကျေးလက်နောက်ခံကလာပေမယ့် သခင်လေးချန်းကို လက်ထပ်ခဲ့မိလို့ ကျွန်မမှားသွားတာ။ ရှင့်မိသားစုက ကျွန်မကို ခွေးတစ်ကောင်လိုမျိုး ဆက်ဆံနေတဲ့အချိန်မှာ ရှင့်ကို ကျွန်မမိသားစုလိုမျိုး ဆက်ဆံခဲ့မိလို့ ကျွန်မမှားသွားတာ။
မဟုတ်သေးဘူး ရှင့်မိသားစုက ကျွန်မကို ခွေးတစ် ကောင်ထက်တောင် ပိုဆိုးဆိုးရွားရွားဆက်ဆံခဲ့တာ။
ချန်မိသားစုရဲ့ခွေးတွေကမှ အစားအသောက်ကောင်းကောင်းနဲ့ ရေရသေးတယ်။
ဒါပေမယ့်လည်း ကျွန်မသမီးတွေနဲ့ ကျွန်မကတော့ ပုပ်သိုးနေတဲ့ အကြွင်းအကျန်တွေနဲ့ပဲ အသက်ဆက်ခဲ့ရတယ်"
"ငတုံးတစ်ယောက်ဖြစ်ခဲ့မိလို့ ကျွန်မမှားသွားတာ။ ရှင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ကတိတွေကို ယုံမိလို့ ကျွန်မမှားသွားတာ။ သမီးနှစ်ယောက်မွေးပြီး သူတို့ကို ကျွန်မနဲ့အတူ ဒုက္ခခံခိုင်းခဲ့လို့ ကျွန်မမှားသွားတာ။"
"ချန်ဖေပင်း ကျွန်မ ရှင့်ကိုမေးမယ်။ ရှင့်ကိုလက်ထပ်မိတာ ကျွန်မမှားသွားတာလား?"
ချန်ဖေပင်းရဲ့မျက်နှာက သူပါးစပ်ကို ဖွင့်လိုက်တဲ့အချိန်မှာ ဖြူဖပ်သွားတော့သည်။ သူ့ကိုယ်သူ ခုခံချင်ပေမယ့် သူ့ပါးစပ်က ဘာအသံမှ မထွက်လာတော့မှန်း သူသဘောပေါက်သွားသည်။ သူဘာပြောချင်နေလဲဆိုတာကို ရှောင်လင်းယွင်ကလည်း သိချင်နေပုံမပေါ်ပေ။
သူမက သူ့ကို ဖြတ်ချပစ်လိုက်သည်။
"ဟုတ်တယ်၊ ကျွန်မက တောဘက်မှာမွေးလာခဲ့မိလို့ မှားသွားတာ။ ရှင့်လို သခင်လေးတစ်ယောက်ကို လက်ထပ်မိတဲ့ထိ ကျွန်မစိတ်ကြီးဝင်သွားတာ။ သမီးလေးနှစ်ယောက်မွေးပေးမိလို့ ကျွန်မမှားသွားတာ။ ဒါရှင်တို့ချန်မိသားစု ကျွန်မအပေါ်ပုံချတဲ့ အမှားတွေပဲ။
ဒါပေမယ့် ချန်ဖေပင်း..."
အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က လေးနက်တဲ့မျက်နှာထားနဲ့
"ရှင်က ရှင့်သမီးတွေကို အမှားတွေလို့မြင်တယ်။ ဒါပေမယ့် သူတို့က ကျွန်မရဲ့ ရတနာလေးတွေပဲ"
၎င်းကိုပြောရင်း ရှောင်လင်းယွင်က သူမကလေးတွေကို ကိုင်ထားလိုက်ပြီးတော့
"ကျွန်မရဲ့ ရတနာလေးနှစ်ယောက်အတွက် နာကျင်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေ ဘယ်လောက်ပဲ ကြုံရကြုံရ ကျွန်မအံကြိတ်ပြီး ထိန်းထားခဲ့တယ်"
"ကျွန်မရဲ့ပေးဆပ်မှုတွေက အလဟာသဖြစ်သွားလိမ့်မယ်လို့ တကယ်မမျှော်လင့်မိခဲ့ဘူး
ချန်ဖေပင်း ရှင်ဝဍ်လည်တာလို့ပဲ ကျွန်မပြောလိုက်မယ်။ ပြီးတော့ ခုအလှည့်ကျပြီပဲ!"
