ဝဍ်လည်ခြင်း
Vol. 21 Ch. 347
မာမေ့ရှင်းက သူ့အမှားကို ဝန်မခံသေးပေ။ သူမက ပြတ်သားတဲ့အသံနဲ့ ခေါင်းမာမာဆက်ပြောနေတုန်းပင်။
"ဘာတွေပဲဖြစ်ဖြစ် သားမမွေးပေးနိုင်ခဲ့တဲ့ နင့်အပြစ်ပဲ။ ချန်မိသားစုရဲ့မျိုးရိုးကို နင့်ကိုဖျက်ဆီးခွင့်မပြုနိုင်ဘူး"
"ရှင်ကရူးပြီး တုံးအနေတာပဲ!"
ရှောင်လင်းယွီက အရမ်းဒေါသကြီးစွာနဲ့
"ရှင့်ယောက်ျားနဲ့ သား နှစ်ယောက်စလုံးက ဒေါက်တာတွေလေ။ မွေးကင်းစကလေးက မိန်းကလေးလား ယောက်ျားလေးလားဆိုတာကို ဆုံးဖြတ်တာက ယောက်ျားတွေဆိုတာ ရှင်မသိဘူးလား?
မျိုးရိုးအရ ယောက်ျားတွေရဲ့ Y geneကပဲ ကလေးယောက်ျားတစ်ယောက် ဖန်တီးနိုင်တာ။ ရှင်တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်တော့ အဲ့ဒါရှင့်သား ချန်ဖေပင်း ပဲ။ အဲ့ဒါ Y genesနည်းနည်းပဲရှိတဲ့ သူ့အမှားပဲ"
သူမအရင်ဘဝတုန်းက ရှောင်လင်းယွင်နဲ့ ရှောင်လင်းယွီတို့မှာ ဒီလိုမျိုး စိတ်ပျက်စရာကံကြမ္မာတွေရှိခဲ့ကြသည်။ ဒါပေမယ့်လည်း သူတို့အခြေအနေတွေကတော့ ကွဲပြားခဲ့သည်။
ရှောင်လင်းယွီက မျက်ကန်းဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်သနားခဲ့သည်။ တစ်နည်းပြောရရင်တော့ သူမကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေအတွက် သူမကလွဲရင် ဘယ်သူ့ကိုမှ အပြစ်တင်မရပေ။
ဒါပေမယ့်လည်း ရှောင်လင်းယွင်ကတော့ ပထမဆုံးမှာသာ မျက်ကန်းဖြစ်ခဲ့ခြင်းဖြစ်သည်။ ကံမကောင်းစွာပဲ သူမစိတ်ကရှင်းလင်းသွားတဲ့အခါမှာတော့ သူမမှာ သူမရဲ့သမီးနှစ်ယောက်ဆိုတဲ့ သေချာတဲ့အားနည်းချက်တစ်ခုရှိခဲ့သည်။ သူမက သူတို့ကို ချစ်မြတ်နိုးသည်။ ဒါကြောင့် သူတို့ကို ကာကွယ်ရမည်။
သူမကလေးတွေကို ကာကွယ်ဖို့ အဆုံးမရှိဆင်းရဲဒုက္ခခံခဲ့သည်။
ဒါပေမယ့် ချန်မိသားစုက သူတို့ကိုသတ်ဖို့ကြိုးစားတဲ့အထိ သွားလိမ့်မယ်လို့ ဘယ်သူကများတွေးမိမှာလဲ?
