← Chapters

ငါ့ရည်းစား

Vol. 21 Ch. 349

ငါ့ရည်းစား

Vol. 21 Ch. 349

ရှောင်လင်းယွင်က မာမေ့ရှင်း နဲ့ သူ့သမီးကို စစ်မေးနေတဲ့အချိန်မှာ လူတစ်ယောက်က သူမကို လေးနက်ပြီး တည်ကြည်တဲ့အမူအယာနဲ့ ကြည့်နေခဲ့သည်။ ပြီးနောက်မှာ သူ့ပါးစပ်အစွန်းတွေ ဖြည်းဖြည်းချင်းမြောက်တက်သွားပြီး သူ့ဟာသူတွေးလိုက်သည်။

‘ဒီမိန်းကလေးမှာ တကယ့်ကို ပင်ကိုစရိုက်တစ်ခုရှိတာပဲ’

နှစ်များစွာ နှိပ်စက်ခံရပြီးတဲ့နောက်မှာ ကောင်မလေးကျိုးနွံလာမယ်လို့ သူကတွေးခဲ့သည်။ ဒါပေမယ့်လည်း ကြည့်ရတာ သူမက သူမရဲ့အချိန်ကို စောင့်နေပုံပေါ်သည်။

သူမက စောင့်နေခဲ့သည်။ သူမက ဘယ်တော့မှ အရှုံးမပေးမယ့် မိန်းကလေးတစ်ယောက်ပဲ။ သူမ အလျှော့ပေးပြီး ကြံ့ကြံ့ခံနိုင်ခဲ့သည်။ သူမက ထက်မြက်ပြီးတော့ ကျိုးကြောင်းလည်းဆင်ခြင်နိုင်သေးသည်။

ဒီလိုမိန်းကလေးမျိုးကိုသာ တိုက်ပွဲမှာ ထားနိုင်ရင်အရေးပါတဲ့ မဟာမိတ်ဖြစ်လာမှာပဲ။

ကုန်းထျန်းဟောက်က ကုန်းယင်ရှုန်းရဲ့မျက်လုံးထဲက စူးရှတဲ့ဝင်းလက်မှုကိုကြည့်လိုက်ပြီး သူ့မျက်စိတွေ လင်းလက်သွားသည်။

‘သူက...’

ရှောင်လင်းယွင်က တခစ်ခစ်ရယ်လိုက်သည်။

“ချန်ဖေပင်း ရှင်ဘာလို့ဘာမှမပြောတာလဲ?”

“ကျွန်မတို့လက်ထပ်ပွဲကို ရှင့်မိဘတွေသဘောတူမတူ ကျွန်မမေးတုန်းက သဘောတူတယ်လို့ ‌ရှင်ပြောခဲ့တယ်လေ။ ပြီးတော့ သူတို့က ကျွန်မကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ်တဲ့။ ဒါပေမယ့် ဒါရှင်းရှင်းလင်းလင်းကို အလိမ်ညာကြီးပဲ။ ဟုတ်တယ် ရှင့်မိဘတွေ ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံလွန်းလို့ ကျွန်မကိုတောင် သတ်ချင်နေကြတာလေ”

“ကျွန်မ အချိန်သာ ပြန်လှည့်လို့ရရင် ရှင့်ကိုတွေ့ဆုံတာကို တားဆီးဖို့ ကျွန်မပြန်သွားမိမှာ။ ရှင့်လို တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ သတ္တိနည်းတဲ့အမေ့သားလေးလို ယောက်ျားမျိုးကို ကျွန်မ ချစ်သွားတာ ကန်းနေလို့ပဲဖြစ်မှာ”

ရှောင်လင်းယွင်က ချန်ဖေပင်းကို တကယ်ရိုက်ပစ်‌ချင်နေသည်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ငါးနှစ်အတွင်း သူမက သူ့ကို ရေတွက်နိုင်တာထက်ပိုပြီးတော့ကို စိတ်ထဲက ဆဲရေးခဲ့သည်။

အဲ့ဒီတော့ အခုကိစ္စက ဘာလုပ်တော့မှာလဲ?

