ချန်မိသားစုရဲ့အိမ်နီးချင်းများ
Vol. 21 Ch. 351
မကြာခင်မှာပဲ ရဲကားနှစ်စီးနဲ့ လူနာတင်ယာဉ်နှစ်စီး ချန်မိသားစု ခြံဝင်းထဲကို ရောက်လာသည်။
၎င်းက အိမ်နီးချင်းတွေကို အလိုလိုပဲ လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ? ချန်မိသားစုမှာ ဘာလို့ ရဲကားတွေနဲ့ လူနာတင်ယာဉ်တွေရှိနေတာလဲ?”
“ဘာတွေဖြစ်နေမှန်း ဘယ်သူသိကြလဲ?"
"ချန်မိသားစုက မိန်းမနဲ့ မြေးမလေးနှစ်ယောက်ကို ထပ်ပြီးရိုက်နေတာ ဖြစ်ဖို့များတယ်။ မိန်းမက ရဲကိုခေါ်လိုက်တာ ဖြစ်မှာပေါ့”
“ဒါပေမယ့် မိန်းမဖြစ်သူမှာ ဘာအင်အားမှမရှိဘူးလေ။ သူရဲကိုခေါ်လိုက်ရင်တောင် ဘာဖြစ်မှာတဲ့လဲ? ဒါက အရင်တုန်းက မရေမတွက်နိုင်အောင်ဖြစ်ပြီးပြီပဲ။ ချန်မိသားစုက ချွေးမဖြစ်သူနဲ့ မြေးမနှစ်ယောက်ကို ဆက်နှိပ်စက်နေတုန်းပဲ”
“ဒီချန်မိသားစုက တကယ်ဆိုးရွားတာပဲ။ သူတို့ ချွေးမဖြစ်သူကို မုန်းနိုင်ပေမယ့် သူတို့မြေးမလေးတွေလည်းရှိတယ်လေ။ ဒါပေမယ့် သူတို့ကို အပြင်လူလိုပဲ ဆက်ဆံနေကြတယ်”
“ဘာလို့လဲဆိုတော့ သူတို့မြေးမလေးတွေက မြေးယောက်ျားလေးတွေမဟုတ်လို့လေ”
“ငါတို့အခုဘယ်ခေတ်မှာ နေနေတာလဲ?”
တစ်ယောက်က ရယ်မောလိုက်ပြီး
“ဘာပဲဖြစ်ဖြစ် ထူးဆန်းတယ်လေ။ ချန်မိသားစုမှာလည်း သမီးတစ်ယောက် ရှိတာပဲဥစ္စာ”
“ဒါပေမယ့် သူတို့သမီးကို ယောက်ျားအနေနဲ့တွေးလို့ရတယ်။ သူက ၄၀ရှိတော့မယ်။ ကွာရှင်းလည်းထားတယ် ကလေးမရှိဘူး။ ပြီးတော့ အလုပ်လည်းမရှိဘူးလေ။ သူလုပ်တာက သောက်တာ ဆော့တာ နဲ့ ဘာမှကိုမလုပ်ဘူး”
“ဒါပေမယ့် မိဘတွေကတော့ သူ့ကို တော်တော်လေးကို ဖောဖောသီသီချစ်ကြတာပဲ။ သူတို့သားတောင် အဲ့လောက်ဂရုစိုက်မခံရဘူး။ သူတို့ သမီးကို ချစ်ကြတာက အထင်အရှားကြီးကို။ ဒါဆိုရင် သူတို့မြေးမလေးတွေကိုရော ဘာလို့မချစ်နိုင်ကြတာတုန်း?”