ရှောင်လင်းယွင်မှာ ဘဝအပေါ်မှာ ခံယူချက်နဲ့ ရပ်တည်ချက်ရှိသည်။ ချန်မိသားစုကိုသာ သူမရဲ့သမီးတွေကို ထိန်းချုပ်မထားဘူးဆိုရင် သူမဒီလိုမျိုး ဝေဒနာခံစားရမှာမဟုတ်ပေ။
ရှောင်လင်းယွီက ပြန်လာခဲ့သည်။ သူမနဲ့ သူမမိသားစုရဲ့ကံကြမ္မာကို ပြောင်းလဲခဲ့သည်။ ဒါပေမယ့်လည်း သူမဝမ်းကွဲညီမရဲ့အကြောင်းကိုတော့ မေ့နေခဲ့သည်။ ကျေးဇူးတင်စွာနဲ့ပဲ သူမအချိန်မီ ရောက်လာခဲ့သည်။ သူမသာနည်းနည်းနောက်ကျသွားရင် အကျိုးဆက်တွေကို ပုံဖော်ကြည့်ရဲမှာတောင် မဟုတ်တော့ပေ...
ဒီအကြောင်းကိုစိတ်ထဲထားရင်း ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ကျေးဇူးတင်စွာနဲ့ကြည့်လိုက်သည်။ ကုန်းထျန်းဟောက်က အကူအညီကြီးတစ်ခုဖြစ်ခဲ့သည်။
ရှောင်လင်းယွင်နဲ့ သူ့သမီးတွေကို ကာကွယ်ဖို့ ကုန်းထျန်းဟောက်က သူ့ဘော်ဒီဂတ်ကိုသာ မပို့ခဲ့ဘူးဆိုရင်...
သူသာ ဟာ်လီကော်ပတာတစ်စင်း မပို့ခဲ့ဘူးဆိုရင်...
ရှောင်လင်းယွီလည်း သူမဝမ်းကွဲညီမကို ကာကွယ်နိုင်မှာမဟုတ်ပေ။
ရှောင်လင်းယွင်နဲ့ သူ့သမီးတွေက တူညီတဲ့ကံကြမ္မာကို ရင်ဆိုင်ခဲ့ရသည်။ ၎င်းသာ ဖြစ်ပွားခဲ့မယ်ဆိုရင် ရှောင်လင်းယွီ သူမကိုယ်သူမ ခွင့်လွှတ်နိုင်မှာမဟုတ်ပေ။
ကျေးဇူးတင်စွာနဲ့ပဲ...
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ ကျေးဇူးတင်နေတဲ့အကြည့်ကိုခံစားလိုက်မိပြီး အရမ်းကျေနပ်သွားသည်။ သူမရဲ့လူအနေနဲ့ သူမအတွက် သူဘာမဆိုလုပ်မှာဖြစ်သည်။
ကုန်းထျန်းဟောက်က မျက်ခုံးတွေပင့်လိုက်ပြီး သူ့ခေါင်းကိုငုံ့လိုက်ကာ
"ယွီအာ မင်းခိုက်သွားတာလား? အကယ်၍များ မင်းကိုယ့်ကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အနေနဲ့ လက်ထပ်လို့ရတယ်နော်?"
ရှောင်လင်းယွီကလည်း မျက်ခုံးတွေပင့်သွားပြီး
"ရှင့်ကိုလက်ထပ်ရမယ်?"
ကုန်းထျန်းဟောက်က ချက်ချင်းပဲ
"မင်းညီမနဲ့ တူမတွေ အကယ်ခံလိုက်ရတာ ကိုယ့်ကြောင့်လေ။ မင်းကိုယ့်ကို လက်ထပ်ယူပြီး ကျေးဇူးမတင်သင့်ဘူးလား?"
ရှောင်လင်းယွီကာ ပေါ့ပေါ့ပါးပါးပြုံးကာ
"သခင်လေးကုန်း၊ ရှင့်တွေးခေါ်ပုံအရဆို ကျွန်မ ဒီလူကိုပဲ လက်ထပ်သင့်တာပေါ့။ ပြီးတော့ သူက ကျွန်မညီမနဲ့ တူမတွေကို ကယ်ခဲ့တဲ့သူလေ"
အနက်ရောင်နဲ့လူက လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီး ချန်မိသားစုအိမ်နဲ့ လုံးဝကင်းရှင်းသည်။ သူ့လက်ကောင်ဝတ်လှုပ်ချက်တစ်ခုနဲ့တင် မာမေ့ရှင်း နဲ့ ချန်လီရန် တို့ရဲ့လက်ကောက်ဝတ်တွေကို ဖြတ်ပစ်လိုက်သည်။ သူက အကုန်လုံးကို မှတ်တမ်းယူထားဖို့လည်း မမေ့ခဲ့ပေ။
ရှောင်လင်းယွီရဲ့စကားတွေကို ကုန်းထျန်းဟောက်ကြားတော့ သူ့မျက်နှာက မည်းမှောင်သွားသည်။
သူက သွားတွေကြိတ်လိုက်ပြီး
"အဲ့ဒီတော့ မင်းက သူ့ကိုလက်ထပ်ချင်တာလား?"
