← Chapters

ချန်မိသားစုရဲ့ကံကြမ္မာ

Vol. 21 Ch. 350

ချန်မိသားစုရဲ့ကံကြမ္မာ

Vol. 21 Ch. 350

ကုန်းထျန်းဟောက်ကို အကူအညီတစ်ခု အကြွေးတင်နေတဲ့အတွက် ရှောင်လင်းယွီက ရှင်းပြဖို့ ဘာမှမပြောခဲ့တော့ပေ။ ကုန်းထျန်းဟောက်က သူမရဲ့ရည်းစား ဟုတ်မဟုတ် သူမပဲသိသည်။

သူတို့အတွေးတွေကိုသာ တခြားသူတွေဖတ်နိုင်ရင် သူမက အကျိုးသင့်အကြောင်းသင့်ဟုတ်မနေကြောင်း တွေးထင်ကြလိမ့်မည်။

အမှန်တိုင်းဆိုရင် ရှောင်လင်းယွီက သဘောထားကွဲလွဲနေသည်။ သူမဗိုက်ထဲက ကလေးကြောင့် သူမကုန်းထျန်းဟောက်နဲ့ အရမ်းမနီးကပ်ချင်ပေ။ အထူးသဖြင့် ကုန်းထျန်းဟောက်ရဲ့ တကယ့်အထောက်အထားကိုသိပြီးတော့ သူမ ကုန်းထျန်းဟောက်နဲ့ ပိုပြီးတော့တောင် ဝေးဝေးနေချင်သေးသည်။

သူမက စင်ဒရဲလားအိမ်မက်လေးတစ်ခု မမက်ရဲပေ။ သူမက အေးအေးဆေးဆေးဘဝတစ်ခုလိုချင်ပြီး ချမ်းသာပြီး အာဏာရှိတဲ့ ပြိုင်ဆိုင်မှုတွေ‌ကြောင့်ဒုက္ခမရောက်ချင်ပေ။ သူမကို သူ့ကလေးကြောင့် ကုန်းထျန်းဟောက်က ကြင်နာပေးနေခြင်းဖြစ်သည်။

ဒါပေမယ့်လည်း သူမအသက်ကြီးသွားရင်...

မဟုတ်သေးဘူး သူက သူမကိုစိတ်ကုန်သွားရင် သူမရဲ့ ကံဆိုးတဲ့နေ့တွေ လာလိမ့်မည်။ သူတို့ရဲ့ ကြီးမားတဲ့အဆင့်အတန်းခြားနားမှုတွေက တစ်ယောက်ကိုတစ်ယောက် ဝေးကွာစေလိမ့်မည်။

သူတို့မှာ သူတို့ရှေ့မှာပြထားတဲ့ အကောင်းဆုံးဥပမာရှိသည်။

သူမရဲ့ဝမ်းကွဲညီမက တောဘက်ကဖြစ်သည်။ သူမ ချန်မိသားစုကို လက်ထပ်ပြီးတော့ ချန်မိသားစုဆီကနေ အထင်သေးခံ၊ စက်ဆုပ်ခံပြီး အရှက်တကွဲဖြစ်ခဲ့ရသည်။ သူမက ကျေးလက်ကမိန်းကလေးတစ်ယောက်ဖြစ်နေလို့ သူမရဲ့သမီးနှစ်ယောက်တောင် ချန်မိသားစုဆီကနေ နှိပ်စက်ခံခဲ့ရသည်။

၎င်းက မညီမျှတဲ့အဆင့်အတန်းရဲ့ ရလဒ်ဖြစ်သည်။

ချန်မိသားစုက အတော်အတန်ပဲ ချမ်းသာပေမယ့်လည်း ရှောင်လင်းယွင်ကို အရမ်းကိုအထင်သေးနေကြပြီ။

ကုန်းမိသားစုကရော?