“အမှန်ပဲ”
တစ်ယောက်က ချက်ချင်း ရယ်မောလိုက်ကာ
“ဒီချန်မိသားစုက တကယ်ထူးဆန်းတယ်။ အဲ့ဒီ သမီးဖြစ်သူ ချန်လီရန်က အသက်လေးဆယ်ရှိနေပေမယ့် သူ့ကို ချမ်းသာတဲ့မိန်းကလေးငယ်ငယ်လေးလိုမျိုး ဆက်ဆံနေကြတုန်းပဲ”
“သူက သူ့ယောင်းမကို အမြဲဆရာကြီးလုပ်နေတာ။ သူ့တူမတွေကိုလည်း ဆူပူပြီး ရိုက်နှက်နေတာ”
“သူ့မှာ သားသမီးတွေမရှိလို့ဖြစ်မှာပေါ့။ အဲ့ဒါကြောင့် အိမ်ထဲမှာ ကလေးတွေမြင်နေရတာကို သည်းမခံနိုင်တာဖြစ်မယ်”
“ချွေးမဖြစ်တဲ့သူက တောဘက်ကလာပြီး သူတို့ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေရှေ့မှာ မျက်နှာပျက်စေတယ်လို့ ချန်မိသားစုကတော့ပြောတယ်။ သူတို့ဒေါသတွေအားလုံးကို သနားစရာကောင်မလေးအပေါ်မှာ ပုံချနေတာ”
“ဒါသူတို့ပြောခဲ့တာပဲ။ ဒါပေမယ့် သူတို့ကပဲ ချွေးမဖြစ်တဲ့သူကို မိသားစုထဲမှာ ကြိုဆိုခဲ့ကြတာပဲမဟုတ်ဘူးလား? မင်္ဂလာပွဲမှာတုန်းက သူတို့တွေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့တာပဲ။ ဒါတရားဝင်လက်ထပ်ပွဲပဲ။ ဒါဆိုရင် ဘာလို့အခုမှ သူ့ကို မကျေမနပ်ဖြစ်နေကြတာလဲ?”
“သူတို့ သူ့ကို တကယ်ပဲမကြိုက်ခဲ့ဘူးဆိုရင် လက်ထပ်ပွဲကို သဘောမတူခဲ့သင့်ဘူးလေ။ သဘောတူပြီးမှတော့ သူ့ကို ကောင်းကောင်းဆက်ဆံသင့်တယ်မဟုတ်ဘူးလား?”
တစ်ယောက်က သက်ပြင်းချလိုက်သည်။
တစ်ယောက်ကလည်း တခစ်ခစ်ရယ်မောလိုက်သည်။
“တချို့လူတွေက ခေါင်းကိုမကောင်းတာ”
လူတွေ သဘောတူလိုက်ကြသည်။
“ငါ ကောင်မလေးကိုပဲ သနားတယ်။ ငါက ချန်မိသားစုဘေးက အိမ်နီးချင်းပဲ။ ပြီးတဲ့ခြောက်နှစ်မှာ ဘေးတံခါးကနေငါကြားတာအများစုက ချန်မိသားစု သူ့ကို ဆူပူနေတဲ့ကိစ္စတွေပဲ”
“ပြီးခဲ့တဲ့ခြောက်နှစ် ကောင်မလေးလက်ထပ်ခဲ့တုန်းက သူကအရမ်းလှတာ။ သူ့ကိုမြင်တဲ့လူတိုင်း နှစ်သက်ကြတယ်။ ဒါပေမယ့်လည်း သူ့ကိုဆွဲချဖို့ ချန်မိသားစုအဖို့ သိပ်မကြာခဲ့ဘူး။ အခုတော့ သူက ပိန်လှီပြီး အားနည်းနေပြီ”
“ငါလည်း သူ့မင်္ဂလာပွဲနေ့တုန်းက သတို့သမီးကို မှတ်မိတယ်။ သူက ဆွဲဆောင်မှုရှိတယ်။ အဲ့ဒီအချိန်က ချန်ဖေပင်းက ဒီလိုလှပတဲ့အမျိုးသမီးတစ်ယောက်ရှာနိုင်လို့ ငါတို့အထင်ကြီးသွားသေးတာ။ သူ့အိမ်မက်ထဲတောင် ရယ်မောနေလောက်တယ်ပေါ့။ ဒါပေမယ့် မကြာခင်ပဲ ကောင်မလေးက ပူဖောင်းတစ်လုံးလို လျော့ရဲသွားလိုက်တာများ သူ့စိုစိုပြည်ပြည်ဖြစ်မှုလေးတွေ ဆုံးရှုံးသွားခဲ့တာ”
လူတွေအားလုံးက ချန်မိသားစုအကြောင်း ဆွေးနွေးနေခဲ့ကြသည်။
ခေါင်းစဉ်ကတော့ ချန်မိသားစုက သူတို့ချွေးမကို ဘယ်လိုအနိုင်ကျင့်တဲ့ပုံနဲ့ သူချန်မိသားစုကို မဝင်လာခဲ့တုန်းက ဘယ်လိုလှပခဲ့ပုံတို့ပဲဖြစ်သည်။
ပြီးနောက်...