သူ့စကားတွေထဲမှာ သဝန်တိုမှုအရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။ သူ့ရဲ့စူးရှတဲ့အကြည့်က သူ့ကိုဆယ်စုနှစ်များစွာ ကယ်တင်ပေးနေခဲ့တဲ့ သူ့ဘော်ဒီဂတ်ကို ကြည့်လိုက်သည်။
နောင်ကျရင်တော့ သူယွီအာရှေ့ရောက်မလာနိုင်အောင် သေချာလုပ်ရမယ်။
ဘယ်အလှလေးကများ သူရဲကောင်းကို မကြိုက်ဘဲနေမှာလဲ?
ယွီအာက ဉာဏ်ကောင်းတယ်။
ယင်ရှုန်းမှာ အရမ်းအခြေကောင်းကောင်းရှိမှန်း အကြည့်တစ်ချက်နဲ့တင် သူပြောလို့ရတယ်။
ကုန်းယင်ရှုန်းကအရမ်းတုန်လှုပ်သွားပြီး အရမ်းဆိုးရွားတဲ့စိတ်ထင့်မှုတစ်ခု ရှိခဲ့သည်။
'ငါ့ကိုဘာလို့ဒီထဲဆွဲထည့်ရတာလဲ? ငါကအပြစ်ကင်းပါတယ်! ငါက ရှောင်လင်းယွင်ကို ကယ်ခဲ့တာလေ! ရှောင်လင်းယွီမှ မဟုတ်ဘဲ!'
သူက ကုန်းထျန်းဟောက် သဘောကျနေတဲ့ မိန်းကလေးဆီကနေ အကြိုက်မခံနိုင်ပေ။ သူကုန်းထျန်းဟောက်ဆီကနေ အသတ်မခံလိုပေ။
ကုန်းထျန်းဟောက်မျက်လုံးထဲက ရည်ရွယ်ချက်ကို အာရုံခံမိပြီး ရှောင်လင်းယွီရဲ့ ပါးစပ်အစွန်းတွေ ကွေးတက်သွားသည်။ သူမက တည်တည်ငြိမ်ငြိမ်နဲ့
"ကျွန်မ လက်ထပ်ချင်တယ်လို့ ဘယ်တုန်းကများ ပြောမိလို့လဲ?"