ရှောင်လင်းယွင်ရဲ့စကားတွေကို ချန်ဖေပင်းကြားတော့ ချက်ချင်းဒူးညွှတ်ချလိုက်သည်။
သူက အသနားခံကာ
"ယွင်အာ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်အမှားလုပ်ခဲ့မှန်း သိပါတယ်။ ကိုယ်က လုလုနဲ့ ရို့ရို့ရဲ့အဖေမလို့ ကိုယ့်မိသားစုကို လွှတ်ပေးလို့ မရဘူးလား? ဒီလူတွေက လုလုနဲ့ ရို့ရို့ရဲ့ အဘိုးအဘွားတွေလေ။ သူတို့မိသားစုကို ထောင်ထဲပို့ဖို့အထိ မင်းလုပ်ရက်လို့လား?"
"ချန်ဖေပင်း ရှင်တော်တော်အရှက်မရှိတာပါ့လား?"
ရှောင်လင်းယွင်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ရှင်တို့က ကျွန်မသမီးတွေရဲ့ မိသားစုလို့ ထင်နေတာလား? ရှင်တို့က သွေးအေးလူသတ်သမားအုပ်စုပဲ"
"ဘယ်လိုအဖေမျိုး အဘွားမျိုး အဘိုးမျိုးတွေက သူတို့ မြေးတွေကို ကျွန်ခံခိုင်းမှာလဲ? ဘယ်သူလဲဆိုတော့ ချန်မိသားစုရဲ့လူလိုမျိုးတွေပဲလေ!"
ရှောင်လင်းယွင်က အားပျော့တဲ့လူတစ်ယောက်မဟုတ်ပေ။ ဒီကိစ္စကို သူမဟာသူမ ကိုင်တွယ်ဖို့ သူမမိသားစုက ခွင့်ပြုထားသည်။
ချန်ဖေပင်းက ဒါကိုကြားပြီးတော့ ခြေလှမ်းနည်းနည်းတွန့်သွားခဲ့သည်။ ရှောင်လင်းယွင်က ဘယ်လိုမိန်းမမျိုးဖြစ်ခဲ့မှန်း သူသိသည်။ သူပထမဆုံး သူမကိုတွေ့တုန်းက သူမက အပြစ်ကင်းစင်ပြီး လှပတဲ့နတ်သမီးလေးတစ်ပါးဖြစ်သည်။
ဒါပေမယ့်လည်း သူမမှာ ခေါင်းမာပြီး အထိမခံတဲ့အခြမ်းတစ်ခုရှိမှန်းလည်း သူသိခဲ့သည်။ သူမ နှလုံးသားထဲမှာ မှန်တစ်ချပ်ရှိနေပြီး ၎င်းကပဲ အဓိကအချက်ဖြစ်သည်။ သူမလက်ထပ်ပြီး ပထမဆုံးသမီးကိုမွေးပြီးတော့ ချန်မိသားစုက လူတိုင်းက ရိပ်မိလိုက်သည်။
နားမလည်နိုင်ဖြစ်နေတဲ့လူက ချန်ဖေပင်း ဖြစ်သည်။
သူတို့ပထမဆုံးကလေးပြီးတဲ့နောက်မှာ သူမက ကွာရှင်းချင်ခဲ့သည်။ ဒါပေမယ့်လည်း သူမကိုချော့ဖို့ သူက ချိုသာတဲ့စကားလုံးတွေသုံးခဲ့သည်။ အဲ့ဒီအချိန်တုန်းက သူမက အရမ်းရိုးစင်းခဲ့သည်။
ချန်ဖေပင်းရဲ့မိသားစုက အရမ်းရက်စက်ပြီး အကြင်နာကင်းလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့မိပေ။
ချန်ဖေပင်းက သူ့မိဘတွေရဲ့သားလေ။ ဒီတော့ သူဘယ်လောက်များ ကောင်းမွန်နိုင်မှာတဲ့လဲ?
သူက သူမကို စိတ်မကုန်သေးတဲ့အတွက် အရင်က ဆွဲထားခဲ့သည်။ ပြီးတော့ သူမက သူ့ကို သားတစ်ယောက်လည်း မွေးပေးချင် မွေးပေးနိုင်လောက်မယ်မလား?