သူမ အားအင်ကိုချွေတာပြီး ဒီမိသားစု အပြစ်ပေးခံရတာကိုပဲ ကြည့်တော့မည်။

ဒါပေမယ့်လည်း သူမမှားယွင်းတယ်လို့ ခံစားနေရဆဲပင်။

အရင်က သူမကို လိုက်ဖို့ အရာအားလုံးကိုစွန့်ပစ်ခဲ့ပြီး ပြင်းပြင်းပြပြလက်ထပ်ချင်ခဲ့တာ ချန်ဖေပင်း လေ။ ဒါပေမယ့် အဆုံးကျတော့ သူမမှာ တောသွေးရှိနေလို့ပဲ မှားယွင်းမှုဖြစ်ခဲ့သည်။ သမီးနှစ်ယောက်မွေးပေးလို့ပဲ မှားယွင်းမှု ဖြစ်ခဲ့ရသည်။ သူမနဲ့ သူမသမီးတွေ ဒီလို‌ဒုက္ခမျိုးကြုံရတဲ့အကြောင်းရင်းက ချန်ဖေပင်း ဖြစ်သည်။ ဒါကြောင့် သူမလူတိုင်းကို ခွင့်လွှတ်နိုင်ပေမယ့် ချန်ဖေပင်း တော့မပါချေ။

“အဲ့ဒီတုန်းက ကျွန်မက ၁၈နှစ်ပဲရှိခဲ့သေးတာ။ ဒါပေမယ့်လည်း ရှင့်စကားချိုချိုလေးတွေကြောင့် ကျွန်မရှင့်ကိုလက်ထပ်ခဲ့တယ်။ အိမ်ထောင်ရေးက အချစ်ရဲ့ အုတ်ဂူပဲလို့ သူများတွေပြောကြတယ်”

“ကျွန်မက တကယ်အုတ်ဂူတစ်ခုထဲကို ခြေချခဲ့တာ။ ပြီးခဲ့တဲ့ခုနစ်နှစ်မှာ ကျွန်မ အရှင်လတ်လတ်မြေမြှုပ်ခံနေရသလို ခံစားခဲ့ရတယ်။ ကျွန်မအဲ့ဒီအောက်ဘက်မှာ သေဆုံးဖို့ငြင်းဆိုခဲ့တယ်။ ဒါကြောင့် ကျွန်မရုန်းကန် လှုပ်ရှားခဲ့ရတယ်”

“နောက်ဆုံးတော့ ကျွန်မလွတ်မြောက်နိုင်ပြီ”

ရှောင်လင်းယွင်က နောက်ဆုံးစကားကိုပြောလိုက်တော့ သူမစိတ်သက်သာရာရသွားပြီး စိတ်ပေါ့ပါးသွားသည်။ ချန်ဖေပင်းက ရှောင်လင်းယွင်ကို စိုက်ကြည့်နေခဲ့သည်။ သူတုန်လှုပ်နေပြီး တခုခုပြောချင်ခဲ့ပေမယ့် ရှောင်လင်းယွင်က သူ့ကို ယင်ကောင်တစ်ကောင်လိုမျိုး ရိုက်ချလိုက်သည်။

“ရှင့်ကိုယ်ရှင် ရှင်းပြဖို့ ဘာမှပြောဖို့မလိုဘူး။ ကျွန်မမကြားချင်ဘူး”

ရှောင်လင်းယွင်က မာမေ့ရှင်း၊ ချန်လီရန် နဲ့ ချန်ဖေပင်း တို့ကို ပျက်ရယ်ပြုပြီးဖြစ်တာကြောင့်....

ဒီတော့ ချန်တာ့ဝေ့ တစ်ယောက်ပဲကျန်တော့သည်။

ဒါပေမယ့်လည်း သူမက အဲ့ဒီလူကို ကြည့်တောင်မကြည့်ပေ။

သူမက ရှောင်လင်းယွီဆီလျှောက်သွားလိုက်ပြီး ရှောင်လင်းယွီမျက်နှာကိုကြည့်ကာ သူမရဲ့ဗိုက်ကိုလည်း ကြည့်လိုက်သည်။ ပြီးနောက်မှာ သူမကိုကူညီနေတဲ့ ယောက်ျားကို သတိပြုမိသွားသည်။

သူမက မျက်မှောင်ကျုံ့လိုက်ပြီး မသေချာမရေရာနဲ့

“အစ်မ?”