ရှောင်လင်းယွီ ၎င်းကို စိတ်ကူးယဉ်မကြည့်ရဲပေ။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီမျက်နှာက တုံ့ဆိုင်းမှုကို မြင်လိုက်သည်။ သူက လိမ္မာပါးနပ်တဲ့လူတစ်ယောက်ဖြစ်သည်။ ရှောင်လင်းယွင်နဲ့ ချန်မိသားစုကြားက အခြေအနေက သူတို့ရဲ့အတူတူပုံရိပ်အကြောင်း စိုးရိမ်ကြောင့်ကြမှုကို ပိုတိုးမြှင့်ပေးလိုက်မှန်း သူသိလိုက်သည်။

ဒါပေ့ါ ဒီလိုအတွေးမျိုးတွေရှိလို့ ရှောင်လင်းယွီကို သူအပြစ်မတင်ပေ။

တကယ့်တရားခံက ချန်မိသားစုဖြစ်သည်။

ချန်မိသားစုက သူမကို အထင်သေးနေရင်းပဲ သူတို့မိသားစုကို လက်ထပ်ခွင့်ပြုခဲ့သည်။ သူတို့က သူမကို ကောင်းကောင်းမဆက်ဆံခဲ့ဘဲ သတ်တောင်သတ်ချင်နေခဲ့သေးသည်။ ဒီမိသားစုက ကျရှုံးတော့မည်။

သူတို့က သုံးလောင်းပြိုင်သတ်ဖို့ ကြိုးပမ်းအားထုတ်မှုရဲ့ အဖိုးအခတွေကို ရင်ဆိုင်ရတော့မည်။ သူတို့ တသက်လုံး ထောင်ချခံရတော့မည်။ ချန်ဖေပင်းကလွဲရင် သူတို့အားလုံး မသန်မစွမ်းဖြစ်ကုန်ကြသည်။ သူတို့တွေ ထောင်ထဲကတခြားသူတွေဆီကနေ ကရုဏာနဲ့ သနားကြင်နာမှုတွေ ရမှာမဟုတ်ပေ။ သူတို့တွေ ထောင်ထဲမှာ ကစားစရာအရုပ်တွေဖြစ်လာနိုင်သည်။

ချန်ဖေပင်း ကတော့ သူကအရမ်းကြည့်ကောင်းပြီး ခန့်ညားသည်။ သူ့မှာ ထောင်ထဲမှာ အရမ်းအံဩဖို့ကောင်းတဲ့အချိန်တစ်ခုရှိလိမ့်မည်။ တကယ်တော့ ကုန်းထျန်းဟောက်က အဲ့လိုဖြစ်မှာ သေချာအောင်လုပ်မှာပေါ့။

ဒါက အနာဂတ်မှာ ချန်မိသားစုရဲ့ဘဝဖြစ်လာလိမ့်မည်။ ဒါပေါ့ သူတို့ကတော့ ဒါကို မသိသေးဘူးလေ။

ရှောင်မိသားစုက ပြန်လည်တွေ့ဆုံနေတုန်းမှာ ချန်လီရန်က ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။ သူမလက်က ဒဏ်ရာက အရမ်းနာကျင်သည်။ အရမ်းများတဲ့သွေးဆုံးရှုံးမှုကြောင့်လားမသိ သူမမူးဝေလာခဲ့သည်။ သူမ အလွန်အမင်းကို ကြောက်ရွံ့နေသည်။

သူမက သေခြင်းရဲ့အရှိန်အဝါကို ခံစားမိနေသည်။ လူတော်တော်များများက သွေးထွက်လွန်လို့ ခပ်ပေါ့ပေါ့ဒဏ်ရာတွေမှာ သေဆုံးကုန်ကြသည်။

သူမလက်ကောက်ဝတ်ဖြတ်ခံလိုက်ရတာကနေဆို အချိန်တချို့ကြာနေပြီ။ သူမသွေးတွေက ကြမ်းပြင်တစ်ခုလုံးပေါ်မှာ ဖြစ်သည်။ သူမမျက်နှာက ပိုပိုပြီးဖြူဖပ်လာသည်။ သူမ မသန်မစွမ်းတစ်ယောက်မဖြစ်ချင်ပေ။ သူမထောင်ထဲကို မသွားချင်ပေ။

ပြီးတော့ သူမသေလည်းမသေချင်ပေ...