အရင်က ချန်ဖေပင်း သူမကို သဘောကျကောင်း ကျနိုင်ခဲ့သည်။
ဒါပေမယ့်လည်း ပထမဆုံး မွေးဖွားမှုပြီးတော့ သူက ချန်ဖေပင်းအတွက် ကလေးမွေးစက်တစ်ခုလိုပဲ ဖြစ်နေတော့သည်။ သူမအတွက် သူ့မှာ ခံစားချက်တွေ ရှိတာ မရှိတာက အရေးမကြီးတော့ပေ။
သူမက သူ့ကို သားတစ်ယောက်မွေးပေးပြီးတာနဲ့ သူမကို ကန်ထုတ်လိုက်တော့မည်။
ဒါပေမယ့်လည်း သူတို့ရဲ့ဒုတိယကလေးကပါ နောက်ထပ်သမီးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့မိပေ။
သူတို့ရဲ့ သဘောထားကွဲလွဲမှုက ပြင်းထန်လာခဲ့သည်။ တစ်မိုးအောက်ထဲမှာ နေနေပေမယ့်လည်း သူတို့က ရန်သူတွေလိုပဲ ဖြစ်နေခဲ့သည်။
"ချန်ဖေပင်း ကျွန်မပြောပြမယ်။ ကျွန်မ ချန်မိသားစုထဲက အားလုံးကို ခွင့်လွှတ်နိုင်တယ်။
ဒါပေမယ့် ရှင်..."
ရှောင်လင်းယွင်က အံတင်းတင်းကြိတ်လိုက်ကာ အငြိုးကြီးပြီး မုန်းတီးစွာဖြင့် ဆက်ပြောလေသည်။
"ကျွန်မရှင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဘာလို့လဲဆိုတော့ ရှင်ကျွန်မကို ဒီချောက်နက်ထဲ ဆွဲချခဲ့တာ"
ချန်မိသားစုထဲမှာ ရှောင်လင်းယွင် အမုန်းဆုံးလူက ချန်ဖေပင်း ဖြစ်သည်။ သူမရဲ့ ဆင်းရဲဒုက္ခတွေက ချန်ဖေပင်းနဲ့ စတင်ခဲ့သည်။ သူက သူမကို လက်ထပ်ခဲ့ပေမယ့်လည်း သူမကို အနိုင်ကျင့်ခွင့်ပြုခဲ့ပြီး အရှက်တကွဲဖြစ်စေကာ ကျွန်ပြုခံစေခဲ့သည်။ သူမကို ကာကွယ်ဖို့ သူသာ တစ်ခုခုပြောခဲ့မယ်ဆိုရင် သူ့မိသားစူက သူမကို ဒီလိုဆက်ဆံခဲ့မှာ မဟုတ်ပေ။
ရှောင်လင်းယွင်နဲ့ သူ့သမီးတွေက ချန်ဖေပင်း ကြောင့် ဝေဒနာခံစားခဲ့ရသည်။ ဒါကြောင့် သူမအဖို့ ချန်ဖေပင်းထက် ပိုမုန်းတဲ့လူ မရှိတော့ပေ။
ဒီတစ်ကြိမ်မှာ ချန်ဖေပင်း ယိုင်နဲ့သွားပြီး မြေပေါ်ကို လဲကျသွားသည်။ သူ့ကြည့်ရတာ နောင်တရပြီး စိတ်ပျက်ပုံပေါ်နေသည်။
မာမေ့ရှင်းက ဒီအကြိမ်မှာ သူမရဲ့ဒဏ်ရာကို ကာထားလိုက်ပြီး ရှောင်လင်းယွင်ကို ကြည့်ကာ ဆဲဆိုလိုက်သည်။
"ကောင်မ သားတစ်ယောက်မမွေးဖို့ နင့်ကိုဘယ်သူ ပြောထားလို့လဲ? နင်မွေးပေးလိုက်တာနဲ့ ငါတို့နင့်ကို ကောင်းကောင်းဆက်ဆံမှာပေါ့။ နင်မမွေးပေးနိုင်မှတော့ ငါ့သားက သူ့အတွက် ဘာလို့ မွေးပေးမယ့်လူတစ်ယောက် မရှာရမှာလဲ?"
