← Chapters

အိမ်နီးချင်းများ

Vol. 21 Ch. 352

အိမ်နီးချင်းများ

Vol. 21 Ch. 352

လူအုပ်က ရှော့ခ်ရနေတုန်း ရှောင်မိသားစုက ချန်မိသားစုအိမ်ကနေ ထွက်လာသည်။ ချန်မိသားစုနဲ့ ရှောင်မိသားစုကြားက မသင့်မြတ်မှုကြောင့် အိမ်နီးချင်းတွေကလည်းရှောင်မိသားစုဝင်

တွေနဲ့ ရင်းနှီးနေကြသည်။

"ဟေး အဲ့ဒါ ချန်မိသားစုကချွေးမဖြစ်သူရဲ့ အဘိုးဘွားတွေမလား?"

"ဒါက တခြားသူတွေကလည်း ရှောင်မိသားစုကလို့ ပြောချင်တာလား?"

"ငါလည်း စိတ်မကောင်းလိုက်တာ"

"အိုးနိုး ရှောင်မိသားစုက ဘယ်တုန်းက ချန်မိသားစုကို လာလိုက်တာလဲ?"

ရှောင်မိသားစုက ချန်မိသားစုကို လာတဲ့အချိန်တိုင်း တသိမ့်သိမ့်တုန်စမြဲပင်။ အနီနားပတ်လည်ကလူတိုင်း သိကြလိမ့်မည်။ ရှောင်မိသားစုက မတော်တရော်နဲ့ ရုတ်ရုတ်လုပ်ချင်တာမဟုတ်ပေ။

ရှောင်မိသားစု တစ်ခေါက်လာတုန်းက... ချန်မိသားစု... မာမေ့ရှင်းက စတင်ပြီး ကျယ်ကျယ်လောင်လောင် ဆဲဆိုခဲ့သည်။ သူမက အပေါက်ဆိုးတဲ့အမျိုးသမီးကြီးအဖြစ် ပြောင်းလဲသွားပြီး ရှောင်မိသားစုက လူတိုင်းကို နှိပ်စက်နေသည်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်တော့ ရှောင်မိသားစုလာချိန်မှာ ချန်မိသားစုထဲမှာ အရမ်းတိတ်ဆိတ်နေခဲ့သည်။ ၎င်းက အနည်းငယ် ထူးဆန်းနေသည်။

ချန်မိသားစုရဲ့အိမ်နီးချင်းတွေက ဒါကြောင့်ပဲ ဘွားဘွားရှောင်နဲ့ ကျန်တဲ့လူအားလုံးကို သိခဲ့ကြသည်။

ဘွားဘွားရှောင်ကထွက်လာပြီး အိမ်နီးနားချင်းတွေရဲ့ အကြည့်တွေကိုမြင်တော့ မထိန်းချုပ်နိုင်ဘဲ မျက်ရည်တွေကျလာသည်။ သူမက မျက်ရည်တွေကိုသုတ်လိုက်ပြီးတော့

"ဒီချန်မိသားစုက တကယ်ရက်စက်တယ်။ သူတို့က ငါ့မြေးနဲ့ သူ့သမီးနှစ်‌ယောက်ကို သတ်ချင်နေလို့ တံခါးတွေနဲ့ ပြတင်းပေါက်‌တွေကို လော့ချထားကြတာ။ ကံကောင်းစွာနဲ့ပဲ ငါတို့ သူတို့ကိုကယ်ဖို့ အချိန်မီလာခဲ့ကြတယ်"

ဒါကိုကြားပြီး အနားပတ်လည်ကလူတွေ အံ့ဩသွားသည်။

"ဘာရယ်? ချန်မိသားစုက သူတို့ချွေးမလေးကို သတ်ချင်နေတာလား?"

ချန်မိသားစုက လူသတ်မှုကျူးလွန်ဖို့ အရမ်းရဲတင်းနေကြလိမ့်မယ်လို့ သူတို့မထင်ခဲ့မိကြပေ။

ဘွားဘွားရှောင်က ခေါင်းညိတ်ပြီးတော့

"ဟုတ်တယ် ချန်မိသားစုက ပိုးသတ်ဆေးတွေဝယ်ပြီး ကြက်စွပ်ပြုတ်ထဲ ထည့်ခဲ့တာ။ ပြီးတော့ ငါ့မြေးနဲ့ ငါ့မြစ်မလေးနှစ်ယောက်ကို သောက်ဖို့ ဖိအားပေးခဲ့တာ"

"ဘယ်လို?"