ရှောင်လင်းယွီက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်မလေး နောက်ဆုံးတော့ နင်ငါ့ကို မှတ်မိပြီပေါ့”

ရှောင်လင်းယွင်က ‌ခေါင်းခါပြီး ခေါင်းညိတ်လိုက်သည်။

“အစ်မ အရမ်းပြောင်းလဲသွားတာ ညီမတောင် မမှတ်မိတော့မလိုပဲ”

“အရင်က အစ်မ နေ့တိုင်း မျက်မှန်တပ်တယ်လေ။ ပြီးတော့ အဲ့မျက်မှန်က အစ်မမျက်နှာ တော်တော်များများကို ဖုံးထားတာ။ အစ်မရဲ့ညီမတောင် အစ်မမျက်နှာကိုမြင်ဖို့ သိပ်အခွင့်အရေးမရဘူး။

အစ်မသာ ဒုတိယဒေါ်လေးနဲ့အရမ်းမတူဘူးဆိုရင် ညီမ အစ်မကို မှတ်မိမှာမဟုတ်ဘူး”

ပြီးနောက်မှာ ရှောင်လင်းယွီက တစ်ခုခုကို မှတ်မိသွားကာ သူမ သမီးနှစ်ယောက်ကို‌ပြောလိုက်သည်။

“လုလု ရို့ရို့၊ လာပြီးတော့ သမီးတို့မိသားစုကို တွေ့လိုက်ဦး”

ချန်လုလု နဲ့ ချန်ရို့ရို့ တို့ လျှောက်လာကြသည်။ သူတို့က ထိတ်လန့်သွားမှုဆီကနေ ပြန်မသက်သာသေးပေ။ သူတို့တွေ လူတွေကိုကြည့်တဲ့အကြည့်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ သူတို့မျက်နှာသေးသေးလေးတွေက တွန့်ရှုံ့နေပြီး အရမ်းမသက်မသာဖြစ်နေကြသည်။

ရှောင်လင်းယွင်က သူတို့ကို မိတ်‌ဆက်ပေးလိုက်သည်။

“လာလေ လုလု ရို့ရို့၊ အမေမိတ်ဆက်ပေးမယ်။ ဒါသမီးတို့ ဒေါ်လေးလေး”

“ဒေါ်...ဒေါ်လေး!”

လုလုက အနည်းငယ်ကြောက်နေပုံပေါ်ပေမယ့်လည်း ရှောင်လင်းယွီကို လိမ်လိမ်မာမာနှုတ်ဆက်လိုက်သည်။

အငယ်ရို့ရို့က သူမအစ်မလောက် သတ္တိမရှိပေ။ သူမကရှောင်လင်းယွီကို စိုက်ကြည့်နေသည်။

မဟုတ်သေးဘူး သူမရဲ့မျက်လုံးလေးတွေက တကယ်တော့ ရှောင်လင်းယွီဘေးက ကုန်းထျန်းဟောက်ကို စိုက်ကြည့်နေတာဖြစ်သည်။

ပြီးနောက် သူမချက်ချင်းကြောက်ရွံ့သွားပြီး ရှောင်လင်းယွင်ရဲ့ လက်မောင်းထဲမှာ ချက်ချင်းပုန်းနေလိုက်သည်။ ရှောင်လင်းယွင်က သူမသမီးငယ်လေးကို နှစ်သိမ့်ပေးလိုက်သည်။ ပြီးနောက်မှာ သူမက ရှောင်လင်းယွီဘေးက ကုန်းထျန်းဟောက်ကိုကြည့်လိုက်ပြီး စူးစမ်းလိုစွာနဲ့မေးလိုက်သည်။

“အစ်မ ဒါကဘယ်သူလဲ?”

‘အစ်မကကိုယ်ဝန်ရှိနေပြီးတော့ သူကလည်း သူမနဲ့အရမ်းနီးနီးကပ်ကပ်ရပ်နေတယ်။ ဒါငါ့ရဲ့ ခဲအိုကြီးများလား?’