“စကားမစပ် ချန်မိသားစုမှာ တစ်ခုခုဖြစ်လို့လား? သူတို့ဘာလို့ ရဲတွေနဲ့ လူနာတင်ယာဉ်ခေါ်လိုက်တာလဲ? ချန်မိသားစုက တကယ်ပဲ ကောင်မလေးကို သေအောင်ရိုက်လိုက်တာများလား?”
ဒါပေမယ့်လည်း ဒါသာအမှန်ဆိုရင် ချန်မိသားစုရဲ့စရိုက်နဲ့ဆိုရင် ရဲကိုခေါ်မယ့်အစား အလောင်းကို ရှင်းထုတ်ပစ်ဖို့ပဲ နည်းလမ်းရှာလိမ့်မည်။
ဒါကြောင့် သူတို့ သူမကို သတ်ပစ်လိုက်နိုင်ချေနည်းသည်။
ဒါပေမယ့် သူတို့ သူမကို ပြင်းပြင်းထန်ထန်ထိခိုက်အောင်လုပ်လိုက်နိုင်သည်။ ဒါပေမယ့်လည်း ထိခိုက်သွားတာက ချွေးမဖြစ်သူဆိုရင် သူမအတွက်တော့ ချန်မိသားစုက လူနာတင်ယာဉ်ခေါ်မှာမဟုတ်ပေ။
သူမကို ပြည်တည်အောင်ထားပြီး ဒဏ်ရာကို ပုတ်သွားအောင် ထားလိုက်လိမ့်မည်။
ဒီတော့ ချန်မိသားစုရဲ့တစ်ကယ့်မိသားစုဝင်တစ်ယောက်ယောက်များ တစ်ခုခုဖြစ်သွားတာလား?
ဒါက ရဲတွေနဲ့ လူနာတင်ယာဉ်ကိုခေါ်လိုက်တဲ့ တစ်ခုတည်းသော အကြောင်းရင်းပဲဖြစ်လိမ့်မည်။
“ကြည့်လိုက်! သူတို့ထွက်လာပြီ!”
လူတိုင်း စိတ်ဝင်စားနေကြသည်။
အဖြူရောင်ကုတ်နဲ့လူတစ်ယောက်ထွက်လာတာကို သူတို့မြင်ကြတော့ ချက်ချင်း အံ့အားသင့်စွာပြောလိုက်ကြသည်။
“အာ အဲ့ဒါ... အဲ့ဒါချန်တာ့ဝေ့ မလား ဟုတ်တယ်မလား?”
တစ်ယောက်က ထမ်းစင်ပေါ်က လူကို ချက်ချင်း မှတ်မိသွားသည်။
“ဒါပေမယ့် သူ့ကြည့်ရတာ အရမ်းပြင်းပြင်းထန်ထန် ထိခိုက်ထားပုံမပေါ်ပါဘူး”
“မဟုတ်ဘူး ချန်တာ့ဝေ့ ဆိုးဆိုးရွားရွား ထိခိုက်ထားတာပဲ ဖြစ်ရမယ်”
ချန်တာ့ဝေ့မှာ တစ်ခုခုမှားယွင်းနေမှန်း စူးရှတဲ့မျက်စိနဲ့တစ်ယောက်က ချက်ချင်းသတိပြုမိလိုက်သည်။
“သူ့မျက်နှာက ဖြူဖပ်နေပြီး သူ့နဖူးကလည်း ချွေးအေးအေးတွေနဲ့ ပြည့်နေတယ်။
သူ့ကိုပဲကြည့်လိုက်ဦး။ သူတော်တော်နာကျင်နေတာ။ သူ့ခါးဒဏ်ရာရထားတယ်လို့ ငါထင်တယ်”
၎င်းကိုကြားပြီး လူတိုင်းရဲ့အာရုံက ချန်တာ့ဝေ့ရဲ့ခါးဆီ လှည့်သွားသည်။ ချန်တာ့ဝေ့ ရဲ့လက်တစ်ဖက်က သူ့ကျောရိုးပေါ်မှာ မြဲမြံအောင်ထားထားခဲ့သည်။ ဒါကြောင့် လူတိုင်းက ဒီပုဂ္ဂိုလ်ရဲ့ခန့်မှန်းချက်ကို သဘောတူခဲ့ကြသည်။
“နေဦး အဲ့ဒါ မာမေ့ရှင်း မလား?!”