"ငါတို့တွေရောက်လာကြတော့ ချန်တာ့ဝေ့နဲ့ ချန်ဖေပင်းက ငါ့ဓားစားခံမြစ်မလေးနှစ်ယောက်ကို ကိုင်ထားကြတာ။ ချန်လီရန်က ငါ့မြေးမကို ကြက်စွပ်ပြုတ်ကျွေးဖို့ လုပ်နေတာ။ တစ်ဇွန်းစာကသေစေလောက်တယ်။ ငါ့ရဲ့သနားစရာမြေးမနဲ့ ‌မြစ်မလေးနှစ်ယောက်က အသတ်ခံရဖို့ အရမ်းနီးနီးလေးပဲ"

လူတိုင်းက 

"ဒါရယ်စရာပဲ။ ချန်မိသားစုက ဘာလို့အရမ်းရက်စက်နိုင်ရတာလဲ? သူတို့ချွေးမနဲ့ မြေးမတွေကို ရိုက်နှက် ဆူပူတာက ဖြစ်လေ့ဖြစ်ထရှိနေပေမယ့် သူတို့တကယ်ကြီး သတ်ချင်နေကြတာလား? သူတို့အခု ဘယ်ခေတ်မှာရောက်နေတယ်လို့များ ထင်နေကြတာလဲ? သူတို့က လူသတ်မှုနဲ့ လွတ်မြောက်နိုင်မယ်လို့ ထင်နေကြတာလား?"

"ဒါက လူတစ်ယောက်တည်းသတ်မှုတောင်မဟုတ်ဘူး။ ဒါသုံးလောင်းပြိုင်လူသတ်မှုပဲ"

"ဒီလိုဟာမျိုးကို ကျူးလွန်ဖို့ သူတို့မှာ အမုန်းတရားတွေဘယ်လောက်တောင် ရှိနေကြတာလဲ? သူတို့ ချွေးမနဲ့ မြေးမလေးတွေက ဘာမှမှားတာတောင် မလုပ်ခဲ့ဘူး။ တစ်ခုခုရှိခဲ့ရင်လည်း သူတို့ကို ချန်မိသားစုက နှိပ်စက်နေလို့ပဲ"

"ဒီချန်မိသားစုက အမုန်းတရားတေနဲ့ ပြည့်နေတာပဲ"

"မတတ်သာတဲ့အဆုံး လူသတ်တာထိက အရမ်းရယ်ဖို့ကောင်းတာပဲ"

"ချန်မိသားစုက သူတို့ကိုယ်တိုင်ပေါ် ဒါကိုသယ်ဆောင်လာတာပဲ။ ဘွားဘွားရှောင် ချန်မိသားစု ဘာဖြစ်သွားခဲ့လဲ?"

ဘွားဘွားရှောင်က

"ငါတို့ပြေးသွားကြတော့ သူတို့က ငါ့မြေးမကို ကြက်စွပ်ပြုတ်သောက်ဖို့ ဖိအားပေးနေတာ။ ငါတို့စိုးရိမ်သွားတယ်လေ။ ဒါကြောင့် ငါတို့မြေးမကို ကယ်တင်ဖို့လုပ်တုန်းက ငါတို့တွေ ပြန်ကြမ်းမိသွားတာ"

မာမေ့ရှင်းနဲ့ ချန်လီရန်တို့ရဲ့လက်တွေ ဘယ်လိုဖြတ်ခံခဲ့ရမှန်း ဘွားဘွားရှောင်က သေချာမသိပေ။ သူမ သိရင်တောင် ၎င်းကို ပြောပြမှာမဟုတ်ပေ။ ရဲတွေက အားလုံးကို ကိုင်တွယ်သွားလိမ့်မည်။

အိမ်နီးနားချင်းတွေက ချန်မိသားစုရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေနောက်ကွယ်က အကြောင်းရင်းကို ခန့်မှန်းခဲ့ကြသည်။

ချန်မိသားစုက သူတို့ရဲ့ချွေးမကို သတ်ဖို့ကြိုးစားနေတုန်း ရှောင်မိသားစုက ပက်ပင်းတိုးခဲ့တာဖြစ်နိုင်သည်။ ပြင်းထန်တဲ့သဘောထားကွဲလွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

အရင်က ချန်မိသားစုက လူဦးရေပိုများခဲ့တဲ့အတွက် ရှောင်လင်းယွင်နဲ့ သူမသမီးတွေကို အနိုင်ကျင့်ခဲ့ကြသည်။ ဒါပေမယ့် အခုတစ်ကြိမ်တော့‌ ပြောင်းပြန်ဖြစ်သွားသည်။

ရှောင်မိသားစုကနေ လူတွေအများကြီးလာကြပြီး သူတို့အများစုက ငယ်ငယ်ရွယ်ရွယ်ယောက်ျားသားတွေဖြစ်ကြသည်။ သူတို့က ချန်မိသားစုကို အနိုင်ရလိမ့်မည်။

"ဒီချန်မိသားစုက တကယ့်ကိုပဲ ဒါနဲ့တန်တယ်!"