ကုန်းထျန်းဟောက်က ဒါကိုကြားတော့ သူ့ရဲ့အေးစက်နေတဲ့မျက်လုံးတွေက စိတ်သက်သာရာရမှုနဲ့ လင်းလက်သွားသည်။
ကုန်းယင်ရှုန်းကလွဲရင် ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ရဲ့ အီစီကလီလှုပ်နေမှုကို ဘယ်သူကမှအာရုံစိုက်မနေပေ။
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုက မာမေ့ရှင်းကို ပြိုလဲစေခဲ့သည်။ သူမက ဆက်လက်ခေါင်းမာစွာနဲ့ ကျယ်လောင်စွာဖြင့်
"သားတစ်ယောကမွေးပေးဖို့ ကျရှုံးခဲ့တာ သူ့အမှားပဲလေ။ ဒီလိုဆိုရင် သူ့နေရာကို လက်လျှော့လိုက်သင့်တာပေါ့။ သူလက်မလျှော့နိုင်မှတော့ ငါတို့ကို အကြင်နာမဲ့တာအတွက် အပြစ်မတင်နဲ့လေ"
ရှောင်မိသားစုက ဒါကိုကြားတော့ အကြီးဆုံးဒေါ်လေးရှောင်က ဒေါသထွက်သွားသည်။ သူမရဲ့ဒေါသကို ထပ်ဖိနှိပ်ထားလို့ မရတော့ပေ။ သူမ မာမေ့ရှင်း ရဲ့မျက်နှာကို ဒေါသတကြီးရိုက်လိုက်သည်။
သူမက ကျယ်လောင်စွာနဲ့
"နင်က ငါ့သမီးနဲ့ မြေးတွေကို အရေးမပါသလိုဆက်ဆံတယ်။ ဒါပေမယ့် သူတို့က ငါတို့ဖို့တော့ ရတနာတွေပဲ။ အရင်တုန်းက နင်တို့ဆီကနေ သူတို့ကိုကယ်ဖို့ ငါတို့မှာအစွမ်းအစမရှိခဲ့ဘူး။ ဒါပေမယ့် အခုမတူတော့ဘူး"
"မာမေ့ရှင်း နင့်ကိုငါ ငါးနှစ်တောင် သည်းခံခဲ့တယ်။ ငါးနှစ်လုံးလုံး ငါ့သမီးနဲ့ ငါ့မြေးတွေရဲ့ အကျိုးအတွက် နင်တို့ ငါတို့ကိုပေးခဲ့တဲ့ အရှက်တကွဲဖြစ်မှုတွေကို သည်းခံခဲ့တယ်။ ဒါပေမယ့် ငါတို့ဆက်သည်းမခံတော့ဘူး"
"နင်တို့အဆက်အသွယ်တွေကို ဘာလို့အခုမခေါ်လိုက်တာလဲ? နင်တို့ ဘယ်လောက်စက်ဆုပ်ဖို့ကောင်းလဲဆိုတာ သူတို့လာကြည့်ပလေ့စေလေ"
အရင်ငါးနှစ်မှာ အကြီးဆုံးဒေါ်လေးရှောင်က တောင့်ခံပြီး စောင့်နေခဲ့သည်။
တစ်နေ့မှာတော့ သူမသမီးနဲ့ မြေးနှစ်ယောက်ကို သေချာပေါက် ကယ်တင်နိုင်လိမ့်မယ်လို့ သူမယုံကြည်ခဲ့သည်။
အချိန်အခါက နောက်ဆုံးတော့ ရောက်လာလေပြီ။ သူတို့ဆက်ပြီး သည်းခံဖို့ မလိုတော့ချေ။
သူမရဲ့အကြီးဆုံးတူမပြောသလိုပဲ သူမသမီးနဲ့ မြေးနှစ်ယောက်အတွက် တရားမျှတမှုကို ရှာတော့မည်။
အကြီးဆုံးဒေါ်လေးရှောင်က မာမေ့ရှင်း ရဲ့မျက်နှာကို တံတွေးထွေးလိုက်ပြီး မျက်နှာထားတင်းတင်းနဲ့
"မာမေ့ရှင်း မိုးကောင်းကင်က ကြည့်နေတယ်။ မကောင်းမှုတွေလုပ်တဲ့လူက သူတို့ဝဍ်ကို အနှေးနဲ့အမြန် ကြုံရမှာပဲ"
"နင်တို့မိသားစုက သုံးလောင်းပြိုင်သတ်ဖို့ ကြံစည်အားထုတ်မှုကို ကျူးလွန်ခဲ့တယ်။ ထောင်ထဲအပို့ခံရဖို့သာ စောင့်နေလိုက်တော့။ အနည်းဆုံးတော့ နင်တို့မှာ အချင်းချင်း အဖော်တွေရှိသေးတာပဲလေ"
ရှောင်မိသားစုကလည်း စိတ်မပျော့ပေ။ သူတို့က သူတော်စင်တွေမဟုတ်ဘူးလေ။
***