အဲ့ဒီအချိန်မှာ မာမေ့ရှင်းကို သယ်ထုတ်လာခဲ့သည်။
“သူ့လက်ကဘာဖြစ်တာလဲ? သူ့လက်ကအခု အပြတ်ကြီးဖြစ်နေတယ် ပြီးတော့ သွေးတွေလည်းထွက်နေတုန်းပဲ!”
“ဒါအရမ်းကြောက်ဖို့ကောင်းတာပဲ”
တစ်ယောက်က ချက်ချင်းပဲ အံ့အားသင့်စွာနဲ့ပြောလိုက်သည်။
“သွေးတွေအများကြီးပဲ”
မာမေ့ရှင်းရဲ့ ဒဏ်ရာကို ရှေးဦးသူနာပြုလုပ်ထားခဲ့သည်။ ဒါပေမယ့်လည်း သူမဒဏ်ရာက တော်တော်ကြာကြာကုသမခံရဘဲနေခဲ့သည်။ သွေးဆုံးရှုံးမှုကြောင့် သူမရဲ့မျက်နှာက စာရွက်ဖြူထက်တောင် ဖောက်ထွင်းမြင်နေရသည်။ သူမကြည့်ရတာ အသက်ထွက်တော့မယ့်ပုံပေါက်နေသည်။ ၎င်းက လူတွေကို ကြောက်လန့်သွားစေခဲ့သည်။
“ဘုရားရေ ချန်မိသားစု ဘာဖြစ်သွားတာလဲ?”
တစ်ယောက်က အံ့အားသင့်စွာနဲ့ အော်လိုက်သည်။
“ထိခိုက်ထားသူတွေအားလုံးက ချန်မိသားစုကပဲ။ ကောင်မလေးက သိုင်းပညာရှင်တွေဘာတွေများလား? မဟုတ်ရင်တော့ သူဘယ်လိုလုပ် ချန်တာ့ဝေ့ နဲ့ သူ့မိန်းမကို ခုခံနိုင်ခဲ့တာလဲ?”
“အဲ့ဒါထက်တောင်ပိုသေးတယ် ကြည့်ဦး။ ချန်လီရန်ရဲ့လက်ကလည်း မာမေ့ရှင်းလိုပဲ အဖြတ်ခံထားရတယ်။ သူကသတိလည်းလစ်နေတယ်။ သူ့မျက်နှာကလည်း အရိုက်ခံထားရသလို ဖူးယောင်နေတာပဲ”
“ဟမ်?”
လူတော်တော်များများ အံ့ဩပြီး နားမလည်နိုင်ဖြစ်သွားကြသည်။
“ဒါအရမ်းထူးဆန်းတယ်။ ချန်မိသားစုရဲ့ မိသားစုဝင်လေးယောက်မှာ သုံးယောက်က ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတယ်။ အခု ချန်ဖေပင်း တစ်ယောက်ပဲ ကျန်တော့တယ်။ သူဘယ်လို ကြုံနေရမလဲ ငါသိချင်မိတယ်”
“အဲ့ဒီတော့ ချန်မိသားစုမှာ တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ?”