တစ်ယောက်က စက်ဆုပ်စွာနဲ့ ပြောလိုက်သည်။

"ဒါဖြစ်ရပ်အလှည့်အပြောင်းတွေပဲ။ အရင်က သူတို့က ခင်ဗျားတို့ကို အရမ်းရက်ရက်စက်စက်နဲ့ သနားစရာကောင်းအောင် အနိုင်ကျင့်ခဲ့ကြတယ်။ အခုတော့ သူတို့ကို ခပ်ပြင်းပြင်းသင်ခန်းစာတစ်ခုပေးဖို့ တန်တယ်"

ချန်မိသားစုရဲ့အပြုအမူတွေက သူတို့အိမ်နီးချင်းတွေနဲ့လည်း သဟဇာတမဖြစ်ပေ။ သူတို့ကိုပိုပြီး သည်းမခံနိုင်စေတာက သွေးအေးမှု၊ ရက်စက်မှုတွေနဲ့ အလွန်အမင်းတစ်ကိုယ်ကောင်းဆန်မှုတွေ ဖြစ်သည်။

ချန်မိသားစုက ဒီချွေးမဖြစ်သူနဲ့ မြေးမတွေကို သဘောမကျမှတော့ သူတို့ကွာရှင်းဖို့ပဲ ပြောလိုက်သင့်သည်။

ကောင်မလေးကလည်း ကွာရှင်းတာကို သဘောတူခဲ့သည်။ သူမကလည်း သမီးနှစ်ယောက်ကလွဲရင် ဘာကိုမှမလိုချင်ခဲ့ပေ။ ‌ဒါပေမယ့်လည်း ချန်မိသားစုက သူမကို ငြင်းဆိုခဲ့သည်။

ချန်မိသားစုက ခန်လင်း မြို့မှာ ဩဇာကောင်းသည်။ ယှဉ်ကြည့်မယ်ဆိုရင် ရှောင်မိသားစုက တခြားနေရာကလာတာဖြစ်ပြီး ဒီနေမှာ သူတို့ မှီခိုဖို့ ဘယ်သူမှမရှိပေ။ ‌ဒါကြောင့် သူတို့ ချန်မိသားစု အနိုင်ကျင့်တာပဲခံနေနိုင်သည်။

ရှောင်မိသားစုက မြေးမလေးနှစ်ယောက်ကို အဝေးခေါ်သွားချင်ပေမယ့် ချန်မိသားစုက ရှောင်မိသားစုကို ရိုက်နှက်ခဲ့ပြီး ရဲစခန်းကိုပို့လိုက်သည်။ သူတို့ပြုလုပ်ခဲ့တဲ့အရာတွေက အရမ်းကို လူသားမဆန်ပေ။ လက်တုံ့ပြန်တာကို ရှောင်လွှဲလို့မရတဲ့ထိ ရှောင်မိသားစုက ဖိနှိပ်ခံခဲ့ရသည်။ အိမ်နီးနားချင်းတွေက ချန်မိသားစုကို သနားခြင်းမရှိကြပေ။

သူတို့က ဘွားဘွားရှောင်ကို

"အဘွားရှောင် ချန်မိသားစုက တကယ်ပဲ သင်ခန်းစာတစ်ခုလောက်တော့ ရသင့်တယ်။ သူတို့က တကယ်ကြီးလူသတ်ဖို့ တွေးခဲ့တာ။ ကံကောင်းစွာနဲ့ပဲ သူတို့မအောင်မြင်လိုက်ဘူး။ နောက်နှစ်အနည်းငယ်မှာ သူတို့ဘဝတွေကို ထောင်ထဲမှာ ကုန်ဆုံးရတော့မယ်"

လူတော်တော်များများ သဘောတူကြသည်။

ဒါပေမယ့်လည်း တစ်ယောက်က သင်္ကာမကင်းနဲ့

"ဒါပေမယ့် ချန်မိသားစုက ဒီနေရာမှာ ဩဇာရှိမှန်း ငါတို့အကုန်သိကြတာပဲ။ သူတို့လွတ်လာပြီး ရှောင်မိသားစုနောက်ကို လိုက်လာမှာလည်း ဖြစ်နိုင်တယ်"