ဒါပေမယ့်လည်း ဒီလူတွေက သူမထွက်ပြေးမှာကနေ ပိတ်ဆို့ထားကြသည်။

ရှောင်မိသားစုက သူမကို ကြင်နာလိမ့်မည်မဟုတ်မှန်း သူမသိသည်။

သူတို့က သူမကို မသန်မစွမ်းတစ်ယောက်ဖြစ်စေချင်ပြီး သေစေချင်နေကြသည်။

ဒါကြောင့် လူတိုင်းရဲ့အာရုံက ရှောင်လင်းယွီနဲ့ သူ့ညီမအပေါ်မှာရောက်နေတုန်း ထွက်ပြေးဖို့အခွင့်အရေးတစ်ခု သူမရှာတွေ့ခဲ့သည်။

ဒါပေမယ့်လည်း ကုန်းယင်ရှုန်းရဲ့မျက်လုံးတွေက နေရာတိုင်းမှာဆိုတာ သူမမေ့သွားခဲ့သည်။ သူက ဘယ်သူ့ကိုမှ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။ သူက ဘာသနားညှာတာမှုမှမပြဘဲ ချန်လီရန်ကို ကြမ်းပြင်ပေါ်ကို ကန်ထည့်လိုက်သည်။

ချန်လီရန်တစ်ယောက် ကြမ်းပြင်ပေါ်ကျသွားတော့ သူမရဲ့ဒဏ်ရာက တဒိတ်ဒိတ်ဖြစ်လာပြီး စူးရှတဲ့နာကျင်မှုတစ်ခုကို သူမခံစားလိုက်ရသည်။ စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု အခန်းထဲမှာ ထွက်ပေါ်လာသည်။ သွေးဆုံးရှုံးမှုနဲ့ အလွန်အမင်းနာကျင်မှုကြောင့် ချန်လီရန် ကချက်ချင်း သတိလစ်သွားခဲ့သည်။

မာမေ့ရှင်းကလည်း သူမသမီးကိုမြင်ပြီး သူမလည်း သတိလစ်သွားခဲ့သည်။

ချန်တာ့ဝေ့ရဲ့ကျောရိုးက ကျိုးသွားပြီဖြစ်တာကြောင့် သူ့မျက်နှာက ဖြူဖပ်နေပြီး အလွန်အမင်းချွေးထွက်နေသည်။ နာကျင်မှုဆီကနေ သူလည်း သတိလစ်ချင်နေပေမယ့် သူမလုပ်နိုင်ပေ။သူ့သွားတွေကိုကြိတ်ထားပြီး ၎င်းကို တောင့်ခံနေခဲ့သည်။

ချန်ဖေပင်းက သူ့မိဘတွေနဲ့ ညီမကိုကြည့်လိုက်သည်။ သူဘာဆက်လုပ်ရမယ်မှန်း သူမသိချေ။

ချန်ဖေပင်းက ဒူးထောက်ချလိုက်ပြီး ရှောင်လင်းယွင်ကို ခယလိုက်သည်။

"ယွင်အာ ကျေးဇူးပြုပြီး သူတို့ကိုကယ်ပါဦး။ မဟုတ်ရင် သူတို့ဒီလိုဆက်ပြီး သွေးထွက်နေရင် သေကုန်လိမ့်မယ်"

"ဒါအကုန် ကိုယ့်အမှားတွေပါ။ မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကိုယ့်ကို အပြစ်တင်လိုက်ပါ။ မင်းကိုယ့်ကို ဘယ်လောက်ပဲ အပြစ်ပေးပေး ကိုယ်ဘယ်‌တော့မှ မ‌ကျေမနပ်မရှိဘူး

ဒါပေမယ့် သူတို့ကိုတော့ ကယ်ပါဦး"

ဒါကိုကြားတော့ ရှောင်လင်းယွင်က မျက်နှာသေဖြစ်နေသည်။ သူမက ချန်ဖေပင်းကို အေးစက်စက်ပဲ တစ်ချက်ကြည့်လိုက်ပြီး သူမမျက်နှာကို ဘေးကိုလွှဲလိုက်သည်။ သူမဒီအကြောင်းကို လုံးလုံးဂရုမစိုက်ချင်ပေ။

သူတို့ သေသေရှင်ရှင် ဒါက သူမနဲ့ဘာမှမဆိုင်ပေ။

ဒီလူတွေလုပ်ခဲ့တာနဲ့ယှဉ်ရင် သူတို့က ထောင်ချီပိုင်းဖြတ်ခံရပြီးသေသွားရင်တောင် အရမ်းမများသေးပေ။

ချန်ဖေပင်းက တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက မှေးမှိန်သွားကာ စိတ်ပျက်သွားရသည်။