တစ်ယောက်က သိချင်စိတ်နဲ့ မေးလိုက်သည်။
“ဘယ်သူသိမှာလဲ? တံခါးတွေအားလုံးကို ခုလေးတင် ပိတ်ထားတာလေ။ ငါလည်း ဥဩသံတွေကြားလို့ပဲ ထွက်လာတာ”
“ဒီကလည်းတူတူပဲ။ ငါထွက်လာတာနဲ့ ရဲကားတွေနဲ့ လူနာတင်ယာဉ်တွေ မြင်လိုက်တာပဲ”
“ချန်မိသားစုက အရမ်းလွန်သွားတာဖြစ်ရမယ်။ ကောင်မလေးက နောက်ဆုံးတော့ လက်တုံ့ပြန်လိုက်ပြီ”
“ဖြစ်နိုင်တယ် ချန်မိသားစုက များလွန်းတယ်။ ကောင်မလေးက ချန်ဖေပင်း နဲ့ကွာရှင်းဖို့ သဘောတူခဲ့ပြီးသားပဲ။ သူ့သမီးတွေကိုပဲ သူနဲ့တူတူ ခေါ်သွားချင်တာ။ ဒါပေမယ့် ချန်မိသားစုက ရူးနေခဲ့တယ်လေ။ သူတို့က ကလေးမလေးနှစ်ယောက်ကို သဘောမကျပေမယ့်လည်း သူတို့အမေနဲ့ သွားခွင့်ပြုလိုက်ဖို့ ငြင်းဆန်နေတုန်းပဲ။ ဒါပေါ့ အမေဖြစ်သူကလည်း ကလေးတွေကို နောက်မှာမထားခဲ့ဘူးလေ။ ဒါကြောင့် ကွာရှင်းတာက ခုထက်ထိရှည်ကြာနေတာ”
“ငါကြားတဲ့ အကြောင်းရင်းကတော့ ချန်မိသားစုက ကလေးမလေးနှစ်ယောက်ကို မိဘမဲ့ဂေဟာပို့ပစ်ချင်တာတဲ့။ သူတို့ပန်းတိုင်က ကလေးမလေးတွေနဲ့ သူတို့မိသားစုကြားက အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပစ်ဖို့ပဲ”
တစ်ယောက်က ပြောလိုက်သည်။
“ဒီချန်မိသားစုကတော့... တကယ့်ကို ဆိုးရွားတာပဲ။ သူတို့နှလုံးသားက ဘာတွေနဲ့များ လုပ်ထားတာလဲ? သူတို့ကအရမ်းစက်ပြီး အကြင်နာကင်းတာပဲ။ ဘာတွေပဲဖြစ်ဖြစ် မြေးမလေးနှစ်ယောက်မှာ ချန်မိသားစုရဲ့သွေး ရှိနေတုန်းပဲလေ။ သူတို့ကို အဲ့ဒီလိုမျိုးပဲ ပို့ပစ်လိုက်ဖို့ စီစဉ်ထားကြတာလား?”
“ဒါဆိုရင်တော့ ကောင်မလေးက ကွာရှင်းချင်တာ မဆန်းတော့ဘူး။ ဘယ်မိခင်ကများ သူ့သမီးတွေကို လိုလိုလားလား စွန့်လွှတ်လိုက်မှာလဲ?”
၎င်းကိုကြားပြီးတော့ လူတော်တော်များများ မခံမရပ်နိုင်ဖြစ်သွားကြသည်။
ချန်မိသားစုက အရမ်းများလွန်းတယ်လို့ သူတို့ထင်လိုက်ကြသည်။
“ဒါပေမယ့် ချန်ဖေပင်း ကရော? ငါတို့က သူ့သမီးအရင်းတွေအကြောင်း ပြောနေတာလေ။ သူက သူ့မိဘတွေက သူ့သမီးတွေကို မိဘမဲ့ဂေဟာပို့လိုက်တာကို လိုလိုလားလားရှိနေတာလား?”
“သူသာ လိုလိုလားလားမရှိရင် သူ့မိဘတွေက အစတည်းက ဒီအကြံကိုထုတ်ခဲ့ပါ့မလား?”
“ဒီချန်ဖေပင်း ကတော့... တကယ့်ကို မကောင်းတဲ့အကောင်ပဲ”
အဲ့ဒီအချိန်မှာ ချန်ဖေပင်းက ရာဇဝတ်သားတစ်ယောက်လိုမျိုး အိမ်အပြင်ကို လိုက်လံပို့ဆောင်ခံခဲ့ရသည်။ သူ့ခေါင်းကို ငုံ့ထားပြီး ဘေးနားမှာတော့ အရာရှိနှစ်ယောက် လိုက်ပါစောင့်ကြပ်နေသည်။
လူတိုင်းက ဒီမြင်ကွင်းကိုမြင်တော့ ကြက်သေသေသွားကြသည်။
ချန်ဖေပင်းက တရားခံလား?
သူက သူ့မိဘတွေနဲ့ အစ်မကို ထိခိုက်အောင်လုပ်ခဲ့တဲ့ တစ်ယောက်လား?
***