ရှောင်မိသားစုက ဒါမျိုးကို တစ်ခါမှမလုပ်ခဲ့ဖူးတာတော့မဟုတ်ပေ။

အဲ့ဒီအချိန်မှာ ဘွားဘွားရှောင်က စိတ်သက်သာစွာနဲ့

"မင်းတို့နှစ်သိမ့်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ်တော့ ငါတို့မှာ ချန်မိသားစုရဲ့လူသတ်ဖို့ကြံစည်အားထုတ်မှုတွေအတွက် သက်သေရှိတယ်"

"သူတို့မှာ ဩဇာရှိရင်တောင် တရားမျှတမှုကိုတော့ မျက်ကွယ်ပြုလို့မရပါဘူး။ ခန်လင်းမြို့ကရဲတွေက ငါတို့ကို တရားမျှတမှုမပေးရင် ငါတို့ဒါကို တရားရုံးဆီသယ်သွားမှာပေါ့"

ဘွားဘွားရှောင်မှာ ချန်မိသားစုရဲ့ရာဇဝတ်မှုသက်သေရှိတဲ့အတွကိ အိမ်နီးနားချင်းတွေက အံ့ဩသွားခဲ့ကြသည်။

ရှောင်မိသားစုမှာ ခန်လင်းမြို့မှာ ဘာအင်အား ဘာလွှမ်းမိုးမှုမရှိသလို သူတို့အားလုံးလည်း ဒါကိုသိကြသည်။ မဟုတ်ရင် သူတို့သမီးနဲ့ မြေးတွေကို ဟိုးအရင်ကတည်းက ချန်မိသားစုလက်ထဲကနေ ကယ်ပြီးပြီပေါ့။

ရှင်းရှင်းလင်းလင်းကိုပဲ တစ်စုံတစ်ခု ပြောင်းလဲသွားသည်။

၎င်းက အိမ်နီးနားချင်းတွေကို ရှောင်မိသားစုကို ကွဲပြားတဲ့အမြင်တစ်ခုနဲ့ မြင်စေခဲ့သည်။

"အဘွားရှောင် အဘွားပြောတာအမှန်ပဲလား?"

တစ်ယောက်က သိသိသာသာကို သင်္ကာမကင်းဖြစ်နေသည်။

"ဒါပေမယ့် အဘွားဘယ်လို ဒီသက်သေကို ရခဲ့တာလဲ?"

ဘွားဘွားရှောင်က

"မသိဘူး တစ်ယောက်ယောက်က ငါတို့ကိုပေးသွားတာ"

ဘွားဘွားရှောင်က မတုံးအပေ။ သူမက လူတိုင်းကို အရာအားလုံးမပြောပြပေ။ ဒါပေမယ့်လည်း ဒီစကားလုံးတွေက တခြားလူတွေနားထဲမှာ နောက်ထပ်အဓိပ္ပာယ်ဖြစ်နေခဲ့သည်။

အခု ရှောင်မိသားစုမှာ သူတို့ကို ထောက်ခံနေတဲ့လူတွေရှိနေပြီ။

အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်နဲ့ တခြားသူတွေ ထွက်လာကြသည်။

ရှောင်ကျင်းယန်နဲ့ ယန်လျိုက သူတို့လက်တစ်ဖက်စီမှာ ကလေးတွေကို ကိုင်ထားကြသည်။ ကလေးတွေက အရမ်းကြောက်ရွံ့နေခဲ့သည်။ သူတို့ကအများအားဖြင့်တော့ သူတို့အဘိုးအဘွားတွေနဲ့ နီးကပ်ကြတဲ့အတွက် စိတ်သက်သာရာရဖို့ သူတို့ကို ရှာခဲ့ကြသည်။

သူတို့ကအရမ်းလည်း စဉ်းစားတတ်သေးသည်။ သူတို့အမေက ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုကို ခံစားခဲ့ရမှန်း သူတို့သိခဲ့သည်။ ဒါကြောင့် သူတို့က သူမကို ဒုက္ခမဖြစ်စေခဲ့ပေ။

သူတို့အနောက်မှာ ဖေဖေရှောင်၊ မေမေရှောင်၊ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့လည်း ရှိကြသည်။

လူတော်တော်များများက ရှောင်လင်းယွင်ကို သိကြသည်။

သူမမှာ ဘာတွေဖြစ်ခဲ့လဲ‌ဆိုတာကို သူတို့ကြားတော့ သူတို့ကချက်ချင်းပဲ စိုးရိမ်စွာနဲ့

"မစ္စ မင်းအဆင်ပြေရဲ့လား?"