အရင်က စဉ်းစားတွေးခေါ်တတ်ပြီး ကြင်နာတတ်တဲ့လူက ဘာလို့အခု အရမ်းရက်စက်နေမှန်း သူမသိတော့ပေ။

ချန်မိသားစုက မှားယွင်းခဲ့တယ်။ သူတို့က ရှောင်လင်းယွင်နဲ့ သူ့သမီးတွေကို သတ်ချင်ခဲ့တယ်။

ဒါပေမယ့် သူတို့တွေအခု ဘေးကင်းပြီး အဆင်ပြေပြေဖြစ်သွားပြီ မဟုတ်ဘူးလား?

ရှောင်လင်းယွင်က ဘာလို့သူတို့ကို လွှတ်မပေးသေးတာလဲ?

သူမဘာလို့အရမ်းရက်စက်မှဖြစ်မှာလဲ?

ချန်ဖေပင်းက ဘွားဘွားရှောင်နဲ့ ရှောင်ကျင်းယန်ကို လှည့်ကြည့်လိုက်ပြီး သူတို့ကို ခခယယလုပ်ကာ နှပ်ချေးတွေ မျက်ရည်တွေနဲ့

"အဖေ အမေ အဘိုး အဘွား၊ ကျွန်တော့်အမေနဲ့ အစ်မကိုကယ်ပါဦး။ မကယ်ဘူးဆိုရင် သူတို့တကယ်သေကုန်ကြလိမ့်မယ်။ ဒါတွေအကုန် ကျွန်တော့်အမှားပါ။ ကျွန်တော်ဒါကို နောင်ကျရင် ပြန်‌ပေးဆပ်ပါ့မယ်။ အဖေတို့အားလုံးက ကြင်နာတဲ့လူတွေမှန်း ကျွန်တော်သိပါတယ်။

သူတို့ကို သေအောင်အထိတော့ ပစ်ထားမှာမဟုတ်ဘူးမလား?"

ချန်မိသားစုက အေးစက်၊ တစ်ကိုယ်ကောင်းဆန်ပြီး အပြင်လူတွေကို အကြင်နာကင်းသည်။

ချန်လီရန်ကတောင် သူမအမေရဲ့ အန္တရာယ်ကင်းမှုကို လျစ်လျုရှုခဲ့သည်။ ဒါပေမယ့်လည်း ချန်ဖေပင်းအတွက်ကတော့ သူတို့ကသူ့မိသားစုဖြစ်သေးသည်။ သူက သူတို့တွေကိုလျစ်လျူရှုပြီး သေခွင့်မပြုလိုက်နိုင်ပေ။

ချန်ဖေပင်းက ရှောင်မိသားစုရဲ့မျက်နှာက စိတ်မဝင်စားမှုတွေကို မြင်လိုက်ကြသည်။ သူအရမ်း ဒေါသထွက်ပြီး စိုးရိမ်သွားသည်။

သူက ကျယ်လောင်စွာနဲ့

"သူတို့သေတာကို တကယ်ပဲထိုင်ကြည့်ကြတော့မလို့လား? လုလုနဲ့ ရို့ရို့ကို ကျွန်တော့်အစ်မနဲ့ အမေသေတာကို ကြည့်စေချင်နေတာလား?"

"ခင်ဗျားတို့ ချန်မိသားစုကို မုန်းနိုင်ပေမယ့် ဘာတွေပဲဖြစ်ဖြစ် ‌ကလေးမလေးနှစ်ယောက်မှာ ချန်မိသားစုသွေးပါတယ်လေ။ သူတို့က ကျွန်တော့်မိသားစုပဲ"

"ကျွန်တော့်အမေက သူတို့အဘွားပဲ၊ ပြီးတော့ ကျွန်တော့်အစ်မက သူတို့အဒေါ်ပဲ"

ချန်ဖေပင်းကအခု သူ့သမီးနှစ်ယောက်ကိုပဲ အသုံးချနိုင်တော့မည်။

ဘွားဘွားရှောင်နဲ့ ယန်လျိုတို့နှစ်ယောက်စလုံးက အမျိုးသမီးတွေဖြစ်ကြသည်။ သူတို့မှာ ပြင်းပြတဲ့စာနာမှုတွေရှိကြသည်။