သူမရဲ့ ကျိုးကြောင်းမဆီလျော်တဲ့စကားတွေကြောင့် ရှောင်လင်းယွင်က ဒေါသထွက်သွားပြီး လှောင်ရယ်လိုက်သည်။
"ဟုတ်တယ် ကလေးမွေးပေးမယ့် တစ်ယောက်ယောက်ရှာဖို့ ကျွန်မသူ့အတွက် သဘောတူခဲ့တယ်လေ။ ကျွန်မကွာရှင်းဖို့ သဘောတူခဲ့သားပဲ"
ရှောင်လင်းယွင်က ဒေါသတကြီးနဲ့
"ကျွန်မက ကျွန်မရဲ့သမီးလေးနှစ်ယောက်ကိုပဲလိုချင်တာ။ ဒါပေမယ့် ရှင်တို့က ရှင်တို့ဖို့ရှင်တို့ အရမ်းတွေးလွန်းတယ်။ ကျွန်မက သမီးလေးတွေနဲ့တူတူ ရှင်တို့ရဲ့အဖိုးတန်သားကို အနှောင့်အယှက်ပေးလိမ့်မယ်လို့ ရှင်ကအတော်လေးယုံကြည်နေတာလေ"
"သူ့အချစ်ဇာတ်ကို ကျွန်မသိပြီးတဲ့နောက်မှာ ရှင်တို့သားက ကျွန်မအတွက် ခွေးချီးထက်တောင်ပိုဆိုးသွာမှန်း ရှင်တို့သိရဲ့လား? သူ့ကို လိုက်နှောင့်ယှက်ဖို့မပြောနဲ့ သူ့နားတောင်မကပ်ဘူး"
မာမေ့ရှင်းက ပြတ်သားတဲ့အသံနဲ့
"ငါ့သားကချောတယ် ချမ်းသာတယ် ဟာသဉာဏ်ရွှင်တယ်လေ။ ငါ့သားကို စော်ကားရအောင် နင်ကဘယ်သူမိုလို့လဲ? နင်လိမ်နေမှန်း ငါသိတယ်။ ငါ့သားကို ရှေ့မတိုးနိုင်အောင်လုပ်ဖို့ ကောင်မနှစ်ကောင်ကို နင်အသုံးချမယ်မှန်း ငါသိတယ်။ ဒါကြောင့် သဘာဝကျကျပဲ နင်နဲ့နင့်ကောင်မတွေကို ငါဆက်ပြီး အသက်ရှင်ခွင့်မပြုနိုင်ဘူး။ ဒါအကုန် ငါ့သားရဲ့အကျိုးအတွက်ပဲ!"
ရှောင်မိသားစုက
ဒီမာမေ့ရှင်းက တကယ့်ကို....တစ်ခုခုပဲ
ချန်မိသားစုကို ဒီဒုက္ခထဲကျစေခဲ့တာက သူမရဲ့ ယုံမှားသံသယလွန်ကဲမှုဖြစ်သည်။ ပြီးတော့ ထပ်ပြီးတော့ ဒီတစ်မိသားစုလုံးက ရူးနေတာပဲ။ သူတို့သာ ကလေးမလေးနှစ်ယောက်ကို ရှောင်လင်းယွင်နဲ့ သွားခွင့်ပြုချင်ခဲ့ရင် ဒါမျိုး ဖြစ်လာမှာမဟုတ်ပေ။
လူတွေ ဝမ်းနည်းသွားကြသည်။
"ရှင့်သားကရွှေကလုပ်ထားတယ်လို့ တကယ်ကြီးထင်နေတာလား?"
ရှောင်လင်းယွင်က အရမ်းဒေါသထွက်လာပြီး ရယ်မောလိုက်မိတော့သည်။
"ကျွန်မရဲ့ကလေးနှစ်ယောက်ကိုပဲလိုချင်တာလို့ ပြောခဲ့ပြီးသား။ ပြီးရင် ကျွန်မတို့ ချန်မိသားစုနဲ့ ထပ်ပြီးတော့ ရောနှောမှာကို မဟုတ်တော့ဘူး။ ရှင်တို့လူတွေက အရမ်းစိတ်ကြီးဝင်လွန်းတယ်။ ပြီးတော့ အခုကျွန်မကို အရာအားလုံးအတွက် အပြစ်တင်နေတယ်။ ရှင်တို့မိသားစုက တကယ်ထူးဆန်းတာပဲ"
ရှောင်လင်းယွင်နဲ့ ရှောင်လင်းယွီတို့နှစ်ယောက်စလုံးက ရှောင်မိသားစုကဖြစ်ကြပြီး သူတို့ရဲ့စိတ်နေသဘောထားတွေကလည်း အရမ်းဆင်တူကြသည်။
ဒါ့ကြောင့် ရှောင်လင်းယွင်မှာလည်း စိတ်ပျော့တဲ့ပင်ကိုစရိုက်မရှိပေ...
သူမကလဲ့စားချေဖို့ အခွင့်အရေးတစ်ခုရလာမှတော့ အမိအရဆုပ်ကိုင်ထားရမှာပေါ့!
***