ရှောင်လင်းယွင်က သူမခေါင်းကို ခါလိုက်ပြီးတော့ ပြုံးကာ

"စိုးရိမ်ပေးလို့ကျေးဇူးတင်ပါတယ်။ အန်တီတို့ ဦးလေးတို့၊ ကျွန်မအခုအဆင်ပြေသွားပါပြီ"

အဲ့ဒီအချိန်မှာ သူမရဲ့ အင်္ကျီလက်က ပွင့်လာသည်။ ရှောင်လင်းယွင်လက်မောင်းက အနီရောင်အမှတ်တွေကို လူတော်တော်များများ သတိပြုမိသွားကြသည်။ သူမက အိမ်ထောင်စုအကြမ်းဖက်မှုကနေ ဝေဒနာတွေခံစားခဲ့ရတာ ထင်ရှားသည်။

"ကောင်မလေး နင်အရိုက်ခံထားရတာလား?"

တစ်ယောက်က မေးလိုက်သည်။

ရှောင်လင်းယွင်က သာမန်ကာလျှံကာနဲ့

"ဟုတ်တယ် သူတို့မကြာခနလုပ်ကြတယ်"

ကြည့်နေကြတဲ့လူတွေ ဒါကိုကြားလိုက်တော့ ချက်ချင်း ဒေါသတကြီးနဲ့

"မကြာခန? ဒီချန်မိသားစုက လူမှဟုတ်ရဲ့လား? သူတို့ချွေးမကို ဘယ်လိုလုပ်ဒီလို နှိပ်စက်နိုင်ရတာလဲ? မစ္စ မင်း သူတို့မိသားစုထဲမှာ နာကျင်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေ ဘယ်လောက်တောင် ခံစားခဲ့ရလဲ?"

ရှောင်လင်းယွင်က သူမခေါင်းကို ခါလိုက်ပြီးတော့

"ကျွန်မသမီးနှစ်ယောက်အတွက် နာကျင်မှုတွေ ဆင်းရဲဒုက္ခတွေဘယ်လောက်ပဲရှိရှိ တန်ပါတယ်"

အဲ့ဒီအချိန်မှာ သူမက လေးလေးနက်နက်ပြုံးလိုက်ပြီးတော့

"ကံကောင်းစွာနဲ့ပဲ ဒါတွေအားလုံးက အရင်ကလေ။ နောင်ကျရင် ကျွန်မတို့သုံးယောက်က ချန်မိသားစုကနေ လွတ်လပ်သွားမှာ"

ချန်မိသားစုက ဒီတစ်ခါတော့ အကျနာသွားသည်။ သူတို့ထပ်ပြီး ပြန်နာလန်ထူဖို့ မဖြစ်နိုင်တော့ပေ။

အိမ်နီးချင်းတွေက သူမအတွက် ပျော်ရွှင်ခဲ့ကြသည်။

သူတို့က

"ကောင်းပြီလေ ဒါကောင်းတာပေါ့။ ချန်မိသားစုက ဆိုးရွားတာတွေအများကြီးလုပ်ခဲ့ပြီး ဝဍ်ပြန်လည်သွားတာ"

ရှောင်လင်းယွင်က သူမရဲ့သမီးနှစ်ယောက်ကြောင့် ချန်မိသားစုကနေထွက်ခွာဖို့ ငြင်းဆိုခဲ့သည်။ အခုတော့ ချန်မိသားစုက သူတို့ကိုယ်တိုင်အရမ်းဒုက္ခတွေ့နေပြီး သူမသမီးတွေကို ပြန်ခေါ်သွားမှာကနေ ရှောင်လင်းယွင်ကို မတားနိုင်ကြတော့ပေ။

ရှောင်လင်းယွင်နဲ့စကားပြောနေတုန်း လူတော်တော်များများက ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်ကို သတိပြုမိလိုက်ကြသည်။

သူတို့ မပြုဘဲ မနေနိုင်ပေ။ သူတို့ကအရမ်းကို လင်းလက်လွန်းနေသည်။ တစ်ယောက်က လှပပြီးတော့ တခြားတစ်ယောက်ကတော့ ချောမောခန့်ညားပြီးအေးစက်သည်။ ဒါ့ပြင် သူ့စိတ်နေသဘောထားက ထူးခြားသည်။ အကြည့်တစ်ချက်နဲ့တင် သူက သာမန်လူတစ်ယောက်နဲ့တူမနေပေ။

"မစ္စ ဒီနှစ်ယောက်က ဘယ်သူလဲ?"

***

All Chapters