ချန်ဖေပင်းမှာလည်း ထိမိတဲ့အချက်တစ်ခုရှိသည်။ သူတို့အဘွားနဲ့ ဒေါ်လေးတို့ ‌သေတဲ့အထိသွေးထွက်လွန်တာကိုကြည့်ဖို့ ကလေးမလေးနှစ်ယောက်အတွက် တကယ့်ကို မသင့်တော်ပေ။

ဘွားဘွားရှောင် စကားပြောမည်အပြုမှာပဲ ရှောင်လင်းယွီက

"မစိုးရိမ်ပါနဲ့ အခုလေးတင် ကျွန်မ ရဲတွေနဲ့ လူနာတင်ယာဉ်ခေါ်လိုက်ပြီ။ အချိန်အရဆိုရင်တော့ သူတို့မကြာခင် ရောက်လာမှာပါ"

"အမ် လူနာတင်ယာဉ်လား?"

ချန်ဖေပင်းက အံ့ဩသွားသည်။

ချန်ဖေပင်းက ရှောင်လင်းယွင်ရဲ့ ဇာတိမြို့ကို သွားတုန်းကပဲ ရှောင်လင်းယွင်ရဲ့အစ်မကို တစ်ခါတွေ့ဖူးသည်။ ဒါပေမယ့်လည်း သူမနဲ့ပက်သက်ပြီး သူဘာမှမမှတ်မိပေ။

အဲ့ဒီအချိန်က ရှောင်မိသားစုက ရှောင်လင်းယွီကို ချီးမွမ်းတာတွေကြားပေမယ့် သူက သူမကိုအထင်မကြီးခဲ့ပေ။

အဲ့ဒီတော့ သူက တောင်ပိုင်းတက္ကသိုလ်ကိုသွားတယ်ပေါ့။

အံ့ဩစရာကြီးပဲ။

သူလည်း ကောင်းမွန်တဲ့တက္ကသိုလ်တစ်ခုတက်ခဲ့တာပဲလေ။

ဒါကြောင့် ရှောင်လင်းယွင်ရဲ့ ဝမ်းကွဲအစ်မအကြောင်း သူဘယ်တုန်းကမှ တကယ်ကြီး ဂရုမစိုက်ခဲ့ပေ။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်တော့ ရှောင်လင်းယွီက ကျော့ရှင်းပြီး လှပတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ရောက်လာသည်။ တကယ်ဆိုရင် သူမက သူမြင်ဖူးသမျှထဲမှာ အလှဆုံးအမျိုးသမီးဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အစ်မ!"

ချန်ဖေပင်းက အတော်လေး စိတ်သက်သာရာရသွားသည်။ ဒါပေမယ့် သူ့အကြည့်က ရှောင်လင်းယွီဆီမှာ စူးစူးစိုက်စိုက်ရောက်နေခဲ့သည်။ သူ့မျက်လုံးတွေထဲမှာ မရှင်းလင်းတဲ့အရူးအမူးစွဲလမ်းမှုတစ်ခု ရှိနေသည်။

ချန်ဖေပင်းက မိန်းမလိုက်စားတဲ့သူတစ်ယောက်ဖြစ်သည်။ အရင်က ရှောင်လင်းယွင်က လှပလို့ သူမကို လိုက်ခဲ့ခြင်းဖြစ်သည်။

အခုကျ ရှောင်လင်းယွင်ထက်ပိုလှတဲ့အမျိုးသမီးက သူ့ရှေ့မှာ ရောက်နေလာနေပြီဖြစ်၍ သူ့ရဲ့ပင်ကိုစရိုက်က ပြလာသည်။

ကုန်းထျန်းဟောက်က ချန်ဖေပင်းရဲ့မျက်လုံးထဲက စွဲလမ်းနေတဲ့အကြည့်ကိုမြင်တော့ သူ့မျက်နှာက မှောင်မိုက်သွားပြီး ချက်ချင်း စိတ်ပျက်သွားပုံပေါ်ခဲ့သည်။

သူက ရှောင်လင်းယွီကို သူ့နောက်မှာကာထားလိုက်ပြီး အေးစက်စွာနဲ့

"ငါမင်းကိုသတိပေးနေတာ။ မင်းဆက်ပြီးစိုက်ကြည့်နေရင် မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်..."

***

All Chapters