ကုန်းထျန်းဟောက်ကလည်း ရှောင်လင်းယွီကို တောက်လောင်နေတဲ့အကြည့်တစ်ခုနဲ့ကြည့်လိုက်သည်။ ရှောင်လင်းယွီ သူ့ကိုဘယ်လိုမိတ်ဆက်ပေးမလဲဆိုတာကို သူလည်း ကြားချင်မိသည်။

ရှောင်လင်းယွီ “...”

ရှောင်လင်းယွီကို ကုန်းထျန်းဟောက်ကိုဘယ်လိုမိတ်ဆက်ပေးရမယ်မှန်း သူမမသိချေ။

သူက သူမရဲ့ သူငယ်ချင်းလား ဒါမှမဟုတ် ရည်းစားလား?

တစ်ခုမှ ဟုတ်ပုံမပေါ်ပေ။ သူက သေချာပေါက် သူမယောက်ျားတော့မဟုတ်ပေ။

အဲ့ဒီအချိန်မှာ မေမေရှောင်ရောက်လာပြီး ပြုံးကာပြောလိုက်သည်။

“ယွင်အာ ဒါကထျန်းဟောက်လေ။ သမီးအစ်မရဲ့ရည်းစား”

မေမေရှောင်က ကုန်းထျန်းဟောက်ကို အရမ်းသဘောကျသည်။ သူက သူမရဲ့သမီးကို ကောင်းကောင်းဂရုစိုက်ပေးပြီး တစ်ခုခုအခက်အခဲကြီးကြီးမားမားရှိတိုင်း ၎င်းကိုဖြေရှင်းဖို့ ကုန်းထျန်းဟောက်က သူတို့ကို ကူညီခဲ့သည်။ ၎င်းက သူမကို အရမ်းခံစားစေခဲ့ရသည်။

ဒီတစ်ခေါက်မှာ သူတို့ရှောင်လင်းယွင်ရဲ့အဖြစ်ကိုကြားလိုက်ရတော့ ကုန်းထျန်းဟောက်က ချက်ချင်း သူတို့ကို ခန်လင်း မြို့ဆီ ခေါ်လာခဲ့သည်။ ရှောင်လင်းယွင်ကို တိတ်တဆိတ်ကာကွယ်ဖို့တောင် သူ့ဘော်ဒီဂတ်ကို လွှတ်လိုက်သေးသည်။ သူ့လူက ရှောင်လင်းယွင်နဲ့ သူ့သမီးတွေကို သေခြင်းတရားကနေ ကယ်တင်ခဲ့သည်။

မေ‌မေရှောင်က ရှောင်လင်းယွီရဲ့ ဆန္ဒတွေကို လေးစားတယ်လို့ပြောခဲ့ပေမယ့် ဒါက သူမက အောင်သွယ်တော်မလုပ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။ သူတို့အတူတူရှိမသွားနိုင်ဘူးဆိုရင် သူတို့အစောကတည်းကတွေ့ခဲ့မှာကိုမဟုတ်ပေ။

ရှောင်လင်းယွီက သူမအမေကိုကြားလိုက်ပြီး နှုတ်ခမ်းစူလိုက်သည်။

“အမေ!”

သူမအသံထဲမှာ လက်မခံတဲ့အရိပ်အယောင်ပါနေသည်။

မေမေရှောင်က သူမကိုစိုက်ကြည့်လိုက်ပြီး

“နင်တို့နှစ်ယောက်က အမြဲတမ်းကပ်နေကြပြီးသား။ သူကနင့်ရည်းစားမဟုတ်ရင် ဘယ်သူလဲ? ဘာလို့ဒါကို တရားဝင်မလုပ်လိုက်သေးတာလဲ?”

ရှောင်လင်းယွီ

“…”

အမေ! အမေ့သမီးအရင်းကဘယ်သူတုန်း?

‌ကုန်းထျန်းဟောက်ကတော့ ပြုံးပြုံးကြီး ကြည့်နေခဲ့လေသည်။

***

All Chapters